ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, October 18, 2011

သက်သောင့်သက်သာဇုန် (Comfort Zone) ထဲကနေ ခုန်ထွက်နိုင်ဖို့

>
ကိုယ်တို့အများစုဟာ သက်သောင့်သက်သာဇုန် (Comfort Zone) ထဲမှာ နေနေကြတာများတယ်။ ဒီဇုန်ထဲမှာ ကိုယ်တို့အတွက် မပင်ပန်းတဲ့ ကိုယ်တို့လုပ်နေကျအလုပ်တွေ၊ တွေ့နေကျလူတို့၊ ကိုယ်တို့ ကျွမ်းဝင်ပြီးသား ပတ်ဝန်းကျင်တွေ၊ ဒါပဲ ရှိတယ်။ ဘ၀ကို အေးအေးဆေးဆေး သက်သောင့်သက်သာ နေထိုင်တယ်။ ဒီလိုပဲ ဘ၀ကို ဖြတ်သန်းတယ်။ ဒါပေမဲ့ သက်သောင့်သက်သာဇုန်မှာပဲ နေမယ်ဆိုရင် ဘ၀ဟာ ပျင်းရိငြီးငွေ့စရာကောင်းလာပါလိမ့်မယ်။ မကြာခင် ကိုယ့်ကိုယ်ကိုယ်တောင် စိတ်ပျက်လာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်လာပြီဆိုရင်တော့ အဲဒါ အဆိုးဆုံးအခြေအနေပဲလို့သာ အောက်မေ့ပေတော့။

ဒီတော့ ကိုယ်တို့ အောင်မြင်ဖို့ဆိုရင် သက်သောင့်သက်သာဇုန်ထဲကနေ ခုန်ထွက်နိုင်ဖို့လိုပါတယ်။
ပြီးတော့ ရုန်းကန်လှုပ်ရှားရတဲ့ဇုန် (Courage Zone) ထဲကို အရောက်လှမ်းကြရပါမယ်။
အဲဒီအတွက် ကိုယ်တို့ ပြောင်းလဲကြရလိမ့်မယ်။ ကိုယ်တို့ ရုန်းကန်လှုပ်ရှားကြရမယ်။ အခက်အခဲတွေကို တွေ့ကြရလိမ့်မယ်။
ဒါပေမဲ့ စိတ်မပူပါနဲ့။ ဘာအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ။ ဘယ်လိုပြင်ဆင်ကြမလဲ။ ဒါတွေကို စဉ်းစားနိုင်ဖို့ အညွှန်း တချို့ ပေးသွားပါ့မယ်။

၁။ ကြောက်စိတ်ကို အနိုင်ယူ
အကျိုးမဲ့ စိတ်လှုပ်ရှားမှုတွေ အများကြီးရှိတဲ့အထဲမှာ၊ အဆိုးဆုံးဟာ “ကြောက်စိတ်” ဖြစ်လိမ့်မယ်။ ဒီစိတ်က ရှေ့လှမ်းမယ့် ခြေလှမ်းကို နောက်ပြန်ဆွဲတယ်။ ခိုင်မာတဲ့ ယုံကြည်မှုကို ချည့်နဲ့စေတယ်။ အောင်မြင်နိုင်တဲ့ အလားအလာအားလုံးကိုလည်း ဆုံးရှုံးလက်လွတ်စေပါတယ်။ “ကြောက်စိတ်” ၀င်လာပြီဆိုတာနဲ့ ‘ ဖြစ်မှ ဖြစ်ပါ့မလား ‘ ၊ ‘ အခြေအနေများ ပိုဆိုးသွားမလား ‘ စတဲ့ သံသယ အတွေးတွေက တားမရတော့ဘူး။
တစ်ခုတော့ ရှိတယ်။ ဘယ်သူမဆို အနည်းအများတော့ ကြောက်တတ်ကြမှာပေါ့။ ကြိုးပမ်းအားထုတ်မှုတိုင်းဟာ ‘ကြောက်စိတ်’ နဲ့ ရင်ဆိုင်ယှဉ်ပြိုင်ပြီး အနိုင်ကြဲရတာမျိုးပါ။ ‘ကြောက်စိတ်’ ကို အရှုံးပေးပြီး ဆုံးဖြတ်ချက်ချရင်တော့ သွားပြီ။ မတိုက်ခင်က ရှုံးပြီ။ ‘ကြောက်စိတ်’ ကို အနိုင်ယူပြီးမှ ဆုံးဖြတ်ချက်ချဖို့ အရေးကြီးပါတယ်။
ဒီတော့ ‘ကြောက်စိတ်’ ကို အနိုင်ယူပါ။ ‘ကြောက်စိတ်’ ရဲ့ ဖွားဖက်တော် ‘သံသယ’ က မင်းကို အခုလို တားလိမ့်မယ်။ ‘ဒုက္ခရောက်မယ်နော်’ ‘မနိုင်ဘူး၊ ရှုံးလိမ့်မယ်’ ‘မိုးကို ဒူးနဲ့ မတိုက်ပါနဲ့ကွာ’ ။ နားမယောင်လေနဲ့ သူငယ်ချင်း။ ‘ငါလုပ်မယ်၊ လုပ်ဖြစ်အောင် လုပ်မယ်’ လို့ မာန်သွင်းလိုက်စမ်းပါ။

