ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, November 30, 2009

မြန်မာအလုပ်သမားများယာယီပတ်စပို့လုပ်ငန်းစဉ်အပေါ်တုန့်ပြန်မှုအထူးနှေးကွေး

( နိုဝင်ဘာ၃၀/၂၀၀၉)
ထိုင်းနှင့်မြန်မာအစိုးရတို့အကောင်အထည်ဖေါ်နေသောယာယီပတ်စပို့ လုပ်ငန်းစဉ်အပေါ်မြန်မာအလုပ်သမားတုန့် ပြန်မှုမှာနှေးကွေးလွန်းသဖြင့်အထူးစဉ်းစားစရာကိစ္စရပ်တစ်ခုဖြစ်ကြောင်းထိုင်းအလုပ်သမားဝန်ကြီးဌာန နိုင်ငံခြားအလုပ်သမားများရေးရာ မန်နေဂျာ နိုင်ထနစ်နနွိုင် ကပြီးခဲ့သောရက်ပိုင်းက ၀န်ကြီးဌာနအစည်းအဝေး တွင်
ပြောကြားလိုက်သည်။ပြီးခဲ့သောနိုဝင်ဘာ၂၈ရက်နေအလုပ်သမားဝန်ကြီးဌာနအစည်းအဝေး(နိုင်ငံခြားအလုပ်သမားများ
မူဝါဒရေးရာသုံးသပ်ဆွေနွေးပွဲ)တွင် မန်နေဂျာက“ဇူလိုင်လကတည်းကယခုအချိန်ထိ မြန်မာအလုပ်သမား ရှစ်သောင်း ယာယီပတ်စပို့် လုပ်ဖို့ ဖေါင်တွေဖြည့်ပြီးလျှောက်ထားခဲ့တယ်။မြန်မာနိုင်ငံအစိုးရကသူတို့နိုင်ငံသားအဖြစ်အတည်ပြုပြီးတော့
အကြောင်းပြန်တာက အလုပ်သမားသုံးသောင်း။ဆိုတော့ ကျန်တဲ့လူငါးသောင်းက ဘာတွေဖြစ်လို့ အကြောင်းမပြန်တာလဲ၊
လေးလကျော်ငါးလနီးပါးလုပ်လာပြီ နည်းနည်းချင်းစီလာလုပ်နေကြတာ စုစုပေါင်းကနေအထိ လူပေါင်း ၄၀၀၀ ပဲလုပ်သေးတယ်။ ၂၀၀၉ ခုနှစ် ကျနော်တို့ဆီမှာ မှတ်ပုံတင်ထားတဲ့မြန်မာအလုပ်သမားက ၇၀၀၀၀၀ ရှိတယ်၊ကျနော်တို့ကတော့နိုင်ငံသားအဖြစ်စီစစ်လို့ မရတဲ့လူတွေကို ၂၀၁၀ ဖေဖေါ်ဝါရီလကုန်ဆိုရင်

ဥပဒေအရနိုင်ငံအပြင်ဘက်ကိုမောင်းထုတ်ရမယ့်သဘောဖြစ်နေတယ်”ဟုသတင်းထောက်များအားပြောသည်။
မြန်မာနိုင်ငံသားများအချက်အလက်ဖြည့်စွက်မှုများတွင်ပြည့်စုံမှုမရှိခြင်းကြောင့်ဖြစ်နေကြောင်း၊အလုပ်သမားများအတွက်ယာယီ
ပတ်စပို့လုပ်ငန်းစဉ်အတွင်းထိုင်းဘက်က အခက်အခဲမရှိသော်လည်း၊မြန်မာဘက်မှ ဘာကြောင့်အခက်အခဲဖြစ်ပြီးနှောက်နှေးကြန့် ကြာနေသည်ကို မိမိတို့ စဉ်းစားမရဖြစ်နေကြောင်းရေးသားထားသည်။
နယ်စပ်လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေ၊ကရင်တွေ၊မွန်တွေနဲ့ ရိုဟင်ဂျာလို့ ခေါ်တဲ့လူတွေများလား၊မည်သို့ပင်ဖြစ်စေ နိုင်ငံသားအဖြစ်စီစစ်မရှိနိုင်သေဲာ့လူများကိုမိမိတို့ အစိုးရအနေဖြင့်တ၇ားမ၀င်နိုင်ငံခြားသားအလုပ်သမားများအဖြစ်သတ်မှတ်ရမည်ဖြစ်ကြောင်း ယနေ့ထိုင်းဘာသာဖြင့်ထုတ် ဝေသော ဒေးလီးနယူးသတင်းစာတွင်ရေးသားဖေါ်ပြထားသည်။

***ကိုကျော်သောင်း(ဘန်ကောက်)***


Read More...

