Public Health....xxxလူထုကျန်းမာရေးနှင့်ကင်ဆာဆက်နွယ်မှုရှိ
ဆေးရွက်ကြီး၊ဆေးလိပ်သောက်ခြင်းနှင့်ကင်ဆာရောဂါကြောင့်သေဆုံးမှုများဆက်
စပ်နေပြီးအဆုတ်ကင်ဆာကြောင့်သေဆုံးမှုများပိုမို များပြားလာကြောင်းယူစီဒေးဗစ်
သုတေသနပညာရှင်၏မကြာသေးမီကပြုလုပ်သောလေ့လာမှုအရသိရသည်။ဆေးရွက်
ကြီးထိန်းချုပ်မှုပိုမိုကြိုးပမ်းလာသည်နှင့်အမျှအသက်များစွာကိုပိုပြီးကယ်တင်ပေးနိုင်
မည်ဖြစ်ကြောင်းလည်း၎င်းကအတည်ပြုပြောကြားသည်။ဆေးလိပ်သောက်ခြင်းသည်
ကင်ဆာရောဂါကြောင့်သေဆုံးမှု၇၀%ထက်ပို၍များစေနိုင်ကြောင်း၊၂၀၀၃ခုနှစ်တွင်
အမေရိကန်ပြည်ထောင်စုမက်ဆာချူးဆက်ပြည်နယ်မှအမျိုးသားများအတွင်းပို၍
ဖြစ်ခဲ့သည်ဟုဖော်ပြသည်။(အင်တာနက်)
Saturday, January 31, 2009
31Jan,09....လူထုကျန်းမာရေး(ဆေးလိပ်သောက်ခြင်းနှင့်ကင်ဆာ)..
31Jan,09…..ဇန်န၀ါရီလအတွင်းထိုင်းနှင့်မလေးရှားနိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ…
(ဇန်န၀ါရီလ-၃၁ရက်၊၂၀၀၉)
ဖြစ်ရပ်-၁။ ။ဝန်ကြီးချုပ်ဟောင်းတပ်ဆင်ကိုထောက်ခံသောလူ၅သောင်းခန့် သည်ထိုင်းနိုင်ငံ
ဘန်ကောက်မြို့ မြို့ လယ်ပန်းခြံတွင်ယနေ့ (ဇန်န၀ါရီလ-၃၁ရက်)၌စုရုံးဆန္ဒပြရန်ရှိသဖြင့်
မိမိတို့ ရဲတပ်ဖွဲ့ မှတပ်ဖွဲ့ ဝင်၅၀၀၀ခန့် ကိုနေရာအစုံမှာချထားကြောင်းထိုင်းရဲတပ်ဖွဲ့ က
ပြောကြားသည်။(BBC)
ဖြစ်ရပ်-၂။ ။ထိုင်း-မြန်မာနယ်စပ်တနေရာရှိ(KNU)၏အမှတ်-၇စစ်နယ်မြေတွင်နှစ်၆၀
မြောက်ကရင့်တော်လှန်ရေးနေ့ အခမ်းအနားအားယနေ့ နံနက်စောစောပိုင်းမှစ၍ကျင်း
ပလျက်ရှိကြောင်းသတင်းရရှိသည်။
(ဇန်န၀ါရီ-၃၀ရက်၊၂၀၀၉)
မလေးရှားနိုင်ငံအနေဖြင့်သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမူနှုန်းမြင့်မားနေပြီးယခု
အချိန်အထိလူ၁၄ဦးသေဆုံးခဲ့ကြောင်းမလေးရှားကျန်းမာရေးဝန်ကြီးဌာနကပြောဆိုသည်။
ယမန်နှစ်ကမှုသွေးလွန်တုတ်ကွေးနှင့်သေဆုံးသူလူ၅ဦးသာရှိခဲ့ပြီးရောဂါသည်မှာမူ၂၈၅၀-ဦးအထိရှိခဲ့ကြောင်းဆက်လက်ပြောဆိုသည်။(RFA)
(ဇန်န၀ါရီလ-၂၉ရက်၊၂၀၀၉)
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ တွင်ထိုင်းရှေ့ နေများကောင်စီဥပဒေအထောက်အ
ကူပြုဌာန (LLC)နှင့်လူ့ အခွင့်အရေးမြှင့်တင်မှုဖောင်ဒေးရှင်း(HRDF)တို့ မှကြီးမှုးပြီး
ထိုင်းအလုပ်သမားသမဂ္ဂ၊မဲဆောက်ဌာနေအမျိုးသမီးလုပ်ငန်းအဖွဲ့ တို့ မှပါဝင်လျက်
မြန်မာရွှေ့ ပြောင်းအလုပ်သမားများအဖွဲ့ ရှေ့ နေအထောက်အကူပြုလုပ်ငန်းနောက်
ထပ်(၆)လစတင်ခြင်းနှင့်ထိုင်းအလုပ်သမားသမဂ္ဂတွင်မြန်မာရွှေ့ ပြောင်းအလုပ်သ
မားများပါဝင်နိုင်ရေးဆွေးနွေးပွဲတရပ်ကိုယနေ့ (ဇန်န၀ါရီလ-၂၉ရက်)နေ့ ၌ကျင်းပခဲ့
ကြောင်းသတင်းရရှိသည်။ထို့အပြင်ဇန်န၀ါရီလ-(၃၀၊၃၁)ရက်များတွင်လည်းမြန်မာ
အဖွဲ့ အစည်းအချို့ အားလူ့ အခွင့်အရေးမြှင့်တင်မှုဖောင်ဒေးရှင်း(HRDF)မှထိုင်းနိုင်ငံ
၏လူကုန်ကူးမှုကာကွယ်ခြင်းနှင့်တိုက်ဖျက်ခြင်းဥပဒေ(BE 2551)ကိုသင်တန်းပို့ ချ
ရန်ရှိကြောင်းသိရသည်။
(ဇန်န၀ါရီလ-၂၈ရက်၊၂၀၀၉)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၏မြောက်ဘက်မယ်တန်မြို့နယ် မယ်လ(ခေါ်)
ဘဲဂလော့ ဒုက္ခသည်စခန်းတွင်ယနေ့ဇန်န၀ါရီလ၂၈ရက် နံနက်ပိုင်းမှစပြီးစခန်းအ
တွင်းရှိဒုက္ခသည် များပိုင်ဆိုင်သော ဆိုင်ကယ်လ်အစီး(၃၀)အားအထူးစီမံချက်အဖွဲ့ မှ
သိမ်းယူလိုက်ကြောင်းသတင်းရရှိသည်။
(ဇန်န၀ါရီလ-၂၇ရက်၊၂၀၀၉)
မြန်မာပြည်ကနာဂစ်မုန်တိုင်းကယ်ဆယ်ေ၇းအတွက်အလှူငွေရရှိရန်သီတဂူဆရာတော်
အရှင်ဥာဏိဿရ၏ယမန့် နေ့ ကအထူးတရားပွဲသည်အလှူငွေဘတ်၎သိန်းကျော်
ရရှိခဲ့ကြောင်းတရားပွဲစီစဉ်သူဖြစ်သည့်ထိုင်းနိုင်ငံဆမွတ်ဆခွန်ခရိုင်၊ မဟာချိုင်ဒေသတွင်
သီတင်းသုံးတော်မူသောရွှေတွံ တေးဆရာတော်အရှင်မဟာဝါယမကယနေ့ ဇန်န၀ါရီလ
၂၇ရက်နေ့ တွင်ပြောဆိုသည်။(RFA)
(ဇန်န၀ါရီလ-၂၆ရက်၊၂၀၀၉)
ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံဆမွတ်ဆခွန်ခရိုင် ၊မဟာချိုင်ဒေသတွင်သီတဂူဆရာတော်အရှင်
်ဥာဏိဿရသည်ဇန်န၀ါရီလ၂၆ရက်နေ့  ညပိုင်းတွင်နာဂစ်မုန်တိုင်းကယ်ဆယ်ရေးအလှူ
ငွေအတွက်အထူးတရားပွဲကျင်းပခဲ့ကြောင်း၊လူ၁၀၀၀၀ခန့် လာရောက် တ၇ားနာခဲ့
ဲ့ ကြကြောင်းသတင်းရရှိသည်။(RFA)
ဖြစ်ရပ်-၂။ ။ နှစ်နိုင်ငံအငြင်းပွားနေသောနယ်စပ်ပြဿနာနှင့်ပတ်သက်၍ငြိမ်းချမ်းစွာဖြေရှင်း
ရန်ဧည့်သည် တော်ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်သဘောတူညီ ချက်ရရှိခဲ့ပြီဖြစ်ကြောင်း
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကဇန်န၀ါရီလ၂၆ရက်နေ့ တွင်ပြောကြားသည်။ပြီးခဲ့သော ၂၀၀၈ခုနှစ်အောက်တိုဘာလမှစတင်ပြီးထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့ သည်၁၁ရာစုနှစ် ကဘုရားကျောင်းနှင့်ပတ်သက်ြပြီးအပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။(RFA)
(ဇန်န၀ါရီလ-၂၅ရက်၊၂၀၀၉)
ြ်ဖြစ်ရပ်-၁။ ။ထိုင်းဝန်ကြီးချုပ်သစ်အဘီဆစ်သည်မိမိဝန်ကြီးချုပ်ဖြစ်စဉ်က
မူဝါဒများအတိုင်းအချိန်တိုတိုအတွင်းလူထုထောက်ခံမှုရစေရန်ပုံတူကူးချနေ
သည်ဟုထိုင်းဝန်ကြီးချူပ်ဟောင်းတပ်ဆင်က့ဇန်န၀ါရီလ၂၅ရက်နေ့တွင်
်စွပ်စွဲပြောကြားလိုက်သည်။(RFA-ညပိုင်း)
ဖြစ်ရပ်-၂။ ။ရှမ်းပြည်နယ်အရှေ့ ပိုင်း၊ထိုင်း-မြန်မာနယ်စပ်တာချီလိတ်မြို့ တွင်လေးကောင်
ဂျင်ဝိုင်းအပါအ၀င်လောင်းကစားဝိုင်းများသောင်းကျန်းနေခြင်းကြောင့်မိမိတို့ ရင်သွေးကျောင်း
သားလေးများအတွက်မိဘများကစိုးရိမ်နေကြကြောင့်း(RFA)သတင်းတပုဒ်တွင်ဖော်ပြ
ထားသည်။
ဖြစ်ရပ်-၃။ ။ မလေးရှားနိုင်ငံတွင်ယခု၂၀၀၉ခုနှစ်ပထမလအတွင်းသွေးလွန်တုတ်ကွေးရောဂါ
သည်၄၂၀၀ဦးရှိပြီးယင်းတို့ မှ၎ဦးသေဆုံးခဲ့ကြောင်းမလေးရှားကျန်းမာရေးဝန်ကြီးဌာနက
ဇန်န၀ါရီလ-၂၅ရက်နေ့ မှာပြောကြားလိုက်သည်။(RFA-ညပိုင်း)
(ဇန်န၀ါရီလ-၂၄ရက်၊၂၀၀၉)
ဖြစ်ရပ်-၁။ ။ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိမြန်မာနိုင်ငံသားဒုက္ခသည်စခန်း (၉)ခုစလုံးမှာပင်လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုဖြစ်ခဲ့ကြောင်း၊၂၀၀၈ခုနှစ်တွင်မယ်လ
ဒုက္ခသည် စခန်းတခုတည်းမှာပင်အသက်မပြည့်သေးသောကလေးငယ်(၄)ဦးမှာလိင်
ပိုင်းဆိုင်ရာအကြမ်းဖက်ခံရကြောင်းသတင်းရရှိသည်။(BBC)
ဖြစ်ရပ်-၂။ ။ဂွာတာနာမို အကျဉ်းစခန်းအားဖျက်သိမ်းပစ်ရန်ဆုံးဖြတ်ခဲ့သောအမေရိကန်
သမ္မတသစ်အိုဘားမားအားမလေးရှားဝန်ကြီးချူပ်အာမက်ဘာဒါဝီကချီးကျုးစကားပြောကြား
လိုက်သည်။(VOA)
(ဇန်န၀ါရီလ-၂၃ရက်၊၂၀၀၉)
ဖြစ်ရပ်-၁ ။ ။ ထိုင်းနိုင်ငံချင်းမိုင်မြို့ အခြေစိုက်ဇင်း အနုပညာစတူရီယို(AMCP)မှရွှေ့ ပြောင်းအလုပ်သမားရင်သွေးငယ်များရေးဆွဲသောပန်းချီအနုပညာပြခန်းဖွင့်ပွဲကိုဇန်န၀ါရီ၂၃ရက်နေ့ 
နံနက်ပိုင်းကချင်းမိုင်မြို့ တွင်ကျင်းပသည်။ပန်းချီပြခန်းတွင်ဇင်းအနုပညာစတူရီယိုချင်းမိုင်နှင့်မယ်လ
ဦးဒုက္ခသည်စခန်းမှရွှေ့ ပြောင်းအလုပ်သမားရင်သွေး ငယ်များရေးဆွဲပြုလုပ်ထားသောပန်းချီ၊ ပန်းပု၊ လက်မှုအနုပညာများကိုခင်းကျင်းပြသထားသည်။(NMG)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံဘန်ကောက်မြို့ တွင်ယနေ (့ဇန်န၀ါရီ ၂၃ရက်)နေ့ ကအင်္ကျီအနီဝတ်ထား သောဂိုဏ်သား(၁၀၀)ကျော်ကမြန်မာသံရုံးနှင့်စကာင်္ပူသံရုံးရှေ့ တွင်လာမည့်ဖေဖော်ဝါရီလ၌ ကျင်းပမည့်အာဆီယံထိပ်သီးအစည်းအဝေးမှာထိုင်းနိုင်ငံကဥက္ကဌလုပ်မည့်အရေးကိုကန့် ကွက်
ဆန္ဒပြကြကြောင်းသတင်းရရှိသည်။(BBC)
ဖြစ်ရပ်-၃ ။ ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ကမြန်မာ၊အိန္ဒိယ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှသံအမတ်များအားတွေဆုံကာထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င်၊ ၀င်ရောက် လာသောအဆိုပါ(၄)နိုင်ငံမှနိုင်ငံသားများအရေးနှင့်ပတ်သက်၍ယနေ့ ဆွေးနွေးခဲ့ကြောင်းသတင်း
ရရှိသည်။(BBC)
(ဇန်န၀ါရီ-၂၂ရက်၊၂၀၀၉)
ဖြစ်ရပ်-၁။ ။ထိုင်းနိုင်ငံ၏လုံခြုံရေးနှင့်စီးပွားရေးအခြေအနေကိုထိခိုက်လာနိုင်ခြင်းကြောင့်ထိုင်းနိုင်ငံထဲသို့ တရားမ၀င်နိုင်ငံခြားသားများဝင်ရောက်နေခြင်းများကိုနှိမ်နှင်းသွားမည်ဟုထိုင်းဝန်ကြီးချုပ်အဘိဆစ်က
ဇန်န၀ါရီလ၂၂ရက်နေ့ မှာထုတ်ဖော်ပြောကြားလိုက်သည်။ ``မြန်မာနိုင်ငံဘက်ကထွက်ပြေးလာသော
လှေစီးရိုဟင်ဂျာ ဒုက္ခသည်(၁၀၀၀)ကျော်ကိုထိုင်းရေတပ်ကလူအခွင့်အရေးချိုးဖောက်ပြီးပင်လယ်ထဲပြန်ပို့ ခဲ့သည်´´ဟူ၍စွပ်စွဲခံရအပြီးထိုင်းဝန်ကြီးချုပ်သစ်ကအ်ခုလိုပြောကြားလိုက်ခြင်းဖြစ်သည်.(RFA)
ဖြစ်ရပ်-၂။ ။ အာရှတိုက်မှပထမဦးဆုံးကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့် ၏နှစ်တရာ ပြည့်အခမ်းအနားကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
လွတ်မြောက်နယ်မြေ(မလေးရှား ဌာနခွဲ)ကဦးဆောင်ပြီးဇန်န၀ါရီ-၂၂ရက်နေ့ ကကျင်း
ပကြသည်။(NMG)
ဖြစ်ရပ်-၃။ ။ ရှမ်းပြည်နယ်အရှေ့ ပိုင်းထိုင်း-မြန်မာနယ်စပ်၊တာချီလိပ်ခရိုင်တာလေမြို့ ရှိလားဟူတိုင်းရင်း
သားပြည်သူ့ စစ်အဖွဲ့ များအားမြန်မာစစ်အစိုးရကလက်နက်အလက်(၁၀၀၀)ထုတ်ပေးမည်ဖြစ်ပြီးအဖွဲ့ အင်
အားတိုးချဲ့ ရန်ညွှန်ကြားထားကြောင်းသိရသည်။ယခုကဲ့သို့ လက်နက်ထုတ်ပေးခြင်းသည်ဝပြည်သွေးစည်း
ညီညွတ်ရေးအဖွဲ့ (UWSA)ကိုထိုးစစ်ဆင်ရာတွင်လားဟူပြည်သူ့ စစ်အဖွဲ့ ကိုကြားခံအဖြစ် ထားလိုခြင်း ကြောင့်ဖြစ်နိုင်ကြောင်းဒေသခံများကသုံးသပ်သည်။(NMG)
(ဇန်န၀ါရီလ-၂၁ရက်၊၂၀၀၉)
မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ တွင်အခြေစိုက်သောကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး
ရုံး(UNHCR)မှမြန်မာဒုက္ခသည်များနှင့်တိုင်းရင်းသားများအကြားခွဲခြားဆက်ဆံနေတာ
ကိုမကျေနပ် သဖြင့်မြန်မာဒုက္ခသည်များကဇန်န၀ါရီ၂၁ရက်နေ့ တနေ့ လုံးကန့် ကွက်ဆန္ဒပြခဲ့ကြောင်း
သတင်းရရှိသည်။(DVB)
31Jan,09….လူထုကို ခေါင်းဆောင်မယ့်သူတွေဟာ လူထုကိုနားလည်ရမယ်
ရဲဘော်ဖိုးသံချောင်း / ၂၈ ဇန်န၀ါရီ ၂၀၀၉
တလောက ရေဒီယိုအင်တာဗျူးတခုမှာ အဖွဲ့အစည်းတခုက တာဝန်ရှိသူတဦးကို သူတို့မှာ
ဘာအစီအစဉ်တွေရှိသလဲလို့ မေးတော့ သူက သူတို့ရဲ့ အစီအစဉ်တွေကို ပြောပါတယ်။
ဒီနောက် မေးတဲ့သူက အဲဒီအစီအစဉ်တွေအောင်မြင်မယ်လို့ ယူဆပါသလားလို့ထပ်မေးတော့
အဲဒီတာဝန်ရှိသူက ဒါကတော့ လူထုအပေါ် တည်တာပဲ၊ လူထုကိုစောင့်ကြည့်ရမှာပဲလို့ ဖြေတာ
ကြားလိုက်ရပါတယ်။
သူပြောပုံက သူ့ဘက်ကတော့ တာဝန်ကျေပြီ။ အဲဒီအတိုင်း လူထုကလိုက်လုပ်ရင် အောင်မြင်မှာပဲ၊
မအောင်မြင်ရင် လူထုရဲ့ တာဝန်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ နားထောင်ရင်း တုန်လှုပ်သွားမိပါတယ်။
လုပ်ငန်းစဉ်တခု၊ လမ်းစဉ်တရပ်ကို လူထုက လိုက်နာအကောင်အထည်ဖော်တာမလုပ်ရင် ဒါဟာ
လူထုရဲ့တာဝန်ပဲလို့ သုံးသပ်တာမျိုးကို အရင် သခင်စိုးပါးစပ်ကပဲ ကြားဖူးပါတယ်။ အခု နှစ်ပေါင်း
(၆ဝ)ကျော်ကြာပြီးတဲ့နောက်မှာ သခင်စိုးနဲ့ဘာမှမဆိုင်တဲ့ လူတဦး ပါးစပ်ဆီက ကြားရပြန်ပါတယ်။
ပြောတဲ့လေသံချင်းတော့ မတူဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဓိပ္ပာယ်က အတူတူပါပဲ။
တနည်းပြောရရင် ကိုယ်ချမှတ်တဲ့ လုပ်ငန်းစဉ် မှန်မမှန်ဆိုတာ အရေးမကြီး၊ လိုက်လုပ်တဲ့ လူမှာ
စွမ်းရည်ရှိမရှိက အရေးကြီးတယ်လို့ဆိုတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီတလောမှာ စက်တင်ဘာသံဃာ့အရေးအခင်းပြီးတဲ့နောက်ပိုင်း အတော်ကြာကြာမကြားရတဲ့
“ဗမာပြည်က လူထုတွေဟာ ကြောက်နေကြတယ်” ဆိုတဲ့စကားလည်း အတော်လေး ပြန်ကြားလာရပါ
တယ်။ တချို့များဆိုရင် အနောက်နိုင်ငံသားတွေပြောတဲ့ လေကိုလိုက်ပြီး ဗမာပြည်က လူထုမို့ပေါ့၊
တခြားနိုင်ငံက လူထုသာဆိုလို့ကတော့ ဒီလိုဖိနှိပ်နေရင် ပေါက်ကွဲထွက်တာ ကြာလှပြီဆိုတဲ့
စကားမျိုးတွေတောင် ပြောကြပါတယ်။ ဒီလိုအပြောတွေနဲ့ ပြောင်းပြန်၊ ပြည်တွင်းကအသံတချို့ကတော့
လူတွေဟာ သေမထူး၊ နေမထူး ဖြစ်နေပြီ၊ ဘာမှမကြောက်တော့ဘူး၊ ခေါင်းဆောင်မှုမရှိလို့လို့ ပြောတာ
ကြားရပါတယ်။
အရေးတော်ပုံတရပ်၊ တော်လှန်ရေးတရပ် အခက်အခဲနဲ့ရင်ဆိုင်လာရပြီဆိုရင် ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်
တင်လုပ်ကြတာ မဆန်းဘူးလို့တောင် ပြောနိုင်ပါ တယ်။ ဘာမှမဝေဖန်လိုပါဘူး။ ဒါပေမယ့် ပြည်သူလူထုကို
ိုအပြစ်တင်တာကျတော့ မဝေဖန်လို့မဖြစ်ပါဘူး။ ကိုယ်က ကျည်ဆန်မပြောနဲ့ ဒုံးပျံနဲ့လှမ်းပစ်တောင် မထိနိုင်
တဲ့ နေရာမှာနေပြီး ဟိုမှာ သေနတ်ပြောင်းထိပ်နေရသူတွေကိုကြောက်တယ်လို့ ပြောတာဟာမတရား
လွန်းရာကျပါတယ်။ သေစရာရှိတော့ လူထုက သေရတာပါ။
ခေါင်းဆောင်မှုအတတ်ပညာမှာ အရေးကြီးဆုံးက လူထုအခြေအနေကို နားလည်တာနဲ့ လူထုလက်ခံနိုင်တဲ့၊
လူထုလိုက် အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တရပ်ချမှတ်ဖို့ ဖြစ်ပါတယ်။ လူထုက အကောင်အထည်
မဖော်ရင် ဘာမှဖြစ်မလာပါဘူး။ အဝေးကနေ ကွန်ပျူတာတခု၊ အသံလွှင့်ချက်တခုနဲ့ လူထုလှုပ်ရှားမှုကြီးကို
ထိန်းချုပ်တယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ဖြစ်နိုင်ပါတယ်။ လူထုထဲမှာဆင်း၊လူထုနဲ့အတူတိုက်ပွဲဝင်ရပါမယ်။
ကိုယ်တိုင်မသွားနိုင်ရင် သွားနိုင်တဲ့လူတွေဆင်း၊ အမြုတေအင်အားအဖြစ်မြှုပ်နှံ၊ အချိန်တန်ရင်တိုက်ပွဲဖော်
စသဖြင့် လုပ်ရပါတယ်။ မြေအောက်လုပ်ငန်းဆိုတာ ငွေရှိရင်ဖြစ်တာပဲဆိုတာမျိုး သဘောထားလို့မဖြစ်ပါ။
ငွေလိုအပ်ပါတယ်။ များလေကောင်းလေပါ။ ဒါပေမယ့် ငွေနဲ့ဝယ်ရတဲ့ မြေအောက်ကေဒါနဲ့ တွဲလုပ်ဖို့ဆိုရင်
တော့ လူတိုင်းအနည်းဆုံးနှစ်ခါ စဉ်းစားကြမှာပါပဲ။
တချို့သော ခေါင်းဆောင် (လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေသူ) တွေဟာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရှင်လို့
ထင်နေကြပါတယ်။ ဒါဟာ အဆိုးဆုံးပါပဲ။ ကိုယ့်ကိုယ်ကိုယ် လူထုအထက်ကလို့ ထင်တဲ့လူဟာ တကယ်သာ
နိုင်ငံ့ခေါင်း ဆောင်ဖြစ်လာရင် လူထုရဲ့အထက်မှာနေမှာ၊ လူထုထက်ပိုပြီး အခွင့်ထူးတွေ ခံစားမှာ သေချာ
ပါတယ်။ ခေါင်းဆောင်ဟာ လူထုထက် စာပိုဖတ်ထားတာ၊ အဆက်အသွယ်ပိုကောင်းတာအမှန်ပါပဲ။
ဒါပေမယ့် ဒီလိုကြောင့်မို့ လူထုကို အနုံအ-အတွေလို့ထင်ရင် မှားပါတယ်။ အရေးအကြီးဆုံးအချက်က အရာ
ကိစ္စတွေ၊ အထူးသဖြင့် အရေးတော်ပုံတွေ၊ တော်လှန်ရေးတွေရဲ့အနိုင်အရှုံးကို လူထုကြီးက အဆုံးအဖြတ်
ပေးတာ ဖြစ်တယ်ဆိုတဲ့ အချက်ကို မမေ့ဖို့ပါပဲ။
လူထုမပါရင် ဘာမှဖြစ်မလာပါဘူး။ အောင်ပွဲဆိုတာကတော့ အိပ်မက်တောင် မမက်နိုင်ပါဘူး။ ဒါကြောင့်မို့
အောင်ပွဲကို ပြည်ပအကူအညီက ယူလာပေးမယ်လို့ ယူဆမျှော်လင့်ပြီး ကိုယ့်နိုင်ငံက လူထုကိုတော့ စမ်း
သပ်ခန်းထဲက ယုန်လို၊ ပူးလိုသဘောထား လုပ်ကိုင်နေတာတွေကို ရပ်တန်းက ရပ်သင့်ပါတယ်။ နောင်မှာ
ရှင်းရခက်တဲ့ ပြဿနာတွေ သယ်လာတဲ့လူအဖြစ် ကိုယ်ဟာသမိုင်း တရားခံတောင်ဖြစ်သွားနိုင်ပါတယ်။
လူထုနဲ့ကေဒါ၊ လူထုနဲ့ခေါင်းဆောင်တို့အကြား မတူတာတွေကိုလည်း သဘောပေါက်ရပါမယ်။ လူထုဟာ
နိုင်ငံရေးလုပ်ငန်း တခုတည်းကိုသာ အဓိက လုပ်နေတဲ့ လူတွေမဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ သူတို့
အနေနဲ့ စားဝတ်နေ ရေးအတွက် လုံးပန်းရသလို ကျောင်းသားဆိုရင်လည်း ပညာရေးအတွက်လုံးပန်းရ
စသဖြင့် အဓိကလုပ်နေတဲ့ လုပ်ငန်းတွေ ကိုယ်စီရှိကြပါတယ်။ ကေဒါ၊ နိုင်ငံရေး သမား၊ နိုင်ငံရေး
ခေါင်းဆောင်ဆိုတာကတော့ နိုင်ငံရေးလုပ်ငန်းကို အဓိကထား လုပ်နေသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ
သူများထက် နိုင်ငံရေးအသိလည်း ပိုမြင့်တယ်လို့ ယူဆထားရတဲ့ လူတွေဖြစ်ပါတယ်။ ဒီတော့ လူထုကို
ကေဒါ၊ နိုင်ငံ ရေးသမား၊ နိုင်ငံရေးခေါင်းဆောင်တို့လို အချိန်မရွေး ထတိုက်နိုင်ရမယ်လို့ မမျှော်လင့်သင့်ပါဘူး။ ခေါင်းဆောင်ရဲ့တာဝန်ဟာ လူထုရဲ့ အခြေအနေကို သိရှိပြီးလူထုလိုက်ပါနိုင်မယ့်အချိန်၊ အဆင့်၊တိုက်ပွဲသဏ္ဌာန်တို့ကို
ရွေးချယ်ဖို့ဖြစ်ပါတယ်။
ခေါင်းဆောင်ဟာ လူထုကို ဆရာလုပ်ဖို့မဟုတ်ပါ။ ကိုယ်က လူထုထက်ပိုသိတာ၊ ပိုတတ်တာတွေ ရှိနိုင်ပါတယ်။
ဒါပေမယ့် လူထုမှာလည်း ကိုယ့်ထက်သိတာ၊ တတ်တာတွေ ရှိနိုင်တယ်ဆိုတာ မမေ့သင့်ပါ။ ကိုယ့်ကို သူတို့က
သိဖို့ထက် ကိုယ်က သူတို့ကိုသိဖို့က ပိုအရေးကြီးတယ်၊ ပိုလိုအပ်တယ်ဆိုတာလည်း သတိ ထားသင့်ပါတယ်။
သူတို့ကို ဆရာမလုပ်ခင် သူတို့ဆီမှာ တပည့်ခံသင့်ပါတယ်။
သူတို့ကိုယ့်ကိုယုံဖို့ဟာ အင်မတန်မှ အခရာကျပါတယ်။ ဘယ်သူမှ ကိုယ်မယုံတဲ့ လူရဲ့ ညွှန်ကြားချက်ကို လက်မခံပါဘူး။
နောက်ပြဿနာတခုက ခေါင်းဆောင်မှု (ခေါင်းဆောင်ကိုယ်တိုင်လို့ မဆိုတာ သတိပြုပါ) ဟာ ခေါင်းဆောင်ရမယ့်အချိန်မှာ ခေါင်းဆောင်ရမယ့်နေရာကို သင့်တော်တဲ့သဏ္ဌာန်နဲ့ ရောက်ရှိနေဖို့ဖြစ်ပါတယ်။ ခေါင်းဆောင်မှုဟာ နည်းသဏ္ဌာန်မျိုးစုံနဲ့
လူထုဆီကို ရောက်ပါတယ်။ ကိုယ်တိုင်လည်းဖြစ်ချင်ဖြစ်မယ်၊ ကိုယ်ကတာဝန်ပေးထားသူလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် တခြားနည်းနာ တွေနဲ့လည်းဖြစ်ချင်ဖြစ်မယ်၊ လူထုလိုအပ်နေတဲ့အချိန်မှာ ဘာတွေကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့
ဲ့ ညွှန်ကြားချက်နဲ့ စိတ်ဓာတ်အချိန်မီ ရောက်သွားဖို့ အရေးကြီးပါတယ်။
ပြီးခဲ့တဲ့သံဃာ့အရေးအခင်းကြီးတုန်းက စက်တင်ဘာလ(၂၉) ရက်နေ့မှာ အရေအတွက် ထောင်ပေါင်းများစွာရှိတဲ့
လူထုကြီးဟာ ဒိအရင်နေ့တွေ တုန်းကလိုပဲ သံဃာတော်တွေ ထွက်လာမယ်ထင်လို့ ဆူးလေဘုရားလမ်း၊ ပန်းဆိုး
တန်း လမ်းတို့မှာ စုဝေးရောက်ရှိနေကြပါတယ်။ ဒါပေမယ့် အခြေအနေက အဲဒီအရင်တညကပဲ သံဃာတော်တွေကို
ကျောင်းတွေပိတ်ပြီး ရိုက်နှက်ဖမ်းဆီး ခဲ့လို့ သူတို့ဟာဆန္ဒပြထွက်မလာနိုင်တော့ပါဘူး။ နေ့ခင်း (၁) နာရီ၊ (၂) နာရီ
လောက်ကျတော့ စောင့်ဆိုင်းနေတဲ့ လူထုကြီးဟာ သောင်းဂဏန်းဖြစ်သွားပါပြီ။ တကယ်လို့သာ အဲဒီတုန်းက ခေါင်းဆောင်မှုပေါ်လာခဲ့ရင်၊ အနည်းဆုံးလူ (၄-၅) ယေက်ကနေ သံဃာတော်တွေတော့ ဘယ်လိုဖြစ်ကုန်ပြီ၊
လူတွေဆက် တိုက်ပွဲဝင်ကြစို့ဆိုတာမျိုး လှုံ့ဆော်ဦးဆောင်ခဲ့ရင် လူထုကြီးဟာ မုချနောက်က ပါလာမှာပါပဲ။
ဒါပေမယ့် အခုတော့ဘယ်ခေါင်းဆောင်မှုမှ ပေါ်မလာလို့ လူထုကြီးဟာ တက်တခေါက်ခေါက်နဲ့
် ပြန်သွားခဲ့ကြပါတယ်။
ဒါက ပြနေတာက ခေါင်းဆောင်မှုနဲ့ လူထုဆက်စပ်မှုပြဿနာကို သေချာ လေးလေးနက်နက် လေ့လာ
ဖြေရှင်းရမယ်ဆိုတာပါပဲ။ ဒီတာဝန်ကို ခေါင်းဆောင်မှုဘက်က ထမ်းဆောင်ရမှာပါ။ စားဝတ်နေရေးနဲ့
လုံးချာလိုက်နေတဲ့ လူထုက ဒါတွေကိုလေ့လာဖို့၊ ဖြေရှင်းဖို့ အချိန်လည်းမရှိ၊ တခြားအချက် အလက်
တွေလည်း မရှိပါဘူး။ ဒါတွေကို မဖြေရှင်းဘဲ လူထုကိုပဲ မေးငေါ့အပြစ် တင်နေလို့ကတော့နီရိုဘုရင်
်ရဲ့လုပ်ရပ်နဲ့ ကွာလှမှာမဟုတ်ပါဘူး။
31Jan,09…….နှစ်(၆၀)မြောက်ကရင့်တော်လှန်ရေးနေ့ ဂုဏ်ပြုသ၀ဏ်လွှာ…….
