ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, June 24, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

**Spider-Man ဇာတ်ကားတွဲများ ရိုက်ကူးမယ့် ရုပ်ရှင်မင်းသမီး အမ်မာစတုန်း**
(လော့စ်အိန်ဂျလိစ်၊ ဇွန် ၂၂) ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး အမ်မာစတုန်းပါဝင်သရုပ်ဆောင်ထားတဲ့ Amazing Spider-Man ရုပ်ရှင်ကားကို အမေရိကန်နိုင်ငံတစ်ဝန်း လာမယ့် ဇူလိုင်လဆန်းမှာ ပြန်လည်ရုံတင်ပြသဖို့ စီစဉ်နေပါတယ်။ ဒီဇာတ်ကားဟာမြောက်အမေရိကနိုင်ငံတွေမှာ ရုံတင်ပြသခဲ့ရာမှ ပရိသတ်တွေ အများအပြား ကြည့်ရှုအားပေးခဲ့တာမို့ အမေရိကန်နိုင်ငံတစ်ဝန်းမှာ အခုလိုပြန်လည်ပြသခြင်းဖြစ်ပါတယ်။ ဒါကြောင့် Spider-Man ဇာတ်ကားတွဲကို အမ်မာစတုန်းက ဆက်လက်ရိုက်ကူးမှာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ရုပ်ရှင်မင်း သမီးအမ်မာစတုန်းဟာ The Croods အမည်ရှိတဲ့ ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်နေပါ တယ်။ အဲဒီရုပ်ရှင်ကားဟာ ဇာတ်လမ်းတိုရုပ်ရှင်ကားဖြစ်ပြီး လာမည့် ၂၀၁၃ ခုနှစ်မတ် ၂၂ ရက်မှာ ရုံတင်ပြသနိုင်ဖို့စီစဉ်နေပါတယ်။ (အင်တာနက်) *

**ရီးယဲလ်မက်ဒရစ်က လူကာမိုဒရစ်အားပေါင် သန်း ၃ဝ ပေးရန် ပြင်ဆင်နေ** (မက်ဒရစ်၊ ဇွန် ၂၂)
ရီးယဲလ်မက်ဒရစ်အသင်း နည်းပြဂျို့စ်မော်ရင်ဟိုက ရာသီအကြိုကာလအတွင်း ကစားသမားဖြည့်တင်းရန် ပြောကြားခဲ့ပြီးနောက် စပါးကွင်းလယ်ကစားသမား လူကာမိုဒရစ်အား ပေါင် သန်း၃ဝ ဖြင့်ခေါ်ယူရန် ပြင်ဆင်လျက်ရှိသည်။ အသက်(၂၆)နှစ် အရွယ်ရှိ လူကာမိုဒရစ်သည် မန်ယူအသင်း၏ အဓိက ပစ်မှတ်ထားနေသော ကစားသမားတစ်ဦးဖြစ်ပြီး ရီးယဲလ်မက်ဒရစ် အသင်းကလည်း ¤၄င်းအား ခေါ်ယူရန်မန်ယူအသင်းနှင့်အပြိုင် မက်ဒရစ်သို့ ရောက်ရှိရေး ကြိုးပမ်းမည်ဟုဂျို့စ်မော်ရင်ဟိုက ဆိုခဲ့သည်။ မက်ဒရစ်သို့ ပြောင်းရွှေ့မည်ဆိုသည့်မိုဒရစ်သည် စပါးအသင်း၏ အပြောင်း အရွှေ့ ဈေးကွက်အတွင်း မန်နေဂျာအသစ်အတွက် ရန်ပုံငွေလည်း ပေးနိုင် မည်ဟုဆိုသည်။ လူကာမိုဒရစ်သည်စပါးအသင်းမှ ထွက်ခွာရန်ဆန္ဒရှိနေ သည်။ သို့သော် နည်းပြလက်မဲ့ဖြစ်နေသော တော့တင်ဟမ်ဟော့စပါး အသင်းသည် ခရိုအေးရှားကွင်းလယ်ကစားသမား မိုဒရစ်အား ဆုံးရှုံးရမည်ကို စိုးရိမ်နေသည်။ မိုဒရစ်ကမူ အကြောင်းပြချက်တစ်စုံတစ်ရာ ပြောကြားခြင်းမရှိဘဲ အသင်း ပြောင်းရွှေ့ရန်သာ ကြိုးပမ်းနေခဲ့သည်ဟု ဇွန် ၂၂ ရက် သတင်းတွင် ဖော်ပြသည်။စပါးအသင်းသည် လာမည့်ဘောလုံး ရာသီအတွက် ကစားသမားဖြည့်တင်းမှုများလုပ်ဆောင်နေစဉ် အသင်း၏ အားထားရသည့် ခရိုအေးရှားကွင်းလယ်ကစားသမား လူကာမိုဒရစ်ကိုလည်း အသင်းမှ မထွက်ခွာရေး ကြိုးပမ်းနေရသည်။ ကစားသမားပိုင်းတွင်သာမက နည်းပြဟယ်ရီရက်နက်ထွက်ခွာသွားပြီးနည်းပြလက်မဲ့ ဖြစ်ခဲ့ရသည့်အတွက် ချယ်လ်ဆီးအသင်း နည်းပြဟောင်းအန်ဒရီဗီလာဘိုအာ့စ်ကို ပစ်မှတ်ထား ခဲ့ရသည်။မည်သို့ပင်ဆိုစေ ရီးယဲလ်မက်ဒရစ်အသင်းကမူ လာမည့်ဘောလုံးရာသီတွင် အသင်းအောင်မြင်မှုရရှိရေး လူကာမိုဒရစ်အား ပေါင် သန်း ၃ဝ ပေးရန် အသင့်အနေအထားတွင်ရှိနေကြောင်းနည်းပြမော်ရင်ဟိုက ဆိုသည်။ (အင်တာနက်)  

