**ပြည်သူ့ ပါတီ NLD
ပြည်သူ့ အရေးဆောင်ရွက်သည်။
**ခွပ်ဒေါင်းသွေးမို့ ရဲရဲနီ
မတရားအမိန့် ဟူသမျှဆန့် ကျင်မည်။
**၂၀၁၀ ရွေးကောက်ပွဲတံခါး
သွေးစွန်းလက်နဲ့ ဖွင့် လှစ်ထား။
**စစ်ကျွန်သက်မရှည်ရေးတွေးဆညီ
NLD ကဆန့် ကျင်ပြီ။
**ပြည့် သူ့ ပါတီပီသသည်
လေးစားပါသည် NLD။ ။
***မင်းသွေးသစ်***
၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂ
<
Wednesday, March 31, 2010
" လေးစားပါသည် NLD "
မြ၀တီမြို့မှာ အလှူခံစားသူများ သောင်းကျန်း…. (ပေးစာ)
အယ်ဒီတာ ခင်ဗျား….။ ။
ရပ်နီးအလှူခံများလည်း ထိုက်သင့်သလို ပေးဆောင်ရပါသည်။ ဘာသာရေးဆိုင်ရာ အဆောက်အဦးများလည်း လျှောက်လွှာပါမစ် များတင်လျှင် ဆောက်လုပ်ခွင့် ကျပ်ငွေ ၂-သိန်းကို မြ၀တီသာသနာ ရေးဌာနသို့ ပေးဆောင်ရပါသည်။
အထက်လူကြီးများမှ စီစစ်ဆောင်ရွက်ပေးနိုင်ရန် တင်ပြအပ်ပါသည်။
*** တိုင်ကြားသူ- ဦးတင်အောင်မြင့် *** (၃/မ၀တနိုင် ၄၁၈၀၀၅ မြ၀တီင်္မြို့)
မတ်လအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ….
*** တရုတ်အရှေ့မြောက်ပိုင်း၌ ရှောံပင်းမောမီးလောင် ***
*** စပိန်ငါးဖမ်းသင်္ဘော အပိုင်စီးခံရ ***
အိန္ဒိယသမုဒ္ဒရာအတွင်း ငါးဖမ်းနေသော စပိန်ငါးဖမ်းသင်္ဘောတစ်စင်းကို မတ်လ ၂၉-ရက်နေ့တွင် ဆိုမာလီဓားပြများက အပိုင်စီးသွားခဲ့ကြောင်း စပိန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** စင်္ကာပူနိုင်ငံက ပထမဆုံးဂြိုဟ်တုလွှတ်တင်မည် ***
စင်္ကာပူနိုင်ငံသည် လာမည့် ဇွန်လ၌ ပြည်တွင်းဂြိုဟ်တုတစ်လုံးကို အာကာသသို့ ပထမဆုံး လွှတ်တင်မည်ဖြစ်ကြောင်း ဂြိုဟ်တုလွှတ်တင်မည့်နေရာမှာ အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ် အခြေစိုက်စခန်းမှဖြစ်ကြောင်း စင်္ကာပူအရာရှိများက မတ်လ ၂၉-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ ***
ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိရာ တရုတ်ဈေးကွက်တွင် မတ်လ ၂၉-ရက်နေ့ ဈေးပိတ်ချိန်၌ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၀၇ ဒသမ ၀၃ ဒေါ်လာအထိ အနည်းငယ်ကျဆင်းခဲ့ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
ဗီဇဆိုတာဖျောက်လို့မရပါ
နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ မွေးဖွားတာချင်းတူကြပေမဲ့ ကြီးပြင်းကြတာခြင်း မတူညီကြပါ။
ဥါဏ်ကောင်းတဲ့သူရှိ သလို ဥါဏ်ထိုင်းတဲ့သူတွေ ရှိကြတယ်။ စိတ်ထားကောင်းတဲ့သူတွေ
ရှိသလို စိတ်ထား ယုတ်ညံ့သူတွေရှိကြတယ်။ ဒါကမွေး ရာပါ (ဇာတိ) လို့ပဲခေါ်ရမယ် ထင်ပါတယ်။
မတူတဲ့ ဇာတိ နဲ့မွေးလာသူတွေကို ရုပ်လုံးဖေါ်ပေးတာကတော့ environment လို့ခေါ်ရမဲ့
(ပတ်ဝန်းကျင်) ပါ။ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ပဲပေါ့။ ကောင်းမြတ်တဲ့ ပတ်ဝန်းကျင် (သို့) မိသားစုအထဲရောက်သွားတဲ့ သူငယ် ဟာ ဘယ်ဟာကို တန်ဖိုးထားရမယ် မထားရဖူး ဆိုတဲ့ Value System နဲ့ အမှားအမှန်ကိုဖေါ်ထုတ်ပေးနိုင် တဲ့ Principle တို့ကို ပတ်ဝန်း ကျင် က သင်ကြားပေးပြန်တယ်။
ဥပမာ -ယဉ်ကျေးသိမ်မွေ့တဲ့ ပတ်ဝန်းကျင်ရောက်သွားတဲ့ လူငယ်တဦးဟာ ကြမ်းတမ်း ခက်ထန် တဲ့စကားတွေနဲ့ ဆဲရေးတိုင်းထွာနေရင် ၀ိုင်းအကြည့်ခံရမယ် သတိပေးခံရမယ် နောက်ဆုံး အပြစ်ပေး ခံရမယ် ဒါဆို ဆဲရေးတိုင်းထွာခြင်းဟာ မပြုအပ်တဲ့ အမူအကျင့် ဆိုတာ (အသိ) တရားရှိ ပြီး (သတိ) ရှိသွားပေမပေါ့ ငယ်စဉ်ကနေခဲ့တဲ့ကျောင်းမှာ ဆဲ ဆိုတာမိရင် လျှာကို ဆပ်ပြာနဲ့အဆေးခံရတာ ကြီးမှ ကျေးဇူးတင်မိတော့တယ်၊။
မိမဆုံးမ ဖမဆုံးမ လူငယ်တွေအတွက် ကတော့ ဒီ (အသိ) ကို မရခဲ့ရင် လူရိုင်း ဘ၀ ရောက်ပြီး လူကြီးဘ၀ရောက်လည်း ရှက် ရမှန်း မသိနိုင်ကြ ပြောမရ ဆိုမရ တောင်းပန်လည်းမရ တဲ့လူရိုင်း လူရမ်းကားတွေ ဖြစ်လာကြတာပေါ့
ဒုတိယအရွယ် ပညာရှာကြတော့ ပညာက (အသိ) တရားကိုပေးပြန်တယ် ဒါလုပ်ရင်
ဒါဖြစ်မယ် ဒီလိုမပြောသင့် မဆိုသင့် ဒါကယဉ်ကျေးတာ ဒါကတော့ မိုက်ရိုင်းတဲ့ အပြု
အမူ စသည်စသည်ဖြင့် လူ့အသိုင်းအ၀ိုင်းရဲ့ ပညတ်တွေကို သင်ကြားတတ်မြောက် ကြပြန်
ရော ပညာက…… (အသိ) …အသိ က တဆင့် (သတိ) တရားကို……. ပေးပြန်တယ်။
တတိယအရွယ် မှာသင်ကြားတတ်မြောက်ထားတဲ့ အသိ သို့ ပညာ နဲ့ (လူ) လုပ်ကြဖို့
(ဥစ္စာ) နဲ့ (အတွေ့အကြုံ) ရှာကြရပြန်တယ် ပတ်ဝန်းကျင်က တခါ ဆောင်ရန်-ရှောင်ရန်
Do(s) & Don’t(s) တွေကိုကြပ်မတ်ပေးသွားပြန်တာပေါ့
အမေရိကားမှာ အလွန်တော်တဲ့ သူတွေရှိသလို (၃)ဒေါ်လာအတွက် လူသတ်တဲ့ လူမိုက်
လူရမ်းကားတွေလည်းရှိပါတယ်။ အမေရိကားမှာ နေထိုင်တိုင်း အထင်ကြီးစရာမရှိပါ အမေ
ရိကားမှာ physically နေထိုင်သော်လည်း စိတ်ဓါတ် အကျင့်အကြံ အပြောအဆို အတွေး အခေါ်
က မိမိလာရာ ဇာတိ အတိုင်းနေ ထိုင်ကြသူတွေ အမြောက်အမြား ရှိကြပါတယ် အဖြူတွေကလည်း
လက်မခံ ဗမာတွေနဲ့လည်း အကြောမတဲ့ရင် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ဆိုသလို ….. ၀ိုင်းဖွဲ့နေကြရရှာတာပါ..
အသက်(၃၀) ကျော်မှ ဆရာဝန် ထလုပ်ချင် လို့မရ သလို အင်၈ျင်နီယာကြီး ဖြစ်ချင် တယ်ဆိုပြီး ထ စိတ်ကူးယဉ်လို့
မရပါ ငယ်ငယ် ရွယ်ရွယ် ကတည်းက ခြေခံပညာတွေ စည်းပူးခဲ့ပြီးမှ professional ပညာတွေ စည်းပူး ရပါတယ်။
B.S.ဘွဲ့တောင် မရသေးပဲ…. ငါ …ပါမောက္ခ ချုပ် (Dean) ဖြစ်ချင်လိုက်တာလို့ တွေးလို့ပင် မရပါ။
ဒါကြောင့် ပညာ တွင်မက ဥါဏ်ပါ နဲ ပြီး ဗီဇ မကောင်းသူတွေဟာ ဂိုဏ်း သမား (gangster) တွေ mafia တွေ ဖြစ်ကုန်ကြတာပေါ့။
နိုင်ငံရေးဟာလည်း လူအသိုင်းအ၀ိုင်းရဲ့ အဆက်ဖြစ်တာကြောင့် နိုင်ငံရေး နယ်ပယ်မှာလည်း ဒီလိုမိုက်တွင်းနက်သူတွေ ရှိပါတယ်။
အထူးသဖြင့် village idiot မြို့တက်လာရင် ဒီဘ၀ကြုံတတ်ကြပါတယ်
အသက် (၃၀) ကျော်မှ ပညာတပိုင်းတစ နဲ့ ခုန်ချ ခဲ့သူအဖို့ စူရှီလိပ်ချင်လိပ် မလိပ်ရင်
ကြိုက်တာယူပါ ၂ကျပ်ခွဲ ဆိုတဲ့ minimum wage အရောင်းစာရေးဘဲ ရတော့မပေါ့
ဒီလိုအရောင်းစာရေးဆိုတာကလည်း လူငယ်လေးတွေ ကျောင်းတက်ရင်း ခဏ၀င် လုပ်ကြတဲ့အလုပ်မျိုး ပေကိုး မိမိ ကတော့
ရာသက်ပန်လုပ် ရဖို့ ကိန်းဆိုက်ရင်တော့ တခြားအောင်မြင်သူတွေနဲ့ ယှဉ်လိုက်ရင် ရင်နာစရာပေပဲ……….
ဗမာတွေ RIT အာအိုင်တီ ပြောကြလွန်း လို့ Rochester Institute of Technology (RIT)မှာ အင်ဂျင်နီးယားလင်း သွားတက်တော့ အခြေခံ မပါလာတာကတကြောင်း ဥါဏ်မမှီ တာက တကြောင်းမို့ စာမေးပွဲ အလီလီကျ အဆင့်မမှီ တာကြောင့် ကျောင်း အတုတ်ခံ ရပြန်တယ်
အမေရိကန်နိုင်ငံမှာ ငွေချေးရလွယ်တာမို့ အံခဲပြီးငွေချေး နိုင်ငံရေး သိပ္ပံ တက်ပြန်တယ်။
ဒီတခါတော့ ဟုတ်ပီ ဆိုပြီး မိမိထက် ဥါဏ်နဲတဲ့ လက်ဝဲစွမ်း တာလီဖန် လေးတွေကို ဖြီးဖျန်းလို့ ဒုတိယအိမ် ဆိုတာကို (၂ယောက် တပိုင်းနဲ့) ထောင် ကျောင်းသင်္ခမ်းစာထဲ့ က သင်ရသမျှကို အဟုတ် ကြီးလုပ်ပြီး တခါပြန်ဟော ပြန်ရေး နဲ့ ဘ၀င်လေဟပ် ပြီး စိတ်အာသာ ဖြေနေရရှာတာပေါ့
လူအထင်ကြီးအောင် လက်လှမ်းမမှီပေမဲ့ သ္ခင်တင်မြ နဲ့ မောင်စူးစမ်းတို့ ကို ဝေဖန်စာတွေ
ရေး…. နံမည် ရှိသမျှသူ တွေကို နံမည် ရအောင် နာနာဆဲပေး ငါသိတယ် ငါတတ်တယ် ဆိုပြီး
မဆီမဆိုင် ဟို သီအိုရီ ဒီ သီအိုရီ တွေယူလာ နဲ့ ဆရာကြီး ဂိုက် ဖမ်းနေရရှာတာပါ
အမှောင်လွှမ်းနေတဲ့ ချီတွင်းထဲက လောက်တွေ အတွက်ကတော့ မဟာပညာရှင် ကြီးပေါ့
မဲမှောင်နေတဲ့ ချီးတွင်းအထဲမှာတော့ ပိုးစုန်းကြုး ဟာ အလင်းရောင်ပေါ့ အမေရိကားက
ဘွဲ့လွန် ရထားသူတွေ ပါရဂူဘွဲ့ ရထားသူတွေ professional တွေ ပါမောက္ခချုပ် တွေ
တွက်ကတော့ အထင်ကြီးခံရအောင် ရေးနေတာတွေ ပို့ချနေတာတွေဟာ (၁၀၁) လို့ ခေါ် တဲ့
Introductory အဆင့်ပဲ ရှိတာကို သိကြတယ် သရော်ပြုံး ပြုံးကြတယ် ဒါပေမဲ့ ပညာ တတ်တွေပီပီ
သိက္ခာထိန်းပြီး အရှက်မခွဲကြပါဖူး
ဒုတိယအိမ် ကထွက်သမျှ စာတွေကို ဖတ်ကြည့်ရင် ဒီလူကဒီလိုဆိုပါသည် ဒီစာအုပ်က ဒီလို ဆိုပါသည် ကလွဲလို့ မိမိ၏ဝေဖန်ပိုင်ခြားမှု
အဆင့်မြင့် Analysis နှင့် ကိုယ်ပိုင် အတွေးအခေါ် မတွေ့ရပါ ... Comparative analysis ဆိုတာတော့ အဝေးကြီးပါ.... အမှန်က ပါရဂူ
အဆင့်ဆို တာတောင် အဆင့်မြင့်တဲ့ အခြေခံလောက်သာ ကျောင်းက သင်ပေး လိုက်တာပါ တကယ့် အလုပ်ကမှ လက်တွေ့
ပညာနဲ့ ဗဟုသုတ ကို ဖြည့်စည်းပေး တာပါ
အသက် (၄၀) ကျော်မှ ကျောင်းပျော်ကြီး ခမြာ (၁၀၁) အဆင့်မှာ စီအေတီ(ကက်) ဘီိအေတီ (ဘက်) လုပ်နေရတုန်း ဆိုရင် ဘယ်အရွယ်
မှာ အလုပ်ရှာ ရတော့မှာလည်း? အသက် (၄၀) ကျော်မှ resume မှာ စူရှီလိပ်ဖူးပါသည် အရောင်းစာရေးလုပ်ဖူးပါသည် ကလွဲလို့ ဘာအ
တွေ့အကြုံ မှမပြ နိုင်ရင် ကျောင်း က ပူပူနွေးနွေး ထွက်လာတဲ့ (၂၀) ကျော်လေး တွေနဲ့
ဘယ်လိုယှဉ်နိုင် မှာလည်း? (၄၀) ကျော်မှ ကျောင်းတက်….. (၅၀) နီးမှ entry level အလုပ်
ဝင်လျှောက်ရင် ဘယ်သူက ငှါးမှာတဲ့လည်း?.... ရခဲ့ရင်လည်း…..(၂၀) ကျော် ဘော့စ် က အဖိုးကြီး ကော်ဖီ
ယူခဲ့စမ်း ဆိုပြီး ခိုင်းမှာကို မျက်စိထဲ မြင်နေမိတယ် ……..
ဒါက ပကထိ နေအထား အမှန်ပါပဲ
စာဖတ်သူများ - အထူးသဖြင့် လူငယ်လေးတွေ ကို သတိပြုစေ ချင်တာက
(၁) ဗီဇ နဲ့ ဇာတိ
(၂) ပတ်ဝန်းကျင်
(၃) အတန်း ပညာက (အသိ) နဲ့ (သတိ) ကို ပေး
(၄) အလုပ် က အတွေ့အကြုံ နဲ့ ဗဟုသုတ ကို ပေး
ဒါတွေကို အားလုံး စုပေါင်း လိုက်တော့မှ ဘ၀အတွေ့အကြုံ က Wisdom လို့ခေါ်ရမဲ့
(အလိမ္မာ) ကို ပေးတာပါ
အရွယ်လွန်ပြီး ဘ၀မှာ ဟိုမရောက် ဒီမရောက် နဲ့ မို့ ပညာလည်း မပြီး ဥစ္စာလည်း မရှာနိုင်သေး လက်တွေ့ ဗဟုသုတ က နတ္ထိ ဗလာ မို့
(အလိမ္မာ) ကင်းလွှတ် နေတာကို နားလည် ပေးကြပါ …………
ဘ၀မှာ မပြည့် စုံရင် ဟို့လူ့ ကိုပြိုင်ရ မလို ဒီလူ့ကို ပြိုင် ရမလို ဖြစ်ပြီး လူတကာကို စိတ်ဆိုး
မနာလို ဖြစ်ပြီး မိမိ ဘ၀ကို မကျေနပ် စိတ် ဂရောင်ခြောက်ခြား ဖြစ်တတ်ပါတယ် စိတ်ဓါတ်တွေကျ ပြီး Depression ကနေ Inferiority complex
ဝင်လာတတ်ပါတယ်.. ဒီကမှsuperiority complex ကို ကူးသွားပြီး ငါသာ လျှင် မှန်တယ် သိတယ် ငါ့ပါတီ ငါ့ခေါင်းဆောင် တွေသာ အကောင်း ...
မဝေဖန်ကြနဲ့ မဆော်ကားနဲ့ မင်းဘာကောင်လည်း ဆိုပြီး ကလော်ကလော် ဆဲကြတဲ့ သူမျိုး တွေ ထောင် ထဲမှာ တွေ့ဖူးကြုံဖူး ကြမှာပါ
တဖက် က ပြန်ကြည့် ရင် သနားစရာပါ……….
တဖက် က လည်း မပြည့်တဲ့အိုး ဘောင်ဘင်ခပ်တယ် ဆိုသလို (ငါ) နှင့် (ငါ) သာ နှိုင်းစရာ မရှိ ဆိုတဲ့ (မာန) တက်နေပုံရတယ်….
ငါ) ဆိုတဲ့ စိတ်ဆင်ရိုင်းကို ထိန်းစရာ ပညာ (ချွန်း) မရှိ လေ တော့ ….မာနစိတ် ကို မထိန်းနိုင်….. ငြင်းဆိုစရာ အချက်အလက် ကလည်း မရှိ
ပြန်တော့ ဗီဇ နဲ့ ဇာတိ ပေါ်လာပြီး ညစ်ညမ်း တဲ့ စကားတွေ… နားမခံသာတဲ့ စကားရိုင်းတွေ နဲ့ ကလော် ကလော် ဆဲဆို ကြတာ
လူမိုက်တွေ ရဲ့ လုပ်ရိုး ဓမ္မတာပါ
ဒေါင်းယောင် ဆောင်တဲ့ ကျီးလို ကာယသမားက ဥါဏသမား အယောင်လာဆောင် တာ
ပေါ်သွားတာပေါ့ …… ကိုယ်က တဖက်ကို တိုက်ခိုက်ရရင်တော့ အကောင်း…. ကိုယ်ပြန်အတိုက် ခံရ တော့ မခံနိုင် …..
EIQ zero ဆိုတာ လူပုံအလည် မှာဗူးပေါ်သလို ပေါ်သွားတာပေါ့ …….
လက်ရှိ အဖြစ်က လမ်းပေါ်က (အရူး) က (၁၀) ထပ်တိုက် ပေါ်က လူ ယဉ်ကျေးတွေ
ကို လုံချည် လှန်ပြ ရင်း အားမရ နိုင်လို့ … မိမွေး ဖမွေးအတိုင်း ချွပ်ပြီး မကြားသာ မမြင်သာ ဆဲပြ နေတာပါ………
နဂို ဗီဇ ဇာတိတွေပြ နေရှာ တာပါ ……. ယိုသူမရှက် မြင်သူရှက်စရာပါ
တိုက်ပေါ်က ပညာတတ် လူယဉ်ကျေးတွေအဖို့ ပညာ အထိန်းအကွပ်ရှိတာကြောင့် …..ပြိုင်မမိုက်နိုင်ကြ…..အပြုံးမပျက်ကြပါ……. ပဒုမ္မာ ကြာရွက်အပေါ် ရေမတင်သလို…… မဟုတ်မဟပ်…လုပ်ဇာတ်တွေကို နာစရာ မရှိပါ …………
ဘွဲ့မရသေးဘဲ ဆရာကြီး အယောင်ဆောင် စူရှီ သမား ဒုတိယအိမ် ပိုင်ရှင်သာ မော ရင် ရပ်
…… ဆက် ဆဲ ရင် အရပ်က ဘ၀အမှန် ကို သိကြ ပါလိမ့်မယ်
လူလိမ် ဆိုတာ ကမ္ဘာက သိသွားတာပေါ့…….. အရှုံး မရှိပါဖူး…..
ရာဇ၀င် အချက်အလက် နဲ့ တကယ့်ဖြစ်ရပ် တွေ ကိုမှီပြီး…ကလိန်ကကျစ် လုပ်နည်း … trend ကိုတင်ပြလာတော့ အနာပေါ် ထုတ်ကျ သလို နာရှာတာကိုး ………
အလံနီ အလံဖြူ အကွဲမှာ အလံနီ ဆရာကြီး က လက်သံပြောင်ပြောင် တွယ်ခဲ့တာ ရာဇ၀င် က ဖယ်မရတဲ့ အမဲစက် ကြီးပါ………..ပြန်ဖေါ်ပြသူ ကို အပြစ်တင်ချင်သေး…. ခုတိ နာကြ သေး တယ်ကိုး………..
(၈၈၈၈) ပြီးမှ မွေးကြတဲ့ လူငယ် လေးတွေ ….. (၂၀) ကျော် လူရွယ် လေးတွေ….
(အရူး) တယောက် လမ်းပေါ်မှာ ဂရောင်ခြောက်ခြား ဆဲ ဆိုမိုက် ရိုင်းနေတာ ကို တွေ့မြင်….
ရပြီး …. လူမိုက် လမ်းကို ရှောင် နိုင် ရင် ဒို့ အားလုံး (အမြတ်) ထွက် ပါတယ်
ပညာတတ် တိုင်းလည်း တော်ရမည် ပညာမတတ်တိုင်း လျှော့် မည် လို့ လှေနံဓါးတစ် မယူဆ စေချင်ပါ…..ပညာမပြီးသော် ငြားလည်း ပညာ ပြည့်သူတွေထက် ထူးချွန် အောင်မြင်နေ သူတွေ အမြောက်အမြားရှိ ကြပါတယ် ဒီလူတွေကို လေ့လာရင် အလုပ်ထဲ ရောက်ပြီး အလုပ် က သင်တာကို လွယ်လွယ်နဲ့ သဘောပေါက် ပြီး အရည်အချင်းရှိ သူတွေဖြစ်ကြတာ ကို တွေ့ရ ပါလိမ့်မယ် ……..ပင်ကိုယ် အရည်အချင်း နဲ့ ကြိုးစားမှုရှိ ကြတယ်…..
ရွှေထီး ကို ကြည့်….. ရောက်တာနဲ့ Cornell မှာတက်ပြီး ဘွဲ့ တန်းရခဲ့တယ်…..ရွှေထီးနဲ့ အတူ Patent Office မှာအလုပ်လုပ် နေတဲ့ ရဲမြင့် ဆိုရင် ဘွဲ့လွန် အပြင် ပါရဂူ ရလုလု အခြေ ရောက်နေ ပြီ……. ဒါ ၈၈၈၈ က လူငယ် တွေပဲ….. အခြေခံ အရည်အချင်း ရှိပြီး
ကြိုးစားမှုရှိ လို့ ရလဒ် ရှိတာပေါ့….(ဂဂဂဂ) တွေအတွက်လည်းဂုဏ်ယူစရာပေပဲပေါ့ …. အမေရိကားရောက် တာ ဆယ်စုနှစ် နီးလာသော် ငြားလည်း ဘွဲ့ လေးတခုတောင် မရနိုင်သေး……. ဦးညွန့်ရွှေ တို့လည်း ဘွဲ့ တခုရှိပြီးသားမို့….. (၂)နှစ်နဲ့ ဘွဲ့လွန် ရပြီ…
ဒုတိယအိမ်…..အင်တာနက်ပေါ်မှာ လူတွေကို နှိပ်စက်လာတာ……နှစ်တွေကြာခဲ့ပြီ….
(၁၀၁) အခြေခံက Basic…..မတက်သေး…ကျောင်းစာသင်ခမ်းထဲကမထွက်ရသေး…..
နောက်ဆုံး အရင်းစစ် လိုက်ရင် ဗီဇအခြေခံ ကို က ဥါဏ်နဲပြီး…….. ကြိုးစားမှု..နဲ…လို့ဆို တာရှင်းနေပါတယ်………
သြော်…ဗီဇ..ဗီဇ…. မွေးရာပါ…ဗျောက်မရ……ပြင်မရ….ကံနှင့်ကံ..ရဲ့ အကျိုးတရား.. ပေပါပဲလား….ဗုဒ္ဓတရားတွေ…မှန်လှချည်လားနော်……..
ယဉ်ကျေးမှုကို လိုလားတောင်းပန် သူများကို ကျေးဇူးတင်လျက်
(မှတ်ချက်။ ပညာတတ် မာန ရှိတယ်လို့ စွပ်ဆွဲ တိုက်ခိုက် လာရင် ခံရမှပါပဲ…သို့သော်
နိုင်ငံတိုင်းမှာ….ကောလိပ်ကျောင်းသား နဲ့ ဘုန်းကြီးကျောင်းသား ပြဿနာ ရှိပါတယ်…
လွပ်လပ်ရေးခေတ်ကလည်း ရှိခဲ့တယ်….တရုတ်ပြည်ကြီးမှာလည်း…. ယဉ်ကျေးမှုတော် လှန်ရေးကာမှာ..ပညာတတ်တွေ အသတ်ခံရခဲ့တယ်…. ချူအင်လိုင်း လိုပုဂ္ဂိုလ်မျိုး ရှိလို့ သာခံသာတာပါ……တော်လှန်ရေးကာလမှာ တော်လှန်ရေးသမားတွေ လိုပြီး….တိုင်းပြည်
ထူထောင်ရေးကာလမှာ….ပညာတတ်တွေလိုပြန်ရော……နောက်မှ.. အချိန်ယူ..ဆွေးနွေး
သင့်တဲ့ ပြဿနာ တခုပါပဲ…..)