ယနေ့ သည်မြန်မာပြည်သားသွေးချင်းသားချင်းညီအစ်ကိုမောင်နှမများဖြစ်ကြ
သောကရင်တိုင်းရင်းသားတို့ ၏တရားသောစစ်ပွဲဆင်နွဲခဲ့သည့်နှစ်၆၀မြောက်က
ရင့်တော်လှန်ရေးနေ့ ဖြစ်ပေသည်။၁၉၄၉ခုနှစ်ဇန်န၀ါရီလ၃၁ရက်နေ့ တွင်ထိုစဉ်
ကပါလီမန်အစိုးရအားစတင်တော်လှန်ခဲ့ကြခြင်းဖြစ်ပြီးဤတော်လှန်ရေးခရီးရှည်
်ကြီးအတွင်းမှာပင်စောဘဦးကြီး ၊မန်းဘဇန်၊ဗိုလ်ချူပ်မြ၊ ဖဒိုစောဘ သင်စိန်၊ဖဒိုစော
တမလာဘော၊စသည့်ဥက္ကဌအဆက်ဆက်မှမိမိတို့ ပြည်သူလူထု
ကိုဦးဆောင်ဖြတ်သန်းခဲ့ကြပေသည်။KNU (ကရင်အမျိုးသားအစည်းအရုံး)နှင့်
့်KNLA(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)တို့ သည်မိမိတို့၏ပြည်သူ လူထုနှင့်အတူမြန်မာနိုင်ငံတွင်သက်တမ်းအရှည်ဆုံးလက်နက်ကိုင်တော်လှန်ရေး
ကိုဦးဆောင်ဆင်နွှဲခဲ့ကြပေသည်။ ကရင့်တိုင်းရင်းသားတို့ ၏တော်လှန်ရေးဘ၀အထွေ ထွေတွင်တော်လှန်ရေးရေစီးကြောင်းကားအနိမ့်အမြင့်၊အတက်အကျ၊အကွေ့ အ၀ိုက်၊ အနုအကြမ်းစသောတော်လှန်ရေးလမ်းများကိုအကောင်းဆုံးဖြတ်သန်းခဲ့ကြပေသည်။
၁၉၄၉ခုနှစ်မှ၁၉၆၂ခုနှစ်အထိကာလတွင်လွတ်လပ်ပြီးခေတ်ပါလီမန်အစိုးရအားလည်း
ကောင်း၊၁၉၆၂ခုနှစ်မတ်လမှ၁၉၈၈ခုနှစ်စက်တင်ဘာလအထိဗိုလ်နေ၀င်းအမှုးပြုသော
တစ်ပါတီအာဏာရှင်စနစ်နှင့်စစ်အစိုးရအားလည်းကောင်း၊၁၉၈၈ခုနှစ်စက်တင်ဘာလ
မှယနေ့ အထိ န၀တ(နအဖ)စစ်အုပ်စုအားလည်းကောင်းအသီးသီးတော်လှန်ခဲ့ကြသည်
ကိုတွေ့ ရသည်။ကရင့်တော်လှန်ရေးခရီးရှည်ကြီးတွင်-
(၁) ၁၉၅၀ခုနှစ်သြဂုတ်လ၁၂ရက်နေ့ ၌ဥက္ကဌကြီးစောဘဦးကြီးအားစစ်ဝါဒီများက
လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း(ထို နေ့ ကိုကရင်အာဇာနည်နေ့ အဖြစ်ယနေ့ တိုင်ကျင်းပ)။
့်(၂)၂၀၀၈ခုနှစ်ဖေဖော်ဝါရီလ၁၄ရက်နေ့ တွင်လည်းအထွေထွေအတွင်းရေးမှူးဖြစ်သူ
ဖဒိုမန်းရှာလဖန်းအားလုပ်ကြံသတ်ဖြတ်ခဲ့ခြင်း။
(၃)၁၉၉၄ခုနှစ်တွင်DKBA(တိုးတက်သောကရင်ဗုဒ္စဘာသာတပ်မတော်)ပေါ်ပေါက်လာခြင်း
……စသည်တို့ သည်စစ်ဝါဒီအဆက်ဆက်၏ သွေးခွဲလုပ်ကြံဖြိုခွင်းခဲ့သောမလိုလား အပ်သည့်ဖြစ်ရပ်များဖြစ်သည်။သွေးချင်းသားချင်းကရင်တိုင်းရင်းသားတို့ ၏နှစ်၆၀မြောက်
တော်လှန်ရေးနေ့ အခါသမယတွင်စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ပေါ်ထွန်းရေးနှင့်
့်အမျိုးသားတန်းတူညီမျှရေးတို့ အတွက်ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှကြိုးပမ်းအားထုတ်သွားပါ
မည်ဟုမိမိတို့ မှအလေးအနက်ဖော်ပြအပ်ပါသည်။ဥက္ကဌစောဘဦးကြီးလက်ထက်မှယနေ့ အ
ထိနှစ်ပေါင်း၆၀တိုင်အောင်မပြောင်းမလဲနှင့်တစ်ကြောင်းထဲသောလမ်းစဉ်များဖြစ်ကြသော....
(၁)လက်နက်ချခြင်းအလျဉ်းမရှိစေရ။
(၂)ကရင့်လက်နက်ကရင့်လက်ဝယ်ရှိရမည်။
(၃)ပြီးပြည့်စုံသောကရင်ပြည်နယ်ရရှိရမည်။
(၄)ကရင့်ကြမ္မာကရင်ဖန်တီးနိုင်ရမည်။........ဆိုသည်တို့ ကိုလည်းကောင်း၊
``ကရင်တွေရန်ကုန်ဆင်းပြီင်္းလည်စင်းမခံသမျှ၊ကရင့်တော်လှန်ရေးဟာဘယ်တော့မှမရှုံးဘူး´´
ဟူသောစောဘဦးကြီး၏မော်ကွန်းဝင်စကားသည်လည်းကောင်းမိမိတို့ ၏ညီနောင်သွေးချင်းများ
မိသားစုများ၏နှလုံးသားများတွင်စီးဝင်ပျံ့ နှံ့ ကျရောက်ပါစေသတည်း။
………………………တရားသောစစ်ပွဲ-ဆက်လက်ဆင်နွဲ ကြ။
………………………စစ်အုပ်စုအားဘက်ပေါင်းစုံမှဆန့် ကျင်တော်လှန်ကြ ။
(မြန်မာပြည်သားစာစောင် နှင့်ဘလော့ဂ်ဝိုင်းတော်သားများ)
မြန်မာပြည်သူများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)
နေ့ စွဲ ။ ။ ၃၁ ဇန်န၀ါရီလ ၂၀၀၉။
Friday, January 30, 2009
30Jan,09...ဘင်္ဂလားဒေ့ရှ်နိုင်ငံဖလောင်းချိတ်ကမ်းခြေမှရခိုင်တိုင်းရင်းသားယဉ်ကျေးမှု...
xxxဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၊ကော့ဆစ်ဘဇားမြို့ ဖလောင်းချိတ်ကမ်းခြေရှိအဝေးရောက်ရခိုင်
တိုင်းရင်းသားတို့ ၏ယဉ်ကျေးမှုအကဓာတ်ပုံများဖြစ်ပါသည်။
ပေးပို့ သူ--နိုင်နိုင်(စစ်တွေ)
Rest of your post
30Jan,09…..ရွှင်ပြုံးတခဏ-ဘောလုံးဟာသ…….
(သူမကကျေနပ်မယ်ဆိုရင်တော့)
ချယ်ရီကိုးလ်သည်ချဲလ်ဆီးနှင့်အင်္ဂလန်လက်ရွေးစင်ဖြစ်သူလင်တော်မောင်အက်ရှ်လေကိုးလ်၏
အပြုအမူနှင့်ပတ်သက်၍အလွန်ပင်စိတ်ဆင်းရဲရသည်။၎င်းအပေါ်ဂရုမစိုက်သောကြောင့်လည်း
ကွဲကွာမလိုဖြစ်ရသည်မှာအကြိမ်ကြိမ်ဖြစ်သည်။တနေ့ သော်အက်ရှ်လေကိုးလ်ဘောလုံး
လေ့ကျင့်ရေးမသွားမီချယ်ရီကိုးလ်က၄င်းအနားသို့ သွားပြီးဖျောင်းဖျသည်။
``ဒါလင် ရယ်……ဒါလင့်သူငယ်ချင်းရှုနီကိုကြည့်စမ်းပါ။ ကောလင်းအတွက်ဆိုရင်ကား တွေတစ်စီးပြီးတစီးလက်ဆောင်ပေးတယ်။ပြီးတော့လဲယုယလိုက်တာလည်းမပြောပါနဲ့ တော့။လေ့ကျင့်ရေးမသွားမီအချိန်တွေမှာလည်းအကြင်နာတွေပေးသေးတယ်။ရှင်ရောဒီလို
မနေချင်ဘူးလား။အားမကျဘူးလားဟင်´´။
ထိုအခါအက်ရှ်လေကိုးကခေါင်းကုတ်ပြီး-``အားတော့ကျတာပေါ့ကွ၊ငါလည်းဒီလိုဖြစ်ချင်တာပဲ။
ဒါပေမယ့် ကောလင်းသဘောတူမယ်၊ကျေနပ်မယ်ဆိုရင်ပေါ့ကွာ´´။
မှတ်ချက် ။ ။နိုင်ငံတကာဘောလုံးဟာသများမှ……….။
30Jan,09...မဟာချိုင်မှ မြန်မာအလုပ်သမားများ အလုပ် လုပ်ကိုင်ခွင့် လက်မှတ်ကိစ္စဖြင့် လိမ်လည်ခံရ
(ဇန်န၀ါရီ ၃၀၊၂၀၀၉)
မြန်မာပြည်ပြန်သွားသော အလုပ်သမားများ နေရာတွင် အစားထိုးကာ အလုပ် လုပ်ကိုင်ခွင့်လက်မှတ်
(ဘတ်) လုပ်ပေးမည်ဟုဆိုပြီး ငွေများလိမ်လည်ခံနေရကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး မဟာချိုင်၊ မူစီရပ်ကွက် နလုံဆီးဖု (ပင်လယ်အစား အစာစက်ရုံ)
မြန်မာအခေါ်(ဂျပန်ရုံ)တွင် အလုပ်သမားခေါင်းဆောင် ထိုင်းအမျိုးသမီးက အဆိုပါစက်ရုံမှ နေရပ်
ပြန်သွားသော မြန်မာအလုပ်သမားများနေရာတွင် အစားထိုးကာ အလုပ် လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်)
လုပ်ပေးမည်ဆိုပြီး အလုပ်သမား (၂၀၀) ကျော်ထံမှ တစ်ဦးလျှင် ဘတ် (၂၀၀၀) စီယူထားကြောင်း သိရသည်။
အလားတူ ၄င်းစက်ရုံမှာပင် ထိုင်းအလုပ်သမားခေါင်းဆောင်တစ်ဦးနှင့် မြန်မာအလုပ်သမား ထားဝယ်မောင်မောင်(ခ)အေးဝင်းတို့ကလည်း မြန်မာအလုပ်သမား (၅၀) ကျော်တို့ထံမှ တစ်ဦးလျှင်
ဘတ်ငွေ(၃၀၀၀)စီ တောင်းယူထားကြောင်း သိရသည်။
အလုပ်သမား ကိုမောင်စောက “ကျနော်တို့ကို ပြီးခဲ့တဲ့နှစ် (၁၁) လပိုင်းကတည်းက အစားထိုးဘတ်ရမယ်ဆိုပြီး
ငွေတောင်း ထားတာပါ။ အဲဒါ အခုအချိန်အထိ မရသေးလို့ ကျနော်တို့က ဘတ်မရရင်လည်း ငွေပြန်ပေးပါလို့
ပြောတော့ ငွေလိုချင်ရင် ပုလိပ်ဆီမှာတောင်းလို့ ပြောပါတယ်။ ဒါသက်သက်အနိုင်ကျင့်တာ။ လိမ်တာပါ။
ဘယ်လိုတောင်းရမလဲ။ ပွဲစားတွေက ကျနော်တို့ဆီကလိမ်ပြီး ရွှေတွေဝတ်ထာကြတယ်။ ကျနော်တိုက
သူများဆီက ငွေချေးပြီး ပေးထားရတာပါ” ဟုပြောသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ထာ;၀ယ် မောင်မောင်(ခ)အေးဝင်းကို ဖုန်းဆက်သွယ်မေးမြန်းရာတွင် “ဒီကိစ္စနဲ့
ပတ်သက်ပြီး ကျုပ်ဘာမှ ပြောစရာမရှိဘူး” ဟုပြန်ပြောခဲ့သည်။
အဆိုပါ စက်ရုံတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား (၅၀၀၀)ခန့် အလုပ် လုပ်ကိုင်လျှက်ရှိသည်။
မဟာချိုင်တွင် မြန်မာအလုပ်သမားများ သိန်းချီရှိသဖြင့် ပွဲစားများနှင့် ပုလိပ်တို့ပူးပေါင်း၍ ဖမ်းဆီး
ငွေညှစ်ခြင်းများ၊ ထိုင်းလမ်းသရဲတို့၏ လုယက်မှုများ၊ မတရားပြုကျင့်မှုများနှင့် သတ်ဖြတ်ခံရခြင်းများ အမြဲဖြစ်နေသောဒေသဖြစ်ကြောင်း ဒေသခံ မြန်မာအလုပ်သမားများကပြောသည်။
သတင်း.....ဦးကျော်သောင်း(ဘန်ကောက်)
30Jan,2009.....စွမ်းအားရှင်တွေသတိထားကြဟေ့.......
xxxလမ်းသလားရင် သူဘုရင်မို့ 
စွမ်းအားရှင်လို့ ခေါ်တွင်သလားဗျို့ .......။
+++ထမင်းကျွေးတဲ့လူလက်ကိုပြန်ကိုက်တာ
ခွေးထက်မိုက်တဲ့လုပ်ရပ်တွေပါဗျာ.....။
xxxရပ်ထဲရွာထဲမှာအစိုးရဆန့် ကျင်ရေးစကားနဲ့ 
အမှန်တရားတွေကိုဖော်ထုတ်သူမှန်သမျှ
တုတ်ပြ၊ဓားပြ၊သံတုတ်ပြပြီး
အကြမ်းနည်းသုံးလို့ 
ရမ်းကြဖို့  ခေါ်တွင်တာဟာ
စွမ်းအားရှင်တဲ့လားဗျာ.....။
+++ဒီလူတွေဟာလက်ကိုင်တုတ်မူဝါဒနဲ့ 
ဓားမနောက်ပိတ်ဝှေး ဘ၀ဆိုတာ
မိမိကိုယ်ကို သိကြရဲ့ လားဗျာ......။
xxxလူထုကအစဉ်မှတ်မယ့်
ပြည်သူ့ ချဉ်ပတ်ဆိုတာက
နအဖ ကနံပါတ်တစ်
ကြံ့ ဖွတ်က နံပါတ် နှစ်
စွမ်းအားရှင်က နံပါတ်သုံး
မင်းတို့ အားလုံး.....
ဒီကမ္ဘာမှာပုန်းစရာမြေမရှိဘူးမှတ်ပါ
မင်းတို့ လုပ်ရပ်ဒီမှာတင်ရပ်ပါ...............။ ။
ပေးပို့ သူ...... နဂါးမျက်စောင်း(ခေါန်ကန်)လာအို - ထိုင်းနယ်စပ်
Thursday, January 29, 2009
29 jan,09……ရွှင်ပြုံးတခဏ-ဘောလုံးဟာသ
(အဲဒါဘယ်သူလဲဒါလင်)
အင်္ဂလန်တိုက်စစ်မှူးဖြစ်သူ ပီတာခရော့ခ်ျသည်သူ့ချစ်သူကလန်စီ၏နေထိုင်သေသပ်ပုံနှင့်
ပတ်သက်ပြီးအလွန်ဂုဏ်ယူသည်။အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး
သူငယ်ချင်းများရှေ့တွင်အမြဲတစေကြွားဝါပြောဆိုလေ့ရှိသည်။တနေ့သော်ယင်း၏
မိန်းမကလန်စီနှင့်အတုအိမ်တွင်အတူရှိနေစဉ်သူငယ်ချင်းများအားသူကယခုလိုပြောဆိုလိုက်သည်။
”အင်္ဂလန်ရဲ့WAGs(နာမည်ကျော်ဘောလုံးစတားများ၏ချစ်သူ၊ဇနီး) တွေဟာသူများ
ထက်အကဲပိုတယ်လို့သတင်းထွက်နေ
တယ်။သူတို့ခင်ပွန်းတွေကလည်း နေ့တိုင်းစိတ်ပူနေရတယ်။အင်္ဂလန်အသင်းမှာတခြားယောင်္ကျားနဲ့
မဖောက်ပြားတဲ့အပျိုစစ်စစ်ရထားတာဆိုလို့တစ်ယောက်ပဲရှိတယ်ကွ။ကလန်စီရ…..သိရဲ့လား….”
ထိုအခါကလန်စီကမျက်လုံးအ၀ိုင်းသားနှင့်အံ့သြသောအနေအထားဖြင့်……..”အဲဒါဘယ်သူလဲဒါလင်”
မှတ်ချက် ။ ။ နိုင်ငံတကာဘောလုံးဟာသများမှ………။
29Jan,2009…..အမျှဝေလျက်ပါလူကြီးများခင်ဗျား……….
Xxxဟောဒီကရပ်ကွက်ထဲမှာ
သူသာဗိုလ်ပဲ , ကုလားပဲ , ပဲစဉ်းငုံရယ်လို့ 
အာဏာကုန်ဗိုလ်ကျဖို့ 
ဗိုလ်ဓားပြတွေကရွေးချယ်လိုက်ကြတယ်……။
Xxxအရင်က ရပ်ထဲ , ရွာထဲက
အရပ်ခွေးလိုလို , ရွာခွေးလိုလိုလူတွေဟာ
``ရပ်ကွက်လူကြီး´´ဖြစ်လာမှ
ရပ်သူဌေး , ရွာသူဌေး ဘဝ
ရောက်ရတော့တာပါပဲ…….။
Xxxလူကြီးသာလျှင် ဗိုလ်ကျတာမဟုတ်ပဲ
လူကြီးကတော်ကပါ
လင့်အာဏာမယားလည်းပါနေသလိုလို
ဗိုလ်ကျလာကြတယ်……..။
Xxxလူကြီး နဲ့ လူကြီးကတော်တို့ ဟာ
လမ်းလျှောက်ရတာတောင်
တစ်တောင် , နှစ်တောင် လွတ်နေသလို
ဖွတ်မွဲပြာစုတဲ့ရပ်ရွာလူထုဟာ
သူတို့ ကိုသာဓု အကြိမ်ကြိမ်ခေါ်နေကြ
ပြုပြု သမျှကုသိုလ်ဒါန (ဓားပြတွေကိုပေးရသမျှ)
အမျှ- အမျှ - အမျှ ပါတဲ့ခင်ဗျ………။ ။
ပေးပို့ သူ ---- လူဇော်(ဘန်ကောက်)
Wednesday, January 28, 2009
28Jan,09…… ရွှေ့ ပြောင်းအလုပ်သမားများရဲ့ ဒေသအလိုက်လုပ်အားခစံနှုန်းများ….
(၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ၁ရက်နေ့ ကစပြီးသတ်မှတ်သည့်နှုန်းများ)
*ဘန်ကောက်၊နခွမ်းပထုန်၊ နွန်ထပူရီ ၊ပထုမ်ဌာနီ ၊ဆမွတ်ပရကန်၊ဆမွတ်ဆာခွန်း…………၂၀၃ ဘတ်။
*ဖူးကစ်………………………………………………………………….. ..............................၁၉ရ ဘတ်။
*ချွန်းပူရီ…………………………………………………………………................................၁၈၀ ဘတ်။
*ဆရပူရီ…………………………………………………………………. ..............................၁၇၉ ဘတ်။
*ချချိန်းဆောင်း ၊ ဖရနခွမ်းဆီအယုဒ္စယ၊ရယောင်း………………. ................................၁၇၃ ဘတ်။
*နခွမ်းရတ်ခ်ျဆီမား…………………………………………………… ..............................၁၇၀ ဘတ်။
*ရနောင်း……………………………………………………………….. ...............................၁၆၉ ဘတ်။
*ဖန်းငါး ၊ ချင်းမိုင်……………………………………………………… .............................. ၁၆၈ ဘတ်။
*ကရပိ ၊ ကန်ကျနပူရီ……………………………………………….................................. ၁၆၅ ဘတ်။
*ဖစ်ပူရီ ၊ ရချပူရီ………………………………………………………................................. ၁၆၄ ဘတ်။
*ချွန်းပူရီ ၊ လုပ်ပူရီ ၊ ပရာကျင်ပူရီ…………………………………. ................................ ၁၆၃ ဘတ်။
*လွေး……………………………………………………………………. .............................. ၁၆၂ ဘတ်။
*ဆင်းပူရီ ၊ အန်ထောင်း……………………………………………… ............................... ၁၆၁ ဘတ်။
*ဆမွတ်ဆုန်ခလမ်း ၊ ဆလာကျော့၊ ပရကျုတ်ခီရိခန်……………................................. ၁၆၀ ဘတ်။
*ချွန်းဖောင်း ၊ ဦးထိုင်းဌာနီ ၊…………………………………………………........................ ၁၅၈ ဘတ်။
*နောင်ခဲ ၊ ဆုန်ခလာ၊ချင်းရိုင်း ၊ တလန်း ၊ ဥထိုင်းဌာနီ…………………… .......................၁၅၇ ဘတ်။
*လမ်းဖူး ၊ ကမ်ဖိုင်းဖစ် ၊ တလတ် ၊ နခွန်းနာယုတ်………………………. .......................၁၅၆ ဘတ်။
*နခွန်းဆီထမရတ် ၊ နခွန်းဆ၀မ် ၊ ပူရီရမ်း ၊ ဖတ်ထလုန်း ၊ ဖစ်ချပွန်း၊ဆဒွန်း၊ဆူရတ်ဌာနီ၊
ယလား၊ ပတ္တနီ၊ ကာလဆင်၊ယဆိုထောင်း………………………………..........................၁၅၅ ဘတ်။
*ချိုင်းယားနတ် ၊ လမ်းပန်း ၊ ဆုဖတ်းပူရီ၊လွဲ့ အစ်၊ဥပွန်းရခ်ျဌာနီ၊နောင်ဝိုလမ်းဖူး…..........၁၅၄ ဘတ်။
*နခွမ်းဖနုမ်၊ နရာထိဝပ်၊ အမ်နတ်ကျလွန်း၊………………………………….......................၁၅၃ ဘတ်။
*ဖိစနုလုတ်၊ မုတ်တာဟန်………………………………………………………......................၁၅၂ ဘတ်။
*ဆုခိုထိုင်း ၊ တာ့ခ် ၊ မယ်ဟောင်ဆောင်…………………………………….. .....................၁၅၁ ဘတ်။
*ဖိကျစ်၊ဖရဲ့ ၊ ဆီဆာကစ်၊ ဖယောင်း…………………………………………… ....................၁၅၀ ဘတ်။
*ဥတရဒစ်…………………………………………………………………………….................... ၁၄၉ ဘတ်။
*ချိုင်းရဖွန်း………………………………………………………………………….. ...................၁၄၈ ဘတ်။
မှတ်ချက်။ ။ အနိမ့်ဆုံးလုပ်အားခမှာတနေ့ လျှင်အနည်းဆုံး ၁၄၈ ဘတ်သတ်မှတ်ထားသည်။
မှတ်ချက်။ ။ ( တာ့ခ်)ခရိုင်တွင် တာ့ခ်၊မဲဆောက်။ဖုတ်ဖရ။မယ်ရမတ်။အုန်းဖန်။ထဆောင်ယန်းစသောမြို့နယ်များပါဝင်သည်။
မှတ်ချက် ။ ။ ဤအချက်အလက်များကို MAP (Migrant’s Diary) မှကူးယူတင်ပြသည်။
28Jan,09…..ဟာဒယနှလုံး-တခဏပြုံး
(သုံးမိနစ်ပဲ စောင့်)
သား……ဗိုက်ဆာတယ်….။
မေမေ….သုံးမိနစ်ပဲစောင့်….။
သား…..ရေနွေးကျိုမလို့ လား…မေမေ ။
မေမေ……ငါကဘာကိစ္စကျိုရမှာလဲ..။
သား…..တီဗီကြော်ငြာထဲကလိုခေါက်ဆွဲပြုတ်ဖို့ ..ရေနွေးကျိုမှာ မဟုတ်ဘူးလား။
မေမေ……မနက်က..ကျန်တဲ့ ..ငပိချက်ကိုပြန်နွှေးမှာမို့  …..သုံးမိနစ်စောင့်ခိုင်းတာဟဲ့..။
မှတ်ချက်။ ။ကလေးမဂ္ဂဇင်းစာအုပ်မှ…….
Rest of your post
Tuesday, January 27, 2009
27Jan,2009...ဘုရားလူကြီးများ..သတိထားကြရန်....
xxxဘုရားထက်သူက ကြီးသူမို့ 
ဘုရားလူကြီးလို့  မည်တွင်သတဲ့လား..။
+++ဘုရားကြီးနဲ့ ဘုရားလေးပြုပြင်ရန်
အဲသည်လို အမည်ခံပြီး
အလှူခံရသမျှအပွင့်အသီးတွေဟာ
မယားကြီးနဲ့ မယားလေးပြုပြင်ရန်ပါတဲ့...။
xxxအမှားအယူတွေတနည်းပြီးတနည်းရယ်နဲ့ 
ဘုရားလူကြီးတွေဖြစ်လာတဲ့
အနှစ်ပလာဟဲ့, သည်လောကမှာ
မချစ်မညှာကွဲ့  , သည်လောဘတွေရဲ့ 
နိဂုံးကမ္မတ်အဆုံးသတ်ဟာ
အရှုံးထပ်ခါထပ်ခါတွဲမယ့်
ငရဲ ,ငရဲ , ငရဲ ဖြစ်ပါသတဲ့..........။ ။
ပေးပို့ သူ...လူဇော်(ဘန်ကောက်)
27Jan,2009….ဟာဒယနှလုံး-တခဏပြုံး
``မှတ်မိလား´´
တညနေစောင်းတွင်ရဲစခန်းရုံးခန်းတံခါးဝုန်းခနဲပွင့်သွားသည်။
အထိကိုဝင်လာသူကားမူးနေသည်ဟုပင်ပြောစရာမလို။
ခြေလှမ်းပင်မမှန်တော့။ထိုအမူးသမားကတာဝန်ကျရဲအရာရှိကို…
``ဆရာခင်ဗျား..ကျွန်တော်ကိုမှတ်မိရဲ့ လား…။
အရင်တပတ်ကကျွန်တော့်အိမ်ဖောက်ထွင်းခံခဲ့ရတာလေ။
အိမ်သားတွေအားလုံးတစ်ယောက်မှတောင်မနိုးကြဘူးလေ´´…။
ထိုအခါရဲအရာရှိက…
``မှတ်မိပါ့ဗျာ..။သိပ်မှတ်မိတာပေါ့´´…။
အမူးသမားကထပ်မေးလိုက်သည်မှာ….
``ဒါဆို…ဆရာ ….ကျွန်တော့်ကိုတခုကူညီိနိုင်မလား..။
အဲဒီဖောက်ထွင်းဝိဇ္ဖာနဲ့ ကျွန်တော့်တွေ့ ချင်လို့ ပါ..။
သူကျွန်တော့် အိမ်ကိုဖောက်တုန်းက ကျွန်တော့်မိန်းမ မနိုးအောင်ဘယ်လို
ဝင်သလဲ ဆိုတာလေးကိုမေးကြည့်ရုံသက်သက်ပါပဲ´´….။ ။
မှတ်ချက် ။ ။၂၀၀၂ခုနှစ်ထုတ် မိုးဂျာနယ်မှ…..
Monday, January 26, 2009
26Jan,2009...တွေ့ ရှိပါက အမြန်ဆုံး ဆက်သွယ်ပေးပါရန်
( ၀ဲမှ ယာသိုဏ္ဍ ) ဒေါ်တင်တင်ခိုင်(၄၂ နှစ်)။ မဇင်မာခိုင် (၂၁ နှစ်)။ မသန္တာာအောင် (၁၈ နှစ်)
ကလေးအမည် မဆင့် ( ၄ နှစ် )
ဖြစ်စဉ်အကျဉ်း
ဦးဇော်မင်း။ ဇနီးဒေါ်တင်တင်ခိုင်။ သမီးများဖြစ်ကြသော မဇင်မာခိုင်။ မသန္တာအောင်နှင့် ၄ နှစ်သမီး အရွယ် မဆင့်တို့သည် နေပြည် တော် လယ်ဝေးမြို့ တွင် လုပ်ကိုင်စားသောကှ်ု နေထိုင်နေကြပါသည်၊ ၂၀၀၈ ခုနှစ်။ ဒီဇင်ဘာ ၁၇ ရက်နေ့ မတိုင်ခင် ဒေါ်တင်တင်ခိုင်. ညီမဖြစ် သူ မသန်းသန်းစိုးဆိုသူမှ မဲဆောက်တွင်အလုပ် အကိုင်ပေါ၍တစ်လလျှင် ဘတ် ၁ သိန်းလောက်ဝင်ငွေရမည်ဖြစ်ကြောင်း
အရွယ်ရောက်သော သမီးနှစ်ဦးကို ထည့်ပေးရန် လာရောက်စည်းရုံးခဲ့ပါသည်၊ ထိုသမီးများမှာ နေရပ်တွင် အကြော်ရောင်းနေကြရသဖြင့် လိုက်သွားရန်သဘော ရှိကြပါသည်၊ မိခင်ဖြစ်သူ ဒေါ်တင်တင်ခိုင်မှာ သမီးဖြစ်သူများအား စိတ်မချှု ၄ နှစ်အရွယ်သမီးငယ်နှင့်အတူ ဒီဇင်ဘာ ၁၇ရက်နေဏ္ဍတွင် မသန်း သန်းစိုး ခေါ်ဆောင်ရာ မြ၀တီသိုဏ္ဍလိုက်လာကြောင်း သိရှိရပါသည်၊ ထိုနေဏ္ဍတွင် လယ်ဝေးမြို့  ဈေးတွင် ဈေးဝယ်သွားမည်ဖြစ်ကောင်း ဇနီးဖြစ်သူ ဒေါ်တင်တင်ခိုင်က ဦးဇော်မင်းအား လိုက်လံပိုဏ္ဍဆောင်ခိုင်းပါသည်၊ ဈေးအရောက်တွင် ဦးဇော်မင်းမှ ဈေးဝတွင်စောင့်နေပြီး ဇနီးဖြစ်သူနှင့် သမီး များသည် ဈေးအတွင်းသိုဏ္ဍ၀င်ရောက်ပြီး ပြန်မလာတော့ပေ၊ ဦးဇော်မင်းမှ နာရီအနည်းငယ်အကြာ လိုက်လံရှာကြည့်သောအခါ မတွေဏ္ဍရှု လယ်ဝေးမြို့ ရဲစခန်းတွင် လူပျောက်တိုင်ကြားထားပါသည်၊ ထိုနောက် လယ်ဝေးမြို့ ရဲစခန်း .ထောက်ခံချက်ဖြင့် မြ၀တီမြို့ သို့လာရောက်စုံစမ်း နေပါသည်၊ တချိန်တည်းတွင် မြ၀တီမြို့ ရဲစခန်းတွင်လည်း ထိုကိစ္စနှင့်ပတ်သက်၍အသိပေးအကြောင်းကြားထားပါသည်ဟု ကိုဇော်မင်းက ပြောကြားပါသည်၊
၂၃။ ၁။ ၂၀၀၉ နေဏ္ဍတွင် ကိုဇော်မင်းမှ မြန်မာနိုင်ငံရှေဏ္ဍနေများကောင်စီသိုဏ္ဍ ၄င်း.မိသားစုနှင့်ပတ်သကှ်ု ပြန်လည်တွေဏ္ဍဆုံလိုသော ကြောင့် လာရောက်အကူအညီတောင်းခံထားပါသည်၊
ကူညီဆောင်ရွက်ပေးကြပါရန်
ထိုဏ္ဍကြောင့် ဓါတ်ပုံပါတဦးဦးအား တွေ့ ရှိပါက မြန်မာနိုင်ငံရှေ့ နေများကောင်စီ။ ဥပဒေအထောက်အကူပြုဌာနသို့  အမြန်ဆုံးဆက်သွယ်ပေးပါရန် အကူအညီတောင်းခံအပ်ပါသည်၊
ဦးနိုင်နိုင် ။ ဖုန်း - ၀၈၇ ၄၁၅၇ ၀၈၄ ။။ ဦးအဘိုင် ။ ဖုန်း - ၀၈၉ ၉၅၉၇ ၁၉၉ ၊
ပြောက်နေသူများ.ထင်ရှားသောအမှတ်အသားများ
ဒေါ်တင်တင်ခိုင် - နှာတံတွင်မှဲ့ ရှိ။ ဆံပင်တင်ပါးဝဲ။ အသားညို
မဇင်မာခိုင် - ဆံပင်ခါးဝဲ။ အသားအနည်းငယ်ဖြူ
မသန္တာာအောင် - ဆံပင်ခါးဝဲ။ ဘယ်မျက်လုံး မွေးရာပါ အကျောဆွဲ
Sunday, January 25, 2009
25Jan,2009…အယ်ဒီတာ…ဆယ်ပေါင်တူထံသို့ ပေးစာများ…..
နေပြည်တော်အသံလွှင်ဌာနကိုစာရေးလိုက်ပါတယ်……
အရမ်းရမ်းကိုမရမ်းပြားစားပြီးချီးကျူးပါတယ်…အရမ်းလည်းတော်ကြပါတယ်…
လမ်းဆုံကဂျမ်းပုံတစ်ယောက်တော့ပြိုင်ဘက်ပေါ်လို့ ဝမ်းသာပြီထင်ပါရဲ့ …။
ပိတောက်မြေကဆီးသီးသည်မဗျိုင်းလား ငါးစိမ်းသည် … မရိုင်းလားတော့မသိဘူး…။
မိုးတောင်မလင်းသေးဘူး … သူများအတင်းတုတ်တော့တာဘဲ…။ BBC,VOA,RFA,ကသတင်းကိုလွှင့်နေတာပါ..။အခုနေပြည်တော်ပိတောက်မြေအုပ်စု
ကတော့သတင်းမလွှင့်ဘဲနဲ့ အတင်းဘဲတုတ်တော့တာဘဲ..။ဗမာပြည်မှာလူ့ အခွင့်အရေး
ချိုးဖောက်တယ်ဆိုတာနာဂစ်မုန်တိုင်းဒုက္ခသည်ရဲ့ ရပိုင်ခွင့်တွေကိုခင်ဗျားတို့ အုပ်စုက၀ိုင်း
ဝါးထားပြီးတော့..။သူခိုးကလူပြန်မဟစ်ပါနဲ့ လို့ ပြောချင်တာပါ..။ သီချင်းကောင်း ကောင်း ဘဲလွှင့်ပါ.။အတင်းတွေခဏဖယ်ထားပေးပါ….။လမ်းဆုံက ဂျမ်းပုံနဲ့ ငါးစိမ်းသည်မရိုင်းတို့ အပြိုင်ကျဲချင်ရင်တော့ကျွန်တော်ဒိုင်လုပ်ပေးပါရစေ..။ကြိုးဝိုင်းပေါ်မှာချဲကြပေတော့ဗျား။
ကျွန်တော်ကငပျင်းပါ..။သတင်းကိုမြတ်နိုးပြီးအတင်းကိုအရမ်းမုန်းသူပါ..။
ပေးပို့ သူ…မောင်းပျင်း(ရမည်းသင်း)
Saturday, January 24, 2009
24Jan,09... မြန်မာရွေ့ ပြောင်းတစ်ဦး ထိုင်းတက္ကသိုလ်တစ်ခုမှ ထိုင်းဘာသာဖြင့်ဘွဲ့ရ ဇန္န၀ါရီ ၂၄
ထိုင်းနိုင်ငံသို့ပြောင်းရွေ့ နေထိုင် အလုပ်လုပ်နေသောမြန်မာနိုင်ငံသား ဘီဘီစီ သတင်းဌာန သတင်းထောက်
ဦးဝင်းမြင့် ယမန်နေ့က ထိုင်းနိုင်ငံ Sukhothai Thammathirat Open University စူခိုထိုင်းထမ်းမထိရတ် တက္ကသိုလ်မှ ထိုင်းဘာသာဖြင့်ဘွဲ့ရရှိခဲ့သည်။
ဂျာနယ်လစ်ဇင် အဓိကဘာသာဖြင့်တက်ရောက်သင်ကြားခဲ့ပြီး၊ထိုင်းသမိုင်း၊စီပွားရေးအခြေခံ၊အင်္ဂလိပ်စာအခြေ
ခံနှင့်မှတ်တမ်းတင်ဘာသာရပ်များကို အဝေးသင် သင်ကြားခဲ့သည်ဟုဆိုသည်။
စုစုပေါင်း ၂၄ ဘာသာဖြေဆိုရပြီး အင်္ဂလိပ်ဘာသာရပ်မှလွဲ၍ကျန်ဘာသာရပ်အားလုံးကိုထိုင်းဘာသာဖြင့်သင်
ကြားရသည်။
မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် Sukhothai Thammathirat Open University မှယခုကဲ့သို့ပထမဦးဆုံးထိုင်းဘာသာဖြင့်ဘွဲ့ရရှိသူဦးဝင်းမြင့်က
“တစ်နှစ်ကို(၇)ဘာသာပဲဖြေဆိုခွင့်ပြုပါတယ်၊တစ်နှစ်ကိုပညာသင်စရိတ် ၅၀၀၀ ၀န်းကျင်လောက်ပေးသွင်းရ
ပါတယ်၊ထိုင်းနိုင်ငံပညာရေးအစဉ်အလာအရဆိုရင် မူလတန်း၊အလယ်တန်း၊အထက်တန်းအောင်မြင်ပြီးမှ
တက္ကသိုလ်ဝင်ခွင့်ရပါတယ်၊အရည်အချင်းစစ်စာမေးပွဲဖြေတဲ့အခါတတိယအဆင့်ရခဲ့လို့မူလတန်းအောင်လက်
မှတ်ရခဲ့ပါတယ်၊အလယ်တန်းမှာ၂နှစ်၊အထက်တန်းမှာ၂နှစ်တက်ခဲ့ပါတယ်။ထိုင်းပညာရေးက ၁၂ တန်းအောင်မှ
တက္ကသိုလ် တက်ခွင့်ရှိတယ်ဆိုတော့၁၃ နှစ်ကျောင်းတက်ရပါမယ်။ကျနော်ပထမ တစ်နှစ်နဲ့ ၆ တန်းအောင်
အောင်ဖြေဆိုနိုင်ခဲ့ပါတယ်၊ကျနော်ဘွဲ့ရတဲ့အထိစုစုပေါင်း ၅ နှစ်ကြာခဲ့ပါတယ်။ကျနော်ဆက်သင်ချင်ရင်၊ဘွဲ့လွန်
ကနေ ပါရဂူအထိဆက်တက်ခွင့်ရှိပါတယ်။ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့်ထွက်လာရတဲ့မြန်မာတွေအနေ
နဲ့မိမိရောက်ရှိနေတဲ့နိုင်ငံရဲ့ ဘာသာစကားကိုတတ်မြောက်ဖို့လိုပါတယ်၊သူများကိုဘာသာပြန်ခိုင်းရင်ရတယ်ဆို
ပြီးသူများကိုအားမကိုးသင့်ပါဘူး၊ဘယ်ဘာသာမှာပဲဖြစ်ဖြစ် အခြခံ ကကြီး ခခွေးအတူတူပါပဲ၊နိုင်ငံခြားဘာသာ
တစ်ခုကိုလေ့လာမယ်ဆိုလို့ရှိရင်အခြေခံအားဖြင့် အရေး၊အဖတ်၊အပြော၊နားထောင်ရှိပေမယ့်၊ကျနော်ပေးချင်တဲ့
နည်းကတော့ (၁)စာလုံးကိုမြင်တာနဲ့ပေါင်းဖတ်ပြီးအသံထွက်တတ်ရမယ်၊(၂)အဓိပ္ပါယ်သိရမယ်၊(၃)ဘယ်နေ
ရာမှာသုံးမလဲလို့သိရမယ်။ဘယ်နိုင်ငံရောက်ရောက်သူတို့စာနဲ့စကားကိုတတ်မှဆက်ဆံရေးအဆင်ပြေမယ်၊နည်း
ပညာပိုင်းကိုလေ့လာခွင့်ရမှာဖြစ်တယ်။ဒါမှ အဲဒီနည်းပညာတွေနဲ့ကိုယ့်တိုင်းပြည်မှာအကျိုးပြုနိုင်မယ်၊မဟုတ်ရင်
လူဖြစ်ရှုံးမယ်၊ကျနော်မြန်မာပြည်မှာ အလယ်တန်းအဆင့်ပဲသင်ခဲ့ဖူးပါတယ်၊တကယ်ဖြစ်ချင်ရင် ကြိုးစားရင်
ဖြစ်ကိုယ်ဖြစ်ပါတယ်လို့ ပြည်ပရောက်မြန်မာတွေကိုပြောချင်ပါတယ်’’ဟုပြောသည်။
ထိုင်းဘာသာဖြင့် ပထမဦးဆုံးထိုင်းတက္ကသိုလ် မှဘွဲ့ရရှိသူ ဦးဝင်မြင့်သည် ကရင်ပြည်နယ် ဖါပွန်မြို့ နယ် ဇာ
တိဖြစ်သည်။ ထိုင်းနယ်စပ်တွင် အရောင်းအ၀ယ်လုပ်ကိုင်နေရာမှ
၁၉၉၀ ခုနှစ်မှ ၁၉၉၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ မဲဆောက်ဆေးရုံ HIV ကာကွယ်စောင့်ရှောက်ရေးစီမံချက် တွင် World Vistion အဖွဲ့နှင့်အတူတူလုပ်ကိုင်ခဲ့သည်။
၁၉၉၉ နှစ်ကုန်ပိုင်းတွင် ဘီဘီစီ သတင်းဌာနသို့ကူးပြောင်းတာဝန်ထမ်းဆောင်ခဲ့သည်မှာယခုထိဖြစ်သည်။
ယိုးဒယားလိုပြောကြစို့ ဟူသောလက်စွဲစာအုပ်ငယ်ကို ၁၉၈၉ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး တစ်ကြိမ်လျှင်အုပ်ရေ
၂၀၀၀ စီပုံနှိပ်ကာ ယခုထိ အကြိမ်၂၀ ထုတ်ဝေခဲ့ပြီးဖြစ်သည်။
ယခုအခါ စာသင်ခန်းတွင်ဝင်ရောက်သင်ကြားသကဲ့သို့ထိရောက်လွယ်ကူစွာတတ်မြောက်နိုင်ရေးအတွက်
ဗွီစီဒီခွေနှင့်စာအုပ်တစ်အုပ်ပြုစုနေကြောင်း၊ထိုင်းမထမတန်းစာအုပ်တစ်အုပ်ဝယ်၍ အနီးအနားရှိထိုင်းလူမျိုးကို
ဖြစ်စေ။ထိုင်းစာနှင့်စကားအသင့်အတင့်ကျွမ်းကျင်သူအားဖြစ်စေ မေမြန်း၍နေ့စဉ်လေ့လာပါက မြန်မာအလုပ်သမားများအနေဖြင့်မတတ်မြောက်စရာမရှိကြောင်း၊သူသင်ကြားစဉ်က လေ့လာစရာမြန်မာဘာ
သာဖြင့်မရှိသော်လည်း သိလိုသည်ကိုမေးမြန်း၍ မှတ်သားခဲ့ရကြောင်း၊အလေးဂရုပြု၍သင်ကြားကြစေလို
ကြောင်း ဦးဝင်းမြင့်က ပြောဆိုသွားသည်။
ပေးပို့ သူ....ဦးကျော်သောင်း(ဘန်ကောက်)
24Jan,09…ရွှင်ပြုံးတခဏ-ဘောလုံးဟာသ…..
(အသင်းဝင်လျော့သွားစေချင်လို့ ပါ)
ကင်ဆာရောဂါခံစားနေရသောလူကြီးတဦးသည်မိမိသေရတော့မည်ကိုသိသည်။
ထိုကြောင့်သားဖြစ်သူအားအနားသို့ ခေါ်ပြီး-
``သားရေ ၊ အဖေ့  ကိုချဲလ်ဆီးအသင်းရဲ့ အသင်းဝင်ကတ်ပြားအမြန်ဆုံးရအောင်
်လုပ်ပေးစမ်းပါကွာ၊အဖေမနေရတော့ဘူးကွ´´
``ဟာ….အဖေကလည်း၊အဖေ့တသက်လုံးမန်ယူပရိသတ်လုပ်လာတဲ့ ဥစ္စာ၊အခု
ုချိန်ကြီးကြမှချဲလ်ဆီးပရိသတ်ဖြစ်ချင်ရတာတုန်း….´´ ။ ထိုအခါဖခင်လုပ်သူသည်
မျက်နှာကြီးနီလာပြီးစားပွဲကိုလက်ဖြင့်ပုတ်ကာ…..
``ဟေ့ကောင်လျှာမရှည်နဲ့ ကွ၊ ငါသေရင်ချဲလ်ဆီးပရိသတ်တယောက်သေလို့ အသင်းဝင်လျော့သွားပြီဆိုတဲ့သတင်းကိုမန်ယူပရိသတ်တွေအားပါးတရကြားစေချင်လို့ ကွ….´´
မှတ်ချက် ။ ။နိုင်ငံတကာဘောလုံးဟာသများမှ…
24Jan,2009…ဘန်ကောက်သတင်း.....
