ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, June 29, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း- 

**ယခုသီတင်းပတ်အတွင်း ရုံဝင်ငွေအကောင်းဆုံးဇာတ်ကား BRAVE ရုပ်ရှင်က စံချိန်တင်** 

 (လော့စ်အိန်ဂျလိစ်၊ ဇွန် ၂၇) အမေရိကန်နိုင်ငံ ဒစ္စနေးပီဆာ ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်ထားသည့် BRAVE ရုပ်ရှင်ကားသည် အမေရိကန်နိုင်ငံတစ်ဝန်းတွင် ယခုသီတင်းပတ်အတွင်း ပထမဆုံး ရုံတင်ပြသခဲ့ရာ ရုံဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၆၆.၇ သန်းရရှိခဲ့ကြောင်း ဇွန် ၂၇ ရက်၌ သတင်းထုတ်ပြန်သည်။ BRAVE ဇာတ်ကားသည် ယခုသီတင်းပတ်အတွင်း ရုံဝင်ငွေအများဆုံး ဇာတ်ကားအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ ယင်းဇာတ်ကားသည် လာမည့် သီတင်းပတ်တွင် အင်္ဂလန်နိုင်ငံ အင်ဒင်ဘတ်မြို့၌ ကျင်းပမည့် အင်ဒင်ဘတ်နိုင်ငံတကာရုပ်ရှင်ပွဲတော်သို့လည်း ပါဝင်ဆင်နွှဲရန်စာရင်းပေးထားရာ ဆုရရှိမည်ဟု မျှော်မှန်းထားသည်။ (အင်တာနက်)

 **မိုက်ကယ်အိုဝင် ဒူဘိုင်းသို့ ပြောင်းရွှေ့ကစားဖွယ်ရှိ**
(ဒူဘိုင်း၊ ဇွန် ၂၇) မန်ယူတိုက်စစ်မှူး မိုက်ကယ်အိုဝင် သည် လုပ်ခလစာ တိုးမြှင့်ပေးမှုပေါ် မူတည်၍ ဒူဘိုင်းသို့ ပြောင်းရွှေ့ ကစားဖွယ်ရှိနေကြောင်း အာရပ်စော်ဘွား များပြည်ထောင်စုမှ အားကစားသတင်း တစ်ရပ်က သတင်းဖော်ပြသည်။ အသက်(၃၂)နှစ်အရွယ်ရှိ တိုက်စစ်မှူး မိုက်ကယ်အိုဝင် သည် နည်းပြ ဆာအဲလက်စ်ဖာဂူဆန် ကိုင်တွယ်သည့် ပရီမီယာလိဂ်အင်အားကြီးကလပ် မန်ယူ အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်မရရှိခဲ့သဖြင့် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီးနောက် စတုတ်စီးတီးအသင်းသို့ ပြောင်းရွှေ့ရန် ချိတ်ဆက်မှုများပြုလုပ်ခဲ့သည်။ သို့သော် အာရပ်စော်ဘွားများ ပြည်ထောင်စုကလပ် အယ်လ်ရှားဘတ်က မန်ယူတိုက်စစ်မှူး မိုက်ကယ်အိုဝင်အား အရှေ့အလယ်ပိုင်းသို့ ရောက်ရှိရေး အပြီးသတ်ခေါ်ယူစာချုပ်ရန် ပြင်ဆင်နေ ကြောင်း ဇွန် ၂၆ ရက်က အခိုင်အမာ ပြောကြားခဲ့သည်။ အယ်လ်ရှားဘတ် ကလပ်ကမူ အာရပ်စော်ဘွားများ ပြည်ထောင်စု၏ အထက်လွှာလူတန်းစား အဖြစ် အသိအမှတ်ပြုရန် မဖြစ်နိုင်ဟု အသင်း၏ တွစ်တာစာမျက်နှာတွင် ဖော်ပြထားသည်။ တိုက်စစ်မှူး မိုက်ကယ်အိုဝင်ကမူ အသင်းတာဝန်ရှိသူများနှင့် ဆွေးနွေး ထားပြီး လာမည့်ဘောလုံးရာသီတွင် အယ်လ်ရှားဘတ်သို့ သွားရောက် ကစားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။ အယ်လ်ရှားဘတ်ကလပ်၏ ပြောရေး ဆိုခွင့်ရှိသူကမူ မိုက်ကယ်အိုဝင်သည် လာမည့်ဘောလုံးရာသီတွင် အသင်းသို့ ပြောင်းရွှေ့လာဖွယ်ရှိကြောင်း၊ မိုက်ကယ် အိုဝင်နှင့်လည်း ဆွေးနွေးမှုပြုလုပ်ထားပြီး ဖြစ်ကြောင်း၊ သို့သော် သဘောတူညီမှု မရ ရှိသေးကြောင်းနှင့် မိုက်ကယ်အိုဝင် အယ်လ် ရှားဘတ်သို့ ရောက်မရောက်ကို မကြာ မီအချိန်တွင် သိရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အင်တာနက်။  

