-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**ကိုနော်ကနေဒီနှင့် ချစ်ကြိုးသွယ်နေသည့် တေလာဆွစ်**
နာမည်ကျော် အမေရိကန်ကျေးလက်သီချင်း အဆိုတော် တေလာဆွစ်သည် ဂျူနီယာရောဘတ် ကနေဒီနှင့် မေရီကနေဒီတို့၏ သား အသက်(၁၈)နှစ်သာရှိသေးသည့် ကိုနော်ကနေဒီအမည်ရှိ လူငယ်လေးတစ်ဦးနှင့် ချစ်ကြိုက်နေ
ကြောင်း သတင်းများတွင် ဖော်ပြသည်။လွန်ခဲ့သည့် ဇူလိုင် ၄ ရက် အမေရိကန်ပြည်ထောင်စုလွတ်လပ်ရေးနေ့
တွင် တေလာဆွစ်သည် ကိုနော်ကနေဒီနှင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ရုပ်ရှင်မင်းသားကြီး အာနိုး၏သား ပတ်ထရစ် ရှဝါဇန်နဂါနှင့် ချစ်ကြိုက်နေပြီလားဟူသော ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သေးသည်။
ယခင်က ဂျွန်မေယာ၊ ဂျိုးဂျိုးနတ်စ်၊ ဂျိတ်ဂိုင်လန်ဟာလ်ဆိုသူ အမျိုးသားသုံးဦးနှင့် မေတ္တာမျှခဲ့သူ တေလာဆွစ်သည် ဇူလိုင် ၂၉ ရက်(တနင်္ဂနွေနေ့)ကကိုနော်ကနေဒီနှင့် အခြားကနေဒီ မိသားစုဝင်များနှင့်အတူ ဘုရားကျောင်းသို့
တက်ရောက်ခဲ့သကဲ့သို့ နေ့လယ်စာလည်း အတူစားခဲ့ကြသည်ဟုဆိုသည်။
မျက်မြင်တွေ့ရှိသူများက
တေလာဆွစ်သည် ပြုံးရွှင်နေပြီး အလွန်ပျော်နေပုံရသည်ဟု ပြောကြားသည်။ နယူးယောက်ပို့စ်သတင်းစာက တေလာဆွစ်နှင့် ကိုနော်ကနေဒီတို့သည် တစ်ယောက်လက်တစ်ယောက်တွဲလျက် လမ်းလျှောက်ပြီး အနမ်းမိုး တွေလည်း စွေနေခဲ့ကြသည်ဟု ရေးသားဖော်ပြသည်။ ကိုနော်ကနေဒီကလည်း ဂရမ်မီဆုရှင် ကန်ထရီးစူပါစတား တေလာဆွစ်အပေါ် အလွန်မြတ်နိုးတွယ်တာပုံရကြောင်းဆက်လက် ဖော်ပြသည်။ (အင်တာနက်)
**အာဆင်နယ်ကစားသမား အလက်ဇန္ဒြားဆောင်းအား
ဘာစီလိုနာအသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေ**
(ဘာစီလီလိုနိနာ သြဂုတုတ် ၁) စပိန်ကလပ်ဘာစီလိုနာအသင်းသည် အာဆင်နယ်အသင်းမှ ကွင်းလယ်ကစားသမား အလက်ဇန္ဒြားဆောင်းအားပြောင်းရွှေ့ကြေးပေါင် ၁၁ ဒသမ ၇ သန်းဖြင့် ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း စပိန်အားကစားသတင်းဌာနများက သတင်းဖော်ပြသည်။ ဘာစီလိုနာအသင်းသည် လာမည့်ဘောလုံးရာသီမစတင်မီ အာဆင်နယ်ကွင်းလယ်ကစားသမား အလက်ဇန္ဒြား ဆောင်းအား စာချုပ်ချုပ်ဆိုခေါ်ယူမည်ဟုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ဘာစီလိုနာအသင်းနည်းပြတီတိုဗီလာ နိုဗာသည် တစ်ချိန်က ဘီဘာအိုကွင်းလယ်ကစားသမား ဂျာဗီမာတီနက်ဇ်ကိုခေါ်ယူရန် ပစ်မှတ်ထားခဲ့သော်လည်း ဘီဘာအိုအသင်းက ဘာစီလိုနာအသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။ထို့ကြောင့် နည်းပြတီတိုဗီလာနိုဗာက ဘာစီလိုနာအသင်း၏ ကွင်းလယ်ပိုင်းကစားသမား