ဘန်ကောက်မြို့  ဂက်အိုး စက်ရုံတွင်အလုပ်သမားမျာအလုပ်ထုတ် ခံရ ၊ကိုယ်ဝန်ဆောင်များပါဝင်
ဇန္န၀ါရီ ၂၃
ဘန်ကောက်မြို့ စမူပါကန် ပါနန်း ဖက်ကစာ ရှိ ဂက်အိုးထုတ်လုပ်သည့်စက်ရုံတွင် မြန်မာအလုပ်သမားများအား
အလုပ်ရှုင်မှအလုပ်ထုတ်လိုက်သဖြင့်ကလေးမိခင်များနှင့်ကိုယ်ဝန်ဆောင်မိခင်လောင်းများ အခက်ကြုံနေကြ
ကြောင်းသိရသည်။
အလုပ်ထုတ်ခံရသူအလုပ်သမား ကိုမင်းစိုးက(ဇန္န၀ါရီ ၁၆ ရက်နေ့က နယ်မြေခံပုလိပ်တွေလာတယ် ကျနော်တို့
အတွက် ငွေတောင်းတယ်။သဌေးနဲ့ညှိကြတယ်။ပုလိပ်တွေတောင်းတဲ့ငွေကများတယ်လို့ပြောတယ်။သူဌေး
လည်းမတတ်နိုင်တဲ့အဆုံးအလုပ်သမား ၇၀ ကျော်ကိုထုတ်လိုက်တယ်။ အဆက်အသွယ်ရှိတဲ့လူတွေ အခြား
နေရာမှာအလုပ်သွားရှာနေကြတယ်။ခုဒီမှာ ၃၀ ၀န်းကျင်းလောက်အလုပ်လက်မဲ့ဖြစ်နေသေးတယ်။ကိုယ်ဝန်
ဆောင်ထားသူနှစ်ယောက်နဲ့ ကလေးမိခင်တစ်ယောက်ပါတယ်)ဟုပြောသည်။
အလုပ်ထုတ်ခံရသောအလုပ်သမားများထဲတွင်ကိုယ်ဝန် ၄လ ရှိ မိခင်လောင်းတစ်ဦးနှင့်ကိုယ်ဝန်ဝန် ၅ လ ရှိမိခင်လောင်းတစ်ဦးအပါအ၀င် ၆ လသားအရွယ်ကလေးနှင့်မိခင်တို့လည်းပါဝင်းကြောင်းသိရသည်။
ဘန်ကောက်အခြေစိုက် အလုပ်သမားအရေးဆောင်ရွက်သူများအနေဖြင့် ထိရောက်သောအကူအညီများကို
မပေးနိုင်ကြသော်လည်း ထိုင်းနိုင်ရောက်မြန်မာနိုင်ငံသားများအသင်းက ကလေးမိခင်များနှင့်ကိုယ်ဝန် ဆောင်
မိခင်လောင်းများအတွက် အကူအညီပေးနိုင်ရန်အင်ဂျီအိုများအားစုံစမ်းမှုများပြုလုပ်နေကြသည်။
အလုပ်ထုတ်ခံရသောအလုပ်သမားများသမားများသည် အဆိုပါအလုပ်ရုံတွင်၂ နှစ်ခန့်လုပ်ကိုင်ခဲ့သူများဖြစ်ကြသည်။၎င်းတို့အလုပ်အကိုင်ပြန်လည်ရရှိရေးမှာ အလုပ်လုပ်ကိုင်ခွင့်(ဘတ်)မရှိသဖြင့်အလုပ်အကိုင်ရှာဖွေရအထူးခက်ခဲလျှက်ရှိသည်။
အလုပ်ထုတ်လိုက်သော မြန်မာရွေ့ ပြောင်းအလုပ်သမားများနေရာတွင် ထိုင်းအလုပ်သမားများနှင့်အစားထိုး
လုပ်ကိုင်လျှက်ရှိကြောင်း အလုပ်ထုတ်ခံရသူများကပြောသည်။
ကမ္ဘာစီးပွါးရေးကျဆင်းမှုနည်းတူ ထိုင်းနိုင်ငံတွင်လည်းစီးပွားရေးဆက်လက်ကျဆင်းလျှက်ရှိရာ ထိုင်းနိုင်ငံသို့
လာရောက်အလုပ်လုပ်ကိုင်နေကြသောမြန်မာများအနေဖြင့်အလုပ်ထုတ်ခံရခြင်းများနိုင်ငံအနှံ့ပေါ်ပေါက်လျှက်
ရှိသည်။
ပေးပို့ သူ…. ဦးကျော်သောင်း(ဘန်ကောက်)
Friday, January 23, 2009
23Jan,2009…ဒါဟာရိုးရိုးအိမ်ဖျက်ခံရတာမဟုတ်ဘူး ၊ ငါတို့နှလုံးအိမ်ကိုဖျက်ပစ်ခံရတာဖြစ်တယ်….
(အပိုင်း-၂)
Xxxအဲသည်နေ့ က အာဏာပိုင်တွေကဟွန်းဟောက်ပြီးသည်လိုခြိမ်းခြောက်ကြတယ်…
``အိမ်တွေဖျက်မလား ၊မီးရှို့ ဖျက်ဆီးပစ်ရမလား´´ တဲ့..။
xxxအဲသည်မှာပဲငါတို့ ရဲ့ လုပ်အားခဘတ်ခုနှစ်ဆယ်,ရှစ်ဆယ်နဲ့ တည်ဆောက်ထားရတဲ့နှလုံးသားအိမ်တွေကို
အချိန်တိုတိုအတွင်းသင်းတို့ ရှေ့ မှောက်မှာပဲဖျက်ဆီးပစ်ခဲ့ရတယ်…။
xxxသည်အိမ်တွေဟာရိုးရိုးအိမ်တွေမဟုတ်ဘူး
ငါတို့ ရဲ့ နှလုံးအိမ်တွေဖြစ်တယ်…။
Xxxသည်အိမ်စုမှာ
ဒေါ်ရွှေစိန်ရဲ့ ကျေးလက်ဆေးပေးခန်းရှိတယ်..။
Xxxဆရာထိုက်သူအောင်ရဲ့ 
ကျေးလက်စာကြည်ခန်းလည်းရှိတယ်..။
xxxIRCကတည်ဆောက်ထားတဲ့..
ရေသန့် စနစ်နဲ့ ရေလောင်းအိမ်သာတွေရှိတယ်..။
Xxxငါတို့ ရွှေ့ ပြောင်းအလုပ်သမားတွေဟာ
ထိုင်းနိုင်ငံကိုလုပ်အားနဲ့ အကျိုးပြုနေသူတွေဖြစ်တယ်..။
Xxxငါတို့ မှာနေထိုင်ခွင့်လက်မှတ်ရယ်
အလုပ်လုပ်ခွင့်လက်မှတ်ရယ်မရှိတာနဲ့ 
ငါတို့ ဟာအလုပ်လုပ်ခွင်မရှိကြတော့ဘူးလား..။
Xxxငါတို့ ဟာ(နအဖ)ဆိုတဲ့ကျားကိုကြောက်လို့ 
ထိုင်းနိုင်ငံဆိုတဲ့ရှင်ကြီးကိုကိုးကွယ်ကြတာဖြစ်တယ်..။
Xxxရှင်ကြီးကပါ ကျားထက်ဆိုးပြီဆိုရင်
နောက်လာတဲ့မောင်ပုလဲဟာ ဒိုင်းဝန်ထက်ကဲပြီဆိုရင်
ငါတို့ ဟာမြန်မာပြည်ပြန်ရင်လည်း
ငတ်သေမယ့်အတူတူ
ဒီမှာပဲပေတေပြီးနေကြရမှာပဲတဲ့..။
Xxxထိုင်းနိုင်ငံမှာကတနေ့  ၆၀ ၊ ၇၀ ၊ ၈၀ ဘတ်ဆိုပေမယ့်
တရက်လုပ်ပြီးရင် ၂ ရက်လောက်စားလို့ ရတယ်
မြန်မာပြည်မှာကတရက်လုပ်ခဟာတရက်ပဲရတယ်လေ..။
Xxxသေချာပြန်ဆန်းစစ်ရင်
ငါတို့ အယောက်(၃၀၀)ထဲမှာ
အလုပ်သမားလက်မှတ်ရှိသူဟာလူ ၆၀ရှိတယ်…
Xxxဒါပေမယ့်ငါတို့ ကိုငါတို့ အလုပ်ရှင်က
လက်မှတ်သက်တမ်းဆက်မပေးထားဘူး..။
Xxxဒါကြောင့်ငါတို့ ဟာလက်မှတ်ရှိနေပါလျက်နဲ့ 
ရဲရဲတင်းတင်းမပြရဲကြဘူး…။
(ဆက်လက်ဖော်ပြပါမည်)
ခံစားတင်ပြသူ….သောင်ရင်းနဂါး
23Jan,2009…မဲဆောက်နှင့်ဖုတ်ဖရမြို့ နယ်ဘက်မှအဖမ်းအဆီးသတင်း….
ထိုင်း-မြန်မာနယ်စပ်ရှိမဲဆောက်နှင့်ဖုတ်ဖရာမြို့ နယ်များတွင်ယနေ့ (ဇန်န၀ါရီလ-၂၃ရက်)နံနက်စောစောပိုင်းမှစပြီး။ထိုင်းအာဏာပိုင်များကလက်မှတ်မဲ့မြန်မာအလုပ်
သမား၄၀၀ခန့် အားဖမ်းဆီးခဲ့ကြောင်းဒေသခံများကမြန်မာပြည်သားသို့ ပြောပြသည်။
ဖုတ်ဖရာမြို့ နယ်ဘက်တွင်ဝှေ့ နုကလီကျေးရွာ၊ဖုတ်ဖရာနွဲ့ ကျေးရွာတို့ ဘက်တွင်ဇန်န
ဝါရီလ-၂၁ရက်နေ့ ညပိုင်းမှစတင်ပြီးဇန်န၀ါရီလ-၂၂ရက်၊ဇန်န၀ါရီလ-၂၃ရက်စသည့်
ဖြင့်နေ့ စဉ်အဖမ်းအဆီးရှိနေကြောင်း ဒေသခံစည်း ရုံးရေးမှူးများကမြန်မာပြည်သားသို့ 
ပြောပြသည်။ယနေ့ (ဇန်န၀ါရီလ-၂၃ရက်)နေ့ အဖမ်းအဆီးများနှင့်ပတ်သက်၍မြန်မာပြည်သား မှစုစည်းစာရင်းကောက်ကြည့်ရာမဲဆောက်ဒေသမှ၃၅၀ဦးခန့် ၊ဖုတ်ဖရာ့ဒေသမှ၅၀ဦးခန့့်အဖမ်းခံကြရကြောင်းသတင်းရရှိသည်။မဲဆောက်ဒေသရှိဘန့် ဆောင်ခွဲရပ်ကွက်ကြီးနှင့်
အမှိုက်ပုံနေရာ၊မိုဂျီဟာရပ်ကွက်အပိုင်း-၂နှင့်အပိုင်း-၃၊ မဲဆောက်ဈေးအတွင်းနှင့်အပြင်၊ရွမ့့်ကျိုင်းရပ်ကွက်အတွင်းရှိ(၀ပ်အလန်းဘုန်းကြီးကျောင်းနောက်ကျော)ဘန့် ထုံထောင်းရပ်
ကွက်အတွင်းရှိအလုပ်သမားတန်းလျားအချို့ စသည်တို့ သည်အဖမ်းခံရသော နေရာ များဖြစ်သည်။ယခုနှစ်၂၀၀၉ခုနှစ်နှစ်ဆန်းပိုင်းတွင်ဤအဖမ်းအဆီးသည့်အရေအတွက်
အများပြားဆုံးဖြစ်သည်။
သတင်း-မြန်မာပြည်သား
23Jan,2009…ရွှင်ပြုံးတခဏ-ဘောလုံးဟာသ
(ခဏပဲစောင့်ပါ)
အာဆယ်နယ်ကလပ်အသင်းမန်နေဂျာဖြစ်သူအာစင်ဝင်းဂါးနတ်ပြည်သို့ ရောက်သွားပြီး
သိကြားမင်းအားမေးသည်။
``အရှင့်အတွက်အောင်မြင်မှုတွေဆိုတာဘယ်လိုအဓိပ္မယ်ဆောင်ပါသလဲ´´
`` ကျွန်ုပ်အတွက်တော့ဒါတွေက သဲမှုန်တမျှပါပဲ´´
`နှစ်(၁၀၀)ဆိုတာကရော့အရှင့်အတွက်အချိန်ဘယ်မျှပါလဲ´´
``ကျွန်ုပ်အတွက်တော့(၁၀)စက္ကန့် မျှပါပဲ´´
ထိုအခါအာစင်ဝင်းဂါးကတစ်ချက်စဉ်းစားပြီး…
``အရှင်ကဒီလိုဆိုအောင်မြင်မှုတွေကိုသဲမှုန်တွေလိုဖန်ဆင်းနိုင်တာပေါ့နော်။
ဒါဆိုကျနော်အတွက်အောင်မြင်မှုတွေသဲမှုန် လက်တစ်ဆုပ်စာလောက်ပဲဖန်ဆင်းပေးပါ´´ ၀င်းဂါး၏စကားကြားသော်သိကြားမင်းကလက်ကာပြပြီး
``ဒါဆို၁၀စက္ကန့် လောက်စောင့်ပါငါ့လူ´´
မှတ်ချက်။ ။နိုင်ငံတကာဘောလုံးဟာသများမှ……..
Thursday, January 22, 2009
22Jan,09…ဖုတ်ဖရာ့မြို့ နယ်ကအဖမ်းအဆီးသတင်း…
ထိုင်း-မြန်မာနယ်စပ်၊မဲဆောက်မြို့ ၏တောင်ဘက်၃၁ကီလိုမီတာအကွာအဝေးတွင်ရှိသော
ဖုတ်ဖရာ့မြို့ နယ်ဝှေ့ နုကလီကျေးရွာအုန်းတောအစုတွင်ယမန်နေ့ (ဇန်န၀ါရီလ-၂၁ရက်)
ညပိုင်းကဗွီဒီယိုစုကြည့်နေ သောနေရာသို့ ထိုင်းအာဏာပိုင်များကလာရောက်ဖမ်းဆီးကြ ကြောင်းသတင်းရရှိသည်။အဆိုပါဖမ်းဆီးမှုတွင်ထိုင်းအာဏာပိုင်များသည်လက်မှတ်မရှိ
သူမြန်မာစိုက်ပျိုးရေးအလုပ်သမား၄၀ဦးခန့် အားယင်းတို့ နှင့်အတူပါလာ သောဆယ်ဘီး ကားဖြင့်တင်ခေါ်သွားကြောင်း၊အာဏာပိုင်များတွင်အရံကားများ၊ဆိုင်ကယ်များလည်းပါဝင်
ကြောင်း၊လက်မှတ်မရှိသူအချို့ မှာထွက်ပြေးလွတ်မြောက်သွားကြောင်းကိုယ်တွေ့ ကြုံရသူ
မြန်မာအလုပ်သမားတဉ်ီးကမြန်မာပြည်သားသို့ ပြောပြသည်။အဆိုပါဒေသတွင် ရာင်္သီအလိုက်စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ကြသော(အာလူး၊မုန်ညင်း၊မုန်လာ၊ခရမ်းချဉ်၊ပြောင်း၊ပဲတောင့်ရှည် )စသည့်သီးပင်စားပင်များကိုထိုင်းနှင့်မုံ(မျှော့)အလုပ်ရှင်များကနေ့ စားခ ၇၀၊၈၀ ဘတ်တို့ ဖြင့်
စေခိုင်းခံရသည့်မြန်မာနိုင်ငံပဲခူးတိုင်း ၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်တို့ မှလာရောက်လုပ်ကိုင်
်စားသောက်ကြသောမြန်မာပြည်သား၁၀၀၀ခန့် နေထိုင်အသက်မွေးကြသည်ကိုတွေ့ ရသည်။
သတင်းပေးပို့ သူ....စောရဲသွေး(မြန်မာပြည်သား)
22Jan,09…ဒီကနေ့ ဖတ်စရာကဗျာတပုဒ်….
(မာနယ်ပလော)
စက်လှေသံတွေ လုံးလားထွေးလား
သင်တိုင်းဖုံးထားတဲ့ သေနတ်များ
နေခြည်ငတ်မွတ် နှင်းထုများ
လူတွေ အားလုံးလိုလိုက
သောင်ရင်းကို ကျားတကောင်လိုမွေးထား
ဒီမှာလေ
မွေးဖွားနေတဲ့ ခလေးတဦးဦး
``ပေါ်ဦးသက်´´၀င်စားလေမလား….။….။
မောင်လွမ်းဏီ
မှတ်ချက် ။ ။ဆရာမောင်လွမ်းဏီ၏သူပုန်နှင့်သူ၏ရဲဘော်ရဲဘက်များကဗျာစာအုပ်မှ…..
22Jan,09…ဟာဒယနှလုံးတခဏပြုံး….
(ကြားချင်လို့ ပါ)
လူတယောက်စာအုပ်အရောင်းဆိုင်အတွင်းသို့  ရောက်လာပြီးအရောင်းစာရေးမအားပြောသည်။ ``ချဲလ်ဆီးအသင်းဇန်န၀ါရီဈေးကွက်အဖွင့်မှာလူသစ်တွေကိုပိုက်ဆံအများကြီးပေးပြီးဝယ်လိုက်
်တယ်ဆိုတဲ့သတင်းပါတဲ့စာစောင်ပေးပါ..´´။
``ချဲလ်ဆီးအသင်းဆင်းရဲသွားပါပြီရှင်။အဲဒီသတင်းဘယ်မှာမှပါမှာမဟုတ်ပါဘူး´´
အရောင်းစာရေးမ၏စကားကြားပြီးနောက်အဆိုပါလူသည်စာအုပ်များဆက်ကြည့်ရှုနေပြီးခဏအ
ကြာတွင်ထိုကဲ့သို့ ပင်မေးပြန်သည်။
``အရောင်းစာရေးမကလည်းပထမအတိုင်းပင်ဆက်ငြင်းသည်။သို့ ရာတွင်ထိုလူက၅မိနစ်တစ်ခါ
ထပ်တလဲလဲမေးနေတာလဲ။ချဲလ်ဆီးအသင်းမွဲသွားပြီရှင့်၊သူတို့ဘယ်တော့မှလူမ၀ယ်နိုင်တော့ဘူး
….ရှင်းပြီလား´´
ထိုအခါအဆိုပါပုဂ္ဂိုလ်ကပြာပြာသလဲဖြင့်
``စိတ်မဆိုးပါနဲ့ ခင်ဗျာ။ ကျနော်ကမန်ယူပရိသတ်ပဲ။ ခင်ဗျားပါးစပ်ကချဲလ်ဆီးမွဲသွားပြီဆို တဲ့စကား ကိုထပ်ခါတလဲလဲပြောတာကိုအရသာရှိရှိကြားချင်လို့ ပါ´´။
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ…..။
Wednesday, January 21, 2009
21Jan,2009….မောင်ဘသန်းလို လူစားများ….
Xxx မြန်မာပြည်သားတွေဆိုတော့
ထိုင်းစကားက သိပ်မတတ်ကြ
တတ်ကြသူတွေကလည်း
လာဘ်မရရင် မကူညီချင်
သူအင်တင်တင် လုပ်ပြရင် လာဘ်ထိုးပါမှ
ကိစ္စ၀စ္စပြီးစီး ရတော့မှာမို့ 
စိတ်မပါလည်း လာဘ်ထိုးတာ(နတ်ကိုး) သလို
အမြဲထိုးနေ ၊ ကိုးနေပါမှ
သည်လာဘ်နဲ့  သည်နတ်ကကြည်ဖြူမှာပ…။
+++မြန်မာပြည်မှာ ခေတ်စားတာက ``လ္ဘက်ရည်ဘိုး´´
ထိုင်းနိုင်ငံမှာ နေ့ စဉ်တောင်းစားတာက ``ဘီယာဘိုး´´
သည်လိုတန်ခိုးထွားတဲ့ ( ဟိုဘိုး ၊ သည်ဘိုးသမား)တွေကို
ဆွဲပြီးတောင်ထိုးပစ်ချင်ပါရဲ့ …..။
Xxx သီပေါမင်းပါတော်မူစဉ်က
အမရပူရမြို့ က ဖျံကျသူပတ်ကား
စကားပြန်မောင်ဘသန်းဟာလည်း
ညောင်ရမ်းမင်းသားအတုအနေနဲ့ (အင်္ဂလိပ်နယ်ချဲ့ ရဲ့ သဘောင်္ဦးကနေ)
ဂေါဝိန်လှေဆိပ်ဆီကို ဆိုက်ရောက်လာသတဲ့….။
+++အဲဒီတုန်းက ရတနာပုံပြည်သူပြည်သားတွေ
မြန်မာပြည်သားတွေ နန်းတင်ချင်တဲ့
ညောင်ရမ်းမင်းသားဆိုတာ
မောင်ဘသန်းနဲ့  ရုပ်ချင်းအလွန်ဆင်တူတာမို့
(မောင်ဘသန်းကိုပဲ ညောင်ရမ်းထင်ပြီး)့
လူသူဗိုလ်ထုတွေဟာ ဦးချခဲ့ကြသတဲ့..။
Xxxအင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်စကားပြန်
ဂျပန်ခေတ်မှာ ဂျပန်စကားပြန်
လွတ်လပ်ပြီးစ ပါလီမန်ခေတ်မှာ
အဲဒီနှစ်ခုစလုံး စကားပြန်ကြသူတွေဟာ
မောင်ဘသန်း မျိုးရိုးနွယ်ချန်ထားခဲ့လေသလား
(ဟောဒီ)ထိုင်း နဲ့  မလေးရှား
မြန်မာပြည်သား ရွှေ့ ပြောင်းအလုပ်သမားတွေ
အများဆုံးရှိရာ သည်နှစ်နိုင်ငံမှာ
ပုလိပ် စကားပြန်, လ၀က စကားပြန်များရယ်နဲ့ 
မောင်ဘသန်းလို လူစားမျိုးတွေ
တန်ခိုးထွားနေဆဲ
လူအများတန်ဖိုး ထားနေဆဲပါတကား…………။
ခံစားတင်ပြသူ………သောင်ရင်းနဂါး
21Jan,2009…ဒီကနေ့ ဖတ်ချင်စရာကဗျာတပုဒ်…..
(ဘန်ကောက်)
မိုးထိနေတဲ့
လူနဲ့ တိုက်တာ
ဧရာမ မျှော်စင်ကြီးများ..။
မာကျူရီ
နီယွန် လျှပ်စစ်မီးခွက်များ..။
ရေမွှေး
ဘီယာ
ဝတ်လစ်စလစ် ပိုစတာ..။
အပြာရောင် အိပ်ရာခင်း
တီရှပ် ဂျင်းဘောင်းဘီ
ဆ၀ါဒီနဲ့  ကြိုချက်
လေအေးစက်ရဲ့ 
အရှက်ပြေ အပြုံးများ..။
တရိရိ
အိပြို ရွေ့ လျား
လိပ်ကားတန်းကြီးများ
ခရီးတွက်ဆင်
ပက်ပ်စီ တဘူး ပြီးတဘူး..။
ပဒေသရာဇ်များရဲ့ 
ဓာတ်ပုံ ကားချပ်
ရွှေသား ကွပ်ချိပ်
ဧည့်ခန်းရိပ်တိုင်းမှာ..။
ညနေပိုင်း
တီဗွီသတင်းမှာတော့
မြန်မာကျောင်းသားတယောက်
မွန်ဒုက္ခသည် တယောက်
ကရင်ပန်းရံမလေးတယောက်
ထိုင်းပြည့်တန်ဆာမလေးတယောက်
ချောက်ဖရားမြစ်ထဲ ခုန်ချသွားသတဲ့…။…..။
မောင်လွမ်းဏီ
မှတ်ချက်.။ ။ ဆရာမောင်လွမ်းဏီ၏သူပုန်နှင့်သူ၏ရဲဘော်ရဲဘက်များကဗျာစာအုပ်မှ….
