ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, November 30, 2008

30 Nov, 2008… နာဂစ်အလွန်…

xxx အမေဘယ်ရောက်သွားလဲ
အဖေဘယ်ရောက်သွားလဲ….သြော်
သူတို့သေသွားကြပြီဘဲ….။

xxx ချမ်းလိုက်တာ အမေရယ်
ဆာလိုက်တာ အဖေရယ်
အမေနဲ့ အဖေမရှိတော့ဘူးဆိုတာ
သိပါတယ်….။
xxx ဒါပေမယ့် အမေနဲ့ အဖေကိုဘဲတစာစာ
ခေါ်နေမိတယ်….။
xxx နွေးထွေးချီပွေ့မဲ့သူ မလာသရွေ့ပေါ့
အမေနဲ့ အဖေရယ်…။
ပေးပို့သူ…ကျော်လွင် (ရင်ငြိမ်းပန်း)

Read More...

Saturday, November 29, 2008

ကော်မူးရာမြို့နယ် ကေ၀ိုင်အို နှစ်ပတ်လည် ညီလာခံ ကျင်းပနေပုံ

၂၉ နိုဝင်ဘာလ ၂၀၀၈



ကော်မူးရာမြို့နယ်တနေရာတွင် ၂၀၀၈- ၂၀၁၀ (၂)နှစ်သက်တမ်းကာလ အမှုဆောင်သစ်များ ရွေးချယ်ခြင်းကို ကေအင်န်ယူ ဘားအံခရိုင်ဥက္ကဌ ဖဒိုအားတိုး ဦးဆောင်ပြီး ရွေးချယ်တင်မြှောက်ခဲ့သည်ကို မြန်မာပြည်သားမှ ကွင်းဆင်းသတင်းရရှိ။

Read More...

မက်ပ်-ဘောလုံးပွဲလာပြီဗျို့......

(28 Nov, 2008)


မဲဆောက်မြို့ အရှေ့တောက်ဘက် ၆-ကီလိုမီတာအကွာအဝေးရှိ ဖာထင်းကျေးရွာတွင်မက်ပ်ဖောင်ဒေးရှင်း အလင်းတန်းစာကြည့်တိုက် မိသားစုမှ နှစ်စဉ်ကျင်းပလျက်ရှိသော ရွှေ့ပြောင်းအလုပ်
သမား အလွှာပေါင်းစုံ ဘောလုံးပွဲ(နိုဝင်ဘာလ ၂၈ရက်နေ့)မြင်ကွင်းစုံ....။


Rest of your post

Read More...

Friday, November 28, 2008

28 Nov ,2008..(.ကျောင်းသားအားကစားပွဲများသတင်း)

ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ လုံးဆိုင်ရာကျောင်းသားအားကစားပွဲများကိုယနေ့ နံနက်ပိုင်းမှစ၍
စီတန်းလှည့်လည်လမ်းလျှောက်ခြင်းဖြင့်စတင်ကြသည်။ စီတန်းလှည့်လည်လမ်းလျှောက်ကြသောကျောင်း
သားလေးများသည်ထိုင်းဘုရင် ဘူမိဘောနှင့်မိဖုရားသီရိခေတ်တို့ ဧ။်ရုပ်ပုံများကိုကိုင်ဆောင်လာကြကာ
ဘင်ခရာအတီးအမှုတ်ဖြင့်တပျော်တပါးချီတက်ကြသည်။အဆိုပါချီတက်ပွဲတွင်(The Earth is very hot,
Everyone care help'') ဟူသောဆောင်ပုဒ်ကြီးကိုလည်းကိုင်ဆောင်လာသည်ကိုတွေ့ ရသည်။အလားတူ
ကျောင်းသားအားကစားပွဲများကိုမဲဆောက်မြို့ နှင့်ကပ်လျက်တည်ရှိသောဖုတ်ဖရားမြို့ နယ်မှထိုင်းနှင့်မြန်မာ
ကျောင်းများသည်နာမည်ကျော် ၃၇ ကီလိုမီတာကျေးရွာ နန့် တောက်ရေတံခွန်တွင်လည်းကောင်း၊ မယ်လမတ်
မြို့ နယ်အတွင်းရှိထိုင်းကျောင်းများသည်မြို့ နယ်အထက်တန်းကျောင်းတွင်လည်းကောင်း စုရုံးပျော်ရွှင်စွာအား
ကစားပွဲများဆင်နွဲလျက်ရှိကြောင်းမြန်မာပြည်သားမှသတင်းရရှိသည်။
Rest of your post

Read More...

28 Nov, 2008 ... ဇာနည်မျိုးရိုး

သြော် ...
အဖေနှင့်အမေ
ရည်မှန်းချက်မြင့်မြင့်မားမား ထားပြီး
ပညာသင်ခွင့်ပေး
ပညာတတ်ကြီးဆိုပြီး
လွတ်လပ်ခွင့်တွေပေး
ရိုးသားနွမ်းလျပေမယ့်
ရွေးချယ်မှုတွေမှန်ကန်
တို့သားဟာ လမ်းမှန်ရောက်လို့ ကျေနပ်ခဲ့တယ် ...။

သြော်...
အဖေနှင့်အမေ
ရင်ထဲမှာဖွင့်ပြောဖို့မထွက်ခဲ့တဲ့
ခံစားမှုတွေထဲမှာ
တရားမျှတမှုမရှိတဲ့
စစ်အာဏာရှင် လက်တစ်ဆုပ်စာအောက်မှာ
လက်ဝေခံပြည်သူကိုနှိပ်စက်ဖို့ မလုပ်ခဲ့ဘူး
ရုန်းထွက်ခဲ့တယ်ဆိုတာသိစေချင်တယ်...။

သြော် ...
အဖေနှင့်အမေ
မျက်စိကိုဖွင့် နားကိုစွင့်ပြီး
ကံဥာဏ် ၊ ဝီရိယကို
အဖော်ပြုကာ
ကောင်းကင်ကဓူဝံကြယ်ကိုကြည့်
ပင်လယ်ပြင် ကိုလက်ပစ်ကူး
မြေပြင်ရဲ့ခလုတ်ကန်သင်း
ဆူးငြှောင့် ကိုရှင်း
တောတောင် ၊ မြစ်ချောင်း ၊ လျှိုမြောင်မြေပြင်အနှံ
လူထုအတွက်
တော်လှန်ရေးလမ်းကိုလျှောက်
မကြောက်တမ်း
သားလေး
တိုင်းပြည်ဝန်ကိုထမ်းဆောင်ဆဲပါလေ ..... ။

ပေးပို့သူ ... စစ်မင်းအောင်
(စက်တင်ဘာ မျိုးဆက်)

Read More...

ိ28 Nov , 2008 … အမေရိကန်သမ္မတများနှင့် ကျနော်သိသော အမေရိကန်ပြည်အကြောင်း …. အပိုင်း ၎

ထို့နောက် သမ္မတ-အိုင်စင်ဟောင်ဝါကပင် ဒုတိယအကြိမ် တက်လာကာ(ဗီယက်နမ်စစ်ကြီး)ကို အရှိန် မြှင့်တင်လိုက်ပါတော့သည်။ ဗီယက်နမ်စစ်ဆိုတာက ၁၉၂၅-ခုနှစ်ကတည်းက ပြင်သစ်ကိုလိုနီလက်ထက်ကပင် လျှင် ဗီယက်ကောင်းမျိုးချစ်တပ်ဖွဲ့များက ဟိုချီမင်း၊ ဗိုချီကောင်း၊ ဗိုငုယင်ဂီးယက်၊ ဗိုငုယင်ဇပ်တို့ဦးဆောင်ကာ ပြင်သစ်နယ်ချဲ့တို့ကို တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။ (၁၉၅၄)ခုနှစ် (ဒီဘင်ဖူး ခံတပ်)တိုက်ပွဲကြီးတွင် ကမ္ဘာကျော် ခံတပ်ကြီး၏ အရှင်သခင်ဖြစ်သော ပြင်သစ်နယ်ချဲ့တို့ကို ဗီယက်ကောင်းတို့က လက်သံပြောင်ပြောင်ဖြင့် ရှင်း လင်းတိုက်ထုတ်နိုင်ခဲ့ပေသည်။ သို့ဖြစ်၍ နယ်ချဲ့အချင်းချင်းရိုင်းပင်းကူညီသောအားဖြင့် ပြင်သစ်၏ ကိုလိုနီနေ ရာဟောင်းဆီသို့ အမေရိကန်တပ်များက ၀င်ရောက်နေရာယူကာ သမ္မတအိုင်စင်ဟောင်ဝါသည်လည်း အမေရိ ကန်ပြည်သူများ ဆဲရေးတိုင်းထွာကာ မေတ္တာဝိုင်းပို့နေသည့်ကြားမှ ဗီယက်နမ်စစ်တည်းဟူသောကျားကြီးပေါ်သို့ ခွထိုင်စီးမိသားဖြစ်သွားပါတော့သည် ။ ထို့နောက် အမေရိကန်ပြည်ထောင်စု၏ အသက်အငယ်ဆုံး သမ္မတဖြစ်သူ-(ဂျွန်အက်ဖ်ကနေဒီ)၏ ခေတ် ကာလဖြစ်ပါသည်။ သက်တမ်းတိုသော်လည်း ထိရောက်ထက်မြက်သော စွမ်းဆောင်ချက်များရှိခဲ့ခြင်းကြောင့် အမေရိကန်ပြည်သူတို့အမြတ်နိုးဆုံး သမ္မတများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သူလည်း ဖြစ်နေပေသည်။ သမ္မတ ကနေဒီသည် သမ္မတဖြစ်လို့မှမကြာမီ ၀က်(စ်)ပင်လယ်အော်(Bay of Pig)နှင့် ကျူးဘားဒုံးပျံအရေးအခင်း (၁၉၆၂)နှင့် ကြုံတွေ့ရင်ဆိုင်ရပါတော့သည်။ ဤဆန်းစစ်ချက်များကို ရေးသားနေသော ကျနော်နှင့် မြန်မာပြည် သားများ တစိမ့်စိမ့်ဂုဏ်ယူနေရမည်မှာ ထိုစဉ်က ကမ္ဘာကျော်ပြဿနာကြီးဖြစ်သော ၀က်စ်ပင်လယ်အော် အရေး အခင်းနှင့် ကျူးဘားဒုံပျံအရေးအခင်းကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းပေးခဲ့သူမှာ ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ဖြစ်သော(မြန်မာ့ဦးသန့်)ဖြစ်ပါသည်။ ဦးသန့်အတွင်းရေးမှူးချုပ်သက်တမ်း ၂ဆက် (၁၉၆၁-၇၁)ကာလ အတွင်းအပြောင်းမြောက်ဆုံး စွမ်းဆောင်မှုများထဲတွင် ပါဝင်သော ဤကျူးဘားဒုံးပျံအရေး အခင်း(၁၉၆၂)၊ တရုတ်-ဆိုဗီယက်နယ်စပ်ပြဿနာ(၁၉၆၈)၊ တရုတ်-အိန္ဒိယနယ်စပ်ပြဿနာ(၁၉၆၇)၊ အာရပ်-အစ္စရေးစစ်ပွဲ (၀ါ)၆ရက်ကြာစစ်ပွဲ(၁၉၆၇)စသည်တို့သည် သမိုင်းတန်ဖိုးကြီးမားလှပါသည်။ သမ္မတ-ကနေဒီနှင့် ဆိုဗီယက်ခေါင်းဆောင် နီကီတာ ခရူးရှက် တို့အကြား အားစမ်းပွဲကြီးတွင် ကျူးဘား ပြည်မှ ဖီဒယ်ကတ်စထရိုကလည်း မိမိမြေတွင် တိုက်ချင်းပစ်ဒုံးပျံများကို ဆိုဗီယက်အကူအညီဖြင့် ချထားခြင်းကို အမေရိကန်ကို ခြိမ်းခြောက်ရာရောက်မှန်း သိသိကြီးနှင့် ယှဉ်တုဘက်ပြိုင်ကြည့်ကြခြင်းဖြစ်သည်။ သို့ရာတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့်၏ (အမေရိကန်-ဆိုဗီယက်- ကျူးဘား)လွန်းပျံခရီးစဉ်များနှင့် စေ့စပ်ဆွေး နွေးမှုကောင်းမွန်သပ်ယပ်ပါးနပ်ခဲ့ခြင်းကြောင့် ကျူးဘားပြည်မှ ဒုံးပျံများသည်လည်းကောင်း၊ ၀က်စ်ပင်လယ် အော်မှ ဆိုဗီယက်ရေတပ်နှင့် အမေရိကန်ရေတပ်များသည်လည်းကောင်း အသီးသီးရုပ်သိမ်းပေးခဲ့ရပါသည်။ သမ္မတ-ကနေဒီသည် ၁၉၆၃ခုနှစ်၊ နိုဝင်ဘာလတွင် လုပ်ကြံခံခဲ့ရပြီး ဒုတိယသမ္မတဖြစ်သူ ဂျွန်ဆင်က ယာယီတာဝန်ယူကာ မကြာမှီရွေးကောက်ပွဲ သမ္မတအဖြစ်အရွေးချယ်ခံခဲ့ရလေသည်။ ဂျွန်ဆင်သည် ဗီယက်နမ် စစ်ပွဲကြီးကို ထပ်မံအရှိန်မြှင့်နိုင်ရန် ကြိုးပမ်းပြန်လေသည်။ သို့ရာတွင် အာရပ်-အစ္စရေးစစ်ပွဲ(၁၉၆၇ ခုနှစ်၊ ၆ရက် ကြာ စစ်ပွဲ)ကိုလည်းကောင်း၊ တရုတ်-ဆိုဗီယက်နယ်စပ်စစ်ပွဲ(၁၉၆၈-ခုနှစ်)ကိုလည်းကောင်း၊ တရုတ်-အိန္ဒိယ နယ်စပ်စစ်ပွဲ(၁၉၆၇-ခုနှစ်)ကိုလည်းကောင်း သမ္မတ-ဂျွန်ဆင် မျက်ဝါးထင်ထင်တွေ့ကြုံခဲ့သော်လည်း ထိုစဉ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်-ဦးသန့်(မြန်မာ)ကပိုမိုပြီး သြဇာအရှိန်အ၀ါကြီးမားခဲ့သည်ကို ငြင်းမရပါချေ။ အမေ ရိကန် သမ္မတ တစ်ဦး၏ သြဇာသည် ဆိုဗီယက်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တဦး၏ သြဇာကို ချိန်ခွင်ညှာညှိုနှိုင်းနေရချိန်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်-ဦးသန့်၏ ပါးနပ်လိမ္မာစွာ ကိုင်တွယ်နိုင်မှု(၀ါ) စီမံ ခန့်ခွဲမှု သြဇာက ပိုမိုကျယ်ပြန့်စွာရှိနေခဲ့ပေသည်။ ထို့နောက်-ရီပတ်ဗလီကင်ပါတီ၏ အလှည့်ကျရောက်ပြီး-(နစ်ဆင်)သမ္မတ ဖြစ်လာလေသည်။ နစ်ဆင် လက်ထက်တွင် ဆိုဗီယက်၏ တစောင်းစေးနှင့် မျက်ချေးပမာဖြစ်နေသော တရုတ်ပြည်ကို မြောက်ပင့်ချဉ်းကပ် ကာ တရုတ်ခေါင်းဆောင် မော်စီတုန်းအား ထိုစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး(ဒေါက်တာ-ဟင်နရီကင်ဆင် ဂျာ)၏ နောင်အခါနာမည်ကြီးလာသော (ပင်ပေါင်ဒစ်ပလိုမေစီ) နိုင်ငံခြားရေးမူဝါဒအတိုင်း လက်ဝဲဒါဒများအ ကြား အုပ်စုကွဲကို အင်အားကြီးလာအောင် ဘေးတီးပေးနိုင်ခဲ့ပေသည်။ (၁၉၇၂)ခုနှစ်တွင်မူ ရီဖတ်ဖလီကင်ပါတီ၏ အတိုက်အခံယှဉ်ပြိုင်ဘက်ဖြစ်သော ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ကို အနီးအနားရှိ ၀ါးတားဂိတ်ဟိုတယ်မှ နေပြီး ထောက်လှမ်းရေး ကင်မရာတပ်ဆင်ကာ စုံစမ်းထောက် လှမ်းသည့်အမှု ဗူးပေါ်သလိုပေါ်ခဲ့ခြင်းကြောင့် သမ္မတ-နစ်ဆင် နူတ်ထွက်ပေးရသည်။ ထို့ကြောင့် ဒုတိယ-သမ္မ တဖြစ်သူ- ဂျရယ်ဖို့ဒ် ယာယီသမ္မတဖြစ်လာကာ မကြာမီမှာပင် ရွေးကောက်ပွဲဝင်စရာမလိုပဲ အလိုအလျောက် သမ္မတဖြစ်လာလေသည်။ သမ္မတ-ဂျရယ်ဖို့ဒ်သည်(၁၉၇၅)ခုနှစ်တွင် ဗီယက်နမ်စစ်ကြီးကို နိဂုံးကမ္ပတ်အဆုံး သတ်စေသော ပါရီငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးပေးခဲ့လေသည်။ အဆိုပါ ပါရီငြိမ်းချမ်းရေအချုပ်ကို ဦးဆောင်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး-ဒေါက်တာ ဟင်နရီကင်ဆင်ဂျာနှင့် ဗီယက်နမ်နိုင်ငံခြားရေး ၀န်ကြီး-လီဒတ်သိုတို့ကို ၁၉၇၆ ခုနှစ်အတွက်(ငြိမ်းချမ်းရေးနိုဘယ်လ်ဆု) ပူးတွဲချီးမြှင့်ခဲ့ကာ လီဒတ်သိုမှ ဆုရ ယူရန်ငြင်းပယ်ခဲ့သည်။ ထို့အပြင် အာရပ်-အစ္စရေး ယွမ်ကပူးဘာသာရေးပွဲတော်စစ်ပွဲ(၁၉၇၃)ကိုလည်း သမ္မတ-ဂျရယ်ဖို့ဒ်က ဟင်နရီကင်ဆင်ဂျာနှင့် ထိုစဉ် UN အတွင်းရေးမှူးချုပ်-ကွတ်ဝေါဟိုင်းတို့နှင့် ပူးတွဲဖြေရှင်းစေခဲ့ သည်။ (ဆက်လက်ဖော်ပြပါမည်…) တင်ပြသူ….သောင်ရင်းနဂါး…. စာကိုး…… မိမိဖတ်ဖူးသော ပထ၀ီနိုင်ငံရေး, နိုင်ငံရေး သိပ္ပံ, သမိုင်းနှင့် မိမိ၏ စာပေဗဟုသုတကျေးဇူးရှင်များ ဖြစ်ကြသော ဦးခင်မောင်မြင့်၊ အာဇာနည်-ဦးစိန်ဝင်း၊ ဗိုလ်အောင်မင်း၊ ဒေါက်တာ-အေးချမ်း(ဂျပန်နိုင်ငံ ကန်န တက္ကသိုလ်)စသည်တို့နှင့် မိမိဆွေးနွေးချက်များ….။

Read More...

Thursday, November 27, 2008

(27 Nov, 2008) ကျီးမိုက်….

;Xxxx ၈၈-အမည်ခံ
သန္ဓေမမှန် အမျိုးယုတ်
xxx သမိုင်းကြောင်း အမှန်မသိ
ဒေ၀ဒတ်ကို ဆရာတင်
ဆင်သေကောင်ပေါ်က ကျီးမိုက်


xxx ဒေါင်းကြားထဲ ကျီးယောင်ဆောင်
ဒေါင်းဟာဒေါင်း ကျီးဟာကျီး
ရာဇ၀င်မှာ အထင်ရှားရှိ
xxx မင်းသရုပ် မင်းသဏ္ဍန်
မင်းကိုမင်း
မှန်ထောင်ကြည့်

ပေးပို့သူ… စက်တင်ဘာ မျိုးဆက်….
ဖောက်ပြန်ရေးသမားအေးလွင်နှင့်အပေါင်းအပါ(၈၈ အတုများသို့ )

Read More...

မဲဆောက်မြို့ရဲ့ မိုးကောင်းကင်ဇာတ်ပွဲ...ည

27 Nov, 2008


မိုးကောင်းကင်ဇာတ်(သထုံဇာတ်) ဒါရိုက်တာ မောင်ငြိမ်းချမ်းနှင့် ကာလီမယ်တော် တခန်းရပ်ပြဇာတ်၊ မီးနင်းပွဲနှင့် ဒါရိုက်တာမောင်ငြိမ်းချမ်း, ကာလီမယ်တော်ကို ယုံကြည်ကြသူ မြန်မာပြည်သား ပွဲကြည့်ပရိတ်သတ် အချို့နှင့် မီးနင်းပွဲကို ပါဝင်ကြသူ ပရိတ်သတ်အချို့ကို တွေ့မြင်ရစဉ်....

Read More...

Wednesday, November 26, 2008

ပေါက်ပါစေလို့ ရင်ခုန်ကြရသော ကံစမ်းမဲဖွင့်ပွဲ........


၁၀ ဘတ်ပေးပြီး ကံစမ်းကြသော မဲပိုင်ရှင်တို့မှ ရင်သိမ့်တုန်-ရင်ခုန်နေကြရသော .... ဆိုင်ကယ်, ကွန်ပျူတာ, တီဗွီ, ဒီဗွီဒီ, လက်ကိုင်ဖုန်း စသည့် ဆုမဲကြီး ၅ခုနှင့် နှစ်သိမ့်ဆုများ...စုစုပေါင်းပေါက်မဲ ၁၀၀ ကျော်....။ မဲဆောက်မြို့ မယ်တော် ဘုန်းကြီးကျောင်းဝန်းအတွင်း ကျင်းပသော STTC-ကျောင်း ရံပုံငွေ ကံစမ်းမဲအား ယမန်နေ့ညနေက ပေါက်မဲဖွင့်ပွဲမှ မြင်ကွင်းကို ဤသို့တွေ့ရစဉ်..............။

Rest of your post

Read More...

