ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, January 12, 2016

= ထိုင်းနိုင်ငံရောက်မြန်မာေ၇ွှ့ ပြောင်းအလုပ်သမားများအရေးအတွက်ဦးမိုးကြိုး (ဆရာမိုး)ကို မက်(ပ်)ရေဒီယို ၁၀၂.၅၀ မှ တွေ့ ဆုံမေးမြန်းခန်း=

>

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး မြန်မာ-ထိုင်း နှစ်နိုင်ငံအစည်း အဝေးသို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများဆိုင်ရာ ကျွမ်းကျင်သူများအနေဖြင့် အထူး ဖိတ်ကြားခံခဲ့ရတဲ့ မက်(ပ်)လူမှုအသိုင်းရေဒီယို FM 102.50 MHz ၀ါရင့်အသံလွင့် စေတနာ့ ၀န်ထမ်းလည်းဖြစ် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသော မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမူ ကော်မတီ JACBA မှ ဦးမိုးကြိုး (ဆရာမိုး)ကို မက်(ပ်)ရေဒီယို ၁၀၂.၅၀ မှ ကျနော်ခွန်းရော်ဘင်ဆန်က တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

 မေး - ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆွေးနွေးအကြံပြုပေးဖို့ ဆရာမိုးတို့ JACBA အဖွဲ့အပါအ၀င် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းအဝေးတွေကို မြန်မာအစိုးရက တရားဝင် ဖိတ်ကြား ခဲ့တာ တွေ့ရပါတယ်။ ဖိတ်ကြားခံထားရတဲ့ အဖွဲ့အစည်းနဲ့ လူပုဂိုလ်တွေထဲမှာ ဘယ်သူတွေက တက်ရောက်ပြီး ဘယ်သူတွေက မတက်ရောက်နိုင်တာနဲ့ ပါတ်သက်ပြီး ပြောပြပေးလို့ ရမလား ခဗျား။

 ဖြေ- ထိုင်းနိုင်ငံမှမြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးကြသူ များဖြစ်တဲ့ ကျနာ် ဦးမိုးကြိုး (JACBA၊ ဦးကျော်သောင်း(MAT)၊ ဦးစိန်ဌေး (MWRN)၊ ဦးအောင်ကျော်သန်း (IOM-ထိုင်း)၊ ဦးစောခူ (MMNB)၊ ဦးကျော်မြင့် (FTUM)၊ နော်ထွေးငယ် (FTUM)နှင့် မဦး(MMNB) တို့ ၈ ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

 မေး - မြန်မာအစိုးဘက်က ကိုယ်စားလှယ်နဲ့ ထိုင်းအစိုးရဘက်က ကိုယ်စားလှယ်ကော ဘယ်သူတွေ တက်ရောက်ပါသလဲ။ ဖြေ - ထိုင်းဘက်ကထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ရှာဖွေရေးနဲ့ နေရာချ ထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်အာရက္ခာ ဖလုမ်ဏီနဲ့ အလုပ်သမား စွမ်းရည်မြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်ကရီဌာ စုပ်ချို့ခ်တို့ က ဦးဆောင် တက်ရောက်ခဲ့ပါတယ်။ မြန်မာဘက်ကတော့ မြန်မာနိုင်ငံအလုပ်သမား ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် (တာဝန်ခံညွှန်ကြားရေးမှူးချုပ်) ဦးမျိုးအောင် ဦးဆောင်ပြီး တက်ရောက် ခဲ့ပါတယ်။

  မေး - ဇန်နာဝါရီလ ၇ ရက်နေ့မှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများဆိုင်ရာ ကျွမ်းကျင်သူများ ဆရာမိုးတို့အဖွဲ့က အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်ဦးဆောင်အဖွဲ့နဲ့ အကြို တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ အဲအကြို တွေ့ဆုံပွဲမှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆရာမိုး တို့က ဘာတွေ ဆွေးနွေးတင်ပြပေးခဲ့သလဲ။ 

 ဖြေ - ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးတဲ့ ကျနော်တို့ အဖွဲ့အားလုံးက ဖုန်း၊ အီးမေးလ်ဖြင့် အဆက်သွယ်လုပ်ကြပြီး ထိုင်းရောက်မြန်မာ အလုပ်သမားအတွက် အရေးအကြီးဆုံးလို့ ယူဆချက်တဲ့ အချက် ၁၀ ချက်ကို စုစည်းထားနိုင်ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်ဆီကနေ အတည်ပြုချက်ရယူပြီး ဇန်န၀ါရီလ ၇ရက်နေ့ အစည်းအဝေးမှာ လို-တို-ရှင်းနဲ့ ၁ရက်အတွင်း မိမိတို့ မြန်မာဘက်တော်သား အချင်းချင်းညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြတာပါ။

 မေး - အဲဒီအချက် အချက် ၁၀ ကို အသေးစိတ်ကလေး ပြောပြပေးလို့ရပါသလား။

 ဖြေ - ရပါတယ်။ အဲဒီအချက် ၁၀ ချက်က....

