ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 20, 2015

==သဘာဝအတိုင်းလှပနေတဲ့ အီမာစတုန်းနှင့် ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း==

>
**သဘာဝအတိုင်းလှပနေတဲ့ အီမာစတုန်း** 

လန်ဒန်မှ လော့စ် အိန်ဂျလိစ်သို့  မေ ၁၈ ရက်တနင်္လာနေ့က ပြန်လည်ရောက်ရှိလာတဲ့ ၂၆ နှစ်အရွယ် ဟောလိဝုဒ် စတားမင်းသမီးချော အီမာစတုန်းဟာ မိတ်ကပ်လိမ်းခြယ်ထားခြင်း မရှိဘဲ သဘာဝအတိုင်း ကျက်သရေရှိစွာလှပနေခဲ့ ပါတယ်။ သူဟာ အဖြူရောင် အကျီံ၊ဆွယ်တာနဲ့  မျက်မှန်ကိုဝတ်ဆင်ထားပြီး ပခုံးထက်မှာဘေးလွယ်အိတ်ကိုလွယ်လျက် ပေါ့ပေါ့ပါးပါး စတိုင်နဲ့  LAXလေဆိပ် ကို ပြန်လည်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။
အခုလို တွေ့ မြင်ရသည့် ပုံစံကတော့ ရက်အနည်းငယ်က ကျင်းပပြုလုပ်ခဲ့ သော (၆၈) ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်တွင် အမည်း ရောင်ဇာဂါဝန်လေးနဲ့  အလွန်လှပကြော့ရှင်းခဲ့ တဲ့ မင်းသမီးအီမာ စတုန်းနဲ့  အနည်းငယ်ခြားနားမှုရှိတဲ့ အတွက် တွေ့ မြင်ရသူတွေ အဖို့ ရုတ်တရက်မှတ်မိကောင်းမှတ်မိနိုင်မည်မဟုတ်ပေ။ သူသည် နောက်ဆုံးရိုက်ကူးထားသည့် Alohaရုပ်ရှင် ဇာတ်ကားအတွက် လန်ဒန်မြို့သို့  သွားရောက်ခဲ့ ခြင်းဖြစ်ပြီး ယခုပြန် ရောက်လာသောအခါ သူ့ရဲ့ဘာမှလိမ်းခြယ်ထားခြင်းမရှိတဲ့ သဘာဝအတိုင်းလှပနေတဲ့  မျက်နှာသွင်ပြင်လေးနဲ့ ပေါ့ပါးတဲ့ လေဆိပ်ဖက်ရှင်စတိုင်လေးကြောင့်  သဘောကျနှစ်ခြိုက်သူများပြားခဲ့ပါတယ်။(စန္ဒာဝင်း)