လူထုကျန်းမာရေး (အူကင်ဆာနှင့် မျိုးဗီဇ)

***(Public Health)***
*** အူကင်ဆာမဖြစ်စေရန် မျိုးဗီဇက တားဆီးပေးနိုင်ဟုဆို…

လူ့ကိုယ်နခန္ဓာတွင် အန္တရာယ်ရှိသော ဓာတုပစ္စည်းများမှ တားဆီးကာကွယ်ပေးသည်ဟု ယူဆရသည့် မျိုးဗီဇ တစ်ခုကတစ်ဦးချင်းကို အူကင်ဆာမဖြစ် နိုင်အောင် တားမြစ်ပေးနိုင်ကြောင်း အမေရိကန်သုတေသီများက လေ့ လာတွေ့ရှိသည်။ ပတ်ဝန်းကျင်တွင် ဆေးလိပ်ငွေ့ကဲ့သို့သော ဓာတုဗေဒပစ္စည်းများနှင့် ထိတွေ့ပြီးနောက် မျိုးဗီဇ တစ်ခုက လျော့ပါးစေနိုင်ကြောင်း ယခင်က လေ့လာတွေ့ရှိခဲ့ပြီဖြစ်၏။

စမ်းသပ်သုတေသနပြုရာတွင် မျိုးဗီဇကို ဖယ်လိုက်ခြင်းအားဖြင့် အူအတွင်း ရောင်ရမ်းမှုများ ပိုများလာသည်ကို တွေ့ရသည်ဟု ဆိုသည်။ အူကင်ဆာမဖြစ်အောင်မျိုးဗီဇ တစ်ခုကတားမြစ်နိုင်ကြောင်း တွေ့ရှိခြင်းဖြင့် အူကင်ဆာရောဂါ အန္တရာယ် လျော့ပါးရေးတွင် နည်းလမ်းသစ်များ ဖော်ဆောင်ပေးရေးအတွက် အထောက်အကူပြုမည်ဟု သုတေသီသိပ္ပံပညာရှင်များက ရှုမြင်ကြသည်။ (အင်တာနက်)

Read More...

စစ်အာဏာရှင်`ဗိုလ်နေ၀င်း´၏ အရှက်မရှိလုပ်ရပ်များ

***(ကိုယ့်အလှည့်)***

လောကဓမ္မတာ ဤလူ့ရွာ၌ သံဝေဂရစရာ စကားဥပမာလေးများရှိပါ၏။ ဥပမာ၊ `မှန်ကင်းတလှည့် ထင်းတ လှည့်´`ငါးပျံတလှည့် ဗုံလုံတလှည့်´ဤနည်းအတိုင်းပင်၊ လူများသည် မိမိတို့ခံရမည့်အလှည့်ရောက်ပြီဆိုလျှင် ကြောက်ဒူးတုံကြ၏။ တရားသဘောဖြင့် ဖြေဖျောက်နိုင်သော သူဟူ၍ အတော်ရှားပါးလှပါသည်။ ထို့ကြောင့်ပင် စာရေးသူသည် စစ်အာဏာရှင် ဗိုလ်နေ၀င်း လက်ထက်အမှတ်တရဖြစ်စဉ်များကို စာဖတ်သူများသို့ တင်ပြရာ၌ ယခုလတွင် `ကိုယ့်အလှည့်´ဟူသော ခေါင်းစဉ်ကလေးဖြင့် အမှတ်တရတင်ပြလိုက်ပါ၏။
ရက်စက်မှု၊ ညစ်ပတ်မှုများတွင် ကမ်းကုန်သော ဗိုလ်နေ၀င်း၊ ကြည့်ပါ…..?
ရန်ကုန်တက္ကသိုလ်သမဂ္ဂအဆောက်အအုံကြီးကို ရက်စက်စွာ ဒိုင်းနမိုင်းခွဲ၍ ဖျက်ဆီးလိုက်ရာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူပညာတတ်များ အနာဂါတ်မြန်မာနိုင်ငံ၏ မျိုးဆက်သစ်များ တနည်းပြောရလျှင် တိုင်းပြည်၏ ရင်သွေးရတနာများ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရ၏။ ထို့ကြောင့်ပင် မျိုးချစ်လူငယ်များရင်ထဲ၌ 7-July (ဆဲဗင်း ဂျူလိုင်)ဟူသော အမှတ်တရ

