ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, November 30, 2014

==မနက်ဖြန်World AIDS Day ကျင်းပဖို့ ဒီနေ့ ကျင်းပတဲ့နောက်ဆုံး အစည်းအဝေးနဲ့  ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ကဖြစ်မြောက်ရေး ကော်မတီဝင်တွေလှုပ်ရှားမှုပါဗျ==



ပြီးခဲ့တဲ့၂၀၀၃ခုနှစ်ကတည်းကထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးကနေ
မဲတော်ဆေးခန်းအထိလူထုလမ်းလျှောက်ချီတက်ပွဲအသွင်နဲ့ နှစ်စဉ်ကျင်းပခဲ့ကြတာပါ။ဒီလိုနဲ့ ၂၀၁၁ခုနှစ်ကစပြီးမဲဆောက်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးစုရပ်ကနေ
မဲဆောက်ရဲစခန်းကိုစုရပ်ပြောင်းခဲ့ကြပေမယ့် ထုလမ်းလျှောက်ချီတက်ပွဲအသွင်ကတော့ရှိမြဲရှိပြီးမဲတော်ဆေးခန်းဂိတ်ဆုံးမှာ အခမ်းအနားကြီးကျင်းပပြီးဟောပြောပွဲတွေ၊ပျော်ပွဲရွှင်ပွဲတွေကျင်းပလာခဲ့ကြတာပါ။
ဟော...အခု၂၀၀၄ခုနှစ်ဒီဇင်ဘာလ၁ရက်နေ့ World AIDS Dayကိုလည်း ဟိုး၂၀၀၃ခုနှစ်ကတည်းကနှစ်စဉ်ပါနေကြအဖွဲ့တွေဖြစ်ကြတဲ့World Vision? Maetao Clinic၊MAP Foundation၊SAW၊JACBA၊CDC School၊စတဲ့အဖွဲ့တွေအပြင်မကြာမီသောနှစ်အနည်းငယ်မှာ ပါဝင်လာကြတဲ့FED၊ျံHWF၊BWUစတဲ့အဖွဲ့ တွေအပြင်ကောစောနောကျောင်း အချို့ ကလည်းပါဝင်ကြမှာဖြစ်ပါတယ်။ခန့် မှန်းခြေလူအင်အား(၇၀၀)ခလောက် ချီတက်ကြမှာဖြစ်ပါတယ်။

၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

 +ဒီလူ့ ကြယ်+

Read More...

==ကာတွန်းဟာသ(အရှက်ကိုအသက်နဲ့ လဲတားတာ)==


Read More...

==လူထုကျန်းမာရေး(မျက်စိထဲသို့ အမှိုက် တစ်ခုခု ဝင်ခဲ့လျှင် လုပ်ဆောင်ရမည့် အချက်များ)==


++Public Health++ 

မျက်စိထဲသို့ တစ်စုံတစ်ခု ဝင်ရန် မလွယ်ကူပါ။ ဝင်ခဲ့သော် မျက်ရည်က သယ်ယူပေးခြင်းဖြင့် သာမန် အမှုန်အမွှားများကို နေ့စဉ် ဖယ်ရှား ပေးနိုင်မည် ဖြစ်သည်။ ဂျုံကြမ်းမှုန့်၊ ကျောက်မီးသွေးမှုန့်၊ သဲ၊ သတ္တုအမှုန် အစများ မျက်စိထဲ ဝင်နေလျှင် မျက်စိ နာနေတတ်သည်။ မျက်စိ အနာ သက်သာစေဖို့ မျက်စဉ်းဆေးများကို ဆရာဝန် ညွှန်ကြားချက် မရဘဲ မထည့်သင့်ပါ။ အကယ်၍ သတ္တုစ စူးဝင်ပါက ပြင်းထန်သော ဝေဒနာ ခံစား ရတတ်သည်။

**မျက်စိထဲကို တစ်ခုခု ဝင်ခဲ့လျှင် **

(၁) လူနာကို မျက်စိ မပွတ်ရန် တားမြစ်ရမည်။ ကလေး ဆိုလျှင် ငြိမ်ငြိမ်နေအောင် အထူး ကြပ်မတ်ရမည်။

 (၂) လူနာကို အလင်းရောင် လာရာဘက်သို့ မျက်နှာမူ ထိုင်စေပြီး လူနာ၏ ရှေ့၌ရပ်ကာ အောက် မျက်ခမ်းကို လှန်ချရမည်။

 (၃) ပြင်ပပစ္စည်း ဆိုလျှင် မြင်နိုင်ပြီး မျက်လုံးထဲတွင် တွယ်ကပ် စူးဝင်နေခြင်း သို့မဟုတ် လက်ကိုင်ပဝါ အဖြူဖြင့် ထောင့်စွန်းကို လိမ်၍ ရေဆွတ်ပြီး မျက်လုံးထဲမှ အရာဝတ္ထုကို ဆွဲဖယ် ထုတ်သင့်သည်။

(၄) ပြင်ပ ပစ္စည်းသည် မျက်လုံးထဲတွင် တွယ်ကပ် စူးဝင်နေလျှင် ဖယ်ရန် မကြိုးစားဘဲ လူနာကို မျက်စိ မှိတ်စေပြီး မျက်စိပေါ်မှ ဂွမ်းဖြင့် အုပ်၍ ပတ်တီး စည်းပေးပြီး ဆေးရုံသို့ ပို့သင့်သည်။


(၅) ပြင်ပ ပစ္စည်းကို မမြင်ရဘဲ အထက်ဘက် မျက်ခွံ အောက်ထဲကို ဝင်နေလျှင် လူနာ၏ မျက်စိကို ကြည်လင်သော ရေထဲတွင် စိမ်ပြီး မျက်တောင်ခတ်ရန် ညွှန်ကြား ပေးရမည်။ မျက်ခွံလှန်ပြီး ကြည့်၍ မထွက်သေးပါက မျက်စိထဲမှ အရာကို ပြင်ပသို့ ထွက်စေရန် အထက် မျက်ခွံကို ဆွဲမပြီး အောက် မျက်ခမ်းကို အထက် မျက်ခွံအောက် အသာသွင်းကာ လွှတ်လိုက် ရမည်။ ဆရာဝန်နှင့် ပြရမည်။

(၆) လူနာကို အလင်းရောင် လာရာဘက်သို့ မျက်နှာမူ ထိုင်စေကာ လူနာ၏ နောက်မှ ရပ်ပြီး လူနာ၏ ဦးခေါင်းကို ကိုင်ကာ ရင်ဘတ်နှင့် ထိန်းထားရမည်။ ကလေးငယ် ဆိုလျှင် မကြောက်လန့်ရန်၊ မငိုရန် နှစ်သိမ့် ဆွေးနွေးရမည်။

 (၇) မီးခြစ်ဆံ တစ်ချောင်းကို မျက်ခွံ၏ အရင်းနားတွင် တင်ပြီး ဖြည်းညင်းစွာ နောက်ကို ဖိထား၍ လူနာကို အောက်သို့ စိုက်ကြည့်စေကာ အထက်မျက်ခွံကို မပြီး မီးခြစ်ဆံပေါ်ကို လှန်ယူ၍ ဝင်နေသော အရာကို ဖယ်ထုတ်ရမည်။ (၈) လက်ကိုင်ပဝါ ထောင့်ဖြင့် ဝင်နေသော အရာကို ဆွဲထုတ် သင့်သည်။

 (၉) ဆား လောင်တတ်သော အက်စစ် သို့မဟုတ် ဘေ့စ်(အယ်ကာလီ)များ မျက်စိထဲ ဝင်လျှင် လူနာ၏ မျက်စိကို ရေများများ လောင်းချပြီး မျက်စိပေါ်ကို ဂွမ်းနှင့်အုပ်၊ ပတ်တီးနဲ့စည်းပြီး ဆေးဘက် အကူအညီ အမြန်ဆုံး ရယူသင့်သည်။

 **သတိပြုရန်**

 မျက်စိကို ဒဏ်ရာ မရအောင် အထူး ဂရုစိုက်သင့်သည်။ ဖုန်၊ ခဲ၊ သဲ၊ ဖွဲကြမ်း၊ မီးသွေးမှုန့်တို့ ကဲ့သို့သော အရာဝတ္ထုများ မျက်စိထဲ ဝင်လျှင် အခံရ ခက်ကာ မျက်စိ နာတတ်သည်။ မျက်စိ နီရဲပြီး မျက်ရည် အမြဲ ယိုနေ တတ်သည်။ မျက်လုံးထိ စူးဝင်လျှင် ပြင်းထန်ပါက မျက်စိ ပျက်စီး နိုင်သည်။ ပြင်ပပစ္စည်း မျက်ကြည်လွှာတွင် ကပ်နေလျှင် ဖယ်ထုတ်ဖို့ မကြိုးစား သင့်ပါ။ မျက်ကြည်လွှာ အပြင် မျက်မြှေးပါးတွင် ရှိနေမှ ထုတ်ပစ် သင့်ပါသည်။ တစ်ခါတရံ အပေါ်မျက်ခွံ အတွင်းပိုင်းမှာ ဖုန်စ၊ အမှိုက်စနှင့် သေးငယ်သော ပိုးမွှား ကောင်များ တစ်နေရာရာတွင် ကပ်နေလျှင် မြင်အောင် ကြည့်ပြီးမှ လက်ကိုင်ပဝါ ထောင့်စွန်းကို ရေဆွတ်ပြီး ဖယ်ထုတ် နိုင်သည်။

 **ပြုစုနည်း**

 မျက်စိကို လုံးဝ မပွတ်သင့်ပါ။ ကလေးကို ငြိမ်ငြိမ် ထားသင့်သည်။ ပြုစုသော သူက လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးရမည်။ ပြင်ပ ပစ္စည်းသည် မြင်နိုင်ပြီး မျက်သားအတွင်း စူးဝင်ခြင်း မဟုတ်လျှင် ဂွမ်း သို့မဟုတ် သန့်ရှင်းသော လက်ကိုင်ပဝါ၊ အဝတ်၊ ပိတ်ပါးစဖြင့် ထောင့်စွန်းကို ရေဆွတ်ပြီး ဆွဲထုတ်ရမည်။ ပြင်ပပစ္စည်းကို ရေ အပြည့်ထည့်ထားသော ရေပုံး၊ ရေခွက်တွင် မျက်နှာ နှစ်ပြီး ဖွင့်ချည် ပိတ်ချည် လုပ်၍ ထုတ်နိုင်သည်။ တက်ထရာဆိုင်ကလင်း မျက်စဉ်းဆေး ထည့်နိုင်သည်။ အက်စစ်၊ အယ်ကာလီ ဝင်လျှင် ရေ များများဖြင့် ဆေးကြော ပေးရမည်။ ။

 +ဒေါက်တာလွင်သန့်(ဆေး-၂)+

 မြ၀တီ

Read More...

Saturday, November 29, 2014

DVB - ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ သက်တမ်းတိုး



SDVB - ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ သက်တမ်းတိုး
(မဲဆောက်မြို့ OSSရုံးတာဝန်ခံ-ဦးမိုးအောင်ခိုင် နဲ့ DVBအင်တာဗျူးး

Read More...

==မဲဆောက်မြို့  နဲ့ မြ၀တီမြို့ ကမြန်မာရွှေ့ ပြောင်းလုပ်သားပရိသတ်တွေရဲ့  အသည်းစွဲ မက်ပ်ရေဒီယိုပြန်ဖွင့်ပါပြီ===


ထိုင်းနိုင်ငံငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကောင်စီ(ထိုင်းစစ်တပ်)တက်လာတဲ့မေလ ၂၂ရက်နေ့ ကတည်းကအခုထိ(၆လကြာ)ပိတ်ထားခဲ့ရတဲ့မဲဆောက်မြို့ အခြေစိုက် မက်ပ်ရေဒီယို(102.50 MHz)ဟာဒီကနေ့ မှာခွင့်ပြုချက်နဲ့ အညီပြန်လည်ဖွင့်လှစ် ရပြိမို့ လို့ ဒီနေ့ မနက်ပိုင်းမှာပဲဒီဂျေတွေပျော်ပျော်ရွှင်ရွှင်ထုတ်လွှင့်နေကြပါပြီ။ မက်ပ်ရေဒိယို(102.50 MHz)ဟာမဲဆောက်မြို့ နဲ့ မြ၀တီမြို့ ဘက်က မြန်မာရွှေ့ ပြောင်းလုပ်သားပရိသတ်တွေရဲ့ အသည်းစွဲရေဒိယို
တစ်ခုဖြစ်ပြီး တနလာံကနေတနဂံနွေနေ့ အထိယဉ်ကျေးမှု၊ပညာရေး၊ကျန်းမာရေး။အလုပ် သမားရေးရာ၊ဘာသာရေး။ဘာသာစကား၊စာပေဟောပြောပွဲ၊အားကစား၊သိချင်း.. စတာတွေကိုနေ့စဉ်ထုတ်လွှင့်ပေးနေတာပြီးခဲ့တဲ့၂၀၀၈ခုနှစ်သြဂုတ်လ၈ရက်နေ့ ကတည်းကဖြစ်ပါတယ်။


မဲဆောက်မြို့ နဲ့ မြ၀တီမြို့ ဘက်ကမြန်မာရွှေ့ ပြောင်းလုပ်သားပရိသတ်၅သောင်းကျော် ၆သောင်းလောက်နားဆင်အားပေးကြတဲ့မြန်မာရွှေ့ ပြောင်းလုပ်သားပရိသတ်တွေရဲ့ အသည်းစွဲရေဒိယို

တစ်လုံးလည်းဖြစ်ပါတယ်။ချင်းမိုင်မြို့ အခြေစိုက် မက်ပ်ရေဒီယိုကတော့ပြီးခဲ့တဲ့စက်တင်ဘာလကတည်းကခွင့်ပြုချက်နဲ့ အညီ ထုတ်လွှင့်နေပြီဖြစ်ပါတယ်။


(မက်ပ်ရေဒိယိုမန်နေဂျာ-ဦးနော်ခမ်း)
မက်ပ်ရေဒိယို(102.50 MHz)ထဲမှာပါဝင်တဲ့အလုပ် သမားရေးရာနဲ့ သတင်းအချက်အလက်တချို့ ကိုမြန်မာပြည်တွင်းမှသဇင် နဲ့ ချယ်ရီ ရေဒီယိုအစိအစဉ်တွေကလည်းထပ်ဆင့်ထုတ်လွှင့်ပေးဖို့ ပဏာမသဘောတူထား တာရှိပါတယ်။


၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

 +ဒီလျှပ်စိး+

Read More...

