ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 18, 2013

-ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့အကြောင်း-

>
** အရှိန်အဟုန်မြှင့် စတင်ထိုးဖောက်မည့် Kara၏ စတုတ်္ထမြောက် တေးအယ်လ်ဘမ်သစ်**

 တောင်ကိုရီးယား အမျိုးသမီးပေါ့ပ် တေးဂီတအဖွဲ့ Kara က၎င်းတို့၏ စတုတ်္ထမြောက် တေးအယ်လ်ဘမ်သစ် အား ဈေးကွက်သို့ စတင်ထိုးဖောက် ရန် အရှိန်အဟုန်မြှင့် ပြင်ဆင်လျက် ရှိနေပြီး ယင်းအတွက် ရှေ့လ လဆန်း ပိုင်းတွင် ပရိုမိုးရှင်းပွဲများ စတင်ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ုမေေ အဖွဲ့သည် စက်တင်ဘာ ၂ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ အရှေ့ဘက်ရှိ Uniqlo AX ခန်းမ၌ ယင်းအယ်လ်ဘမ်အတွက် ဂီတဖျော်ဖြေပွဲတစ်ခု ကျင်းပသွားမည် ဖြစ်ပြီး ဖျော်ဖြေပွဲလာရောက်ကြည့်ရှု လိုသူများအတွက် လက်မှတ်များကို လည်း အလုံအလောက် စီစဉ်သွား မည်ဖြစ်ကာ ကြည့်ရှုခွင့်လက်မှတ် မရရှိသည့် ပရိသတ်များအနေဖြင့် စိတ်ပျက်စရာမလိုဘဲ အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုနိုင်ရန် စီစဉ်ပေး သြဂုတ် ၁၂ ရက်က အွန်လိုင်းပေါ် တွင် ပျံ့နှံ့ခဲ့ပြီး ယခုအချိန်ထိ ယင်း အယ်လ်ဘမ်၏အမည်၊ ထုတ်ဝေမည့် ရက်စွဲနှင့် အခြားအသေးစိတ် အချက် အလက်တို့ကို အတိအကျ ထုတ်ဖော် ကြေညာထားခြင်း မရှိသေးကြောင်း သိရသည်။

 ** ဒေးဗစ်လူးဝစ်ဇ်ကို ရောင်းချလိမ့်မည် မဟုတ်ကြောင်း နည်းပြမော်ရင်ဟို ပြောကြား**
ချယ်လ်ဆီးအသင်း၏ ခံစစ်တွင် ဘရာဇီးနောက်တန်းကစားသမား ဒေးဗစ် လူးဝစ်ဇ်သည် အရေးပါသော ကစားသမားတစ်ဦးဖြစ်ကြောင်း နည်းပြ မော်ရင် ဟိုက ဖွင့်ဟပြောကြားခဲ့ပြီး ဒေးဗစ်လူးဝစ်ဇ်ကိုလည်း စတမ်းဖို့ဒ်ဘရစ်ခ်ျ၌သာ ဆက်နေစေလိုသည်ဟု ဆန်္ဒပြုပြောကြားခဲ့ကြောင်း သိရသည်။ ထို့အပြင် ချယ်လ်ဆီးနောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်ကို ရောင်းချလိမ့်မည် မဟုတ်ကြောင်း နည်းပြမော်ရင်ဟိုက ထပ်ကာတလဲလဲ ပြောကြားခဲ့သည်။ ဒေးဗစ်လူးဝစ်ဇ်အား ဘာစီလိုနာအသင်းက ယူရို ၂၅ သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းလာခဲ့သော်လည်း ဒေးဗစ်လူးဝစ်ဇ်အနေဖြင့် ၎င်းင်း၏အနာဂတ်အတွက် မဆုံးဖြတ်ရသေး၍ ငြင်းဆိုခဲ့သည်။ အသက်(၂၆)နှစ်အရွယ် ဒေးဗစ်လူးဝစ်ဇ်သည် ချယ်လ်ဆီးအသင်း၏ မရှိမဖြစ်အရေးပါသောကဏ္ဍတစ်ရပ်မှ ပါဝင်နေသူ ဖြစ် သည့်အပြင် အသင်းတွင် ဆက်ထိန်းထားမည်ဖြစ်ကြောင်း နည်းပြမော်ရင်ဟိုက ဆိုသည်။
 
