ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, June 29, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

** ကမ္ဘာပေါ်တွင် အရှားပါးဆုံးတစ်ကောင်တည်းသာကျန်ရစ်သည့်ပင်တာကျွန်းလိပ်ကြီး သေဆုံး**

 (ကွီကို၊ ဇွန် ၂၇) ကမ္ဘာပေါ်တွင် တစ်ကောင်တည်းသာ ကျန်ရှိတော့သည့်ပင်တာကျွန်းလိပ်မျိုးစိတ်ဝင် ''အထီးကျန်ဂျော့ဂ်ျ''အမည်ရှိလိပ်ကြီးသေဆုံးခဲ့ပြီဖြစ်ကြောင်း အီကွေဒေါနိုင်ငံ ဂါလာပါဂို့စ် အမျိုးသားဥယျာဉ်တာဝန်ရှိသူများက ဇွန် ၂၅ ရက်တွင်ပြောကြားခဲ့သည်။ ''အထီးကျန်ဂျော့ဂ်ျ''သည် ပင်တာကျွန်းလိပ်မျိုးစိတ်၏နောက်ဆုံးကျန်လိပ်ကြီးအဖြစ် ယုံကြည်ရပြီး ၄င်း၏အသက်မှာ(၁ဝဝ)နီးပါးရှိပြီဖြစ်ကြောင်း သိပံ္ပပညာရှင်များက ခန့်မှန်းထား သည်။''အထီးကျန်ဂျော့ဂ်ျ''မှအပ ပင်တာကျွန်းလိပ်မျိုးစိတ်တွင် မျိုးဆက်အမွေခံ တစ်ကောင်တလေမျှပင် ကျန်ရစ် ခြင်းမရှိတော့ကြောင်း ယုံကြည်ရခြင်းကြောင့် ''အထီးကျန်ဂျော့ဂ်ျ''သည်ကမ္ဘာပေါ်၌ အရှားပါးဆုံး တိရစ္ဆာန်ဖြစ်ခဲ့ရသည်။ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားရပြီဖြစ်သော သက်ရှိမျိုးစိတ်တစ်ခု၏သင်္ကေတဖြစ်လာသည့် ''အထီးကျန်ဂျော့ဂ်ျ''၏ရုပ်ကြွင်းအား ဆေးရည်စိမ်ကာ ဆန်တာခရုဇ်ကျွန်းပေါ်၌ ပြသထားမည်ဖြစ်ကြောင်း အီကွေဒေါနိုင်ငံ သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးက ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ပင်တာကျွန်းလိပ်မျိုးစိတ်နှင့်နီးစပ်သော အခြားမျိုးစိတ် များမှ လိပ်မများအား ပါလာပါဂို့စ်အမျိုးသားဥယျာဉ်သို့ပို့ဆောင်ကာ ပင်တာကျွန်းလိပ်မျိုးဆက်ပြန့်ပွားရေးအတွက်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီများက ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။ပင်တာကျွန်းလိပ်ကြီးမျိုးများ၏သက်တမ်းမှာ နှစ်၂ဝဝကျော်ရှိရာ အသက်(၁ဝဝ)နီးပါးရှိ အထီးကျန်ဂျော့ဂ်ျသေဆုံးရခြင်းကို အရွယ်မတိုင်မီသေဆုံးမှုအဖြစ် မှတ်ယူနိုင်သည်။(ဘီဘီစီ)

