-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
** စပိန်၌ တောမီးငြှိမ်းသတ်သူ
မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံး**
(မဒရစ် သြဂုတ် ၁၄)
စပိန်နိုင်ငံအရှေ့ပိုင်း အလီကန်ပြည်နယ်၌ တောမီးလောင်ကျွမ်းမှုကို ငြှိမ်း
သတ်ရာ၌ ပါဝင်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးသည် မီးငြိမ်းရေးဆောင်ရွက်စဉ်
ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း အရေးပေါ်လုပ်ငန်းများဌာနမှ တာဝန်
ရှိသူတစ်ဦးက သြဂုတ် ၁၄ ရက်တွင် ပြောကြားသည်။
စပိန်နိုင်ငံ လာဂိုမီရာကျွန်း၌ရှိသော ဒေသခံပြည်သူများနှင့် ကမ္ဘာလှည့်ခရီး
သည်များပါဝင်သော လူ ၁ဝဝဝ ခန့်ကို တောမီးလောင်ကျွမ်းမှု ဘေးအန္တရာယ်မှ
ကာကွယ်ပေးနိုင်ရန် မော်တော်ဘုတ်ဖြင့် ရွှေ့ပြောင်းပေးခဲ့ရကြောင်း တာဝန်ရှိသူက
ပြောကြားသည်။
လာဂိုမီရာကျွန်းရှိ ဗယ်လီဂရန်ရေးမြို့ကို တောမီးဝန်းရံခဲ့ရာ ယင်းမြို့၌ရှိနေသူ
များကို မော်တော်ဘုတ်ဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ (အင်တာနက်)** ၂ဝ၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲဝင်ကွန်ဂိုလေးဦး ပျောက်ဆုံး**
(လန်ဒန် သြဂုတ် ၁၄)
ကွန်ဂိုနိုင်ငံ၏အိုလံပစ်အားကစား
အဖွဲ့ဝင်လေးဦးသည် လန်ဒန်မြို့၌ ပျောက်ဆုံး သွားကြောင်း သြဂုတ် ၁၃ရက် ဘီဘီစီသတင်းတွင် ဖော်ပြသည်။ ဂျူဒိုပြိုင်ပွဲဝင်အားကစားသမား စီးဒရစ်ဗန်ဒင်ဘိုနှင့် ပြေးခုန်ပစ်၊ လက်ဝှေ့နှင့် ဂျူဒို အဖွဲ့နည်းပြဆရာများကို တနင်္ဂနွေနေ့အိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်း အနားပြီးဆုံးချိန်မှစ၍ မတွေ့ရတော့ဟုဆိုသည်။ကွန်ဂိုအိုလံပစ်အားကစားအဖွဲ့ဆုတံဆိပ် တစ်ခုမျှ ရရှိခြင်းမရှိဘဲ ယခုသီတင်းပတ်အတွင်း မိခင်နိုင်ငံသို့ ပြန်ကြရန် စီစဉ် ထားပြီးဖြစ်သည်။ပျောက်ဆုံးသွားသည့် အခြားကွန်ဂိုအားကစားအဖွဲ့ဝင်များမှာ လက်ဝှေ့ နည်းပြ ဘာလာအိုင်စီး၊ ပြေးခုန်ပစ်နည်းပြဂေးအန်ကီတာနှင့် ဂျူဒိုနည်းပြ အိုင်ဘူ လာမာစင်ကိုတို့ဖြစ်သည်။ကွန်ဂိုအားကစားဝန်ကြီးက ၄င်း၏ အားကစားသမားများ ပျောက်ဆုံးမှုနှင့်ပတ်သက်၍များများစားစား မသိရသေး ကြောင်း ပြောကြားခဲ့သည်။ (အင်တာနက်)