ဒါဏ်ရာကြီးတခု ကျန်ရစ်ခဲ့သည်မဟုတ်ပါလော့။ `လက်ဝါးနဲ့ပါး´ပြင်းပြင်းထန်ထန်တွေ့ဆုံသည့်အခါ ခံရသူပါးက ဘယ်သောအခါမျှ မမေ့၊ ရိုက်ရသူ လက်ဝါးက မေ့မေ့ပျောက်ပျောက်´ဤအတိုင်းပင် ပြည်သူတွေက `ပါး´စစ်အာဏာရှင်တွေက `လက်ဝါး´ဖြစ်ပါ၏။
***အမေ-ဒေါ်ခင်ကြည်***
အမျိုးသားခေါင်းဆောင်ကြီး ကျနော်တို့ မြန်မာတနိုင်ငံလုံး၏ အသဲထဲနှလုံးထဲက ရဲရဲနီသော နေမင်းကြီဖြစ်သည့် `ဗိုလ်ချုပ်အောင်ဆန်း´၏ ဇနီး `အမေဒေါ်ခင်ကြည်´၊ ဒီမိုကရေစီခေါင်းဆောင် `ဒေါ်အောင်ဆန်းစုကြည်´၏မိခင်ကို အိန္ဒိယနိုငငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးစေလွှတ်လိုက်၏။ ဤကိစ္စမှာလည်း ဗိုလ်ချုပ်ကတော်ကို ကောင်းစားစေလို၍ မဟုတ်ပါ။ ဗိုလ်ချုပ်တွင် သားနှင့်သမီး (နှစ်)ဦး မျိုးဆက်သစ်တွေကျန်ရစ်ခဲ့၏။ ဗိုလ်ချုပ်၏ရင်သွေးများသည် ဗိုလ်ချုပ်ကဲ့သို့ ပညာတတ်လာမည်။ အဖေ ဗီဇသွေးတွေမလွဲ မသွေပါလာမည်။ အရွယ်ရောက်ကြီးပြင်းလာသော်ငြား သူ၏ ထီးနန်းကိုလုယူမှာစိုးရိမ်သည်။ ဤကိစ္စကို သူ့ဘက်က ညစ်ပတ်စွာမျှော်တွေး၍ အမေ ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် `သွားရော့လဟယ်´လုပ်ခဲ့သည်။
အမိမြေ၊ အမိရေနှင့် ဝေးသထက်ဝေးအောင် ဖန်တီးခဲ့ခြင်းဖြစ်ပါသည်။ အကယ်၍သာ အမေ့ကို ဗိုလ်ချုပ်ကိုယ်စား ကျေးဇူးဆပ်ချင်လျှင် အမိမြေနှင့် မကွဲမကွာထား၍ ရပါသည်။ ဥပမာ-သင့်တော်မည့် ဌာနတစ်ခုကို `၀န်ကြီး´အဖြစ်ခန့်အပ်တာဝန်ပေးထားလျှင် ရပါသည်။ `သံအမတ်´ဆိုသည်မှာ `၀န်ကြီး´ထက်ရာထူးနိမ့်ကျပါသည်။ အမျိုးသားခေါင်းဆောင်ကြီး၏ ဇနီး၊ ပညာတတ်သူနာပြု ဆရာမကြီးမှာ `၀န်ကြီး´တစ်နေရာပေးထားပါက ဗိုလ်နေ၀င်း၏ တပည့်များ၊ စစ်သားတဖြစ်လဲ `မီးကျိုးမောင်းပျက်´ `၀န်ကြီးစုတ်များထက်တော့ အဆများစွာသာပါလိမ့်မည်။
သို့သော် ဗိုလ်နေ၀င်းက ဤကဲ့သို့ လူလိုမစဉ်းစားခဲ့ပါ။