==ကာတွန်းဟာသ(အလွန်ကောင်းတဲ့အကြံဥာဏ်)==


Read More...

===လူထုကျန်းမာရေး(ကြက်သွန်မြိတ်၏ ဆေးဖက်ဝင် အာနိသင်များ)==

**Public Health**


 ကြက်သွန်မြိတ်ဟာ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ လိုပဲ Alliaceae အနွှယ်ဝင် ဖြစ်ပါတယ်။ ကြက်သွန်မြိတ်ရဲ့ အာဟာရ တန်ဖိုးဟာ ကြက်သွန်နီနဲ့ ကြက်သွန် ဖြူတို့နဲ့ ဆင်တူပါတယ်။ ဟင်းလျာတွေထဲ ထည့်စားလေ့ရှိတဲ့ ကြက်သွန် မြိတ်မှာ အောက်ပါ ဆေးဖက်ဝင် အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။

 (၁) သွေးကြောနံရံတွေကို အကာအကွယ်ပေးပါတယ်


 ကြက်သွန်မြိတ်ထဲမှာ Kaempferol လို့ခေါ်တဲ့ ဖလေဗိုးနွိုက် တစ်မျိုး သိသိသာသာ ပါဝင်ပါတယ်။ ဒီဖလေဗိုးနွိုက်ဟာ မကောင်းတဲ့ ဖရီးရယ် ဒီကယ်တွေကို တွန်းလှန်တဲ့နည်းနဲ့ သွေးကြောတွေကို အကာအကွယ် ပေးပါတယ်။ သွေးကြောတွေကို ကျယ်စေပြီး အနားရစေတဲ့ နိုက်ထရစ် အောက်ဆိုက် ထုတ်လုပ်မှုကို တိုးစေတဲ့ အစွမ်းလည်း ရှိတာကြောင့် သွေးကြောတွေ ကျန်းမာစေပြီး သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။

 (၂) ဖောလိတ်ဓာတ်ကို ရရှိစေပါတယ်

 ဖောလိတ်ရဲ့ Bioactive ပုံစံတစ်မျိုးဖြစ်တဲ့ 5-methyltetrahydrofolate ဟာ ကြက်သွန်မြိတ် ထဲမှာ ပါဝင်ပါတယ်။ ဖောလိတ်ဟာ ကိုယ်ဝန် ဆောင်ချိန်အတွင်း အရေးကြီးတဲ့ ဓာတ်တစ်မျိုး ဖြစ်ရုံ သာမက သွေးထဲက ဟိုမိုစစ်စတင်း အဆင့်ကိုလည်း လျော့နည်း စေပါတယ်။ ဟိုမိုစစ်စတင်း အဆင့်များရင် ခန္ဓာကိုယ်တွင်းမှာ ရောင်ရမ်းမှု ဖြစ်နှုန်းကို တိုးစေရုံ သာမက နှလုံး သွေးကြောကျဉ်း ရောဂါလို နှလုံးသွေးကြော ဆိုင်ရာ ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက် စေနိုင်ပါတယ်။ သင်စားတဲ့ အစာထဲ ကြက်သွန်မြိတ် ထည့်စားရင် သွေးတွင်း ဟိုမိုစစ်စတင်း အဆင့်ကို လျော့ကျစေပြီး နှလုံးနဲ့ သွေးကြောတွေ ကျန်းမာအောင် အကာအကွယ် ပေးပါတယ်။

(၃) အင်တီအောက်ဆီးဒင့် တစ်မျိုးလို လုပ်ဆောင်ပါတယ် ကြက်သွန်မြိတ်မှာ အစွမ်းထက် အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်တဲ့ ပိုလီဖီနော ပါဝင်တာကြောင့် နာတာရှည် ရောဂါနဲ့ အိုမင်းမှုကို ဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်ကို တွန်းလှန် ပေးနိုင် ပါတယ်။ ကြက်သွန်မြိတ်မှာ ပါဝင်တဲ့ Gallic Acid ပမာဏဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ မှာထက် ပိုများပါတယ်။

 (၄) နာတာရှည် ရောင်ရမ်းမှုကြောင့် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်

 ကြက်သွန်မြိတ်ဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေလောက် နာမည် မကြီးပေမယ့် နာတာရှည် ရောင်ရမ်းတဲ့ အခြေအနေကိုတော့ တွန်းလှန် နိုင်ပါတယ်။ နာတာရှည် ရောင်ရမ်းမှုကြောင့် ဆီးချိုရောဂါ၊ အဝလွန်တာနဲ့ ရိုးဆစ် ရောင်ရမ်းနာတို့ ဖြစ်နိုင်ပါတယ်။ ကြက်သွန်မြိတ်မှာ ပိုလီဖီနောနဲ့ Kaempferol တို့ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျ စေပါတယ်။

  (၅) ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိပါတယ်

 ကြက်သွန်မြိတ်မှာ ဗီတာမင်စီ၊ B6၊ ဗီတာမင်ကေတို့ အပြင် မဂ္ဂနိစ်နဲ့ သံဓာတ်တို့လည်း ကောင်းစွာ ပါဝင်ပါတယ်။ ဗီတာမင်စီဟာ အနာကျက် စေပြီး ကော်လာဂျင် ဖြစ်ပေါ် စေပါတယ်။ ဗီတာမင် B6 ဟာ စွမ်းအင်သုံးစွဲရေးအတွက် အရေးပါပါတယ်။ ဗီတာမင်ကေက သွေးခဲမှု၊ အရိုးနဲ့ တွယ်ဆက်တစ်သျှူး တည်ဆောက်မှုတို့ အတွက် အရေးပါပါတယ်။ မဂ္ဂနိစ်ဟာ ခန္ဓာကိုယ်ထဲက တုံ့ပြန်မှုတိုင်း အတွက် ကိုအင်ဇိုင်း အနေနဲ့ လုပ်ဆောင်သလို သံဓာတ်ဟာ ဟေမိုဂလိုဘင် ဖြစ်ပေါ်ရေး အတွက် အရေးပါပါတယ်။

 (၆) နှလုံးကို ကာကွယ်ပေးပါတယ်

 လေ့လာမှု တချို့အရ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့လို Allium အနွှယ်ဝင် ကြက်သွန်မြိတ်ဟာ သွေးဖိအားကို အနည်းငယ် လျော့ကျစေပြီး သွေးခဲဖတ် ဖြစ်ပေါ်မှု ကိုလည်း ကာကွယ် ပေးတာကြောင့် နှလုံးရောဂါထခြင်း (Heart Attack) ဖြစ်နှုန်းကို လျော့ကျ စေတယ်လို့ သိရပါတယ်။ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော LDL ကိုလည်း လျော့ကျ စေပါတယ်။ 

 (၇) အဆီကင်းပြီး ကယ်လိုရီနည်းပါးပါတယ် 

 ကြက်သွန်မြိတ်မှာ ကယ်လိုရီပါဝင်မှု နည်းပြီး အဆီမပါတာကြောင့် ခါးအတိုင်းအတာ လျော့ကျလို သူတွေ အနေနဲ့ ဟင်းလျာအရသာ တိုးအောင် ကြက်သွန်မြိတ် အနည်းငယ် ထည့်သင့် ပါတယ်။ ဒါဆိုရင် ဆား၊ ထောပတ် စတဲ့ အရာတွေ ထပ်ထည့်ဖို့ မလိုဘဲ ဟင်းလျာတွေ ကျန်းမာရေးနဲ့ ညီညွတ်ကာ အရသာ ရှိနေ ပါလိမ့်မယ်။

 +ကြယ်စင်+

 မြ၀တီ

Read More...

Thursday, November 27, 2014

==လူထုကျန်းမာရေး(သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး)==


 **Public  Health**

သခွားမွှေးသီးဟာ သစ်သီးတွေ အားလုံးအနက် ဗီတာမင်အေ အများဆုံး ပါဝင်တဲ့ သစ်သီး ဖြစ်ပါတယ်။ သခွားမွှေးသီး တစ်ခွက် (၁၇၇ဂရမ်) မှာ ဗီတာမင်အေ (အဓိကအားဖြင့် ဘီတာ ကယ်ရိုတင်း ပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်ပါတယ်။

 (၁) အသားအရေကို ကျန်းမာ လှပစေပါတယ်

ဗီတာမင်အေ ပါဝင်မှု များလွန်းတာကြောင့် လွန်ကဲစွာ မစားသင့်ပေမယ့် သခွားမွှေးသီး အသင့်အတင့် စားပေးတာကြောင့် ရရှိတဲ့ အာဟာရ ဓာတ်တွေက အန္တရာယ် ကင်းပါတယ်။ ပြီးရင် ဝက်ခြံနဲ့ အရေးကြောင်းတွေကို သက်သာ စေပါတယ်။ သခွားမွှေးသီးကို တစ်ခွက်စာ ပမာဏ စားရုံနဲ့ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၁၀၀ ရာခိုင်နှုန်းကျော် ရရှိ နိုင်ပါတယ်။ (ဗီတာမင်အေ ၁၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။)

 (၂) အမြင်အာရုံကို ကောင်းစေပါတယ်

ဗီတာမင်အေက အမြင်အာရုံကို ထိန်းပေးပြီး အမြင်အာရုံကို ကောင်းမွန် စေပါတယ်။

 (၃) ကူးစက်ပိုးတွေကို တွန်းလှန် နိုင်ပါတယ်

 သခွားမွှေးသီးကို ဖျော်ရည် ဖျော်တိုက်ပေးရင် ကလေးတွေရဲ့ ကိုယ်ခံ စွမ်းအား စနစ်ကို အားကောင်းစေပြီး ဗိုင်းရပ်စ်တွေကို တွန်းလှန် ပေးတာကြောင့် နာမကျန်းမှုကို မဖြစ်စေ နိုင်ပါဘူး။ သခွားမွှေးသီးမှာ ဗီတာမင်စီ ၁၀၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။

 (၄) သွားတွေနဲ့ သွားဖုံးတွေကို ကျန်းမာစေပါတယ်

 သွားနဲ့တာနဲ့ သွားဖုံးမှ သွေးထွက်တာက ခန္ဓာကိုယ်ထဲမှာ ဗီတာမင်စီ ချို့တဲ့နေကြောင်း ပြသနေပါတယ်။ သခွားမွှေးသီးလို ဗီတာမင်စီ ပေါများတဲ့ သစ်သီးကို စားပေးတာကြောင့် အပြုံးလှလှ ပြုံးနိုင် စေပါတယ်။

 (၅) သွေးအားနည်းခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်

 ခန္ဓာကိုယ်ထဲမှာ ဖောလိတ်ဓာတ်နဲ့ ဗီတာမင် B12 တို့ ချို့တဲ့မှုကြောင့် သွေးအားနည်း ရောဂါ ရတတ်ပါတယ်။ ဖောလိတ်ဓာတ် ချို့တဲ့မှုကြောင့် သွေးနီဥတွေက ပုံမှန် အရွယ်အစားထက် ပိုမိုကြီးမား လာပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်ကေ၊ ဗီတာမင် B6 ၊ နိုင်ယာစင်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ သိုင်ယာမင်းဓာတ်တို့ များစွာ ပါဝင်နေပါတယ်။

(၆) အနာကို ခပ်မြန်မြန် ကျက်စေပါတယ်

 ဗီတာမင်စီဟာ အန္တရာယ် အကင်းဆုံးနဲ့ အထိရောက်ဆုံး အာဟာရဓာတ် တစ်မျိုး ဖြစ်ပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် သခွားမွှေးသီးကို စားပေးရင် ကော်လာဂျင် ဖြစ်ပေါ်မှု များစေပြီး အရေပြားနဲ့ အမာရွတ်တစ်သျှူးတွေကို အားကောင်း စေပါတယ်။ 


(၇) သွေးဖိအားကို လျော့ကျစေပါတယ်

 သခွားမွှေးသီးမှာ ပါတဲ့ ပိုတက်စီယမ်က ငှက်ပျောသီးမှာ ပါတဲ့ ပိုတက်စီယမ်နီးပါး ရှိပါတယ်။ ပိုတက်စီယမ် ၁၄ ရာခိုင်နှုန်း ပါဝင်တဲ့ သခွားမွှေးသီးကို စားပေးရင် ခန္ဓာကိုယ်တွင်းက ဆိုဒီယမ် ဓာတ်ကို လျော့ကျစေပြီး သွေးတိုး ရောဂါကို လျှော့ချ နိုင်ပါတယ်။ 


(၈) ခြေထောက် ကြွက်တက်တာကို ကာကွယ်ပေးပါတယ် 

သခွားမွှေးသီးမှာ ပါတဲ့ ပိုတက်စီယမ်ဟာ ကြွက်သားနဲ့ နာ့ဗ်ကြောတွေကို အားကောင်း စေပါတယ်။ ပိုတက်စီယမ်ဓာတ် ချို့တဲ့ရင် ကြွက်သား အားနည်းမှုနဲ့ ကြွက်တက်မှုတို့ကို ဖြစ်စေ နိုင်ပါတယ်။

 (၉) မျိုးအောင်မှုကို အားကောင်းစေပါတယ် 

 ကလေးရဖို့ ကြိုးစား နေသလား။ သခွားမွှေးသီးဟာ ဖောလိတ်ဓာတ် အများဆုံး ပါဝင်တဲ့ သစ်သီးတစ်မျိုး ဖြစ်တယ် ဆိုတာ မမေ့ပါနဲ့။ ဖောလစ်အက်စစ်လို့ခေါ်တဲ့ ဖောလိတ်ဓာတ်ဟာ ကိုယ်ဝန် ဆောင်ချိန်အတွက် အရေးပါပါတယ်။ အထူးသဖြင့် မွေးလာတဲ့ ကလေးတွေမှာ နာ့ဗ်ကြောစနစ် ပြဿနာတွေ လျော့ကျ စေပါတယ်။

 (၁၀) ဆီးလမ်းကြောင်း ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ် 

သခွားမွှေးသီးမှာ ရေဓာတ် ပါဝင်မှု မြင့်မားတာကြောင့် ခန္ဓာကိုယ်တွင်း စနစ်ထဲမှ ဘက်တီးရီးယား တွေကို ဖယ်ထုတ် နိုင်ပါတယ်။ ဗီတာမင်စီ ပါဝင်မှု မြင့်မားတာကြောင့် ဆီးထဲက အက်စစ် အဆင့်ကို တိုးစေပြီး ဆီးလမ်းကြောင်းရှိ ပိုးမွှားတွေကို လျော့ကျ စေပါတယ်။ 


 +Yoyarlay+

Read More...