ရုံဝင်ခ ၂၀ဘတ်နှင့် အလုပ်မအားသဖြင့် ကြည့်သူနည်းပါးသော မဲဆောက်ည မိုးကောင်းကင် ပုံရိပ်များ....

26 Nov, 2008....


မိုးကောင်းကင်ဇာတ်(သထုံဇာတ်) ဒါရိုက်တာ မောင်ငြိမ်းချမ်းနှင့် မြန်မာပြည်သားအဖွဲ့ ရင်းရင်းနှီးနှီး မှတ်တမ်းများ၊ ရုံဝင်ခ ၂၀ဘတ် တောင်းခြင်းကြောင့်လော...? အလုပ်မအားရွေ့လော...? ခါတိုင်းနှစ်တွေလို ကြိတ်ကြိတ်တိုး စည်ကားမနေပဲ ကြက်ဝိုင်းသာသာ လူလာကြသည့် မဲဆောက်မြို့၏ ၀ပ်ဒုံချိုင်း ဘုန်းကြီးကျောင်းအလှူပွဲနှင့် မြန်မာဇာတ်ပွဲ ပုံရိပ်များကိုတွေ့ရစဉ်....25 Nov, 2008 Night


Rest of your post

Read More...

26 Nov,2008...လှေကြုံစီးသူများ..................

xxxx ငါ့အဘိုး
အဖေ့ကိုပြောတယ်
သားနိုင်ငံရေးနဲ့ ကင်းအောင်နေ
ပါလီမန်ဒီမိုကရေစီက အလကားပဲ
ရန်ဖြစ်နေတာ နဲ့ ပဲပြီးနေတယ်
သူခိုးတွေလည်းပါတယ်။
သားကြီးလာရင်အဖေ့လို
သစ်တောဝန်ထောက်ဖြစ်အောင်လုပ်...။


xxxx ငါ့အဖေ....
ငါ့ကိုပြောတယ်
သားနိုင်ငံရေးနဲ့ ကင်းအောင်နေ
ဆိုရှယ်လစ်ဝါဒလည်းကျဆုံးတော့မယ်
၇၄-ခု ဦးသန့် အရေးအခင်းတုန်းက
အဖေရွာပြန်ပြီးတော့ ငါးမျှားနေလိုက်တယ်
သားကြီးလာရင် အဖေ့လိုကုန်သည်မလုပ်နဲ့ 
သင်္ဘောသားဖြစ်အောင်လုပ်.....။
xxxx ငါ......
ငါ သမီးကိုပြောတယ်
သမီး နိုင်ငံရေးနဲ့ ကင်းအောင်နေ
န အ ဖ လည်းအသက်ငင်နေပြီ
၈၈အရေးတော်ပုံမှာ
အဖေရွာပြန်ပြီး ဘုန်းကြီးဝတ်နေတယ်
သမီးကြီးလာရင်
အဖေ့လိုကျောင်းဆရာမလုပ်နဲ့ 
အထူးကုဆရာဝန်မကြီးဖြစ်အောင်လုပ်...
xxxx အဖေ
သမီးနားလည်ပါတယ်
ခေါက်ရိုးကျိုးနေပါပြီ
နိုင်ငံရေးကို စိတ်မ၀င်စားပါဘူး
ကိုယ်ကြီးပွားဖို့ ပဲကိုယ်သိပါတယ်
သမီးကြီးလာရင်
အလားအလာရှိတဲ့
စစ်ဗိုလ်အမတ်တယောက်ကို
ဖမ်းထိန်းထားလိုက်မယ်....တဲ့ ။ ။
ပေးပို့ သူ......................ဟေလီ(ရွေ့ ပြောင်းတဦး)
မှတ်ချက်.....................ဟေလီ ပေးပို့ ထားသောဟေလီဧ။်အတွေးအမြင်ကဗျာစုများထဲမှသင့်တော်ရာကိုရွေးချယ်ကာ
ဆက်လက်ဖော်ပြသွားပါမည်။ဟေလီကိုလည်းကျေးဇူးတင်ပါသည်။(တာဝန်ခံအယ်ဒီတာ)

Read More...

Tuesday, November 25, 2008

25 N0v, 2008 ..... ဧတေန သစ္စ၀ဇ္ဇေန....The Joke Poem

(ဟာဒယ နှလုံး- တခဏပြုံး စာမျက်နှာ....)
xxx ချစ်သူက မုန့်တီ
ငံပြာရည် ကိုယ်ထား
ပန်းကန်မှာ အသာဝေ့တယ်
တွေ့ရစေသား.....။

xxx ချစ်သူက နို့ဆီ
ကော်ဖီဆို ကိုယ်ထား
ချိုစုံမှာ မွှေကာနှစ်တယ်
ချစ်ပါရစေသား....။
xxx ချစ်သူက ရမ်(RUM)
ဆိုဒါ အရံကိုယ်ထား
ဖန်ခွက်မှာ ခါခါလောင်းတယ်
ပေါင်းရစေသား.........။

မူလရေးသားသူ........ မောင်မောင်သန်းငွေ(တောချောင်းဦး)
စာကိုး.... ရယ်စရာ မဂ္ဂဇင်း(နိုဝင်ဘာလထုတ်)မှ ဆရာမောင်မောင်သန်းငွေ၏ ဤဟာသကဗျာကို ခွင့်မပန်ပဲ ကူးယူဖော်ပြမိသည့်အတွက် တောင်းပန်အပ်ပါသည်။ ယခုလို ဆက်သွယ်ရန် ခက်ခဲသောအခြေအနေတရပ် အရ ဤစာဖြင့်ပင် ပန်ကြားသည်ဟု သဘောထားပေးပါရန် မေတ္တာရပ်ခံပါသည်။

တာဝန်ခံ အယ်ဒီတာ....

Read More...

Monday, November 24, 2008

(24 Nov, 2008) မြန်မာရွှေ့ပြောင်း…သိစေကြောင်း…

(၁) လုပ်ငန်းခွင်ဝင်ရင် ဘောင်းဘီနဲ့ဝင်ပါလားကွယ်…
“ဘောင်းဘီဝတ်ကွယ်… ဘေးကင်းတယ်
ဟိုငြိ. ဒီတွယ်… မရှိဘွယ်
အဲဒါကြောင့်ရယ်… ၀တ်ကြကွယ်…”
(ဘောင်းဘီဝတ်ခြင်းအားဖြင့် အနည်းဆုံး ငြိတာ၊ တွယ်တာ၊ ချိတ်မိတာတွေ လွတ်ကင်းတာမို့ လုပ်ငန်းခွင်မှ ဘေးကင်းလုံခြုံတာပေါ့ကွယ်)

(၂) ဆံပင်ရှည်ရှည်… စည်းထားလေ…
xxx ဆံပင်ရှည် စက်ထဲငြိပါတာမို့ သေဆုံးခဲ့ရတာတွေ၊ လမ်းသွားရင်းကားနဲ့ ဆံပင်ငြိပါသွားတာမို့ အသက်ပေးရသူတွေ မနည်းတော့ဘူး ကားပေါ်ကအဆင်းတောင် ဆံပင်နဲ့ ငြိနေတာမို့ ပြုတ်ကျသေဆုံးရတာလည်း ရှိခဲ့လေရဲ့။ ဒါကြောင့်မို့…
“ဆံပင်ရှည်ရှည်… စည်းထားလေ
ဘေးကင်းဖို့လေ… ပြင်ကြဟေ…”

(၃) သုံးလေးယောက်တန်း… လမ်းမလျှောက်စမ်းနဲ့…
xxx လမ်းစည်းကမ်းဆိုတာ ရှိတယ်လေ။ ထိုင်းနိုင်ငံကိုရောက်ပြီ၊ တို့တတွေလွတ်လပ်ပြီ ဆိုပြီးသတိမလွတ်ကြနဲ့နော်။ အန္တရာယ်ကို မစမ်းသပ်ကြနဲ့ကွယ်…။
“သုံးလေးယောက်နဲ့… လမ်းလျှောက်ခန်း
စမ်းသပ်မလျှောက်ကြနဲ့…။
ဘေးကဖြတ်သွား… ဆိုင်ကယ်, ကား
သင့်အား… မသက်ညှာပါ…”

(၄) နှစ်စီး, သုံးစီး ရင်ပေါင်တန်းမစီးနဲ့…
အိမ်ရောက်မှ, တန်းလျားရောက်မှ, လွတ်ကင်းရာ တနေရာရာရောက်မှ စကားကိုတ၀ကြီးပြောကြပါလား။ စက်ဘီးစီးနေရင်း၊ ဆိုင်ကယ်စီးနေရင်းနဲ့ ဘာဖြစ်လို့များနှစ်စီး၊ သုံးစီးရင်ပေါင်တန်း ယှဉ်စီးပြီး စကားပြောချင်ကြတာပါလိမ့်။ မလုပ်ကြပါနဲ့။ အန္တရာယ်က လက်တကမ်းမှာနော်…။
“နှစ်စီး. သုံးစီး… တန်းစီစီး
ယာဉ်ကြီး. ယာဉ်ငယ်… သတိပြုကွယ်
အဲဒီလိုမစီး… ရှေ့နောက်စီး
ခရီးဆုံးမှ… တ၀ကြီးပြောကြကွဲ့….။”

(၅) စက်ဘီးမကြံ့ခိုင်… နှစ်ယောက်မထိုင်နဲ့…
xxx တို့မြန်မာပြည်သားတွေက စက်ဘီးအသုံးများတယ်လေ။ စက်ဘီးက နှစ်ယောက်စီးရလောက်အောင် မကြံ့ခိုင်ပဲနဲ့ ဘာဖြစ်လို့များနှစ်ယောက် စီးကြရတာလဲ။ ဒီကြားထဲစက်ဘီးစီးရင် ရှေ့က ပုဆိုးနဲ့၊ နောက်ထိုင်က ထမီနဲ့ဆိုတော့ အန္တရာယ်ရှိပြီပေါ့ကွယ်…။
“စက်ဘီးမကြံ့ခိုင်… နှစ်ယောက်မထိုင်နဲ့
ပုဆိုးဆီး, ထမီဆီး… စက်ဘီးမစီးနဲ့
ကားကြီး. ကားယာဉ်တွဲကြီး… အနီးကဖြတ်ရင်
သင့်ရဲ့စက်ဘီး… ဆက်မစီးနဲ့၊ ခဏရပ်နေ…။
ခဏမရပ်ရင်… လေအဟတ်မှာ… သေဇာတ်ဆရာက ခေါ်တတ်တယ်ကွဲ့…”

(၆) ဖုန်းပြောတာ…
“ ယာဉ်စီးနင်းအခါ… ဖုန်းဆက်တာ
ရာဇ၀တ်မှုလို့… ထိုင်းကြေညာ
ဒဏ်ငွေလေးရာ… ပေးရမှာ…”
စက်ဘီး. ဆိုင်ကယ်. ကား စီးနင်းနေစဉ်မှာ လက်ကိုင်ဖုန်းပြောတာဟာ ရာဇ၀တ်မှုဖြစ်တယ် ဒဏ်ငွေ(၄၀၀) ဘတ်ပေးရမယ် ဆိုတာသတိပြုကြနော်…။

(၇) ခေါင်းအစ ခြေအဆုံး၊ တကိုယ်လုံး အကာကွယ်ကိုသုံးကြပါ…
လုပ်ငန်းခွင်ဝင်မယ်ဆိုရင် အထူးသဖြင့်- စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းတွေအပြင် စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်တွေမှာ ဦးခေါင်းအကာကစပြီး ခြေထောက်မှာ ဘွတ်ဖိနပ်စီးတာအထိ ခန္ဓာကိုယ်တခုကို ဘေးကင်းလုံခြုံရေးအတွက် အကာအကွယ်တွေသုံးဖို့ မမေ့ကြနဲ့နော်။ ဒါဟာ အရေးကြီးတယ်။ အလုပ်ရှင်တွေအပိုင်းကလည်း လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေး ဆိုင်ရာအတွက် ဘီအီး-၂၅၃၇(၁၉၉၄)အက်ဥပဒေအရ တာဝန်ရှိတယ်။ အလုပ်ရှင်တဦးဟာ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအတွက် အလုပ်သမားတွေကို သင်တန်းပေးရမယ်၊ ကာကွယ်ရေးပစ္စည်းတွေနဲ့ လုပ်ငန်းသုံး ကရိယာတွေကို စစ်ဆေးပေးရမယ်၊ ကာကွယ်ရေးပစ္စည်းတွေကို တပ်ဆင်ပေးရမယ်၊ ညဆိုင်းတာဝန်ကျ အလုပ် သမားတွေကိုအထူးစစ်ဆေးပေးရမယ်။ ဒါဟာအလုပ်ရှင်တွေက လုပ်ပေးရမယ့်တာဝန်ပဲဖြစ်တယ်။
“ခေါင်းအစ… ခြေအဆုံး
တကိုယ်လုံး… အကာအကွယ်တွေသုံးကြပါ…
သင်တန်းပေး. စစ်ဆေးပေး. တပ်ဆင်ပေး
အထူးစစ်ဆေးပေး… အဲဒီပေးလေးပေး
သူဌေးတွေမှာ… တာဝန်ရှိတာ
ညီညာစုပေါင်း… တောင်းဆိုကြပါ…”

(၈) အလုပ်သမားအခွင့်အရေးဟာ လူ့အခွင့်အရေးပါပဲ…
အလုပ်သမားဆိုတဲ့နေရာမှာ အမျိုးသမီးအလုပ်သမား၊ ကလေးအလုပ်သမား၊ အမျိုးသားအလုပ်သမား မခွဲခြားပါဘူး။ အလုပ်သမားအခွင့်အရေးဟာ လူ့အခွင့်အရေးပါပဲ။ အလုပ်သမားတွေရဲ့ မူလဘူတရပိုင်ခွင့်၊ အခွင့်အလမ်းနဲ့နည်းလမ်းပေါင်းစုံတို့ဟာ (လူသားတွေရဲ့ မွေးရာပါအခွင့်အရေး) သို့မဟုတ် လူ့အခွင့်အရေးပါပဲဗျာ…။

(၉) တောင်းရဲကြဖို့၊ တောင်းတတ်ကြဖို့က…
“လက်ချောင်း ခြေချောင်းပြတ်ပါက
၂-သောင်းရမယ်မှတ်…
အသက်ဆုံးသော်… တသိန်းလျော်
မလျော်အပြစ်၊ ထောင် ၃-နှစ်
အလုပ်ရှင်တို့အပြစ်…”
လက်ချောင်းဆိုရာမှာ အားပိုမိုစိုက်ရတဲ့လက်ဟာ လျော်ကြေးပိုမိုရမယ်။ ၂-ဆစ်ပြတ်တာ၊ လက် ၃-ဆစ်ပြတ်တာ ဆိုရင် ပိုမိုနစ်နာကြေးရမယ်။ ကာယကံရှင်က စနစ်တကျ အချက်အလက်အပြည့်အစုံနဲ့ မတောင်း ခဲ့ရင် ဘာမှရမှာမဟုတ်ဘူး။ စနစ်တကျတောင်းရဲရမယ်။ တောင်းတတ်ရမယ်။ ဒီအပိုင်းက ဥပဒေတတ်သိ သူတွေနဲ့ တိုင်ပင်ရမယ်…။

အဲဒီအခွင့်အရေးတွေအတွက်…
လုပ်နည်း လုပ်ဟန်အကြံဥာဏ်တွေကို ထိုင်း-ဥပဒေဘောင်ထဲက နည်းလမ်းကျနစွာ တောင်းဆိုကြဖို့ဆိုရင်…

(၁) ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ၊ ဥပဒေအထောက်အကူပြုဌာန (LLC)
မြန်မာစကားပြန်- စောကိုထွေး(၀၈၁ ၇၈၆၀ ၉၂၅)
(၂) တိုင်းရင်းသား အလုပ်သမား ကျန်းမာရေးနှင့် ပညာရေး အစီအစဉ် (MAP Foundation)
စကားပြန်- ကိုအေး (၀၈၆ ၉၃၆၇ ၂၇၅)
(၃) မဲဆောက် ဆေးရုံကြီးနှင့် ကျန်းမာရေးကိစ္စအ၀၀ အကူအညီလိုပါက
မြန်မာစကားပြန်- (၀၈၇ ၃၁၃၇ ၇၈၆)
(၄) မယ်တော်ဆေးခန်းနှင့် ပတ်သက်၍ ကျန်းမာရေး ကိစ္စစုံစမ်းရန်
လူထုဆက်ဆံရေးဌာနမှူး- ဦးတင်ရွှေ (၀၈၄ ၅၇၄၄ ၈၂၃)
(၅) လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ နှစ်သိမ့်ဆွေးနွေးရေးနှင့် အခွင့်အရေးတောင် ဆိုမှုအတွက်… ဖိုးသောကြာ (၀၈၉ ၆၄၀၇ ၂၃၅)
(၆) ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) နှင့် မြန်မာပြည်သားစာစောင်၊ မြန်မာပြည်သားဘလော့ဂ်..(၀၈၃ ၆၃၀၈ ၄၃၃- ၀၈၇ ၃၀၈၉ ၆၈၀)

အထူးသတိပေးလိုတာက …..မယ်လမင်း ဓာတ်က အစာအဆိပ်သင့်တတ်တယ်နော်။ မြန်မာပြည်က တင်သွန်းလာတဲ့ ကော်ဖီိမစ်၊ တီးမစ်တွေကို မသုံးကြတာ အကောင်းဆုံးပါနော်…။ လက်ဖက်မှို့တက်၊ ငြုပ်သီးမှိုတက် အစားမမက်နဲ့….အစားတလုပ်နဲ့ ဘေးဖြစ်မခံကြဖို့ ကျနော်တို့ မြန်မာပြည်စာစောင်နှင့် မြန်မာပြည်သားဘလော့ဂ် ၀ိုင်းတော်သားများမှ တင်ပြလိုက်ရပါတယ်ခင်ဗျား….။

မြန်မာပြည်စာစောင်နှင့် မြန်မာပြည်သားဘလော့ဂ် ၀ိုင်းတော်သားများ….

Read More...

24 Nov,2008 အောင်းမြတ်လေးဗျ……ကြက်ငှက်တုတ်ကွေး....

(Public Health)
xxxx ကြက် ငှက်တုတ်ကွေးရောဂါဟာ
ကြက်ငှက်တွေ နဲ့ တင်မကပါ……..။
xxxx လူတွေမှာပါ ဖြစ်ပွားသတဲ့ 
လုံးဝသတိထားကြပါကွဲ့ ……..။


xxxx လူတွေပဲလား မေးချင်မယ်
ကြောင် ၊ ကျားတွေလဲကူးစက်တယ်……။
xxxx ကြက်ငှက်တုပ်ကွေးကူးစက်ပြီး
အဲဒါအားလုံး မာလကီး……….။
xxxx တထောင့်ကိုးရာတဆယ့်ရှစ်(၁၉၁၈)ဟာ
ကြက် ငှက်တုတ်ကွေး ဥရောပမှာ
လူပေါင်းများစွာသေကြေရ
သတိတရ ဒါဖော်ပြ……။
xxxx ကြက်ငှက် တုတ်ကွေးရောဂါဟာ
ဗိုင်းရပ်(စ်)ပိုးတမျိုးကြောင့်ကူးစက်တာ…..။
xxxx အဲဒီပိုးကြောင့် တုပ်ကွေးဖြစ်
ဖျားနာသေဆုံး ဆက်လက်ဖြစ်……။
xxxx ငှက်တွေမှာက သဘာဝပါ
ထို ရောဂါပိုး တွယ်ကပ်တာ…….။
xxxx ငှက်ရိုင်းတွေ ရဲ့  အူတွေထဲမှာ
ကြက်တုပ်ကွေးရဲ့ ဗိုင်းရပ်စ်ပိုးဟာ
တွယ်ကပ်နေတာ မှန်ပေမယ့်
ရောဂါမဖြစ်ပဲ ပျံသန်းသကွဲ့ ……။
xxxx ငှက်ကတော့ဖြင့်ပျံသန်းသလေ
ပျံသန်း ရာတလျှောက် ရောဂါပိုးဖြန့် သဟေ…..။
xxxx အဲဒီပိုးဟာ ဆက်ကူးစက်
ခံနိုင်ရည် မရှိတဲ့  ထိုထိုငှက်…..။
xxxx ဒီငှက် တွေကဆက်ဖြန့် ဝေ
မွေးမြူထားတဲ့  ဘဲတွေလေ…….။
xxxx ငှက်တွေ ဖြန့် တဲ့ မာလကီး
သေဆုံးကုန်တာအတုံးအရုံးကြီး…..။
xxxx ကြက်ခြံတွေမှာ ကြက်သံတိတ်
ကြက်တုတ်ကွေးဆိုတာလာတဲ့နိမိတ်….။
xxxx မသကာင်္လို့ သွားကြည့်ရင်
ငြိမ်ကုတ်ကြက်တွေမြင်ရအသင်……။
xxxx အစာစားနှုန်း သိသိသာကျ
ရေသောက်ကတော့များသဗျ…….။
xxxx ဥစားကြက်တွေမွေးထားရင်
ဥ, ဥ နှုန်းက ကျသွားမြင်……။
xxxx ကြက်တွေ လက္ခဏာသေချာကြည့်
(ကုတ်လာ ၊ အသံမထွက် ၊ ဥနှုန်းကျ၊ ရေပိုသောက်)
တာသင်ဟာသိ……..။
xxxx ၀မ်းသွားတာလည်းများလာပြီ
(မျက်ရည်ကျ၊ နာရည်ကျ ၊ အသက်ရှူခက်) တွေ့ ပါပြီ…။
xxxx ခေါင်းနှင့်မျက်နှာဖောယောင်လာ
အမောက်၊ ပါးပျဉ်း ပြာနှမ်းသဗျာ….။
(ဆက်လက်ဖော်ပြပါမည်….။)

အကျိုးပြုတင်ပြသူ….ဆန်တာကလော့စ်(ခ)ဂုရုဆန်…. (ခေတ္တ… အင်္ဂပူ)

Read More...