 ** ပျောက်ကွယ်လုနီး ဆုမတြားကြံ့ မျိုးစိတ်၌ သားပေါက်တစ်ကောင် မွေးဖွားလာ**

(ဂျကာတာ၊ ဇွန် ၂၇) မျိုးသုဉ်းပျောက်ကွယ်ရန် အလားအလာအရှိဆုံး ကမ္ဘာ့သက်ရှိမျိုးစိတ်များတွင် အပါအဝင်ဖြစ်သော ဆုမတြားကြံ့မျိုးစိတ်မှကြံ့မတစ်ကောင်သည် သားပေါက်တစ်ကောင်ကို အင်ဒိုနီးရှားနိုင်ငံသစ်တောကြိုးဝိုင်းတစ်ခုအတွင်း မွေးဖွားပေးနိုင်ခဲ့ကြောင်း ဇွန် ၂၅ ရက်သတင်းများ၌ ဖော်ပြသည်။ ရာတူ အမည်ရှိ မိခင်ကြံ့မကြီးနှင့် ၄င်းကမွေးဖွားသော ကြံ့ငယ်တို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်းဝေးကမ်းဘတ်စ အမျိုးသားဥယျာဉ် ဆုမတြားကြံ့များထိန်းသိမ်း ကာကွယ်ရေး သစ်တောကြိုးဝိုင်းမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများက ပြောကြားခဲ့သည်။မှတ်တမ်းများအရ နှစ်ပေါင်း ၁ဝဝ ကျော်ကာလအတွင်းလူသားတို့ စောင့်ရှောက်ကာကွယ်မှုအောက်၌ ဆုမတြားကြံ့များ သားပေါက်ခဲ့ခြင်းမှာ ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက်ဖြစ်သည်။ ကြံ့မရာတူမွေးဖွားပေးခဲ့သော ကြံ့သားပေါက်မှာ အထီးဖြစ်ပြီး အန်ဒါတူ၊ အင်ဒိုနီးရှားဘာသာစကားဖြင့် ဘုရားပေးသည့်လက်ဆောင်ဟူ၍ အဓိပ္ပာယ်ရသောအမည်ကို ပေးထားကြောင်းသိရသည်။အန်ဒါတူ၏ ဖခင်မှာ ကြံ့မျိုးပွားများရေးအစီအစဉ်အရ အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် ဆင်ဆင်နတီတိရစ္ဆာန်ရုံမှ ဝေးကမ်းဘတ်စ်အမျိုးသားဥယျာဉ်သို့ ၂ဝဝ၉ခုနှစ်တွင် ပို့ဆောင်ပေးခဲ့သော အန်ဒါလက်စ်အမည်ရှိ ကြံ့ထီးကြီးဖြစ်သည်။ဆုမတြားကြံ့များသည် နှစ်ပေါင်း ၂ဝ အတွင်း ကောင်ရေ၅ဝ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည့် ကမ္ဘာ့အရှားပါးဆုံး စာရင်းဝင်တိရစ္ဆာန်များဖြစ်ပြီး ယခုအခါ အရှေ့တောင်အာရှ၌ကောင်ရေ ၂ဝဝ လျော့လျော့သာ ကျန်ရှိတော့သည်။ (ဘီဘီစီ)

 ** ပင်လယ်ရေမျက်နှာပြင်မြင့် တက်မှု အတ္တလန္တစ်ကမ်းရိုးတန်းကို ခြိမ်းခြောက်နေ**
 (၀ါရှင်တန်၊ ဇွန် ၂၇) နယူးယောက်၊ နော်ဖော့စ်နှင့် ဘော်စတွန်မြို့ကြီးများတည်ရှိရာ အမေရိကန်ပြည်ထောင်စု အတ္တလန္တစ်ကမ်းရိုးတန်းဒေသ၏ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုသည် တစ်ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှရေမျက်နှာပြင်မြင့်တက်မှုနှုန်းထက် လေးဆကျော် ပိုမြန်နေကြောင်း အစီရင်ခံစာတစ်ရပ်က ဇွန် ၂၄ ရက်တွင် ဖော်ပြသည်။ယင်းကဲ့သို့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုနှုန်း ပိုမိုမြန်ဆန်မှုကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာနိုင်သည့် ရေလွှမ်းမိုးမှုများက ကမ္ဘာ့လူနေအထူထပ်ဆုံး ကမ်းရိုးတန်းဒေသများတွင် အပါအဝင်ဖြစ်သော အတ္တလန္တစ် ကမ်းရိုးတန်းဒေသနှင့် ယင်းဒေသမစိမ့်မြေများကို ခြိမ်းခြောက်နေကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ ၁၉၉ဝ ခုနှစ်ခန့်မှစ၍ အတ္တလန္တစ်ကမ်းရိုးတန်းဒေသ၏ မိုင် ၆၂ဝ ရှည်လျားသော အန္တရာယ်ဇုန်ဒေသ ပင်လယ်ရေမျက်နှာပြင်သည် နှစ်စဉ်နှစ်မီလီမီတာမှ ၃ ဒသမ ၇ မီလီမီတာ အထိမြင့်တက်နေခဲ့ကြောင်း သိရသည်။သို့ရာတွင် ထိုကာလအပိုင်းအခြားအတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုနှုန်းသည် သုည ဒသမ ၆ မီလီမီတာ နှင့် ၁ မီလီမီတာ အကြားတွင်သာရှိခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ဘူမိတိုင်းတာရေးအေဂျင်စီ(ယူအက်စ်ဂျီအက်စ်)၏ အစီရင်ခံစာ၌ ဖော်ပြသည်။ ကမ္ဘာ့အပူချိန် ဆက်လက်မြင့်တက်နေမည်ဆိုပါက အတ္တလန္တစ်ကမ်းရိုးတန်းဒေသ အန္တရာယ်ဇုန် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုသည် ၂၁ဝဝ ခုနှစ်အရောက်တွင် ၃ဝ စင်တီမီတာထက် ကျော်လွန်သွားမည်ဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ နေရာဒေသကွက်၍ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု ပိုမိုမြန်ဆန်လာခြင်းသည် အတ္တလန္တိတ်သမုဒ္ဒရာ ရေစီး ကြောင်းလှည့်ပတ်မှုများ ကမောက်ကမဖြစ်ရခြင်းကြောင့် ပေါ်ပေါက်ရခြင်းဖြစ်ကြောင်း ယူဆရသည်။ ( အေအက်ဖ်ပီ)

