ဘာစီလိုနာမှာ ကစားနေတဲ့ ဘရာဇီးတိုက်စစ်မှူး နေမာဟာ ပါရမီရှိပြီး ထူးချွန်တဲ့တိုက်စစ်မှူးတစ်ဦးဖြစ်ပေမယ့် ဘောလုံးကွင်းထဲမှာ ခြေစွမ်းမပြနိုင်ရင် ၂၀၁၄ ကမ်္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ဘရာဇီးအသင်းမှာ ပါဝင်ကစားခွင့်မသေချာပါဘူးလို့ ဘရာဇီးနည်းပြစကိုလာရီက ထုတ်ဖော်ပြောကြားလိုက်တယ်။ ဘရာဇီးအသင်းမှာ လူငယ် ကစားသမားတွေကို ဦး စားပေးသွားမှာ ဖြစ်သလို အတွေ့အကြုံရှိတဲ့ ၀ါရင့် ဘောလုံးသမားတချို့ကိုလည်း ခြေ စွမ်းပြပြီး စိတ်ဓာတ်ခွန်အား ကောင်း မွန် မှကစားစေမှာဖြစ်တယ် လို့ နည်းပြစကိုလာရီက သတိပေး ထားပါတယ်။
**မပြေလည်မူေ တွ**
ဘရာဇီးနိုင်ငံတစ်ဝန်း ၂၀၁၄ ကမာ်္ဘ ဖ့ လားဘောလုးံ ပြိုင်ပွဲကိုအိမ် ရှင် အဖြစ် လက်ခံကျင်းပရေးအပေါ် ငွေ ကြေးသုံးစွဲမှုတွေကြောင့် ပြည်သူတွေ အကြား မပြေလည်မှုတွေများပြားနေ တာမ့ို မိမိ တို့ ဟာ ထိုက် တန်တဲ့ေ အာင် မြင်မှုကိုပေးဆပ်သွားရမယ့် တာဝန်ရှိ တယ်လို့လည်း ဆိုနေပါတယ်။
ဘရာဇီးအသင်းဟာ မကြာမီက ကွန်ဖက်ဒရေးရှင်းဖလားကို ရယူနိုင် ခဲ့ပေမယ့် ခြေစွမ်းပိုင်းက အားရစရာ မရှိတာမို့ ၂၀၁၄ကမ်္ဘာ့ဖလားပွဲ အတွက် လုံလောက်တဲ့ခြေစွမ်း လည်း မရှိသေးဘူး လ့ို ဘရာဇီး ဘောလုးံ အဖွဲ့ ချုပ်က သုံးသပ်ထားပါတယ်။ ကွန်ဖက်ဒရေးရှင်းဖလား ရယူ နိုင်အောင် ခြေစွမ်းပြနိုင်ခဲ့တဲ့ ဘောလုံးသမားတွေ အနေနဲ့လည်း လက်ရှိအနေအထားထက် ပိုမို အားထုတ်မှုကောင်းမှသာ ကမ်္ဘာ့ ဖလား ဘောလုးံ ပြိုင် ပွဲဝင် ဘရာဇီး အသင်းအတွက် ရွေးချယ်ခံရမယ့် အခြေအနေကို ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
နည်းပြစကိုလာရီရဲ့ ဘရာဇီး အသင်းက လာမယ့်ကမ်္ဘာ့ဖလားပွဲမှာ ခြောက်ကြိမ်မြောက် ဖလားရယူနိုင် ရေးအတွက် ရွေးချယ်မယ့် ကစား သမားတွေကို အခုက တည်း က စတင် စောငြ့်ကည့်ေ နပြီလို့  ဘရာဇီး ဘောလုးံ အဖွဲ့ချုပ်က တာဝန်ရှိသူတွေက ပြော ကြားနေပါတယ်။ နည်းပြ စကိုလာရီကတော့ လာမယ့် ကမ်္ဘာ့ဖလားပွဲမှာ ဘရာဇီး အသင်းကို အောင်မြင်မှုတွေ ရရှိ အောင် စွမ်းဆောင်ပေးသွားမယ်လို့ ကတိပြုထားပါတယ်။ ဘရာဇီးရဲ့ ၀ါရင့်ကွင်းလယ် တိုက်စစ်မှူး ရော်နယ်ဒင်ဟိုကတော့ သူ့အနေန့ဲ လာမယ့်ကမာ်္ဘ ဖ့ လားပွဲမှာ ဘရာဇီးအတွက် နောက်ဆုံးအနေနဲ့ ပါဝင်ကစားလိုကြောင်း ထုတ်ဖော် ပြောကြားထားပါတယ်။
**ရေွး ချယ်**
စကိုလာရီကတော့  ဘယ်လို ကစားသမားမဆို လက်ရှိ ခြေစွမ်း ပြသနိုင်မှုအပေါ်မှာ အဓိကဦးစား ပေးပြီး ရေွး ချယ် ပြီး သွားမှာ ဖြစ်တယ်လို့  ဆိုပါတယ။်
*မိုးမြင့်လင်းလက်*
(နည်းပြစကိုလာရီ နဲ့ဘရာဇီးတိုက်စစ်မှူး နေမာ)

No comments:
Post a Comment