ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, June 25, 2012

> -တစ်သောင်းတန်ပတ်တိုက် (ဆူးငှက်)- ကျောင်းနံရံ ဒေါင်းအလံစိုက်တာနဲ့တစ်သောင်းတန်လည်း ရိုက်ထုတ်လိုက်ပြီတဲ့အမေ...။
 လောကမှာ... ငွေ... ငွေ... ငွေ... တဲ့...၊
 ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်တဲ့...၊
မိန်းမယူရင် ငွေသာအဆင်ပြေသတဲ့...။
 ရွှေဒင်္ဂါး ၁ပြား.. ၁၃ကျပ်၊ ၁၄ကျပ်...ဆိုတဲ့
 အဖိုးတို့ခေတ်မှာ.. ငွေတစ်သောင်းများရှိရင်.
. ယောက္ခမအိမ်မှာ ကိုယ်ထင်သလိုသာနေနိုင်ခဲ့သတဲ့...။
 မြေရှိ၊ ငွေရှိ...၊ အိမ်ရှိရမယ်...
 အဖေတို့ခေတ်က အင်ဂျင်နီယာကန်ထရိုက်တာရဲ့ ကြော်ငြာစာသား.
. တကယ်လို့များ... အဖေ့မှာ ငွေတစ်သောင်းရှိခဲ့ရင်.
. ပေ၄၀xပေ၆၀... မြေတစ်ကွက်ဝယ်.. နောက်ထပ်.. ငွေတစ်သောင်းအကုန်ခံရုံနဲ့ လုံလုံခြုံခြုံအိမ်တစ်လုံးရနိုင်တာပေါ့လေ..။ ဒါပေမယ့်...။ မန်းရာပြည့်ကွင်းထဲမှာ.. လေးနှစ်တစ်ကြိမ်.. ဘယ်နှစ်ကြိမ်မြောက်၊ ဘယ်နှနှစ်မြောက်ဆိုပြီး.. ဟည်းထအောင်ကျင်းပလေ့ရှိတဲ့.. ပြည်ထောင်စုနေ့ရဲ့ ပြခန်းတွေထဲက... တန်ဖိုးနည်းအိမ်ယာဆိုတာကလည်း.. အဲ့ဒီကာလက.. လွန်ရောကျွံရော ငွေတစ်သောင်းကျော်ပဲတဲ့..၊ မျှော်မနေနဲ့...၊ အဲ့ဒီ.. အိမ်ယာဆိုတာ.. ပြခန်းထဲမှာပဲရှိတာဆိုကိုး...။
အခုတော့... ငွေတစ်သောင်းဆိုတာ ခေါင်းရွက်ဗျပ်ထိုး.. နေ့ပြန်တိုးနဲ့...၊ အပိုးကျိုးနေမှတော့ တစ်နေ့ငါးရာနှုံး... တစ်လလုံးဆပ်ရပစေ.. တို့အတွက်... အကောင်းဆုံးနည်းလမ်းပါပဲလေ...။
  ဘီအေ.. ဘီအက်စီ.. ဘီစီအက်စီ.. အယ်စီစီအိုင် အမ်ဘီအေ...၊ ကွန်ပျူတာ... အင်္ဂလိပ်စာ..၊ မရှိမဖြစ် တရုတ်စာ..။ အင်တာနက်၊ အီးမေလ်း... ဟိုမေး၊ သည်မေး သတင်းစာကြော်ငြာပါသမျှမေး မေးသလောက်ဖြေ... ဖြေသလောက် လျှောက်လွှာတင် တင်သလောက် အင်တာဗျူး ဗျူးသလောက်...၊ အဲ... ဗျူးသလောက်... ကိုင်းပါလေ... နောက်တစ်နေရာထပ်လျှောက်... လျှောက်...၊ လျှောက်...၊ လျှောက်...၊ လျှောက်... လျှောက်ပြီးရင်းလျှောက်... ကံကောင်းထောက်မလို့ အလုပ်တစ်နေရာရတော့ တစ်သောင်းတန် ၅ရွက်ဆိုတဲ့ လစာကလည်း... မနည်းပါလားနော်...