24 Nov,2008 ... အာဂယောကျာ်း...

(ဟာဒယနှလုံး....တခဏပြုံး ရမယ့်ကဗျာ)
xxxx ချစ်သူချိန်းရာ....ညအခါတွင်
ရွှေရင်ထိတ်ထိတ်....အမှောင်ရိပ်ခို
ပျိုပျိုလာလမ်း....ရည်ရွယ်မှန်း၍
တလှမ်းချင်းလာ....သူရှိရာသွား
နွားခြံလွှားလျက်... ယောကျာ်းပီပြင်
ကျော်ခဲ့စဉ်တွင်...
နွားသိုးဝင်ဝှေ့ ... အော်ရင်းမေ့ လို့ 
ဝိုင်းပွေ့ နှာနှပ်ကြရကြောင်း......................။
Rest of your post
မူရင်းရေးသားသူ....ချစ်ဆွေနှင်း
စာကိုး...ရယ်စရာမဂ္ဂဇင်းမှကူးယူဖော်ပြသည်။ခွင့်ပန်ရန်အဆက်အသွယ်ခက်ခဲသဖြင့်
နားလည်ပါရန်တောင်းပန်အပ်ပါသည်။(တာဝန်ခံအယ်ဒီတာ)

Read More...

Sunday, November 23, 2008

23 Nov, 2008 တီဘီရောဂါလက္ခဏာတွေက ဒါတွေခင်ဗျ….

(Public Health)
ဒီလိုလေးများ လင်္ကာလေးနဲ့မှတ်ရင် ပိုပြီး မှတ်မိမယ်ထင်တယ်လေ။ တီဘီရောဂါဟာ ကျနော်တို့တတွေနဲ့ နီးနီးကလေးမဟုတ်လားဗျ…။ ဒါကြောင့်……
“နှစ်ရက်ပိုချောင်းဆိုး… ချောင်းဆိုးသွေးပါ
မော, ဖျား, ချိန်ကျ….. ကျပ်, အောင့်ပ
ပျက်ကြစားသောက်… ရှစ်ခုထောက်
၆ လ ဆေးသောက်… လုံးဝပျောက်သဗျို့”


ဒီလိုလေးများ တစ်ခုချင်း ရှင်းပြရရင်တော့….
၂ရက် ပိုချောင်းဆိုး= ၂ရက် ထက်ပိုပြီးချောင်းဆိုးတာ၊
ချောင်းဆိုးသွေးပါ= ချောင်းဆိုးရင် သွေးပါတာ၊
(မော, ဖျား, ချိန်ကျ) မော= မောပန်းနွမ်းနယ်တာ၊
ဖျား= ဖျားနာတာ၊
ချိန်ကျ= ကိုယ်အလေးချိန်ကျတာ၊
(ကျပ်, အောင့်ပ) ကျပ်= အသက်ရှူကျပ်တာ၊
အောင့်= ရင်ဘက်အောင့်တာ၊
ပျက်ကြစားသောက် = အစားအသောက်ပျက်တာ၊
ရှစ်ခုထောက် = အဲဒီ ၈ ချက်ကိုထောက်ရှုပြီးတော့ တီဘီရောဂါ လက္ခဏာတွေမှန်း သိကြရင်ပေါ့လေ…
၆ လ ဆေးသောက်၊ လုံးဝပျောက်= ဒါကရှင်းပါတယ်။ ၆ လသာဆေးမှန်မှန်သောက်ရင် လုံဝပျောက်တာပေါ့ နော်။
(ကာကွယ်နည်း ၂-နည်း) ရှိတယ်လေ…..
(၁) ဆေးနဲ့ ကာကွယ်ပေါ့ဗျ။
(၂) လက်ကိုင်ပုဝါ ဆောင်ထားပြီး သူများတကာကို မကူးစက်အောင် ကာကွယ်ပေါ့ဗျ။

(ဒါဆိုရင် တီဘီရောဂါဟုတ်၊ မဟုတ်.. ဘယ်လိုလုပ်သိမလဲ)
… ဒါကလဲ ရှင်းပါတယ်။ မိတ်ဆွေရဲ့ ပုလိပ်ကို အရက်ဖိုးပေးရမယ်(အဲလေယောင်လို့) မိတ်ဆွေရဲ့ သလိပ်ကို စစ်ရမယ်။ အဲဒီသလိပ်ကို စစ်ဆေးပြီးရင် တီဘီရောဂါ ရှိလား၊ မရှိဘူးလား အဖြေပေါ်ပါပြီဗျာ…။

(ဘယ်နေရာမှာ တီဘီရောဂါ အဖြစ်များ သလဲဗျ…)
တီဗွီရှေ့မှာ ထိုင်နေတဲ့လူတွေမှာ(အဲလေ)…လူ့ကိုယ်ခန္ဓာအတွင်းက အဆုတ်မှာ အဖြစ်များတာပေါ့ဗျာ…။ တီဘီဆိုတာ အင်္ဂလိပ်လို အလွယ်ခေါ်ကြတာပါ။ မြန်မာလိုပြောရင် အဆုတ်နာရောဂါလို့ ခေါ်ရမှာဖြစ်ပါတယ်။

(တီဘီရောဂါကို ဘယ်နေရာမှာ အခမဲ့ ကုသနိုင်သလဲ…)
အော်… ဒါလား၊ ကျနော့်အိမ်ဘေးက ညားကစ လင်မယားဆီက အော်တယ်လို့ မကြားမိပါဘူး။ (အဲလေ ရောကုန်ပြီ) အော်… ဒါလေးများ ဗမာဆေးစား အလွယ်လေးဗျားပေါ့ဗျာ။ ထိုင်းနိုင်ငံမှာရှိရင် MSF ဆေးခန်းတွေ၊ World Vision ကျန်းမာရေးစုရပ်တွေ ရှိတာပဲလေ။ အခမဲ့ကုသနိုင်ပါသတဲ့ဗျို့…ဗျို့…ဗျို့….။

တင်ပြသူ…. ဆန်တာကလော့စ် (ခေတ္တ-အင်္ဂပူ)…… နိုက်တင်းဂေးလ် ကျန်းမာရေးဂျာနယ်နှင့် မြန်မာပြည်သား စာစောင် ပင်တိုင်ဆောင်းပါးရှင်….

Read More...

Saturday, November 22, 2008

22 Nov, 2008 ယောနသံ စိတ်ထားနှင့် ဟိုးအဝေးထက် အမြင့်ပျံတက် ငှက်များ....အပိုင်း-၂

(၈၈- နှစ်မြောက် အမျိုးသားနေ့ အမှတ်တရ....)
၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁၉ရက်နေ့တွင် မိမိတို့သည် အင်းစိန်ထောင်မှနေ၍ နာမည်ဆိုးဖြင့် အထူး ကျော်ကြားလှသော သာယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့ရပါသည်။ နိုဝင်ဘာလ ၂၂ရက်နေ့သည် ကျနော့်အဖို့ မမေ့နိုင်စရာ နေ့စွဲတစ်ခုပင်ဖြစ်သည်။ ယခုနှစ် ၂၀၀၈ တွင် နိုဝင်ဘာလ ၂၂ရက်နေ့သည် (အမျိုးသားနေ့) ဖြစ် သကဲ့သို့ လွန်ခဲ့သော ၁၉-နှစ်(၁၉၈၉ ခုနှစ်)တုန်းကလည်း ပဲခူးတိုင်း အနောက်ခြမ်းရှိ နာမည်ဆိုးဖြင့် အထူး ကျော်ကြားလှသော သာယာဝတီထောင်ထဲတွင် အမျိုးသားနေ့ ကျင်းပခဲ့သဖြင့် အရိုက်အနှက်ခံခဲ့ရပြီး အင်းစိန် ထောင်မှ ထောင်ပြောင်းစဖြစ်သဖြင့် ရောက်ရောက်ချင်း လက်စင်နှင့်ထွင်းဆိုသလို ထိုသို့အောက်မေ့ဘွယ်နေ့ ဆောင်ရွက်ခဲ့ခြင်းကို သတိရနေပါသည်။
(ဟုတ်တာပေါ့... လွန်ခဲ့တဲ့ ၁၉-နှစ် (၁၉၈၉)တုန်းကလည်း ဒီနေ့ဟာ အမျိုးသားနေ့ပဲလေ... ဘယ်မေ့ပါ့ မလဲကွာ... မင်းတို့ ရိုက်ထား နှက်ထား ဆဲဆိုထားတာကို အမှတ်အသားကြီးတဲ့ သူတွေက ဒိုးဒိုးဒေါက်ဒေါက် ချက်ချင်းထောက်ပြနိုင်တယ်ကွ...)

အမျိုးသားနေ့ ကျင်းပခြင်းကြောင့် အဆဲအဆိုခံ, အရိုက်အနှက်ခံရသူများ ထဲတွင် ယခုမိမိတင်ပြနေချိန်၌ ဘုန်းကြီးဖြစ်သူဖြစ်, (ရွှေတွံတေးဆရာတော်) ရှေ့နေဖြစ်သူဖြစ် (မိမိနှင့် ရဲဘော် တင်သန်းဦး) , နေရာဒေသ တကွဲတပြားစီ ရှိနေကြမည်ဖြစ်သော်လည်း ဤအကြောင်းကို ပြန်ပြောင်း ပြောဖြစ် ကြလျှင်မမေ့ကောင်းစရာ အကြောင်းအရာတခုအဖြစ် ကိုယ်စီကိုယ်စီ မှတ်ဥာဏ်များတွင် စွဲထင်ကျန် ရစ်မည် ထင်ပါသည်။
ကိုင်း.... ကျနော်တို့က ဘာတွေလုပ်လို့ အနှိပ်စက်ခံကြရတာလဲ...???? ။ အင်းစိန်ထောင်ကြီးမှ စတင် ပြောင်းရွေ့သော ၁၉၈၉-ခုနှစ် နိုဝင်ဘာလ ၁၉ရက်နေ့က စတင်ရပါမည်။ ထိုနေ့က စာကလေးခေါင်း ဆံပင်ပုံ ကိုယ်စီနှင့် နံနက်စောစောမှ ကားထွက်ကာ နံနက် ၁၀နာရီဝန်းကျင်တွင် သာယာဝတီထောင်သို့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်နှင့် အခြားရာဇ၀တ်သား ၁၀၀ ခန့်တို့ရောက်ရှိသွားပါသည်။ ၈၈၈၈ အရေးတော်ပုံ နောက် ပိုင်းကာလ ၅-ည (အရေးပေါ်စီမံချက်အက်ဥပဒေ)ဖြင့် သာယာဝတီထောင်သို့ ပြောင်းရွေ့သော ပထမအ သုတ်(First Group) ဖြစ်ပါသည်။ ကျနော်တို့က အင်းစိန်မှာထဲက လူဆိုးစာရင်းဝင်ကာ မှင်နီအသားခံရတာရှိပြီး သာယာဝတီထောင်သို့ရောက်သောအခါ လူနည်းစုထားရာ သီးသန့်တိုက်သို့ရောက်ရှိသွားပါသည်။ ရဲဘော်-အီဗား(ယခု-AAPPB) ရဲဘော်-ပန်းသီး(ခ) ထွန်းမြဦး (ယခု-NLD-LA) ရဲဘော်-ကျော်ဌေးဦး (ယခု- အမေရိကန်) စသူတို့ကတော့ အဆောင်များတွင် နေရပါသည်။ ကျနော်၏အခန်းသည် သီးသန့်တိုက်(က) အခန်း ၇ ဖြစ်ပြီး ရဲဘော်-လှထွေး(ရှစ်ပါတီဥက္ကဌ၊ ယခု ရွှေတွံတေး ဆရာတော်) ရဲဘော်တင်သန်းဦး(ယခု ရှေ့နေ) ရဲဘော်-ဇော် ထင်(သန်လျင်) ရဲဘော်-သံချောင်း စသည်ဖြင့် ၅ဦးနေထိုင်ပါသည်။ ကျနော်တို့ ၅ဦးမှာ ခြေကျင်းကိုယ်စီနှင့်ဖြစ် ပြီး အခြားသူများမှာ ခြေကျင်းဖြုတ်ပြီးဖြစ်သည်။
၁၉၈၉-ခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့တွင် “အမျိုးသားနေ့” ကျင်းပမည်ဟု တိုင်ပင်ထားတာက ကျနော် တို့ထောင်မပြောင်းမီ တပတ်ကျော်ကျော်ကတည်းကဖြစ်သည်။ တိတိကျကျပြောရလျှင် အင်းစိန်ထောင် (အဆောင်-၃) ဘုရားလေးဝန်းထဲတွင် အဆောင် ၃ရှိ အခန်းတခန်းစီမှ ကိုယ်စားလှယ် ၄ဦးကျစီ အစည်းအဝေး ခေါ်ယူပြီး တိုင်ပင်ထားကြ၊ လက်ကိုင်ပိုစတာများ ပြင်ဆင်ထားကြ၊ ခွပ်ဒေါင်းအလံကြီးများ ပြုလုပ်ထားကြ၊ မိမိ, ရဲဘော်-လှထွေး၊ ရဲဘော်-တင်သန်းဦး၊ ရဲဘော်-မျိုးအောင် တို့က အမှာစကားပြောကြားရန်နှင့် ရဲဘော်-နေတင် မြင့်နှင့် ရဲဘော်-မိုးကျော်သူတို့က အခမ်းအနားမှူးလုပ်ရန်၊ သ၀ဏ်လွှာများ အဖွဲ့အစည်းအသီးသီးမှ ဖတ်ကြား ကြရန်၊ တက်ရောက်လာသော အခြားအကျဉ်းသားများထဲမှ ၂-ဦးက မိမိတို့ သဘောထားအမြင်များ စသည်ဖြင့် ကြိုတင် ပြင်ဆင်ထားကြပြီးဖြစ်သည်။ (မှတ်ချက်။ ။ အင်းစိန်ထောင်သည် အဲဒီလောက် လွတ်လပ်လို့လား....? မေးစရာရှိသည်။ ၁၉၈၉-ခုနှစ်တုန်းက လွတ်လပ်ပါသည်။ အဆောင်များတွင် လွတ်လပ်ခြင်း (သတင်းစာ ဂျာ နယ်ဖတ်ခြင်း, အားကစားပစ္စည်းအစုံအလင်ဖြင့် အားကစားလုပ်ခြင်း, ထောင်ဝင်စာသွားတွေ့လျှင် အင်္ကျီအဖြူ နှင့် ကချင်လုံချည်ဝတ်ကာ ၈၈၈၈ အမှတ်တံဆိပ်ကို ပုံဖော်နိုင်ခြင်းနှင့် ဟိုအဆောင် ဒီအဆောင် နှစ်ယောက်တွဲ သုံးယောက်တွဲကာ အခန်းလူကြီးခေါ်၍ သွားလာနိုင်ခြင်း စသည်ဖြင့် တစုံတရာ ၅-ညရွှေခေတ်ကို တည် ဆောက်နိုင်ခဲ့ကြပါသည်။ အင်းစိန်ထောင်တွင် ၁၉၈၉-ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့၌ စစ်အာဏာရှင် ဆန့် ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများအား အလုပ်မခိုင်းရေး (Anti Labour) တိုက်ပွဲကိုလည်း မိမိ, ရဲဘော်-လှထွေး, ရဲဘော်-တင်သန်းဦး တို့က ခေါင်းဆောင်ဆင်နွဲခဲ့ရာ အင်းစိန်ထောင်မှ နာမည်ကြီး စစ်ခွေးတိုက်သို့ တိုက်ပိတ်အပြစ်ဒဏ်အပေးခံရပါသည်။ သို့သော် ၈ ပေX ၁၀ ပေ အခန်းကျဉ်းထဲမှ မထွက်ရတာ, ဂန်ဖလား (ခေါ်) မိလ္လာသုံး ကြွေအင်တုံအား အပြင်ထွက်မသွန်ရတာ (ချေးအလူးလူးနှင့် အနံ့အသက်ဆိုးတာ) အခန်းက ညစ်ပတ်ပေရေနေပြီး ပေးထားတဲ့ ဖျာကလည်း သန်းဂျီးမ, ကြမ်းပိုး, ပုရွက်ဆိတ်, မျက်နှာကျက်ပေါ်မှ သဲမြွေပူ စီကွေးလေးများ, စသည်ဖြင့် နေထိုင်ရတာအခက်အခဲရှိသော်လည်း အတူနေရသူ ရန်ကုန်မြို့၏ နာမည်ကြီး ရာဇ၀င်လူဆိုး(၀ါ) ထောင်ကြမ်းပိုးများဖြစ်ကြသည့် နဂါးလေး, ဂျပန်ကြီး, စံညိမ်း, စိုးလေး, ဂျမား, ၀က်ကလေး, သင်္ကန်းကျွန်း-ရာဂျူး, သင်္ကန်းကျွန်း-ကျားကြီး, အီဆပ် စသည့်ပုဂ္ဂိုလ်ကျော်များ တိုက်ပိတ်ခံရခိုက်နှင့် ကြုံ ကြိုက်တိုက်ဆိုင် သဖြင့် ထောင်အခေါ် ဖလိုက်လမ်းကြောင်းမှ စားစရာနှင့် စီးကရက်အပါအ၀င် အနေဆင်း ရဲသော်လည်း အစားမဆင်းရဲခဲ့ပါချေ။ ဤတိုက်ပွဲအကြောင်းကို နောက်ဆောင်းပါးများတွင် ဆက်လက်ရေးသား ပေးပါမည်။)
အင်းစိန်ထောင် အဆောင်(၃)တွင် အခန်း-၄ ခန်းရှိရာ အခန်းတစ်ခန်းလျှင်ပြောရေးဆိုခွင့်ရှိသူ ၄ဦးကျစီ အများဆန္ဒဖြင့် (ဒီမိုကရေစီနည်းအရ) ရွေးချယ်ထားကြပြီး အခန်း(၁)မှ မြန်မာစာဆရာ, ပါရဂူကျူရှင်-ဦးကြည် မြင့်၊ ရဲဘော်-သိန်းဝင်း(မှော်ဘီ)၊ ရဲဘော်-မိုးကျော်သူ၊ ရဲဘော်-အောင်မိုး(တောင်ဥက္ကလာ)၊ အခန်း ၂-မှ မိမိ၊ ရဲဘော်-ကိုကိုလှိုင်၊ ရဲဘော်-နေမျိုးကျော်(ထောင်ပြင်ပရောက်မှ ကွယ်လွန်)၊ ရဲဘော်-ကျော်ဟန်ထွန်း၊ အခန်း ၃-မှ ရဲဘော်-လှထွေး(၈-ပါတီဥက္ကဌ၊ ယခုရွှေတွံတေးဆရာတော်)နှင့် -မြတ်မင်းဦး(ခ) ဆာမူရိုင်းနှင့် အခြား ၂ဦး ။ အခန်း ၄-မှ ရဲဘော်-နေတင်မြင့်(ယခု-အမေရိကန်)၊ ရဲဘော် ရဲဘော်-မျိုးအောင်(ဒမဖ)၊ ရဲဘော်-မြင့်စိုး (ယခု-အလင်းရောင် ဆရာတော်၊ မင်္ဂလာဒုံ)၊ ရဲဘော်-ဇော်ထင်(သန်လျင်၊ DPNS မြို့နယ်အတွင်းရေးမှူး) စသည် တို့ဖြစ်သည်။ အဆိုပါပြောရေးဆိုခွင့်ရှိသူ ၁၆-ဦးမှ အထက်တွင်တင်ပြပြီးဖြစ်သလို ဘုရားဝန်းအတွင်း ကြိုတင် အစည်းအဝေးထိုင်ကာ အားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် နိုဝင်ဘာလ ၁၉ရက်နေ့ တွင် သာယာဝတီထောင်သို့ ရုတ်တရက် ထောင်ပြောင်းရွေ့ခဲ့ရလေသည်။
(ကဲဗျာ.... ကျနော်တို့လုပ်ခဲ့တဲ့ အမျိုးသားနေ့ဟာ ထောင်ပြောင်းခါစ အခန်းထဲမှာပဲ နေရတာများပြီး ရေချိုးဆင်းချိန် ၂၀-မီနစ်သာရတဲ့ အချိန်တိုကလေးအတွင်းမှာ ဘယ်လိုလုပ်သလဲဟုတ်လား...???)
(ဒေါင်း...ဒေါင်း.....ဒေါင်း) ဟူ၍ အချက်ပေးခွပ်ဒေါင်းအသံကို ပထမဒေါင်းအား ရဲဘော်-အောင်ဖေခင် (ယခု-နယူးဇီလန်) ဒုတိယ-ဒေါင်းအား ရဲဘော်-နေတင်မြင့်(ယခု-အမေရိကန်) တတိယ-ဒေါင်းအား စာရေးသူ တို့က ၁၀ ပေx ၁၂ ပေ အခန်းကျဉ်းအတွင်းမှ အပြင်သို့ ရေချိုး မိလ္လာချပြုလုပ်ရချိန် ၂၀-မီနစ်အတွင်း နားလည် မှု ရယူကြကာ အင်းစိန်ထောင်မှာ သဘောတူခဲ့သည့်အတိုင်း အခြေအနေပေးမှုပေါ်မူတည်၍ မတ်တပ်ရပ်ကာ အလေးပြုကြရန် ကြိုတင်စီစဉ်ခဲ့ကြခြင်းဖြစ်သည်။
ကဲ...လာပါပြီ...ရောက်ပါပြီ နိုဝင်ဘာလ ၂၂ရက်နေ့ (ထောင်ပြောင်းထားတာ ၃-ရက်တောင်မပြည့်သေး တဲ့အချိန်, ထောင်ဖွင့်ချိန် နံနက် ၆း၃၀ နာရီအချိန်ပေါ့) လုပ်စရာရှိတာလုပ်ရမှာပဲ။ ခွပ်ဒေါင်း(သို့) ပစ်တိုင်းထောင်တွေဆိုတာ ဘယ်နေရာပဲရောက်ရောက် ထောင်ပြီးသားပဲ၊ လုပ်ပြီးသားပဲဟေ့...။ “ဒေါင်း”.... ရဲဘော်-အောင်ဖေခင် ပထမ-ဒေါင်းအော်ပြီ။
“ဟေ့ကောင် ကုလားစုတ်၊ မင်းဘာတွေလျှောက်အော်နေတာလဲ..? ကမ္ဘာမကြေမဆိုဘူးလားကွ ခွေးမသား” (ထောင်ဝါဒါနှစ်ဦးရဲ့ ဟိန်းဟောက်သံ)
“ဒေါင်း”... ဟော... တာဝန်အတိုင်း မလွဲမသွေလုပ်တတ်သူ ရဲဘော်-နေတင်မြင့်ကလည်း အမိန့်ပေးပြီလေ။ ရဲဘော်တွေကလည်း (၁၀ပေ x ၁၂ ပေအခန်းကျဉ်း)လေးထဲမှာ သတိကို အလေးအနက်ဆွဲလို့။ ဦးကိုသေချာ ညွတ်ကြလို့ပေါ့....။
“ဟို....နွားမသား၊ မင်းကကော ဘာတွေ လျှောက်အော်နေတာလဲ...ဟေ့”
“ဒေါင်း”... နောက်ဆုံး အမိန့်ပေးသံက ရဲဘော်တွေအများက နဂါးကြီး၊ ကျားကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ စာရေးသူ အလှည့်ပေါ့ဗျာ...။
“ဟေ့ကောင်တွေ မင်းတို့အခန်း (၇)က၊ ၅ကောင်, အားလုံးမတ်တပ်ရပ်နေတာ အလေးပြုနေတာ ငါတို့မြင် တယ်နော်၊ ခွေးမသားတွေ... ဟေ့ သီးသန့်(က) အကုန်လုံးနားထောင်၊ မင်းတို့အကုန်လုံး ပုံစံကြီးထိုင်ထား”
အားလုံးပုံစံကြီးထိုင်ရပါသည်။ မိမိနေရာ တိုက်ခန်းအတွင်း နောက်ပြန်လှည့်၍ ခြေဖျားထောက်ကာ အောက်သံမံတလင်းကို ဦးခေါင်းထိသည်အထိ ခေါင်းပေါ်လက်တင်ထားကာ ထိုင်ရသောထောင်ပုံစံ(၀ါ) အပြစ် တခုခု ကျူးလွန်ပါက အပြစ်စတင်ပေးသော ထောင်ပုံစံဖြစ်ပါသည်။ မကြာမီအချိန်အတွင်းမှာပင် ထိုစဉ်က ထောင်ပိုင်-အရှည်ကြီးမြင့်သိန်း၊ ဒုတိယထောင်ပိုင်- မင်းသားစတိုင် တင်မောင်လွင်၊ ထောင်မှူးကြီး-မြင့်သန်း (ဒီလူက ၁၉၆၉-ခုနှစ် ရန်ကုန်မြို့ သမိုင်းအားကစားရုံမှာဖြစ်တဲ့ ကျွန်းဆွယ်အရေးအခင်းမှာ ခေါင်းဆောင်တဦး ဖြစ်ကြောင်း သဲကုန်းမြို့နယ် အန်အယ်လ်ဒီက နောင်တော်ကြီး ဦးအောင်သန်း(ခ) ဗိုက်ပူအောင်သန်း(ခ) တော် ကီအောင်သန်း က ပြောပါတယ်။) အပါအ၀င် ထောင်ဝါဒါတွေ တထောကြီးရောက်လာပါလေရောလား...။ သီး သန့်(က)မှာပဲ နည်းနည်းပါးပါး ပါးစပ်ကပြောဆိုမေးမြန်းပြီး ဆရာစံတိုက်(ခေါ်) ထောင်ဈေးတိုက်ရှိရာကို ခေါ် သွားပြီး ကျနော် တို့ကလည်း ခြေကျင်းတချွင်ချွင်နဲ့ လိုက်သွားကြပြီး ဟိုလည်းရောက်ရော သူတို့လက်တွေက စကားပြောပါလေရောဗျို...။ အားပါးပါး... သူတို့ကိုင်ထားတဲ့ နံပါတ်ဒုတ်, ၀ါးဆစ်ပိတ် ၀ါးလုံး, သူတို့စီးထားတဲ့ ဖိနပ်တွေက စကားပြောတာအားကြီးပဲဗျို...။ အပေါ်က ရုံးသုံး ပန်ကာကလည်း ဖွင့်ထားပြီး သူတို့ လက်တွေက ကျနော်တို့ ကိုယ်ပေါ်ကို ဗွက်ရေတွေနဲ့ လှမ်းပက်တာလဲရှိတယ်လေ။ ဆောင်းအခါ ချမ်းချမ်းစီးစီးကြားမှာ အပေါ် က ပန်ကာ, အောက်ကဗွက်ရေနဲ့ဆိုတော့ စာဖတ်သူစဉ်းစားကြည့်ပေါ့ခင်ဗျာ...။ အဲဒီလို ကျွေးမွေးဧည့်ခံပြီးတဲ့ နောက်မှာ ကျနော်တို့ (အခန်း ၇)က ၅ဦးစလုံးကို စာရေးဆရာကျော်မြသန်း စာပေဗိမ္ဗာန်ဒုတိယဆုရယူသွားတဲ့ နာမည်ကြီး (သာယာဝတီထောင်က ငရဲခန်းများ) ခေါင်းစဉ်ရှိတဲ့ နေရာဒေသဖြစ်တဲ့ သာယာဝတီထောင် တိရစ္ဆာန်မွေးမြူရေးနှင့် စိုက်ပျိုးရေးတိုက်ဖြစ်တဲ့ တိုက် ၁ကို ခေါ်သွားတော့တာပဲ။ တိုက် (၁)က မျက်နှာချင်းဆိုင် တိုက်ရှည်ကြီး နှစ်တိုက်ရှိတယ်။ ကျနော်တို့ ၅ယောက်က တိုက် ၁ လက်ဝဲဘက် တိုက်ရှည်အခန်း ၆ မှာ နေရတယ်။ ရဲဘော် အောင်ဖေခင်၊ ရဲဘော် နေတင်မြင့်၊ ရဲဘော်ကျော်သောင်း၊ သီးသန့်(ခ) တိုက်က ရဲဘော် သိန်းဝင်း(မှော်ဘီ) တဦးတည်း စသဖြင့် ရဲဘော်တွေဟာ ကျနော်တို့ မျက်နှာချင်းဆိုင်က တိုက် ၁ လက်ယာ ဘက် တိုက်ခန်းအရှည် အခန်း ၁, အခန်း ၄, အခန်း ၁၂ စသဖြင့် တယောက်စီထားတာ တွေ့ရတယ်။ ကျနော် တို့ ငရဲခန်းတိုက်ရဲ့ တိုက်နှစ်တိုက်ကြားမှာ ရေချိုးတဲ့အုတ်ကန်ရှည်ကြီးရယ်၊ စိုက်ခင်းတွေရယ်... ခြားထားတာ ရှိတယ်။ စကားလုံးဝမပြောရဘူး။ မိလ္လာလည်း ချမပေးဘူး။ အင်းစိန်စစ်ခွေးတိုက်လောက်တော့ မဆိုးဘူးပေါ့ ဗျာ..။
တလက်စထဲ ဆက်ပြောပါရစေ...။ အမျိုးသားနေ့ဆိုတာ အဲဒီ ၁၉နှစ် (၁၉၈၉)ခုနှစ်ကတည်းက ကျနော် တို့ ကျင်းပခဲ့တာက အင်္ဂလိပ်ဆန့်ကျင်ရေး နယ်ချဲ့ဆန့်ကျင်ရေး သဘောတရား မဟုတ်ဘူး။ နယ်ချဲ့ဆိုတဲ့ အင်္ဂလိပ်ထက် ဆိုးရွားစွာနဲ့ ကိုယ့်လူမျိုး၊ ကိုယ်နိုင်ငံသားအချင်းချင်း ဗိုလ်ကျအနိုင်ကျင့်တဲ့ စစ်အာဏာရှင်တွေ အောက်က (စစ်ဖိနပ်အောက်က) လွတ်မြောက်ကြဖို့ တို့အမျိုးသားတွေ လွတ်မြောက်ကြ စေဖို့၊ ငြိမ်းချမ်း သာယာကြစေဖို့၊ တရားမျှတခြင်းနဲ့ ညီမျှခြင်းတွေ ထွန်းကားကြစေဖို့ ရည်ရွယ်ပြီး (ဒေါင်း)လို့ အော်ခဲ့ကြတာပါ။ ကျနော်တို့ ကျင်းပခဲ့တဲ့ အမျိုးသားနေ့ဟာ နယ်ချဲ့ဆန့်ကျင်ရေး သဘောထားလုံးဝမပါခဲ့ပါဘူး။ အဲဒီ ဒေါင်း(၇) ဒေါင်းဟာ စံပြအဖြစ် ထောင်ဝါဒါတွေက ရွေးချယ်ပြီး နှိပ်ကွပ်ခဲ့ကြသလို အခြားဒေါင်း (အလေးပြုကြသူတွေ) ကို လည်း ခါတိုင်း နေ့စဉ် ၂၀ မီနစ် ရေချိုးဆင်းရတာကို ပိတ်လိုက်ပါတယ်။ တိုက်ပိတ်ပြစ်ဒဏ်ဆိုပြီး (၇)ရက်ချမှတ် လိုက်ပါတယ်။
ထောင်ပိုင်- အရှည်ကြီးမြင့်သိန်း (နောက်ပိုင်း- ညွှန်ကြားရေးမှူးဘ၀နဲ့ မိမိနှင့် ပုသိမ်ထောင်မှာ ၁၉၉၈-ခုနှစ်တုန်းက ထပ်မံဆုံတွေ့ခဲ့ရ) ဒုတိယထောင်ပိုင်- တင်မောင်လွင်၊ ထောင်မှူးကြီး- မြင့်သန်း အမှူးပြုတဲ့ (ငါတို့ ဒေါင်းတွေ၊ ပစ်တိုင်းထောင်တဲ့ ပစ်တိုင်းထောင်တွေ)ကို နှိပ်စက်ခဲ့သူတွေကို မမေ့ပါဘူးကွာ... သင်းတို့ဟာ သာယာဝတီထောင်က ဒုတိယ ငရဲစခန်းများ (၁၉၈၉-ခုနှစ် ဒီဇင်ဘာလ ၂၃, ၂၄, ၂၅ရက်တွေမှာ) ဒေါင်းတွေကို ထပ်မံနှိပ်စက်ခဲ့တာတွေရှိပါသေးတယ်။ (ရှေ့စာမျက်နှာတွေမှာ ဆက်လက်ဖော်ပြပေးပါမယ်...။)
ဒီနေရာမှာ ကျနော်တို့ သိပ်လေးစားရတဲ့ နော်တော်ကြီး ဦးခွန်စိုင်းရဲ့ နံရံလေးဘက်ကြားမှာ ရှိစဉ်ရေး ဖွဲ့ခဲ့တဲ့ ဟောဒီ သီချင်းလေးတပုဒ်နဲ့ပဲ ဂုဏ်ပြုပြီး အမှတ်တရ(၀ါ) သတိတရရှိနေပါရစေ...။

