ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, March 7, 2012

နှစ်ပေါင်း၂၀ကျော် ကျနော်တို့ ခေါင်းဆောင်တွေ ဘာတွေလုပ်ခဲ့ကြသလဲ? [သွန်းနေစိုး]

>
ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်တို့အပါအ၀င် ...
ဒီမိုကရေစီ လိုလားသူများက ခေါင်းဆောင်တင်ထားသူများနှင့် ပတ်သက်လာလျှင် တော်တော်ဆူညံသော ဝေဖန်သံတစ်ခု ကြားရပါသည်။
၁၉၈၈ မှစကာ ဘာတွေလုပ်နေပါသလဲ? နိုင်ငံအတွက် ဘယ်လောက်များ အကျိုးပြုလို့လဲ စသောအမနာပ စကားများပင်။

ပိုဆိုးသည်ကား တစ်ဘက်မှလူများနှင့် ယှဉ်ပြခြင်းပင်။
ဟို ပုဂ္ဂိုလ်ကြီးကတော့ ဘာတွေလုပ်ခဲ့တာ ... ဆိုပြီး လမ်းတွေဘယ်လိုဖောက် တံတားတွေ ဘယ်လိုဆောက် စသဖြင့် ပြောတတ်ကြသည်။
ဒီအခါမှာ ဒီဘက်က ပြန်ပြောလေ့ရှိတာက လုပ်ခွင့်ရော ပေးလို့လား။
စကားပမာ ဒေါ်အောင်ဆန်းစုကြည်တို့ မင်းကိုနိုင်တို့ကို နှစ်ပေါင်းများစွာ လက်ခြေမျှမလှုပ်သာအောင် တုပ်နှောင်ထားခဲ့ပြီးမှ ဘာလုပ်သလဲ မေးနေတာ ကောင်းသလားစသဖြင့် ချေပကြ၏။
သို့သော် တစ်ဘက်ကတော့ No Job ဆိုပြီး ပုတ်ခတ်နေဆဲ။

ကျနော်တော်တော်ကြီး အံ့သြမိပါသည်။
ကမ္ဘာပေါ်တွင် ဘယ်နေရာကမှ တော်လှန်ရေးခေါင်းဆောင်တွေကို အဲဒီလို အကျိုးပြုသလား မပြုသလား မေးတာ မတွေ့ရဘူးပါ။
ပမာအားဖြင့် မန်ဒဲလားကြီး တော်တော် နာမည်ကြီးပါသည်။
ရော်ဘင်ကျွန်းမှာ နှစ်ရှည်လများ သူထောင်ကျခဲ့ရှာ၏။ သူထောင်ကျစဉ်ကာလမှာ အင်မတန်နာမည်ကြီးသော ပုံတစ်ပုံရှိခဲ့ပါသည်။
ကိုယ့်ဖိနပ်ကလေး ကိုယ်ချုပ်နေသောပုံ။
ကျနော်တို့ဆီက ဆရာတွေနဲ့ တွေ့လို့ကတော့ မန်ဒဲလားကြီး နှစ်၂၀အတွင်း ဖိနပ်ချုပ်နေသလားဟု လှောင်ဟားခံရမှာ မြင်ယောင်ပါသေးသည်။

ဂန္ဓီကရော?
လက်ယက်ကန်းလေးရက်နေသောပုံ တော်တော်နာမည်ကြီးခဲ့သည်။
ကျနော်တို့ဆီမှာသာ ခေါင်းဆောင်လုပ်ရလျှင် အ၀တ်ရက်တဲ့ ဂန္ဓီကြီးဟု အကဲ့ရဲ့ ခံရဦးမည်လား မပြောတတ်ပါ။

