ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 4, 2015

==လူထုကျန်းမာရေး(ရုံးပတီသီး၏ ကျန်းမာရေးအစွမ်းများ)==

>
**Public Health** 
ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်ရင် ဘယ်လိုလုပ်ရမလဲ ဆိုပြီး မေးလာသူများအတွက် နည်းလမ်းရှာကြည့်လိုက်တော့ အလွယ်တကူ ၀ယ်ယူ သုံးစွဲနိုင်တဲ့ ဆေးဖက်ဝင် ဟင်းသီးဟင်းရွက်တစ်ခု ရှာတွေ့လိုက်ပါတယ်။ အဲဒါကတော့ ရုံးပတီသီးပါပဲ။ ဒါကို အမျိုးသား အမျိုးသမီး ဆီးချိုဖြစ်နေသူတိုင်း စားသောက်နိုင်ပါတယ်။ ရုံးပတီသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အာဟာရဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ fiber အမျှင်ဓာတ်၊ ဗစ်တာမင် အေ၊ စီ နဲ့ folate လို့ခေါ်တဲ့ ဖောလစ်အက်ဆစ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဗစ်တာမင် ဘီ၊ ဗစ်တာမင် ကေ၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သံဓာတ်၊ သွပ်ဓာတ်အပြင် မဂ္ဂနီစီယမ်နဲ့ မဂ္ဂနိစ် ဓာတ်တွေလဲ ပါဝင်နေတာပါ။ ကဲ- စပြောပါမယ်။ ရုံးပတီသီးရဲ့အစွမ်းတွေ။
၁။ သွေးနီဆဲလ် ထုတ်လုပ်ရာမှာ ကူညီပေးလို့ သွေးအားနည်းရောဂါ အနီးမီးယားအတွက် အစွမ်းထက်ပါတယ်။

၂။ ရုံးပတီသီးထဲက အင်တီအောက်စီးဒန့်ဟာ ကင်ဆာဖြစ်စေတတ်တဲ့ ဆဲလ်အသွင်ပြောင်းခြင်းတွေကို ကာကွယ်ပေးတာကြောင့် ကင်ဆာ ကာကွယ်နိုင်တဲ့ အသီးလို့ ပြောနိုင်ပါတယ်။ ၃။ ရင်ကျပ်ပန်းနာသမားတွေအတွက် စားသုံးသင့်တဲ့ ရုံးပတီသီးပါ။

၎။ ရုံးပတီသီးထဲက ဖောလစ်အက်ဆစ်ကြောင့် အရိုးကိုလဲ သန်မာစေပါတယ်။

 ၅။ ကိုလက်စထရော လျှော့ချပေးနိုင်တာကြောင့် နှလုံးရောဂါ အန္တရာယ် လျှော့ ပါး သက်သာစေပါတယ်။

 ၆။ ၀မ်းချုပ်နေသူတွေအတွက် သက်တောင့်သက်သာ ၀မ်းသွားနိုင်အောင် ကူညီပေးနိုင်ပြီး ရုံးပတီသီးကို မှန်မှန်စားပေးသွားနိုင်ရင် အူမကြီးကင်ဆာ အန္တရာယ်ကိုလဲ လျှော့ ချပေးနိုင်ပါတယ် တဲ့။
၇။ ရုံးပတီသီးထဲမှာ အင်ဆူလင် လို ဂုဏ်သတ္တိ ရှိတာကြောင့် သွေးတွင်း သကြားဓာတ်ကို လျှော့ ချပေးပြီး ဆီးချိုရောဂါမဖြစ်အောင်၊ ဆီးချို ရှိနေသူတွေ အတွက် ဆိုရင်လဲ သက်သာသွားစေမှာပါ။

၈။ ဖောလစ်အက်ဆစ်ဓာတ် ကြွယ်ဝလို့ ကိုယ်ဝန်ဆောင်တွေအတွက် ဗိုက်ထဲက ကလေးတွေကို Neural tube defects (NTD) ဆိုတဲ့ အာရုံကြောဆိုင်ရာ ချွတ်ယွင်းမှုမျိုး မွေးကထဲက ပါမလာရအောင်လဲ ကူညီကာကွယ်ပေးနိုင်ပါတယ်။ ၉။ အစာမကြေ ဖြစ်တတ်တဲ့ အစာအိမ်ဆိုင်ရာ ပြသနာတွေကိုလဲ သက်သာစေပါတယ်။

၁၀။ အသားအရေ ကြည်လင်တာ၊ အမြင်အား ကောင်းဖို့တွေအတွက်လဲ အထောက်အကူ ပြုပါတယ်။ ဘယ်လိုစားမလဲ။ ကြိုက်သလို စားလို့ရပါတယ်။ အသီးဖျန်း ဓာတ်မြေသြဇာတွေ ပါမှာစိုးရင် ဆားရည်ထဲ အနည်းဆုံး နာရီဝက်လောက် စိမ်ပြီး ရေနဲ့ ၃-၄ ထပ်လောက်တော့ ဆေးပါဦး။ အသီးကို ဖင်ဖြတ် ထိပ်ဖြတ်ပြီး ရေထဲတညလောက် စိမ်ထားပြီး သောက်တာ တနည်း။ ရေနွေးလေး ဖျောပြီး တို့စရာလိုလဲ စား။ ပုဇွန်ခြောက် ဘာညာလေးထည့်ပြီး ခပ်စိမ်းစိမ်းလေး ကြော်စား။ အရမ်းနူးပြဲမသွားအောင်လဲ ကြော်ပေါ့။ ပဲကုလားဟင်း ချက်လို့ ကျက်သွားရင် ရုံးပတီသီးလေး နောက်ဆုံးမှ ထည့်။ အဲလိုလဲစားလို့ရပါတယ်။ အစာလည်းဆေး ဆေးလည်းအစာမို့ ကျန်းမာရေးအတွက် အလွန်အသုံးဝင်တဲ့ ရုံးပတီရဲ့အကျိုးကျေးဇူးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

အားလုံးပဲ ကျန်းမာကြပါစေ။

+ စောနွဲ့နေဆိုင်(ပူတာအို)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)