** ဆေးလိပ်သောက်သုံးမှုတားဆီးရေးဥပဒေများပိုမိုတင်းကျပ်ရန် တောင်အာဖရိက ကြိုးပမ်း** (ဂျိုဟန်နက်စဘတ၊် ဇွန် ၂၇) တောင်အာဖရိကနိုင်ငံ၏ ဆေးလိပ်သောက်သုံးမှု ဆန့်ကျင်တားဆီးရေးဥပဒေများအား ပိုမိုတင်းကျပ်နိုင်ရန် ယင်းနိုင်ငံတာဝန်ရှိသူများက ကြိုးပမ်းနေကြောင်း ဇွန် ၂၅ ရက် သတင်း များတွင် ဖော်ပြသည်။အဆောက်အအုံများအတွင်းပိုင်း၌ ဆေးလိပ် သောက်သုံးမှုအား လုံးဝပိတ်ပင်သွားရေးနှင့် ကမ်းခြေများကဲ့သို့သော လဟာပြင်များ၌ ဆေးလိပ်သောက်သုံးမှုများကိုတရားမဝင်လုပ်ရပ်များ အဖြစ်သတ်မှတ်နိုင်ရေးအတွက် တောင် အာဖရိက ကျန်းမာရေးဘက်ဆိုင်ရာအာဏာပိုင်များက အဆိုပြုထားသည်။ ဆေးလိပ်သောက်သုံးမှု ဆန့်ကျင်တားဆီးမှုဆိုင်ရာဥပဒေပြင်ဆင်ချက်များသည် အားကစားရုံများ၊ တိရစ္ဆာန်ဥယျာဉ်များ၊ပန်းခြံများ၊ လဟာပြင်စားသောက်ဆိုင်များနှင့် ဘီယာဆိုင်များတွင်လည်း အာဏာသက်ရောက်မှုရှိမည်ဖြစ်သည်။ ယင်းအပြင် ကမ်းခြေဒေသများ၌ ဆေးလိပ်သောက်သုံးမည်ဆိုပါက ဆေးလိပ်သောက်သုံးသူနှင့် အနီးဆုံးနေရာတွင်ရှိနေသူအကြား အကွာအဝေးသည် အနည်းဆုံး မီတာ ၅ဝ အထိရှိရမည်ဖြစ်ကြောင်း သိရသည်။သို့ရာတွင် ဆေးလိပ်သောက်သုံးမှု ဆန့်ကျင်တားဆီးမှု ဆိုင်ရာ ဥပဒေသစ်များအား ကျင့်သုံးခြင်းမပြုမီ အထက်ပါအဆိုပြုချက်များကို တောင်အာဖရိကကျန်းမာရေးဝန်ကြီးဌာနကအများပြည်သူများထံ လာမည့်သီတင်းပတ်အတွင်း တင်ပြသွားမည်ဖြစ်သည်။ဆေးလိပ်သောက်သုံးမှုအလေ့အထ မစွန့်လွှတ်နိုင်သူများလိုက်နာရန်ခက်ခဲသည့် ဥပဒေပြင်ဆင်ချက်များ ပြုလုပ်နိုင်ရန် တောင်အာဖရိကအစိုးရက ငါးနှစ်အတွင်း ဒုတိယအကြိမ်မြောက် ကြိုးပမ်းလာခြင်းဖြစ်သည်။ ဆေးလိပ်သောက်သုံးမှု တားဆီးဆန့်ကျင်ရေးဥပဒေများအားပြင်ဆင်ရန် တောင်အာဖရိကအစိုးရ၏ ကြိုးပမ်းမှုကိုဆေးလိပ်သောက်သုံးသူများက အစွန်းရောက်သော၊ လူ့အခွင့်အရေး ချိုးဖောက်ရာရောက်သော လုပ်ရပ်အဖြစ် ဝေဖန်ခဲ့ကြသည်။( အေအက်ဖ်ပီ) 

စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)