==JACBA(2015)ပြက္ခဒိန်မှာထည့်ရန်မဲဆောက်မြို့ OSSရုံးက၀န်ထမ်းတွေရဲ့  အမှတ်တရစုပေါင်းဓာတ်ပုံ==

သူတို့ ဟာမြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန၀န်ထမ်းတွေဖြစ်ကြပေမယ့်မြန်မာရွှေ့ ပြောင်း အလုပ်သမားတွေအကျိုးကိုဘာမှမရှိလည်းဆောင်ရွက်မြဲဆောင်ရွက်နေတဲ့ ဦးမိုးကြိုး(ခ)ဆရာမိုး အမှူးပြုသောမြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ကတည်ထောင်ထားတဲ့ကျောင်းသား၄၆၆ဦး။ဆရာ၁၆ဦးရှိတဲ့*နေ့ သစ်အလကကျောင်း**ကို
တစုံတရာရံပုံငွေရရှိစေဖို့ သူတို့ တတ်နိုင်တဲ့ဘက်က၀ိုင်းရံ ကူညီပေးနေကြတာပါ။


ဒါကြောင့်ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မှာလက်ရှိ၎နှစ်ဗီဇာသက်တမ်း တိုးလိုကြသောမြန်မာရွှေ့ ပြောင်း အလုပ်သမားတွေအတွက်သူတို့ ရဲ့ မူလတာဝန်ကိုထမ်းဆောင်ရင်းနေ့ သစ် အလကကျောင်းကိုရံပု့ငွေရရှိအောင်ဆောင်ရွက်ပေးတဲ့အတွက်OSSရုံးဦးစီးအရာရှိ ဦးမိုးအောင်ခိုင်၊လကအရာရှိဦးဇော်ဖော်ဝင်း၊ဦးမျိုးတင့်တို့ နဲ့ JACBAအကြိးအကဲ ဦးမိုးကြိုးတို့ အပါအ၀င်အားလုံးသောပရဟိတဆောင်ရွက်သောမောင်နှမတွေရဲ့  ဟောဒီစုပေါင်းဓာတ်ပုံကို
 JACBA(2015)ပြက္ခဒိန်မှာထည့်ဖို့ ရွေးချယ်ထားပါကြောင်း ကြေညာမောင်းခတ်အပ်ပါတယ်ဗျို့ ။

+သောင်ရင်းနဂါး+

Read More...

==ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ တောင်ဘက်ဖုတ်ဖရမြို့ နယ် ထဲက မြန်မာရွှေ့ ပြောင်းလုပ်သားတွေအကြောင်းပြောကြရအောင်ဟေ့==

(ဦးသန့် ဇင်နဲ့ဆရာမိုးတို့ အာလူးလက်ဘက်ရည်အတူသောက်ရင်း)

ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ တောင်ဘက်ဖုတ်ဖရမြို့ နယ်ဆိုတာရှိပါတယ်။ ဆရာမိုးကတစ်လကိုအနာ်းဆုံးတစ်ခေါက်တော့ကွင်းဆင်းလေ့ရှိပါတယ်။ ဒီလတော့ဒုတိယအခေါက်အနေနဲ့ ကွင်းဆင်းတာဆိုပေမယ့်ဒေသခံ စည်းရုံးရေးမှူးတွေကအလုပ်မအားကြတာကြောင့်လက်ဘက်ရည်သောက်ရင်းပဲ တစ်မြို့ လုံးကိုလွှမ်းခြုံဖြန့်ကျက်ဝေဖန်ပိုင်းခြားကြတယ်။ ဒီတော့ဖုတ်ဖရမြို့ နယ်ကို၂ပိုင်းပိုင်းတော့ကာဖုတ်ဖရမြို့ နယ်မြို့ ထဲပိုင်းကို စအိုလမ်းဆုံတာစုံမှာခွထိုင်ပြီးရှုစားနိုင်သမျှမြင်နေရတဲ့ဦးသန့် ဇင်ရယ်။ ဖုတ်ဖရမြို့ နယ်ချောင့်ခက်မြို့ နယ်ခွဲ(မြန်မာတွေက-အသံထွက်ခပ်လွဲလွဲနဲ့ ကျောက်ခက်တဲ့)အဲဒီချောင့်ခက်မြို့ နယ်ခွဲအပိုင်ထဲက ဆရာထိုက်(ဓူဝံ)တို့ ကိုလက်ဘက်ရည်သောက်ရင်းစကားအချီအချပြောကြရင် ရနေပြီပဲလေ။၂၀၀၃ခုနှစ်ထဲကဗြောင်းသတ်အောင်သွားထားတဲ့ဆရာမိုးဟာ ချက်ဆိုရင်နှာခေါင်းက(အဲလေ)နားခွက်ကမီးတောက်အောင်သိနေတာပဲမဟုတ်လား။ ပထ၀ီကျွမ်းတာပြောပါတယ်။ ဒီလိုနဲ့ ပထမဆုံးကိုသန့် ဇင်နဲ့ ဝက်သိုးရဲ့ စအိုတိုက်နယ်လက်ဘက်ရည်ဆိုင် မှာတွေ့ တယ်။ ဆိုင်ရှင်ဝက်သိုးကအပြင်ခဏသွားနေတာမို့ မိမိတို့ ဖာသာပဲလက်ဘက်ရည်ဖျော် သောက်ကြတယ်။

ပြီးတော့ဖုတ်ဖရမြို့ နယ်မြို့ ထဲပိုင်းကို-ကိုသန့်ဇင်ကသူသိသမျှရှင်းပြတယ်။ 




(ဆရာထိုက်(ဓူဝံ)နဲ့ဆရာမိုးတို့ အာလူးလက်ဘက်ရည်အတူသောက်ရင်း)
အဲဒါပြီးတော့မဲဆောက်ကနေအားချင်းပြန်လာနေတဲ့ဆရာထိုက်(ဓူဝံ)နဲ့ ၃၅ကီလိုမီတာ(တရားဝင်အမည်-ဆီကိုထိုင်းရွာ)ကအာလူးလက်ရည်ဆိုင်မှာတွေ့ ကြတယ်။ ဆိုင်ရှင်အာလူးတော့မရှိဘူး။အာလူးမရှိတော့သူ့ မိန်းမ၀က်မက *ဆရာတို့ လာပါ၊သောက်ပါပေါ့။* လက်ဘက်ရည်သောက်ရင်းနဲ့ ချောင့်ခက်မြို့ နယ်ခွဲထဲကကလေးတွေအကြောင်း၊ မြန်မာရွှေ့ ပြောင်း
လုပ်သားတွေအကြောင်း၊အမှုအချို့ အကြောင်းပြောကြတယ်။ 


ဒါပဲလေ။ဆင်သွားရင်လမ်းဖြစ်တယ်ဆိုတာပေါ့။လမ်းဖြစ်အောင်သွားနိုင်ဖို့ ကမိမိမှာ ပထ၀ီ၊လူမှုဆက်ဆံရေး၊အချိန် နဲ့ အမျှပိုင်းခြားသိနားလည်မှု..စသဖြင့် တစုံတရာကျွမ်းကျင်ရမယ်မဟုတ်ပါလား။ 


>>>>>>>>>>>>>>>>>>>>>>&gt

;>>>>>>>>>>>>

 +သောင်ရင်းနဂါး+

Read More...

==သမီးခွေးမလေးမာစီကွယ်လွန်တာ၁၄ရက်ရှိပေမယ့် သူ့ ပုံရိပ်က ကျနော်တို့ မိသားစုမှာထင်ကျန်နေဆဲပါ==

**အင်္ဂလန်မှာ၊ဂျပန်မှာ၊မြန်မာနိုင်ငံကလောမှာခွေါ်ရုပ်ဘူတာရှိတာအလကား မဟုတ်ဘူး။** ပြီးခဲ့တဲ့နိဝင်ဘာလ၁၃ရက်နေ့ ညနေ၅နာရီမှာဆရာမိုးဘန်ကောက်ကပြန်အလာကို
 စောင့်မျှော်ရင်းနဲ့ ခွေခွေလေးမှိန်းနေရင်းဆရာမိုးတို့ မဲဆောက်ကအိမ်လှေကား ရင်းမှာအသက်ထွက်သွားတဲ့သမီးခွေးမလေးမာစီကွယ်လွန်တာဟာဒီနေ့ ဆိုရင်၁၄ရက် ရှိပါပြီ။ မြန်မာရွှေ့ ပြောင်းအလုပ်သမားရေးရာနဲ့ မြန်မာပြည်နဲ့ ထိုင်းနိုင်ငံမြို့ တွေကို ခရီးအထွက်များနေတဲု့ဆရာမိုးဟာသူ မကိုတားဆေးထိုးပေးထားတာမို့  သူမအသက်၃နှစ်ခွဲရှိပေမယ့်ကလေးမမွေးပါဘူးး။ အပျိုကြီးခွေးမလေးပါပဲ။


ဆရာမိုးတို့ အိမ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့နေ့ သစ်အလကကျောင်းစတဲ့နေရာ၂ခုက လွဲရင်သူမဘယ်မှမသွားပဲနဲ့ အင်မတန်အိမ်မြဲတဲ့၊လူတွေကိုလည်းမကိုက်တတ် တာကြောင့်သူမကိုဘေးပတ်ဝန်းကျင်ကလည်းချစ်ကြပါတယ်။ သို့ ပေမယ့်မြန်မာရွှေ့ ပြောင်းအလုပ်သမားခွေးပဲဆိုပြီးတန်ဖိုးမထားတတ်တဲ့ အိမ်နီးချင်း(ယ)အိမ်ကအရိုးမှာအဆိပ်သုတ်ပြီးကျွေးခဲ့တာမို့ အင်မတန် ချစ်စရာကောင်းတဲ့အနက်ရောင်ကြားအဖြူရောင်စပ်ထားတဲ့သမီးခွေးမလေးမာစီ
ကွယ်လွန်ရတာပါဗျာ။

 ဒီနေ့ ဆိုရင်ဆရာမိုးရဲ့၂နှစ်သားငယ်ကတောင်သူ့ ကစားဖော်မာစီကို မပီကလာပီကလာနဲ့**ကြာခြည်...ကျိတော့ဘူး။ကြာခြည်သေပြီ**ဆိုပြီး ဆရာမိုးအမှတ်တရဂါထာရွတ်၊အမွှေးတိုင်၊ဖယောင်းတိုင်ထွန်းတာကို ဘေးကနေပြောလည်းပြောကူညီလည်း
လုပ်ပေးခဲ့ပါတယ်။

 တသက်တာခွဲခွာရပါပြီသမီးရေ။ ဘယ်လိုပဲခွဲခွာရပေမယ့်အဖေတို့ ကမိသားစုထဲကခဏတာခရီးထွက်ခွာသွားသူ တစ်ယောက်လိုပြန်လာနိုးနိုးနဲ့ အခုလိုဆောင်းအိပ်မက်မှာတောင်လှမ်းခေါုါ်နေ တာပါသမီးရယ်။


+ဒီလူ့ ကြယ်+

Read More...

Wednesday, November 26, 2014

==ကာတွန်းဟာသ(တောင်တန်းဒေသနဲ့ မြေပြန့် ဒေသတပြေးညီဖြစ်အောင်လို့ )==


Read More...