ကြုံတုန်းပြောရပါလျှင် ကျနော်တို့ဆီမှာ Personal သိပ်ဝေဖန်ပုတ်ခတ်တာ တွေ့ရပါသည်။
သူ့ပုဂ္ဂိုလ်ရေးကို ကိုယ်ကြိုက်ကြိုက် မကြိုက်ကြိုက် မပြောသင့်ဟု ကျနော်တော့မြင်ပါသည်။
သူ့တစ်သီးပုဂ္ဂလ လွတ်လပ်ခွင့်ပေပဲ။ သူက သူ့ပုဂ္ဂိုလ်ရေးလုပ်ကိုင်ပုံအား တခြားသူတွေပါ လိုက်လုပ်အောင်ဆွယ်နေရင်တော့ တစ်မျိုးပေါ့။ ကိုယ်မကြိုက်က ... ထည့်မပြောရုံပါပဲ။

ခုနက စကားကိုပြန်ဆက်လိုပါသည်။
နှစ်ပေါင်း၂၀ကျော် ကျနော်တို့ ခေါင်းဆောင်တွေဘာလုပ်ခဲ့သနည်း? ဘာလုပ်နေသည်း?
အဲဒီမေးခွန်းကို မဖြေခင် ကျနော် တစ်ခုတော့ အရင် ပြန်မေးလိုပါသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ကို မင်းကိုနိုင်တို့မှာ ၈၈မှ စတင်က မည်သည့်နေရာတွင် ရှိနေကြပါသနည်းဟုပင်။
ကျနော်ပြောလိုသည်ကား သူတို့ ယူထားသော နေရာ။ သူတို့ရပ်တည်နေသော မျက်နှာစာများပင်။
ရှင်းအောင် ပြောရလျှင် ထိုစဉ်ကာလတလျှာက် သူတို့လုပ်နေသည်မှာ တော်လှန်ရေးခေါင်းဆောင် အလုပ်ဖြစ်ပါသည်။
ဒီတော့ တော်လှန်ရေးသမားက တော်လှန်ရေးအလုပ် လုပ်ရပေမပေါ့။
အရေးကြီးသည်က ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ဖြစ်ပါသည်။ ကိုယ့်တာဝန် ကိုယ်ကျေပွန်နေဖို့သာ လိုပါသည်။

ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ကို ဘယ်လိုအကျိုးပြုသလဲဆိုတာတော့ အထင်သာကြီးမြင်နိုင်ပါမည်။
သူသည် ကျနော်တို့၏ ကျက်သရေဆောင်ဖြစ်၏။
နိုဘယ်ဆုရှင် ရထားသော နိုင်ငံဖြစ်လျက် တန်ဘိုးမထားတတ်လျှင် အတော်မိုက်မဲရာကျပါလိမ့်မည်။
သူ့ဦးဏှောက်၊ သူ့ဝင်ဆန့်မှု၊ သူ့သြဇာ၊ သူ့အလုပ်လုပ်နိုင်မှု ... စသဖြင့် ဒေါ်အောင်ဆန်းစုကြည်လုပ်ပိုင်ခွင့်ရသည်နှင့်အမျှ ကျနော်တို့ အများကြီး တိုးတက်လာစရာရှိပါသည်။

ကိုမင်းကိုနိုင်တို့ တိုင်းပြည်ကို အကျိုးပြုခဲ့သလားဆိုလျှင်ကား ကျနော်က အပြတ်အသား တစ်ခွန်းတည်းဖြေပါမည်။
အသေအချာကြီးကို အကျိုးပြုခဲ့ပါတယ်ဟူ၍ပင်။
ဘယ်လိုအကျိုးပြုသနည်း ထပ်မေးငြားအံ့။
တိုင်းပြည်အကျိုးယုတ်စေမည့်သူများ၊ တိုင်းပြည်အကျိုးယုတ်စေသော အဖြစ်များကို ထောင်တန်းမကြောက် ရဲရဲတောက် ဆန့်ကျင်ခြင်းအားဖြင့် သူတို့ အကျိုးပြုခဲ့ပါသည်။
ထောင်တန်းမကြောက်ရုံမက သေမှာပင်မကြောက်ခဲ့ပါ။ လက်ထဲတွင်အပ်တိုတစ်ချောင်းမျှမရှိ။ ဆွဲကိုင်စရာ အင်အားဆိုလို့ မှန်ရာပြောတတ်သော ပါးစပ်တစ်ပေါက်တည်းနှင့် ဆန့်ကျင်ခဲ့ခြင်းဖြစ်ပါသည်။