** ရုရှားအာတိတ်ဒေသ၌ ရေနံတူးဖော်မှု
သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်ဟုဆို**
( မော်စကို သြဂုတ် ၁၄)ရုရှားနိုင်ငံ၏ အာတိတ်ဒေသ၌ ရေနံတူးဖော်ခြင်းသည် သဘာဝဘေးအန္တရာယ်
ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို အကြီးအကျယ်ဖြစ်ပေါ်လာစေနိုင်ကြောင်း
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူများက သြဂုတ် ၁၄ ရက်တွင် သတိပေး
လိုက်ကြသည်။
ရုရှားအာတိတ်ဒေသ ပီချိုရာပင်လယ်တွင် ရေနံယိုဖိတ်မှုဖြစ်ပေါ်နိုင်သည့် ဘေး
အန္တရာယ်ရှိကြောင်း၊ အာတိတ်ဒေသ၌ ရေနံယိုဖိတ်မှုတစ်ရပ်ရပ်ဖြစ်ပေါ်လာမည်ဆိုပါက
ရေနံယိုဖိတ်မှုပြဿနာကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းပညာမရှိသေး
ကြောင်း ဂရင်းပိစ်အဖွဲ့နှင့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့တို့၏
အစီရင်ခံစာတွင် သတိပေးလိုက်ကြသည်။
ရုရှားအာတိတ်ဒေသ၌ နိုင်ငံပိုင်ဂက်စပရွန်ကုမ္ပဏီက ရေနံတူးစင်ကြီးတစ်ခုကို
တပ်ဆင်ခဲ့ပြီးဖြစ်သည်။ အဆိုပါ ရေနံတူးစင်မှ ရေနံယိုဖိတ်မှုတစ်ရပ်ရပ်ဖြစ်ပေါ်လာပါက
ရေနံယိုဖိတ်သည့်ဖြစ်စဉ်အပြီး နာရီ ၂ဝ အတွင်း ထိန်းသိမ်းစောင့်ရှောက်ထားသော
အဏ္ဏဝါဂေဟစနစ်များ ထိခိုက်ပျက်စီးနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
(အင်တာနက်)
** ယာဆူကူနီဂူဗိမာန်သို့ သွားရောက်မည့် အစီအစဉ် ဖျက်သိမ်းရေး
ဂျပန်အစိုးရအဖွဲ့ကို တောင်ကိုရီးယားနိုင်ငံ တိုက်တွန်း**
(ဆိုးလ် သြဂုတ် ၁၄)
ဂျပန်ပင်လယ်(အရှေ့ပင်လယ်)အတွင်း
ရှိ ကျွန်းစုတစ်ခုကို ပိုင်ဆိုင်ခွင့်ရရှိရေးနှင့်
စပ်လျဉ်း၍ ဂျပန်နိုင်ငံနှင့် အငြင်းပွားမှု
များ အရှိန်တက်နေစဉ် တောင်ကိုရီးယား
နိုင်ငံခြားရေးဝန်ကြီးဌာနက အထက်ပါ
အတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
အစိုးရအဖွဲ့ဝင်ဝန်ကြီးများအပါအဝင်
ဖြစ်သော ဂျပန်အာဏာပိုင်များသည်
ယာဆူကူနီဂူဗိမာန်သို့ သွားရောက်ဂါရဝ
ပြုရန်မသင့်ဟူသည့်အချက်ကို တောင်
ကိုရီးယားအစိုးရက အခိုင်အမာလက်ခံ
ထားကြောင်း တောင်ကိုရီးယားနိုင်ငံ
ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ
က ပြောကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များ
လက်နက်ချအညံ့ခံခဲ့သည့် အထိမ်းအမှတ်
နေ့ဖြစ်သော သြဂုတ် ၁၅ ရက်တွင် ယာဆူ