ခွပ်ဒေါင်းသီချင်းလေးအမည်က....“ရွှေကျောင်းထက်က ခေါင်းလောင်းသံ” ပါတဲ့....။

အပိုဒ် (၁)xxx “ရွှေကျောင်းထက်ကxxx ခေါင်းလောင်းသံလေးxxx ကြွေကွဲစရာပေxxx ကျည်ခွံတွေxxx နေရာအနှံ့မှာလေxxx အဖိုးတန်xxx ကြယ်ပွင့်လေးတွေxxx ကြွေလွင့်ခဲ့တာxxx မြင်ရဲ့လားလေxxx သွေးတွေ xxx သွေးတွေxxx သစ်ပုတ်ပင်ကြီးသိတဲ့xxx မှတ်တမ်းလေxxxxxx”
အပိုဒ်(၂) xxx “ ရွှေကျောင်းထက်ကxxx ခေါင်းလောင်းသံလေးxxx ကြွေကွဲစရာပေxxx ကျည်ခွံ တွေxxx ပရ၀ဏ်အနှံ့မှာလေxxx ကံ့ကော်xxx စွယ်တော်လေးတွေxxx ကြွေလွင့်ခဲ့တာxxx မြင်ရဲ့လားလေxxx အိုးဝေxxx အိုးဝေxxx အကျဉ်းကျနေတဲ့ xxx မင်းရဲ့ ငယ်ကျွမ်းဆွေxxx
အပိုဒ်(၃) xxx သမိုင်းတခေတ်ရဲ့xxx မုန်တိုင်းပန်းတစ်ပွင့်xxx မောင့်နှင်းဆီရေxxx ကြယ်ပွင့်လေး တပွင့်လိုxxx လင်းလက်ပါစေxxx တိုင်းပြည်xxx သာယာရေးအတွက်xxx တိုက်ပွဲကြားမှာxxx အစဉ်ဖြတ် သန်းနေ xxx အိုးဝေxxx အိုးဝေxxx သစ်ပုတ်ပင်ကြီး သိတဲ့ဇာတ်လမ်းလေxxx
အပိုဒ်(၄)xxx သမိုင်းတခေတ်ရဲ့xxx မုန်တိုင်းပန်းတစ်ပွင့်xxx မောင့်နှင်းဆီရေxxx ကြယ်ပွင့်လေးတ ပွင့်လိုxxx လင်းလက်ပါစေxxx တိုင်းပြည်xxx သာယာရေးအတွက်xxx ပျော်တဲ့အရပ်မှာxxx မနေနိုင်ဘူးလေ xxx အိုးဝေxxx အိုးဝေxxx အကျဉ်းကျနေတဲ့xxx မင်းရဲ့ ငယ်ကျွမ်းဆွေxxx
အပိုဒ်(၅)xxx ကျည်ခွံတွေxxx အရည်ကျိုxxx ပြောင်းကာလေxxx တို့သွန်းလောင်းမယ့်xxx အနာဂတ် ခေါင်းလောင်းxxx ချိုမြသံဝေxxx အတိတ်တစ္ဆေxxx အလွမ်းတွေxxx တို့အိပ်မက်ထဲxxx ၀ဲလို့လာကြပေxxx
အပိုဒ်(၆)xxx ကျည်ခွံတွေxxx အရည်ကျိုxxx ပြောင်းကာလေxxx တို့သွန်းလောင်းမယ့်xxx အနာဂတ် ခေါင်းလောင်းxxx ချိုမြသံဝေxxx ချိုးဖြူကလေးတွေxxx တို့အိပ်မက်ထဲxxx ၀ဲလို့လာကြပေxxx (ချိုးဖြူကလေး ရေxxx မင်းရောက်လာမှxxx တို့နှစ်ယောက်အတူတကွxxx ဆုံကြမယ်လေxxxxxxxx

ဒီသီချင်းလေးကိုရေးနေရင်းနဲ့ နောင်တော်ကြီး ဦးခွန်စိုင်းကို အထူးသတိရစွာနဲ့ လေးစားစွာ ရေးသား ဂုဏ်ပြုလိုက်ပါတယ်။ ထို့အတူ လူသားကျည်ဆံနဲ့ လူသားဗုံးဆံအဖြစ် နံရံလေးဘက်ကြားမှာ ကြံ့ကြံ့ခံရပ် တည်ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ညီအကို ရဲဘော်ရဲမေများ၊ ဆက်လက်ရပ်တည်နေဆဲ နိုင်ငံရေးအ ကျဉ်းသားများ၊ မနေ့တနေ့က နှစ်ရှည်ထောင်ဒဏ်တွေကို ကျခံခဲ့ရပေမယ့် အပြုံးမပျက် ဆက်လက်ရင်ဆိုင်ရင် အဆင်သင့် ပြင်ထားကြသော (၀ါ) အရင်ကလည်း ဒီနံရံတွေကြားမှာ ဒို့တတွေဟာ နှစ်ရှည်ကြာဖြတ်သန်း ခဲ့တာပဲ ဆိုတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် ပြည်သူလူတန်းစားအလွှာအသီးသီးကို ဂုဏ်ယူ လေးစားပါကြောင်း မှတ်တမ်းတင်ရင်း ၈၈ နှစ်မြောက် အမျိုးသားနေ့ အမှတ်တရ ဆောင်းပါးကို အလေးအနက် ရေးသားပါတယ်ခင်ဗျား.....။
(ဆက်လက်ဖော်ပြပါမည်)

ရေးသားတင်ပြသူ...သောင်ရင်းနဂါး

Read More...

မဲဆောက်မြို့ရဲ့ ရွှေခေတ်...


ရွှေတူးခြင်းကို ပိတ်ပင်ခြင်းခံထားရသော မဲဆောက်မြို့ရဲ့ ရွှေခေတ်မြေကွက်နေရာ

Read More...

22 Nov,2008 မဲဆောက်မှာ ဘာညာသာရကာ…… အပိုင်း- ၃

xxxx ချစ်သူက နှပ်ချီး
ကျနော်က ချစ်တီး
အစားက ကြီးပေမယ့် 
ငှက်ပျော်သီး နဲ့  ပဲကြီးလှော်ကို
နေ့ ညဆော် ချိုးချန်ထားလို့ 
အတိုးချ စားမယ်နော့ …….။
(အညာအခေါ်ဆော်=စားသောက်တာ)

xxxx စီးပွားရေး ပျက်ကပ်သရိုးသရီ
ထိုင်းနိုင်ငံဆီ ဂိုး,ဂိုးလာပါပြီ
(လာပြီ….လာပြီ ဒေါ်သက်ရီ) လို့ ပဲဖြစ်ဖြစ်
(လာပြီ….လာပြီ ဂျေအေစီ) လို့ ပဲဖြစ်ဖြစ်
ချစ်တယ်လည်းပြောပြီး အလန်း(alarm)မပေး
အိမ်ဘေးကပန်းတွေကလည်း အလန်းမပေး(မလန်းသေး)
ခုလိုဆောင်းညတွေမှာ သေးကပေါက်သလားမမေးနဲ့ 
အတွေးအိပ်မက်မှာ အကြွေးရှင်တွေမျက်နှာချည်းလာပေါ်သမို့ 

အိုးဗျ……ရွာဆော်, ရပ်ဆော်တို့ ရေ
ကျနော်ပေါ်တာက နည်းနည်းပါဗျ…….(ပုဆိုးကွင်းလုံး)
ဆက်လက်အော်ပြပါမည်….(ပဲပြုတ်)

ပေးပို့ သူ…..အာတာလွတ်(ရွေ့ ပြောင်းတဦး) လာအိုနယ်စပ် ခေါကန်မြို့

Read More...