==လူထုကျန်းမာရေး(နားသန့်ရှင်းရေး လုပ်ရန် သိထားသင့်သော အချက် (၇) ချက်)==

**Public Health**

 မိခင် အတော်များများက မိမိတို့၏ သားသမီးများကို မကြာခဏ နားသန့်ရှင်းရေး လုပ်ဆောင်ပေးသည်ကို မြင်ဖူး၊ ကြုံဖူးကြပေမည်။ ထိုနားသန့်ရှင်းရေးကို ဘာကြောင့် လုပ်ဆောင်ရသည်၊ နားကိုမည်သို့ သန့်ရှင်းအောင် လုပ်ရမည်ကို သိထားသင့်သည်။

 (၁) နားသန့်ရှင်းရေး ဘာကြောင့်လုပ်ရသလဲ။ - နားမသန့်ရှင်းသူသည် မိမိကိုယ်ကိုယ် ညစ်ပတ်သူအဖြစ် ပေါ်လွင် ထင်ရှားစေသည်။ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုမစိုက်သူဖြစ်သည်။

 (၂) နားသန့်ရှင်းရေး လုပ်ရန် ဘယ်သူတွေ လိုအပ်သလဲ။ - နား၏ အပြင်ပိုင်းကို သန့်ရှင်းရေး လုပ်မည်ဆိုပါက ကျွမ်းကျင် ပညာရှင်များ မလိုအပ်ဘဲ မိသားစုဝင် အချင်းချင်း ကူညီပေးစွမ်း နိုင်သည်။ သို့သော် နား၏ အတွင်းပိုင်းကို သန့်ရှင်းရေး လုပ်မည်ဆိုပါက အန္တရာယ် ရှိသည့်အတွက် ကျွမ်းကျင်သူများနှင့် ပြသ လုပ်ဆောင်သင့်သည်။

 (၃) နားသန့်ရှင်းရေးကို ဘယ်အချိန် လုပ်သင့်သလဲ။ - နား၏ အရေပြားလေးများသည် ရေချိုးပြီးချိန်တွင် နူးညံ့နေချိန် ဖြစ်သောကြောင့် သန့်ရှင်းရေး လုပ်ရန် ကောင်းသောအချိန် ဖြစ်သည်။ သို့သော်ရေချိုးချိန် မဟုတ်သော်လည်း ရေနွေးဖြင့် နားသန့်ရှင်းရေး လုပ်ဆောင်နိုင်သကဲ့သို့ ရေကူးပြီးချိန် များတွင်လည်း ပြုလုပ်နိုင်သည်။ အနည်းဆုံး တစ်နေ့ တစ်ကြိမ် သန့်ရှင်းသင့်ပေသည်။

(၄) နား၏ အရေးကြီးဆုံး အန္တရာယ်က ဘာလဲ။ - နား၏ အပြင်ပိုင်းကို သန့်ရှင်းရေး လုပ်နေရင်း သတိမထားမိဘဲ နားအတွင်းပိုင်းကို ထိခိုက်မိပါက နားမကြားတော့သည် အထိဖြစ်နိုင်သည်။

 (၅) နားသန့်ရှင်းရေး လုပ်ဆောင်ရာတွင် မည်သို့ အသုံးပြု လုပ်ဆောင်ရမလဲ။ - နားသန့်ရှင်းရေး လုပ်ဆောင်ရာတွင် ဝါဂွမ်း အဖုလုံးများပါသော နားကျပ်တံဖြင့် ပြုလုပ်သင့်သည်။ နားအတွင်းရှိ အလွှာလေးများ မထိခိုက်မိစေရန် သတိထားရမည်။
မှတ်ချက်။ ။ မာကျောသောအရာ သော့၊ နားဖာချေး ကလော်တံ များဖြင့် သန့်ရှင်းရေး မလုပ်သင့်။ 

 (၆) နားထဲရေဝင်ရင် ဘယ်လိုလုပ်ရမလဲ။ - နားထဲ ရေဝင်ပါက ရေထဲက ဗက်တီးရီးယားပိုးများ ပါလာနိုင်သောကြောင့် နားဒုက္ခ ပေးနိုင်သည်။ နားထဲရေဝင် က ခေါင်းအနည်းငယ် စောင်း ၍ ရေထုတ်ပစ်ရမည်။

 (၇) နားကို အလွန်အကျွံ သန့်ရှင်းရေးလုပ်ပါက ဘာတွေ ဖြစ်နိုင်သလဲ။ - နားသန့်ရှင်းရေးကို လိုအပ်သည်ထက် ပို၍ လုပ်ဆောင်ခဲ့ပါက နားကျန်းမာရေးနှင့် ပတ်သက်သည့် နားပြည်ယိုခြင်း၊အကြားအာရုံ ချို့တဲ့ခြင်းနှင့် နားအတွင်း အရေပြား ပျက်စီးခြင်းများ ဖြစ်ပွားနိုင်သောကြောင့် နားသန့်ရှင်းရေး လုပ်ဆောင် မည်ဆိုပါက အထက်ပါ အချက် (၇)ချက်ကို သိထားသင့်ကြောင်း ရေးသား ဖော်ပြလိုက် ရပါသည်။ ။

 Ref--Myawady Health

Read More...

Tuesday, November 25, 2014

==လုပ်အားခမရသဖြင့်ထိုင်းအလုပ်သမားရုံးထံတိုင်ကြားခဲ့သော မဲဆောက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား၄၈ဦး လုပ်အားခထက်ဝက်ပြန်ရပြီ==

+(နိဝင်ဘာလ၂၅ရက်၊၂၀၁၄-သောင်ရင်းနဂါး)+

လုပ်အားခမရသဖြင့်ထိုင်းအလုပ်သမားရုံးထံတိုင်ကြားခဲ့သော မဲဆောက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းကမြန်မာလုပ်သား၄၈ဦးတို့ သည် လုပ်အားခထက်ဝက်ပြန်ရကြပြီဖြစ်သည်။

ဤမြန်မာလုပ်သား၄၈ဦးကိုလုပ်အားခပြန်ပေးရန်ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိဦးသိမ်းနိုင်ကိုယ်တိုင်KN CHIAN MAI construction Co,ltd အားလည်းကောင်း၊ထိုင်းအလုပ်သမားဝန်ကြီးဌာနရုံးချုပ်မှတဆင့်လည်းကောင်း ဆက်သွယ်ကြိုးပမ်းပေးခဲ့ခြင်းဖြစ်ပြီးယင်း၏ကိုယ်စားဦးမိုးကြိုး(JACBAနှင့်MMNT) ကအောက်ခြေကွင်းဆင်းဆောင်ရွက်မှုများနှင့်ထိုင်းဥပဒေပါအခွင့်အရေးများအတိုင်း တောင်းဆိုတတ်ရန် သင်ကြားပေးခြင်းတို့ ကိုဟန်ချက်ညီညီဆောင်ရွက်ခဲ့ကြခြင်းဖြစ်၏။

ယင်းတို့ ၏ကျန်သောလုပ်အားခထက်ဝက်ပြန်ရရေးအတွက်မှာမူတိမ်းရှောင်နေ သောဆပ်ကန်ထရိုက်
*မစ်*ဆိုသူ၏ တာဝန်သာဖြစ်ကြောင်းKN CHIAN MAI construction Co,ltdမှပြန်လည်ပြောဆိုကြောင်း၊ဤအမှုကို အစမှစပြီးပြန်လည် တရားစွဲရမည်ဖြစ်သဖြင့်မြန်မာလုပ်သား၄၈ဦးသည်ပိုက်ဆံယူပြီးလူကွဲသွားကြပြီ ဖြစ်ကြောင်း၊ပြန်စုရန်
မလွယ်သော်လည်းရသမျှပြန်စုကာတရားရင်ဆိုင်ကြရမည်ဟု ယမန်နေ့ ကထိုင်းအလုပ်သမားဝန်ကြီးဌာန မဲဆောက်ခရိုင်ခွဲရုံးသို့ ဤအမှုနှင့်ပတ်သက်ပြီးအကျိုးအကြောင်းမေးမြန်းခဲ့သော ဦးမိုးကြိုးအားအလှည့်ကျတာဝန်ခံအရာရှိ-နန်းစောင်တန်းထင်န်ကရှင်းပြခဲ့သည်။.
၄၈ဦးတို့ ၏လုပ်အားခထက်ဝက်ပြန်ရမှုမှာစုစုပေါင်း(၈၅၁၃၅)ဘတ်ဖြစ်၏။

Read More...

Monday, November 24, 2014

==ဘိုင်ယန် နဲ့  ရီးရဲ တို့ ပျော်ရဦးမယ့်အုပ်စုပွဲစဉ်(၅)==



ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၅)ကို နိုဝင်ဘာ ၂၆ ရက်မှာ ဆက်လက် ကစားတဲ့ အခါ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်ပွဲက ပွဲကောင်းအဖြစ်မြင်တွေ့ ရမှာ ဖြစ်သလို ဘေဆယ်နဲ့  ရီးရဲမက်ဒရစ်ပွဲကလည်း စူးရှတဲ့ ရသကိုပေးစွမ်းဦးမှာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ရင်ခုန်စရာညချမ်းကို ဖြတ်သန်းရမှာတော့ အသေအချာပါပဲ။

**မန် စီးတီးနှ င့် ဘို င် ယန် မြူးနစ်**

 အုပ်စု (E) မှာ နောက်တစ်ဆင့် တက်ခဲ့ ပြီဖြစ်တဲ့  ဘိုင်ယန်မြူးနစ်အတွက် ကတော့ ဖိအားကင်းကင်းနဲ့ကစားမယ့်ပွဲပါ။ အုပ်စုပွဲစဉ်လေးပွဲကစားပြီးချိန် မှာ နိုင်ပွဲတစ်ပွဲမှ မရသေးတဲ့  မန်စီးတီးအတွက်ကတော့ ဒီပွဲဟာ မဖြစ်မနေ အနိုင်ကစားဖို့ရှိနေပါတယ်။ ပထမအကျော့အိမ်ကွင်းမှာ တစ်ဂိုးဂိုးမရှိနဲ့  နိုင်ထားတဲ့  ဘိုင်ယန်မြူးနစ်ဟာ ဂုဏ်သိက်္ခာအရ မန်စီးတီးကို လျှော့ကစား မှာတော့ မဟုတ်ပါဘူး။

**CSKAမာ် စကို နှင့် ရိုးမား**

 နှစ်သင်းစလုံးနောက်တစ်ဆင့် တက်ဖို့  အပြိုင်အားထုတ်ကြမယ့် ပွဲ ဖြစ်ပါ တယ်။ အုပ်စု (E ) မှာ လေးမှတ်စီရရှိထားတဲ့  ဒီနှစ်သင်းဟာနိုင်တဲ့ အသင်း ခြေစစ်ပွဲအောင်မှာမို့  ပြိုင်ဆိုင်မှုပြင်းထန်ပါလိမ့် မယ်။ တိုက်စစ်၊ ခံစစ်ဟန်ချက် ညီနေတဲ့  ဒီနှစ်သင်းဟာ ပွဲချိန်ပြည့် အကြိတ်အနယ်ကစားပြီး နောက်တစ်ဆင့်  တက်ရေးကြိုးစားပေမယ့်  ဒီပွဲမှာ ရိုးမားကို နှစ်သက်မိတာအမှန်ပါပဲ။

** ဘေဆယ် နှ င့် ရီးရဲ မက် ဒရစ် **

အုပ်စု (B)မှာ နောက်တစ်ဆင့် တက်သွားပြီဖြစ်တဲ့  ရီးရဲမက်ဒရစ်ဟာ ဒီပွဲမှာ ဘေဆယ်ကိုအားထည့် ကစားမှာတော့မဟုတ်ပါဘူး။ ဘေဆယ်အတွက် ကတော့ ဒီပွဲရလဒ်က နောက်တစ်ဆင့် တက်ရေးအရေးပါတာမို့ အိမ်ကွင်း သေသေချာချာ ပြင်ဆင်ကစားပါလိမ့် မယ်၊ ဘေဆယ်ကအနိမ့်ဆုံးတစ်မှတ်ရ

 အောင်ကစားပြီးနောက်တစ်ဆင့်  တက်ပါလိမ့် မယ်။

** လေဗာကူဆင် နှင့် မိုနာကို **

အုပ်စု (D) မှာ လေဗာကူဆင်တို့ တစ်မှတ်ရတာနဲ့ အုပ်စုပထမနေရာက နောက်တစ်ဆင့် တက်မှာဖြစ်လို့  ခြေကုန်ထုတ်ပါလိမ့် မယ်။ မိုနာကိုတို့ က လည်း အမှတ်ရမှဖြစ်မယ့် အနေအထားမို့ လေဗာကူဆင်ကို အပြင်းအထန် ခုခံကာကွယ်ပြီး အမှတ်ရဖို့ ကြိုးစားမှာပါ။ ဒီပွဲဟာ နှစ်သင်းစလုံးအမှတ်ခွဲ ယူရမယ့်  အခြေအနေရှိပါတယ်။

**ဇင်းနစ် နှင့် ဘင် ဖီ ကာ **

ပထမအကျော့မှာ ဇင်းနစ်တို့နှစ်ဂိုးပြတ်အနိုင်ရထားပါတယ်။ ဘင်ဖီ ကာတို့ဟာ ခြေစွမ်းပြန်ကောင်းလာတာဖြစ်လို့  ဇင်းနစ်တို့  သတိထားရ မယ့် ပွဲပါ။ တစ်မှတ်ရရင်တောင် နောက်တစ်ဆင့် တက်ဖို့  မမျှော်လင့်နိုင်တဲ့  အနေအထားမို့  လေးမှတ်စီတူညီနေတဲ့  ဒီနှစ်သင်းဟာ အနိုင်ရလဒ်ကို ရယူ ဖို့  အပြိုင်ကြိုးစားကြပါလိမ့်မယ်။

+ မိုးမြင့်  လင်းလက်+

Read More...

==ကာတွန်းဟာသ(ငါချမ်းသာအောင်လုပ်နေတာအများအတွက်တဲ့)==



Read More...