***gwet htaw***
နောက်တနေ့နံနက် စော စော မှာ ချန်ပီယံလိဂ် ကြည့်ကြစို့
**1April* ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲစဉ်များ ***
01:15Am အာဆင်နယ် - ဘာစီလိုနာ
01:15Am အင်တာမီလန် - CSKA မော်စကို
မှတ်ချက်။ ။ အထက်ပါအချိန်များသည် မြန်မာစံတော်ချိန်များဖြစ်သည်။
31Mar, 10 //ကာရန်ံပုတီးကုန်းကလေး
**အဖိုးအိုတစ်ယောက်
တောင်တွေး မြောက်တွေး
နောင်ရေး နောက်ရေး
ယလောင်တောင်ဝှေး တဒေါက်ဒေါက်နဲ့
လမ်းလျှောက်လို့ နေခဲ့တယ်….။
**အမှိုက်ပုံတွေ့ ဆိုက်စုံတွေ့
ကွေ့ကာ ရှောင်ကာ
တောင်ယာခင်း အစပ်နား
ပတတ်များ ဖွတ်များ
ထွက်လာမလား တစောင့်စောင့်
ပန်ခြံထောင့်မှာ ပန်းရောင်စုံ
အရုဏ်ရောင်နဲ့ အလှဆုံးပွင့်
နေမမြင့်ခင် ဆွမ်းခံရဟန်း
တစ်လှမ်းချင်းကြွ မျက်လွှာချ
တဘက် ပ၀ါစကလေးနဲ့ ဆွမ်းလောင်း
အမျိုးကောင်း သမီးငယ်တို့
ကြည်နူးဖွယ် ဣနြေ္ဒဆင်လို့
ကျောင်းအ၀င် လမ်း
ထနောင်းပင်တန်းကလေးမှာ
စာကျက်တမ်း ကစားနေကြတဲ့
ကျောင်းသားငယ် တသိုက်
`လူမိုက်ဆိုရင် ရှောင်သွေလွှဲလို့
မမှီဝဲနဲ့ ကင်းအောင်နေ
ပညာရှိကို အရှည်တွဲလို့
မှီဝဲဆည်းကပ် နည်းယူစေ´ဆိုပြီး
ပညာအောင်မြေ နင်းခဲ့တယ်….။
**စက်ရုံများ၊ အလုပ်ရုံများ
တံတားအနီးမှာ ဘုရားကြီးမှာ
ကားစီးကာ လမ်းလျှောက်ကာ
ဥသြသံ နားစွင့်ကာနဲ့
အလုပ်ခွင်ကို လာကြတယ်….။
**အဖိုးအို တစ်ယောက်လဲ
ကော်ဖီဟောက်စ်မှာ ဖျော်ရည်သောက်ကာ
တောင်ဝှေးထောက်ရင်း လမ်းလျှောက်ရင်း
သီချင်းသံ တအေးအေးနဲ့
အိမ်ကလေးရှိရာ ပြန်ခဲ့တယ်….။
အိမ်အပြန်မှာတော့
ကာရန်ပုတီးကုံးကလေး သီကုံးလို့….။ ။
*** တင်မိုး ***
(၄- မတ် ၁၉၉၉- ကြာသာပတေးနေ့ နံနက်ခင်း)
Tuesday, March 30, 2010
မြန်မာအစားအစာများတင်ဆောင်လာသည့်ကားအားထိုင်း၇ဲဂိတ်မှဖမ်းဆီး
**(မတ်လ ၃၀၊ကိုတီး-ရခိုင့်တံခွန်ဂျာနယ်)**
မဲဆောက်မှ မဟာချိုင်သို့ မြန်မာအအစားအစာများတင်ဆောင်လာသည့်ကုန်တင်ကားအား၊ကန်ဖေဗစ်ရဲဂိတ်
တွင်ဖမ်းဆီးလိုက်သည်။
ယမန်နေ့ ညနေ ၅နာရီခန့် ကမြန်မာအစားအစာများကာလတန်ဖိုးဘတ်ငွေငါးသိန်းဖိုး တင်ဆောင်လာသည့်82-4895
ဟ:ီနိုး၆ဘီး ကားတစ်စီးအား ထိုင်းရဲများကသိမ်းဆည်းလိုက်သည်။
ထိုင်းရဲများက ကန့် သတ်ကုန်ပစ္စည်းများနှင့် အခွန်မဲ့ ပစ္စည်းများအဖြစ်ဖမ်းဆီးခြင်းဖြစ်ကြောင်း ထိုင်းရပ်သတင်းစာတွင်ဖေါ်ပြထားသည်။
မဲဆောက်အထွက်တွင် သက်ဆိုင်ရာ ဂိတ်က စစ်ဆေးလိုက်သော်လည်း ကားတစ်စီးလုံးကို မိုးကာဖျင်များ
ဖြင့် သေချာစွာစည်းနှောင်ထားသည်။ သင်္ကာမကင်းသဖြင့် ကန်ဖေဗစ်၇ဲဂိတ်သို့ အကြောင်းကြားခဲ့သည်။
ကားမောင်းသူ၏ထွက်ဆိုချက်အရ တစ်လကို ၂ကြိမ်စီမဲဆောက်သို့ သွားရောက်ပြီးမြန်မာအစားအစာများ
တင်ဆောင်လေ့ရှိကြောင်း၊ ကားမောင်းခအဖြစ် တစ်ခေါက်ကိုဘတ်ငွေ၁၅၀၀ စီရကြောင်းပြောသည်။
မြန်မာအစားအစာများတင်ဆောင်လာသည့်ကားနှင့်ကားပေါ်တွင်ပါလာသည့် ပစ္စည်းများအပြင်ကားမောင်သူကို
ပါ ကန်ဖေဗစ်ရဲစခန်းတွင်ဖမ်းဆီးထားကြောင်းသိရှိရသည်။
ထိုင်းနိုင်ငံအတွင်သန်းချီရှိသော မြန်မာအလုပ်သမားအရေအတွက်၏စားသောက်ကုန်လုပ်ငန်းဈေးကွက်
မှာသေးငယ်သောအလုပ်တော့မဟုတ်ချေ။တရားဝင်ရောင်းချခွင့်မရှိသော်လည်း မြန်မာများနှင့်မြန်မာအစား
အစာများမှာ ထိုင်းနိုင်ငံအနှ့ံ နေရာတိုင်းတွင် အလွယ်တကူဝယ်ယူရရှိနိုင်သည်။ထိုင်းတနိုင်ငံလုံးရှိ မြန်မာ
ဈေးဆိုင်ရောင်းသူတို့ မှာ နယ်မြေထိုင်း၇ဲများအားလစဉ် တရားမ၀င်ကြေးများပေးသွင်းပြီးမှရောင်းချကြ
ရကြောင်း မြန်မာဈေးဆိုင်ပိုင်ရှင်များကပြောသည်။
နောက်တနေ့နံနက် စော စော မှာ ချန်ပီယံလိဂ်နဲ့ လန်းကြဦးမလား…
31Mar,10* ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲစဉ်များ ***
01:15Am ဘိုင်ယန်မြူးနစ် - မန်ယူ
01:15Am လိုင်ယွန် - ဘော်ဒိုး
မှတ်ချက်။ ။ အထက်ပါအချိန်များသည် မြန်မာစံတော်ချိန်များဖြစ်သည်။
လူထုကျန်းမာရေး (သန့်ရှင်းသော သောက်သုံးရေနှင့် ကျောက်ကပ်ကင်ဆာ)
*** Public Health ***
**သန့်ရှင်းသော သောက်သုံးရေကို အပြည့်အ၀သောက်သုံးပါက အသည်းနှင့် ကျောက်ကပ်ကင်ဆာများ ကာကွယ်နိုင်ဟုဆို **
သောက်သုံးရေသန့်ကို ခန္ဓာကိုယ်အတွက် အပြည့်အ၀ မသောက်သုံးပါက အသည်းကင်ဆာနှင့် ကျောက်ပ်ရောဂါများ ဖြစ်ပွားရန် အခွင့်အလမ်းများကြောင်း ဗြိတိသျှဆေးသိပ္ပံပညာရှင်များက သတိပေးလိုက်သည်။ ခန္ဓာကိုယ်အလေးချိန်ပေါင် ၁၅၀-ခန့် ရှိသော လူတစ်ဦးသည် တစ်နေ့လျှင် သောက်ရေသန့် ၈-အောင်စခန့် သောက်သုံးသင့်ကြောင်း၊ သို့မှသာ အသည်း၊ ကျောက်ကပ်နှင့် ခန္ဓာကိုယ်အတွင်း သွေးစီးဆင်းမှု မှန်ကန်စေပြီး ပုံမှန်လုပ်ငန်းများ လုပ်ဆောင်နိုင်မည်ဖြစ်ရာ စနစ်တကျရေသောက်ရန်
လိုအပ်ကြောင်း ၄င်းတို့က ပြောကြားသည်။ ထို့အပြင် ပေါင် ၁၅၀-ကိုယ်အလေးချိန်ရှိသူတစ်ဦး၏ ခန္ဓာကိုယ်တွင် ရေသို့မဟုတ် အရည် ၁၀-ဂါလန်ခန့် ရှိနေရမည်ဖြစ်သည်။ ယင်းထက် လျော့နည်းနေပါက ကျန်းမာရေးချို့ယွင်းနိုင်ပြီး အပူဓာတ်ကြောင့် ဖြစ်တတ်သည့် ရောဂါများဖြစ်ပွားစေနိုင်သည်ဟု သိရသည်။ ထို့ကြောင့် သန့်ရှင်းသော သောက်ရေသန့်ကို နေ့စဉ်ပုံမှန် သောက်သုံးခြင်းဖြင့် ဆိုးရွားသော ရောဂါများမဖြစ်ပွားရန် ကာကွယ်နိုင်ကြောင်း ဗြိတိသျှ ဆေးသိပ္ပံပညာရှင်များက ပြောကြားသည်။
(အင်တာနက်)
စက်ရုံ…
*** ခန္ဓာအိမ် ၀မ်းဗိုက်ကြီးထဲက
ဘယ်လိုအစာမျိုးနဲ့ အန်မထုတ်နိုင်တဲ့
အသံတိတ် ခေါင်းတိုင်မရှိ၊ မီးခိုးမထွက်
`စက်ရုံ´ဆိုတဲ့ အမည်နဲ့ တွင်ကျယ်နေခဲ့တယ်
သူ့ရဲ့ အရှင်သခင် `ဂျိမ်းစ်ဝပ်´ကို တွန်းဖယ်ပြီး
`ဒီဇယ်´ ၀င်လာကတည်းက
သူဟာ မီးခိုးတိတ်သွားရပါသတဲ့
ဝတ်စုံဆိုတာကည်း ဥရောပ ဆန်ဆန်
တစ်ယောက်စ နှစ်ယောက်စ
အဲဒါကလွဲရင်
ပုဆိုး အင်္ကျီ ဆီချေးပရပွနဲ့
အရပ်သား ဆန်လှချည်ရဲ့
စာပေဂီတ အနုပညာ ဆိုတာတွေထက်
လက်ဗွေနှိပ် လစာကို
ရည်းစားလို မျှော်မျှော်နေတတ်တယ်
ဖြတ်သန်းမှုတွေ အင်တာဗျူးရင်တော့
မျက်ကွင်းဟောက်ပက် မျက်နှာတွေ ကိုယ်စား
အထက်တန်းစား ဂိုက်ဖမ်းနေတတ်တယ်
နေထိုင်ရပ်တည်ရေး တီးခေါက်ကြည့်တော့
အံကြိတ်ရင်း သက်ပြင်းချ
ဂေါ်ကီရပ်ကွက်ကို လက်ညှိုးထိုးပြတတ်တယ်
တကိုယ်ရည် ကျန်းမာရေးကိစ္စ ဆွေးနွေးရင်
အူမကြီးရောဂါ အကြောင်း
ကောင်းကောင်းကြီး ပြောပြတတ်တယ်…..။
*** တခါတရံ
အင်ဂျင်စက်သံတွေ ဆူရင် ခေါင်းထဲ
တစ္ဆေကောင်တွေလို ညည်းညူ နေတာကိုလည်း
မသိချင်ယောင် ဆောင်နေတတ်တယ်
သူ့ဝပ်ကျင်းထဲက စရိုက်အထွေထွေ
ဇာတ်ဆောင်တွေအကြောင်း ပြောပြီး
လိပ်ပြာ မလုံဘူးလို့လည်း ဆိုပြန်တယ်….။
*** ဒီလိုနဲ့ ခုချိန်ထိ
အသံတိတ် ခေါင်းတိုင်မရှိ၊ မီးခိုးမထွက်
`စက်ရုံ´ဆိုတဲ့ အမည့်နဲ့ သူကတော့
အသက်ရာကျော် ဘိုးသက်ရှည် ဖြစ်ခဲ့ပြီ….။
*** နီဇော် (ပျဉ်းမနား) ***
မှတ်ချက်။ ။ သည်းထိပ်ရင်ဖိုမဂ္ဂဇင်း ၂၀၀၄-ခုနှစ်၊ ဖေဖော်ဝါရီလ ထုတ်မှ ကူးယူဖော်ပြသည်။
30 Mar, 10 // နိုင်ငံရေး လက်ဝါးကြီးအုပ်လိုမှူ့ တိုက်ပွဲ များ
တော်လှန် သူ အများစု ဟာထက်မြက် သွက်လက် ခြင်း ၊ မဟုတ်မခံ စိတ်ရှိခြင်း ၊ အများအကျိုးကို
ဆောင်ရွက်သယ်ပိုးလိုခြင်း စတဲ့ ကောင်းမြတ်တဲ့ အရည်အခြင်း တွေနှင့် စတင် တော်လှန်ကာစမှာ
ရိုးသား ရဲရင့် ခဲ့ ကြ ပြီး အာဏာရှင်ကြီးများ ရဲ့ မတရားမူ့ များ ရက်စက် ယုတ် မာ မူများကို မခံ ချင်
စိတ် နှင့် အတူ စတင် တော်လှန် ခဲ့ ကြ ပေမဲ့  အချို့ သော တော်လှန်သူ များ ဟာ တော် လှန် ရေး
သက်တမ်း ကာလ ကြာမြင့်လာတာနှင့် အမျှ မသိမသာ အာဏာရှင်စိတ်ဓါတ် မျိုး မိမိ ကိုယ်ထဲ့ မှာ
စတင်ကိန်းအောင်း ကြီးထွား အမြစ် တွယ် လာတတ်ကြပါတယ် ။
ဒါဟာကျွန်တော်တို့ တော်လှန်ရေး သမိုင်းတလျှောက်လုံးရဲ့  ၊ နေရာတိုင်းလိုလိုမှာ အဓိကတွေ့ ကြုံ
ရလေ့ ရှိ့ တဲ့ နှေင့် နှေး ကြံ့ ကြာ မူ့ တွေ အဟန့် အတား တွေပဲ ဖြစ်ပါတယ် ။မိမိရဲ့ အောင်မြင်မူတွေ
ပေါ်မှာမသိစိတ်မှ မသိမသာစိတ်ကြီးဝင်လာခြင်း ၊ သူတပါးရဲ့ လုပ်ဆောင်မူ့ တွေ အပေါ် မှာမသိ မ
သာ အသိအမှတ် မပြုလိုတော့ခြင်း ၊ မိမိနှင့်ဆုံး ဖြတ်ချက် သဘောထားခြင်းအမြင် မတိုက်ဆိုင်သူ
များ အပေါ် မှာ အုပ်စုဖွဲ့ စတင် တိုက်ခိုက်လိုခြင်း ၊ ဆရာမွေး တပြည့် မွေး စနစ်ကို မသိမသာ ကျင့် 
သုံးလာခြင်း ၊ အတွင်း ပတိ ပက္ခ များအပေါ် မှာ ပင် အုပ်စုဖွဲ့ အပြတ် ရှင်းလိုခြင်း စတာတွေကို မိမိ
ကိုယ်ကို ပင် မသိလိုက်ပဲ လုပ်ဆောင်လာမိတာမျိုးတွေ ဖြစ်လာကြပါတော့တယ်.။
အဲ... ဒါပေမဲ့ တော်လှန်ရေး သမားတွေ ဆိုက တည်း က သာ မန်ပြည် သူ တွေ ထက် ထူးခြားတတ်တဲ့ 
စိတ် ဓါတ်အရည်အ ချင်း ကလေးတွေရှိနေလေတော့အခြား ခံရသူ ရှုံးနိမ့် သူ ဖက် ကလည်း အနှေး
နဲ့ အမြန် အနည်း နဲ့ အများတော့ တုန့် ပြန် လက်စားခြေတတ်ကြပါတယ်ခြေလည်းခြေနိုင်ကြပါတယ်။
အချို့ က တော့စစ်အာဏာရှင် စံနစ်ဆိုတဲ့ ဘုံရန်သူကို ပင် မေ့ လျှော့ သွားတတ်ကြပြီး နေ့ စဉ် တော်
လှန်ရေး လုပ်ငန်းဆောင်တာ တွေ ကပါ မ သိမသာ အချင်း ချင်း ကို ပြန်လည် ကလဲ့ စား ချေ လို့ မူ့ 
နေရာတိုင်း အဖွဲ့ အစည်း တိုင်းမှာ မိမိသာဆရာ ကြီး လုပ် လို ပြီး မိမိ သြဇာ အာဏာကြီး မားလို ပြီ့း
နောက်ကွယ် မှကျိုးကိုင် လှုပ်ရှားလို မှူ့  ဆိုတဲ့ အာဏာရှင် တို့ ရဲ့ အကျင့် အတိုင်း မသိစိတ် မှ သိသိ
သာသာပြောင်း လွဲ မှားရွှင်း သွား တပ်ကြပါတယ် ။
ဒီလိုနဲ့ ကျွန်တော်တို့ တ်ေလှန်ရေး သမားဆိုသူ အချို့ ရဲ့  အ စည်း ဝေး တွေ လှုပ်ရှား မူ့ တွေဟာသူ့ 
ထက်ငါ ခေါင်းဆောင်ဖြစ်ရေး ၊သူထက်ငါ နာမည် ကြီးရေး ၊သူ့ အုပ်စု ငါ အုပ်စုသာအနိုင်ရရေး ဆိုတဲ့ 
လွဲမှားတဲ့ လမ်း ကြောင်း တွေကို ပြောင်းသွားပြီး..ဘုံ ရန်သူ ကို တိုက်ခိုက်ရမဲ့ အ စား အ ချင်း ချင်း မ
ပြိးဆုံးနိုင်သော ပညာပြ မူ့ များ ကလဲ့ စားခြေပမူ့ များ ဖြင့် သာတော်လှန်ရေး ထန်း လျှက်လုံးခွေး
လျှက် ဖြစ် ကာ လုံးပါး ပါး လာ တတ်ကြပါ တယ် ။
မဖုံး နိုင် မကွယ်နိုင်သော ထိုဖြစ်ရပ်များ ကို တွေ့ မြင် သတိထားမိကြ သော အေးဆေးသောတော်လှန်ရေး
လုပ်နေသူများ ၊ ပြည်သူများကလည်း ၊ နိုင်ငံ တကာ အဖွဲ့ အစည်း များ ကလည်း တော်လှန်ရေး အပေါ် အ
ယုံ အကြည် မရှိကြတော့ ပဲ တ ဖြည်း ဖြည်း ရှောင်ထွက်သွားတတ်ကြပါတယ် ။
ယခုအချိန်မှာတော့ သတိမမူ ဂူ မမြင် လို့ ပဲ ဆို ဆို ၊ ပညာရှိသတိဖြစ်ခဲ လို့ ပဲ ပြောပြော ဆရာတို့ အား
လုံး အရှိကို အရှိအတိုင်း ရှိုးသားပွင့် လင်း စွာလက် ခံကြ ပြီး မိ မိကိုယ် မိ မိ ပြန်လည် ဆင်ခြင် သုံးသပ်
ကာ အ ချင်း ချင်း လည်း နှစ်ဖက်လှ မူ ( မသိချင်ယောင်ဆောင်နေသေမူ ) ကို ချည့် မကျင့် သုံး ကြ ပဲ
စည်းယုံး ဖျောင်းဖျသော နည်း လက်တွဲ ခေါ် ဆောင် သောနည်း လမ်း များကို သုံးရင်း အပြန် အ လှန်
အပြုသဘော ဆောင် သော အ ကောင်း မြင်ဝါ ဒ များဖြင့် သ တိပေးတိုက်တွန်းနိုးဆော်ဖျောင်းဖျ ကြ
ဖို့အချိန် တန်ပြီ ဖြစ် ကြောင်း အတွင်း သိအဆင်း သိ များ အနေနှင့်  ရိုးသားနိပ့် ချ စွာ ရေး သား တင်
ပြ လိုက် ရပါတယ် ။
တော်လှန်ရေး သစ္စာ ဖြင့် ..
http://canadamyanmar.blogspot.com မှ ကူးယူဖေါ်ပြပါသည်..
( အောက်ပါ ကဗျာကလေးကိုလည်း ကူးယူ ဖေါ် ပြလိုက်ပါသည် )
မစည်းရုံးစေသူသာ
အမှန်တရား
အမှားတရံ
ကျားကန်ငြင်းကြ
ငါအတ္တစွဲ
ငါပဲလူတော်
ထုတ်ဖေါ်ဒဿန
ဖွင့်ဟအတွေးအခေါ်
ဆော်ကြကော်ကြ
ထုကြနှက်ကြ
မရသည့် အဆုံး
ပြုံးဖြင့် ကြိတ်ကြံ
ဟန်ဆောင်အုပ်စုဖွဲ့ 
သူ့ ဖက်ငါ့ ဖက်နဲ့ 
ဦးတည်ချက်တွေလွဲ
အကွဲကွဲအပြားပြား
အင်အားချိနဲ့ 
ဒို့ ရဲ့ ရန်သူ
ဘယ်မှာလဲ ....။ ။
( စိုးမိုးသူ ABSDF )
(ဟင်္သာကိုးသောင်းပျက်စီကြောင်းကို ဖျားရောင်းဟင်္သာမပြုရာတည့် )
(တော်လှန်သတိ၊အတွင်းပတိပက္ခ အပြင်ပတိပက္ခ ခွဲခြားသတိထားကြစေလိုပါသည်။ )
( တော်လှန်သောလူသားများသည်လည်းသာမန်ပုထ္ထုစဉ်လူသားများသာဖြစ်သည့်
အလျှောက် အနဲနှင့် အများအမှားနှင့် အမှန်ရှိကြမည်သာဖြစ်သည် အပြန်အလှန်
နားလည်မှူပေးကြပါစို့  )
Monday, March 29, 2010
မတ်လအတွင်း နိုင်ငံတကာထူးခြားသတင်းများ…
ပါတီမှတ်ပုံ မတင်ရန် NLD ကိုယ်စားလှယ် မျာ်း ဆုံးဖြတ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် များသည် ရွေးကောက်ပွဲတွင် ပါတီမှတ်ပုံ မတင်ရန် ဆုံးဖြတ်ချက် ယနေ့ ချမှတ် လိုက်သည်။
NLD ရုံးချုပ်၌ ကျင်းပသော မှတ်ပုံတင်ရေး မတင်ရေး ဆွေးနွေးပွဲတွင် NLD ကိုယ်စားလှယ် ၁၁၃ ဦးတို့က မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က “ဗဟို ဦးစီး အဖွဲ့ဝင်များရဲ့ ဆွေးနွေး ချက်များအရ နအဖက ထုတ်ပြန် ထားသော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ များသည် လုံးဝ မျှတမှု မရှိတော့ပါသဖြင့် NLD ကို ထပ်မံ မှတ်ပုံတင် တော့မည် မဟုတ်ကြောင်း အများ သဘောတူ ကန့်ကွက်သူ မရှိ ဆုံးဖြတ်သည်” ဟု ပြောသည်။
ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် ဆုံးဖြတ်ချက် ကိုလည်း ချမှတ် လိုက်ကြောင်း ၎င်းက ဆက်ပြောသည်။
ဥက္ကဋ္ဌ ဦးအောင်ရွှေကကျန်းမာရေး အရ အစည်းအဝေးသို့ တက်ရောက်ခြင်း မရှိသော်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဆုံးဖြတ်ချက် အတိုင်း လိုက်နာမည်ဖြစ်ကြောင်း စာတစောင် ပေးပို့ခဲ့ကြောင်း သိရသည်။
ဦးအောင်ရွှေ၏စာနှင့် ဒေါ်အောင်ဆန်းစုကြည် ပေးပို့ခဲ့သော သဘောထား ရေးသားထားသည့် စာကို ဦးဉာဏ်ဝင်းက ဖတ်ပြခဲ့ပြီး ဆုံးဖြတ်မှုများဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲ ဥပဒေအောက်တွင် ပါတီ မှတ်ပုံတင်ရေး အတွက် စဉ်းစားခဲ့ခြင်း လုံးဝမရှိကြောင်း ပြောကြားခဲ့ပြီး ၆ ရက်အကြာ ယခု ဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်သည်။
အဖွဲ့ချုပ်ဝင်လူငယ် ၅၀ ကျော်ခန့်ကNLDအဖွဲ့ချုပ်ရုံးရှေ့တွင် နိုးအမှတ်တံဆိပ်ပါ တီရှပ်အဖြူရောင် ဆင်တူဝတ်ဆင်ထားကြပြီး
ပြည်နယ်နှင့်တိုင်းအသီးသီးမှ တက်ရောက်လာကြသော ကိုယ်စားလှယ်များကို စံပယ် ပန်းကုံးများနှင့် အောင်သပြေပန်းများ ကမ်း၍ ကြိုဆိုခဲ့ကြသည်။
“အခြေခံဥပဒေဟာ လုံးဝ လက်ခံနိုင်စရာမရှိတဲ့အတွက် မှတ်ပုံမတင်ပါဘူး” ဟု တနင်္သာရီတိုင်း ရေဖြူ မြို့နယ် ကိုယ်စားလှယ် ဦးတိုးပို က ဆိုသည်။
ဦးတိုးပိုကဲ့သို့ပင် ကချင်ပြည်နယ်မှ ဦးမြသိန်း၊ ကရင်ပြည်နယ်မှ ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ်မှ ဦးအောင်သာ၊ ပဲခူးတိုင်း မှ ဦးအောင်စိုးမြင့်၊ ရှမ်းပြည်နယ်မှ ဒေါ်ခင်မိုးမိုးတို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်သင့်မခံကြောင်း၊ ရွှေဂုံတိုင် ကြေညာစာတမ်း ကိုသာ ကိုင်ဆွဲထား၍ မှတ်ပုံမတင်ကြောင်း ပြောဆိုသည်။ သို့သော်လည်း ကချင်ပြည်နယ်မှ ဦးတင်ဝယ်က မှတ်ပုံတင်သင့်ကြောင်း ပြောဆိုသည်။
NLD ပါတီသည် ၁၉၈၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လူထုထောက်ခံမဲ အများဆုံးဖြင့် အနိုင် ရရှိခဲ့သည်။
Posted By ဘ၀တက္ကသိုလ် to ဘ၀ တက္ကသိုလ် at 3/29/2010 06:00:00 AM
*** တောင်ကိုရီးယားကမ်းလွန်၌ သင်္ဘောနစ်မြုပ် ***
*** ချီလီနိုင်ငံမြောက်ပိုင်း၌ ငလျင် ထပ်မံလှုပ် ***
ချီလီနိုင်ငံမြောက်ပိုင်း စန်တီရာဂိုမြို့မှ မိုင် ၃၈၀ ခန့်အကွာ မြေအောက် ၂၁-မိုင်ခန့်ကို ဗဟိုပြု၍ မတ်လ ၂၇-ရက်နေ့ နံနက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၂-အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခဲ့ကြောင်း ငလျင်ကြောင့် စန်တီရာဂိုမြှို၌ အဆောက်အုံများ ယိမ်းယိုင်းလှုပ်ခါခဲ့ကြောင်း ချီလီအရာရှိများက မတ်လ ၂၇-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** တာတိုပစ်ဒုံးကျည် အိန္ဒိယစမ်းသပ်ပစ်လွှတ်မည် ***
ကီလိုမီတာ ၂၉၀ အထိ ပစ်ခတ်နိုင်သော တာတိုပစ်ဒုံးကျည်များကို ယခုရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံက စမ်းသပ်ပစ်လွှတ်မည်ဖြစ်ကြောင်း၊ စမ်းသပ်ပစ်လွှတ်မည့်နေရာမှာ အိန္ဒိယနိုင်ငံ သြရိသပြည်နယ်အရှေ့ပိုင်း ချန်ဒီယူရာ အခြေစိုက်စခန်းမှဖြစ်ကြောင်း အိန္ဒိယစစ်ဘက်က မတ်လ ၂၇-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ဆိုမာလီယာကမ်းလွန်၌ ယီမင်ငါးဖမ်းသင်္ဘော အပိုင်စီးခံရ ***
ဆိုမာလီယာနိုင်ငံမြောက်ပိုင်း ကမ်းလွန်တွင် မတ်လ ၂၇-ရက်နေ့၌ ယီမင်ငါးဖမ်းသင်္ဘောတစ်စင်းကို ဆိုမာလီဓားပြများ အပိုင်စီးသွားခဲ့ကြောင်း၊ သင်္ဘောပေါ်တွင် သင်္ဘောသား ၁၂-ဦးပါရှိကြောင်း ယီမင်အရာရှိများက မတ်လ ၂၇-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
ကို မျိုး ချစ်
**အ၀င် အထွက်
အတက်အဆင်း
အနင်း အကျော်
အလှော် အခတ်
အကြပ် အပွား
တပ်သွားပြီးနောက်
လူ တစ်ယောက်သည်
ရောက်သည့် နေရာ
သူဆရာ လုပ်
ရုတ်ရုတ် သဲ သဲ
ပွဲတိုင်းမြင်ရာ
သူ ၀င်ပါလျှက်
တက်တက်ကြွကြွ
ဟန်ရေး ပြ၍
လှ ပ အပြုံး
လူတွေ သုံးကာ
အုံးအုံး ကျွက်ကျွက် ညံသတည်း ။ ။
*** စိုး မိုး သူ**
( ၂၁ နှစ်မြောက် ရှစ်လေးလုံး အမှတ်တရ )
( ဟေ့ ... တော်လှန်ရေး ဆိုတာ ဟန်ဆောင်နေတာမဟုတ်ဘူး ၊ စစ်အစိုး ရကို ပဲ မကောင်းဝါဒါဖြန့် ပြီး
ငါတို့ ဒီမိုကရေစီဘက်တော်သားတွေအားလုံးအမြဲတမ်းအားလုံးကောင်းပါတယ်လို့ ယူဆဖို့ မလိုဘူး..
အရှိကိုအရှိအတိုင်းပဲ ငါတို့ မှာလည်း ပြုပြင်စရာတွေအများကြီးရှိနေတယ်ဆိုတာဝန်ခံရမယ်..)
စိုးမိုးသူ...