 ၁။ မြန်မာ-ထိုင်း နှစ်နိုင်ငံသဘောတူညီချက် MoU ကို ပြင်ဆင်ဖို့၊..

 ၂။ MOU အလုပ်သမားကိစ္စ ပြင်ဆင်ဖို့၊ မြန်မာဘက်ကထားရှိမယ့် မူဘောင်ရယ်၊ ထိုင်းဘက်က ထားရှိပေးရမယ့် မူဘောင်တွေရယ်။... 

၃။ ပန်းရောင်ကဒ်သမားတွေကိုရော ၆နှစ်ဗီဇာသက်တမ်းပြည့်အလုပ်သမားတွေကိုရော CI (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) ထုတ်ပေးဖို့ ။

၎။ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ရေး။(နိုင်ငံတော်အဆင့်၊ ခြားအဆင့်နဲ့ ကာယကံရှင်အလုပ်သမားတွေကိုယ်တိုင် မိမိကိုယ်ကို စောင့်ရှောက်ဖို့ )။။ 

၅။ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ဒီပလိုမာ တွေပေးအပ်ဖို့  ။

၆။ မလိုလားအပ်စွာသော အဖမ်းအဆီးတွေ၊ အတောင်းအရမ်းတွေ၊ စာရွက်စာတမ်းထပ်ခါ တလဲလဲတောင်းခံနေမှုတွေကို ထိုင်းဘက်ကို သတိပေး တင်ပြဖို့ ။

၇။ ထိုင်းအလုပ်သမားကာကွယ်ရေး ဥပဒေထဲမှာမပါဝင်တဲ့ ရေလုပ်သားများ စောင့်ရှောက်ရေး။

 ၈။ ထိုင်းအလုပ်သမားကာကွယ်ရေးဥပဒေထဲမှာ မပါဝင်တဲ့ အိမ်ဖော်၊ ဈေးသည်၊ ဆိုင်အကူ လုပ်သားများ စောင့်ရှောက်ရေး ။

၉။ မြန်မာနိုင်ငံက မကြာမီ ပြဌာန်းမယ့်နိုင်ငံရပ်ခြားအလုပ်သမားဆိုင်ရာ ဥပဒေမူကြမ်းနဲ့  လိုအပ်သောအထောက်အကူပြု အသေးစိတ်အချက်အလက်တွေ၊ 

၁၀။ အထွေထွေ စတဲ့အချက် ၁၀ ချက်အား ဆွေးနွေးပေးဖို့ မြန်မာအစိုးရအား အကြံပြု ခဲ့ပါ တယ်။

 မေး - ဆရာမိုးတို့ တင်ပြတဲ့ အချက် ၁၀ ချက်ထဲမှာ ဇန်န၀ါရီလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့ ၂ ရက်ကြာ တာဝန်ရှိသူ နှစ်နိုင်ငံအစိုးရတို့ တွေ့ဆုံ ဆွးနွေးတဲ့အခါ ဘယ်အချက်တွေကို လက်ခံဆွေးနွေးပြီး ဘယ်အချက်တွေကို သဘောတူညီမှု ရရှိခဲ့သလဲ။

 ဖြေ- ကျနော်တို့ ဆွေးနွေးတင်ပြချက် ၁၀ ချက်လုံးကို မြန်မာအစိုးရဘက်က လက်ခံပါတယ်။့ မြန်မာဘက်ကနေ ထိုင်းတာဝန်ရှိသူတွေ ဆွေးနွေးတဲ့ ဇန်န၀ါရီလ ၈ ရက်နေ့မှ ၉ ရက်နေ့ အထိ ဆွေးနွေးတောင်းဆိုချက် (၁၀)ချက်ကို ထိုင်းဘက်က ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် သွားရောက်လုပ်ကိုင်ပြီး လေးနှစ်ဗီဇာသက်တမ်း ကုန်ဆုံးသွားသည့် မြန်မာအလုပ်သမား များအား နှစ်နှစ်သက်တမ်းရှိသည့် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေး ဆိုတဲ့အချက် ၁ ချက်နဲ့ MOU စာချုပ် ပြင်ဆင်ရေးဆိုတဲ့ အချက် ၁ ချက်သာ လက်ခံပေးပါတယ်။ 

