တချို့ တွေကအပျိုကြီးမမတို့ ကို`ဖက်လုံးကိုအဖေါ်ပြုသူ`တိရစ္ဆာန် ထိန်းကျောင်းသူ`အထီးကျန်သူ
လို့ ပြောဆိုနေကျတဲ့ သူတွေရှိတယ်နော်။အဲဒီလိုပြောနေကျပေမဲ့ လဲမမတို့ အပျိုကြီးတွေမှာအိမ်ထောင်မပြုလို့ အား
သာချက်တွေအများကြီးရှိပါတယ်အားမငယ်နဲ့ ကျွန်တော်မမတို့ ရဲ့ အားသာချက်တွေကိုပြောပြမယ်။
၁။ရုပ်မြင်သံကြားကြည့်ရင် remote controlလုစရာမလို။
၂။နံစော်သောအ၀တ်အစားများကိုလျှော်စရာမလို။
၃။ချွက်ချင်ရာချွတ်ထားသောဖိနပ်များကိုလိုက်သိမ်းစရာမလိုခြင်း။
၎။ရေချိုးခန်းကိုစိတ်ကြိုက်သုံးခွင့်ရခြင်း။
၅။တစ်ကိုယ်ရေသန့် ရှင်းမှုကိုအထူးလုပ်စရာမလိုခြင်း။
၆။ဘာဝတ်မှာလဲဒါလေးဝတ်ပါလားဟုနေ့ စဉ်ပြောစရာမလိုခြင်း။
၇။အထူးချက်ပြုတ်၊ကြော်လှော်၊ဆေးကြောစရာမလိုခြင်း။
၈။မိမိမှာတယောက်သောသူအတွက်ဖြစ်နေသည်ဟုစဥးစားစရာမလိုခြင်း။
၉။စိတ်ထဲရှိသလိုနေထိုင်လုပ်ကိုင်လွပ်လပ်မှုရှိခြင်း။
၁၀။အရက်သောက်သူ၊ဆေးလိပ်သောက်သူလောင်းကစားလုပ်သူတဦးဦးကိုဆောင့်ကြည့်
ဆူပူထိန်းချုပ်နေစရာမလိုခြင်း
၁၁။ခုတင်ပေါ်လွပ်လွပ်လပ်လပ်တစ်ကိုယ်တည်းစိတ်ကြိုက်အိပ်စက်ရခြင်း
၁၂။မည်သူနှင့်မျှစကားမပြောလိုဘဲတစ်ကိယ်တည်းတိတ်ဆိတ်စွာနေလိုပါကနေခွင့်ရခြင်း
၁၃။လွပ်လပ်စွာရွေးချယ်ခွင့်ရခြင်း
၁၄။သွားရေများပေမနေသောခေါင်းအုံးဖြင့်အိပ်ခွင့်ရခြင်း
၁၅။ဟောက်သံကင်းကင်းဖြင့်အိပ်စက်ခွင့်ရခြင်း
၁၆။သွားချင်ရာကိုသွားချင်သည့်အချိန်သွားလာခွင့်ရခြင်း
၁၇။ဝယ်ချင်ရာကိုဝယ်နိုင်ခြင်းအ၀တ်ဗီရိုထဲထည့်ဖွက်ထားစရာမလိုခြင်း
ဝယ်ထားတာကြာပါပြီလို့ လိမ်ပြောစရာမလိုခြင်း
၁၈။စည်းကမ်းများ၊တင်းကြပ်မှုများဘောင်များကြားများတွင်နေစရာမလိုခြင်း
၁၉။မိမယုံကြည်ရာပြောလိုရာကိုပြောလိုသူနှင့်ပြောဆိုဆွေးနွေးနိုင်ခြင်း
၂၀။စားချင်ရာစားသောက်နိုင်ခြင်း
၂၁။လုပ်ချင်သည့်အလုပ်အကိုင်လုပ်ကိုင်နိုင်ခြင်း
၂၂။ညဘက်အလုပ်လုပ်နိုင်ခြင်းစာဖက်နိုင်ခြင်းရုပ်မြင်သံကြားကြည့်ရူနိုင်ခြင်း
အိပ်ခြင်သည့်အချိန်မှအိပ်ယာဝင်နိုင်ခြင်း
၂၃။အ၀တ်ဗီရိုကိုစိတ်ကြိုက်သုံးနိုင်ခြင်း
၂၄။မိမိစိတ်မ၀င်စားသည့်အကြောင်းအရာ၊ပစ္စည်းပစ္စယများကိုလိုက်ပါစိတ်ဝင်စားနေစရာမလိုခြင်း
၂၅။မိမမကြိုက်မနှစ်သက်သောအပြုအမှုအနေအထိုင်အသံဗလံများကိုအထူးသည်းခံခွင့်လွှ တ်စရာမလိုခြင်း
၂၆။လွ တ်လွ တ်လပ်လေပုတ်ထုပ်နိုင်ခြင်း
၂၇။အမျိုးသမီးလစဉ်သုံးပစ္စည်းကိုလွ တ်လွ တ်လပ်လပ်ထားနိုင်ခြင်း
၂၈။မိမိမသုံးပဲရေအိမ်ဆွဲချစရာတိုက်ချွက်သန့် ရှင်းစရာမလိုရှင်းစရာမလိုခြင်း
၂၉။စိတ်မပါသော်လဲသည်းခံစိတ်လျှော့ကာပြုစုနေစရာမလိုခြင်း
၃၀။မိမိကိုထားရစ်ခဲ့ မှာကိုစိတ်ပူစရာမလိုခြင်း
၃၁။တစုံတဦးကိုမှီခိုအားကိုးနေစရာမလိုခြင်း
ကဲ..မမအပျိုကြီါ်များ။မမတို့ ရဲ့ အားသာချက်တွေကိုသိပြီမှလား။အဲဒါဆိုရင်နောက်သူများတွေကအပျိုကြီးလို့ 
ခေါ်ရင်စိတ်မဆိုးကျနဲ့ တော့နော.......................................................။
**မျိုးကိုကို**
--**From- -Soe Yan**
ကျွန်တော်..မျိုးကိုကိုကနေပြီးတော့သိသလောက်အားသာချက်လေးတွေကိုပြောပြမယ်နော်

No comments:
Post a Comment