21Jan,2009…..ဇန်န၀ါရီလအတွင်းထိုင်းနှင့်မလေးရှားသတင်းအတိုအထွာများ…
(ဇန်န၀ါရီလ-၂၀ရက်၊၂၀၀၉)
ထိုင်းအလုပ်သမားဝန်ကြီးဌာနမှမြန်မာ၊လော၊ ကမ္ဘောဒီးယား၊နိုင်ငံများမှရွှေ့ ပြောင်းအလုပ်သမားများ
အားအလုပ်သမားလက်မှတ်(WP-13)သက်တမ်းတိုးခြင်းအစီအစဉ်များကိုဆောင်ရွက်ပေးလျက်ရှိရာ
ပထမအုပ်စုဖြစ်သော(၁၂-၁၂-၂၀၀၈)နေ့ မ(ှ၂၀-၁-၂၀၀၉)နေ့ အထိသက်တမ်းတိုးခြင်းများကိုယနေ့
့နောက်ဆုံးနေ့ အဖြစ်ပြုလုပ်ပေးခဲ့ကြောင်းသတင်းရရှိသည်။တဆက်တည်းမှာပင်(၁၉-၁-၂၀၀၉)နေ့ 
့မှ(၂၇-၂-၂၀၀၉)နေ့အထိသက်တမ်းတိုးရန်သတ်မှတ်ထားသောဒုတိယအုပ်စုသည်စတင်သက်တမ်းတိုး
နိုင်ပြီဖြစ်ကြောင်း သိရသည်။ဤအလုပ်သမားလက်မှတ်သက်တမ်းတိုးခြင်းများကိုထိုင်းနိုင်ငံတ၀ှမ်းလုံးရှိ၇၆ ခရိုင်တွင်တပြိုင်တည်းဆောင်ရွက်နေခြင်းဖြစ်သည်။
(ဇန်န၀ါရီလ-၁၉ရက်၊၂၀၀၉)ဖြစ်ရပ်-၁။ ။
မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့ အနီးရှိဆွန်ကိုင်ဂလို့နယ်မှအထည်ချုပ်စက်ရုံတခုတွင်တရားဝင်အလုပ်လုပ်ကိုင်နေကြသောမြန်မာအလုပ်သမား၁၆ဦးတို့ သည်အလုပ်ရှင်ကမတရားဖိနှိပ်ခိုင်းစေမှုကြောင့်သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ရာမလေးရှားလူဝင်မှုကြီးကြပ်
ရေးဌာနကသူမတို့ ကိုမလေးရှားနိုင်ငံမှာအလုပ်လုပ်ရန်စာချုပ်ဖြင့်ခေါ်လာခဲ့စဉ်ကစာချုပ်ပါသဘောတူညီ ချက်များအတိုင်းလစာမရခြင်း၊ပြင်ပနှင့်ဆက်သွယ်ရေးကန့် သတ်ခြင်း၊အချိန်ပိုခိုင်းစေခြင်းတို့ အပြင်အခြား
လူမှုရေးကန့် သတ်မှုများကိုဆောင်ရွက်လာခြင်းကြောင့်မကျေမနပ်ဖြစ်ခဲ့ရာမှသက်ဆိုင်ရာသို့ တိုင်ကြားကြ
စဉ်တွင်အလုပ်သမ-၃ဦးအား(လ၀က)မှဖမ်းဆီးထားခြင်းဖြစ်သည်။(RFA)
ဖြစ်ရပ်-၂။ ။မလေးရှားနိုင်ငံဂျာဟိုးဒေသတွင်အလုပ်လုပ်ကိုင်နေကြသောမြန်မာအလုပ်သမား(၁၀၀၀၀)ခန့် 
တို့ သည်အလုပ်ပြုတ်ပြီးမြန်မာနိုင်ငံသို့ ပြန်ပို့ ခံရမည်ဖြစ်ကြောင်းသတင်းရရှိသည်။အဆိုပါဒေသတွင် ယခုအခါဆက်လက်လုပ်ကိုင်လျက်ရှိသောမြန်မာနှင့်အခြားရွှေ့ ပြောင်းအလုပ်သမားများသည်ရက်
သတ္တတပတ်လျှင်(၂-၃ )ရက်လောက်သာအလုပ်ရှိသဖြင့်မှေးပြီးလုပ်ကိုင်နေကြကြောင်းကာယကံရှင်
များကပြောဆိုသည်။(BBC-နံနက်ပိုင်း)
(ဇန်န၀ါရီလ-၁၈ရက် ၊ ၂၀၀၉)
ဖြစ်ရပ်-၁ ။ ။ အာရှ - ပစိဖိတ်ဒေသနိုင်ငံများ၏လူ့ အခွင့်အရေးကာကွယ်မြှင့်တင်ရေးဆိုင်ရာပြင်ဆင်မှု
ညီလာခံတရပ်ကိုထိုင်းနိုင်ငံဘန်ကောက်မြို့ တွင်ဇန်န၀ါရီလ-၁၈ရက်နေ့ ကကျင်းပခဲ့ကြောင်းသတင်း
ရရှိသည်။(BBC- ညပိုင်း)
ဖြစ်ရပ်- ၂။ ။ ထိုင်းတောင်ပိုင်းရှိရေတပ်မှမောင်းထုတ်ခဲ့သောရိုဟင်ဂျာ ဒုက္ခသည်(၄၀၀)ခန့် ကိုအိန္ဒိယသမုဒ္ဒရာအတွင်းအိန္ဒိယရေတပ်မှကယ်တင်ခဲ့ရကြောင်းသတင်းရရှိသည်။
(BBC- ညပိုင်း)
(ဇန်န၀ါရီ-၁၇ရက် ၊ ၂၀၀၉ )
မြန်မာဒုက္ခသည်(၈၀၀၀၀)ခန့် နေထိုင်ကြသောထိုင်း-မြန်မာနယ်စပ်ရှိမယ်လ ။ အုန်းဗြန် ၊ နို ဘိုး ဒုက္ခသည်စခန်းများတွင်မိသားစုစီမံကိန်းအခက်အခဲဖြစ်နေကြောင်းနှင့်အဆိုပါစခန်းများတွင်ပြီးခဲ့သော
၁၀ နှစ်အတွင်း ကလေး(၃၀၀၀၀)ခန့် မွေးဖွားခဲ့ခြင်းကြောင့်မိသားစုစီမံကိန်းဆောင်ရွက်ရန်မလွဲမသွေ
လိုအပ်ကြောင်းမဲဆောက်မြို့ အခြေစိုက်ဒုက္ခသည်စခန်းများ၏မိသားစုစီမံကိန်းဆိုင်ရာတာဝန်ရှိသူများ
ကပြောဆိုသည်။(BBC)
(ဇန်န၀ါရီလ-၁၆ရက်နေ့ ၊၂၀၀၉)
ထိုင်းနိုင်ငံ၏ကျဆင်းနေသောစီးပွားရေးကိုမြင့်တက်နိုင်ရန်ရည်ရွယ်လျက်ထိုင်းနိုင်ငံ
အတွင်းလာရောက်လည်ပတ်မည့်ကမ္ဘာ့လှည့်ခရီးသည်များကို(၃လဗီဇာ)ထုတ်ပေးရန်
စဉ်းစားနေကြောင်းထိုင်းဝန်ကြီးချူပ်အဘီဆစ်ကဇန်န၀ါရီလ၁၆ရက်နေ့ တွင်ပြောကြား
လိုက်သည်။
(RFA - နံနက်ခင်းသတင်း)
(ဇန်န၀ါရီလ၁၅ရက်,၂၀၀၉)
ထိုင်းနိုင်ငံဘန်ကောက်ပြည်နယ်ဘန်ခဲမြို့ နယ်ကုန်တိုက်များတွင်အစောင့်လုံခြုံရေးတာဝန်ထမ်း
ဆောင်နေသော(ရမ်း)မြန်မာအလုပ်သမား၄၀ဦးတို့ ကိုတရားမ၀င်နေထိုင်မှု၊တရားမ၀င်အလုပ်လုပ်
ကိုင်မှုတို့ ဖြင့်နယ်မြေခံရဲကဇန်န၀ါရီလ၁၅ရက်နေ့ ကဖမ်းဆီးခဲ့ကြောင်းသတင်းရရှိသည်။
(BBc-နံနက်ခင်းသတင်း)
Tuesday, January 20, 2009
20Jan,2009…ဒါဟာရိုးရိုးအိမ်ဖျက်ခံရတာမဟုတ်ဘူး..ငါတို့ နှလုံးအိမ်ကိုဖျက်ရတာဖြစ်တယ်…
Xxx ဒါဟာ တဲအိမ်တွေမဟုတ်ဘူး
ငါတို့ မြန်မာလယ်သမားတွေရဲ့ 
နှလုံးသားအိမ်တွေဖြစ်တယ်..
ဘ၀အိမ်တွေဖြစ်တယ်
အဖိနှိပ်ခံအိမ်တွေဖြစ်တယ်…။
+++တို့ ပြည်တွင်းမှာက
အလုပ်အကိုင်ကရှားပါး
ဝင်ငွေကနည်းပါးတာမို့ လို့ 
သုတို့ တတွေဟာ
ထိုင်းနိုင်ငံထဲကို လာခဲ့ကြတဲ့
မြန်မာလယ်သမားတွေဖြစ်တယ်…။
Xxxထိုင်း-မြန်မာနယ်စပ်မှာ
တာ့(ခ်)ခရိုင် ဆိုတာရှိတယ်..
တာ့(ခ်)၊မဲဆောက်၊ဖုတ်ဖရာ၊မယ်လမတ်၊အုန်းဖန်၊ထဆောင်ယန်း မြို့ တွေရှိတယ်…။
+++မုံ(မျှော့)သူဌေးတွေက
ငါတို့ လယ်သမားတွေကို
တနေ့ ဘတ်ခြောက်ဆယ်၊ခုနှစ်ဆယ်၊ရှစ်ဆယ်နဲ့ ခိုင်းကြတယ်။
Xxxနဖူးက ကျတဲ့ချွေး
ခြေမ ရောက်ပါမှ
ရတာက သတ်မှတ်စံနှုန်း(၁၅၁)ဘတ်မဟုတ်ဘူး..။
ဒူးနဲ့ မျက်ရည်သုတ်ရတာ
အံကြိတ်ခံပြီးလုပ်ရတာနေမကောင်းလည်းလုပ်ရတာတွေလည်းရှိနေရဲ့ 
Xxxလွန်ခဲ့တဲံ့(၈)နှစ်ကတည်းက
ဟောဒီဝါးတောရပ်ကွက်ရှိခဲ့တယ်
အဲသည်နောက်
ငှက်ပျောတော၊ကျွန်းတောဖြစ်ပေါ်လာတယ်
+++ခြံတောင်ယာအလုပ်ဆိုတာ
တို့ မြန်မာလယ်သမားတွေအဖို့ 
လုပ်ရိုးလုပ်စဉ်အလုပ်ဆိုပေမယ့်
လူမှာ….
နေမကောင်းတဲ့အခါရှိတယ်….
လူမှာ…
မိသားစုများတာရှိတယ်….
လူမှာ…
နေ့ စဉ်အလုပ်မရှိတာရှိတယ်….
အဲသည်အခါမှာ…
သူတို့ ဘာနဲ့ စားကြသလဲ….။
Xxxဇန်န၀ါရီလ ၁၄ရက်
အဲသည်နေ့ မနက်မှာ
ငါတို့ ရဲ့ နှလုံးသားအိမ်တွေ
(သူတို့ အခေါ်)တဲအိမ်စုတွေ
ကိုယ့်အိမ်ကိုယ်ဖျက်ကြလို့ 
တောအုပ်တွေဆီထွက်ပြေးကြရတယ်….။
(ဆက်လက်ဖော်ပြပါမည်။)
ခံစားတင်ပြသူ….သောင်ရင်းနဂါး(မြန်မာပြည်သား)
20Jan,2009….မဲဆောက်မြို့ ၊ မြို့ ပိုင်ရုံးမှာပထမအုပ်စုအလုပ်သမားလက်မှတ်လုပ်ကြပုံက..
ထိုင်း-မြန်မာနယ်စပ်၊မဲဆောက်မြို့  ၊ မြို့ ပိုင်ရုံးမှာဒီကနေ့ အဖို့ ပထမအုပ်စု(၂၀၀၈ခုနှစ်ဒီဇင်ဘာ
၁၂ရက်နေ့ မှ၂၀၀၉ခုနှစ်ဇန်န၀ါရီလ၂၀ရက်နေ့ အထိ)အလုပ်သမားလက်မှတ်(WP-13)လုပ်ကြဖို
့ကိုလာရောက်စုရုံးနေကြတဲ့ထိုင်းအလုပ်ရှင်၊ မုံ(ခေါ်)မျှော့အလုပ်ရှင်တွေကိုသူတို့ ရဲ့ ကားတွေ၊ဆိုင်
ကယ်တွေနဲ့ အတူတွေ့မြင်ရပုံကိုတင်ပြထားတာဖြစ်ပါတယ်။မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ
ဟာထိုင်းတနိုင်ငံလုံးအနေနဲ့ (၂ဒသမ၆သန်းခန့် )၊မဲဆောက်၊ဖုတ်ဖရ၊အုန်းဖန်၊မယ်ရမတ်၊တာ့(ခ်)၊
ထဆောင်ယန်းမြို့ နယ်တွေပါဝင်တဲ့တာ့(ခ်)ခရိုင်မှာတော့၎သိန်းကျော်ရှိမယ်လို့ မြန်မာပြည်သားအဖွဲ့ (ခေါ်)မြန်မာပြည်သူများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ကသုံးသပ်တင်ပြထားပါတယ်။ဒီလိုအလုပ်
သမားလက်မှတ်(WP-13)လုပ်တာဟာဒီလထဲမှာဒုတိယအုပ်စု(ဇန်န၀ါရီလ-၁၉ရက်နေ့ မှဖေ ဖော်ဝါ ရီလ၂၇ရက်အထိ)ပြီးရင်တတိယအုပ်စု(ဖေဖော်ဝါရီလ-၂ရက်နေ့ မှမတ်လ၁၃ရက်နေ့ အထိ)အဲဒါ
တွေပြီးရင်နောက်ဆုံးအုပ်စု(ဇွန်လ-၁ရက်ကနေ၊ဇွန်လ-၃၀ရက်နေ့ အထိ)လုပ်ကြရမှာဖြစ်ပါတယ်။အဖွဲ့ အစည်းကပဲဖြစ်ဖြစ်၊ကျောင်းဆရာပဲဖြစ်ဖြစ်၊ကျန်းမာရေးလုပ်သားပဲဖြစ်ဖြစ်၊(အလုပ်သမားလက်မှတ်)
ကိုင်ဆောင်ထားသူတိုင်းဟာရွှေ့ ပြောင်းအလုပ်သမားတွေပဲဖြစ်တယ်။
သတင်းမှတ်တမ်း…မြန်မာပြည်သား
20Jan,2009…..ယနေ့ ကျင်းပမည့်အိုဘားမား၏သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ…
ယနေ့ ကျင်းပမယ့်အိုဘားမားရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲဟာအမေရိကန်သမ္မတတွေ့ ရဲ့ သမိုင်းမှာစံချိန်တင်ရလောက်အောင်လုံခြုံရေးအင်အားများပြားပြီးလုံခြုံ ရေး(၁၀၀၀၀)
လောက်ရှိပါမယ်တဲ့။အိုဘားမားကိုလုပ်ကြံမယ်လို့ လည်းသတင်းတွေထွက်ပေါ်နေပါသတဲ့။ သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုပွဲကိုလာရောက်မယ့်သူတွေကလည်းအလွန်များပြားလိမ့်မည်
လို့ ခန့် မှန်းနေကြပါသတဲ့။
(BBC-နံနက်ခင်းသတင်း)
20Jan,2009….ယနေ့ ဖတ်စရာကဗျာတပုဒ်…
(ခိုလှုံခွင့်)
+++အိပ်မက်ဆိုတာ
အက်ဆစ်လား။
Xxxရေကြည်တစက်
မျက်ရည်တောင်းခံ။
+++သစ်ကုလားအုတ်အရိပ်
တိတ်ဆိတ်တစပြင်
ရွှေသမင်ရဲ့ တံလျှပ်မျှော်လင့်ချက်။
Xxxသစ္စာဖောက်တဲ့
လုံလောက်ပါ့မလား
လေဆိပ်တံခါး၊ ဓာတ်လှေကားမှာ
နားနဲ့ ဆတ်ဆတ်ကြားလိုက်တယ် ။ ။
(မောင်လွမ်းဏီ)
မှတ်ချက်။ ။ဆရာမောင်လွမ်းဏီ၏သူပုန်နှင့်သူ၏ရဲဘော်ရဲဘက်များကဗျာစာအုပ်….
Sunday, January 18, 2009
18Jan,2009…ယနေ့ ဖတ်စရာကဗျာ..တပုဒ်
``သော်လဲထ´´
Xxxလက်ဆွဲပွေ့ဖက်
နှုတ်ဆက် လက်ပြ
နယ်နမိတ်မြစ်ပေါ်က အယ်လဘမ်။
+++ဘာသာစကား
မတူခြားပေမယ့်
လက်ညှိုးတချောင်းနဲ့ 
ဘ၀တွေပွန်းတီးခဲ့ကြပြီ…။
Xxxဒါသည်ပင်
လူသားဆိုချင်သူတွေရဲ့ 
အပါးနပ်ဆုံး
ယဉ်ကျေးမှုခုတုံးတွေပါပဲ….။
+++အိုးပစ် အိမ်ပစ်
တော်လှန်စစ် ချစ်သူတချို့ 
အိုးတိုးအမ်းတမ်းနဲ့
နှုတ်ခမ်းတွေကိုပ၀ါသုတ်နေကြ…။ ။
မောင်လွမ်းဏီ
မှတ်ချက် …. ဆရာမောင်လွမ်းဏီ၏ သူပုန်နှင့်သူ၏ရဲဘော်ရဲဘက်များကဗျာစာအုပ်မှ…
18Jan,2009…ဟာဒယနှလုံးတခဏပြုံး….စာမျက်နှာ
``စောပါသေးတယ်´´
မန်ယူနည်းပြကြီးဖာဂူဆန်သည်၎င်းတည်းခိုရာဟိုတယ်အတွင်းမှထွက်ပြီးအပြင်သို့ လမ်းလျှောက် ထွက်လာသည်။ထိုအချိန်၌လမ်းပေါ်တွင်သွားလာနေ သည့်ကလေးငယ်တဦးကဖာဂူဆန်အားရပ်
်ခိုင်း၍နာရီမေးသည်။
``ဦး…နာရီဘယ်နှစ်နာရီထိုးပြီလဲမသိဘူး´´
ဖာဂူဆန်ကပြုံးပြီး
``၁၀နာရီထိုးပြီကွ ငါ့သားရ´´ ထိုအခါကလေးငယ်က
``ဒါဆိုနောက်တစ်နာရီကြာရင်ကျနော်ဖင်ကိုလာနမ်းနော်´´
ဟုဆိုကာပြေးထွက်သွား၍ဖာဂူဆန်ကဒေါသတကြီင်္းဖြင့်ကလေးငယ်နောက်ကိုပြေးလိုက်သည်။
ဖာဂူဆန်ကြီးပြေးလာသည်ကိုမြင်၍တာဝန်ကျရဲသားကတားပြီးမေးမြန်းမှုများပြုလုပ်ရာဖာဂူဆန်
ကရှင်းပြသည်။ဤတွင်ရဲသားကမိမိ၏နာရီပြန်ကြည့်ပြီးသက်ပြင်းချာ
``ဒါများဦးရယ်၊ဘာလောနေတာလဲ။အခုမှ၁၀နာရီ၁၀မိနစ်ပဲရှိသေးတယ်။သူကတစ်နာရီပြည့်မှ
လာလို့ ပြောတဲ့ဥစ္စာ´´…။
မှတ်ချက်။ ။နိုင်ငံတကာဘောလုံးဟာသများမှ….။
Saturday, January 17, 2009
17Jan,09…တခါကစည်ပင်ဝပြောခဲ့သောဝါးတောရပ်ကွက်ကလေးမှာ….
လွန်ခဲ့သော၈နှစ်ခန့် ကဤ၀ါးတောရပ်ကွက်ကလေးစတည်ခဲ့သည်။ထိုင်း-မြန်မာနယ်စပ်၊ဖုတ်ဖရာ့မြို့ နယ်၄၄ကီလိုကျေးရွာတွင်အစည်ပင်အဖွံ့ ဖြိုးဆုံးမြန်မာကျေးလက်ဘုံရိပ်သာကလေးဖြစ်ခဲ့သည်။ ကျေးလက်ဆေးပေးခန်းတခု၊ကျေးလက်ရေလောင်းအိမ်သာများ၊ကျေးလက်ရေသန့် ဖြန့် ဖြူးရေးများကို
IRC နှင့်တိုင်းကျန်းမာရေးဌာနတို့ ကပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။(တခါကပါလေ)ယခုအခါ၌မူ
ဇန်န၀ါရီလ၁၄ရက်နေ့ နံနက်ပိုင်းတွင်ထိုင်းအာဏာပိုင်များကကားကြီး၊ကားငယ်အသွယ်သွယ်ဖြင့် (စစ်ဆင်ရေးစီမံချက်)ပြုလုပ်သည့်ပမာပျိုးတောရပ်ကွက်ကိုသာမကပတ်ဝန်းကျင်ရှိငှက်ပျောတောအုပ်စု၊
ကျွန်းတောအုပ်စုတို့ တွင်အလုပ်ရှင်မှပေးထားသောမြေနေရာမှာတဲအိမ်ထိုးကာနေထိုင်ကြသော မြန်မာစိုက်ပျိုးရေးအလုပ်သမားများကို``အိမ်ဖျက်မည်လား၊အိမ်ကိုမီးဖြင့်ရှို့ ပြီးမှလူတွေအဖမ်းခံမည်လား´´ ဟူ၍မေးမြန်းသတဲ့။ဝါးတောရပ်ကွက်အိမ်ခြေ၅၀အိမ်ခန့် ၊ငှက်ပျောတောမှအိမ်ခြေ၂၅အိမ်ခန့် ၊ကျွန်းတောရပ်
မှအိမ်ခြေ၃၀ခန့် အိုးအိမ်စွန့် ခွာကာထွက်ပြေးကြရသည်ပေါ့။ခန့် မှန်းခြေလူ(၅၀၀)ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီ။ မုံ(ခေါ်)မျှော့လူမျိုးအလုပ်ရှင်တွေကသူမြေမှာနေခိုင်းပြီးတနေ့ ကိုနေ့ စားခ(၆၀၊၇၀)ဘတ်လောက်ပေးပြီးမ
တန်တဲ့လုပ်အားခနှုန်းနဲ့ အလုပ်လုပ်ကြရပါတယ်။တာ့(စ်)ခရိုင်မှာတနေ့ လုပ်အားခ(၁၅၁)ဘတ်ဆိုတာကို လည်းအလုပ်ရှင်တွေကမလိုက်နာကြပါဘူး။သူတို့ ထိုင်းလူမျိုးတွေ ၊မုံလူမျိုးတွေကတောင်ပြောကြတာရှိရဲ့ ။
(မင်းတို့ မြန်မာတွေလုပ်နေကြတဲ့နေစဉ်အလုပ်မျိုးကိုတို့ တတွေထိုင်းနိုင်ငံသားတွေကတစ်နေ့ (၃၀၀)ဘတ်ပေးတာတောင်မလုပ်နိုင်ကြဘူး)တဲ့ခင်ဗျ။ညစ်ပတ်တဲ့အလုပ်(Dirty) ၊ခက်ခဲကြမ်း တမ်းတဲ့ အလုပ်(Difficult)၊အန္တရာယ်ရှိသောအလုပ်(Dangerous)ဆိုတဲ့3Dမူဝါဒတွေကိုကမ္ဘာပေါ်ကဘယ်ရွှေ့ ပြောင်းအလုပ်သမားမဆိုလုပ်ရတယ်ဆိုတာမှန်ပါတယ်။ဒါပေမယ့်ဖုတ်ဖရာ့မြို့ နယ်အတွင်းကမြန်မာရွှေ့ ပြောင်းအလုပ်သမား(၇၀၀၀၀)ယောက်ခန့် အတွက်တော့သင့်တင့်တဲ့လုပ်အားခဆိုတာနဲ့ သင့်တင့်တဲ့လုပ်ငန်းခွင်ဆိုတာပုံပြင်အလားပါပဲ။ပင်ပန်းသမျှနေ့ စဉ်(၆၀၊၇၀)ဘတ်ပဲရကြတဲ့ သူတွေပါပဲ။ အဲဒီလိုနိမ့်ပါးဆုံးဘ၀ထဲကိုပဲခူးတိုင်းဝေါမြို့ နယ်၊ရွှေကျင်မြို့ နယ်၊မွန်ပြည်နယ်သထုံနဲ့ ဘီးလင်းမြို့ နယ်ဘက်ကမြန်မာလယ်သမားတွေကထိုင်းနိုင်ငံထဲရောက်လာတဲ့အခါစိုက်ပျိုးရေးအလုပ်သမား(၀ါ)ရွှေ့ ပြောင်းအလုပ်သမားအလွှာတလွှာအနေနဲ့ အသက်မွေးဝမ်းကျောင်းလာကြတာပါပဲ။၄၄ကီလိုမီတာကျေး
ရွာမှာရှိတဲ့ မြန်မာစိုက်ပျိုးရေးလုပ်သား၁သောင်း၊၄၈ကီလိုမီတာမှာရှိတဲ့မြန်မာစိုက်ပျိုးရေးလုပ်သား၆
ထောင်၊အဲဒီနှစ်ရွာနဲ့ အခြားရွာ၁၂ ရွာကိုပေါင်းပြီး၄၈ကီလိုမီတာတိုက်နယ်အနေနဲ့ ဖွဲ့ စည်းထားတာမို့ လို့ မြန်မာစိုက်ပျိုးရေးအလုပ်သမား၂သောင်းလောက်ရှိတဲ့ဒေသတခုလို့ မြန်မာပြည်သူများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီက(JACBA)ကသုံးသပ်ပါတယ်။ဇန်န၀ါရီလ၁၄ရက်နေ့ မှာတော့မုံလူမျိုးအလုပ်ရှင်တွေ
ကဘာတာဝန်မှမယူကြလို့ အလုပ်သမားလက်မှတ်နဲ့ နေထိုင်ခွင့်လက်မှတ်ရှိသူ၆၀လောက် အပါအ၀င် ၀ါးတော၊ငှက်ပျှောတော၊ကျွန်းတော၊ဦးပေစီဝန်း၊စောမြင့်ကြည်အုပ်စု၊အပါအ၀င်လူ၅၀၀လောက်ဟာတော
အုပ်တွေထဲမှာပုန်းအောင်းနေကြသလို ၄၄ကီလိုမီတာနယ်ခြားစောင့်တပ်ရင်းအနားက ပြောင်ကြီးဝန်း၊ ပြောင်လေးဝန်း၊ကြက်မတွန်ဝန်း၊စတာတွေကလူ၅၀၀လောက်ဟာလည်းအခြားတောအုပ်တွေထဲမှာ
ထွက်ပြေးတိမ်းရှောင်နေကြရလေရဲ့ ။
(ဒီမှတ်တမ်းဓာတ်ပုံတွေထဲမှာထိုင်းရှေ့ နေများကောင်စီ၊ ဥပဒေအထောက်အကူပြုဌာန၊(LLC)ရှေ့ နေများ
ဦးဆောင်ပြီးသူတို့ နဲ့ တွဲဘက်ဥပဒေအထောက်အကူပြုသူတွေဖြစ်ကြတဲ့မြန်မာပြည် သူများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီ(JACBA)၊ကရင်လူငယ်များအစည်းအရုံး (KYO)တို့  ကနေထိုင်းအာဏာပိုင်တွေလက်က လွတ်မြောက်အောင်နီးစပ်ရာနဲ့ဝေးလံရာတောအုပ်တွေမှာပုန်းအောင်းနေရတဲ့ သူတွေဆီအလုပ်သမားဥပဒေ၊
လက်ရှိအခြေအနေနဲ့ အသနားခံစာတင်ပြရေးဆွေးနွေးကြင်္ပြီးထိုင်း- မြန်မာနယ်စပ်အခြေစိုက်မြန်မာအမျိုး
သမီးများ လူမူကယ်ဆယ်စောင်ရှောက်ရေးအဖွဲ့ (SAW)ကလှူဒါန်းတဲ့စောင်တွေ၊စားစရာတွေ၊ကို (SAW) ကိုယ်စားလှူဒါန်းကြရင်းခင်မင်ရင်းနှီးစွာအားပေးစကားပြောကြားကြတဲ့မှတ်တမ်းဓာတ်ပုံတွေဖြစ်ပါတယ်။
သတင်းမှတ်တမ်း….မြန်မာပြည်သား
17 Jan, 09…. ဟာဒယနှလုံးတခဏပြုံး....
`ဆွဲတယ်ထင်လို့်´
မန်ယူကလပ်မှ စီရော်နယ်ဒိုအရက်အလွန်မူးနေသည်။
ဤအချိန်တွင် ၄င်းအိမ်သို့ချစ်သူဖြစ်သူအလည်လာပြီး အ၀တ်အစားလဲရန်အတွက် စီရော်နယ်ဒို၏ အခန်းတံခါးအားဆွဲဖွင့်သည်။
ဤသည်ကိုမြင်သော် စီရော်နယ်ဒိုက
`ဆွဲဦး… နာနာလေးဆွဲ၊ ဟုတ်ပြီ…ဆွဲထား…ဆွဲထား…´ဟု ဘေးမှနေ၍ အော်ပြောသည်။
တစ်ခါဆွဲလည်းမပွင့်၊ နှစ်ခါဆွဲလည်း မပွင့်၍ ချစ်သူကစိတ်ပျက်လာသည်။
ထို့နောက်`ရှင်ဟာဘယ်လိုလည်း ဒီလောက်ဆွဲတာတောင်မပွင့်ပါလား´
ထိုစကားကြားသော် စီရော်နယ်ဒိုအံ့အားသင့်သွားပြီး…
`ဘာ… မင်းက တံခါးဖွင့်နေတယ် ဟုတ်လား။ ဒီတံခါးက တွန်းဖွင့်ရတာကွ။ မင်းလက်ကိုင်ဘုဖြုတ်နေတယ်မှတ်လို့…´
မှတ်ချက်…… နိုင်ငံတကာ ဘောလုံးဟာသများမှ….