**စပါးအသင်းနည်းပြအဖြစ် အန်ဒရီဗီလာဘိုအာ့စ်အား ရွေးချယ်ခန့်အပ်ရန် သဘောတူ** 
(လန်ဒန်၊ ဇွန် ၂၇) ဟယ်ရီရက်နက် နုတ်ထွက်သွားပြီးနောက် နည်းပြလက်မဲ့ ဖြစ်ခဲ့ရသော လန်ဒန်မြောက်ပိုင်းအခြေစိုက် တော့တင်ဟမ်ဟော့ စပါးအသင်းသည် အသင်း၏ မန်နေဂျာသစ်အဖြစ် ချယ်လ်ဆီး အသင်းနည်းပြဟောင်း ဗီလာဘိုအာ့စ် အား ရွေးချယ် ခန့်အပ်ရန် သဘောတူညီခဲ့ကြောင်း ဇွန် ၂၇ ရက် အားကစား သတင်းတစ်ရပ်က ဖော်ပြသည်။ ဗီလာဘိုအာ့စ်သည် တော့တင်ဟမ်ဟော့စပါးအသင်းနှင့် သုံးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်အား သဘောတူညီခဲ့သည် ဟု ဆိုသည်။ သို့သော် ဗီလာဘိုအာ့စ်၏ နည်းပြခန့်အပ်ရေး ဆိုင်ရာ စာချုပ်အချက်အလက်များအား အတည်ပြုရန်အတွက် ဇူလိုင် ပထမပတ်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်ထားသည်ဟု သိရသည်။ ထို့ကြောင့် နည်းပြဗီလာဘိုအာ့စ် ချယ်လ်ဆီးအသင်း နည်းပြအဖြစ် တာဝန်ယူခဲ့စဉ်က ကိုင်တွယ်ပုံညံ့ဖျင်းခဲ့သည်ကို သတိထားမိခဲ့သည့် စပါးပရိသတ်များအား စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ်လီဗီ၏ ဆုံးဖြတ်ချက်က ကျေနပ်မှုပေးနိုင်ဖွယ်မရှိပေ။ သို့သော် အသက်အရွယ်နှင့် အတွေ့အကြုံအရ ဗီလာ ဘိုအာ့စ်၏ စိတ်အားထက်သန်မှုနှင့် နည်းပြနှင့် ဆိုင်သော အသိအမြင်အား စပါးအသင်းဥက္ကဋ္ဌက ထုတ်ဖော်ချီးကျူးကာ ဗီလာဘိုအာ့စ်အနေဖြင့် စပါးအသင်းအား ကိုင်တွယ်ရပါက တစ်နှစ်ပေါင် ခုနစ်သန်းလိုချင်သည်ဆိုသည်ကိုလည်း လိုက်လျော ရန် ဒန်နီရယ်လီဗီက ပြင်ဆင်နေသည်။ ချယ်လ်ဆီးအသင်းနည်းပြဟောင်း အန်ဒရီဗီလာဘိုအာ့စ် အနေဖြင့်လည်း စပါးအသင်းနည်းပြအဖြစ် ကိုင်တွယ်ခွင့်ရရှိရေး အတွက် သဘောတူညီချက်များအား လစ်လျူရှုမည့် အနေ အထားမရှိကြောင်း အသင်းတာဝန်ရှိသူများက သုံးသပ်ထား သည်။ (အင်တာနက်)

**ရုပ်ရှင်မင်းသမီး မီရင်ဒါကို့စ်ဂရော့ ရုပ်ရှင်ဇာတ်လမ်း သစ်ရိုက်ကူးနေ** 
(လော့စ်အိန်ဂျလိစ်၊ ဇွန် ၂၇) အမေရိကန်လူငယ် ရုပ်ရှင်မင်းသမီးနဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ မီရင်ဒါကို့စ်ဂရောဟာ Despicable Me 2အမည်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်လျက်ရှိပြီး ဒီဇာတ် ကားဟာ ၂၀၁၃ ခုနှစ်မှာ ရုံတင်ပြသနိုင်ဖို့ ကြိုးစားနေပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ရုပ်ရှင်မင်းသမီး မီရင်ဒါကို့စ်ဂရော့ဟာ ၂၀၁၀ ခုနှစ်က Despicable Me ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ လူကြိုက်များခဲ့ပြီး အဲဒီဇာတ်ကားလည်းဝင်ငွေအများအပြားရရှိခဲ့ပါ တယ်။ (အင်တာနက်)

 စုစည်းဘာသာပြန်-ကိုသစ္စာ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)