ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, January 31, 2010

ဇန်န၀ါရီလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

*** မျိုးဆက်သစ် တိုက်လေယာဉ် ရုရှားအောင်မြင်စွာ စမ်းသပ် ***
(မော်စကို၊ ဇန်န၀ါရီလ ၂၉-ရက်)

ရုရှားနိုင်ငံသည် ၄င်း၏ ပဉ္စမမျိုးဆက်တိုက်လေယာဉ်သစ်ကို သောကြာနေ့က အောင်မြင်စွာ စမ်းသပ်ပျံသန်း ခဲ့ကြောင်း သိရသည်။ ယင်းတိုက်လေယာဉ်သည် ရေဒါဖြင့် ထောက်လှမ်း၍ မရနိုင်သော ကိုယ်ပျောက်တိုက် လေယာဉ် အမျိုးအစားဖြစ်ကြောင်း အဆိုပါလေယာဉ်ကို ထုတ်လုပ်ခဲ့သော ဆူခွိုင်းလေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီက ပြောကြားသည်။ ရုရှားနိုင်ငံသည် ပဉ္စမမြောက် မျိုးဆက်ကိုယ်ပျောက်တိုက်လေယာဉ်ကို ထုတ်လုပ် နိုင်ရန် နှစ်နှစ်ဆယ်ကျော်မျှ ကြိုးစားခဲ့ရသည်။ ယခုအောင်မြင်စွာ စမ်းသပ်ပျံသန်းခဲ့သော တီ-၅၀ ဆူခွိုင်းတိုက် လေယာဉ်သည် အမေရိကန်တို့၏ အက်ဖ် ၂၂-ကိုယ်ပျောက်တိုက်လေယာဉ်နှင့် နည်းပညာအရ တန်းတူယှဉ် ပြိုင်နိုင်မည်ဟုဆိုသည်။ (အင်တာနက်)

***ပစိဖိတ်ဒေသ တွန်ဂါကျွန်း ပင်လယ်ကြမ်းပြင်အောက်တွင် တောင်ကိုရီးယား ဓာတ်သတ္တုရှာဖွေမည်***
(ဆိုးလ်၊ ဇန်န၀ါရီလ ၂၉-ရက်)
တောင်ကိုရီးယားနိုင်ငံသည် ပစိဖိတ်ဒေသတွန်ဂါကျွန်းအနီး၌ ပင်လယ်ကြမ်းပြင်အောက်ရှိ ဓာတ်သတ္တုများကို ယခုရက်သတ္တပတ်မှစ၍ စူးစမ်းရှာဖွေမည်ဟု အစိုးရက ဇန်န၀ါရီလ ၂၇-ရက်နေ့တွင် ပြောကြားသည်။ ဓာတ်သတ္တု ရှာဖွေရေးလုပ်ငန်းကို တောင်ကိုရီးယား ကုန်းလမ်း သယ်ယူပို့ဆောင်ရေးနှင့် ပင်လယ်ရေကြောင်းရေးရာ ၀န်ကြီးဌာနနှင့် ကုမ္ပဏီလေးခုတို့ ပူးပေါင်းရှာဖွေဆောင်ရွက်ကြမည်ဖြစ်ပြီး ဇန်န၀ါရီလ ၂၈-ရက်မှစ၍ ၂၅-ရက်ကြာမျှ တွန်ဂါကျွန်းတစ်ဝိုက်ရှိ ပင်လယ်ကြမ်းပြင်အောက်၌ ဓာတ်သတ္တုများကို ရှာဖွေကြမည်ဖြစ်ကြောင်း အဆိုပါ ၀န်ကြီးဌာနက ပြောကြားသည်။ (အင်တာနက်)

*** စုစည်းဘာသာပြန်-၀င်းတင် (ကြေးမုံ)***

Read More...

နေပါစေတော့…

(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)

ရီးရဲမက်ဒရစ်အသင်းမှ တိုက်စစ်မှူး ဘင်ဇီမာတစ်ယောက် ကားမတော်မဆမှုဖြစ်ပြီး ထိခိုက်မှုကြောင့် ယောင်္ကျား ဘ၀ဆုံးရှုံးရမလိုဖြစ်နေသည်။ သို့ရာတွင် အစားထိုးကုသနိုင်ကြောင်း ဆရာဝန်ကပြောသည်။
ဆရာဝန်။ ။ အသေးစားခွဲစိတ်မှုအတွက်ဒေါ်လာ ၃-ထောင်၊ အလတ်စားအတွက် ၆-ထောင်၊ အကြီးစားခွဲစိတ် မှုအတွက်

၁-သောင်းကျသင့်မယ်။ ဒါပေမယ့်… မိန်းမနဲ့အရင်တိုင်ပင်ကြည့်ပါဦး။
ဘင်ဇီမာ အိမ်သို့ဖုန်းဆက်ကာ မိန်းမကို လှမ်းမေးသည်။
ဆရာဝန်။ ။ ခင်ဗျားမိန်းမက ဘာပြောသလဲ။
ဘင်ဇီမာ။ ။ ကားအသစ်တစ်စီးပဲ ၀ယ်တော့မယ်တဲ့….။
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ… (အိတ်တင်း)ဘာသာပြန်သည်။

Read More...

အာဆင်နယ်နဲ့ မန်ယူ စီးချင်းထိုးမယ့်ပွဲ

***(အင်္ဂလိပ် ပရီးမီးယားလိဂ်ပွဲစဉ်)***
မြန်မာစံတော်ချိန် 10:30 Pm အာဆင်နယ် - မန်ယူ

Read More...

ဇန်န၀ါရီလအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ…

(ဇန်န၀ါရီလ ၃၁-ရက် ၂၀၁၀) ၆၁-ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့ကို ကရင်အမျိုးသားအစည်းအရုံး (KNU) အခြေစိုက်ရာ စစ်နယ်မြေဒေသအသီးသီးတွင် အမှတ်တရ အခမ်းအနားများကို ယနေ့ကျင်းပကြ ကြောင်း သတင်းရရှိသည်။ မြန်မာပြည်၏ ဒုတိယ လူဦးရေအများဆုံးဖြစ်သော သွေးချင်းသားချင်း ကရင်တိုင်း ရင်းသားတို့သည် ၁၉၄၉-ခုနှစ် ဇန်န၀ါရီလ (၃၁)ရက်နေ့တွင် ထိုစဉ်က ပါလီမန်အစိုးရကို လက်နက်ကိုင် တော်လှန်ရေး စတင်ဆင်နွဲခဲ့ခြင်းဖြစ်သည်။ (မြန်မာပြည်သား)

(ဇန်န၀ါရီလ ၃၀-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ၆၁-ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား တစ်ရပ်အား ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယနေ့ကျင်းပသည်ကို တွေ့ရသည်။ ထိုင်း-မြန်မာနယ်စပ်ရောက် မွန်ပြည်နယ်နှင့် ဒေသအသီးသီးမှ မွန်တိုင်းရင်းသားများအပြင် အခြားတိုင်းရင်းသားများသာမက ထိုင်းနိုင်ငံသားဖြစ်နေကြသော မွန်တိုင်းရင်းသားလူမျိုးနွယ်စုဝင် အချို့ကပါ ပါဝင်ဆင်နွဲကြကြောင်း သိရသည်။ (မြန်မာပြည်သား)
ဖြစ်ရပ်-၂။ ။ မလေးရှား ဒုတိယ၀န်ကြီးချုပ်ဟောင်း အန်ဝါအီဗရာဟင်က ၄င်းအပေါ်စွဲချက်တင်ထားသော လိင်တူချင်း ဆက်ဆံမှုဆိုခြင်းအပေါ် ၄င်းအနေဖြင့် အကောင်းဆုံးခုခံ ချေပနိုင်ခွင့်မှာ ယခုအခါရရှိနေပြီဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေစဉ်အတွင်း၌ ဖိလစ်ပိုင်သမ္မတဟောင်း အက်စ်ဒါရာနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။ (RFA)
ဖြစ်ရပ်-၃။ ။ ထိုင်းနှင့် ကမ္ဘောဒီးယား နယ်ခြားတပ်ဖွဲ့များအချင်းချင်း သေဆုံးသွားခဲ့သည်ဟု မိမိတို့ အကြောင်းကြားခဲ့ကြောင်း ဤသည်ကို ထိုင်းဘက်က လက်မခံခဲ့ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးက ပြောဆိုသည်။ (RFA)
ဖြစ်ရပ်-၄။ ။ မလေးရှားအစိုးရအနေဖြင့် မစ္စတာ အန်ဝါအီဗရာဟင်၏ အမှုအတွက် ပယ်ဖျက်ပေးရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က တောင်ဆိုလိုက်သည်။ မလေးရှားအစိုးရ အနေခြင့် မစ္စတာ အန်ဝါအီဗရာဟင်အား နိုင်ငံရေးရည်ရွယ်ချက်ဖြင့် သိက္ခာချရန် ဦးတည်ခဲ့သော ဤအမှုကို ပယ်ဖျက်ရန် သင့်တော်ပြီဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောဆိုသည်။ (RGA)
(ဇန်န၀ါရီလ ၂၉-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ဖိလစ်ပိုင်နိုင်ငံရှိ မိုရိုမွတ်ဆလင်လွတ်မြောက်ရေးတပ်ဦးနှင့် ဖိလစ်ပိုင်အစိုးရတို့ အကြားတွေ့ဆုံဆွေးနွေးမှုများကို မလေးရှားအစိုးရအဖွဲ့တာဝန်ရှိသူများ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မိုရိုမွတ်ဆလင်လွတ်မြောက်ရေးတပ်ဦးသည် ဖိလစ်ပိုင်နိုင်ငံရှိ လက်နက်ကိုင်တော်လှန်ရေး ပြောက်ကျားအဖွဲ့များတွင် အင်အားအကြီးမားဆုံး အဖွဲ့အစည်းဖြစ်သည်။ (RFA)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံတွင် ကွာလာလမ်ပူမြို့တော်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ အပါအ၀င် စုစုပေါင်းဝတ်ပြုနေရာ (၁၉)ကို မီးလောင်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ယူဆရသော အစ္စလာမ်ဘာသာဝင် ၃-ဦးကို မလေးရှားတရားရုံးချုပ်က ယနေ့အရေးယူရန်ရုံးတင်တရားစွဲဆိုလိုက်သည်။ ၄င်းတို့ ၃-ဦးသည် ပြစ်မှုထင်ရှားခဲ့ပါက ထောင်ဒဏ် (၂၀)နှစ်ကျခံရဘ်ွယရှိကြောင်း သိရသည်။ (VOA)
ဖြစ်ရပ်-၃။ ။ ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သော ဒုတိယလုံခြုံရေး ရဲအရာရှိတစ်ဦး ထိုင်း-မြန်မာနယ်စပ် တနေရာသို့ ယမန်နေ့က မိသားစုနှင့်အတူ ထွက်ပြေးတိမ်းရှောင်လာကြောင်း သိရသည်။ ၄င်းနှင့် မိသားစုသည် လက်ရှိဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းနှင့် စားမလောက်သည့်အပြင် ညပိုင်းတွင်ကင်းစောင့်ရသဖြင့် စားဝတ်နေရေးအတွက် ရှာဖွေချိန်မရခြင်းကြောင့် ထွက်ပြေးလာရခြင်းဖြစ်ကြောင်း လုပ်သက် (၁၄)နှစ်ရှိ အဆိုပါရဲအရာရှိက ပြောဆိုသည်။ (VOA)
(ဇန်န၀ါရီလ ၂၈-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တာ့(ခ်)ခရိုင်အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးရုံး (ဆ၀ါဒီကန်)မှ `အလုပ်ရှင်နှင့် အလုပ်သမား ညှုနှိုင်းဆွေးနွေးရေး အက်ဥပဒေ´(ခေါ်) အလုပ် ရှင်နှင့် အလုပ်သမား ဆက်ဆံရေးအက်ဥပဒေဆိုင်ရာ တစ်ရက်တာသင်တန်းကို မဲဆောက်မြို့ အခြေစိုက် မြန်မာ အဖွဲ့အစည်းအချို့အား ယနေ့သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား)
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ထဆောင်ယန်းမြို့နယ်ရှိ နိုဖိုးဒုက္ခသည် စခန်းအပါအ၀င် အခြားစခန်းများအား ထိုင်းတပ်မတော်အမှတ်(၃) စစ်တိုင်းမှူးနှင့်အဖွဲ့က ယနေ့ကွင်းဆင်းကြည့်ရှုပြီး ၄င်းတို့၏ နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်ရန် အဆုံးအဖြတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (VOA)
(ဇန်န၀ါရီလ ၂၇-ရက် ၂၀၁၀) ဤရက်များအတွင်း မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့က အကြမ်းဖက်သမားဟု ယူဆရသော လူ ၂၇-ဦးကို ဖမ်းဆီးထားကြောင်း၊ ISA ဟု ခေါ်သော မလေးရှားပြည်ထဲရေးဥပဒေကို ယခင်က ဂျမားအစ္စလားမီးယားအဖွဲ့ဝင်များအပေါ်၌လည်း သုံးစွဲခဲ့ဘူးကြောင်း ဤဥပဒေနှင့် ပတ်သက်၍ လူအခွင့်အရေးအဖွဲ့များက ကန့်ကွက်လျက်ရှိကြောင်း သတင်းရရှိသည်။ (RFA)
(ဇန်န၀ါရီလ ၂၆-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မက်တာဖက်သာမင်း(ခေါ်)စိတ်ကြွဆေး (၇)ပေါင်ကို ရောင်းဝယ်ဖြန့်ဖြူးသူဟု ယူဆရသော ဂျပန်အမျိုးသမီးတစ်ဦးကို မလေးရှားနိုင်ငံ တရားရုံးက သေဒဏ်အပြစ်ပေးရန် ရှိကြောင်း၊ သူမ၏ ရှေ့နေကမူ ဤစွပ်စွဲချက် အပေါ်ခုခံချေပသွားမည်ဖြစ်သည်ဟု ပြောဆိုကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ထဆောင်ယန်းမြို့နယ်အတွင်းရှိ `နောင်ဘွား´စစ်ပြေးဒုက္ခသည်စခန်းမှ စစ်ပြေး မြန်မာဒုက္ခသည်များကို နေရပ်ပြန်လည်ပို့ဆောင်ရေးအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုရာ မဟာမင်းကြီးရုံး (UNHCR) ထိုင်း-မြန်မနယ်ခြားကော်မတီ (TBBC)၊ တိုးတက်သော ကရင်ဗုဒ္ဓဘာသာအစည်းအရုံး (DKBA)မှ တာဝန်ရှိသူများက ယနေ့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ (BBC)
(ဇန်န၀ါရီလ ၂၅-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်သမားများငှားရမ်းသော ကုမ္ပ ဏီနှင့် အလုပ်ရှင်များကိုပါ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း သတိပေးစာကို အလုပ်ရှင်များထံ ပေးဝေ နေကြောင်း၊ လာမည့် ဖေဖော်ဝါရီလ နောက်ဆုံးထားပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မလေး ရှားနိုင်ငံတွင် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှ ထုတ်ပေးထားသော ဒုက္ခသည် လက်မှတ် ကိုင်ဆောင်ထားသူများမှ လွှဲ၍ အခြားအလုပ်သမားများ အဖမ်းဆီးခံကြရကြောင်း သတင်းရရှိ သည်။ (RFA)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံတွင် ပါတီပေါင်းစုံဖြင့် ဖွဲ့စည်းထားသော တပ်ပေါင်းစုက (၂၀၀၇)ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်ပါရှိသော အပိုဒ်ခွဲ (၉၄)နှင့် အပိုဒ်ခွဲ (၁၄၀)တို့ကို ပြင်ဆင်ရန် ပါတီပေါင်းစုံ အထူးအစည်း အဝေးခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၃။ ။ မလေးရှားနိုင်ငံ တရားရုံးချုပ်က မွတ်ဆလင် ညီအမများအဖွဲ့က ရေးသားထားသော စာအုပ်တစ်အုပ်အား မကြာမီပြန်လည်ထုတ်ဝေရန်ခွင့်ပြုလိုက်ကြောင်း၊ ဤစာအုပ်သည် ယခင်က အစ္စလာမ်ဘာသာအားဝေဖန်ထားသည်ဟု ယူဆကာ တရားရုံးချုပ်က ပိတ်ပင်ထားသော စာအုပ်ဖြစ်ကြောင်း သတင်းရရှိသည်။ (RFA)
(ဇန်န၀ါရီလ ၂၄-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၊ ပရာဝိဟာဘုရားကျောင်းအနီးရှိ (၁၂) မိုင်အကွာတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်အကျအဆုံးမရှိ ကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် အုန်းဖန်မြို့နယ် တိုပယ်ဖူး ကျေးရွာနေ မြန်မာပြည်သား ကရင်တိုင်းရင်းသူတစ်ဦးသည် လက်ကိုင်ဖုန်းစကားပြောရင်း ရုတ်တရက်သေဆုံးသွားကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား)
(ဇန်န၀ါရီလ ၂၀-ရက် ၂၀၁၀) ယခုလ စောစောပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ ခရစ်ယာန် ဘရားရှိခိုးကျောင်း (၁၁)ခု၊ အစ္စလာမ်ဗလီ (၁)ခုနှင့် ဟိန္ဒူဘုရားကျောင်း (၁)ခုတို့ကို တိုက်ခိုက်ခဲ့သူများဟု ယူဆရသူ မလေးရှား အစ္စလာမ်မစ်အစွန်းရောက်သမား (၈)ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ (VOA)
(ဇန်န၀ါရီလ ၁၉-ရက်၊ ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်အုပ်ချုပ်ရေးမှူးက `လူမှုရေး အဖွဲ့အစည်း´ အမည်ခံ တရားမ၀င်မြန်မာအဖွဲ့အစည်းများကို စုံစမ်းစစ်ဆေးပြီး နေရပ်ပြန်ပို့မည်ဖြစ်ကြောင်း ၄င်းအဖွဲ့ အစည်းများထဲတွင် ကျန်းမာရေးနှင့် ပညာရေးလုပ်ငန်းဆောင်ရွက်နေသူများကိုမူ ဆက်လက် လက်ခံပြီး လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ယနေ့နံနက်သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြား သွားကြောင်း သတင်း ရရှိ သည်။ (BBC)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပါအ၀င် `ကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)´ပြုလုပ်ရန် အထောက်အကူရရှိခြင်းအလို့ငှာ အလုပ်လုပ်ခွင့် သက်တမ်းကို နောက်ထပ် ၂-နှစ်တိုးမြှင့်လိုက်ကြောင်း၊ ယနေ့မှလာမည့် ၂၀၁၂-ခုနှစ် ဖေဖော်ဝါရီလ ၂၈-ရက်အတွင်း ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ကြရမည်ဖြစ်ကြောင်း ယနေ့ကျင်းပသော ထိုင်းဝန်ကြီးများကောင်စီ အစည်းအဝေးက ဆုံးဖြတ်ချက် ချမှတ်ပေးလိုက်ပြီဖြစ်သည်။ (VOA)
ဖြစ်ရပ်-၃။ ။ လူထုချစ်သမျှ- လူထုဦးလှ၏ ရာပြည့်နှစ် အောက်မေ့ဘွယ် အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ညပိုင်းက ကျင်းပရာ စာပေချစ်သူ (၆၀)ခန့် တက်ရောက်ပြီး ဂုဏ်ပြုခဲ့ကြကြောင်း ထိုင်း-မြန်မာနယ်စပ်ရောက် စာရေးဆရာ၊ ကဗျာဆရာ အချို့ကလည်း လူထုဦးလှနှင့် စပ်လျဉ်းသော စာပေလက်ရာအချို့ကို အမှတ်တရ ပြောဆို ဂုဏ်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား)
(ဇန်န၀ါရီလ ၁၈-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အရှေ့တောင်ဘက် မယ်ကုကျေးရွာရှိ ဟန်ထိုင်းသိုးမွှေးစက်ရုံမှ တာဝန်ရှိသူများက အလုပ်သမားများအား အခုလောလောဆယ်ဆယ် တနေ့လျှင် ဟင်းဖိုး ၂၀ ဘတ် ယူပြီး လုပ်ငန်းခွင်အတွင်း အလုပ်မရှိဘဲ နေထိုင်ကြရန်နှင့် မိမိတို့ စက်ရုံကိုလည်း ၃ လခန့် ယာယီပိတ်ထားမည်ဖြစ်သည်ဟု ပြောဆိုကြောင်း သတင်းရရှိသည်။ အလုပ်သမားများကမူ မကြာမီ လာတော့ မည့် ပတ်စ်ပို့ဗီဇာ ကိစ္စနှင့် တရုတ်နှစ်သစ်ကူး ပွဲတော်တွင် ၄င်းတို့သုံးဖြုန်းရန် အစီအစဉ်ကြောင့် စက်ရုံ၏ လုပ် ငန်းများ ယာယီရပ်ဆိုင်းထားခြင်းဖြစ်သည်ဟု ထင်မြင်ကြကြောင်း သိရသည်။
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောင်ဘက် ကီလိုမီတာ ၅၀-အကွာရှိ ဖုတ်ဖရားမြို့နယ် မယ့်အော်ကျေးရွာရှိ ထိုင်းကျေးရွာလူကြီးတစ်ဦးအား DKBA က စစ်သား ၃-ဦးလာရောက်ကာ ဇန်န၀ါရီလ ၁၅-ရက်နေ့၌ ပစ်ခတ်သွားကြောင်း၊ ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေကြောင်း၊ ပစ်ခတ်ခဲ့သူ DKBA ၃-ဦးမှာ နယ်စပ်မျဉ်းကို ဖြတ်ကျော်ကာ မြန်မာပြည်ဘက်သို့ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။ (BBC)
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တနေရာတွင် အသက် (၄)လသားအရွယ် ထိုင်းကလေးငယ်တစ်ဦး သေဆုံးသွားပြီး ၄င်းကို ထိန်းရသူ မြန်မာအိမ်ဖော်အလုပ်သမတစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း၊ ကလေးငယ်သေဆုံးရမှုနှင့် အိမ်ဖော်တို့မှာ ဆက်စပ်ပတ်သက်မှုရှိ၊ မရှိကိုမူ စစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ (BBC)
(ဇန်န၀ါရီလ ၁၆-ရက် ၂၀၁၀) ရုပ်သေးနှီးနှောဖလှယ်ပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါနှီးနှောဖလှယ်ပွဲတွင် မြန်မာ၊ ထိုင်းနှင့် အမေရိကတို့မှ ရုပ်သေးပညာရှင်များ တက်ရောက်ပြီး အမြင်ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (DVB)
(ဇန်န၀ါရီလ ၁၅-ရက်၊ ၂၀၁၀) ထိုင်းနိုင်ငံ အာစရိယနေ့ အကြိုလှုပ်ရှားမှုအဖြစ် ကနေဒါနိုင်ငံမှ ကွန်ပါစီအို အဖွဲ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ စီဒီစီ အထက်တန်းကျောင်းတွင် မျက်လှည့်ဖျော်ဖြေပွဲများ လာ ရောက်ပြု လုပ်ခဲ့ကြောင်းသတင်း ရရှိသည်။ (မြန်မာပြည်သား)
(ဇန်န၀ါရီလ ၁၄-ရက်၊ ၂၀၁၀) ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ထဆောင်ယန်းမြို့နယ်အတွင်း ထွက်ပြေး ခိုလှုံ လာသော မြန်မာပြည်မှ စစ်ပြေးဒုက္ခသည်များကို နေရာချထားရေးအတွက် တာ့(ခ်)ခရိုင် ဒုတိယအုပ်ချုပ် ရေးမှူး က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ (BBC)
(ဇန်န၀ါရီလ ၁၃-ရက်၊ ၂၀၁၀) အမေရိကန်နှင့် ထိုင်းနိုင်ငံတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမည့် ဖေဖော် ၀ါရီလ (၁)ရက်နေ့တွင် (ကော်ဘရာဂိုးလ်-၈)ကို ပြုလုပ်ရန် ရှိကြောင်း၊ ယခုနှစ်တွင်မူ တောင်ကိုရီးယားနိုင်ငံမှ တပ်ဖွဲ့များလည်း ပူးပေါင်း ပါဝင်မည်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီနှင့် ပရာချွတ်တို့တွင် ကျင်းပမည် ဖြစ်ပြီး စုရပ်မှာ ရနောင်းခရိုင် အတွင်းတွင် ဖြစ်ကြောင်း တာဝန်ရှိသူများက ယနေ့ ထုတ်ဖော်ပြောကြားသည်။ (BBC)
(ဇန်န၀ါရီလ ၁၂-ရက်၊ ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တောင်ပိုင်း ချွန်ဘူရီခရိုင် တနေရာတွင် အရက်မူးနေသော ထိုင်းအလုပ်သမားတစ်ဦးက အသက် (၁၃)နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း တရားခံကို ချွန်ဘူရီရဲစခန်းက ဖမ်းဆီးထားပြီဖြစ်ကြောင်း သတင်းရရှိသည်။ (BBC)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံတွင် ဆော်ဒီအာရေဖျလူမျိုး လုပ်ငန်းရှင်တစ်ဦးကို သတ်ဖြတ်မှုဖြင့် ထိုင်းနိုင်ငံသားတစ်ဦးကို ရုံးတင်တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ (BBC)
(ဇန်န၀ါရီလ ၁၁-ရက်၊ ၂၀၁၀) ထိုင်းနိုင်ငံ တောင်ပိုင်း ချုံဖော်ခရိုင်အနီး ဆီအုန်းခြံတစ်ခုတွင် ထိုင်းနိုင်ငံထဲသို့ တရားမ၀င် ၀င်ရောက်လာသော မြန်မာအလုပ်သမား (၃၀)ဦးကို ဒေသခံစစ်တပ်က ယမန်နေ့က ဖမ်းဆီးရမိကြောင်း၊ ၄င်းတို့ကို ရနောင်းမှ တဆင့် မြန်မာပြည်ဘက်ကမ်း (ကော့သောင်း)မြို့သို့ ပြန်ပို့လိုက်ကြောင်း သတင်းရရှိသည်။ (BBC)
(ဇန်န၀ါရီလ ၉-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက်ရှိ ဖုတ်ဖရားမြို့နယ်အတွင်းတွင် ထိုင်းပညာရေးဌာန MOE မှ ကြီးမှူးကျင်းပသော ထိုင်းကလေးများနေ့အခမ်းအနားနှင့် ပျော်ပွဲ ရွှင်ပွဲကိုလည်းကောင်း၊ ဤနေ့မှာပင် တိုင်းရင်းသားအလုပ်သမားကျန်းမာရေးနှင့် ပညာပေးရေးအစီအစဉ် (MAP)ဖောင်ဒေးရှင်းမှ ကြီးမှူး
ကျင်းပသော ဖုတ်ဖရားမြို့နယ် ၃၅-ကီလိုမီတာကျေးရွာရှိ မြန်မာအလုပ်သမား မိသားစုဝင် ကလေး
များအတွက် ပျော်ပွဲရွှင်ပွဲကို လည်းကောင်း၊ ယနေ့အသီးသီးကျင်းပကြသည်ကိုတွေ့ရသည်။
(မြန်မာပြည်သား)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် ဆင်ခြေဖုံးတနေရာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုအတွင်းသို့ အစ္စလာမ်မစ် အကြမ်းဖက်သမားအချို့က လက်ပစ်ဗုံး
တစ်လုံး ပစ်သွင်းကာ တိုက်ခိုက်ခဲ့ကြောင်း မည်သူမျှ အထိအခိုက်မရှိခဲ့ကြောင်း သတင်းရရှိသည်။ ယခုရက်များအတွင်း လူနည်းစု ခရစ်ယာန်ဘာသာဝင်တို့က ထုတ်ဝေသော ဘာသာရေးစာစောင်
များတွင် `အလ္လာ´ဟူသော ဝေါဟာရ ခေါ်ဝေါ်အသုံးပြုနေမှုကို မလေးရှားတရားရုံးချုပ်က ခွင့်ပြုပြီးနောက် လူများစု အစ္စလာမ်ဘာသာဝင်များအတွင်းမှ အကြမ်းဖက်သမားတို့က တိုက်ခိုက်ခဲ့ပုံရကြောင်း ပြောဆိုနေသော်လည်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်ကမူ ဤသို့ ဘာသာရေးအဆောက်
အအုံတစ်ခုကို အကြမ်းဖက်တိုက်ခိုက်မှုကို လက်မခံကြောင်း၊ လက်သည်တရာခံကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ရှုတ်ချပြောဆိုထားသည်။ (RFA)
(ဇန်န၀ါရီလ ၈-ရက် ၂၀၁၀) မလေးရှားနိုင်ငံတွင် အစ္စလာမ်ဘာသာဝင် မဟုတ်သူများက သူတို့၏
ဘုရား `အလ္လာ´အား ခေါ်ယူသုံးစွဲနေသူများနှင့် ခရစ်ယာန်ဘာသာဝင် လူနည်းစုနှင့် လူများစုအစ္စလာမ်ဘာသာဝင် များအကြား ပဋိပက္ခများပေါ်ပေါက်လျက်ရှိပြီး တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုများ ရှိနေကြောင်း သိရသည်။ ပြီးခဲ့သော ရက်များအတွင်းက လူနည်းစုခရစ်ယာန်ဘာသာဝင်များက `အလ္လာ´ဟူသော ခေါ်ဝေါ်သုံး စွဲမှုကိုမူ မလေးရှားတရားရုံးချုပ်က ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။ (RFA)
(ဇန်န၀ါရီလ ၄-ရက် ၂၀၁၀) ယနေ့ကျရောက်သော ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရိုးမ ၃
သတင်းဌာန၏ `၁၂-နှစ်မြောက် ဖြတ်သန်းခြင်း´အမှတ်တရပွဲကို ယင်းသတင်းဌာန အခြေစိုက်ရာ
နေရာ၌ ယနေ့ကျင်းပကြသည်ကို တွေ့ရသည်။
(ဇန်န၀ါရီလ ၃-ရက် ၂၀၁၀) ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မနက်ဖြန်(ဇန်န၀ါရီလ - ၄ ရက်)နေ့ မှစပြီးချင်းမိုင်မြိ့၌ တက္ကသိုလ်တခုကို စတင်ဖွင့်လှစ်တော့ မည်ဖြစ်ကြောင်းသတင်းရရှိသည်။ဤသင်တန်းကိုမြန်မာရွှေ့ပြောင်းအလုပ်သမားများတက်ရောက်ခြင်း
အားဖြင့်နိုင်ငံတကာတက္ကသိုလ်များတွင်တက်ရောက် သင်ကြားခွင့်ရရှိရန် အထောက်အကူရရှိရေးအတွက်ရည်ရွယ်လျက်(၂)နှစ်ကြာအခမဲ့သင်တန်းအဖြစ်စီစဉ်ထား
ကြောင်းဒါရိုက်တာဦးသိန်းဝင်းကပြောဆိုသည်။(RFA)
(ဇန်န၀ါရီလ ၂-ရက် ၂၀၁၀)ဖြစ်ရပ်-၁။ ။မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် တနေရာတွင် ရေနစ်နေသော မလေးအမျိုး သမီးတဦးကိုကယ်တင်ရန်ကြိုးပမ်းခဲ့သောတောင်ကိုရီးယားနိုင်ငံသား (၂)ဦးသည်ရေနစ်သေဆုံးခဲ့ကြောင်း။မူလရေနစ်ခဲ့သော အမျိုးသမီးကိုကယ်ဆယ်ရေးအဖွဲ့  ကကူညီနိုင်သဖြင့်ယခုအခါပြန်လည်နလန်ထူလာပြီဖြစ်ကြောင်းသတင်းရရှိသည်။(RFA)
ဖြစ်ရပ်-၂။ ။ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် သွားရောက်ပူးပေါင်းသွားခြင်းသည် ၄င်းတို့တပ် အခြေစိုက်သည့် ဒေသခံ ရွာသားများက ဆက်သွယ်ပေးမှုကြောင့် ဖြစ်သည်ဟု ဆိုကာ ယနေ့အထိနည်းမျိုးစုံဖြင့်DKBA မှ နှိပ်စက်လျက်ရှိကြောင်း သတင်းရရှိသည်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မကြာသေးမီက DKBA တပ်ရင်း (၉၀၈)မှ တပ်ဖွဲ့ဝင် အချို့သည် KNU နှင့် သွားရောက်ပူးပေါင်းခဲ့သည်။ (KIC)
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံတောင်ပိုင်းယာလာပြည်နယ်တနေရာတွင်ကင်းလှည့်နေသောထိုင်းစစ်သား (၃)သည်အစ္စလမ်မစ်စစ်သွေးကြွများ၏လက်ပစ်ဗုံးဒဏ်ကြောင့်သေဆုံးသွားကြောင်းသတင်းရရှိသည်။(RFA)
(ဇန်န၀ါရီလ ၁-ရက် ၂၀၁၀) ထိုင်းအလုပ်သမားများအာ: `နှစ်သစ်ကူးလက်ဆောင်´အနေဖြင့် ယနေ့တွင် အနိမ့်ဆုံး လုပ်ခလစာသစ်ကို စတင်ထုတ်ပေးမည်ဖြစ်သည်။ အနိမ့်ဆုံးလုပ်ခအနေဖြင့် ဘန်ကောက်နှင့် ဆွတ်ပရခန်း ဒေသတွင် တစ်နေ့လျှင် ၂၀၆-ဘတ်၊ ချင်းမိုင်တွင် ၁၇၁-ဘတ်၊ ဖူးခက်တွင် ၂၀၄-ဘတ်၊ အယုဒ္ဓယမှာ ၁၈၁-ဘတ်၊ ခွန်ကန်န်တွင် ၁၅၇-ဘတ်၊ ရနောင်းတွင် ၁၅၇-ဘတ်နှင့် ဆာရာဘူရီတွင် ၁၈၄-ဘတ်တို့ဖြစ်သည်။ (နေ့သစ်)