မိုးသောက်ယံ နံနက်ခင်း
**နံနက်ခင်းဟာ
အသစ်ဖန်ဆင်းခြင်းပါ။
အဟောင်းတွေ အိပ်မွေ့ချ
ညအမှောင်တွေ ကျော်ပြီးနောက်
တစ်မိုးသောက် ရောင်နီလင်း
နံနက်ခင်းဖြစ်ပေါ်လာ….။
**စားသမျှ အစာ
တစ်ညတာ ချေ
သွားသမျှ အရာ
တစ်ညတာ ဖြေ
သွေးလေလှည်ပတ်မှု မှန်
အမှောင်တွေ ပျို့အန်ပြီး
မိုးသောက်ယံရောက်လို့လာ…..။
**နံနက်ခင်းမှာ မျိုးသစ်ချ
အိပ်မက်တောမှ နိုးထပြီးနောက်
နေ့သစ်စ,တဲ့ တံခါးပေါက်
ငါခေါက်ဦးမှာ
နံနက်ခင်း
ပွင့်လင်းစွာ ကြည်နူးစွာ….။ ။
*** တင်မိုး ***
(၄- မတ် ၁၉၉၉- ကြာသာပတေးနေ့ နံနက်ခင်း)
29 Mar, 10 // စကားမာရသွန် ***လူကြီးနဲ့ လူကောင်း ခွဲသိဖို့လို***
***လူကြီးနဲ့ လူကောင်း ခွဲသိဖို့လို***
ကျောင်းသားဟောင်း။ ။ ဆရာနေထိုင်ကောင်းရဲ့လားခင်ဗျ။ ဂျာနယ် မဂ္ဂဇင်းတွေမှာ အရင်လောက် စာတွေသိပ်မတွေ့ရလို့ စိတ်ပူပြီး ၀င်လာတာပါ။
ဆရာ။ ။ ကောင်းတယ်ပဲဆိုပါစို့ကွယ်။ ကြာရှည်ကြာမြဲ အိပ်ရာထဲလဲ မနေရင် ရောဂါသည်တစ်ယောက်အဖို့တော့ ကောင်းတယ်ပဲ ဆိုရမှာပေါ့။ စာရေးတာလည်း နည်းနည်းလျော့ထားလိုက်တာပါ။ စိတ်ပင်ပန်းရင် ကျန်းမာရေးပါ ထိခိုက်လာတတ်တယ် မဟုတ်လား။
ကျောင်းသာ:ဟောင်း။ ။ ဟုတ်ပါတယ်ဆရာ။ တအားကြီး အပင်ပန်းမခံပါနဲ့။ ကျန်းမာဖို့ အသက်ရှည်ရှည် နေရဖို့က အရေးကြီးပါတယ်။ ဆရာတို့ရေးတဲ့ စာမျိုးတွေက တော်တော် စိတ်ပင်ပန်းခံရတဲ့ စာမျိုးတွေဆိုတော့ ကျန်းမာရေး မထိခိုက်ဘဲ ဘယ်နေမှာလဲ။
ဆရာ။ ။ ခုလို မိုးတွင်းမှာတော့ အပူသက်သာလို့ နေရထိုင်ရတာ ကောင်းပါတယ်။
ကျောင်းသားဟောင်း။ ။ ကျနော်တို့က မကြာခဏ ရောက်မလာနိုင်တော့ ဆရာ့စာတွေ စောင့်ဖတ်ပြီး အကဲခတ်နေရတာ ဆရာရဲ့။ စာတွေ တွေ့နေရင် ဆရာ ကျန်းမာတယ်ပေါ့။ ခုတ လော အတွေ့ရနည်းလာတော့ မကျန်းမာဘူးထင်လို့ ၀င်လာကြည့်တာပါ။
ဆရာ။ ။အေးကွယ် ရောက်လာလို့ တွေ့ရတော့လဲ ၀မ်းသာတာပေါ့။ အခြား သူငယ်ချင်းတွေလည်း စိတ်မပူကြရအောင် ပြောပြလိုက်ပါ။
ကျောင်းသားဟောင်း။ ။ အစစအရာရာ သတိထားပါ ဆရာရယ်။ ကျနော်တို့ တတွေက ဆရာ့ကိုပဲ အားကိုးနေရတာ။ ဆရာရေးတဲ့စာတွေဖတ်ပြီး အားတင်းထားရတာ။
ဆရာ။ ။ အဲဒီလို ဘယ်ဟုတ်မှာလဲကွယ့်။ လူအို လူမင်းတွေကသာ လူငယ်တွေကို အားကိုးအားထားပြုရမှာ။ လူငယ်တွေကသာ အတွေးသစ် အမြင်သစ်တွေနဲ့ တက်တက်ကြွကြွ လုပ်နိုင်ကြတာ။ ခေတ်ကို မင်းတို့ လူငယ်တွေက ဦးဆောင်ရမှာပေါ့။
ကျောင်းသားဟောင်း။ ။ လူငယ်တွေမှာက အတွေ့အကြုံ ဗဟုသုတ မပြည့်စုံသေးတော့ လူကြီးတွေက ရှေ့ဆောင်လမ်းပြ လုပ်ပေးဖို့တော့ လိုသေးတာပေါ့ ခင်ဗျာ။
ဆရာ။ ။ ကိုအောင်ဆန်းဟာ တက္ကသိုလ် ကျောင်းသားဘ၀ကနေပြီး သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းရယ်လို့ ဖြစ်သွားတော့ အသက် ၃၀-တောင်မရှိသေးဘူး မဟုတ်လားကွဲ့။ ကိုဗဟိန်းတို့ ကိုဗဆွေတို့၊ သခင်သန်းထွန်းတို့တစ်တွေလည်း အဲဒီအချိန်က လူငယ်လေးတွေပဲ ရှိကြသေးတာ။ သူတို့ လူငယ်တွေကြောင့် လွတ်လပ်ရေး ရခဲ့တာလေ။ အဲဒီခေတ်က လူကြီးတွေ ဖြစ်ကြတဲ့ ဦးဘဖေတို့လို ဦးမေအောင်တို့လို `တူသာသင်း´တို့လို၊ ပုဂ္ဂိုလ်ကြီးတွေ ဦးဆောင်တဲ့ နောက်ကို လိုက်ခဲ့မိရင်တော့ `ရွှေပြည်တော် မျှော်တိုင်းဝေး´ ဖြစ်နေရတော့မှာပေါ့ကွဲ့။
ကျောင်းသားဟောင်း။ ။ ဒါပေမယ့် ဆရာက ဦးဘဖေတို့ ဦးမေအောင်တို့လို `တောင်ကျရေ နွားနှစ်ကောင် မ၀သလိုပ´ဆိုတဲ့ လူစားမျိုးမှ မဟုတ်တာ။ ဆရာက `နက်တီဇင်´ခေတ် လူသားပဲလေ။ ဒါကြောင့် ကျနော်တို့ တပည့်တွေက အားကိုးကြတာပေါ့။
ဆရာ။ ။ အားမကိုးနဲ့ကွဲ့။ ဆရာကိုမှ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ အားမကိုးနဲ့။ `အတ္တသမံပေနသတ္တိ´ဆိုတဲ့ အတိုင်း ကိုယ့်ကိုယ်ကိုယ်သာ အားကိုး၊ သူများအားကိုးလို့ ကောင်းစားတယ်ဆိုတာ မရှိဘူး။ အားကိုးမှားလို့ ဒုက္ခရောက်တာသာရှိတယ်။
ကျောင်းသားဟောင်း။ ။ ဆရာ့ကို အားကိုးလို့ ကျနော်တို့ ဒုက္ခရောက်ခဲ့ရတယ် ဆိုတာမျိုးမရှိပါဘူးခင်ဗျ။
ဆရာ။ ။ ဆရာကတော့ အဲဒီလို မထင်ဘူးကွဲ့။ ဆရာ့ကို အားကိုးနေရင်ဖြင့် မင်းတို့ ဘယ်ပန်းတိုင်မှ ရောက်မယ်မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာက ဘာမှ မလုပ်ပဲ ငုတ်တုတ်ထိုင်နေတဲ့ သူမျိုး ဖြစ်လို့ပဲ။ ဆရာ့လို ဘာမှမလုပ်ပဲ ထိုင်နေတဲ့သူ နောက်က လိုက်ဖို့ စောင့်နေရင် မင်းတို့ ဘယ်ခရီးကို ရောက်တော့မှာလဲ။
ကျောင်းသားဟောင်း။ ။ ဆရာက ဘာမှမလုပ်ဘဲ ငုတ်တုတ်ထိုင်နေတာမှ မဟုတ်ပဲ။ ဆရာစာတွေ အဆက်မပြတ် ရေးနေတာပဲ၊ ပါးစပ်နဲ့လဲ ပြောနေတာပဲ။
ဆရာ။ ။ စာတွေရေးရုံ ပါးစပ်နဲ့ ပြောရုံနဲ့ ပန်းတိုင်ရောက်တာ မဟုတ်ဘူး။ ကိုယ်ထိလက်ရောက် လုပ်ကိုင် လှုပ်ရှားမှ လိုရာခရီးရောက်တာ၊ ဆရာတို့က အိုပြီ။ အိုတော့ အစွမ်းအစတွေလည်း တုံးကုန်ပြီ။ သတ္တိလဲ မရှိတော့ဘူး။ နောက်ပြီးတော့ လူ့သဘာဝက အသက်ကြီးလေ အတ္တကြီးလေပဲကွဲ့။ အဲဒါ မြဲမြဲ မှတ်ထား။ ကိုယ်မသေခင်လေး အေးအေးသက်သာ နေသွားခင်တဲ့ စိတ်ကများနေပြီ။ အများအတွက်တို့ တိုင်းပြည်အကျိုးတို့ဆိုတဲ့ စိတ်တွေ ခြောက်ခမ်းသွားပြီ။ အဲဒါကြောင့် ဘယ်သူ့မှ အားမကိုးနဲ့။ လုပ်စရာရှိတာ ကိုယ့်ဟာကိုယ်လုပ်။ ကိုယ်လုပ်မှ ကိုယ်ရမယ်။
ကျောင်းသားဟောင်။ ။ ကျနော်တို့ ဆရာကိုတော့ အတ္တကြီးတယ်လို့ မသတ်မှတ်နိုင်ပါဘူး ခင်ဗျာ။
ဆရာ။ ။ မင်းတို့ လူငယ်တွေ အဲဒါခက်တာပဲ။ ရိုသေမှုတွေ သိပ်လွန်လွန်းအားကြီးတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း သိပ်အားနည်းတယ်။ အဲဒါကြောင့် သူများကို အားကိုးတဲ့စိတ်ဖြစ်လာတာ။ လူဆိုတာ အသက်ကြီးတိုင်း ရိုသေဖို့ကောင်းတာ မဟုတ်ဘူး။ လူကြီးနဲ့ လူကောင်းကို ခွဲခြားသိကြစမ်းပါ။ အဲဒီလို ခွဲခြားသိမှ လမ်းမှားမရောက်မှာ။ အချုပ်ကတော့ ဘယ်သူမှ အားမကိုးနဲ့၊ ကိုယ့်ကိုယ်ကိုယ်ဘဲအားကိုး။ လောကမှာ ဘာမဆို ကိုယ်လုပ်မှကိုယ်ရတာ။ ထိုင်နေရုံနဲ့ ဘယ်မှမရောက်ဘူး။ ကိုယ်တိုင်ထသွားမှ ကိုယ်သွားချင်တဲ့ ပန်းတိုင်ရောက်မှာ။ ဆရာ့လို ဘာမှမလုပ်ဘဲ ထိုင်နေတဲ့ လူနောက်က လိုက်ဖို့ စောင့်နေရင်တော့ `ရွှေပြည်တော် မျှော်တိုင်းဝေး´ဖြစ်နေမှာ အသေအချာပဲ။
*** လူထု-ဦးစိန်ဝင်း ***
(လူထုရနံ့ စာစုများမှ ကူးယူဖော်ပြသည်)
Sunday, March 28, 2010
“အရှုပ်ထုပ်နှင့် ဇာတ်ရှုပ်များသို့”
**သခင်အမျိုးတွေ အတွေးအမြင်မတတ်ပုံက
မစင် အသိုးတွေ ခွေးဝင်ဟပ်သလိုပ
ကြိုးပြတ်တဲ့ နွားသိုးတသိုက် ပမာအညီ
အဖိုးမထိုက်သကွဲ့ ဆိုးမိုက်ပါသည်
အချိုးစရိုက်မမှန် မတော်တရော် အရေးကိုမှ
အရိုးကိုက်ရန် ကမျှော်ကချော် တွေးပါလို့
ပထွေးအလိုကျ အမြီးနှံ့ပြန်သည်
နားရင်းသာ တီးချင်သကွဲ့လေး။ ။
***ရန်နိုင်ထွန်း**
လွတ်မြောက်နယ်မြေ၊ ကိုရီးယား
မတ်လအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ….
*** ပလတ်စတစ်ရေဘူး ၁၂၀၀၀ နှင့် ရွက်သင်္ဘော ***
(ဆန်ဖရန်စစ္စကို၊ မတ်လ ၂၆-ရက်)
*** ဒုတိယမြောက် အေ၀က်စက်လေယာဉ်တစ်စင်း အိန္ဒိယရရှိ ***
လေကြောင်းသတိပေးစနစ်နှင့် ထိန်းချုပ်ရေးစနစ်များပါရှိသည့် အေ၀က်စ်စစ်ဘက်လေယာဉ်တစ်စင်းကို အစ္စရေးနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အိန္ဒိယစစ်ဘက်က မတ်လ ၂၆-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်း ကျဆင်း ***
ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းများကျဆင်းလျက်ရှိရာ တရုတ်ရွှေဈေးကွက်တွင် မတ်လ ၂၆-ရက်နေ့ဈေးပိတ်ချိန်၌ မေရိကန်ဒေါ်လာ ၁၀၉၂ ဒသမ ၃၁ ဒေါ်လာသာရှိခဲ့သည်ဟု တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရေနံဈေးနှုန်း ကျဆင်း ***
ကမ္ဘာ့ဈေးကွက်၌ ရေနံဈေးနှုန်းများ ကျဆင်းလျက်ရှိရာ အမေရိကန်နယူးယောက်မြို့ဈေးကွက်တွင် မတ်လ ၂၆-ရက်နေ့က ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၀ ဒသမ ၅၃ ဒေါ်လာသာ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** အင်ဒိုနီးရှား အနောက်ဂျာဗား၌ ရေလွှမ်းမှု ဖြစ်ပွား ***
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မတ်လ ၂၆-ရက်နေ့က ရေလွှမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၅၀၀၀ ခန့် ရေလွှမ်းခံရပြီး ရေဘေးဒုက္ခကြုံတွေ့ခဲ့ရသည်ဟု အင်ဒိုနီးရှားအရာရှိက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်သည် ***
ငါ့ ကိုယ်ငါ တော်လှန်ခြင်း
**တော်လှန်သတဲ့ 
ဘာ့ တွက်ဘယ်ကို
ကိုယ့် ကိုယ်ကို အရင်
သုံးသပ်ရတော့ မယ်...။
**စိတ်ဓါတ်တွေမှား
သူတပါးအခက်
အုပ်စုဖွဲ့ အနိုင်ယူ
လူမိုက်ဆန်ဆန်ဖြေရှင်းကာ
အာဏာအလွဲသုံးစား
သူတပါးအထင်သေး
ကိုယ့် သွေးနားထင်ရောက်
အောက်ကျသည့် အမြင်
မခံခြင်စိတ်လား
မနာလိုစိတ်လား
အမှန်တရားမြတ်နိုးရင်
ကိုယ့် ကိုယ်ကိုအရင်သုံးသပ်
ပြတ်ပြတ်သားသားဝေဖန်
တော်လှန်တာအစ
ကိုယ်ကိုယ်ကို ကဖြစ်သင့်တယ်မဟုတ်လား...။
**တော်လှန်သတဲ့ 
ဘာ့ အတွက်ဘယ်ကို
ကိုယ့် ကိုယ်ကို အရင်သုံးသပ်ရတော့ မယ်...။ ။
( ထိုနယ်မြေ၏နောက်ဆုံးနေ့ များကဗျာစာအုပ်မှ )
*** စိုးမိုးသူ **
" သင်၏ တော်လှန်ရေး စိတ်ဓါတ် ရင့် ကျက်ကြံ့ ခိုင်နေသ၍
သင် ရောက် ရှိရာနေရာ ဒေ သတိုင်း သည် သင် ၏ တော်
လှန်ရေး နယ်မြေသာ ဖြစ်၏......."
................................ စိုး မိုး သူ ......
http://canadamyanmar.blogspot.com/2009/02/blog-post.html
မှ ကူးယူဖေါ်ပြပါ သည်..
မကောင်းတာက
***(ဟာဒယနှလုံး- တခဏပြုံး)**
ဂေါက်သီးကစားပြီးပြန်လာသော ဂျက်အားဇနီးဖြစ်သူကမေးသည်။
`ဘယ်လိုလဲ ဒီနေ့ကစားရတာပျော်ရဲ့လား´
`အဆင်မပြေပါဘူးကွာ… ဂေါက်သီးကိုကောင်းကောင်းရိုက်နိုင်ပေမယ့် ဘောလုံးဘယ်ရောက်သွားလဲဆိုတာ မြင်နိုင်လောက်အောင် အမြင်အာရုံတွေ မကောင်းတော့ဘူးကွ´
`အင်းပေါ့… ရှင့်အသက်က ၇၅နှစ်တောင်ရှိပြီပဲ… ဒါဆို ကျမအကိုဂျွန်ကို ခေါ်သွားလေ´
`သူ့အသက်က ငါ့ထက်တောင် ကြီးသေးတာ… ဖြစ်ပါ့မလား´
`ခေါ်သွားစမ်းပါ… ဂျွန်ကမျက်စိကောင်းပါသေးတယ်´
နောက်တနေ့ ဂျွန်နှင့်အတူ ဂေါက်သီးသွားကစားသည်။ စရိုက်အပြီး၌ ဂျက်က `ဂျွန်ရေ… ဂေါက်သီးဘယ်ဘယ်ထွက်သွားလဲတွေ့လိုက်လား´
`အင်း…ဘယ်ဘက်လဲ´ `အင်း… ငါ့မေ့သွားပြီကွ´
မှတ်ချက်။ ။ နိုင်ငံတကာဟာသများမှ (အိတ်တင်း)ဘာသာပြန်ပါသည်။
ချစ်မဆုံးတဲ့ ကလေးငယ်…
**မိုးပွင်ကလေး
ငါ့မြေး ငါ့သွေး
ကလေးဘ၀ အသွေးလှ
မွှေးမြမြ ပန်းစံပယ်….။
**အပြစ်ကင်း
ချစ်ခြင်းတွေ စု
ချစ်မှုတွေ ကြွယ်
ချစ်စဖွယ် မူရာစုံ
အူတုန်သည်းတုန် အနှစ်
မြေးချစ်အရွယ်….။
**မပီကလာ ပီကလာ
တီတာတာ မူရာနွဲ့
ချွဲတဲ့အခါ ချွဲမယ်
ပြုံးရယ်တဲ့အခါလဲ ပြုံး။
သူ့မျက်လုံး
ကလေးရဲ့ အပြစ်ကင်းတဲ့အပြုံး
ချစ်လို့ မဆုံး ချစ်မဆုံး….။ ။
*** တင်မိုး ***
(၃ မတ် ၁၉၉၉- ဗုဒ္ဓဟူးနေ့ နံနက်ခင်း)
28 Mar, 10 //ဒီကနေ့မှာလည်း ပရီင်္းမီးယားလိဂ်နဲ့ ဆက်လန်းကြမလား…
*** ပရီးမီးယားလိဂ်ပွဲစဉ်များ ***
05:30pm ဘန်လေ- ဘလက်ဘန်း
09:30pm လီဗာပူး - ဆန်းဒါးလန်း
မှတ်ချက်။ ။ အထက်ပါအချိန်များသည် မြန်မာစံတော်ချိန်များဖြစ်သည်။
Saturday, March 27, 2010
သဘာဝ အန္တရာယ်….
မိုးကြိုးလျှပ်စစ်၊ ထစ်ချုန်းပစ်၍
အီလက်ထရောနစ်များ၊ ပျက်စီးသွားခဲ့….။
အချိန်မဲ့ အခါမဲ့၊ အမှတ်တမဲ့ပင်
ထစ်ခဲ့ ချုန်းခဲ့၊ ပစ်ခတ်ခဲ့၍
ကျိုးပဲ့သစ်ကိုင်း၊ လျှပ်စစ်လှိုင်းတို့
ရိုင်းစိုင်းလေစွ၊ သဘာဝ….။
ကြိုတင်ကာကွယ်၊ လမ်းသွယ်သွယ်ကို
ဘယ့်နှစ်နည်းမျှ၊ သတိမရ။
သိရချိန်မှာ၊ နောက်ကျပါပြီ
ကြီးစွာတန်ဖိုး ပေးရသည်….။
တိုက်ဆိုင်မှုလော၊ ကံဟုလောဟု
မပြောတတ်နိုင်၊ အားလုံးငိုင်၏
ပြိုင်လို့မရ၊ ပြင်လို့ ရလိမ့်
မကျလေနှင့် စိတ်ဓာတ်များ….။ ။
*** တင်မိုး ***
(၁- မတ်လ ၁၉၉၉- တနင်္လာနေ့ည)
ဒီကနေ့မှာ ပရီးမီးယားလိဂ်ကြည့်ပြီး လန်းကြမလား….
*** ပရီးမီးယားလိဂ် ပွဲစဉ်များ ***
09:30 Pm ဘာမင်ဂမ် - အာဆင်နယ်
09:30 Pm ချဲလ်ဆီး - အက်စတွန်ဗီလာ
09:30 Pm ဟားလ်စီးတီး - ဖူလ်ဟမ်
09:30 Pm စပါး - ပို့စ်မောက်
09:30 Pm ၀က်စ်ဟမ်း - စတုတ်စီးတီး
09:30 Pm ၀ုလ်ဗာဟမ်တန် - အဲဗာတန်
မှတ်ချက်။ ။ အထက်ပါအချိန်များသည် မြန်မာစံတော်ချိန်များဖြစ်သည်။
မိတ်ဆွေဟောင်း…
***(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)***
`ဒီကောင့်ကို မ၀ယ်နဲ့ဗျ။ ဒီကောင်က အရင်တုန်းက အနှိပ်ခန်းမှာနေတာ´
`အို… ဘာဖြစ်လဲ အရောင်က လှကလှနဲ့´
သို့နှင့် ယင်းကြက်တူရွေးကို အိမ်သို့ခေါ်လာသည်။ အိမ်ရောက်ရောက်ချင်း ကြက်တူရွေးက `မဒီအလန်းလေးနဲ့ နေရတော့်မယ်ဟေ့´
ဂရန့်၏ဇနီးကမသိချင်ယောင်ဆောင်နေလိုက်သည်။ ထိုစဉ်သမီး ၂-ယောက်ကျောင်းမှ ပြန်လာကြသည်။ ကြက်တူရွေးက `ဟာ...မဒီအသစ်ကလေးတွေပါလားဟေ့´
ဂရန့်၏ဇနီးအံ့သြသွားသော်လည်း ထပ်ပြီးမသိလိုက်ဘာသာနေလိုက်ပြန်သည်။ ညနေအရောက် ဂရန့်အိမ်သို့ပြန်ရောက်လာသော အခါတွင်မူ ကြက်တူရွေးက…..