၂။ လဲရင် ပြန်ထ
လူတိုင်းလိုလို ကြောက်ဖူးကြမှာပါ။ ဘာ့ကြောင့် ကြောက်တာလဲဆိုတာကိုတော့ ဆန်းစစ်ကြည့်မယ်သူ သိပ်ရှိလှမယ်မထင်ဘူး။ အဖြစ်နိုင်ဆုံးကတော့ ‘အရှုံး’ ကို ရင်မဆိုင်လိုတာ ဖြစ်ပါလိမ့်မယ်။ ဒီလိုဖြစ်ခဲ့ရင် ‘အရှံး’ ဆိုတာ ‘အနိုင်’ ရဲ့ ဖခင်ဆိုတာ သဘောမပေါက်လို့ဖြစ်လိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ်ပဲ စဉ်းစားကြည့်လေ။ ‘လဲ’ မှာ ကြောက်နေရင် လမ်းလျှောက်တတ်မှာတောင် မဟုတ်ဘူး။ ဘယ်ကလေးမဆို၊ ရပ်လိုက်၊ လဲလိုက်၊ ပြန်ထလိုက်နဲ့ မတ်တတ်ပြေးတတ်လာတာမို့လား။
၃။ အဆုံးအဖြတ်အချိန်မှာ စိတ်ဓာတ်ခိုင်မာ
ဘ၀မှာ အဆုံးအဖြတ်အချိန် (Hard Moments) ဆိုတာ ရှိတတ်တယ်။ ဒီအချိန်မျိုးမှာ ‘လုပ်သင့်လုပ်ထိုက်တာ’ (Right Things) နဲ့ ‘လုပ်ဖို့လွယ်တာ’ (Easy Things) ဟာ ၀ိရောဓိဖြစ်နေတတ်တယ်။ ဘ၀ရဲ့ လမ်းဆုံလမ်းခွပေါ့။ ဒီနေရာမှာ မင်းဘာရွေးမလဲ။ မင်းရဲ့ ရွေးချယ်မှုက မင်းရဲ့ စရိုက်ကို ဖော်ပြနေသလို၊ မင်း အနာဂတ်ကိုလည်း သတ်မှတ်ပါလိမ့်မယ်။
အဆုံးအဖြတ်ဆိုရာမှာလည်း ‘အသေးစား’ နဲ့ ‘အကြီးစား’ ဆိုပြီး နှစ်မျိုးရှိနိုင်သေးတယ်။ အသေးစားဆိုတာကတော့ နိစ္စဓူဝ ကြုံတွေ့ရတာမျိုးပါ။ ဥပမာ- မနက်ခင်း နှိုးစက်မြည်တဲ့ အချိန်မှာ အိပ်ရာက ထ-မထ ဆုံးဖြတ်ရတာမျိုး၊ ဒေါသဖြစ်တဲ့အခါ စိတ်ထိန်းရတာမျိုး၊ အိမ်စာ မှန်မှန်လုပ်ဖို့ အားတင်းရတာမျိုး။ ဒီအချိန်မျိုးမှာ လုပ်ချင်တာနဲ့ လုပ်သင့်တာကို ရွေးရပါတယ်။ လုပ်ချင်တာကတော့ အလွယ်လမ်းပေါ့၊ နှိုးစက်မြည်ရင် ပြန်ပိတ်ပြီး အိပ်ပစ်မယ်။ စိတ်တိုရင် ဒေါသကို ကြိုးဖြေလွှတ်လိုက်မယ်။ အိမ်စာလုပ်ရမှာပျင်းရ အသာခေါက်ထားလိုက်မယ်။ လွယ်တော့ လွယ်ပါရဲ့၊ အကျိုးက မနိပ်လှဘူး။
အကြီးစား အဆုံးအဖြတ်အချိန်တွေနဲ့လည်း ဘ၀မှာ မနည်းမနော ရင်ဆိုင်ရလေ့ရှိပါတယ်။ အပေါင်းအသင်းတွေနဲ့ အဆင်မပြေတာ၊ ရည်းစားက ပစ်သွားတာ၊ အဖေနဲ့ အမေကွဲသွားတာ၊ မိသားစုထဲက တစ်ယောက်ယောက်ဆုံးသွားတာ၊ စတဲ့ ပရိဒေ၀အချိန်မျိုးတွေပေါ့။ ဒီလိုအချိန်မျိုးမှာ စိတ်ဓာတ်တွေ ယိမ်းယိုင်ပြီး၊ အပေါစားနည်းတွေနဲ့ ကိုယ့်စိတ်ကို လှည့်စားလေ့ရှိကြပါတယ်။ ဥပမာ- အရက်သောက်မယ်၊ အပျော်လိုက်မယ်၊ ထင်ရာလုပ်မယ် စသဖြင့်…။ ဒါတွေအားလုံးဟာ အလွယ်လမ်းတွေပါ။ တဒင်္ဂအပျော်ဆိုတာ တစ်ဘ၀လုံးမပြောနဲ့၊ တစ်လ၊ တစ်နှစ်တောင် မခံတတ်ပါဘူး။ တဒင်္ဂစိတ်ဖြေဖို့အတွက် ပေးရတဲ့တန်ဖိုးကတော့ မသေးလှဘူး။ တစ်ခါတစ်လေ အနာဂတ်တစ်လုံးတောင် ဖြစ်ချင်ဖြစ်သွားတတ်တယ်။
ဒါကြောင့် အဆုံးအဖြတ်အချိန်တွေမှာ တဒင်္ဂစိတ်လှုပ်ရှားမှုနောက် မလိုက်ဘဲ စိတ်ဓာတ်ခိုင်မာစွာနဲ့ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ပါ။ မင်းအတွက် အဖိုးတန်နေ့ရက်တွေ ဖြစ်လာပါလိမ့်မယ်။

