ဆောင်းခိုငှက်တွေ ပြန်လာကြပြန်ပြီ .. နေဝါ။
“သူတို့ ထွက်သွားစဉ်ကအတိုင်းပြန်လာကြရဲ့လား၊ လျော့နည်းသွာသလား၊ တိုးပွားလာသလား။ အသစ်ရောက်ရှိလာသူတွေကို လက်ကမ်းကြိုဆိုကြရဲ့လား။ ကျန်ရစ်ခဲ့သူတွေအတွက် ဝမ်းနည်းကြေကွဲနေကြလား…”
ဆောင်းခိုငှက်တွေ ပြန်လာတိုင်း ကြားနေကျစကားတစ်ခွန်း မကြားရတာကြာနေခဲ့ပေမယ့် ဒီအချိန် ဒီလိုနေရာရောက်တိုင်း ပြောသူမရှိဘဲ ထပ်ခါတလဲလဲ ပြန်လည်ကြားနေဆဲ..။
x x x x x
ငါတို့ စက္ကူလှေလေးတွေ လွှတ်နေတဲ့ ချောင်းငယ်လေးဆီကိုရောက်ဖို့ သွားနေကျ လမ်းကလေးဟာ အရင်အတိုင်း ဝါညိုရောင်မြက်ရိုင်းရှည်တွေ တစ်ဖက်စီမှာ အပြိုင်းအရိုင်း မပျက်မကွက် ပေါက်နေဆဲပါ နေဝါ။ စက္ကူလှေတွေကို လွှတ်ရင်း၊ မြက်ရိုင်းပန်းတွေကို ခူးရင်း ငါကတော့ လမ်းရဲ့အကွေ့ထောင့်ကလေးကနေ ဘယ်အချိန်မှာများ မင်း ထွက်လာပြီး ခြောက်လှန့်လိမ့်မလဲလို့ မျှော်လင့်နေဆဲပါ..။ ရက်တွေ လတွေ အတော်တောင် ကြာခဲ့ပြီပဲ နေဝါ..။
“ကိုယ်ရှိတဲ့နေရာကိုပဲ ဥသြတွေက ရောက်လာတာလား၊ ဥသြသံတွေ ကြားနေရတဲ့ နေရာကိုပဲ ကိုယ်က ရောက်နေတာလား မသိဘူး..။ ဒါပေမယ့် ကိုယ်ရှိတဲ့နေရာမှာ ဥသြသံတွေ ရှိနေတယ် .. ရီ..”
ဥသြသံတွေ ရှိတဲ့နေရာမှာ မင်းရှိတယ်လို့ ဆိုလိုချင်တာလား..နေဝါ..။ ဒါဆို ဥသြသံတွေ ကြားရတဲ့ နောက်ကို ငါ့ဝိဥာဉ်က တကောက်ကောက် လိုက်နေမိမှာပဲ။ ရုတ်တရက် ပျောက်ရှသွားတာ တကယ်တော့ ဂန္ဓဝင် မဆန်ပါဘူး နေဝါ။
x x x x x
မင်း အဖေရဲ့ Saxophone ကို တိတ်တဆိတ်ယူလာပြီး ဒီချောင်းလေးဘေးမှာ ငါတို့ တဂေါ်ဂေါ် တဂွီဂွီ နဲ့ ဂီတပွဲကြီး ကျင်းပဖူးတယ်။ မင်းနှစ်သက်လှတဲ့ Branford Marsalls လို ဟန်ပန်ကျကျ ယိမ်းနွဲ့တီးမှုတ်ကောင်းလို့ ချောင်းထဲပြုတ်ကျပြီး ရေနစ်သွားတဲ့ Saxophone နဲ့ ကြွက်စုတ်လိုဖြစ်နေတဲ့မင်း၊ အိမ်အပြန်လမ်းဟာ ရင်ခုန်စရာထက် ရင်တုန်စရာ ကောင်းလှတယ်။ မင်းရဲ့အပြစ်ကို စည်းကမ်းကြီးတဲ့ Saxophonist တစ်ယောက်ဖြစ်တဲ့ မင်းဖေဖေ ရှေ့မှာ ဝန်ခံတော့ ထူးဆန်းစွာ အပြစ်မပေးပဲ နောက် ရက်သတ္တပတ် အကြာမှာ မင်းအတွက် သင့်လျော်မယ့် Saxophone တစ်ခုကို ဝယ်ပေးခဲ့တာ ငါ့အတွက်တော့ ရှေးခေတ် တရုတ်ကဗျာတွေ ဖတ်နေရသလိုပါပဲ နေဝါ..။
“ရဲရင့်ခြင်းနဲ့ ကိုယ့်အမှားကို ကိုယ်သိခြင်းက ဘယ်တော့မှ အရှုံးတရားကို မဖြစ်စေဘူး ဆိုတာ မင်း ဦးနှောက်သေးသေးလေးထဲ ထည့်ထားလိုက်စမ်း ..ရီ” လို့ ငါ့ခေါင်းကို လက်ညှိုးနဲ့ တွန်းထိုးရင်း ပြောတုန်းက ငါ စိတ်ဆိုးလိုက်ရတာ..။ ဒါပေမယ့် ဒီစကားကို ငါ ခုချိန်ထိ ထင်ထင်မှတ်မှတ် ရှိနေဆဲပါ နေဝါ။
ပြီးတော့ မင်း Saxophone ကို တစ်ဖက်ကမ်းခတ် နားလည်ချင်တာ ငါသိပါတယ် နေဝါ။ မင်းလက်ထဲ သူကလေးရှိနေရင် ဘာမှ မလိုတော့အောင်ပြီးပြည့်စုံတယ် လို့ ခံစားရတာ လည်း ငါသိပါတယ်။ ထမင်းစားဖို့မေ့နေလောက်အောင် ရူးသွပ်တဲ့ မင်းကို အမြဲတမ်း ပရိတ်သတ် အဖြစ် ရှိနေပေးတာ ငါပါ နေဝါ။ ချောင်းလေးနဘေးမှာ မင်း လေ့ကျင့်နေရင် ဒါမှမဟုတ် ငါနားမလည်းတဲ့ ပဲတီပင်ပေါက်လို အတွန့်တွေပါတဲ့ ဂီတ အသုံးအနှုံးတွေနဲ့ မင်း နပန်းလုံးနေချိန်မှာ ကာတွန်းစာအုပ်ဖတ်ပြီး သစ်ပင်အောက်မှာ ငိုက်နေတဲ့ ငါ့ကို မင်းက တော့ စိတ်ပျက်လက်ပျက် ရှိမှာပါပဲ..။ တကယ်ပါ နေဝါ ..။ ငါက လောကကို အေးအေး ဆေးဆေးနဲ့ ငြိမ်းချမ်းပျော်ရွှင်စွာ ဖြတ်ကျော်ချင်သူလေ။ ဂီတ ဆိုတာကို ရေချိုးနေချိန်နဲ့ လုပ်ငန်းခွင်ဝင်နေချိန် အော်စရာတစ်ခုထက် ပို မမြင်နိုင်တာ ငါ့ရဲ့ အားနည်းချက်ပါ။
x x x x x
တစ်မြို့တစ်နယ်ကို ထွက်ခွါသွားတာတောင် ငါ့ကို အသိမပေးခဲ့တဲ့ မင်း အပြုအမူဟာ ရက်စက်လွန်းတယ်လို့ မင်း မထင်ဘူးလားနေဝါ..။ အောင်မြင်မှု အတွက်ဖြစ်စေ၊ ကျော်ကြားမှုအတွက်ဖြစ်စေ၊ ပညာရပ်တစ်ခုကို ဆုံးခန်းတိုင်အောင် လေ့လာလိုခြင်း ကြောင့်ဖြစ်စေ ဘယ်လိုအကြောင်းကြောင်းတွေကြောင့် မင်း ငါတို့မြို့လေးက ထွက်သွား ထွက်သွား..၊ ငယ်ကတည်းက ကစားဖော် ကစားဘက် ငါ့ကိုတော့ အသိပေးသင့်ပါတယ်။ ငါက ဟန်မဆောင်တတ်ပါဘူး နေဝါ။ မင်းကို မတွေ့လို့ အိမ်ကို သွားမေးမှ မင်းမရှိတော့ဘူး ဆိုတာ သိရတဲ့ အခိုက်အတန့်မှာ ချုန်းပွဲချ ငိုခဲ့မိပါတယ်။ ငါက သာမန် မိန်းကလေးပါ။ ဝမ်းနည်းတတ်ပါတယ်။ မင်းထွက်သွားကာစကတော့ ဆက်သွယ်လာမလားဆိုတဲ့ စိတ်ကလေးနဲ့ စာပို့သမားလာတိုင်း မျှော်လင့်ချက်တွေ အပြည့်နဲ့ စောင့်ကြည့်မိတယ်။ ကြာလာတော့ ငါ့မျှော်လင့်ချက်တွေကို ငါ ပြန်ရှက်လာခဲ့တယ် နေဝါ။ မိန်းကလေးပီပီ မိန်းကလေးမာနတော့ ငါ့မှာ ရှိပါသေးတယ်။
မင်းကို သတိရတိုင်း စက္ကူလှေလေးတွေသွားသွား လွှတ်နေရင်း၊ အပြန်မှာ မြက်ရိုင်းပန်း ခရမ်းရောင်လေးတွေကို ခူးရင်း..၊ မြက်ရိုင်တွေနဲ့ ဖျာလေးတွေ၊ ဗူးလေးတွေ ယက်လုပ်ရင်း အချိန်တွေကို ကျော်ဖြတ်ခဲ့တယ်..။မင်းအိမ်ကိုလည်း မင်းအကြောင်း သွားမမေးသလို ငါ့ကိုလည်း ဘယ်သူကမှ မင်းအကြောင်း အရေးတယူနဲ့ လာမပြောပါဘူး။ ဒါကလည်း သဘာဝ ကျပါတယ်။ အားလုံးဟာ ကိုယ့်အလုပ်နဲ့ကိုယ် အချိန်တွေကို စီးနင်းနေချိန်မှာ ငါကတော့ သတိရခြင်းတွေကိုပါ ထမ်းပိုးခဲ့တယ်။ နေဝါ .. သံယောဇဉ် ဆိုတာ တိကနဲ ဖြတ်လို့ ရနိုင်ကောင်းတယ်လား။ နူးညံ့တဲ့ နှလုံးသားပိုင်ရှင် ဆိုတဲ့ မင်းက အဲ့ဒီလောက်တောင် ပြတ်သား ရဲရင့်တယ်လား..။
x x x x x
မြို့ဆိုတာကို တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မသွားဖူးတဲ့ငါဟာ မင်းကို သတိရတိုင်း မျက်ရည်ကျဖို့နဲ့ ချောင်းဘေးနား သွားထိုင်ဖို့ပဲ နားလည်ခဲ့သူပါ နေဝါ။ ဘယ်လိုစုံစမ်းရမယ် ဆိုတာကို မသိသလို အရဲစွန့်ပြီးလည်း ဒီနေရာကနေ ဘယ်ကိုမှ မသွားရဲခဲ့ပါဘူး။ ဒါပေမယ့် နေဝါ.. ချောင်းကမ်းနဘေးမှာ မင်းကို သတိရနေတဲ့ မင်းသူငယ်ချင်းတစ်ယောက် ကိုတော့ တစ်ခါတစ်လေ လေးလောက်မှ မင်း သတိမရမိဘူးလားဟင်..။
အောင်မြင်မှုတွေကြားမှာ နစ်နေပြီလား နေဝါ ..။ ဒါမှမဟုတ် မရရှိတဲ့အောင်မြင်မှုအတွက် ရှက်ဒေါသတွေနဲ့ အိမ်ပြန်ရခက်နေသလား။ ဘာဖြစ်ဖြစ် နင့်ရဲ့မွေးရပ်မြေမှာ အေးချမ်းတဲ့၊ လောဘ ဒေါသ နည်းတဲ့၊ ရိုးသားတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ သားချင်းဆွေမျိုးတွေ ရှိနေပါသေးတယ်။ ပြီးတော့ စိမ်းလန်းတဲ့သစ်ပင်တွေ၊ ညိုဝါရောင်မြက်ရိုင်းတွေ၊ စီးဆင်းနေတဲ့ စမ်းချောင်းတွေ၊ အညိုရောင် မြေသားတွေ..၊ လယ်ကွင်းတွေ၊ စိုက်ခင်းတွေ.. မျက်စိတစ်ဆုံး ရှိနေပါသေး တယ်။ သေချာတာကတော့ ကဲ့ရဲ့ရှုံ့ချမယ့်သူကတော့ မရှိပါဘူးနေဝါ..။ ပြီးတော့ မင်းအပေါ် သံယောဇဉ်ကြီးတဲ့ ရီ ဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်း ရှိနေပါသေးတယ် လေ..။
x x x x x
ဆောင်းခိုငှက်တွေတောင် အချိန်တန်တော့ အိမ်ပြန်လာကြတယ် နေဝါ..။ ဒါပေမယ့် မင်းကတော့ ပြန်ရောက်မလာခဲ့ဘူး။ သူတို့အထဲမှာ ကျန်ရစ်ခဲ့သူတွေလည်း ရှိပါရဲ့..။ ထပ်တိုးတဲ့ သူတွေလည်း ရှိပါရဲ့..။ တကယ်တော့ မင်းလည်း ဆောင်းခိုငှက်တစ်ကောင် လိုပါပဲ နေဝါ..။ အချိန်တန်ပေမယ့် အိမ်မပြန်တာလား၊ အိမ်ပြန်ချိန်မတန်လို့ မပြန်တာလား တော့ ငါမသိပါဘူး..။ ဒါပေမယ့် မင်းကို ကျန်ရစ်ခဲ့သူတော့ မဖြစ်စေချင်ဘူး .. မဖြစ်ပါစေနဲ့ လို့လည်း အခါခါ ဆုတောင်းမိပါရဲ့ နေဝါ။
ငှက်တွေ အိမ်ပြန်လာတာ လှလိုက်တာ နေဝါ..။ ဒီတခါ ငှက်တွေ အိမ်ပြန်လာတာတွေ့ရင် မင်း ဘာပြောမှာလဲလို့ ငါ သိချင်လိုက်တာ..။ ဘာဖြစ်ဖြစ် အညိုရောင်မြက်ရိုင်းတွေကို နင်မမေ့သေးဘူးဆိုရင် ငါ ကျေနပ်ပါတယ် နေဝါ..။
x x x x x
ဆောင်းခိုငှက်တွေ ပြန်လာချိန်ရောက်တိုင်း အိမ်ပြန်မရောက်နိုင်သူတစ်ဦး ကို တိတ်တိတ် စောင့်နေရင်း စက္ကူလှေလေးတွေပေါ် ခရမ်းရောင် မြက်ရိုင်းပန်းကလေးတွေတင်ပြီး ငါမျှောနေဖြစ်ဦးမှာပါ..၊ ငါ အသက်ရှင်နေသ၍ သို့မဟုတ် မင်းကိုငါ မေ့သွားတဲ့ နေ့အထိ…။
ပျိုးယုဝသုန်
30-04-2012
Tuesday (BNE)
Tuesday, April 30, 2013
ဆောင်းခိုငှက်တို့ အိမ်ပြန်ချိန်
**Migrant ပညာရေးဆွေးနွေးပွဲကျင်းပ**
30-4-2013
မဲဆောက်မြို့နယ် တာ့ခ်ခရိုင် ပညာရေးတာဝန်ခံမှ အမှာစကားပြောကြားနေစဉ်
ထိုင်းနိုင်ငံ TAK ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ရင်သွေးငယ်များပညာသင်ကြားနေသော ရွှေ့ပြောင်းကျောင်း (Migrant school) 72 ကျောင်းမှ ကျောင်းဒါရိုက်တာများ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် TAK ခရိုင်ပညာရေးဌာနတာဝန်ရှိသူများတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ၃၀-၄-၂၀၁၃ (အင်္ဂါနေ့) နံနက် 09း00 နာရီအချိန် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ တာ့ခ်ခရိုင်၊ ထဆိုင်လွတ်ရပ်ကွက်ရှိ New Day အလယ်တန်ုးကျောင်း၌ ကျင်းပခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ Migrant ကျောင်း ၇၂ ကျောင်းမှ ကျောင်းဒါရိုက်တာများ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ စုံညီစွာတက်ရောက်ကြပြီး အစည်းအဝေးတွင် TAK ခရိုင်ပညာရေးအရာရှိ Manida မှ ပညာရေးဆောင်ရွက်ချက်များ ရှေ့လုပ်ငန်းစဉ်များကို ဦးဆောင်ဆွေးနွေးသွားပါသည်။
Manida ၏ ဆွေးနွေးချက်များ၌ ကျောင်းသား၊ ကျောင်းသူလေးများ ထိုင်းကျောင်းသားများ နည်းတူတန်းတူ အခွင့်အရေးရရှိရေး၊
ကလေးအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ကလေးများပညာသင်ကြားမှုကို လမ်းဖွင့်ပေးရေး
မူးယစ်ဆေးဝါးနှင့် အခြားဥပဒေနှင့် ငြိစွန်းသော အလုပ်များကို မလုပ်မိစေရေး ကျောင်းများသာယာလှပရေးအတွက် သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းစောင့်ရှောက်ရေး စသည့်ပြုပြင်ဖွယ်ရာကိစ္စများကို ဦးဆောင်ဆွေးနွေးသွားပါသည်။
ထို့နောက် New Day အလက ကျောင်းအုပ် ဦးရဲရင့်အောင်မှ ကျောင်း၏ နောက်ခံသမိုင်းနှင့် လက်ရှိသင်ကြားနေသော အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။
NGO အဖွဲ့အစည်းတစ်ခုမှ အမှာစကားပြောကြားနေစဉ်
NGO အဖွဲ့အစည်းတစ်ခုမှ အမှာစကားပြောကြားနေစဉ်
တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် TAK ခရိုင်ပညာရေးတာဝန်ခံတို့ အပြန်အလှန်ညှိနှိုင်းဆွေးနွေးကြ ပြီး အစည်းအဝေးကို ၁၂း၀၀ နာရီ တိတိအချိန်တွင် ရုပ်သိမ်းလိုက်ပါသည်။
အစည်းအဝေးကို ကျောင်းအသီးသီးမှ ဆရာကြီး၊ ဆရာမကြီးများအပြင် ပညာရေးနှင့်ဆက်စပ်နေသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်း (NGOs) များမှ ကိုယ်စားလှယ်များစုံညီစွာ တက်ရောက်သည်ကို တွေ့ရှိရပါသည်။
သတင်းဓာတ်ပုံ - ရဲရင့် (မြန်မာပြည်သား)
မေဒေး အစ…. အမေရိကန်က-
**(အပိုင်း - ၁)**
**Photo-(မေဒေး သူရဲကောင်း သြဂတ်စ်စပိုင့်August spies)
နိုင်ငံတကာအလုပ်သမားနေ့ (မေဒေး)ဆိုတာအမေရိကန်ပြည် ကစတင်ပေါ်ပေါက်ခဲ့ပါတယ်။ မေဒေးနေ့ဘယ် လိုဖြစ် ပေါ်လာသလဲဆိုရင်``တနေ့ အလုပ်ချိန် ၁၀ နာရီသတ်မှတ်ရေးသပိတ်တိုက်ပွဲ´´တွေကနေစတင်ခဲ့ပါ တယ်။ဘာဖြစ်လို့လဲဆိုတော့တနေ့ ကို၁၆နာရီကနေ၂၀နာရီအထိအလုပ်လုပ်နေကြရလို့ပါပဲ။(တစ်ရက်မှာ၂၄
နာရီရှိရာမှာ၂၀နာရီအလုပ်လုပ်ရတယ်ဆိုတော့ လူဟာလူနဲ့မတူတော့ဘူး။ကျွဲတွေ၊နွားတွေလိုသခင့်အကြိုက်လိုက် ပြီးအတင်းရုန်းကန်ပေးရသလိုမျိုးဖြစ်မနေပေဘူးလား)။ အဲဒီလိုအလုပ်ချိန်များပြားလွန်းနေတာမို့``တနေ့ အလုပ်ချိန် ၁၀ နာရီသတ်မှတ်ရေးသပိတ်တိုက်ပွဲ´´တွေကို (၁၈၀၆)ခုနှစ် အမေရိကန်ပြည်ဖီလာဒယ်ဗီးယားမြို့ ကကြိုးကျစ်စက်ရုံအလုပ်သမားသပိတ်။ (၁၈၂၇)ခုနှစ် ၊ ဖီလာဒယ်ဗီးယားမြို့ အဆောက်အဦးအလုပ်သမားသပိတ်။ (၁၈၃၄)ခုနှစ်၊နယူးယောက်မြို့ ၊ပေါင်မုန့် ဖုတ်အလုပ်သမားသပိတ်စတဲ့အလုပ်သမားတိုက်ပွဲတွေ ပေါ်ပေါက်
ခဲ့ပါတယ်။ တနေ့ အလုပ်ချိန်၁၀နာရီသတ်မှတ်ရေး လှုပ်ရှားမှုတွေကိုရိုက်နှက်ဖမ်းဆီးတာတွေနဲ့ ဖြိုခွဲခဲ့ပါတယ်။ ဒီလိုနဲ့ (၁၈၃၇)ခုနှစ်မှာအလုပ်ချိန်၁၀နာရီတိုက်ပွဲဟာတမြို့ ကနေတမြို့ ကိုကူးစက်ကျယ်ပြန့် ခဲ့တာမို့ ပြည်
နယ်အစိုးရတချို့ ဟာမရေမရာကျေညာချက်တွေနဲ့အတူအလုပ်ချိန်၁၀နာရီသတ်မှတ်လိုက်ကြောင်း မိမိပြည်နယ်ထဲမှာကျေညာပေးခဲ့ပါတယ်။ဒါပေမယ့်ဘာမှအကောင်အထည်မပေါ်ခဲ့သလိုအခွင့်အရေးလည်း
မရရှိခဲ့ပါဘူး။ (၁၈၆၆)ခုနှစ် ၊ဗယ်တီမိုမြို့ မှာအလုပ်သမားသမဂ္ဂခွဲပေါင်း(၃၀)ကျော်တက်ရောက်တဲ့အစည်းအဝေးကနေ ``နိုင်ငံလုံးဆိုင်ရာအမျိုးသားအလုပ်သမားသမဂ္ဂအဖွဲ့ ချုပ်´´ကိုတည်ထောင်ခဲ့ပါတယ်။အဲဒီသမဂ္ဂအဖွဲ့ ချုပ်ဟာတနေ့ အလုပ်ချိန်(၈နာရီ)သတ်မှတ်ရေးတိုက်ပွဲကော်မတီတွေကို ဖွဲ့ စည်းပေးခဲ့ပါတယ်။ အမေရိကန်ပြည်ကသက်ဆိုင်ရာပြည်နယ်အစိုးရတွေဟာလက်နက်ကိုင်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တွေကိုသုံးပြီး
အပြင်းအထန် နှိမ်နင်း ခဲ့ ပါတယ်။ခေါင်းဆောင်တွေကိုဖမ်းဆီးညှင်းပန်းတာ၊ထောင်ဒဏ်၊ငွေဒဏ်၊ သတ်မှတ်ပြီးပြည်နှင်ဒဏ်ပေးတာ။အလုပ်သမားတွေထဲကပဲကြေးစားလူမိုက်ငှားရမ်းပြီးဖျက်ဆီးစေတာ၊
ရပ်တည်ချက်ပျော့ညံ့တဲ့အလုပ်သမားခေါင်း ဆောင်အချို့ ကိုအခွင့်အရေးဗန်းပြပြီးလာဘ်ပေးဖြို ခွဲတာစသဖြင့်နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုခဲ့တာတွေ့ ရပါ တယ်။ဒီလိုနဲ့ (၁၈၆၈) ခုနှစ်မှာအမေရိကန်ပြည်၊ပြည်နယ်အစိုးရအချို့ ကတနေ့ အလုပ်ချိန်၈နာရီသတ်မှတ်ရေ့း  အမည်ခံဥပဒေတရပ်ကိုထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါပေမယ့်အရင်းရှင်တွေကြီးစိုးတဲ့ပုဂ္ဂလိကလုပ်ငန်းတွေကိုလုံးဝ သက်ရောက်ခြင်းမရှိတာမို့ ဒီဥပဒေဟာမအောင်မြင်ခဲ့ပါဘူး။တနေ့ အလုပ်ချိန်၈နာရီသတ်မှတ်ရေးအတွက် တိုက်ပွဲဝင်သတ္တုတွင်းအလုပ်သမား လှုပ်ရှားမှုခေါင်းဆောင်တွေကိုသေဒဏ်စီရင်ပစ်တာ၊ မီးရထားလမ်းထုတ်လုပ်ရေးသံမဏိစက်ရုံအလုပ်သမားတွေကိုလက်နက်ကိုင်စစ်တပ်တွေနဲ့ နှိမ်နင်းတာတွေ
လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ (၁၈၈၄) ခုနှစ်အမေရိကန်ပြည် ၊ ချီကာဂိုမြို့မှာကျင်းပတဲ့(အလုပ်သမားသမဂ္ဂအစည်းအဝေးကြီး) ကနေအမေရိကန်ပြည်အလုပ်သမားအဖွဲ့ ချုပ်(AFL)ရဲ့ ညီလာခံကိုကျင်းပပါတယ်။အဲဒီ AFL ညီလာခံကနေတ နေ့ အလုပ်ချိန် ၈ နာရီ ရရှိရေးတိုက်ပွဲဝင်ကြဖို့ ဆုံးဖြတ်ပြီးတဲ့အခါပြင်ဆင်ချိန် ၂ နှစ်အချိန်ယူခဲ့ပါတယ်။ အဲဒီပြင် ဆင်ချိန်၂နှစ်အတွင်းမှာတိုက်ပွဲကော်မတီတွေကိုစနစ်တကျ ဖွဲ့ စည်းခဲ့ကြပါ် တယ်။(၁၈၈၆)ခုနှစ် ၊မေလ ၃ရက်နေ မှာပေါ်ပေါက်ခဲ့တဲ့အလုပ်သမားသပိတ်မှာ(၆)ဦးသေဆုံးပြီးအလုပ်သမားရာပေါင်းများစွာဒဏ်ရာ ရခဲ့ပ်ါတယ်။ (1890 May day,England)
ဒီကိစ္စကိုဆတ်ဆတ်ခါနာကြည်းကြတဲ့ထောင်ပေါင်းများစွာသောအလုပ်သမားတွေစုဝေးပြီးလူထုအစည်းအဝေး ကျင်းပနေစဉ်မှာအကြမ်းဖက်နှိမ်နင်းတာကြောင့်အလုပ်သမား ၄ ယောက်နဲ့ ပုလိပ် ၇ယောက်သေဆုံး ခဲ့ ပါ တယ်။အဲဒီအရေးအခင်းနဲ့ ပတ်သက်ပြီးအလုပ်သမားခေါင်းဆောင်၎ဦး(ပါဆင် ၊ သြဂတ်စ်စပိုင့် ၊ ဖစ်ချာ၊ အိန်ဂျယ်)တို့ကိုဆူပူမှုဖန်တီးတယ်ဆိုပြီးလုပ်ကြံစွပ်စွဲကာသေဒဏ်စီရင်ခံခဲ့ပါတယ်။
ကျန်အလုပ်သမားခေါင်းဆောင်တွေကို တော့အစိုးရကထောင်ဒဏ် ၊ငွေဒဏ်၊ ပြည်နှင်ဒဏ်စသဖြင့်အပြစ်တွေပေးခဲ့ပါတယ်။ အဲဒီလိုအလုပ်သမားတွေ သွေးမြေကျခဲ့ရတဲ့တိုက်ပွဲကို အကြောင်းပြုပြီး(၁၈၈၈)ခုနှစ် ၊ စိန့် လူးဝစ်မြို့ မှာကျင်းပတဲ့AFLညီလာခံမှာထပ်မံပြီးတော့အလုပ်ချိန်၈နာရီရရှိရေးတိုက်ပွဲဝင်ရန်နဲ့ ၁၈၉၀ ခုနှစ်ကစပြီးတော့(မေလ ၁ ရက်)နေ့ ကိုအလုပ်သမား တိုက်ပွဲနေ့ (မေဒေး)အဖြစ်သတ်မှတ်ကျင်းပဖို့ ဆုံးဖြတ်ပြဌာန်းလိုက်ကြပါတယ်။
**(ဆက်လက်ဖော်ပြပါမည်။)
May Day (1951,USA)
** **စုဆောင်းတင်ပြသူ……သောင်ရင်းနဂါး(JACBA)**
………………………………………………………….