Read More...

Saturday, January 30, 2010

လူထုကျန်းမာရေး (လေ့ကျင့်ခန်းနှင့် ဦးနှောက်ဥာဏ်ရည်)

***Public Health***
***နေ့စဉ်လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးလျှင် ဦးနှောက်ဥာဏ်ရည် ထက်မြက်စေနိုင်***

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းသည် ဦးနှောက်မှတ်ဥာဏ်ကို ပိုမိုကောင်းမွန်စေနိုင်ကြောင်း ကင်းဘရစ်ခ်ျ တက္ကသိုလ်မှ သုတေသနသိပ္ပံပညာရှင်များက စေ့ငုတင်ပြထားသည်။ အဆိုပါ သုတေသနပညာရှင်အဖွဲ့သည် နေ့စဉ် နှစ်သက်ရာ လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် မှတ်ဥာဏ်ကောင်းပုံများကို ကြွက်များဖြင့် သုတေသနပြု စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

ယင်းတို့သည် ပုံမှန်ဆော့ကစားသော ကြွက်များ အုပ်စုနှင့် လှုပ်ရှားမှုနည်းသည့် ကြွက်များဟူ၍ အုပ်စုနှစ်စုခွဲ၍ လေ့လာခဲ့ခြင်းဖြစ်သည်။ ပုံမှန်လှုပ်ရှားစေသော ကြွက်များ၏ ဦးနှောက်ဆဲလ်သည် ပို၍ အားကောင်းစေပြီး မှတ်ဥာဏ်စွမ်းရည်မှာလည်း ပိုမိုထက်သန်စေလာသည့်အချက်ကို သုတေသနပြု တွေ့ရှိခဲ့ကြသည်။ အဆိုပါ လေ့လာတွေ့ရှိချက်ကို အမျိုးသား သိပ္ပံအကယ်ဒမီမှတ်တမ်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ လူတို့အနေဖြင့်လည်း နှစ်သက်ရာ လေ့ကျင့်ခန်းတစ်ခုခုကို ပြုလုပ်ခြင်း ပြေးလွှားဆော့ကစားခြင်း လမ်းလျှောက်ခြင်းတို့ ပြုလုပ်ပေးခြင်းဖြင့် ဦးနှောက်မှတ်ဥာဏ်စွမ်းရည် မြင့်မားစေနိုင်ကြောင်း သုတေသနပညာရှင်အဖွဲ့က အကြံပြုထောက်ပြထားသည်။ (အင်တာနက်)

Read More...

ဇန်န၀ါရီလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

*** နိုင်ငံတကာအာကာသစခန်းယာဉ် (အိုင်အက်စ်အက်စ်) ၂၀၂၀ ပြည့်နှစ်တိုင် အသုံးပြုမည်***
(မော်စကို၊ ဇန်န၀ါရီလ ၂၈-ရက်)

နိုင်ငံတကာအာကာသစခန်းယာဉ် (အိုင်အက်စ်အက်စ်) ကို ၂၀၂၀ ပြည့်နှစ်တိုင်အောင် ဆက်လက်အသုံးပြုရေး အတွက် သက်ဆိုင်ရာနိုင်ငံများအားလုံးက သဘောတူညီလိုက်ပြီဖြစ်ကြောင်း ရုရှားဒုံးပျံနှင့် အာကာသကော်ပို ရေးရှင်း အကြီးအကဲ ဗစ်တာလီလိုပိုတာက ဇန်န၀ါရီလ ၂၇-ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။ (ဆင် ဟွာ)

*** ငလျင်လှုပ်ပြီး ၁၅-ရက်အကြာ ဟေတီမိန်းကလေး အသက်ရှင်ဆဲ***
(ပို့အော်ပရင့်စ်၊ ဇန်န၀ါရီလ ၂၈-ရက်)
ဟေတီနိုင်ငံသည် အကြီးအကျယ် ငလျင်လှုပ်ခဲ့ပြီး ၁၅-ရက်အကြာ မြို့တော် ပို့အော်ပရင့်စ်ရှိ ပြိုကျနေသော နေအိမ်တစ်အိတ်အောက်မှ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ရကြောင်း ရိုက်တာသတင်းတစ်ရပ်၌ ဖော်ပြသည်။ (အင်တာနက်)`
*** ဗီယက်နမ် ပြည်နယ်နှစ်ခု၌ ကြက်ငှက်တုပ်ကွေး ပြန်လည်ဖြစ်ပွား***
(ဟနွိုင်း၊ ဇန်န၀ါရီလ ၂၈-ရက်)
ဗီယက်နမ်နိုင်ငံ ပြည်နယ်နှစ်ခု၌ ကြက်ငှက်တုပ်ကွေးရောဂါများ ပြန်လည်ဖြစ်ပွားလျက်ရှိရာ မွေးမြူရေးခြံများရှိ တိရစ္ဆာန်ကောင်ရေ ၄၀၀၀-နီးပါး ၄င်းရောဂါပိုးကျရောက်နေသည်ဟု ဇန်န၀ါရီလ ၂၆-ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ ကြက်ငှက်တုပ်ကွေးကာကွယ်တားဆီးရေး အမျိုးသားကော်မတီက ပြောကြားသည်။

***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***

Read More...

မွန်အမျိုးသားနေ့အခမ်းအနား ထိုင်း-မြန်မာနယ်စပ်မှာ ယနေ့ကျင်းပ….



ထိုင်း-မြန်မာနယ်စပ်ရောက် မွန်တိုင်းရင်းသားတွေနဲ့ ထိုင်းနိုင်ငံထဲက ထိုင်းနိုင်ငံသား အနွယ်ဝင် မွန်တိုင်းရင်းသား တွေက စုပေါင်းပြီး မွန်အမျိုးသားနေ့ကို ယနေ့ကျင်းပခဲ့ကြပါတယ်။ အဲဒီလိုကျင်းပကြရာမှာ မွန်ရိုးရာ ထမနဲနဲ့ ဧည့် ခံသလို မွန်ရိုးရာ အကအလှတွေအပြင် နိုင်ငံခြားသား အချို့ကလည်း မျက်လှည့်ပြပွဲကလေးတစ်ခုနဲ့ ပရိသတ်ကို ဧည့်ခံဖျော်ဖြေခဲ့ကြတာ တွေ့ရပါတယ်။ ဟောဒီဓာတ်ပုံတွေကို ရှုစားပြီး မွန်တိုင်းရင်းသားညီအကို မောင်နှမတွေရဲ့ အမျိုးသားနေ့ကို မုဒိတာပွားများလိုက်ကြစို့လား……။

သတင်းမှတ်တမ်း- မြန်မာပြည်သား

Read More...

မောင်စူးစမ်း (ရဲဘော်တင်ရွှေ၊ ဦးချမ်းအေး)ကိစ္စ

mss-uca29jan
***Silver Moon*** အီးမေးလ်မှ ကူးယူဖော်ပြသည်။

Read More...

အလိမ္မာ ပုံပြင်များ…

***မော်ကြွားတဲ့ သိုင်းသမား***

တစ်ခါက ကျောက်တစ်လုံးရွာမှာ သုတဆိုတဲ့ လုလင်ပျိုတစ်ယောက်ရှိတယ်။ သူဟာ စိတ်သဘောထား ဖြောင့် မှန်တယ်။ အခက်အခဲရှိတဲ့သူတွေကို တတ်နိုင်သလောက် အကူအညီပေးတတ်တယ်။ ဒါပေမယ့် သူဟာ အတတ် ပညာတစ်ခုခုကို သင်ယူချင်တယ်။ ဘာပညာမှမတတ်တော့ လူရာသိပ်မ၀င်လှဘူးပေါ့။ သူတဟာ တစ်နယ်တစ် ကျေးမှာ အတတ်ပညာ တစ်ခုခုကို သင်ယူဖို့ ခရီးထွက်လာခဲ့တယ်။ ရွာတစ်ရွာကို ရောက်တော့ ခြံကြီးတစ်ခုထဲ မှာ သိုင်းလေ့ကျင့်နေတဲ့ အဘိုးကြီး တစ်ယောက်ကို တွေ့လိုက်ရသတဲ့။

အဘိုးကြီး ကစားတာကို တွေ့ရတော့ စိတ်ဝင်စားသွားတယ်။ သိုင်းပညာကို သင်ချင်တဲ့စိတ် ဖြစ်ပေါ်လာမိတယ်။ သိုင်းဆရာကြီးဆီကို ရိုသေစွာ ရောက်သွားပြီး…..
`ကျနော် ရပ်ဝေးက လာခဲ့တာပါခင်ဗျာ။ ဆရာကြီးဆီမှာ တပည့်ခံပါတယ်။ သိုင်းသင်ခွင့်ပြုပါ´
ဆရာကြီးဟာ သုတရဲ့ရုပ်ရည်ကို အကဲခတ်လေ့လာလိုက်တယ်။
`အိမ်း… ငါဟာ သိုင်းဆရာကြီး ဦးစိတ္တပဲ၊ ငါ့မှာ ပညာသင်နေကြတဲ့ တပည့်အချို့ရှိကြတယ်။ မင်းလဲ သင်ချင်ရင် သင်ပေါ့၊ ပညာလိုချင်တဲ့ တပည့်မှန်သမျှ ငါသင်ကြားခွင့်ပြုပါတယ်´ လို့ ခွင့်ပြုလိုက်သတဲ့။
သူဟာ သူပင်ပန်းစွာ ရှာဖွေစုဆောင်းထားတဲ့ အသပြာငွေလေးနဲ့ ကန်တော့ပြီး သိုင်းပညာကိုသင်ယူတယ်။ ကြိုးကြိုးစားစား သင်ယူတဲ့အတွက် တပည့်တွေအားလုံးထဲမှာ အတော်ဆုံးဖြစ်လာတယ်။
သိုင်းပညာကို သင်ယူတဲ့အခါ ဘုရားရှင်ကို တိုင်တည်ကန်တော့ပြီး သစ္စာပြုရတယ်။ မိမိပညာနဲ့ သူတစ်ပါးကို မနှိပ်စက်ပါဘူး။ ကိုယ့်အသက်ကို ရန်ရှာလာတဲ့တိုင် ကိုယ်ကပြန်ပြီး သူတစ်ပါးရဲ့ အသက်ဆုံးတဲ့တိုင် မပြုမူပါဘူး။ အစရှိသည်ဖြင့်ပေါ့။
သုတဟာ သိုင်းပညာကို သုံးနှစ်သုံးမိုး သင်ကြားပြီးတော့ အတော်လေးကို ကျွမ်းကျင် တတ်မြောက်သွားတယ်။ ဆရာကြီးကို ကန်တော့ပြီး ကိုယ့်ရပ်ရွာကို ပြန်တာပေါ့။
မိမိဇာတိရပါရွာကိုရောက်တော့ သိုင်းပညာ သင်ကြားတတ်မြောက်ခဲ့တာကို ဘယ်သူ့ကိုမှမသိစေဘဲ လျှိုဝှက်ထားတယ်။ ဒါပေမယ့် ရွာမှာ သုတကိုဆင်းရဲတယ်ဆိုပြီး အမြဲအနိုင်ကျင့်နေတဲ့ ငမိုးဆိုတဲ့ လူတစ်ယောက်ရှိတယ်။
ငမိုးဟာ သုတကိုတွေ့တော့ ခါတိုင်းလိုပဲ ငုံ့ခံနေလိမ့်မယ်ထင်ပြီး….
`ဟေ့ကောင်… ကြွက်စုတ် မင်းငါ့ကိုကြောက်လို့ သုံးနှစ်သုံးမိုးအထိ ဘယ်ကိုသွားပြီး ပုန်းနေတာလဲကွ´
သုတဟာ သူ့ကိုရန်စလိုက်မှန်း သိပေမယ့် ဘာမှပြန်မပြောဘဲ သည်းခံပြီး နေလိုက်တယ်။ ငမိုးက ကံဆိုးချင်တော့ သုတပြန်မပြောတာကို မထီလေးစားလုပ်တယ်ထင်ပြီး ခြေထောက်နဲ့ လှမ်းကန်လိုက်တယ်။
`ဟေ့ကောင်၊ မင်းကငါ့ကိုဘာဖြစ်လို့ ပြန်မပြောတာလဲကွ မင်းတော့ နာချင်ပြီထင်တယ်´
ခြေထောက်နဲ့ အကန်ခံလိုက်ရတဲ့အတွက် သုတဟာ ဒေါသထောင်းခနဲ ထွက်သွားပြီး ငမိုးကို ခုခံတိုက်ခိုက်လိုက်တယ်။ ငမိုးလဲကျပြီး သတိလစ်နေတယ်။
ငမိုးရဲ့ တပည့်တွေဟာ သုတကိုဝင်ပြီး တိုက်ခိုက်ကြပေမယ့် သုတဟာ သူတို့အားလုံးကို မရှုမလှ ဖြစ်သွားအောင် သိုင်းပညာနဲ့ အနိုင်ယူလိုက်တာပေါ့။
အဲဒီတော့မှ သုတဟာ အရင်သုတ မဟုတ်တော့ဘူးဆိုတာ သိသွားကြတာပေါ့။ သုတပြောင်းလဲလာတာကို သိကြရတော့ လူတွေဟာ သုတရဲ့သတ္တိကို သိလာကြတယ်။ အားထားလာခဲ့ကြတယ်။
လူဆိုးလူမိုက်မှန်သမျှ သုတရဲ့လက်ချက်နဲ့ မရှုမလှဖြစ်သွားခဲ့တာချည်းပဲ။ သုတဟာ တဖြည်းဖြည်းနဲ့ ရဲလာလိုက်တာ ရပ်ကျော်ရွာကျော်ဖြစ်ပြီး ဘယ်သူ့ကိုမှ ဗိုလ်မထားတော့ဘူး။ သူတတ်ခဲ့တဲ့ သိုင်းပညာက သူ့ကိုပြန်ပြီး အထောက်အပံ့ပြုလာတဲ့သဘောမျိုးလို့ ဆိုရမယ်။ ရပ်ရွာကလည်းအားကိုးတော့ လူဆိုးလူမိုက်ထိပ်သီးဆိုရင် သုတက ရင်ဆိုင်တွေ့ပြီး အဆုံးစီရင်လိုက်တာ များတယ်။
ဒါကြောင့်မို့ သုတဟာ ပိုပြီးထင်ရှားလာတယ်။ မိုးမမြင် လေမမြင် ဖြစ်လာတယ်။ အရင်ကလို အနှိမ်ခံသုတ မဟုတ်တော့ဘူးပေါ့။
တစ်နေ့မှာ ကျောက်တစ်လုံးရွာကို လူကြီးတစ်ယောက်ရောက်လာတယ်။ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေကလည်း ရှည်လျားလိုက်တာ ကြောက်စရာကြီး သူဟာ ရွာပြင်ဇရပ်မှာတည်းတယ်။
လူဆိုးလူမိုက်ကြီး တစ်ယောက်နဲ့တူတယ်။ ဇရပ်နားဖြတ်သွားတဲ့သူတစ်ယောက်ကို အဲ့ဒီလူကြီးဟာ ဇရပ်ပေါ်ကဆင်း အကြောင်းမဲ့ ရိုက်ထည့်လိုက်တယ်။
`ခင်ဗျား ဘာဖြစ်လို့ ရိုက်ရတာလဲဗျ´
`ရိုက်ချင်လို့ ရိုက်တယ်ကွာ၊ မကျေနပ်ရင် တိုင်ချင်တဲ့သူကို တိုင်…´
အဲ့ဒီလူက သုတကိုသွားတိုင်တယ်။ သုတက လိုက်လာတယ်။ လူကြီးကတော့ ဇရပ်ပေါ်မှာ ခပ်အေးအေးပဲ ထိုင်နေတယ်။
`ဟေ့လူကြီး ခင်ဗျားက ဘယ်သူလဲ ဘာဖြစ်လို့ ကျုပ်တို့ရွာသားကို အကြောင်းမဲ့ ရိုက်လွှတ်လိုက်ရတာလဲဗျ´
`ငါ ကြည့်မရလို့ ရိုက်တာကွ၊ မင်းကိုလဲ ငါက ရိုက်ချင်သေးတယ်´ ဆိုပြီး ဇရပ်ပေါ်က ခုန်ဆင်းလာတယ်။ သုတကလည်း ဒီအဘိုးကြီးကို နည်းနည်းပါးပါး ဆုံးမလွှတ်လိုက်ဦးမှပဲဆိုပြီး ရင်ဆိုင်တိုက်ခိုက်တယ်။
ဒါပေမယ့် အဘိုးကြီးဟာ သုတထင်သလို နှံနဲ့နဲ့မဟုတ်ဘူး။ သိုင်းကွက်တွေနဲ့ ကျွမ်းကျင်စွာ ပြန်ပြီးတိုက်ခိုက်တယ်။ သုတကလည်း ပိုသဘောကျသွားပြီး ရေကုန်ရေခန်း တိုက်ခိုက်ကြတဲ့အခါ အဘိုးကြီးရှူံးတော့မလို့ ဖြစ်လာတယ်။
သူက အထင်သေးပြီး တိုက်ကွက်ကို လျှော့လိုက်တဲ့အခါ အဘိုးကြီးက မမျှော်လင့်ဘဲ တုံ့ပြန်လိုက်တဲ့အတွက် သူက အထိနာသွားပြီး ဘိုင်းခနဲ လဲကျသွားတယ်။ မဲ့ရှုံ့သွားတာပေါ့။
အဲ့ဒီတော့မှ အဘိုးကြီးဟာ သူ့မျက်နှာပေါ်က မုတ်ဆိတ်မွေးအရှည်ကြီးတွေ၊ ပါးမြိုင်းမွေးတွေကို ဖြုတ်ပစ်လိုက်တယ်။
`ဟာ…. ဆရာကြီး ဦးစိတ္တ´
သိပ် အံ့အားသင့်သွားမိတာကတော့ အဲ့ဒီအဘိုးကြီးဟာ တခြားသူမဟုတ်ဘူး။ သူ့ကို သိုင်းပညာသင်ပေးခဲ့တဲ့ ဆရာကြီး ဦးစိတ္တ ဖြစ်နေတယ်။
`အေး…. ငါဟာ မင်းရဲ့သတင်းတွေကို ကြားရလို့ လာစုံစမ်းတာ၊ ငါသင်ပေးတဲ့ သိုင်းပညာဟာ သူတစ်ပါးကို အနိုင်ကျင့်ဖို့ မဟုတ်ဘူး။ ရန်သူကို ဆုံးမရုံဆုံးမ အဆုံးစီရင်ဖို့မဟုတ်ဘူးလို့ သတိပေးထားရက်နဲ့ မင်းငါ့စကားကို မနာခံခဲ့ဘူး´
`မင်းရဲ့အမှားကြောင့် သေသွားတဲ့သူတွေရဲ့ ဇနီး၊ သားသမီးတွေဟာ ဒုက္ခရောက်ကုန်ကြတယ်ဆိုတာ မင်းမစဉ်းစားမိဘူးမဟုတ်လား´
ဆရာကြီးက မာမာထန်ထန်နဲ့ ပြောလိုက်တဲ့အခါ…. `ဆရာကြီး… ကျနော်မှားသွားခဲ့ပါတယ်။ နောက်ကို သူတစ်ပါးစိတ်သောကရောက်အောင် ဘယ်တော့မှ မလုပ်တော့ပါဘူး သတိလစ်သွားတဲ့အတွက် ခွင့်လွှတ်ပါ´ လို့ တောင်းပန်လိုက်တယ်။
`အေး… ငါ့တပည့်ကြီးဟာ သိုင်းပညာမှာ တော်ရက်နဲ့ တလွှဲအသုံးချနေလို့ အချိန်မီလာဆုံးမတာ၊ မြွေဆရာ မြွေနဲ့ သေတတ်တယ်။ သိုင်းဆရာ သိုင်းပညာနဲ့ ကိုယ်ကျိုးနည်းတတ်တယ်။ အများမျက်ရည်ကျအောင် ဘယ်တော့မှ မလုပ်ပါနဲ့´
သုတဟာ သူမှားပါတယ်လို့ ထပ်တလဲလဲပြောရင်း ဆရာကြီးကို ဦးချကန်တော့လိုက်တယ်။
နောက်ဆို သူဘယ်တော့မှ သူများ စိတ်ဆင်းရဲအောင် မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်သတဲ့။
***၀င်းရွှေနောင်***

Read More...