ယနေ့ကာလ ဒီမိုကရေစီလမ်းပေါ်ရောက်လာခြင်းကို သူတို့ကြောင့်မဟုတ်ဘူး။ သူတို့နဲ့ မဆိုင်ဘူး ပုတ်ခတ်ချင်တာလည်း ကြားရပြန်ပါ သည်။ ကျနော်တို့ မြန်မာပြည်သားများ ဒီမိုကရေစီဆိုသော လမ်းပေါ် ဖြောင့်ဖြူးစွာ သွားနိုင်ရန် သူတို့ သွေးချွေးတွေ ရင်း၍ သူတို့ ထောင်အကျခံ၍ စတေးခဲ့သည်ကို မမေ့သင့်ပါ။

ကျနော် ဘယ်ဘက်ကိုမှ မကောင်းပြောလိုခြင်းမဟုတ်ပါ။
ဒီအချိန်မှ နောက်ကြောင်းတွေလည်း ပြန်မနေချင်ပါ။
သို့သော် ကျနော်တို့ တိုးတက်နေပြီလား။
၈၈ကနေစကာ အခုချိန်တွင်း ဗီယက်နမ်လို နိုင်ငံမျိုးက ကျနော်တို့ကို ဖြတ်တက်သွားတာ ခံပြင်းစရာကောင်းလှပါသည်။

ဒီတော့ ကျနော်တို့လွဲနေခဲ့တာတော့ ကျိန်းသေသည်။

ဒီလိုလွဲမှားမှုတွေကို အဓိက ဆန့်ကျင်ခဲ့သူများမှာ တိုင်းပြည်ကို ကြီးစွာ အကျိုးပြုခြင်း မဟုတ်တော့ပြီလော။
ကိုမင်းကိုနိုင်တို့မှာ အခွင့်အာဏာရှိသူတွေလည်း မဟုတ်သည့်အတွက် ...
တခြားသူတွေလို ...
လမ်း ဘယ်နှစ်မိုင်ဖောက်ခဲ့တာ (ဒါပေမဲ့ နွေဆိုသွားမရတဲ့လမ်း၊ ပေါင်မုန့်ထောပတ်သုတ်သလို ကတ္တရာပါးလှပ်စွာ ခင်းထားသောလမ်း)
တံတား ဘယ်နှစ်စင်းဆောက်ခဲ့တာ (ဒါပေမဲ့ အက်ရာဗ၇ပွနဲ့)
ဆည်ကြီးက ဘယ်နှစ်ခု (ရေကြောင်းပြောင်းပြီး မြစ်ကြီးကောသွားရုံကလွဲပြီး ဘာမှအလုပ်မဖြစ်)
... စတာမျိုးတွေ ပြစရာမရှိ။

ကြည့်ရသလောက် ကျနော်တို့တွေက စာရင်းဇယားတွေကို တော်တော် သဘောကျပုံပေါ်ပါသည်။
သူကြီးဘုရား ရွာသားကောင်းမှုလို စကားအတိုင်းဖြစ်နေသည်။
တကယ်လုပ်တော့ ရွာသားတွေ၊ နာမည်ခံတော့ သူကြီး။
တိုင်းပြည်ပိုက်ဆံတွေနှင့် နည်းနည်းကလေးလောက်လုပ်ပြခြင်းကို ကျေးဇူးရှင်ကြီးပမာ ထင်တတ်ကြ၏။
ကိုမင်းကိုနိုင်တို့က သူကြီးလည်း မဖြစ်ခဲ့တော့ ရွာသားကောင်းမှုကို ပဏှာဝင်ယူစရာမရှိ။
ဒီအတွက်ကြောင့်တော့ သူ့ကို အပြစ်ပြောစရာမရှိဟု ထင်ပါသည်။
ထိုစဉ်က သူကြီးနေရာရောက်ခဲ့သူကရော တာဝန်ကျေပါသလော။
တာဝန်သာကျေလျှင် ကျနော်တို့တိုင်းပြည် ဒီလိုဖြစ်နေစရာ မရှိဟု ထင်ပါသည်။