Friday, November 21, 2008

(21 Nov, 2008) အသီးတစ်ရာ အညှာတစ်ခု

ငယ်ငယ်တုန်းကကြားခဲ့ဖူးတဲ့သီချင်း၊ဖတ်ခဲ့ဖူးတဲ့ကဗျာ၊မှတ်လည်းမှတ်မိ၊မြင်လည်းမြင်ယောင်နေဆဲပါ။ တစ်မိထဲ မွေးဖွားခဲ့ကြတဲ့ညီအစ်ကို မောင်နှမချင်းသာမက အမွှာမွေးချင်းပင်လျှင်ဘ၀ပေးချင်းကွာခြားစွာ လူ့ဘ၀ကိုဖြတ် သန်းသွားကြရတာတွေကို ကျနော်တို့ပတ်ဝန်းကျင်မှာအားလုံးမြင်တွေ့ဖူးကြမှာပါ။

ရှစ်လေးလုံး(သို့မဟုတ်)တစ်ပါတီအာဏာရှင်စနစ်ကိုလူထုနည်းနဲ့လက်တွေ့ကျကျ ဖြုတ်ချခဲ့နိုင်ခဲ့တဲ့ ပြည်သူ့ အောင်ပွဲ။ဒီမိုကရေစီလူထုအုံကြွမှုကြီးကိုယခုလက်ရှိအသက်သုံးဆယ်ကျော်နဲ့အထက်အရွယ်မှာရှိ နေကြသူ တွေအားလုံးအနည်းနဲ့အများတွေ့ ဖူး၊မြင်ဖူး၊ပါတ်သက်ခဲ့ဖူးသူချည်းဆိုရင်မှားမယ်မထင်ပါဘူး။
ဒါ့အပြင် ပင်ကိုယ်စိတ်ကြောင့်ဖြစ်ဖြစ်၊ မိဘအသိုင်းဝိုင်းကြောင့်ဖြစ်ဖြစ်၊ ခံစားချက်၊ခံယူချက်တွေကြောင့်၊ မျိုး ဆက်သစ်တွေတောင်မှ တော်လှန်ရေးနယ်ပယ်မှာ အတောင်အလက်စုံလို့ ရှေ့ တန်းကိုထွက်လာခဲ့ကြပြီး မြန်မာနိုင်ငံရဲ့  အ ရှေ့ အနောက် တောင်မြောက် အရပ်လေးမျက်နှာမှာ အာဏာသက်ကြာ မြန်မာစစ်အစိုးရ ကိုတော်လှန်နေကြ တဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသာမက အဖွဲ့များစွာလည်းတိုက်ပွဲဝင်နေ ကြတာအားရစရာ ကောင်းပါတယ်။
ထိုထိုသော အရောင်အမျိုးမျိုး ခေါင်းစဉ်အသွယ်သွယ်တပ်ပြီး စစ်အာဏာရှင်ပြုတ်ကျရေးလှုပ်ရှားနေကြ သူတွေ ထဲမှာ၊ ဘယ်နှစ်ဖွဲ့၊ဘယ်နှစ်ယောက်၊ဘယ်မျှအထိ မြန်မာမြေပေါ်က စစ်အာဏာရှင်ပြုတ်အောင် အသက်ပေး၍ ဘ၀ပေး၍ တိုက်မည်၊ဒီမိုကရေစီမရမချင်းငါမသေ၊ငါမနေဆိုတဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် ပေးဆပ်ရဲသူ၊ ပေး ဆပ်လိုသူ၊ ဘယ်လောက်ရှိသလဲ၊ဘယ်သူတွေလဲ၊ကြည့်ဖို့လိုအပ်နေတယ်ထင်လို့ ကျ နော်တို့ပတ်ဝန်းကျင်၊ တော်လှန်ရေးအခင်းအကျင်းတို့ ကိုလေ့လာစောင့်ကြည့်တော့၊ အနေအထားအမျိုးမျိုးတွေကိုမမြင်ချင်အဆုံး ၊မသိချင်အဆုံးသိလာရတော့တယ်၊ပုဂ္ဂိုလ်စွဲ၊လူမျိုးစွဲမပါ၊ဓမ္မဓိဌာန်ကျကျ ပြောချင်တယ်၊ ကိုယ့်အမြင်၊ ကိုယ့်အ ရေးအသားအတွက်ကိုယ်တာဝန်ယူပါတယ်။
မသိတဲ့လူတွေ၊အံ့သြကုန်မယ်၊ဟုတ်တဲ့လူတွေဒေါသထွက်ထာထက်ကျော်လွန်မယ်၊လွတ်လပ်စွာရေးသား
ထုတ်ဝေမှု၊လိုလားကြသူတွေ၊ဟုတ်မဟုတ်သက်သေထူဖို့တော့လိုပါလိမ့်မယ်။တီကောင်ကိုဆားနဲ့ပက်သလိုများဖြစ်သွားရင်၊
အားတော့နာပါတယ်။အမှန်ကိုခံနိုင်တဲ့သတ္တိနဲ့ကိုယ်အမှားကိုကိုယ်သိလို့ပြင်ဆင်ရင်တော့အကျိုးရှိပါလိမ့်မယ်။ခပ်ပါးပါးလေးပဲ
ဆားပွင့်နည်းနည်းပက်ကြည့်ကြစို့ရဲ့ ။ ရှစ်လေးလုံးလူထုအုံကြွမှုကြောင့်ဦးနေ၀င်းရဲ တစ်ပါတီအာဏာရှင်စနစ်ပြည်သူ့ခြေဖ၀ါးအောက်ဘုန်းဘုန်းလဲခဲ့ရသော်လည်း၊အတွေ့အကြုံနည်းပါးတဲ့ခေါင်း
ဆောင်ငယ်တွေရဲ့ အားနည်းချက်တွေ၊နိုင်ငံရေးသမားကြီးတွေရဲ့ သူရဲဘောကြောင်မှုတွေကြောင့် အရပ်သား အစိုးရတစ်ရပ်ကိုမတည်ထောင်နိုင်ခဲ့ကြပါ။အခြေအနေကိုသိတဲ့စစ်အာဏာရှင်တွေကအကွက်စေ့စေ့အာဏာသိမ်းလိုက်တော့
လှုပ်ရှားတက်ကြွသူများဟာမြန်မာပြည်မှာဆက်လက်နေထိုင်လို့မဖြစ်နိုင်တော့တာကြောင့်နီးစပ်ရာအရပ်လေးမျက်နှာကိုအိုးပြစ်၊
အိမ်ပြစ်၊မိသားစုများကိုထားရစ်ခဲ့ပြီးထွက်ခွာလာခဲ့ကြရတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်း၊ပညာတစ်ပိုင်းတစ်စနဲ့ထွက်ခွာလာ
ခဲ့ရတဲ့ကျောင်းသား/ကျောင်းသူတွေဟာငယ်ရွယ်နုပျိုထက်မြက်တန်ဖိုးရှိတဲ့အသက်အရွယ်တွေကို၊ အစားဆင်းရဲ၊ အနေဆင်းရဲစွာနဲ့ပေးဆပ်ခဲ့ကြရတယ်။ ဘ၀တွေပျက်၊ အသက်တွေသေခဲ့ကြရပေမယ့်အပြောကျယ်တဲ့တော်လှန်ရေးခရီးကြမ်းကိုယခုတိုင်ကူးခတ်၊လှော်ကြရဆဲဖြစ်
တယ်။
တဖြည်းဖြည်းချင်း ကျောင်းသား/ကျောင်းသူများ၊တက်ကြွလှုပ်ရှားသူများစွာထွက်ခွာမစဲဖြစ်နေခဲ့တယ်။ ၁၉၉၀ပြည့်ရွေးကောက်ပွဲရလဒ်ကိုအကောင်အထည်ဖေါ်ဆောင်ခြင်းမရှိရုံသာမကပါတီများကိုအတင်းအ
ကျပ် ဖျက်သိမ်း၊ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စီးပွားရေး၊သားသမီးအရေး
ကိစ္စများကိုဖိအာပေးအကျပ်ကိုင်ပြီးနုတ်ထွက်ခိုင်းတယ်။ဖမ်းဆီးထောင်ချတယ်။နောက်ဆုံးတော့နိုင်ငံရေး
ပါတီဝင်တွေ၊လွှတ်တော်ကိုယ်စားလှယ်တွေအတော်များများလည်းပြည်ပကိုထွက်ခွာလာခဲ့ကြရတယ်။
နိုင်ငံရဲစီးပွားရေးကို စနစ်တကျစီမံခန့်ခွဲဖို့ မတတ်တာရယ်၊ သွင်းကုန်/ထုတ်ကုန်နဲ့အကျိုး အမြတ်များစွာ ရှိတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကိုလည်း ဗိုလ်ချုပ်ကြီများမိသားစုတွေကသာ လက်ဝါးကြီးအုပ်လုပ်ကိုင်နေကြတာ
ကြောင့် တစ်နေ့ထက် တစ်နေ့စီးပွားရေးကျပ်တည်းမှုတွေ မြင့်တက်လာခဲ့တယ်။ မြန်မာနိုင်ငံသားတွေဟာ ပြည်ပ ထွက်ခွာအလုပ်လုပ်ကိုင်လာကြရတယ်။
ဒီလိုနဲ့ နိုင်ငံရေး စီးပွားရေး ဘာသာရေး အမျိုးမျိုးသောအကြောင်းတွေကြောင့် အိမ်နီချင်းတိုင်းပြည်တွေမှာ
မြန်မာရွေ့ ပြောင်းအလုပ်သမားတွေ မရှိတဲ့နိုင်ငံဆိုတာမရှိတော့ပါဘူး။ ထိုင်းတစ်နိုင်ငံတည်းမှာ မြန်မာအလုပ်
သမားသန်းချီရှိနေတယ်လို့ အင်ဂျီအိုတွေနဲ့ ထိုင်းအစိုးရတို့က ပြောနေကြတယ်။
ပြည်တွင်းကအဖိနှိပ်ခံ မြန်မာနိုင်ငံသားတွေဟာ၊ စစ်အာဏာရှင်လက်အောက်က တစ်နေ့လွတ်မြောက်နိုးနဲ့
မျှော်လင့်လာလိုက်ကြတာအနှစ် နှစ်ဆယ်တိုင်ခဲ့ပါပြီကော။ ပြည်သူတွေမှာ နေစရာမရှိ၊စားစရာမရှိ၊၀တ်စရာ
မရှိ၊ပညာမသင်နိုင်၊ဆေးဝါးကုသစရာမရှိ၊ဘ၀လုံခြုံရေးမရှိ။ နောက်ဆုံးကိုယ်အသက်ကိုတောင် အာမခံမရှိတဲ့ အခြေအနေကို တဖြည်းဖြည်းရောက်လာခဲ့ရတယ်။ စစ်အာရှင်တွေဟာသူတို့အာဏာ တည်မြဲရေးအတွက် လုပ် သထက်လုပ်ပြီး၊ခိုင်သထက်ခိုင်ခန့်လာခဲ့တယ်။အာဏာတည်မြဲရေးအတွက်ဘုန်းကြီးမကလို့၊ မြတ်စွာဘုရား ကိုယ်တော်တိုင်ကြွလာရင်လည်း၊ ပစ်သတ်ဖမ်းဆီးမှာပဲ။ ရှင်းတယ်၊ ရန်သူကို ရန်သူလိုအပြတ်ရှင်းတယ်။
အတိုက်အခံတွေကော ဘယ်လောက်ရောက်နေကြပြီလဲ။ တိုင်းပြည်ကကိုထွက်လာကြတုန်းကတော့ အာဏာ ရှင်ပြုတ်ကျရေးဆိုခဲ့ကြပေမယ့်အနေကြာ၊အဖြေရှာလာရတာက၊ (၁)လုံခြုံရေး (၂) စာဝတ်နေရေး (၃)အလုပ် အကိုင်ရရှိရေးတွေ က မရှိမဖြစ်လိုအပ်လာခဲ့တယ်။
ဒါကြောင့် နီးစပ်ရာ။ ရရာလုပ်ငန်းခွင်နေရာအသီးသီးမှာ ၀င်ရောက်ပြီတော့ အသက်မွေးကြရတော့တယ်။
အဆက်အစပ်၊ ၀ါသနာ၊ အဆင့်အတန်းအရည်အချင်းအလိုက် အချို့ ကအင်ဂျီအိုကိုယ်ပိုင်ထောင်၊ အချို့ က
အင်ဂျီအိုတွေမှာဝန်ထမ်းဝင်လုပ်၊ အချို့ ကသတင်းမီဒီယာနယ်ပယ်၊ အချို့ ကငတ်တစ်လှည့်ပြတ်တစ်လှည့်
နိုင်ငံရေးဆက်လုပ်၊ အချို့ တတိယနိုင်ငံတွေကိုထွက်ခွာသွားခဲ့ကြတယ်။ ဒီမိုကရေစီတော်လှန်ရေးကြီးနှစ်
တွေကြာလာတော့လည်း တစ်ချို့ ကစိတ်ကုန်၊ တချို့ က မိုက်ကုန်ကြတော့တာပဲ။ သားစဉ်မြေးဆက် လက်နက် ကိုင်တော်လှန်ရေးဆင်နွှဲလာခဲ့ကြတဲ့အချို့ တပ်တွေကနအဖပေးတဲ့တစ်နပ်စာ၊တစ်သက်စာအခွင့်အရေးကိုသွား
ရည်ကျပြီး တောထဲမှာအာဏာရှင်ကိုတိုက်ခိုက်ရင်းသေသွားခဲ့တဲ့ ဖခင်ရဲ့ မြေစာပုံ နဲ့ စစ်သားတွေ မုဒိမ်းကျင့်လို့ မိမိကိုယ်သတ်သေသွားခဲ့တဲ့ညီမလေးရဲ့ မြေစာပုံ တွေကိုကျောခိုင်း
ပြီးအကာအကာမဲ့နေကြတဲ့ရပ်ရွာကကိုယ့်လူမျိုးတွေကိုလစ်လျုရှုလိုက်ကြတာတွေရှိလာတယ်။ဒီအထဲမှာ
အချို့ ကကိုယ်နယ်ကထွက်ကုန်ကိုထုတ်၊ကိုယ့်လူမျိုးကိုဒုက္ခပေး၊ အချို ကအနှစ်နှစ်အလလစားသောက်နေထိုင်၊
မွေးဖွားကြီးပြင်းလာခဲ့တဲ့ နယ်မြေမျက်နှာကိုမှမထောက်၊ နအဖ နဲ့ပေါင်းပြီးတော့လာတိုက်ကြသူတွေလည်းရှိရဲ့ ။
(လူဟစ်တာကတော့၊ နိုင်ငံရေးကိုနိုင်ငံရေးနည်းအတိုင်း ဖြေရှင်းမှရမယ်ဆိုပဲ။ ပြီးတော့လက်နက်ကိုင်တဲ့
ဗုဒ္ဓဘာသာအဖွဲ့ဆိုတာလည်းရှိတယ်ဆိုပဲ။ဘယ်ဘုရားက လက်နက်ကိုင်ခိုင်းလဲမသိဘူး။)
တော်လှန်ရေးနယ်မြေမှာနေခဲ့ပြီးနအဖ ထံမှာဒူးထောက်အလင်းဝင်ဖေါက်ပြန်သွားကြသူများလည်းရှိခဲ့ကြ
တယ်။ နယ်စပ်ဒေသမှာလုံခြုံရေးစိတ်မချရလို့ တတိယနိုင်ငံကိုထွက်ခွာသွားကြသူများစွာလည်းရှိခဲ့တယ်။
ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့ တတိယနိုင်ငံအခြေချစီမံကိန်းကြီးပေါ်လာတော့၊ဒုက္ခသယ်အစစ်ထက် စခန်းတာ
ဝန်ခံ/ပွဲစားတွေနဲ့လက်ဝါးရိုက်ပြီး ထွက်သွားကြတဲ့ဒုက္ခသည် အတုတွေကအများကြီး။ မဲဆောက်
ဘန်ကောက် ၊ ချင်းမိုင် မြို့ တွေမှာ အိမ်ဖေါ်လုပ်ရင်း၊ ပန်းရံလုပ်ရင်း၊ ပွဲစားလုပ်ရင်း၊ ဒေါ်အောင်ဆန်းစုကြည်
မိန့်ခွန်းတွေနားထောင်၊ လွတ်မြောက်နယ်မြေထုတ်စာစောင်တွေအာဂုံဆောင်ပြီး လုပ်သွားလိုက်ကြတဲ့နိုင်ငံ
ရေးဒုက္ခသည်အတုတွေ အတုတွေ မရေတွက်နိုင်အောင်ပါ။ အတုဖြစ်ဖြစ်၊ အစစ်ဖြစ်ဖြစ်တတိယနိုင်ငံကို ထွက်ခွာသွားကြသူတိုင်းပြောခဲ့တဲ့စကားတွေက စာအုပ်ရရင်ပြန်လာမယ်၊ အလုပ်လုပ်ရတာနဲ့ကိုယ့်အဖွဲ့၊ ကိုယ်လူတွေကိုပြန်ပြီးထောက်ပံ့မယ်လို့ပြောခဲ့တာပါ။
တတိယနိုင်ငံရောက်မှဒီကောင်တွေ(နအဖ)တွေကိုအပြုတ်ချမယ်။ ဆိုတာတောင်ပါသေးတယ်။ ဒါပေမယ့်
ဒုက္ခသည်အဖြစ်တတိယနိုင်ငံကို ရောက်သွားကြတဲ့လူတွေထောက်ပံ့လို့ထိုင်း၊ မလေးရှား၊အိန္ဒိယနိုင်ငံတွေမှာ
ထုတ်ဝေနေရတဲ့စာစောင်၊ ရပ်တည်နေရတဲ့အဖွဲ့လို့မကြားမိသေးဘူး။ ကျနော်နဲ့ရင်းနှီတဲ့မိတ်ဆွေတစ်ယောက်
ကပြောတယ်(တတိယနိုင်ငံကိုထွက်သွားကြသူတွေဟာ သူတို့စီးနင်းလိုက်ပါသွားတဲ့ လေယာဉ်ပေါ်မှာကျွေး
တဲ့အစာရေစာတွေထဲမှာ မေ့ဆေးတွေပါတယ်)ဆိုပဲ။
ဟိုခုန်ဒီကူးနဲ့အရည်အချင်းရှိလို့ဖြစ်ဖြစ်၊ အပေါင်းအသင်းရှိလို့ဖြစ်ဖြစ်အချို့ ဆို လစာကောင်းတဲ့အင်ဂျီအိုဝန်
ထမ်းလုပ်နေကြတယ်၊သတင်းမီဒီယာနယ်ပယ်ကိုဝင်ရောက်သွားကြတယ်။အဖွဲ့အစည်းကြီးကြီး၊ပညာတတ်
အသိုင်းအ၀ိုင်းတွေက အဆီနဲ့တ၀င်းဝင်း၊ မီဒီယာတွေမှာနားတောင်လို့ကောင်းပေ့ စကားလုံးတွေနဲ့ နေ့တိုင်း
ပြောနေကြတယ်။ ပါးစပ်ကစည်းလုံးရေး၊ တန်းတူရေး၊ ငတ်နေကြတဲ့တော်လှန်ရေးနယ်ပယ်က ရဲဘော်အစစ်
အမှန်တွေကို ထမင်းတစ်နပ်ကျွေးဖူးကြပါရဲ့ လား။ ရုံးခန်းခမပေးနိုင်တဲ့အလုပ်သမားအဖွဲ့လေးတွေ၊ တော်လှန်
ရေးသမားတွေကို ဆေးလိပ်တစ်ထုပ်၊ အခန်းခတစ်လစာများပေးဖူးကြရဲလား မေးကြည့်ကြပါ။
(သူတို့ပြောနေကျစကားတစ်ခုက နိုင်ငံတကာမိသားစုတွေနဲ့ ကုလသမဂ္ဂတွေကို ကျနော်တို့ပြောနေတယ်)
အဆင့်သင့်လို့မီဒီယာသမားလို့ပြောနေကြတဲ့ လူတွေကကော၊ မီဒီယာလွတ်လပ်ခွင့် ဘာညာပြောနေကြတယ်
ပြည်ပမှာမဟုတ်တာလုပ်နေကြတဲ့သူတွေရဲ့  အရှုပ်အထုပ်တွေကိုကောဖေါ်ပြဖူးတာရှိကြရဲ့ လား။ ပါတီအဖွဲ့
အစည်းတွေမှာလုပ်ခဲ့ပေမယ့်တစ်နေ့က ပဲသတင်းထောက်လုပ်တယ်။ ဒီနေ့ဆိုရင် (ပရော်ဖက်ရှင်နယ်သတင်း
ထောက်၊ကျုပ်ကသတင်းသမား၊နိုင်ငံရေးနဲ့မဆိုင်ဆိုပဲ) (ပြောနေကျစကားက သတင်းသမားဆိုတာ နအဖ
မကောင်းတာကိုပြောပြီး ဒီဘက်ကလူတွေ မဟုတ်တာလုပ်တာကို ပြောရင်နအဖ အားရသွားမယ်တဲ့)
အစပိုင်းကပြောခဲ့သလို ရှစ်လေးလုံးနဲ့တစ်နည်းမဟုတ်တစ်နည်း ပါဝင်ပါတ်သက်ခဲ့ကြတဲ့ လူတွေအချင်းချင်း
နယ်စပ်မှာတစ်နှစ်တောင်လက်နက်မကိုင်ခဲ့ဖူးဘူး၊ ဘာသာစကားတတ်လို့၊ အဆက်အစပ်ကောင်းလို့၊ အင်ဂျီအို မှာလခကောင်းကောင်းရလို့ဝင်လုပ်တယ်။ အင်ဂျီအိုမှာလုပ်ရင်အန်ဂျီအိုဝန်ထမ်းပေါ့၊အရည်အချင်းရှိလို့
ဖြစ်တာ။ ကိုယ်ကအင်ဂျီအိုမှာလုပ်နေတာ၊ နအဖ အနှစ်နှစ်ဆယ်အုပ်ချုပ်နေတာကို၊ သူတို့အနှစ်နှစ်ဆယ်
တော်လှန်ရေးလုပ်နေတယ်လို့ ပြောင်းပြန်ပြောနေသူတွေလည်း ရှိပါရဲ့ ။
အလုပ်သမားအရေးလုပ်တဲ့လူကလည်း အလုပ်သမားခေါင်းဆောင်။ အလုပ်သမားအေ၇းဆောင်ရွက်သူ၊ ဒါမှ
မဟုတ် နိုင်ငံတကာအလုပ်သမားအဖွဲ့ နဲ့အခြားနိုင်ငံတကာသိအောင် လော်ဘီလုပ်ရင်လည်းလုပ်တယ်ပေါ့။
ရှင်းရှင်းလေးပဲ။
ခုတော့ဒီလိုမဟုတ်ကြဘူး။ ကိုယ်ရပ်နေတဲ့အရပ်ဒေသ၊ လုပ်နေတဲ့အလုပ်ကို ပုတ်သင်ညိုလိုအရောင်တွေ
ပြောင်းချင်သလို ပြောင်းနေကြတော့တယ်။ နိုင်ငံရေးသမားနဲ့တွေ့တော့ကျုပ်က စစ်အစိုးရကိုတော်လှန်နေ
တာအနှစ်နှစ်ဆယ်ရှိပြီ။(ကိုယ်လုပ်နေတာက အင်ဂျီအိုဝန်ထမ်း၊အသံလွှင့်(သို့မဟုတ်)ပုံနှိပ်မီဒီယာ)
နိုင်ငံရေးသမားတွေကလည်း ကျုပ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(မန်းဒိတ်ရ) ငါတို့ကိုကျော်လုပ်လို့
မရ။ငါအမတ်၊သူငါးမူး စတိတ်မင့်ထုတ်နေတာသိတယ်မဟုတ်လား။
ထိုင်းမှာအချို့  အဖွဲ့ အစည်းတွေရှိတယ်။ နိုင်ငံတကာအပါအ၀င်၊ ဒေသခံထိုင်းလူမျိုးတွေနဲ့ အသစ်အသစ်
သောလူတွေ၊ အဖွဲ့တွေနဲ့မိတ်ဆက်ပေးရမယ့်အစား၊ အချင်းချင်းရိုင်းပင်းကူညီကြရမယ့်အစား၊ ငါလုပ်နေတယ်
ငါတို့အဖွဲ့သာ လုပ်နိုင်တယ်ဆိုတာမျိုးတွေလုပ်နေကြတယ်။ နအဖလုပ်သလိုပြည်ထောင်စုဖြစ်နေတယ်။ ငါတို့
အောက်မှာလုပ်။ အာဏာရှင်ဆန်ဆန်လို့ပဲဆိုဆို၊ ကိုယ့်ကိုကိုယ်ရှေ့ တန်းတင်ချင်သူလို့ပဲပြောပြော၊ တစ်ကိုယ်
ကောင်းဆန်ချင်ကြတယ်။ ထိုင်းနိုင်ငံမှာမြန်မာအလုပ်သမားသန်းချီရှိတာ ဒီအလုပ်သမားအဖွဲ့လောက်နဲ့နိုင်မ
နိုင်စဉ်းစားသင့်ကြပါတယ်။ နေရာတိုင်းမှသမဂ္ဂတွေ အားကောင်းလေကောင်းလေပဲမဟုတ်လား။ အဆင်အစပ်
ရှိလာလို့ထိုင်းရှေနေတွေ၊ ထိုင်းအလုပ်သမားသမဂ္ဂတွေကို အလုပ်သမားကိစ္စတစ်ခုပေါ်လာလို့ တိုက်ရိုက်များ စကားပြောမိရင်နောင်တော်အဖွဲ့တွေ၊အစ်မတော်အဖွဲ့တွေကရွှေစိတ်တော်အလိုမကျရုံမျှမက ခေါ်၍ပင်ဆဲတော့ တာပဲဗျာ။ပူးတွဲဆောင်ရွက်ဖို့နေနေသာသာ၊ဒီကိစ္စဘယ်လိုလုပ်ရင်ကောင်းမလဲ၊ဘယ်အဖွဲ့တွေနဲ့ လုပ်ရင်ကောင်းမလဲလို့ အကြံဉာဏ်ကလေးတောင်းမိပါတယ်၊အဲဒီစ္စနဲ့ပါတ်သက်တဲ့ဓါတ်ပုံတွေ အ
ထောက်အထားတွေကို အီးမေးပို့ပေးဖို့ညွှန်ကြားတတ်ကြပါတယ်။ဖြစ်နေတဲ့အလုပ်သမားတွေမှာရှိ/မရှိ နဲ့
အလုပ်သမားအရေးလုပ်နေကြတဲ့သူတွမှာ၊အီးမေးသုံးနိုင်ရဲ့ လား၊အလုပ်သမားတွေကတစ်နေရာမှာ၊ဆိုတာ
တွေကိုနားလည်းပေးခဲကြတယ်။ဒါဖြစ်ချင်ရင်ဒါတွေပေးဆိုတဲ့သဘော။ဘယ်လိုလုပ်၊ဘယ်ကိုဆက်သွယ်ပါ
ဆိုတာလေးလောက်ပြောဖို့အရေး၊မြန်မာနိုင်ငံကရုံးတွေမှာလိုပါပဲ။
လုပ်နေကြသမျှ၊လုပ်နိုင်ကြသမျှအကောင်းတွေ၊လူတော်တွေချည်းပါပဲ။ ဒါပေမယ့်ကိုယ်လုပ်တာကိုပြောပါ။
ငါတို့တွေမြန်မာနိုင်ငံဒီမိုကရေစီရရှိရေးကိုလုပ်နေကြတာလား၊နိုင်ငံရေးသမားလား၊အလုပ်သမားအရေး
ဆောင်ရွက်နေသူလား၊လူ့အခွင့်အရေးလား၊အင်ဂျီအိုမှာလုပ်နေတဲ့ဝန်ထမ်းလား၊သတင်းဌာနမှာလုပ်နေတဲ့ မီဒီယာလုပ်ငန်းလား၊စာရေးဆရာလားခွဲခွဲခြားခြားကိုယ်ဘယ်နေရာမှာလဲ၊ဆိုတာလေးကိုတော့ဝန်ခံဖို့၊သိဖို့
လိုအပ်ပါတယ်။လုပ်နေတဲ့အလုပ်အတိုင်းမှန်မှန်ကန်ကန်ပြောသင့်ပါတယ်။
အလားတူ မိမိဆက်ဆံနေတဲ့လူကိုလည်း နိုင်ငံရေးသမားလား၊လူ့အခွင့်အရေးးသမားလား၊သတင်းမီဒီယာ
သမားလား၊အင်ဂျီအိုမှာလုပ်နေတဲ့ဝန်ထမ်းလား၊အလုပ်သမားအရေးဆောင်ရွက်နေတဲ့လူလား၊အလုပ်သမား
အရေးကိုမဆောင်ရွက်ပဲလော်ဘီလုပ်နေတဲ့အဖွဲ့လား၊စာရေးဆရာလား သေသေချာချာ၊သိသိမှတ်မှတ်ဆက်
ဆံ၊ဖို့လိုအပ်မယ်လို့ထင်ပါတယ်။မိမိကိုယ်လည်းခွဲခြားမသိ၊ကိုယ်ဆက်ဆံရသူကိုလည်းခွဲခြားမမြင်၊ဆိုတော့၊
ထိုပုဂ္ဂိုလ်တွေကိုတော့မသိ၊အပြင်လူတစ်ယောက်အနေနဲ့ ရူးကြောင်ကြောင်ဖြစ်သွားနိုင်ပါတယ်။မြန်မာနိုင်ငံ
ဒီမိုကရေစီရရှိရေးလည်း အဖျားရှူးသွားနိုင်ပါတယ်။
ကိုယ်လက်ရှိရောက်ရှိနေတဲ့အနေအထားမှာ ကိုယ့်ဘ၀ကြီးပွါးချမ်းသာရေးလား၊မြန်မာနိုင်ငံအဖြစ်အပျက်
ကိုပြ/ပြောပြီး ဒိုနာတွေဆီက ဒေါ်လာရှာနေတာလား၊ကိုယ်နာမည်ကြီးဖို့အတွက်လား၊တကယ်ဖြစ်ချင်
တကယ်လုပ်အဟုတ်ဖြစ်ရမည်ဆိုတဲ့စကားကိုစံထားပြီးတိုင်းတာရင် အထက်ကအချက်တွေနဲ့အချိန်ကုန်
နေခဲ့ကြတာလား၊ဒီမိုကရေစီရအောင်၊မြန်မာမြေပေါ်မှာ စစ်အာဏာရှင်ပြုတ်ကျအောင် ကျားခဲ ကျားကုတ်
လုပ်ခဲ့ရဲ့ လား၊လုပ်နေရဲ့ လား၊သိရှိကြလိမ့်မယ်လို့ယူဆပါတယ်။ပြည်ပမှာအဖွဲ့ အစည်းတွေမှန်သမျှ၊လုပ်နေ
ကြသူတော်တော်များများကိုဖုန်းဆက်ကြည့်ပါလား။အောင်မြလေး………ဖုန်းတောင်ပြောဖို့မအားကြပါတဲ့ ၊
အဲဂလောက်တိုင်းပြည်လွတ်မြောက်ရေးအတွက်အဖွဲ့အစည်းတိုင်းလူပုဂ္ဂိုလ်တိုင်းလုပ်နေကြမယ်ဆိုရင်၊
ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဟာပုံပြင်ထဲကိုရောက်သင့်ပါပြီ။
ဂွအကျဆုံးကကိုယ်လုပ်တဲ့အလုပ်ကိုကိုယ်မသိသေးကြတာလားမသိချင်ယောင်တောင်တာလား၊ကျနော်
ထင်တာကတော့သူတို့တွေအလုပ်ရှုပ်နေတာဟာ။မဟုတ်တာအတွက်လည်းလုပ်နေကြသလို၊ဟုတ်တာတွေ
အတွက်လည်းလုပ်နေရလို့ထင်ပါတယ်အဲဒီမှာ၊လူတစ်ယောက်ကအလုပ်နှစ်ခုကိုလုပ်၊သိစိတ်က၊မသိစိတ်ကိုလိမ်၊
နေရလေတော့၊ကိုယ့်စါရင်းကိုကိုယ်ရှင်းရင်း၊အလုပ်တွေပိနေကြတယ်လို့ထင်ပါတယ်။ဒီမိုကရေစီ
အရေးတိုက်ပွဲဝင်နေပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေ က
ဒီမိုကရေစီနဲ့မိုင်ပေါင်းဘယ်လောက်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေကြသလဲ၊အာဆီယံ၊နဲ့ကုလသမ၈္ဂ
လေပြေ လေညှင်းလောက်ကိုတော့ နအဖ တို့ကအပျင်းပြေပေါ့။အီးယူနဲ့အမေရိကန်လေပြင်းတို့ကိုလည်း
ကျွန်းသစ်ထီးရိုးနဲ့သဘာဝဓါတ်ငွေ့ပိတ်စကိုမိုးပြီး၊ကျောက်စီးပတ္တမြားစီးချယ်ပြီးထီးကိုင်းတွေရဲ့ အဖျားမှာ
တရုတ်၊ရုရှားနဲ့ကိုးရီးယားဘုသီးလေးတွေတပ်ဆင်ထားတဲ့ထီးကိုဆောင်းထားလေတော့၊နအဖအာဏာ၊တစ်
လက္မတောင်မရွေ့ နိုင်ခဲ့ပါဘူး။နအဖကိုနာဂစ်တိုက်ခတ်မှုလောက်ဒါမှမဟုတ်ဆူနာမီပင်လယ်လှိုင်းလုံးတို့လို
ပြင်းအား မရှိလို့ကတော့တုတ်တုတ်လှုပ်မှာမဟုတ်ဆိုတာကိုလက်ခံကြဖို့လိုမယ်ထင်ပါတယ်။
နအဖတို့ကသူတို့အာဏာကိုထိပါးလာသူတွေ၊ထိပါးမဲ့အဖွဲ့တွေကို၊ဘယ်လိုချေမှုန်းရမယ်၊ဘယ်လိုအပြတ်
ရှင်းရမယ်၊ဒီနည်းနဲ့မရရင်၊ဟိုနည်းနဲ့ရှင်းပြစ်ရမယ်ဆိုတာ၊စီမံကိန်းချ၊အကွက်ချပြီးအတိုက်အခံအင်အားစုဟူ
သမျှတို့ကိုပြတ်ပြတ်သားသားချေမှုန်သုတ်သင်းပစ်ပါတယ်။ကျွန်ုပ်တို့အတိုက်အခံတွေဘက်ကတော့၊
ကုလသမဂ္ဂလုံခြုံရေးကောင်းစီကအရေးယူလာမှာကိုယခု၊နှစ်နှစ်ဆယ်တိုင်အောင်မျှော်လင့်နေကြတာကလွဲပြီးအ
ခြားလမ်းကြောင်းများအဆင်သင့်ပြင်ဆင်နေကြတာမတွေ့ရသေးပါဘူး။နအဖတို့ကတော့တရားတာတွေ/မတရား
တာတွေကိုထည့်စဉ်းစားသူတွေမဟုတ်ဘူး။
၂၀၁၀မှာနန်းသိမ်းပွဲခံမယ်ဆိုတာမြင်နေရပြီ။အတိုင်အခံအုပ်စုတွေဘက်က၂၀၀၉မှာငါတို့စစ်အာဏာရှင်ကို
ပြုတ်အောင်တိုက်မယ်ဆိုတဲ့စိန်ခေါ်နိုင်လောက်တဲ့သတ္တိရှိသေးဟန်မတူသေးပါဘူး။အစီအစဉ်တွေရှိဟန်မတူသေးဘူး။
ဘာအတွက်ဘာလုပ်ရမယ်ဆိုပြီးနိုင်ငံတကာအင်ဂျီအိုတွေဆီမှာငွေရှာဖို့လောက်သာအကွက်ရှာနေကြတာတွေရှိရးပါတယ်။
အဖိနှိပ်ခံမြန်မာနိုင်ငံသားများအတွက်သာတကယ်ပြတ်ပြတ်သားသားရည်ရွယ်
ရင်တော်လှန်ရေဒီအသီးတွေဟာမြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအညှာတစ်ခုတည်းအတွက်ထာဝရလှပဝေ
ဆာနေမှာပါ။
၂၀၁၀ ဆိုတာ ရက်ပေါင်းငါးရာတောင်မရှိတော့ဘူးဆိုတာကိုတော့အမြဲသတိရှိကြစေချင်ပါတယ်ဗျာ….။
ပေးပို့သူ….မင်းရန်နိုင်(ဘန်ကောက်)