ချွေတာပါတယ်…

(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)

မိန်းကလေးသူငယ်ချင်းများအတွက် ငွေကြေးကျခံလေ့ရှိသော မြေးဖြစ်သူအား မန်ယူအသင်းပိုင်ရှင် ဦးကပ် စေးဂလေဇာ ဆုံးမနေသည်။
`ဂျော်နီ… မင်းငွေသုံးတာတွေလျှော့စမ်း´

`ဒီတစ်ခါရည်းစားနဲ့ချိန်းတွေ့တာ ၁၅-ဒေါ်လာပဲကုန်ပါတယ်။ အဘိုးရ´
`သြော် ဒီတစ်ကြိမ်တော့ မင်းတော်သွားပြီ၊ ငွေတန်ဖိုးကို မင်းသိတတ်လာပြီပေါ့´
`အင်းလေ… ဒါတောင် သူ့ဆီမှာ ဒီလောက်ပဲပါလို့ပေါ့…. အဘိုးရာ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

Friday, January 29, 2010

ဒီကနေ့မှာ ပရီးမီးယားလိဂ်နဲ့ လန်းကြမလား…

*** ပရီးမီးယားလိဂ် ပွဲစဉ်များ ***
09:30 Pm ဘာမင်ဂမ် - စပါး
09:30 Pm ဖူလ်ဟမ် - အက်စတွန်ဗီလာ
09:30 Pm ဟားလ်စီးတီး - ၀ုလ်ဗာဟမ်တန်
09:30 Pm လီဗာပူး - ဘော်လ်တန်
09:30 Pm ၀က်စ်ဟမ်း - ဘလက်ဘန်း
09:30 Pm ၀ီဂန် - အဲဗာတန်

မှတ်ချက်။ ။ အထက်ပါအချိန်များသည် မြန်မာစံတော်ချိန်များဖြစ်သည်။

Read More...

တကယ်လေးတာ…

(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)

မိန်းမဖြစ်သူ၏ နားလေးမှုအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဘလတ္တာက ဆရာဝန်ထံအကြံဥာဏ် တောင်း ခံလေရာ မည်မျှနားလေးသည်ကိုသိနိုင်ရန် ဦးစွာစမ်းသပ်ဖို့အကြံပေးလိုက်သည်။ အိမ်ရောက်သော် မီးဖိုချောင် အတွင်းရှိနေသော မိန်းမနှင့် ၁၅-ပေ အကွာမှ လှမ်းမေးလိုက်သည်။

ဘလတ္တည။ ။ မိန်းမ ဘာချက်သလဲလို့ (ဖြေသံမကြား… ဒေါသထွက်ထွက်နှင့် နောက်ကျောအထိ တိုးကပ်ကာ အသံကျယ်ကျယ်ဖြင့်)
ဘလတ္တာ။ ။ မိန်းမ ဘာဟင်းချက်လဲ… မေးနေတယ်လေ(ဤတွင်)
မိန်းမ။ ။ ကြက်သားဟင်းလို့ ပြောတာမကြားဘူးလား နားလေးပလေးရဲ့။

မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ… (အိတ်တင်း)ဘာသာပြန်သည်။

Read More...

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း…

*** အနယ်လ်ကာဆက်ရှိရေး သေချာဟု အန်ဆယ်လော့တီဆို***

ချဲလ်ဆီးထပ်မံချုပ်ဆိုရန် ပျက်ပြယ်သွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ချဲလ်ဆီးအသင်းတွင် ဆက် ရှိရေးမှာ ရာနှုန်းပြည့်သေချာကြောင်း နည်းပြ အန်ဆယ်လော့တီက ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ၌ ဖော်ပြ သည်။ (အင်တာနက်)

***ဂိုးသမား ဒီဂီယာအား ခေါ်ယူရေး မန်ယူနှင့်အပြိုင် ၀ီဂန်ကြိုးပမ်း***
အက်သလက်တီကို မက်ဒရစ် ဂိုးသမား ဒေးဗစ်ဒီဂီယာအား စာချုပ်ခေါ်ယူရေးအတွက် ၀ီဂန်အသင်းသည် မန်ယူ အသင်းနှင့် အပြိုင် ကြိုးပမ်းလျက်ရျိကြောင်း အီးအက်စ်ပီအင်န်၌ ဖော်ပြသည်။ (အင်တာနက်)

*** လိဒ်တိုက်စစ်မှူး ဘက်ဖို့ဒ်အား ခေါ်ယူရန် အဲဗာတန် စီစဉ် ***
အဲဗာတန်အသင်းသည် လိဒ်တိုက်စစ်မှူး ဂျာမိန်းဘက်ဖို့ဒ်အား ပြောင်းရွှေ့ကြေး ပေါင် ၂-သန်းဖြင့် ကမ်းလှမ်းစာချုပ်ခေါ်ယူရန် စီစဉ်နေကြောင်း ဒေးလီးမေရာ၌ ဖော်ပြသည်။ (အင်တာနက်)

*** ဘလက်ဘန်းမှ ဂရီလာအား ဇင်းနစ် ကမ်းလှမ်း ***
ဘလက်ဘန်းကွင်းလယ်ကစားသမား ဗင်ဆင့်ဇိုဂရီလာအား ရုရှားအသင်းဇင်းနစ်စိန့်ပီတာစဘတ်က ပေါင် ၄ ဒသမ ၃-သန်းဖြင့် ခေါ်ယူရန်ကမ်းလှမ်းခဲ့ကြောင်း အိုင်အမ်စကောက်တီး၌ ဖော်ပြသည်။ (အင်တာနက်)

*** ဘတ်ဖွန်းအား ခေါ်ယူရေး မန်ယူနှင့် မန်စီးတီး အပြိုင် ကြိုးပမ်း ***
ဂျူဗင်းတပ်စ်အသင်းမှ အီတလီလက်ရွေးစင်အသင်းဂိုးသမား ဘတ်ဖွန်းက အသင်းမှထွက်ခွာမည်ဟု ဖွင့်ဟပြောကြားခဲ့ပြီးနောက် ၄င်းအား မန်ယူနှင့် မန်စီးတီးအသင်းတို့က ခေါ်ယူရန် အပြိုင်ကြိုးပမ်းနေကြကြောင်း တတ်တိုစပေါ့ထ်၌ ဖော်ပြသည်။ (အင်တာနက်)

*** ခရစစ္စမောလင်းအား မန်ယူကမ်းလှမ်းမှု ဖူလ်ဟမ်လက်ခံခဲ့ ***
ဖူလ်ဟမ်ခံစစ်မှူး ခရစ္စမောလင်းအား မန်ယူက ခေါ်ယူရန်ကမ်းလှမ်းမှုကို ဖူလ်ဟမ်အသင်းက လက်ခံခဲ့ကြောင်း စကိုင်းစပို့စ်၌ ဖော်ပြသည်။ (အင်တာနက်)

***စုစည်းဘာသာပြန်-ချစ်စိုးနိုင်***

Read More...

လူထုကျန်းမာရေး (ကစီဓာတ်နှင့် အစားအစာ)

***Public Health***
*** ကိုယ်အလေးချိန်လျော့ကျလိုသူများ ကစီဓာတ်နည်းသော အစာများစားသုံးသင့်***

အ၀လွန်သူများအနေဖြင့် ကိုယ်အလေးချိန် လျော့ကျစေရန်အတွက် ကစီဓာတ်နည်းသော အစားအစာများကို ရွေးချယ်စားသုံးသင့်ကြောင်း လေ့လာဆန်းစစ်ချက်တစ်ရပ်တွင် ဖော်ပြသည်။ ကစီဓာတ်များသော အစားအစာ များကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ် အ၀လွန်စေပြီး သွေးပေါင်တိုးစေ၍ သွေးတိုးနှင့် နှလုံးရောဂါများ ဆက်စပ် ဖြစ်ပွားနိုင်ကြောင်း မြောက်ကယ်ရိုလိုင်းနား ဆေးတက္ကသိုလ်မှ သုတေသနပညာရှင်အဖွဲ့က လေ့လာ တင်ပြ ခဲ့ခြင်း ဖြစ်သည်။

သွေးတိုးနှင့် နှလုံးရောဂါဖြစ်ပွားမှုရှောင်ကြဉ်နိုင်ရန်အတွက် ကစီဓာတ်နည်းပါးသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ငါးတို့ကို နေ့စဉ်စားသုံးပေးသင့်ကြောင်း ယင်းအဖွဲ့က လေ့လာတင်ပြထားသည်။ ယင်းသုတေသနအဖွဲ့သည် ကစီဓာတ်များသော အစားအစာများကို အုပ်စုတစ်စုသို့ နေ့စဉ်ကျွေးမွေးပြီး အခြားအုပ်စုတစ်စုအား ကစီဓာတ်နည်းသော အစားအစာများနေ့စဉ် ကျွေးမွေးခဲ့ရာ လေးပတ်အကြာတွင် ကစီဓာတ်နည်းသော အစားအစာများကို ကျွေးသောအုပ်စုမှာ သိသိသာသာ ကိုယ်အလေးချိန်လျော့ကျခဲ့သည်ဟု ဆိုသည်။ (အင်တာနက်)

Read More...

အလိမ္မာ ပုံပြင်များ…

***သူများမကောင်းကြံ ကိုယ်ပဲခံ***

ဟိုး ရှေးရှေးတုန်းက တောကြီးတစ်တောမှာ အင်မတန်ကောက်ကျစ်စဉ်းလဲတဲ့ မြေခွေးတစ်ကောင်ရှိသတဲ့။ တစ် ကိုယ်ကောင်းဆန်တတ်တဲ့အကျင့်ရှိလို့ မြေခွေးအချင်းချင်းတောင် အပေါင်းအသင်းမလုပ်ကြဘူး။ ဒါကြောင့်မို့ သူဟာ တောထဲမှာ တစ်ကောင်တည်းလှည့်လည် ကျစ်စားနေရတယ်။ တစ်နေ့မှာ တခြားတော တစ်တောကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကျားတစ်ကောင်ရှိခဲ့တယ်။ အဲ့ဒီ ကျားဟာ သားကောင်တွေကို လှည့် လည်ဖမ်းဆီးရင်း တောနက်ထဲကို ရောက်လာတယ်။ ဘာကောင်မှလည်းမရဘူး။ ကျားဟာ ဆာလောင်မွတ် သိပ်လာတာပေါ့။

`သားကောင်ကြီးတွေကို လိုက်ရှာပြီး လောဘတတ်နေရင် ငါငတ်မှာပဲ။ သူတို့က ငါ့အနံ့ကို ရကြလို့လား မသိဘူး အရှောင်အတိမ်း ကောင်းနေကြတယ်။ လွယ်လွယ်ကူကူ သားကောင်ငယ်လေးတွေကိုပဲ လိုက်ရှာပြီး စားတော့မယ်´
အဲ့ဒီလိုဆုံးဖြတ်ပြီး လိုက်ရှာစားမယ်ဆိုတော့လည်း သားကောင်ငယ်လေးတွေကိုလည်း ရှာမတွေ့ပြန်ဘူး။ ကျားဟာ စိတ်ညစ်လာတယ်။ ဒီတောထဲကသားကောင်တွေဟာ ဘယ်လောက်အထိ ပါးနပ်ကြတယ်ဆိုတာကို သိသွားတယ်။ ဒီလိုနဲ့ ဟိုစမ်းစမ်း ဒီစမ်းစမ်းထွက်လာခဲ့တာ သစ်ပင်အောက်မှာ အိပ်ပျော်နေတဲ့ မြေခွေးကိုသွားတွေ့တယ်။ သင်းကွဲနေတဲ့ မြေခွေးဟာလည်း အစာရှာမရလို့ စိတ်ပျက်ပျက်နဲ့ အိပ်နေတာပဲဖြစ်တယ်။ ကျားဟာ မြေခွေးကိုပဲ စားတော့မယ်ဆိုပြီး ဆုံးအဖြတ်မှာ မြေခွေးလည်း လန့်နိုးသွားတယ်။
`ဟား… ဟား… ဟား၊ မင်းကိုစားရမယ်ကွ´
`ကျနော့်ကို စားရင် အသင်ကျားမင်း ဘယ်ဝနိုင်ပါ့မလဲ၊ ကျနော်လဲ အစာမစားရလို့ ပိန်လှီနေပါတယ်။ ကျနော့်ရဲ့ မိတ်ဆွေတွေ မျောက်သားအမိ ရှိကြပါတယ်။ သူတို့ဟာ ၀ဖြိုါ်ကြလို့ အင်မတန် စားကောင်းမှာပါ´
`ဟေ… ဟုတ်လား၊ ဒါဆို မျောက်သားအမိကိုပဲ သွားစားကြမယ်။ မင်းလိုက်ခဲ့´
`ဒီတောက သားကောင်တွေဟာ အင်မတန်မှ ပါးနပ်ကြပါတယ်။ ရှင်ကျားမင်း လိုက်လာရင် သူတို့ရိပ်မိသွားပြီး ထွက်ပြေးသွားကြမှာ ကျနော်မျိုးလိမ်ညာပြီး အရှင်ရှေ့မှောက် ရောက်အောင်ခေါ်လာခဲ့ပါတယ်´
`မလိုချင်ဘူး၊ မင်းကို ငါမယုံဘူး၊ ငါပါ တစ်ပါတည်း လိုက်ခဲ့မယ်´
ကျားဟာ မြေခွေးကိုမယုံဘူး။ ဒါကြောင့် သူအမြီးနဲ့ မြေခွေးရဲ့အမြီးကိုချည်ပြီး မျောက်သားအမိ ဆီကိုသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။
အဲ့ဒီအချိန်မှာ သူတို့ သတိမပြုမိတဲ့ အခြေအနေတစ်ခုရှိတယ်။ မျောက်ကလေး တစ်ကောင်ဟာ သူတို့ရဲ့ ပြောစကားကို သစ်ပင်ပေါ်ကနေ နားထောင်ပြီး ထွက်ပြေးသွားတယ်။ အဲ့ဒီ မျောက်ကလေးဟာ သူ့အမေ မျောက်မကြီးကို အကျိုးအကြောင်း ပြန်ပြောပြတာပေါ့။ မျောက်သားအမိဟာ မြေခွေးရဲ့ မိတ်ဆွေတွေပဲဖြစ်တယ်။ မျောက်မကြီးလည်း နည်းနည်းတော့ တုန်လှုပ်ပေမယ့် စိတ်ကူးတစ်ခုရသွားတယ်။
`ဘာမှ မပူနဲ့သား၊ သူတို့ရောက်လာရင် အမေ သင်ထားတဲ့အတိုင်းသာ ပြော´
မျောက်မကြီးလည်း သားငယ်မျောက်ကို စကားတွေသင်ပေးသတဲ့။ မကြာခင်မှာ မြေခွေးနဲ့ ကျားဟာ မျောက်သား စားရဖို့ အတူတူလာခဲ့ကြသတဲ့။ ကျားဟာ မြေခွေးရဲ့ စကားကိုမယုံလို့ သူအမြီးနဲ့ မြေခွေးရဲ့အမြီးကို ချည်နှောင်ထားတယ်။
`ဟေ့… မင်းပြောတဲ့ မျောက်မကြီးဆီကို မရောက်သေးဘူးလား´ လို့ မေးတော့ မြေခွေးက….
`ရောက်ပါပြီ ဟောဟိုနားမှာပါ´ လို့ ပြန်ဖြေသတဲ့။
မျောက်မကြီးဟာ သူတို့ကိုမြင်လိုက်တာနဲ့ မမြင်ချင်ယောင်ဆောင်ပြီး…. `သားလေး ဒီကနေ့ အမေတို့ ကျားသား စားရလိမ့်မယ်´
`ဟုတ်လား အမေ၊ ကျားသားဟာ ကောင်းလား၊ ဘယ်လိုရမှာလဲ´
`အမေတို့ရဲ့ မိတ်ဆွေ ဦးဦးမြေခွေးက ကျားတစ်ကောင် အမေတို့စားဖို့ ညာပြီးခေါ်လာလိမ့်မယ်။ ကျားသားဟာ သိပ်ချိုတယ်။ အမေကတော့ ကျားသားကိုပဲစားတယ်။ တခြားဘာအသားကိုမှ မစားဘူး´
မျောက်မကြီးဟာ မလှမ်းမကမ်းကိုရောက်လာတဲ့ မြေခွေးနဲ့ကျားကို အခုမှလှမ်းပြီး မြင်မိလိုက်သလိုနဲ့… `အသင် မြေခွေး ငါတို့စားဖို့ ယူလာမယ်ဆိုတဲ့ကျားဟာ အရင်က သင်ယူလာတဲ့ ကျားတွေနဲ့ မတူပါလား။ ပိန်လှချည်လား´လို့ ပြောလိုက်တယ်။
ကျားဟာ မျောက်မကြီးသားအမိပြောတဲ့စကားကို ကြားပြီးဖြစ်တယ်။ အခုလည်း ကြားလိုက်ရပြန်တော့ အံ့သြတုန်လှုပ်သွားပြီး…. `ဟဲ့… မြေခွေး နင်ဟာ မျောက်မကြီး သားအမိရဲ့ အစာအတွက် လိမ်ညာပြီးခေါ်လာခဲ့တာကိုး၊ နင်ဟာ တော်တော့ကို ကောက်ကျစ်တဲ့ သတ္တ၀ါပဲ´ ဆိုပြီး အလန့်တကြားနဲ့ ထွက်ပြေးပါတော့တယ်။ မြေခွေးဟာလည်း ကျားကို ဘယ်လိုမှ ရှင်းပြချိန်မရလိုက်ဘူး…။
ကျားရဲ့ နောက်ကို ဒရွတ်တိုက်ပါသွားတယ်။ အားကောင်းတဲ့ ကျားက ဇွတ်အတင်းပြေးလို့ လမ်းတစ်နေရာမှာ မြေခွေးရဲ့ ခေါင်းကို ကျောက်တုံးတစ်ခုနဲ့ ရိုက်မိသွားတော့ ပွဲချင်းပြီး သေပါလေရော။
သူများ မကောင်းကြံ၊ ကိုယ်ပဲခံရတယ်ဆိုတဲ့ မြေခွေးရဲ့ ဥပမာလေးကို သင်ခန်းစာ ယူနိုင်ကြပါစေ….။

***၀င်းရွှေနောင်***

Read More...

ဇန်န၀ါရီလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

***တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မှုအား ပုံကြီးချဲ့လိမ်ညာသည်ဆိုမှု မဟုတ်မှန်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြေညာ***
(ဂျီနီဖာ၊ ဇန်န၀ါရီလ ၂၇-ရက်)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို)သည် ဆေးဝါးကုမ္ပဏီကြီးများနှင့် ပူးပေါင်းကာ A(H1N1)တုပ်ကွေး ရောဂါ ကူးစက်ပျံ့နှံ့မှုအတိုင်းအတာကို ပုံကြီးချဲ့လိမ်ညာခဲ့သည်ဆိုသော စွပ်စွဲချက်များမှာ မမှန်ကန်ကြောင်း ဒဗ လျူအိတ်ခ်ျအိုက ဇန်န၀ါရီလ ၂၅-ရက်နေ့တွင် ပြောဆိုငြင်းပယ်လိုက်သည်။ (ဆင်ဟွာ)

*** ခေတ်မီ ကုန်တိုက်သစ် ဘဂ္ဂဒက်၌ တည်ဆောက်***
(ဘဂ္ဂဒက်၊ ဇန်န၀ါရီလ ၂၇-ရက်)
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့၌ အမေရိကန်ဒေါ်လာ ၂-သန်း ကျခံသုံးစွဲမည့် ခေတ်မီကုန်တိုက် တည်ဆောက်ရေးစီမံကိန်းကို ဘဂ္ဂဒက် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဇန်န၀ါရီလ ၂၅-ရက်နေ့တွင် စတင်လိုက်သည်ဟု အင်တာနက် သတင်းတွင် ဖော်ပြသည်။ (အင်တာနက်)
*** ကမ္ဘာ့စီးပွားရေး လျင်မြန်စွာ ဦးမော့လာနိုင်***
ကမ္ဘာ့စီးပွားရေးသည် ကြိုတင်မျှော်လင့်ထားသည်ထက် လျင်မြန်စွာဦးမော့လာနိုင်ကြောင်း ယခုနှစ်တွင် ၃ ဒသမ ၉-ရာခိုင်နှုန်းတိုးမည်ဖြစ်ပြီး ၂၀၁၁-ခုနှစ်တွင် ၄ ဒသမ ၃-ရာခိုင်နှုန်း တိုးမြင့်မည်ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)က ဇန်န၀ါရီလ ၂၆-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ငှက်ဖျားနှင့် ကာလ၀မ်းရောဂါ ကာကွယ်ဆေး ထုတ်လုပ် ***
ဗဟိုဖလော်ရီဒါတက္ကသိုလ် ဇီဝဆေးဝါးဆိုင်ရာသုတေသီ ဟင်နရီဒင်နီယယ်သည် ငှက်ဖျားရောဂါနှင့် ကာလ၀မ်းရောဂါ နှစ်မျိုးစလုံးအတွက် ဈေးနှုန်းသက်သာသော ကာကွယ်ဆေးကို ပထမဦးဆုံး တီထွင်ထုတ်လုပ်လိုက်နိုင်ပြီဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်က ဇန်န၀ါရီလ ၂၆-ရက်နေ့တွင် သတင်းထုတ်ပြန် ဖော်ပြသည်။ (အင်တာနက်)
*** အာဖဂန် ကြွေးမြီကိစ္စ ကမ္ဘာ့ဘဏ်ထောက်ပံ့မည် ***
ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာဖွံ့ဖြိုးရေးအသင်း (အိုင်ဒီအေ)နှင့် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်)တို့သည် အာဖဂန်နစ္စတန်ကြွေးမြီလျော့နည်းသက်သာစေရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆-ဘီလီယံ ထောက်ပုံမည့်ကိစ္စကို သဘောတူညီခဲ့ကြသည်။ (အင်တာနက်)

***စုစည်းဘာပြန်-မောင်မောင်ဆွေ***

Read More...

Thursday, January 28, 2010

အလုပ်ရှင်- အလုပ်သမားဆက်ဆံရေး ဥပဒေအား မဲဆောက်မြို့ အလုပ်သမားရုံးမှ ဆွေးနွေးပညာပေး…



`အလုပ်သမားပြဿနာများ ပေါ်ပေါက်လာရပုံနဲ့ အလုပ်သမားရဲ့ ထွက်ဆိုချက်၊ အလုပ်ရှင်ရဲ့ ထွက်ဆိုချက်၊ မူလ ဘူတဆက်ဆံရေးပုံစံ´ စတာတွေကို အသေအချာလေ့လောဖို့ရည်ရွယ်ပြီးတော့ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက် မြို့ အခြေစိုက် တာ့(ခ်)ခရိုင်အလုပ်သမားကာကွယ်ရေးနဲ့ လူမှုဖူလုံရေးရုံး (ဆ၀ါဒီကန်)ကနေ တစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ထိုင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားကာကွယ်ရေးရုံးက အရာရှိ (မယ့်တာ)နဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာန(ဗဟိုအလုပ်သမား ဆက်ဆံရေးရုံး)က အရာရှိတို့ဟာ မြန်မာအလုပ်သမားအကျိုးဆောင်အဖွဲ့တွေနဲ့ မြန်မာလူမှုရေး အဖွဲ့အစည်းအချို့ကို ခေါ်ယူပြီး ဆွေးနွေးပွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေထဲက အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေးဥပဒေ (၀ါ)အလုပ်ရှင်-အလုပ်သမားစေ့စပ်ဖျန်ဖြေရေး ဥပဒေ BE-2518(1975)Act ကို အရာရှိ (မယ့်တာ)ကနေ ဓာတ်ပုံဆလိုက်ရှိုးတွေနဲ့ အသေအချာ ရှင်းပြတာကို အခုလို ရှုစားလိုက်ကြပါဦး….။

***သတင်းမှတ်တမ်း-မြန်မာပြည်သား***

Read More...