Rest of your post
--လူထုကျန်းမာရေး(ပြုံးရယ်ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ )-
စိတ်ဖိစီးမှုကို ပြေလျော့ စေတဲ့ အရာ ကဗျာ များတဲ့ ဘဝက စိတ်ဖိ စီးမှု တစ်ပုံကြီး ပေးပါတယ်။ စိတ်ဖိ စီးမှု အားလုံးကို ပြေလျော့ စေတဲ့ ရိုးရှင်းတဲ့ နည်းတစ် နည်းကတော့ ပြုံးရယ် ခြင်းသာ ဖြစ်တယ်။ ပြုံးရယ် ခြင်းက သင့်ကို စိတ်ပျော်ရွှင် စေရုံမက စိတ်ဖိ စီးမှု ကိုလည်း အမြန် ဖြေလျှော့ ပေးတယ်။ သွေးဖိအား (Blood Pressure)ကို ကျစေ သင့်မှာ သွေးတိုး ပြဿနာ ရှိနေ ရင် ဆေးစား၊ ဆေးသောက် အပြင် တစ်နေ့တာ အချိန်ကို ပြုံးရယ် ခြင်းနှင့် ကုန်လွန် ပါစေ။ တစ်ကြိမ် ပြုံးရယ်တိုင်း သွေးပေါင် ချိန်ပမာဏ အတော် အတန် ကျဆင်းကြောင်း သိရတယ်။ ခန္ဓာကိုယ်ခုခံ အားစနစ် ခန္ဓာကိုယ် ခုခံ အားစနစ်(Immune System) တိုးတက် ကောင်းမွန် စေတယ် သင့်ခန္ဓာကိုယ်ခုခံအား စနစ်ကို တိုးမြှင့် စေဖို့ ပြုံးရယ်ပါ။ ပြုံးရယ် ခြင်းက ခန္ဓာကိုယ်ကို ကိုယ်စိတ် ပြေလျော့ စေ တဲ့အသွင် ရောက်စေပြီး ရောဂါများ (အထူး သဖြင့် အအေးမိ နှာစေးနှင့် တုပ်ကွေး) တိုက်ဖျက်နိုင်စွမ်းကို မြင့်တက် စေပါတယ်။ ရုပ်ကို နုပျိုစေ ပါးရေ တွန့်ခြင်း ကင်းပြီး လှပ တင်းရင်းတဲ့ မျက်နှာ ပိုင်ရှင် ဖြစ်ဖို့ မကြာ ခဏ ပြုံးရယ်ပါ။ ပြုံးရယ် ခြင်းက သင့်မျက်နှာကို တင်းရင်း စေတဲ့ သဘာဝ နည်းတစ်ခု ဖြစ်ပြီး ရေရှည်မှာ ရုပ်ကို နုပျိုစေပါတယ်။ အနာသက်သာ စေတဲ့ဆေးတစ်လက် Endorphins ဓာတ်ပစ္စည်းများ က သင့်ခန္ဓာကိုယ်မှ နာကျင်ကိုက်ခဲမှု ကို သက်သာ စေတယ်လို့ သိရတယ်။ ပြုံးရယ်ခြင်းက ယင်းဓာတ်ပစ္စည်းတွေ ကို ထုတ်လွှတ် ပေးပါတယ်။ ဒါကြောင့် သဘာဝ အကိုက် အခဲ ပျောက်ဆေး သို့မဟုတ် နာကျင်မှု သက်သာဆေး တစ်ခု အနေနှင့် ပြုမူပါ။
ဦးလှမြင့်(ဂန္ဓာမာ)
By Health Digest
-မေဒေး အစ…. အမေရိကန်က-
**Photo-(မေဒေး သူရဲကောင်း သြဂတ်စ်စပိုင့်August spies)
နိုင်ငံတကာအလုပ်သမားနေ့ (မေဒေး)ဆိုတာအမေရိကန်ပြည် ကစတင်ပေါ်ပေါက်ခဲ့ပါတယ်။ မေဒေးနေ့ဘယ် လိုဖြစ် ပေါ်လာသလဲဆိုရင်``တနေ့ အလုပ်ချိန် ၁၀ နာရီသတ်မှတ်ရေးသပိတ်တိုက်ပွဲ´´တွေကနေစတင်ခဲ့ပါ တယ်။ဘာဖြစ်လို့လဲဆိုတော့တနေ့ ကို၁၆နာရီကနေ၂၀နာရီအထိအလုပ်လုပ်နေကြရလို့ပါပဲ။
(တစ်ရက်မှာ၂၄ နာရီရှိရာမှာ၂၀နာရီအလုပ်လုပ်ရတယ်ဆိုတော့ လူဟာလူနဲ့မတူတော့ဘူး။ကျွဲတွေ၊နွားတွေလိုသခင့်အကြိုက်လိုက် ပြီးအတင်းရုန်းကန်ပေးရသလိုမျိုးဖြစ်မနေပေဘူးလား)။ အဲဒီလိုအလုပ်ချိန်များပြားလွန်းနေတာမို့``တနေ့ အလုပ်ချိန် ၁၀ နာရီသတ်မှတ်ရေးသပိတ်တိုက်ပွဲ´´တွေကို (၁၈၀၆)ခုနှစ် အမေရိကန်ပြည်ဖီလာဒယ်ဗီးယားမြို့ ကကြိုးကျစ်စက်ရုံအလုပ်သမားသပိတ်။ (၁၈၂၇)ခုနှစ် ၊ ဖီလာဒယ်ဗီးယားမြို့ အဆောက်အဦးအလုပ်သမားသပိတ်။ (၁၈၃၄)ခုနှစ်၊နယူးယောက်မြို့ ၊ပေါင်မုန့် ဖုတ်အလုပ်သမားသပိတ်စတဲ့အလုပ်သမားတိုက်ပွဲတွေ ပေါ်ပေါက် ခဲ့ပါတယ်။ တနေ့ အလုပ်ချိန်၁၀နာရီသတ်မှတ်ရေး လှုပ်ရှားမှုတွေကိုရိုက်နှက်ဖမ်းဆီးတာတွေနဲ့ ဖြိုခွဲခဲ့ပါတယ်။ ဒီလိုနဲ့ (၁၈၃၇)ခုနှစ်မှာအလုပ်ချိန်၁၀နာရီတိုက်ပွဲဟာတမြို့ ကနေတမြို့ ကိုကူးစက်ကျယ်ပြန့် ခဲ့တာမို့ ပြည် နယ်အစိုးရတချို့ ဟာမရေမရာကျေညာချက်တွေနဲ့အတူအလုပ်ချိန်၁၀နာရီသတ်မှတ်လိုက်ကြောင်း မိမိပြည်နယ်ထဲမှာကျေညာပေးခဲ့ပါတယ်။ဒါပေမယ့်ဘာမှအကောင်အထည်မပေါ်ခဲ့သလိုအခွင့်အရေးလည်း မရရှိခဲ့ပါဘူး။ (၁၈၆၆)ခုနှစ် ၊ဗယ်တီမိုမြို့ မှာအလုပ်သမားသမဂ္ဂခွဲပေါင်း(၃၀)ကျော်တက်ရောက်တဲ့အစည်းအဝေးကနေ ``နိုင်ငံလုံးဆိုင်ရာအမျိုးသားအလုပ်သမားသမဂ္ဂအဖွဲ့ ချုပ်´´ကိုတည်ထောင်ခဲ့ပါတယ်။
့အဲဒီသမဂ္ဂအဖွဲချုပ်ဟာတနေ့ အလုပ်ချိန်(၈နာရီ)သတ်မှတ်ရေးတိုက်ပွဲကော်မတီတွေကို ဖွဲ့ စည်းပေးခဲ့ပါတယ်။ အမေရိကန်ပြည်ကသက်ဆိုင်ရာပြည်နယ်အစိုးရတွေဟာလက်နက်ကိုင်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တွေကိုသုံးပြီး
အပြင်းအထန် နှိမ်နင်း ခဲ့ ပါတယ်။ခေါင်းဆောင်တွေကိုဖမ်းဆီးညှင်းပန်းတာ၊ထောင်ဒဏ်၊ငွေဒဏ်၊ သတ်မှတ်ပြီးပြည်နှင်ဒဏ်ပေးတာ။အလုပ်သမားတွေထဲကပဲကြေးစားလူမိုက်ငှားရမ်းပြီးဖျက်ဆီးစေတာ၊ ရပ်တည်ချက်ပျော့ညံ့တဲ့အလုပ်သမားခေါင်း ဆောင်အချို့ ကိုအခွင့်အရေးဗန်းပြပြီးလာဘ်ပေးဖြို ခွဲတာစသဖြင့်နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုခဲ့တာတွေ့ ရပါ တယ်။ဒီလိုနဲ့ (၁၈၆၈) ခုနှစ်မှာအမေရိကန်ပြည်၊ပြည်နယ်အစိုးရအချို့ ကတနေ့ အလုပ်ချိန်၈နာရီသတ်မှတ်ရေ့း  အမည်ခံဥပဒေတရပ်ကိုထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါပေမယ့်အရင်းရှင်တွေကြီးစိုးတဲ့ပုဂ္ဂလိကလုပ်ငန်းတွေကိုလုံးဝ သက်ရောက်ခြင်းမရှိတာမို့ ဒီဥပဒေဟာမအောင်မြင်ခဲ့ပါဘူး။တနေ့ အလုပ်ချိန်၈နာရီသတ်မှတ်ရေးအတွက် တိုက်ပွဲဝင်သတ္တုတွင်းအလုပ်သမား လှုပ်ရှားမှုခေါင်းဆောင်တွေကိုသေဒဏ်စီရင်ပစ်တာ၊ မီးရထားလမ်းထုတ်လုပ်ရေးသံမဏိစက်ရုံအလုပ်သမားတွေကိုလက်နက်ကိုင်စစ်တပ်တွေနဲ့ နှိမ်နင်းတာတွေ လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ (၁၈၈၄) ခုနှစ်အမေရိကန်ပြည် ၊ ချီကာဂိုမြို့မှာကျင်းပတဲ့(အလုပ်သမားသမဂ္ဂအစည်းအဝေးကြီး) ကနေအမေရိကန်ပြည်အလုပ်သမားအဖွဲ့ ချုပ်(AFL)ရဲ့ ညီလာခံကိုကျင်းပပါတယ်။အဲဒီ AFL ညီလာခံကနေတ နေ့ အလုပ်ချိန် ၈ နာရီ ရရှိရေးတိုက်ပွဲဝင်ကြဖို့ ဆုံးဖြတ်ပြီးတဲ့အခါပြင်ဆင်ချိန် ၂ နှစ်အချိန်ယူခဲ့ပါတယ်။ အဲဒီပြင် ဆင်ချိန်၂နှစ်အတွင်းမှာတိုက်ပွဲကော်မတီတွေကိုစနစ်တကျ ဖွဲ့ စည်းခဲ့ကြပါ် တယ်။(၁၈၈၆)ခုနှစ် ၊မေလ ၃ရက်နေ မှာပေါ်ပေါက်ခဲ့တဲ့အလုပ်သမားသပိတ်မှာ(၆)ဦးသေဆုံးပြီးအလုပ်သမားရာပေါင်းများစွာဒဏ်ရာ
ရခဲ့ပ်ါတယ်။ (1890 May day,England) ဒီကိစ္စကိုဆတ်ဆတ်ခါနာကြည်းကြတဲ့ထောင်ပေါင်းများစွာသောအလုပ်သမားတွေစုဝေးပြီး
လူထုအစည်းအဝေး ကျင်းပနေစဉ်မှာအကြမ်းဖက်နှိမ်နင်းတာကြောင့်အလုပ်သမား ၄ ယောက်နဲ့ ပုလိပ် ၇ယောက်သေဆုံး ခဲ့ ပါ တယ်။အဲဒီအရေးအခင်းနဲ့ ပတ်သက်ပြီးအလုပ်သမားခေါင်းဆောင်၎ဦး(ပါဆင် ၊ သြဂတ်စ်စပိုင့် ၊ ဖစ်ချာ၊ အိန်ဂျယ်)တို့ကိုဆူပူမှုဖန်တီးတယ်ဆိုပြီးလုပ်ကြံစွပ်စွဲကာသေဒဏ်စီရင်ခံခဲ့ပါတယ်။ကျန်အလုပ်သ မားခေါင်းဆောင်တွေကို တော့အစိုးရကထောင်ဒဏ် ၊ငွေဒဏ် ၊ ပြည်နှင်ဒဏ်စသဖြင့်အပြစ်တွေပေးခဲ့ပါတယ်။အဲဒီလိုအလုပ်သမားတွေ သွေးမြေကျခဲ့ရတဲ့တိုက်ပွဲကို အကြောင်းပြုပြီး(၁၈၈၈)ခုနှစ် ၊ စိန့် လူးဝစ်မြို့ မှာကျင်းပတဲ့AFLညီလာခံမှာထပ်မံပြီးတော့အလုပ်ချိန်၈နာရီရရှိရေးတိုက်ပွဲဝင်ရန်နဲ့ ၁၈၉၀ ခုနှစ်ကစပြီးတော့(မေလ ၁ ရက်)နေ့ ကိုအလုပ်သမား တိုက်ပွဲနေ့ (မေဒေး)အဖြစ်သတ်မှတ်ကျင်းပဖို့ ဆုံးဖြတ်ပြဌာန်းလိုက်ကြပါတယ်။ **(ဆက်လက်ဖော်ပြပါမည်။)
May Day (1951,USA) **
**စုဆောင်းတင်ပြသူ……သောင်ရင်းနဂါး(JACBA)**
………………………………………………………….