Friday, January 16, 2009
16Jan,09…ဘန်ကောက်မြို့ ကုန်တိုက်ကြီးတစ်ခုတွင် မြန်မာနှင့်လော အလုပ်သမားများအားဖမ်းဆီး
ဇန္န၀ါရီ ၁၆
ယမန်နေ့ နေ့လည်ပိုင်းက ဘန်ကောက်မြို့  ဘန်ခေ တမော ကုန်တိုက်ကြီတွင် လုံခြုံရေး အစောင့်အလုပ်သမားများအားထိုင်းအာဏာပိုင်များကအင်အားသုံး၍စီးနင်းဝင်ရောက်ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသော ၄၆ ဦးသည် မြန်မာနှင့်လော အလုပ်သမားများဖြစ်သည်။ (ယမ်း)ခေါ် အစောင့်လုံခြုံရေးအလုပ်သမားများအဖြစ်အချိန်အတော်ကြာကပင်လုပ်ကိုင်နေကြသောသူများဖြစ်သည်။
ကုန်တိုက်များ စက်ရုံများတွင် လုံခြုံရေးအစောင့်လုပ်ကိုင်နေသူများအားဖမ်းဆီးခြင်း မှာယခုအကြိမ်သည်ပထမဦးဆုံးဖြစ်ပြီးအရေအတွက်အများဆုံးဖြစ်သည်။
နယ်မြေခံရဲများက ဖမ်းဆီးရမိသောအလုပ်သမားများကို နိုင်ငံတွင်းတရားမ၀င်ဝင်ရောက်မှု၊
တရားမ၀င်အလုပ်လုပ်ကိုင်မှု တို့ဖြင့်တရားစွဲဆိုမည့်အပြင်၊တရားမ၀င် အလုပ်သမားများကို
ငှားရမ်းသော ကုမ္ပဏီ ကိုလည်းရဲဆင့်စာခေါ်မည်ဖြစ်ကြောင်းပြောသည်။
ကမ္ဘာ့စီးပွားရေးကျဆင်းမှု ကြောင့်ထိုင်းနိုင်ငံသို့နိုင်ငံခြား မှလာရောက် ရင်းနှီးမြှုပ်နှံသော
ကုမ္ပဏီ နှင့်၊စက်ရုံ အချို့ အား၂၀၀၈ နှစ်ကုန်ပိုင်းတွင် ပိတ်ခဲ့ရသဖြင့်၊ထိုင်းအလုပ်သမားအမြောက်
အများ အလုပ်လက်မဲ့ဖြစ်နေကြရသည်။
ထိုင်းနိုင်ငံတွင်လာရောက်အလုပ်လုပ်ကိုင်နေသောမြန်မာအလုပ်သမားများကို ထိုင်းပုလိပ်များ
ကဖမ်းဆီးငွေတောင်းသည်မှာ လုပ်ရိုးလုပ်စဉ်ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော်လည်း ကမ္ဘာ့စီးပွားရေးကျဆင်း မှုဂယက်ရိုက်ခတ်မှုနောက်ပိုင်း၊ထိုင်းနိုင်ငံအတွင်းတရားမ၀င် ၀င်ရောက်အလုပ်ကိုင် နေကြသော မြန်မာအပါအ၀င်နိုင်ငံခြားသားအလုပ်သမားများကို စီမံကိန်းချ၍ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီးလျှက်ရှိသည်။
မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းမျိုးစုံ အ၀ယ်ကိုယ်စားလှယ်လုပ် နေသော မြန်မာတစ်ဦးအပြောအရ
၂၀၀၉ ခုအစ ရက်ပိုင်းက ထိုင်းစက်ရုံ ၊ ၊အလုပ်ရုံများတွင်တရားမ၀င်လုပ်သမားများကိုထုတ်ပယ်ရန် နှင့်ထိုင်းလူမျိုးအလုပ်သမားများအားအလုပ်ခန့်ထားပေးရန် သက်ဆိုင်ရာမှတရားဝင် အကြောင်းကြား
စာများပို့ထားကြောင်းသိရသည်၊
ထိုင်းနှင့်မြန်မာ အစိုးရတို့၏ နှစ်နိုင်ငံအလုပ်သမားငှားရမ်းရေးသဘောတူညီချက် အားအကောင်အထည်ဖေါ်နေရာတွင်လည်း၊ထိုင်းနိုင်ငံနေရာအနှံ့အလုပ်လုပ်ကိုင်နေကြသောမြန်မာ
အလုပ်သမားများမှာ နယ်စပ်ကိုဆင်း၍တရားဝင်ပတ်စပို့လုပ်ကိုင်ရေးကိစ္စမှာလည်း အလုပ်သမားများ
အနေဖြင့် အထူးခက်ခဲလျှက်ရှိကြောင်းသိရသည်။
ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေကြသောမြန်မာအလုပ်သမားများမှာ အလုပ်လုပ်ရရင်ပြီးရော့သဘော
ဖြင့် အမည်နှင့်အသက်မှာပေးချင်သလိုပေးထားကြသူများဖြစ်သည်။
အချို့မှာဝန်ထမ်းမိသားစုဖြစ်၍လည်းကောင်း၊အချို့ မှာနိုင်ငံရေးနှင့်ပတ်သက်နေ၍လည်းကောင်းအချို့ 
မှာမိမိနေရပ်၌ ပင် မှတ်ပုံတင်ထားခြင်း မရှိကြချေ။ နယ်စပ်သို့သွားလျှင်ထိုင်းပုလိပ်ဖမ်းဆီး
၍နယ်စပ်ရှိလူကုန်ကူးသူများလက်သို့ပို့ဆောင်ပေးမည့်အန္ဒရာယ်အပါအ၀င် ပတ်စပို့လုပ်ကိုင်နေစဉ်စားသောက်နေထိုင်ရေးနှင့်အခြားစရိတ်စကအခက်အခဲ ပေါင်းများစွာရင်ဆိုင်ရမည်ဖြစ်သဖြင့် အလုပ်သမားများစိတ်သောကရောက်လျှက်ရှိကြသည်။
ပေးပို့ သူ...ဦးကျော်သောင်း(ဘန်ကောက်)
16 Jan, 09…. ဟာဒယနှလုံးတခဏပြုံး....
`စောပါသေးတယ်´
နည်းပြကြီးဖာဂူဆန်သည် ၎င်းတည်းခိုရာဟိုတယ်အတွင်းမှထွက်ပြီး အပြင်သို့  လမ်းလျှောက်
ထွက်လာသည်။ ထိုအချိန်၌ လမ်းပေါ်တွင်သွားလာနေသည့် ကလေးငယ်တစ်ဦးက ဖာဂူဆန်
အားရပ်ခိုင်း၍ နာရီမေးသည်။
“ ဦး…နာရီဘယ်နှစ်နာရီထိုးပြီလဲမသိဘူး” ဖာဂူဆန်ကပြုံးပြီး…. “၁၀ နာရီထိုးပြီကွ ငါ့သားရ”
ထိုအခါ ကလေးငယ်က “ ဒါဆိုနောက်တစ်နာရီကြာရင် ကျွန်တော့်ဖင်ကိုလာနမ်းနော်”ဟု ဆို
ကာ ပြေးထွက်သွား၍ ဖာဂူဆန်ကဒေါသတကြီးဖြင့် ကလေးငယ်နောက်ကို ပြေးလိုက်သည်။
ဖာဂူဆန်ကြီးပြေးလာသည်ကိုမြင်၍ တာဝန်ကျရဲသားကတားပြီးမေးမြန်းမှုများပြုလုပ်ရာ
ဖာဂူဆန်က ဖြစ်ကြောင်းကုန်စင်ရှင်းပြသည်။ဤတွင်ရဲသားက မိမိ၏နာရီပြန်ကြည့်ပြီး သက်
ပြင်းချကာ “ ဒါများ ဦးရယ်၊ ဘာလောနေတာလဲ။ အခုမှ ၁၀ နာရီပဲရှိသေးတယ်။ သူကတစ်နာ
ရီပြည့်မှလာလို့  ပြောတဲ့ဥစ္စာ”
မှတ်ချက်။ ။ နိုင်ငံတကာဘောလုံး ဟာသများမှ….
16Jan,09…အလုပ်သမား ပတ်စပို့လုပ်မည်ဟု လုပ်ငန်းရှင်ကခေါ်ယူစည်းဝေး အလုပ်သမားများစိုးရိမ်....
ဇန်န၀ါရီလ-၁၄ရက်
ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခါမြို့ နယ်၊ဟတ်ယိုင်မြို့ ထုံလုံရပ်ကွက်နှင့် စူစပ် ရပ်ကွက်အကြားတွင်တည်ရှိသော
လက်အိပ်စက်ရုံ (Siam-Sempermed) လက်အိပ်စက်ရုံတို့တွင် လုပ်ငန်းရှင်က တရားဝင်
အလုပ်သမားပတ်စပို့လုပ်ရန်ပြောကြားသဖြင့် မြန်မာ ရွေ့ ပြောင်းအလုပ်သမားများ စိုးရိမ်နေကြကြောင်း
သိရသည်။
( စရံ )လက်အိပ်စက်ရုံမှအလုပ်သမ မအေး က”ကျမတို့ဒီအလုပ်ရုံမှာအယင်နှစ်ကအလုပ်သမားဘတ်လုပ်ခ
ဆိုပြီးးဘတ်ငွေ(၆၀၀၀)ပေးပြီးနေထိုင်ခဲ့ရတယ်၊၀င်ဝင်ခြင်း (၂၀၀၀)ပေးရတယ၊်တစ်လကို(၁၀၀၀)စီဖြတ်ခဲ့
ပါတယ်။ ခုနှစ်ကုန်တော့ မနေ့ကအစည်းအဝေးခေါ်တယ်၊ နယ်စပ်ကိုသွားပြီးပတ်စပို့လုပ်ရမယ်လို့ပြောပါ
တယ်၊ တစ်ယောက်ကို ဘတ် (၈၅၀၀)ဖြတ်မယ်လို့ပြောပါတယ်၊အမည်ရင်း၊နေရပ်လိပ်စာအပြည့် အစုံပေး
ရမယ် လို့ပြောပါတယ်၊ကျမတို့ကထိုင်းမှာဘတ်လုပ်ထားတာ အမည်လည်းပေးချင်သလိုပေးထားတယ်၊ အသက်လည်းအမှန်မဟုတ်ဘူး၊ဗမာပြည်မှာ ဂွက်ထော် က ဒီမှာ မေသူအောင်
ဖြစ်ချင်ဖြစ်နေတယ်၊ပြီးတော့ နာမည်အမှန် နေရပ်လိပ်စာအမှန်ကိုပေးရမယ်ဆိုရင် ကျမတို့နောက်ကြောင်း
စိတ်ချရပါ့မလား၊ရွာမှာသွားပြီး အခွန်ကောက်မလား အမျိုးမျိုးစဉ်းစားနေကြတယ်၊
ဆက်ပြီးလုပ်နေကြမလား၊အလုပ်ပဲပြောင်းမလား နေရပ်ကိုပြန်ရင်ကောင်းမလား မသိတော့ပါဘူး
၂၀ ရက်နေဏ္ဍငွေထုတ်ရင် ဘတ် ၂၈၀၀ ဖြတ်မယ်ပြောပါတယ်။မလုပ်ရင်လည်းအလုပ်ကထွက်ရမယ်လို့
ပြေါပါတယ်”ဟုပြောသည်။ ရုံချင်းကပ်လျှက် အလုပ်ရုံဖြစ်သော(Aimberly-clkrk) စက်စကင်းလက်
အိပ်စက်ရုံမှ အလုပ်သမား ကိုကျော်သန်း က”ကျနော်တို့စက်ရုံကိုဝင်ဝင်ချင်း ဘတ်(၂၅၀၀)ပေးရပါ
တယ်တစ်လကို (၁၀၀၀)ဖြတ်ပါတယ်၊မနေ့ကအစည်းအဝေးမှာမန်နေဂျာ ကပြောပါတယ်၊ကော့သောင်း၊
မဲဆောက်၊တာချီလိတ် တို့ကို တစ်သုတ်ကို အလုပ်သမား(၁၀၀)စီပို့မယ်လို့ပြောပါတယ်၊ကျနော်တို့တော့
အခက်တွေ့နေရပါတယ်၊ကျနော်တို့က ရခိုင်ကလာတာ၊ကျနော်တို့သန်ခေါင်းစါရင်းကိုအချိန်တို
ိုအတွင်းဘယ်လိုမှမရနိုင်ပါဘူး၊လချီစောင့်လို့စောင့်တာတောင်ရပါမလား၊စောင့်နေတဲ့အခါဘာနဲ့
စားမလဲ၊ဘယ်မှာတည်းမလဲ၊အလုပ်လည်းမလုပ်ရဒုက္ခတော့တွေတော့မှာပဲဗျာ”ဟုပြောသည်။
အဆိုပါအလုပ်ရုံများမှာစင်္ကာပူ၊မလေးရှားနှင့်ထိုင်းလူမျိုးလုပ်ငန်းရှင်များ ပိုင်ဆိုင်းကြောင်းအလုပ်သမား
များကပြောသည်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်အခြေစိုက် မြန်မာပြည်သားအဖွဲ့ မှ ကိုမိုးကြိုးက “ထိုင်းမှာအလုပ်လာလုပ်တဲ့
အလုပ်သမားတွေဟာအမည်တစ်ခြား၊အသက်တစ်ခြားပေးထားပြီးသူများဘ၀ထဲဝင်နေကြသူတွေပါ၊နယ်စးပ်
မှာပတ်စပို့လာလုပ်ရင်ထိုင်းမှာပေးထားတဲ့အမည်ကတစ်မျိုးအသက်ကမမှန်၊ဆိုတော့ ဗမာအာဏာပိုင်တွေက
သိတဲ့အတိုင်းပဲရစ်တော့မှာ၊မြ၀တီမှာပတ်စပို့လာလုပ်တာ၂၀၀၈အောက်တိုဘာလကတည်းကပါ၊လူရာဂဏန်း
လောက်လုပ်တယ်လို့ကြားရပါတယ်၊မဲဆောက်မှာမြန်မာအလုပ်သမားသိန်းချီရှိတာဒီလောက်ပဲလုပ်တယ်၊
ရနောင်းဘက်မှာသိတော့သိတယ်လုပ်တဲ့လူတွေမရှိဘူးလို့ကျနော်တို့စုံစမ်းလို့သိရတယ်၊တာချီလိတ်ဘက်မှာ
စိတ်လည်းမ၀င်စားဘူးလို့သိရပါတယ်ဗမာအလုပ်သမားတွေကနောက်ကြောင်းစုံစမ်းမှာမလိုချင်ကြဘူး၊နေရပ်
ကမိသားစုတွေဆီမှာအခွန်မကောက်ဘူးလို့ဘယ်သူပြောနိုင်မလဲ ဘာမှစိတ်မချရဘူး”ဟုပြောသည်၊
ထိုင်းအစိုးရနှင့်မြန်မာအစိုးရတို့နှစ်နိုင်ငံသဘောတူညီချက်အရ တရားဝင်အလုပ်သမားငှားရမ်းရေးအစီ
အမံများစီစဉ်ခဲ့သည်မှာနှစ်အတန်ကြာခဲ့သော်လည်းယခုထိအကောင်အထည်ပေါ်ခြင်းမရှိသေးချေ။ ပထမ
တွင်မြန်မာအစိုးရက ဘတ်ငွေ(၂၀၀၀)စီးသတ်မှတ်ခဲ့သော်လည်းနာက်ဆုံးတွင်ဘတ်(၅၀၀)သို့လျှော့ချခဲ့
သည်။
ထိုင်းအစိုးရဘက်က အလုပ်သမားဘတ်လုပ်သကဲ့သို ဘတ်ငွေ(၃၈၀၀)နှင့် အခြေခံလစာသတ်မှတ်ချက် ဘတ်(၆၀၀၀)မှလစဉ်ဝင်ငွေခွန်ဆယ်ရာခိုင်နုန်းပေးသွင်းရမည်ဖြစ်သဖြင့် တစ်လကို(၆၀၀)ဘတ် ၊တစ်နှစ်
အတွက်(၇၂၀၀)အပြင်ဗီဇာကြေးဘတ်(၂၀၀၀)ဖြစ်၍အလုပ်သမားတစ်ယောက်အတွက်တစ်နှစ်အတွက်ဘတ်
ငွေ (၁၃၀၀၀)ဖြစ်နေသဖြင့် အလုပ်သမားများကုန်ကျမည့်ငွေပမာဏမှာများလွန်းနေကြောင်း အလုပ်သမားအ
ရေးဆောင်ရွက်နေသော အဖွဲ့အစည်းများကသုံးသပ်နေကြသည်။ထိုင်းနိုင်ငံ၏စါရင်းဇယားအားလုံးတို့မှာ ကွန်
ပြူတာစနစ်ဖြစ်သော်လည်း၊မြန်မာနိုင်ငံ၏စါရင်းဇယားများမှာမူ စာရွက်စာတမ်းစနစ်သာရှိသေးသဖြင့် နှစ်နိုင်ငံ
အလုပ်သမားပတ်စပို့လုပ်ကိုင်ရေးကိစ္စမှာ လွယ်ကူချောမွေ့စွာဖြစ်နိုင်ဘွယ်မရှိကြောင်းအလုပ်သမား အရေး
ကျွမ်းကျင်သူများကပြောဆိုနေကြသည်။
ထိုင်နိုင်ငံတွင်မြန်မာအလုပ်သမားများကိုင်ဆောင်ထားသောအလုပ်လုပ်ကိုင်ခွင်(ဘတ်)ကို ၂၀၀၉ ခုနှစ်အထိ
သက်တမ်းတိုးပေးဦးမည်ဖြစ်သော်လည်း ၂၀၁၀ ပြည်လွန်နှစ်များတွင် တရားဝင်ဗီဇာရှိသူများကိုသာ နေထိုင်
အလုပ်လုပ်ကိုင်ခွင့်ပြုတော့မည်ဖြစ်ကြောာင်းထိုင်းအစိုးရအလုပ်သမားဝန်ကြီးဌာနမှထုတ်ပြန်ကြေညာထားးသည်။
ပေးပို့ သူ….ဦးကျော်သောင်း(ဘန်ကောက်)
Thursday, January 15, 2009
15Jan,09.....ဒီမိုကရေစီရမှပြန်ဆုံတွေ့ကြမယ်မပန်းဝါ.....
သူ…..ပိရိပြတ်သားတဲ့ နှုတခမ်းဖျားတွေတုန်ရီလို့ ရဲရင့်တောက်ပတဲ့ မျက်ဝန်းတွေမှုန်ဝေလို့သံတိုင်
တွေကြားက မြင်ကွင်းတွေဟာ တုန်ခါချောက်ခြားလို့ အံတကြိတ်ကြိတ် တောက်ခေါက်သံတချက်နဲ့ 
စကားတခွန်းထွက်အကျမှာပဲ သူ့ပါးပြင်တွေပူနွေးစွတ်စိုသွားခဲ့တယ်။
အလို…သူငိုလိုက်မိပါသလား..ဒါ..မျက်ရည်မဟုတ်
မျက်ရည်ဆိုတာရှုံးနိမ့်ခြင်းရဲ့ပြယုဂ်တခု
သူသိလိုက်တယ်၊
ခံယူချက်နှလုံးသားက
ယိုစီးကျလာတဲ့ အမှန်တရားသွေးစက်တချို့သာ ဖြစ်လိမ့်မယ်…….
သူ……..သံတိုင်တွေကို တင်းတင်းဆုပ်ကိုင်လို့ တဆတ်ဆတ်တုန်ရီနေတဲ့ နှုတ်ခမ်းတွေကိုထိမ်းချုပ်လို့ ဗျာပါဒသောကတွေဆူညံနေကြတဲ့
တရားရုံးမြင်ကွင်းတွေကြားမှာ မျက်စိအစုံကို အတင်းမှိတ်ချလိုက်မိတယ် ။ မှောင်အတိကျသွားတဲ့
မြင်ကွင်းထဲ တရိပ်ရိပ်ပေါ်လာကြတဲ့
ပုံရိပ်တွေကတော့……. ငိုယိုနေကြ၊ ဆာလောင်နေကြတဲ့ နာဂစ်လေးဘေး ဒုက္ခသည်တွေနဲ့ ထောက်ပံ့
ရေးပစ္စည်းတွေ မနိုင်မနင်းသယ်မပြီး
ဝေငှပေးနေကြတဲ့ သူ့ရဲဘော်၊ သူ့သူငယ်ချင်းတွေ အနုပညာရှင်တွေနဲ့ သူ့ရဲ့လှုပ်ရှားမှုများ…….။
ဒီနောက်တော့ စစ်အာဏာရှင်ဝံပုလွေတအုပ်နဲ့ လက်ကိုင်တုတ်ခွေးအတွေက သူ့ကိုကိုက်ချီလို့
ဖမ်းချုပ်လိုက်ပါတော့တယ်။ မဟုတ်က၊
ဟုတ်ကပုဒ်မတွေ သူ့လည်ပင်းကိုချိတ်ဆလိုက်ပါတော့တယ်။ သူကတော့ ပိရိပြတ်သားတဲ့
နှုတ်ခမ်းအစုံကို တချက်တွန့်ပြီး ပြုံးလိုက်ရုံပါပဲ…..။
ကမ္ဘာပေါ်မှာ မကြားဘူးသေးတဲ့ လက်ထပ်မင်္ဂလာ……လက်ထိပ်သ, ခြေကျင်းသံတွေက
မင်္ဂလာတေးသံဖြစ်လို့ …..မင်္ဂလာသြဘာစာကတော့
မတရားတဲ့ အမိန့်ချမှတ်သံတွေပဲပေါ့။ (၁၀) နှစ်ဆိုတဲ့ အမိန့်သံနဲ့ အထောက်အထားမဲ့ စွပ်
စွဲချက်တွေက ထောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့
သတို့သားနဲ့
မျက်ရည်မကျအောင်
ထိမ်းထားနိုင်တဲ့
သတို့သမီးတို့အပေါ်
အကြင်နာတဖက်ကမ်းအထိ
မင်္ဂလာသက်တမ်းရှည်စေရေး
ဆုမွန်တေးတွေများလား…………
အရေးတော်ပုံအောင်ရမည်ဆိုတဲ့
ကြွေးကြော်သံတွေကို
သူအကြိမ်ကြိမ်ကြွေးကြော်ခဲ့
ပြီးပြီ….မည်းနက်ပြည့်သိပ်ကတ္တရာစေးတွေအောက်မှာ သွေးကွက်တွေနဲ့အတူ သူ့ရဲ့
ယုံကြည်ချက်တွေကို စိုက်ပျိုးခဲ့ ပြီးပြီ။ (၇) ဇူလိုင်မျိုးဆက်,
(၇၄) မျိုးဆက်, (၈၈) မျိုးဆက်, (၂၀၀၇) မျိုးဆက်ဆိုတဲ့ တော်လှန်ပန်းတွေ ရဲရဲပွင့်ကြတဲ့
အထဲ သူလဲပါဝင်ခဲ့ပြီ။ သူ့ကိုနားလည် သူ့ကိုမြတ်နိုး
သူ့ကိုကိုးကွယ်တဲ့ ချစ်သူအတွက် သူဟာအမြင့်မြတ်ဆုံး လက်ထပ်မင်္ဂလာပွဲ တခုကို
ကျောင်းနံရံတဝိုက် ဒေါင်းအလံပြန်စိုက်မယ် ဆိုတဲ့
ကြွေးကြော်သံနဲ့အတူ
ကမ္ဘာသိကျင်းပနိုင်ခဲ့ပါရောလား………
မပန်းဝါဆိုတဲ့
သူ့ရဲ့ချစ်သူကလဲ
မျက်ရည်မကျ၊
မျက်နှာမညှိုး၊အာဏာရှင်မိစ္ဆာဆိုးတွေနဲ့ တိုက်ပွဲဆက်ဖို့ ဖြူစင်နူးညံ့တဲ့ လက်ဖဝါးလေးကို
သူ့ရဲ့လက်ဖဝါးကြမ်းကြမ်းပေါ်တင်လိုက်တယ်
ပြီးတော့သူတို့တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ကြတယ်။
သူတို့ရဲ့
သူငယ်ချင်းတွေ
မိဘအသိင်းဝိုင်းတွေကတော့
ဒီမြင်ကွင်းအပေါ်
ကြေကွဲမှုတွေအပြည့်နဲ့ ငေးကြည့်ကြရင်း သူတို့ရင်တွင်းကိုလဲ မမြင်နိုင်တဲ့ စိတ်ဓါတ်လှိုင်း
တခုက ရိုက်ခတ်သွားခဲ့ပါတော့တယ်။
လက်ထပ်လက်စွပ်မပေးဘူး……….