ဇန်န၀ါရီလအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ…

(ဇန်န၀ါရီလ ၂၈-ရက် ၂၀၁၀) ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တာ့(ခ်)ခရိုင်အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးရုံး (ဆ၀ါဒီကန်)မှ `အလုပ်ရှင်နှင့် အလုပ်သမား ညှုနှိုင်းဆွေးနွေးရေး အက်ဥပဒေ´(ခေါ်) အလုပ် ရှင်နှင့် အလုပ်သမား ဆက်ဆံရေးအက်ဥပဒေဆိုင်ရာ တစ်ရက်တာသင်တန်းကို မဲဆောက်မြို့ အခြေစိုက် မြန်မာ အဖွဲ့အစည်းအချို့အား ယနေ့သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား)

(ဇန်န၀ါရီလ ၂၇-ရက် ၂၀၁၀) ဤရက်များအတွင်း မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့က အကြမ်းဖက်သမားဟု ယူဆရသော လူ ၂၇-ဦးကို ဖမ်းဆီးထားကြောင်း၊ ISA ဟု ခေါ်သော မလေးရှားပြည်ထဲရေးဥပဒေကို ယခင်က ဂျမားအစ္စလားမီးယားအဖွဲ့ဝင်များအပေါ်၌လည်း သုံးစွဲခဲ့ဘူးကြောင်း ဤဥပဒေနှင့် ပတ်သက်၍ လူအခွင့်အရေးအဖွဲ့များက ကန့်ကွက်လျက်ရှိကြောင်း သတင်းရရှိသည်။ (RFA)
(ဇန်န၀ါရီလ ၂၆-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မက်တာဖက်သာမင်း(ခေါ်)စိတ်ကြွဆေး (၇)ပေါင်ကို ရောင်းဝယ်ဖြန့်ဖြူးသူဟု ယူဆရသော ဂျပန်အမျိုးသမီးတစ်ဦးကို မလေးရှားနိုင်ငံ တရားရုံးက သေဒဏ်အပြစ်ပေးရန် ရှိကြောင်း၊ သူမ၏ ရှေ့နေကမူ ဤစွပ်စွဲချက် အပေါ်ခုခံချေပသွားမည်ဖြစ်သည်ဟု ပြောဆိုကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ထဆောင်ယန်းမြို့နယ်အတွင်းရှိ `နောင်ဘွား´စစ်ပြေးဒုက္ခသည်စခန်းမှ စစ်ပြေး မြန်မာဒုက္ခသည်များကို နေရပ်ပြန်လည်ပို့ဆောင်ရေးအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုရာ မဟာမင်းကြီးရုံး (UNHCR) ထိုင်း-မြန်မနယ်ခြားကော်မတီ (TBBC)၊ တိုးတက်သော ကရင်ဗုဒ္ဓဘာသာအစည်းအရုံး (DKBA)မှ တာဝန်ရှိသူများက ယနေ့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ (BBC)
(ဇန်န၀ါရီလ ၂၅-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်သမားများငှားရမ်းသော ကုမ္ပ ဏီနှင့် အလုပ်ရှင်များကိုပါ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း သတိပေးစာကို အလုပ်ရှင်များထံ ပေးဝေ နေကြောင်း၊ လာမည့် ဖေဖော်ဝါရီလ နောက်ဆုံးထားပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မလေး ရှားနိုင်ငံတွင် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှ ထုတ်ပေးထားသော ဒုက္ခသည် လက်မှတ် ကိုင်ဆောင်ထားသူများမှ လွှဲ၍ အခြားအလုပ်သမားများ အဖမ်းဆီးခံကြရကြောင်း သတင်းရရှိ သည်။ (RFA)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံတွင် ပါတီပေါင်းစုံဖြင့် ဖွဲ့စည်းထားသော တပ်ပေါင်းစုက (၂၀၀၇)ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်ပါရှိသော အပိုဒ်ခွဲ (၉၄)နှင့် အပိုဒ်ခွဲ (၁၄၀)တို့ကို ပြင်ဆင်ရန် ပါတီပေါင်းစုံ အထူးအစည်း အဝေးခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၃။ ။ မလေးရှားနိုင်ငံ တရားရုံးချုပ်က မွတ်ဆလင် ညီအမများအဖွဲ့က ရေးသားထားသော စာအုပ်တစ်အုပ်အား မကြာမီပြန်လည်ထုတ်ဝေရန်ခွင့်ပြုလိုက်ကြောင်း၊ ဤစာအုပ်သည် ယခင်က အစ္စလာမ်ဘာသာအားဝေဖန်ထားသည်ဟု ယူဆကာ တရားရုံးချုပ်က ပိတ်ပင်ထားသော စာအုပ်ဖြစ်ကြောင်း သတင်းရရှိသည်။ (RFA)
(ဇန်န၀ါရီလ ၂၄-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၊ ပရာဝိဟာဘုရားကျောင်းအနီးရှိ (၁၂) မိုင်အကွာတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်အကျအဆုံးမရှိ ကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် အုန်းဖန်မြို့နယ် တိုပယ်ဖူး ကျေးရွာနေ မြန်မာပြည်သား ကရင်တိုင်းရင်းသူတစ်ဦးသည် လက်ကိုင်ဖုန်းစကားပြောရင်း ရုတ်တရက်သေဆုံးသွားကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား)
(ဇန်န၀ါရီလ ၂၀-ရက် ၂၀၁၀) ယခုလ စောစောပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ ခရစ်ယာန် ဘရားရှိခိုးကျောင်း (၁၁)ခု၊ အစ္စလာမ်ဗလီ (၁)ခုနှင့် ဟိန္ဒူဘုရားကျောင်း (၁)ခုတို့ကို တိုက်ခိုက်ခဲ့သူများဟု ယူဆရသူ မလေးရှား အစ္စလာမ်မစ်အစွန်းရောက်သမား (၈)ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ (VOA)
(ဇန်န၀ါရီလ ၁၉-ရက်၊ ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်အုပ်ချုပ်ရေးမှူးက `လူမှုရေး အဖွဲ့အစည်း´ အမည်ခံ တရားမ၀င်မြန်မာအဖွဲ့အစည်းများကို စုံစမ်းစစ်ဆေးပြီး နေရပ်ပြန်ပို့မည်ဖြစ်ကြောင်း ၄င်းအဖွဲ့ အစည်းများထဲတွင် ကျန်းမာရေးနှင့် ပညာရေးလုပ်ငန်းဆောင်ရွက်နေသူများကိုမူ ဆက်လက် လက်ခံပြီး လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ယနေ့နံနက်သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြား သွားကြောင်း သတင်း ရရှိ သည်။ (BBC)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပါအ၀င် `ကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)´ပြုလုပ်ရန် အထောက်အကူရရှိခြင်းအလို့ငှာ အလုပ်လုပ်ခွင့် သက်တမ်းကို နောက်ထပ် ၂-နှစ်တိုးမြှင့်လိုက်ကြောင်း၊ ယနေ့မှလာမည့် ၂၀၁၂-ခုနှစ် ဖေဖော်ဝါရီလ ၂၈-ရက်အတွင်း ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ကြရမည်ဖြစ်ကြောင်း ယနေ့ကျင်းပသော ထိုင်းဝန်ကြီးများကောင်စီ အစည်းအဝေးက ဆုံးဖြတ်ချက် ချမှတ်ပေးလိုက်ပြီဖြစ်သည်။ (VOA)
ဖြစ်ရပ်-၃။ ။ လူထုချစ်သမျှ- လူထုဦးလှ၏ ရာပြည့်နှစ် အောက်မေ့ဘွယ် အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ညပိုင်းက ကျင်းပရာ စာပေချစ်သူ (၆၀)ခန့် တက်ရောက်ပြီး ဂုဏ်ပြုခဲ့ကြကြောင်း ထိုင်း-မြန်မာနယ်စပ်ရောက် စာရေးဆရာ၊ ကဗျာဆရာ အချို့ကလည်း လူထုဦးလှနှင့် စပ်လျဉ်းသော စာပေလက်ရာအချို့ကို အမှတ်တရ ပြောဆို ဂုဏ်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား)
(ဇန်န၀ါရီလ ၁၈-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အရှေ့တောင်ဘက် မယ်ကုကျေးရွာရှိ ဟန်ထိုင်းသိုးမွှေးစက်ရုံမှ တာဝန်ရှိသူများက အလုပ်သမားများအား အခုလောလောဆယ်ဆယ် တနေ့လျှင် ဟင်းဖိုး ၂၀ ဘတ် ယူပြီး လုပ်ငန်းခွင်အတွင်း အလုပ်မရှိဘဲ နေထိုင်ကြရန်နှင့် မိမိတို့ စက်ရုံကိုလည်း ၃ လခန့် ယာယီပိတ်ထားမည်ဖြစ်သည်ဟု ပြောဆိုကြောင်း သတင်းရရှိသည်။ အလုပ်သမားများကမူ မကြာမီ လာတော့ မည့် ပတ်စ်ပို့ဗီဇာ ကိစ္စနှင့် တရုတ်နှစ်သစ်ကူး ပွဲတော်တွင် ၄င်းတို့သုံးဖြုန်းရန် အစီအစဉ်ကြောင့် စက်ရုံ၏ လုပ် ငန်းများ ယာယီရပ်ဆိုင်းထားခြင်းဖြစ်သည်ဟု ထင်မြင်ကြကြောင်း သိရသည်။
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောင်ဘက် ကီလိုမီတာ ၅၀-အကွာရှိ ဖုတ်ဖရားမြို့နယ် မယ့်အော်ကျေးရွာရှိ ထိုင်းကျေးရွာလူကြီးတစ်ဦးအား DKBA က စစ်သား ၃-ဦးလာရောက်ကာ ဇန်န၀ါရီလ ၁၅-ရက်နေ့၌ ပစ်ခတ်သွားကြောင်း၊ ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေကြောင်း၊ ပစ်ခတ်ခဲ့သူ DKBA ၃-ဦးမှာ နယ်စပ်မျဉ်းကို ဖြတ်ကျော်ကာ မြန်မာပြည်ဘက်သို့ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။ (BBC)
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တနေရာတွင် အသက် (၄)လသားအရွယ် ထိုင်းကလေးငယ်တစ်ဦး သေဆုံးသွားပြီး ၄င်းကို ထိန်းရသူ မြန်မာအိမ်ဖော်အလုပ်သမတစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း၊ ကလေးငယ်သေဆုံးရမှုနှင့် အိမ်ဖော်တို့မှာ ဆက်စပ်ပတ်သက်မှုရှိ၊ မရှိကိုမူ စစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ (BBC)
(ဇန်န၀ါရီလ ၁၆-ရက် ၂၀၁၀) ရုပ်သေးနှီးနှောဖလှယ်ပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါနှီးနှောဖလှယ်ပွဲတွင် မြန်မာ၊ ထိုင်းနှင့် အမေရိကတို့မှ ရုပ်သေးပညာရှင်များ တက်ရောက်ပြီး အမြင်ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (DVB)
(ဇန်န၀ါရီလ ၁၅-ရက်၊ ၂၀၁၀) ထိုင်းနိုင်ငံ အာစရိယနေ့ အကြိုလှုပ်ရှားမှုအဖြစ် ကနေဒါနိုင်ငံမှ ကွန်ပါစီအို အဖွဲ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ စီဒီစီ အထက်တန်းကျောင်းတွင် မျက်လှည့်ဖျော်ဖြေပွဲများ လာ ရောက်ပြု လုပ်ခဲ့ကြောင်းသတင်း ရရှိသည်။ (မြန်မာပြည်သား)
(ဇန်န၀ါရီလ ၁၄-ရက်၊ ၂၀၁၀) ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ထဆောင်ယန်းမြို့နယ်အတွင်း ထွက်ပြေး ခိုလှုံ လာသော မြန်မာပြည်မှ စစ်ပြေးဒုက္ခသည်များကို နေရာချထားရေးအတွက် တာ့(ခ်)ခရိုင် ဒုတိယအုပ်ချုပ် ရေးမှူး က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ (BBC)
(ဇန်န၀ါရီလ ၁၃-ရက်၊ ၂၀၁၀) အမေရိကန်နှင့် ထိုင်းနိုင်ငံတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမည့် ဖေဖော် ၀ါရီလ (၁)ရက်နေ့တွင် (ကော်ဘရာဂိုးလ်-၈)ကို ပြုလုပ်ရန် ရှိကြောင်း၊ ယခုနှစ်တွင်မူ တောင်ကိုရီးယားနိုင်ငံမှ တပ်ဖွဲ့များလည်း ပူးပေါင်း ပါဝင်မည်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီနှင့် ပရာချွတ်တို့တွင် ကျင်းပမည် ဖြစ်ပြီး စုရပ်မှာ ရနောင်းခရိုင် အတွင်းတွင် ဖြစ်ကြောင်း တာဝန်ရှိသူများက ယနေ့ ထုတ်ဖော်ပြောကြားသည်။ (BBC)
(ဇန်န၀ါရီလ ၁၂-ရက်၊ ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တောင်ပိုင်း ချွန်ဘူရီခရိုင် တနေရာတွင် အရက်မူးနေသော ထိုင်းအလုပ်သမားတစ်ဦးက အသက် (၁၃)နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း တရားခံကို ချွန်ဘူရီရဲစခန်းက ဖမ်းဆီးထားပြီဖြစ်ကြောင်း သတင်းရရှိသည်။ (BBC)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံတွင် ဆော်ဒီအာရေဖျလူမျိုး လုပ်ငန်းရှင်တစ်ဦးကို သတ်ဖြတ်မှုဖြင့် ထိုင်းနိုင်ငံသားတစ်ဦးကို ရုံးတင်တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ (BBC)
(ဇန်န၀ါရီလ ၁၁-ရက်၊ ၂၀၁၀) ထိုင်းနိုင်ငံ တောင်ပိုင်း ချုံဖော်ခရိုင်အနီး ဆီအုန်းခြံတစ်ခုတွင် ထိုင်းနိုင်ငံထဲသို့ တရားမ၀င် ၀င်ရောက်လာသော မြန်မာအလုပ်သမား (၃၀)ဦးကို ဒေသခံစစ်တပ်က ယမန်နေ့က ဖမ်းဆီးရမိကြောင်း၊ ၄င်းတို့ကို ရနောင်းမှ တဆင့် မြန်မာပြည်ဘက်ကမ်း (ကော့သောင်း)မြို့သို့ ပြန်ပို့လိုက်ကြောင်း သတင်းရရှိသည်။ (BBC)
(ဇန်န၀ါရီလ ၉-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက်ရှိ ဖုတ်ဖရားမြို့နယ်အတွင်းတွင် ထိုင်းပညာရေးဌာန MOE မှ ကြီးမှူးကျင်းပသော ထိုင်းကလေးများနေ့အခမ်းအနားနှင့် ပျော်ပွဲ ရွှင်ပွဲကိုလည်းကောင်း၊ ဤနေ့မှာပင် တိုင်းရင်းသားအလုပ်သမားကျန်းမာရေးနှင့် ပညာပေးရေးအစီအစဉ် (MAP)ဖောင်ဒေးရှင်းမှ ကြီးမှူး
ကျင်းပသော ဖုတ်ဖရားမြို့နယ် ၃၅-ကီလိုမီတာကျေးရွာရှိ မြန်မာအလုပ်သမား မိသားစုဝင် ကလေး
များအတွက် ပျော်ပွဲရွှင်ပွဲကို လည်းကောင်း၊ ယနေ့အသီးသီးကျင်းပကြသည်ကိုတွေ့ရသည်။
(မြန်မာပြည်သား)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် ဆင်ခြေဖုံးတနေရာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုအတွင်းသို့ အစ္စလာမ်မစ် အကြမ်းဖက်သမားအချို့က လက်ပစ်ဗုံး
တစ်လုံး ပစ်သွင်းကာ တိုက်ခိုက်ခဲ့ကြောင်း မည်သူမျှ အထိအခိုက်မရှိခဲ့ကြောင်း သတင်းရရှိသည်။ ယခုရက်များအတွင်း လူနည်းစု ခရစ်ယာန်ဘာသာဝင်တို့က ထုတ်ဝေသော ဘာသာရေးစာစောင်
များတွင် `အလ္လာ´ဟူသော ဝေါဟာရ ခေါ်ဝေါ်အသုံးပြုနေမှုကို မလေးရှားတရားရုံးချုပ်က ခွင့်ပြုပြီးနောက် လူများစု အစ္စလာမ်ဘာသာဝင်များအတွင်းမှ အကြမ်းဖက်သမားတို့က တိုက်ခိုက်ခဲ့ပုံရကြောင်း ပြောဆိုနေသော်လည်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်ကမူ ဤသို့ ဘာသာရေးအဆောက်
အအုံတစ်ခုကို အကြမ်းဖက်တိုက်ခိုက်မှုကို လက်မခံကြောင်း၊ လက်သည်တရာခံကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ရှုတ်ချပြောဆိုထားသည်။ (RFA)
(ဇန်န၀ါရီလ ၈-ရက် ၂၀၁၀) မလေးရှားနိုင်ငံတွင် အစ္စလာမ်ဘာသာဝင် မဟုတ်သူများက သူတို့၏
ဘုရား `အလ္လာ´အား ခေါ်ယူသုံးစွဲနေသူများနှင့် ခရစ်ယာန်ဘာသာဝင် လူနည်းစုနှင့် လူများစုအစ္စလာမ်ဘာသာဝင် များအကြား ပဋိပက္ခများပေါ်ပေါက်လျက်ရှိပြီး တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုများ ရှိနေကြောင်း သိရသည်။ ပြီးခဲ့သော ရက်များအတွင်းက လူနည်းစုခရစ်ယာန်ဘာသာဝင်များက `အလ္လာ´ဟူသော ခေါ်ဝေါ်သုံး စွဲမှုကိုမူ မလေးရှားတရားရုံးချုပ်က ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။ (RFA)
(ဇန်န၀ါရီလ ၄-ရက် ၂၀၁၀) ယနေ့ကျရောက်သော ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရိုးမ ၃
သတင်းဌာန၏ `၁၂-နှစ်မြောက် ဖြတ်သန်းခြင်း´အမှတ်တရပွဲကို ယင်းသတင်းဌာန အခြေစိုက်ရာ
နေရာ၌ ယနေ့ကျင်းပကြသည်ကို တွေ့ရသည်။
(ဇန်န၀ါရီလ ၃-ရက် ၂၀၁၀) ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မနက်ဖြန်(ဇန်န၀ါရီလ - ၄ ရက်)နေ့ မှစပြီးချင်းမိုင်မြိ့၌ တက္ကသိုလ်တခုကို စတင်ဖွင့်လှစ်တော့ မည်ဖြစ်ကြောင်းသတင်းရရှိသည်။ဤသင်တန်းကိုမြန်မာရွှေ့ပြောင်းအလုပ်သမားများတက်ရောက်ခြင်း
အားဖြင့်နိုင်ငံတကာတက္ကသိုလ်များတွင်တက်ရောက် သင်ကြားခွင့်ရရှိရန် အထောက်အကူရရှိရေးအတွက်ရည်ရွယ်လျက်(၂)နှစ်ကြာအခမဲ့သင်တန်းအဖြစ်စီစဉ်ထား
ကြောင်းဒါရိုက်တာဦးသိန်းဝင်းကပြောဆိုသည်။(RFA)
(ဇန်န၀ါရီလ ၂-ရက် ၂၀၁၀)ဖြစ်ရပ်-၁။ ။မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် တနေရာတွင် ရေနစ်နေသော မလေးအမျိုး သမီးတဦးကိုကယ်တင်ရန်ကြိုးပမ်းခဲ့သောတောင်ကိုရီးယားနိုင်ငံသား (၂)ဦးသည်ရေနစ်သေဆုံးခဲ့ကြောင်း။မူလရေနစ်ခဲ့သော အမျိုးသမီးကိုကယ်ဆယ်ရေးအဖွဲ့  ကကူညီနိုင်သဖြင့်ယခုအခါပြန်လည်နလန်ထူလာပြီဖြစ်ကြောင်းသတင်းရရှိသည်။(RFA)
ဖြစ်ရပ်-၂။ ။ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် သွားရောက်ပူးပေါင်းသွားခြင်းသည် ၄င်းတို့တပ် အခြေစိုက်သည့် ဒေသခံ ရွာသားများက ဆက်သွယ်ပေးမှုကြောင့် ဖြစ်သည်ဟု ဆိုကာ ယနေ့အထိနည်းမျိုးစုံဖြင့်DKBA မှ နှိပ်စက်လျက်ရှိကြောင်း သတင်းရရှိသည်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မကြာသေးမီက DKBA တပ်ရင်း (၉၀၈)မှ တပ်ဖွဲ့ဝင် အချို့သည် KNU နှင့် သွားရောက်ပူးပေါင်းခဲ့သည်။ (KIC)
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံတောင်ပိုင်းယာလာပြည်နယ်တနေရာတွင်ကင်းလှည့်နေသောထိုင်းစစ်သား (၃)သည်အစ္စလမ်မစ်စစ်သွေးကြွများ၏လက်ပစ်ဗုံးဒဏ်ကြောင့်သေဆုံးသွားကြောင်းသတင်းရရှိသည်။(RFA)
(ဇန်န၀ါရီလ ၁-ရက် ၂၀၁၀) ထိုင်းအလုပ်သမားများအာ: `နှစ်သစ်ကူးလက်ဆောင်´အနေဖြင့် ယနေ့တွင် အနိမ့်ဆုံး လုပ်ခလစာသစ်ကို စတင်ထုတ်ပေးမည်ဖြစ်သည်။ အနိမ့်ဆုံးလုပ်ခအနေဖြင့် ဘန်ကောက်နှင့် ဆွတ်ပရခန်း ဒေသတွင် တစ်နေ့လျှင် ၂၀၆-ဘတ်၊ ချင်းမိုင်တွင် ၁၇၁-ဘတ်၊ ဖူးခက်တွင် ၂၀၄-ဘတ်၊ အယုဒ္ဓယမှာ ၁၈၁-ဘတ်၊ ခွန်ကန်န်တွင် ၁၅၇-ဘတ်၊ ရနောင်းတွင် ၁၅၇-ဘတ်နှင့် ဆာရာဘူရီတွင် ၁၈၄-ဘတ်တို့ဖြစ်သည်။ (နေ့သစ်)

Read More...

အလိမ္မာ ပုံပြင်များ…

***သူများမကောင်းကြံ ကိုယ်ပဲခံ***

ဟိုး ရှေးရှေားတုန်းက တောကြီးတစ်တောမှာ အင်မတန်ကောက်ကျစ်စဉ်းလဲတဲ့ မြေခွေးတစ်ကောင်ရှိသတဲ့။ တစ်ကိုယ်ကောင်း ဆန်တတ်တဲ့အကျင့်ရှိလို့ မြေခွေးအချင်းချင်းတောင် အပေါင်းအသင်းမလုပ်ကြဘူး။ ဒါကြောင့်မို့ သူဟာ တောထဲမှာ တစ်ကောင်တည်းလှည့်လည် ကျက်စားရေရတယ်။ တစ်နေ့မှာ တခြားတော တစ်တောကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကျားတစ်ကောင် ရှိခဲ့တယ်။ အဲဒီကျားဟာ သားကောင်တွေကို လှည့် လည်ဖမ်းဆီးရင်း တောနက်ထဲကိုရောက်လာတယ်။ ဘာကောင်မှလည်း မရဘူး။ ကျားဟာ ဆာလောင် မွတ်သိပ်လာတာပေါ့။

`သားကောင်ကြီးတွေကို လိုက်ရှာပြီး လောဘတက်နေရင် ငါငတ်မှာပဲ၊ သူတို့က ငါ့အနံ့ကို ရကြလို့လား မသိဘူး။ အရှောင်အတိမ်း ကောင်းနေကြတယ်။ လွယ်လွယ်ကူကူ သားကောင်ငယ်လေးတွေကိုပဲ လိုက်ရှာပြီး စားတော့မယ်။
အဲ့ဒီလို ဆုံးဖြတ်ပြီး လိုက်ရှာစားမယ်ဆိုတော့လည်း သားကောင်ငယ်လေးတွေကိုလည်း ရှာမတွေ့ပြန်ဘူး။ ကျားဟာ စိတ်ညစ်လာတယ်။ ဒီတောထဲကသားကောင်တွေဟာ ဘယ်လောက်အထိ ပါးနပ်ကြတယ်ဆိုတာကို သိသွားတယ်။
ဒီလိုနဲ့ ဟိုစမ်းစမ်း ဒီစမ်းစမ်းထွက်လာခဲ့တာ သစ်ပင်အောက်မှာ အိပ်ပျော်နေတဲ့ မြေခွေးကို သွားတွေ့တယ်. သင်းကွဲနေတဲ့ မြေခွေးဟာလည်း အစာရှာမရလို့ စိတ်ပျက်ပျက်နဲ့ အိပ်နေတာပဲဖြစ်တယ်။ ကျားဟာ မြေခွေးကိုပဲ စားတော့မယ်ဆိုပြီး ဆုံးအဖြတ်မှာ မြေခွေးလည်း လန့်နိုးသွားတယ်။
`ဟား…. ဟား…. ဟား၊ မင်းကိုစားရမယ်ကွ´
`ကျနော့်ကို စားရင် အသင်ကျားမင်း ဘယ်ဝနိုင်ပါ့မလဲ၊ ကျနော်လဲ အစာမစားရလို့ ပိန်လှီနေပါတယ်။ ကျနော့်ရဲ့ မိတ်ဆွေတွေ မျောက်သားအမိ ရှိကြပါတယ်။ သူတို့ဟာ ၀ဖြိုးကြလို့ အင်မတန် စားကောင်းမှာပါ´
`ဟေ… ဟုတ်လား။ ဒါဆို မျောက်သားအမိကိုပဲ သွားစားကြမယ်။ မင်းလိုက်ခဲ့´
`ဒီတောက သားကောင်တွေဟာ အင်မတန်မှ ပါးနပ်ကြပါတယ်။ အရှင်ကျားမင်း လိုက်လာရင် သူတို့ရိပ်မိသွားပြီး ထွက်ပြေးသွားကြမှာ ကျနော်မျိုး လိမ်ညာပြီး အရှင်ရှေ့မှောက် ရောက်အောင်ခေါ်လာခဲ့ပါ့မယ်´
`မလိုချင်ဘူး။ မင်းကို ငါမယုံဘူး။ ငါပါတစ်ပါတည်း လိုက်ခဲ့မယ်´
ကျားဟာ မြေခွေးကိုမယုံဘူး။ ဒါကြောင့် သူအမြီးနဲ့ မြေခွေးရဲ့အမြီးကိုချည်ပြီး မျောက်သားအမိ ဆီကိုသွားရန် ဆုံးဖြတ်လိုက်ကြတယ်။
အဲ့ဒီအချိန်မှာ သူတို့ သတိမပြုမိတဲ့ အခြေအနေတစ်ခုရှိတယ်။ မျောက်ကလေး တစ်ကောင်ဟာ သူ့တို့ရဲ့ ပြောစကားကို သစ်ပင်ပေါ်ကနေ နားထောင်ပြီး ထွက်ပြေးသွားတယ်။ အဲ့ဒီ မျောက်ကလေးဟာ သူ့အမေ မျောက်မကြီးကို အကျိုးအကြောင်း ပြန်ပြောတာပေါ့။
မျောက်သားအမိဟာ မြေခွေးရဲ့ မိတ်ဆွေတွေပဲဖြစ်တယ်။ မျောက်မကြီးလည်း နည်းနည်းတော့ တုန်လှုပ်သွားပေမယ့် စိတ်ကူးတစ်ခုရသွားတယ်။
`ဘာမှမပူနဲ့သား၊ သူတို့ရောက်ရင် အမေသင်ပေးထားတဲ့အတိုင်းသာ ပြော´
မျောက်မကြီးလည်း သားငယ်မျောက်ကို စကားတွေသင်ပေးသတဲ့။ မကြာခင်မှာ မြေခွေးနဲ့ ကျားဟာ မျောက်သားစားရဖို့ အတူတူလာခဲ့ကြသတဲ့။ ကျားဟာ မြေခွေးရဲ့စကားကို မယုံလို့ သူ့အမြီးနဲ့ မြေခွေးရဲ့ အမြီးကို ချည်နှောင်ထားတယ်။
`ဟေ့… မင်းပြောတဲ့ မျောက်မကြီးဆီးကို မရောက်သေးဘူးလား´လို့ မေးတော့ မြေခွေးက…
`ရောက်ပါပြီ၊ ဟောဟိုနားမှာပါ´ လို့ ပြန်ဖြေသတဲ့။
မျောက်မကြီးဟာ သူတို့ကို မြင်လိုက်တာနဲ့ မမြင်ချင်ယောင်ဆောင်ပြီး… `သားလေး… ဒီကနေ့ အမေတို့ ကျားသားစားရလိမ်မယ်´
`ဟုတ်လား အမေ၊ ကျားသားဟာကောင်းလား၊ ဘယ်လိုရမှာလဲ´
`အမေတို့ရဲ့ မိတ်ဆွေ ဦးဦးမြေခွေးက ကျားတစ်ကောင် အမေတို့စားဖို့ ညာပြီးခေါ်လာလိမ့်မယ်။ ကျားသားဟာ သိပ်ချိုတယ်။ အမေကတော့ ကျားသားကိုပဲစားတယ်။ တခြားဘာအသားကိုမှ မစားဘူး´
မျောက်မကြီးဟာ မလှမ်းမကမ်းကိုရောက်လာတဲ့ မြေခွေးနဲ့ ကျားကို အခုမှလှမ်းပြီး မြင်မိလိုက်သလိုနဲ့…. `အသင် မြေခွေး၊ ငါတို့စားဖို့ ယူလာမယ်ဆိုတဲ့ ကျားဟာ အရင်က သင်ယူလာတဲ့ ကျားတွေနဲ့ မတူပါလား၊ ပိန်လှချည်လား´လို့ ပြောလိုက်တယ်။
ကျားဟာ မျောက်မကြီးသားအမိ ပြောတဲ့စကားကို ကြားပြီးဖြစ်တယ်။ အခုလည်း ကြားလိုက်ရပြန်တော့ အံ့သြတုန်လှုပ်သွားပြီး…. `ဟဲ့… မြေခွေး နင်ဟာ မျောက်မကြီး သားအမိရဲ့ အစာအတွက် လိမ်ညာပြီးခေါ်လာခဲ့တာကိုး၊ နင်ဟာတော်တော့ကို ကောက်ကျစ်တဲ့ သတ္တ၀ါပဲ´ ဆိုပြီး အလန့်တကြားနဲ့ ထွက်ပြေးပါတော့တယ်။ မြေခွေးဟာလည်း ကျားကိုဘယ်လိုမှ ရှင်းပြချိန်မရလိုက်ဘူး….။
ကျားရဲ့ နောက်ကို ဒရွှတ်တိုက်ပါသွားတယ်။ အားကောင်းတဲ့ကျားက ဇွတ်အတင်းပြေးလို့ လမ်းတစ်နေရာမှာ မြေခွေးရဲ့ ဦးခေါင်းကို ကျောက်တုံးတစ်ခုနဲ့ ရိုက်မိသွားတော့ ပွဲချင်းပြီးသေပါလေရော။
သူများ မကောင်းကြံ ကိုယ်ပဲခံရတယ်ဆိုတဲ့ မြေခွေးရဲ့ ဥပမာလေးကို သင်ခန်းစာ ယူနိုင်ကြပါစေ။

***၀င်းရွှေနောင်***

Read More...

