ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 28, 2015

==အောင်မြင်မှုတွေအတွက်ထင်သလောက်မကြိုးစားရတဲ့တေလာဆွစ် နှင့် ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့ အကြောင်း==

>
**အောင်မြင်မှုတွေအတွက်ထင်သလောက် ပြင်းပြင်းထန်ထန်ကြိုးစား ရခြင်းမရှိပါဟုတေလာဆွစ်ပြောဆို**

အမေရိကန်အဆိုတော်တေလာ ဆွစ်သည် ပြီးခဲ့ သည့်  ဘေဘုတ်ဂီတဆုပေးပွဲတွင် အကောင်းဆုံးအမျိုးသမီး တေးသံရှင်ဆုအပါအ၀င် ဆုပေါင်း ရှစ်ဆုရရှိခဲ့ကာ ဂီတလောကတွင် အအောင်မြင်ဆုံးသောတေးသံရှင်အဖြစ် ရပ်တည်နေခဲ့သည်။ အသက်(၂၅)နှစ်ရှိပြီဖြစ်သော တေးသံရှင်တေလာက သူ၏တေး အယ်လ်ဘမ်များမှလွဲပြီးအခြားသော နယ်လှည့်ဖျော်ဖြေပွဲများနှင့်  ဆုတံဆိပ် များစွာတို့ သည် အများသူငါ ထင်ထား သလောက် ကြီးကြီးမားမားပေးဆပ်ရ ခြင်းမျိုး၊ ပြင်းပြင်းထန်ထန်ကြိုးစားရခြင်း မျိုးမရှိခဲ့ကြောင်း ဆိုသည်။ ပြီးခဲ့ သည့်  သီတင်းပတ်က ဘီဘီစီရေဒီယိုနှင့်  ပြုလုပ်ခဲ့ သော အင်တာဗျူးးတစ်ခုတွင် သူ၏ ဂီတလမ်းကြောင်းသည် သာသာယာယာယာရှိကြောင်းနှင့် ခက်ခဲမှုများ မရှိသလောက်ရှားခဲ့  ကြောင်း ပေါ့ပ်ဂီတကြယ်ပွင့် က အံ့ အား သင့် စရာ ၀န်ခံစကားကိုဆိုခဲ့ လေသည်။ အဆိုတော်နှင့် သီချင်းရေးဆရာ တေလာဆွစ်သည် ဂီတလောကတွင် အောင်မြင်မှုများကြောင့်  Forbes၏ ကမ္ဘာ့ အင်အားအကြီးဆုံးအမျိုးသမီး ၁၀၀စာရင်းတွင် ပါဝင်ခဲ့ ကာ အသက် အငယ်ဆုံးအမျိုးသမီးဖြစ်ခဲ့သည်။ အခြားသောစာရင်းဝင်အနုပညာရှင် များမှာဘီယွန်စေး၊ အိန်ဂျလီနာဂျိုလီ၊ အော့ပရက်ဖ်ဝင်ဖရီနှင့်  အယ်လန်ဒီဂျန် နာရီးဒ်တို့ဖြစ်သည်။
တေလာသည် တွစ်တာနှင့် အင် စတာဂရမ်တို့ ကဲ့ သို့ သော လူမှုဝက်ဘ် ဆိုက်များတွင် ပရိသတ်နှင့်  ရင်းရင်းနှီးနှီး ရှိခဲ့ ပြီး အားပေးမှု အခိုင်အမာရရှိထား သည်။ ထို့ ပြင် သူသည် ယနေ့ခေတ် ၏ ယဉ်ကျေးမှုကိုအလွှမ်းမိုးနိုင်ဆုံးသော အနုပညာရှင်တစ်ဦးလည်းဖြစ်သည်။ (ခင်ခင်သက်)  

**အဖွဲ့ဝင်လေးဦးဖြင့်ပထမဦးဆုံးသီဆိုရိုက်ကူးထားသည့် တေးအယ်လ်ဘမ်အကြောင်းOne Directionဖွင့်ဟ**
One Directionအဖွဲ့ မှ အဖွဲ့ ဝင်တစ်ဦးဖြစ်သော ဇန်မိုက်ခ်နုတ်ထွက်ခဲ့ပြီးနောက် အဆိုပါဂီတအဖွဲ့ သည် အဖွဲ့ဝင်လေးဦးဖြင့်သာ အဖွဲ့ ၏ ပထမမြောက်တေးအယ်လ်ဘမ်ကိုအခက်အခဲများစွာထဲမှ ကြိုးစားခဲ့ ရပြီး ယခုထွက်ရှိမည့်တေးအယ်လ်ဘမ်သည် အဖွဲ့ ဝင်လေးဦးသာပါဝင်သည့်  ပထမဦးဆုံးတေးအယ်လ်ဘမ်ဖြစ်သည်။ နီးလ်ဟော်ရန်၊ လီယမ်ပေးန်၊ ဟယ်ရီစတိုင်စ်နှင့် လူးဝစ်တွမ်လင်စန်တို့ လေးဦးကလာမည့်တေးအယ်လ်ဘမ် သည် အရင်ထွက်ရှိခဲ့ သမျှသော တေးအယ်လ်ဘမ်များနှင့် တစ်မျိုးတစ်ဖုံကွဲပြားမည်ဖြစ်ကြောင်း ဖွင့်ဟခဲ့ သည်။ ET Online နှင့် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင်နီးလ်က ““ဒီတေးအယ်လ်ဘမ်မှာကွာခြားချက်တွေရှိတယ်။ သီချင်းတွေအကုန်လုံးတစ်ပုဒ်နဲ့ တစ်ပုဒ် လုံးဝကွဲပြားတယ်။ ဒီတစ်ခါ မတူညီတဲ့ ကွဲပြားမှုတွေအကုန်လုံးကိုစုထားတာ။ ဂီတာတို့၊ ဒရမ်တို့ကအစ အရင်သုံးခဲ့တာတွေနဲ့မတူဘဲ အမျိုးအစားပြောင်းသုံးထားတယ်။ အရင်လုပ်ခဲ့ တာတွေနဲ့  မတူဘဲ တော်တော်လေးကွဲပြားအောင် ဖန်တီးထားပါ တယ်။ ဒါပေမယ့် လည်းပရိသတ်ကြိုက်မှာပါ””ဟု ဖွင့်ဟခဲ့သည်။ ဆက်လက်ပြီးလီယမ်ကOne Direction၏တေးသွားများကိုကြိုက်နှစ်သက်သည့်ပရိသတ်များအတွက် လည်း သီချင်းများထည့် သွင်းဖန်တီးပေးထားကာ ယခု လက်ရှိတွင် ပြုလုပ်နေဆဲဖြစ်သည့် အတွက် သီချင်းများကို ထုတ်လွှင့် ဖြန့် ချိနိုင်ခြင်းမရှိသေးကြောင်း ဆိုခဲ့သည်။ အဆိုပါ တေးအယ်လ်ဘမ်တွင် ပါဝင်မည့်  သီချင်းခေါင်းစဉ်များကို ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးသော်လည်း ပရိသတ် အကြိုက်ဖြစ်မည်မှာသေချာကြောင်း အာမခံသွားခဲ့သည်။ One Directionသည် မတ်လက ဇန်နုတ်ထွက်ခဲ့ ပြီး နောက် ဇန်မပါသော သူတို့ ၏ အနာဂတ်အပေါ် အလွန်ပင် ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ သည်။(ခင်ခင်သက်) 