၎။ အကောင်း-အဆိုး ခွဲခြား
သူငယ်ချင်းတွေရဲ့ ဖိအားဟာ (အထူးသဖြင့်) ဆယ်ကျော်သက်တွေအတွက် အထူးအရေးကြီးပါတယ်။ ဒီအရွယ်က အပေါင်းအသင်းခင်တတ်တယ်မို့လား။ ဒီတော့ သူငယ်ချင်းတွေရဲ့ ဖိအားနဲ့ ကြုံတဲ့အခါတိုင်း၊ သူ့အတွက် အဆုံးအဖြတ်အချိန်မျို ဖြစ်သွားတတ်တယ်။ ဒီနေ့ခေတ်မှာက မူးယစ်ဆေးဝါးတို့၊ အေအိုင်ဒီအက်စ်တို့၊ အုပ်စုဖွဲ့ရမ်းကားတာတို့ကလည်း များမှများမို့လား။ သူငယ်ချင်းတွေရဲ့ ဖိအားဟာ အကောင်းဘက်ဆိုရင် တော်ပါရဲ့။ အဆိုးဘက်ဆိုရင် ဒုက္ခ … ။
တစ်ခုတော့ ရှိပါတယ်။ သူငယ်ချင်းရဲ့ ဖိအားတိုင်းဟာ မကောင်းတာတော့လည်း မဟုတ်ပါဘူး။ အဓိကအကျဆုံးက အကောင်းအဆိုးကို ရွေးချယ်တတ်ဖို့ဖြစ်ပါတယ်။ ကလေရိုက်ဖို့ လာခေါ်တဲ့ သူငယ်ချင်းဆို ‘နိုး’ ပေါ့။ စာကြည့်တိုက်သွားဖို့ လာခေါ်ရင် ‘ရက်စ်’ ။ ဒီနေရာမှာ အရေးကြီးတာက ‘ငြင်းရဲတဲ့သတ္တိ’ ရှိဖို့ ဖြစ်ပါလိမ့်မယ်။
အခုပြောခဲ့တဲ့ အညွှန်းတွေအားလုံးဟာ သက်သောင့်သက်သာဇုန်ထဲကနေ ခုန်ထွက်ပြီး ရုန်းကန်လှုပ်ရှားဇုန်ထဲကို ခြေချနိုင်ဖို့ စိတ်ဓာတ်ခွန်အားတွေကို ပေးပါလိမ့်မယ်။
သက်သောင့်သက်သာဇုန်ထဲကနေ ခုန်ထွက်နိုင်ပြီး မိမိလိုချင်တဲ့ ဘ၀တစ်ခုကို တည်ဆောက်နိုင်ပါစေ။

Ref: ကိုးကား – The 7 Habits of Highly Effective Teens by Sean Covey ကို ကျော်ဝင်း ဘာသာပြန်သော နှစ်ဆယ့်တစ်ရာစုသားရွှေဥ စာအုပ်

For More and More Happiness & Life Success Tips, Go to www.yourlifesuccess.blog.com .
Your Life Success Blog
Happiness, Success & Useful Tips for Your Life
Moreover, You Can Get FREE e-books published by Your Life Success Blog.
--
**From-Hlyan Htet Oo**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)