Global Action for Burma (GAB)

UNSC by GAB-1

***Silver Moon*** အီးမေးလ်မှ ကူးယူဖော်ပြသည်

Read More...

သခင်တင်မြ - 'စာမေးပွဲ' ဖြေနေရဆဲလား…

ttm-exam25jan

***Silver Moon*** အီးမေးလ်မှ ကူးယူဖော်ပြသည်

Read More...

မြန်မာပြည်သူလူထုရင်ခွင်သို့ ခိုလှုံရန် မျိုးချစ်တပ်မတော်သားများသို့ ပန်ကြားလွှာ…




***Silver Moon***
အီးမေးလ်မှ ကူးယူဖော်ပြသည်

Read More...

အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ တော်လှန်ရေးနှင့် ရန်သူ…

Submitted by Karen Information Center on January 27, 2010 – 5:16 amNo Comment
M.ထက်ခေါင်

နိဒါန်း
သောသီခိုဘလော့ဂ်တွင် လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ တဆင့်ကူးယူဖော်ပြထားသော ဆောင်းပါး တပုဒ်ကို တွေ့ရှိရ သည်။ ရေးသူမှာ ပန်းချီပန်းပု၊ ယမဓော အောင်စိန် ဖြစ်၏။ “မြန်မာ-ဗမာ အသုံးအနှုန်းများကို စာပေအမြင်ဖြင့် သုံးသပ်ပြီး နအဖ ၏ နိုင်ငံရေးအမြင်ကို ပုံဖော်ကြည့်ခြင်း”ဟု ခေါင်းစဉ်တပ်ထားသော်လည်း ထိုအသုံးအနှုန်းနှစ်ခုနှင့် ပတ်သက်ပြီး ပီပြင်ပြတ်သားသော သဘောထားအမြင်နှင့် သုံးသပ်ဝေဖန်ချက် တခု တလေမျှမရှိ။ စာပေအမြင်ဖြင့် သုံးသပ်ခြင်းဆိုသည့်တိုင် ထိုကိစ္စအပေါ် မည်သည့်စာပေအမြင်မျှ ကျနပီပြင်စွာ ဖော်ထုတ်ရှင်းလင်းနိုင်ခြင်းလည်းမရှိ။ ခပ်ဝါးဝါး ရေးသားလိုက်သော ဆောင်းပါးတပုဒ်သာ ဖြစ်သည်။

ဆောင်းပါး ပထမပိုဒ်မှာပင် ကုန်းဘောင်ခေတ်ကစပြီး ဗမာဆိုသော အသုံးအနှုန်း တွင်ကျယ်လာခဲ့ရာက လွတ်လပ်ရေးရသည့်အ ခါ ပြည်ထောင်စုကြီးကို ပြည်ထောင်စု ဗမာနိုင်ငံ မခေါ်ပဲ ပြည်ထောင်စု မြန်မာနိုင်ငံဟု ဘာ့ကြောင့်ခေါ်လိုက်မှန်း မသိရကြောင်း သူ ကိုယ်တိုင် သဘောမပေါက်သည့်ကိစ္စကို ၀န်ခံပြောဆိုကာ ထိုကိစ္စနောက်ကွယ်တွင် လျှို့ဝှက်ချက်တခု ရှိနေကြောင်းနှင့် ထိုလျှို့ ၀ှက်ချက်ကို မည်သူက ဖော်ထုတ်ပေးမလဲဟု မပီမသ အကူအညီတောင်းလိုက်သည်။ ထိုကိစ္စကို ရှင်းနိုင်သူမှာ ၂၁ရာစု၏ သူရဲ ကောင်းဖြစ်ရုံတွင်မက၊ လက်ရှိ မြန်မာနိုင်ငံ၏ ကယ်တင်ရှင်ဖြစ်လာလိမ့်မည်ဟုလည်း တရားလွန် ဆိုလိုက်သည်။ ထို့နောက် ထို ကိစ္စ၏နောက်ကွယ်၌ရှိသော လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ရေး သဲလွန်စကို ပြောပြန်သည်။ နောက်ပိုင်းမှာတော့ စစ်အုပ်စု ရေးဆွဲ ထားသည့် အခြေခံဥပဒေကို ထိုကိစ္စ၏ လျှို့ဝှက်ချက်ကြီးအဖြစ် မ၀ံ့မရဲ လုံးချလိုက်ပြီး ဗမာနှင့် မြန်မာဟူသော အသုံးအနှုန်း နှစ်မျိုး ၏ မူလဇာတ်မြစ် အရင်းခံ ပြဿနာကို ရှာမနေတော့ပဲ ဖက်ဒရယ်ပြည်ထောင်စုဥပဒေကို အသက်သွင်းနိုင်ရေး နယ်စပ်ဒေသတွေ ကို စည်းရုံးလျက် ဖက်ဒ ရယ်အစိုးရနှင့် ဖက်ဒရယ်တပ်မတော်တခု ထူထောင်ကာ စစ်အုပ်စုအား ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်ဖို့ရန် တိုက်တွန်းထားသည်။ သို့ရာတွင် သူ့ဦးတည်ချက်က စစ်အုပ်စုကိုယ်တိုင် ပြောလာမည့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်နေ သည်။
စစ်အုပ်စုကို တိုက်ခိုက်ပြီဆိုကတည်းက မထိတထိ လုပ်၍မရ။ အတွေးအခေါ် မပြတ်သား၍လည်း မရ။ အဖန်ဖန် အခါခါ ကြုံတွေ့ခဲ့ ရပြီးဖြစ်သည့် အတွေ့အကြုံများအရ စစ်အုပ်စုနှင့် ဆွေးနွေးညှိနှိုင်းစရာလည်း အကြောင်းမရှိ။ ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်ပြီ ဆို သည်နှင့် လူထုကြီး၏ အားနှင့် လူထုဘက်သား တပ်မတော်သားကောင်းများ၏ အားကိုပါ ရရှိလာမည်ဖြစ်ရာ စစ်အုပ်စုပျက်သုဉ်း ရေးသည်သာ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ပြည်နယ်ပေါင်းစု ပြည်ထောင်စုတည်ဆောက်ရေးအတွက် အဆင့်တဆင့် ဖြစ်ပေလိမ့်မည်။
ယမဓောအောင်စိန်က ဗမာနှင့် မြန်မာကိစ္စ လျှို့ဝှက်ချက်ကို မည်သူက ဖော်ထုတ်ပေးမလဲဟု မပီမသ အကူအညီတောင်းသည်ပင် ဖြစ်စေ၊ ထိုအသုံးအနှုန်းနှစ်မျိုး၏ အရင်းခံပြဿနာကို ရှာမနေပါနှင့်တော့။ ပြန်လည်ပိတ်ပင်သည်ပင်ဖြစ်စေ၊ ကျနော့်အနေဖြင့် ဤ ကိစ္စကို မဖြစ်မနေ ဖော်ထုတ်ရှင်းလင်းရပေတော့မည်။
လွန်လေပြီးသော နှစ်ပေါင်းများစွာကတည်းက သဘောပေါက် သိမြင်ထားခဲ့ပြီးဖြစ်သည့် ဗမာနှင့် မြန်မာဟူသော ဝေါဟာရ အသုံး အနှုန်းများ၏ ကွဲပြားခြားနားမှုကို အများပြည်သူတို့အား ရှင်းလင်းပြောပြရန်မှာ ကျနော့်အတွက် အပမ်းကြီးသည့် ကိစ္စမဟုတ်။ အသိမဲ့မှု အမှောင်တိုက်အတွင်း မလိမ့်တပတ် သွတ်သွင်းခံရကာ နှစ်ရှည်လများ အဓမ္မ ဖိနှိပ်ပိတ်ပင်မှုများကို ကြုံနေရသည့် ဗမာ နိုင်ငံ လူထုကြီးတရပ်လုံးအား ဤကိစ္စနှင့် ပတ်သက်၍ ရှင်းပြဖို့ကို သမိုင်းပေးတာဝန်တရပ်အဖြစ် ကျနော် ခံယူထားသည်။
ဤကိစ္စကို ရှင်းလင်းပြီး ပြည်သူလူထု တကယ်တမ်း လိုက်ပါလျှောက်လှမ်းကြရမည့် လမ်းကြောင်းမှန်ကို ပြသလိုက်ရုံမျှဖြင့် ကျနော့်အား ဧရာမ ၂၁ရာစု သူရဲကောင်းအဖြစ်သော်လည်းကောင်း၊ ဗမာတပြည်လုံး၏ အာဂ ကယ်တင်ရှင်ကြီးအဖြစ်သော်လည်း ကောင်း မြှောက်ပင့်ကင်ပွန်းတပ်စရာ မလို။ နှစ်ကာလ ကြာရှည်စွာ မရှင်းမလင်းဖြစ်ခဲ့သည့် ဤကိစ္စကို ရှင်းလင်းရန် အစဖော်ပေး လိုက်သည့်အတွက်မူ ယမဓောအောင်စိန်အား ကျေးဇူးတင်ရမည် ဖြစ်၏။
ယမဓောအောင်စိန်က မြန်မာအသုံးအနှုန်းနှင့် ပတ်သက်၍ သဘောထား မတူညီသော အစုအဖွဲ့သုံးဖွဲ့ကို ဖော်ပြသွားသေးသည်။ အာဏာတည်မြဲရေးအတွက် လုပ်တဲ့အဖွဲ့၊ လူ့အခွင့်အရေးအတွက် တိုက်တဲ့အဖွဲ့၊ လူမျိုးတန်းတူရေးအတွက် တိုက်တဲ့အဖွဲ့။ နအဖ စစ်အုပ်စုက မြန်မာဟု သုံးသည်။ ဒုတိယအုပ်စုကမူ ဗမာ အသုံးအနှုန်းကို နှစ်သက်၏။ တိုင်းရင်းသားအစုအဖွဲ့ကတော့ သူတို့နှင့်မ ဆိုင်သလို လျစ်လျူရှုနေ၏ ဟု ယမဓောအောင်စိန်က ဆိုထားသည်။ မှား၏။ ဗမာပြည်ဟူသော အသုံးအနှုန်းကို သုံးကြသူတွေရှိ သလို၊ နိုင်ငံကော လူမျိုးကိုပါ မြန်မာဟုသာ သုံးနေကြသော ဒီမိုကရေစီသမားတွေ များစွာ ရှိ၏။ တိုင်းရင်းသားတွေထဲမှာလည်း မြန်မာ အသုံးအနှုန်းအပေါ် မကြိုက်မနှစ်သက်သူတွေရှိသလို သဘောမပေါက်စွာ သုံးစွဲနေကြသူတွေလည်း ရှိနေ၏။
လက်ရှိအခြေအနေ၌ အချို့သော ဒီမိုကရေစီရေး လှုပ်ရှားသူများထဲတွင် တိုင်းရင်းသားတို့၏ အရေးကိစ္စကို မှန်ကန်စွာ နားလည်သိ မြင်လာကြသူတွေ ရှိသလို မသိယောင်ဆောင်ကာ ဇွတ်မှိတ်ပြီး အမှားကို အမှန် လုပ်နေကြသော ကိုယ်ကျိုးကြည့်သူတွေလည်း ရှိ ၏။ တိုင်းရင်းသားတွေထဲမှာလည်း မိမိတို့အရေးကို မှန်ကန်စွာ သဘောပေါက်ကြသူတွေ ရှိသကဲ့သို့ ဒီမိုကရေစီ အရေခြုံသမားအ ချို့လို ကိုယ်ကျိုးငဲ့သူတွေ၊ ၀ါးလုံးခေါင်းထဲ လသာကာ ငါတကောကောချင်သူတွေ အတော်ကလေး ရှိ၏။ ထိုသူများ သဘော ပေါက်သိမြင်လာစေရန် ရှင်းလင်းတင်ပြရမည့် ကိစ္စမှာ ကျနော့်အတွက် အပမ်းမကြီးဟု ဆိုသော်လည်း ခပ်ပေါ့ပေါ့ကိစ္စတော့ မ ဟုတ်။ ဤကိစ္စနှင့် တဆက်တည်းမှာပင် စကားဟဟ မပြောရဲခဲ့ကြသော ဖက်ဒရယ်ပြည်ထောင်စုကိစ္စ၊ တိုင်းရင်းသားများ၏ ကိုယ် ပိုင်ပြဌာန်းခွင့်ကိစ္စ၊ တမင်ပင် ဝေတေ၀ါးတား လုံးတုတ်ခံနေရသည့် အကြွင်းအကျန် အာဏာကိစ္စတို့လည်း ပါရှိလာမည် ဖြစ်သည်။
ပါလီမန်ဒီမိုကရေစီခေတ်မှစ၍ မပီမပြင် ဖြစ်လာခဲ့သော ဤကိစ္စမှာ ဗိုလ်နေ၀င်း တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်များမှ သည် န၀တ-နအဖ ခေတ်သို့တိုင် နှစ်ကာလကြာရှည်စွာ အမှန်ကို အမှား၊ အမှားကို အမှန်လုပ်ကာ လိမ်ညာလှည့်ဖျား ဖုံးဖိပိတ်ပင် ဖျောက်ဖျက်မှုများ၊ ဆက်လက် မှိုင်းတိုက်ဝါဒဖြန့်မှုများဖြင့် အတော်ကြီး ကျယ်ပြန့်စွာ နေရာယူလာခဲ့ပြီဖြစ်ရာ ဤသို့ လူထုတရပ် လုံးသာမက ကမ္ဘာကိုပါ မိုးခါးရေသောက်ခိုင်းမှုအား ချေဖျက်ဆေးကြောသင့်ပြီဟု ယူဆသောကြောင့် ဤအခန်းဆက် ဆောင်းပါး ကို လအနည်းငယ်မျှ ရေးသားဖော်ပြရတော့မည် ဖြစ်လေသည်။
စာသွားစာလာကို ကြည့်ခြင်းအားဖြင့် ယမဓောအောင်စိန်သည် ဗမာ-မြန်မာ ကိစ္စနှင့် ဆက်နွယ်ပတ်သက်နေသော ပြဿနာများ အပေါ် အတန်အသင့် သိထားသူဖြစ်ကြောင်း တွေ့ရှိရသည်။ သို့ရာတွင် ပီပြင်ရှင်းလင်းစွာ နားလည်သဘောပေါက်မှုတော့ မရှိ သေး။ ထို့ကြောင့် ဤဆောင်းပါးတွင် ယမဓောအောင်စိန် အစဖော်ပေးခဲ့သော အကြောင်းအရာများနှင့် သူ၏ အတွေးအမြင်တချို့ အပေါ် တည့်မတ်ရှင်းလင်းချက်များကိုပါ အလျဉ်းသင့်သလို ဖော်ပြသွားမည် ဖြစ်သည်။
ရိုးရိုးသားသား မသိနားမလည်စွာ အယူအဆ မှားခဲ့သူများ၊ မဆလခေတ် တက္ကသိုလ်နှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ဆရာ ဆရာမများ အပါအ၀င် ၎င်းတို့ကတဆင့် သင်ကြားပို့ချပေးမှုကို ခံခဲ့ရသော န၀တခေတ် ဆရာ ဆရာမများနှင့် ၎င်းတို့၏ တပည့်တပမ်းများအားလုံး၊ နှစ်ကာလကြာရှည်စွာ လိမ်ညာလှည့်ဖျား ရိုက်သွင်းခံခဲ့ရသည့် စစ်အုပ်စု လက်အောက်ခံ တပ်မှူးတပ် သားများအားလုံး၊ တော်လှန်ရေးသမားယောင်ယောင်၊ နိုင်ငံရေးသမားယောင်ယောင်၊ ပညာရှင်သင်တန်းဆရာယောင်ယောင်ဖြင့် ပို့ချချက် အမှားများပေးကာ တိုင်းရင်းသားတို့ အရေးကိစ္စအပေါ် သဘောထား စေတနာမမှန်သူများ၊ ရန်သူအားပေးလုပ်ရပ် များဖြင့် အချိန်ဖြုန်းနေကြသူများ၊ အရေခြုံ ဒီမိုကရေစီသမားများ၊ ရောယိမ်းလိုက် ဘသားယိမ်းလိုက် သမားများ၊ နိုင်ငံရေးတတ် ယောင်ကား သမားများနှင့် တမင်ရည်ရွယ်ချက်ဖြင့် အမှားကို အမှန်လုပ်ကာ လူထုအား ဆက်လက်လိမ်ညာ မှိုင်းတိုက်နေကြ သူများအားလုံး ဤဆောင်းပါးဖြင့် အမှန်တရားကို သဘောပေါက် သိမြင်၊ နားလည်ခံယူကာ ဗမာပြည်၏ ပြဿနာအ၀၀ ပီပြင်စွာ ရှင်းလင်းနိုင်ကြ ပါစေသတည်း။
ဗမာနှင့် မြန်မာ
ဗမာနှင့် မြန်မာကို တလွဲအမြင်ဖြင့် ကွဲပြားစွာ သဘောပေါက် မှတ်ယူထားကြသူများ ရှိသလို၊ ဗမာလည်း မြန်မာ၊ မြန်မာလည်း ဗမာ အတူတူပဲဟု ယူဆထားကြသူတွေလည်း ရှိသည်။ ရေးတော့အမှန် ဖတ်တော့အသံ ဆိုသည့်အတိုင်း စာလုံးပေါင်းသတ်ပုံမှန် အောင် ရေးသားသည့်အခါ မြန်မာပြည်၊ မြန်မာလူမျိုးဟုရေး၍ စကားပြောဆိုရာတွင်မူ ဗမာပြည်၊ ဗမာလူမျိုးဟု သုံးနှုန်းသည်မှာ မှန်ကန်ကြောင်း ခံယူထားကြသူတွေလည်း ရှိသည်။ ၎င်းတို့အားလုံး မှား၏။ အချို့က ဗမာလူမျိုးဆိုသည်မှာ ဗမာအမျိုးသား တမျိုး သားတည်းကို ဆိုလိုခြင်းဖြစ်ပြီး မြန်မာလူမျိုးဆိုသည်ကတော့ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ အားလုံးကို ပေါင်းရုံး ခေါ်ဆိုသည့် အမည်ဖြစ်သည်ဟု လွဲမှားစွာ နားလည်ထားကြသည်။
စာပေ၊ ဗဟုသုတ ခေါင်းပါးသူများ မီဒီယာလိုင်းတွင် ၀င်ရောက်နေရာယူလာသည်မှာ အနာဂတ်တိုင်းပြည်ကို ဦးဆောင်ဦးရွက်ပြု ကြရမည့် လူငယ်ထုအတွက် အန္တရာယ်ပင် ဖြစ်သည်။ စဉ်းစားဆင်ခြင်ဥာဏ် နည်းပါးသော ဦးဏှောက်တွင်းသို့ အတွေးအခေါ်၊ အယူအဆ အမှားများ ၀င်ရောက်သွားနိုင်သောကြောင့် ဖြစ်၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်က အာရ်အက်ဖ်အေမှ ဆောင်းပါးရှင် မေစာ ဆိုသော မိန်းမရွယ်တယောက်က ဗမာ-မြန်မာ အသုံးအနှုန်းနှင့် ပတ်သက်၍ ငါ့စကားနွားရ ပြောသွားသည်ကိုလည်း စိတ်မ ချမ်းသာစွာ ကြားခဲ့ရသည်။ သဘောထား စေတနာ မမှန်ကန်သောကြောင့် အသံက ကျက်သရေမရှိသည့်အပြင် အတွေးအမြင် လွဲမှားစွာ ထိကပါး ရိကပါး ပြောသွားသည့် အကြောင်းအရာတွေကလည်း အနှစ်သာရ ကင်းမဲ့နေ၏။
“အင်္ဂလိပ်လို ရေးတဲ့ပြောတဲ့အခါ မြန်မာလို့ပဲ သုံးပါ။ ဘားမားလို့ မသုံးပါနဲ့။ ဒီလို သတ်မှတ်ချက် ချထားပါတယ်။ ဒီအထိ မေစာတို့ ဘာမှငြင်းစရာ မတွေ့လှပါဘူး။ ကိုယ့်နိုင်ငံပဲ ပီပီသသခေါ်တာ ကြိုက်တာပေါ့။ ဒါ့ကြောင့် ဘယ်အချိန် ဘယ်ဒေသ ဘယ်သူက ခေါ် စေခေါ်စေ ဘားမားဆိုတာကြီးက မပီမသခေါ်တဲ့ အသံကြီးပဲ။”ဟု သူမက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူးတခု တွင် ဤနိုင်ငံကို ဘယ်လိုမျိုး ခေါ်စေလိုကြောင်းမေးရာ ဒေါ်အောင်ဆန်းစုကြည်က “ဘားမားပါ”ဟု ဖြေဆိုသွားခဲ့သည်ကို အမှတ်ရ မိသည်။
တိုင်းပြည်ကို မြန်မာပြည်ဟုခေါ်၍ အများစုဖြစ်နေသည့် လူမျိုးကြီးကို ဗမာလူမျိုးဟု ခေါ်စေဟု အာဏာပိုင်တွေက ပြဌာန်းကြောင်း လည်း သူမက ပြောသွားသေးသည်။ ဘယ်အာဏာပိုင်တွေက ဘယ်တုန်က ဘယ်မှာ ပြဌာန်းတာလဲ ဆိုတာကိုတော့ မဖော်ပြ။ ၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ မည်သည့်ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်ထဲတွင်မျှ ထိုပြဌာန်းချက် မပါရှိ။ “တိုင်းပြည်ကို မြန်မာပြည်၊ လူမျိုး လည်း မြန်မာလူမျိုးဆိုလျှင် တိုင်းရင်းသားတွေအပေါ် မလိမ့်တပတ် လုပ်ရာကျမှာပေါ့”ဟုလည်း သူမက ဆိုသည်။ ဖဆပလ၊ မဆလ၊ နအဖတို့ ပြောင်ပြောင်ကြီး မလိမ့်တပတ်လုပ်နေခဲ့သည်ကို ထိုမိန်းမက ပြောင်ပြောင်ကြီး လိမ်ညာဖုံးကွယ်လိုက်ခြင်းသာ ဖြစ်သည်။ တကယ့်အဖြစ်မှန်သည် ထိုမိန်းမအပြောနှင့် ဆန့်ကျင်ဘက် ဖြစ်၏။ တိုင်းပြည်ကို ဗမာပြည်ဟုခေါ်ပြီး အများစုဖြစ် သည့် လူမျိုးကြီးကို မြန်မာဟု ခေါ်စေခြင်းသည်သာ တကယ့်အမှန်တရားနှင့် ကိုက်ညီမည် ဖြစ်လေသည်။
ပထမ သက်သေ
တကယ်တော့ ဗမာ ဆိုသည်မှာ ၁၉၃၀ပြည့်နှစ် မတိုင်မီ အထက်ကျော်ကာရီက “မြန်မာ” အများအပြားပင် မိမိတို့ကိုယ် မိမိတို့ “ဗမာ”ဟူ၍ ခေါ်ဝေါ်သုံးစွဲခဲ့ခြင်းမှအပ မည်သည့် သမိုင်းမှတ်တမ်းတွင်မျှ မရှိခဲ့ဘူးသော အမည်ဖြစ်သည်။ အချို့ပုဂ္ဂိုလ်များက လည်း အာဓကပ္ပ ကမ္ဘာဦးကျမ်းအရ လူသည် ဗြဟ္မာက ဆင်းသက်သည်ဟူသောအယူဖြင့် ဗြဟ္မာလူမျိုးဟုခေါ်ရာမှ ဗြဟ္မာကို သရ ချေပြီး ဗမာဟူ၍ ဖြစ်လာခဲ့ကြောင်း ပြောဆိုကြသည်။ ဤသည်မှာ ပါးစပ်ရာဇ၀င်မျှသာဖြစ်ပြီး သမိုင်းကြောင်းအရမူ ခိုင်မာသည့် သက်သေအထောက်အထားတခု မဟုတ်နိုင်ချေ။ မြန်မာဟူသော အမည်ကိုသာ စာလုံးပေါင်းသတ်ပုံ အမျိုးမျိုးဖြင့် လွန်ခဲ့သော နှစ် ပေါင်း ၉၀၀ခန့်က အစပြု၍ ကျောက်စာမင်စာတို့တွင် တွေ့လာခဲ့ရကြောင်း သိရှိရသည်။ ဗမာဟူ၍ မရှိ။ ရှင်းရှင်းဆိုရလျှင် ဗမာ သည် သခင်ဘသောင်း ဦးစီးတည်ထောင်ခဲ့သော တို့ဗမာအစည်းအရုံးသမိုင်း စာမျက်နှာ ၁၃၃နှင့် ၂၁၅တို့တွင် တို့ဗမာဟု အ ဘယ့်ကြောင့် သုံးနှုန်းရပုံ၊ ဗမာဟူသော အသုံးအနှုန်းနှင့် ပတ်သက်၍ ရှင်းလင်းချက်နှင့် ဗမာပြည်ဟူသော အခေါ်အဝေါ်အပေါ် တို့ဗမာ အစည်းအရုံးဝင် သခင်အများစု၏ သဘောထား စေတနာကို ဖော်ပြထားသည်။ တို့ဗမာအစည်းအရုံးသမိုင်းမှာ ဗမာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ရာနှင့်ချီသော တို့ဗမာအစည်းအရုံးဝင်များ ပါဝင်သည့် သမိုင်းပြုစုရေးအဖွဲ့က ကော်မတီဖွဲ့လျက် ၁၉၆၄ခု နှစ်မှ ၁၉၆၇ ခုနှစ်အထိ အချိန်ယူပြုစုခဲ့သော အားထားလောက်ဖွယ်ရာ သမိုင်းတစောင်ဖြစ်ရာ ထွက်ရှိပြီး လများမကြာမီမှာပင် မဆလ၏ ပိတ်ပင်ခြင်းခံခဲ့ရသည့် စာအုပ်ဖြစ်သည်။ အထက်ဖော်ပြပါ စာမျက်နှာတို့မှ စာပိုဒ်အချို့ကို မူရင်းစာလုံးပေါင်း သတ်ပုံ များအတိုင်း ဖော်ပြပါမည်။
“တို့ဗမာ အစည်းအရုံး”ဟူရာ၌ တို့ဗမာပြည်ထဲ၌ရှိသော လူမျိုးအားလုံးကို ကိုယ်စားပြုသည့် အဓိပ္ပါယ်ဖော်ဆောင်ခြင်း အထိမ်းအ မှတ်အဖြစ် “တို့ဗမာ”ဟု ခေါ်ဝေါ်သုံးနှုန်းခြင်း ဖြစ်သည်။ မြန်မာဟူသောစကားမှာ မြန်မာ၊ မာသည် ဟူသော အဓိပါယ်ကို ဆောင် သော်လည်း နှာသံပါ၍ ဘောင်ကျဉ်းသည်။ အားနည်းသည်။ ရှမ်း၊ ကရင်၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ တောင်သူ၊ ဆလုံ၊ နာဂ၊ မြန်မာ စသော ဗမာတိုင်းရင်းသားအားလုံးကို ခြုံ၍ ငုံမိစေရန် “ဗမာ”ဟူသော စကားလုံးကို ရွေးသည်။ အသံထွက် မာကျော ၍ သုံးစွဲသည်။ တဖန် “ဘ”ကုန်းနှင့် “ဘမာ”ဟု မရေးဘဲ “ဗ”လချိုက်နှင့် ရေးခြင်းမှာလည်း “ဘ”သည် ရံဖန်ရံခါ “ဖ”သံထွက်သ ဖြင့် စိတ်မချရသောကြောင့် “ဗ”လချိုက်နှင့် “ဗမာ”ဟု ရေးသည်။ (တို့ဗမာအစည်းအရုံးသမိုင်း၊ ခေတ်သစ်လူငယ်တစုနှင့် တို့ဗမာ ၀ါဒအစ၊ စာ ၁၃၃)
တို့ဗမာအစည်းအရုံးသည် မူလ တည်ထောင်စဉ်မှစ၍ သမိုင်းတလျှောက်လုံး လူမျိုးစုအားလုံး၏ ညီညွတ်ရေးကို အလေးပေးခဲ့ ကြောင်း၊ “တို့” ဟူသောစကား၊ “ဗမာ” ဟူသောစကား၊ “ဗမာနိုင်ငံ၊ ဗမာပြည်” ဟူသောစကားတို့ကို တီထွင်၍ တိုင်းရင်းသားစစ် စစ်ဟူသော အမည်နာမ တပ်ဆင်ခဲ့ခြင်းဖြင့် သိသာထင်ရှားပေသည်။
သခင်များက မြန်မာနိုင်ငံ၊ မြန်မာပြည် ဆိုသောစကားမှာ မြန်မာလူမျိုးများ နေထိုင်သော မြန်မာနိုင်ငံဟု အဓိပ္ပါယ်ရောက်သည်။ မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပဒေသရာဇ်များက ပေးသောနာမည် ဖြစ်သည်။ မမှန်ကန်။ ဗမာနိုင်ငံသည် မြန်မာလူမျိုးတမျိုးတည်း နေထိုင်သော နိုင်ငံမဟုတ်။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ တောင်သူ၊ ပအိုး၊ ပလောင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်း သားလူမျိုးပေါင်းစုံ နေထိုင်သောနိုင်ငံ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ မြန်မာပြည်ဟု မသုံး။ ဗမာနိုင်ငံ၊ ဗမာပြည်ဟု သုံးသည်။ သို့မှသာ ညီညွတ်မှန်ကန်မည်။ ဗမာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားအားလုံးကို ဗမာဟု ခေါ်သည်။ ထို့ကြောင့်ပင် တို့ဗမာ သီချင်းတွင် “တို့ဗမာ …၊ ဟေ့ … တို့ဗမာ၊ ဗမာပြည်တ၀ှမ်းအကုန် တို့အိမ်မှတ်ပါ။ တို့ယာမှတ်ပါ၊ အဲဒါ “တို့ဗမာ”ဟု ထည့် သွင်းသီဆိုခဲ့ကြသည်။ “မြစ်ကြီးနားမှ တို့ဗမာတယောက် အစော်ကားခံရလျှင် ယေး၊ မြိတ်၊ ထားဝယ်မှ တို့ဗမာများက ဆတ်ဆတ် ခါအောင် နာကြပါ”ဟု ဟောပြောခဲ့ကြသည်။ (တို့ဗမာအစည်းအရုံးသမိုင်း၊ လူမျိုးစုများ သွေးစည်းညီညွတ်ခြင်း၊ စာ ၂၁၅)
ထိုစာမျက်နှာတွင် အောက်ခြေမှတ်စုအဖြစ် မဆလ၏ ဇွတ်အတင်း မလိမ့်တပတ်လုပ်မှုကို အောက်ပါအတိုင်း ဖော်ပြထားသည်။
ဗမာ သို့မဟုတ် မြန်မာဟူသော အသုံးအနှုန်းအတွက် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့်ပတ်သက်သော အဓိပ္ပါယ် ရှင်းလင်းချက်များ စာတမ်း၊ စာမျက်နှာ ၁၈ အောက်ဆုံးပိုဒ်တွင် အောက်ပါအတိုင်း ရှင်းလင်းထားပါ သည်။
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်ထားခြင်းမှာ တိုင်းရင်းသားလူမျိုးစုံတို့ စုပေါင်းနေထိုင်သည့် ပြည်နယ် နှင့် တိုင်းများ ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊ သမိုင်းစဉ်တလျှောက် မြှော်မှန်းခဲ့ကြသည့် ဆိုရှယ်လစ်စနစ်ကို မြဲမြံခိုင်မာစွာ တည်ဆောက်ကျင့်သုံးသွားမည့် နိုင်ငံဖြစ်ကြောင်း၊ ဘုရင်စံနစ်ဖြင့် အုပ်စိုးသော နိုင်ငံမဟုတ်ဘဲ လုပ်သားပြည်သူတို့ အာဏာပိုင်စိုးသော နိုင်ငံဖြစ်ကြောင်းနှင့် တိုင်းရင်းသားလူမျိုးများကို သိမ်းကျုံးပေါင်းရုံး၍ ခေါ်ဆိုသည့် မြန်မာဟူသော လူမျိုးများ မှီတင်းနေထိုင်ရာ နိုင်ငံတော်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားစေရန် ဖြစ်သည်။
အထက်ပါစာတွင် တို့ဗမာအစည်းအရုံးက “ဗမာ”ဟူသော ဝေါဟာရနှင့် ပတ်သက်၍ ရှင်းလင်းဖော်ပြသလိုမျိုး “မြန်မာ”ဟူသော အ သုံးအနှုန်းအပေါ် သေချာကျနစွာ အကျိုးသင့်အကြောင်းသင့် ရှင်းလင်းဖော်ပြထားခြင်း မရှိချေ။ ကျင့်သုံးအုပ်ချုပ်မည့်ပုံစံကို မဆီမ ဆိုင် ဖော်ပြကာ ဘာ့ကြောင့် တိုင်းရင်းသားလူမျိုးများ အားလုံးကို မြန်မာဟု သိမ်းကျုံးပေါင်းရုံးခေါ်ဆိုရကြောင်း မရှင်းဘဲ မြန်မာနိုင် ငံဟု ဇွတ်အတင်း ခေါ်ဝေါ်လိုက်ခြင်းသာဖြစ်ကြောင်း တွေ့ရှိရမည် ဖြစ်သည်။
(ဆက်လက် ဖော်ပြပါမည်။)
ShareThis


