-ယာဉ်တိုက်ခံရသော မောင်စွမ်းမြအောင် (၃လသား) နှင့် မိသားစုရှိရာ ဖုတ်ဖရမြို့သို့ ထိုင်းရှေ့နေရုံးမှ ယနေ့ကွင်းဆင်းတွေ့ဆုံ-
**(မတ်လ ၂၁ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)**ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက မောတော်ယာဉ်အတိုက်ခံရကာ ပွဲချင်းပြီး သေဆုံးသွားသည့် မောင်စွမ်းမြအောင် (အသက် -၃လသား) နှင့် မိသားစုရှိရာ ဖုတ်ဖရမြို့နယ် ဧရိယာသို့ ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC) မှ ယနေ့ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၁၃ မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်း (၀၇း၃၀) နာရီတွင် ဖုတ်ဖရမြို့နယ်၊ ဘုန့်ရာမဲလိုဆာဟာမစ်တိုက်နယ် (အရပ်အခေါ် - ၄၈ ကီလိုမီတာ)အပိုင် ၄၂ ကီလိုမီတာ အရပ်ရှိ
The best friends learning centre ၏ ကျောင်းကြိုပို့ယာဉ်ကို ထိုင်းနိုင်ငံသား ခွန်မုံ (အရပ်အခေါ်- မျှော့) လူမျိုးတစ်ဦးမောင်နှင်လာသော ကားက နောက်မှဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ဤသို့ မတော်တဆယာဉ်တိုက်မှုဖြစ်ရခြင်းကြောင့် ကျောင်းကြိုပို့ယာဉ်ပေါ်တွင် လိုက်ပါလာသော ဆရာမဒေါ်လွင်မာဦး၏ ၃ လသားအရွယ် သားငယ် “မောင်စွမ်းမြအောင်” မှာ ပွဲချင်းပြီးသေဆုံးကာ အခြားကျောင်းသားလေးများမှာလည်း ဒဏ်ရာအနာတရ ရရှိရာ ကျူးလွန်သူက ကရော်ကမည်ပေးလာသော ဆေးကုသစရိတ်ဖြင့် ကျေနပ်နေကြသည်ကို တွေ့ရသည်။ ဖုတ်ဖရမြို့နယ်ဆေးရုံကြီးမှသည် မဲဆောက်ခရိုင်ခွဲ ဆေးရုံကြီးအထိ တက်ရောက်ကုသခဲ့ရသော ကျောင်းသားလေး ၄ ဦးမှာလည်း အတွင်းလူနာဖြစ်သည်အထိ ဒဏ်ရာအနာတရ ရခဲ့ကြသော်လည်း ကျူးလွန်သူက မိသားစုထဲ ချဉ်းကပ်ကာပေးလာသော ထောင်ဂဏန်းမျှသော ထိုင်းနိုင်ငံသုံး (ဘတ်)ငွေကို လက်ခံလိုက်ကြကြောင်း သိရသည်။
ဤနေရာတွင် ထိုင်း-မြန်မာနယ်စပ်၌ ပုံစံမျိုးစုံဖြင့်လှုပ်ရှားနေကြသော အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) များအပေါ် ဖုတ်ဖရမြို့၊ ဘန့်ရာမဲလိုဆာဟာမစ်တိုက်နယ်နှင့် စအိုတိုက်နယ်အတွင်းရှိ ၄ သောင်းမျှသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ “အန်န်ဂျီအိုမှန်လျှင် အားလုံးအတူတူပဲ” ဟူသည့် ခွဲခြားနားလည်နိုင်စွမ်း (၀ါ) ပညာဓါတ်ခံအားနည်းမှုက စိတ်မကောင်းစရာဖြစ်နေပေသည်။
မည်သို့ပင် ဥပဒေလမ်းကြောင်း၊ လူ့အခွင့်အရေးလမ်းကြောင်းနှင့် မသက်ဆိုင်သော “ထမင်းကျွေး၊ ရေတိုက်၊ လူနာပို့” အဆင့်လောက်သာရှိသည့် အန်န်ဂျီအိုအဖွဲ့အစည်းအချို့က မသိနားမလည်သော မြန်မာအလုပ်သမားများ၏ ဥပဒေပါရပိုင်ခွင့်များကို တားဆီးပိတ်ဆို့နေသည့် ပမာဖြစ်နေလင့်ကစား ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ် (ခရိုင်) မဲဆောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရှေ့နေများကောင်စီဥပဒေ အထောက်အကူပြုဌာန (LLC) နှင့် ထိုင်းလူ့အခွင့်အရေးဖွံဖြိုးတိုးတက်ရေး အဖွဲ့ (HRDF) က လုပ်သင့်လုပ်ထိုက်သော ကာကွယ်စောင့်ရှောက် မှုများကို ဆောင်ရွက်ပေးရန် ရှိပါကြောင်းတင်ပြလိုက်ရပေသည်။
မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) သည် LLC နှင့် HRDF ၏ အနီးကပ်ကွန်ယက် တစ်ခုဖြစ်သည့်အပြင် ထိုင်းနိုင်ငံဆိုင်ရာ ၊ မြန်မာသံရုံး၏ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီ၏ အမှုဆောင်အဖွဲ့ဝင် အဖွဲ့အစည်းလည်းဖြစ်နေပေသည်။

No comments:
Post a Comment