ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, October 12, 2012

>
-ဒုက္ခကိုယ်စီ-
တစ်ခုသော ညဥ့်နက်ချိန်တွင်ဖြစ်၏။ ထိုညက ရန်ကုန်တစ်မြို့လုံးပေါ်သို့ မိုးရေစက်များ ခပ်သည်းသည်း ရွာသွန်းစွေနေခဲ့သည်။ ကောင်းကင်တစ်ခုလုံးမှာလည်း မည်းမှောင်နေရသည့်ကြားထဲ တိမ်မည်းများကြောင့် မှိုင်းရီနေခဲ့ရ၏။ ရံဖန်ရံခါတွင် လျှပ်စီးများ လက်ဖျာကာ မိုးထစ်ချုန်းနေတတ်သေးသည်။ ~~~~~@@@~~~~~ ရန်ကုန်မြို့တွင်းရှိ လူကုံထံများနေထိုင်သော ပလက်တီနမ်တောင်ကြား (ရွှေတောင်ကြားထက် အဆင့်မြင့်ပါ၏။) မှ သိန်းထောင်ပေါင်း၊ သောင်းပေါင်း၊ သိန်းပေါင်းများစွာ ကြွယ်ဝသော ဒိတ်ဒိတ်ကျဲ သူဌေးကြီး ဦးရိုက်စားသည် ညဥ့်နက်လှပြီဖြစ်သော်လည်း အိပ်မပျော်နိုင်ခဲ့သေးပါ။ ပိတ်ထားသော မှန်ပြတင်းပေါက်အား မိုးရေစက်များ လာရောက်ထိမှန်ပြီး ရေစီးကြောင်းများအဖြစ် စီးဆင်းသွားနေတာကို ငေးကြည့်နေပါသည်။ သူတို့တစ်အိမ်လုံး မိုးအေးအေးနှင့် အိပ်မောကျသွားကြပြီဖြစ်သော်လည်း သူဌေးကြီးကတော့ အိပ်မပျော်နိုင်ခဲ့ သေးရှာပါ။ မိုးရေစီးကြောင်းများကို ငေးရင်း သူဌေးကြီး ဦးရိုက်စား တွေးနေမိခြင်းကြောင့်သာ ဖြစ်ပါသည်။ သူ့အတွေးမှာ အောက်ပါအတိုင်းပင် ဖြစ်၏။ “အင်း.... ဒီထက်ပိုပြီးချမ်းသာလာရအောင်... ငါဘယ်လို လုပ်ရင်ကောင်းမလဲ။ ပြီးတော့ ငါ့ရဲ့တတိယမြောက် စမောလေးရော မိုးအေးအေးမှာ ဘယ်သူနဲ့အိပ်နေပြီလဲ”… ~~~~~@@@~~~~~ လော့စ်အိန်ဂျယ်လိစ်တွင်သာ ဟောလီးဝုဒ်ဆိုတာ ရှိသည်မဟုတ်ပါ။ အိန္ဒိယနိုင်ငံတွင်လည်း ဘောလီးဝုဒ်ဆိုတာ ရှိပါသေးသည်။ ထိုနည်းတူစွာပင် မြန်မာနိုင်ငံတွင်လည်း ‘ဖောလီးဝုဒ်’ဆိုတာ ရှိ၏။ ထိုဖောလီးဝုဒ်တွင် နေထိုင်သော မြန်မာပြည်မှ ဒိတ်ဒိတ်ကျဲမင်းသမီးတစ်လက်သည် အိမ်အပြင်ဘက်မှ မိုးရွာနေသော ညမြင်ကွင်းကို ငေးကြည့်နေမိသည်။ လက်ထဲမှ ဖတ်လက်စ ဇာတ်ညွှန်းကိုပင် ဆက်မဖတ်ဖြစ်။ နက်ဖြန်မနက် ရိုက်ရတော့မည် ဇာတ်ကားဖြစ်သော်လည်း သူမဂရုမစိုက်ပါ။ ဟုတ်သည်လေ...၊ သူမက အကယ်ဒမီတွေ ဆယ့်ကိုးခုလောက်ရထားသော နာမည်ကြီး မင်းသမီးတစ်လက် ပဲဟာ။ ရိုက်ကွင်းမှာဆိုရင် “မေခလာနှင့် ဖြူဖြူကျော်သိန်း”တို့ဆိုထားသည့်သီချင်းခေါင်းစဉ်အတိုင်း “ငါဘုရင်မ”...ဟုပင် လက်မထောင်ကာ နေနိုင်တဲ့ဟာ။ ပြီးတော့လည်း ဇာတ်ကားတွေ ရိုက်လာတာများလှပြီမို့ ဒီဇာတ် ညွှန်းလောက်တော့ အေးဆေးပေါ့။ အခုလောလောဆယ်မှာတော့ မိုးရေစက်များကို ငေးရင်း သူမတွေးနေမိပါသည်။ “အင်း... အကယ်ဒမီဆုတွေ နောက်ထပ် အခုသုံးဆယ်လောက် လိုချင်သေးလိုက်တာ”... ~~~~~@@@~~~~~ ရန်ကုန်မြို့တွင်းမှ သိန်းထောင်ချီတန်သော ကွန်ဒိုမီနီယမ် တိုက်ခန်းကျယ်ကြီးအတွင်းတွင် မြန်မာပြည်တ၀ှမ်း