Sunday, April 28, 2013
-တောရွာကိုပဲ လွမ်းနေမိပါသည်-
(Photo-နေပြည်တော် (ပျဉ်းမနား) မြို့နယ်ရှိ လမ်းပျဉ်းမနားအရပ်)
အပိုဒ် ၁။ ။ “မြို့ကြီးပြကြီး xx မနီးတဲ့ xx တောရပ်ဌာနေ xx တောရပ်ဌာနေမှ xx အဲဒီကစ xx လူဖြစ်ရတဲ့ xx ကိုယ့်ဘ၀မှာလေ xx ကိုယ့်အသက်အရွယ် xx ၅နှစ်ကျော် xx ၁၀ နှစ်အတွင်း xx အဖော်တွေများနဲ့ xx ကစားခဲ့ကြပျော်ပျော်ရွှင် xx မမေ့နိုင်ဘူးအစဉ် xx ကိုယ့်ဇာတိမြေ xx တောရပ်ရွာကိုပင် xxx”
အပိုဒ် ၂။ ။ “တစစနဲ့ xx ကိုယ့်ဘ၀မှာလေ xx အရွယ်ရောက်လို့ xx လာပြန်တော့ xx တောရွာမှာ xx ပျော်ပေမယ့်လည်း xx တောရာမှာမနေ xx ပျော်ရာမှာနေရမယ်လို့ xx လုံမေများကို xx တစ်နေ့တစ်ရက်မှ xx မမေ့နိုင်ပါအစဉ် xx မမေ့နိုင်ပါ အစဉ် xx တောမှာဆွေမျိုးသားချင်း xx လယ်ဆင်းကြတဲ့ xx သူတွေပင် xx တောသူလုံမေတစ်သင်း xx သူငယ်ချင်းအပေါင်းအသင်း xx¬ ကိုယ်မမေ့တာယုံစေချင် xx ကိုယ်အခွင့်သာခဲ့ရင် xx တစ်ခေါက်တစ်ခါ xx အရောက်လာဘို့သာပြင် xx ”
တောရပ်ရွာ နေပြည်တော် ပျဉ်းမနားမြို့ လမ်းပျဉ်းမနားအရပ်ြပူတွင်းကျေးရွာ၌ ကိုကို နံရံလေးဘက်ဘေးတွင် နေရစဉ်က ကွယ်လွန်သွားရသော အမေကြီး ဒေါ်အေးခင်၊ ကိုကို ထိုင်း- မြန်မာနယ်စပ်သို့ ထွက်ပြေးချိန်၌ ကွယ်လွန်သွားရသော မွေးစားမိခင်ဒေါ်သန်း၊ အချစ်ဆုံးညီမငယ်လေး စောသစ္စာလွင်တို့သည် သင်္ချိုင်းမြေတစ်နေရာ၌ ကိုယ်စီကိုယ်ငှရှိနေကြသည်။
ကိုကိုမြန်မာပြည် (၀ါ) တောရပ်ရွာသို့ မပြန်ချင်သော အကြောင်းရပ်တစ်ခုမှာ ကိုကို၏ ဘ၀တွင် အချစ်မြတ်နိုးဆုံးဖြစ်သော ညီမငယ်လေးနှင့် မွေးစားမိခင်၊ အဖွားတို့ကိုသာမက ရန်ကုန်မြို့ သန်လျင်မြို့နယ် သင်္ချိုင်းမြေတစ်နေရာ၌ ရှိသော ကျေးဇူးရှင်ဖခင်ကြီးတို့ကို တသသ လွမ်းနေရမှာ၊ ကြေကွဲနေရမှာ စိုးသောကြောင့်ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ၁၀ နှစ်ခန့် ဝေးကွာခဲ့ရသော၊ ထိုင်းနိုင်ငံမဲဆောက်မြို့၏တစ်ဘက်ခြမ်း မြ၀တီမြို့နယ်နှင့် ကောကရိတ်မြို့နယ်ဧရိယာ များသို့ ကိုကိုတစ်ယောက်ရောက်ရှိလေတိုင်း မျက်လုံးထဲဝယ် ပြာကနဲ ပြာကနဲ ဖြစ်ရလေသည့် စိတ်ခံစားချက်အချို့သည် ယနေ့အချိန်မှစ၍ ၁၀ ရက်တာ မြန်မာပြည်ခရီးစဉ်အတွင်း တကွက်ချင်း တချက်ချင်း ကြေကွဲရတော့မည်မှာ သေချာနေပါသည်။
အို.... လွမ်းပါလေတော့ နွေတကျော့
အို.... ပြေပါစေတော့ ကြွေတမော့
အို.... နေပါစေတော့ လေတနော့ ... ။
**(ကိုကိုရန်ကုန်တက္ကသိုလ်)**
-သင့်အပြော ချိုသလား? (သို့) သမီးလေးသို့ပေးစာ-
မူရင်းရေးသားသူ - Liu Yong (劉鏞) http://cnat.pckids.com.tw/board/title_show.asp?titleid=7409&kind=order
**နိုင်းနိုင်းစနေ** --
Be Happy, Moe Moe.
-အမှားများနဲ့ ခါးနေဆဲ -
မဖြူစင်ပါဘူး
ငါ့စိတ်တွေ မြစ်ရေလို
ညစ်ထေး အပြစ်တွေလဲ ဒုနဲ့ဒေးပေါ့ ... ။
ပင်လယ်က ကြယ်တပွင့်ကို
အခူး ရင်ကို ဆူးနဲ့ငြိ
သိလိုက်တဲ့ အချိန်ကျ အနာက ရင်းခဲ့ပြီ ... ။
စိတ်တွေကို ချုပ်ထိမ်းလျက်
စိတ်ထွက်ပေါက်ကို ရှာ တယောက်
ကမ္ဘာတခြမ်း အလွမ်းတွေနဲ့ နေသားကျခဲ့ရ ... ။
အမှန်နဲ့ အမှား ...
မခွဲခြားနိုင်ဘဲ လျှောက်သွားဆဲ
လမ်းတွေထက် မျက်ရည်စက်လက်
ခရီးနှင် တခါတလေလဲ ငြိမ်းချမ်းချင်တယ် ... ။
မေတ္တာအတုလား ... ဥပေက္ခာအစစ်လား
... ဗြဟ္မစိုရ်တရားရဲ့ အဓိပ္ပါယ်မှန်
တကယ်ပဲ နားမလည်ပြန်ဘူး ... ။
နောက်ဆုံးတော့လဲ ...
နားမလည်နိုင်တဲ့ နားလည်မှုတွေကြား
အရာရာဟာ ခါးသက်
ငါ ... အခါးကိုမှ မက်ခဲ့မိလေတယ် ... ။ ... ။
**မေဓာဝီ**
--လူထုကျန်းမာရေး(ဝမ်းချုပ်တတ်သူများအတွက် ဝမ်းပုံမှန်သွားစေမည့် နည်းလမ်းများ)-
ဝမ်းချုပ်ခြင်းဟာ လူအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ တွေ့ရတတ်ပါတယ်။ တစ်ပတ်မှာ သုံးကြိမ်အောက်သာ ဝမ်းသွားရင်၊ ဒါမှမဟုတ် သွားတဲ့ဝမ်းက မာကျောခြောက်သွေ့ပြီး နာကျင်စေတယ်ဆိုရင်၊ ဝမ်းသွားရ ခက်ခဲရင် ဝမ်းချုပ်တယ်လို့ ဆိုကြပါတယ်။ ဝမ်းချုပ်တဲ့အခါ စွမ်းအင်မဲ့နေသလိုလို၊ ဗိုက်ပြည့်နေသလိုလို၊ လေပွနေသလိုလို ခံစားရတတ်ပါတယ်။ ဝမ်းချုပ်တာဟာ သင်စားတဲ့ အစားအသောက်၊ လေ့ကျင့်ခန်းလုပ်တဲ့ပမာဏနဲ့ အူအလေ့အထအပေါ် သက်ရောက်မှုရှိတဲ့အချက်တွေနဲ့ ဆက်စပ်နေပါတယ်။ လူတိုင်းလိုလို ဘဝမှာ အနည်းဆုံးတစ်ကြိမ် လောက်တော့ ခံစားရတတ်တဲ့ ဝမ်းချုပ်ခြင်းဟာ သက်သောင့်သက်သာ မရှိစေတဲ့အတွက် နေ့စဉ်ဝမ်းပုံမှန် သွားစေမယ့် နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။
၁။ အမျှင်ဓာတ် များများစားပါ
အမျှင်ဓာတ်ဟာ ဝမ်းကို ပျော့ပျောင်းကာ မှန်မှန်သွားစေပါတယ်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ ကောက်နှံထဲမှာ အမျှင်ဓာတ် ပါဝင်မှုများတဲ့အတွက် ထမင်းစားတိုင်း ထည့်စားပေးပါ။ ပီဇာ၊ ရေခဲမုန့်၊ အသား၊ အာလူးချောင်းကြော်နဲ့ အဆင်သင့်မုန့်တွေမှာ အမျှင်ဓာတ်ပါဝင်မှုနည်းတဲ့အတွက် လျှော့စား ပေးပါ။ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အသီးတွေက ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ ဆီးသီးတွေဖြစ်ပြီး ဟင်းနုနယ်၊ မုန်လာဥနီလို ဟင်းသီးဟင်းရွက် တွေထဲမှာလည်း အမျှင်ဓာတ်ပါဝင်တဲ့အစားအသောက်တွေကို ကြေညက်အောင် ဝါးစားဖို့နဲ့ တစ်ကြိမ်စားရင် နည်းနည်းနဲ့ မကြာခဏစားဖို့လိုပါတယ်။
၂။ ရေများများ သောက်ပါ
ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်နေရင် ဝမ်းချုပ်ခြင်းဖြစ်စေနိုင်တာကြောင့် ရေနဲ့သစ်သီးဖျော်ရည်တွေ သောက်ပေးပါ။ ကဖင်းနဲ့ အယ်လ်ကိုဟော ပါတဲ့ အရည်တွေက ရေငတ်ခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်စေနိုင်တာကြောင့် မသောက်သင့်ပါ။
၃။ ကိုယ်လက်လှုပ်ရှားပေးပါ
ပုံမှန် ကိုယ်လက်လှုပ်ရှားမှုဟာ အစာခြေစနစ်ကို ကျန်းမာကာ အလုပ်ကောင်းကောင်း လုပ်စေပါတယ်။ ဒါကြောင့် တစ်နေ့မှာ မိနစ် ၂၀-၃၀ လောက် ကိုယ်လက်လှုပ်ရှားပေးရုံနဲ့ ပုံမှန် ဝမ်းသွားမှာပါ။
၎။ ဝမ်းသွားချင်စိတ်ပေါ်ရင် အိမ်သာထဲသွားပါ
ခန္ဓာကိုယ်ရဲ့ အချက်ပေးသံကို ဂရုမစိုက်ဘဲ အလုပ်များနေတဲ့သူတွေက ဝမ်းချုပ်ခြင်း ပိုခံစားရတတ်ပါတယ်။ ဝမ်းသွားချင်စိတ် ပေါ်လာတာနဲ့ အိမ်သာထဲ သွားပါ။ သင်ဟာ နံနက်ခင်းတိုင်း ဝမ်းသွားတတ်တဲ့အကျင့်ရှိရင် အဲဒီအချိန်အတွင်း အိမ်သာထဲ သွားထိုင်ပါ။ ဒါဟာနေ့စဉ် ပုံမှန်ဝမ်းသွားတဲ့ အကျင့် ဖြစ်အောင် လှုံ့ဆော်ရာ ရောက်ပါတယ်။
၅။ ဆရာဝန်ညွှန်ကြားချက်အရသာ ဝမ်းနုတ်ဆေးသောက်ပါ
သင်ဟာ ယာယီဝမ်းချုပ်တာဆိုရင် ဝမ်းနုတ်ဆေးသုံးဖို့ မလိုပါဘူး။ ဘဝနေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားမှာပါ။ အဲဒီလို မဟုတ်ဘဲ အကြာကြီးဝမ်းချုပ်နေတာဆိုရင်တော့ ဝမ်းနုတ်ဆေး သုံးသင့်၊ မသုံးသင့် ဆရာဝန်နဲ့ တိုင်ပင်ပါ။
၆။ သင်မှီဝဲနေသော ဆေးဝါးများအကြောင်း ဆရာဝန်အား အသိပေးပါ
တချို့ဆေးဝါးတွေဟာ ဝမ်းချုပ်ခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတဲ့အခါ သင်မှီဝဲနေတဲ့ ဆေးဝါးတွေကိုပါ အသိပေးဖို့ မမေ့သင့်ပါဘူး။
**မောင်ပေါက်**
Ref : Good Health --
Posted By Blogger လူဗိုလ်
Saturday, April 27, 2013
-အမည်လှသူဟာ လှောင်စရာ-
ဒီတစ်ခါငိုတာက ဒေါသနဲ့ဖြစ်ပြီး အတန်းထဲကို ပြန်မဝင်ရဲတော့ဘူး။ နောက်နေ့မှာ နေမကောင်းလို့ ဆိုပြီး အနားယူခဲ့တယ်။ ဒီအချိန်ကစပြီး ရှောင်ပုန်းတဲ့အကျင့် ကျွန်မ ရခဲ့လေသလား။ ဟုတ်ကဲ့။ သူတို့ လှောင်ပြောင်သလိုပဲ ကျွန်မက အကျည်းတန်သူဖြစ်ပါတယ်။ နွေရာသီကျောင်းပိတ်ရက်တိုင်း အမေက ကျွန်မကို ကတုံးတုံးပေးတတ်လို့ ကတုံးမကလေးဟာ ကဲ့ရဲ့လက်ညှိုးထိုးစရာဖြစ်တယ်။ ဆံပင်ရှည်စပြုချိန်မှာလဲ သန်မာပြီးထောင်တန်းနေတဲ့ဆံပင်တွေဟာ ဘောလုံးပန်းလိုပဲ ကြည့်ရဆိုးစွာ လူရယ်စရာဖြစ်တယ်။ ဝဝကစ်ကစ်ကလေးငယ်ကျွန်မဟာ ဖတ်တီး၊ဘုတ်အီးဆိုတဲ့ နာမည်ဆိုးတွေနဲ့ ရှင်သန်ခဲ့ရတယ်။ ဒါပေမယ့် တခြားရုပ်ရည်မလှပတဲ့ ကလေးငယ်တွေ၊ ဝတုတ်ထွားကြိုင်းတဲ့ ကလေးတွေအကြားမှာ ကျွန်မတစ်ဦးတည်းကသာ လှောင်ပြောင်စရာဖြစ်ခဲ့ရခြင်းအကြောင်းရင်းက လူနဲ့မလိုက်မဖက် လှပတဲ့ နာမည်ကြောင့်သာရယ်။ ‘ရှုမငြီးကြည်သာ’ တဲ့။ မိဘဘိုးဘွားတွေက ချစ်မဝ ရှုမငြီးလွန်းလို့ ပေးခဲ့တဲ့အမည် မဟုတ်ပါဘူး။ အဒေါ်တစ်ယောက်က သူဖတ်ဖူးတဲ့ ဝတ္တုတစ်အုပ်ထဲကနေ စိတ်ကူးပေါက်စွာ ရွေးလိုက်တဲ့ နာမည်ရယ်ပါ။ နာမည်ပြန်ပြောင်းပေးဖို့ အရေးတယူမဲ့တဲ့ အုပ်ထိန်းသူတွေကို ကျွန်မ မပူဆာရဲဘူး။အိမ်မှာလည်း ဖြစ်ပျက်သမျှကို ပြောပြတိုင်တန်းလို့ရမယ့် လူကြီး ၊ ကာကွယ်ပေးမယ့်သူ မရှိဘူး။ သူတို့ကို ပြောပြရင် ကျွန်မက ပုံကြီးချဲ့ပြောတယ်လို့ သတ်မှတ်ခံရလိမ့်ဦးမယ်။
ဒီလိုစော်ကားမော်ကားပြုခံနေရတာတွေကို နားလည်ပေးမယ့်သူ၊ကူညီစောင့်မပေးမယ့်သူ ရှိလာလိမ့်မယ်လို့လည်း မမျှော်လင့်တော့ဘူး။ စဉ်ဆက်မပြတ်လှောင်ပြောင်ခံရမှုကို ဆရာ၊ဆရာမတွေကို တိုင်ပြောတဲ့အခါမှာလည်း 'သူတို့ကို အရေးမစိုက်နဲ့။ ကိုယ့်ကျောင်းစာ ကိုယ်လုပ်'လို့ပြောပေမယ့် ကျွန်မ အာရုံလွှဲလို့ မရဘူး။ လှောင်ပြောင်သံတွေကြားတိုင်း ခေါင်းကိုအမြဲငုံ့ထားမိတယ်။ ဆရာ၊ဆရာမကအစ ဘယ်သူ့ကိုမှ ခေါင်းမတ်မတ်ထားပြီး ကြည်ကြည်သာသာ မပြုံးပြနိုင်ခဲ့ပါဘူး။မျက်နှာစူပုပ်ကာ မသာယာတဲ့မိန်းကလေးဟာ အချိန်တိုင်းစက္ကန့်တိုင်းမှာ ပေါက်ကွဲလွင့်စင်တော့မလို ဖြစ်နေတယ်။ လူရှုပ်တဲ့ကျောင်းစင်္ကြံမှာ လမ်းမလျှောက်ရဲဘူး။ အတန်းထဲမှာလည်း ခေါင်းငုံ့ပြီးပဲ လမ်းလျှောက်ခဲ့ရသလို မုန့်စားကျောင်းဆင်းချိန်မှာလည်း အတန်းပြင်မထွက်ရဲခဲ့သူပါ။ မုန့်ဈေးတန်းမှာ ‘ကတုံးမ၊ ရုပ်ဆိုးမ၊ဝက်ပုတ်’ ဆိုတဲ့ အသံတွေကို ရင်မဆိုင်နိုင်ဘူး။ ဒါပေမယ့် အတန်းရှေ့လာပြီး စော်ကားမယ့်သူတွေလည်း ရှိတယ်။ငါးတန်းနှစ်မှာ ‘နာမည်လှလို့ လာကြည့်တာ။ ရုပ်ဆိုးလိုက်တာ’ ဆိုပြီး အတန်းငယ်ကလေးမလေးတစ်ယောက်ရဲ့ အပြောကိုအစ သည်းခံခဲ့ရသူပါ။ သူတို့အတွက် ကျွန်မဟာ ကစားစရာအရုပ်လား၊ လှောင်ပြောင်စရာ ပစ်မှတ်တစ်ခုလား။ အတန်းထဲက တစ်ယောက်ယောက်က လှောင်ပြောင်တဲ့အခါ ဆရာ၊ဆရာမတွေကို တိုင်ရင် နောက်တစ်ခါအပြစ်ပေးမယ်လို့ ပြောပေမယ့် ဘယ်တုန်းကမှ အပြစ်မပေးခဲ့ဘူး။ အမှုန်အစတွေစုပြီး ပုလဲဖြစ်အောင်လုပ်နိုင်တဲ့ ကမာဟာ ကျွန်မ မဟုတ်ပါဘူး။ လိပ်လိုပဲ အရေခွံမာလာပြီး မခုခံနိုင်ဘဲ ခေါင်းငုံရှောင်ပုန်းသူသာ ဖြစ်လာခဲ့ပါတယ်။ ပြောင်းလဲဖို့ဆိုတာ အပြောလွယ်ပေမယ့် ကျွန်မအတွက်ခက်လွန်းရဲ့။တစ်နေ့ပြီးတစ်နေ့ ကျွန်မမှာ သူငယ်ချင်းရှားလာတယ်။ လှောင်ပြောင်ခံရသူ ကျွန်မဘေးမှာ ရပ်တည်ပေးမယ့် သူငယ်ချင်းကောင်းဆိုတာ မရှိခဲ့ဘူး။
တကယ့် ပြ ဿနာက ကျွန်မကလည်း သူငယ်ချင်းရှာလိုစိတ်မရှိတော့ဘူး။ စက်ရုပ်လို ကျွန်မရဲ့ မျက်နှာပုံဟန်ဟာ တစ်ပုံစံတည်းဖြစ်လာတယ်။ လှောင်ပြောင်သူတွေကိုရော၊သူငယ်ချင်းတွေကိုပါ တူတူညီညီဆက်ဆံခဲ့တယ်။ ကျီစယ်စနောက်သံကိုလည်း လှောင်ပြောင်ကဲ့ရဲ့မှုလို့ ယူဆတယ်။နာကျင်မှုကို တုံ့ပြန်မရယ်မောနိုင်သူမို့ အားလုံးက ထားရစ်ခဲ့ကြတယ်။ ကျွန်မတစ်ယောက်တည်းပဲ။ ရန်စစော်ကားသူတွေကို ဥပေက္ခာပြုနိုင်တာ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူပေမယ့် ချစ်တဲ့သူတွေကိုပါ လျစ်လျူရှုတတ်လာတာ မှားယွင်းမှုပဲလား။ တစ်ခါတစ်လေတော့ လှောင်ပြောင်သရော်မှုဆိုတာ ကျွန်မတစ်ဘဝလုံးမှာ ရရှိရမယ့် အတွေ့အကြုံလားလို့ ထင်မိခဲ့။ ကျွန်မဟာ ရွေ့မျောနေတဲ့ လောင်စာဆီလိုပဲ၊ မီးပွင့်ငယ်ထိရုံမျှနဲ့လည်း မိုးလုံးညံအောင် ပေါက်ကွဲချင်တယ်။ ဒီလိုဘဝမှာ ကျွန်မ မပျော်ပါဘူး။ ထိခိုက်နာကျင်မှာစိုးလို့ ခင်မင်ချင်သူတွေကို တွန်းထုတ်ပစ်ရတာကိုလည်း ကျွန်မ မနှစ်လိုပါဘူး။ ရန်ပြုမှာကြောက်လို့ လူတွေရဲ့အဝေးမှာနေရင်း အပြင်ရောက်သူဖြစ်လာတယ်။ ဘေးမကင်းဘဲ တစ်ကိုယ်တည်းဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်မ နောင်တ မရဘူး။ ဒီလိုခက်ထန်ကြမ်းကြုတ်တဲ့လောကမှာ နာကျင်မှုတွေနဲ့ ဝေးအောင် ကိုယ့်ကိုယ်ကိုယ်အတတ်နိုင်ဆုံး စောင့်ရှောက်သင့်တယ်လို့ ထင်ပေမယ့် တစ်ခါတစ်လေတော့လည်း ဒီလိုပုံစံဖြစ်နေတဲ့အတွက် နောင်တရမိတာ။ ဒီတစိမ်းဆန်တဲ့ အေးစက်မာကျောတဲ့ ခင်မင်စရာမကောင်းတဲ့ ကောင်မလေးဟာ ကျွန်မ မဟုတ်ပါဘူး။ လူတွေကြားထဲမှာ ထိန်းချုပ်ကန့်သတ်ထားတဲ့ မျက်နှာဖုံးနဲ့ ကျွန်မ မနေလိုပါဘူး။ ချစ်တဲ့သူငယ်ချင်းတွေနားမှာ လွတ်လပ်ပေါ့ပါးပြီး ပျော်ပျော်ရွှင်ရွှင်နေချင်ပါတယ်။ ဒါပေမယ့် ကျွန်မ မတတ်နိုင်ပြန်ဘူး။ ရှင်သန်ကြီးပြင်းရာ တစ်လျှောက်ကို ပြန်လှည့်ကြည့်တိုင်းလည်း စိတ်မချမ်းသာဝမ်းနည်းစရာသာ မြင်တယ်။ ကာလတာရှည် စိတ်ခွန်အားယိုင်နဲ့နေတဲ့ အဖြစ်ကိုလည်း မလိုလားတော့ပါဘူး။
အဖြေရှာကြည့်ရင် နှစ်ပေါင်းများစွာအနိုင့်ကျင့်ခံရခြင်းအကြောင်းရင်းက ကျွန်မဟာ အခြေအနေမဲ့ထောက်ထားစရာမလိုတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့လို့ပဲ။ ကျွန်မဘေးကရပ်တည်ကာကွယ်ပေးမယ့် မိဘမောင်နှမဆိုတာ မရှိဘူး။ စော်ကားမှုကို တားဆီးပေးမယ့် လူကြီးလူကောင်းမရှိဘူး။ ကျွန်မကို အနိုင်ကျင့်သူတွေဟာ ဒီအခြေအနေကိုသိလို့ ကျွန်မကိုယ်တိုင်လည်း တော်လှန်ခုခံနိုင်စွမ်းမဲ့မှန်းသိလို့ သူတို့ ဆက်လက်အနိုင်ကျင့်နေကြတာပဲ။ နောက်ဆုံးတော့ ကာကွယ်တားဆီးနိုင်ဖို့ ကိုယ်တိုင်သာ မာကျောအောင်လေ့ကျင့်ရမယ်ဆိုတာ သိခဲ့ပါတယ်။ တနည်းအားဖြင့် ဒီလိုရှုတ်ချခံရတာဟာ ကျွန်မအပြစ်မို့ တစ်ဦးတည်းသာ ရင်ဆိုင်သင့်တယ်လို့လည်း ကိုယ့်ကိုယ်ကိုယ်ဖျောင်းဖျခဲ့တယ်။ ဒါပေမယ့် ဒီတွန်းလှန်ကာကွယ်တဲ့အလုပ်ကို ကျွန်မ မတတ်နိုင်တဲ့အတွက် အားနည်းတဲ့သူ၊ ခုခံနိုင်စွမ်းမဲ့သူလို့ ကိုယ့်ကိုယ်ကိုယ်အသိအမှတ်ပြု၊ လက်ခံလိုက်ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားစိတ်ဟာ သုညမှတ်ရောက်ခဲ့တယ်။ သွက်လက်ချက်ချာတဲ့ မိန်းကလေးငယ်ဟာ ထိခိုက်နာကျင်ပြီး သေဆုံးသွားခဲ့ပါပြီ။ ပင်ကိုဘဝပြန်ရောက်အောင် ဘယ်လိုမှ မစွမ်းဆောင်နိုင်တော့ပါဘူး။ ငယ်စဉ်မသိတတ်သေးခင်ကတော့ ကျွန်မဟာ ပျော်ရွှင်ခဲ့ဖူးမှာပဲ။ဒီလိုဘဝကို ဘယ်တော့မှ ကျွန်မ ပြန်ရောက်နိုင်မယ် မထင်တော့ပါဘူး။ စဉ်းစားရခက်လည်း အမြဲလိုတွေးနေမိတယ်။ အနိုင်ကျင့်မခံရဘူးဆိုရင် ကျွန်မဟာ ဘယ်လိုလူသားတစ်ယောက်အဖြစ် ရှင်သန်နေမလဲလို့။
အနိုင်ကျင့်ခံရမှာစိုးလို့ ကျောင်းတက်ရတာကြောက်နေတဲ့ကလေးတစ်ယောက်မဟုတ်ခဲ့ဘူးဆိုရင် ကျွန်မဟာ ရယ်မောပျော်ရွှင်တတ်တဲ့ လူတစ်ယောက်ဖြစ်နေမလား။ ကျွန်မကို ချစ်ခင်တဲ့သူတွေနဲ့ အတူနေရမယ်ဆိုရင် ခြားနားတဲ့လူတစ်ယောက်ဖြစ်မလား။ ဘယ်သူတွေက ကဲ့ရဲ့လှောင်ပြောင်နေပါစေ ။ သူငယ်ချင်းတွေက ဘေးမှာရပ်တည်ပေးမယ်ဆိုရင် စိတ်ထိခိုက်လွယ်သူဖြစ်မလာဘဲ လောကဓံကို အရေထူလာလေမလား။ ကောင်းမြတ်တဲ့ လူ့အဖွဲ့အစည်းပါပေ့။ အမည်နာမနဲ့ ရုပ်ရည်ပေါ်အခြေခံပြီး တစ်ကျောင်းလုံးရဲ့ အနိုင်ကျင့်မှုကို ခံရမှုဟာ မထူးဆန်းတဲ့အရာ ၊ သာမာန်အဖြစ်အပျက်၊ တည်တည်ငြိမ်ငြိမ်လက်ခံသင့်တဲ့ အကြောင်းအရာလား။ သေချာတာတော့ ကျွန်မရဲ့ ပုံစံဟာ ကြောက်လန့်နေတဲ့ တိရစ္ဆာန်လို ဖြစ်ပြီး တခြားသူတွေအတွက် ရယ်စရာဟာသထက် မပိုခဲ့။ ကျွန်မဟာ သူတို့ရဲ့ ဒုက္ခပေးနိုင်စွမ်းကို စမ်းသပ်စရာ သက်ရှိပစ်ကွင်းရယ်သာ။
**မယ့်ကိုး**
-လွင့်မျောပန်းတစ်ပွင့်ရဲ့ ရာဇ၀င်-
စမ်းရေစီးမှာ ဆယ်သူမဲ့မျောချင်တိုင်းမျောနေတဲ့ ပန်းကလေးတစ်ပွင့်ပေါ့…..။
တစ်ခါတစ်လေ…ကမ်းကပ်ချင်ကပ်မယ်
ရေစီးနဲ့အတူ ထပ်ပြီးမျောချင်မျောနေဦးမယ်ပေါ့..။
တစ်နေ့နေ့တစ်ချိန်ချိန်မှာ
ကျယ်ပြောလှတဲ့ ကိုယ်ချစ်သော
ပင်လယ်ပြာပြာထဲကိုရောက်ရနိုးနိုးပေါ့လေ……။
တခါတရံ
ပူပြင်းတဲ့နေရောင်အောက်…....