==လူထုကျန်းမာရေး(ဟင်းနုနွယ်ရွက်၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး)==

**Public Health**

ဟင်းနုနွယ် ရွက်ကို အလွယ်တကူ ဝယ်လို့ရ သလို ဈေးလည်း သက်သာ တာကြောင့် လူတိုင်း လိုလို စားနိုင် ကြပါတယ်။ လူတွေ အများ အားဖြင့် စားလေ့ ရှိကြတဲ့ ဟင်းနုနွယ် ရွက်မှာ ဘယ်လို ကျန်းမာရေး အကျိုး ကျေးဇူးတွေ ပါဝင်တယ် ဆိုတာကို ရေးသား လိုက်ရ ပါတယ်။

 (၁) အစာကြေစေခြင်း ။

 ဟင်းနုနွယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ စားသုံးသင့်တဲ့ အမျှင်ဓာတ်ပမာဏ ၂၀ ရာခိုင်နှုန်း နီးပါး ပါဝင်ပါတယ်။ ဒါကြောင့် အစာကြေစေပြီး ဝမ်းချုပ်တာကို ကာကွယ် ပေးပါတယ်။ ဒါ့အပြင် သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပြီး အစာကို အလွန်အကျွံ မစားမိစေပါဘူး။

 (၂) ကင်ဆာကို ကာကွယ်ခြင်း ။

 ဟင်းနုနွယ်ရွက်မှာ များစွာ ပါဝင်တဲ့ ဖလေဗိုးနွိုက် တွေဟာ ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်တာကြောင့် အစာအိမ်နဲ့ အရေပြား ကင်ဆာဆဲလ်တွေ ပွားများမှုကို နှေးကွေး စေပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်ရွက်ဟာ ဆီးကျိတ်ကင်ဆာ အဆင့်မြင့်တက်မှု မဖြစ်အောင် သိသိ သာသာ ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။


(၃) ရောင်ရမ်းမှု လျော့ကျစေခြင်း ။

ဟင်းနုနွယ်ရွက်မှာပါတဲ့ Neoxanthin နဲ့ Violaxanthin တွေက ရောင်ရမ်းမှု လျော့ကျစေတဲ့ ဓာတ်တွေ ဖြစ်ကြပြီး ကိုယ်တွင်း ရောင်ရမ်းမှုကို သိသိသာ လျော့ကျ စေပါတယ်။


 (၄) အင်တီအောက်ဆီးဒင့်အစွမ်း ပေးနိုင်ခြင်း ။

ဟင်းနုနွယ်ရွက် မှာပါတဲ့ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနိစ်၊ ဇင့် (သွပ်) နဲ့ ဆီလီနီယမ်တို့ဟာ အစွမ်းထက် အင်တီအောက် ဆီးဒင့်တွေ ဖြစ်ကြပြီး အရိုးပါးရောဂါ၊ သွေးကြော ကျဉ်းရောဂါနဲ့ သွေးတိုး တာတို့ကို သက်သာ စေပါတယ်။

 (၅) သွေးတိုးကျစေခြင်း ။

ဟင်းနုနွယ်ရွက်ထဲက ပပ်တိုက်တွေဟာ angiotensin I-converting enzyme ကို တားဆီး ပေးတာကြောင့် သွေးတိုးကို လျော့ကျစေပါတယ်။

 (၆) အမြင်အာရုံ ကောင်းစေခြင်း ။

ဟင်းနုနွယ်ရွက်ထဲမှာ လူတင်နဲ့ ဇီဇန်သင်းဆိုတဲ့ အင်တီအောက်ဆီး နှစ်မျိုးစလုံး များစွာ ပါဝင် နေတာကြောင့် အတွင်းတိမ် ရောဂါနဲ့ အသက်ကြီးချိန်မှာဖြစ်တဲ့ မက်ကူလာ ယိုယွင်း ပျက်စီးမှုတို့ မဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။
(၇) ကိုယ်ခံစွမ်းအား ကောင်းစေခြင်း ။

ဟင်းနုနွယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ၃၃၇ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် လူ့ခန္ဓာကိုယ်ရဲ့ အဝင်ဝနေရာတွေဖြစ်တဲ့ အမြှေးပါး၊ အသက်ရှူ လမ်းကြောင်း စနစ်၊ ဆီးလမ်း ကြောင်းနဲ့ အူလမ်းကြောင်း စနစ်တို့ကို အားကောင်း သန်စွမ်းစေပါတယ်။ ဒါ့အပြင် သွေးဖြူဥ တွေမှာ လည်း အဓိက ပါဝင်တာကြောင့် ကူးစက်ပိုး တွေကို တွန်းလှန် ပေးနိုင်ပါတယ်။

(၈) အရေပြား ကျန်းမာစေခြင်း ။


ဟင်းနုနွယ်ရွက်မှာပါတဲ့ ဗီတာမင်အေဟာ အရေပြားမှာ အစိုဓာတ်ကို ထိန်းပေးတာကြောင့် ဆိုးရီးယေး စစ်ရောဂါ၊ ဝက်ခြံနဲ့ အရေးကြောင်း ဖြစ်တာတွေကို တွန်းလှန်ပေးကာ အရေပြားကို ကျန်းမာစေပါတယ်။

 (၉) အရိုးသိပ်သည်းဆ ကောင်းစေခြင်း ။

 ပြုတ်ထားတဲ့ ဟင်းနုနွယ် တစ်ခွက်စာ ပမာဏမှာ ဗီတာမင်ကေ တစ်နေ့တာ လိုအပ်တဲ့ ပမာဏ ၁၀၀၀ ရာခိုင်နှုန်း ကျော် ပါဝင်တာကြောင့် အရိုး တည်ဆောက်မှု အားကောင်း စေပါတယ်။

 (၁၀) ဦးနှောက်နှင့် နာ့ဗ်ကြောစနစ် လုပ်ငန်းဆောင်တာကို ကောင်းစေခြင်း ။

ဟင်းနုနွယ်ရွက်မှာ များစွာပါဝင်တဲ့ ဗီတာမင်ကေဟာ နာ့ဗ်ကြော တစ်ဝိုက်က အဆီပြင် (Sphingolipids) တည်ဆောက် မှုအတွက် မရှိမဖြစ် အစိတ်အပိုင်းဖြစ်တာကြောင့် နာ့ဗ်ကြော စနစ်နဲ့ ဦးနှောက် လုပ်ငန်း ဆောင်တာ တွေကို ကျန်းမာ စေပါတယ်။

+မြ၀တီ+

Read More...

Sunday, November 23, 2014

== မက်ဆီကို ဥရောပထိပ်ဆုံးအသင်း တွေထဲကဘယ်အသင်းဝယ်နိုင်မလဲ==



စပိန်လာလီဂါကလပ် ဘာစီလိုနာ အသင်းက ဘောလုံးမှော်ပညာရှင် မက်ဆီကို ဥရောပရဲ့  ထိပ်ဆုံးအသင်း တွေဖြစ်တဲ့  ဘိုင်ယန်မြူးနစ်၊ ချယ်လ် ဆီး၊ ပီအက်စ်ဂျီနဲ့  ရီးယဲလ်မက်ဒရစ် အသင်းတွေက ခေါ်ယူဖို့  ဆန်္ဒရှိချိန်မှာ အနာဂတ်ရဲ့  အကြောင်းတစ်စုံ တစ်ခု ကြောင့်  ယခုတစ်ပတ်ထဲမှာပဲ မက်ဆီ အနေနဲ့  နျူးကမ့်ကို စွန့် ခွာမယ်ဆိုတဲ့  သတင်းတွေ ထွက်ပေါ်လာခဲ့ ပါတယ်။

 အဲဒါနဲ့  ပတ်သက်ပြီးတော့ စပိန် ဘောလုံးသတင်းရေးသူတစ်ဦးဖြစ်တဲ့  ဘန်ဟေးဝက်ဒ်က ““မက်ဆီဟာ သမိုင်းသစ်တစ်ရပ်ကို ရေးထိုးနိုင်သူ ပါ။ ဒါပေမယ့်  အခုကစားနေတဲ့  ဘာစီလိုနာကနေ အခြားအသင်းကို ပြောင်းမယ်လို့  အခုတစ်ပတ်ထဲမှာပဲ သတင်းထွက်လာပါတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် မက်ဆီ ဘာစီလိုနာကနေ ထွက်ခဲ့ ရင် ခေါ်ယူမယ့်  အသင်းတွေက အများကြီးပါ။ ဥရောပထိပ်သီးကလပ် တွေတင်မကပဲ အာရှက တရုတ်စူပါ ကလပ်အသင်း တစ်သင်းကလည်း ခေါ်ယူဖို့  စိတ်ဝင်စားနေပါတယ်။ ပြောင်းရွှေ့ ကြေး ယူရို သန်း ၂၅၀ နဲ့  တောင် ၀ယ်မယ်လို့  စီစဉ်နေပါတယ်။ ဒါပေမယ့်  မက်ဆီအနေနဲ့ကတော့ ဥရောပမှာပဲ ဆက်ကစားမယ်လို့  အတိအလင်းပြောထားပါတယ်””ဟု ပြောကြားခဲ့ သည်။


မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့  အတူ ၂၀၀၈ ကနေ ၂၀၁၂ အတွင်း မှာ ဖလား ၁၉ လုံးအထိ ရယူပေး ထားနိုင်ခဲ့ ပါတယ်။ လက်ရှိအချိန်မှာ လည်း သူရဲ့ ကောင်းမွန်တဲ့  ခြေစွမ်း ကြောင့်  ကမ်္ဘာ့အကောင်းဆုံးကစား သမားဆုကို လေးကြိမ်အထိ ရယူ ဆွတ်ခူးထားနိုင်ခဲ့ ပါတယ်။ ဒါ့ကြောင့်  ဒီလိုခြေစွမ်းကောင်းရှိပြီး ဈေးကြီးပေး ၀ယ်ရမယ့် ကစားသမားမျိုးကို ဥရောပထိပ်သီး အသင်းတွေဖြစ်တဲ့  ဘိုင်ယန်မြူးနစ်၊ ချယ်လ်ဆီး၊ ပီအက်စ်ဂျီနဲ့  ရီးယဲလ်မက်ဒရစ်တို့ ထဲ ကနေ ဘယ်အသင်းဝယ်ယူနိုင်မလဲ ဆိုတာ စပိန်ဘောလုံးသတင်းရေးသား သူ ဘန်ဟေးဝက်ဒ်က မေးခွန်းထုတ်ခဲ့  ခြင်းပဲဖြစ်ပါတယ်။


+ငွေကြယ်+

Read More...

==ချယ်လ်ဆီး နဲ့ ဘာစီတို့ ကိုအားပေးကြရမယ့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၅)==



ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၅)ကို နိုဝင်ဘာ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ် ပါတယ်။ ဒီပွဲစဉ်တွေမှာ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ ချယ်လ်ဆီးတို့ ရဲ့  စွမ်းဆောင်မှုတွေဟာ ဘယ်လောက်အထိမြင့်မား တယ်ဆိုတာမြင်တွေ့ ရဦးမှာ ဖြစ်ပါတယ်။

** ရှော် လ် ကေးနှင့်  ချယ် လ် ဆီး**

 ရှော်လ်ကေးနဲ့ ဆုံတိုင်း ချယ်လ်ဆီးတို့ နိုင်ပွဲ ရနေကျဖြစ်တာမို့ အခုပွဲမှာလည်း မှတ်တမ်း ကောင်းဆက်လက်ရေးထိုးနိုင်မလား ကြည့်ရမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ ဒီနှစ်မှာလည်း ဖလားစုံမျှော်မှန်းနေတဲ့ အတွက် အင်အားပြည့်  ထုတ်သုံးပြီး အနိုင်ရရေးပဲ ဦးတည်မှာဖြစ်ပါတယ်။ ရှော်လ်ကေးဟာ အိမ်ကွင်းမှာကစားရပေမယ့် အမြင့် ဆုံးမျှော်မှန်းနိုင်တာက သရေပါပဲ။

**အာပိုးလ် နှင့်  ဘာစီ လိုနာ **

ဒီပွဲမှာအာပိုးလ်ရဲ့  ခြေကုန်ထုတ်မှုကို ပြသမယ့်  ပွဲဖြစ်ပါတယ်။ ဘာစီလိုနာဟာ နောက်တစ်ဆင့် တက် ရောက်သွားပြီဖြစ်လို့ အခုပွဲမှာ အပြည့်အ၀ အားစိုက်မှာတော့ မဟုတ်ပါဘူး၊ အာပိုးလ်တို့က တော့ ဘာစီလိုနာကိုဂိုးမပြတ်အောင်ကစားပြီး သရေကျရင်ပဲ ကျေနပ်ပျော်ရွှင်ရမယ့်အနေအထား ဖြစ်ပါတယ်။

**ပီ အက် စ် ဂျီနှင့်  အေဂျက် စ်**

 ပထမအကျော့တစ်ဂိုးစီ သရေပွဲဖြစ်ထားတာမို့  အခုပွဲကနှစ်သင်းစလုံး အားထည့် ကစားပါလိမ့် မယ်။ ပီအက်စ်ဂျီဟာ အိမ်ကွင်းမှာစွမ်းဆောင်မှုအား မြင့်မားတာမို့  အေဂျက်ဇ်တို့  သိပ်တော့မလွယ်ပါဘူး၊ အေဂျက်ဇ်ဟာ ဒီပွဲမှာအမာခံကစားသမားတွေ ထုတ်သုံးဖို့ ရှိပေမယ့်  အနိုင်ရလဒ်ကိုတော့မျှော်မှန်း လို့  မရနိုင်ပါဘူး။

  **စပို့ တင်းနှင့်  မာရီဘော**

 ဒီနှစ်သင်းလည်း ပထမအကျော့မှာ တစ်ဂိုးစီ သရေပွဲဖြစ်ထားတာမို့  အခုပွဲမှာ အိမ်ရှင်တို့ ပြတ် သားတဲ့  ရလဒ်ကိုပုံဖော်ပါလိမ့်မယ်။ မာရီဘောတို့  ကတော့ အဝေးကွင်းမှာ ခြေစွမ်းကျဆင်းတတ် တာမို့  စပို့ တင်းကိုခက်ခက်ခဲခဲရင်ဆိုင်ရဖို့  ရှိနေ ပါတယ်။ မာရီဘောဟာ ချယ်လ်ဆီးကိုအိမ်ကွင်းမှာ သရေပွဲကစားထားနိုင်ပေမယ့်  အခုပွဲအဝေးကွင်း မှာတော့ တစ်မှတ်ရရင် ကံကောင်းတယ်လို့ မှတ်ယူ ရမှာ ဖြစ်ပါတယ်။

 **ရှက် တာဒိုးနက် နှ င့်  ဘီလ် ဘာအို **

ပထမအကျော့မှာ ဂိုးမရှိသရေပွဲဖြစ်ထားတဲ့ အတွက် ရှက်တာဒိုးနက်တို့  အခုပွဲမှာအနိုင်ရ အောင် ကြိုးစားတော့မှာဖြစ်ပါတယ်။ ရှက်တာ ဒိုးနက်ဟာ အိမ်ကွင်းမှာခြေပေါ်တတ်ပြီး ပြတ် သားတဲ့ ရလဒ်ကိုလည်း ပုံဖော်နိုင်တာမို့  အခုပွဲမှာ ဘီလ်ဘာအိုတို့  နိုင်ပွဲမျှော်မှန်းလို့ တော့မရနိုင် ပါဘူး၊ ဘီလ်ဘာအိုတို့  အုပ်စုပွဲစဉ်လေးပွဲကစား ပြီးချိန်အထိ နိုင်ပွဲတစ်ပွဲမှ မရသေးတာမို့  အခုပွဲစဉ် မှာလည်း ရလဒ်ကောင်းကိုပိုင်ဆိုင်နိုင်ဖို့  မလွယ် ကူတာတော့ အမှန်ပါပဲ။

+ မိုးမြင့် လင်းလက်+

Read More...