ဖြည့်တင်းမှုအနေဖြင့်အာဆင်နယ် ကွင်းလယ်ကစားသမားအလက် ဇန္ဒြားဆောင်းကို ပစ်မှတ်ထားလာခဲ့ခြင်းဖြစ်သည်။ကင်မရွန်းနှင့် အာဆင်နယ်ကွင်းလယ်ကစားသမား ဆောင်းသည် ၂၀၀၁ ခုနှစ်မှ၂၀၀၄ ခုနှစ်အထိ ဘက်စတီယာလူငယ်အသင်းတွင် ပါဝင်ကစားခဲ့ပြီး၂၀၀၅ ခုနှစ်တွင် အာဆင်နယ်အသင်းသို့အငှားစာခချုပ်ဖြင့် လာရောက်ကစားခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အာဆင်နယ်အသင်းက အမြဲတမ်းကစားသမားအဖြစ်အပြီးသတ် စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။အသက်(၂၄)နှစ်အရွယ်ရှိ ကွင်းလယ် ကစားသမား အလက်ဇန္ဒြားဆောင်းသည် အာဆင်နယ်အသင်းနှင့် ၂၀၁၄ခုနှစ် နွေရာသီအထိ စာချုပ်ချုပ်ဆို ထားသူဖြစ်ပြီး လက်ရှိတွင်မူ စပိန်အင်အားကြီးကလပ် ဘာစီလိုနာအသင်း၏ ကမ်းလှမ်းမှုကို ခံထားရ ကြောင်း သြဂုတ် ၁ ရက်တွင် သတင်းဖြော်ပသည်။ (အင်တာနက်)
**လန်ဒန်အိုလံပစ် ပဉ္စမနေ့ ဆုရရှိမှုစာရင်း**
စဉ် နိုင်ငံ ရွှေ ငွေ ကြေး ပေါင်း
၁။ တရုတ် ၁၅ ၈ ၄ ၂၇
၂။ အမေရိကန် ၁၀ ၈ ၈ ၂၆
၃။ ပြင်သစ် ၅ ၃ ၄ ၁၂
၎။ တောင်ကိုရီးယား ၅ ၂ ၃ ၁၀
၅။ မြောက်ကိုရီးယား ၄ ၀ ၁ ၅
၆။ ဂျာမနီ ၃ ၇ ၂ ၁၂
၇။ အီတလီ ၃ ၄ ၂ ၉
၈။ ကာဇက်စတန် ၃ ၀ ၀ ၃
၉။ ရုရှား ၂ ၃ ၅ ၁
၁၀။ ဂရိတ်ဗြိတိန် ၂ ၂ ၄ ၈
(လန်ဒန်၊ သြဂုတ် ၁) လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲများကို သြဂုတ် ၁ ရက်က ဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး မီတာ ၂၀၀ တစ်ဦးချင်း အလွတ်ကူးပြိုင်ပွဲတွင် တရုတ်ဆယ်ကျော်သက် ရေကူးအားကစားမယ် ရီရှိဝမ်က ၂၀၁၂ အိုလံပစ် အားကစားပြိုင်ပွဲ၌ ရေကူးဖြင့် ဒုတိယမြောက် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိသွားခဲ့သည်။ အသက် ၁၆ နှစ်အရွယ်ရှိ ရီရှိဝမ်သည် အဆိုပါ မီတာ ၂၀၀ ပြိုင်ပွဲတွင် စံချိန် ၂ မိနစ်၊ ၇.၅၇ စက္ကန့်ဖြင့် ပန်းဝင်ဗိုလ်စွဲခြင်းဖြစ်သည်။ တရုတ် အားကစားမယ် ရီရှိဝမ်သည် မီတာ ၅၇ စက္ကန့်ဖြင့် ပန်းဝင်ဗိုလ်စွဲခြင်းဖြစ်သည်။ တရုတ်အားကစားမယ် ရီရှိဝမ်သည် မီတာ ၄၀၀ အလွတ်ကူးပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆု ဆွတ်ခူးထားသဖြင့် ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ (အင်တာနက်)
**တောင်ကိုရီးယားဂျူဒိုသမား ကင်ဂျေးဘမ် ၈၁ ကီလိုတန်းတွင် ရွှေတံဆိပ်ဆွတ်ခူး**
(လန်ဒန်၊ သြဂုတ် ၁)
လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲများကို သြဂုတ် ၁ ရက်တွင် ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိရာ တောင်ကိုးရီး ယားနိုင်ငံမှ ဂျူဒိုအားကစားသမားကင်ဂျေးဘမ်သည် အမျိုးသား ၈၁ ကီလိုတန်းတွင် ဂျာမန်ဂျူဒိုသမား အိုလဘစ်ချော့ဖြစ်သူကိုနိုင်ပြီး ရွှေတံဆိပ်ဆွတ်ခူးရရှိသွားခဲ့သည်။ ကင်ဂျေးဘမ်သည် ပေကျင်းအိုလံပစ်တွင် ငွေတံဆိပ်သာဆွတ်ခူးနိုင်ခဲ့သည်။ ကင်ဂျေးဘမ်အနေဖြင့် ပထမဆုံး ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ သို့သော် ၄င်းသည် အခြားသော ကမ္ဘာ့အဆင့်ပြိုင်ပွဲ နှစ်ခုတွင်လည်း ရွှေတံဆိပ်ဆွတ်ခူးထားသူဖြစ်သည်။ (အင်တာနက်)**၂၀၁၂ လန်ဒန်အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲဗြိတိန်အသင်း အုပ်စုပထမဖြင့် ကွာတားဖိုင်နယ်တက်**
(လန်ဒန်၊ သြဂုတ် ၁) ၂၀၁၂ လန်ဒန်အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားရာ အုပ်စု(E)တွင် တစ်အုပ်စုတည်း ကျရောက်ခဲ့သည့်ဗြိတိန်အသင်းနှင့် ဘရာဇီးအသင်းတို့ပွဲစဉ်တွင် ဗြိတိန်အသင်းက ဟောက်ဂ်ျ တန်၏ တစ်လုံးတည်းသောဂိုးဖြင့်ဘရာဇီးအသင်းကို အနိုင်ရရှိကာအုပ်စုပထမနေရာဖြင့် ကွာတားဖိုင်နယ် သို့ တက်ရောက်သွားပြီဖြစ်သည်။အိုလံပစ်ပြိုင်ပွဲဝင် အမျိုးသမီးဘောလုံးအသင်းများ၏ အုပ်စုအဆင့်ပွဲစဉ်များတွင် ဗြိတိန်အမျိုးသမီးအသင်းသည် အုပ်စု (E) တွင် သုံးပွဲကစား သုံးပွဲစလုံးအနိုင်ရရှိကာရှုံးပွဲမရှိစံချိန်ဖြင့် အုပ်စုပထမနေရာသို့ ရောက်ရှိခဲ့ပြီး ဘရာဇီးအမျိုးသမီးအသင်းမှာမူ နှစ်ပွဲနိုင် တစ်ပွဲရှုံးဖြင့် အုပ်စုဒုတိယနေရာသို့ရောက်ရှိခဲ့သည်။ အုပ်စု(E)၏ အခြားပွဲစဉ်တစ်ခုတွင် နယူးဇီလန်အသင်းက ကင်မရွန်းအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အုပ်စု (D) တွင် ကနေဒါအသင်းနှင့်ဆွီဒင်အသင်းတို့ ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေပွဲဖြစ်ခဲ့သည့်အပြင် ဂျပန်အသင်းနှင့် တောင်ကိုရီးယားအသင်းတို့ပွဲစဉ်တွင်လည်း ဂိုးမရှိသရေဖြစ်ခဲ့သည်။အုပ်စု(G)တွင်မူ ပြင်သစ်အမျိုးးသမီး ဘောလုံးအသင်းနှင့် ကိုလံဘီယာအသင်းတို့ပွဲစဉ်တွင် ပြင်သစ်အသင်းကကိုလံဘီယာအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ယင်းအုပ်စု၏ အခြားပွဲစဉ်တစ်ခုဖြစ်သည့် အမေရိကန်နှင့် မြောက်ကိုရီးယားတို့ပွဲစဉ်တွင် အမေရိကန်က မြောက်ကိုရီးယားအသင်းကို ၀မ်ဘက်ခ်ျ၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရလဒ်ကို အဆုံးသတ်နိုင်ခဲ့သည်။ ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ်ဗြိတိန်အသင်းသည် ကနေဒါအသင်းနှင့်လည်းကောင်း၊ ဘရာဇီးအသင်းသည် ဂျပန်အသင်းနှင့်လည်းကောင်း၊ ဆွီဒင်အသင်းသည် ပြင်သစ်အသင်းနှင့်လည်းကောင်း၊ အမေရိကန်အသင်းသည် နယူးဇီလန်အသင်းနှင့် လည်းကောင်းသြဂုတ် ၃ ရက်တွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး၊ နိုင်လင်းကြည်

No comments:
Post a Comment