`ဟာ… ဂရန့်နေကောင်းလား… မတွေ့တာတောင်ကြာပြီနော်´
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်ပါသည်။
မတ်လအတွင်း နိုင်ငံတကာထူးခြားသတင်းများ…
*** ဘရန်ဆန်၏ အာကာသယာဉ် အောင်မြင်စွာစမ်းသပ်ပျံသန်း ***
(နယူးယောက်၊ မတ်လ ၂၅-ရက်)
*** ဘာမြူဒါအလံလွှင့်ထူးထားသော ကုန်တင်သင်္ဘော ဆိုမာလီဓားပြများ ပြန်ပေးဆွဲ ***
(နိုင်ရိုဘီ၊ မတ်လ ၂၅-ရက်)
ဆိုမာလီဓားပြများသည် ဘာမြူဒါအလံလွှင့်ထူးထားသော ကုန်တင်သင်္ဘောတစ်စင်းကို အေဒင်ပင်လယ်ကွေ့၌ ပြန်ပေးဆွဲခဲ့ကြောင်း အဆိုပါ သင်္ဘောပေါ်၌ သင်္ဘောသား ၂၅-ဦး လိုက်ပါလာကြောင်း ဒေသဆိုင်ရာရေကြောင်းတာဝန်ရှိသူက မတ်လ ၂၄-ရက်နေ့က အတည်ပြုပြောကြားခဲ့သည်။ သင်္ဘောသား ၂၀ လိုက်ပါလာသော တူရကီနိုင်ငံပိုင် သင်္ဘောကို ပြန်ပေးဆွဲပြီးနောက် မကြာခင်မှာပင် အဆိုပါ ကုန်တင်သင်္ဘော ပြန်ပေးဆွဲခံရခြင်းဖြစ်သည်ဟု သတင်း၌ ဖော်ပြထားသည်။ (ဆင်ဟွာ)
*** ကမ္ဘာ့အကောင်းဆုံးလေဆိပ် စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ် ဖြစ်လာ ***
(စင်္ကာပူ၊ မတ်လ ၂၅-ရက်)
စကိုင်းထရက်စ် ကမ္ဘာ့လေဆိပ်စစ်တမ်းကောက်ယူမှုအရ ယခုနှစ် ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ် စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ် ရွေးချယ်ခံရကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြည်တွင်းနယူးအာရှရုပ်မြင်သံကြားလိုင်းက ဖော်ပြသည်။ (ဆင်ဟွာ)
*** လူမှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေး ကမ္ဘောဒီးယားနှင့် မလေးရှား ပူးပေါင်းမည် ***
(ဖနောင်ပင်၊ မတ်လ ၂၅-ရက်)
တရားမ၀င် ကုန်သွယ်မှု လူမှောင်ခိုမှုနှင့် အကြမ်းဖက်မှုများ တိုက်ဖျက်ရာတွင် ပိုမိုခိုင်မာစွာ ပူးပေါင်း ဆောင်ရွက်သွားကြမည်ဟု ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံတို့ မတ်လ ၂၂-ရက်နေ့တွင် သန္နိဌာန်ချလိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။ (ဆင်ဟွာ)
*** စိန်ဓာတ်ပါသည့်ရေများ မသောက်သုံးရေး ဘင်္ဂလားဒေ့ရှ်နှင့် ယူနီဆက်ဖ်တို့ ဆော်သြ ***
(ဒါကာ၊ မတ်လ ၂၅-ရက်)
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ပြည်သူသန်း ၂၀-ခန့်၏ သောက်ရေနှင့် အစားအစာတို့တွင် ကျန်းမာရေးထိခိုက်စေသော အဆိပ်ဖြစ်စေသည့် စိန်ဓာတ်များပါဝင်နေမှုကို အမြန်ဆုံး ဖယ်ရှားရှင်းလင်းသန့်စင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတစ်ခုက မတ်လ ၂၂-ရက်နေ့၌ ပြောကြားသည်။ (ရိုက်တာ)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
အဖွဲ့တွင်း ပဋ္ဋိပက္ခများအား စီမံခန့်ခွဲခြင်း
နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းဆောင်တာတွေမှာပဲဖြစ်ဖြစ်၊ ဘ၀အရေးမှာပဲ ဖြစ်ဖြစ် အပြောင်းအလဲ အခြေအနေတွေ ရှိတတ်ပါတယ်။ ဒီအခြေအနေတွေမှာ လူတွေရဲ့ စိတ်တွေေ၀၀ါးရှုပ်ထွေးမှုတွေ ဖြစ်လာတတ်ပါတယ်။ ပဋ္ဋိပက္ခတွေ ဖြစ်လာတတ်ပြီး ကွဲပြားတဲ့ အတွေးအမြင်တွေ၊ ပြိုင်ဆိုင်မှုတွေကနေ အကွဲအပြဲတွေလဲ ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေတွေကို စနစ်တကျ ကိုင်တွယ်စီမံနိုင်ဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းရေးရာရှုထောင့်က ကြည့်မယ်ဆိုရင် အဖွဲ့တွင်း ပြောင်းလဲမှုတွေ၊ ကွဲပြဲမှုတွေကို ဦးတည်စေတဲ့ ပဋ္ဋိပက္ခအခြေအနေတခု ဖြစ်လာတတ်တာမျိုးတွေ ရှိပါတယ်။ ဒီလို dysfunctional conflict ထွက်ပေါ်လာတဲ့အခါမှာ ဆုံးဖြတ်ချက်ချမှတ်မှု ခက်ခဲခြင်း၊ ခံစားချက်နှင့် ပေါက်ကွဲခြင်း စတာတွေကနေ ပဋ္ဋိပက္ခဖြစ်သူတွေအချင်းချင်း အပြိုင်အဆိုင် စစ်ကစားခြင်း စတဲ့ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။
***အဖွဲ့တွင်း ပဋ္ဋိပက္ခများ ဖြစ်ထွန်းစေတတ်သော အကြောင်းရင်းများ**
အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးကို လေ့လာသူပညာရှင်တွေကတော့ အဖွဲ့အစည်းတခုအတွင်းမှာ ပဋ္ဋိပက္ခကို ဖြစ်ထွန်းစေတဲ့ conflict triggers တွေကို ရှစ်မျိုးခွဲခြားပြီး ဖော်ပြခဲ့ပါတယ်။ ပထမတမျိုးကတော့ အလုပ်တာဝန်သတ်မှတ်ချက် ရှုပ်ထွေးမှု ဖြစ်ပါတယ်။ နိုင်ငံရေးအဖွဲ့အစည်း တခုမှာဆိုရင် ယေဘုယျအားဖြင့် ဥက္ကဌတာဝန်၊ အတွင်းရေးမှူးတာဝန်၊ ဗဟိုအလုပ်မှုဆောင်ကော်မတီ၊ ဗဟိုကော်မတီတာဝန် ခွဲဝေမှုတွေ ရှိပါတယ်။ ဒီတာဝန်တွေနဲ့ တွဲပြီး တိကျတဲ့ အလုပ်သတ်မှတ်ချက်ရှိရပါမယ်။ ဒီလိုမရှိရင် အဖွဲ့တွင်းက အရင်းအမြစ်နှင့် အဖွဲ့ကို ချုပ်ကိုင်နိုင်တဲ့ ပါဝါအပေါ်မှာ ပြိုင်ဆိုင်မှုတွေ ဖြစ်လာတတ်ပါတယ်။
ဒုတိယ တမျိုးကတော့ အရင်းအမြစ်နဲ့ ပတ်သက်တဲ့ ပြိုင်ဆိုင်မှုတွေပါ။ အရင်းအမြစ်ဆိုတာမှာ အဖွဲ့ကိုချုပ်ကိုင်နိုင်တဲ့ ပါဝါအပြင် ငွေအင်အား၊ လူအင်အားနဲ့ တန်ဖိုးကြီးတဲ့ သတင်းအချက်အလက် ဆိုတာလဲ ပါပါတယ်။ လူ့စိတ်ဆိုတာက မျောက်စိတ်လိုပဲ တော်တော်ကြောက်ဖို့ ကောင်းပါတယ်။ အဖွဲ့အစည်းတခုအတွင်းမှာ အဖွဲ့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်လိုစိတ်တွေရှိမှ ပန်းတိုင်ကို ရောက်တာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ အဖွဲ့ဝင်တွေအကြားမှာ ပါဝါအာဏာပြိုင်မှုတွေ ဖြစ်လာပြီဆိုရင် အဖွဲ့ပြိုကွဲဖို့ ဦးတည်နေပြီဆိုတာ သိဖို့ လိုအပ်ပါတယ်။
တတိယတမျိုးကတော့ ဆက်ဆံရေးပြိုလဲမှုပါ။ လူတော်တော်များများဟာ အလုပ်ကြီးအကိုင်ကြီးတွေကို လုပ်ကိုင်ပြီး ဟန်ရေးပြလိုတတ်ကြပေမယ့် ဒီအလုပ်နဲ့ တန်တဲ့ စိတ်ဓာတ်ရင့်ကျက်မှုကို ပြင်ဆင်ထားလေ့ မရှိကြပါဘူး။ စကားပြောရင် ငါ့စကားနွားရ ပြောတတ်သူတွေ၊ အစည်းအဝေးခန်းတွေထဲမှာ သူများတွေ လုပ်သမျှ အဖျက်သဘောနဲ့ လိုက်ပြောနေတတ်သူတွေ၊ အပြန်အလှန် ငြင်းခုန်ဆွေးနွေးမှုကနေ ပြဿနာကို အဖြေရှာတဲ့ အဆင့်မရောက်တော့ပဲ မိတ်ဆွေပျက်တဲ့အထိ ဖြစ်နေတတ်သူတွေ၊ မူအရ ပေါင်းစပ်လို့ မရတာကြောင့် ကွဲပြဲတာမျိုး မဟုတ်ပဲ တယောက်နဲ့ တယောက် ဝေဖန်ပုတ်ခတ်တာနဲ့တင် ထစ်ခနဲရှိ အဖွဲ့သစ်ထောင်နေသူတွေ၊ သူပြောတာမှ လက်မခံရင် ကိုယ်ပြောတာလဲ လက်မခံဆိုပြီး လုပ်တတ်သူတွေ၊ ကိုယ့်ကို ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်အောင်ပင် ထမ်းဆောင်နိုင်ခြင်း မရှိသေးပဲ တခြားပိုကြီးတဲ့ လုပ်ငန်းတာဝန်တွေကို တစာစာ တောင်းနေတတ်သူတွေ၊ နေရာယူ ငုပ်တုတ်ထိုင်၊ ဘေးထိုင်ဘုပြော လုပ်တတ်သူတွေ၊ အဖွဲ့ထဲက လူတွေရဲ့ စကားတွေကို ဟိုစကားဒီပို့၊ ဒီစကားဟိုပို့နဲ့ စကားအရောင်းအ၀ယ် လုပ်နေတတ်သူတွေဟာ လူ့လောကကြီး ထဲမှာ ရှိကိုရှိနေတတ် ပါတယ်။ ဒီလို စိတ်ဓာတ်မရင့်ကျက်သူတွေ အဖွဲ့အစည်းတွေထဲမှာ များလာတဲ့အခါ အဖွဲ့ဝင်တွေ အချင်းချင်း ဆက်ဆံရေးကို ထိခိုက်ပါတယ်။ ကြာရင် ပြိုလဲတတ်ပါတယ်။
နောက်တမျိုးကတော့ အချိန်အတိုင်းအတာတခုရဲ့ ဖိအားပါ။ လူတွေမှာ ရေရှည်လုပ်ငန်းတာဝန်တွေမှာ ပိုမိုအားသာချက်ရှိပြီး ရေတိုအချိန်သတ်မှတ်တာနဲ့ စိတ်ဖိစီးမှုဖြစ်ပြီး ကသောင်းကနင်းလုပ်တတ်သူတွေ ရှိပါတယ်။ အချိန်သတ်မှတ်ချက် တခုအတွင်းမှာ လုပ်ငန်းဆောင်တာတခုကို ပြီးမြောက်ရတော့မယ်လို့ ပြင်ပပတ်ဝန်းကျင်အခြေအနေက ဖိအားပေးလာတဲ့အခါမှာ ဒါကို အေးအေးဆေးဆေး စီမံခန့်ခွဲနိုင်သူတွေ ရှိသလို၊ တောင်ပြေးမြောက်ပြေး ဖြစ်နေတတ်သူတွေလဲ ရှိတတ်ပါတယ်။ စာမေးပွဲတခုကို နက်ဖြန်စစ်တော့မယ်လို့ ရှောင်တခင် ကြေညာလိုက်တဲ့အခါ ရေရှည်ပြင်ဆင်ထားသူတွေနဲ့ ရေတိုပြင်ဆင်ထားသူတွေအကြားမှာ ကွဲပြားတဲ့ တုန့်ပြန်မှုတွေ ဖြစ်တတ်ပါတယ်။ ရေရှည်ပြင်ဆင် ထားပြီးမှ သွေးအေးအေးနဲ့ အရေးကြီးတဲ့ သင်ခန်းစာတွေကို ရွေးနှုတ်လေ့လာသူ၊ ရေရှည်ပြင်ဆင်ထားပေမယ့် ကြောက်စိတ်ဝင်လာပြီး ဟိုစာအုပ်ကိုင်ရမလို၊ ဒီစာအုပ်ကိုင်ရမလို ဖြစ်တတ်သူ၊ ပြင်ဆင်ထားတာ မဟုတ်ပေမယ့်လဲ သွေးအေးအေးနဲ့ အရေးကြီးမယ်ထင်တဲ့ စာကိုပဲ ကောက်ဖတ်နေသူနဲ့ ပြင်ဆင်ထားတာလဲမရှိ၊ သွေးအေးအေးနဲ့ ဘယ်လို ကိုင်တွယ်ရမှန်းလဲ မသိဖြစ်ပြီး တောင်ပြေး၊ မြောက်ပြေးဖြစ်နေတတ်သူတွေ ပေါ်ထွက်လာစမြဲပါပဲ။ ကြောက်စရာအကောင်းဆုံးက အဲဒီတောင်ပြေး၊ မြောက်ပြေး လုပ်တတ်သူတွေပါ။ ပထမငါးမိနစ်မှာ စာမေးပွဲဖြေမယ်ပြောလိုက်၊ ဒုတိယငါးမိနစ်ရောက်ရင် မဖြေတော့ဘူးပြောလိုက်၊ စာအုပ်ကောက်ကိုင်လိုက်၊ ပြန်ချလိုက်နဲ့ စိတ်ဂနာမငြိမ်မှုတွေဖြစ်ပြီး အနီးအနားမှာ ရှိနေသူတွေကို တော်တော်ဒုက္ခပေးတတ်သူတွေပါ။ သူ့ကိုသာ လိုက်ကြည့်နေရင် ဘေးက လူတွေလဲ အရူးမလင်လုပ်ရသလို ဖြစ်လာမှာ အသေအချာပါပဲ။
အဖွဲ့အစည်းတွင်း ပဋ္ဋိပက္ခတွေ ဖြစ်စေတတ်တဲ့ နောက်ထပ် အကြောင်းတခုကတော့ အခြေအနေနဲ့ သင့်လျော်မှန်ကန်မှု မရှိတဲ့ စည်းမျဉ်းတွေ၊ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ ချမှတ်တာမျိုး ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဆိုတာ ကိုယ့်အဖွဲ့ရဲ့ အခြေအနေကို သိရပါတယ်။ ငါ့စကားနွားရ၊ တသွေးတသံ တမိန့်တွေက နေရာတိုင်းမှာ ကျင့်သုံးလို့ မရပါ။ ဦးနှောက်နဲ့ ဆင်ခြင်တုံတရားကို အမိန့်ဆိုတာနဲ့ သင်းကွပ်ခံထားရတဲ့ စစ်တပ်လို အဖွဲ့အစည်းမျိုးတွေမှာတောင် တခါတရံမှာ တပ်တွင်းပုန်ကန်မှုဆိုတာ ဖြစ်လာတတ်သေးရင် တခြားအဖွဲ့အစည်းတွေမှာဆို ပိုဆိုးပါတယ်။
နောက်ထပ်တမျိုးကတော့ ကိုယ်ရည်ကိုယ်သွေး ကွဲပြားမှုပါ။ လူတဦးချင်းစီရဲ့ ကိုယ်ရည် ကိုယ်သွေးတွေက ကွဲပြားခြားနားပါတယ်။ လူသဏ္ဍာန်ကိုကြည့်ပြီး အကဲခတ်ဖို့ဆိုတာ အလွန်ခဲယဉ်း ပါတယ်။ တချို့က ပျော့ပျော့ပျောင်းပျောင်းလေးပေမယ့် စိတ်ဓာတ်ကျတော့ အရမ်းကြံ့ခိုင် ပါတယ်။ တချို့က ဗလတောင့်တောင့်ပေမယ့်လဲ တုတ်တချက်ဝင့်တာနဲ့ ကြောက်ဒူးတုန် တတ်ပါတယ်။ ငယ်စဉ်ကလေးဘ၀ အတွေ့အကြုံ၊ ဘ၀ဖြတ်သန်းမှု၊ မိသားစုအခြေအနေ၊ အတွေးအခေါ်၊ အယူဝါဒ၊ စိတ်နေစိတ်ထား စတာတွေက လူတဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးကို လွှမ်းမိုးမှုရှိပါတယ်။ အရေးပေါ် အခြေအနေတွေမှာမှ ထွက်လာတတ်တဲ့ ကိုယ်ရည်ကိုယ်သွေး အရည်အချင်းတွေကလဲ ရှိပါသေးတယ်။ တချို့က မိုက်ရူးရဲလုပ်တတ်သလို တချို့ကကျတော့လဲ ကြောက်ပြိး အညံ့ခံတတ်ပါတယ်။ ကမ္ဘာ့နာမည်ကြီး ထောက်လှမ်းရေးအဖွဲ့ကြီးတွေမှာ စပိုင်တွေ ရွေးတဲ့အခါ နှိပ်စက်ညှဉ်းပမ်းပြီးလဲ ရွေးချယ်စစ်ဆေးလေ့ရှိတယ်လို့ ကြားဖူးပါတယ်။ ခံနိုင်ရည်ကို ဆန်းစစ်တာပါ။ ခံနိုင်ရည်ဆိုတာက အလွန်အရေးကြီးတာပါ။ လူတိုင်းမှာ အားနည်းချက်ရှိပေမယ့် ဒီလိုအားနည်းချက်ကို တဘက်ရန်သူက အသာစီးယူသွားနိုင်စေမယ့် တာဝန်မျိုးကို အစကတည်းက မပေးပဲ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ သဘောသဘာဝအရ စစ်တိုက်ရမယ့် အဖွဲ့အစည်းရဲ့ တပ်မှူးကို သေနတ်သံကြားတာနဲ့ ၀ပ်ကျင်းထဲ သွားပုန်းနေတတ်သူကို ပေးလို့ မရပါဘူး။ သက်သတ်လွတ်စားနေသူကို မုဆိုးတာဝန်သွားပေးလို့ မရပါဘူး။ သွေးဆာနေသူကို အကျဉ်းသားထိန်းသိမ်းရေး တာဝန်သွားပေးလို့ မရပါဘူး။ အကုန်လုံး သေကုန်ပါလိမ့်မယ်။ ပြတ်ပြတ်သားသား ပြောဆိုလုပ်ကိုင်ရမယ့် တာဝန်ကို မဆွတ်ခင်က ညွတ်ပြီး အပေးအယူပဲ လုပ်ချင်နေတဲ့ လူမျိုးကို သွားပေးလို့ မရပါဘူး။ မဟာမိတ်ဆက်ဆံရေး တာဝန်မျိုးကို ထစ်ခနဲရှိ ရန်ဖြစ်ချင်သူကို သွားပေးလို့ မရပါဘူး။ အလုပ်တာဝန်နဲ့ လူရဲ့ ကိုယ်ရည်ကိုယ်သွေး ကိုက်ညီဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းတွေထဲမှာ အဲဒီလို မကိုက်ညီမှုတွေ ဖြစ်လာရင် တစတစ ပျက်သုဉ်းတော့တာပါပဲ။
နောက်ထပ်တမျိုးကတော့ အဖွဲ့ဝင်တွေရဲ့ ရာထူးအဆင့်သတ်မှတ်ချက်ပါ။ အဖွဲ့ဆိုတာရှိရင် hierarchy ဆိုတာရှိပါတယ်။ တာဝန်ယူမှုဆိုတာရှိရပါတယ်။ သူငယ်ချင်းပဲဖြစ်ဖြစ်၊ သားအဖပဲဖြစ်ဖြစ် အဖွဲ့ရဲ့ ရာထူးသတ်မှတ်ချက်အရ အဆင့်ဆင့်ပေးအပ်လာတဲ့ တာဝန်ကို ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။ တာဝန်ပေးအပ်သူကလဲ မှန်ကန်ဖြောင့်မတ်တဲ့ တာဝန်တွေကို ပေးဖို့ လိုအပ်ပါတယ်။ ဒီလို တာဝန်ပေးအပ်သူတွေကိုလဲ တာဝန်ခံမှုနဲ့ ဖြောင့်မတ်မှုအတွက် ထိန်းချုပ်မှုယန္တရား လဲ ရှိရမှာဖြစ်ပါတယ်။ ငါခေါင်းဆောင်ဆိုပြီး ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်တတ်သူတွေလဲ လောကမှာ ရှိတတ်စမြဲပါပဲ။ အဖွဲ့ခေါင်းဆောင်ဆိုတာ အဖွဲ့တာဝန်ကို ထမ်းဆောင်ဖို့ ခေါင်းဆောင်သာ ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဆိုပြီး ဟန်ရေးတပြပြလုပ်နေဖို့၊ အဖွဲ့ဝင်တွေကို အဖွဲ့နဲ့ မဆိုင်တဲ့ လုပ်ငန်းတာဝန်တွေ သွားပေးပြီး ခိုင်းစေဖို့၊ ငါပြောရင် မှန်တယ်၊ ငါလုပ်ရင် မှန်တယ်ဆိုပြီး လုပ်ဖို့ မဟုတ်ပါဘူး။
နိုင်ငံရေးအဖွဲ့အစည်းတခုသာ ဖြစ်မယ်ဆိုရင် အဖွဲ့တခုရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ပြီးစီး တာတွေကိုလဲ ကော်မတီတွေအလိုက် အစီရင်ခံရပါမယ်။ ဗဟိုနဲ့ အောက်ခြေ တသားတည်း ရှိနေရပါမယ်။ သာမန်အဖွဲ့ဝင်တယောက်ပင်ဖြစ်စေကာမူ အတွေးအခေါ်တွေ၊ ခံစားချက်တွေကို တလေးတစား နားထောင်ပေးရပါမယ်။ အဖွဲ့ဝင်တယောက်ချင်းစီကို တန်ဖိုးထားတတ်ရပါမယ်။
အဲဒီလို မဟုတ်ပဲ အဖွဲ့ဝင်တွေကို ဟိုခိုင်း၊ ဒီခိုင်း၊ ဟိုညွှန်၊ ဒီညွန်လုပ်ဖို့ လောက်ပဲ သတိရပြီး ဆက်ဆံရေး အဆက်ပြတ်မှု (ဆက်ဆံရေးဆိုတာမှာ လူချင်းတွေ့ပြီး ထမင်းအတူစားနေတာကို ဆိုလိုခြင်း မဟုတ်ပါ) ရှိနေမယ်ဆိုရင်၊ အပြန်အလှန်လေးစားတန်ဖိုးထားမှု လျော့နည်းလာမယ်ဆိုရင် တဖြည်းဖြည်းနဲ့ နောက်ပါအင်အားတွေ လျော့လာမှာ ဖြစ်ပါတယ်။ မဖြစ်သာလို့ လက်တွဲနေရရင်တောင် ဒီလိုခေါင်းဆောင်မှုအောက်မှာ ရေရှည်နေလိုစိတ် ရှိကြမည် မဟုတ်ပါ။
နောက်ထပ် အဖွဲ့အစည်းတွေ ပြိုကွဲတတ်တဲ့ အချက်တခုကတော့ ကြိုတင်မျှော်မှန်းချက်တွေနဲ့ ပတ်သက်ပါတယ်။ လူတွေဆိုတာက လူအမျိုးမျိုး၊ စိတ်အထွေထွေပါ။ နိုင်ငံရေးအဖွဲ့အစည်းတခုကို အဖွဲ့ဝင်အဖြစ် ၀င်လာသူတွေမှာ ကြိုတင်မျှော်မှန်းချက်တွေ ရှိတတ်ကြပါတယ်။ တချို့က နေရာယူလိုလို့ပါ။ တချို့က ဘယ်လို အခွင့်အရေးများရမလဲဆိုတဲ့ မျှော်မှန်းချက်နဲ့ပါ။ တချို့က ကိုယ့်ယုံကြည်ချက်နဲ့ အဖွဲ့ရဲ့ ဦးတည်ချက်တွေ ကိုက်ညီတယ်လို့ ယူဆမှုကြောင့်ပါ။ တချို့ကကျတော့ အခြေအနေအရ ပူးပေါင်းပါဝင်ဝန်းရံပေးဖို့ သက်ဆိုင်ရာ မိခင်အဖွဲ့အစည်းတွေရဲ့ ညွှန်ကြားချက် ကြောင့်ပါ။ တချို့ကျတော့ အများစု ပါတာမို့ လိုက်ပါတာပါ။
နိုင်ငံရေး ပညာရှင်တွေကတော့ နိုင်ငံရေးအဖွဲ့အစည်းတခုကို အဖွဲ့ဝင်လာတဲ့ အဖွဲ့ဝင်တွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းဟာ ဥစ္စာ၊ ရာထူးအဆင့်အတန်း၊ ယုံကြည်ချက်တူညီမှု၊ အစုအဖွဲ့နဲ့ ရပ်တည်လိုမှုစတဲ့ ကြိုတင်မျှော်မှန်းချက်နဲ့ ၀င်လာသူတွေသာ ဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒီလိုကြိုတင်မျှော်မှန်းချက်တွေနဲ့ ၀င်လာပြီးမှ ထင်သလို မဖြစ်တဲ့အခါ အဖွဲ့အပေါ်မှာ ယုံကြည်ကိုးစားမှုတွေ ပျက်လာတတ်ပါတယ်။ အဲဒီအခါမှာ အဖွဲ့ပြိုကွဲတတ်ပါတယ်။
အဖွဲ့အစည်းတခုအတွင်းမှာ အဖွဲ့ပြိုကွဲရေးအထိ ဦးတည်တဲ့ ဒီလိုပဋ္ဋိပက္ခတွေ ထွက်ပေါ်လာတဲ့အခါ စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ အဖွဲ့အစည်းများဆိုင်ရာ နိုင်ငံရေးကို လေ့လာတဲ့ ပညာရှင်တွေကတော့ ဒီလိုကိုင်တွယ်ဖြေရှင်းပုံ နည်းလမ်းတွေကို ဖော်ထုတ်ပေးထား ကြပါတယ်။ တချို့က ပြောတတ်ကြပါတယ်။ ပညာရှင်တွေဆိုတာက စာအုပ်ထဲက စာတွေ ပြောကြ၊ သီအိုရီတွေ ဖော်ထုတ်ကြ၊ ကိုယ့်နိုင်ငံ ကိုယ့်သမိုင်းနဲ့ မကိုက်ညီနိုင်မယ့် နည်းစနစ်တွေကို ပြောကြနဲ့မို့ သူတို့ ပြောစကားတွေကို ဂရုစိုက်ဖို့ မလိုဘူးလို့ ဆိုလေ့ရှိကြပါတယ်။
တကယ်တော့ ငါ့စကားနွားရ ပြောတတ်တဲ့ စိတ်ဖောက်ပြန်နေတဲ့ ပညာရှင် မဟုတ်ရင် ဘယ်ပညာရှင်ကမှ သူပြောတာတွေကို လိုက်လုပ်ကြဖို့၊ ဂရုစိုက်ကြဖို့ မရည်ရွယ်ကြပါဘူး။ လိုအပ်မယ်ထင်တာကို သူပညာကို အသုံးပြုပြီး ထုတ်ဖော်ပြောကြားတာ၊ အကြံပေးတာတွေပဲ လုပ်ကြပါတယ်။ ကိုက်ညီတာလဲ ရှိနိုင်ပါတယ်၊ မကိုက်ညီတာလဲ ရှိနိုင်ပါတယ်။ ဘာသာတရား ကိုးကွယ် ယုံကြည်မှုမှာတောင်မှ ဘုရားဟောဆိုတိုင်း အားလုံးက လက်ခံကြတာ မဟုတ်လို့ ဘာသာတရားတွေ အများအပြား ရှိနေကြတာပဲ ဖြစ်ပါတယ်။ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ကြတာပဲ ဖြစ်ပါတယ်။
ပညာရှင်တွေဆိုတာကလဲ တန်ခိုးရှင်တွေမဟုတ်။ သူတို့တတ်သိထားတဲ့ အသိပညာ၊ အတတ်ပညာ လေးတွေကို အသုံးချပြီး လူ့လောကကြီးအတွက် အကျိုးကျေးဇူးရှိမယ်ထင်တဲ့ စာတမ်းလေးတွေကို ရေးကြ၊ သုတေသနလေးတွေကို လုပ်ကြရင်း ပျော်မွေ့နေသူတွေသာ ဖြစ်ပါတယ်။ လိုတာကိုယူပြီး၊ မလိုတာကို ပယ်ရုံပဲ ရှိပါတယ်။ အဖွဲ့အစည်းတွင်း ပဋ္ဋိပက္ခနဲ့ ပတ်သက်ပြီးတော့လဲ ဖြေရှင်းနိုင်မယ့် နည်းလမ်းငါးသွယ်ကို ပညာရှင်တွေက ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။
***အဖွဲ့တွင်း ပဋ္ဋိပက္ခဖြေရှင်းရေး နည်းလမ်းငါးသွယ်**
အဖွဲ့အစည်းတခုအတွင်းမှာ ပဋ္ဋိပက္ခတွေ ပေါ်ထွက်လာတဲ့အခါ ခေါင်းဆောင်တွေအနေနဲ့ နည်းလမ်းငါးသွယ် သုံးပြီး ဖြေရှင်းနိုင်ကြောင်း ပညာရှင်တွေက ထောက်ပြပြောဆိုခဲ့ကြပါတယ်။ ပထမနည်းလမ်းကတော့ ပြဿနာဖြေရှင်းခြင်း (Problem solving) နည်းလမ်းပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေဟာ ပြဿနာကို စတင်ဖြစ်ပွားစေတဲ့ အကြောင်းအချက်တွေ၊ မီးပွားကို မီးတောက်ဖြစ်အောင် တွန်းတင်နေတဲ့ လူတွေနဲ့ သတင်းအချက်အလက်တွေ၊ ပြင်ပ တွန်းအားနဲ့ ဖိအားတွေကို အရင်လေ့လာပြီးတော့မှ ဒါတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို စဉ်းစားဖို့ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကောင်းမွန်ပေမယ့် အချိန်အလွန်ကြာတာကြောင့် အရေးပေါ် အခြေအနေတွေမှာ ဒီနည်းလမ်းကို စနစ်တကျ အသုံးပြုနိုင်ဖို့ အချိန် နည်းပါးတတ်ပါတယ်။
နောက်ထပ်နည်းလမ်းတခုကတော့ Superordinate Goals များ ချမှတ်မှုပဲ ဖြစ်ပါတယ်။ အရမ်းတန်ဖိုးရှိပြီး လူတဦးတယောက်တည်း၊ တစုတည်းက မဖော်ဆောင်နိုင်ပဲ အများက ပူးပေါင်းဆောင်ရွက်ရမယ့် ရည်မှန်းချက်တွေ ချမှတ်ဖို့ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်တွေ ချမှတ်ပြီးတဲ့ အခါကျမှ “တို့အားလုံးဟာ ဒီရည်မှန်းချက်တွေကို အတူတူ အကောင်အထည်ဖော်ရမယ့် သူတွေဖြစ်တယ်။ ဒါကြောင့် ကွဲပြားခြားနားမှုတွေကို မေ့လိုက်ပြီး ဒီရည်မှန်းချက်တွေကို ဦးတည်ဆောင်ရွက်ကြဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက ကောင်းမွန်ပေမယ့် ပြဿနာအရင်းခံကို ဖြေရှင်းထားတာ မဟုတ်တဲ့အတွက် ပဋ္ဋိပက္ခတွေက အချိန်မရွေး ပြန်ပြီး ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့်လဲ ရေတိုပြဿနာ ဖြေရှင်းနည်း အတွက်တော့ အလွန်ပဲ အသုံးဝင်ပါတယ်။