** ဘေဘုတ်တေးဂီတဆုပေးပွဲတွင်မာရိုင်ကေရီသီဆိုဖျော်ဖြေနေမှုအတွင်း ဖုန်းနဲ့ အလုပ်ရှုပ်နေတဲ့ဂျနီဖာလိုပက်ဇ်ဝေဖန်ခံရ**
၂၀၁၅ခုနှစ် ဘေဘုတ်တေးဂီတဆုပေးပွဲအခမ်းအနားမှာမာရိုင်ကေရီ၏ တေးသီချင်းသီဆိုဖျော်ဖြေနေမှုအတွင်း ဂျနီဖာလိုပက်ဇ်က သူ၏ဖုန်းအား တစ်ချိန်လုံးကြည့် နေခဲ့ ပြီး ယင်းသို့  ပြုလုပ်ခဲ့ ခြင်းနှင့်ပတ်သက်၊လည်း မသင့်လျော်ကြောင်းTMZမှာရးသားဖော်ပြထားပါတယ်။ ““အဆိုတော်မာရိုင်ကေရီကတော့"Infinity"တေးသီချင်းကို စင်မြင့် ထက်မှာအားပါးတရသီဆိုဖျော်ဖြေနေတဲ့ အချိန်မှာဂျလိုတစ်ယောက်ကတော့ စင်ပေါ်ကို တစ်ချက်လေးတောင်မကြည့် ဘဲ သူ့ ဖုန်းကNews Feedတွေကိုပဲကြည့်နေခဲ့ တယ် ”” လို့  ဖော်ပြခဲ့ ကြ ပါတယ်။ တေလာဆွစ်ဖ်အပါအ၀င် ကျန်သည့် ပရိသတ်တွေအားလုံးက လက်ခုပ်သံများဆူညံအောင်တီးပြီးအားပေးနေသော်လည်း ဂျေလိုမှာဘေးခုံရှိ ကတ်စ်ပါစမတ်နဲ့  စကားပြောဆိုနေခဲ့ ပြီး သီချင်းပြီးဆုံးသွားမှ ၀တ်ကျေတမ်းကျေလက်ခုပ်တီးခဲ့ သည်ဟုဆိုသည်။ ယင်းကဲ့သို့ဂျေလို၏ လုပ်ရပ်များမှာစင်ပေါ်တွင် အစွမ်းကုန်ဖျော်ဖြေနေသည့်  မာ၊ရိုင်အား ဂရုမစိုက် သကဲ့ သို့  ဖြစ်စေပြီး သူတစ်ပါးအား အလေးမထားတတ်သူအဖြစ် ထင်မြင်ခံရနိုင်ဖွယ်လည်း ရှိသည်။ တစ်ချိန်တည်းမှာပဲ မာရိုင်နှင့် ဂျေလိုတို့ နှစ်ဦး၏ နောက်ကွယ်မှာလူမသိသေးတဲ့  တခြားဘယ်လိုအကြောင်းရပ်တွေရှိနေဦးမလဲဆိုတာကိုလည်း သိချင်နေသူအချို့ လည်း ရှိခဲ့ ပြန်သည်။(စန္ဒာဝင်း) 

**ပီတာချက်ခ်အာဆင်နယ်သို့ ပြောင်းရွှေ့ မည်ကိုတားဆီးခွင့်အာဏာ မရှိပါကြောင်း မော်ရင်ဟိုဝန်ခံ**
ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုသည် သူ၏ဂိုးသမား ပီတာချက်ခ်အား ဘယ်တော့မှ ထွက်ခွာသွားခွင့်ပြုမည်မဟုတ်ဟု ဆိုခဲ့ သော်လည်း သူ့ တွင် ပီတာချက်ခ်အား တားဆီးနိုင်သည့်အခွင့်အာဏာမရှိပါကြောင်း ပထမဆုံးအကြိမ် ၀န်ခံလိုက်သည်။ SPORTရုပ်သံလိုင်းအင်တာဗျူးးတစ်ခုတွင် ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ““ပီတာချက်ရဲ့  အပြောင်းအရွှေ့ နဲ့ ပတ်သက်လို့  ဆုံးဖြတ်ပိုင် ခွင့်သာကျွန်တော့် လက်ထဲမှာရှိခဲ့ မယ်ဆိုရင် ကျွန်တော်သူ့ ကို ချယ်လ်ဆီး ကနေ လုံးဝထွက်သွားခွင့်ပြုမှာမဟုတ်ပါဘူး။ သူဒီလိုအသင်းကြီးကို သွားရမှာမဟုတ်ဘူး။ ကျွန်တော်သူ့ ကို ဘယ်တော့မှသွားခွင့်ပြုမှာ မဟုတ်ဘူး””ဟု ပြောသည်။ 

ဆက်လက်ပြီးသူက ““ကျွန်တော့်အတွက် ကျန်ခဲ့ တာကတော့ သူ ကျွန်တော်တို့ နဲ့  အတူရှိနေခဲ့ ဖူးတယ်။ သူဒီအသင်းကြီးကိုပိုင်တယ်။ ဒီအသင်းကလည်း သူ့ ရဲ့  အတိတ်တွေ၊ သူ့ ဘ၀တွေကို ပိုင်ဆိုင်ခဲ့ ဖူးတယ် ဆိုတာပါပဲ။ သူတကယ်ကိုတော်တဲ့ ဂိုးသမားပါ။ သူ့ ကိုလည်း လေးစား ပါတယ်။ သူ့ ကိုဖလားလုပွဲတွေ၊ ပရီမီယာလိဂ်ပွဲစဉ်တွေမှာကစားစေခဲ့ပါတယ်””ဟု ဆိုသည်။ ချက်ခ် အာဆင်နယ်သို့  ပြောင်းရွှေ့ မည့်ကိစ၊နှင့်ပတ်သက်ပြီးကစားသမားနှင့်သူ၏ အသင်းနှင့် နည်းပြ မော်ရင်ဟိုတို့အကြား တွေ့ ဆုံဆုံးဖြတ်သွားကြမည်ဖြစ်ကာ အာဆင်နယ်သို့  ချက်ခ်ပြောင်းရွှေ့ ရန် ဖြစ်လာဖို့ များလေသည်။ပီတာချက်ခ်၏ အပြောင်းအရွှေ့ သည် အာဆင်နယ်နှင့် ချယ်လ်ဆီး ပရိသတ်များအကြား လူပြောများစရာကိစတစ်ခုဖြစ်လာခဲ့သည်။ အာဆင်နယ်ပရိသတ်များအတွက် ကောင်းမွန်သောအပြောင်းအရွှေ့ တစ်ခုဖြစ်ကာ ချယ်လ်ဆီးပရိသတ်များကလည်း ပီတာချက်ခ်သည် ရှိသော ကစားသမားတစ်ဦးဖြစ်ကြောင်း အသင်းဘက်မှ အာမခံလိုက်ပေးနေကြသည်။ လာမည့် ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်း ထိပ်တန်းအသင်း လေးသင်းတွင် မပါဝင်နိုင်မည်ကိုစိုးရိမ်ကြောင်းလည်း မော်ရင်ဟိုက ဆိုခဲ့ လေသည်။ 

** နှစ်နှစ်ဆက်တိုက် ပေါ်တူဂီဖလားချန်ပီယံဘင်ဖီကာအသင်း**
ဘင်ဖီကာအသင်းအနေနဲ့ ဗစ်တိုးရီးယားဂွီမာရက်အသင်းနဲ့ ဂိုးမရှိ သရေကစားပြီးနောက် ၃၁ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ပေါ်တူဂီပရီမီယာဂီဂါဖလားကို နှစ်နှစ်ဆက်တိုက် ဖလားဆွတ်ခူးနိုင်တဲ့ အသင်းဖြစ်လာ ခဲ့ ပါတယ်။ အနီးကပ်ပြိုင်ဘက် ပေါ်တိုအသင်းအနေနဲ့  ဆီလီနင်ဆီအသင်းနဲ့  ကစားရာမှာ တစ်ဖက်တစ်ဂိုးစီသရေ ကျပြီးနောက် ဘင်ဖီကာအသင်းကစားဖို့  တစ်ပွဲအလို သုံးမှတ်အသာရကာ ဖလားဆွတ်ခူးသွားခဲ့ ခြင်းဖြစ်ပါတယ်။ ပေါ်တိုအသင်းဟာ အနီးကပ်လိုက်နိုင်ခဲ့ ပေမယ့်  ဆီလီနင်ဆီအသင်းရဲ့  ချေပ ဂိုးကြောင့်  မမျှော်လင့် ဘဲဖလားလက်လွှတ်ခဲ့ ရပါတယ်။ ဒီရလဒ်ကြောင့်  ဘင်ဖီကာအသင်းဟာ ပေါ်တူဂီချန်ပီယံဆုဖလားကို နှစ်နှစ်ဆက်တိုက်ဆွတ်ခူး သွားနိုင်ခဲ့ ပြီဖြစ်ပါတယ်။(ကောင်းမြတ်သူ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)