ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 3, 2015

==ရဲ နဲ့ အလုပ်သမားအဓိကရုဏ်းဖြစ်ပွားသောတောင်ကိုရီးယားမေဒေးနေ့ နှင့် ယခုလအတွင်းဟိုအကြောင်း၊ဒိအကြောင်း၊သူတို့ အကြောင်း==

>
**တောင်ကိုရီးယားတွင်မေဒေးနေ့ လူထုစည်းဝေးပွဲပြုလုပ်စဉ် အလုပ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအဓိကရုဏ်းဖြစ်ပွား**
 (ဆိုးလ် မေ ၂)

 တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်၊ အလုပ်သမားနေ့ အထိမ်း အမှတ် လူထုစည်းဝေးပွဲကျင်းပရာ တွင် အလုပ်သမားများနှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ အကြား အဓိက၊ရုဏ်းဖြစ်ပွားခဲ့ ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။
အလုပ်သမား ဈေးကွက်ပြုပြင် ပြောင်းလဲရေး အစီအစဉ်များကို အစိုးရအဖွဲ့က တိုးတက်အောင် အကောင်အထည်ဖော်ခြင်းမရှိပါက အထွေထွေသပိတ်ကြီးမှောက်မည်ဟု အလုပ်သမားခေါင်းဆောင်များက ခြိမ်းခြောက်ခဲ့ ကြသည်။ သမတ ပတ်ကွမ်ဟေး၏အစိုးရ အဖွဲ့ သည် အလုပ်သမားဈေးကွက်ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေချိန်တွင်ဆန္ဒပြသူများက ရဲတပ်ဖွဲ့၏ အတားအဆီးများကိုကျော်ဖြတ်ရန် ကြိုးပမ်းရာမှ ရဲတပ်ဖွဲ့ဝင်များက မီးသတ်ပိုက်များအသုံးပြု၊ လူစုခွဲရန် လုပ်ဆောင်ခဲ့ ရသည်။ အလားတူမေဒေးနေ့တွင် အာရှနိုင်ငံများမှာအလုပ်သမားများ၏ဆန္ဒ၊ပြပွဲများ ဖြစ်ပွားခဲ့သည်။ ဟောင်ကောင်တွင် အိမ်ဖော်များက ယင်းတို့၏ အခွင့် အရေးများ တိုးတက်ရရှိရေးဆန္ဒ၊ပြခဲ့  ကြပြီး ဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာ ၊ လုပ်အားခတိုးတက်ရရှိရေးနှင့် ထိုင်ဝမ်နိုင်ငံ၊ သမတရုံးအနီး ဆန္ဒပြသူများကို အလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လန်းရေးတို့အတွက် အလုပ် သမားများက ပတောင်းဆိုခဲ့ ကြ သည်။(ရိုက်တာ)  

**ဘရစ်တနီစပီးယားစ်ခြေရှော်လဲ....ဂီတ ဖျော်ဖြေပွဲနှစ်ပွဲလုံးကိုဖျက်သိမ်းခဲ့ ရ**
နာမည်ကျော်ပေါ့ပ်ကြယ်ပွင့်  ဘရစ်တနီစပီးယားစ်က ဧပြီ ၃၀ ရက်က လက်စ်ဗေးဂက်စ်မှာ ပြုလုပ်ခဲ့ တဲ့ ဖျော်ဖြေပွဲမှာခြေခေါက်လဲပြီး ခြေချင်းဝတ်နာကျင် နေတဲ့ အတွက် မေ ၁ ရက်နဲ့  ၂ ရက်မှာ ဆက်တိုက်ပြုလုပ်ဖို့  ရှိနေတဲ့  ဖျော်ဖြေပွဲနှစ်ပွဲလုံးကို ဖျက်သိမ်းခဲ့ ရပါတယ်။ ဘရစ်တနီအနေနဲ့  ဖျော်ဖြေပွဲကိုမဖျက်သိမ်းချင်ပေမယ့် လည်း ဆရာဝန်က အနားယူဖို့ သာ ညွှန်ကြားခဲ့ တာကြောင့်  ဖျက်သိမ်းခဲ့ ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရစ်တနီအနေနဲ့  မေ ၃ ရက် နံနက်မှာ ယှဉ်ပြိုင်ထိုးသတ်ကြမယ့်  မေ၀ယ်သာနဲ့  ပတ်ကွိုင်အိုတို့ ရဲ့  လက်ဝှေ့ ပွဲကိုတော့ ရှေ့ ဆုံးက အားပေးသွားဖို့ ရှိ နေပါတယ်။(မေလဲ့သင်း)