ကူနီဂူဗိမာန်သို့ သွားရောက်ရန်စီစဉ်ထား
ကြောင်း ဂျပန်အစိုးရအဖွဲ့ဝင်ဝန်ကြီးနှစ်ဦး
က ပြောကြားခဲ့ပြီးဖြစ်သည်။
သြဂုတ် ၁၅ ရက်ကို ကိုရီးယားကျွန်းဆွယ်
ဒေသအား ဂျပန်တို့က ကိုလိုနီဇာတ်သွင်း
အုပ်စိုးခဲ့မှု အဆုံးသတ်ခဲ့သည့်အထိမ်း
အမှတ် လွတ်လပ်ရေးနေ့အဖြစ်
တောင်ကိုရီးယားနိုင်ငံက သတ်မှတ်ထား
သည်။
ဂျပန်၏အတိတ်ကာလ နိုင်လိုမင်း
ထက်ပြုမူကျင့်ကြံမှုများ၏ သင်္ကေတ
အဖြစ် ရံဖန်ရံခါရှုမြင်တတ်ကြသော
ယာဆူကူနီ ဂူဗိမာန်သို့ သွားရောက်မည
အစီအစဉ်သည် လက်ရှိအာဏာရ ဂျပန်
ဒီမိုကရက်တစ်ပါတီမှ အစိုးရအဖွဲ့ဝင်
ဝန်ကြီးများအတွက် ပထမဆုံးအကြိမ်ဖြစ်
သည် ။ (အေအက်ဖ်ပီ) ** အိန္ဒိယနိုင်ငံတွင် ခုခံအားကျဆင်းမှုရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း ၅၆ရာခိုင်နှုန်း ကျဆင်း**
( နယူးဒေလီ သြဂုတ် ၁၄) ကူးစက်မြန်သောရောဂါများထိန်းချုပ်ရေးအတွက် ကျယ်ပြန့်သောလုပ်ဆောင်မှု များကြောင့် အိန္ဒိယနိုင်ငံသည် ခုခံအားကျဆင်းမှုရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းကို သိသိသာသာလျှော့ချနိုင်သော နိုင်ငံအနည်းငယ်တွင် တစ်နိုင်ငံအဖြစ် ပါဝင်လာကြောင်း သြဂုတ် ၁၄ရက် အင်တာနက်သတင်းတွင် ဖော်ပြသည်။ အိန္ဒိယနိုင်ငံတွင် ၂ဝဝဝပြည့်နှစ်က ယင်းရောဂါကူးစက်ဖြစ်ပွားမှုဦးရေ ၂၇ဝဝဝဝ ရှိခဲ့ရာမှ ၂ဝဝ၉ခုနှစ်တွင် ၁၂ဝဝဝဝသာရှိခဲ့ကြောင်း၊ ဆယ်စုနှစ်တစ်စုကာလအတွင်း ခုခံအားကျဆင်းမှုရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းမှာ ၅၆ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း အိန္ဒိယကျန်းမာရေးနှင့် မိသားစုစောင့်ရှောက်ရေးရာဌာနဝန်ကြီး ဂူလန်နာဘီအက်စ်က ပြောကြားသည်။ ခုခံအားကျဆင်းမှုရောဂါ စောင့်ကြည့်ထောက်လှမ်းသူများ၏ နောက်ဆုံးအကျော့ ရရှိသော အထောက်အထားများအရ အများပြည်သူအတွင်း ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းသည် ပိုမိုကျဆင်းသွားခဲ့ပြီး ယင်းရောဂါကူးစက် ခံစားရရှိရန် ပိုမိုအန္တရာယ်ရှိသူ လူအုပ်စုများအတွင်း၌လည်း အလားတူဖြစ်သည်ဟု နယူးဒေလီမြို့၌ ကျင်းပသည့် ခုခံအားကျဆင်းမှုရောဂါ ကာကွယ်ဆေးထုတ်လုပ်မှု ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အိန္ဒိယကျန်းမာရေးနှင့် မိသားစု စောင့်ရှောက်ရေးရာဝန်ကြီးက ပြောကြားသည်။ ( အင်တာနက် )
