တစ်ခါတုန်းက ရွာနှစ်ရွာကြားမှာ ကျတ်ကုန်းအမည်တွင်သည့် ကုန်းကြီးတစ်ကုန်း ရှိခဲ့ဖူးလေသည်။ မြေသြဇာမကောင်းသောကြောင့် မြက်ပင်ကောင်းစွာ မပေါက်သော ကွင်းပြင်ကြီး ဖြစ်ပေသည်။ ထိုကျတ်ကုန်းအလယ်တွင် ထီးတည်း တည်ရှိသော အရာမှာ မန်ကျည်းပင်ကြီးတစ်ပင် ဖြစ်ချေ၏။ မန်ကျည်းပင်ကြီးမှာ ခက်လက်ဝန်းအုံ အရိပ်အာဝါသဖြင့် ပြည့်စုံသော်လည်း ၀င်ရောက်အရိပ်ခိုနားနေ၀ံ့သူ မရှိချေ။ အကြောင်းသော်ကား ထိုအပင်တွင် `သဘက်´ကြီးတစ်ကောင် နေထိုင်သောကြောင့် ပေတည်း။
သဘက်ဆိုသည်မှာ အဆင်းသဏ္ဍာန် မလှမပနှင့် လူတို့အား ဖမ်းစားတတ်သော မကောင်းဆိုးရွားသတ္တ၀ါ ဖြစ်သည်ဟု ဆိုကြ၏။ တစ်နေ့သော် တောင်ရွာသား မောင်ထွားသည် နွားပျောက်ကို ရှာဖွေရင်း ထိုကျတ်ကုန်းသို့ ရောက်လာသည်။ နေက ပူသည်။ ထို့ကြောင့်
မောင်ထွားမှာ ပို၍ ပင်ပန်းသည်။ သို့အတွက် မစဉ်းစား မတွေးတောနိုင်တော့ဘဲ တစ်ပင်တည်းသာရှိသော မန်ကျည်းပင်ရိပ်တွင် ၀င်ရောက်နားခိုလေ၏။
မောင်ထွားဝင်ရောက်ခိုနား၍ ချွေးသော်မျှ မတိတ်သေးမီ မန်ကျည်းပင်ပေါ်မှ အမွေးစုတ်ဖွားနှင့် မည်းမည်းအကောင်ကြီး တစ်ကောင် ဆင်းလာချေတော့သည်။
`စားမယ် ငါ့အပင်အောက် ရောက်လာတဲ့အတွက် နင့်ကို စားမယ်´
မျက်လုံးက အကြီးကြီး ပါးစပ်ပြဲပြဲတွင် သွားတွေက ပါးစပ်အပြင်သို့ ထိုးထွက်နေသေး၏။ မောင်ထွားမှာ ရုတ်တ၇က်သော် ကြောက်စိတ်ပေါ်လာ၏။ သို့ရာတွင် သတ္တိစိတ်မွေးကာ `ဘယ် ဒီလိုအသားလွတ် စားလို့ရမှာတုန်း´ဟု ပြန်ပြော၏။
`အသားလွတ် မစားရရင် ဘာလုပ်ပေးရမတုန်း´
မောင်ထွားမှာ ပြောမိပြောရာ ပြောလိုက်ခြင်းဖြစ်စေကာမူ သတ္တ၀ါကြီး၏ စကားကို ကြားရတော့မှ သတိရသည်။
`ငါ ခိုင်းသမျှ အကုန်လုပ်ပေးနိုင်မှ စားရမယ်၊ လုပ်မပေးနိုင်ရင် နင့်ကို ငါက ပြန်စားမယ်´
`ကောင်းပြီ အခုခိုင်း ဘာခိုင်းမတုန်း´
`ငါးနွား ပျောက်နေတယ်။ မသေမပျောက် မကျိုးမပဲ့ဘဲ လိုချင်တယ်။ သွား အခုရှာချေ´