မှတ်ချက်။ ။ ဤဆောင်းပါးပါ အချက်အလက်များသည် စာရေးသူ မင်းရန်နိုင် (ဘန်ကောက်)၏ အာဘော်များသာ ဖြစ်သည်။
(တာဝန်ခံအယ်ဒီတာ )

Read More...

(21 Nov, 2008) လှော်တက်တစ်ချောင်းရဲ့ ရီရယ်လစ်ဇင်….

Xxx ငါ့အဘိုး
ဂျပန်ကို တော်လှန်ရင်း
လှော်တက်တစ်ချောင်း ထားရစ်ခဲ့…။

xxx ငါ့အဖေ
အဘိုးထားရစ်ခဲ့တဲ့ လှော်တက်တစ်ချောင်းနဲ့
၇၄-ခု ဦးသန့်အလောင်းလုရာမှာ
အဲဒီလှော်တက် ထားရစ်ခဲ့….။
xxx ငါ…
အဖေ့ရဲ့ လှော်တက်နဲ့
၈၈- မကောင်းဆိုးဝါးညတွေကို
ဖြတ်သန်းရင်း……။
xxx ငါ့သမီးကပြောတယ်
အဖေရေ အဲဒီ ဧရာမလှေကြီးတစ်စင်း
တရွေ့ရွေ့ ရွေ့လျားနိုင်ဖို့
လှော်တက်ပေါင်းများစွာထဲက
အဖေ့ရဲ့ လှော်တက်တစ်ချောင်း
ပင်ပန်းကြီးစွာ လှော်ခတ်နေဆဲ
မောနေရင် အခု ၂၀၀၈-မှာ
သမီးတလှည့် ကူလှော်ပေးမယ်နော်…..တဲ့။

ပေးပို့သူ….ဟေလီ (ရွှေ့ပြောင်းတဦး)

မှတ်ချက်။ ။ ဤကဗျာ ဆရာမ ဟေလီသည် မိမိတို့ မြန်မာပြည်သားစာစောင်နှင့် ဘလော့ဂ်ထံသို့ သူမရေးသားထားသော ကဗျာစာအုပ် တအုပ်လုံးကို ပေးပို့ထားလေရာ မိမိတို့မှ အလျဉ်းသင့်သလို ဖော်ပြပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

တာဝန်ခံအယ်ဒီတာ...

Read More...

(21 Nov, 2008) အမေရိကန် စီးပွားရေးနှင့် ကမ္ဘာ့စီးပွားရေးကပ်ဆိုးကြီး……

ဒုတိယကမ္ဘာစစ်အပြီး၌ တစ်ကမ္ဘာလုံးကို အမေရိကန်က သိမ်းပိုက်လိုက်ပါသည်။ အမေရိကန်အမြဲတမ်းအခြေ စိုက် စစ်တပ်များကို အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဂျပန်၊ အီတလီ၊ အစရှိသဖြင့် အင်အားကြီးနိုင်ငံများနှင့် နိုင်ငံအများ ကမ္ဘာတ ၀ှမ်းလုံးဖြန့်ကြက်ထားပြီး ကမ္ဘာကြီးကို အုပ်စိုးထားပါသည်။ သို့သော် အဲဒီအချိန်က အရေးပါလှသော ဆိုဗီယက် ရုရှနှင့် တရုတ်တို့ကို ချန်လှပ်ခဲ့ပါသည်။ ထိုအကြောင်းအချက်များကိုလည်း အဘယ်ကြောင့် ရုရှသည် ကမ္ဘာ့-ဒုတိယ အင်အား ကြီးနိုင်ငံ ဖြစ် လာရပါသလဲ ဆောင်းပါးတွင်ဆက်လက်ဖော်ပြပါမည်…။
ကမ္ဘာတခုလုံးကို အုပ်စိုးထားရုံတင်မကပါ။ ကမ္ဘာ့စီးပွားရေးတခုလုံးကို အမေရိကန်ဒေါ်လာဖြင့် ထိန်းချုပ်လွှမ်းမိုး ထားပါသည်။ အမေရိကန်နိုင်ငံသားတို့သည် ကမ္ဘာ့အဆင့်တစ် လူမျိုး၊ ကမ္ဘာ့အဆင့်တစ်စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး အကျိုးအမြတ်များ ရယူခံစားနိုင်ရန် ကျင့်သုံးခဲ့ပါသည်။ ကမ္ဘာတခုလုံးကို အုပ်ချုပ်နေသော နိုင်ငံတခုအနေဖြင့် ဤသို့ လုပ်ဆောင်နေပါသည်။