** ဖူကူရှီးမား လိပ်ပြာများတွင်
မျိုးဗီဇအပြောင်းအလဲများ တွေ့ရှိရ**
( ဖူကူရှီးမား သြဂုတ် ၁၄)
ဂျပန်နိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော ၂ဝ၁၁
ခုနှစ် ဖူကူရှီးမားနျူကလီးယားကပ်ဘေး
အတွင်း ရေဒီယိုသတ္တြိ<ွက ဓာတ်ရောင်ခြည်
များ ပတ်ဝန်းကျင်သို့ ဖြာထွက်ခဲ့မှုကြောင့်
ကပ်ဘေးပေါ်ပေါက်ခဲ့ရာဒေသမှ လိပ်ပြာ
များတွင် မျိုးဗီဇအပြောင်းအလဲများ
ဖြစ်ပေါ်လျက်ရှိကြောင်း သြဂုတ် ၁၃ ရက်
သတင်းများ၌ ဖော်ပြထားသည်။
ဖူကူရှီးမား နျူကလီးယားကပ်ဘေးပေါ်
ပေါက်ပြီးနောက် ဖမ်းယူစုဆောင်းလေ့လာ
ခဲ့သော လိပ်ပြာများတွင် မျိုးဗီဇအပြောင်း
အလဲများ ပိုတိုးဖြစ်ပေါ်နေသည်ကို တွေ့ရှိ
ရကြောင်း သိပ္ပံပညာရှင်များက ပြောကြား
သည်။
ဂျပန်သုတေသနပညာရှင်များသည်
နျူကလီးယားကပ်ဘေးပေါ်ပေါက်ခဲ့ပြီး
နှစ်လအကြာတွင် ဖူကူရှီးမားဒေသအပါ
အဝင် ဂျပန်နိုင်ငံတစ်ဝန်းနေရာဒေသ ၁ဝ
ခုမှ လိပ်ပြာကောင်ရေ ၁၄၄ ကောင်ကို
စုဆောင်းလေ့လာခဲ့ကြသည်။
ဓာတ်ခွဲခန်းစမ်းသပ်မှုများအရ လိပ်ပြာ
များ၏ မျိုးဗီဇအပြောင်းအလဲများသည်
ရေဒီယိုသတ္တြိ<ွက ဓာတ်ရောင်ခြည်
ပေါ်ထွက်မှုနှင့် အဆက်အစပ်ရှိကြောင်း
ဂျပန်သုတေသီများက အတည်ပြုခဲ့သည်။
ရေဒီယိုသတ္တြိ<ွက ဓာတ်ရောင်ခြည်ဖြာ
ထွက်မှု ပိုမိုဖြစ်ပေါ်ခဲ့ရာဒေသများမှ လိပ်ပြာ
များတွင် အတောင်ပံများ သေးငယ်လာ
ခြင်း၊ မျက်လုံးဖွံ့ဖြိုးမှုပုံမှန်မရှိတော့ခြင်း
စသော အပြောင်းအလဲများအား တွေ့ရ
ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့
သည်။
ယခုလေ့လာတွေ့ရှိချက်သည် ဖူကူ
ရှီးမားဒေသ၌ နေထိုင်သော လူသားများ
နှင့်တကွ သက်ရှိဝန်းကျင်တစ်ခုလုံး
အတွက်အရေးပါကြောင်း အမေရိကန်
ပြည်ထောင်စု တောင်ကာရိုလိုင်းနား
တက္ကသိုလ်မှ ဇီဝဗေဒပညာရှင်တစ်ဦးက
သုံးသပ်သည်။
သဘာဝပတ်ဝန်းကျင်အတွင်း ရေဒီယို
သတ္တြိ<ွကဓာတ်ရောင်ခြည် အန္တရာယ်
ကာလရှည်သက်ရောက်မှုကို စုံစမ်း
ထောက်လှမ်းရာတွင် ငှက်နှင့်လိပ်ပြာများ
သည် အရေးပါသည့် သက်ရှိကိရိယာများ
ဖြစ်ကြောင်း ယခင် လေ့လာချက်များအရ
သိရှိခဲ့ပြီးဖြစ်သည်။ (ယူပီအိုင်) စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment