ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 17, 2015

===အတုံ့အလှည့်===

>
တခါက အိမ်တစ်အိမ် မှာ အဖေရယ်၊အမေရယ်၊ သားတစ်ယောက် ရယ်အဘွား ရယ်နေထိုင် ကြတယ်။အဘွားကတော့ အိုမင်း အားနည်း ပြီဖြစ်လို့ ဘာကိုင်ကိုင်လက်မမြဲလှဘူး။ လက်ကတုန် နေတာကြောင့် ပစ္စည်းတွေကိုင်ဖို့ခက်ပြီး ခဏခဏလဲ လွတ်ကျတတ်တယ်။ အထူးသဖြင့် မိသားစုတွေထမင်းဝိုင်းစားချိန်မှာ ထမင်းပန်ကန်ကိုင်ဖို့တောင် ခဲယှဉ်းလှပါတယ်။ လက်ကတုန်နေတာကြောင့် ထမင်းတွေက အမြဲတမ်းစားပွဲမှာ ပြန့်ကျဲလေ့ရှိတယ်။ ဒါကြောင့်ချွေးမကအ ဘွားကြောင့်စိတ်ရှုပ်လေ့ ရှိတယ်။ သီးမခံနိုင်တာကြောင့် ခင်ပွန်းဖြစ်သူနဲ့ တိုင်ပင်တယ်၊ “ရှင့်အမေ ထမင်းစားတာ ပွကျဲနတာပဲ၊ ထမင်းတောင်မျိုမကျဘူး၊ သီးမခံနိုင်တော့ဘူး” လို့ဆိုတယ်။ သူ့အမေ လက်တုန် တာသူကလဲ ဘာမှမတတ်နိုင်ဘူးလေ။ ရက်အနည်းငယ် အကြာမှာတော့ သူ့ခင်ပွန်းကို ထပ်ပြောပြန်ရောတဲ့ “ရှင်ဘာမှ မလုပ်တော့ဘူးလား၊ ဖြေရှင်းဖို့ မကြိုးစားတော့ဘူးလား၊ ကျမ တကယ်ပဲ သီးမခံနိုင်တော့ဘူး” လို့ ရန်တွေ့သတဲ့။ ဒီမှာတင် ခင်ပွန်းသည်က သူ့မိန်းမကို လိုက်လျောပြီး ထမင်းစားချိန်ရောက်တော့ သူ့အမေကို တခြားစားပွဲမှာ စားစေတယ်၊ အဘွားကပန်းကန် ခဏခဏ လုပ်ခွဲတဲ့ အကြောင်းပြချက်နဲ့ အပေါစားတွေနဲ့ထည့်ကျွေးတယ်၊ ထမင်းစားဖို့ရောက်လာတဲ့ အဘွားက အရမ်းဝမ်းနည်းသွားတယ်၊ အဘွား ကိုယ်၌ ကမှ သူ့လက်တွေမတုန်အောင် မထိန်းနိုင်တာ ဒီကိစ္စကို ဘယ်လိုရှင်းရမှာတဲ့လဲ။ အရမ်းပူဆွေးတဲ့ အဘွားက အတိတ်ကို သတိရသွားတယ်၊ သူ့သားကို မငြီးမငြူ စောင့်ရှောက်လာရတာ၊ နေမကောင်းချိန်မှာ ပြုစုလာရတာတွေ၊ သားရဲ့ပြဿသနာတိုင်း ကူညီဖြေရှင်း ပေးခဲ့တာတွေကို ပြန်သတိရပြီး ခုလို မသန်စွမ်းချိန်မှာ စွန့်ပစ်ခံရတဲ့အတွက် အရမ်းဝမ်းနည်းမိတယ်။ ရက်တွေကြာသွားလဲ အဘွားမှာတော့ ပူဆွေးလျက်ပဲ၊ မျက်နှာပေါ်မှာ အပြုံးတွေလဲ ပျောက်ကွယ်ခဲ့ပြီ၊။အဘွားကို စောင့်ကြည့်နေမိတဲ့ မြေးက အဘွားကိုလာနှစ်သိမ့်ရှာတယ်၊ “အဘွားကို အဖေနဲ့ အမေ ဒီလို လုပ်လို့ အဘွားစိတ်ဆင်းရဲနေတာ မြေးသိပါတယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့ အဘွားရယ်၊ မြေးလေးမှာ အဘွားမြေးတို့နဲ့ အတူထမင်းတဝိုင်းထဲ ပြန်ထိုင်စားနိုင်မယ့် နည်းရှိပါတယ်” 

အဘွားရဲ့ စိတ်ထဲမှာ မျှော်လင့်ချက်လေးတောက်ပသွားတယ်၊ မြေးလေးကို “ဘယ်လိုလုပ်ရမလဲ” လို့အားတက် သရောမေးလိုက်တယ်၊ 
“ ဒီနေ့ ညစာစားချိန်မှာ ထမင်းပန်ကန် ကို လွတ်ချလိုက်သိလား”
 နားထောင်နေတဲ့ အဘွားအံ့အားသင့်သွားတယ်၊ မြေးလေးက ထပ်ပြောတယ်။
 “မြေးပြောသလိုလုပ်ပါ၊ ကျန်တာမြေးတာဝန်ထား” လို့ထပ်ပြောတယ်။ ညစာစားချိန်ရောက်တော့ မြေးလေးဘာအစီစဉ်ရှိမှန်း မသိပေမယ့် ပြောသလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ထမင်းပန်းကန် ကိုမ ပြီး မသိမသာလွတ်ချလိုက်တယ်၊ ချွေးမက ဆူဖို့ထလိုက်တာ သူ့အရင်သူ့သားလေးက ထလာပြီး 
“အဘွား ဘာလို့ပန်းကန်တွေလုပ်ကွဲ ပြန်ပြီလဲ၊ အမေ အသက်ကြီးလာရင် အမေ့ကို အဲ့ပန်းကန်နဲ့ ထည့်ကျွေးမလို့ပါဆို၊ အဘွားလုပ်ခွဲတော့ အမေဘာနဲ့စားရမှာလဲ၊ အသုံးကိုမကျဘူး” လို့ထပြောလိုက်တယ်၊ 
သားရဲ့စကားကြောင့် အမေမှာ မျက်နှာပျက်သွားပြီး ဘာမှပြောမထွက်နိုင်တော့ဘူး။ သူမရဲ့လုပ်ရပ်က သူ့သားကို နမူနာ ဖြစ်စေခဲ့ပြီ၊ သူလုပ်သလို သူ့ကိုပြန်လုပ်တော့မယ်ဆိုတာ သိပြီး အရမ်းလဲ ရှက်၊ နောင်တလဲရလိုက်တယ်။ အဲ့ အချိန်လေးက စပြီး အဘွားဟာ မိသားစုနဲ့ ထမင်းတူတူ ပြန်ဝိုင်းစား လာရတော့တယ်။ 

+ပိတောက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)