တခါတရံမိုးသက်လေပြင်းအောက်…......
တခါတရံ ေ
အးစက်မှောင်မိုက်သောညအောက်……………
တခါတရံ
တိတ်ဆိတ်တဲ့ ပြာလဲ့လဲ့လရောင်အောက်…......
မင်းကတော့ ဘယ်ဆီမှာ…
လွင့်ဝဲလို့…နေသလဲ ကိုယ်မသိနိုင်ပါဘူး…….။
နေ့စဉ်ဘ၀အမောထဲ
အားတင်းလို့ ရုန်းကန်နေရသလား……….. ?
စိတ်ပျက်စရာတွေကို တခုခုနဲ့အစားထိုးပြီး
မေ့လျော့ချင်ယောင်ဆောင်နေရသလား……?
တခါတခါ
အဝေးတနေရာက မင်းကို
တိတ်ဆိတ်စွာလွမ်းနေတတ်သော
မိန်းမတစ်ယောက်ကို စက္ကန့်ပိုင်းကလေးဖြစ်ဖြစ်
မင်းသတိရနေတတ်သလား………….?
ကန်ရေပြင်တစ်ခုလို
မင်းရဲ့ အဖြူရောင်စကားလုံးတွေ
ဖြန့်ကျဲထားရာ နေရာကို အကြာကြီးငေးမောကြည့်နေမိတယ်……။
သံစဉ်တွေက ဆူညံတိုးတိတ်စွာ
တိုးဝင်လာကြပြန်တယ်…..။
နာကျင်မှုအစုအဝေးတစ်ခုကို
ရင်ဝယ်ပိုက်လို့ မျောလွင့်နေရတာ…
တကယ်တော့ ထွက်ပေါက်တစ်ခုလည်း မဟုတ်ခဲ့ပါဘူး….။
**မိုးငွေ့**
-အိမ်ဖော်အား ငှက်ပျောသီး ၊ ပုလင်းများဖြင့် အနိုင်ကျင့်ခဲ့သည့် ညီအမ ထောင်ဒဏ်ထပ်တိုး (မလေးရှား)-
Ref : Thestar (Malaysia) , Asia One News -
-Way Min Way Min
Posted By Blogger လူဗိုလ်
-ညတွေကို ဖဲ့ယူသွားတဲ့ စိတ်-
ပျောက်တိပျောက်ကြား ကြယ်ပွင့်တွေကြားမှာ
အဲ့ဒီစိတ်တစ်ခုက
မျက်စိမှိတ်မရအောင် ဆွတ်ဆွတ်ဖြူတယ်။
ဒီအချိန်မှာ
ကိုယ်ကြွေသွားရင်
ကြယ်အဖြစ်နဲ့ သူမြင်မှာလား
ဒီအချိန်မှာ
ကိုယ်ကြွေသွားရင်
ဝိဥာဉ်အဖြစ် တွယ်ငြိမိမလား
အရူးအနှမ်းဆန်ဆန်စိတ်က
ခေါင်းစဉ်တပ်မရအောင်
ကြည်နူးဖွယ်/၀မ်းနည်းလွယ်။
အမှတ်ရနေ/ မရနေ
စာရွက်ပေါ်ရေးချရင်း
မရေရာမှုကို ခေါင်း ပန်းလှန်လိုက်တယ်
အရာရာဟာ
သူ သို့မဟုတ် ကံတရား
လပြည့်ညမဟုတ်တော့ ဆုမတောင်းမိဘူး
အဝေးက သီချင်းသံသဲ့သဲ့မှာ
ညဟာ အိပ်စက်ဖို့ ခက်ခဲနေပုံ။
**နှင်းနုလွင်**
--လူထုကျန်းမာရေး(တရားထိုင်ခြင်း၏ ကျန်းမာရေး အကျိုး သက်ရောက်မှုများ)-
တရားထိုင်ခြင်းသည် ကျန်းမာရေးအတွက် ကောင်းမွန်သော အကျိုး သက်ရောက်မှု များစွာ ရှိပါသည်။ လူတို့သည် များမြောင်လှသော လုပ်ငန်း အမှုကိစ္စတို့ကို ဆောင်ရွက်ရင်း (၁၅-၂၀) မိနစ်ခန့် အချိန်ပေး တရားထိုင်ကြမည် ဆိုလျှင်~~~
၁။ခန္ဓာကိုယ်အတွင်း စိတ်ဖိစီးရာတွင် ထွက်ပေါ်လေ့ ရှိသော ဟော်မုန်းများကို လျော့ကျ စေနိုင်သည်။
၂။သွေးပေါင်ချိန် တက်ခြင်းမှ ကာကွယ်ပေးသည်။
၃။အသက်ရှူနှုန်း နှေးကွေးစေသည်။ ၄။ နှလုံးသွေးကြောကျဉ်းရောဂါနှင့် လေဖြန်းခြင်းတို့ မှ ကာကွယ်ပေးသည်။
credit to Myanmar Pharmaceuticals
Written by အာယု
Friday, April 26, 2013
-ကားမှောက်ရာတွင် သေဆုံး၊ ဒဏ်ရာရ မြန်မာအလုပ်သမားမိသားစုများအား မြန်မာအလုပ်သမား ၀န်ကြီးကိုယ်စား ကွင်းဆင်းလှူဒါန်း-
Photo-JACBA(ဦးသက်ဦး၊ ဦးမိုးကြိုးနှင့်ယနေ့ကွင်းဆင်းအကျိုးဆောင်အဖွဲ့အား တာ့ခ်ခရိုင်ဆေးရုံကြီးမှာ တွေ့ရစဉ်)
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ ညပိုင်းက ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ တာ့ခ်မြို့နယ် ဧရိယာအတွင်း ကားမှောက်ခဲ့ရာတွင် ပါဝင်ခဲ့ကြသော သေဆုံးသူနှင့် ဒဏ်ရာရမြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစုများအား ပြည်ပအလုပ်အကိုင်ကြီးကြပ်ရေးကော်မတီဥက္ကဌမြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန
ဝန်ကြီး ၏ကိုယ်စား ကိုယ်စားလှယ် (၄) ဦးက တာ့ခ်ခရိုင်ဆေးရုံကြီး၌ ယနေ့ကွင်းဆင်းလှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
ထိုသို့မြန်မာနိုင်ငံအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၀န်ကြီး ဦးမောင်မြင့်၏ ကိုယ်စားလှူ ဒါန်းနိုင်ရန် ထိုင်းနိုင်ငံမြန်မာသံရုံး၊ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်မှ
တာဝန်ခံ စီစဉ်ပေးခြင်းဖြစ်ပြီး မဲဆောက်မြို့ One stop service (ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံး)
မှ ဦးစီးအရာရှိ ဦးသက်ဦး၊ မြန်မာသံ ရုံး၏ မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် ဦးမိုးကြိုး၊ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ ကိုယ်စားလှယ်
တစ်ဦး၊ ထိုင်းနိုင်ငံမဲဆောက်မြို့ တာ့ခ်ခရိုင်အလုပ်သမားရှာဖွေရေးရုံးမှ ရုံးဝန်ထမ်းတစ်ဦး စသူ တို့က ကွင်းဆင်းဆောင်ရွက်ကြခြင်းဖြစ်သည်။
(ဦးစီးအရာရှိ ဦးသက်ဦးမှဒဏ်ရာရ မိန်းကလေးအား ထောက်ပံ့ငွေပေးနေစဉ်)
ယနေ့ကွင်းဆင်းထောက်ပံ့မှုတွင် သေဆုံးသူဒေါ်နွယ် (၄၃နှစ်၊ အဘ-ဦးဖေအောင်၊ ကော့မီရွာ၊ ကော့ကရိတ်မြို့ နယ်)အတွက် ဘတ် (၁၀၀၀၀) ဒဏ်ရာ ပြင်းထန်သူ ကိုယ်ဆန်းညွှန့် (ခါးကျိုး၊ လေရှူပိုက်သွင်းထားရ၊ ခေါင်းထိခိုက်) အတွက် ၅၀၀၀ ဘတ်၊ နှင့် ကလေး
၁ ဦးတို့ အပါအ၀င် လူ (၂၆) ဦးအတွက် (၇၆၀၀၀) ဘတ်အား ပေးအပ်ခဲ့ကြသည်။ အခြားသေဆုံးသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အတွက်လည်း ထောက်ပံ့ငွေ (၁၀၀၀၀) ဘတ်ကို ကာယကံရှင် မိသားစုဝင်တစ်ဦးဦးမှ လာရောက်ရယူကြရန် အကြောင်းကြား ထားသည်။
( သေဆုံးသူဒေါ်နွယ် (၄၃နှစ်၊ အဘ-ဦးဖေအောင်၊ ကော့မီရွာ၊ ကော့ကရိတ်မြို့ နယ်)
သင်္ကြန်ကဲ့သို့သော အခါကာလမျိုးတွင်ထိုင်းအစိုးရမော်တော်ယာဉ်ဌာနမှ မြန်မာရွှေ့ပြောင်းအလုပ်သမား
တို့ ခေတ္တနေရပ်ပြန်ကြရန် ကြံ့ခိုင်စိတ်ချရသော မော်တော်ယာဉ်များကို စီစဉ်ပေးရန်လိုအပ်ကြောင်းနှင့် ထိုသို့ စီစဉ်ပေးမှုမရှိသော ဤမော်တော်ယာဉ်များကို ဆက်လက် အသုံးပြုနေပါက ကြားကားဆွဲစားသော ကြံ့ခိုင်စိတ်ချရမှုမရှိသော ဤမော်တော်ယာဉ်များကို ဆက်လက်အသုံး ပြုနေပါက ဤသို့သော မော်တော်ယာဉ်မတော်တဆမှုများဆက်လက်ဖြစ်ပွားမည်ဖြစ်ကြောင်း၊ ထိုင်းအလုပ်ရှင် များကလည်း မိမိတို့အလုပ်သမားများအိမ်ပြန်ချိန်တွင် ကြံ့ခိုင်စိတ်ချရသော မော်တော်ယာဉ်များကို စီစဉ်ပေးရန်ထိုင်းအစိုးရအားတိုက်တွန်းဆော်သြပေးသင့်ကြောင်း မြန်မာပြည်သားများအရေး
ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က သုံးသပ်တင်ပြသည်။
(ဦးသက်ဦး၊ ဦးမိုးကြိုးနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများတာ့ခ်ခရိုင် ဆေးရုံကြီးတနေရာမှာ)
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ မော်တော်ယာဉ်မတော်တဆမှုနှင့် စပ်လျဉ်း၍ ပြည်ပအလုပ်အကိုင် ကြီးကြပ်ရေးကော် မတီမှ ပထမဆုံးအကြိမ် ကရုဏာကြေးအဖြစ် ကွင်းဆင်းပေးအပ်ခြင်းဖြစ်ပါသည်။
(သေဆုံးသူ ဒေါ်နွယ်၏သမီးဖြစ်သူ ဒဏ်ရာရ မိန်းကလေးအား ဦးသက်ဦးမှ ထောက်ပံ့ငွေပေးနေစဉ်)
(ဒဏ်ရာပြင်းထန်သူ ကိုဆန်းညွှန့်အား ဦးစီးအရာရှိ ဦးသက်ဦးမှ ထောက်ပံ့ငွေပေးနေစဉ်)
( တာ့ခ်ခရိုင်ဆေးရုံကြီးအတွင်း ယနေ့မြင်ကွင်း)
-ကျွန်မ နှင့် အနုပညာများ-
စနေနေ့ နေ့လည်ပိုင်းတွေနဲ့ တနင်္ဂနွေ နေ့မှာအောက်ထပ်ဟာ ကျွန်မရဲ့ ဂီတဖျော်ဖြေရာ နေရာတစ်ခုဖြစ်ခဲ့တယ်။ ကျွန်မက သီချင်းတွေကို ချစ်သလို ပန်းချီကားတွေကိုလည်း ချစ်သေးတယ်။ ခဲတံကိုင်တတ်စ အရွယ်ကတည်းက ပန်းပွင့်တွေ ကို ဝလုံးတွေ ဆက်ပြီး ဆွဲရတာ သိပ်သဘောကျတာပေါ့။ နောက်ပိုင်း လူပုံ၊ အကောင်ဗလောင်တွေပုံ..။ ကားပုံ ရထားပုံ၊ သစ်ပင်ပုံ မျက်လုံးထဲ မြင်သမျှကို စာရွက်အလွတ်ရှိတဲ့နေရာတိုင်မှာ ဆွဲခဲ့တယ်။ နောက်ဆုံး သတင်းစာစောင်တွေရဲ့ ဘေးသား အဖြူတွေကိုတောင် အလွတ်မပေးခဲ့ဘူး။ နောက်ဆုံ ဆွဲစရာ နေရာမရှိတော့ရင် ကျွန်မရဲ့ ပန်းချီကားတွေဟာ ထုံးစံအတိုင်း အိမ်နံရံပေါ် ရောက်ကုန်တော့တာပေါ့။ အသန့်အပြန့်ကြိုက်တဲ့ မေမေဟာ အိမ်နံရံမှာ ခဲတံ၊ မင်တံနဲ့ ပုံဆွဲတာ စာရေးတာကို လုံးဝ ခွင့်မပြုပါဘူး။ ကျွန်မကလည်း အဆူ အရိုက်ခံပြီး ဆွဲခဲ့ ရေးခဲ့တယ်။ ကျွန်မ အိပ်ရာရဲ့ ဘေးနံရံနဲ့ ခေါင်းရင်းပိုင်းတွေဟာ ပုံတွေ၊ ကဗျာတိုတွေ၊ သီချင်းစာသားတွေနဲ့ ပြည့်နေခဲ့တယ်။ နောက်ဆုံး ဆွဲစရာ နံရံမှာ နေရာမကျန်တော့ရင် ဖယောင်းတိုင်ကို မီးညှိပြီး မျက်နှာကျက်မှာ မီးတောက်က ထွက်တဲ့ မှိုင်းနဲ့ ပုံတွေဆွဲတဲ့ အထိ ထင်ရာမြင်ရာ လုပ်ခဲ့တယ်။ ပြောလို့ပြောတာ မဟုတ်ပါဘူးရှင်..။ မီးတောက်ကရတဲ့ မှိုင်းငွေ့တွေနဲ့ ပုံဖော်ထားတဲ့ ရုပ်ပုံတွေဟာ တစ်မူထူးဆန်းတာတော့ အမှန်ပါပဲ။ ကျောင်းတက်ချိန်ကာလတွေမှာတော့ ကျွန်မ အင်မတန်ပျော်ရပါတယ်။ ကျောင်းစာအုပ်ရဲ့ နောက်ပိုင်းစာမျက်နှာတွေဟာ သီချင်းစာသားတွေ၊ မတောက်တခေါက်ရေးထားတဲ့ ကဗျာအတိုတွေ၊ ပန်းချီပုံတွေနဲ့ ပြည့်နေခဲ့တယ်။ ဆရာမရဲ့ ဆူပူမှုခံရရင်လည်း ခေါင်းငုံ့ခံနေ ပေမယ့် မပြင်နိုင်ခဲ့လောက်အောင် ဝါသနာက ကြီးခဲ့တယ်။ ကျောင်းရဲ့ ကာယအချိန်တွေမှာ ကျွန်မကတော့ အမြဲနီးနီး ကာယအခန်းထဲမှာမရှိဘဲ ကျောင်းရဲ့ ပန်ချီခန်းထဲ ရောက်နေတာ များပါတယ်။ မေမေကတော့ စာသင်ချိန်မှာ ပန်ချီဆွဲတာ၊ စာရေးတာ ကဗျာရေးတာ မကြိုက်လေတော့ ရရင် ရတဲ့နေရာမှာ ရသလို ရေးတတ်တဲ့ အကျင့်လည်း ရခဲ့တာပေါ့။ အလယ်တန်းလောက်ရောက်တော့ ကဗျာတွေတင်မက ဝတ္တုပေါက်စနတွေလည်း ရေးတော့တာပါပဲ။ မေမေမသိအောင်တော့ ဝှက်ရတာပေါ့လေ။ အိမ်အောက်ထပ် အလုပ်ရုံမှာတော့ ညဘက်တွေဆိုရင် ညအိပ်ကားတွေ လက်ခံတာက ၁၂နှစ် ၁၃နှစ်အရွယ် ကျွန်မအတွက် ဂီတဟင်းလေးအိုးပါပဲ။ ညဘက်တွေဆို Radio ကလာတဲ့ သီချင်းတွေကို နားထောင်ရင်း ကားထဲက ကက်ဆက်ခွေတွေကိုလည်း နားထောင်ခွင့်ရခဲ့တာကိုး။
တစ်နေ့တော့ ကံများ မကောင်းချင်တာပြောပါတယ်။ ထုံးစံအတိုင်း သီချင်းဖွင့်မယ်လုပ်တော့ ရပ်ချိန်မှာ ဂီယာဖြုတ်မထားတာကြောင့် သော့လည်း ဖွင့်လိုက်ရော ကားဟာ ထခုန်တော့တာပါပဲ။ ကျွန်မလည်း ကြောက်ကြောက် လန့်နဲ့ သော့ကို ကောက်ပိတ်အပြီး လုလည်း ကတုန်ကယင်ဖြစ်နေတာ တော်တော်နဲ့ မပျောက်ပါဘူး။ အဲ့ဒီနောက်မှာတော့ ကားထဲဝင်ပြီး သီချင်းနားထာင်ခွင့်က ပိတ်သွားတော့တာပါပဲ။ တက္ကသိုလ်ဝင်တန်းအောင်ပြီးချိန်မှာတော့ ကျွန်မစီးပွားရေးလောကထဲ အလိုအလျောက် ရောက်ခဲ့တယ်။ ဝန်ထမ်းဘဝမှာ ဝန်ထမ်းတာဝန်ကျေအောင် ကြိုးစားရသလို အတတ်ပညာနဲ့ ပတ်သက်တဲ့ သင်တန်းတွေလည်း တစ်ခုပြီးတစ်ခု တက်နေရတော့ ကျွန်မရဲ့ မြတ်နိုးဖွယ်ရာ ဝါသနာဟာ အရောင်တင်ခွင့်မရခဲ့ဘူး။ ဒါပေမယ့် အချိန်ရရင် ရသလို ကဗျာရေးဆဲ၊ စာရေးဆဲ၊ ပုံဆွဲဆဲပါပဲ။ သီချင်းကတော့ မနက်မိုးလင်းလို့ မျက်နှာမသစ်ရသေးရင်သာနေမယ်.. သီချင်းက ၃ပုဒ်လောက် အော်ဆိုပြီးပြီပေါ့။ ရေချိုးရင်း သီချင်းဆိုသလို ရေအိမ်ဝင်ရင်း သီချင်းကျက်တဲ့ ကိုယ့်အကြောင်းကိုယ် တွေးမိတိုင်း ပြုံးရသေးတယ်။ ဒီလိုနဲ့ အသက်၂၀ ကျော်လောက်အချိန်မှာတော့ ကိုယ့်ကိုယ်ပိုင်အလုပ်လေးနဲ့ကိုယ် ဖြစ်လာခဲ့တယ်။ ဒီအချိန်မှပဲ ရူးသွပ်ခဲ့တဲ့ ဘာသာရပ်တွေကိုလေ့လာတော့တာပေါ့။ သူငယ်ချင်းမတစ်ယောက်နဲ့ တိုင်ပင်ပြီး ဆရာကိုပေါက်ဆီမှာ ဂစ်တာသင်တန်းတက် ဖြစ်ခဲ့တယ်။ ထုံးစံအတိုင်း ဘယ်သန်ဖြစ်တဲ့ ကျွန်မအတွက် ပုံမှန်ဂစ်တာကို တီးရတာမှာ တခြား ညာသန်သူတွေထက် တော်တော်ကလေး အဆင်မပြေခဲ့ဘူး။ ဒါပေမယ့် ဆန္ဒက များနေတော့ C Am Dm G လောက်နဲ့ တီးလို့ရတဲ့ သီချင်းလေးတွေတော့ တီိးလို့ ရလာခဲ့တယ်။ ဒါတောင် ဘယ်လက်နဲ့ ညာလက် စည်းချက်ညီဖို့ တော်တော်ကို အချိန်ယူခဲ့ရတယ်။ စားဝတ်နေရေးအတွက် ရုန်းကန်ရင်း ကြိုးတပ်တူရိယာတွေ၊ စုတ်တံတွေ၊ ကဗျာတွေကို ၁၀ နှစ်နီးပါး ကျောခိုင်းခဲ့ရတယ်။ သီချင်းတွေကတော့ ကြားရင်ဆိုတုန်း၊ ဆိုတတ်သလို ဆိုတုန်းပါပဲ။ အသက်တွေ တဖြည်းဖြည်း ၃၀ ကျော်လို့ ၃၃ ၃၄ လာတော့ တည်ငြိမ်တဲ့ အခြေလေး တစ်ခု ပေါ်မှာ ရပ်တည်လာနိုင်တယ်။