 ** စကာတင်၆ဆုရှင်ဂျက်စတင်တင်မ်ဘာလိတ် MTV Video Music Awards ဆုပေးပွဲအခမ်းအနားတွင် သီဆိုဖျော်ဖြေမည်**

 တေးသံရှင် ဂျက်စတင်တင်မ်ဘာလိတ်က ယခုလကုန်ပိုင်းတွင် အမေ ရိကန်နိုင်ငံ နယူးယောက်မြို့ ဘာကလေစင်တာ၌ ကျင်းပမည့် MTV Video Music Awards ဆုပေးပွဲအခမ်းအနားတွင် ပါဝင်သီဆိုဖျော်ဖြေသွားမည်ဖြစ် ကြောင်း သိရသည်။ သြဂုတ် ၂၅ ရက်တွင် ကျင်းပမည့် အဆိုပါဆုပေးပွဲအခမ်းအနားတွင် ဂျက်စတင်တင်မ်ဘာလိတ်သည် ယင်းဆုပေးပွဲ၏ တစ်သက်တာအကောင်းဆုံး ဆုအမျိုးအစားတစ်ခုဖြစ်သည့် Michael Jackson Video Vanguard award ဆုကို လက်ခံရယူရမည်ဖြစ်ပြီး ဆုအမျိုးအစားခြောက်မျိုးကိုလည်း ဆန်ခါတင် အဖြစ် ရွေးချယ်ခြင်းခံထားရကြောင်းသိရသည်။ ယင်းဆုပေးပွဲတွင် ဂျက်စတင်တင်မ်ဘာလိတ်သည် ယခုနှစ် မတ်လက ထွက်ရှိခဲ့သည့် The 20/20 Experience အယ်လ်ဘမ်ဖြင့် တစ်နှစ်တာ ရောင်း အားအကောင်းဆုံးအယ်လ်ဘမ်ဆုနှင့် တစ်နှစ်တာအကောင်းဆုံးဗီဒီယိုဆု၊ ဖေဖော်ဝါရီလက ထွက်ရှိခဲ့သည့် Mirrors အယ်လ်ဘမ်ဖြင့် အကောင်းဆုံး အမျိုးသားတေးသံရှင်နှင့် ပေါ့ပ်သီချင်းဗီဒီယို ဆုတို့ကို ဆန်ခါတင်ရွေးချယ်ခြင်းခံထား ရပြီး အဆိုပါဆုပေးပွဲအခမ်းအနားတွင် နာမည်ကျော် တေးသံရှင်များဖြစ်ကြသည့် လေဒီဂါဂါ၊ ကေတီပယ်ရီ၊ မိုင်လီဆိုင်းယက်စ်နှင့် တေးသံရှင်ပေါင်းများစွာ သိရသည်။ ပါဝင်ဖျော်ဖြေ ကြမည်ဖြစ်သည်။ ထို့အပြင် စက်တင်ဘာ ၃၀ ရက်တွင် ၎င်းင်း၏ စတုတ်္ထမြောက် အယ်လ်ဘမ် The 20/20 Experience: 2 of 2အယ်လ်ဘမ်အသစ်အား ထွက်ရှိရန်စီစဉ်ထား ပြီး ယင်းအယ်လ်ဘမ်သည် ယခင်ထွက်ရှိခဲ့သည့်အယ်လ်ဘမ်၏ နောက်ဆက်တွဲ တေးအယ်လ်ဘမ်တစ်ခုဖြစ်ကြောင်း သိရသည်။ သွားမည်ဖြစ်ကြောင်း သိရသည်။

**စပါးအသင်းအတွက်ပထမ ရာသီတွင် သွင်းဂိုး ၂၀ အထိ သွင်းယူရန်ဆိုလ်ဒါဒို ရည်ရွယ်ထား**

 တော့တင်ဟမ်ဟော့စပါးအသင်းက ယခုနှစ်မှ ခေါ်ယူထားသော တိုက်စစ်မှူး ဆိုလ်ဒါဒိုသည် ၎င်းင်း၏ ပထမဆုံးသော ပရီမီယာလိဂ်ရာသီတွင် စပါးအသင်းအတွက် သွင်းဂိုး ၂၀ အထိ သွင်းယူရန် ရည်ရွယ်ထားကြောင်း သိရသည်။ အသက် (၂၈) နှစ်အရွယ် တိုက်စစ်မှူး ဆိုလ်ဒါဒိုသည် ပြီးခဲ့သည့်ဘောလုံးရာသီက ဗလင်စီယာ အသင်းအတွက် ၄၆ ပွဲ ပါဝင်ကစားခဲ့ကာ သွင်းဂိုး ၃၀ အထိ သွင်းယူပေးခဲ့ပြီး ယခုနှစ်အပြောင်းအရွှေ့ တွင် စပါးအသင်းသို့ ပြောင်းရွှေု့ကြေး ယူရို သန်း ၃၀ ဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။ တိုက်စစ်မှူး ဆိုလ်ဒါဒိုသည် စပါးအသင်း၏ ရာသီအကြိုခြေစမ်းပွဲစဉ်တစ်ခုဖြစ်သည့် အက်စ်ပန် ညိုအသင်းနှင့် ပွဲတွင် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ၎င်းင်း၏ သွင်းဂိုးဖြင့်ပင် တစ်ဖက်တစ်ဂိုးစီသရေပွဲ ဖြစ်ခဲ့သည်။ ထို့ကြောင့် လက်ရှိပရီမီယာလိဂ်ကလပ်စပါးအသင်းသို့ ရောက်ရှိလာစဉ်တွင်လည်း စပိန် လာလီဂါတွင် ကစားခဲ့သည့်ပုံစံကို ပြန်အသက်သွင်းနိုင်ရန် အားကုန်ကြိုးပမ်းသွားမည် ဖြစ် ကြောင်းလည်း ဆိုလ်ဒါဒိုက ဆိုသည်။

 **နိုင်လင်းကြည်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)