သတ္တ၀ါကြီး ပြေးထွက်သွားသည်။ ကွမ်းတစ်ယာညက် မပြည့်မီ နွားနှစ်ကောင်မှာ တရူးရူးနှာမှုတ်လျက် ပြေးလာ၏။ မောင်ထွားဘေးမှ ဖြတ်ကာ ရွာဘက်သို့ ပြေးသွားသည်။ မကြာမီ သတ္တ၀ါကြီး ရောက်လာ၏။
`နင် ခိုင်းတာ လုပ်ပြီးပြီ စားမယ်´
`ခိုင်းစရာက အခုမှစတာ ခိုင်းစရာတွေ အများကြီး ကျန်သေးတယ်။ လာ လိုက်ခဲ့။ ငါ့ကို ထမ်းပြီး အိမ်ကို ပို့´
မောင်ထွားမှာ သတ္တ၀ါကြီး၏ ပခုံးပေါ်မှ လိုက်လာရသော်လည်း နှာခေါင်းတရှုံရှုံဖြစ်နေသည်။ အကြောင်းမူ သတ္တ၀ါကြီး၏ ကိုယ်မှ အလွန်တရာ နံစော်သောကြောင့် တည်း။
`ဘာခိုင်းမလဲ ခိုင်းစရာမရှိရင် စားမယ်´
ရွာစွန်ရှိ တဲကလေးသို့အရောက်တွင် သတ္တ၀ါကြီးက အလုပ်လုပ်ခိုင်းရန် လောဆော်တော့သည်။ မောင်ထွားစဉ်းစား၏။ သူ့အတွက် မည်သည့်အရာသည် အရေးအကြီးဆုံး ဖြစ်သနည်း။ ရေ။
`ငါ့အိမ်မှာ ရှိသမျှ ရေအိုးတွေ ပြည့်အောင် ရေခပ်ပေး။ ရေကြည်ရေသန့် ရေကောင်းဖြစ်ပစေ။ အေး …တွေ့ကရာတွေ ခပ်လာရင် အသေပဲ။´
သို့သော် မောင်ထွား၏ အိမ်တွင် သစ်သားကို ထွင်းထားသော စည်အနည်းငယ်နှင့် မြေအိုးနှစ်လုံးသာရှိရာ တစ်ခဏအတွင်း ပြည့်သွား၏။ ထို့ကြောင့် မောင်ထွားက နွားစာအစဉ်ခိုင်းသည်။ သတ္တ၀ါကြီး အပြင်းအထန် လုပ်ကိုင်သည်။ ကောက်ရိုးတစ်ပုံနှင့် ပြောင်းရိုးခြောက်များမှာ မကြာမီ `စဉ်းဖတ်´အဖြစ်ပြောင်းလွဲကုန်သည်။ ထည့်စရာမရှိသဖြင့် မောင်ထွားက ၀ါးအရှာခိုင်းသည်။ ပုတ်အရက်ခိုင်းကာ အထည်ခိုင်းသည်။ သတ္တ၀ါကြီးအတွက် လွယ်လွယ်ကလေးပင်။
`ဘာကျန်သေးတုန်း ခိုင်းစရာကုန်ရင် စားမယ်´
`ထမင်းချက်စမ်း.. တစ်ဖက်ကလည်း စပါးတွေကို ဆန်ဖြစ်အောင် လုပ်စမ်း´
သတ္တ၀ါကောင်ကြီးသည် ခိုင်းသည့်အတိုင်း လုပ်သည်။ စပါးကိုကြိတ်ထိုးပြီး လုံးတီးဆန်ကို မောင်းဖြင့်ထောင်းဖွတ်သည်။ ပုတ်တောင်းများရက်လုပ်ကာ ထည့်ပေးလိုက်သေးသည်။
`ခိုင်းစမ်း… နင်ကပဲ ခိုင်းနိုင်မလား၊ ငါကပဲ လုပ်နိုင်မလား´