ဒီအခါမှာတော့ အကောင်အထည် မဖော်ဖြစ်ခဲ့တဲ့ အိပ်မက်တွေကို စပြီး ရုပ်လုံးသွင်းခဲ့တယ်။ ဒီအသက်ဒီအရွယ်မှတော့ ကလေးကတည်းက လေ့လာခဲ့သူတွေလို Pro တစ်ယောက်တော့ ဘယ်လိုမှ ဖြစ်နိုင်တော့မယ် မထင်ပါဘူးရှင်။ ဂစ်တာ၊ စန္ဒယား၊ တယော စတာတွေကို လေ့လာခဲ့ပြန်တယ်။ ငယ်ကတည်းက တတွီတွီနဲ့ တီးမှုတ်ခဲ့တဲ့ ပလွေလေးကိုလည်း ကျွန်မ မမေ့ပါဘူး။ ချွဲနွဲ့တဲ့ တယောသံကို နှစ်သက်မိတာ ကြောင့် သင်ယူခဲ့ပေမယ့် သူများတွေတီးသလို သာယာနာပျော်တဲ့ အသံကတော့ဖြင့် ထွက်မလာပါဘူးရှင်။ G D A E ရအောင် ကြိုးညှိရင်း ဒိုရေမီ ရင်း တကျွီကျွီနဲ့ ကိုယ့်တယောသံဟာ ကိုယ့်အတွက်တော့ သာယာနာပျော်ဖွယ်ပါပဲ။ စန္ဒယားဆရာမရဲ့ များပြားလှတဲ့ အိမ်စာတွေဟာ ကျွန်မကို တော်တော်လေး ပင်ပန်းစေခဲ့တယ်။ ကျီပွေ့အတက်ပေါက်လာမယ် မပေါက်လာမယ်တော့ မပြောတတ်ဘူး.. လက်ပုံစံမမှန်လို့ ဆရာမရိုက်တာတော့ ခံခဲ့ရသေးတယ်။ ဆရာမရဲ့ ပဲပင်ပေါက်နုတ်စ် တွေဟာ ပဲပင်ပေါက်ကြော် သိပ်ကြိုက်တဲ့ ကျွန်မကို ပဲပင်ပေါက်တောင် မစားချင်အောင် နှိပ်စက် ပါတော့တယ်။ တစ်ရက်မှာတော့ ရန်ကုန်အိမ်ကိုအရောက် ပီတာဖခင်ရဲ့ လက်စွဲတော် တယောလေးကို တွေ့တော့ တတ်သည့်ပညာ မနေသာဆိုသလို မတောက်တခေါက်နဲ့ တီးမယ်ကြံပါတယ်။ စတီးကာစမှာပဲ မာတာမိခင်နဲ့ ပီတာဖခင်က အိမ်အနောက်ကို ဝင်သွားပါတော့တယ်..။ မကြာခင်မှာ မာတာမိခင်က နားအေးရာအေးကြောင်း အောက်ကိုဆင်းသွားတော့တယ်။ ကျွန်မကလည်း အခုမှ အသံစမ်းတုန်း၊ အသံညှိတုန်း..။ သီချင်းတစ်ပုဒ်မပြောနဲ့ ဒိုရေတောင် မမီခင်မှာအင်မတန် စကားနည်းတဲ့ ဖခင်ဖားသားက “သမီး .. တခြားဟာတီးပါလား..”လို့ ပြောလာပါတယ်။ အဲ့သည်မှာပဲ ကိုယ့်လက်ရာကို ကိုယ် ကောင်းကောင်းကြီး နားလည် လိုက်ပါတော့တယ်။ ဒီလိုအားပေးတတ်တဲ့ မိခင်၊ ဖခင်နဲ့ မောင်လေးတို့ကို နားထောင်ချင်ချင် နားမထောင် ချင်ချင် တီးထား ဆိုထားသမျှကို ဝေးနေတာတောင် mail ပို့ပြီး နားထောင်စေခဲ့တာ ကတော့ ကျွန်မပါ။ နားထောင်လား မထောင်လားဆိုတာလည်း ပြန်ပြီး မေးရသေးတယ် လေ။ မတော် နားမထောင်ရင် ဘယ့်နှယ်လုပ်မလဲ။ ထို့အတူ ချစ်ခင်လှတဲ့ သူငယ်ချင်းတွေ ကိုလည်း နားထောင်ချင်ချင် မထောင်ချင်ချင် အသံသေး၊ အသံကြောင်၊ အသံတိမ်၊ အသံမှိန် နဲ့ ဆိုထားသမျှကို အတင်းနားထောင်ခိုင်တာပါပဲ..။ ကျွန်မရဲ့ ချစ်လှစွာသော သူငယ်ချင်းကလေးတွေကတော့ ကျွန်မပေးတဲ့ နားဒုက္ခကို ယခုချိန်အထိ ခံနေကြရတုန်းပါပဲ။ နှစ်လုံးတစ်ကီး..။ တစ်လုံး နှစ်ကီး လို့ အမည်ကင်ပွန်းတပ်တာကလွဲလို့ပေါ့ …။ မည်သို့ဆိုစေကာမူ ကျွန်မကတော့ ရုပ်ဝါဒဆန်တဲ့လမ်းပေါ်မှာ လျောက်နေတုန်းပါပဲ။ မောပန်းနွမ်းလျလာရင် ကျွန်မမြတ်နိုးတဲ့ ဂီတသံစဉ်တွေ၊ ကဗျာတွေ၊ ကာရံတွေ၊ စုတ်တံတွေကို ပွေ့ပိုက် နမ်းရှိုက်ရင်း ... ...။
**ပျိုးယုဝသုန်**
--လူထုကျန်းမာရေး(ဆန့်ကျင်ဘက် လိင်ကို ဘာကြောင့် ချစ်ကြ တာလဲ )-
သဘာဝ တရားအရ ယောက်ျားတွေဟာ ကိုယ်နဲ့ သွေးမတော် သားမစပ် တဲ့ အမျိုးသမီးတွေ နဲ့ ချစ်ကျွမ်း ၀င်ကြပါတယ်။ တချို့ စုံတွဲတွေ က ရုပ်ရည် အသွင်အပြင်၊ ၀ါသနာ၊ စိတ်ဓာတ် စတာ တွေမှာ တူညီ တတ်ကြ ပေမယ့် တချို့စုံတွဲတွေ ကတော့ လားလားမှ မတူဘဲ ကွဲပြား ခြားနား နေတတ် ပါတယ်။ ဒါပေမဲ့ အသွင် စရိုက်တွေ မတူတဲ့ စုံတွဲတွေဟာလည်း အသွင်စရိုက် တူတဲ့ စုံတွဲတွေ လိုပဲ အိမ်ထောင်ရေးမှာ အဆင်ပြေ နေတတ် ပါတယ်။
**အချစ်မြေပုံ**
ဘ၀အဖော်ကို ရွေးချယ်တာနဲ့ ပတ်သက်ပြီး ပြောနိုင်တဲ့ အချက် တစ်ခု ကတော့ ကျွန်တော်တို့ရဲ့ ဦးနှောက် ထဲမှာ သဘောကျတာနဲ့ သဘော မကျတာ စတာ တွေကို သိုလှောင် မှတ်သား ထားတဲ့ သတင်း အချက်အလက် အုပ်စု ရှိနေတာ ပါပဲ။ ဒါကို အချစ်မြေပုံလို့ တင်စားချင် ပါတယ်။ အဲဒီ အထဲမှာ ဆံပင် အရောင်၊ မျက်လုံး အရောင်၊ အသံ၊ ကိုယ်နံ့၊ ခန္ဓာကိုယ်ပုံ ပန်း သဏ္ဌာန် စတာတွေ ပါဝင်နေ ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ကို ဆွဲဆောင် နိုင်စေမယ့် ကိုယ်ရည်ကိုယ်သွေး အမျိုး အစား (ဥပမာ- နွေးထွေး ကြင်နာတဲ့ ပုံစံ မျိုးလား၊ ခင်မင် ရင်းနှီးလွယ်တဲ့ ပုံစံမျိုး လား၊ မာကျောတဲ့ ပုံစံမျိုးလား၊ အေးဆေး တည်ငြိမ်တဲ့ ပုံစံမျိုးလား)ကိုလည်း မှတ်သား ထားပါတယ်။ ဒါကြောင့် လူတွေဟာ အချစ်မြေပုံက လမ်းညွှန်ထားတဲ့ ပုံစံနဲ့ကိုက်ညီတဲ့ သူကို တွေ့တဲ့အခါ ဘ၀အဖော်အဖြစ် ရွေးချယ်မိတတ်ကြ တာပါ။
**မိခင် နှင့် တူသော ချစ်သူ**
အမျိုးသား အများစုရဲ့ ဘ၀အဖော်တွေက သူတို့ မိခင်ရဲ့ စိတ်ဓာတ် နဲ့ တူညီ နေတတ် ပါတယ်။ အကြောင်း ကတော့ လူတွေရဲ့ ဘ၀မှာ ပထမဆုံး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ ဟာ မိခင်ဆီက ရရှိတာ ဖြစ်တယ် ဆိုတဲ့ အသိစိတ်ကို အချစ် မြေပုံ ထဲမှာ သိုမှီး ထားတာကြောင့် ပါပဲ။ ကျွန်တော်တို့ တစ်တွေ ကလေးဘ၀ ကတည်းက မိခင်တွေရဲ့ အထူး ဂရုစိုက်မှုကို ခံခဲ့ရ ပါတယ်။ ဒါဟာ စစ်မှန်တဲ့ ဘ၀အဖော်ကို ရှာဖွေနိုင်ဖို့ သဲလွန်စ ပေးတာ ပါပဲ။ မိခင်က နွေးထွေး ကြင်နာပြီး စိတ်ထားကောင်းရင် သူ့သားဟာ အဲဒီလို ကြင်ဖက်မျိုးကို ရရှိနိုင်ခြေ များပါတယ်။ အဲဒီလို မဟုတ်ဘဲ မိခင်မှာ စိတ်ဓာတ် ကျနေတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိပြီး အရာရာကို ဆန့်ကျင် တတ်တဲ့ ပုံစံ ရှိခဲ့ရင် သားဖြစ်သူဟာ လက်ထပ်ဖို့ကို ကြောက်ရွံ့ နေနိုင် ပါတယ်။
**ဆန့်ကျင်ဘက် လိင်အပေါ် စွဲလမ်းမှု**
မိခင်တွေက သားယောက်ျားလေး အပေါ် လွမ်းမိုးမှု ရှိနေသလိုပဲ ဆန့်ကျင်ဘက် လိင်ကို ဘယ်လို ဆွဲဆောင်ရမလဲ ဆိုတဲ့ အချက် ကတော့ ဖခင်အပေါ်မှာ မူတည် နေပါတယ်။ ဖခင်ရဲ့အခန်း ကဏ္ဍဟာ သားသမီးတွေ ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ အိမ်ထောင်ရေး ပျော်ရွှင်မှု အခွင့်အလမ်းတွေ အပေါ်မှာ အများကြီး အရေးပါနေ ပါတယ်။ မိခင်တွေကသား ယောက်ျား လေးတွေရဲ့ ဘ၀အဖော် အပေါ် ခံစားချက်ကို လွှမ်းမိုးမှု ရှိနေ သလိုပဲ သမီးတွေရဲ့ အမျိုးသား ရွေးချယ်မှု အပေါ် ခံစားမှုက ဖခင်ရဲ့ လွှမ်းမိုးမှုကို ခံရပါတယ်။ တကယ်လို့ ဖခင်က သမီးကို ချစ် ကြင်နာပြီး တန်ဖိုးထားရင် သူ့အနေ နဲ့ ယောက်ျားလေးတွေ နဲ့ ပတ်သက်ပြီး သူ့ ကိုယ်သူ ယုံကြည်မှု ရှိနေတတ် ပါတယ်။ ဖခင်ရဲ့ လျစ်လျူရှုမှု ကို ခံရရင်တော့ သူ့ကိုယ်သူ ချစ်စရာ မကောင်းတဲ့သူ လို့ ထင်နေတတ် ပါတယ်။
**လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမည့် သူ **
လက်ထပ်တဲ့ အခါမှာ စုံတွဲ အများစုဟာ ကိုယ့်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမယ့်သူကို ရှာဖွေ လေ့ရှိပါတယ်။ စကားများများ ပြောတတ် တဲ့သူက နားထောင်ပေးမယ့် ချစ်သူကို သဘောကျပြီး စိတ်တို တတ်တဲ့သူက သည်းခံ နားလည်ကာ အကောင်းမြင် တဲ့သူကို ချစ်တတ်ပါတယ်။ စုံတွဲတွေမှာ အများအားဖြင့် လူမှုရေး အခြေအနေ တွေက တူညီ နေတတ်ပါ တယ်။ ဒါကြောင့် တစ်ကျောင်း တည်းနေ သူငယ်ချင်းတွေ၊ တစ်မြို့တည်း နေသူ တွေ၊ အလုပ်တစ်ခု တည်းမှာ လုပ်ကိုင်ကြသူ တွေက အိမ်ထောင်ဖက်တွေ ဖြစ်သွား ကြတာ ပါပဲ။ တချို့စုံတွဲတွေ ဆိုရင် မိန်းမက စီးပွားရှာပြီး ခင်ပွန်းက အိမ်မှုကိစ္စ လုပ်ကာ ကလေးတွေကို ပြုစု ပျိုးထောင်တာမျိုး လည်း ရှိပါတယ်။ အိမ်ထောင်တစ်ခုမှာ တစ်ဦးရဲ့ အားနည်းချက်ကို တစ်ဦးရဲ့အားသာချက်နဲ့ ဖြည့် ဆည်း ပေးလိုက်ရင် အဆင်ပြေတာ ပါပဲ ဆိုတာ ဒီ ဇနီးမောင်နှံတွေက သက်သေပြ နေတာပါ။
**မြင်မြင်ချင်း အချစ်**
သူစိမ်း နှစ်ဦးဟာ မြင်မြင်ချင်း ချစ်နိုင် ကြပါ့မလား။ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သူတို့ဟာ ရုပ်ရည်ချင်း ဆင်ခဲ့ရင်၊ အကြိုက်တူ ခဲ့ရင်၊ ကိုယ်ရည်ကိုယ်သွေး တူခဲ့ရင် တစ်ယောက်နဲ့ တစ်ယောက် မြင်မြင်ချင်း တွယ်တာ သွားတတ် ပါတယ်။ အထူးသဖြင့် စာဖတ်ရတာ ၀ါသနာ ပါသူတွေမှာ ကြိုက်နှစ်သက်တဲ့ စာအုပ်တွေ အကြောင်း ဆွေးနွေးရင်း တစ်ဦးနဲ့ တစ်ဦး သဘောကျ သွားတတ် ပါတယ်။ ချစ်ခြင်းတရားဟာ ကျွန်တော်တို့ရဲ့ စိတ်ကို ပူလောင်မှု နဲ့ အတူ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု၊ ကြည်နူးမှု၊ ပြည့်စုံမှုနဲ့ ကျန်းမာရေး ကောင်းမွန်မှု စတဲ့ အချက် တွေကို ပေးစွမ်း နိုင်ပါတယ်။ ချစ်ခြင်းတရား အပေါ် ထားရှိတဲ့ သဘောထား အပေါ် မူတည်ပြီး အရသာ အမျိုးမျိုးကို ပြောင်းလဲ ခံစားရ မှာပဲ ဖြစ်ပါတယ်။
Ref-Myawady News
Written by အာယု
Thursday, April 25, 2013
-အကြွေးနှင့် အတွေး-
တံခါးဝမှ သော့ ခလောက်ကိုကြည့်ပြီး “ဒီတစ်ခါလည်း နောက်ကျသွားပြန် ပဟ”ဟု မချင့်မရဲ တွေးမိ လိုက်သူက ကိုမြတ်သူပဲ ဖြစ်လေသည်။ ဒါတောင် မမီလိုက်မှာ စိုး၍အိပ်ရာမှ နိုးနိုးချင်း ထမင်းပင် မစားအား သေးဘဲ အပြေးအလွှား ထလာခဲ့ခြင်းပင်။ မနေ့ညကလည်း ပြန်လာနိုး ပြန်လာနိုးနှင့် တံခါးပိတ်ထားသည့် ခြံရှေ့ ဆိုင်ကယ်ရပ်ပြီး ထိုင်စောင့်သည့်မို့ ပတ်ဝန်းကျင်ကပင် ဘာပါလိမ့်ဟု စူးစမ်း ကြည့်ခြင်း ခံရသေးသည်။ ဖိုးရွှေသောင်းထွန်းတို့ လင်မယားက ပေါ်မလာ။ ကြာတော့ ဗိုက်ကလည်း ဆာ၊ ညောင်းကလည်း ညောင်းလာသည်နှင့် “ပြန်လာရင် သူတို့ကို မြတ်သူလာသွား သေးတယ်လို့ ပြောပေပါဗျာ” ဟု နံဘေးအိမ်ကို အကျိုးအကြောင်း ပြောပြ မှာထားပြီး ပြန်လာခဲ့ရသည်။ ထမင်း စားပြီး တစ်ခေါက်ပြန်ထပ် သွားရဦးမလား စိတ်ကူး သေးသော်လည်း ဇနီးသည် မမေနီက “မိုးလည်း ချုပ်ပါပြီ။ မနက်မှ စောစော ထသွားပါလား” ဟု တားသဖြင့် ပြန်မလာ ဖြစ်လိုက်တော့။ တွက်ကြည့်တော့ ရစရာ အကြွေးထဲ ဆိုင်ကယ် ဓာတ်ဆီဖိုး ထပ်ပေါင်းလျှင်ပင် မနည်းတော့ပါချေ။ ခေါက်တုံ့ခေါက်ပြန် သွားလိုက်ပြန် လိုက်လုပ်နေရသည်မှာ ယခု တစ်ခေါက်နှင့် ပေါင်းလျှင် ဆယ်ခေါက် လောက်တောင် ရှိပြီထင်သည်။ သေချာသည်က လက်ရှိ ကိုသောင်းထွန်းတို့ လုပ်နေပုံတွေက နည်းနည်းမှ မရိုးသားတော့ခြင်းပင်။ သမားရိုးကျ လွဲချော်နေခြင်း ဆိုလျှင် လေးငါးရက်အထိ မတွေ့စရာအကြောင်း လုံးဝမရှိ။ လုပ်စရာအလုပ် အကိုင်ကြီးရယ်ဟု မည်မည်ရရ ရှိနေသည်လည်း မဟုတ်ပါဘဲနှင့်ကို ကိုမြတ်သူ လာတိုင်း နေ့နေ့ညည မတွေ့။ အကယ်၍ ကိုမြတ်သူ မသိနိုင်သည့် အလုပ် ကိစ္စတွေ ပေါ်နေ၍ အိမ်မကပ်နိုင်တာဆို လျှင်လည်း ကိုမြတ်သူ အိမ်ဘက် ခဏတစ်ဖြုတ်လေး လောက်တောင် လှည့်မ၀င် လာနိုင်ပေဘူးလား။ ရိုးသားသူဆိုလျှင်ပေါ့လေ။ ကိုမြတ်သူ မျှော်နေမှာကို သူ့မိန်းမ မသိလျှင်တောင် ကာယကံရှင် ကိုသောင်းထွန်းကတော့ သိသည်မဟုတ်လား။ ဘယ်ရှုထောင့်မှ တွေးတွေး သူတို့လင်မယားသည် အတွေ့မခံချင်၍ကို တမင် ရှောင်တိမ်းနေကြခြင်းက ပေါ်လွင်လွန်းလှသည်။ ကြည့်ကြသေးတာ ပေါ့လေ။ သူက သောင်းထွန်းဖြစ်သလို ကိုယ်ကလည်း မြတ်သူ ပေပဲ။ ဒင်းကပဲ လုံအောင် ပုန်းနိုင်မလား။ ကိုယ်ကပဲ တွေ့အောင် ရှာနိုင်မလား။ တစ်နေ့ တစ်လံ ပုဂံ ဘယ်ရွေ့မလဲ။ အိပ်ရာလိပ်ကို သူ့ခြံဝ ချပြီးတော့ကို မတွေ့မချင်း အိပ်စောင့်လိုက်ဦးမည်။
(၂)