For men may come and men may go,
But I go on for ever!

***Silver Moon*** အီးမေးလ်မှ ကူးယူဖော်ပြသည်

Read More...

ဇန်န၀ါရီလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

***ပေကျင်းကို ကမ္ဘာ့မြို့ကြီးအဖြစ် တည်ဆောက်မည်***
(ပေကျင်း၊ ဇန်န၀ါရီလ ၂၆-ရက်)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့တော်ပေကျင်းကို နိုင်ငံတကာမြို့ကြီးများစာရင်းဝင်အဖြစ် ရောင့်ရဲတင်းတိမ်မ နေဘဲ ကမ္ဘာ့အကြီးဆုံးမြို့ကြီးအဖြစ် ရောက်ရှိသွားအောင် တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း ပေကျင်း မြို့တော်ဝန် ကူကျင်လောင်းက ဇန်န၀ါရီလ ၂၅-ရက်နေ့တွင် ပြောကြားလိုက်သည်။

***ဆေးပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ စင်္ကာပူ၌ နှစ်ရက်ကြာ ကျင်းပ***
(စင်္ကာပူ၊ ဇန်န၀ါရီလ ၂၆-ရက်)
မျက်မှောက်ခေတ်တိုးတက်မှုနှင့် အခက်အခဲပြဿနာများနှင့် စပ်လျဉ်းသည့် ဓာတုဆေးပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲကို စင်္ကာပူနိုင်ငံ၌ ဇန်န၀ါရီလ ၂၅-ရက်နေ့တွင် စတင်ကျင်းပကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြသည်။ (ဆင်ဟွာ)
***ကမ္ဘာ့ရေနံဈေး ပြန်လည်ဦးမော့လာ***
ကမ္ဘာ့ရေနံဈေးသည် ဇန်န၀ါရီလ ၂၅-ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၇၅-ဒေါ်လာ အထက်သို့ တက်သွားကြောင်း ၂၀၀၉-ခုနှစ် မတ်လမှစ၍ ရေနံဈေးကျနေခဲ့ရာမှ ယခုကဲ့သို့ ပြန်လည်ဦးမော့လာခြင်းဖြစ်သည်။ လွန်ခဲ့သည့် သီတင်းပတ်တွင် ရေနံဈေး ၇၄ ဒသမ ၅၄-ဒေါ်လာရှိခဲ့ရာမှ ယခုကဲ့သို့ ဈေးတက်သွားခြင်းဖြစ်သည်။ (အင်တာနက်)
*** လေယာဉ်ပျက်ကျရာမှ အလောင်း ၂၅-လောင်း တွေ့ရှိ***
လက်ဘနွန်နိုင်ငံ ကမ်းလွန်တွင် ဇန်န၀ါရီလ ၂၅-ရက်နေ့က အီသီယိုးပီးယားလေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီးနောက် အသက်ရှင်ကျန်ရစ်သူများအား ဆက်လက်ရှာဖွေလျက်ရှိရာ အလောင်း ၂၅-လောင်းကို တွေ့ရကြောင်း အီသီယိုးပီးယားလေကြောင်းလိုင်းက ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြသည်။ (အင်တာနက်)

***စုစည်းဘာပြန်-မောင်မောင်ဆွေ***

Read More...

Wednesday, January 27, 2010

အလိမ္မာ ပုံပြင်များ…

***သမက်ပြောတဲ့ စကား***

တစ်ခါတုန်းက တောမြို့လေး တစ်မြို့မှာ သူကြွယ်ကြီး ဦးဖိုးလှဆိုသူရှိသတဲ့။ သူ့မှာ မိတဆိုးသမီးလေး မပန်း မွှေးဆိုတာ ရှိတယ်။ မပန်းမွှေးဟာ နာမည်နဲ့လိုက်အောင် ပန်းကလေးလိုလှတယ်။ လူချစ်လူခင် ပေါများတယ်။ ဇနီးသည် ကွယ်လွန်ပြီးကတည်းက နောက်အိမ်ထောင်မပြုဘဲ စောင့်ရှေက်ကျွေးမွေးလာခဲ့တဲ့အတွက် တဖြည်း ဖြည်း အပျိုအရွယ်လေးကို ရောက်လာပါတော့တယ်။ သမီးအရွယ်ရောက်လာတော့ စိတ်ကစားတတ်ချိန်မှာ မသင့်တော်တဲ့သူနဲ့ ချစ်ကြိုက်မိသွားမှာကို အင်မတန်စိုးရိမ်မိတယ်။

အထူးသဖြင့် အိမ်ထောင်ဖက် မမှန်မှာကို တွေးပြီး ပူပန်မိတယ်။ ဦးဖိုးလှဟာ သမီးလေး မပန်းမွှေးကို သင့်တော်တဲ့သူ တစ်ဦးဦးနဲ့ အိမ်ထောင်ချပေးချင်တယ်။ အမြော်အမြင်ကြီးတဲ့သူ၊ အကြံဥာဏ်ရှိတဲ့သူဖြစ်ရမယ်။ စီးပွားရေးကိုဦးဆောင်နိုင်တဲ့သူမျိုးပေါ့။
အောင်သွယ်တွေကတော့ လာစပ်ကြပါတယ်။ စိတ်ကြိုက်မတွေ့တော့ ငြင်းပယ်လိုက်တာက များတယ်။ သမီးအတွက် အိမ်ထောင်ဘက်ယောင်္ကျားကို သူကိုယ်တိုင်ရှာမှ ကျေနပ်နိုင်မယ်လို့ထင်တယ်။ သူများရှာပေးတာဟာ ပေါ့ပေါ့ဆဆမျိုးတွေ ဖြစ်လာနိုင်တယ် မဟုတ်လား။
အချိန်အတော်ကြာတဲ့အထိ သမီးအတွက် ခင်ပွန်းလောင်းကို ရှာမတွေ့နိုင်ခဲ့ဘူး ဦးဖိုးလှကတော့ ဇွဲမလျော့ပါဘူး။ တစ်နေ့မှာ သူတို့မြို့ကို လူစိမ်းတစ်ယောက်ရောက်လာတယ်။ လူငယ်လေးတစ်ယောက်ပါပဲ။ လူပုံလေးက ချောချောသန့်သန့်လေးမို့ မဆိုးပါဘူး။ လူကြီး သူမတွေကိုလည်း ရိုသေလေးစားတယ်။ အပြောအဆိုလည်း ရည်မွန်တယ်။
သူ့နာမည်က မောင်ကြာကွန့်လို့ ခေါ်သတဲ့။ မောင်ကြာကွန့်ဟာ လမ်းလျှောက်သွားရင်း အုန်းပင်တွေကို စိတ်ဝင်စားစွာနဲ့ အမြဲကြည့်သွားတတ်သတဲ့။ မြစ်ဆိပ်မှာ ထိုင်ပြီး မြစ်ထဲသွားလာနေတဲ့ သင်္ဘောတွေ၊ လှေတွေကို ငေးရီပြီး ကြည့်နေတတ်သတဲ့။
သူ့မေးကို အမြဲပွတ်ပြီး တစ်ခုခုကို စဉ်းစားနေတတ်တဲ့အကျင့်ရှိတယ်။ မောင်ကြာကွန့်ကို ဦးဖိုးလှဟာ အကဲခတ်မိလာတယ်။ အုန်းပင်တွေကို စိတ်ဝင်တစားနဲ့ မော့ကြည့်လိုက်၊ မေးလေးပွတ်ပြီး မြစ်ဆိပ်မှာ ထိုင်ငေးနေလိုက်နဲ့ ဆိုတော့….
`အင်း… သူငယ်ဟာ ကုန်ရောင်းကုန်ဝယ် တစ်ခုခုကို လုပ်ချင်လို့လားပဲ၊ ရေလမ်းခရီးမှာ အုန်းသီးတွေကို သင်္ဘောနဲ့ တင်ပြီး တစ်မြို့ဝင် တစ်မြို့ထွက်နဲ့ ရောင်းဝယ် ဖောက်ကားဖို့ စီးပွားရေးသမားမို့ ငွေရှာမယ်၊ စုဆောင်းမယ်၊ သမီးရဲ့ နောင်ရေးအတွက် မပူပင်ရတော့ဘူးပေါ့´ စိတ်ထဲမှာ သည်အတိုင်းပဲ မှတ်ယူလိုက်တယ်။
သူကြွယ်ကြီးဟာ မောင်ကြာကွန့်နဲ့ အသိမိတ်ဆွေဖြစ်သွားတယ်။ နောက်တော့ သမီးနဲ့ သင့်တော်တဲ့လူလို့ သတ်မှတ်လိုက်ပြီး သမီး မပန်းမွှေးနဲ့ ပေးစားလိုက်သတဲ့။
သမီးနဲ့ အကြင်လင်မယားဖြစ်သွားပေမယ့်လည်း သားမက် မောင်ကြာကွန့်ဟာ တစ်လနှစ်လကြာတဲ့တိုင် အလုပ်အကိုင်နဲ့ ပတ်သက်လို့ စကားမဟသေးဘူး။ လမ်းသွားရင်းအုန်းပင်တွေ မော့ကြည့်လိုက်။ ဖြစ်ဆိပ်ကိုသွားထိုင်ပြီး မေးစေ့လေးပွတ်ကာ ငေးလိုက်နဲ့၊ အိမ်မှာနေလည်း မေးစေ့ လေးစမ်းပြီး ငေးလိုက်နဲ့ အကြံတွေထုတ်နေပုံရတယ်။ ယောက္ခမလုပ်တဲ့သူကတော့ သည်လိုတွေးတယ်။ `အင်း… ငါ့သမက်ဟာ စဉ်းစားဥာဏ်နဲ့ အမြော်အမြင်ရှိပုံရတယ်။ အရောင်းအ၀ယ် လုပ်ငန်းလုပ်ချင်တယ်။ ထင်ပါရဲ့ ငါ့ကိုမပြောရဲလို့ပဲ ဖြစ်ရမယ်။ မေးစမ်းကြည့်ဦးမှ´
သမက်နဲ့ ဆုံမိကြတဲ့အခါမှာ…`သား… မောင်ကြာကွန့် သားကိုအဖေဟာ ဟိုစဉ်ကတည်းက သတိပြုမိခဲ့တယ်။ မေးလေးစမ်းပြီး တစ်ခုခုကို အမြဲတမ်းမော့ကြည့်နေတတ်တာ အုန်းသီးကုန်ကူးချင်လို့ မဟုတ်လား။ အဖေအရင်းအနှီး ထုတ်ပေးမှာပေါ့၊ ဘယ်လောက် ယူမလဲပြောလေ´
အဲသလို ပြောလိုက်တော့ မောင်ကြာကွန့်ဟာ ယောက္ခမကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
`အဖေ… အဖေထင်တာတွေ တစ်ခုမှမဟုတ်ပါဘူး။ သားသိပ်သိချင်တဲ့အကြောင်းအရာတွေကို အဖြေမသိလို့ နေ့တိုင်းတွေးလာခဲ့တာ ခုထက်ထိပါ အဖေရယ်´
`သား… ဘာတွေများ တွေးပြီး အဖြေရှာမရ ဖြစ်နေရတာလဲ၊ အဖေ့ကို ပြောပြစမ်းပါဦး´
ဒီလိုပါ အဖေ၊ သား ငယ်ငယ်လေးကတည်းက စဉ်းစားခဲ့တာတွေကလေ အုန်းသီးတွေထဲကို ဘယ်သူ ရေထည့်သွားသလဲ၊ အုန်းသီးထဲက အသားကိုဖြူအောင် ဘယ်သူလျှော်ဖွပ်သွားခဲ့သလဲဆိုတာရယ်´
`ဟေ´….
`ဟော… ဒီဖြစ်ကြီးထဲက ရေတွေကို ဘယ်နှစ်ကြိမ်လောက် ငုံပြီးထွေးပစ်ရင် ဘယ်နှစ်ရက်အတွင်း ကုန်ခန်းသွားမလဲ ဆိုတာရယ်´
`ဟောဗျာ´
`မေးလေးကို ပွတ်ပြီး နေတာကလေ´
`ဆိုစမ်းပါဦး မဟာဏ္ဍိတပညာရှိကြီးရဲ့´
`အဟင်း… ဟင်း။ ဟောဒီမေးစေ့မှာ ပေါက်နေတဲ့ မုတ်ဆိတ်မွေးတွေကလေ ခေါင်းပေါ်မှာ ပေါက်နေတဲ့ ဆံပင်တွေရဲ့ အမျှင်တွေများ ဖြစ်နေမလားလို့ တွေးနေမိတာပါ အဖေရဲ့´
`ဘာကွ၊ မင်းဒါလောက်တောင် သောက်သုံးမကျ ဖြစ်ရသလားကွ၊ အုန်းသီးထဲ ဘယ်သူရေထည့်ထည့်၊ မြစ်ကြီးထဲက ရေတွေကို ဘယ်သူပဲ ငုံထွေးထွေး၊ မင်းအပူလား၊ မေးစေ့အောက်မှာ ပေါက်နေတဲ့ ဆံပင်၊ အဲ့လေ… မုတ်ဆိတ်မွေးဟာ ဆံပင်ရဲ့အမြစ် ဟုတ်မဟုတ် မင်းမသိဘူးလား၊ ဒါလောက်တောင် အတွေးချော်တဲ့ကောင်ကိုမှ ငါ့သမီးနဲ့ ပေးစားမိရလေခြင်း၊ ကဲကွာ´
သူကြွယ်ကြီး ဦးဖိုးလှဟာ သူအထင်တကြီးရှိခဲ့တဲ့ မောင်ကြာကွန့်ကို အိမ်ပေါ်ကနေ ဒေါသတကြီးနဲ့ ကန်ချလိုက်ပါတော့တယ်ကွယ်….။

***၀င်းရွှေနောင်***

Read More...

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း…

*** ရီရဲကွင်းလယ်မှ ဂါဂိုအား မန်စီးတီးကမ်းလှမ်း***

မန်စီးတီးအသင်းသည် ရီရဲမက်ဒရစ်အသင်းမှ အာဂျင်တီးနားကွင်းလယ်ကစားသမား အသက် ၂၃-နှစ်ရှိ ဖာနန် ဒိုဂါဂိုအား ပေါင် ၁၅-သန်းဖြင့် ကမ်းလှမ်းထားကြောင်း၊ စပိန်သတင်းစာ မာကာ၌ ဖော်ပြသည်။(အင်တာနက်)
*** ရော်ဘင်ဟိုအား ဆန်းတို့စ်နှင့် ဘင်ဖီကာတို့က ခေါ်ယူလို ***
မန်စီးတီးမှ ရီရဲမက်ဒရစ်တိုက်စစ်မှူးဟောင်း ရော်ဘင်ဟိုအား ၄င်း၏ အသင်းဟောင်း ဆန်းတို့စ်နှင့် ဘင်ဖီကာ သင်းတို့က ခေါ်ယူလိုကြောင်း သည်ဂါးဒီးယန်းတွင် ဖော်ပြသည်။ (အင်တာနက်)

*** တိုက်စစ်မှူး ဂျိုဗန်နိုဗစ်အား လီဗာပူး ကမ်းလှမ်း***
လီဗာပူးအသင်းသည် ယခုနွေရာသီတွင် စတင်းဒတ်လိဂ်မှ အသက် ၂၈-နှစ်ရှိ ဆားဘီးယားတိုက်စစ်မှူး မီလန်ဂျိုဗန်နိုဗစ်အား သုံးနှစ်စာချုပ်အပြင် အသင်းတွင် ဆက်နေလိုပါက တစ်နှစ်ဆက်လက်နေနိုင်သည့် သဘောတူစာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ကြောင်း ဒေးလီးအိတ်ပရက်စ်၌ ဖော်ပြသည်။ (အင်တာနက်)

*** တိုက်စစ်မှူး ဂျိမ်းစ်ဘီတီအား ၀က်စ်ဟမ်း ကမ်းလှမ်း***
ပါလာမိုအသင်းမှ အသက် ၂၀-အရွယ်ရှိ ဒိန်းမတ်ခံစစ်မှူး ဆိုင်မွန်ကေဂျာအား အပြောင်းအရွှေ့ ရာသီနောက်ဆုံးအချိန်ထိ ခေါ်ယူစာချုပ်ရန် အသင့်ရှိနေသည်ဟု စပါးနည်းပြ ဟာရီရက်နက်က ပြောကြားခဲ့ကြောင်း ဒေးလီးမေရာတွင် ဖော်ပြသည်။ (အင်တာနက်)

*** ရွန်းနေ တစ်ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ ရရှိမည်***
မန်ယူအသင်းသည် တိုက်စစ်မှူးဝိန်းရွန်းနေအား ဘာစီလိုနာနှင့် ရီးရဲမက်ဒရစ်တို့က ခေါ်ယူရန်ကြိုးပမ်းမှုကို ကာကွယ်သည့်အနေဖြင့် တစ်ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ ပေးမည်ဖြစ်ကြောင်း ဒေးလီးမေးရာ၌ ဖော်ပြသည်။ (အင်တာနက်)

***စုစည်းဘာသာပြန်-ချစ်စိုးနိုင်***

Read More...