။ ဘာပဲပြောပြော.. အပြောများနေတဲ့ တန်ဖိုးနည်းဆိုတဲ့ ဖုန်းတစ်လုံး... တစ်သောင်းတန် အရွက် ၂၀သုံးနိုင်ရင် ရမယ်...။ ငါးထောင်တန်ဖုန်းများရရင်... တစ်သောင်းဖိုး ၂လုံးနဲ့ ဖောဖောကြီးသုံးနိုင်ရဲ့... လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး တက်ကာစီးဖို့... တစ်သောင်းတန်အရွက် ၅၀..တဲ့..။ ဂျာနယ်တွေထဲ ဖတ်ရတာပဲ..။ ဘာတဲ့... မိဘပြည်သူတွေ သက်သာချောင်ချိစေဖို့ စေတနာရေစီးကမ်းပြိုလိုက်လို့... ဈေးချိုချိုနဲ့ ရနိုင်တဲ့... မော်ဒယ်မြင့်ကားတစ်ပတ်ရစ်... တစ်သောင်းတန်အသစ် အုပ် ၂၀ ၀န်းကျင်တဲ့..။ ဒါတင်ဘယ်ကမလဲ... တစ်သောင်းတန်အရွက် ၃၀ တန်ဖိုးနဲ့ လဲခဲ့တဲ့ လယ်တစ်ဧက...၊ ဒီတစ်ဧက ဂရန်ချလိုက်ရင်... တစ်သောင်းတန် အုပ် ၃၀လည်း ဖြစ်နိုင်တာပေါ့လေ...။ ကဲပါလေ...။ ငွေတွင်းနက်သတဲ့လား...။ ဟောဒီက တစ်သောင်းတန်တစ်ရွက်က စက်ချုပ်အလုပ်သမတစ်ဦးကို.. တစ်လ.. သံရည်ကျိုအလုပ်သမားတစ်ယောက်ကို... တစ်လခွဲ.. ရဲရဲကြီးခိုင်းစားနိုင်သေးတယ်...။ ဒီလိုမှမဟုတ်... အသွားမတော်တစ်လှမ်း၊ အမေးမတော်တစ်ခွန်း... တစ်ခွန်းစကား အနေခက်တာကြောင့် တစ်သောင်းတန်ငွေစက္ကူတစ်ရွက်နဲ့ ပါး... ဆယ်ချက်ရိုက်နိုင်သေး...။ ဟော... ဘာတဲ့... ဘာတဲ့... နားစွင့်ကြပါဦး၊ နားစွင့်ကြပါဦး... ပဲ့တင်သံသဲ့သဲ့တော့ ကျန်ပါသေးရဲ့... “ဆင်းရဲသားပပျောက်ရေး...၊ ဆင်းရဲသား ပပျောက်ရေး...” တဲ့။ ကိုင်း... နတ်ကရာ ကြည့်မောမနေနဲ့တော့...။ သောကအမော...၊ အမော...သံသရာ...၊ သံသရာအဆုံး...၊ မရုန်းနိုင်ကြတာ ခဏဖျောက်...၊ အဲ့ဒီအသံလေးမပျောက်ခင်...၊ ရေး... ရေး... ထင်လုလု၊ အလှည့်အပြောင်းမှာ... အကြောင်းကံ တွက်ဆပြီး ဗလောင်းဆန် မခက်ကြပါနဲ့ အကောင်းဉာဏ် ထွက်ရအောင်... (အို...အမေရဲ့) ဟောဒီ တစ်သောင်းတန်တစ်ရွက်နဲ့ ပြောင်းဆန်တစ်ခွက်၊ အမဲတစ်တွဲချက်ပြီး.. ဇရက်မင်း စည်းစိမ်နဲ့ ကျုပ်တို့မိသားစု တစ်ခဏနားဦးစို့...။ 

 **ဆူးငှက်** 

**From-သုည **

-တစ်သောင်းတန်ပတ်တိုက် (ဆူးငှက်)- ကျောင်းနံရံ ဒေါင်းအလံစိုက်တာနဲ့တစ်သောင်းတန်လည်း ရိုက်ထုတ်လိုက်ပြီတဲ့အမေ...။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)