နောက်ထပ်နည်းလမ်းတခုကတော့ အပေးအယူပြုလုပ်ခြင်း (compromise) လုပ်တဲ့ နည်းလမ်းပါ။ ဒီနည်းလမ်းမျိုးက ပဋ္ဋိပက္ခဖြစ်တဲ့ နှစ်ဘက်စလုံးက နိုင်သလို၊ နှစ်ဘက်စလုံးလဲ ရှုံးပါတယ်။ ညှိနှိုင်းမှုနဲ့ အပေးအယူပြုမှုပေါ်မှာ အခြေခံထားတာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လဲ တကယ် မှန်ကန်လျော်ညီတဲ့ အပေးအယူ ဖြစ်ဖို့ လိုအပ်ပါတယ်။ အပေးအယူဆိုတာမှာကလဲ လုပ်လို့ရတာ ရှိပါတယ်။ လုပ်လို့ မရတာလဲ ရှိပါတယ်။ အပေးအယူဆိုတဲ့ စကားလုံးကို သုံးပြီး တဘက်စောင်းနင်း အနိုင်ယူတာ မခံရအောင်ကလဲ သတိရှိဖို့ လိုအပ်ပါသေးတယ်။ ဒီနည်းလမ်းဟာ ရေရှည်မှာ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးအတွက် အသုံးဝင်တာမှန်ပေမယ့် ရေတိုအရေးပေါ် ဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့အခါမှာတော့ မလျော်ကန်လှပါဘူး။
နောက်ထပ်နည်းလမ်းတခုကတော့ ပြေလည်ချောမွေ့စေခြင်း (smoothing) နည်းလမ်းပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ “အားလုံး စိတ်ခံစားမှုတွေကို လျှော့ချကြဖို့၊ မုန်တိုင်းထန်နေတုန်းမှာ လှေကို မလှုပ်ခါကြဖို့” ပြောကြားပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်တဲ့ နည်းလမ်းပါ။ ဒီနည်းလမ်းက ပဋ္ဋိပက္ခအပြင်းထန်ဆုံး ဖြစ်နေတဲ့ အခြေအနေမှာ ယာယီ ထိန်းသိမ်းနိုင်ပေမယ့် အချိန်အကန့်အသတ်နဲ့ ဆုံးဖြတ်ချက် ချမှတ်ရမှုတွေ၊ ရေရှည်စီမံချက်ချမှတ်ရမှုတွေမှာတော့ အသုံးသိပ်မ၀င်ပါဘူး။
နောက်ထပ်နည်းလမ်းတခုကတော့ အင်အားသုံးဖြေရှင်းခြင်း (Forcing) နည်းလမ်းပဲ ဖြစ်ပါတယ်။ အချိန်အကန့်အသတ်အပေါ်မှာ မူတည်ပြီး ဖြစ်လာတဲ့ ပဋ္ဋိပက္ခတွေ ဖြစ်လာတဲ့အခါ အခြားလူတွေက အကြံပေးနည်း၊ ဆန္ဒဖော်ထုတ်နည်း၊ တွန်းအားပေးနည်းတွေကို အသုံးပြုပြီး ပဋ္ဋိပက္ခဖြစ်နေတဲ့ နှစ်ဘက်စလုံးကို မှန်ကန်တဲ့ လမ်းကြောင်းနဲ့ အတွေးအခေါ်တွေဆီကို တွန်းတင်ပေးမှုပါ။ ဒါကို လုပ်တဲ့အခါ ကြားဝင်ပေးသူတွေရဲ့ ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာ၊ အင်အားတောင့်တင်းမှု၊ ရပ်တည်ချက်ဆိုတာတွေက အရေးပါပါတယ်။ သူများ ပြဿနာဖြစ်တာမှာ ကြားဝင်တိုင်းလဲ ကောင်းတာ မဟုတ်ပါ။ ရပ်ကွက်အဆင့်မှာ ရန်ဖြစ်တာကို ကြားဝင်မိပြီး ဓားထိုးခံရလို့ အသက်ဆုံးရှုံးသူတွေ ဒုနဲ့ ဒေးပါပဲ။ နိုင်ငံတကာ အဆင့်မှာလဲ သူများတွေ ဖြစ်သမျှ ၀င်ပြောနေလို့ ငပွကြီး ဖြစ်နေတဲ့ နိုင်ငံတွေလဲ ရှိတာပါပဲ။ မလိုအပ်ပဲ ဒီနည်းလမ်းကို သုံးလွန်းတာများရင် အဖွဲ့အစည်းတွေ အကြားမှာလဲ ငပွကြီးအမည်တွင်ကျန်တာလောက်ပဲ ဖြစ်မှာပဲ။ ပြဿနာနဲ့ ပတ်သက်ပြီး အကျိုးရှိစေနိုင်မယ့် အဆင့်ရှိမှ သူများကိစ္စမှာ ကြားဝင်ပါပြီး တွန်းအားပေးတဲ့ နည်းလမ်းတွေ သုံးလို့ရမှာ ဖြစ်ပါတယ်။
ဒီလို နည်းလမ်းငါးသွယ်ထဲက ဘယ်လို နည်းလမ်းတွေကို အသုံးပြုရင်ပဲဖြစ်ဖြစ် organization iceberg ဆိုတာကိုလဲ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းတွေမှာ မြင်သာထင်ရှားတဲ့ သွင်ပြင်လက္ခဏာ (Visible Features) တွေဖြစ်တဲ့ ရည်မှန်းချက်ပန်းတိုင်၊ မူဝါဒ၊ စီမံချက်၊ နည်းလမ်း၊ အလုပ်တာဝန်ခွဲဝေမှု၊ နည်းပညာ၊ အဖွဲ့တွင်းအာဏာနဲ့ ဆုံးဖြတ်လုပ်ပိုင်ခွင့်၊ ဆက်ဆံရေး လမ်းကြောင်း၊ လုပ်ဆောင်မှု စတာတွေ ရှိသလို၊ အတွင်းမှာပဲ ပုန်းကွယ်နေတဲ့ သွင်ပြင်လက္ခဏာ (Hidden Features) တွေဖြစ်တဲ့ အဖွဲ့ဝင်တွေရဲ့ အတွေးအခေါ်၊ အယူအဆ၊ ခံစားချက်၊ တန်ဖိုးထားမှု၊ အဖွဲ့တွင်းနိုင်ငံရေး၊ အုပ်စုဖွဲ့မှု၊ အုပ်စုချင်း ပဋ္ဋိပက္ခ၊ ခေါင်းဆောင်ချင်း ပဋ္ဋိပက္ခ၊ ဆက်ဆံရေး ပွင့်လင်းမှု မရှိခြင်း၊ အချင်းချင်း ပြိုင်ဆိုင်ဆွဲချခြင်း၊ ပြုမူဆောင်ရွက်မှုဆိုင်ရာ ပြဿနာများ၊ စာရိတ္တရေချိန် နိမ့်ပါးမှု၊ ကိုယ်ကျင့်တရားပျက်ယွင်းမှု စတာတွေ လဲ ရှိပါတယ်။ ဒါတွေကို ထည့်သွင်းစဉ်းစားဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒါတွေကို မသိပဲ ဘယ်လိုအဖွဲ့အစည်းမျိုးရဲ့ ပဋ္ဋိပက္ခကိုမှ ပြေလည်အောင် ဖြေရှင်းနိုင်မည် မဟုတ်ပါ။
အဖွဲ့တွင်း ပဋ္ဋိပက္ခတွေကို ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းပြီး အဖွဲ့အစည်းတရပ် မပြိုကွဲရေးကို ကြိုးပမ်းဖော်ဆောင်ကြတာတွေ ရှိပါတယ်။ ဒါပေမယ့်လဲ တခါတရံမှာ အဖွဲ့အစည်းတရပ်ဟာ ဘယ်လိုမှ ထိန်းကျောင်းလို့ မရတော့ပဲ ပြိုကို ပြိုကွဲတတ်တာတွေလဲ ရှိပါတယ်။
**အဖွဲ့ပြိုကွဲမှုအား ထိန်းကျောင်းခြင်း**
လောကမှာ အရာအားလုံးဟာ အချိန်အတိုင်းအတာ တခုအထိပဲ တည်မြဲခိုင်ခံ့ပါတယ်။ ဖြစ်ခြင်း၊ ပျက်ခြင်းဆိုတဲ့ သဘောတရားဟာ အရာအားလုံးအတွက် မှန်ကန်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖွဲ့အစည်းဆိုတာကလဲ သတ္တ၀ါတွေ စုစည်းထားတာပဲ ဖြစ်တဲ့အတွက် တချိန်မှာ ပျက်စီးမှာ ပါပဲ။ ဖြစ်လိုက်ပျက်လိုက်၊ အောင်မြင်လိုက်၊ ဆုံးရှုံးလိုက်နှင့် လောကနိယာမကို ဘယ်သူမှ မတားဆီးနိုင်ပါ။ ရှိနေတုန်းသာ အတတ်နိုင်ဆုံးကောင်းအောင် ကြိုးပမ်းလုပ်ကြရမှာပါ။ ဘယ်လိုမှ မတားဆီးနိုင်တော့တဲ့ အဖွဲ့ပြိုကွဲမှုတွေကလဲ ဖြစ်လာတတ်ပါတယ်။
အဖွဲ့အစည်းတိုင်းမှာ ရပ်တည်ချက်၊ လမ်းစဉ် ရည်မှန်းချက် ပန်းတိုင်ဆိုတာတွေ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အဖွဲ့တွင်းမှာ ကွဲလွဲမှု ဖြစ်လာပြီဆိုရင်တော့ အများသဘောဆန္ဒနဲ့အညီ မျှမျှတတ ဆုံးဖြတ်ချက် ချရင်ချ၊ မချနိုင်ရင်တော့ ရပ်တည်ချက် မတူသူတွေ လမ်းခွဲဖို့ပဲ ရှိပါတယ်။ လောကမှာ အပေးအယူနဲ့ ညှိနှိုင်းမှုတွေ ရှိရတယ်ဆိုတာမှန်ပေမယ့် ဘယ်လိုမှ ညှိနှိုင်းလို့၊ လျှော့ပေးလို့ မဖြစ်နိုင်တဲ့ အရာတွေလဲ ရှိပါတယ်။ ဥပမာ- မူးယစ်ဆေးဝါး ကုန်ကူးမယ်ဆိုတဲ့ လင်ယောက်ျားနဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို သိမြင်တဲ့ ဇနီးမယားနှစ်ယောက် ဘ၀ခရီးကို အတူဆက်လျှောက်လို့ မရပါ။ ဇနီးသည်က လင်ယောက်ျားကို မူးယစ်ဆေးဝါး ကုန်မကူးအောင် တားနိုင်ရင်တား၊ လင်ယောက်ျားက ဇနီးသည်ကို မူးယစ်ဆေးဝါးကုန်ကူးမှုကြောင့် ရနိုင်မယ့် အကျိုးအမြတ်တွေနဲက မက်လုံးပေးပြီး ဆွယ်နိုင်ရင်ဆွယ်ပြီး ညှိနှိုင်းကြဖို့ကတော့ ပထမအဆင့်ပါ။ ဒါမှ မရရင်တော့ လင်ယောက်ျားဖြစ်သူကလဲ သူ့ကိုယ်ကျိုးအတွက် သူလုပ်ချင်တဲ့ လမ်းကြောင်းကို ဆက်လုပ်ဖို့နဲ့ ဇနီးသည်ကလဲ တမျိုးသားလုံး အရေးအတွက် သူရှောင်ရမယ့် အန္တရာယ်ကို ရှောင်ဖို့ လမ်းခွဲကြရုံပဲ ရှိပါတယ်။ တယောက်က ကိုယ်ကျိုးစီးပွား၊ တယောက်က အမျိုးသားရေး ကို စဉ်းစားတဲ့ လူနှစ်ယောက်မှာ ဘုံရည်မှန်းချက်ဆိုတာ မရှိလာတော့တဲ့အတွက် မိသားစု မပြိုကွဲအောင် ထိန်းသိမ်းရေးဆိုတာကလဲ လုပ်လို့ မရတော့ပါ။ ဒါပေမယ့် မိသားစု တခုလုံး အစိတ်စိတ်၊ အမြွာမြွာ မပြိုကွဲအောင်တော့ ထိန်းကျောင်းကြရပါမယ်။ အဖခြေရာကို ဆက်နင်းမယ့် သားသမီးနဲ့ အမိခြေရာကို ဆက်နင်းမယ့် သားသမီးတွေကို မိဘနဲ့ အတူရှိနေဖို့တော့ ကြိုးပမ်းမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။
ဒီလိုပါပဲ။ အဖွဲ့အစည်းတွေ ပြိုကွဲတဲ့အခါမှာလဲ အစိတ်စိတ်အမြွာမြွာနဲ့ သူတလူငါတမင်း မဖြစ်ရလေအောင် ပြိုကွဲမှုကို စနစ်တကျ ထိန်းကျောင်းပေးဖို့ လိုပါတယ်။ နိုင်ငံရေးရာမှာ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကက နိုင်ငံရေးအဖွဲ့အစည်းတွေဟာ ဥရောပ အဖွဲ့အစည်းတွေ ထက်စာရင် ပိုပြီး fragile ဖြစ်ပါတယ်။ ကွဲအက်လွယ်ပါတယ်။ ကိုလိုနီကျွန်စနစ်နဲ့ အာဏာရှင် ကျွန်စနစ်အောက်မှာ နှစ်ပေါင်းများစွာ နေလာကြရတာဖြစ်တဲ့အတွက် ကျွန်စိတ်က မျိုးဆက်တွေအလိုက် အသွေးထဲ အသားထဲမှာ နစ်ဝင်ပုန်းလျှိုးနေတတ်ပါတယ်။ ဒီကျွန်စိတ်က တော်ရုံတန်ရုံ အချိန်တွေမှာဆို မထွက်လာပါဘူး။ ဒါပေမယ့် နိုင်ငံအရေးအခြေအနေ အပြောင်းအလဲကာလတွေ၊ စစ်မက်သင့်တဲ့ ကာလတွေမှာဆို ထွက်ပေါ်လာတတ်ပါတယ်။
ကျွန်မတို့ မြန်မာ့နိုင်ငံရေး သမိုင်းမှာလဲ ဒီလိုကျွန်စိတ်တွေ ပေါ်ထွက်လာတတ်တဲ့ အခြေအနေလေးတွေ ရှိခဲ့ဖူးပါတယ်။ မြန်မာလူမျိုးတွေဟာ ကိုလိုနီလက်အောက်ခံ ကျွန်သဘောက် ဘ၀ မရောက်ခင်တုန်းက သက်ဦးဆံပိုင်ဘုရင်တွေရဲ့ တသွေးတသံ တမိန့်အောက်မှာ နေခဲ့ရပါတယ်။ လူမှုရေးကျင့်ဝတ်တွေအရ မိသားစုတွင်းမှာလဲ အာဏာရှင်စနစ်က အမြစ်တွယ်နေပါတယ်။ အိမ်တအိမ်မှာ ဖခင်ရဲ့ သြဇာနဲ့ သားသမီးရဲ့ ကိုယ်ပိုင်အတွေးအခေါ် ထိပ်တိုက်ဖြစ်လာခဲ့ရင် ဖခင်ရဲ့ အာဏာကို မလွန်ဆန်ရဲတော့ပါဘူး။ ရွာတရွာမှာ သူကြီးရဲ့ သြဇာအာဏာကို မလွန်ဆန်ရဲကြပါဘူး။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ငုံ့ခံကြပါတယ်။ မတရားလုပ်ခံရရင်တောင် ဘ၀ကံအကြောင်းတရားပါလာလို့ ဆိုပြီးတော့ပဲ ဖြေသိမ့်တွေးတတ်ကြပါတယ်။
မခံနိုင်လွန်းမှသာ ယမ်းပုံမီးကျ ဒေါသအိုး ပေါက်ကွဲတတ်ကြတာပါ။ ဒါကလဲ ကောက်ရိုးမီးလို တခဏပဲ တောက်ပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးထိရင် မချိအောင်နာတဲ့ စိတ်ရင်းခံလေး တခုကတော့လဲ ရှိနေခဲ့ပါတယ်။ နယ်ချဲ့တွေ ကျူးကျော်လာတော့ ဒီစိတ်ရင်းခံနဲ့ ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ကြတာပါပဲ။ ဒါပေမယ့် သူတို့ရဲ့ တော်လှန်ရေးစိတ်မှာ သက်ဦးဆံပိုင်ဘုရင်စနစ်က သွတ်သွင်းပေးထားတဲ့ ကျွန်စိတ်ကလဲ တွဲပါနေပါတယ်။ မင်းနေပြည်တော်က အမိန့်ပေးမှ၊ စစ်သူကြီးတွေက ဦးဆောင်မှဆိုတဲ့ ခေါင်းဆောင်တွေအပေါ် မှီခိုအားကိုးမှုက ရှိနေပြန်ပါတယ်။ ဒီကျွန်စိတ်တွေက ဘယ်လောက်တောင် လွှမ်းမိုးသွားလဲဆိုရင် မန္တလေး နေပြည်တော်ကို သေနတ်တချက်တောင်မဖောက်ရပဲ ဘုရင်ကို ကြက်လေး၊ ငှက်လေးလို နယ်ချဲ့ကျူးကျော်သူတွေက ဖမ်းနိုင်သွားတဲ့ အဆင့်အထိပါပဲ။
နယ်ချဲ့ကို ထိပ်တိုက်ရင်ဆိုင်လိုက်ရင် မိမိတို့ရဲ့ ရပ်တည်ရှင်သန်ခွင့်တွေ၊ ရာထူးတွေ ဆုံးရှုံးမှာ ကြောက်ကြတဲ့ နေပြည်တော်က သက်ကြီးရွယ်အို အဖိုးအိုများရဲ့ စကားကို ကာယ၊ ဥာဏ ပြည့်စုံတဲ့ တပ်မှူးဗိုလ်ပါ အပေါင်းက ကျွန်စိတ်နဲ့ နာခံခဲ့ကြပါတယ်။ စုဖုရားလတ်က “ဘိုးဘိုးတို့ ကြောက်ရင် ထမီဝတ်ထားကြပါလား။ စုဖုရား ကိုယ်တိုင် နန်းတွင်းသူတွေနဲ့ ထွက်ပြီး ခုခံမယ်” လို့ ပြောခဲ့ရတဲ့ အထိ မြန်မာ့သမိုင်းဟာ အကျည်းတန်ခဲ့ပါတယ်။ ကျွန်စိတ်မရှိလို့ သခင်စိတ်နဲ့ နယ်ချဲ့ကို တွန်းလှန်ခဲ့ကြတဲ့ မြန်မာတပ်မှူးအပေါင်းမှာလဲ မြန်မာမင်းနေပြည်တော်က အလိုတော်ရိ လက်ပါးစေတွေနဲ့ ကုလားဖြူ စစ်တပ်တွေကြောင့် အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။ သခင်စိတ်တွေ အညွန့်ချိုးခံခဲ့ရပါတယ်။
ဒီလိုနဲ့ နယ်ချဲ့ကျွန်ဘ၀မှာ နှစ်ပေါင်းများစွာနေခဲ့ရပြီး၊ အမျိုးသားရေးစိတ်ဓာတ်တွေ ပြန်ပြီး နိုးကြားလာချိန်ကြတော့လဲ မြန်မာတမျိုးသားလုံးကို ကိုယ်စားပြုနေတဲ့ ဂျီစီဘီအေ အသင်းကြီးဟာ နယ်ချဲ့ရဲ့ ရာထူး၊ အာဏာ မျက်စပစ်မှုဒဏ်ကို မခံနိုင်ပဲ အစိတ်စိတ်အမြွာမြွာ ကွဲခဲ့ရပြန်ပါတယ်။ ခေါင်းဆောင်ကြီးတွေဆီမှာ ကျွန်စိတ်တွေ ပေါ်လာပြန်ပြီး၊ နယ်ချဲ့ လက်အောက်ခံ အစိုးရရဲ့ အမတ်မင်းများ ဖြစ်ဖို့အရေး ကြိုးပမ်းပြီး လူထုကို မျက်စိလည်လာစေပြန်ပါတယ်။ “လူကြီးတွေ လုပ်တာဆိုရင် မှန်တယ်။ လူကြီးတွေကို ပြန်အာမခံနဲ့” ဆိုတဲ့ ထုံးတမ်းစဉ်လာတွေအကြားမှာ ကိုယ်ပိုင်အတွေးအခေါ်၊ အယူအဆ၊ ဦးဆောင်နိုင်မှု အရည်အချင်းတွေကို သင်းကွပ်ခံထားရ သူတွေကလဲ “တောင်ကျရေ၊ နွားနှစ်ကောင်မ၀သလိုပ၊ မောင်ဘဘေ ငါးထောင်မရသော်ကြောင့်” ဆိုတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း စာထဲကလို ကျွန်စိတ်နဲ့ အမတ်ရူးရူးနေကြတဲ့ ခေါင်းဆောင်ကြီးများကို ထောက်ခံကြပြန်ပါတော့တယ်။
အမျိုးသားရေးစိတ်၊ သခင်စိတ်ရှိတဲ့ သခင်ဘသောင်း၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့လို လူငယ်တွေသာ အဲဒီအချိန်တုန်းက မပေါ်ထွက်ခဲ့လျှင် မြန်မာပြည်ကြီးလဲ အိန္ဒိယအုပ်ချုပ်ခံ ပြည်နယ်တခုအနေနဲ့ ဖြစ်ကျန်ခဲ့မည်လားပင် မသိပါ။ ဒီလိုနဲ့ မြန်မာ့နိုင်ငံရေး သမိုင်းဆိုတာကလဲ မင်းလောင်းတွေ မျှော်လိုက်၊ ခေါင်းဆောင်တွေကို အားကိုးလိုက်၊ ဖောက်ပြန်တဲ့ ခေါင်းဆောင်တွေက နိုင်ငံရေးလှိုင်းလုံးတွေကို ပြန်ပုတ်ချလိုက်၊ ပြိုလိုက်ပျက်လိုက်၊ ကွဲလိုက်ပြဲလိုက်၊ အချင်းချင်းချလိုက်၊ မရှိတဲ့ အာဏာကို စိတ်ကူးနဲ့ ရူးပြီး လုလိုက်၊ အာဏာရှင်တွေဆီကို ကျွန်သွားခံလိုက်ဖြင့် နှစ်ပေါင်းများစွာ ကျွန်စိတ်များ စိမ့်ဝင်ပျံ့နှံ့နေခဲ့သော ကျွန်နိုင်ငံရေး သမိုင်းကြီးအဖြစ်သာ အဖတ်တင် ကျန်ရစ်ခဲ့ပါတော့တယ်။ နောက်ဆုံးကျတော့ မြန်မာအချင်းချင်း ကျွန်ပြန်ပြုတဲ့ စစ်ကျွန်ဘ၀ကို ရောက်ရှိသွားပါတယ်။
မြန်မာတင်မဟုတ်ပါ။ စိတ်ဓာတ်နဲ့ အတွေးအခေါ်များကို မပြင်ဆင်နိုင်သေးတဲ့ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံတချို့တွေမှာလဲ ဒီလို ကျွန်နိုင်ငံရေး ခရီးကြမ်းကြီး ဆက်လှမ်းနေကြရဆဲပါ။ ကျွန်သံသရာကနေ ဖောက်ထွက်ဖို့ ကြိုးစားခဲ့ကြတဲ့ နိုင်ငံတွေမှာတော့ နိုင်ငံရေးအဖွဲ့အစည်းတွေထဲက အဖွဲ့ဝင်တွေဟာ သခင်စိတ်ကို မွေးထားခဲ့ကြပါတယ်။ နိုင်ငံရေးအကူးအပြောင်းကာလတွေမှာ ကျွန်စိတ်ဝင်နေသူတွေရဲ့ ကြိုးကိုင်ခြယ်လှယ်မှုကို လက်ခံလေ့မရှိကြပါဘူး။ အဖွဲ့အစည်းက တရားဝင် မြေပေါ် အဖွဲ့ ဖြစ်နေတဲ့အခါ ကျွန်ခံမယ့် ခေါင်းဆောင်တွေနဲ့ ကျွန်ပြုမယ့်သူတွေက တသားတည်း ဖြစ်သွားတတ်ပါတယ်။ ကျွန်ခံမယ့် ခေါင်းဆောင်တွေရဲ့ အာဏာကို ဖီဆန်တဲ့ သခင်စိတ်ရှိတဲ့ အဖွဲ့ဝင်တွေကို ကျွန်ပြုမယ့်လူတွေက ၀င်ပြီး နှိပ်ကွပ်ဖမ်းဆီးလေ့ရှိကြပါတယ်။ အဲဒီလိုအခါမျိုးမှာ နိုင်ငံရေး အဖွဲ့အစည်းဟာ ကျွန်ခံမယ့် ခေါင်းဆောင်တွေလက်ထဲကို လုံးလုံးလျားလျား ကျသွားပြီး၊ နောက်ထပ် အဖွဲ့အစည်းတရပ် ထပ်မထွက်လာမချင်း နိုင်ငံရေး သေတတ်ပါတယ်။
ဒီလိုတွေဖြစ်လာရင် တော်လှန်ရေး ကြာရှည်တတ်ပါတယ်။ ဒါကြောင့် သခင်စိတ်နဲ့ ခေါင်းဆောင်တွေ၊ သခင်စိတ်ရှိတဲ့ အဖွဲ့ဝင်တွေဟာ အဖွဲ့တွင်း ပဋ္ဋိပက္ခပြေလည်ရေးကို ဘယ်လိုမှ လုပ်လို့ မဖြစ်တော့ တဲ့အခါ အဖွဲ့ပြိုကွဲမှုကို စနစ်တကျ ထိန်းကျောင်းနိုင်ရေးအတွက် ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ မြေပေါ်အဖွဲ့ဖြစ်ရင် မြေအောက်ဆင်းရပါမယ်။ မြေအောက်ဆင်းတဲ့အခါ စီအိုစီ ဖွဲ့စည်းရပါမယ်။ ဒီစီအိုစီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရွေးထားရပါမယ်။ လူထုထဲကို လှေကားချပြီး လျှို့ဝှက်စည်းရုံးမှုတွေ လုပ်ရပါမယ်။
ဒီ ပြောရေးဆိုခွင့် ရှိသူဟာ ကျွန်စိတ်ရှိသူတွေက အဖွဲ့အစည်းအမည်ကို အလွဲသုံးစားလုပ်ပြီး ကျွန်သက်တမ်းရှည်ဖို့ ကြိုးပမ်းမှုတွေ၊ ကျွန်ပြုမယ့်သူတွေက ဒါကို အသုံးချပြီး လူထုကြီးရဲ့ သခင်စိတ်ကို ချိုးနှိမ်ဖို့ ကြိုးစားမှုတွေကို ကန့်ကွက်ဆန့်ကျင်ရပါမယ်။ နေရာဒေသအသီးသီးမှာ လူထုစည်းရုံးရေး အစုအဖွဲ့များ ဖွဲ့ထားပြီး မိမိတို့ရဲ့ မြေအောက်အဖွဲ့အစည်းနဲ့ ပြည်သူလူထုအကြား ကွင်းဆက်မပြတ်အောင် ကြိုးပမ်းရပါမယ်။ အဖွဲ့ကို တိုက်ပွဲဝင်အဖွဲ့အစည်း တရပ်အနေနဲ့ စနစ်တကျ ပြန်လည်ပြင်ဆင် တည်ဆောက်ပြီး ကျွန်စနစ် ဆန့်ကျင်ရေးတိုက်ပွဲကို လူထုကြီးနဲ့အတူ ပူးပေါင်းဆင်နွှဲရပါမယ်။ ကျွန်ပြုသူတွေရဲ့ အုပ်ချုပ်ရေးယန္တရား ပြိုကျတာနဲ့ ချက်ချင်းအစားထိုးနိုင်မယ့် ယာယီအုပ်ချုပ်ရေး ယန္တရားကို ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။
**နိဂုံး**
တဦးတယောက်တဲ့ ပိုတဲ့အခါ အစုအဖွဲ့ဆိုတာရှိလာပါတယ်။ အစုအဖွဲ့ဆိုတာရှိလာရင် ပဋ္ဋိပက္ခဆိုတာ ရှိလာပြန်ပါတယ်။ ပဋ္ဋိပက္ခဆိုတာရှိလာရင် ပြေလည်အောင် ဖြေရှင်းဖို့ စနစ်တကျ ကြိုးစားရမှာ ဖြစ်ပါတယ်။ ကြိုးစားနေရင်း မတူညီနိုင်တဲ့ ရပ်တည်ချက်၊ ယုံကြည်ချက်တွေကြောင့် ရှိပြီးသား အစုအဖွဲ့တွေ ပြန်ပြီး ပြိုကွဲတယ်ဆိုတာလဲ ရှိပါတယ်။ အဲဒီအခါမှာလဲ အစိတ်စိတ်၊ အမြွာမြွာ မဖြစ်ရလေအောင်၊ ရည်မှန်းချက်ပန်းတိုင်ကို ပြန်ပြီး အာရုံစိုက်နိုင်အောင် စနစ်တကျ ထိန်းကျောင်းမှုဆိုတာ ရှိလာရမှာ ဖြစ်ပါတယ်။ တွေဝေမှုဟာ လူပေါင်းများစွာရဲ့ ဘ၀တွေကို ရှင်ရက်နဲ့ သေစေနိုင်ပါတယ်။ နယ်ချဲ့ကျွန်၊ ဖက်ဆစ်ကျွန်၊ စစ်ကျွန် စတဲ့ ဘယ်လိုကျွန်စနစ်ပဲ ဖြစ်ဖြစ် လူတွေရဲ့ ကိုယ့်ကြမ္မာ ကိုယ်စီမံ ဖန်တီးခွင့်တွေ ပျောက်ဆုံးနေမှာပါပဲ။ လူတွေရဲ့ အနာဂတ်တွေေ၀၀ါးနေစေမှာပါပဲ။ မိမိထက် ဂုဏ်ကြီးဝါကြိး၊ အတွေ့အကြုံ ပိုများသူတွေရဲ့ ဆုံးဖြတ်ချက်တိုင်း မှန်ပါတယ်လို့ ဘယ်သူမှ မဆိုနိုင်ပါ။ ရေမြင့်မှသာ ကြာတင့်ပါတယ်။ တမျိုးသားလုံး စစ်ကျွန်ဘ၀က လွတ်မြောက်မှသာ လွတ်မြောက်ရေးအတွက် ကြိုးပမ်းတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ဂုဏ်သိက္ခာတွေ တက်လာမှာ ဖြစ်ပါတယ်။ စစ်ကျွန်ဘ၀ သက်ဆိုးရှည်ရေးကို ဖော်ဆောင်ပေးတဲ့ အဖွဲ့အစည်းတွေကို မလွဲသာလို့ ပုလ္လင်ပေါ် တင်ပေးထားရရင်တောင် လူထုရဲ့ မျက်လုံးထဲမှာတော့ ပလ္လင်ပေါ်က မျောက်တွေအဖြစ်သာ မြင်ယောင်နေမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ရှင်။
***ခင်မမမျိုး ***
(၂၄၊ ၃၊ ၂၀၁၀)
‘ ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ် ”
စစ်အုပ်စုရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ဆိုတာနဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေ ဆိုတာ ထွက်လာအပြီးမှာ နိုင်ငံရေးလောက ပွဲဆူသွားပါတယ် ၊ အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲ မှာ ပြည်သူတွေရဲ့ဆန္ဒမဲတွေ ၊ ရရှိထားပါတယ်ဆိုတဲ့ NLD ပါတီတွင်း ဘယ်သူတွေက နိုင်ငံရေးသမားလဲ ၊ ဘယ်သူတွေကနိုင်ငံရေးစားဖားတွေလဲ ကွဲပြားလောက်အောင်ကို ရှေ့ဘယ်လိုရပ်တည်ကြမလဲလို့ အငြင်းပွားမှုတွေ ဖြစ်စေခဲ့ရပါတယ် ၊ NLD ပါတီတွင်းကပြဿနာက ဒီ၂၁ နှစ်မှာမဆန်းပါဘူး ၊ လူကြီးလူငယ်ပြဿနာ ၊ တိုက်ရဲသူတိုက်ပွဲဝင်ချင်သူတွေနဲ့နောက်တွန့်သူတွေကြားကပြဿနာ ၊ ပါတီဆိုင်းဘုတ်နဲ့အမတ်နေရာကိုပဲ ဖက်တွယ်ထားချင်သူတွေနဲ့ ပြည်သူ့မျက်နှာပဲကြည့်ချင်သူတွေ ရဲ့ပြဿနာ ၊ တလျောက်လုံးရှိလာခဲ့တာပါ ၊ ထားပါ ။ ပြောချင်တာက NLD ထဲက ပြဿနာတွေ မဟုတ်ပါဘူး ၊ စုန်းပြူးဆိုတာတော့ အဖွဲ့အစည်းတိုင်းမှာရှိမှာပါပဲ ၊ ထောင်ထဲရောက်နေတဲ့ တိုက်ရဲ တဲ့ NLD အဖွဲ့ဝင်တွေရဲ့မျက်နှာ ၊ ဒေါ်အောင်ဆန်းစုကြည်မျက်နှာနဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူကဆန္ဒပြုထားတဲ့ ပြည်သူရှေ့ဆောင်ပါတီဖြစ်နေတာတွေကြောင့် NLD ဘာပဲဖြစ်ဖြစ် အားလုံးက (မဖြစ်မနေ) ၀ိုင်းရံရမှာပါ ။ မမှားအောင် ၀ိုင်းတည့်မတ်ပြီး လက်တွဲ တိုက်ပွဲဝင်ကြရမှာပါ။