 **့နောက်ထွက်မယ့်  အယ်ဘမ်အသစ်ကို၁၉၈၉အယ်ဘမ်နဲ့  လုံးဝကွဲပြားစွာတင်ဆက်သွားမယ်လို့ တေလာဆွစ်ဖ်ပြောဆို**
တေလာဆွစ်ဖ်က သူရဲ့ နောက်ထွက်မယ့်  အယ်ဘမ်အသစ်ကိုအခုထိအသံသွင်းယူနိုင်ခြင်းမရှိသေးသဖြင့်  ကန်နီယယ်ဝက်စ်နဲ့ လည်း အဲဒီခွေမှာစုံတွဲသီဆိုဖြစ်မှာလား ဆိုတာကိုသေသေချာချာမဆုံးဖြတ်ရသေးပေမယ့်  ယခင် ထွက်ရှိခဲ့ တဲ့  ၁၉၈၉ အယ်ဘမ်နဲ့  လုံးဝကွဲပြားတဲ့  ပုံစံအသစ် နဲ့  တင်ဆက်သွားမယ်လို့ ပြောဆိုခဲ့ ပါတယ်။ တေလာက ““ကျွန်မနဲ့  ကန်နီယယ်တို့  အခုထိ စတူဒီယို ခန်းကိုအတူတကွမသွားရောက်နိုင်သေးဘူး။ ဒါပေမယ့်  သူ့ မှာ အံ့သြဖွယ်ကောင်းလောက်တဲ့  ဂီတနဲ့ပတ်သက်တဲ့  အတွေးအခေါ်တွေအများကြီး ရှိနေတယ်။ သူ့ မှာ ဖန်တီး နိုင်တဲ့  စွမ်းရည်သစ်တွေ အများကြီးရှိနေပြီး သူ့ ရဲ့ အမြင်ကို ကျွန်မ အပြည့်အ၀လေးစားပါတယ်။ ကျွန်မနောက် ထွက်မယ့်  အယ်ဘမ်ကိုဘယ်လိုမျိုးချပြမလဲဆိုတဲ့  အတွေး အခေါ်မျိုး အခုထိမရသေးပေမယ့်  ၁၉၈၉ အယ်ဘမ်နဲ့  လုံးဝမူကွဲနေရမယ်လို့ ယေဘုယျစိတ်ကူးထားတယ်။ ကျွန်မ အရမ်းကြိုက်တတ်တဲ့ ပုံစံနဲ့ ပဲ တင်ဆက်သွားမှာပါ””လို့  သူ့ ရဲ့ နောက်ထွက်မယ့် အယ်ဘမ်အသစ်နဲ့  ပတ်သက်ပြီး ပြောခဲ့ ပါတယ်။ တေလာက မေ ၅ ရက်မှာ တိုကျိုမြို့မှာ ကမ္ဘာလှည့်  ဖျော်ဖြေပွဲပြုလုပ်သွားမှာဖြစ်ပြီး နောက်ထွက် မယ့် အယ်ဘမ်သစ်ကို အောက်တိုဘာအမီ ဖြန့် ချိသွားမှာ ဖြစ်ပါ တယ်။(မေလဲ့သင်း) 

** ပရီမီယာလိဂ်ဖလားချယ်လ်ဆီးရမည်ဟု အသင်းကသိရှိထားပြီးဖြစ်ကြာင်း ဒရော့ဘာထုတ်ဖော်ပြောကြား**
ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟို သည် ပရီမီယာလိဂ်အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှဦးဆောင်လျက် ချန်ပီယံဘွဲ့ ကို ခံယူရန် ကြိုးပမ်းလျက်ရှိနေသော်လည်း တိုက်စစ်မှူး ဒရော့ဘာကမူ လွန်ခဲ့ သည့် နှစ်လ ကတည်းက ချယ်လ်ဆီးအသင်း ပရီမီယာ လိဂ်ဖလားဆွတ်ခူးနိုင်လိမ့် မည်ကို အသင်းကသိရှိထားပြီးဖြစ်ကြာင်း အရိပ်အမြွက်ထုတ်ဖော်ပြောကြားလိုက်သည်။ ချယ်လ်ဆီးအသင်းသည် မေ ၃ ရက်တွင် အိမ်ကွင်းစတမ်းဖို့ ဘရစ်ခ်ျ၊ ခရစ၊တယ်ပဲလေ့ အသင်းနှင့်  ယှဉ်ပြိုင်ကစားရမည့် ပွဲစဉ်တွင် အနိုင်ရရှိခဲ့ပါက ပရီမီယာလိဂ်ဖလား ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မည်ဖြစ်သော် လည်း ချယ်လ်ဆီးအသင်းနည်းပြမော်ရင်ဟိုကမူ ရာသီကုန်အထိ မဆုတ်မနစ်သော အားမာန်ဖြင့်ကြိုးစားကာ ယင်း၏တာဝန်ကို ပြီးဆုံးအောင်ထမ်းဆောင်ခြင်းဖြင့် အောင်ပွဲခံမည်ဟုဆိုသည်။ 