ကမ္ဘာတခုလုံးကို အုပ်စိုးထားရုံတင်မကပါ။ ကမ္ဘာ့စီးပွားရေးတခုလုံးကို အမေရိကန်ဒေါ်လာဖြင့် ထိန်းချုပ်လွှမ်းမိုး ထားပါသည်။ အမေရိကန်နိုင်ငံသားတို့သည် ကမ္ဘာ့အဆင့်တစ် လူမျိုး၊ ကမ္ဘာ့အဆင့်တစ်စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး အကျိုးအမြတ်များ ရယူခံစားနိုင်ရန် ကျင့်သုံးခဲ့ပါသည်။ ကမ္ဘာတခုလုံးကို အုပ်ချုပ်နေသော နိုင်ငံတခုအနေဖြင့် ဤသို့ လုပ်ဆောင်နေပါသည်။
အမေရိကန်ဒေါ်လာ၏ တန်ဖိုးဖြင့် ကမ္ဘာ့စီးပွားရေးကို ချုပ်ကိုင်ထားသည်မှာ ဥရောပငွေကြေးစနစ်မပေါ် ပေါက်မီ အ ထိဖြစ်ပါသည်။ ထိုမတိုင်မီအထိ အမေရိကန်စီးပွားရေးအခက်အခဲဖြစ်တိုင်း အမေရိကန်ဒေါ်လာငွေများရိုက်ထုတ်ခြင်း၊ ကမ္ဘာ့နိုင်ငံအများအပြားအပေါ် ပုံချခြင်းဖြင့် ကျော်လွှားအောင်မြင်ခဲ့ပါသည်။ ဤအတွေ့အကြုံကို ဥရောပတွင်သာမက အာရှ နိုင်ငံများလည်းခံစားကြရပါသည်။ ဥပမာ-၁၉၉၇ ခုနှစ် အာရှစီးပွားရေးပျက်ကပ်ကို ထိုင်းနိုင်ငံအပါအ၀င် အာရှ နိုင်ငံများခံ စားခဲ့ရသည်မှာ ယ္ခုတိုင် မလွတ်မြောက်နိုင်သေးပါ။
အမေရိကန်နိုင်ငံသားတိုင်း၏ လုပ်ခနှင့် စားသုံးမှုအတိုင်းအဆသည် ကမ္ဘာ့မည်သည့်နိုင်ငံနှင့်မျှ မတူပဲခံစားခွင့်ရ ယူသုံးစွဲခွင့်များရှိပါသည်။ ကမ္ဘာ့အခွင့်ထူးခံနိုင်ငံ၊ ကမ္ဘာ့အခွင့်ထူးခံလူမျိုး တိုင်းပြည်အဖြစ်ရယူခံစားနေပါသည်။ သူတို့အဲဒီ လိုခံစား စံစားနိုင်ရအောင် ဥရောပနှင့် အာရှနိုင်ငံများက အလှည့်ကျစီးပွားရေးပျက်ကပ်များကြုံတွေ့ခံစားရပြီး ပေးဆပ်ခဲ့ရ ပါသည်။
ထိုအကြောင်းအရာကို သိမြင်လာကြသော ဥရောပထိပ်သီးအင်အားကြီးနိုင်ငံများဖြစ်သော အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ အစရှိသည့် ဥရောပနိုင်ငံများက အမေရိကန်၏ ခြယ်လှယ်မှုကို ရှောင်လွဲနိုင်ရန် ဥရောပငွေကြေး စနစ် (ယူရို)ကို တည်ထောင်လိုက်ကြပါသည်။
အင်္ဂလိပ်၊ ပြစ်သစ်၊ ဂျာမဏီ၊ အီတလီ စသည့်နိုင်ငံချင်းတခုစီက ယှဉ်တူဖက်ပြိုင်နိုင်ခြင်း မရှိသော အမေရိကန် ဒေါ်လာကို ဥရောပနိုင်ငံဆယ်နိုင်ငံထက်မနည်း နိုင်ငံအများစုပေါင်းပြီး ဘုံငွေကြေးစနစ်တခုကို ထူထောင်လိုက်ကြပါ သည်။ ကိုယ့်နိုင်ငံနှင့်ကိုယ်၊ နိုင်ငံတခုချင်းလည်းပတ်နေသော ငွေကြေးများနေရာတွင် ဥရောပနိုင်ငံအားလုံးသာမက ကမ္ဘာကပင်အသိအမှတ်ပြုသုံးစွဲရမည့် ဥရောပငွေကြေးစနစ်ကို ထူထောင်လိုက်ကြပါသည်။ တနည်းအားဖြင့် အမေရိကန် တို့၏ အမေရိကန်ဒေါ်လာကို ယှဉ်ပြိုင်ထိုးသတ်ရန် စင်မြင့်ပေါ်တက်လာပါသည်။
ပွဲဦးထွက်ပင် ယူရိုငွေသည် အမေရိကန်ဒေါ်လာထက်ခိုင်မာမှု၊ အာမခံနိုင်မှုအားကောင်းပြီး အနိုင်ရနေပါသည်။ ကမ္ဘာသုံးငွေကြေးစနစ်တွင် အမေရိကန်ဒေါ်လာ၏ နေရာတွင် ယူရိုငွေဖြင့် အချို့နေရာများအစားထိုး ၀င်ရောက်လာပါ သည်။ ထိုအခါ အမေရိကန်တို့၏ အမေရိကန်ဒေါ်လာငွေစိတ်ကြိုက်ဈေးအစား တန်ဘိုးအပြောင်းအလဲလုပ်ချင်တိုင်း လုပ်မရဖြစ်လာပါတော့သည်။
တကမ္ဘလုံးတွင် စစ်တပ်များ၊ အခြေခံစစ်စခန်းများ ကမ္ဘာ့နိုင်ငံအနှံဖြန့်ကျက်ထားရသော စစ်စရိတ်၊ ယ္ခုကာလများ အတွင်း စစ်ပွဲများခင်းကျင်းပြီးသုံးစွဲနေရသော မရေမတွက်နိုင်သော စစ်အသုံးစရိတ်များ၊ (ကိုဆိုဗို၊ အီရတ် ၂-ကြိမ်၊ အာဖ ဂန်နစ္စတန်စသဖြင့်) ကမ္ဘာ့ရှေ့ပြေး သိပ္ပံနည်းပညာနှင့် စစ်လက်နက်တီထွင်ထုတ်လုပ်မှုစရိတ်များ၊ အာကာသစစ်စခန်း များနှင့် အာကာသသုတေသနလုပ်ငန်းများစရိတ်နှင့် သဘာဝဘေးဒဏ်ကြောင့် အကြိမ်ကြိမ်ဖျက်ဆီးခဲ့ရသည့် အမေရိ ကန်ပြည်နယ်များပြန်လည်ထူထောင်ရေးစရိတ်၊ အမေရိကန်ပြည်သူများ၏ အခွင့်ထူးခံ သုံးဖြုန်းနေကြသောနေ့၏ စား ၀တ်နေရေးစရိတ်များကိုစုပေါင်းပြီး ကုန်ကျနေသောဘဏ္ဍာငွေကြောင့် အမေရိကန်စီးပွားရေးပျက်ကပ် ကြုံတွေ့လာရ ပါသည်။ စစ်ပွဲများအသောမသတ်နိုင်အောင်ဆင်နွဲနေရဆဲဖြစ်ပြီး။ ကုန်ခန်းသွားသောစစ်လက်နက် ခဲယမ်းများကိုလည်း အလျဉ်မီအောင် မပြတ်တမ်းထုတ်လုပ်ပေနေရဆဲ၊ စစ်ယာဉ်၊ စစ်လေယာဉ်၊ စစ်သင်္ဘော၊ လောင်စာဆီတို့မပြတ်တမ်း သုံးစွဲနေရပါသည်။ ထိုကြီးမားလှသော မကြုံစဖူးသောစရိတ်များကို ပြန်လည်ဖြည့်တင်းရန်ငွေကြေး စိုက်ထုတ်ရန်လိုလာ ပါသည်။ ယ္ခင်ကာလက ကမ္ဘာ့ငွေကြေးတွင် အမေရိကန်ဒေါ်လာဖြင့် ရပ်တည်စဉ်က အလွယ်တကူကျော်ဖြတ်နိုင်သော် လည်း ယ္ခု-ယူရိုငွေရှိလာပြီဖြစ်သဖြင့် အချို့နေရာများတွင် ယူရိုငွေက အားကောင်းပြီး အမေရိကန်ဒေါ်လာကို ကျော်ဖြတ် နေပါသည်။
အမေရိကန်စီးပွားရေးကပ်ကြုံတိုင်း ဥရောပ(သို့မဟုတ်) အာရှနိုင်ငံများက ထိခိုက်ပြီးကပ်ဆိုက်ခဲ့ရပေါင်းများပါပြီ။ အခုလည်း အမေရိကန်စီးပွားရေးကပ်ဆိုက်လာသောအခါ ကမ္ဘာ့အချမ်းသာဆုံးအမေရိကန်ကဒေါ်လာငွေများ ရိုက်ထုတ် ပြီး သူ့ဘဏ်များ၊ သူ့စက်ရုံ၊ အလုပ်ရုံ ကုမ္ပဏီများကို ကျားကန်ပေးပြီး တောင့်တင်းအောင် အလွယ်တကူ လုပ်ယူပါမည်။
ထိုအခါ ဥရောပနိုင်ငံများကလည်း ထိုနည်းတူအစိုးရက စိုက်ထုတ်ပြီး နိုင်သလောက်အင်အားဖြင့် မိမိတို့၏ နိုင်ငံ ဘဏ္ဍာရေးပျက်သုံးမသွားရအောင်၊ စီးပွားရေးလည်ပတ်မှုများ မကျရှုံးသွားရအောင်ကြိုးစားကြရပါသည်။ ကြိုးစားနေရပါ သည်။ စီးပွားရေးတောင့်တင်းသောနိုင်ငံများအတွက် မထောင်းတာလှပါသော်လည်း စီးပွားရေးအင်အား မရှိသောနိုင်ငံ အစိုးရများအတွက် ကျခံစိုက်ထုတ်စရာ၊ ချေးငှားယူရစရာမရှိဘဲ ဒုက္ခပင်လယ်ဝေနိုင်ပါသည်။
နိုင်ငံတကာနှင့် စီးပွားရေးဆက်ဆံမှုနည်းသော နိုင်ငံများတွင် ထိခိုက်မှုနည်းနိုင်သည်ဟု ယူဆရပါသည်။ အသေ အချာမပြောနိုင်သေးပါ။ နိုင်ငံတကာစီးပွားရေးနှင့် ဆက်ဆံမှုရှိသောနိုင်ငံများ၊ စတော့ရှယ်ယာဈေးကွက်များတွင် အလျင် အမြန်ငွေကြေးကမောက်ကမဖြစ်ပြီး တန်ဖိုးများထိုးကျနေပါသည်။
ကမ္ဘာ့စီးပွားရေးအပျက်ဘက်သို့ဦးတည်နေပါသည်။ အမေရိကန်နိုင်ငံတခုထဲ၏ စီးပွားရေးအကျပ်အတည်းကို တ ကမ္ဘာလုံးက မျှတခံစားကြရမည်ဖြစ်ပြီး၊ နိုင်ငံငယ်များ(သို့မဟုတ်) အမေရိကန်စီးပွားရေးပေါ်မှီခိုအားထားနေသော နိုင်ငံ များ ဥရောပနိုင်ငံများပိုပြီးအထိနာကြပါသည်။ တကမ္ဘာလုံးရှိနိုင်ငံများသည် စီးပွားရေးကြပ်တည်းမှုဖြစ်သော အလုပ်လက် မဲ့ နှုန်းမြင့်မားခြင်း၊ ထုတ်ကုန်များရောင်းမရ၍ ၀ယ်လိုအားကျဆင်းလာခြင်း၊ စသဖြင့်ဆိုးကျိုးများစဉ်ဆက်မပြက် ဆင့်ကဲ ဆင့်ကဲဖြစ်ပေါ်လာပြီး။ ကမ္ဘတ၀ှမ်းနိုင်ငံများ စားဝတ်နေရေးကြပ်တည်းမှုကြောင့် အစိုးရအပေါ်ဆူပူအုံကြွမှုများ ဖြစ်ပေါ် လာကြမည်ဖြစ်ပါသည်။ ထိုအခါ ဟစ်တလာလို ခေါင်းဆောင်တွေများပေါ်ထွန်းလာပြီး ကမ္ဘာစစ် ဖြင့်စီးပွားရေး မတရားခါး ဆီးခံရမှုကို ဖြေရှင်းလာလေမလား။ သို့မဟုတ် အခြားနည်းလမ်းများဖြင့် ဖြေရှင်းအောင်မြင်သွားလေမလား။
၁၉၃၀ ခုနှစ် ကမ္ဘာ့စီးပွားရေးပျက်ကပ်ထက် မနိမ့်သော၊ မနည်းသော အခြေအနေဖြင့် အမေရိကန်မှလွဲ၍ ကျန် ကမ္ဘာ့နိုင်ငံအားလုံး ခါးသီးစွာခံစားကြရမည်။ စီးပွားရေးပျက်ကပ်ကို ကြိုင်တင်ပြင်ဆင်ကြပါစို့။ သို့သော် မည်သို့မှ ရှောင် လွဲမရနိုင်တော့ပါ။ ခံစားကြရတော့မည်မှာ အမှန်ပင်ဖြစ်ပါသည်။
ပေးပို့သူ… ဒေါက်တာ…. ကျော်ဗလ (မယ်တော်ဆေးခန်း)

မှတ်ချက်။ ။ ယခုအခါ ကမ္ဘာနှင့် အ၀ှမ်း စီးပွားရေးပျက်ကပ်၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော အလုပ်လက်မဲ့နှုန်း မြင့်မားလာခြင်း၊ ရှိရင်းစွဲအလုပ်သမားများအား လုပ်အားခလျော့ချရခြင်းနှင့် အလုပ်သမားအင်အား လျော့ချရခြင်း အပါ အ၀င် မိခင်နိုင်ငံအတွင်းမှ အလုပ်သမားပြဿနာများ၊ ရွှေ့ပြောင်းအလုပ်သမားပြဿနာများ သာမက ဂျစ်ပစီ (အခြေအ နေမဲ့ လှည့်လည်သွားလာနေသူ)များကဲ့သို့ ခေတ်ပညာတတ် အမေရိကန်အလုပ်သမား ၄-သိန်းခန့် အလုပ်လက်မဲ့ဖြစ် ကာ အိုးမဲ့ အိမ်မဲ့ လှည့်လည်သွားလာနေခြင်း စသည်ဖြင့် ၂၀၀၈-ခုနှစ် ကမ္ဘာ့စီးပွားရေးပျက်ကပ်၏ ပုံရိပ်ဆိုးများ ရှိနေကြ ချိန်တွင် ဆရာဒေါက်တာ-ကျော်ဗလ (မယ်တော်ဆေးခန်း)မှ အချိန်အခါနှင့် လိုက်ဖက်ညီသော ဤဆောင်းပါးကို ပေးပို့ ခြင်းအတွက် အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
(တာဝန်ခံအယ်ဒီတာ- သောင်ရင်းနဂါး) ဆောင်းပါး

Read More...

(21 Nov,2008) မြန်မာပြည်သား….သတိထား (စားသင့်မှသာစားကြဗျို့ )

Public Health

xxx ထိုင်းနိုင်ငံမှာ ယခုအခါ
ကြက်ငှက်တုပ်ကွေး ပြန်ဖြစ်လာ…….။
xxx အဲဒါကြောင့်မို့  သတိထား
ကြက်သားတွေကို ဆင်ခြင်စား……..။
xxx အစားတလုပ်နဲ့  အသက်ကြေးဟာ
ဘာအရေးကြီးလဲ သိကြတာ…………။

xxx သိကြတာနဲ့  မပြီးသေး
နီးစပ်ဒေါက်တာ သင်ဆွေးနွေး……….။
xxx ရပ်ရွာလူကြီးလည်း ဒေးလီးပါ
အသံချဲ့ စက်မှ သူကြေညာ…………..။
xxx ကြေညာပေမယ့် သတိမထား
ဘာသာစကားခက်ခဲသဗျား…………..။
xxx ထိုင်းနိုင်ငံရဲ့  မြောက်ပိုင်းက
ခရိုင်( ၉)ခု ဘတ်ဖလူးစ……………။
xxx ဆူခိုထိုင်းနဲ့  ဥထိုင်းဌာနီ
ကြက်ငှက်တုပ်ကွေး အစချီ………။
xxx ၂၀၀၄ နဲ့ ၂၀၀၅ (နှစ်ထောင့်လေးနဲ့ နှစ်ထောင့်ငါး)
(၁၇)ဦး သေဆုံးသဗျား…………….။
xxx H5 N1 ဗိုင်းရပ်စ်ဟာ
ကြက်ငှက်တုပ်ကွေးလက္ခဏာ……။

(မှတ်ချက်။ ။ ဘတ်ဖလူး= ကြက် ငှက်တုပ်ကွေး)

တင်ပြသူ။ ။ မြန်မာပြည်သားဘလော့ဂ် ၀ိုင်းတော်သားများ….

Read More...

Thursday, November 20, 2008

(20 Nov, 2008) ပြုပြင်ပြောင်းလဲရေးပါ ခင်ဗျာ…

xxx ဟေ့…ရပ် ဘယ်သူလဲ
ကျနော် ပြုပြင်ပြောင်းလဲရေးသမားပါ
ဘယ်ကလဲ…?


Xxx ရှမ်းမြောက်က နာမည်ကြီး ရှေ့နေပါ
ဘာကိုပြုပြင်ပြောင်းလဲမှာလဲ…?
Xxx ဗမာပြည်နိုင်ငံရေးအခြေအနေကိုပါ
ဘာဖြစ်နေလို့လဲ…?
xxx လူထုကငတ်နေပြီ
တော်တိတ်ပါးစပ်ပိတ်ထား
မင်းရဲ့သားကို ဂျပန်ပို့ပေးမယ်…။
မဟုတ်ဘူးခင်ဗျ
ကျနော်က မျိုးချစ်တယောက်မို့ နိုင်ငံအတွက်ပါ…။
xxx ရော့ကွာ… သစ်ပါမစ်ပါယူသွား
နောက်လိုတာရှိလဲလာပြော
သွားတော့
ဟုတ်ကဲ့… ကျနော် အဲဒါပဲပြောမလို့…။

ပေးပို့သူ...ဟေလီ(ရွှေ့ပြောင်းတဦး)


Read More...

(20 Nov, 2008) မမေ့နိုင်ပါဘူး…

xxx လွန်ခဲ့တဲ့ နှစ်(၂၀)
ပေတရာ လမ်းတွေပေါ်
သွေးစွန်း ခဲ့ကြသလို
စာသင်ခန်းတွေပိတ်… ခေါင်းလောင်းသံတွေဆိတ်
အဖြူနဲ့ အစိမ်းတွေလည်း
ရက်စက်တဲ့ မိစ္ဆာစစ်ဘီလူးတွေကြောင့်
စွန့််လွတ်ခဲ့ရပြီပေါ့….။


xxx သားပျောက် မိခင်တို့ရဲ့ မျက်ရည်
ချစ်သောသူတို့ရဲ့ ပရိဒေဝ
တံလျှပ်မီးလို ပူလောင်ဆဲ…။
xxx ဘာကြောင့်ဘဲ ဆိုဆို စက်တင်ဘာ (၂၀၀၇)
လူထုလှုပ်ရှားမှု သမိုင်း
မြန်မာသာ မဟုတ်ဘူး
ကမ္ဘာက သိခဲ့တယ်လေ…။
xxx ဒါတင် မကဘူး
အုတ်ရိုးနဲ့ သံတိုင်ကြား
ယုံကြည်ချက်အတွက် ဘ၀ကိုပေးဆပ်
တောတွင်းမှာလည်း စွန့်လွှတ်စွန့်စားဝံ့သူတို့
ပုန်ကန်သူတွေ ဖြစ်ခဲ့တယ်လေ…။
xxx ၈၈….ရဲ့ ဖြစ်ရပ်
ယနေ့တိုင် မမေ့နိုင်သေးဘူး…။
xxx နေ၀င်း မွှေးခဲ့တဲ့မီး
ယနေ့တိုင် လောင်မြိုက်ဆဲ
ပြည်သူတွေရဲ့ ပါးစပ်
မောင်းပြန်နဲ့ ပိတ်ဆို့ဆဲ…။
xxx ဒါတွေကို
“ဒို့”…သားချင်းညီကိုတွေ
ညီညာစွာ လက်တွဲ
ရင်ဆိုင်ကာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးလို့
မောင်းပြန်ကို ဒေါင်းလံဆွဲကာ
တိုက်ပွဲဝင်ကြပါစို့…။

ပေးပို့သူ….ရွှေဝါရောင် - ဦးဥတ္တမ

Read More...

Wednesday, November 19, 2008

(19 Nov, 2008) တော်လှန်ရေးသည် ငါတို့ကျောင်း….. ငါတို့တက္ကသိုလ်….(အပိုင်း-၃)

ငြိမ်းချမ်းသော… စိမ်းလန်းသော… တော်လှန်ရေး မြက်ခင်းပြင်များ……..။

(သို့သော်) မြန်မာ့နိုင်ငံရေးနှင့် မြန်မာ့တော်လှန်ရေး လယ်ကွက်ထဲတွင် စပါးများများရှိနေခြင်းသည်သာ အကောင်းဆုံးဟု မိမိရှုမြင်ပါသည်။ မြန်မာနိုင်ငံရေးလယ်ကွက်ထဲတွင် စပါးနည်းပါးပြီး မြက်ပေါများနေလျှင် မကောင်းပါ၊ လုံးဝ,လုံးဝမကောင်းပါချေ။ မေးစမ်းပါရစေ မိတ် ဆွေ…. ခင်ဗျားတို့က စပါးလား၊ မြက်လားဗျ…? သေချာတာက တော်လှန်ရေးဟူသည် ကျနော်တို့ ငယ်ငယ်က စုပေါင်းကစားခဲ့ကြသလို (လင်မယားလုပ်တမ်း။ သူခိုး, ပုလိပ်လုပ်တမ်း) ကစားသလိုမျိုး ကစားလို့ရတာမဟုတ်။ ကစားလို့ရလျှင်လည်း ဇာတ်ပွဲအငြိမ့်ပွဲနှင့် သီတင်း ကျွတ်၊ တန်ဆောင်တိုင် ကာလများတွင် တင်ဆက်သောအရပ်ပွဲထဲတွင်တော့ တော်လှန်ရေးမင်းသားဖြစ်ပေမည်။ သို့မဟုတ်ပါက သီဟ တင်စိုး, နေထက်လင်း, စသည့် ဗွီဒီယို ဇာတ်ကားများရိုက်၍ တော်လှန်ရေးမင်းသား လုပ်လို့ရလျှင် ရသည်မှာ ဗွီဒီယိုဇာတ်ကား ထဲတွင်ပင် ဖြစ်ပေလိမ့်မည်။ ကိုင်း... တော်လှန်ရေးသဘောတရားတွေကို ကြည့်ကြရအောင်........။
အတွင်းပဋိပက္ခ-(In Contradiction) အဖြူနှင့် အမည်း, အမှောင်နှင့် အမည်း, အမှန်နှင့် အမှား, အတွင်းနှင့် အပြင်, အ ပေါ်နှင့် အောက်, စသည်ဖြင့် မကျေနပ်မှု အစိုင်အခဲများသည် ကိုယ်စီကိုယ်စီရင်တွင်း ဖြစ်တည်မှုများမှာ မပဋာမြေလူး- အရူးပမာဖြစ်နေပေသည်။ (သို့သော် အပြင်သို့မရောက်သေးပေ။) နေရူးကတော့ ဒီလိုပြောသည်။ “ရင်တွင်းပဋိပက္ခဖြစ်တာပေါ့။ ရင်တွင်းပဋိပက္ခမဖြစ်တဲ့သူက အရူးပဲ” တဲ့။
အပြင်ပဋိပက္ခ-(Out Contradiction) ၀ိရောဓိ ဟူလည်းခေါ်နိုင်သည်။ အတွင်းပဋိပက္ခအဆင့်မှ အပြင်ပဋိပက္ခအဆင့်သို့ ရောက်ရှိလာ သည်။ ဤအဆင့်သို့ရောက်လာလျှင် ပြေလည်အောင် ဖြေရှင်းဖို့လိုအပ်သည်။ မပြေလည်ပါက ရှေ့သို့ ဆက်သောပိုမိုကြီးထွားလာသော၊ ဖြေရှင်းရန်ခက်ခဲသော အခြေအနေ၊ အနေအထားနှင့် ရင်ဆိုင်ကြုံတွေ့ရတတ်သည်။
ပြဿနာ-(Problem) တော်လှန်ရေးများဖြစ်ပေါ်ရခြင်းမှာ လူတန်းစား ပဋိပက္ခ(၀ါ)လူတန်းစား ၀ိရောဓိ(၀ါ) လူတန်းစား ပြဿနာများ ကြောင့် ပင်ဖြစ်သည်ဟု ဗွီအိုင်လီနင်, ဂျိုးဇက်စတာလင် စသောပုဂ္ဂိုလ်များက သုံးသပ်သည်။
တော်လှန်ရေး-(Revolution)လူနေမှုစနစ်ဟောင်းကို အသစ်ပြုပြင်ပြောင်းလဲခြင်း(၀ါ) လူနေမှုစနစ်ဟောင်းတခု၏ နေရာတွင် လူနေမှုစ နစ်သစ်တခုကို အစားထိုးပြုပြင်ပြောင်းလဲခြင်း ဖြစ်သည်။
သွေးထွက်သော တော်လှန်ရေး-(Bloody Revolution) တဟုန်ထိုး၊ တရှိန်ထိုး ရုတ်ချည်းပြုပြင်ပြောင်းလဲခြင်းဖြစ်သည်။ (သွေးထွက် သံ ယိုမှုရှိသည်။ အကြမ်းဖက်မှုများ ပါဝင်ရသည်။)
သွေးမဲ့ တော်လှန်ရေး(၀ါ) သွေးမထွက်သော တော်လှန်ရေး-(Non- Bloody Revolution) တဖြည်းဖြည်း၊ တရွေ့ရွေ့ ဆင့်ကဲ, ဆင့်ကဲ ပြုပြင်ပြောင်းလဲခြင်း ဖြစ်သည်။ သွေးထွက်သံယိုမှု(၀ါ) အကျအဆုံးဖြစ်တည်မှု နည်းပါးသည်။
ရှင်းလင်းပြတ်သားသော သဘောထားအမြင်နှင့် ရှင်းရှင်းပြတ်ပြတ်ရပ်တည်ပြောင်းလဲလိုပါလျှင် လက်နက်ကိုင် တော်လှန်ရေး(၀ါ)သွေး ထွက်သောတော်လှန်ရေးကို မလွဲမသွေ ရွေးချယ်ကြရပေမည်။ မကဒတ(ABSDF)ကတော့… “လက်နက် ကိုင်တော်လှန်ရေးနှင့် လူထု တိုက်ပွဲ…ပေါင်းစပ်အောင်ပွဲခံကြ”ဟူ၍လည်းကောင်း၊ “တော်လှန်ရေးသည် ငါတို့ကျောင်း… ငါတို့တက္ကသိုလ်” ဟူ၍လည်းကောင်း ကြွေး ကြော်သံ, ဆောင်ပုဒ်များထားရှိတာ တွေ့ရသည်။

အမိမြေကို ငြိမ်းချမ်းစေလိုပါလျှင်….
အမိမြေကို… လွတ်လပ်စေလိုပါလျှင်….
အမိမြေကို… တရားမျှစေလိုပါလျှင်…
ကျနော်တို့ဟာ တော်လှန်ရေးအပေါ်ရှင်းလင်းပြတ်သားစွာ ရှုမြင်တတ်၊ သုံးသပ်တတ်ရပါမယ် ခင်ဗျား…။
(ဆက်လက်ဖော်ပြပါမည်)
တင်ပြသူ…သောင်ရင်းနဂါး

Read More...