ဇန်န၀ါရီလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

*** အိန္ဒိယ ညူဓာတ်ပေါင်းဖိုတည်ဆောက်ရေး ရုရှားနိုင်ငံမှ ကူညီလျက်ရှိ***
(မော်စကို၊ ဇန်န၀ါရီလ ၂၅-ရက်)

ရုရှားနှင့် အိန္ဒိယနှစ်နိုင်ငံ ညူကလီးယားပူးပေါင်းဆောင်ရွက်မှု နှစ်ကာလရှည်စွာ သဘောတူညီမှုမရ အိန္ဒိယ နိုင်ငံအနောက်ပိုင်း ဘင်ဂယ်လ်ဒေသ၌ ညူကလီးယားဓာတ်ပေါင်းဖိုရှစ်ခု ထပ်မံတည်ဆောက်ရန် စီစဉ်လျက်ရှိ သည်။ အိန္ဒိယနိုင်ငံအနေဖြင့် လက်ရှိတွင် ညူကလီးယားဓာတ်ပေါင်းဖို ၁၈-ခုမှ ညူစွမ်းအင် ၄ ဒသမ ၇ ဂီဂါ ထုတ်လုပ်ပြီး ၂၀၃၅-ခုနှစ်အရောက်၌ ညူစွမ်းအင် ၆၀-ဂီဂါဝပ်သို့ တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက် လျက်ရှိကြောင်း အိန္ဒိယစွမ်းအင်ကော်မရှင်မှ အကြီးအကဲ ဆာကူမာဘာနာဂျီးက ပြောကြားသည်။ (အင်တာ နက်)

*** အိန္ဒယစီးပွားရေးဖွံ့ဖြိုးမှု ကမ္ဘာ့တတိယအဆင့်၌ နေရာယူဖွယ်ရှိ ***
(နယူးဒေလီ၊ ဇန်န၀ါရီလ ၂၅-ရက်)
အိန္ဒိယနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုသည် ၂၀၁၂-ခုနှစ်တွင် ဂျပန်နိုင်ငံကို ကျော်လွန်ကာ ကမ္ဘာ့တတိယအဆင့်၌ နေရာယူနိုင်မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၂၃-ရက်၌ ကမ္ဘာ့စီးပွားရေးလုပ်ငန်းအဖွဲ့က သတင်းထုတ်ပြန်သည်။ ကမ္ဘာ့နိုင်ငံများ၌ တရုတ်နိုင်ငံ၏ ဖက်စပ်စီးပွားရေးလုပ်နင်းများတွင် ကုန်ထုတ်လုပ်မှုတန်ဖိုးသည် ၂၀၃၀-ခုနှစ် အရောက်၌ ၁၉-ရာခိုင်နှုန်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ (ဆင်ဟွာ)

***အီရန်လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရ ခရီးသည် ၄၆-ဦး ဒဏ်ရာရ***
(တီဟီရန်၊ ဇန်န၀ါရီလ ၂၅-ရက်)
အီရန်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်း အမြီးပိုင်းမီးလောင်သဖြင့် ဇန်န၀ါရီလ ၂၄-ရက်နေ့ နံနက်က မာရှက်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရသဖြင့် ခရီးသည် ၄၆-ဦး ဒဏ်ရာရရှိသွားကြောင်း အင်တာနက်သတင်းတွင် ဖော်ပြထားသည်။ လေယာဉ်မီးလောင်ရခြင်းမှာ ရာသီဥတုဆိုးရွားသည့်အတွက် ဖြစ်ရကြောင်း အီရန်လေကြောင်းလိုင်း အရာရှိများက ပြောကြားသည်။ လေယာဉ်ပေါ်တွင် လူနာတစ်ဦးလိုက်ပါလာသည့်အတွက်လည်း လေယာဉ်မှူးက အရေးပေါ်ဆင်းသက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ (အင်တာနက်)

*** ဆောက်လုပ်ရေး အလုပ်သမားများ သတ်ဖြတ်ခံရ***
ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ပီရူးနိုင်ငံတွင် ဆောက်လုပ်ရေးအလုပ်သမား ၆-ဦးအား သတ်ဖြတ်ခဲ့ခြင်းကြောင့် တင်းမာမှုများဖြစ်ပွားနေကြောင်း ပီရူးမီဒီယာက ဇန်န၀ါရီလ ၂၄-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ ပီရူးနိုင်ငံတွင် ၂၀၀၈-ခုနှစ်ကတည်းကစ၍ ဆောက်လုပ်ရေးအလုပ်သမားများအား သတ်ဖြတ်ခဲ့ရာ ယခုအချိန်အထိ သတ်ဖြတ်ခံရသူ ဆောက်လုပ်ရေးအလုပ်သမား ၄၉-ဦးရှိသွားပြီဖြစ်သည်ဟု သိရသည်။ (အင်တာနက်)

***စုစည်းဘာပြန်-မောင်မောင်ဆွေ***

Read More...

လူထုများစွာ ချမ်းသာရေးမို့ အသက်ပေးလို့ ဖြည့်ကြမည်

(ဇန်န၀ါရီလ ၂၆-ရက် ၂၀၁၀)

ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ လွန်ခဲ့တဲ့ လေးသင်္ချေနဲ့ ကမ္ဘာတသိန်း လွန်ကာလတုန်းက လူမျိုး ပေါင်းစုံနဲ့အလှူရေစက်လက်နဲ့မကွာ လူတိုင်းပျော်ရွှင် နေချင်စရာ အမရ၀တီလို့ခေါ်တဲ့ မြို့မှာ လက်နက်အား ကိုးနဲ့ တိုင်းပြည် အာဏာ မတရားသိမ်းပြီးတိုင်းပြည်သယံ ဇာတတွေကို ခိုးယူရောင်းစား တိုင်းသူပြည် သားတို့ရဲ့ ချွေးနဲ စာတွေပါ လက်နက်နဲ့ အာဏာပြတိုက်ယူပြီးမှ ဒေါ်လာ၊ ရွှေ၊ ငွေမြင်ဖူးလေတဲ့ ဂျိုဂုတ်ချီး တွေလို မဟုတ်ပဲ မွေးက တည်းက ရွှေလင်ပန်းနဲ့ နံ့သာရေဖြင့်အချင်းဆေးကာ ဘိုးစဉ်ဘောင်ဆက် တတ်သိ ပညာနဲ့ (စစ်တပ်က အ ကောင်တွေနဲ့သိပြီးအပြင် လူထုထံက ညာစားခြင်းမဟုတ်) ရွှေငွေကုဋေပေါင်းများစွာ ပိုင်ဆိုင်ထားပြီး လက်နက် အာဏာဆိုတာ ဓမ္မကိုအဓမ္မလုပ်ရာမှာ အသုံးပြုဖို့သာသိတာမဟုတ်ပဲ လောက သဘာဝဓမ္မမှာ အထွဋ်အထိပ်ရောက် တတ်မြောက်တဲ့ သုမေဓာ လို့ခေါ်တဲ့ လုလင်တယောက် ရှိခဲ့တယ်။

တနေ့မှာတော့ လောကမှာ အပူ ရှိသလို အအေးရှိတယ်၊ဆင်းရဲမှု ရှိသလို ချမ်းသာမှုရှိတယ်၊အဖန်ဖန်သေခြင်းရှိသလိုအဖန်ဖန်သေခြင်းမှ လွတ်မြောက်ရာဆိုတာ ရှိမှာပဲ အဲသလို လွတ်မြောက်ရာ ရှိရင် လွတ်မြောက်ရေး လမ်းစဉ်ဆိုတာလည်း ရှိမှာပဲ အဲဒီလို လမ်းစဉ်ရှိလျှက် မလျှောက်ပါမူ လမ်းတွက်အပြစ် ဘယ်မှာရှိအံ့နည်း ဟုဆင်ခြင်မိပြီး ငါ့ဘိုးဘွားမိဘ မယူသွားနိုင်ကြတဲ့ စည်းစိမ်ဥစ္စာရတနာတွေကို ငါ့နောက်ပါအောင်ယူသွားမယ်ဆိုကာ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ကျွန်းသစ် ကျောက်သံ ပတ္တမြား ရေနံနဲ့သဘာဝဓာတ်ငွေ့သိုက်တွေကို ဒီမိုကရေစီလိုလားခဲ့သော ပြည်သူတွေ ဒီမိုကရေစီအစိုးရ လက်ထက်မှာ ဒုက္ခမျိုးစုံ တွေ့ကြုံစေ၍ သားစဉ်မြေးဆက် လူထုပျက်စီးရေးအတွက် အာဏာ ရှိတုန်း ပြုတ်ပြုတ်ပြုန်းအောင် သုံးဖြုန်းနေကြတဲ့ ဂျိုဂုတ်ချီးများခွေးမျိုးတသိုက်လို မဟုတ်ပဲ ရှိသမျှ စည်းစိမ်ဥစ္စာရတနာတွေကို ပြည်သူလူထု လိုအပ်မှုအတွက် လှူဒါန်းပြီးနောက်အဖန်ဖန်ဆင်းရဲမှုမှ လွတ်မြောက်ရေးလမ်းစဉ်ကို ရှာဖွေကျင့်ကြံရာ ထူးသောဉာဏ်အမြင်သို့ သိဒ္ဓိပေါက် ရောက်ပြီးနောက် ဈာန်သမာပတ် ချမ်းသာကို ခံစားနေရင်းမှာဒီပင်္ကရာမြတ်စွာဘုရားပွင့်တော်မူပြီးနောက်ဒေသစာရီကြွချီတော်မူ-ကြောင်းနှင့်ဘုရားရှင်အတွက် လမ်းပြင်နေသည် ကိုသိ၍ လမ်းပြင်တံတားဖောက်ဆည်ကြီးတွေဆောက်ရာမှာ တိုင်းပြည် ဘဏ္ဍာကိုဗုန်းပြည်သူလူထုထံမှအဓမ္မကောက်ခံရုံမကပြည်သူ့လုပ်အားနဲ့တည်ဆောက်ပြီးကာမှလက်ညှိုး ထိုးကာလိုချင်တာ လာမှာစားတဲ့ ဂျိုဂုတ်ချီးတွေလိုမဟုတ်ပဲ အဘိဉာဉ် သိဒ္ဓိတန်ခိုးရှိပေမဲ့ လက်ညှိုးထိုးကာ ပါဝါမသုံး ခန္ဓာကိုယ်အားကိုသုံးကာလမ်းပြင်နေစဉ်မှာပင် ဘုရားရှင်ရောက်လာ၍(နိုင်ငံတော်ဆိုတာကြီးက တာဝန်ယူ တည်ထား ထီးတော်တင်သွားပါသည် ဆိုတဲ့ ဓနုတ်ဘုရား ပြိုသွားရတာ အလှူရှင်တွေရဲ့ဆန္ဒကြောင့်လို့ လွဲချတဲ့ နအဖ လို မဟုတ်ပဲ)ကိုယ်တာဝန် ယူထားတဲ့နေရာ အတွက် ရွှံ့ညွန်မှာဝတ်စင်း တံတားခင်းပြီး ခရီးဦးကြိုကာ ဖူးမျှော်ခဲ့ပါသည်။
အဘိဉာဉ်ခြောက်ပါးနှင့်ပြည့်စုံသော ရဟန္တာ လေးသောင်းခြံရံလျှက် ကြွလာတော်မူသော ဒီပင်္ကရာဘုရားရှင်ကိုရွှံ့ညွန်မှာဝတ်စင်း တံတားခင်းပြီး ခရီးဦး ကြိုကာ ဖူးမျှော်ရင်း–
ကိံ မေ ဧကေန တိဏ္ဏေန၊ပုရိသေန ထာမဒဿိနာ။
သဗ္ဗညုတံ ပါပုဏိတွာ၊သန္တာရေဿံ သဒေ၀ကံ။
(ဗုဒ္ဓ၀ံသပါဠိတော်၊သုမေဓပတ္ထနာကထာ၊၅၆)
အဖန်ဖန်ဆင်းရဲမှုမှလွတ်မြောက်နိုင်စွမ်းရှိမှန်းသိသော သတ္တ၀ါအားလုံးရဲ့ စိတ်နှလုံးကို ပြည့်ဝ စေတတ် ယောက်ျားမြတ်ဖြစ်ပါလျက် အဖန်ဖန်ဆင်းရဲမှုမှ ငါတယောက်တည်း လွတ်မြောက်အောင် ကူး(လုပ်)ခြင်းဖြင့် ဘာအကျိုးရှိအံ့နည်း၊ သိစရာမှန်သမျှကို သိတဲ့သူအဖြစ် ရောက်ပြီးမှ နတ်လူဗြဟ္မာ သတ္တ၀ါအားလုံးကို အဖန်ဖန် ဆင်းရဲခြင်းမှ လွတ်မြောက်စေအံ့(လွတ်မြောက်အောင်လုပ်မယ်) ဟု စိတ်အားထက်သန် အဓိဋ္ဌာန်ပြုကာ ထိုနေ့ တွင်ပင် လိုချင်က မုချရနိုင်သည့် နိဗ္ဗာန်ချမ်းသာကို စွန့်လွှတ်ကာ လေးသင်္ချေနှင့်ကမ္ဘတသိန်းတိုင်တိုင် ဘ၀မျိုးစုံမှာ ဆင်းရဲဒုက္ခ အဖုံဖုံနှင့် ဒေ၀ဒတ်၏နှောက်ယှက်မှု အသက်အန္တရာယ်ပေးမှု လုပ်ကြံမှုမျိုးစုံကိုကြံ့ကြံ့ခိုင်ခိုင်ရင်ဆိုင်ကာ မြင့်မြတ်သောအလုပ်စိတ်ဓာတ်မြင့်မြတ်သူတွေသာ လုပ်နိုင်တဲ့ ပါရမီတရားတွေကို အားထုတ်ဖြည့်ဆည်းခဲ့ လေသည်။
ပါရမီဆိုတာတချိန်ကပြည်သူ့အာဏာကိုအလွဲသုံးကာကိုယ်ကျိုးရှာခဲ့ကြသူအများစုနေထိုင်ရာရန်ကုန်မြို့ကရိပ်သာဆိုတဲ့ နေရာတခုကို ပြောတာမဟုတ်ပါဘူး၊ပရမာနံ ဥတ္တမပုရိသာနံ သာဓူနံ ဘာဝေါ ၀ါ ကမ္မံ ပါရမီ တဲ့- ယောက်ျားမြတ်တွေ,သူတော်ကောင်းတွေရဲ့ပင်ကိုယ်စိတ်သဘောနဲ့လုပ်ကိုင်ဆောင်ရွက်ပုံ (သို့) အလုပ်ကို ပြောတာ။
ကိံ မေ ဧကေန တိဏ္ဏေန- ငါတယောက်ထဲ လွတ်မြောက်ခြင်းဖြင့် ဘာအကျိုး ရှိမှာလဲ လို့ ဆယ့်ခြောက်နှစ် အရွယ်မှာ သုမေဓာစဉ်းစားခဲ့သလို ခင်ဗျားတို့ ကျုပ်တို့ပြည်သူလူထု ဒီအသက်အရွယ်အထိ စဉ်းစားခဲ့ကြဖူးပါသလား?
ကျုပ်အနေနဲ့ ပြောရရင် တခါမှ မစဉ်းစားခဲ့ဖူးဘူး၊ကျုပ် စဉ်းစားခဲ့တာက စာသင်သားဒုက္ခက အမြန်လွတ်အောင် ကြိုးစားပြီး စာချဘုန်းကြီးလုပ်မယ်လို့ပဲ စဉ်းစားမိသလို ကျုပ်ဆက်ဆံနေတဲ့ ပတ်ဝန်းကျင်က လူတွေကို မေးကြည့်တော့ လည်းတချို့ကမိဘလက်ငုတ်ပဲဆက်လုပ်မယ်၊သင်္ဘောသားခေတ်ကောင်းစဉ်ကဆိုရင် တချို့က ဘွဲ့ရရင် နိုင်ငံခြား သင်္ဘောတက်ပြီး ကားတင်သွင်းကာ စီးပွားရှာမယ်၊တချို့က ဆယ်တန်းအမှတ်ကောင်းလို့ လိုင်းကောင်းကောင်း ရရင် ဆေး/စက်မှုတက်ပြီး ဘွဲ့ရ ဆရာဝန် အင်္ဂျင်နီယာဖြစ်ပြီးရင် နိုင်ငံခြားမှာ ဘွဲ့လွန်ဆက်တက်မယ်လို့စဉ်းစားကြတယ်လို့ပြောကြပြီးကိုယ်တိုင်လက်တွေ့လုပ်ရမဲ့အချိန်လည်းရောက်ရော မိဘလက်ငုတ် ဆက်လုပ်နိုင်သူ, ရတဲ့ ဒေါ်လာနဲ့ ကားတင်သွင်းနိုင်တဲ့လူ,ဘွဲ့လွန်ရပြီးအလုပ်ပြန်လုပ်နိုင်တဲ့လူက လက်တဆုတ်စာပဲရှိပြီး၊ အများစုက မိဘလက်ငုတ် ပြုတ်လို့ နိုင်ငံခြားမှာ အလုပ်လုပ်ရင်း, အဆင်ပြေမယ်ထင်တဲ့ နိုင်ငံတခုခုမှာ ခုန်ချဖို့လုပ်ရင်း, ဘွဲ့လွန်ရတဲ့ နိုင်ငံမှာပဲ ရရာအလုပ် လုပ်ရင်းနဲ့ အခြေချဖို့ စဉ်းစားနေကြတဲ့သူတွေ။
ပြည်တွင်းမှာ ဘယ်လိုမှ သမ္မာအာဇီဝ အလုပ် လုပ်ဖို့အဆင်မပြေလို့ နိုင်ငံခြားကို တရားဝင်သွားနိုင်ဖို့ ပန်းဆိုးတန်းမှာ အစကတော့ စီအင်စီ ဓာတ်ငွေ့တန်းစီ သလို ကားတွေနဲ့တန်းစီပြီး နောက်ပိုင်းတော့ စားအုန်းဆီ တန်းစီသလို တန်းစီပြီး လက်လှမ်းမှီတဲ့ နိုင်ငံတခုခုဆီ ထွက်ကြ တဲ့သူတွေ၊ ကိုယ့်ကိုကိုယ် ပို့ကုန်အဖြစ်သတ်မှတ် ကယ်ရီထံ အပ်ကာ ဖြစ်တဲ့နည်းနဲ့ ထွက်လာကြသူတွေ၊ သက်ဆိုင်ရာ နိုင်ငံမှာ ရတဲ့နည်းနဲ့ ရပ်တည်နိုင်အောင် လုပ်နေကြတဲ့သူတွေ၊ အမှန်တကယ် ပြည်တွင်းမှာဒုက္ခရောက်လို့ ဒုက္ခသည် အဖြစ်နဲ့သူတပါးနိုင်ငံမှာခိုလှုံခွင့်နဲ့ရပ်တည်နိုင်အောင်ကြိုးစားနေ ကြတဲ့သူတွေ၊ကျပ်-ငွေ သိန်း ရာချီချမ်းသာပေမဲ့ ရှိတာကို အရင်းပြု ဒုက္ခသည်အတု အနေနဲ့ သူတပါးနိုင်ငံမှာရပ်တည်နေနိုင်ရန်ကြိုးစားနေကြတဲ့သူတွေ၊ နောက်ဆုံးပြောရရင် -ပြည်တွင်းမှာအကောင်လို့ပြောနေကြတဲ့ အကောင်တွေ ရဲ့ သားသမီးတွေကိုယ်တိုင် သူတို့ရဲ့အဖေ စုတ်ထားတဲ့ လူထုရဲ့ ဂုတ်သွေးတွေနဲ့ ဆက်သလို့ ရထားတဲ့ ပြည်ပက ၀ိသမ လောဘသား ပထွေးများရဲ့ စပွန်ဆာနဲ့ လူကို လူလို ဆက်ဆံတဲ့နိုင်ငံတွေထဲ စစ်တိရိစ္ဆာန်အကောင်တွေကို အ၀င်မခံလို့ တွေ့ကရာ ပထွေး အမေပေးပြီး ဖားသားနိမ်းရေးကာ ပတ်(စ်)ပို့ ဗီဇာ ရယူ၍ စစ်တိရိစ္ဆာန်မျိုးအယောင်ဖျောက် လူတယောက်လို ရပ်တည်ဖို့ကြိုးစားနေသူတွေရဲ့ (စစ်တိရိစ္ဆာန်အကောင်ခေတ်ကျမှ ပါဠိလို မရမ္မ (မြမ္မ)၊ အမ္မ=အမေ၊ မရ=သေပါပြီဗျ လို့ အမြဲတမ်း အမိ တ နေရတဲ့) မြန်မာနိုင်ငံက သန်းငါး ဆယ်ကျော်သော နိုင်ငံသားတွေထဲမှာ…
တကယ်လို့များ မိသားစုနှင့်အတူ လူကိုလူလို ဆက်ဆံသည့် နိုင်ငံကြီးတခုခုမှာ လူထုချစ်တဲ့ ခေါင်းဆောင် ကြီးတွေ သူတို့မိသားစုတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခွင့် ရခဲ့မယ်၊ ကမ္ဘာ့အဆင့် အဖွဲ့အစည်းတွေမှာ အရာရှိ လုပ်ရခဲ့မယ်၊ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီးတွေမှာ ပညာရှင်အဖြစ် လုပ်ကိုင်နေထိုင်ခွင့် ရခဲ့မယ်ဆိုရင် အဲဒီအခွင့်အရေးတွေကို ငြင်း ပယ်မဲ့လူ ရှိပါ့မလား?…ခင်ဗျားဆိုရင်ကော ငြင်းမှာလား?… ကိုယ့်ကိုကိုယ် သေသေချာချာ အထပ်အထပ် အခါခါ မေးကြည့်ကြပါ…
ကျုပ်ဆိုရင်တော့ဘယ်ငြင်းလိမ့်မတုန်း၊ ပိုက်ဆံ ပေးရဦးမယ်ဆိုရင်တောင် ကျုပ်တတ်နိုင်တဲ့အနေအထား ဆိုရင် ပေးမှာပဲ၊ကမ့် ၀င်ရဦးမယ်ဆိုလဲ ၀င်မှာပဲ။ အဲသလို အခွင့်အရေးတွေ အမှန်တကယ် ရနေရင်ကော အဲဒါတွေကို စွန့်ပြီး အဲဒီမှာ အခြေကြနေတဲ့ မိသားစုကိုရော စွန့်ပြီး တနိုင်ငံလုံးအနှံ့ လူနေရာတွေမှာ ဂျို,အစွယ်,ခွါ အားကိုး ကာ နေရာယူထားကြတဲ့ ရက်စက် ကြမ်းကြုတ် ယုတ်မာတဲ့ စစ်မိစ္ဆာတိရိစ္ဆာန်အကောင်တွေ ကြီးစိုးနေတဲ့ ရှေ့မှာပြောခဲ့တဲ့ အမိတနိုင်ငံ ကိုပြန်ဖို့နဲ့ ပြည်သူလူထုတွေ ကိုယ့်နေရာကိုယ် လူလိုသူလို နေနိုင်အောင် လုပ်ဖို့ ဘယ်သူစဉ်းစားမှာလဲ?… ခင်ဗျားစဉ်းစားဦးမှာလား?… ကျုပ်ဆိုရင်တော့ လုံးဝကို ထည့်သွင်းစဉ်းစားခြင်း ပြုမှာမဟုတ်ပါဘူး။
ထပ်ပွားအောင်ဆိုပြီးဘယ်မှာမှ ရှယ်ယာဝင်ထားစရာမလိုလောက်အောင် များပြားလှတဲ့ စည်းစိမ်ဥစ္စာ ရတ နာတွေနဲ့ လှမ်းလိုက်တာနဲ့ လက်ထဲရောက်နိုင်တဲ့ တယောက်တည်း ခံစားရမယ့် နိဗ္ဗာန်ချမ်းသာကိုစွန့်ပြီး လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံး သံသရာဆင်းရဲကလွတ်မြောက် နိဗ္ဗာန်ရောက်စေဖို့ဆိုပြီး အသက်နဲ့ရင်းကာ သူတော်ကောင်း အလုပ်ကို သုမေဓာလုလင်-သုမေဓာရှင်ရသေ့ လုပ်ခဲ့သလို…..
ခင်ဗျားနဲ့ကျုပ်အပါအ၀င် သန်းငါးဆယ်ကျော်သော အမိတနိုင်ငံသားတွေ တကယ်ရခဲ့ရင် ယူပြီး စွန့်လွှတ်ဖို့ မစဉ်းစားခဲ့တဲ့ အခွင့်အရေးတွေကို တကယ်ရခဲ့ပြီး အဲဒီ အခွင့်အရေးတွေနဲ့အတူကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးရုံးအုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဆိုင်ရာအကြံပေး ကော်မီတီ တွင်လက်ထောက်အတွင်းရေးမှူးအဖြစ်၊ ကမ္ဘာမှာ ပြည်သူ လူထုစိတ်ချမ်းသာမှု အရှိဆုံးနိုင်ငံဟု နိုင်ငံတကာကသတ်မှတ်ထားသော ဘူတန်နိုင်ငံနိုင်ငံခြားရေးဌာန ကုလသမဂ္ဂကိစ္စများဆိုင်ရာ အကြံပေးအရာရှိ၊ နိုင်ငံတကာ သုတေသန ပညာရှင်အဖြစ် စတာတွေ အပြင် တကိုယ်ရေလွတ်လပ်မှု ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘ၀တွေကိုစွန့်လွှတ်ပြီးအမိတနိုင်ငံကို ပြန်လာပြီး ပြည်သူ လူထု ကိုယ်စိတ်ဆင်းရဲခြင်းမှ လွတ်လပ်ရေးအတွက်ဆိုပြီး အသက်နဲ့ရင်းကာ သူတော်ကောင်းသာလုပ်နိုင်တဲ့ အလုပ်ကို ဒေါ်အောင်ဆန်းစုကြည် လုပ်ခဲ့တယ်။
သဗ္ဗညုတံ ပါပုဏိတွာ၊သန္တာရေဿံ သဒေ၀ကံ=သိစရာမှန်သမျှကို သိတဲ့သူအဖြစ်ရောက်ပြီးမှ နတ်လူဗြဟ္မာသတ္တ၀ါအားလုံးကို (သတ္တ၀ါတွေမသိလေက အန္ဓ ဗာလများသာဖြစ်မှာမို့) အကျိုးအကြောင်း သိစေကာ အဖန်ဖန် ဆင်းရဲခြင်းမှ လွတ်မြောက်စေအံ့(လွတ်မြောက်အောင်လုပ်မယ်) ဆိုပြီး အသက်နဲ့ရင်းကာ သူတော်ကောင်းအလုပ်ကို သုမေဓာလုလင်-သုမေဓာရှင်ရသေ့ လုပ်ခဲ့သလို…..
ဘွဲ့ယူခဲ့ရာကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်အများဆုံးမွေးထုတ်ပေးသည့် အောက်စဖို့ဒ်တက္ကသိုလ်မှသင်ကြားခဲ့သည့်နိုင်ငံရေးပညာ၊ဒဿနိကဗေဒ၊ဘောဂဗေဒတို့ နှင့် ကုလသမဂ္ဂ ၀န်ထမ်း အတွေ့အကြုံ၊နိုင်ငံတကာသုတေသနပညာရှင်အတွေ့အကြုံ များအပြင် ဖခင်ဗိုလ်ချုပ်နဲ့တွေ့ကြုံခဲ့ကြသောရန်သူ,မိတ်ဆွေဖြစ်ခဲ့ဖူးသူ အင်္ဂလိပ်များသာမက ဂျပန်များနှင့် ပါ ဂျပန်ဘာ သာစကား ကြိုးစားသင်ယူကာ တွေ့ဆုံဆွေးနွေး မှတ်တမ်းရေးခဲ့မှုတို့ဖြင့် ဖခင်ဗိုလ်ချုပ် လွတ်လပ်ရေး ယူပေးခဲ့၍ တိုင်းတပါးသား ကိုလိုနီကျွန်အဖြစ်ကလွတ်မြောက်စဉ်က တိုင်းပြည်ကြွယ်ဝ၊ အာရှမှာ စံပြဗမာ ဖြစ်ခဲ့ သလောက် ကိုယ့်နိုင်ငံသား စစ်ကျွန်ဘ၀ရောက်မှ အာရှသာမက ကမ္ဘာတလွှားမှာ ကျွန်သွားခံနေရခြင်း အကြောင်းတို့ကို သိအောင်လုပ်ပြီး ပြည်သူလူထုကိုလည်း အကျိုးအကြောင်းအမှန်ကိုသိစေကာ စစ်ကျွန်အဖြစ်မှ လွတ်မြောက်စေအံ့(တိုင်းပြည် ဒုတိယလွတ်လပ်ရေး ရအောင်လုပ်မယ်) ဆိုပြီး အသက်နဲ့ရင်းကာ သူတော်ကောင်းတွေရဲ့ ပင်ကိုယ်စိတ်သဘောဖြင့် လုပ်ကိုင်ဆောင်ရွက်ပုံနှင့်အလုပ်ကိုလုပ်နေတာ ဒေါ်အောင်ဆန်းစုကြည် ပါ။
အကျိုးအကြောင်းအမှန်ကိုမသိနားမလည်ပါကအတ္ထဿ-အကျိုး အကြောင်းကို၊အဒဿနတော-မသိ မမြင်သောကြောင့်၊ အန္ဓော-သူကန်းမည်၏၊ ဒွေ အနတ္ထံ= မိမိသူတပါး, ပစ္စုပ္ပန် သံသရာနှစ်ဖြာလုံးမှာ အကျိုးမဲ့စေတဲ့ အလုပ်ကို၊ လာတိဂဏှာတီတိ=ယူ(လုပ်)တတ်၏၊ဣတိ=ထို့ကြောင့်၊ဗာလော= ဗာလမည်၏ ဟု မြတ်စွာဘုရားဟော ထားသည့်အတိုင်း တတိုင်းပြည်လုံး အကျိုးအကြောင်းအမှန်ကိုမသိပဲ အထက်ကညွှန်ကြားချက်အတိုင်း ပစ္စုပ္ပန် သံသရာနှစ်ဖြာလုံးမှာ အကျိုးမဲ့ စေတဲ့အကုသိုလ်အလုပ်၊ဒုစရိုက်လုပ်ငန်းတွေသာ-လုပ်တဲ့ ကြံ့ဖွတ် မီးသတ် စွမ်းအားရှင် ရဲ လုံထိန်း စစ်သား စရဖ အန္ဓ ဗာလတွေသာ ဖြစ်ကုန်ကာ အမိတ အန္ဓဗာလနိုင်ငံ ဖြစ်သွားနိုင်၍ တရားချစ်ခင် စိတ်ကောင်းဝင်ကြကုန်သော သူတော်စင် အပေါင်းတို့လည်း ပါရမီရှင်-သူတော်စင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက
နောက်ဆုံးအထိ ပါရမီ
လူနတ်များစွာ ချမ်းသာရေးမို့
အသက်ပေးလို့ ဖြည့်ခဲ့သည်
ဗုဒ္ဓမြတ်စွာ သာသနာအတွက်မို့
ငါပါအသက် ဆုံးစေမည်
နောက်မဆုတ်ပေါင် ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားမည်
ဒို့လဲ ကြိုးစားမည်
ဟူသောကျေးဇူးတော်ရှင်ကျမ်းပြုအကျော် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ ဦးတည်ချက်အတိုင်း ညီညီညာညာ ကြိုးစားကြပါစို့။
ဓမ္မဃောသက....