သူ…အားမာန်အပြည့်နဲ့
အပြုံးတပွင့်ပေးခဲ့တယ်…..အကြင်နာအနမ်းမပေးဘူး
သူ…ယုံကြည်ချက်တွေပေးခဲ့တယ်
မင်္ဂလာခန်းမမငှားလိက်ရတဲ့ သံတိုင်ကြားကလက်ထပ်ပွဲ အပြီးမှာ
သူ….အနည်းငယ် လှုပ်ရှားနေတဲ့
စိတ်ကို ထိမ်းပြီးစကားတခွန်းပြောလိုက်တယ်……. ဒီမိုကရေစီရမှပြန်ဆုံတွေ့ကြမယ် မပန်းဝါ …..။
မပန်းဝါရဲ့ အပြုံးတပွင့် ခေါင်းတညိတ်မှာ ကမ္ဘာပေါ်က ပန်းတွေအားလုံးတပြိုင်နက် ပွင့်သွားကြပါတော့တယ်။
(မတရားထောင်ဒဏ်ချခံလိုက်ရတဲ့သူငယ်ချင်းခင်မောင်ဝင်းအတွက်...)
ပေးပို့ သူ.....ဇော်မြင့်(မလေးရှား)
15Jan,09.....ဖုတ်ဖရာ့မြို့ နယ်၄၄ကီလိုမီတာရှိမြန်မာအလုပ်သမား၁၀၀၀ခန့် ရှောင်တိမ်းပုန်းအောင်းနေကြရ....
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ တောင်ဘက်၄၄ကီလိုမီတာအကွာအဝေး
တွင်တည်ရှိသောဖုတ်ဖရာ(Ph0p phra)မြို့ နယ်၄၄ကီလိုမီတာကျေးရွာတွင်
ထိုင်းအလုပ်ရှင်နှင့်မုံ(ခေါ်)မျှော့အလုပ်ရှင်ထံမှာနေထိုင်လုပ်ကိုင်စားသောက်
လျက်ရှိသောမြန်မာစိုက်ပျိုးရေးအလုပ်သမား၁၀၀၀ခန့် တို့ သည်ထိုင်းအာဏာ
ပိုင်တို့၏လိုက်လံဖမ်းဆီးမှုများကြောင့်မိမိတို့ နေအိမ်များကိုစွန့် ခွာကာရှောင်
တိမ်းပုန်းအောင်းနေကြရကြောင်းသတင်းရရှိသည်။ထိုင်းအာဏာပိုင်တို့ သည်
ကား၁၀စီးစာအင်အားဖြင့်အဆိုပါမြန်မာအလုပ်သမားများနေထိုင်ရာတန်းလျား
များဖြစ်ကြသောပြောင်ကြီးဝန်း၊ ပြောင်လေးဝန်း၊ကြက်မတွန်ဝန်း၊ဦးပေစိအိမ်
အစု၊စသည်ဖြင့်တောနင်းကာပတ်စိတ်တိုက်လိုက်လံရှာဖွေဖမ်းဆီးနေသဖြင့်
မိမိတို့ ပစ္စည်းများကိုရယူကာမိမိတို့ နေအိမ်နှင့်တဲအိမ်များကိုစွန့် ခွာကာ
တောအုပ်များထဲသို့ ရှောင်တိမ်းပုန်းအောင်းနေကြရသည်ဟူကာယကံရှင်
များကမြန်မာပြည်သားသို့ ပြောပြသည်။ယမန်နေ့ (ဇန်န၀ါရီလ၁၄ရက်)
နေ့ တွင်လည်း၄၄ကီလိုမီတာကျေးရွာဝါးတောရပ်ကွက်ရှိဝါးတောအုပ်စု၊
ငှက်ပျောတောအုပ်စုနှင့်ကျွန်းတောအုပ်စုတို့ မှမြန်မာစိုက်ပျိုးရေးလုပ်သား
၃၀၀ခန့် တို့ သည်မိမိတို့ တဲအိမ်များကိုဖျက်သိမ်းကြပြီးတောအုပ်များ၌ရှောင်
တိမ်းပုန်းအောင်းနေကြဆဲဖြစ်သည်။ကျွန်းတောအုပ်စုတွင်မြန်မာအလုပ်သမား
များနှင့်HWFတို့ မှပူးပေါင်းဖွင့်လှစ်ထားသော``အကောင်းဆုံးမိတ်ဆွေ´´မူလ
တန်းကျောင်း၌ဆရာနှစ်ဦးသာလျှင်ဘယ်မှထွက်မပြေးပဲခြောက်ကပ်
နေသောနေရာနှင့်သစ်ပုံ၊၀ါးပုံများကြားမှာ(ဖမ်းချင်ဖမ်းပါစေ၊ကျောင်းကိုမစွန့် ခွာ)
ဆိုကာနေမြဲအတိုင်းနေထိုင်လျက်ရှိကြောင်းဆရာနှစ်ဦးကပြောပြသည်။
ထိုင်းအာဏာပိုင်များသည်မလှမ်းမကမ်းအကွာအဝေးမှပတ်စိတ်တိုက်ကင်း
လှည့်လျက်ရှိကြောင်းအဆိုပါဆရာနှစ်ဦးကပြောဆိုသည်။
်
သတင်းမှတ်တမ်း...မြန်မာပြည်သား
15Jan,09….လာပါလာပါ၊ ၀င်ခဲ့ပါ….
Xxxကြွေးယူစဉ်ခါ
ပြုံးရွှင်စွာ
သကာ,ပျားရည်ချိုသဟေ့….။
+++ကြွေးပေးစဉ်ခါ
မဲ့ရွှဲ့ စွာ
တမာ, ကြက်ဟင်းခါး _ ခါးသလေ့…။
Xxxယောက္ခမရှေ့ မှာ
အပိုးကျိုးစွာ
လူလိမ္မာပမာ နေသဟေ့…။
+++ယောက်ဖနှင့်အတူ
ခွက်မျှယူ
မူးသူဘွဲ့ ကိုခံယူသလေ့….။
Xxxခယ်မနှင့်ဆုံ
ရင်တွေခုန်
ပုံပြင်ပြောတမ်းကစားသဟေ့….။
+++ရွှေ့ ပြောင်းဘ၀မှာ
ဂျာအေးပမာ
သူ့ အမေရိုက်ကိန်းကြုံသလေ့……။
Xxx လာလေလေ့….၀င်လာဟေ့
ပြည်မြန်မာက ညီအကိုရေ့ …….။
+++လာလေလေ့…၀င်လာဟေ့
ပြည်မြန်မာက ညီအမရေ့ ……။……။
ပေးပို့ သူ….လူဇော်(ဘန်ကောက်)
15Jan,09.....၂၀၀၈ခုနှစ်အတွက်အကောင်းဆုံးဘောလုံးသမား၂ဦး.ကိုဖီဖာမှရွေးချယ်......
ကမ္ဘာ့ဘောလုံးအဖွဲ့ ချူပ်(ဖီဖာ)က၂၀၀၈ခုနှစ်အတွက်ကမ္ဘာ့အကောင်းဆုံးအမျိုးသားနဲ့ 
အမျိုးသမီးဘောလုံးသမားဆုတွေကိုကမ္ဘာတ၀ှမ်းကနည်းပြဆရာတွေ၊အားကစား...
ကလောင်ရှင်တွေဆီကနေမဲရယူပြီးအခုလိုဆုရှင်နှစ်ဦးကိုဆုချီးမြှင့်လိုက်ပါတယ်။
(၁) အကောင်းဆုံးအမျိုးသားဘောလုံးသမား....ခရစ်တီယန်နို ရိုနယ်လ်ဒို
.........................................(ပေါ်တူဂီလက်ရွေးစင်၊ မန်ချက်စတာယူနိုက်တက်ကလပ်)
(၂)အကောင်းဆုံးအမျိုးသမီးဘောလုံးသမား.....မာတာဗီရာဒါဆေးလ်ဗား
........................................(ဘရာဇီးလက်ရွေးစင်၊ဆွီဒင်နိုင်ငံကလပ်အသင်းတခုမှာ
.........................................ကစားနေသူ)
15Jan,2009…ယနေ့ ဖတ်ချင်စရာကဗျာတပုဒ်….
*** လူပြောများတဲ့ရုပ်ရှင် ***
xxxကောင်းကင်ပြာကြီးက
ကမ္ဘာကြီးကို
ထီးမိုး အုပ်ချုပ်ထားသတဲ့။
+++ကမ္ဘာကြီးကဖြင့်
လွတ်လပ်ခွင့်တွေ အနန္တနဲ့ 
ဟန်ကျ ပန်ကျ
မွေးနေ့ ကျင်းပ နေနိုင်သတဲ့။
xxxအပူပြင်းထန်တဲ့
အီကွေတာမျဉ်းပေါ်မှာ
ဒါမှမဟုတ်
ရေခဲမှတ်အောက် ရပ်ဝန်းမှာ
ခြေနှစ်ချောင်းနဲ့  လူသတ္တ၀ါများ
လေးဘက်တွားဖို့ ကြိုးစားနေကြ။ ။
(မောင်လွမ်းဏီ)
မှတ်ချက်။ ။ ဆရာမောင်လွမ်းဏီ၏သူပုန်နှင့်သူ၏ရဲဘော်ရဲဘက်များကဗျာစာအုပ်မှ….
Wednesday, January 14, 2009
14Jan,2009….ဘုရားထီးတင်ပွဲတွင် ကလေးငယ်တစ်ဦးထူးဆန်းစွာသေဆုံး
ဇန္န၀ါရီ ၁၃
တနသာင်္ရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့ နယ်၊အောက်သရက်ချောင်းရွာအနီးရွာဦးဘုရားထီးတင်ပွဲ
တွင်လေပွေရုတ်တရက်တိုက်ခတ်၍ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်။
ပြာသိုလပြည့်နေ့(ဇန္န၀ါရီ ၁၀)ရက်နေ့ကအောက်သရက်ချောင်းရွာဦးဘုရားထီးတော်တင်ပွဲတွင်
နံနက်ပိုင်းကိုးနာရီးကျော်ခန့်အချိန်၊တရားနာပြီးနောက်ဘုရားရင်ပြင်တွင်
ဘုရားဖူးများနားနေကြစဉ်၊ယာယီအအေးဈေးဆိုင်အတွင်းအိပ်နေသောတစ်နှစ် လေးလအရွယ်
မတင်မိုးခိုင် မှာလေပွေနှင့်အတူအုန်းပင်ခန့်မြင့်ပါသွားခဲ့ပြီးအဆိုပါဘုရားခြေတော်ရင်းသို့်အမြင့်မှ အရှိန်
ဖြင့်ပြုတ်ကျခဲ့သည်။
အဖွားဖြစ်သူဒေါ်သန်းဌေး ကအအေးဈေးဆိုင်တွင်း ကလေးငယ်ကိုသိပ်ထား၍ဈေးရောင်းနေစဉ်လေပွေရုတ်တရက်ဝင်ရောက်လာပြီးဆိုင်ခန်း
အမိုးနှင့်အတူကလေးငယ်လွင့်ပါသွားခဲ့သည်ဟုဆိုသည်။ဘုရားဖူးများက ကလေးငယ်ကိုလိုက်လံကယ်တင်
ဝိုင်းဖမ်းကြသော်လည်းအမြင့်သို့ပါသွားခဲ့သည်။
ကလေးငယ်သည်လေထဲတွင်မိနစ်အတန်ကြာဝဲနေရာမှ ဘုရားခြေတော်သို့လွင့်ကျလာသောအခါ အရိုးများ
ကျိုးကြေသွားပြီးနှာခေါင်းနှင့်ပါးစပ်တို့မှသွေးများယိုစီးခဲ့သည်။နီးစပ်ရာ ရေငဲ ရွာ ဆေးခန်းသို့သွားရောက်
ကုသခဲ့သော်လည်း အသက်ပြန်လည်ရှင်သန်ရှင်းမရှိတော့ချေ။
ထိုင်းနိုင်ငံဘန်ကောက်မြို့  ဘန်ဘော် နယ်မြေတွင်အလုပ်နေကြသောမိဘနှစ်ဦးမှာ တစ်ဦးတည်းသော
သမီးငယ်အတွက်စိတ်သောကရောက်နေကြရသည်၊
ဖခင်ဖြစ်သူ ကိုသားကြီးက”ကျနော်တို့လင်မယားနှစ်ယောက်ဘန်ကောက်မှာအလုပ်လုပ်နေကြပါတယ်၊ကျ
နော်ယောက္ခမဆီကို သမီးလေး ငါးလကျော်ကတည်းကပို့ထားတာပါ၊ဒီဓါတ်ပုံက မကြာခင်ကပို့လိုက်တဲ့ပုံပါ။
မကြာခင်ကျနော့်သမီးလေးအတွက်ဘုန်ကြီးပင့်ပြီးဒီကအလှူလုပ်ပြီးအမျှဝေပေးပါမယ်’’ ဟုပြောသည်။
မိခင်ဖြစ်သူ မိခိုင် က”ရွာကဖုန်းဆက်လာတော့အံ့သြမိတယ်။သမီးလေးအတွက်ဝမ်းနည်းနှမျောမိတယ်၊
ထူဆန်းလို့အမေတို့ရွာမှာ တတ်သိသူတွေကိုမေးကြည့်တော့ ဘုရားအစောင့်ခေါ်တယ်လို့ပြောတယ်၊မနေ့က
ဇန္န၀ါရီ(၁၂)သင်္ဂြိုဟ်တယ်လို့ဖုန်းဆက်လာပါတယ်၊သမီးလေးကောင်းရာလားပါစေလို့ဆုတောင်ပါတယ်ရှင်”
ဟုပြောသည်။
အောက်သရက်ချောင်းရွာအနီး ရွာဦးဘုရားမှာရှေဟောင်းဘုရားတစ်ဆူဖြစ်ပြီး ၀ိသမလောဘသမားများ
တို့ က ဌာပနာတိုက်ကိုဖေါက်ယူ၍ ဘုရားမှာပျက်စီးနေသည်။ဒေသခံအလှူရှင်များက ဘုရာကိုပြန်လည်ပြုပြင်
မွမ်းမံပြီးမထမဦးဆုံးအကြိမ်းထီးတော်တင်ပွဲကျင်းပခြင်းဖြစ်သည်။
ဘုရားပွဲတော် စသည့်နေ့တွင် ယ္ခုကဲ့သို့မမျှော်လင့်ပဲ ကလေးငယ်တစ်ဦးသေဆုံးခဲ့ရသဖြင့် ဘုရားဖူးလာပရိတ်
သတ်များမှာစိတ်မကောင်းဖြစ်ကြရသည်။ပထမဦးဆုံးကျင်းပသောဘုရားပွဲတော်ဖြစ်သဖြင့် အနီးအနားကျေး
ရွာတစ်ဆယ်ကျော်မှ ဒေသခံပြည်သူများလာရောက်ကြသဖြင့်အထူးစည်ကားကြောင်းသိရှိရသည်။
သတင်းပေးပို့ သူ….ဦးကျော်သောင်း(ဘန်ကောက်)
14Jan,09…မြန်မာစိုက်ပျိုးရေးလုပ်သား၃၀၀ခန့် စုပေါင်းနေထိုင်ရာတဲအိမ်စုများကိုထိုင်းအာဏာပိုင်များကဖျက်သိမ်းစေခဲ့ပြီ…
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့၏တောင်ဘက်၄၄ကီလိုမီတာ
အကွာအဝေးတွင်ရှိသောဖုတ်ဖရာ့(phop phra)မြို့ နယ်၄၄ကီလို
ိုမီတာကျေးရွာဝါးတောရပ်ကွက်၌စုပေါင်းနေထိုင်ကြသောမြန်မာ
စိုက်ပျိုးရေးလုပ်သား၃၀၀ခန့် နေထိုင်ကြရာတဲအိမ်၇၀ကျော်အား
ဒေသခံထိုင်းအာဏာပိုင်များကယနေ့ ဖျက်သိမ်းစေခဲ့ကြောင်းသ
တင်းရရှိသည်။အဆိုပါတဲအိမ်များမှာယင်းတို့ ၏အလုပ်ရှင်ထိုင်း
သူဌေးမှခွင့်ပြုချက်ဖြင့်နေထိုင်ကြခြင်းဖြစ်ပြီးယမန်နေ့ ကစ၍
ထိုင်းအာဏာပိုင်များကဖျက်သိမ်းရန်အမိန့် ပေးခဲ့ခြင်းဖြစ်သည်။
ဝါးတောရပ်ကွက်တွင်၆နှစ်ခန့် နေထိုင်ခဲ့သူဒေါ်ငွေက``ကျမတို့ 
ကဒီဝါးတောရပ်စတည်ထဲကနေလာတာပါ၊၊ လွန်ခဲ့တဲ့၆နှစ်လောက်
တုန်းကအခုလိုလူမများသေးဘူး။သူဌေးက
လည်းအလုပ်သမားလက်မှတ်လုပ်ပေးတာရှိသလိုနေထိုင်ခွင့်လက်
မှတ်နဲ့ နေတဲ့သူတွေ၊ ၅ နှစ်ခံတောင်ပေါ်သား(နေထိုင်ခွင့်)လက်မှတ်
နဲ့ နေတဲ့သူတွေဒီနေ ရာတ၀ိုက်ရာသီအလေ့စိုက်ပျိုးစားကြတာပါပဲ။
အခုနောက်ပိုင်းလူက၃၀၀ကျော်လာတယ်။ ၀ါးတောရပ်ကွက်မှာက
ဝါးတောသူဌေးနဲ့ လူ၃၀၀၊ ကျွန်းတောရပ်ကွက်မှာကအခြားသူဌေးနဲ့ လူ၁၀၀လောက်၊ဟိုဘက်ငှက်ပျောတောအစုမှာကလူ၆၀လောက်အဲသလို ခွဲနေကြတာပါပဲ။ဆေးကုစရာရှိရင်ဝါးတောကိုလာပြီးဆေးပေးခန်းမှာလာ
ကုကြတယ်။တခါမှဒီလိုအတင်းအကြပ်ဖျက်ခိုင်းတာမရှိတော၊သူဌေးက
လည်းအာမခံပေးမယ်ဆိုတော့စိတ်အေးရပြီမှတ်တာ၊လက်မှတ်ရှိတဲ့ကျမတို့ 
အိမ်လည်းဖျက်ပေးရတယ်ဆရာရေ့ ။ အများနည်းတူလေဟာပြင်မှာပဲဆက်
နေပြီးလုပ်စားရတော့မှာပဲ၊တချို့ ကတော့မြန်မာပြည်ပြန်ကြပြီ။အများစုက
တော့မြန်မာပြည်ပြန်လည်းဒီမှာလိုစားလောက်မှာမဟုတ်လို့ ဟိုရှောင်ဒီ
ရှောင်နဲ့ လုပ်စားရအုံးမှာပါပဲ….´´ဟူ၍မြန်မာပြည်သားသို့ ရှင်းပြသည်။
မြန်မာပြည်သားအဖွဲ့ (JACBA)ဖုတ်ဖရာ့မြို့ နယ်တာဝန်ခံစောရဲသွေးကလည်း-``အခုဖျက်သိမ်းမှုကအစမဟုတ်သေးပါဘူး။၄၈ကီလိုမီတာကျေးရွာဘက်မှာ
ဆိုရင်ပြီးခဲ့တဲ့နိုဝင်ဘာလမှာမြန်မာပြည်သားတွေကိုမိမိခြံဝန်းထဲငှားရမ်းတဲ့ ထိုင်းနှစ်ဦးဟာဆိုရင်ဘတ်ငွေ၆သောင်းဒဏ်အရိုက်ခံရပါတယ်။ပြီးတော့နိုဝင်ဘာလကုန်နဲ့ ဒီဇင်ဘာလဆန်းမှာ၄၈ကအိမ်တန်းလျားတွေဖျက်သိမ်းခဲ့ရပါတယ်။အခု၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလထဲမှာ၄၄ကီလိုမီတာဘက်အလှည့်ရောက်ပြီးအခုဝါးတော၊ကျွန်းတော၊
ငှက်ပျောတော၊ပြီးရင်ပြောင်ကြီးဝန်းပြောင်လေးဝန်း၊ကြက်မတွန် ၀န်းစသဖြင့်မြန်မာပြည်သားတွေနေတဲ့တန်းလျားတွေ၊တဲအိမ်တွေ၊ဖျက်သိမ်းခိုင်း
မယ်လို့ကြားပါတယ်။ ဖုတ်ဖရာ့မြို့ နယ်ထဲကအခြားနေရာတွေလည်း
မြန်မာပြည်သား တဲအိမ်မှန်သမျှ၊ထိုင်းသူဌေးခြံထဲနေထိုင်သူမှန်သမျှထိုင်း
သူဌေးကအာမခံလို့ အလုပ်သမားလက်မှတ်လုပ်ပေးမယ်ဆိုရင်ထားခွင့်ရမယ်။
အရေအတွက်နည်းနည်းပဲသူဌေးအာမခံနဲ့ နေကြရမယ်။ ကျောင်းနေချင်ရင်
်ထိုင်းကျောင်းတွေမှာနေရမယ်၊မိမိဖာသာသီးခြားကျောင်းဖွင့်ခွင့်မပြုနိုင်ဘူးတဲ့ ဗျ။
အဓိက,ကတော့ဖုတ်ဖရာ့မြို့ နယ်ဟာထိုင်းမြန်မာနယ်စပ်မှာမူးယစ်ဆေး
၊လူကုန်ကူးမှု၊တရားမ၀င်လုပ်ငန်းခွင်တည်ထောင်လုပ်ကိုင်မှုအပါအ၀င်ရာဇ၀တ်
်မှုထူပြောတဲ့ဒေသဖြစ်တဲ့ အပြင်ထိုင်းမြန်မာနှစ်ဘက်လုံခြုံရေးကိုအမြဲခြိမ်းခြောက်
နေတဲ့ဒေသဖြစ်လို့ပါပဲအခုကိစ္စမှာကလက်မှတ်ရှိသူ၆ယောက်လောက်နေတဲ့
တဲအိမ်တွေကိုတောင်ဖျက်ခိုင်းတာဆိုတော့လွန်လွန်းတယ်ထင်တယ်။
ဒါကိုဥပဒေလမ်းကြောင်းအရရော၊လူ့ အခွင့်အရေးလမ်းကြောင်းအရပါအတတ်နိုင်ဆုံး
ကျနော်တို့ ဆက်စပ်ဆောင်ရွက်သွားမှာပါ´´....ဟူ၍တင်ပြပြောဆိုသည်။
သတင်းမှတ်တမ်း….မြန်မာပြည်သား
14 Jan, 09… သောက်ပေါများသို့….
Xxx တနည်းအားဖြင့်
အမြည်းစားကာ
ပတီးပတားနှင့်
နေ့စဉ်(အာ)ခရီးသွားကြသော
သောက်ပေါများခင်ဗျား…..။
Xxx သောက်ရင်းပေါသော
သောက်ပေါများသည်
အအားမနေ
စကားထွေကာ
တရားလေမှာ မျောလို့
သောက်ပေါ ဖြစ်ရလေသတတ်….။
Xxx တိုင်းရေး ပြည်ရေး
ဆွေးနွေးရင်း တစ်ထွေ
တစ်ထွေမှသည် နှစ်ထွေ၊ သုံးထွေ… အထွေလေး,ငါးဆယ်
ထွေပါများတော့ သတိလွတ်
သတိလွတ်တော့ ပေါက်ကရပြော
တရားကလည်း ဟောလိုက်ချင်သေး
တွေးကြည့်လျှင် မွေးမိခင်နှင့် ကျွေးဖခင်ပင် အပြစ်မလွတ်
သူတို့ကိုကြည့်တော့ ဂုဏ်သိက္ခာဖွတ်
လူထုမှာတော့ ဖွတ်ထွက်မှ တောင်ပို့မှန်းသိရ
သောက်ပေါဘဝ
ဤသည်မှသည်
အစမှ အဆုံး
အကုန်လုံးမြင်
လူကောင်းတွေချဉ်, လူထုချဉ်သော
အသင်သောက်ပေါတွေ
ကိစ္စမြန်မြန်ချောကြပေရော့…..။
ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)
14 Jan, 09…လူကုန်ကူးမှုတိုက်ဖျက်ခြင်းနဲ့ ကာကွယ်ခြင်းဥပဒေကို လေ့လာကြရအောင်….(အပိုင်း-၂)
BE-2551 (2008) Act
ရှေ့ကအပိုင်း-၁ မှာ တင်ပြခဲ့သလို ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှုကာကွယ်ခြင်းနဲ့ တိုက်ဖျက်ခြင်းဥပဒေနဲ့ တဆက်တည်း အဓမ္မလုပ်အားစေခိုင်းခြင်း……
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO) ပြဌာန်းချက်အမှတ်(၂၉)အရ အဓမ္မအလုပ်စေခိုင်းမှုဆိုတာဟာ လူတစ်ဦးတစ်ယောက်ကို ပြစ်ဒဏ်ပေးမယ်လို့ ခြိမ်းခြောက်ပြီး အလုပ်(သို့) တာဝန်ထမ်းဆောင်စေခြင်း အမျိုးမျိုးကို အဓမ္မမလုပ်မနေရ လုပ်ဆောင်စေခြင်းတာ ဖြစ်တယ်။ ဒီလိုအလုပ်လုပ်ဆောင်ရာမှာ ထိုလုပ်ဆောင်ပေးသူရဲ့ ဆန္ဒမပါဘဲ လုပ်ဆောင်ပေးရတာဖြစ်ပါတယ်။
ပြဌာန်းချက်အမှတ်(၂၉)ကို လက်မှတ်ရေးထိုးထားသည့် (ILO)အဖွဲ့ဝင်နိုင်ငံတိုင်းဟာ ပုံစံအမျိုးမျိုးသော အဓမ္မလုပ်အားပေးစေခိုင်းမှုတွေကို အဖြစ်နိုင်ဆုံးသော အတိုတောင်းဆုံး အချိန်ကာလမှာ နှိမ်နှင်းဖို့ တာဝန်ရှိပါတယ်။
Xxx ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှုကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်းဥပဒေ ဘီအီး(၂၅၅၁)BE-2551….
ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှုကာကွယ်ခြင်းနဲ့ တိုက်ဖျက်ခြင်းဥပဒေ ဘီအီး(၂၅၅၁)အရ လူကုန်ကူးမှုကာကွယ်ရေးနဲ့ တိုက်ဖျက်ရေးကော်မတီ(ထိုင်းဘာသာဖြင့် အတိုခေါက် ပေါခေါမေါ)ကော်မတီကို ၀န်ကြီးချုပ်ကိုယ်တိုင် ဦးစီးပြီး ၀န်ကြီးများဖြင့်ဖွဲ့စည်းထားပါတယ်။
Xxx လိင်မှုဆိုင်ရာ ကူးသန်းရောင်းဝယ်ခြင်း….။
Xxx လူအားကျွန်အဖြစ် သက်ဆင်းစေခြင်း…။
Xxx တောင်းစားရန် အတင်းအကြပ်ခိုင်းခြင်း…။
Xxx အဓမ္မအလုပ်စေခိုင်းခြင်း…။
Xxx ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရောင်းချဖို့ အတင်းအကြပ်ပုံစံပဲဖြစ်ဖြစ်၊ တပါးသူမှလိုက်လျောတာပဲဖြစ်ဖြစ် လုပ်ဆောင်တာကို ဘီအီး(၂၅၅၁)အရ တားမြစ်နိုင်ပါတယ်။
Xxx ဒီဥပဒေအရ အပြစ်ဒဏ်တွေကတော့…..