==ကာတွန်းဟာသ(ဘာထူးခြားလဲဆိုတော့ကာ)==


Read More...

==လူထုကျန်းမာရေး(ဩဇာသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ)==

--Public Health**

ကမ္ဘာ တစ်ဝန်းလုံးမှာ ပေါက်ရောက်နေတဲ့ ချိုတဲ့ သစ်သီးဖြစ်တဲ့ ဩဇာသီးဟာ အရသာရှိသလို ဆေးဖက်ဝင်တဲ့ အစွမ်းလည်း အများအပြား ရှိပါတယ်။

(၁) အစာမကြေ ဝေဒနာကို သက်သာစေပါတယ်။

 ဩဇာသီးဟာ အစာမကြေတာ၊ ရင်ပည့်ရင်ကယ်တာ စတဲ့ ဝေဒနာတွေကို သက်သာ စေပါတယ်။

 (၂) ဝမ်းပျက် ဝမ်းလျှောတာနဲ့ ဝမ်းကိုက်တာကို သက်သာ စေပါတယ်။

 ဩဇာသီးမှာ ကြေးနီဓာတ် ပါဝင်တာကြောင့် ဝမ်းချုပ်ခြင်း ကင်းဝေးစေပြီး ဝမ်းပျက် ဝမ်းလျှောတာနဲ့ ဝမ်းကိုက်တာ တို့ကိုလည်း သက်သာ စေပါတယ်။

 (၃) အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်။

ဗီတာမင်စီ အများအပြား ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိ ရှိကာ ကိုယ်ခန္ဓာ တွင်းရှိ ဖရီးရယ် ဒီကယ်တွေကို တွန်းလှန် ပေးနိုင်ပါတယ်။

(၄) အသားအရေနဲ့ ဆံကေသာကို ကျန်းမာစေပါတယ်။

 ဩဇာသီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အသားအရေနဲ့ ဆံကေသာ ကို ကျန်းမာ စေပါတယ်။

(၅) နှလုံးကျန်းမာစေပါတယ်။

 ဩဇာသီးမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှုများတာကြောင့် နှလုံးရောဂါ မဖြစ်အောင် အကာအကွယ် ပေးပါတယ်။ ကြွက်သား အားနည်း မှုကို သက်သာစေတဲ့အတွက် ပင်ပန်း နွမ်းနယ်မှု ကင်းစေပါတယ်။

 (၆) အဆစ်ကို ကျန်းမာစေပါတယ်။

 ဩဇာသီးမှာ မဂ္ဂနီဆီယမ် များစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ဟန်ချက် ညီမျှစေပြီး အဆစ်တွေထဲက အက်စစ်ဖယ်ရှားရေးမှာ ပါဝင်ကူ ညီပါတယ်။ ဒါကြောင့် အဆစ် ရောင်နာတဲ့ လက္ခဏာ တွေကို လျော့ကျစေပါတယ်။

 (၇) အထွေထွေ ကျန်းမာရေး ကောင်းမွန်စေပါတယ်။


 ဩဇာသီးမှာ သိုင်ယာမင်း (B1) ၊ ဗီတာမင်အေ၊ ရိုင်ဘိုဖလေဗင် (B2) ၊ သ ဘာဝသကြား၊ နိုင်ယာစင်၊ ကာဗိုဟိုက်ဒ ရိတ်၊ သံဓာတ်၊ ပရိုတင်း၊ ဇင့်၊ မဂ္ဂနီဆီ ယမ်၊ ကြေးနီ၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်စီ၊ အမျှင်ဓာတ် စတာတွေပါဝင်တာကြောင့် အထွေထွေ ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။  

(၈) ပိုးသတ်အာနိသင်ရှိပါတယ်။

 ဩဇာသီးအစေ့မှာ ပိုးသတ်စေတဲ့ အာနိသင်ရှိပါတယ်။

 (၉) သရေစာအဖြစ် စားနိုင်ပါတယ်။

 ဩဇာသီးမှာ သဘာဝ သကြားဓာတ် ပါဝင်တာကြောင့် သရေစာနဲ့ အချိုပွဲ အနေနဲ့ စားသင့် ပါတယ်။ (၁၀) သွေးအားနည်းရောဂါကို သက်သာစေပါတယ်။ ဩဇာသီးမှာ သံဓာတ်ပါဝင်တာ ကြောင့် သွေးအားနည်း ရောဂါကုသမှုမှာ အသုံး ဝင်ပါတယ်။

+မြ၀တီ+

Read More...

Saturday, November 22, 2014

==အင်္ဂလန်ချန်ပီယံရှစ် ပွဲကောင်းတွေလာပြီဗျို့ ==



 အင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ်(၁၈)ကို နိုဝင်ဘာ ၂၂ ရက်ညပိုင်းမှာ ဆက်လက်ကစားမှာ ဖြစ်ပါ တယ်။ တန်းစီဇယားထိပ်ဆုံးက ဒါဘီဟာ အဝေး ကွင်းမှာ ၀က်ဖို့ ဒ်ကို ရင်ဆိုင်ရမှာဖြစ်တာကြောင့်  လွယ်ကူမှာမဟုတ်သလို တန်းစီဇယား ဒုတိယနေရာ က ဘုန်းမောက်တို့ လည်း ခြေစွာနေတဲ့  အစ်ဝစ်ခ်ျ နဲ့  ယှဉ်ပြိုင်နေမှာမို့  ပွဲကောင်းတွေအဖြစ် နွှဲကြရ ဦးမှာ ဖြစ်ပါတယ်။

 **၀က် ဖို့  ဒ် နှ င့် ဒါဘီ**

 နောက်ဆုံးတွေ့ ဆုံမှုမှာ ဒါဘီတို့ နိုင်ပွဲရရှိထား ပါတယ်။ ဒါဘီဟာ ဒီနှစ် အိမ်ကွင်းမှာ တစ်ပွဲသာ ရှုံးထားပေမယ့်  အဝေးကွင်းမှာ တိုက်စစ်စွမ်းရည် ကျဆင်းပြီး နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးထားပါတယ်။ ၀က်ဖို့ ဒ်တို့ ကတော့ ဒီနှစ် အိမ်ကွင်းရှုံးပွဲမရှိ ကစား ထားနိုင်တာမို့  ဒါဘီဟာ အမှတ်ပြည့် ရဖို့  ခဲယဉ်း ပါလိမ့် မယ်။

**ဘုန်းမောက် နှ င့် အစ် ၀ှစ် ခ်ျ **

အစ်ဝှစ်ခ်ျကွင်းမှာ ဒီနှစ်သင်း နှစ်ဂိုးစီသရေပွဲ ဖြစ်ခဲ့တဲ့အတွက် ဒီပွဲမှာ တိကျတဲ့ဆုံးဖြတ်မှုကို အပြိုင်ပုံဖော်ကြမှာ ဖြစ်ပါတယ်။ ဘုန်းမောက်ဟာ အိမ်ကွင်းမှာ ပုံမှန်ခြေစွမ်းရရှိအောင် ကြိုးစားနေ တာမို့  အဝေးကွင်းမှာ သရေပွဲများနေတဲ့  အစ်ဝှစ်ခ်ျ အတွက် ပင်ပန်းမယ့် ပွဲပါ။ ဒီပွဲမှာ ဘုန်းမောက်ကို ယုံကြည်ပေးရမှာ ဖြစ်ပါတယ်။

 **၀ီ ဂန် နှင့် မစ် ဒယ် ဘရော့ **

တန်းဆင်းဇုန်ထဲရောက်နေတဲ့  ၀ီဂန်ဟာ ဒီပွဲ ကို အမှတ်ရအောင်ကြိုးစားပါလိမ့် မယ်။ မစ်ဒယ် ဘရော့ဟာ ခြေစွမ်းကောင်းမွန်နေတာမို့  ၀ီဂန်တို့ သိပ်တော့မလွယ်ပါဘူး၊ ခံစစ်ပိုင်းတောင့်တင်းတဲ့ မစ်ဒယ်ဘရော့အမှတ်ရဖို့ တော့ အခွင့် အရေးများ နေတာ အမှန်ပါပဲ။

** ဘရန် ဖို့ဒ် နှင့်  ဖူလ် ဟမ် **

တိုက်စစ်မှူးတွေအားနည်းနေပေမယ့်  ရလဒ် ကောင်းအောင်စွမ်းဆောင်နိုင်နေတဲ့  ဘရန်ဖို့ ဒ်ဟာ ဖူလ်ဟမ်ကိုအနိုင်ယူဖို့  ကြိုးစားပါလိမ့် မယ်။ ဖူလ် ဟမ်ရဲ့  အဝေးကွင်းရလဒ်က ဆိုးရွားနေတာမို့  ဘရန်ဖို့ ဒ်ဟာ ဒီပွဲမှာအမှတ်ပြည့် ယူနိုင်မယ့်  အခြေ နေရှိပါတယ်။
**ကာဒစ် နှင့်  ရက် ဒင်း **

ကာဒစ်ရဲ့ အိမ်ကွင်းရလဒ်က ကောင်းမွန်နေပြီး ရက်ဒင်းရဲ့ အဝေးကွင်းအားထုတ်မှုက အားရစရာ မရှိပါဘူး။ ခံစစ်ပိုင်းအားနည်းချက်ရှိနေတဲ့  ရက်ဒင်း ဟာ ကာဒစ်ကို လူကုန်ထုတ်မှ ရပါလိမ့် မယ်။ ကာဒစ်တိုက်စစ်မှူးတွေကြောင့်  ဒီပွဲမှာအိမ်ရှင်တို့  အနိုင်ကိုမျှော်မှန်းနိုင်တဲ့ အနေအထားရှိပါတယ်။

 **ဘလက် ပူးနှ င့်  ဘော် လ် တန်**

 တန်းစီဇယား အောက်ဆုံးရောက်ရှိနေတဲ့ ဘလက်ပူးဟာ အိမ်ကွင်းရှစ်ပွဲမှာ တစ်ပွဲသာနိုင် ထားပါတယ်။ ဂိုးပေါက်လွဲနေတဲ့  တိုက်စစ်မှူးတွေနဲ့  ပေးဂိုးများနေတဲ့  ခံစစ်မှူးတွေကြောင့် ဘလက်ပူး တို့ လည်း မျှော်လင့် ချက်ကင်းမဲ့ နေပါတယ်။ ဘော်လ် တန်တို့ကတော့ တန်းဆင်းဇုန်ထဲမကျအောင် အစွမ်းကုန်ကြိုးစားမှာမို့  အမှတ်ရအောင် ကြိုးစား ပေမယ့်  ဒီပွဲရလဒ်က သရေပွဲကိုဦးတည်နေပါတယ်။ 



+မိုးမြင့်လင်းလက်+

Read More...

==ကာတွန်းဟာသ(ခြစားသူ နဲ့ မျှစားသူ)==


Read More...