***Silver Moon အီးမေးလ်မှ ကူးယူဖော်ပြသည်***

Read More...

အဆိပ်သင့်တောင်တန်းများ အစီရင်ခံစာ ထုတ်ဝေ


(ဇန္န၀ါရီ ၂၆-ရက် ၂၀၁၀)

ဘန်ကောက်မြို့ရှိ နိုင်ငံခြားသ တင်းထောက်များ ကလပ်တွင် ယနေ့ နေ့လည်ပိုင်းက “အဆိပ် သင့်တောင်တန်းများ” အမည် ရှိ စာတမ်း တစ်စောင်အား ပ လောင် အမျိုးသမီး အစည်းအ ရုံးက ထုတ်ဝေလိုက်သည်။ စာ မျက်နှာ ၅၆ မျက်နှာပါရှိသော အဆိုပါအစီရင်ခံစာတွင် မြန်မာစစ်အစိုးရ ထိန်းချုပ်မှုအောက်ရှိ နိုင်ငံ၏အရှေ့ မြောက်ပိုင်း ရှမ်းပြည်နယ် ဒေသများတွင် လွန်ခဲ့သည့် ၃နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု အလျှင်အမြန် တိုးတက်များပြားလာနေ ကြောင်း ဖေါ်ပြထားသည်။

ပလောင် အမျိုးသမီး အစည်းအရုံး(PWO)၏ အဆိပ်သင့်တောင်တန်းများ အမည်ရှိ အစီရင်ခံစာတွင် မန်တုန်နှင့်နမ့်ခမ်းမြို့ နယ်များရှိ ဘိန်းစိုက်ပျိုးရာနေရာများသည် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ၅ ဆမျှတိုးတက်လာပြီး ဧရိယာ ၅၄၀၀ ဟက်တာရှိကြောင်း ဖေါ်ပြထားသည်။ ဤကိန်းဂဏန်းများမှာ နှစ်စဉ် ထုန်ပြန်လေ့ရှိသော ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး(UNODC) ၏ နှစ်စဉ် ဘိန်းထုတ်လုပ်မှု စစ်တမ်းကောက်ယူမှုခန့်  မှန်းချက်ထက် လွန်စွာများပြားနေ ကြောင်းတွေ့ ရှိရသည်။ ပလောင်အမျိုးသမီးအစည်းအရုံး ဗဟိုကော်မီတီဝင် လိုည်းအေးနန်းက “အမျိုးသားတွေကဘိန်းရှုတယ်။ မူးယစ်ဆေးဝါးသုံးစွဲတယ်၊ ကျမတို့  အမျိုးသမီးအစည်းအရုံးကဘာဖြစ်လို့  ဒီအစီရင်ခံစာကို သုတေသနပြုပြီးတော့ ထုတ်ရသလဲဆိုရင်၊ အဲဒီယောက်ျားတွေ ဘိန်းစွဲ၊ မူးယစ်ဆေးစွဲတဲ့ ဒဏ်ကိုခံရတာက အမျိုးးသမီးတွေဖြစ်တဲ့ မိခင်တွေ၊ အဒေါ်တွေ၊ အစ်မတွေ၊ ညီမတွေ၊ ဇနီးမယားတွေပဲ ခံရပါတယ်၊ ဘိန်းစွဲတဲ့လူဟာ ထမင်းဆာတာနဲ့ မတူဘူးလေ၊ အဲဒီအချိန်မှာ ဘိန်းရှုကိုရှုရမှဖြစ်တာ၊ သူတို့ ဘိန်းရှုချိန်ရောက်လို့မရှုရရင် မိန်းမတွေကိုနှိပ်စက်မယ်၊ အမျိုးမျိုးပေါ့နှော်၊ စကားဝိုင်းတွေထိုင်လိုက်တိုင်း အမျိုးသမီးတွေ ခံစားနေရတဲ့အသံမျိုးစုံကိုပဲ ကျမတို့ကြားသိနေရလို့  ဒီလိုအစီရင်ခံစာ ထုတ်နိုင် အောင်ကြိုးစားခဲ့ကြတာပါ”ဟုပြောသည်။ ယခုထုတ်ပြန်သော ကိန်းဂဏန်းများမှာ ဒေသတွင်း ပလောင်အမျိုးသမီးအစည်းအရုံးအဖွဲ့ ဝင်များက စနစ်တကျ မှန်မှန်ကန်ကန်အချိန်ယူ ပြီးစါရင်းကောက်ခံခဲ့ခြင်းကြောင်း အချက်အလက်ခိုင်းလုံကြောင်း လိုည်းအေးနန်းကရှင်းပြသည်။ မန်းတုန်မြို့ နယ်ကျေးရွာတစ်ရွာတွင် ဆန်းစစ်လေ့လာ ချက်အရ အသက် ၁၅ နှစ်အထက် လူငယ်နှင့် ယောက်ျား ၈၅ ရာခိုင်နှုန်းတို့ မှာ ဘိန်း(သို့  မဟုတ်)ဘိန်းဖြူစွဲနေကြကြောင်း၊ မူးယစ်ဆေးစွဲနေသူကိုမှ မယူလျှင် အိမ်ထောင်ပြုဖက် မရှိတော့ကြောင်း၊ လူတိုင်းနီးပါး မူးယစ်ဆေးဝါးစွဲနေကြသဖြင့် ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များသာ ကျန်တော့သည်။ အစီရင်ခံစာထုတ်ဝေသည့် အခမ်းအနားတွင် ၀င်ရောက်တင်ပြသူ တစ်ဦးဖြစ်သည့် ရှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေး သုတေသနပြု ရှမ်းသံတော်ဆင့်သတင်းစဉ် အယ်ဒီတာ၊ ဦးခွန်ဆိုင်းက“ နအဖက သူတို့  တပ်တွေကို ထမင်းဝအောင်မကျွေးနိုင်ဘူးလေ၊ တစ်ချက်ခုတ်နှစ်ချက်ပြတ်၊ ရှမ်းပြည်နယ်၊ ပလောင်ဒေသ၊ `၀´ဒေသတွေမှာ ဘိန်းစိုက်ခိုင်းတယ်၊ဆိုတော့ သူတို့  လည်းအခွန်ရတယ်၊ ဒေသခံတွေလည်း မူးယစ်ဆေးဝါးစွဲသွားပြီး ဘ၀ပျက်တယ်။ ဒေသတွင်းမှာတာဝန်ကျနေတဲ့ တပ်ရင်းတပ်မတွေက အခွန်ယူထားတော့မဖျက်ဆီးဘူး၊ အခြားကလာတဲ့တပ်တွေကပဲဖျက်ဆီးတာ။ အဲဒါလည်း အယောင်ဆောင်ပါပဲ၊ နည်းနည်းပဲဖျက်ဆီးပြတာ။ အင်္ဂလိပ်ခေတ်က မြန်မာနိုင်ငံမှာ တပ်ရင်း ၁၅ရင်းနဲ့  အုပ်ချုပ်တယ်၊ ခု စစ်အစိုးရက တပ်ရင်း ၅၀၀ ကျော်နဲ့  အုပ်ချုပ်တယ်၊ အင်္ဂလိပ်လောက်အုပ်ချုပ်ဖို့  မတတ်တာပြနေတာပဲ၊ တပ်တွေရွာတိုင်းနယ် တိုင်းမှာတိုးချဲ့  ပြီးထမင်းဝအောင်မကျွေးနိုင်ပဲ ဒေသတွင်းမှာ ကိုယ့်ကိုကိုယ့်ရှာစားခိုင်း ထားတော့အကုန်လုံးပျက်စီးကုန်တော့တာပေါ့ ” ဟုပြောသည်။ အာဏာပိုင်များကျောထောက်နောက်ခပေးထားသည့်ပြည်သူ့စစ်အဖွဲ့  များနှင့်အစိုးရမူးယစ်နှိမ်နင်းရေးအဖွဲ့ များက ဘိန်းခင်းများကို သုတ်သင်ရှင်းလင်းရမည့် အစား အခွန် ကောက်ယူ၍အကျိုးထူးများခံစားနေကြကြောင်း၊၂၀၀၇-၂၀၀၈ ဘိန်းစိုက်ရာသီအတွင်း မန်တုန်မြို့ နယ်တစ်ခုတည်း၌ပင် ကျပ် ငွေ ၃၇ သန်း(အမေရိကန် ဒေါ်လာ၃၇,၀၀၀) ရှိကြောင်းဖေါ်ပြထားသည်။ ပလောင်အမျိုးသမီး အစည်းအရုံး သတင်းနှင့် သုတေသနဌာန လက်ထောက်တာဝန်ခံ လိုည်းဒေါင်းဇျားက“၂၀၀၆ခုနှစ်က “အဆိပ်သင့်ပန်းများ”အမည်နဲ့ စာတမ်းတစ်စော င်ထုတ်ခဲ့ပါတယ်။ ခုဒုတိယအကြိမ်ထုတ်ဝေတာပါ။ ဒေသတွင်းမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်နေတာကြောင့် ဒေသတွင်း ပြည်သူတွေမှာ အကျိုးနည်းပြီးအပြစ်များပါတယ်၊ လူငယ်တွေဟာ အနာဂတ်တွေ ပျောက်ပြီး၊ မူးယစ်ဆေးဝါးတွေစွဲသွားတာ၊ ဘ၀တွေပျက်စီးသွားတာ၊ ပိုင်ဆိုင်တဲ့  ပစ္စည်းဥစ္စာတွေ ကုန်ဆုံးသွား တာတွေကို သိစေချင်တာပေါ့နှော်”ဟုပြောသည်။ ယခင်ကပလောင်ဒေအတွင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်(PSLA)တို့  ကမိမိတို့ နယ်မြေကိုထိန်းချုပ်ထားစဉ်က ပလောင်ကျေးရွာအချို့ တွင် ဘိန်းစားတတ်သူ တစ်ဦးတလေသာ ရှိခဲ့သော်လည်း၂၀၀၅ ခုနှစ်အတွင်း နအဖစစ်အစိုးရက အတင်းအကျပ်ကိုင် လက်နက်ချခိုင်းခဲ့ပြီး ပြည်သူစစ်များများကို အခွန်ကောက်လုပ်ခွင့်ပြုခဲ့သည်။ ပလောင်ဒေသနန့်ဆန်မြို့်တွင် တပ်မတော်၊လဖက်အချိုခြောက်စက်ရုံတည်ထောင် ကတည်းက၊ လဘက်ဈေးများမှာ စက်ရုံသတ်မှတ်ဈေးအတိုင်းသာ ရရှိပြီး၊ ကုန်သည်များ ကလည်း စစ်တပ်ကို မလွန်ဆန်ဆိုင်သဖြင့် လဖက်စိုက်တောင်သူများမှာ ၀မ်းစာ ဆန်ကိုပင် ဖူလုံအောင်ဝယ်မထားနိုင်ကြပေ။ နန်းဆန်တွင် အကြီးဆုံးစက်ရုံတစ်ခုဖြစ်သော အဆိုပါစက်ရုံကို စတင်တည်ထောင်ကတည်းက ဗိုလ်မှူးကြီးသန်းထွန်းက ဆက်တိုက်တာဝန်ယူလာခဲ့ပြီး ထင်သလိုစီပွားရှာနေကြောင်း ပလောင်အမျိုးသမီး အစည်းအရုံးကပြောသည်။ မျိုးရိုးစဉ်ဆက် လဖက်တောင်သူများအဖြစ် ရပ်တည်လာကြသောမိသားစုများမှာ လဖက်စိုက်ပျိုးရေးတစ်ခုတည်းဖြင့် ရပ်တည်၍မရလောက်အောင် ၀င်ငွေကျဆင်း လာသဖြင့် ရှယ်ပြည်နယ်စပ် ဒေသအချို့သို့  ပလောင်လူငယ်အချို့ စီးပွားရှာ အလုပ်သွားလုပ်ကြသည်၊ ထိုမှဘိန်းစွဲ၊ မူးယစ်ဆေးစွဲအပြင် အခြားရောဂါများ လည်းကူးစက်လာခဲ့ကြသည်။ ဒေသတွင်းမူးယစ်ဆေးဝါးသုံးစွဲမှုနှုင့် စိုက်ပျိုးထုတ် လုပ်မှုကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှု၊HIV ကဲ့သို့သောရောဂါများမှာ တစ်နေ့ထက်တစ် နေ့ပိုမိုဆိုးရွားလာခဲ့သည်။ ဤဖြစ်စဉ်အားလုံးပပျောက်ရေးကို နိုင်ငံတော်အစိုးရ စေတနာမှန်ကန်စွာဖြင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှ သာလုံးဝ အောင်မြင်နိုင်ကြောင်း အပြင် မြန်မာနိုင်ငံတွင်စစ်အစိုးရအာဏာတည်မြဲနေသ၍ မြန်မာပြည်ဒေသအတွင်း ဘိန်းနှင့်မူးယစ်ဆေးဝါးများ အဆိပ်သင့်နေကြမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

***သတင်း-ဦးကျော်သောင်း(ဘန်ကောက်)***

Read More...

Tuesday, January 26, 2010

(စပေ့စ်) Space

စပေ့စ်သို့ မဟုတ်ခွင်ဟူသောစကားလုံးသည်ယခုအခါ တွင်ကျယ်လာပါသည်။ ၂၀၁၀ရွေး ကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီးတွင်၊ ၂၀၀၈ဖွဲ့စည်းပုံအရ၊ နိုင်ငံရေးလှုပ်ရှားမှုများကို လွတ်လွတ်လပ်လပ်လုပ်ခွင့်ရှိ လာ လိမ့်မည်သို့မဟုတ်နိုင်ငံရေးခွင်ကျယ်လာလိမ့်မည်။ အဲဒီ့တော့မှ ဒီမိုကရေစီအစစ်ရအောင် ဆက်ပြီးရုန်းကန် ကြတာ ပေါ့ဟူသော အယူအဆသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်ပြင်ပမှာ ခေတ်စားနေသည်မှာ ဘာမှ မဆန်းပါ။ အဖွဲ့ချုပ်အထဲ တွင်ဤစကားကိုရေးကြီးခွင်ကျယ်လုပ်ပြီး၊ ပြောနေသူများကိုတော့မှတ်ညဏ် သက် တမ်းတိုသူများဟု သတ်မှတ်ရလိမ့်မည်။

၁၉၉၅ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ပြန်မလွှတ်လာမီကတည်းကပင်အမျိုးသားညီလာခံတက် နေကြသည့်အဖွဲ့  ချုပ်ကိုယ်စားလှယ်အချို့ တွင် ဤအယူအဆ ရောက်နေခဲ့ပြီ၊ ဂျီဆဲဗင်းဟုခေါ် ခဲ့သည့်အုပ်စု၏ အခြေခံအယူအဆမှာဒါပဲဖြစ်သည်။ ထိုကမှတဆင့်တဖြည်းဖြည်းနှင့်အဖွဲ့ချုပ် ကထုတ်ပစ်ရပြီး။ အဖွဲ့ ချုပ်ကိုဆန့်  ကျင်သူများဖြစ်သွားခဲ့ကြသည်။သည်တော့ အဖွဲ့ ချုပ်သည် ပြောနေကြသည့် နိုင်ငံရေးခွင်(political space)ဆိုတာကိုမဟာဗျူဟာအရရော၊ နည်းဗျူဟာ အဖြစ်ပါပယ်ချခဲ့သည်မှာ ၁၅နှစ်လောက်ရှိနေခဲ့ပါပြီ။ အဖွဲ့  ချုပ်တည်ထောင်ချိန်ကတည်းက ချခဲ့သည့် မူဝါဒများနှင့် မကိုက်ညီသောကြောင့် လက်မခံနိုင်ခြင်းဟုအကြောင်းပြခဲ့သော်လည်း သဘောတရား(ideology)သက်သက်ကြောင့်သာမဟုတ်ပါ။လက်တွေ့  ဖြစ်ရပ်များကိုပါထည့်၍ စဉ်းစားကြည့်နိုင်ပါသည်။
၁၉၇၄အခြေခံဥပဒေတွင်တပ်မတော်ဦးဆောင်မှုဆိုသောစကားတလုံးမှမပါပါ။မ-ဆ-လ ပါတီ ဧ။်ဖွဲ့  စည်းပုံစည်းမျဉ်းမှာလည်းစစ်မှုထမ်းဖူးမှစီအီးစီဖြစ်ရမည်ဟုမပါပါ။ သို့ သော် မ-ဆ-လပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့  ၀င်အားလုံးသည် စစ်ဗိုလ်ဟောင်း၊ စစ်ဗိုလ်လက်ရှိတွေ ချည်းဖြစ်သည့်အပြင်ပြည်သူ့  လွှတ်တော်ကောင်စီအဆင့်ဆင့်တွင်စစ်ဗိုလ်နှင့် စစ်ဗိုလ်လူထွက် တွေက အများစုဖြစ်ခဲ့ပါသည်။ ကောင်စီအဆင့်ဆင့်တွင်ပါနေသည့်အရပ်သားအားလုံးတို့  သည် ဘယ်လိုသဘောထားခံယူချက်တွေရှိရှိနောက်ဆုံးတော့စစ်တပ်ခိုင်းတာလုပ်ရသည့် အခြေအနေကိုရောက်ခဲ့ရပါသည်။ထိုသို့ ဖြစ်ခဲ့ပြီးမှ လွှတ်တော်အရပ်ရပ်တွင် ၂၅%ယူမည် စစ်ရေးအမြင်ရှိမှ သမ္မတလုပ်ရမည်၊ အရေးကြီးသည့်ဝန်ကြီးများအားလုံးကိုတပ်ချုပ်ကခန့် မည် စသည်ဖြင့်ဗြောင်ရေးထားသည့်၂၀၀၈ဖွဲ့  စည်းပုံဥပဒေအောက်မှာ ရွေးကောက်ခံထားသည့်အ မတ်များသည်လွှတ်တော်အဆင့်ဆင့်တွင်လွတ်လပ်စွာလှုပ်ရှားခွင့်ရမည်ဟု မျှော်လင့်သူများ သည်အကောင်းမြင်လွန်နေပြီဟုသာယဉ်ယဉ်ကျေးကျေးခေါ်ရပါမည်။
အချို့ ကဆိုကြပါသည်။ ၂၀၀၈အခြေခံဥပဒေတွင်ပြဌာန်းထားသည့်နိုင်ငံသားများဧ။်ရပိုင်ခွင့် များကိုအကာအကွယ်ပေးနိုင်ဖို့ လွှတ်တော်များတွင်ဒီမိုကရေစီဘက်တော်သားများရှိရန်လို သည်။ထို့  ကြောင့်ရွေးကောက်ပွဲဝင်ရမည်ဟုလည်းကောင်းအစိုးရအပြင်ကစပေ့စ်ကိုကာကွယ် ဖို့ အတွင်း ကို ၀င်ပြီးအပေးအယူလုပ်ပူးပေါင်းဆောင်ရွက် ရမည်ဟုလည်းကောင်းစသည်ဖြင့်၊ ဤဆင်ခြေများသည်လည်း ခေတ်သစ်သမိုင်းအရကြည့်လျှင်လက်ခံစရာမရှိပါ။ ၁၉၆၂ခုနှစ်အာ ဏာသိမ်းပြီးကတည်းက စစ်တပ်သည် စေတနာမှန်အခြေခံပြီးဘယ်သူနှင့်ဘယ်လောက်အ ပေးအယူအလျော့အတင်း လုပ်ခဲပါသနည်း။သူတို့  နှင့်ပူးပေါင်းခဲ့သည့် ကျောင်းသားခေါင်း ဆောင်ဦးခင်မောင်အုန်း၊ဦးလှဝင်း တို့ မှစ၍ ပ-မ-ည-တများ၊ ဖ-ဆ-ပ-လများအလယ် စောဟန်တာသာမွှေးအဆုံး၊ဘယ်သူက ပြည်သူလူထု၏စပေ့စ်ကိုကျယ်အောင်လုပ်နိုင်ခဲ့ပါ သနည်း။ဝန်ထမ်းဘ၀မှာဝင်ပြီးတဖြည်းဖြည်း ကျဉ်းလာသောစပေ့စ်(space)အားကြံ့ ကြံ့  ခံတွန်းလှန်ခဲ့သောဦးခင်မောင်လတ်၊ဒေါ်ခင်မျိုး ချစ်၊ဦးဝင်းတင်တို့ ဘာဖြစ်သွားကြသနည်း။ ၁၉၆၂အာဏာသိမ်းချိန်က ဤဒေသတွင်လွတ်လပ် မှုအရှိဆုံးနိုင်ငံတစ်ခုဘ၀မှယခုအခြေအ နေသို့  ရောက်လာရခြင်းသည်ပြည်သူလူထုကငုပ်တုတ်၊ငုံ့ ခံနေ၍ဖြစ်ရခြင်းမဟုတ်ပါ။ မ-ဆ-လခေတ်တလျှောက်လုံးယုံကြည်ရာကိုလုပ် ခဲ့၍ ထောင်ကျခံ၊အသတ်ခံ၊အသေခံသူများ၏ သတ္တိသည်ယခုလှုပ်ရှားနေသူများထက်မညံ့ပါ။
ယခုစပေ့စ်(space)အကြောင်းပြောနေသူများထဲတွင်ထိုခေတ်က ရုန်းကန်လှုပ်ရှားခဲ့ကြသူများ အများကြီးပါပါသည်။ထို့  ကြောင့်ခွင်(space)အကြောင်းပြောသူတိုင်းကိုသစ္စာဖောက်သွားသူ များဟုပြော၍မဖြစ်ပါ။မမှတ်သေးဘူးလားဟုလည်းမမေးလိုပါ။သို့ သော်တစ်ခုတော့ပြောချင်ပါ သည်။သူတို့ တတွေမ-ဆ-လအောက်တွင်ရုံးကန်လှုပ်ရှားရင်းသေကြကြေကြတုန်းကနိုင်ငံခြား ကသိဖို့ ဝေးလို့  ဗမာပြည်သူများကပင်ကောင်းကောင်းမသိခဲ့ကြခြင်းမှာ မ-ဆ-လအစိုးရသည် တရားဝင်ရပ်တည်မှု(legitimacy)ကိုတစ်စုံတရာအတိုင်းအတာထိရခဲ့၍ဖြစ်သည်။ အတွင်းက နေပူးသတ်မည်ဟူသောလူများကြောင့် စစ်တပ်က ထိုရပ်တည်မှုကိုရခြင်းဖြစ်သည်ဟုဆိုလျှင် ငြင်းလိမ့်မည်မထင်ပါ။ခုတစ်ခါ ပူးသတ်ဖို့ ကြံလျှင်ဤသမိုင်းသင်ခန်းစာကို သတိရပါဟု တောင်းပန်ပါရစေ။
စပေ့စ်(space)ဆိုသည်မှာ လွှတ်တော်အထဲမှာမှရှိတာမဟုတ်ပါ။အပြင်မှာလည်းရှိပါသည်။ အပြင်ကစပေ့စ်(space)ကိုဘယ်လိုကျယ်အောင်လုပ်မလဲ၊ ဘယ်လိုသုံးမလဲဆိုတာကလဲ အရေးပိုကြီးပါသည်ဟုထင်ပါသည်။ NGOတွေ၊ Civil Societyတွေအကြောင်းပြောနေခြင်း မဟုတ်ပါ။အရင်တုန်းကလည်း စာအုပ်အဟောင်းရောင်းရင်း၊ရှေ့ နေလိုက်ရင်း၊ ကျူရှင်ပေး ရင်း လုပ်ခဲ့ကြတာပဲ ဒီလိုပဲလုပ်ကြတာပေါ့လို့ လဲ ပြောလို့  မရတော့ပါ။နိုင်ငံတွင်းက ရုပ်ပိုင်းဆိုင်ရာ အခြေအနေတို့ သည်သိသိတာတာပြောင်းလဲသွားပြီ၊ ပြည်သူတို့  ၏စိတ်ပိုင်းဆိုင်ရာလဲ တစ်စုံ တစ်ရာအတိုင်းအတာအထိရွှေ့ လာခဲ့ပြီးပြီ၊ ပြည်ပက အခြေအနေတွေသည်လည်းယခင်ကနှင့် လုံးဝမတူတော့ပါ။
ထိုအချက်များကို ထည့်စဉ်းစားပြီးမှ စပေ့စ်အကြောင်းပြောကြပါ။

ရန်ငြိမ်းအောင်(လူငယ်)
***Silver Moon*** အီးမေးလ်မှ ပေးပို့ပါသည်

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)