**မော်ရင်ဟိုနှင့်  ချယ်လ်ဆီးတို့ သာ အင်္ဂလိပ်ဘောလုံးလောကအား နှစ်အတော်ကြာ ဆက်လက်ကြီးစိုးနေလိမ့်ဦးမည်ဟု ဆာအဲလက်စ်ဖာဂူဆန်က ခန့်မှန်း**
ချယ်လ်ဆီးသည် ငါးနှစ်တာကာလအတွင်း ပရီမီယာလိဂ်ချန်ပီယံဆုကို ပထမဆုံးအကြိမ် ပြန်လည်ဆွတ်ခူးနိုင်ခဲ့ ပြီးနောက် မော်ရင်ဟိုနှင့်  ချယ်လ်ဆီးတို့ သာ အင်္ဂလိပ်ဘောလုံးလောကအား နှစ်အတော်ကြာ ဆက်လက်ကြီးစိုးနေလိမ့်ဦးမည်ဟု ဆာအဲလက်စ်ဖာဂူဆန်က ခန့်မှန်း ပြောကြားခဲ့ သည်။ မော်ရင်ဟိုသည် ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအား ယှဉ်ပြိုင်ချိန် ကာလ ၂၇၄ ရက်တည်းဖြင့်  ပရီမီယာလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ သလို ကက်ပီ တယ်ဝမ်းဖလားလည်းရရှိအောင်ဦးဆောင်မှုပေးနိုင်ခဲ့ သည်။
မော်ရင်ဟိုသည် ဘာကလေမှချီးမြှင့်သော ပရီမီယာလိဂ်တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကိုရရှိခဲ့ သော်လည်း ချယ်လ်ဆီး၏ ရာသီသိမ်းအခမ်းအနားပွဲတော်နှင့်တိုက်ဆိုင်နေ သဖြင့်  အဆိုပါဆုကိုတက်ရောက်လက်ခံယူခြင်းမရှိခဲ့ ပေ။ ““မော်ရင်ဟိုက အောင်မြင်တဲ့ ပုဂ္ဂိုလ်၊ ချန်ပီယံလူသားပါ။ ဒါကြောင့် အခုလိုဆုချီးမြှင့် ခံရ တာပါ။ ပြီးတော့သူ့ မှာ အကောင်းဆုံးလူအင်အားစာရင်းရှိနေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ချန်ပီယံဖြစ်မယ့် အသင်းဆိုတာ ဘယ်လိုအသင်းမျိုးကိုမဆို အနိုင်ယူနိုင်စွမ်းရှိတဲ့  အသင်းပါ။ မော်ရင်ဟိုက သူ့ ရဲ့  ကစားသမားတွေအကြောင်းလည်း ပိုင်ပိုင်နိုင်နိုင်သိတဲ့ သူပါ။ ဒါကြောင့်  သူလိုချင်တဲ့ ပုံစံနဲ့  အသင်းကိုလုံးဝအထိုင်ချပြီး တစ်ရာသီလုံးကစားခိုင်းနိုင်ခဲ့ တာပေါ့။ နောင်နှစ် အတော်ကြာအောင် ချယ်လ်ဆီးကပဲ ဒီအင်္ဂလိပ်ဘောလုံးလောကကိုဆက်လက်လွှမ်းမိုးနေဦးမှာ ပါ”” ဟု အကောင်းဆုံးနည်းပြဆု ချီးမျြင် ပွဲအခမ်းအနားတွင်ဖာဂူဆန်က မော်ရင်ဟိုအားချီးကျူး စကားပြောကြားခဲ့ သည်။(မေလဲ့ သင်း) 

**ဘန်တီကီအားခေါါ်ယူရန်လီဗာပူးကြိုးပမ်း** 

အက်စ်တွန်ဗီလာတိုက်စစ်မှူးးဘန်တီကီအတွက် ကမ်းလှမ်းမှုကိုအက်ဖ်အေဖလားဗိုလ်လုပွဲ အပြီးမှသာ ပြုလုပ်သွားမယ်လို့  လီဗာပူးအသင်းဘက်ကထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းမှ နောက်ခံကစားသမား နှစ်ဦးဖြစ်တဲ့ကိုလိုတိုရေးနဲ့  အန်ဒရီဝစ်စ်ဒန် တို့ ကို စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်မှု တွေကိုပြုလုပ်နိုင်ခဲ့ ပါတယ်။ လက်ရှိမှာလီဗာပူးဟာ တိုက်စစ်မှူးဆွာရက်ဇ် ထွက်ခွာသွားပြီးကတည်းက တိုက်စစ်မှာစတာရစ်ခ်ျတစ်ယောက်တည်းကို အားကိုးနေရတဲ့အတွက် ပရီမီယာလိဂ် ကစားဟန်နဲ့  အသင့် အံဝင်ပြီးသား ဘန်တီကီ ကိုအပြောင်းအရွှေ့ ကာလမှာ ခေါ်ယူနိုင်ဖို့  အဓိကပစ်မှတ်ထားနေတာပဲဖြစ်ပါတယ်။ ဘန်တီကီဟာ ယခုနှစ် ပရီမီယာလိဂ်မှာ ၃၂ ပွဲဝင်ရောက်ကစားခဲ့ ပြီး သွင်းဂိုး၁၅ ဂိုး သွင်းယူပေးထားနိုင်တာကြောင့်  နည်းပြ ဘရန်ဒန်ရော်ဂျာက ဒီတိုက်စစ်မှူးကိုသာခေါ်ယူနိုင်ခဲ့ ရင် လီဗာပူးအနေနဲ့  ထိပ်ဆုံး လေးသင်းစာရင်းကိုဝင်ရောက်နိုင်ဖို့  အခက် အခဲမရှိနိုင်တော့ဘူးလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ (မေလဲ့ သင်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)