“တွေ့ခဲ့ရဲ့လား ရှင့် ကိုသောင်းထွန်း” ဧည့်ခန်းထဲရှိ ပန်းချီ ကားကို ဖုန်သုတ်နေရာမှ မမေနီက အလောတကြီး လှည့်မေးသည်။ ကိုမြတ်သူ က မျက်နှာအိုအိုနှင့် ခေါင်း သာခါပြပြီး ဆက်တီခုံပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက် သည်။ ကိုယ်တိုင်ကိုယ်ကျ လိုက်တောင်းရသူ မဟုတ် သော်လည်း ခင်ပွန်းသည် ပြန်အလာကို အဆင်ပြေမပြေ မျှော်မောရသူ မမေနီ၏ ဒုက္ခကလည်း မသေးပါ။ ကြား ဖူးသည်ကတော့ မျှော်ရသည့် အလုပ်က ပိုမောသည် ဆိုလား။ “ဒီလင်မယား ကျွန်မတို့ အပေါ် တကယ် လုပ်ရက်တာပဲနော် ကိုမြတ်သူ” ကျားကိုက်ပါသည်ဆို မှ အပေါက်လေးနှင့်လားဟု လုပ်ချင်နေသည့် ဇနီးမယားကို ကိုမြတ်သူက စိတ်မ ကြည်မလင် လက်စနှင့် ဘု ကြည့်ကြည့်ပစ်လိုက်သည်။ ကိုမြတ်သူ စိတ်တိုနေမှန်းသိ ၍ မမေနီက မီးလောင်ရာ လေပင့်မဖြစ်ရလေအောင် ထိန်းသိမ်းသည့်အနေနှင့်- “လူရင်းတိုင်းလည်း လူ ယုံမဖြစ်နိုင်တာ နောက်ဆို သင်ခန်းစာ ယူရုံပေါ့ရှင်” “သင်ခန်းစာ ယူတာ မယူတာ နောက်ထား။ လော လောဆယ် ငါ့ခေါင်းပေါ်တင် နေတဲ့ ငွေသုံးသိန်း ကိစ္စကို ဘယ်လို လုပ်ကြမလဲ။ မနေ့ ညနေကတောင် ကိုဝင်းစိန်တို့ လင်မယား မျက်နှာလာပြနေ ကြသေးတယ်မလား။ အဲ့ဒီ တစ်ခါငါနဲ့ မတွေ့လိုက်လို့ “သူ့အလုပ်ကိစ္စတွေ ကျွန်မ သိပ်မသိဘူး။ လောလော ဆယ် ငွေရပြီလို့ ပြောသံ လည်း မကြားသေးဘူး။ သူ ရှိချိန်လောက်မှ ပြန်လာမေး ကြည့်ပါလား”လို့စကားလှည့် လို့ရပေမဲ့ နောက်တစ်ကြိမ် နောက်တစ်ခါဆိုရင် အဲဒီလို လွယ်လွယ် စကားလှည့်လို့ ရပါဦးမလား။ ငွေလာပေး သွားတဲ့ အလုပ်ရှင်ဆိုတာက လည်း ငါတို့မြို့ကိုကုန်တက် ၀ယ်ရင်း အိမ်ဦးနဲ့ ကြမ်းပြင် လို လေးငါးဆယ်ရက်တစ်ခါ လူးလား ခေါက်တုံ့ ကူးသန်း နေတဲ့သူ။ အကယ်၍ သူလာ လို့ ကိုဝင်းစိန်တို့က မတော် တဆစကားကြုံလို့ပဲဖြစ်ဖြစ်၊ တကူးတက သွားတွေ့ မေးမိ လို့ပဲ ဖြစ်ဖြစ် ပိုက်ဆံပေးပြီး တာတွေပေါ်ကုန်ရင် ငါ့မျက် နှာ ဘယ်နားသွားထားရတော့ မလဲ” “အဲ့ဒီလိုကြီးတော့ သွား မမေးလောက်ပါဘူး ရှင်ကလည်း” ဒါပေမဲ့ ကိုမြတ်သူ ပြောသွားသမျှ အချက်တွေကို မိန်းမသား ဖြစ်သည့် မမေနီက ပို၍ပင် တစ်ဆုံးထိ တွေးပူမိပြီးပါပြီ။ အခန့် မသင့်လျှင် တစ်သက်လုံး ထိန်းသိမ်း လာခဲ့သမျှ နာမည်ပျက် ကာ လုပ်ငန်းကိုင်ငန်းလုပ်ဖို့ ခက်သွားမည်ပင် ပူရသေးသည်။ သို့သော် ပူနေသည့် သူကို အပူသက်သာလို သက် သာငြား မမေနီက နှစ်သိမ့် ပေးမိတာ။ “မမေးလည်း ကြာလာရင် ပေါ်ကုန်မှာပဲလေ။ ပေါ်ကုန်ရင် မင်းယောက်ျား မြတ်သူရဲ့သိက္ခာတော့ သွားပေရော့ မြောင်းထဲပဲ” “အို အဲ့ဒီလိုအထိတော့ ဘယ်အဖြစ်ခံပါ့မလဲရှင်။ တောင်းမရတဲ့အဆုံးတော့ လည်း ရှိတဲ့ဆိုင်ကယ်လေး ခဏတစ်ဖြုတ် ပေါင်နှံသင့် ပေါင်နှံ၊ ရောင်းချသင့်ရောင်း ချပြီး သူများကို ပေးစရာ ရှိ တာပေးလိုက်မှ၊ပေါ့” “ပေးရမှာကတော့ မဖြစ်မနေပေးရမှာ ငါသိပါတယ်။ ငါ့လုပ်ဖော်ကိုင်ဖက် နဲ့ တပည့်တွေဆိုတာကလည်း ရှိသူတွေမှ မဟုတ်တာ။ သူတို့ လုပ်အားခ သူတို့ ရချင်နေကြ မှာပဲလေ။ ငါ့အပေါ်ယုံကြည် စိတ်နဲ့ ခုထိ လာမမေးမြန်းကြ သေးတာကိုတောင် ကျေးဇူး တင်နေရတယ်။ အလုပ်ရှင်က လာပေးတာနဲ့ ငါက သူတို့ကို ချက်ချင်း သွားပေးမှာလို့ ထင်ကြမှာကိုး။ လောလောဆယ် တောင် သူတို့ခမျာ ရစရာရှိ တယ်ဆိုပြီး အကြွေးကြိုယူ စားတဲ့သူက ယူစားထားကြတာ” လင်မယားနှစ်ယောက် ဆက်တီကိုယ်စီမှာ သောက ကိုယ်စီနှင့် ငိုင်တွေနေမိကြ သည်။ ခက်သည်က ကိုယ် တွေကလည်း ရရစားစား လက်သမားဆရာဘ၀မို့ လတ်တလော၌ စိုက်ထုတ် ရှင်းထားပေးစရာ ငွေပိုငွေ လျှံက လက်ထဲမှာ မရှိပါ။ ဒီလိုပဲ အငတ်ခံ၍ သာမှု၊ နာ မှုအတွက် ခြစ်ကုတ်စုထား ရသည့် ရွှေတိုရွှေစလေးများ နှင့် တရုတ် ဆိုင်ကယ်လေး တစ်စီးတော့ ရှိသည် ဆိုပေ မဲ့ စိုက်ထုတ်ရှင်းပြီး နောက် ပြန်၍များ မရခဲ့ပါလျှင်။ စဉ်းစားကြည့်လျှင် စိုက်ထုတ် ရှင်းရမည့် ငွေသုံးသိန်း ဟူသည့် ပမာဏသည် ကိုမြတ်သူတို့လို တစ်နေ့လုပ် တစ်နေ့စား လက်သမား ဆရာ အိမ်ထောင်စုမျိုးအတွက် ဘယ်လောက်တန်ဖိုးရှိသလဲ။ တွေးလေလေ ကိုယ့်လက် လွယ်မှု ပြောမလား၊ လူရင်း အပေါ်ယုံကြည်မှု ဆိုမလား။ ထိုတစ်ခုခုကိုပဲ ကိုမြတ်သူ တမြည့်မြည့် စိတ်တိုလာရ တော့သည်။ ပြီးလျှင် ညီအစ်ကိုရင်း တမျှ ခင်မင်ပေါင်းဖော်ခဲ့ကြ သည့် သူငယ်ချင်း ကိုသောင်း ထွန်း၏ လုပ်ရပ်ကိုလည်း အံ့အားသင့် စိတ်တိုမဆုံး။ နောက်ကျောကို ဓားနှင့် အထိုး ခံရသည့်အဖြစ် ဆိုသည်မှာ ဒါမျိုးကို ခေါ်ခြင်း ဖြစ်မည်။
(၃)
ဖြစ်ချင်လာ၍ ကံကိုက ဖန်လာသည်ဟုပဲ ဆိုရမည် လားမသိ။ ထိုနေ့မနက် ကိုသောင်း ထွန်း ရောက်လာချိန်သည် ကိုမြတ်သူထံ မြို့ငယ်မှ အလုပ်ရှင်က လက်သမားခ တွေ လာရှင်းပြီး နှုတ်ဆက် ပြန်သွားခါစဖြစ်သည်။ အ၀င် နှင့် အထွက်လောက်ပဲ လွဲ သည်။ “ဟ ငါ့ သူငယ်ချင်းက တယ်ထောနေပါလား” ကျောက်ကုန်သည် တစ်ဖြစ်လဲ ပွဲစားတစ်ပိုင်း ကိုသောင်းထွန်းက ထုံးစံ အတိုင်းစမတ်ကျကျ ၀တ် ဆင်ထားပါသည်။ ရပ်ကွက်ချင်း မတူသော်လည်း တစ် ကျောင်းတည်း တစ်တန်း တည်း အတူတက်ခဲ့ကြသော သူတို့ သူငယ်ချင်း နှစ်ယောက် သည် ဘ၀ ရပ်တည်မှုကို ရွေးချယ်ရာ၌တော့ မတူညီခဲ့ကြ ပါ။ အပြောအဆို ပါးနပ် လည်ဝယ်သူ ကိုသောင်းထွန်း က ကုန်သည်ပွဲစားလောကထဲ ရောက်ရှိသွားခဲ့ပြီး ကိုမြတ်သူ ကတော့ ဖခင်အမွေဆက်ခံ ရင်း လက်သမားဆရာတစ် ယောက်ဖြစ်လာခဲ့သည်။ ရပ်တည်မှုချင်း မတူသဖြင့် နောက်ပိုင်းတော့ ကိုယ့်မိသားစု အရေးနှင့်ကိုယ် ရုန်းကန် ကျင်လည် နေကြရင်း နှစ်ယောက်သား သိပ်မတွေ့ ဖြစ်ကြတော့။ အတန်းကြီး လာပြီဖြစ်သည့် ကလေး နှစ်ယောက်စရိတ်နှင့် တဖြည်းဖြည်း ကြီးမြင့်လာနေသော ကုန်ဈေးနှုန်းအကြား ကိုမြတ်သူ လုံးချာ လည်လိုက် နေချိန်မှာ ကိုသောင်းထွန်း အဖို့လည်း ရှိသည့် ကလေးတစ်ယောက် နှင့်ပင် မနည်း ကျားကန် နေရ ပုံပေါ်သည်။ သူ့အမျိုးသမီးက အထည်လေးဘာလေး တွေ ဟိုက ယူရောင်း ဒီက ယူရောင်း လုပ်နေသည်လည်း တစ်ခါတလေ တွေ့ရသည်။ အခြေ မပျက်သော်လည်း ကမ္ဘာ့စီးပွားရေး ပျက် ကပ်၏ ရိုက်ခတ်မှုအောက်မှာ ကုန်သည်ပွဲစား အများစုနည်း တူ ကိုသောင်းထွန်းလည်း ခါတိုင်းလို မချောင်လည်တော့ ခြင်းဖြစ်မည်။ ထိုက်သင့် သလောက် နာမည်ရှိသည့် ကိုမြတ်သူပင်လျှင် ကိုယ့်မြို့ မှာ အလုပ်အမြဲ မရှိ၍ ရှိသည့် အနီးအပါးမှ မြို့ငယ်တချို့ထိ အလျဉ်းသင့်လျှင်သင့်သလို လိုက်ပါအိမ်ဆောက်နေရသည်။ ယခုတစ်ခေါက် ရလိုက်သည့် အလုပ်ကမဆိုး။ တပည့်တ ပန်းတွေကိုပါ သိမ်းကျုံးခေါ် သွားပြီး တက်ညီလက်ညီ သွားလုပ်ကိုင်လိုက်ကြသည် မှာ လက်ခကောင်းကောင်းရ ခဲ့ကြသည်။ ရခဲ့ကြသည်ဆို တာထက် ရကြမည်ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ သိနေ သည့် အလုပ်ရှင်က သူ့ငွေ ပေါ်အောင် ကုန်တွေ ရောင်းချ ပြီးမှ လက်သမားခကိုလာ ရှင်းသွားခဲ့သည်လေ။ ကံမကောင်းပုံက ထိုငွေ ကိုမြတ်သူ လက်ထဲ ရောက်လာချိန်နှင့်ကွက်တိ ကိုသောင်း ထွန်းက ဆိုက်ဆိုက်မြိုက် မြိုက်ကြီး အလည်ရောက်လာ တာ။ “မထောပါဘူး သောင်းထွန်းရာ။ ငါ့လူတွေနဲ့ မြို့ငယ် မှာ အိမ်သွားဆောက်ပေး ထားတဲ့ လက်သမားခ သုံးသိန်းပါ။ ခုမှရတာ” ထိုခဏမှာ ကိုသောင်းထွန်းက တစ်ခုခုကို တွေးမိ လိုက်ပုံဖြင့် မျက်လုံးတွေ ၀င်းလက်သွားသည်။ “သုံးသိန်းဟုတ်လား။ နေစမ်းပါဦး။ အဲ့ဒီသုံးသိန်းက ခုချက်ချင်း သွားပေးရမှာလား” “ချက်ချင်းကြီးတော့ သွားမပေးအားသေးပါဘူး။ နက်ဖြန်မှ ဖြစ်ဖြစ် သွားပေး မှာ။ ဒီညနေ ငါ့မှာ လုပ်စရာ အလုပ်လေးတွေ နည်းနည်း ပါးပါး ရှိသေးတယ်” ကိုသောင်းထွန်းက ၀မ်းသာအားရ လက်ဖျစ်တီး လျက်.... “ဒါဖြင့် ငါ့ကို တစ်ခု လောက် ကူညီပါလား သူငယ်ချင်း” “ဘာကူညီရမှာလဲ” “ငါအခုပွဲစား လုပ်နေတဲ့ ကျောက်တစ်ပွင့် ဈေးအရမ်း တော်နေတယ်။ ဖြစ်ချင် တော့ ငါ ရောင်းပေးနေကျ လူကလည်း လောလောဆယ် ၀စီပိတ် တရားစခန်း ၀င်နေတယ်။ ကျောက်ရှင်က လည်း ဒီတစ်ရက်နှစ်ရက် အတွင်း ခရီး ထွက်တော့မှာမို့ မရောင်းရရင် သူ့ကျောက်ကို ပြန်ယူတော့မှာ။ တစ်ရက်နှစ် ရက်လေးနဲ့ ကပ်လွဲသွားရင် နှမြောစရာကြီး။ အဲ့ဒါ မြတ် မယ့်ကျောက်ကွ။ ငါ့လူ ရောက်လာလို့ ပြန်ရောင်းရင် အနည်းဆုံး လေးသိန်းအောက် မရှိဘူး။ ခက်တာက ငါ့မှာ လည်း ခါတိုင်းလို ငွေမရွှင် တော့ ညစ်နေတာကွာ အဲ့ဒါ” ဘာကို ဆိုလိုသည်မှန်း ဒက်ခနဲ နားလည် လိုက်သော်လည်း ကိုမြတ်သူက ရုတ်တ ရက် စကား ရေရေရာရာ မပြန် နိုင်။ ကိုသောင်းထွန်းကို မယုံ ဘူးဆိုသည်ထက် ကိုယ့်ဘက် မှ ကြုံရနိုင်စရာ အခက်အခဲ တချို့ကို လှမ်းတွက်ဆချင့် ချိန်လိုက်မိခြင်းပင်။ “လုပ်ပါကွာ။ ရောင်း ပြီးရင် ဘယ်လောက်ရရ မြတ်တဲ့ တစ်ဝက်ကို မင်းယူပါ” “ဟာ ဒီလိုမဟုတ်ပါ ဘူး။ ငါ့ငွေပိုင်မဟုတ်တော့ အကယ်၍ တစ်ခုခု လွဲချော် သွားခဲ့ရင်၊ နေဦး။ လွဲချော်ခဲ့ ရင်ဆိုတာ မင်းကိုဆိုလိုတာ မဟုတ်ဘူးနော်။ အခန့် မသင့်လို့ မှန်းထားသလို ငွေချက် ချင်း ပြန်မချိန်း နိုင်ခဲ့ရင် ငါ့ ဘက်က တာဝန်ပျက်ကွက် သလိုဖြစ်သွားမှာ တွေးပူတာပါ။ မင်းသိတဲ့ အတိုင်းပဲ ငါ့ လူတွေ ဆိုတာက ဒီဝင်ငွေ လေးတွေနဲ့တင် ရပ်တည်နေ ကြရတာကွ။ ခုတောင် ယောက်ျားက ခရီးထွက် အလုပ် လုပ်နေတုန်း အိမ်က ဇနီးမယားနဲ့ သမီးသားတွေ က အကြွေးကြိုတင် ယူစားထားသူက ယူစား ထားကြရ တာ။ မြန်နိုင်သမျှ အမြန်ဆုံး သူတို့လက်ထဲ ငွေရောက် လေကောင်းလေပေါ့။ ဒီညနေ တောင် ငါမအားလို့” “မင်းပြောတာ ငါ သဘောပေါက်တယ် သူငယ်ချင်း။ စိတ်ချ မင်းလုံးဝ စိတ်မပူ စေရဘူး။ ငါ အာမခံ တယ်ကွာ။ တကယ် သေချာလို့ ငါပြောတာပါ။ အကူအညီ တောင်းတာပါ သူငယ် ချင်းရာ” ဒီထက်ပိုငြင်းနေ၍ လည်း မကောင်းတတ်သည် မို့၊ ပြီးလျှင် မယုံကြည်စရာ စိုးစဉ်းမျှမရှိသည့် သူငယ် ချင်း အရင်းခေါက်ခေါက်ကြီး ပေမို့။ သို့ပေမဲ့လည်း ခုတော့ ထိုသူငယ်ချင်းအရင်းခေါက် ခေါက်ကြီးကြောင့်ပင် ကိုမြတ် သူတို့ လင်မယား ခေါင်းခဲ နေကြရပြီလေ။ မဟုတ် သေး။ ခေါင်းမီးတောက်နေ ကြရပြီဆိုလျှင် ပိုမှန်ပေလိမ့် မည်။ သန်ဘက်ခါမနက်၊ ဒါမှမဟုတ် ညနေမှာ ပိုက်ဆံ ဆက်ဆက်လာပေးပါမည်ဆို သော ကိုသောင်းထွန်းသည် ထိုနေ့ကတည်းက လိုက်လို့ မမီပြေးလေပြီ ဇာတ်လမ်းခင်း သွားသည်မှာ သန်ဘက်ခါ မနက်တင်မက၊ ဖိန်းနွှဲခါ လည်း ပေါ်မလာ။ ဘာညာ အကျိုးအကြောင်းလာပြော ခြင်းလည်းမရှိတော့ ကိုမြတ် သူလည်း ထိုင်မျှော်မနေနိုင် တော့ဘဲ အိမ်အထိ လိုက် သွားလိုက်သည်။ ထိုအချိန်ထိ ကိုသောင်းထွန်း လိမ်ညာ သွားပြီဟု မထင်မိသေးသည် မှာ အမှန်။ ထင်စရာလည်း မရှိဘူးလေ။ ဒီလူနှင့် ဒီလူ ကြား ဒီလိုဖြစ်စရာလား။ ထိုမှရှာရင်း ရှာရင်းနှင့်ပင် မတွေ့ဘဲ လေးငါးရက်တိုင် လာခဲ့တော့သည်။ အံ့သြ စရာကောင်းလောက်အောင် လင်ရောမယားပါ ကိုမြတ်သူ ရှာမတွေ့နိုင်လောက်အောင် ရှောင်တိမ်း နေနိုင်ကြ၏။ ကိုယ့်အကျိုးအမြတ် တစ်ပြား တစ်ချပ်မှ မပါဘဲ သူ့ အခက် အခဲပြေလည်ပါစေတော့ဟု ကူညီပေးလိုက်သည့် စေတ နာကိုမှ မထောက်။ တွေးမိတိုင်း တော်တော် လေး ပူလောင်မိရသည်။
(၄)
“သူတို့ သွားတတ်တဲ့ နေရာတွေကော ရှာကြည့်ပြီး ပြီလားဗျ” အပူတပြင်း လာရှာ သက်ရှည်ကြာနေပြီမို့ အိမ်နီး ချင်းတချို့နှင့်ပင် ကိုမြတ်သူ မျက်မှန်း တန်းမိနေပြီလေ။ “ကုန်ပြီ ခုတစ်လော ပေါ်မလာဘူးပဲ ပြောတယ်” “သူ့ ယောက္ခမ အိမ် ကော” သူတို့ကလေးကို ယောက္ခမအိမ်မှ ခေါ်ထားပေ သည်ဆို၍ ထိုအိမ်အထိ လိုက်၍လည်း ကိုမြတ်သူ အရိပ်အခြည် ကြည့်ပြီးပါပြီ။ “ခုတစ်လော အဖေနဲ့ အမေ မလာတာကြာပြီ ဦးဦး”ဟု ကလေးက ပြောသည်။ကလေးနှင့်သူ အဘွားပြော သည့်လေသံတွေကို နားထောင် ရသလောက် ကိုသောင်းထွန်း တို့လင်မယား အဆင်မပြေ ကြောင်း၊ အကြွေးတွေ ပတ်လည် ၀ိုင်းနေကြောင်း၊ ပေါင်နှံ ထားသည့် အိမ်ကလည်း အတိုးတွေ တက်နေကြောင်း၊ အရေးထဲမှာ ကိုသောင်းထွန်း ဇနီးက နှစ်လုံး၊ သုံးလုံးစွဲနေ၍ ပိုဆိုးကြောင်း၊ ကလေးကို ခေါ်ထားပေးသည့် အဘွား ကြီးထံပင် မကြာမကြာလာ လက်ဖြန့်နေကြသေး၍ ဆူပူ လွှတ်လိုက်ကတည်းက ခုထိ ပေါ်မလာကြတော့ကြောင်း တွေ သိရသည်။ ဒီလိုကျပ် တည်းနေသည့် သူငယ်ချင်း အကြောင်း သိရ၍ စိတ်မချမ်း မသာဖြစ်မိသည်မှန်ပေမဲ့ သူ ငယ်ချင်း သံယောဇဉ်နှင့် မေတ္တာ စေတနာကို ခုလိုခုတုံး လုပ်ပြီးမလုပ်သင့်မလုပ်ထိုက် သည်ကို လုပ်သွားရက်တာ ကြီး ခေါင်းထဲ ၀င်လာတော့လည်း ခွင့်မလွှတ်ချင်မိသည် မှာအမှန်။ ဘွားအေ ပြောသမျှ မိဘနှစ်ပါး မကောင်းကြောင်း နားထောင်ရင်း မျက်ရည် တလည်လည်ဖြစ်လာသည့် ကလေးမလေးကို သားသမီးချင်း စာနာစိတ်နှင့် အိတ်ကပ် ထဲပါလာသည့် ငွေငါးရာကို မုန့်ဖိုးပေးပြီး ထပြန်လာရ သည်က ကိုမြတ်သူသာ။ နောက်ဆုံးတော့လည်း စိတ်တိုခြင်းထက် စိတ်ဓာတ် ကျကာ ကိုမြတ်သူတစ်ယောက် ကိုယ့်အိမ်ကိုယ် ပြန် လာခဲ့ရသည်။ မတွေ့ချင်၍ ရှောင်ပုန်းနေသူဆိုမှတော့ ရှာ ရခက်ပြီပေါ့။ တောက် ဘယ်ကမ္ဘာမှာ များ သွားပုန်းနေကြပါလိမ့် နော်။ ခြံဝရောက်ခါနီးမှ ဗြုန်း ခနဲရလိုက်သည့် အတွေးတစ် စကြောင့် ကိုမြတ်သူ ဆိုင် ကယ်ကို ရပ်လိုက်မိသည်။ ကြည့်စမ်း ဒါဖြစ်နိုင်ကြောင်း ဘာကြောင့်များ စောစော မတွေးမိရပါလိမ့်။ ချက်ချင်း ပင် ဆိုင်ကယ်ကို ပြန်ကွေ့ပြီး လာရာလမ်း အတိုင်း အမြန် မောင်းထွက်သွားသော ကိုမြတ် သူကို မမေနီက အိမ်ပေါက်ဝ မှ အူကြောင်ကြောင်နှင့် ရပ်ကြည့် ကျန်ရစ်ခဲ့သည်။ ဒီတစ် ခါတော့ ကိုမြတ်သူက ဆိုင် ကယ်ကို ကိုသောင်းထွန်းတို့ လမ်းထဲအထိ မ၀င်ဘဲ လမ်း ထိပ်ကွမ်းယာဆိုင်၌ ခဏအပ် ထားခဲ့ပြီး ခြေလျင်လျှောက် သွားသည်။ လမ်းပေါ်မှ ခပ်ရွယ်ရွယ်ခဲတစ်လုံးကို လည်း အသင့်ကောက်ယူ သွားလိုက်ပါသည်။ သွပ်မိုး ပျဉ်ကာတစ်ထပ် အိမ်ကလေး၏ တံခါးရှိရာသို့ အသံမပြုဘဲ ခြေသံလုံလုံဖြင့် ချဉ်းကပ် သွားကာ သော့ခလောက်ကို ခဲဖြင့် ခပ်ပြင်းပြင်း ရိုက်ချ လိုက်တော့ ချောက်ခနဲ ပွင့် သွားသည်။ ကိုမြတ်သူ၏ လျှပ်တစ်ပြက် တွေးဆချက် ဒက်ထိ မှန်ကန်နေကြောင်းကို ၀ရုန်းသုန်းကားသံ သဲ့သဲ့ ထွက်ပေါ်လာရာ အိမ်တွင်း ဆီမှ ခြေသံတစ်ခုက ကောင်း ကောင်းကြီး သက်သေ ခံနေပါသည်။ တံခါးပွင့်သွားတော့ အိမ်ထဲမှာ ဘယ်သူ့ကိုမှ မတွေ့။ သို့ပေမဲ့ စားလက်စ ကိတ်မုန့် တစ်ပိုင်းတစ်စနှင့် ရေတစ်ခွက် မီးမသေသေး သည့် ဆေးလိပ်တိုတို့က အဖြစ်မှန်ကို ဖော်ပြလျက်ရှိ နေကြသည်။ “ပုန်းမနေနဲ့တော့ သောင်းထွန်း။ မင်းရှိနေတာ ငါသိတယ်။ ယောက်ျားပဲ ကွာ။ လုပ်ရဲရင် ခံရဲရမှာ ပေါ့။ ရှုပ်ရဲရင် ဖြေရှင်းရဲရ မှာပေါ့။ မင်းနဲ့ငါ့ကြားတုတ် တပြက်ဓားတပြက်လည်း မဖြစ်ချင်ဘူး။ ရုံးရောက်ဂတ် ရောက်လည်း မဖြေရှင်းချင် ဘူး။ ဒီတော့ ခုချက်ချင်း ငါ့ ပိုက်ဆံပြန်ပေးပါ။ မပေးရင်တော့ စောစောက ငါပြောတဲ့ အချက်တွေထဲက တစ်ခုပဲ ဖြစ်ဖြစ်၊ နှစ်ခုလုံးပဲ ဖြစ်ဖြစ် မင်းနဲ့ငါ့ကြား ရောက်မလာ ဘူးလို့ ငါ အာမခံဘူးနော်” တစ်အောင့်အကြာမှာ ဆီးရွက်သာသာ မျက်နှာငယ် လေးဖြင့် ကိုသောင်းထွန်း တစ်ယောက်အခန်းထဲမှ တွန့် ဆုတ်တွန့်ဆုတ်ဖြင့် ထွက်လာ ပါသည်။ သူ့ဇနီးပါ ပါလာ လေမလား စောင့်ကြည့်နေ သော်လည်း ထွက်မလာပါ။ “မင်းမိန်းမကော” “မင်းဆီက ငါယူလာတဲ့ ငွေတွေ အကုန်ယူပြီး ဘယ်ကိုမှန်း မသိဘူး လစ် သွားတာ။ အဲ့ဒီညရဲ့ နောက် တစ်နေ့ မနက်ကတည်းကပဲ” ကိုမြတ်သူ အံ့အား သင့်သွားသည်။ “ငါနဲ့ စကားများရန်ဖြစ် ပြီး တမင်ငါ့ကို ပညာပြသွား တာဆိုတော့ ငါလည်း ကျိတ် ရှာနေရဲ့နဲ့ကို ခုထိ မတွေ့ သေးဘူး မြတ်သူ။ တွေ့ရင် တော့ ဒီကောင်မကို လည် ပင်းညှစ်ပြီး အသေသတ်ဖို့ စိတ်ကူးထားတယ်။ မင်းကို ပြောထားတဲ့ ကတိမတည် နိုင်တော့သလို လျော်ပေး စရာပိုက်ဆံလည်း ခြူးတစ် ပြားမှ မရှိလို့ လုပ်မိလုပ်ရာ အိမ်ထဲသော့ခတ်ပြီး ပုန်းနေတာ” ထင်ထားသလို မဟုတ် ၍ ရုတ်တရက် ကိုမြတ်သူ ဘာပြောရမှန်းမသိ။ “ကဲ သူငယ်ချင်း။ ငါ့ ဘက်ကတော့ မင်းကို ပြော စရာ စကား ဒါအကုန်ပဲ။ ခွင့်လွှတ်ပါလို့လည်း အဓိပ္ပာယ်မရှိတဲ့ စကားမပြော ပါရစေနဲ့။ ငါ့လုပ်ရပ်က ဘယ်လိုမှ ခွင့်မလွှတ်ထိုက် တာ ငါသိတယ်။ ဒီတော့ မင်း စိတ်ကြိုက်သာ ဆုံး ဖြတ်။ ငါ့ကို လက်သီးနဲ့ ထိုး ချင်တယ်ဆိုလည်း ငါ ပြန် မလုပ်ဘူးလို့ ကတိပေးတယ်။ သုံးသိန်းဖိုး ပြည့်တယ်လို့ မင်း ထင်တဲ့အထိ ထိုးသွားကွာ။ ရဲလည်း ငါမတိုင်ဘူး။ ဒါမှ မဟုတ်လို့ သတ်ချင်သပဆို လည်း ရော့ ဒီမှာဓား။ ပေါင်မုန့်လှီးတဲ့ ဓားဆိုပေမဲ့ ငါခဏခဏသွေးထားလို့ ထက်ပါတယ်။ ဒါမှမဟုတ် တရားဥပဒေအတိုင်း ဖြေရှင်းချင်တယ်ဆိုလည်း မင်း သဘောပဲ။ ငါကတော့ မင်း ခေါ်တဲ့နောက် ခေါင်းငုံ့ပြီး လိုက်လာရုံပဲ” စူးစူးရဲရဲ စိုက်ကြည့် နေသူနှင့် မျက်လွှာချခေါင်း ငိုက်စိုက်ရပ်နေသူအကြား အတန်ကြာတော့ တောက် ခေါက်သံပြင်းပြင်းတစ်ချက် ထွက်ပေါ်လာသည်။ ဘယ်သူရှိရမည်လဲ။ ကိုမြတ် သူပေါ့။ “သောင်းထွန်းရာ မင်းကွာ”
(၅)
အိမ်ထဲ လှမ်းဝင်လာသည့် ကိုမြတ်သူကို မြင်မြင် ချင်း မမေနီက “ဘယ့်နှယ် လဲ” ဟု အလောတကြီး လှမ်းမေးသည်။ ဖြေရန်ဟန် ပြင်ပြီးကာမှ နံရံထက်ချိတ် ဆွဲထားသည့် ပန်းချီကား ချပ်ကြီးဆီ အကြည့်ရောက် သွားတော့ ကိုမြတ်သူ မျက် နှာထား ပြောင်းသွားသည်။ ဒါကို သတိပြုမိလိုက်သည့် မမေနီကလည်း “ဘာပါလိမ့်” ဟုတွေးရင်း ကိုမြတ်သူ နည်းတူ ပန်းချီကားရှိရာ ယောင်တောင်ပေါင်တောင် နှင့် လှမ်းကြည့်မိသည်။ နေ့စဉ် ဖုန်အမြဲ သုတ်နေကျမို့ ပန်းချီကားသည် သန့်စင် ၀င်းလက် လျက်ရှိနေသည်။ ထိုပန်းချီကားသည် ကိုမြတ် သူ၏ မိဘတွေ ရှိစဉ်ကတည်းက ဧည့်ခန်းထဲ တရိုတသေ နေရာပေးကာ ချိတ်ဆွဲလာခဲ့ သော သမိုင်းဝင် ပန်းချီကား ချပ်ကြီးလည်း ဖြစ်ပါသည်။ ရောယောင်ကြည့်မိနေ တုန်း ကိုမြတ်သူထံမှ “မေနီ” ဟု ခေါ်သံထွက်လာ၍ မမေနီ ရုတ်တရက် လန့်သွားသည်။ “ဘာလဲ ကိုမြတ်သူ” “ဟော့ဒီထဲက အာဇာနည် ခေါင်းဆောင်ကြီးတွေက တော်တော် လေးစားစရာ ကောင်းတာပဲနော်” အဆက်အစပ်မဲ့ စကား ကို မမေနီက ကြောင်တောင် တောင်နှင့် မျက်ခုံးပင့်ရင်းမှ- “ဟမ် အဲဒါကိုရှင်က ခုမှ သိသလား။ အားလုံး သိပြီး လက်ခံ ထားပြီးသား ကိစ္စကို” “ဟုတ်တယ်။ အဲဒီလို အားလုံးနည်းတူ ငါလည်း လက်ခံထားပြီးသား ကိစ္စကို ဒီနေ့မှ ငါပိုလက်ခံလိုက်မိ သွားတာကို ပြောတာ” “ဘာဖြစ်လို့တုံး” “ဟ ကိုယ့်လူရင်းက နက်ဖြန် သန်ဘက်ခါကျရင် ဆက်ဆက်ပြန်ပေးပါမယ်ဆို ပြီး ချေးသွားတဲ့ အကြွေးကို တောင် ပြန်ရအောင်တောင်းဖို့ ဒီလောက်ခက်နေတာ။ တိုင်း ပြည်ကြီးတစ်ခုလုံးကို တိုင်း တစ်ပါးနယ်ချဲ့တွေ လက်ထဲ က ပြန်ရအောင် ယူပေးနိုင်ခဲ့ ကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီး တွေရဲ့ စွမ်းပကားက ဘယ် လောက်တောင် အံ့မခန်းနိုင် သလဲ။ ချီးကျူးဂုဏ်ပြုဖို့ ကောင်းသလဲ။ မင်းပဲ စဉ်းစားကြည့်ပေါ့” မမေနီ ပါးစပ် အဟောင်းသား ဖြစ်သွား သည်။ ပြောချင်ရာ ပြောပြီး နောက် ပန်းချီကားဆီအကြည့် ပြန်ရောက်နေပြီဖြစ်သည့် ကိုမြတ်သူကတော့ ပြီးဆုံး ဟန်မတူသေးသည့် သူ့ အတွေးနှင့်သူ ခေါင်းတညိတ် ညိတ် လုပ်နေတုန်း။
**ငွေဇင်ယော်ဦး(မိုးကုတ်)**
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
-အချစ်ရှုံးတဲ့ ကျွန်တော်-
မောတယ်မရှိ
ဓါးသွားထက်က ပျားရည်ပါတဲ့ ဓါးလဲ မကြောက်
အမှားလဲ မကြောက်
အလွမ်းနဲ့ ဇာတ်သိမ်းမတဲ့
လာစမ်း အဲဒီ အလွမ်း
အားလုံးကိုပန်းလိုသီပါ့မယ်
နှစ်သက်ခဲ့ဖူးတယ်
နှစ်သက်နေအုန်းမယ် ချစ်သူကိုလေ
တချို့က ငွေကြေးချို့တဲ့ကြတယ်
တချို့က ပျော်ရွှင်မှုတွေ ချို့တဲ့ကြတယ်
ကျွန်တော်ကတော့
သူမအကြင်နာတရား ချို့တဲ့ခြင်းကိုခံလိုက်ရတယ်
အချိန်တွေ ဟောင်းသလို ရာသီတွေ ပြောင်းသလို
သူမ တွင်တွင်ကြီးကို ပြောင်းလဲသွားခဲ့တယ်
သွေးရူး တန်းရူးကျန်ခဲ့တဲ့ ကျွန်တော်
ရာသက်ပန်ဖြစ်မလားပဲ
အမှတ်တရအနေနဲ့ ဒဏ်ရာကို
ဒဏ်ရာအတိုင်း ထားလိုက်ပါတော့မယ် ။
(သူငယ်ချင်းတယောက်ရဲ့ လက်ရှိခံစားချက်စစ်စစ်)
Posted by စံပယ်ချို
-“မုဒိမ်းကောင်ရဲ့သားကောင်မဖြစ်ေ စဖို့”-
(၁) မုဒိမ်းကောင် တစ်ယောက်ဟာ မုဒိမ်းကျင့်ခါနီး အရင်ဦးဆုံး သတိထားကြည့်တာ ဆံပင်ပုံစံပါ။ နောက်ဆံပင်ကို အရင်းပိုင်းစုစည်းပြီး ဆံပင်အရှည်ချထားတဲ့ပုံစံ၊ ဆံထုံးထုံးထားတဲ့စံပင်ပုံစံ၊ ကျစ်ဆံမြှီးပုံစံ နဲ့ တခြား သူတို့ အလွယ်တကူ ဆံပင်ဆောင့်ဆွဲလို့ကောင်းတဲ့ ပုံစံတွေကို ရွေးချယ်တတ်ကြပါတယ်။ ဆံပင် အတိုနဲ့ မိန်းကလေး ထက် ဆံပင်အရှည်နဲ့ မိန်းကလေးကို သူတို့ရဲ့သားကောင်အဖြစ် ပိုရွေးချယ်တတ်ကြပါတယ်။
(၂) ဒုတိယတစ်ချက်ကတော့ အ၀တ်အစားပါ။ မုဒိမ်းကောင်တွေဟာ အ၀တ်အစားအလွယ်တကူ ချွတ်ပစ်လို့ရမယ့် မိန်းကလေးမျိုးကို ရွေးချယ်ကြပါတယ်။ ရည်ရွယ်ချက်ရှိတဲ့ မုဒိမ်းကောင် အများစုဟာ အ၀တ်အစားတွေကို ဖြတ်ပစ်ဖို့ ကတ်ကြေး ယူဆောင်လာတတ်ကြပါတယ်။
(၃) မုဒိမ်းကောင်တွေဟာ ဖုန်းအသုံးပြုနေတဲ့မိန်းကလေးမျိုး၊ ပိုက်ဆံအိတ်ထဲက တစ်ခုခု ရှာဖွေနေတဲ့မိန်းကလေးမျိုး ဒါမှမဟုတ် လမ်းလျှောက်ရင်း တစ်ခုခု အာရုံစူးစိုက်မှုလုပ်နေတဲ့ မိန်းကလေးမျိုးကို ရှာဖွေကြပါတယ်။ အဲ့လိုမျိုး တစ်ခုခု အာရုံစူးစိုက်နေတဲ့ မိန်းကလေးဟာ ရုတ်တရက်မို့ သူကိုယ့်သူ ကာကွယ်ဖို့မလွယ်ပါဘူး၊ရုတ်တရက်မို့လို့ မွှန်ထူပြီး တုန့်ပြန်မှုနည်းတဲ့အတွက် မုဒိမ်းကောင်တွေအတွက် လွယ်ကူပါတယ်။
(၄) မုဒိမ်းကောင်တွေ အမျိုးသမီးတွေကို မုဒိမ်းကျင့်ဖို့ အများဆုံးခေါ်သွားတဲ့နံပါတ်တစ်နေရာကတော့ ကုန်တိုက်တွေ ရဲ့ကားပါကင်ပါပဲ။ ( မှတ်ချက် ။ ။ ဒါကတော့ သူတို့နိုင်ငံတွေအတွက်ပြောတာပါ။ ကျွန်တော်တို့နဲ့တော့ သိပ်မကိုက်သေးသလိုပါပဲ။ )
(၅) နံပါတ် ၂ နေရာကတော့ ရုံးခန်းတွေရဲ့ကားပါကင်နေရာ၊ ဓာတ်ဆီဆိုင်လိုနေရာမျိုးတွေပါ။
(၆) နံပါတ် ၃ နေရာကတော့ အများပြည်သူသုံး သန့်စင်ခန်း(စည်ပင်အိမ်သာ)တွေပါ။
(၇) နောက်တစ်ခုကတော့ မုဒိမ်းကောင်တွေဟာ ဒုတိယနေရာ (သူတို့အတွက် မဖမ်းမိစေရန် လုံခြုံစိတ်ချရတဲ့နေရာ) ကို မိန်းကလေးတွေကို အလျင်အမြန် ဆွဲခေါ်သွားကြပါတယ်။
(၈) တကယ်လို့သာ သင်ဟာ နည်းလမ်းပေါင်းစုံ/ ရုန်းကန်မှုမျိုးစုံနဲ့ မုဒိမ်းကောင်ကို တက်နိုင်သမျှတိုက်ခိုက်နေခဲ့မယ်ဆိုရင် သူတို့အတွက် စိတ်ဓာတ်ကျ/စိတ်ကုန်အားလျော့မှုကို ဖြစ်စေနိုင်ပါတယ်။ သင်ရုန်းကန်တိုက်ခိုက်နေတဲ့ အချိန်က တစ်မိနစ် ဒါမှမဟုတ် ၂ မိနစ်လောက်ပဲ ကြာနေပါစေ သင်ဟာ သူတို့ထင်သလောက် လွယ်ကူမှုမရှိဘူး ဆိုတာကို သူတို့ သဘောပေါက်လာနိုင်ပါတယ်။ဒါကတော့ မုဒိမ်းးကောင်ကို စိတ်ဓာတ်ကျသွားစေဖို့ အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့်ခြင်းနဲ့ ကာကွယ်နည်းတစ်မျိုးပါပဲ။
(၉) မုဒိမ်းကောင်တွေဟာ ထီး(သို့) အလားတူပစ္စည်းတစ်ခုခုလက်မှာ ကိုင်ထားတဲ့ မိန်းကလေးတွေကို မရွေးချယ်တတ်ကြပါဘူး။ အဲ့ဒီလိုပစ္စည်းတွေဟာ သူတို့ကို အဝေးကနေတောင်မှ တိုက်ခိုက်နိုင်လို့ပါပဲ။