**ဂျူလီယာရောဘတ်၏တူမ အမ်မာရောဘတ်၏ ကောက်ကြောင်းများ** 

  အမ်မာရောဘတ်ကို ၁၉၉၁ ခုနှစ်ဖေဖော်ဝါရီ ၁ဝ ရက်တွင် မွေးဖွားခဲ့ပြီး ယခုအခါ အမေရိကန်ရုပ်ရှင်လောကတွင် သရုပ်ဆောင်၊ မော်ဒယ်လ်နှင့် အဆိုတော်အဖြစ် လှုပ်ရှားနေသူဖြစ်သည်။ အမ်မာရောဘတ်သည် အနုပညာမျိုးရိုးမှ ဆင်းသက်လာသူတစ်ဦးဖြစ်သည်။ ဖခင်မှာ အော်စကာဆု အမည်စာရင်းတင်သွင်းခံခဲ့ရသည့် အီရစ်ရောဘတ်ဖြစ်သကဲ့သို့ ဟောလိဝုဒ် နာမည်ကျော်မင်းသမီး ဂျူလီယာရောဘတ်၏ တူမလည်းဖြစ်သည်။ အမ်မာကလေး ဘဝကတည်းက သူ့မိဘနှစ်ပါး ကွာရှင်းခဲ့ကြပြီး အမ်မာက မိခင်နှင့်အတူနေခဲ့ရ သည်။ အားလပ်ချိန်များတွင် အဒေါ်ဖြစ်သူ ဂျူလီယာရောဘတ်နှင့် အနေများခဲ့ သည့်အတွက် သရုပ်ဆောင်လောကသို့ဝင်ရောက်ရန် အကြောင်းဖန်လာခဲ့သည်။ 

(ဂျူလီယာရောဘတ်နှင့်အမ်မာရောဘတ်)