 မေး - MOU စာချုပ် ပြင်ဆင်ရေးဆိုတဲ့ အချက်မှာ ဘာတွေကို ပြင်ဆင်တာလဲ ခဗျား။

 ဖြေ - MoU စနစ်နဲ့ ထိုင်းနိုင်ငံကိုသွား အလုပ်လုပ်မယ့် မြန်မာအလုပ်သမား တို့က မြန်မာနိုင်ငံဘက်မှ အေဂျင်စီဝန်ဆောင်ခကို မြန်မာငွေ ကျပ်တစ်သိန်းခွဲ ပေးရတယ်။ ထိုင်းနိုင်ငံ ဘက်မှာ လည်း ထိုင်းဗီဇာကြေး၊ ကျန်းမာရေးဆေးစစ်ခ၊ အလုပ်လုပ်ခွင့် Work Permit ကြေး အပါအ၀င် ထိုင်းနိုင်ငံဘက်ကို ဘတ်တစ်သောင်းပေးခဲ့ရတယ်။ ပြင်ဆင်တဲ့ အချက်များထဲက တချက်နှစ်ချက် ပြောရရင် ဗီဇာကြေးတစ်နှစ်စာ ဘတ်ငွေ ၈၀၀၊ ကျန်းမာရေးဆေးစစ်ခတစ်နှစ်စာ ဘတ်ငွေ ၈၀၀၊ အလုပ်လုပ်ခွင့် Work Permit တစ်နှစ်စာ ဘတ်ငွေ ၁၉၀၀၊ ကျန်တာ အလုပ်ရှင်မှ ကျခံပေးဖို့ စတာတွေပေါ့။ မေး - မြန်မာဘက်က တောင်းဆိုတဲ့ အချက် ၁၀ ချက်အနက် ထိုင်းဘက် အချက်၂ ချက်လောက်ဘဲလက်ခံပြီး ကျန်တဲ့အချက်က ဘာကြောင့် လက်မခံတာလဲဆိုတာကို သုံးသပ်ပေးလို့ ရမလား။

 ဖြေ - မြန်မာဘက် တောင်းဆိုဆွေးနွေးချက်တွေထဲက အချက်တော်တော်များကို တက်လာတဲ့ ထိုင်းဘက်ကိုယ်စားလှယ်တွေက ထိုင်းကက်ဘိနက်အစည်းအဝေးမှာ တင်ပြပေးမယ် လို့တော့ ပြောပါတယ်။ ဗီဇာ ၆နှစ်ပြည့်ပြီး ပါ့စပိုစ့်အသစ်လဲရန် အဆင်မပြေသည့် မြန်မာ အလုပ်သမားများအတွက် IC ထုတ်ပေးဖို့ တောင်းဆိုချက်ကို ထိုင်းလဝက ဥပဒေဖြစ်နေတာကြောင့် ကက်ဘိနက် အစည်းဝေးဆုံးဖြတ်ချက်ချပြီးလျှင် အကြောင်းပြန်မယ် ပြောပါတယ်။ ဗီဇာသက်တမ်းကုန်ပြီး ထိုင်းနိုင်ငံမှာ ဆက်နေမယ်ဆိုရင် ထိုင်းလ၀ကဥပဒေအရ ဖမ်းဆီးအရေးယူခံရမယ် တာဝန်မယူဘူးလို့ ပြောတာပေါ့။ သဘောက အစည်းအဝေးတက်ရောက်လာတဲ့ ထိုင်းဘက်ကိုယ်စားလှယ်တွေက ဆုံးဖြတ်ချက်မပေးနိုင်ဘူးလို့ သုံးသပ်တာပေါ့။ 

 မေး- ဗီဇာသက်တမ်းကုန်ပြီး ထိုင်းနိုင်ငံမှာ ဆက်နေမယ်ဆိုရင် ထိုင်းလ၀ကဥပဒေအရ ဖမ်းဆီး အရေးယူခံရမယ် တာဝန်မယူဘူးလို့ ထိုင်းဘက်က ပြောတယ်ဆိုတော့ လက်ရှိ ထိုင်းနိုင်ငံ မှာ ခြောက်နှစ်၊ လေးနှစ် ဗီဇာသက်တမ်း ကုန်ဆုံးမယ့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ လည်း သိန်းနှင့်ချီ ရှိနေတယ်လို့ သိရတယ်။ ဒါဆိုရင် သိန်းနှင့်ချီ အလုပ်သမားတွေက တရားမ၀င်အလုပ်သမားပြန်ဖြစ်သွားမယ်။ ဒီလိုမဖြစ်အောင် မြန်မာအစိုးရဘက်က ဘာတွေ လုပ်သင့်လဲ၊ အဲဒီအလုပ်သမားတွေလည်း ဘာတွေ ပြင်ဆင်လုပ်ထားသင့်တယ်လို့ အကြံပြုပေးနိုင်မလဲခင်ဗျား။ 