==လူထုကျန်းမာရေး(သင့်ကျန်းမာရေးအတွက် ရေချိုးသင့်သော အကြောင်းများ)==

**Public Health** 

ပင်ပန်းနွမ်းနယ် နေချိန်မှာ ရေစိမ်ကန်ထဲ စိမ်ချိုးတာက ပင်ပန်းမှု ပြေလျော့ပြီး စိတ်ကို လန်းဆန်း သွားစေပါတယ်။ ချိုးရေထဲ ရေချိုးပေါင်ဒါမှုန့် ဒါမှမဟုတ် ရေချိုးဆီ ထည့်ပေးတာက စိတ်နဲ့ခန္ဓာကို အနားရစေပါတယ်။ ဆေးပညာ ကုထုံးဂျာနယ်ရဲ့ လေ့လာမှုအရ စိတ်ပူ ပင်သောက များနေသူ တွေအတွက် နေ့စဉ် ကြက်သီးနွေးရေထဲ စိမ်ပြီးချိုးတာ ရှစ်ပတ် ကြာတဲ့အခါ ရရှိတဲ့ အာနိသင်ဟာ ဆရာဝန် ညွှန်ကြားတဲ့ ဆေးသောက်တာထက် ပိုမိုအာနိသင် ရရှိနိုင်တယ်လို့ သိရပါတယ်။ ရေချိုးသင့်တဲ့ တခြား အကြောင်းရင်းတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

 (၁) အရေပြား ခြောက်သွေ့ ညစ်နွမ်းမှုကို ကင်းဝေးပါတယ်။

 ရေထဲကို ဂျုံမှုန့်အနည်းငယ်ထည့်ပြီး ရေချိုးပေးတဲ့အခါ ယားယံ ရောင်ရမ်းနေတဲ့ အရေပြားကို အနာကျက်စေပြီး အရေပြား ခြောက်သွေ့ ညစ်နွမ်းမှုကို ကင်းဝေး စေပါတယ်။ ဂျုံမှုန့်ထဲမှာ ပါဝင်တဲ့ ဓာတ်ပေါင်းဟာ အနာကျက်စေတဲ့ အာနိသင်ရှိလို့ပါ။ ဂျုံမှုန့်ကို သန့်ရှင်း ခြောက်သွေ့တဲ့ ခြေအိတ်ထဲကို ထည့်ပြီး သားရေကွင်းနဲ့ ချည်ပြီး ပိတ်လိုက်ပါ။ အဲဒီအိတ်ကို ရေနွေး ဒါမှမဟုတ် ရေအေးထည့်ထားတဲ့ ရေချိုးကန်ထဲ ထည့်လိုက်ပြီး အချိန် ၁၅-၂၀ မိနစ် ခန့် စိမ်ပြီး ချိုးပေးရမှာ ဖြစ်ပါတယ်။

(၂) ဦးနှောက်ကို အားဖြည့် ပေးနိုင်ပါတယ် ။

 ရေချိုးကန်ထဲကို မရှိမဖြစ်ဆီ (Essential Oil) ထည့်ပြီး ရေထဲစိမ်ချိုးပေးပါ။ မွှေးရနံ့ဆီတွေက မှတ်ဉာဏ်ကို တိုးတက် ကောင်းမွန်စေသလို စိတ်ဖိစီးမှုကိုလည်း ပြေလျော့ သွားစေပါတယ်။

 (၃) အအေးမိဝေဒနာကို တွန်းလှန်နိုင်ပါတယ်။

 ကြက်သီးနွေးရေ ချိုးပေးတာက နှာခေါင်းပိတ်တာကို သက်သာစေပြီး ခန္ဓာကိုယ် ကိုက်ခဲနာကျင်မှုကို လျော့ပါးစေပါတယ်။ ရေချိုးရင်း အပန်းဖြေတာက ဦးနှောက်ထဲက နာကျင်ကိုက်ခဲမှု လျော့ကျစေတဲ့ အန်ဒေါ်ဖင် ဟော်မုန်းကို အထွက်တိုးစေလို့ပါ။

(၄) ညဘက် ကောင်းကောင်း အိပ်မောကျစေပါတယ်။

 ညဘက်မှာ ရေချိုးလိုက်တဲ့အခါ ခန္ဓာကိုယ် အပူချိန် လျော့ကျသွားပြီး ခန္ဓာကိုယ်ကနေ မယ်လတိုနင်လို့ခေါ်တဲ့ ဟော်မုန်း အထွက်တိုးစေပါတယ်။ အိပ်ရာမဝင်ခင် ကြက်သီးနွေးရေ ချိုးပေးတာက စိတ်နဲ့ခန္ဓာကို လန်းဆန်း သွားစေတာကြောင့် ကောင်းကောင်း အိပ်မောကျစေပါတယ်။

 (၅) ပင်ပန်းမှုကင်းပြီး လန်းဆန်း သွားစေပါတယ် ။

တစ်နေကုန် ပင်ပန်းနွမ်းနယ် နေချိန်မှာ ရေချိုးလိုက်ရင် ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းပြီး အပန်းပြေ လန်းဆန်းစေတဲ့ ဟော်မုန်းတွေ ထွက်လာစေပါတယ်။

 +ဇွန်+ 

Ref:---Good Health

Read More...

Friday, November 21, 2014

==မဲဆောက်က မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကို ယာယီ နေထိုင်ခွင့် ထုတ်ပေး==

ထိုင်းအစိုးရ ဟာ မြန်မာနဲ့ နယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့ ကို အထူး စီးပွားရေးဇုံ သတ်မှတ်ဖို့ လုပ်ဆောင် နေရာမှာ၊ လိုအပ်တဲ့ တရားဝင် နိုင်ငံခြားသား အလုပ်သမားတွေ ရရှိရေး အတွက် အဲဒီ့မှာ တရားမဝင် နေထိုင် နေကြတဲ့ မြန်မာ အလုပ်သမား တွေကို ယာယီ နေထိုင်ခွင့် လက်မှတ် တွေ ထုတ်ပေး နေပါတယ်။ ထိုင်းမှာ ယာယီ နေထိုင်ခွင့် လက်မှတ်တွေ ရရှိပြီ ဆိုရင်၊ မြန်မာပြည် ဘက်က နိုင်ငံကူး လက်မှတ် ပတ်စ်ပို့ ရအောင် ပြန်ယူ နိုင်သူတွေကို၊ ထိုင်းကနေ တခါ၊ တရားဝင် အလုပ်လုပ်ခွင့် work permit ပေးမယ် ဆိုပြီး အလုပ်သမား ရေးရာ ဝန်ကြီး ဗိုလ်ချုပ်ကြီး စူရဆတ်က် ကန်ကျနာရတ် က ပြောပါတယ်။ ဒါ့အပြင် မြန်မာဘက်ခြမ်း ကနေ နေ့ချင်းပြန် လာရောက် အလုပ် လုပ်ချင်သူတွေ အတွက်လည်း အဆင်ပြေအောင် မြန်မာအစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးဖို့ ရှိတယ်လို့လည်း ဗိုလ်ချုပ်ကြီး ကန်ကျနာရတ် က ဆိုပါတယ်။

ဒါဟာ ထိုင်းလုပ်ငန်းရှင်တွေ အတွက် တရားဝင် အလုပ်သမား အလွယ်တကူ ရရှိနိုင်ဖို့ ဖြစ်ပေမယ့်၊ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ အတွက်တော့ မြန်မာဘက်ခြမ်းမှာ နိုင်ငံကူး လက်မှတ် ပြန်လုပ်ဖို့ ဆိုတာ မလွယ်ဘူး ဆိုပြီး မြန်မာပြည်သားများ အရေး ပူးတွဲ လှုပ်ရှားမှု အဖွဲ့ရဲ့ ဥက္ကဌ ဦးမိုးကြိုး က သုံးသပ်ပါတယ်။ မြန်မာ နိုင်ငံကူးလက်မှတ် ရရှိဖို့ ကုန်ကျစားရိတ်၊ လိုအပ်တဲ့ မြန်မာ နိုင်ငံသား စီစစ်ရေးကတ်နဲ့ အိမ်ထောင်စု စာရင်း၊ အလုပ်ရှင် ဘယ်သူဆိုတာ ခိုင်လုံစွာ တင်ပြနိုင်မှု စတဲ့ အချက်တွေဟာ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် အခက်အခဲ ဖြစ်နေကြောင်း ဦးမိုးကြိုး က ပြောပါတယ်။

ဒီလို အခြေခံကျတဲ့ ပြဿသနာတွေ လက်တွေ့ မဖြေရှင်း ပေးနိုင်ရင် တရားမဝင် အလုပ်သမား ပြဿသနာ ကို ဖြေရှင်းလို့ မရနိုင်ကြောင်း အလုပ်သမား အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

+ဘီဘီစီ (မြန်မာပိုင်း)+

 http://www.bbc.co.uk/burmese/burma/2014/11/141120_thai_burmese_workers

Read More...

==ဘာစီ နဲ့ ရီးရဲ တို့ နိုင်ပွဲပုံဖော်ကြမယ့်လာလီဂါပွဲစဉ်(၁၂)==



လာလီဂါပွဲစဉ်(၁၂)ကို နိုဝင်ဘာ ၂၂ ရက်မှာ ယှဉ်ပြိုင်ကစားဖို့  တာစူ နေပြီဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာနဲ့  ရီးရဲမက် ဒရစ်တို့  အခြေအနေကောင်းနဲ့  ကြုံတွေ့ ရဖို့ ရှိနေပြီး ကိုယ်စီအမှတ်ရယူနိုင် ရေးအတွက် အားစိုက်ကြရဦးမယ့် ပွဲတွေဖြစ်တာကြောင့်  ရင်ပူရပေမယ့် အမောပြေစေမယ့် ပွဲတွေအဖြစ် ရှုစားကြရဦးမှာ ဖြစ်ပါတယ်။

**ဘာစီလို နာနှ င့် ဆီဗီ လာ **

ဘာစီလိုနာဟာ အိမ်ကွင်းမှာ ရလဒ်ကောင်းတွေ စွမ်းဆောင်နိုင်နေတဲ့ အနေအထားရှိတာမို့  ဆီဗီလာတို့  ပွဲကျပ်အဖြစ် ဖြတ်သန်းရဦးမှာဖြစ်ပါတယ်။ ဆီဗီလာတို့ က အသင်းကြီးတွေနဲ့ ဆုံတိုင်း ခြေရည်တူကစားနိုင်တဲ့  စွမ်းအား ရှိနေတာမို့  ဘာစီလိုနာတို့  သတိထားရပါလိမ့် မယ်။ ဒါပေမယ့်  ဆီဗီလာနဲ့ ဆုံတိုင်း အသာစီးရအောင် ကစားနိုင်တဲ့  ဘာစီလိုနာတို့ ပဲ အနိုင်ရလဒ်ကို ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

**အီဘာနှင့် ရီးရဲမက် ဒရစ်**

 နိုင်ငံတကာခြေစမ်းပွဲတွေကြောင့် ရီးရဲမက်ဒရစ် ကစားသမားတွေ ပွဲပမ်းမှုဖြစ်နေပါတယ်။ ဒါပေမယ့် ပြိုင်ဘက်အီဘာတို့ က ရီးရဲမက်ဒရစ်ကို သရေကစားနိုင်တဲ့ မှတ်တမ်းကောင်းတော့ရှိတာမို့  ပေါ့ဆဆကစားလို့  မရနိုင်ပါ ဘူး။ အမှတ်လိုအပ်မှုတွေမြင့်မားနေတဲ့  ရီးရဲမက်ဒရစ်တို့ ပဲ နိုင်ပွဲဖန်တီးပြီး ပရိသတ်တွေကို ပျော်ရွှင်စေမှာ ဖြစ်ပါတယ်။

**ဒီပို့ တီ ဗို နှင့် ဆို စီ ဒက်**

 ခြေရည်တူနှစ်သင်းဖြစ်ပြီး တစ်လှည့် စီအနိုင်ယူနေတတ်တဲ့  နှစ်သင်းဆုံ တွေ့ တဲ့ ပွဲမို့  ပွဲကောင်းအဖြစ် မြင်တွေ့ ရမှာပါ။ အက်သလက်တီကိုအသင်းကို အနိုင်ကစားထားတဲ့  ဆိုစီဒက်ရဲ့ ခြေစွမ်းကို လျှော့တွက်လို့ မရသလို အက်စ် ပန်ညိုကို သရေကစားထားတဲ့  ဒီပို့ တီဗိုတို့ ရဲ့  အားထုတ်မှုကိုလည်း ပစ်ပယ်လို့  မရပါဘူး။ ဒီပွဲမှာ အိမ်ကွင်းလည်းဖြစ်နေတဲ့  ဒီပို့ တီဗိုရဲ့ စွမ်းဆောင်မှုကို အသိ အမှတ်ပြုဖို့သင့်တာအမှန်ပါပဲ။



 **အက် သလက် တီကို နှင့် မာလာဂါ**

 အက်သလက်တီကိုနဲ့ ဆုံတိုင်း ခြေကုန်ဖွင့်ကစားတတ်တဲ့  မာလာဂါဟာ ဒီပွဲမှာလည်း အစဉ်အလာမပျက်ဖိအားပေးကစားနိုင်ဖို့  ကြိုးစားမှာဖြစ်ပါတယ်။ ဆိုစီဒက်ကိုရှုံးခဲ့ တဲ့  အက်သလက်တီကိုဟာ ဒီပွဲမှာ နိုင်ပွဲပြန်ရအောင်ရှာဖွေ ပြီး အမှတ်ပြည့် ရယူရေးဦးတည်ပါလိမ့် မယ်။ မာလာဂါတို့ က အသင်းလိုက် စုစည်းမှုအားကောင်းပေမယ့် ဒီပွဲမှာအမြင့် ဆုံးမျှော်မှန်းနိုင်တာက သရေ တစ်မှတ်လို့  ထင်ပါတယ်။

** ဘီ လ် ဘာအို နှ င့် အက် စ် ပန် ညို **

အက်စ်ပန်ညိုတို့  ခြေစွမ်းတက်ရိပ်ပြနေတာမို့  ဘီလ်ဘာအိုတို့  အိမ်ကွင်း ဆိုပေမယ့်  ခက်ခဲပါလိမ့် မယ်။ ဘီလ်ဘာအိုတို့ ကလည်း အိမ်ကွင်းမှာ စွမ်းဆောင် ရည် မြင့်မားတတ်တာမို့ နှစ်သင်းစလုံး၊ အပြန်အလှန်ဖိအားပေးယှဉ်ပြိုင်ရ မယ့်  ပွဲဖြစ်နေပါတယ်။ ဒါပေမယ့်  နိုင်ပွဲရမှဖြစ်မယ့်  အက်စ်ပန်ညိုရဲ့  စိတ်ဓာတ် ပြင်းထန်မှုကို အိမ်ရှင်တို့  တားဆီးဟန့်ထားဖို့ ခက်ပါလိမ့် မယ်။

+မိုးမြင့် လင်းလက်+ 

Read More...

==ကာတွန်းဟာသ(ဖခင် နဲ့ ကလေးဖြစ်နေလို့ ပါ.....ကျေးဇူးပြုပြီးအမြန်ကူညီပါ)==


Read More...