အမ်မာ၏ ပထမဆုံးရုပ်ရှင်ကားမှာ၂ဝဝ၁ ခုနှစ်ကBlow ဇာတ်ကားတွင် မင်းသားဂျွန်နီဒက်ပ်၏သမီးအဖြစ် သရုပ်ဆောင်ခဲ့သည်။အမ်မာသည် Unfobulous and More အမည်ရှိ တေးအယ်လ်ဘမ်တစ်ချပ်ကိုလည်း ထုတ်ဝေခဲ့သေးသည်။အ ခြားရုပ်ရှင်ကားများအ နေဖြင့် ၂ဝဝ၇ခုနှစ်က Nancy Drew၊ ၂ဝဝ၈၊ ၂ဝဝ၉ ခုနှစ်များတွင် Wild Child၊ Lymelife၊Hotel for Dogs ဇာတ်ကားနှင့် the Winning Season ဇာတ်ကားတို့ဖြစ်သည်။၂ဝ၁ဝ ခုနှစ်က Valentine’s Dayဇာတ်ကားတွင်လည်း ဂျူလီယာရောဘတ်နှင့်အတူ ပါဝင်သရုပ်ဆောင်ထားသည်။အမ်မာသည် ၂ဝ၁၁ ခုနှစ်မှစ၍ နယူးယောက်မြို့ ဆာဟာလောရင့်ကောလိပ်တွင် အင်္ဂလိပ်စာပေကို လေ့လာလိုက်စားလျက်ရှိသည်။ ယခုနောက်ဆုံး သတင်းများအရ အမ်မာသည် Fifty Shades of Grey ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ်ပြန်လည်ရိုက်ကူးရာတွင် ပါဝင်သရုပ်ဆောင် မည်ဟု သတင်းများထွက်ပေါ်နေသည်။အင်တာနက်။ (အင်တာနက်) 

**ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားများ** 
(နယူးယောက်၊ ဇွန် ၂) ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားများစာရင်းကို ဖောဘတ်စ်မဂ္ဂဇင်းက စာရင်းပြုစုပြီး ဇွန် ၂၁ ရက်တွင် ထုတ်ပြန်ဖော်ပြလိုက်ရာ အမေရိကန်လက်ဝှေ့သမားမေ၀ဲလ်သာက အမေရိကန်ဒေါ်လာ ၈၅ သန်းဖြင့် ထိပ်ဆုံးနေရာ၌ ရပ်တည်နေခဲ့သည်။ ကမ္ဘာကျော်တင်းနစ်သမား ရော်ဂျာဖက်ဒဲရားမှာ အမေရိကန်ဒေါ်လာ ၅၂.၇ သန်းဖြင့် ပဉ္စမနေရာမှသာ ရပ်တည်နိုင်ပြီး ရုရှားတင်းနစ်မယ် ရှာရာပိုဗာမှာ အမေရိကန်ဒေါ်လာ ၂၇.၉ သန်းဖြင့် အဆင့် ၂၆ နေရာ၌ ရပ်တည်နိုင်ခဲ့သည်။ ဒုတိယ၀င်ငွေအကောင်းဆုံးအားကစားသမားမှာ ဖိလစ်ပိုင်လက်ဝှေ့သမး ပက်ကွိုင်အောဖြစ်ပြီး ၀င်ငွေအမေရိကန်ဒေါ်လာ ၆၂ သန်းဖြင့် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သည်။ သူသည် မကြာမီ က အမေရိကန်လက်ဝှေ့သမား ဘရက်ဒလေကို အမှတ်ဖြင့် ရှုံးခဲ့သည်။ ကမ္ဘာ့ဂေါက်သီးရိုက် ကစားသမားတိုက်ဂါးဝုဒ်မှာ ၀င်ငွေအမေရိကန်ဒေါ်လာ ၅၉.၄ သန်းဖြင့် တတိယနေရာ၌ ရှိနေပြီး အမေရိကန်ဘတ်စကက်ဘော ကစားသမားလီဘရွန်းဂျိမ်းက ၀င်ငွေအမေရိကန်ဒေါ် လာ ၅၃ သန်းဖြင့် စတုတ္ထနေရာ၌ ရှိနေသည်။ အမေရိကန်ဂလက်စီကလပ်၌ ကစားနေသော ဒေးဗစ်ဘက်ခမ်းမှာ အမေရိကန်ဒေါ်လာ ၄၆သန်းနှင့် ဆဋ္ဌမနေရာ၌ ရှိနေပြီး မန်ယူကစားသမားဟောင်း စီရိုနယ်ဒိုက အမေရိကန်ဒေါ်လာ ၄၂.၅ သန်းဖြင့် န၀မနေရာ၌ ရပ်တည်လျက်ရှိသည်။ (အင်တာနက်) 

စုစည်းဘာသာပြန် - နိုင်လင်းကြည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)