 ဖြေ - သက်တမ်းကုန်ဆုံးတဲ့ လေးနှစ်၊ ခြောက်နှစ်သမားကို CI မရရင် မြန်မာပြည်ကို ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ဖို့ သို့မဟုတ် ပြန်လာဖို့ မလိုဘဲ ကြားကာလအနေနဲ့ အဖမ်းအဆီးတွေ မလုပ်ရန် မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရ မေတ္တာရပ်ခံ တောင်းဆိုဖို့ လိုတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အရေး ဆောင်ရွက်နေတဲ့ NGOs, CBOs အဖွဲ့အစည်း အသီးသီးကလည်း သက်တမ်းကုန်ဆုံးတဲ့ လေးနှစ်၊ ခြောက်နှစ်သမားများတွေကို လူသားချင်း စာနာသက်ညာသောအားဖြင့် တခုခုလုပ်ပေးပါရန် ထိုင်းအစိုးရဆီ စာရေးတောင်းဆိုမှုတွေ လုပ်ဖို့ လိုတယ်။ အလုပ်သမားတွေကိုယ်တိုင်လည်း တောင်းဆိုဖို့ လိုတယ်ပေါ့ဗျား။

 မေး - သဘောတူထားတဲ့ အချက် ၂ ချက်ကို ဘယ်အချိန်မှာ စတင်အသက်ဝင်မလဲဆိုတာ သိရ ပါသလား။

 ဖြေ - လိပ်ကျွန်းလူသတ်မှု နောက်ဆက်တွဲလုပ်သား ပြဿ သနာများ မဖြစ်ပေါ်ဖို့ အကြောင်းပြချက်နဲ့ ထိုင်းနိုင်ငံသို့ လုပ်သားအသစ် ပို့ဆောင်မှုကို ယာယီပိတ်ထားတာဖြစ်ပါတယ်။ အစည်းဝေးပြီးတဲ့နောက်တရက်မှာ ပြန်ဖွင့်လိုက်ပြီလေး။ အသစ်ပို့မယ့် လုပ်သားများက ပြင်ဆင်ထားတဲ့ MoU စနစ် နှုန်းအတိုင်းသာ ပေးဆောင်ရတော့မှာပါ။ CI ထုတ်ပေးမယ့် နေရာနဲ့ ဘယ်အချိန်မှာ ထုတ်ပေးရမယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေ ပြီးရင် စတင်အကောင်အကောင်အထည်မှာပါ။ 

 မေး - ပန်းရောင်ကဒ်သမားတွေကို ဘတ်သက်တမ်းတိုးပေးဖို့ ထိုင်းဘက်က ပြောတယ်လို့ သိရတယ် အဲတာ ဟုတ်ပါသလား။ 

 ဖြေ - ဟုတ်ပါတယ်။ ပန်းရောင်ကဒ်သမားတွေကို CI ထုတ်ပေးဖို့ကိစ္စ ထိုင်းဘက်က လက်မခံ ဘူး ဆိုတဲ့သဘောပြောပါတယ်။ ဒါပေမယ့် ပန်းရောင်ကဒ်သမားတွေကို ဘတ်သက်တမ်း တိုးပေးဖို့ပြောပါတယ်။ ပန်းရောင်ကဒ်သမားတွေကို ဖမ်းဆီးမှုများ မခံရအောင် တာဝန်ယူပေး မယ်လို့လည်း ထိုင်းဘက်က ပြောပါတယ်။ 

 မေး - အခြားဘာတွေ ဖြည့်စွက်ပြောကြားချင်တာ ရှိပါသလဲ။

 ဖြေ - ၂၀၁၂ ခုနှစ်က ထုတ်ပေးခဲ့တဲ့ ခရမ်းရောင်စာအုပ်များမှာ ဗီဇာ ၄ နှစ်ပြည့်ပေမယ့် passport သက်တမ်း ၂ နှစ် ကျန်ရှိနေသေးပါတယ်။ ဒါပေမယ့် passport စာအုပ် အဟောင်းကို ထပ်မံအသုံးပြုခွင့်ပေးမည် မဟုတ်တော့ပါ။ ထိုင်းနိုင်ငံမှာ ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင် ပြီး သက်တမ်း ၄ နှစ်ပြည့်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေနဲ့ မြန်မာပြည်ကို ပြန် လာပြီး သာမာန်နိုင်ငံကူးလက်မှတ်၊ ဗီဇာအသစ် MoU စနစ်သစ်နဲ့ ထိုင်းနိုင်ငံကို ပြန်လာအလုပ် လုပ်ဖို့ ကြဖို့ အကြံပေးချင်ပါတယ်။ — 

 ။။။။။။။။။။။။။။။။။။။။။။။

တင်ဆက်သူ--ခွန်းရော်ဘင်ဆင်(မဲဆောက်မြို့ မက်ပ်ရေဒီယို)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)