ရှေ့မှာပြောခဲ့သလို ကိုမင်းကိုနိုင်တို့မှာ သူတို့အလုပ်သူတို့ တာဝန်ကျေစွာ လုပ်ခဲ့သည်။
တာဝန်ကျေသမှ ဟိုဘက်တောင် လွန်နေအောင်ပါပဲ။
ကိုမင်းကိုနိုင်ဆိုလျှင် ဘယ်တော့မှ စေ့စပ်ငုံ့လျိုးခဲ့ခြင်းမရှိ။
လက်မှတ်ထိုးထွက်လာသူတွေ အသနားခံစာ အကြိမ်ကြိမ်တင်ပြီး ထွက်လာသူတွေကြားမှာ သူယုံကြည်ရာကို ဖြောင့်မှန်စွာရပ်တည်ခဲ့သည်။
ယခု ကျနော်တို့တိုင်းပြည် လိုအပ်နေသည်မှာ ထိုကဲ့သို့ ဖြောင့်မှန်သော ခေါင်းဆောင်မျိုးဟု ထင်ပါသည်။

ကိုမင်းကိုနိုင်ဆိုလျှင် အရွယ်လည်းရှိသေးသည်ဖြစ်၍ အနာဂတ်မြန်မာပြည်ကို ခေါင်းဆောင်မည့်သူဟု ကျနော် မျှော်လင့်မိပါသည်။
ရော်ဘင်ကျွန်းတွင် ဆယ်စုနှစ်၂ခုနီးပါး အကျဉ်းကျခံခဲ့ရသူ မန်ဒဲလားအား ပို့စ်မိုးထောင်သို့ပြောင်းရွှေ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။ကိုမင်းကိုနိုင်သည်လည်း ကျိုင်းတုံထောင်မှ သရက်ပြောင်းကာ ပြန်လွတ်လာခဲ့၏။

မန်ဒဲလားက သူလွတ်လာအပြီးတွင် ...
ကျနော်ဟာ ခင်ဗျားတို့ပြည်သူတွေရှေ့မှာ တမန်တော်တစ်ပါးလို ရပ်တည်မနေပါဘူး။
ကျိုးနွံတဲ့ အမှုထမ်းတစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။ဟု ဆိုခဲ့သည်။

ကို မင်းကိုနိုင်က ...
ပြည်သူလူထုဟာ ကျနော့် ဒုတိယမိဘပါပဲ ဆိုခဲ့၏။
ပြီးတော့ မကြာမတင်ခင်ကပင် သူဦးဆောင်က မန္တလေးတောင်ခြေတွင် အမှိုက်ကောက်ခဲ့ခြင်းအား မြင်တွေ့ရပါသေးသည်။
စိတ်ရှိတိုင်းသာဖြစ်ခွင့်ရပါလျှင် ကိုမင်းကိုနိုင်အား လုပ်ပိုင်ခွင့်အာဏာများ အပ်နှင်းချင်လှပါတော့သည်။
သူ၏ ဖြောင့်မှန်မသွေယိမ်းသော ဦးဆောင်မှုနောက်တွင်
ကျနော်တို့တိုင်းပြည် တိုးတက်လာမှာ မလွဲဟု ယုံကြည်မိပါတော့သည်။

**သွန်းနေစိုး **

**From-လင်းဇော်ထက်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)