မောင်ထွားမှာ ခိုင်းစရာကုန်နေပြီ။ သို့ရာတွင် ဘယ်တုန်းကမျှ စည်းရိုးမရှိသော အိမ်ကို ခြံအကာခိုင်းသည်။ မောင်ထွားမှာ ထမင်းစား၍ပင် မပြီးသေး ၊၊သတ္တ၀ါကြီးမှာ စည်းရိုးကာပြီးသွားပြီ။
`ခိုင်း၊ ခိုင်း …မခိုင်းနိုင်ရင် စားမယ်´
မောင်ထွားကြံသည်။ အကြံထုတ်သည်။ ထို့နောက် ကိုယ်မှ အမွှေးတစ်ပင်ကို နုတ်ပေးလိုက်သည်။
`ရော့ ဒါကို ဖြောင့်အောင်လုပ်ပေး´
ပင်ပင်ပန်းပန်းတွေကို အခက်အခဲမရှိ ပြီးစီးအောင် လုပ်နိုင်ခဲ့သော သဘက်ကြီး ချွေးပြန်လေပြီ။ တံတွေးဖြင့် ဆွတ်ပြီး ဖြောင့်ပါသော်လည်း ဖြောင့်စင်းမလာ။ မောင်ထွား ထမင်းစားပြီး သည်အထိ သဘက်ကြီး ဖြောင့်၍ မရသေး။ မောင်ထွားသည် ပုဆိုးတိုတိုဝတ်ပြီး ချဉ်းကပ်လာသည်။
`ဒါလေးကို ဖြောင့်နေတာ ဒါလောက် ကြာရသလားဟ´
သဘက်ကြီး၏ ကျောကို ဖနောင့်ဖြင့်ပေါက်သည်။ သဘက်လည်း ကြောက်ရွံ့စွာ မော့ကြည့်ရာက `အော်ကာ တချိုးတည်း ထွက်ပြေးတော့ရာ ကျတ်ကုန်းရှိ မန်ကျည်းပင်ကြီးတွင် ဘာကောင်မျှ မရှိဘဲ အေးချမ်းသွားလေ၏။
သဘက်ကြီး မော့ကြည့်မိသော အမွေးများမှာ မောင်ထွေး၏ ချိုင်းကြားရှိ ချိုင်းမွေးများဖြစ်ပေသတည်း။ ထို့ကြောင့် မည်မျှပင် စွမ်းအားကြီးမားသော သတ္တ၀ါပင်ဖြစ်ပါစေ။ လူ၏ လျင်သော ဥာဏ်၊ ထက်သောဥာဏ်ကို မကျော်လွှားနိုင်ပေ။
***မင်္ဂလာဈင်အောင်***
***(ဟာသပုံပြင်များ)***

6 comments:
နောက်ထပ် သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးတွေ ရေးပါဦးဗျာ။ အားပေးနေမယ်။
တကယ့်ကိုယ်တွေ့လေးတွေကော ရှိလား? ရှိရင်တင်ပေးဗျာ။ တကယ်စိတ်ဝင်စားလို့ပါ။
စကားမစပ် ပြောရဦးမယ်ဗျာ။ ကျွန်တော့်နာမည်အရင်းက "ဇော်မင်းအောင်"ပါ။ နေတာက "ခြောက်ထပ်ကြီး"မှာဗျ။ ကျွန်တော့်ယောက်ဖက ပန်းပုဆရာ ရခိုင်လူမျိုး။ သူ့ဆိုင်ခန်းကလည်း ခြောက်ထပ်ကြီးဘုရားစောင်းတန်းမှာပဲ။ ပန်းပုဆရာမှန်လျှင် အဖတ်မဝင်ရင်နေ အရည်ကစ်မှ လက်သွက်တယ်မဟုတ်လားဗျာ။ အဲဒါနဲ့ တစ်ရက် ယောက်ဖခမျာ နေညိုလို့လေပျိုပြီးတာနဲ့ ပန်းပုထုကောင်းကောင်းနဲ့ထုလိုက်တာ သူ့လက်ကိုသူပြန်ထုမိပါလေရော။ သေးတွေ အဲလေ သွေးတွေလည်းထွက်တာမှ မြင်မကောင်းအောင်ပါပဲ။ အဲဒါနဲ့ ညလည်းမိုးချုပ်နေပြီဆိုတော့ ဆိုင်ကိုသိမ်း လက်ကဒဏ်ရာနဲ့ သွေးတွေကိုလည်းမသုပ် မူးပြီးပြန်လာတော့တာဗျို့။ အဲဒီ ခြောက်ထပ်ကြီးမုဒ်ဦးထိပ်နားလေးမှာ ကားဂိတ်ရှိတယ်ဗျ။ ကားဂိတ်ကိုအုံ့မိုးတားတာက နှစ်ရှည်ညောင်ပင်အိုကြီး။ သူအိမ်ပြန်လာတော့ အဲဒီကနေဖြတ်ခဲ့ရတာပေါ့။ ကျွန်တော်တို့က (S.S.C) ဆေးခန်းကြီးရဲ့အနောက်ဘက် ဆြာဖိုးသာခြံ ဥယျာဉ်လမ်းမှာနေတာ။ အမတို့လင်မယားတွေက ကျွန်တော်တို့နဲ့ အတူနေတာပေါ့။ အိမ်ကလည်း (၃)အိမ်တောင်မှပိုင်သကိုးဗျ။ ငှဲ ငှဲ ငှဲ :D ။ ဂလိုနဲ့ သူငယ်ခေါင်းချချိန်ရောက်လို့ ခွေးတွေက အဲဒီအချိန်မှာပဲ ထအူပါလေရော။ အနော်ကလည်း ယောက်ဖနည်းတူ ကွဲနေတော့ အဲဒါတွေသတိမထားမိဘူးဗျ။ :D နှစ်နှစ်ခြိုက်ခြိုက်ကိုကျိုးနေတော့ကာ နောက်နေ့မနက် ကျွန်တော့်အမကို ဝင်ပူးလို့သောင်းကျန်းကာမှ အနော်လည်းလန့်နိုးလာတော့တာဗျို့။ အနော်လည်း ဘုမသိ ဘမသိနဲ့
့လန့်နိုးလို့ကုန်းရုန်းထလို့ကြည့်တော့ လူတွေဗျာ မြင်မကောင်းအောင်ပဲပြည့်လို့။ အလှူလုပ်နေသလားမှတ်ရတယ်။ ကျွန်တော့်အမ သရဲဝင်ပူးတာကို စိတ်ဝင်စားလို့လာကြည့်တဲ့ ရပ်ကွက်ထဲကလူတွေလေ။ သူတို့အလယ်မှာက အနော့်အမ။ သူကခြေလက်တွေတအုန်းအုန်းဆောင့်ပြီး ကျွန်တော့်အမအသံနဲ့မဟုတ်ပဲ "အဲ့ဒီ ရခိုင်ကောင်ဘယ်မလဲ ဟေ။ ငါတို့ကိုသွေးနံ့ပေးပြီးခေါ်လာတာ။ အခုထိဘာမှလည်းမစားရသေးဘူး။ တောက် ဟင်းဟင်းဟင်း..." နဲ့ကိုကျိန်းနေတော့တာ။ အနော်ပြန်စဉ်းစားမိတော့ သူတို့ဘယ်စားရမလဲဗျ။ ညက အနော်လည်းကွဲကွဲနဲ့ကြိတ်လိုက်တာ ဆန်လေးလုံးချက် ပြိုက်ကနဲကုန်သွားသကိုး။ အနော်လည်းအဲဒီကိစ္စဘယ်သူ့ကိုမှ မပြောရဲဘူး။ တော်ကြာ သားကိုပါ ဖုတ်ဝင်တယ်ဆိုပြီး ပရောဂဆရာပင့် ဆေးကြိမ်လုံးနဲ့ရိုက်နေမှဖြင့် ဟင့်။ ကျော်မကောင်း ကြားမကောင်း :P ။ အဲဒါနဲ့ အိုင့်ဒက်ဒီကလည်းမေးတော့တာပေါ့နော်။ ဘယ်ပုဂိုလ်လဲ ဘယ်ကလဲ ဘာလုပ်ဖို့လည်းပေါ့။ ယောက်ဖကတော့ အမသရဲဝင်ပူးတယ်ဆိုတာ ကြားကတည်းက ဆိုင်ကနေအိမ်ကို ဆင်းတောင်မလာတော့ဘူး။ အာဂသတ္တိခဲပဲ တကယ်တည်းမှ။ အဲဒါနဲ့ဒက်ဒီမေးတော့ကာ အနော့်အမက အသံသြသြကြီးနဲ့ "ငါတို့ညီအမသုံးယောက်က ဘုရားကြီးမုဒ်ဘေးနားက ညောင်ပင်မှာနေတာဟဲ့ နင့်သမက်သွေးအနံ့ရပြီး အစာစားရမယ်ထင်လို့ လိုက်လာတာဟေ့။" အနော်လည်း အဲဒီမှာကြက်သီးမွှေး တဖြန်းဖြန်းကိုထတော့တာ။ အနော်က သရဲမက တစ်ကောင်တည်းထင်လို့ပမာမခန့်နဲ့ ရှိုးနေတာ ညီအမသုံးယောက်ဆိုတော့ သားလည်းနည်းနည်းဖြုံသွားတယ်ဂျ။ ပြီးတော့ညက စားစရာတွေ အကုန်တီးပလိုက်တာကလည်းသားကိုး ဟီး။ (ဆက်ရန်)
အဲဒီအချိန်လေးမှာပဲ ညကအိမ်မှာအလည်လာအိပ်တဲ့ ကျွန်တော့်ဦးလေးမိန်းမက ကျွန်တော့်အနားနားကို အတင်းတိုးကပ်ပြီး လေသံတိုးတိုးလေးနဲ့ "ညကတည်းက မီးဖိုချောင်ထဲက အိုးခွက်ပန်းကန်တွေ ဆွဲဖွင့်သံတွေ ငါကြားရတာ ဇော်မင်းအောင်ရေ ခြေသံတွေကလည်း တစ်အိမ်လုံးကိုနှံ့လို့" ဆိုပဲ။ ဟီး ဟီး ဟီး..
လက်သည်မပေါ်လို့တော်သေး။ ခစ် ခစ် ခစ်...။ (ဆက်ရန်)
သူတို့ သရဲညီအမ တင်းလည်းတင်းချင်စရာ။
"ဟဲ့အကောင် အင်္ဂါသား" ရုတ်တရက် အသံနက်ကြီးနဲ့ အနော်တွေးသမျှတွေ သူသိသွားသလိုနဲ့ သမင်လည်ပြန်ကြီး အဲ့ဒီမှာ သားကိုရှိုးတော့တာဗျို့။ အနော်လည်း အမှန်တိုင်းပြောရရင် ကျွတ်ကျဲသွားပြီး "ဂျာ"လို့ မျက်နှာငယ်လေးနဲ့ ပြန်ထူးလိုက်ရတယ်ပေါ့နော်။ အဲ့ဒလိုဖြစ်နေချိန်မှာပဲ အိုင့်ဒက်ဒီက အခုလိုနောက်နောင် ဝင်မပူးနှောင့်မယှက်ဖို့နဲ့ သံသရာလည်လိမ့်မယ် အမျှဝေပေးရမလားမေးတော့ သူတို့က အမျှမလိုချင်ဘူး အမဲသားဟင်းကျွေးလို့ပဲ တောင်းဆိုတယ်ဗျ။ အဲ့ဒါနဲ့ ဖားသားကြီးက နောက်ရက်ကျရင် ဖုန်းကြီးပင့် အမျှဝေပေးမယ်။ အမဲသားဟင်းလည်းချက်ထားမယ်။ လာခဲ့ကြလို့ကိုဖိတ်တော့တာ။ "ဒါဆိုရင် သွားပြီ" လို့ဆိုရင်း ဒိုးသွားကြတယ်ဗျ။ (ဆက်ရန်)
Post a Comment