(၁၀) သော့ချောင်းတွေဟာ လက်နက်တစ်ခုအနေနဲ့ သူတို့ကို ဟန့်တားအောင်လုပ်ဖို့ ဆိုရင် အလွန်နီးကပ်မှ ဖြစ်နိုင်တယ်ဆိုတဲ့အတွက် လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမယ့် Something is better than nothing ဆိုသလိုပေါ့။ ဘာမှမလုပ်တာထက်စာရင် တစ်ခုခုလုပ်လိုက်တာက ပိုကောင်းတဲ့သဘော ပါပဲ။ အဲ့လိုပြန်လည်တိုက်ခိုက်ခြင်းဟာ အပေါ်မှာပြောခဲ့သလိုပဲ သူတို့ထင်သလောက် လွယ်ကူမှုမရှိတဲ့ အတွက် စိတ်ဓာတ်ကျမှုကို အနည်းနဲ့အများဖြစ်စေနိုင်ပါတယ်။
**မှတ်ထားသင့်သော အချက်အလက်များ**
(၁) လမ်း၊ဓာတ်ဆီဆိုင်၊ဓာတ်လှေခါးနဲ့ အဆောက်အအုံတွေရဲ့လှေခါးအကွေ့နေရာမျိုးတွေမှာ တစ်စုံတစ်ယောက်က သင့်အနောက်ကနေ လိုက်လာနေတယ်ဆိုပါဆို့ အဲ့ဒီလူရဲ့မျက်နှာကို သေချာကြည့်ပါ ထို့နောက် သူ့ကို မေးခွန်းတစ်ခုတစ်လေလောက်မေးပါ(စကားစမြည်သဘောမျိုးပေါ့)၊ ဥပမာ - ဘယ်အချိန်ရှိပြီလဲ? ၊ အပြင်မှာ အရမ်းအေးတယ်နော်၊ ဒီနှစ်ဆောင်းရာသီက တော်တော်ဆိုးတာပဲ စသဖြင့်ပေါ့ဗျာ။ အဲ့လိုပြောခြင်းအားဖြင့် ပထမအချက်က သင်အဲ့ဒီလူရဲ့မျက်နှာကို သေချာမြင်ဖူးသွားပြီ၊ ဒုတိယအချက်အနေနဲ့ အဲ့ဒီလူကို အကဲခတ်နိုင်မယ်။ ဒါကြောင့် မုဒိမ်းကောင်ဟာ ပစ်မှတ်ပြောင်းသွားနိုင်ပါတယ်။
(၂) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ဆီကို ဦးတည်လျှောက်လာပြီး သင့်လက်တွေကို ချူပ်ကိုင်ထားလိုက်မယ်ဆိုရင်တော့ အကျယ်ကြီးအော်ပစ်ပါ၊ “ရပ်စမ်း.. ဝေးဝေးသွားစမ်း” စသဖြင့် အမိန့်ဆန်ဆန်ပြောဆိုပါ။ မုဒိမ်းကောင် အများစုပြောကြတာကတော့ အရမ်းအော်ဟစ်တဲ့ မိန်းကလေးတွေ၊ ပြန်လည်တိုက်ခိုက်ဖို့ ကြောက်ရွံမနေတဲ့ မိန်းကလေးတွေဆိုရင် ဆက်မကြိုးစားချင်တော့ပါဘူး။ ထားခဲ့လိုက်ပါတယ်။ သူတို့ထက်ပိုလွယ်တဲ့ တစ်ခြားမိန်းကလေးတစ်ယောက်ကိုပဲ ထပ်ရှာပါတယ်။
(၃) တကယ်လို့ သင့်မှာ ငရုတ်ကောင်းရည်ဖျန်းဘူး ( spray တစ်ခုခုပေါ့ ) ပါခဲ့မယ်ဆိုရင် အဲ့ဒါကိုလက်မှာကိုင်ထားပြီး “ငါ့မှာ ဒီ spray ဘူးရှိတယ်..” လိုအော်ပြီး မုဒိမ်းကောင်ကို သတိပေးပါ။ မဆိုင်းမတွ ဖျန်းပက်ပစ်ပါ။ (မူရင်းစာရေးသူကတော့ ဒီ Pepper Spray လို့ခေါ်တဲ့ Spray ဘူး ကိုပြည့်အ၀ အားပေးထောက်ခံထားပါတယ်။ )
(၄) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ကိုဆွဲခေါ်သွားနေပြီ၊ ခွန်အားချင်းမမျှလို့ သင်သူ့ကို ပြန်လည်ရိုက်နှက် တိုက်ခိုက်လို့မရနိုင်ပေမယ့် ကိုယ်တက်နိုင်တာနဲ့ ထိရောက်အောင်လုပ်နိုင်ပါသေးတယ်။ အဲ့ဒါကတော့ ဆွဲဆိတ်ခြင်းပါပဲ။ ဆွဲဆိတ်တယ်ဆိုတာက အင်အားလည်း အများကြီးမလိုပါဘူး။ ခံရသူအဖို့လည်း တော်တော်ဆိုးပါတယ်။ ခါးပိုင်းနေရာ ၊ လက်မောင်းကနေ တစ်တောင်ဆစ်ချိုးမရောက်ခင်နေရာ ၊ ပေါင်အတွင်းပိုင်း နေရာတို့ကို ပြင်းပြန်ထန်ထန်ကို ဆွဲဆိတ်ပစ်ပါ။ သွေးထွက်အောင်အထိအားကုန်သုံးပြီး ဆွဲဆိတ်ပစ်ပါ။ ဘယ်လောက်ပဲ သန်မာတယ်ပြောပြော၊ ခွန်အားကြီးတယ်ပြောပြော၊ အဲ့လိုနေရာမျိုးတွေကို ဆွဲဆိတ်တဲ့ဒဏ်ကိုတော့ မခံနိုင်ကြပါဘူး။ သင်မယုံရင် သင့်ကိုယ်သင်သာ အရင်ဆုံး ဆွဲဆိတ်ကြည့်လိုက်ပါ။
(၅) ဆွဲဆိတ်ခြင်း၊ ပေါင်ခြံလိုနေရာမျိုးကို ရိုက်နှက်ခြင်းတွေဟာ ဒီလိုအဖြစ်အပျက်မျိုးကို မမျှော်လင့်ထားတဲ့ လူတစ်ယောက်အတွက် မလွယ်ကူလှပေမယ့် အဲ့ဒါတွေဟာ တကယ်ပဲ သူ့ကို နာကျင်စေမှာပါ။ သင်ကတော့ သူ့ကို နာကျင်စေတာဟာ သူ့ကိုဒေါသပိုထွက်စေတယ်လို့ ထင်နေမှာပါ။ ဒါပေမယ့် လေ့လာစမ်းစစ်မှုအရတော့ မုဒိမ်းကောင်တွေဟာ သူတို့ကို ဒုက္ခရောက်အောင်၊အချိန်ကြန့်ကြာအောင် မလုပ်တဲ့မိန်းကလေးမျိုးကိုပဲ အလွယ်တကူ အလိုရှိတာပါ။ သူတို့ကို ဒုက္ခတွေ အများကြီးရောက်အောင် ရိုက်နှက်ပြီး နောက်ဆုံးအချိန်ထိ ရုန်းကန်နေတဲ့ မိန်းကလေးမျိုးဆိုရင်တော့ စွန့်ခွာသွားတတ်ကြပါတယ်။
(၆) မုဒိမ်းကောင်ရဲ့လက်ဟာ သင့်အပေါ်သို့ကျရောက်လာပြီဆိုရင်တော့ သူ့လက်ချောင်း ၂ ချောင်းကို ဆောင့်ဆွဲပါ၊ လိမ်ချိုးပစ်ပါ၊ ဟိုဘက်ဒီဘက် ဆွဲဖြဲပစ်ပါ၊ တက်နိုင်သမျှ အားအကုန်သုံးပြီးတော့ ချိုးပါ။ အဲ့ဒီနည်းကလည်း အားသိပ်မပါဘဲနဲ့ စမ်းကြည့်တာတောင် နာလွန်းလို့ ဒူးထောက်ပီး အော်လိုက်ရပါသေးတယ်။
(၇) ပတ်ဝန်းကျင်ကို အမြဲတမ်း သတိမူပြီးနေပါ။ တစ်ခုခု ပုံမှန်မဟုတ်တဲ့/အမူအယာထူးခြားတဲ့ လူတွေ့မိရင် ပေါ့ပေါ့လေးမနေပါနဲ့၊ သတိကြီးကြီးထားနေပါ။အဲ့ဒီအခြေအနေမှာ သင့်ကိုယ်သင် ကလေးကလား အကြောက်လွန်နေတယ်လို့မထင်ပါနဲ့၊ ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်စုံတစ်ယောက်ကို သင်နဲ့အတူအဖော်ခေါ်သွားပါ။ နောက်ဆုံးအနေနဲ့ ဒါလေးတွေကိုလည်း မှတ်သားထားစေချင်ပါတယ်… သင်သိထားသင့်တဲ့ အချက်အလက်တွေပါ။ သင်ဖတ်ပြီးသွားရင်လည်း သင်ဂရုစိုက်ရတဲ့လူတွေဆီကို ဆက်လက်မျှဝေပေးလိုက်ပါ။ ကျွန်တော်တို့နေထိုင်တဲ့ ဒီကမ္ဘာကြီးမှာ သတိဆိုတာ ပိုတယ်လို့မရှိပါဘူး -
(၁) တိုက်ကွန်ဒို သိုင်းပညာမှာတော့ တံတောင်ဆစ်ဟာ လူ့ခန္ဒာကိုယ်ရဲ့ အသန်မာဆုံး အပိုင်းလို့ ဆိုပါတယ်။ ဒါကြောင့် တံတောင်ဆစ်နဲ့ တွတ်လို့ရမယ့်အခြေအနေမျိုးဆိုရင် လက်လွတ်မခံပါနဲ့။
(၂) နယူးအော်လန်မြို့ရဲ့ ခရီးသွား လမ်းညွှန်ထဲမှာဖတ်ရတာတော့ - တကယ်လို့သာ ခါးပိုက်နှိုက်တွေ လုယက်တဲ့လူတွေ၊ ဓားပြ တွေက သင့်ပိုက်ဆံအိတ်ကိုတောင်းမယ်ဆိုရင် သင့်လက်နဲ့ ပိုက်ဆံအိတ်ကို ကမ်းမပေးပါနဲ့။ သင်နဲ့ဝေးတဲ့နေရာကို လွှင့်ပစ်ပြီးပေးပါ။ ဒီဒုစရိုက်သမားဟာ လူထက် ပိုက်ဆံကို ပိုလိုချင်တယ်ဆိုရင်တော့ သူ ပိုက်ဆံအိတ်ကို သွားကောက်မှာပါ။အဲ့ဒီအချိန်မှာ တွေဝေမနေဘဲ သူနဲ့ဆန့်ကျင်ဘက်ကိုသာ ပြေးပါ။
(၃) သင်ဟာ ကာနောက်ဖုံးထဲကို ထည့်ခံထားရတယ်ဆိုရင်တော့ ကားနောက်မီး ရှိတဲ့နေရာကို ကန်ကြောက်ပစ်ပါ၊ အဲ့ဒီအပေါက်ကနေ လက်ကိုထုတ်ပြီးတော့ တတ်နိုင်သမျှ ဝေ့ရမ်းပါ။ ကားမောင်းတဲ့လူကတော့ မမြင်နိုင်ပေမယ့် တစ်ခြားလူတွေက မြင်နိုင်ပါတယ်။ ဒါကလည်း သင့်ဘ၀ကို တစ်ဖက်တစ်လမ်းက ကယ်တင်နိုင်မှာပါ။
(၄) အမျိုးသမီး အများစုဟာ အလုပ်မှအပြန်၊ စားသောက်ဆိုင်မှ အပြန် နှင့် ဈေးဝယ်ခြင်းတို့မှအပြန်တွင် ကားပေါ်တက်ကာ ချက်ချင်း မောင်းမထွက်ပဲ ထိုင်နေတတ်ကြပါတယ်။ မှတ်စုတွေ မှတ်နေတာမျိုး၊ စာတစ်ခုခု ကိုခဏဖတ်နေတာမျိုး စသဖြင့် လုပ်တတ်ကြပါတယ်။ အဲ့ဒီလိုမျိုးတွေ မလုပ်ပါနဲ့ ၊ တဏှာရူးကောင်တွေ လူယုတ်မာတွေက သင့်ကို စောင့်ကြည့်နေပါတယ်။ အဲ့ဒီလို အခြေအနေဟာ သူတို့အတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်နေလို့ပါ။ သင့်နောက်ကခုံမှာဝင်ထိုင်ပြီး သင့်ခေါင်းကိုသေနတ်နဲ့ထောက်ကာ “ဘယ်နေရာကို မောင်းပါ” လို့ ပြောခံရနိုင်ပါတယ်။ ဒါကြောင့် ကားပေါ်မှာ တက်ထိုင်ပြီးပြီးချင်း ချက်ချင်းဆိုသလို မောင်းထွက်သွားပါ။ ဆိုင်းငံ့မနေပါနဲ့။
(၅) ဒါကတော့ ကားပါကင် တွေ ဓာတ်ဆီဆိုင်တွေမှာ သင့်ကားထဲကို ပြန်ဝင်တော့မယ်ဆိုရင် သတိထားရမယ့် အချက်တွေဖြစ်ပါတယ် ..
(က) ကားထဲမ၀င်ခင် ကားထဲမှာ တစ်ယောက်ယောက်ပုန်းနေနိုင်တယ်ဆိုတဲ့စိတ်ဖြင့် ကားဘေးပတ်ပတ်လည်နဲ့ ခရီးသည်ထိုင်နေရာတွေ ၊ ကြမ်းပြင်တွေကို သတိနှင့်ချောင်းကြည့်ပါ။ ( တက္ကဆီ ငှားစီးမယ်ဆိုလည်း ထိုနည်း၎င်း သတိထားကြည့်ပါ။ )
(ခ) တကယ်လို့ သင့်ရဲ့ ကားဘေးနားမှာ van / town ace စတဲ့ကားမျိုးတွေ ရှိနေမယ်.. သင်္ကာမကင်းဖြစ်ရတယ် ဆိုရင်တော့ အဲ့ဒီကားရဲ့ တစ်ခြားဖက် အပေါက်မှတဆင့်သာ သင့်ကားထဲသို့ဝင်ပါ။
( သင့်ကားရဲ့ ယာဉ်မောင်းဘက်ခြမ်းမှာ ရပ်ထားမယ်ဆိုရင် ခရီးသည်ထိုင်တဲ့ဘက်မှဝင်ပါ။) ဒုစရိုက်ကောင်တွေဟာ အမျိုးသမီးတွေ ကားထဲဝင်ခါနီးအချိန်တွေမှာ သူတို့ကားထဲကို ဆွဲခေါ်ပြီး တံခါးပိတ်တတ်ကြပါတယ်။ သတိထားနိုင်ဖို့ပါ။
(ဂ) သင့်ရဲ့ကား အနီးတစ်ဝိုက်ကို ရှာကြည့်ပါ။ အနီးဆုံးနေရာမှာ သူစိမ်းတစ်ယောက်က အကြောင်းမဲ့ထိုင်နေတယ်ဆိုရင်တော့ ကားထဲမ၀င်ပါနဲ့ဦး။ သင်လာခဲ့တဲ့ အလုပ်ဖြစ်စေ၊ ဈေးဝယ်စင်တာ တစ်ခုခုဖြစ်စေ ပြန်ဝင်သွားပါ။ ရဲတစ်ယောက်ယောက်၊ ဒါမှမဟုတ် အစောင့်တစ်ယောက်ယောက်ကို ခေါ်ပြီးမှပြန်လာပါ။ ဒါတွေဟာ အပိုအလုပ်တွေမဟုတ်ပါဘူး။ စိတ်မကောင်းစရာ အဖြစ်အပျက်ဖြစ်သွားတာထက်စာ ရင် အများကြီးပိုကောင်းပါတယ်။ သူများအပေါ် သံသယလွန်ကဲမှု / အယုံအကြည်နည်းမှုဟာ မိမိကိုယ်တိုင် ဒုက္ခရောက်ရတာထက်စာရင် အများကြီး အကျိုးရှိပါတယ်။
(၆) ရိုးရိုးလှေခါးတွေအစား ဓာတ်လှေခါးကိုအမြဲ အသုံးပြုပါ။ လှေခါးအကွေ့တွေဟာ တစ်ယောက်ထဲ သွားဖို့အတွက် မသင့်တော်ပါဘူး။ ဒုစရိုက်မှုတွေအတွက် အကောင်းဆုံးနေရာတစ်ခုပါပဲ။
(၇) တကယ်လို့ အဲ့ဒီလူယုတ်မာဆီမှာ သေနတ်ပါလာတယ်ဆိုရင်လည်း သင်ဟာ သူ့ထိန်းချူပ်မှုအောက်မှာ ရှိမနေပါဘူး။ ပြေးသာပြေးပါ။ လှုပ်ရှားနေတဲ့ပစ်မှတ်ကို ထိအောင်ပစ်ဖို့လည်းမလွယ်ပါဘူး။ အကြိမ် ၁၀၀ မှာ ၄ ကြိမ်သာ ထိနိုင်ပါတယ်။ ထိတယ်ဆိုရင်တောင်မှာ အရေးကြီး အစိတ်အပိုင်းတွေမဖြစ်နေပါဘူး။ ဒါကြောင့် ပြေးဖို့တိုက်တွန်းချင်ပါတယ်။ ( မှတ်ချက်။ ။ မူရင်းစာရေးသူကတော့ အလျော့မပေးဖို့ကို ဆိုလိုချင်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့တော့ တစ်ချို့အရာတွေမှာ အခြေအနေနဲ့ အချိန်အခါကို သုံးသပ်ပြီးမှ ကိုယ့် ဆုံးဖြတ်ချက်ကို ကိုယ်မှန်အောင်ချနိုင်ဖို့ အကြံပေးချင်ပါတယ်။ )
(၈) အမျိုးသမီးတွေဟာ စာနာစိတ်၊ ကိုယ်ခြင်းစာ ကရုဏာစိတ် ၊ လိုက်လျောတဲ့စိတ်တွေရှိပါတယ်။ ဒါပေမယ့် ဒါဟာ သင့်အတွက်မကောင်းပါဘူး။ Ted Bundy ဆိုတဲ့ လူသတ်သမားတစ်ယောက်ဟာ မိန်းကလေးတွေရဲ့ အဲ့ဒီစိတ်တွေကို အမြဲအသုံးချခဲ့ပါတယ်။ သူက ဒုတ်ကောက်တစ်ချောင်း ဒါမှမဟုတ် ခြေထောက် တစ်ဖက်ဆာပြီးတော့ လမ်းလျှောက်ပါတယ်။ ပြီးတဲ့နောက် သူဟာ သူ့ရဲ့ ပစ်မှတ်သားကောင် ဖြစ်တဲ့ မိန်းကလေး ကို သူ့ကားထဲကို ပို့ပေးဖို့ အကူအညီတောင်းပါတယ်။ ကားထဲရောက်သွားရင်တော့ သင့်ကို သူအတင်းခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့ စကားပုံအတိုင်း မလိုအပ်ရင် မသနားပါနဲ့လို့အကြံပေးပါရစေ။ ဒီစာကို ဖြစ်နိုင်ရင် ခင်ဗျားတို့ပတ်ဝန်းကျင်က အမျိုးသမီးတွေ အကုန်လုံးဆီကို share ပေးစေချင်ပါတယ်။ဒီစာက ဘ၀ တစ်ခုကို ကယ်တင်စောင့်ရှောက်နိုင်မယ်ဆိုခဲ့ရင် အလွန်ပီတိဖြစ်စရာပါ။ ဖရောင်းတိုင် တစ်ခုက တစ်ခြားဖရောင်းတိုင်တစ်ခုကို မီးကူးပေးလိုက်လို့ ပထမ ဖရောင်းတိုင်ရဲ့မီးရောင်ဟာ မှေးမှိန်မသွားနိုင်ပါဘူး။ ဒီစာကို ကျွန်တော်က အမျိုးသမီးတွေ ဖတ်ဖို့အတွက်ပဲရေးထားတယ်ဆိုပေမယ့် ဖတ်မိတဲ့ညီ၊အကိုတွေမှာလည်း အမေ၊အမ၊နှမ၊သမီး နဲ့ ချစ်သူ၊သူငယ်ချင်းတွေ ရှိမှာပါ၊ သူတို့တွေအတွက်လည်း စေတနာရှေ့ထားပြီး ဖြန့်ဝေပေးစေချင်ပါတယ်။ ကျွန်တော်တို့ လောကကြီးမှာ ဒီလိုဒုစရိုက် တဏှာရူးကောင်တွေ အများကြီးပါပဲ။ တစ်ဖက်တစ်လမ်းက အခုလို ကူညီ အသိပေးခြင်းဟာ တစ်စုံတစ်ခုဖြစ်ပြီးသွားတော့မှ စိတ်မကောင်းဘူး ပြောတာထက်စာရင် ပိုကောင်းပါတယ်။ တစ်စုံတစ်ခု ရင်ထဲရောက်သွားတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။
Posted From Yote Thayyote --
Posted By Blogger လူဗိုလ်
