==လူထုကျန်းမာရေး (ထမင်းစားပြီးတိုင်း ရေနွေးတစ်ခွက် သောက်ပါ)==

**Public Health**

ထမင်း စားပြီးလျှင် ချက်ချင်း ရေမသောက်ဘဲ နေလျှင် အစာကိုပို၍ကြေစေ နိုင်ပါသည်။ စားသည့် အစာတွင် ဟင်းချိုနှင့် အရည်ဓာတ်များပါသင့် သလောက် ပါပြီး ဖြစ်သဖြင့် ထပ်သောက်လျှင် ရေများပြီး ဝမ်းမီးကအစာကို ချေအား လျော့သွား နိုင်သောကြောင့် ရေထပ် မသောက်သင့်ပါ။သို့သော် စားပြီး ခဏအကြာတွင် အစာချေသော ဝမ်းမီးမှ ပါစကတေဇော ဓာတ်ကြောင့် အာခေါင်ခြောက် လာလျှင် ရေအေးဖြင့် လောင်းမချဘဲ ရေနွေးကြမ်း တစ်ခွက် သောက်လျှင် အစာ ကြေကျက်မှုကို အထောက်အကူ ပေးရာ ရောက်ကြောင်း ရေးသားတင်ပြ လိုက်ရ ပေသည်။ ရေနွေး (သို့မဟုတ်) ရေနွေးကြမ်း သောက်သူများ အတွက် ဆက်လက်တင်ပြရန် လိုပါသည်။ ရေကို ဆူပွက်အောင် ကျိုချက်ပြီး လက်ဖက်ခြောက်ခပ်ထားသော ရေနွေးကြမ်းကို တစ်နေကုန် သောက်သော အကျင့်မှာကျေးလက် တောရွာများတွင် အများဆုံး တွေ့ရသော မြန်မာ့ ဓလေ့ ဖြစ်ပါသည်။ အချို့မှာ ထမင်းစားရင်း ရေနွေးကြမ်း သောက်သော အလေ့ရှိကြသည်။ ထမင်းစားရင်း ရေအေး မသောက်သင့်ဟု ပြောခဲ့သလို ရေနွေးကြမ်း သောက်၍ ထမင်းစားခြင်း သည်လည်း မကောင်းပါ။ တစ်ခွက်စ၊နှစ်ခွက်စ သောက်လျှင် မဆိုသာ သော်လည်း လွန်ကဲလျှင်တော့ မကောင်းပါ။ ရေနွေးကြမ်း အဖန်ရည်တွင် လက်ဖက်ခြောက် အခပ်များသဖြင့် အဖန်ဓာတ် လွန်ကဲလျှင် ဝမ်းချုပ်စေ နိုင်သည်။ အစာအိမ်မှ အာဟာရစုပ် ယူမှုကို အဖန် ဓာတ်က ဟန့်တား နိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် ဆေးသောက်လျှင် ရေနွေးကြမ်း အဖန်ရည်နှင့် မသောက်ပါနှင့်ဟု အချို့ဆရာ များက တားမြစ် ကြသည်။ ဆေးအာနိသင်ကို အဖန်ရည်က ကျဆင်းစေ နိုင်သောကြောင့် ဖြစ်နိုင်သည်။
အချုပ်အားဖြင့် ကောက်နုတ် တင်ပြရလျှင်- (၁) အစာကြေစေရန် ချက်ပြုတ်ပြီး နှစ်နာရီအတွင်း ပူနွေးသော ထမင်းဟင်း ကို စားနိုင်အောင် ကြိုးစားပါ။ (၂) ထမင်းမစားမီနှင့် စားနေဆဲ အချိန်တွင် အချိုရည်နှင့် ရေခဲရေ မသောက် သင့်ပါ။ (၃)ရေမသောက်ဘဲ မနေနိုင်လျှင် ရေကျက်အေး(သို့မဟုတ်) ရေနွေးကြမ်း သင့်ရုံမျှ သောက်ပါ။ (၄) ထမင်းစားပြီးလျှင် ရေနွေးကြမ်း တစ်ခွက် သောက်ခြင်းဖြင့် အစာကြေဖို့ အထောက်အကူ ဖြစ်သည်။ (၅) နေ့လည်စာ ထမင်းစားပြီးနောက် ထန်းလျက်ခဲနှင့် ရေနွေးကြမ်း သောက်ခြင်းသည် ရှေးကမြန်မာ လူကြီးများ၏ ဓလေ့ဖြစ်ပြီး အစာအိမ် အတွက် အကျိုး ရှိစေပါသည်။ 

 +မြ၀တီ+

Read More...

Thursday, November 20, 2014

===အိပ်ပျက်သွားတဲ့ည==

ပစ်ပစ်ကတဂ်လာလို့သာရေးလိုက်ရတာ အမှန်တော့ ကိုယ့်ဘ၀တစ်လျှောက်လုံးမှာ အိပ်ပျက်သွားတဲ့ည ဆိုတာ မရှိသလောက်ပါပဲ...ပြန်တွေးကြည့်ရင်တောင် ခပ်ရေးရေးတောင် မထင်တော့ဘူး..။ ကိုယ်တို့ခေတ်တွေတုန်းက ခုလို ခုနှစ်တန်း ရှစ်တန်းနဲ့ ရည်စားထားရကောင်းမှန်းလည်း မသိကြသေးဘူး...။ ကျောင်းစာလုပ်မယ် ကစားမယ် အိမ်အလုပ်ကူမယ် ဒါလောက်ပဲ...။ တက်တော့လည်း မိန်းကလေးကျောင်းမှာဆိုတော့ ပိုဆိုးတော့တာပေါ့...။ ကျူရှင်တက်ချိန်လောက်ပဲ ယောကျာ်းလေး သူငယ်ချင်းတွေရှိတာလေ...။ အဲတုန်းကတော့ စာလိုက်ပေးတာတို့ဘာတို့ရှိတာပေါ့...။ ကိုယ်တိုင်ကစိတ်မှမ၀င်စားတာ မ၀င်စားဆို လာလိုက်တဲ့ တကောင့်သားတွေကလည်း ရုပ်မရှိ မဲမဲသည်းသည်း ပေစုတ်စုတ်တွေဆိုတော့ နဂိုစိတ်မ၀င်စားတာကနေ ပိုပိုဆိုးသွားတာပေါ့...။ အဲဒါက ဒီအထက်တန်းကျောင်းမှာတင်မဟုတ်ဘူး ကိုယ်တက္ကသိုလ်မတက်ခင် သင်တန်းတွေတက်နေတဲ့ အချိန်မှာရော ကြည့်မြင်တိုင် RC3 စတက်ချိန်တွေမှာရော လာလိုက်ကြတဲ့ ဘဲတွေက အဲလို ငနာတွေချည်းပဲ တကယ်စိတ်ပျက်ဖွယ်ပါ...။ ကိုယ့်ဘ၀မှာ တည်ကြည်သန့်ပြန့် ယောက်ျားပီသမယ့် ယောက်ျား တစ်ယောက်နဲ့တွေ့ဖို့ ကံကိုပါမလာတာ လည်းဖြစ်မယ်...။ ဒီလိုနဲ့ ကိုယ့်ကို အိပ်ပျက်ညတွေဖန်တီးပေးမယ့် ယောက်ျားတစ်ယောက်ဆိုတာ ရှားသထက်ရှားပါးလာတော့တာပေါ့... စဉ်းစားကြည့်လေ...။ အချိန်တန်လို့ အဒေါ်တွေက ပေးစားဖို့ လာကြည့်တယ်ဆိုတဲ့သူကိုလည်း မကြိုက် ကိုယ်ကပဲချေးများသလားမသိတော့ပါဘူးကွယ်...။ အဲ တစ်ယောက်တော့ကြုံဖူးတယ် ကိုယ့်ဘ၀မှာ ခုချိန်ထိ ကိုယ်မြင်ဖူးခဲ့သမျှယောက်ျားတွေထဲမှာ ကိုယ်ဆယ်တန်းအောင်ပြီး ရွာခဏပြန်တုန်းက ဆုံဖူးခဲ့တဲ့ အင်းသားအစ်ကိုကြီးတစ်ယောက်ကတော့ အချောဆုံးပဲ...။ ဟုတ်တယ်...။ တကယ်တော့ 2010 တုန်းက ညီမလေးပစ်ပစ်တဂ်ခဲ့ဖူးတဲ့ ပထမဆုံးရင်ခုန်သံ ဆိုတဲ့ပို့စ်နဲ့ ခုတဂ်ပို့စ်က ရေးရတာခပ်ဆင်ဆင်လေးပါ...။ ကိုယ့်ကို ရင်ခုန်စေတဲ့ယောက်ျားဆိုတာ မရှိသလို မွေးလာတော့မှာလည်း မဟုတ်ပါဘူး...။ ဆိုတော့ အိပ်ပျက်ညဆိုတာ ဝေလာဝေးပေါ့ကွယ်...း)

+မိုးငွေ့+

Read More...

==မဲဆောက်-မြ၀တီသတင်းထောက်စာရေးဆရာများး၏ပတမအကြိမ် စာပေဟောပြောပွဲမဲဆောက်မှာကျင်းပ===


+(နိဝင်ဘာလ၂၀ရက်၊၂၀၁၄-သောင်ရင်းနဂါး)+

မဲဆောက်-မြ၀တီသတင်းထောက်စာရေးဆရာများး၏ချစ်ကြည်ရေးနှင့်ကျောင်းသား လူငယ်များအသိပညာဖွံ့ ဖြိုးရေးဆိုင်ရာစာပေဟောပြောပွဲကိုမဲဆောက်ြိမို့ နေ့ သစ် အလကကျောင်းတွင်ယနေ့ ကျင်းပကြသည်။


(မဲဆောက်မှဆရာမင်းထွန်း(ဘီဘီစီ-ဦးအောင်ကျော်ဦး) ကသူကိုယ်တိုင်ရေးဖွဲ့ လာခဲ့သော**အားလုံးရဲ့ နေ့သစ်** သီချင်းကိုဟောပြောရင်းတခါတည်းသင်ပေးနေစဉ်)

ယနေ့ ဟောပြောပွဲသို့ ကရင်ပြည်နယ်စာပေနှင့်စာနယ်ဇင်းအသင်းအတွင်းရေးမှူး ဦးထွန်းထွန်းဦး၊မြ၀တီခရိုင်စာရေးဆရာအသင်းဥက္ကဋ္ဌဦးသက်ဦး(သက်ဦးနိုင်-မြ၀တီ) အမှုဆောင်ဦးရွှေသိန်း(ကိုရွှေသိန်း-မြ၀တီ)၊ဦးမောင်မောင်တင်၊ဦးမြင့်မိုင်္ရ တို့ ကလည်းကောင်း၊ထိုင်းနိုင်ငံမဲဆောက်မှဆရာမင်းထွန်း(ဘီဘီစီ-ဦးအောင်ကျော်ဦး)
ဆရာမွန်ကြီး(ဒီဗွီဘီ-ဦးဥာဏ်စိုး)၊ဆရာသောင်ရင်းနဂါး(ဦးမိုးကြိုး)၊တို့ အပြင် ဒီဗွီဘီစောဖိုးစီပါတက်ရောက်လာခဲ့သည်။ ကျောင်းသားလူငယ်များအသိပညာဖွံ့ ဖြိုးရေးနှင့်
စာဖတ်အားကောင်းမွန်လာစေရန် အတွက်ဆရာသက်ဦးနိုင်-မြ၀တီ)က**ဗိုလ်ချုပ်အောင်ဆန်းနှင့်ထူးခြားသော ပုဂ္ဂိုလ်မျာt၏စာဖတ်စာမှတ်မှုအကြောင်း**ကိုလည်းကောင်း၊ဆရာမွန်ကြီး (ဒီဗွီဘီ-ဦးဥာဏ်စိုး)က*ကလေးများနေ့ အကြောင်း**ကိုလည်းကောင်း၊ ဆရာမင်းထွန်း(ဘီဘီစီ-ဦးအောင်ကျော်ဦး)ကဂျပန်သီချင်း၊အဂံလိပ်သီချင်းများအပြင် အားလုံးရဲ့ နေ့ သစ်အမည်ရှိကိုယ်တိုင်ရေးကျောင်းသိချင်းဖြင့်**ဘာသာစကား သင်ကြားးကြပါ**အကြောင်းကိုလည်းကောင်း၊ဆရာသောင်ရင်းနဂါး(ဦးမိုးကြိုး)၊က **စာဖတ်စာမှတ်စာလေ့လာကြပါ-ကျောင်းသားအပေါင်းတို့ ရာ**ခေါင်းစဉ်ကို လည်းကောင်းအသီးသီးဟောပြောသွားကြသည်။



(ကျောင်းသူ၈ဦး`၏*ဗွေးတုတ်*ကျေးလက်ယိမ်းနဲ့ ပြန်လည်ဖျော်ဖြေ))


စာပေဟောပြောပွဲပြီူးသည့်နောက်တွင်မြန်မာရွှေ့ ပြောင်းအလုပ်သမားတို့ ၏ ကလေး(၄၆၆)ဦးနှင့်မြန်မာရွှေ့ ပြောင်းအလုပ်သမားဆရာ၁၆ဦး တက်ရောက်နေသည့်နေ့ သစ်အလက ကျောင်းမှကျောင်းသူ၈ဦး`၏*ဗွေးတုတ်*ကျေးလက်ယိမ်း
အက၊ကျောင်းသား၁ဦးနှင့်ကျောင်းသူ၁ဦးတို့ ၏ဦးရွှေရိုး+ဒေါါ်မိုးအကတို့ ကိုလည်းကောင်းပြန်လည်
 ဖျော်ဖြေမှုပြုကြသည်။



(ကျောင်းသား၁ဦးနှင့်ကျောင်းသူ၁ဦးတို့ ၏ဦးရွှေရိုး+ဒေါါ်မိုးအကနဲ့ ပြန်လည်ဖျော်ဖြေ)

အနှီနေ့ သစ်အလကကျောင်းကိုပြီးခဲ့သည့်၂၀၀၅ခုနှစ်ဇွန်လမှစပြီး ထိုင်းနိုင်ငံအခြေစိုက့်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) အဖွဲ့ ကစက်ရုံအလုပ်ရု့နှင့်ကျပန်းလုပ်ကိုင်သောမြန်မာရွှေ့ ပြောင်းအလုပ်သမားတို့  ကိုစည်းရုံးဦးဆောင်ကာတည်ထောင်ခဲ့ခြင်းဖြစ်၏။

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)