လျှမ်းလျှမ်းတောက် အောင်မြင်နေခဲ့သော အဆိုတော် ငတက်ပြား နေထိုင်ပါသည်။ သူသည် မိုးစက်များ သည်းသည်းမည်းမည်း ရွာနေသော ညဥ့်နက်ချိန်မှာပင် အိပ်မပျော်နိုင်သေးပါ။ အိပ်မပျော်နိုင်ရသေးတာက အလုပ်များနေလို့ပင်ဖြစ်၏။ ဟုတ်သည်။ အခုလောလောဆယ်အချိန်မှာ သူ့ရဲ့အကောင်းစားအိတ်ဆောင်ကွန်ပျူတာဖြင့် အင်တာနက်သုံးနေခဲ့ပါသည်။ သူအင်တာနက် သုံးနေရတာ အခြားကြောင့်တော့ မဟုတ်ရပါ။ အခုလတ်တလော နိုင်ငံခြားတိုင်းပြည်တွေမှာ ဘယ်လိုသီချင်းမျိုးတွေ Hit ဖြစ်နေသလဲဆိုတာကို လိုက်ရှာနေရသောကြောင့် ဖြစ်ပါသည်။ ရှာရင်းဖြင့် သီချင်းလေးတစ်ပုဒ်ကို သူတွေ့သွားသည်။ နားထောင်ကြည့်လိုက်တော့ တော်တော်လေးကိုပင် အဆင်ပြေ၏။ ကောင်း၏။ ထို့ကြောင့် သူ့စိတ်ထဲမှာ တွေးလိုက်မိသည်။ “အင်း.. ဒီသီချင်းလေးကို ဘယ်သူမှပြန်မဆိုသေးခင်၊ လက်မဦးသေးခင် ငါအရင်ဆုံး ကော်ပီလုပ်ပြီးပြန်ဆိုမှ။ အဲ့ဒါဆိုရင် အခုငါထပ်လုပ်မယ့်အခွေတော့ ထပ်ပြီးပေါက်ဦးမှာပဲ” ~~~~~@@@~~~~~ ရန်ကုန်မြို့စွန်မှ ပျံကျဈေးတန်းကလေးမှာ မိုးရေများအောက်တွင် မည်းမှောင်စိုစွတ်နေခဲ့လေ၏။ ကွပ်ပျစ်သဖွယ်ရိုက်ထားသော မလုံ့တစ်လုံ ဈေးဆိုင်လေးတစ်ဆိုင်ပေါ်တွင် သူဖုန်းစားတစ်ယောက် ကွေးကွေးလေး လဲလျှောင်းနေလေ၏။ တစိမ့်စိမ့်ရွာနေသောမိုးကြောင့် အမိုးမလုံသော ဆိုင်ခေါင်မိုးမှ မိုးယိုနေခဲ့သည်။ ထို့အ တွက် သူသည်ကောင်းကောင်း အိပ်မရပါ။ သို့သော် အတင်းကြိုးစားပြီး ကျိတ်မှိတ်အိပ်ဖို့ ကြံစည်နေမိသည်။ ကြံစည်ရင်း တွေးမိ၏။ “ဒီမိုးကြောင့် ငါ့နှယ်ကောင်းကောင်းအိပ်မရပါလား။ မနက်စောစောမနိုးရင်တော့ ကွိုင်ပဲ။ သူ့ဆိုင်ရဲ့အပေါ်မှာ ငါတက်အိပ်နေတာကို ဆိုင်ရှင်တွေ့သွားရင် လာပွားနေဦးမယ်။ ပြီးတော့ ဒီနားက ဘုန်းကြီးကျောင်းမှာ အာရုံ ဆွမ်းကပ်မယ့်အလှူမှာ သွားတောင်းစားဖို့လည်း အိပ်ယာထနောက်ကျရင် လွဲရဦးမယ်။ ဟင်း” ~~~~~@@@~~~~~ ရန်ကုန်မြို့စွန်မှ ဆင်ခြေဖုန်းရပ်ကွက်လေးအတွင်းရှိ အိမ်အိုလေးတစ်လုံးအတွင်းမှ ဏီလင်းညို ဆိုသည့် မတောက်တခေါက်စာလေးများရေးတတ်သော ခပ်ကြောင်ကြောင်လူတစ်ယောက်သည်လည်း မိုးသည်းညဥ့်နက်အချိန်ကြီးမှာ အိပ်မပျော်နိုင်ခဲ့သေးပါ။ သူ့အရှေ့တွင် အိတ်ဆောင်ကွန်ပျူတာအစုတ်လေးတစ်လုံးက ဟောင်းလောင်းပွင့်နေခဲ့၏။ သူကတော့ ထို ကွန်ပျူတာအစုတ်လေးရှေ့မှာ မျောက်မှိုင်မှိုင်ကာ ထိုင်ရင်း တွေးနေမိပါသည်။ သူတွေးနေတာက အခြားအကြောင်းတော့မဟုတ်ပါ။ “အင်း... အခုရေးနေတဲ့ စာလေးတော့ပြီးသွားပြီ။ နောက်ထပ် ငါဘာအကြောင်းလေးများ ရေးရရင် ကောင်းလိမ့်မလဲ”....။ ။ 

~~~~~@@@~~~~~

 ချစ်ခြင်းအားဖြင့်..... 

~ဏီလင်းညို~

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)