 (ယခုနှစ်၂၀၁၄-၁၅ကတ်ပီတယ်ဝမ်း(လိဂ်)ဖလားကို ဗွေဆော်ဦးဆွတ်ခူးပြီးနောက်
ဝမ်းသာပျော်ရွှင်နေကြသော မော်ရင်ဟို၊ဒရော့ဘာနှင့်ချယ်လ်ဆီးအသင်းသားများ)
မတ် ၁ ရက်က ယှဉ်ပြိုင်ကစားခဲ့ သည့်  ကက်ပီတယ်ဝမ်းဖလားနောက်ဆုံးဗိုလ်လုပွဲ အနိုင်ရရှိခဲ့သည့်နေ့တွင်ပင် ချယ်လ်ဆီး အသင်းမှာ ပရီမီယာလိဂ်ချန်ပီယံဖြစ်ရန် အလွန်နီးစပ်နေသည့်အသင်းအဖြစ် ဒရော့ ဘာအပါအ၀င် ချယ်လ်ဆီးကစားသမား အများစုက သိရှိထားခဲ့ ကြောင်း ချယ်လ်ဆီး အသင်း၏ ၀ါရင့်တိုက်စစ်မှူးဒရော့ဘာက ထုတ်ဖော်ပြောကြားလိုက်သည်။ အသက်(၃၇)နှစ်အရွယ်ရှိတိုက်စစ်မှူး ဒရော့ဘာအနေဖြင့် နည်းပြမော်ရင်ဟို လက်ထက် ၂၀၀၄-၂၀၀၅ ဘောလုံးရာသီတွင် ပရီမီယာလိဂ်ဖလားကိုင်မြောက် အောင်ပွဲမခံမီ (ကတ်ပိတယ်ဝမ်း)လိဂ်ဖလားကို ရယူဆွတ်ခူး နိုင်ခဲ့ ကြောင်း၊ လိဂ်ဖလားနောက်ဆုံး ဗိုလ်လုပွဲတွင် ကာဒစ်ဖ်မြို့၊ လီဗာပူးအသင်းကို အနိုင်ရရှိခဲ့ ကြောင်း၊ ယင်းသို့  လိဂ်ဖလား ဆွတ်ခူးပြီးနောက် ပရီမီယာလိဂ်ဖလားကိုဆွတ်ခူးနိုင်ခဲ့ကြောင်း စသည်ဖြင့် ၂၀၀၄-၂၀၀၅ ဘောလုံးရာသီက ဖလားရရှိခဲ့ သည့်  အစဉ်အလာတစ်ရပ်နှင့်  နှိုင်းယှဉ်ကာ ပြော ကြားခဲ့ ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ၂၀၀၅၊ ၂၀၀၆ နှင့်  ၂၀၁၀ တို့ တွင် ပရီမီယာလိဂ်ဖလားရယူ ဆွတ်ခူးနိုင်ခဲ့သော်လည်း တိုက်စစ်မှူး ဒရော့ဘာက ချယ်လ်ဆီးအသင်းမှ ထွက်ခွာ သွားသည့်  ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် နှစ်နှစ်ဆက်တိုက် ပရီမီယာလိဂ်ဖလားနှင့် လွှဲခဲ့ ရသည်။ လက်ရှိတွင် ချယ်လ်ဆီးအသင်းသို့  ဒရော့ဘာပြန်ရောက်လာချိန်တွင် ပရီမီယာ လိဂ်ဖလားရရှိရန်လည်း အနီးစပ်ဆုံးအနေအထားသို့ရောက်ရှိနေခဲ့ပြီဖြစ်သော်လည်း တိုက်စစ်မှူး ဒရော့ဘာကမူ မေ ၃ ရက်တွင် ယှဉ်ပြိုင်ကစားမည့်  ခရစ်စတယ်ပဲလေ့အသင်း နှင့်  ပွဲစဉ်ကိုပင် မစောင့် စားနိုင်တော့ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ သည်။ ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟို သည် ယခုတစ်ကြိမ်ပရီမီယာလိဂ်ဖလားရရှိ ခဲ့ ပါက မော်ရင်ဟို၏ နည်းပြဘ၀တစ်လျှောက် တွင် (၂၅)လုံးမြောက်ဖလားရရှိမှုဖြစ်လာလိမ့်  မည်ဖြစ်သည်။(နိုင်လင်းကြည်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)