ပြောချင်တာက အဲဒီလိုပြဿနာတွေဖြစ်အောင် ဖန်တီးနေတဲ့ နအဖ စစ်အုပ်စုရဲ့ လုပ်ဆောင်ချက်ပါ၊ နအဖ က သူဖြစ်စေချင်သလိုတွေဖြစ်အောင် ဖျားယောင်းမြှူဆွယ်လိုက်တဲ့ ၊ အာရုံလွှဲတဲ့ တိုက်ပွဲခေါ် သံပါ ၊ ၁၉၉၀ တုံးက ရွေးကောက်ပွဲဆိုတာ ပြည်သူ့ဘက်တော်သား ဒီအမိုကရေစီအင်အားစုတွေ ၊ ကိုင်စွဲတဲ့တိုက်ပွဲလမ်းကြောင်းတစ်ခုပါ ၊ ခု ၂၀၁၀ ရွေးကောက်ပွဲဆိုတာက စစ်အုပ်စုက ကိုင်စွဲတဲ့ လမ်းကြောင်းပါ ၊ စဉ်းစားကြည့်ကြပါ ၊ ရွေးကောက်ပွဲ ဆိုတာ ဒီမိုကရေစီရဲ့ ပြယုတ်ပါ ၊ ပြည်သူ့ဆန္ဒ ကိုဖေါ်ကြူးခြင်းပါ ၊ ပြည်သူပေါင်းများစွာကိုသတ်ပြီး အာဏာကိုလုထားတဲ့ ပြည်သူ့ဆန္ဒကိုဆန့်ကျင် ခဲ့တဲ့ စစ်အာဏာရှင်တွေက ရွေးကောက်ပွဲလို့ ဘာလို့ပြောလာသလဲ ၊ ၁၉၉၀ တုံးက တစ်ကြိမ် ရွေး ကောက်ပွဲ လုပ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကိုပြည်သူကရွေးချယ်ခဲ့ပါလျက် ၊ နှစ် ၂၀ ကျော် အာဏာလွှဲမပေးပဲအကြောင်းအမျိုးမျိုးပြအချိန်တွေဆွဲပြီးကာမှ ခုတစ်ခါ ရွေးကောက်ပွဲပြန် လုပ်မယ်လို့ ဘာလို့ပြောလာသလဲ ၊ ရိုးရိုးရှင်းရှင်းလေးပါ ။
ဗမာပြည် ပြည်သူတွေ ပေါက်ကွဲတော့မဲ့အခြေအနေဖြစ်လာတိုင်း ၊ နိုင်ငံရေးအရ ဘေးကြပ်နံကြပ်ကြုံ လာတိုင်း ၊ ဗမာပြည်နိုင်ငံရေးအပြောင်းအလဲတစ်ခုခု မဖြစ်မနေလုပ်ပေးရတော့မဲ့အခြေအနေတိုင်း ၊ မဆလ အမည်ခံလက်ထက်ထဲက စစ်အုပ်စု လုပ်နေကြ ၊ လမ်းလွှဲနေကြ ပုံစံပါ ။
လူမျိုးရေး ၊ ဘာသာရေး အထိကရုန်းတွေဖန်တီးတာမျိုး ၊ ပျော်ပွဲရွှင်ပွဲ ( ပွဲလမ်းသဘင်)တွေဖန်တီး ပေးလိုက်တာမျိုး ၊ ၀န်ထမ်းတွေလစာတိုးပေးလိုက်တာမျိုး ၊ စသဖြင့် ပြည်သူတွေလမ်းလွှဲအောင် အာရုံလွှဲပြောင်းမှုတစ်ခုခု စစ်အုပ်စုအမြဲလုပ်လေ့ရှိပါတယ် ၊ ခုလဲ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေဆိုတာနဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုတဲ့ခေါင်းစဉ်တွေထုတ်ပြန်ပြီး ၊ ပြည်သူတွေေ၀၀ါး သွားအောင် လမ်းလွှဲလိုက်တာပါ ။
ကမ္ဘာ့နိုင်ငံအသီးသီးကရော ၊ ဒီမိုကရေစီအင်အားစုအသီးသီးကရော ၊ ပြည်သူတွေကပါ ဒီဥပဒေတွေ ဟာ တဘက်သတ်ရေးဆွဲထားတဲ့ဥပဒေတွေဖြစ်တယ် ၊ မျှတမှုမရှိဘူး ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အတွက် တမင်ရည်ရွယ်ပြီးထုတ်ပြန်တာဖြစ်တယ် ၊ NLD နဲ့ဒေါ်အောင်ဆန်းစုကြည်ကို ခွဲထုတ်တာ ဖြစ်တယ် ၊ စသဖြင့် ၀ိုင်းဝေဖန်ကြမယ်ဆိုတာ သူတို့တွက်ပြီးသားပါ ၊ သိက္ခာမဲ့တဲ့ကြေငြာချက်ဖြစ် တယ်ဆိုတာ သိသိနဲ့ ထုတ်ပြန်ခဲ့တာ ဘာကြောင့်လဲ ။
နှစ်ချက်ရှိပါတယ် ၊ တစ်ချက်က NLD ပဲဖြစ်ဖြစ် ၊ ရွှေဂုံတိုင်ကြေငြာစာတမ်းပဲဖြစ်ဖြစ် ၊ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ၊ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် စောက်ဂရုမစိုက်ဘူးလို့ ပြတာပါ ။နောက်တစ် ချက်က ရွေးကောက်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့ ဖြတ်သန်းသင့်တယ် ၊ မဖြတ်သန်းသင့်ဘူး ၊ မျှတတယ် ၊ မမျှတဘူး ငြင်းခုန်ကြတာတွေလိုချင်လို့ကို တမင်လုပ်တာပါ ။
စစ်အုပ်စုက လက်တွေ့လုပ်ငန်းစဉ်တွေမှာမပြောနဲ့ စာရွက်ပေါ်မှာတောင် ဘယ်တုန်းကမျှတခဲ့ဘူး တာရှိလို့လဲ ၊ ဘယ်နေရာမှာမှ ဘယ်တုန်းကမှ မမှန်ခဲ့မမျှတခဲ့တာသိသိနဲ့ ၊ ဒါမမှန်ဘူးလို့ တချက်ခြင်းလိုက်ထောက်ပြောပြီး သူတို့ကိုနေရာပေးဆွေးနွေးသလိုဖြစ်တာမျိုး လိုချင်လို့ကို တမင် ထုတ်ပြန်တာပါ ။ခုလို NLD တွေ ၊ ဒီမိုကရေစီအင်အားစုတွေ အချင်းချင်းသဘောထားကွဲပြီး တကယ်လုပ်ရမဲ့ တိုက်ပွဲအကောင်ထည်ဖေါ်ရေး အစီစဉ်တွေမဆွေးနွေးဖြစ်အောင် လုပ်လိုက်တာပါ။
တကယ်တမ်းက ပြည်သူတွေအုံကြွတော့မဲ့အရိပ်အခြေတွေ သူတို့မြင်နေရလို့ ၊ ရွေးကောက်ပွဲပြန် လုပ်မယ်ဆိုတဲ့ခေါင်းစဉ်ပြ ခဏဟန့်ထားလို့ရမလားလို့ ၊ အာရုံလွှဲတာပါ ။ နေ၀င်းခေတ်မှာ ၂၆ နှစ်၊ စောမောင်ခင်ညွှန့်သန်းရွှေခေတ်မှာ ၂၂နှစ်နဲ့ ၊ နှစ်ပေါင်း၅၀နီးပါး မွဲပြာကျနေတဲ့ပြည်သူတွေက ၊ သူတို့ရဲ့မျိုသိပ်နေရမှုတွေကို ပွင့်အံဘို့ ၊ မချိတင်ကဲအံခဲခံစားနေရတာတွေကို ပေါက်ကွဲပလိုက်ဘို့၊ မိုးထားတဲ့သေနတ်ပြောင်းတွေကိုမော်ကြည့်နေကြပြီ ၊ စက်ရုံအလုပ်ရုံတွေဆီက နေ့စဉ်နဲ့အမျှ များပြားလာနေတဲ့တောင်းဆိုမှုတွေက သူတို့ကိုခြောက်လှန့်နေပြီ ။
ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးတုန်းကလဲ တစ်တိုင်းတစ်ပြည်လုံးအုံကြွတောင်းဆိုနေတာကို ပစ်ခတ်သတ်ဖြတ်အာဏာသိမ်းခဲ့ပြီး တက်နေတဲ့နိုင်ငံရေးအရှိန်အဟုန်မှာ ခံချဘို့စိုင်းပြင်းနေတဲ့ လူထုကြီးကို ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်ပေးမယ် ၊ ပါတီတွေထောင်ကြပါ ဆိုပြီး ၁၉၉၀ ရွေး ကောက်ပွဲနဲ့ အာရုံလွှဲခံခဲ့ရတယ် ၊ အဲဒီတုန်းကသာ ပြီးရင်စစ်တန်းလျားပြန်မှာပါ ဆိုတဲ့ လူသတ်ကောင်တွေရဲ့ကတိကိုမယုံပဲ ရှစ်လေးလုံးရဲ့အရှိန်အဟုန်နဲ့ဆက်တိုက်ပွဲဝင်ဖြစ်ခဲ့ရင် ၊ ဖိနှိပ်ခံ ဘ၀ ဒီလောက်ကြာခဲ့နိုင်ပါ့မလား ။
အာရုံလွှဲမခံကြပါနဲ့တော့ ။ အလုပ်သမားတော်လှန်ရေးတွေဖြစ်လာနိုင်ခြေမြင်လို့ ၊ တိုင်းရင်းသား တွေနဲ့ တိုက်ပွဲတွေပြန်ဖြစ်တော့မဲ့အခြေအနေတွေမြင်လို့ ၊ အားလုံးကိုအာရုံလွှဲတဲ့ ရွေးကောက်ပွဲ ဥပဒေဆိုတာကို ကသောင်းကနင်းထုတ်ပြန်ခဲ့တာ ၊ မမျောပါကြပါနဲ့ ၊ တကယ်လုပ်ရမဲ့အလုပ်တွေ (ပြည်သူလူထုကြီးနဲ့ထပ်တူ တိုက်ပွဲဝင်ဘို့ ) အတွက်သာ ပြင်ဆင်ကြပါ ၊ ပြည်သူတွေကို တိုက်ပွဲ ၀င်ဘို့ ဦးဆောင်လမ်းပြကြပါ ၊ NLD ထဲက ပြည်သူ့သူရဲကောင်းတွေနဲ့ စစ်အုပ်စုထိပ်တိုက်တွေ့ တော့မှာကို ၀ိုင်းရံကြပါ ၊ တစ်ဗိုလ်ကျတစ်ဗိုလ်တက် တိုက်ပွဲဝင်နိုင်ဘို့ ပြင်ကြပါ ၊ စစ်အုပ်စုက အသက်ရှစ်ဆယ်ကျော်အဖိုးကြီး - ဘဘဦးဝင်းတင်တို့ ဦးတင်ဦးတို့ကိုတောင် ပြန်ဖမ်းနိုင်ပါသေး တယ် ၊ စစ်အုပ်စုက သူတို့အာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်ဘို့ဝန်မလေးတာ မမေ့လျော့ ကြပါနဲ့ ၊ တိုက်ပွဲက ကပ်နေပါပြီ ၊ ဘဘဦးဝင်းတင်ပြောတဲ့ မကြောက်တရားလက်နက် ၊ သွေးစည်း ညီညွတ်ရေးလက်နက် ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးရည်မှန်းချက်ပန်းတိုင် တစ်ခုထဲချမှတ် ရှေးရှုရင်ဆိုင်ချီတက်ရေးလက်နက် တွေကိုင်စွဲထားပြီး NLD နဲ့ထပ်တူ ၊ ပြည်သူကိုဦးဆောင် တိုင်ပွဲ ၀င်ကြပါစို့ ။
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည် ။
ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည် ။
ယုံကြည်ချက်ဖြင့်
***ဗိုလ်သူ**
27Mar,10// ခွေးကောက်ပွဲ
***၂၀၁၀ တဲ့....
လူမဆန်တဲ့ကောင်တွေကြီးစိုးပြုလုပ်မယ့်ပွဲ
ဘာလုပ်ရမှာလဲ။
***ခွေးဋီကာ ချဲ့ထွင်မနေနဲ့
မင်းတို့လုပ်ရပ်တွေ လူဆန်လားမဆန်လား
ပြည်သူသိရုံမက တကမ္ဘာလုံးအသိ။
**ခွေးပလ္လင်ပေါ်မှာ ခွေးလိုစားပြီး
ခွေးစကားပြောနေတာကို
ခွေးသူတောင်းစားတွေက ခွေးလိုနားထောင်လို့
ခွေးလိုပြုကျင့်မယ့်
၂၀၁၀ ရွေးကောက်ပွဲကို
ခွေးတွေက အပိုင်ကြံပြီး
ခွေးဇာတ်ခင်းဖို့
လူစိတ်အပြည့်နဲ့ပြည်သူတွေက
လုံးလုံးမထောက်ခံဘူး ခွေးကောင်။
**ရွေးကောက်ပွဲမဟုတ်ဘူး။
အဲ့တာ ...
ခွေးကောက်ပွဲ။
ခွေးတွေ မဲလိမ်မယ့်ခွေးကောက်ပွဲ။
ခွေးတွေ မဲခိုးမယ့်ခွေးကောက်ပွဲ။
( ယုန်နှင့်အတူပြေး၍ ခွေးနှင့်အတူလိုက်မည့်သူများသို့ )
***ရေးသားသူ။ Ni၀ိုင်**
Friday, March 26, 2010
လက်တကမ်းသာလိုတော့သည် - ? ?
၁၉၈၈ ဒီမိုကရေစီ အုံကြွ တောင်းဆိုမှုကာလတည်းက စပြီး မြန်မာပြည်သူတွေဟာ ရင်းဒီမိုကရေစီ လက်တကမ်းသာလိုတော့တယ် ဆိုတဲ့စိတ်နဲ့ အားကြိုးမာန်တက် လှုပ်ရှားလာခဲ့ကြတာ၊ စစ်အစိုးရ၏ ဖိနှိပ်မှု အဖုံဖုံကြုံခဲ့ရ၊ ကြုံနေရပေမဲ့လည်း ဒီမိုကရေစီလှုပ်ရှားမှုဟာ ရပ်တန့်မသွားသေးပါ။ လှုပ်ရှားမှု အရှိန် တက်လိုက် ကျ လိုက်နှင့် အနှစ် ၂၀ ပင်ရှိလာပါပြီ။ မနက်ဖြန် သဘက်ဆိုရင် အဆုံးအဖြတ် ကာ လကို ရောက် တော့မှာဖြစ်တယ်၊ ဒီမိုကရေစီရဖို့လက်တကမ်းသာလိုသည်လို့ ပြောလို့ရသလို စစ်အာ ဏာရှင်စနစ် တရားဝင်တည်မြဲသွားရေးသည်လည်း လက်တကမ်းမှာသာရှိနေတယ်လို့ ပြောလို့ရပါ တယ်။
စစ်အာဏာရှင် အမြစ်ပြတ်ပျက်သုဉ်းရေးသည် ပြည်သူတရပ်လုံးတွင် တာဝန်ရှိပေမဲ့ လတ်တလောမှာ တော့ ၁၉၉၀နှစ် ရွေးကောက်ပွဲတွင် ပြည်သူတရပ်လုံးက မဲပေးရွးချယ်လိုက်သော အဲန်အယ်လ်ဒီ၏ အဆုံးအဖြတ်က အက္ခရာ ကျပါတယ်။ အဲန်အယ်လ်ဒီ နှစ်ပေါင်းများစွာ ကိုင်စွဲလာတဲ့ လွတ်တော် ခေါ်ပေးရေး၊ ၉၀ ခုနှစ်ရွေးကောက်ပွဲကိုအသိအမှတ်ပြုပေးရေး၊ တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ ရပ်တည် ချက်တွေကို စွန့်လွတ်ပြီး ရွေးကောက်ပွဲဝင်မလား၊ မဝင်ဘူးလား ဆိုတာ နအဖစစ်အစိုးရက ချဲလင်း လုပ်လိုက်ပါထားပါတယ်။ အဲန်အယ်လ်ဒီ အဖို့ Yes or No တခုခုလုပ်ရတော့မည်။ မလုပ်၍မရတော့ပြီ။
ပါတီရပ်တည်ရေးနှင့်လွတ်တော်အတွင်းကနေပြုပြင်လုပ်ဆောင်သွားမယ်လို့ ဒေါ်သန်းသန်းနု၊ ဦးသုဝေ တို့ပါတီလို ရည်ရွယ်ပြီးတော့ Yes လုပ် လိုက်မယ်ဆိုရင် ၉၀ ခုနှစ်က ပြည်သူတွေပေးထားတဲ့ မဲန့်ဒိတ် ကို လစ်လျူပြုရာကျမယ်၊ ပြည်သူတွေရဲ့ဆန္ဒကိုပစ်ပယ်ရာကျမယ်၊ စစ်အစိုးရ၏ မတရား အနိုင်ကျင့် တာကို ပျော့ညံ့စွာ အလျော့ပေးလက်ခံရာကျမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာမဲ့စွာ ပစ်ပယ်ရာ ကျမယ်။ No လုပ်ပြန်ရင်လည်း ပါတီမှတ်ပုံတင် ဥပဒေ အရ မှတ်ပုံမတင်ထားတဲ့အတွက် တရားမဝင် ပါတီ ဆိုပြီး နှိပ်ကွပ်ခံရမယ်။ အဲန်အယ်လ်ဒီအတွက် တကဲ့ကို အကျဉ်းအကြပ်ကာလပါ။
အဲန်အယ်လ်ဒီအပေါ် နအဖစစ်အစိုးရရဲ့ မတရားအနိုင်ကျင့်ခဲ့တာတွေ ခြုံကြည့်ရင်
၁- ၉၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရပေမဲ့ မတရားတဲ့ အမိန့်ဥပဒေတွေထုတ်ပြီး ပြောင်ပြောင်တင်းတင်းဘဲ အာဏာလွဲ မပေးခဲ့ပါ။ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးရေး အစဉ်တစိုက်တောင်း ဆိုခဲ့သော် လည်း စစ်အစိုးရက လုံးဝဂရုမစိုက် အသိအမှတ်မပြုပါ။
၂ - အဲန်အယ်လ်ဒီ ရုံးခန်းတွေအပိတ်ခံရတယ်၊ နှစ် ၂၀ လုံးလုံး နိုင်ငံရေးလှုပ်ရှားခွင့်မရအောင်ပိတ်ပင် ခံရတယ်၊
၃- ခေါင်းဆောင်တွေ မတရား ဖမ်းဆီးခံရပြီး နှစ်တို နှစ်ရှည်ထောင်ချခြင်းခံရတယ်။ တချို့ ခေါင်းဆောင် တွေ အဖွဲ့ဝင်တွေ ပြည်တွင်းမှာမိသားစုနှင့်အတူ မနေနိုင်အောင်လုပ်ခံရတယ်။ တချို့မိသားစုဘဝ ပင် ပျက်ကုန်ကြတယ်။
၎- ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲရင်းမှာ အသက်အန္တာရာယ်ပြု ခံရတယ်၊ ကိုယ့်အသက် ကို အန္တရာယ်လဲပြုခံရသေးတယ်၊ ကိုယ်ကဘဲ ပြန်အဖမ်းခံရသေးတယ်။ ဒီလိုပြောင်ပြောင်တင်းတင်း မတရားပြုမှုကို ခံ ခဲ့ရတယ်၊
၅- အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီကို စည်းခြားဖို့၊ မတရားဥပဒေပြု ခဲ့ပြီ။
မတရားဖိနှိပ်ခံရမှုတွေနဲ့ပတ်သက်လို့ အဲန်အယ်လ်ဒီကတော့ ဥပဒေနဲ့အညီဖြေရှင်းဖို့ ကြိုးစားပေ မဲ့လည်း တရားရုံးများဟာ စစ်အစိုးရတည်ထောင်ထား၊ ချုပ်ကိုင် လွမ်းမိုးထားတဲ့ တရားရုံးတွေဖြစ် တော့ကာ ပယ်ချတာချည်းပါဘဲ။
တဖန် အဲန်အယ်လ်ဒီက တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို တစိုက်မတ်မတ် ကမ်းလှမ်းနေခဲ့ပါတယ်။ စစ်အစိုးရကတော့ အဲန်အယ်လ်ဒီ ကမ်းလှမ်း တာကို ဂရုမစိုက်လက်မခံပါဘူး။ အဲန်အယ်လ်ဒီက အလျော့ပေးဆက်ဆံနေခဲ့ရပါတယ်၊ နှစ်ပေါင်း ၂၀ ပြည့်လာပါပြီ၊ ပါတီလည်း ယိမ်လာမလောက်ဖြစ် လာနေပြီ။ တဖက်မှာတော့ စစ်အစိုးရဟာ အာဏာတရားဝင်ဖြစ်အောင် အခိုင်အမာဖြစ်အောင် တစိုက် မတ်မတ်ဆောင်ရွက်လာတာ မကြာခင် ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်တယ်။ စစ်အစိုးရ ရဲ့အဓိက အတိုက်အခံဖြစ်တဲ့ အဲန်အယ်လ်ဒီကို စစ်အစိုးရက လမ်းရွေးခိုင်းထားပါတယ်။
အဲန်အယ်လ်ဒီသာ ရွေးကောက်ပွဲဝင်ဖို့လမ်းကိုရွေးရင် စစ်အစိုးရတရားဝင်အုပ်ချုပ်ခွင့်ရှိရေးကို လိုက် လျော အသိအမှတ်ပြုသလိုဖြစ်ပါတယ်။ တနည်းအားဖြင့် နှစ်ရှည်လများ အခိုင်အမာ ကိုင်စွဲလာတဲ့ ရပ်တည်ချက်ကို စွန့်လွတ်ရမှာဖြစ်ပါတယ်။ အကယ်၍ ရွေးကောက်ပွဲမဝင်ဖို့လမ်းကိုရွေးရင် အဲန် အယ်လ်ဒီဟာ ကြီးမားပြင်းထံတဲ့ စွန့်စားမှုကြီးကို လုပ်ဆောင်ရမှာဖြစ်တယ်။ ၂၉ ရက်နေ့မှာ ဘာရွေး မလဲဆိုတဲ့ ဆုံးဖြတ်ချက်ကိုချမယ်လို့ဆိုပါတယ်။ နအဖ ကျင်းပမဲ့ရွေးကောက်ပွဲထက် အခု အဲန်အယ်လ် ဒီ ဘာဆုံးဖြတ်မလဲဆိုတာက ပိုစိတ်ဝင်စားစရာကောင်းပါတယ်။ တနည်းအားဖြင့် ဒီမိုကရေစီ လက် တ ကမ်းလား၊ စစ်အာဏာရှင် အုပ်ချုပ်ခွင့်တရားဝင်ဖြစ်သွားရေး လက်တကမ်းလား ဆိုတာ အဖြေထွက်မဲ့ သမိုင်းဝင်ရက်တရက်ဖြစ်မယ်ဆိုရင် မှားမယ်မထင်ပါဘူး။
***ဝင်းမောင်**
၂၅-၀၃-၂၀၁၀။
ရွေးကောက်ပွဲနှင့်ပတ်သက်သော သူတို့အမြင်
“အခုဒီဥပဒေတွေဟာ NLD အတွက် ကြီး မားတဲ့ စိန်ခေါ်မှုတွေ အများကြီးပါနေပါ တယ်။ ဒီလို စိန်ခေါ်မှုတွေကို ကျမအနေနဲ့ စိတ်မပျက်ပါဘူး။ ဒီလို ကြီးမားတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖို့ အင်အားတရပ်ကိုတောင် မှ ပြန်လည်မွေးမြူရာရောက်ပါတယ်။ ပြည် သူလူထုကလည်း အဲသလို သဘောထားပြီး ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အထူးသဖြင့် အဖွဲ့ချုပ်ဒီမိုကရေစီလိုလားသူများနဲ့ တသား တည်း ရင်ဆိုင်ဖို့ လိုအပ်ပါတယ်”
(ဒေါ်အောင်ဆန်းစုကြည် - ဦးဉာဏ်ဝင်းမှ တဆင့် ပြည်သူသို့ ပြောကြားချက်)
“ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်။ ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ဘူး”
(ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်)
“အန်အယ်လ်ဒီပါတီဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလို့ နားလည်ထားတာ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက်ဝိညာဉ် မရှိတဲ့အဖွဲ့အစည်းပဲ ဖြစ်မယ် …”
( လူထုစိန်ဝင်း၏ အမြင်)
“၂၀၀၈ အခြေခံ ဥပဒေမှာ ကျမတို့တိုင်းရင်းသားတွေအတွက် ဘာမှလည်း အာမခံချက်ပေးထားတာမပါဘူး၊ စစ်တပ်ကပဲ ဆက်လက်ပြီး အုပ်ချုပ်မယ့် ဥပဒေဖြစ်နေတာကြောင့် ကျမတို့ တိုင်းရင်းသားတွေအနေနဲ့ မပါ ၀င်ကြဖို့ တိုက်တွန်းချင်ပါတယ်၊ ကျမတို့ အတွက် ဘာအကျိုးမှ မရှိနိုင်ဘူး”
နော်စီဖိုးရာစိန်
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ အထွေထွေအတွင်းရေးမှူး
“အန်ကယ်တို့ ရပ်တည်ချက်ကတော့ ပါတီ မပျက်အောင် ဆက် ထိန်းသွားမယ်၊ ရွေးကောက်ပွဲ ဝင်တာက စစ်အစိုးရကို ခေါင်းငုံ့ခံတာ မဟုတ်ဘူး၊ မတရားတဲ့ အခြေခံ ဥပဒေကို ပြုပြင် ပြောင်းလဲဖို့ စိုက်လိုက်မတ်တတ် ကြိုးစားဖို့ သန္နိဋ္ဌာန် ချထားပါတယ်”
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးခင်မောင်ဆွေ
“ကျနော့် တဦးတည်း အနေနဲ့ကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ မပြောင်းလဲရင် မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေးကို စဉ်းစားမှာ မဟုတ်ဘူး၊ ဒါပေမယ့် NLD ပါတီက ဝင်ဖို့ အတွက် ဆုံးဖြတ်မယ် ဆိုရင်တော့ ကျနော့် ပါတီဝင်တွေကို ရန်ကုန်ကို ဆင့်ခေါ်ပြီး ပါတီ မှတ်ပုံတင်ရေး ဆွေးနွေးသွားမယ်”
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်
''ဒီဥပဒေကတော့ ဒီမိုကရေစီ လိုလားတဲ့ ပါတီတွေ၊ NLD အပါအဝင် အားလုံးကို အကျပ်အတည်း ဖြစ်စေတဲ့ ပြဋ္ဌာန်းချက် ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ပါမယ် ဆိုတဲ့ ဝန်ခံချက်နဲ့ မှတ်ပုံတင်ရမှာ ဖြစ်တယ်။ ကျနော်တို့ လုံးဝ လက်မခံနိုင်တဲ့ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဝန်ခံရမယ်ဆိုတော့ ဒီဟာက အင်မတန်ကြီးမားတဲ့ အခက်အခဲလို့ ကျနော် ပြောချင်တယ်''
ရှေ့နေ ဦးဥာဏ်ဝင်း
ဗဟိုအလုပ်အမှုဆောင်ဝင်နှင့် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
“ဥပဒေအတိုင်း လိုက်နာရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို အရင်ထုတ်ပစ်ရမယ်၊ ဒါဆိုမလျော်ညီဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ပြီးမှ ကျနော်တို့က သွားပြီး မှတ်ပုံတင်ရမယ့်သဘောဖြစ်နေတယ်။ အဲဒါကိုတော့ ဘယ်လိုမှ လက်ခံလို့မရနိုင်ဘူး။
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးအုန်းကြိုင်
“စီစီကို အရေးတကြီးဖွဲ့လိုက်တဲ့ ရည်ရွယ်ချက်တချို့ကို အန်တီတို့က စိုးရိမ်တယ်။ ရွေးကောက်ပွဲ ဝင်ဖို့ မဝင် ဆုံးဖြတ်ဖို့ မဲခွဲတဲ့အခါမှာ စီစီတိုင်းက သတ္တိရှိဖို့ လိုတယ်။ သူတို့က အဖမ်းခံရမှာ ကြောက်ပြီး ရွေးကောက်ပွဲဝင်တဲ့ဘက် မဲပေးမှာ အန်တီက ကြောက်နေတာ။ စစ်အာဏာရှင်စနစ် မပေါ်ပေါက်ရေး အတွက် အန်တီတို့ကတော့ ရှုံ့ချတာဘဲ”
မကွေးတိုင်းအမျိုးသမီးလုပ်ငန်းအဖွှဲ့ တာဝန်ခံ ဒေါ်ခင်စောဌေး
“ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်မယ်။”
ဒေါ်မြင့်မြင့်အေး
မိတ္ထီလာမြို့နယ် NLD အတွင်းရေးမှူး
“၉၀ခုနှစ်ရွေးကောက်ပွဲတုန်းက ကျနော်တို့ပါတီရဲ့ Image က တော်တော်ဆိုးခဲ့ပါတယ်။ သို့သော် အခု ကျနော်တို့ အနှစ် ၂၀ လောက်ကြာမှ ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့ပါတီအနေနဲ့ စည်းရုံးတဲ့အချိန်လဲ ရပါတယ်။
ဦးဟန်ွရွှေ ( ဗဟိုကော်မတီဝင် )
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ( တစည )
(မှတ်ချက် - ၁၉၉၀ ရွေးကောက်ပွဲမှာ NLD က အမတ်နေရာ ၃၉၂ ပထမ၊ SNLD က အမတ်နေရာ ၂၃ ဒုတိယ၊ တစည က အမတ် နေရာ ၁၀ တတိယ )
ကျနော်တို့က (စစ်တပ်က) ထပ်ဝင်ပါစရာမလိုရအောင် ခွပ်မယ်ဆိုရင် ကျနော်တို့ခွပ်မယ်။ တပ်က ၀င်မပါနဲ့။ အဲ့လိုအနေအထားမျိုးထိ ဖြစ်အောင် အစားထိုးတစ်ပါတီစနစ်မပေါ်ပေါက်အောင် လုပ်သွားရမယ်။
အေးလွင်