လူကုန်ကူးမှုကျူးလွန်သူဟာ ထောင်ဒဏ်-၄နှစ်မှ ၁၀-နှစ် (သို့) ဒဏ်ငွေဘတ် ၈-သောင်းကနေ ၂-သိန်းအထိ ပေးဆောင်ရပါမယ်။
အသက် ၁၅-နှစ်ကျော်ပြီး ၁၈-နှစ်မပြည့်သေးသူတွေကို အပြစ်ကျူးလွန်ရင်… ထောင်ဒဏ်- ၆နှစ်ကနေ ၁၂-နှစ် (သို့) ဒဏ်ငွေ ဘတ် ၁-သိန်း ၆-သောင်းကနေ ၃-သိန်းအထိ ပေးဆောင်ရပါမယ်။
အသက် ၁၅-နှစ် မပြည့်သေးသူကို အပြစ်ကျူးလွန်မယ်ဆိုရင်… ထောင်ဒဏ် ၈-နှစ်ကနေ ၁၅-နှစ်အထိ (သို့) ဒဏ်ငွေဘတ် ၁-သိန်း ၆-သောင်းကနေ ၃-သိန်းအထိ ပေးဆောင်ရပါမယ်။
ဥပဒေဘက်တော်သားတွေ၊ ဥပဒေပညာရှင်တွေအနေနဲ့ လူကုန်ကူးမှု အပြစ်ကျူးလွန်မယ်ဆိုရင်… ဒဏ်ငွေဘတ် ၂-သိန်းကနေ ၁-သန်းအထိ အသီးသီးပေးဆောင်ရမယ်လို့ အပြစ်ဒဏ်သတ်မှတ်ထားပါတယ်…။
Xxx မက်လုံးပေးလို့ ဆွယ်တရားဟောခြင်း….
`လူကုန်ကူးသူတွေဟာ ငွေကြေးကြိုပေးလို့ပဲဖြစ်ဖြစ်၊ ပစ္စည်းအသစ်အဆန်းပေးလို့ပဲဖြစ်ဖြစ်၊ လခကောင်းကောင်းရမယ်လို့ ပြောလို့ပဲဖြစ်ဖြစ်၊ သူတို့ဘက်ပါအောင် မက်လုံးပေးလို့ ဆွယ်တရားဟောတတ်ကြပါတယ်။
Xxx လူကုန်ကူးခံရတဲ့ ဆိုးကျိုးတွေကတော့….
၁- ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာတွေကို နှိပ်စက်ခံရတာ…။
၂- လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခံရတာနဲ့ ပြည့်တန်ဆာအဖြစ်ခိုင်းစေခံရတာ…။
၃- အများနဲ့ အဆက်အသွယ်ပြတ်ပြီး ပိတ်လှောင်ခံရတာ…။
၎- အစာငတ်မွတ်တာ…။
၅- အလုပ်နားရက်၊ ပိတ်ရက်မရတာ…။
၆- မူးယစ်ဆေးဝါး အတင်းအဓမ္မ သုံးစွဲခိုင်းတာ…။
၇- အေအိုင်ဒီအက်စ်(AIDS) ကာလသားရောဂါနဲ့ တီဘီလိုမျိုး ကူးစက်ခံရတာ…။
၈- မကျန်းမမာဖြစ်လို့လည်း နားနေဖို့ ခွင့်မရရှိတာ….။
၉- ကြွေးမြီကျွန်ဘ၀ ရောက်ရတာ…။
၁၀- အဓမ္မအလုပ် စေခိုင်းခံရတာ…။
၁၁- အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရတာ…စတာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရပါတယ်….။
Xxx လူကုန်ကူးခြင်းရဲ့ အကျိုးဆက်တွေကတော့…
၁- ရာဇ၀တ်မှုထူပြောစေတာ…
၂- လူထု၏ ကျန်းမာရေးကို ထိခိုင်ယိုယွင်းစေတာ…။
၃- အစိုးရအာဏာပိုင်အချို့ဟာ သွေးဆောင်သိမ်းသွင်းခံရတာ၊ ကျင့်ဝတ်ပျက်စေတာ…။
၎- ရာဇ၀တ်မှုကို စနစ်တကျကျူးလွန်တဲ့ ဂိုဏ်တွေကို အင်အားကောင်းစေဖို့ ပံ့ပိုးရာရောက်တာ…။
Xxx လူကုန်ကူးသူတို့ရဲ့ ပစ်မှတ်ကဘာလဲ….
`မသိနားမလည်သောသူတွေနဲ့ အထူးသဖြင့် ကလေးသူငယ်များ အမျိုးသမီးများဟာ လူကုန်ကူးသူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်ပါတယ်´….။
Xxx ဘယ်လိုဆက်သွယ်မလဲ… ဆက်စပ်ဆောင်ရွက်မလဲ…
လူကုန်ကူးခြင်းနဲ့ ပတ်သက်ပြီးတော့… ထိုင်းရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC)
ရုံးဖုန်း- ၀၅၅ ၅၃၅ ၉၉၄
မြန်မာဘာသာဖြင့်… စောကိုထွေး (ဖုန်း- ၀၈၁ ၇၈၆၀ ၉၂၅)
ထိုင်းဘာသာဖြင့်… တန်(ဖုန်း- ၀၈၆ ၀၃၅၉ ၄၄၅)
ဒါမှမဟုတ်… မြန်မာဘာသာဖြင့်- မြန်မာပြည်သားအဖွဲ့ (JACBA) ၀၈၇ ၃၀၈၉ ၆၈၀/ ၀၈၃ ၆၃၀၈ ၄၃၃ စတာတွေကို ဆက်သွယ်နိုင်ပါတယ်။
စုစည်းတင်ပြသူ…. ရဲရင့်အောင် (မြန်မာပြည်သား)
ကျမ်းကိုး…. ထိုင်းရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC)နှင့် လူ့အခွင့်အရေးမြှင့်တင်မှုဖောင်ဒေးရှင်း(HRDF)တို့မှ စုစည်းထုတ်ဝေထားသော ထိုင်းဥပဒေများလက်စွဲစာအုပ်…
14Jan,09...ယနေ့ ဖတ်စရာကဗျာတပုဒ်...
***မသိုးထမင်း***
+++ညံ့သက် တိုးတိတ်
အိပ်ယာ ဆိတ်ငြိမ်
ငြိမ်ငြိမ်လေး ဖြစ်နေတဲ့
အိမ်လွမ်းစိတ်ဝေဒနာ။
xxxလွမ်းတတ်သူဟာ
သူတော်ကောင်းစာရင်းမှာ
ပါတယ်။
+++အလွမ်းနဲ့  သွန်းထုထားတဲ့
လူများထဲ
လက်ဝဲသုန္ခရဟာ
ရွာကျော် ရပ်ကျော်။
xxxဗိုလ်ချုပ်အောင်ဆန်း
လွမ်းဘူးခဲ့တယ်၊ လူမသိ သူမသိ။
ကမ္ဘာတ၀ှမ်း
လွမ်းသူများနေ့  ကျင်းပရင်
ဆန့် ကျင် ဆန္ခပြကြမှာ မဟုတ်။
+++အမေ
ကျနော့်ကို လွမ်းနေမလား
အလွမ်းဆိုတာ
သေရွာပါတဲ့ ဒဏ်ရာနော်။ ။
(မောင်လွမ်းဏီ)
မှတ်ချက် ။ ။ ဆရာမောင်လွမ်းဏီ၏သုပုန်နှင့်သူ၏ရဲဘော်ရဲဘက်များကဗျာစာအုပ်မှ.....
Tuesday, January 13, 2009
13 Jan ,09 …...ထိုင်းတောင်ပိုင်းနှင့်ထိုင်းမြောက်ပိုင်းသတင်း
ဖြစ်ရပ်-၁။ ။ထိုင်းဝန်ကြီးချုပ် အဘီဆစ်သည် မငြိမ်မသက်ဖြစ်နေသောထိုင်းတောင်
ပိုင်းသို့ လာမည့်စနေနေ့ (ဇန်န၀ါရီလ၁၈၇က်)တွင်သွားရောက်မည်ဖြစ်ကြောင်းသတင်း
ရရှိသည်။ထို့ အပြင်ထိုင်းတောင်ပိုင်းတွင်ညမထွက်ရအမိန့် ကိုနောက်ထပ်သက်တမ်းတိုး
မြှင့်ရန်၎င်းကပြန်လည်သုံးသပ်လျက်ရှိကြောင်းထိုင်းသတင်းမီဒီယာများ၌ဖော်ပြသည်။
(RFA ညပိုင်း)
ဖြစ်ရပ်-၂။ ။ထိုင်းနိုင်ငံမြောက်ပိုင်းတွင်မကြုံစဖူးထူးကဲသောအအေးဓါတ်လွန်ကဲမှု
ကြောင့်ယနေ့ (ဇန်န၀ါရီလ၁၃ရက်)နေ့ ၌နွေးနွေးထွေးထွေးနေကြပါရန်အထူးသတိပေး
ကြေငြာချက်တရပ်ကိုထိုင်းကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်သည်။ထိုင်းနိုင်ငံ
မြောက်ပိုင်းရှိခရိုင်(၄၂)ခုတွင်ယခုရက်ပိုင်းအတွင်းအအေးဓာတ်လွန်ကဲခြင်းကြောင့် အ
နည်းဆုံးလူ(၄)ဦးသေဆုံးခဲ့ကြောင်းထိုင်းသတင်းမီဒီယာများ၌ဖော်ပြသည်။
(RFAညပိုင်း)
ဖြစ်ရပ်-၃။ ။ထိုင်းနိုင်ငံတောင်ပိုင်းတွင်ထိုင်းအစိုးရအဆက်ဆက်မှကတိပေးသကဲ့သို့ 
လွန်ခဲ့သော၂နှစ်ခန့် မှစတင်ပြီးဖိနှိပ်ညှင်းပန်းမှုများမလျော့ ပါးခဲ့ကြောင်းနိုင်ငံတကာလွတ်
ငြိမ်းချမ်းသာအဖွဲ့ (AI)၏အစီရင်ခံစာကဖော်ပြကာဝေဖန်ရှုံ့ ချလိုက်သည်။တဆက်တည်း
မှာပင်(ဤဖိနှိပ်မှုများတွင်မိမိတို့ ထိုင်းစစ်တပ်မှမူဝါဒတရပ်အနေဖြင့်မရှိပဲထိုင်းစစ်သားတ
ဦးချင်းစီ၏အပြုအမူများသာဖြစ်ကြောင်း)ထိုင်းတောင်ပိုင်းစစ်တပ်မှဗိုလ်မှူး ကြီးတဦးက
ပြောဆိုသည်။
(BBCညပိုင်း)
13 Jan, 09 ….. မြန်မာပြည်သား ၃၀၀ ခန့် နေထိုင်ရာ တဲအိမ်တွေကို ထိုင်းအာဏာပိုင်များက ဖျက်သိမ်းရန် သတိပေး
အဆိုပါ မြန်မာပြည်သား စိုက်ပျိုးရေးအလုပ်သမားများမှာ ထိုင်းအလုပ်ရှင်မှပေးထားသော မြေကွက်ကျယ်ကြီးထဲတွင် တဲအိမ်ဆောက်နေထိုင်သူများဖြစ်ကြပြီး အလုပ်ရှင်မှခိုင်းသော စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်အသက်မွေးနေကြသူများဖြစ်သည် ။
သို့သော် အများစုမှာ အလုပ်သမားလက်မှတ် မရှိကြချေ ။ ထိုသို့ ထိုင်းအာဏာပိုင်များက လာရောက်သတိပေး ပြောဆိုအပြီး၌ ထိုင်းအလုပ်ရှင်မှ လက်မှတ်ရှိသူများသည် အိမ်ဖျက်စရာမလိုကြောင်း ၊ လက်မှတ်မရှိသူများအတွက် လောလောဆယ် အိမ်မဖျက်သေးပဲ ၁၅ရက်နေ့ကျမှ ထိုင်းကျန်မာရေးဌာနတာဝန်ရှိသူများက အာဏာပိုင်များအား ပြောဆိုပေးမည်ဖြစ်သောကြောင့် ဖျက်လိုက အနည်းအကျဉ်း အယောင်ပြ ဖျက်ထားကြရန် မြန်မာအလုပ်သမားများကို ပြောဆိုထားသည်။ ၀ါးတောရပ်ကွက်တွင် မြိုနယ်ကျန်းမာရေးဌာနမှ လာရောက်ဖွင့်လှစ်ထားသော ကျေးလက်ကျန်းမာရေး ဆေးပေးခန်း တစ်ခုရှိသည် ။
13Jan,2009....ဒီကနေ့ ဖတ်ချင်စရာကဗျာစာမျက်နှာ....
(ကိုယ်ရည်သွေးတီးလုံး)
+++ဓနဗေဒနဲ့ 
ခဏခဏရန်ဖြစ် .....။
xxxလူကုံတန်တွေကို
ဆက်ဆံရေးကျဲပါး….။
+++ဗေဒါလမ်းကို
တမ်းတမ်းတတလွမ်းရိပ်ရီမူး...။
Xxxစာမျက်နှာများ
တံတားဆက်ခင်း
လမင်းကြယ်ရိပ် အိပ်မက်ခုံမင်… ။
+++ မှန်ကြည့်လိုက်
ရေချိုးလိုက်
သစ္စာကို နှလုံးပိုက်ရင်း
သီချင်းတွေရဲ့ ဖြစ်တည်မှု
xxxခံစားမှုဗီဇာနဲ့ 
စကြာဝဠာကိုကျော်ဖြတ်
လူ့သမိုင်းပြဇာတ်ရဲ့ ဗီလိန်
ကျိန်ဆဲမှုတွေနဲ့ ထွေးလုံး
မုန်းသူကိုပြုံးမပြတတ်တဲ့ကျုပ်
ချစ်သူကိုလည်းနှုတ်ဆက်ခဲ့ပြန်ရ.... ။ ။
(မောင်လွမ်းဏီ)
မှတ်ချက်…..ဆရာမောင်လွမ်းဏီ၏သူပုန်နှင့်သူ၏ရဲဘော်ရဲဘက်များကဗျာစာအုပ်မှ....
13Jan,09.....မဲဆောက်ဆေးရုံကြီးမှာအနာကြီးရောဂါကုသပေးမည်
ထိုင်းဘုရင် ဘူမီဘောကနာယကအဖြစ်ဆောင်ရွက်နေတဲ့ (အနာကြီးရောဂါ
တိုက်ဖျက်ရေးအစီအစဉ်) အရထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းနိုင်ငံသားတဦးနှင့် 
မြန်မာပြည်သားများကို ကုသပေးမယ်လို့ မဲဆောက်မြို့ အထွေထွေရောဂါကု
ဆေးရုံကြီးတာဝန်ရှိသူတွေကပြောပါတယ်...ထိုင်း-မြန်မာနယ်စပ်မှာအနာကြီး
ရောဂါအဖြစ်များသူတွေဟာ စိုက်ပျိုးရေး,မွေးမြူရေးနဲ့ ဆောက်လုပ်ရေးလုပ်
ငန်းခွင်တွေကဖြစ်တယ်လို့  ကျွမ်းကျင်သူတွေကပြောပါတယ်...အခုရက်ပိုင်း
အတွင်းရောဂါသည်တွေကိုသာမက ကြိုတင်ကာကွယ်မှုအစီအစဉ်အချို့ ကိုပါ
ဆောင်ရွက်သွားမယ်လို့ မဲဆောက်ဆေးရုံတာဝန်ရှိသူတွေကပြောပါတယ်....
(ဘီဘီစီ နံနက်ခင်းသတင်း)
Monday, January 12, 2009
12Jan,2009..,,ယနေ့ ဖတ်ချင်စရာကဗျာတပုဒ်…
``လောကသစ်သို့ ခရီးသွားခြင်း´´
xxxအရုဏ်ဦးလား
ပန်းများ ဖူးဝေ ၊ မြောက်လေပြန်နှိုး
မြစ်ရိုးဧရာ ၊ ကဗျာနိမိတ်ပုံ ။
+++လူမှုဝေဒနာ
နှစ်ရှည် ကြာမျော ၊ ပေါလောသိုးပုတ်
တမံချုပ်နှောင် ၊ ယောင်အေ၀၀ါး
တရားပျက်ကြွေ ၊ နွေဟောင်းတရား ။
xxx ဘ၀ဆိုတာ
ကံကြမ္မာလား ၊သံသရာလား
စံတရားဓားနဲ့ ပိုင်းစစ်ရင် ။
+++အမှောင်ဆုံးကျဉ်း
တွင်းနက်ထဲက ၊ သွေးရဲသံရဲ
အံခဲ မာန်ကြွ ၊ ရုန်းထဆန့် တန်း
ပန်းပေါင်းတရာ ပွင့်ရမယ် ။
xxxခံယူချက်ကို
ယုံကြည်ချက်နဲ့ သွန်းလောင်းကြည့်
ရဲရင့်ခြင်းကို
သစ္စာဆို၍ တွန်းအားဖိ ၊
ဖိနှိပ်ခြင်းကို
တော်လှန်ခြင်းနဲ့ မီးထွန်းညှိ ။
+++ပင်မရေစီး
သမိုင်းဘီးကား
ရပ်နားခဲ့သည်မရှိချေ ။
xxx အနာဂတ်ရေး
ပန်းလို့ မွှေးအောင်
သွေးဖြင့်ပက်ဖြန်းပြီးခဲ့ရင် ။
+++လောကသစ်ရဲ့ 
အလှခေတ်ဦး
ခူးဆွတ်ချွေယူနိုင်ရမယ် ။ ။
(မောင်လွမ်းဏီ)
မှတ်ချက် ။ ။ ဆရာမောင်လွမ်းဏီ ၏သူပုန်နှင့်သူ၏ရဲဘော်ရဲဘက်များစာအုပ်မှ....
Sunday, January 11, 2009
11Jan,09…..တာချီလိတ်မူးယစ်ဆေးသတင်းနှင့်ရနောင်း မြန်မာစာသင်ကျောင်းအဖမ်းဆီးခံရမှုသတင်း…..
(ဇန္န၀ါရီလ ၁၁ ၊ ၂၀၀၉)
ဖြစ်ရပ်-၁ ။ ။
ရှမ်းပြည်နယ်အရှေ့ ပိုင်းထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ တွင်လောင်းကစားဝိုင်းများပေါများလာခြင်းနှင့်အတူမူးယစ်ဆေးဝါးသုံးစွဲမူများလည်း
ပေါများလာနေကြောင်းဇန်န၀ါရီလ၁၁ရက်နေ့ (ယနေ့)ညပိုင်းRFAသတင်းတပုဒ်မှာ
ဖော်ပြသည် ။တာချီလိတ်မြို့ တွင်ယခုအခါမက်တာဖီတာမင်းဆေးပြားတပြားလျှင်
်ထိုင်းဘတ်ငွေ- ၆၀ နှုန်းဖြင့်လည်းကောင်း, လောင်းကစားဝိုင်းများသို့ ဝင်ကြေး(၂၀) ဘတ်နှုန်းဖြင့်လည်းကောင်းလွတ်လပ်စွာဆောင်ရွက်လျက်ရှိကြောင်းမြို့ ခံများက
ပြောဆိုကြသည် ။
(RFA-ညပိုင်း)
ဖြစ်ရပ်-၂ ။ ။ ထိုင်း-မြန်မာနယ်စပ်ရနောင်းမြို့ တွင်မြန်မာရွှေ့ ပြောင်းအလုပ်သမား
များ၏ရင်သွေးငယ်-၂၅၀ယောက်ခန့် ကိုပညာသင်ကြားပေးနေသောစာသင်ကျောင်းတကျောင်းအားထိုင်းအာဏာပိုင်များက၀င်ရောက်ရှာဖွေဖမ်းဆီးကာယနေ့
့၌ပင်တဖက်ကမ်းရှိကော့သောင်းမြို့ စစ်ဘက်လုံခြုံရေးဌာန(စရဖ)လက်သို့ ကျောင်း
ဆရာများကိုအပ်နှင်းလိုက်ကြောင်းသတင်းရရှိသည် ။အဆိုပါကျောင်းသည်လွန်ခဲ့
သော၁၀နှစ်ခန့် မှစ၍မြန်မာကလေးငယ်များကိုပညာသင်ကြားပေးလာခဲ့ပြီးယခုကဲ့သို
့ဖမ်းဆီးအရေးယူမှုသည်ရနောင်းမြို့ တွင်ပထမဆုံးအကြိမ်ဖြစ်သည်။(RFA-ညပိုင်း)
11Jan,09...လူကုန်ကူးမူကာကွယ်ခြင်းနှင့်တိုက်ဖျက်ခြင်းဥပဒေကိုလေ့လာကြည့်ရအောင်....
အပိုင်း(၁)
ထိုင်းနိုင်ငံမှာဘုရင်မင်းမြတ်ကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့လူကုန်ကူးမူကာကွယ်ခြင်း
နှင့်တိုက်ဖျက်ခြင်းဥပဒေBE-2551(2008)Act....ဆိုတာရှိပါတယ်....
လူကုန်ကူးခြင်း(လူကိုအရောင်းအ၀ယ်ပြုလုပ်ခြင်း) UN Definition on Trafficking
လူကုန်ကူးခြင်းနဲ့် ပတ်သက်ပြီးတော့ ကုလသမဂ္ဂကနေ ဒီလိုအဓိပ္ပါယ်ဖွင့်ဆိုလိုက်ပါတယ်…
လူတစ်ဦးတစ်ယောက်ကို အမြတ်ထုတ်ခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့်...
Xxx ခြိမ်းခြောက်ခြင်း…(ခြိမ်း)
Xxx အဓမ္မအကြပ်ကိုင်ခြင်း...(အ)
xxx ပြန်ပေးဆွဲခြင်း...(ပြန်)
xxx လိမ်လည်လှည့်ဖျားခြင်း...(လိမ်)
xxx အာဏာကိုအလွဲသုံးခြင်း...(အာ)
xxx ထိုသူ၏အားနည်းချက်ကို အခွင့်ကောင်းယူခြင်း...(အခွင့်ကောင်း)
ထိုသူရဲ့ အုပ်ထိန်းသူထံမှ သဘောတူညီမှု ရရှိရန်အတွက် အခကြေးငွေ(သို့မဟုတ်)
အကျိုးအမြတ်ကိုပေးပြီး စသောနည်းလမ်းပေါင်းစုံဖြင့် စည်းရုံးသိမ်းသွင်းခြင်း၊
ပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ခိုလှုံစရာ နေရာပေးခြင်း၊ လက်ခံခြင်း၊ ချုပ်နှောင်ထားခြင်း
ကို ဆိုလိုပါတယ်။
ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းဆိုရာမှာ အနိမ့်ဆုံးအနေနဲ့ ပြည့်တန်ဆာလုပ်ငန်းမှာ
စေခိုင်းခြင်းနဲ့် အခြားလိင်ပိုင်းဆိုင်ရာ စော်ကားအမြတ်ထုတ်ခြင်း၊ အဓမ္မစေခိုင်းခြင်းနဲ့
့ ကျွန်ပြုခြင်း၊ သို့မဟုတ် ကျွန်ပြုခြင်းနဲ့  ဆင်တူသော အခြားလုပ်ငန်းများမှာ်စေခိုင်းခြင်း၊
အစေအပါးအဖြစ်ခိုင်းခြင်း၊ ခန္ဓ္ဓ္ဓ္ဓာကိုယ်အစိတ်အပိုင်းများကို ဖြတ်ပြီးရောင်းချတာတွေကို
ဆိုလိုပါတယ်။ အဲသလို အမြတ်ထုတ်တာကို လုပ်ဆောင်ရာမှာ ကူးသန်း ရောင်းဝယ်ခံရ
သူကိုယ်တိုင်က ဆန္ဒအလျောက် သဘောတူရင်လည်း အမြတ်ထုတ်ခြင်းဖြစ်မြောက်ပါတယ်။
xxx လူကုန်ကူးခြင်းဟာရာဇ၀တ်မှုဖြစ်ပါတယ်....
လူကုန်ကူးခြင်းဟာ လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေးများကို ချိုးဖောက်တာသာမက
ရာဇ၀တ် မှုလည်းဖြစ်တယ်။ ကုလသမဂ္ဂရဲ့  ပြဌာန်းချက်အရ လူကုန်ကူးခြင်းဟာ တိုင်းပြည်
်ဖြတ်ကျော်ပြီး အစုအဖွဲနဲ့် ကျူးလွန်သောရာဇ၀တ်မှုဖြစ်ပြီး လူတစ်ဦးတစ်ယောက်ကို အထူး
သဖြင့် ကလေးသူငယ်တို့နဲ့် အမျိုးသမီး တွေကို လူကုန်ကူးမှုပြုတာကို နှိမ်နှင်းပြီး ကျူးလွန်
သူတွေကို ပြစ်ဒဏ်ခတ် အရေးယူမှာ်ဖြစ်ပါတယ်။
xxx လူကုန်ကူးခြင်းခံရတဲ့အဓိက အကြောင်းရင်းအချက်တွေ...
ဗဟုသုတနည်းပြီး မသိနားမလည်ခြင်း ဆင်းရဲနွမ်းပါးခြင်း ပိုမိုကောင်းမွန်သောဘ၀ကို
လိုချင်မျှော်မှန်းခြင်း လူကုန်ကူးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများကို မသိနားမလည်းခြင်း
ဝိသမလောဘသားတွေရဲ့ လူ့ဂုဏ်သိက္ခာ တန်ဘိုးနဲ့ အလုပ်သမားအခွင့်အရေးတွေအပေါ်
အလေးမထားမှု လုပ်အားကိုဈေးပေါပေါရလိုမှုနဲ့် အမြတ်အစွန်း များစွာ ရလိုမှုတွေကြောင့်
ဖြစ်ပါတယ်။
``လူကုန်ကူးခြင်းရဲ့ အစပိုင်းမှာ အန္တရာယ်ကိုမမြင်ရ.... အဆုံးသတ်ကြမှသာ ကျွန်ပြုခြင်း
အဓမ္မစေခိုင်းခံရခြင်း တွေကို ကြုံတွေ့ကြရပါတယ်။´´
(ဆက်လက်ဖော်ပြပါမည်။)
တင်ပြသူ....ရဲရင့်အောင်(မြန်မာပြည်သား)