ဝါကျွတ်သော်လည်း ၊ မကျွတ်သာပြီ …. (ပုဆိုးနှင့် ဘောင်းဘီ)

(19 Nov, 2008)

xxx နွေရက်မှာ
ကြွေသက်စရာက
ရော်ရွက်ဝါတွေရှိသတဲ့……။


xxx မိုးရက်မှာ
တိုးဖက်စဖွယ်
မိုးစပယ်တွေလည်းရှိသတဲ့….။

xxx ဆောင်းရက်မှာ
ပေါင်းဖက်စရာ
အိမ်မှာမိန်းမမရှိလေတော့
ကလေးတွေနှင့်ဆော့
ခွေးတွေနှင့်ဟော့(Hot)လို့ 
မော့စ် ၊ မိုးဒီ ၊ ဗေလုဝတို့ လို
ပတ်ဗေတိုးပိုရယ်နှင့်
ကိုကိုတို့ ငှက်ပျောတုံးဖက်အိပ်ကြတယ်…။
တောရကျောင်း အောက်မှာxxx ပုဆိုးခြုံပြီး ကွေးအိပ်တယ်xxx ရပ်ကွက်ထဲမှာxxx ဒီလိုပဲ ရှိတယ်xxx ကျနော်တို့ ရပ်ကွက်ထဲမှာxxx ဒီလိုပဲxxx

ပေးပို့ သူ……ဆန်တာကလော့စ် (ခေတ္တ-အင်္ဂပူ)

Read More...

Tuesday, November 18, 2008

မြေကြီးက ရွှေသီးတာ မှန်ပါ၏…. သို့သော်တူးခွင့်မရတော့ပါ….

18 Nov, 2008



ရွှေတူးကြသည့် ရွှေထွက်သောနေရာကား ယမန်နေ့. နေ့လယ်ပိုင်းမှစ၍ ကျီးနှင့် ဖုတ်ဖုတ်ဖြစ်သွားပါလေပြီ…။
(မ၀င်ရ) ဟူသော တားဆီးကန့်သတ်မှုက ရှိနေပြီကိုးဗျ…။ ဓါတ်ပုံထဲမှာ သေချာကြည့်ပါမိတ်ဆွေ….။ ရွှေတူး. ရွှေကျင်စားရတဲ့ မရှိဆင်းရဲသားတွေခမျာ အဲဒီကန့်သတ်မိန့်နားမှာ ရစ်သီရစ်သီနဲ့ ခင်ဗျ…။

တင်ပြသူ… မြန်မာပြည်သူများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)
Rest of your post

Read More...

မူရင်းအမည် တရားဝင်အခေါ်အဝေါ်ကိုဂရုထားကြပါခင်ဗျား….. အပိုင်း..(၁)

18 Nov,20008

ကျနော်တို့ ရပ်၊ ကျနော်တို့ ဝန်းကျင် ၊ ကျနော်တို့ နယ်ပယ်မှာကလည်း အလွယ်ခေါ်တာတွေက ခပ်များများရယ်…။ အဲသည်လိုအလွယ်တွေကိုလိုက်ကြရင်း မူလင်းကပျောက်ကာမှကြက်ပျောက် ၊ငှက်ပျောက် ၊ ငှက်ပျောသီးပျောက် (အဲ ဟုတ်ပေါင်)….။ကျနော်သူငယ်ချင်း(တောပျော်မန်းမျိုးမြင့်)ဆိုတာရှိသည်။ အဲတာကို တောမန်း, တောမျိုး, တောမြင့်ဟု ခေါ်ပါလျှင်မူရင်းပျောက်ပေမည်။ သည်ကြားထဲမှာကာလရွေ့လျောကာခေါ်တတ်ကြတာတွေကရှိပါသေးသည်။ စောစော ကပြောသလို၊ ခေါ်သလို(တောမန်း, တောမျိုး, တောမြင့်)ဆိုတာအကြောင်းမဟုတ်သေးပေ။(တောငန်း, တောဆိုး, တော မျောက်)ဟူ၍ကာလရွေ့ လျောသောအခေါ်မှား၊ အမည်မှားဖြစ် လျှင်ကောင်းပါမည်လား။ နောက်ထပ် ကျနော်သူငယ် ချင်းတဦးရှိသေးသည်ကိုမိုးကျော်ရယ်ပါ။ သူ့ကိုနာမည်ကြီးလူရွင်တော်အတွဲဖြစ်သော ဆိုနီမိုးကျော်တို့ကို တွဲစပ်သလို ကျနော်ကခေါ်ပေသည်။ ဆိုနီမိုးကျော်ဟု…

။သည်နေရာတွင်ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့  နှင့်မယ်ရမတ်မြို့ ရှိစက်ရုံ အလုပ်ရုံအလုပ်သမားများအကြားဝယ်(ဆိုနီမိုးကျော်)ဆိုသောအခေါ်အဝေါ်ကပြသာနာရှိသွားသည်။
မဲဆောက်မြို့ မယ်ပကျေးရွာဘက်မှာက ဆိုနီကုမ္ပဏီ(TMSC)ဆိုတာကရှိတာကိုး။ သည်တော့ဆိုနီမိုးကျော်ဟုသည့် TMSC(Sony) Co. Ltd မှရမ်း(လုံခြုံရေးဝန်ထမ်း)လေလား၊ လူမှုရေးတာဝန်ခံလား၊ မန်နေဂျာလား၊ စကားပြန်လေလား၊ (လား)ပေါင်းများစွာဖြစ်တည်သွားပေသည်။ ကျနော်တို့ ရွေ့ပြောင်းအလုပ်သမားတွေကြားထဲတွင်လည်း ထိုသို့သော အလွယ်ခေါ်ရင်း၊ ခေါ်ရင်းနှင့်မူရင်းတွေမေးမရတာ၊ မသိကြတာတွေ၊ တနေ့တခြားကြီးထွားနေပေသည်။ အမှိုက်ပုံနီး သဖြင့်(အမှိုက်ပုံရုံ)ဟုခေါ်ကြရင်း မဲဆောက်မြို့၊ ဈေးကြီးအပြင်တန်း၊ အမှိုက်ပုံအနီးရှိ(Delta Garment Co, Ltd) အထည် ချုပ်စက်ရုံသည်လည်းကောင်း၊ သင်္ချိုင်းကုန်းနှင့်နီးသဖြင့်(သင်္ချိုင်းကုန်းရုံ)ဟုခေါ်ကြရင်းမဲဆောက်မြို့ မယ်ကုကျေးရွာရှိ ACR-သိုးမွှေးစက်ရုံသည်လည်းကောင်း၊ တူရုံ(ခေါ်) VC- အထည်ချူပ်စက်ရုံသည်လည်းကောင်း၊ အလုပ်ရှင်အမျိုးသမီး ဖြစ်နေသဖြင့်(သူဌေးမရုံ)ဟုအလွယ်ခေါ်ကြသည့်စက်ရုံများဖြစ်ကြပြီး၊မဲဆောက်မြို့ မယ်တောင်မိုင် ကျေးရွာရှိ(CN Success Co, Ltd)အထည်ချုပ်စက်ရုံ၊ သောင်ရင်းမြစ်ကမ်းနဖူးမယ်တော်ကျေးရွာ(Union Star Co. Ltd) အထည်ချုပ်စက်ရုံ၊ စသည်တို့သည်လည်ကောင်း၊ မူရင်းပျောက်နေတာက အလုပ်သမားအခွင့်အရေး၊ အလုပ်သမားဥပ ဒေဆိုင်ရာတောင်းဆိုခွင့် တွေအတွက်မကောင်းလှပါချေ။ ဆိုကြပါစို့…..။ စက်ရုံအလုပ်ရုံလုပ်ငန်းခွင်တခုတွင် လုပ်အားခ အတွက်ဖြစ်စေ၊ အလုပ်ချိန်များပြီးအိုတီ ကြေးမပေး.လျှင်ဖြစ်စေ၊ ဆောက်လုပ်ရေးနှင့် အိမ်တွင်းမှုစက်မှုလုပ်ငန်းတခုခုမှ လက်ပြတ်, လာလျှင်ဖြစ်စေ၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်တခုခုတွင် လက်နက်တခုခုဖြင့် အသတ်ခံရသည် ဖြစ်စေ အလုပ်သမားကာကွယ်ရေးရုံး(ဆ၀ါတီကန်)တွင် တိုင်ကြားကြသည်ဆိုပါစို့။ ဤသို့ သာအလွယ်ခေါ်သော အမည် များကိုလျောက်ပြောနေပြီး တရားဝင်အမည်မေးမြန်းမရလျှင်မည်သို့ တိုင်ကြားကြမည်နည်း။
မဲဆောက်မြို့  ဘန့် ထုံထောင်းရပ်ကွက်ထဲတွင်မြန်မာအလွယ်ခေါ်ကြသော(ရန်မကင်း)သိုးမွှေးစက်ရုံရှိသည်။မဲဆောက်မြို့ တွင်မြန်မာအလုပ်သမားအင်အားအနည်း အများတန်းစီဇယားချကြည်သော် ရန်မကင်းစက်ရုံမှာ နံပါတ် ၄-နေရာတွင် ရှိ၏။ (ရန်ကင်း)တာပို မကောင်းဘူးလား၊ ဘာကြောင့်ရန်ကင်းလို့မခေါ်ကြတာလဲ။ မူရင်းအမည်သည်စက်ရုံရှေ့ တွင်ပင် ထင်ထင်ရှားရှားကြီးရှိနေပြီး(Royal Knitting Thailand Co. Ltd)ဟု၍ဖြစ်သည်။ (ရိုင်ရယ်နစ်တင်း)ကို ပင်ကုလားအသံ (၀ါ) ထိုင်းအသံမပီကလာ၊ ပီကလာဖြင့်(ရန်မကင်း)ဟု၍ထွက်ဟန်ရှိသည်။ ရိုင်ရယ်နစ်တင်းနှင့် ရန်မကင်းဟူသည် ဘုန်း ကြီးနှင့်ဘီး၊ ချစ်တီးနှင့်ကွန်မြူနစ်၊ သီလရှင်နှင့်နုတ်ခမ်းနီမိတ်ကပ်ပမာဘာမှမဆိုင်ပါချေ။ သောင်ရင်းကမ်းနဖူးဒေသ၊ မယ်တော်ကျေးရွာအုပ်စုဝှေ့ မုတ်ကျေးရွာဘက်တွင်(Liam Tong Knitting Co, ltd) လီယန်တောင်းသိုးမွှေးစက်ရုံ(ခေါ်) မြန်မာတွေလွယ်လွယ်ခေါ်ကြသော(SCT) စက်ရုံရှိသည်။ အခေါ်အဝေါ်လွှဲမှားချက်ကတချဲစီ(အဲလေ) တခြားစီဖြစ်ပေ သည်။ ထိုအပြင်(Rim Moei Knitting Co. ltd)မိုးအိသိုးမွှေးစက်ရုံဟူု၍ တရားဝင်အခေါ်ဝေါ်ရမည့်အစား ခေါင်မိုးလည်း အနီရောင်မရှိပါဘဲနှင့်(အမိုးနီ၊ မိုးနီ)ဟူု၍လွှဲမှားစွာခေါ်ဝေါ်နေကြပေသည်။ (အမိုးစိမ်း ၊ခေါင်မိုးစိမ်း)ဆိုတာကတစ်မျိုး၊ သရဲခြောက်ခဲ့ဘူးသဖြင့် အရပ်အခေါ်အဝေါ်သရဲရုံဟူ၍ လည်းကောင်း၊ တောခေါ် ၊တောင်ခေါ် မြောက်ခေါ်၊ အလွယ်ခေါ် တာတွေလည်းရှိသည်။သရဲရုံ၏ မူလတရားဝင်အမည်မှန်မှာ (စိန့်ဟိန်းသိုးမွှေးစက်ရုံ)ဖြစ်သကဲ့သို့ကမ်းနဖူးဒေသ ခရစ် ယာန်ရုံ တရားဝင်အမည်မှာ(B.B.Top Knitting Co, ltd)ဖြစ်ပေသည်။ ထိုအတူမြို့ လယ်နာရီစင်အနီးသိုးမွှေးစက်ရုံကို နာရီစင်အထည်ချုပ်စက်ရုံ(အမှန်က တရားဝင်အမည်မှာTanjin Garment Co. ltd)နာရီစင်သိုးမွှေးစက်ရုံ(အမှန်က Red Win Knitting Co. ltd)၊ ကိုရီးယားအထည်ချုပ်စက်ရုံ(မဲဆောက်မြို့ ပေါ်)၏ တရားဝင်အမည်မှာ -ဆုန်ကက်အထည် ချုပ် စက်ရုံနှင့် ဟုဖွိုင်ကျေးရွာရှိ Friendship Fashion Co, ltd ဟူ၍ ကိုရီးယားနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံနှစ်ခု၏ အမည် သည်လည်းကောင်း၊ မယ်ကုကျေးရွာမှမြန်မာတို့အခေါ်(S.R)စက်ရုံ၏ မူလတရားဝင်အမည်မှာ(Fupo Knitting Co. ltd) ဖြစ်ပါသည်။ ထိုအပြင် မဲဆောက်ဈေးအနီးဈေးကွမ်တုံသိုးမွှေးစက်ရုံ၏ တရားဝင်အမည်မှန်မှာ(G.S.Arts Knitting Co, ltd)ဖြစ်သလိုမဲဆောက်မြို့ဘန့်ထုံးရပ်ကွက်ရှိအဆိုတော်အထည်ချုပ်စက်ရုံဧ။်မူလတရားဝင်အမည်မှန်မှာ(TMB Garment Co, ltd)ဖြစ်ပါသည်။ (ကီဖုန်း)ဟုမှားယွင်းစွာခေါ်ဆိုသော မယ်တောင်ဖတ်ကျေးရွာမှ ကိဖောင်းသိုးမွှေးစက် ရုံ Kifoung Knitting Co, ltd သည်လည်းကောင်း၊ (ကျော်လေးခို)ဆိုသောမဲဆောက်\ တောင်ဘက်အစွန်ဆုံး တိုက်နယ် အဆင့်ကျေးရွာကြီးဧ။်မူလအမည်မှန်မှာ(ကြယ်ဒီခို့ Ban Kedecho)ဟူ၍လည်းကောင်း၊(ဖုန်ဖိုင်)ဟူ၍ အမှားကြီးမှား နေကြသော(Huafoi)သည်လည်းကောင်း၊ ကတ်ပီဘန်းဟူ၍ခေါ်နေကြသော(Ban Khongbiban)လည်းကောင်း၊ (သစ္စပန်း)ဟူ၍မှားယွင်းခေါ်နေကြသော(ထေ့စဘန်း) ဟုအလွယ်တွေခေါ်ကြရင်းနှင့် မူရင်းကို ဂရုမထားကြတာဆိုးဝါးလှ ပါသည်။
အပိုင်း-၂ ဆက်လက်ဖော်ပြပါမည်….
တင်ပြသူ… ဆန်တာကလော့စ် (ခေတ္တ-အင်္ဂပူ)

Read More...

Monday, November 17, 2008

အတ္တသမား နွားအဖွဲ့(နအဖ)ဟာ ၁၁-ဂဏန်းနဲ့ ယတြာချေတာလား….

(17 Nov, 2008)

ပြီးခဲ့တဲ့ ၁၁-ရက်, ၁၁လ, ၁၁-နာရီအချိန်မှာ ကျနော်တို့ ပြည်သူလူထုရဲ့ အချစ်တော်(၀ါ) မြန်မာလူထုရဲ့ ကြေးမုံ ရုပ်သွင်ပမာ ခွပ်ဒေါင်းတွေဖြစ်ကြတဲ့ ၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင်(ကိုမင်းကိုနိုင်, ကိုကိုကြီး, ကိုဌေး ကြွယ်, ကိုမင်းဇေယျ, ကိုပြုံးချို, ကိုဂျင်မီ, ကိုမြအေး အပါအ၀င်) ခွပ်ဒေါင်းတွေကို ၆၅-နှစ်စီ ထောင်ဒဏ်ချ ခဲ့ပါ တယ်။ မနေ့တ နေ့ကပဲ ဝေးလံခေါင်းဖျားတဲ့ မြစ်ကြီးနား, ဘူးသီးတောင်, လွိုင်ကော်, ကျိုင်းတုံ စတဲ့ အကျဉ်း ထောင်တွေကို ရက်စက်စွာ ပို့လိုက်ပါလေရော…။ ၁၁-ဂဏန်းနဲ့ပတ်သက်ပြီး
ကျနော် စဉ်းစားကြည့်တယ်… နေ့က ၁၁-ရက် (၁၁)
လကလည်း ၁၁-ရက်(၁၁)
အချိန်ကလည်း ၁၁-နာရီ(၁၁)
ပေးတဲ့အပြစ်ဒဏ်ကလည်း ၆၅-နှစ်ဆိုတော့ (၁၁)
နအဖ အုပ်စုရဲ့ အနာဂတ် ကာကွယ်ရေးဦးစီးချုပ်အဖြစ် လျာထားခံရသူ ရွှေမန်းကလည်း DSA အပတ်စဉ် ၁၁ သင်တန်းဆင်းခင်ဗျ...ဒီတော့ (၁၁)နောက်တခု၊ နအဖ-ဟာ ဘာလုပ်လုပ် သူ့ပထွေးနေ၀င်းလုပ်သလို ယတြာ ချေပြီး လုပ်လေသလား စာရှုသူများ စဉ်းစားပေးပါခင်ဗျား….။
ပေးပို့သူ….. သာမိုင်းခမ်း (ကျဘမ်းလုပ်သားတဦး)

Read More...

ဘုံရန်သူကို ကြည့်ပါ….

(17 Nov, 2008)

xxx ဟေ့…. ကရင်လေး
လာလေကွာ… တို့တတွေ
ဒီမိုကရေစီရေး
ဆွေးနွေးကြရအောင်….။
xxx “ဟာ”… ဆောရီးအကို
ကျနော်မအားသေးဘူး….။

xxx ဟေ့… ချင်းလေး
လာလေကွာ… တို့တတွေ
ဒီမိုကရေစီရေး
တိုင်ပင်ကြရအောင်….။
xxx “ဟာ”…“အို”… မလုပ်ပါနဲ့ အကိုရာ
ကျနော် စောစောစီးစီး
မသေချင်သေးဘူး…။
xxx “ဟေ့”… မွန်လေး
လာလေကွာ… တို့တတွေ တိုင်းပြည်ရဲ့အရေး
နှီးနှောဖလှယ်ကြရအောင်
“ဟာ”… မလုပ်ပါနဲ့အကိုရာ
ကျုပ်က လူမျိုးချင်းမတူ
စကားကကွဲတော့ ဘယ်ဖြစ်ပါ့မလဲ…။
ဒီလိုနဲ့… ရှေ့ဆက်လျှောက်
“ဟာ”… ကိုရခိုင်ကြီး
လာပါအုံးဗျ… တိုင်းပြည်ရဲ့အရေး
ဘာတွေလုပ်ရမလဲ….
အကိုရာ… ဘာလုပ်မလဲ
အနေသာကြီးပေါ့…….။
xxx ဒီလိုသာစည်းရုံးမရ
ဘုံရန်သူ ဘာလဲဆိုတာ
သူတို့တွေ သိပေမယ့်
ဘာသာတွေကွဲ, လူမျိုးတွေစွဲ
ကြီးမားတဲ့ အတ္တ
ရှေ့တန်းကို တင်ထားလေတော့
လိုချင်တဲ့ ဒီမိုကရေစီက
ရနိုင်တော့မှာမဟုတ်
စည်းလုံးညီညာ
ဆွေးနွေးပါမှ
အောင်မြင်မှု ပန်းတိုင်ဆိုတာ……..။

ပေးပို့သူ…ရွှေဝါရောင်- ဦးဥတ္တမ (ထိုင်း- မြန်မာနယ်စပ်)

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)