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်နှင့် ၈၈ ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံအဖွဲ့)
“ကျနော်တစ်ဦးတည်းအမြင်ကတော့ ရွေးကောက်ပွဲမ၀င်သင့်ဘူးလို့ထင်တယ်။ ဘဘဦးတင်ဦးကလဲ ပြောသွားတဲ့စကားထဲမှာရှိတယ်။ ကျနော်တို့အဖွဲ့ချုပ်ကြီးက ၈၈ မျိုးဆက်ရဲ့ကျေးဇူးရှိတယ်။ အခုသူတို့မလွတ်လာသေးဘူးလေ။”
ဦးမြင့်မောင်
ကော့သောင်း NLD မြို့နယ်အတွင်းရေးမှူး
“အများပါဝင်ခွင့်မရှိရင် နိုင်ငံရေးအကျဉ်းသားတွေမှ ပါဝင်ခွင့်မရှိရင်တော့ ဒါဟာ မှတ်ပုံတင်တာကို သဘောမတူနိုင်ဘူး။”
ဦးနေ၀င်း
မြစ်ကြီးနား NLD မြို့နယ် ဒုဥက္ကဌ
"မှတ်ပုံတင်ကြေးက သုံးသိန်းတဲ့။ ပြီးတော့ အမတ်လောင်းကတော့ ငါးသိန်းတဲ့ တယောက်ကို။ အဲဒီတော့ ကျမတို့က ငါးသိန်းဆိုတာကတော့ နည်းနည်းတော့ များတာပေါ့နော်။"
ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု
''အဲဒါနဲ့ ပတ်သက်ပြီး စိတ်မဝင်စားလို့ မဖတ်မိဘူး။ ဒါကတော့ သူကြိုက်သလို ရေးမှာပဲ၊ သူထည့်ချင်သလို ရေးမှာပဲ၊ သူကြိုက်သလို လုပ်မှာပဲဆိုတော့ လူထုတရပ်လုံးက ကြိုက်တဲ့ဟာတော့ မဖြစ်နိုင်ဘူး။ ဖြစ်စေချင်တဲ့ သဘောထားတော့ မဖြစ်နိုင်ဘူး။
သခင် ချန်ထွန်း
နအဖ ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွေ ဖွင့်ပေးပြီဆိုတာကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရုံးတွေ ဖွင့်ကြ၊ အလုပ်တွေ လုပ်ကြဆိုတာက ကောင်းတဲ့ ကိစ္စပါ။ နအဖ က ဖွင့်ပေးတယ်ဆိုတာ ထောင်ချောက်တွေ ရှိနိုင်ပါတယ်။
ရဲဘော် ဖိုးသံချောင်း
ပြောရေးဆိုခွင့်ရှိသူ (ဗမာပြည် ကွန်မြူနစ်ပါတီ)
,
''အဲဒီ ဥပဒေတွေနဲ့ ပတ်သက်ပြီး တဖက်သတ်ဆန်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေဖြစ်တဲ့ အတွက်ကြောင့်မိုလို့ တရားနည်းလမ်း မကျဘူး။ မလွတ်လပ်ဘူးလို့ ကျနော် ပြောချင်ပါတယ်။
ဦးစိုင်းလိတ်
(ပြောခွင့်ရပုဂ္ဂိုလ်)
ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် - SNLD
'၂ဝဝ၈ ခုနှစ် ဥပဒေက မကောင်းတဲ့ ဥပဒေဆိုရင် နောင်မှာလည်း ကောင်းလာနိုင်မယ့် အနေအထားမရှိဘူး။ မကောင်းလားဆိုပြီးတော့ မလုပ်ဘဲ နေလို့ရှိရင် ဘာမှမလုပ်ဘဲ နေရတော့မှာပဲ။ ကျနော်အမြင်ကတော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အပေါက်ကလေး နည်းနည်းဖွင့်ရင် ဖွင့်သလောက် တိုးကြည့်ချင်တာပဲ။
ဦးရွှေအုန်း
ပြည်ထောင်စု ဒီမိုကရေစီပါတီ
''ဒီဥပဒေက ဒီမိုကရက်တစ် လမ်းကြောင်းပေါ် သွားနေတဲ့ ရွေးကောက်ပွဲ ပုံသဏ္ဍန်တော့ မပေါ်ပေါက်နိုင်ဘူးလို့ ခန့်မှန်းလို့ ရတယ်။ အခုထွက်လာမှတင် ခန့်မှန်းတာ မဟုတ်ပါဘူး။ ၂ဝဝ၈ ဖွဲ့စည်းအရ ကိုယ်၌ကိုက ဒီမိုကရက်တစ်လမ်းကို သွားနေတယ်လို့ ပြောလို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင် တစုကနေပြီးတော့ သူ့အာဏာကို ပုံသဏ္ဍန် တမျိုးမျိုးနဲ့ ယူနီဖောင်း ဝတ်ကနေပြီးတော့ အရပ်ဝတ် ဝတ်ပြီးတော့ မရ၊ ရအောင် ဒေါင့်စုံ၊ ဘက်စုံကနေပြီးတော့ ချုပ်ကိုင်ထားမယ်ဆိုတဲ့ပုံ ပေါ်တာပေါ့နော်''
ဦးအောင်သိန်း
(ဥပဒေ အကြံပေး)
“ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အခြေအမြစ်ရှိရှိ တွေ့ဆုံဆွေးနွေးတာမျိုး အရင်မလုပ်ဘဲနဲ့ မြန်မာအာဏာပိုင်တွေဘက်က တဘက်သတ် အခုလို ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်လိုက်တဲ့ အပေါ်မှာ ကျနော်တို့ စိုးရိမ်ပူပန်မိပါတယ်။”
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley)
“ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ အပါအ၀င် ပြည်သူ တရပ်လုံး ပြည့်ပြည့် ၀၀ ပါဝင်ခွင့်၊ ပြည်သူ တွေနဲ့ နိုင်ငံရေး ပါတီတွေ ပါဝင်လှုပ်ရှား ဆောင်ရွက် နိုင်ခွင့် မရှိဘူးဆိုရင် ရွေးကောက်ပွဲကို ယုံကြည် စိတ်ချလို့ မရနိုင်ဘူး”
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ
''မြန်မာ့ရွေးကောက်ပွဲ ဥပဒေက နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်နဲ့အတူ အတိုက်အခံ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ဝင်မပါရအောင် တားမြစ်ထားတယ်။ ဒီလက္ခဏာက ၂ဝ၁ဝ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိတာနဲ့ ဒီမိုကရက်တစ်နည်းလမ်း မကျတာကို ပြသနေတယ်''
FBC (ဖိလစ်ပိုင်) ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Egoy Bans
ဒီကနေ့ ဗမာပြည် နိုင်ငံရေးမှာ ရပ်တည်ချက်အရ ကြားနေဆိုတာမျိုး မရှိနိုင်တော့ဘူးဆိုတာ ရှင်းသွားပါပြီ။ အကျိုးစီးပွား ခြင်း ဆန့်ကျင်ငြင်းဖျက်နေတဲ့ ပဋိပက္ခဖြစ်စဉ်မှာ ကြားနေရပ်တည်ချက်ဆိုတာ အရင့်အရင်သမိုင်းမှာလည်းမရှိ၊ အနီးခေတ်သမိုင်းမှာ လည်းမရှိခဲ့၊ ခုလည်းမရှိဘူးဆိုတာ လက်တွေ့ကျကျ ပြသလိုက်ပြီ ဖြစ်တယ်။
နေ့သစ် အမြင်
ဒီရွေးကောက်ပွဲကို စိတ်ဝင်စားတဲ့ လူက ခပ်ရှားရှားပဲ။ ဖားအံမှာဆို အစိုးရ၀န်ထမ်းတို့၊ ကျောင်းဆရာတို့ အငြိမ်းစားယူထားတဲ့လူတွေပဲ စိတ်ဝင်စားကြတယ်။ သာမန်ပြည်သူ တွေဆို ကိုယ်ဝမ်းစာအတွက်နဲ့ ဘာမှ စိတ်ဝင်းကြတာမဟုတ်ဘူး”
ဖားအံသားတစ်ဦး
“အခုချိန်မှာ စားဝတ်နေရေးထက် ပိုအရေးကြီးတာ ဘာမှမရှိဘူး။ ထိုနည်းတူစွာ ပြည်သူ တွေလည်း အစိုးရက ဘာပဲလုပ်လုပ် သူတို့ဘာမှ စိတ်ဝင်စားမှာမဟုတ်ဘူး။ ဒီရွေးကောက်ပွဲဟာ နအဖ စစ်အစိုးရ သက်ဆိုးရှည်ဖို့အတွက်ပဲ ဖြစ်တယ်ဆိုတာ ကရင်တိုင်းရင်းသားသာမက တခြားတိုင်းရင်းသား တွေလည်း ကြိုသိတယ်။ ဒါကြောင့် သူတို့ ဂရုမစိုက်တာဖြစ်တယ်”
ကေအဲန်ယူ ကရင်ခေါင်း ဆောင်တဦး
“၂၀၁၀ ရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ သူတို့ထုတ်တဲ့ဥပဒေတွေက သက်သေပြလိုက်တယ်။
ဒေါ်ခင်ဥမ္မာ
နိုင်ငံခြားရေးကော်မတီ အတွင်းရေးမှူး
မြန်မာပြည်ဒီမိုကရက်တစ်အင်အားစု (အက်ဖ်ဒီဘီ)
“ပြန့်ကျဲနေတဲ့မွန်အမျိုးသားအင်အားစုတွေ စနစ်တကျ အတူတကွပူးပေါင်းပါဝင်လာဖို့နဲ့ အဆင့်အတန်းရှိတဲ့ အမျိုးသားပါတီသစ်တစ်ရပ် ပေါ်ထွက်လာဖို့ပါ၊ အမြင်ခြားနားတဲ့သူတွေမပါဝင်ဘဲနေနိုင်သလို အမြင်တူသူတွေစုဖွဲ့ပြီး ရှေ့ခရီးဆက်သွားကြဖို့ပါ၊ ဘယ်သူကမှားတယ်မှန်တယ်ဆိုတာကိုလည်း အခြင်းခြင်းငြင်းခုံနေကြရမယ့်ကာလမဟုတ်ဘူး ”
မွန်အမျိုးသားပါတီသစ်
လှုပ်ရှားနေသူပုဂ္ဂိုလ်တစ်ဦး
၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့သည့်မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ကို ၁၉၉၂ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် နဝတစစ်အစိုးရက တရားဝင်ပါတီအဖြစ်မှမှရုတ်သိမ်းကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။အဆိုပါ ပါတီတရားဝင်မှတ်ပုံပြီး ရွေးကောက်ပွဲဝင်မည့် မွန်အမျိုးသားပါတီသစ်နာယက (၅)ဦးတွင် အထင်ကရ မွန်သံဃာဆရာတော်ကြီး (၃)ပါးအပြင် မွန်တိုင်းရင်းသားခေါင်းဆောင် နိုင်ထွန်းသိန်းနှင့် နိုင်ငွေသိမ်း တို့လည်းပါဝင်သည်
“ဦးအောင်ရွှေက ပါတီ မှတ်ပုံ တင်ချင်တယ်၊ ရွေးကောက်ပွဲ ဝင်ချင်တယ်လို့ ပြောတယ်။ ဒေါ်စုကတော့ ဘာမှ ဆုံးဖြတ်ချက် မပေးသေးဘူး၊ ပါတီက ဆုံးဖြတ်တာကိုပဲ နာခံသွား မယ်လို့ ပြောတယ်”
အမည် မဖော်လိုသူ ထိပ်တန်း နိုင်ငံရေးသမားတဦး
+++မှတ်ပုံ မတင်ရေးအတွက် အပြင်းအထန် ဆန့်ကျင်သူများမှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်သည့် ဦးဝင်းတင်၊ ရှေ့နေ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်နှင့် ဦးဟံသာမြင်.့
“ကျနော်တို့ ရွေးကောက်ပွဲ ၀င်မှာပါ။ ကျနော်တို့ပါတီက မြန်မာပြည်က ကရင်ပြည်သူလူထု တရပ်လုံးကို ကိုယ်စားပြုမှာပါ”
ကရင်ပြည်သူ့ပါတီ (Karen-People Party – KPP)
အသစ်ဖွဲ့စည်းရန် စီစဉ်နေသော ပါတီများအနက် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် အခြေပြုမည့် ကရင်ပြည်သူ့ပါတီ (Karen-People Party – KPP) သည်လည်း တခုအပါအ၀င်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားများက ပြောသည်။၎င်းတို့၏ အဆိုအရ KPP အား ထင်ရှားသည့် ကရင်ဆေးပညာရှင် ဒေါက်တာ စောဆိုင်မွန်သာ က ဖွဲ့စည်းလိုက် ခြင်း ဖြစ်ကြောင်း သိရသည်။
“စစ်အစိုးရက ထုတ်တဲ့ ဥပဒေဟာ ဒီမိုကရေစီ နည်းလမ်း မကျဘူး။ ဒီအတိုင်းသာ ရွေးကောက်ပွဲ လုပ်ခဲ့ရင် ဘယ်လိုမှ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီအတိုင်းသာဆိုရင် မြန်မာပြည်တွင်း မငြိမ်မသက်မှုတွေ ဆက်ဖြစ်နေဦးမှာပဲ”
အထက် လွှတ်တော်အမတ် ၁၀၀ ကျော် ဖြင့် ဖွဲ့စည်းထားသည့် IPFDB အဖွဲ့၏ ခေါင်းဆောင် မစ္စတာ ရှရတ်ဂျိုရှီး
အိန္ဒိယ ပါလီမန် အထက် လွှတ်တော် အမတ်များ အဖွဲ့
ဦးအောင်ရွှေ နှင့် အပေါင်းပါများ ဗိုလ်သန်းရွှေ ရဲ့ အတွင်းဓါးလျှို တွေလို့ သမိုင်းတရားခံ မဖြစ်စေချင်ပါ။
written by :-38:9 B.S.C. (Geology), March 20, 2010
written by JJ, March 20, 2010
ပါတီဖျ က်သိမ်းမ ခံရရေးဆိုတဲ့ ခံယူချက်ကြောင့်
အခုအချိ န်အထိ တစ် ထစ်ပြီးတစ်ထစ် အလျှော့ပေးရင်း
မြောင်းထဲ ရောက် တော့မယ်။
အင်န်အ ယ်လ်ဒီနိုင်တယ်ဆိုတာ
ဗိုလ်ချုပ်ေ အာင်ဆန်းသမီး ပါလို့ဆိုတာ
ဦးအောင်ရွှေတို့မမေ့သင့်ပါဘူး
အသက်အရွ ယ်ကြောင့်ပဲ
သေရတော့ မဲ့အခြေအနေ ရောက်နေပြီ။
ဘာမ် ားတပ္မက္စ ရာရွိဦးမွာလဲ။
မြေပေါ်မှာနေမှ လွတ်လပ် ရေးတိုက်ပွဲဝင်လို့ရတာမဟုတ်ပါဘူး။
written by ရိုဟင်ဂျာလုလင်, March 19, 2010
စုမပါတဲ့ပွဲ နွှဲခဲ့ရင်ဖြင့် အန်အယ်လ်ဒီ သိက္ခာတွေကျ အရှက်ရလို့ သမိုင်းထက်မှာ ဒဏ်ခတ်ခံရမည်။ စုကိုချစ်တဲ့ ပြည်သူတွေ အန်အယ်လ်ဒီနဲ့ ထပ်တူပေ။ သို့ပေသော်ငြား ကိုရွှေလိပ်များ မှားခဲ့ရင်ဖြင့် သမိုင်း“နာ”မည်။ ချပ်လေသတိ မြဲအစဉ်ရှိလို့ ပြည်သူနဲ့လက်တွဲ တွန်းလှန်ရဲသည့် သတ္တိရှိက သမိုင်းဂုဏ်ရောင် ထွန်း၍ပြောင်မည်။ ပြည်သူကိုချစ် အစစ်ဖြစ်က ပြည်သူနဲ့အတူ လက်တွဲကူလို့ သေသေကြေကြေ တိုက်ပွဲဝင်လော့။ ထ၍ကြွ၍ လှုံဆော်ကြလော့ တော်လှန်ကြလော့။ စစ်အာဏာရှင်စနစ် ပျောက်ဆုံးရေး ဒို့အရေး ဒို့အရေး။ ဗိုလ်သန်းရွှေ ပေါ်လစီ ပျက်သုဉ်းရေး ဒို့အရေး ဒို့အရေး။ ဒီမိုကရေစီ ထွန်းကားရေး ဒို့အရေး ဒို့အရေး။
လူထုမျက်နှာ ထောက်ကြပါအုံး
written by yetwayni, March 19, 2010
ဒီချုပ်ကို လူထုကိုယ်စားပြုပါတီ ဆိုပြီး ထောက်ခံခဲ့ကြတာ အနှစ်၂၀ကျော်လာခဲ့ပြီ။ အဓိကက ဒေါ်အောင်ဆ န်းစုကြည်ရဲ့ ဦးဆောင်မှုကို ယုံကြည်ခဲ့ကြတာ.. ဒေါ်အောင်ဆန်းစြု ကည်ကိုယ်တိုင်က NLD ကနေ (အခြေအနေအရ) နှုတ်ထွ က်မယ်လို့မြေ ပာမချင်း ဒေါ်စုကိုဖ ယ်ထုတ်ပြီး ရွေးကောက်ပွဲဝင် ဖို့လုပ်မယ်ဆိုရင် ပြည်သူနဲ့ နိုင်ငံတ ကာထောက်ခံမှုကို စော်ကားရာကျလိမ့်မယ်။ NLD ကိုလူထုထောက်ခံလာတာ ဒေါ်စု၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ကိုယုံကြည်လို့... ကိုမင်းကိုနိင်၊ ကိုကိုကြီးနဲ့ ကျောင်းသားခေါင်းဆောင်များ ၀န်းရံပေးခဲ့ကြလို့ ဆိုတာ ဦးအောင်ရွှေနဲ့ နအဖရွေး ကောက်ပွဲ မျက်စ ပစ်သူများ မမေ့ကြနဲ့။ နှစ်၂၀ေ ကျာ်လုံးလုံး နိုင်ငံရေးအရ ဦးဆောင်မှုပေးခဲ့တာ အချုပ်ကျနေတဲ့ ဒေါ်စုလား ဦးအောင် ရွှေလား ပြည်သူေ တွသိတယ်။... ရွေးကော က်ပွဲဝင် ချင်သူများ NLD မဟုတ်တဲ့ အခြားပါတီထောင်ပြီး ၀င်ချင်ဝင်ပါ။ NLD နိဂုံးသမိုင်းမှာ အမည်းစ က်မဖြစ်ပါစေနဲ့။ ဒီရွေးကောက်ပွဲမ၀င်ရလို့ နိုင်ငံရေးလု ပ်ခွင့်မရ တော့မှာ စိုးရိမ်နေတဲ့ ပုဂ္ဂိုလ်များဟာ ပြည်သူ့မျ က်နှာကြည့်မယ် ပုဂ္ဂိုလ်တွေတော့ မဖြစ်နိုင်တော့ဘူး။..
NLD ၀င်မပြိုင်တာ ရှုံးတာမ ဟုတ်ပါ။ ပြည်သူ တရပ်လုံးနဲ့ နိုင်ငံတကာ ထောက်ခံမှုဆ က်ရနေဦးမှာပါ။ ၀င်ပြိုင်မိမှသာ ၉၀ရလဒ်ကို ဖျက်ရာလ ည်းကျမယ်.. နိုင်ငံတကာက တောင်းဆိုမှု တွေလည်း ရပ်သွားမယ်.. ၀င်အရှုံး ခံသလိုလဲ ဖြစ်မယ်... စဉ်းစားကြပါ။
ဝင်မပြိုင်ဘဲ နိုင်ငံရေးကိုဆ က်ဦးဆောင်ပါ ... ပြည်သူလူထု အားကိုယူပြီး နအဖ ကိုအံတုကြပါစို့...
ဂျီစီဘီအေ နှစ်ခြမ်းကွဲ ၊ တို.ဗမာစည်းအ၇ုံး နှစ်ခြမ်းကွဲ ၊ ဖဆပလနှစ်ခြမ်းကွဲ၊ NLDေ၇ာကွဲတော.မှာလား??????????????????????
written by မောင်ခင်, March 19, 2010
ဂျီစီဘီအေ နှစ်ခြမ်းကွဲ ။ တို.ဗမာအစည်း အ၇ု့းနှစ်ခြမ်းကွဲ။ ဖဆပလ နှစ်ခြမ်းကွဲ NLD လည်း ကွဲတော.မှာပဲလား????????????
ပြည်သူကို ပြန်အပ်ပါ ပြည်သူက ရှင်းမည်
written by kyaw tint, March 19, 2010
တိုတိုရှင်းရှင်းဘဲပြောပါရစေ
ပြည်သူကေ ပးထားတဲ့ ကိုယ်စားလုပ်ပိုင်ခွင့်များ အားလုံးကို ပြန်အပ်ပါ ပြည်သူရှင်းမှ လင်းတော့မည်။
လမ်းထွက် တညီတညွတ် တက်ညီလက်ညီ စုစုစည်းစည်း ပြည်သူ့ POWER ပြန်ယူပါ။
written by ဗလ, March 19, 2010
ကျနော်ကတော့ အဘဦးဝင်းတင် လို လူမျိုးနှုတ် ထွက်မှာ နှမျှေားတယ်။ ဦးအောင်ရွှေ တို့လို သတ္တိကြောင်၊အာဏာရူးစစ်သားလူ ထွက်ကိုတော့ အယုံကြည် မရှိပါ။ နောက်ဆုံးတော့ အဏာလောဘ သားတွေပဲ နိုင်ကြ တော့မှာလား??? အသက် ၉၀ကျော်လဲ အာဏာမက်ြ ကတုန်းပဲနော်။ တရားရပါ တယ်။ အတိုက် အခံ အချင်းချင်းမညီတာ ရင် အနာဆုံးပဲ။ NLD ဆိုင်းဘုတ် ရှိရုံနဲ့ ပြည်သူတွေ စိချမ်းသာေ တာ့မှာလား???
ရုပ်သေးရုပ်မဖြစ်စေလို
written by ကျော်စွာ, March 19, 2010
အ ခုအချိန်မှာ ဆုံးဖြ တ်ချက်မှန်ဘို့ နဲ့ တသံထဲ ထွက်ဖို့ အရေးအ ကြီးဆုံးဘဲ၊ ပြည်သူကိုအလေးထားပြီးစဉ်းစားကြပါ၊ အရင်တုန်းကအဖြ စ်တွေကို သင်ခန်းစာ ယူပါ၊ နအဖဟာ နိုင်ငံရေးကိုအပေါ် စီးကယူထားသလို နိုင်ငံရေးက လိန်က ကျစ် တွေကိုလည်း မဟာတန်းအောင်သွားပြီ၊ အခုသူလို ချင်တာ NLD ကွဲဘို့ ၊ ဒီပုံအတိုင်းဆို ဒါလည်းသူလို ချင်တဲ့ ပုံစံအတိုင်းဘဲ၊
NLD ဆုံးဖြတ်ချက် ချဘို့ အမွန်းကျပ် ဆုံးအေ ခြအနေေ ရာက်နေတဲ့အချိန်၊
နအဖက NLD တချက်အ ငိုက်ကို စောင့်ကြည့်ေ နတဲ့အချိန်၊
နိုင်ငံအ ပြောင်းအ လဲအတွက် တိုင်းပြည် ကောင်းစား ရေးအတွက် ဆုံးဖြတ်ချက်တခု ချရမယ့်အချိန်၊
ပြည်သူများကလည်း လျှပ်စစ်မီးမှန်မှန်ရရေး ထမင်းနပ်မှန်မှန်စားနိုင်ရေး ကိုနိုင်ငံေ ရးထက်ပိုစိတ်ဝ င်စားနေ တဲ့အချိန်
ဒီအချိန်မှာ နအဖ ကြိုးဆွဲသလို မကမိဘို့ သတိထားကြပါ၊
ဆုပ်လည်းဆူးစားလည်းရူး အခြေအနေမှ မှန်ကန်သော ဆုံးဖြတ်ချက်များ နှင့် ကျော်လွှားနိုင်ပါစေလို့ ။
ရွှေဂုံတိုင်ကြေငြာစ� �� တမ်းကို မမေ့ဖို့လိုတယ်
written by ညီညီ, March 19, 2010
အားလုံးပဲ ရွှေဂုံတိုင်ကြေ ငြာစာတမ်းကို မမေ့ကြဖို့ သတိပေး ချင်ပါတယ်။ စာတမ်း ကြေငြာတုန်းက တဖြောင်းဖြောင်း လုပ်ခုပ် တီးခဲ့ကြသူတွေ ကိုယ့်လက်ကိုယ် ပြန်ငုံြ့ ကည့်ကြပါဦး။
အရေးကြီးတဲ့ အချိန်...
written by တောင်ပေါ်သား, March 19, 2010
ဒီအချိန်က တော်တော်လေးကို အရေ:ကြီးနေပြီ....
ဘယ်သူတွေ ဘာပြောပြော သူ့အစီ အစဉ်နဲ့သူ လုပ်တော့မယ်ဆို တာ သိနေကြပြီ..
လက်ရြှိ ကုံနေတဲ့ အခြေအနေနဲ့ သင့်တော်တဲ့ လုပ်ငန်း စဉ်တွေချမှတ် လုပ်ေ ဆာင်ဖို့လိုတယ်လို့ အကြံပြုပါတယ်..
ခေါင်းဆောင်တ စ်ယောက်က နေရာတ စ်ခုယူထားမှ မဟုတ်ပါဘူး.. ထိုင်ခုံ တစ်ခုရထားမှ မဟုတ်ပါဘူး
ဘယ်လိုအခြေအေ နမျိုးဘဲဖြစ်ဖြစ်
ဘယ်လို ပုံစံမျိုး နဲ့ဖြစ်ဖြစ် ခေါင်းဆောင် ဟာ ခေါင်းေ ဆာင်ပါဘဲ...
ကွဲနေတာ ကြာပြီ ထင်ပါတယ်။
written by U pyin nya wa ra, March 19, 2010
ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေ ထွက်ပေါ်လာမှ အဖွဲ့ ချုပ်အတွင်း သဘောထား ကွဲနေတာ မဟုတ်ဘူး ထင်တယ်။
န အ ဖ က ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ မကြေငြာခ င်ကထဲက အဖွဲ့ ချုပ်အတွင်းမှာ အတွင်းကြေကြေ ကွဲနေတဲ့
သဘောရှိဟ န်တူပါတယ်။ န အ ဖ ကသာ သူလုပ်ချင်တာ ဇွတ်တရွတ် စောစောစီး စီးလုပ်ခဲ့ရင် န အ ဖ နဲ့ 
အကျိုးတူ ပေါင်းစားမည့် အချော င်သမားတွေ အစောကြီးပေါ်ထွက်လာမှာပါ။ န အ ဖ က အခုမှ ကြေငြာလို့ 
အခုမှ သိသိသာသာ ကွဲလာတဲ့သ ဘောဖြစ်နိုင်ပါတယ်။ န အ ဖ ကလဲ သူတို့ နဲ့ တွဲလို့ ရမည့် လက်ညိုးေ ထာင် ခေါင်ြး ငိမ့်မည့် သူတွေ ဘယ်သူေ တွဆိုတာ သိထားပြီးဖြစ်ပါလိမ့်မယ်။ ဘာမှ စိတ်မပျက်ကြပါနဲ့ ။ လွတ်လပ်ရေးရ တုန်းကလဲ အကွဲအ ပြဲတွေ ကြားထဲက လွတ်လပ်ရေးခဲ့တာပါ။ အခွင့်အေ ရးသမားဆိုတာ ခေတ်အ ဆက်ဆ က်ရှိနေမှာပါ။ အခွင့်အရေး သမားကလဲ န အ ဖ ပြောသလို တိုင်းပြည် အတွက် လူထု အတွက်လို့  ပြောမှာပါဘဲ။ ဘယ်သူမှ ငါ့ တအတွက် နိုင်ငံရေးလုပ်တာပါလို့ မပြောပါဘူး။
written by အထွန်း, March 19, 2010
ဒက်စမွန် တူးတူး ကတော့ အောင်ဆန်းစုကြည် လွတ်ဖို့ မြန်မာ နိုင်ငံရေး ကို အကောင်းမြင်တယ်။ တိုက်ပွဲ ကို လိုက်ပွဲ လို တောင်းစားလို့ မရဘူးလေ ။ NLD က ANC မဟုတ်တာတော့ အမှန်ပါဘဲ ။ အမေ စု လည်း နယ်ဆင်မင်ဒဲလား မဟုတ်ဘူး ၊ နှိုင်းယှဉ်လို့ မရဘူးလေ၊ တူတာတွေတော့ ရှိတာပေါ့ ။ ဖိနှိပ်တာ ၊ခွဲခြားတာ တွေတူတယ် ၊ ၅ သန်းမျှသော လူနည်းစု လူဖြူတွေက ကျန်တဲ့ လူမည်းတွေ ကိုနှိပ်ကွပ်ထား သလိုဘဲ ၊ ယနေ့ မြန်မာပြည်မှာ လည်း ၂ သန်းခန့် ရှိသော စစ်ဘက် သက်ဆိုင်ရာ လူနည်းစု က တိုင်းသူပြည်သား အများစု ကို အနိုင်ကျင့် ကျပါတယ်။ ANC က ဘယ်လို မျိုး တိုက်ယူသလဲ ဆိုတာလဲ နည်းနည်း လေ့လာကြပါ။ NLD မှာ တောင် အကြောက်တရား တွေကြီးစိုးနေ တာ ၊ဘယ်က လာ ပြည်သူ အကျိုြး ကည့်တော့မှာ လဲ၊ ပြောတဲ့ စကားတွေထွက် လာတာ ကြည့်ပါဦး ။ဘယ်မှာ ပြည်သူ့ အကျိုး ပါတုန်း၊ ပါတီ ပုံမပျက်ရေးဘဲ စဉ်းစားနေတယ်။ NLD က ဗိုလ်မှုးဟောင်းတွေ၊ ဗိုလ်ချုပ်ဟောင်းတွေက ငါတို့များ နိုင်ရင် ငါတော့ သမ္မတ ဖြစ်ချ ည်ဟဲ့ဆိုပြီး ကြိတ် စိတ်ကူးဖဲရိုက်နေလားမသိ ၊
ရိုက်ကြပါ ။ ဘဘရွှေတို့ ကတော့ စင်ပေါ်က ကလူကလူ လုပ်နေတယ် မသိကြဘူးနော်…
“ မလုပ် မ၇ှုပ် မပြုတ်”
written by မောင်ကြီး, March 19, 2010
ဦး အောင်ေ၇ွ တို.လို ဗဟို ကလူတွေ ကြောင့် NLD လည်း သွားမ၇ှိတော့တဲ့ ကျားအိုကြီင်္း တကောင်လို ဖြစ်နေပါပြီ ။
ပါတီ တ၇ားဝင် ၇ပ်တည်ေ၇း က နံပါတ် (၁) လား၊
ပြည်သူတွေ လွတ်မြောက်ဖို. က နံပါတ် (၁) လား၊
နှစ် ၂၀ တောင် ကျော်ခဲ. ပြီ ၊ သိမယ် ဆို သိလောက်ပါပြီ။
သိသိကြီး နဲ.လုပ် နေ တယ် လို. ပဲ ထင် တယ်၊
ဘယ်နှယ်ဗျာ- အေ၇းကြီး တဲ. ဆုးံ ဖြတ်ချက်တွေ ချတိုင်း ဦး အောင်ေ၇ွ တို.အုပ်စုက
NLD ပါတီ တ၇ားဝင် ၇ပ်တည်ေ၇း ဆိုတာကြီး ဗန်းပြပြီး လုပ်လာလိုက်တာ တိုင်းပြည်နဲ. လူမျိုး အတွက်ဘာ ၇လာဒ် တွေ ၇ခဲ.လဲ ?
NLD ပါတီ ဆိုင်းဘုတ်ထောင် ထား ၇ ၇င် ပြီးေ၇ာ အကုန် စတေး ပစ် မယ် ဆို၇င် တော.
ဦး အောင်ေ၇ွ တို. အုပ်စု အေးအေး ဆေးဆေး ဥပဒေနဲ.အညီ တ၇ား ဝင် အနား ယူလိုက်ပါတော.ဗျာ ။
မဆလ အကျင်.ကြီး အခုထက်ထိ မဖျောက် နိုင်သေးဘူး ။
မလုပ် မ၇ှုပ် မပြုတ် ။
ဒီမူနဲ.သွား လို.ကတော. နှစ် တစ်ထောင် စောင်. အုးံ ၊ ဒီမိုကေ၇စီ ၇ဖို. ဝေးသေး။
လုံးဝ မ၀င်သင့်ပါ....
written by lin, March 19, 2010
NLD ဟာ ရွေးကောက်ပွဲ လုံးဝ မ၀င်သင့်ပါဘူး... ရွေးကောက်ပွဲ ၀င်မယ် ဆိုသူတွေဟာလဲ တိုင်းပြည်နဲ့ လူမျိုး မျက်နှာကို
မကြည့်ပဲ နေရာ လိုချင်နေတဲ့ အာဏာရူး တမျိုးပါပဲ....သူတို့ အာဏာရူးပြီး ၀င်ပြိုင်တော့ကော လွှတ်တော်မှာ နေရာရမယ် ထင်နေလို့လား...
နေရာရခြင်း မရခြင်းထက် အမှန်တကယ် ငဲ့ညှာသ င့်တာက...ပါတီရဲ့ ရပ်တည်ချက် ဂုဏ်သိက္ခာ နဲ့ စစ်ကျွန်ဘ၀က လွတ်မြောက်ဖို့အတွက် အသ က် ဘ၀ ပေး သွားသူတွေ နဲ့ လက်ရှိ လည်း ဘ၀ စွန့်ပြီးတိုက်ပွဲဝင်နေ သူတွေကို ငဲ့ညှာသင့်ပါ တယ်...ဒီလိုဆို အစောကြီးထဲက ခေါင်းငုံ့ပြီး နအဖ စစ်ကျွန် အဖြစ်အေး အေးေ နကြပါတော့လား..
ခုတော့ ဘ၀တွေ အသက်တွေ နှစ်ပေါင်း များစွာ ရင်းလာ ခဲ့ပြီးကာမှ...ခြေသ လုံးဖက်ပြီး အရိုးအရင်း မကိုက်ခြ င်ကြပါနဲ့.....
written by ပြည်သူ, March 19, 2010
ပါတီ
မှတ်ပုံတင်သည်ဖြစ်စေ၊ မတင်သ ည်ဖြစ်စေ
ရွေးကောက်ပွဲ
ဝင်သည်ြ ဖစ်စေ၊ မ၀င်သည်ဖြစ်စေ
ဒေါ်အောင် ဆန်းစုကြည် နှင့်တကွ NLD ကို
ပြည်သူက ထောက်ခံ ရပ်တည်နေမည်၊။
စစ်အစိုးရ ထောင်ချောက်ထဲ ၀င်ပြီး
အကွဲ၊ အပြဲ များ
မတွေ.့လို၊ မမြင်လို၊ မကြားလိုပါ၊
ဒို.့ဗမာ အစည်းအရုံး၊
ဂျီ စီ ဘီ အေ၊
ဖ ဆ ပ လ၊
အကွဲအပြဲ ဇတ်လမ်းများ အမွေ မယူသင်.့ပါ၊
အခက်အခဲ၊ အကြပ်အတည်း များကို၊
The Whole World သိသည်။
ဘာပဲလုပ်လုပ် တစ်ညီ တစ်ညွတ်တည်း၊
တစ်သံပဲ လုပ်ပါ၊
လေးစားလျှက်၊
ပြည်သူ။ ။
နအဖ အကြံ သူတို့ လက်ခံ လိုက်ပြီလား
written by soe tint, March 19, 2010
နအဖ ကတော့ NLD ပါတီဝင်ချင်း လှည့်တိုက်ပေးလိုက်ပြိ ဒါဆို သူတို့ ဖျက်လို့ ပျက် တယ်လို့ အပြောခံ စရာ မလိုတော့ ဘူးပေါ့ နအဖ ရဲ့ လှည့်ကွက်တွေကို စစ် သားကြီးဖြစ်ခဲ့ တဲ့ ဥက္ကဌ ကြီး မသိပဲ ခေါင်းဆောင်ဖြစ်ေ နလေတော့ ခံပေအုံး တော့ တိုင်းပြည်ရေ လို့  ပြောရတော့ မှာပဲ ပါတီက ပျက်ပြီး သားပါ ဥက္ကဌ ကြီး အမျိုးသား သစ္စာဖေါက် ဘ၀ ကို ကူးချင် သပ ဆိုလည်း ကိုယ့်ဖာသာ ကိုယ်ပဲ ကူးလှည့်ပါ အဖော်မေ ခ်ါပါနဲ့ ရွေးေ ကာက်ပွဲနဲ့ အသစ်ဖြစ်လာမယ့် လွှတ်တော်တွေ အစိုးရတွေ ဆိုတာ ကိုလည်း လူထုက စိတ်မ၀င်စား တာကို မသိ ဘူးလားဗျာ 2008 ဖွဲစည်းပုံဥ ပဒေကို ဆန္ဒခံယူပွဲလုပ်တုံးက လူထုက ဘယ်လို မဲထည့်ခံရသလဲ ဘာတွေ သိခွင့်ရခဲ့သ လဲဆိုတာ လူထြု ကီးက အသိဆုံးပါ
NLD destination?
written by Ko Ko Oo, March 18, 2010
ပါတီရပ်တည်ရေးထက် တိုက်ပွဲ ရှေ့တစ်လှမ်း တိုးဘို့ဘဲ လိုအပ်တယ်၊ ပါတီ တည်ရှိရေးကို စောင်းပေးတာဟာဟာ လူထု လွတ်မြောက်ရေး မဟုတ်သလို တစ်နည်း အားဖြင့် စစ်အာဏာရှင် လုပ်သမျှကို ခေါင်းခံပေးတဲ့ သဘောပါဘဲ၊ ဒါကြောင့် စစ်အာဏာရှင်တွေက လုပ်ချင်တိုင်း လုပ်နေတာပေါ့။ ဘာဘဲဖြစ်ဖြစ် ခေါင်းငုံ့ ပေးနေ သရွှေ့တော့ ဗိုလ်သန်းရွှေတို့ကတော့ သွားကြီးဖြဲပြီး ရီနေဦးမှာဘဲ၊ ဒီနေ့ ဒီအချိန်မှာ NLD အနေနဲ့မိမိတို့ပ်နိုင်တာ အကုန်ဘဲ ဆိုတာ နိုင်ငံတစ်ကာကြို ပပြီး ပွင့်ပွင့်လင်းလင်း အကူအညီ တောင်းသင့်နေပြီ၊ နိုင်ငံတစ်ကာကြို ကားဝင်ဆောင်ရွက်ပေး တဲ့ကြားလူ အဖြစ်မှ စစ်အာဏာရှင်တွေကို ဘက်ပေါင်းစုံကထိထိရောက်ရောက်အေ ရးယူပေးဘို့ေ တာင်းဆိုရမယ် အချိန်ဖြစ်တယ်၊
ဒီအပြင်NL Dဟာလူထု နဲ့အတူ
လူထုတိုက်ပွဲ ကိုပြန်သွားဘို့ လမ်းကြောင်းကို ပြန်ရွေး ရတော့မယ်၊ NLD ပါတီကိုအာ ဏာရှင်တွေ ကမတရားဖျက်သိမ်းလိုက်လို့ လူထုကစိတ်ဓါတ် ကျလိမ့် မယ်လို့မ ထင်ပါနဲ့၊ လူထုကသူခံစားနေရ တဲ့ေ ၀ဒနာ ကိုသူတို့
ကောင်းကောင်း သိပါတယ်၊ လူထုကတို က်ပွဲနည်းနာ အသစ်နှင့်ေါင်းဆော င်အသ စ်တွေကိုမျှော်လ င့်နေတာပါ၊ သမရိုးကျလ မ်းမပေါ်ကတိုက်ပွဲ
ဥပဒေဘောင်တွင်းက တိုက်ပွဲဆိုတာ သိပ်ခေတ်မစားတော့ဘူးဆိုတာ အားလုံးသိေ နကြပါပြီ၊ NLD ဟာ ပါတီတစ် ရပ်အနေနဲ့သီးခြား တည်ရှိ နေတာထ က်စာရင် လူထုကြား မှာလူထုနဲ့အတူအ နီး ကပ်နေပြီးတိုက်ပွဲဝင် နိုင်ရင်အေ ကာ င်းဆုံးအ ဖြေဖြစ်ပါလိမ့်မယ်ထင် တယ်၊ နောက်ဆုံးကုန်ကုန်ပြော ရမယ်ဆိုရင် တစ်နေ့နေ့မှာ မြန်မာပြည်လွတ်မြောက်ေ ရးအတွက် လက်နက်ကိုင်ေ တ်ာလှန်ရေး လုပ်ကိုဦးဆောင်ပြီးလုပ်ကိုလုပ်ရလိမ့် မယ်လို့ထင်ပါတယ်
စဉ်းစားကြပါ
written by ဘိုပြောင်, March 18, 2010
ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ကိုကိုကြီး တို့ ထောင်နှစ်ရှည် ကျခံနေရတာ ဘာ့ကြောင့်လဲ
NLD ပါတီ အတွက် ကြိုးပမ်းရင်း၊ ဒီမိုကရေစီရေး အတွက် ကြိုးပမ်းရင်း ထောင်ကျခံနေရတာ မဟုတ်ဘူးလား
ပြည်သူတွေက NLD ကို ထောက်ခံတာ ဒီလူတွေကြောင့် မဟုတ်ဘူးလား
ဒီလူတွေကို ပါတီက ထုတ်ပယ်ပြီ စစ်အစိုးရရဲ့ နောက်လိုက် လုပ်ဖို့ ဆိုတာ သေချာ စဉ်းစားကြပါ....
ဖွဲ့စည်းပုံကို လေးစား လိုက်နာပါ့မယ် လို့ ခံဝန် ထိုးရမယ့် တစ်ချက်ထဲနဲ့တင် NLD ရဲ့ လမ်းကြောင်းကို သွေဖီနေပြီ....
တစ်ကယ်လို့ တရားဝင် ပါတီ မဟုတ်တော့ ရင်တောင် NLD ရဲ့ နာမည်ဟာ မသေပါ... နောက်တစ်ခုက NLD မပါပဲနဲ့ ကျင်းပတဲ့ ရွေးကောင်ပွဲ ကိုလည်း ဘယ်နိုင်ငံကမှ အသိမှတ်ပြုမည် မဟုတ်ပါ... ဒီပုံစံ အတိုင်းဆို တရား မျှတသော ရွေးကောက်ပွဲလည်း မဖြစ်နိုင်ပါ ဒါကိုမှ NLD ၀င်ပြိုင်ရင် နိုင်ဖို့ဆိုတာ အလွန် ဝေးပါတယ်... ၀င်ပြိုင် ပြီးတော့မှ မနိုင်ရင်တော့ ၁၉၉၀ ရလဒ်နဲ့ ပါတီဟာ သေ သွားမှာ ဖြစ်ပါတယ်.... ပါတီ ရပ်တည်ဖို့ ဆိုတဲ့ အကြောင်း တစ်ချက်ထဲနဲ့ ကျန်တာတွေကို မစွန့်လွှတ်ပါနဲ့....
ညီညွတ်ကြလော
written by frog, March 18, 2010
ဝင်ယင် ၀င်ကြမယ်။ မ၀င်ဘူးဆို မ၀င်ဘူး။
ညီစေတဲ့ ညီစေ၊ မညီယင် ကျားဆွဲတာ တစ်ဖြည်ြး ဖည်းခြင်း ဖွဲမီးလို ခံရမယ်။
written by titan, March 18, 2010
သဘောထားတွေ မကွဲလွဲကြပါနဲ့.သား အမိန့် ပေးတာ မဟုတ်ပါဘူး. တောင်းဆိုတာပါ. သားတို့ နိုင်ငံရဲ့ အနာဂါတ်ဟာ NLD ရဲ့ လမ်းမထက် မှာလေ. အဖွဲ့ အစည်းတွေ အများကြီး ရှိတာ သား သိပါတယ်.ဒါပေမဲ့ သား NLD ကိုပဲယုံတယ်.
တစ်ခုခုတော့ ..မှားနေပီ ...
written by အောင်သီ, March 18, 2010
အဲဒါဆိုလည်း ဘာဖြစ်လို့ ကိုရွှေမှိုင် .. အဲအဲ ရွှေဂုံတိုင် ကြေငြာချက်ကို ဘာဖြစ်လို့ ထုတ်ခဲ့တာလဲ
စုမပါတဲ့ပွဲ ဒို့မနွှဲ ဆိုတဲ့မူ ချပြီး ဘယ်သူ့ကိုမှ မဲမပေးတော့ဘူးလို့ စဉ်းစား ထားတာ ခုတော့ ကြံခိုင်ရေးကို ပဲ ပုံအောတော့မယ်။
အကွက်ဝင်
written by မင်းထက်, March 18, 2010
နအဖရဲ့ အကွက်ထဲတော့ ၀င်ကုန်ပြီဗျို့။
အားလုံးသတိ
written by သတိ, March 18, 2010
ဒေါ်စုကို ထုတ်ပစ်တယ် ဆိုတာလောက်နဲ့ အန်အယ်ဒီနဲ့ ဒေါ်စု Image ကို ခွဲပစ်လို့ ရလိမ့်မယ်လို့ မထင်ပါဘူး ခင်ဗျ.. ပြည်သူ အနေနဲ့လဲ ဒီနှစ်ခုကို ကွဲပြားပီး မြင်သွားမယ် လို့ မထင်ပါဘူး
ဘယ်ဟာ အမှန်ပါလဲ
written by မောင်သုတ, March 18, 2010
၁၉၉၀ မှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ပါဝင်ခွင့် မရတာ ဘယ်လို အခြေအနေ အရပါလဲ ဦးခင်မောင်ဆွေ၊ ကျွန်တော် သိသလောက်တော့ သူ့ကို တခြား ပါတီတွေနဲ့ တိုင်းရင်းသား အဖွဲ့တွေက အချက် ၃ ချက်နဲ့ ကန့်ကွတ်ထား သလားလို့ပါ။ အမှန်သိသူ ရှိရင် ရေးပေးကြပါ။ ယခု အခါလည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ရေး မည်ကဲ့သို့ လုပ်ဆောင် သင့်ပါသလဲ။ ဆွေးနွေးပေးပါ
,
အခုကျတော့လည်း တမျိုးပါလား
written by မင်းထွန်း, March 19, 2010
တတ်လည်း တတ်နိုင်တဲ့ နအဖ လုပ်ကြ လုပ်ကြ ၁၉၆၀ တုန်းက ဦးနုအစိုးကို အပြစ်တွေ တပုံကြီးပြောခဲ့ပြီးမှ
အခုတော့ မင်းတို့အ သုံးချကြ ချကြ ချကြ ဆွယ်ကြ ဆွယ်ကြ တခြားတိုင်းရ င်သားတွေကမှ ရွေးကော က်ပွဲကို စိတ်မဝင်စားကြတာ..
အရေးကြီးသည် သတိပြုပါ။
written by Rohingya Boy, March 19, 2010
ချစ်ညီနောင် ရိုဟင်ဂျာ အပေါင်းတို့ --- မိမိတို့ရဲ့ အမျိုး၊ ဘာသာ သာသနာကို ကျူးကျော်စော်ကားတဲ့ စစ်အာဏာရှင်တွေကို တွန်းလှန် ပုန်ကန်ရမှာ မွတ်စလင်မ်ပီသသူတိုင်းရဲ့ အလုပ်ပါ။ တွန်းလှန် ပုန်ကန်မှု မလုပ်နိုင်ရင်တောင် အနိမ့်ဆုံး အဆင့်ကတော့ စစ်အာဏာရှင်တွေကို သက်တမ်း ရှည်စေမဲ့၊ အားဖြစ်စေမဲ့ အလုပ်တွေ မလုပ်မိဖို့၊ မပြောမိဖို့၊ ပူးပေါင်း ဆောင်ရွက်ခြင်း မလုပ်ဖို့ အရမ်းအရေးကြီးတယ်။ ခင်ဗျားတို့ ကျနော်တို့ ယုံကြည်တဲ့ကျမ်းမြတ် ကုရ်အာန်မှာ ပြောထားပါတယ်။
“ထို့ပြင်တ၀ အသင်တို့သည် ကောင်းမှုကုသိုလ်ပြုရာ၌လည်းကောင်း၊ မကောင်းမှု အကုသိုလ်မှုများမှ ကြဉ်ရှောင်ရာ၌ လည်းကောင်း အချင်းချင်း တစ်ဦးကို တစ်ဦး ကူညီ ယိုင်းပင်းကြေ လကုန်။ သို့ရာတွင် ပြစ်မှုဒုစရိုက်ကို ပြုကျင့်ရာတွင် လည်းကောင်း၊ ကျူးကျော်ေ စ်ာကားရာတွင်လည်းကောင်း၊ အချင်း ချင်းတစ်ဦးကို တစ်ဦး ယိုင်းပင်းကူညီမှု မပြုကုန်လင့်။ ထိုမှတပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။” (ကျမ်းမြတ်ကုရ်အာန်၊ ၅း၂) ဒီကျမ်းမြတ်ကုရ်အာန်ရဲ့ ကျမ်းပိုဒ်အရ မကောင်း မှုဒုစရိုက်တွေကို ကျူးလွန်တာ၊ မတရားလုပ်တာ၊ ကျူးကျော်ေ စ်ာကားတာ အဲဒါတွေလုပ်နေတဲ့သူတွေကို မကူညီဖို့၊ မယိုင်းပင်းဖို့ ကျနော်တို့ရဲ့ ကိုးကွယ်ရာ အရှင်ဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်က အမိန့်ပေး ထားတာပါ။ စစ်အာ ဏာရှင်တွေဟာ မကောင်းမှုပြုကျင့်ေ နတဲ့သူတွေဖြစ် တယ်။ ကျူးကျော်စော်ကားနေတဲ့သူတွေဖြစ်တယ်။ စစ်အာဏာရှင်တွေကို မကူညီခြင်းဟာ အလ္လာဟ် အရှင်မြတ်ရဲ့ အမိန့်တော်ကို နာခံခြင်းဖြစ်တယ်။
ကင်တားနားရယ်
itten by rocked youth, March 18, 2010
ကင်တားနားရယ် မယုံကြ ည်ရဘူး။ ယုံကြည် စိတ်ချလို့ မရနိုင်ဘူး လုပ်မနေနဲ့တော့ မယုံကြည်ြ ကနဲ့လို့ ပြောလိုက်ပါ။ တခါတည်း မှန်ပြီးသား။
ရွှေဂုံတိုင် ကြေငြာစာတန်းကို စွန့် လွှတ်လိုက်ပြီလား။
written by U pyin nya wa ra, March 17, 2010
မတရားတဲ့ န အ ဖ ရဲ့ ရွေးကော က်ပွဲကို ၀င်ရေး မ၀င်ရေး မဲခွဲဆုံးဖြတ်ချင်းသည် ရွှေဂုံတိုင် ကြေငြာချက်ကို ဆုပ်ကိုင် ထားမည်ဆိုတဲ့  မူကို စွန့် လွှတ်လိုက် တာလို့ မြင်ပါတယ်။ ရွေးကောက်ပွဲဝင်ချင်တဲ့သူ ပါတီက ထွက် ပါတီ အသစ် ထောင်ပြီး ရွေးကောက်ပွဲ ၀င်ပေါ့။ အခုတော့ အဖွဲ့ ချုပ်က မတရားမှန်း သိပါလျှက် ရွေးကောက်ပွဲ ၀င်ဘို့ မဲခွဲ ဆုံးဖြတ်ရတဲ့ အဆင့်ထိ ရောက်လာခြင်းသည် ၉၀ ရွေးကောက်ပွဲ တုန်းက ဒီမိုကရေစီ ရအောင် ကြိုးစားပါမယ် မဲပေးကြပါလို့ ပြည်သူ လူထုကို ပြောခဲ့တဲ့ စကားတွေကို မေ့ပြစ်လိုက်ကြပြီလား။ မေ့ပြစ်လိုက်ပြီ ဆိုရင်လဲ မရတော့ပါဘူး လက်လျော့ပါပြီလို့  ပြည်သူ လူထု ကို တရားဝင် ပြောကြား လိုက်တာ ပိုကောင်းမယ် ထင်ပါတယ်။
လုပ်ပါဗျာ
written by MC, March 16, 2010
NLD ဘယ်လိုပဲ ဆုံးဖြတ်ပါစေ။ ထောက်ခံပြီးသားပါ။
ရွေးကောက်ပွဲ ၀င်ခဲ့ရင်တော့ တစ်နည်းအားဖြင့် သူတို့ဆွဲရာပါဖြစ်မယ်။ ဒါပေမယ့် ပြည်သူ တစ်ရပ်လုံး အတွက်တော့ အားတစ်တန်၊ လမ်းတစ်စ ဖြစ်နိုင်ပါသေးတယ်။ အဲဒီမှာ တိုက်ကွက် ပြောင်းသုံးလို့ ရနိုင်တာပေါ့။ လွတ်လပ်ရေး ဖခင်ကြီးတောင် ဖက်ဆစ် ဂျပန်ကို မနှစ်မြို့ပေမယ့် ပတ်သက်ခဲ့သေးတာပဲ။
ရွေးကောက်ပွဲ မ၀င်ခဲ့ရင်တော့ တိုက်ကွက်ဟောင်းနဲ့ပဲ ဆက်လက် နှစ်ပါးသွားကြတာပေါ့။ လူသာ သေမယ် ရပ်တည်ချက် မပြောင်းလဲဘူး ဆိုတာဟာ သမိုင်းမှာ ကောင်းတဲ့ မှတ်တမ်းပါ။ ဒါပေမယ့် မြန်မာ့ နိုင်ငံရေးမှာ ဒီလို တစ်ဖက်သတ် ပေးဆပ် နေလို့ကတော့ ပြောင်းလဲမှု ရှိလာမှာ မဟုတ်ဘူး။ နည်းနည်း ကစားပေးပါ။
,
ဦးတည် တိုက်ခိုက်ရာ
written by Someone, March 16, 2010
နအဖ ကတော့ အန်အယ်လ်ဒီ ကို အစိပ်စိပ် အမွှာမွာ ဖြစ်စေချင်တာထက် မကဘဲ
ပျောက်သွား စေချင်တာပါ။ ရွှေဂုံတိုင် ကြေငြာစာတမ်း အတိုင်းသာ ခိုင်ခိုင် မာမာ ရပ်တည်စေချင်တယ်။
အကယ်၍များ အန်အယ်လ်ဒီက ဒီ လူယုတ်မာတွေ လုပ်မယ့် ရွေးကောက်ပွဲကို ၀င်လိုက်ရင်
မြန်မာနိုင်ငံ ဒီမို ကရေစီ အရေး၊ တိုင်းရင်းသား အရေး အတွက် ပြည်တွင်း ပြည်ပ အတိုက် အခံတွေ
ဘာရှိနေစရာ လိုဦးမှာလဲ။ နိုင်ငံတကာ ကရော စစ်အစိုးရကို ဖိအား ပေးတာတွေ၊ ပြုပြင် ပြောင်းလဲ စေချင်တာတွေ ဘာဖြစ်လို့  ပြောနေ ရတော့မှာလဲလို့  ဒီလို ယူဆ ပါတယ်။ နအဖက ပျော့ပြောင်းမယ် အထင်နဲ့  ပူးလိုက်တဲ့ အချို့  အချို့ တွေက တကယ်ကို အကျပ်အတည်း ဆိုက်နေတဲ့ အချိန်ဖြစ်တယ်။ အန်အယ်လ်ဒီ က ပြည်သူဘက်က ရပ်တည်ပါ။ ရွေးကောက်ပွဲလို့ တောင် မခေါ်ထိုက်မယ့် ပွဲကို အရောင် မတင်ကြစို့ နဲ့ ။ တိုက်ဖျက်ရုံမှတပါး ... ...
.
တိုင်းပြည်ကိုစော်က� ��းခဲ့ပါနဲ့ 
written by htay tint, March 16, 2010
မြန်မာပြည်က လူတွေ ၁၉၉၀ ရွေးကောက်ပွဲက စပြီး
နှစ်ပေါင်း ၂၀ ကျော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို မဲပေးပြီး ယုံကြည်ခဲ့တယ် ။ အားကိုးခဲ့တယ် ။
စစ်အစီုးရရဲ့ တဖက်သတ် ဖိနှိပ်မှုတွေ ခံရတဲ့ ပြည်တွင်းက အဖွဲ့ တွေကို နားလည်မှု ပေးခဲ့တယ် ။ ကူညီကြတယ် ။ စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရသစ်ကို မျှော်လင့်ခဲ့ ကြတယ် ။
အိမ်မက် တွေလည်း မက်နေဆဲဘဲ ။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကပါ ဆိုပြီး နိုင်ငံတကာ မှာလည်း လူစုံ ရောက်နေကြပြီ ။
မြန်မာပြည် အတွက် ရောက်တာလား ။ မိသားစု ချမ်းသာဖိုလား ။
ပြည်ပမှာ အာဖို့ လား ။ အရက်ဝဝ သောက်ဖို့ လား ။
နိုင်ငံတကာ လှည့်ပြီး အချင်းချင်း စကားနိုင်လုဖို့ လား
တိုင်းပြည်ကို တခုခု လုပ်ပေးဘို့ လုပ်ပေးဘို့ 
တာဝန် ကြေပြီလား ။
written by colorlezz, March 16, 2010
ဗိုလ်ချုပ်ပြောတဲ့ "အကောင်း ဆုံးကို မျှော်လင့်ပါ အဆိုးဆုံးကို ရင်ဆိုင်ဖို့ အသင့် ပြင်ထားပါ" ဆိုတဲ့ စကားလေးကို သတိရတယ်.. သံဝေဂ ရစရာပါပဲ.. NLD အတွက် အဆိုးဆုံး အခြေ အနေ ထင်ပါတယ်... ဒါပေမယ့် သူ့တို့ ဒီအခြေ အနေကို ရင်ဆိုင်ဖို့ အသင့် ပြင်ထားတဲ့ ပုံ မရှိဘူး.. တွေးတောင် တွေးမိခဲ့ပုံ မပေါ်ပါဘူး.. ရန်သူက ရက်စက် လွန်းတာလား.. သူတို့က ရန်သူကို လျော့တွက် လွန်းတာလား.. ၂ ခုလုံး ဖြစ်မယ် ထင်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုထောက်ခံကြ
written by ??????????, March 15, 2010
စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသည် မတရားသဖြင့် နှိပ်ကွပ်ထားတာ ဖြစ်တယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ထောက်ခံကြပါ။ NLD အနေဖြင့် ရွှေဂုံတိုင် ကြေညာ စာတမ်း အတိုင်းသာ ရပ်တည်ပါ။ ပြည်သူ တရပ်လုံး
စစ်အစိုးရ၏ ရွေးကောက်ပွဲ ကို သပိတ် မှောက်ကြ။ ဘယ်သူမှ သွားပြီး မဲမထဲ့ ကြ ဖို. email ကတဆင့် ပြည်သူ အချင်း ချင်း အထူးသဖြင့် အနာဂါတ် လူငယ်များ စည်းရုံးကြပါ။ (NLD)ကလဲ email ကတစ် ဆင့် တိုင်းပြည် တစ်ခုလုံး ကို လှုံ.ဆော်ပါ။ ဒီမိုကရက်တစ် မြန်မာအသံ နဲ. RFA, BBC, VOA တို. က တဆင့် တစ်ပြည် လုံး အသိပေးပါ။ အမြန် လက်ဦးအောင် လုပ်ကြပါ။
စစ်အစိုးရ၏ မတရားတဲ့ ၂၀၁၀ ရွေးကောက်ပွဲအပေါ် ပါတီအသီးသီး၊ လူတန်းစားအသီးသီးတို့မှ သဘောထား ထင်မြင်ယူဆချက်များကို တတ်နိုင်သမျှ ရှာဖွေစုဆောင်းတင်ပြထားခြင်းသာ ဖြစ်ပါသည်။
စစ်နည်းဗျူဟာ၊ ဘယ်လိုသာလည်း
စွဲကိုင်လက်နက်၊ ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး၊ မသိမ်းကြုံးလျင်
ပြည်သူ့ခွန်အား၊ မကိုးစားလျင်
ဓါးသွားလည်းကြွေ၊ လှံလည်းခွေအံ့။
(၁၈ ရာစု နန်းတွင်းစာဆို လက်ဝဲသုန္ဒရ)
စီစဉ်သူ။ ။အလင်းဆက်
၂၁ . ၃ . ၂၀၁၀