****`မာလကာ၊ ဈာန်ကြွခဲ့သော ထောက်လှမ်းရေး စစ်ခွေးများ…***´
၁၉၈၅-ခုနှစ် ဧပြီလ သင်္ကြန်အပြီး ဗိုလ်နေ၀င်းမှာ ပြည်သူပိုင် VIPလေယာဉ်ပျံဖြင့် တိုင်းခန်းလှည့်လည်ခဲ့၏။ မကွေးတိုင်း ပခုက္ကူမြို့ရှိ `ဒူးယား´စီးကရက်စက်ရုံကို သွားရောက်စစ်ဆေး၏။ ဝေဟင်ယံမှာ လေယာဉ်ပျံက နှစ်စင်းပါ။ ရှေ့က လေယာဉ်ပျံမှာ `ပွိုင့်´ဖြစ်၏။ လေယာဉ်ပေါ်၌ ၄င်း၏ တပည့် MI ခေါ် စစ်ထောက်လှမ်းရေး(စစ်ခွေး)များအပြည့် လူ ၂၀-ကျော်ပါသည်။
ပခုက္ကူ လေယာဉ်ကွင်းမှ နေ့လည် ၁-နာရီလေယာဉ် ၂-စင်းတက်သွားပါသည်။ ပုံတောင်၊ ပုံညာဘက်သို့ ဦးတည်မောင်းနှင့်နေပါ၏ မကြာလိုက်ပါ၊၊ ပုံတောင်၊ ပုံညာမရောက်မီ အတော်ခပ်လှမ်းလှမ်းတွင် ရှေ့မှ စစ်ခွေးများ၏ `ပွိုင့်´လေယာဉ် (ဖေါ်ကာ)မှာ မီးခိုးမဲကြီးများ ထွက်လာပြီး မိနစ်ပိုင်းအတွင်းမှာပင် ကြီးမားသော မီးတောက်ကြီးနှင့်အတူ ပြင်းထန်စွာပေါက်ကွဲ သွားခဲ့ရာ အားလုံးသော စစ်ခွေးများ မာလကာဈာန်ကြွကုန်တော့၏။ (မာလကာဈာန်ကြွဆိုသည်မှာ အသေဆိုးဖြင့် သုံးဂြိုင်းကင်း ရောက်သွားသည်ကို ဆိုလိုပါသည်)။ စစ်ခွေးများ၏ အလောင်းကို ပခုက္ကူသို့သယ်၍ သင်္ဂြုလ်ခဲ့၏။ အမှန်မှာ သင်္ဂြုလိ်စရာပင်မလိုတော့၊။ အသုဘမဖြစ်မနေလိုက်ပို့ရတာ ကျနော် ဆရာက ဟာသဆန်ဆန်လေးဖြင့် အောက်ပါ စာပိုဒ်ကလေးကို စပ်ဆိုထားရာ ယနေ့တိုင်မှတ်မိနေပါသေးသည်။
ဘာတဲ့… `သေရိုးတဲ့သူမသေ၊ နေ၀င်းထံ လူစွာလုပ်၊ မီးဖုတ်လို့သေ´ပါတဲ့…..၊။

***`အိမ်နိမ့်စံ ယတြာချေပြီ´***
ကိုယ့်အလှည့်ရောက်တော့ ဗိုလ်နေ၀င်း အလွန်ကြောက်သွား၏။ ထိုစဉ်က ပရောဟိတ် လက္ခဏာ ဆရာကြီး `ဆရာစန္ဒြ´ကို ဗိုလ်နေ၀င်းက အလွန်ကြည်ညိုကိုးကွယ်လျှက်ရှိရာ ဆရာစ န္ဒြက ထီးနန်းကျကိန်းမြင်၍ အိမ်နိမ့်စံ ယတြာ ချေရန် အကြံပေးလေတော့သည်။
အရပ်ဒေသကို တစ်ခါတည်း ညွှန်ပြလိုက်လေတော့၊ အောင်လံမြို့နှင့် တောင်တွင်းကြီးမြို့အကြား ၀က္ကသေးရွာ ဘုရားအနီးတောစပ်ကလေးမှာ တဲအိမ်ကလေးတစ်လုံးထိုး၊ သူတပည့်စစ်သားများက ပတ်ပတ်လည်ဝိုင်း၊ ရတက်အေးအောင် ၁၄-ရက် ယတြာချေအိမ်နိမ့်စံ….၊၊
ဤတွင် စာရေးသူဖတ်ခဲ့ဘူးသော ပုံပြင်လေးတပုဒ်ကို သွား၍ သတိရ၏။ အလွန်ခွန်အားဗလနှင့် ပြည့်စုံသော မုဆိုးကြီး၊ လေးပစ်ရာတွင်လည်း လက်ဖြောင့်လှပေ၏။ လေးမြား- လက်နက်ဖြင့် ရွာမှထွက်၊ တောသို့တက်၊ ကြွက်ကြွက်ဆူညံ၊ တောတိုးသံ၊ ဟစ်အော်သံ၊ လေးပစ်သံ၊ သားကောင်ရဲ သွေးနဲ့ နေ့တိုင်းခြေဆေး……….၊၊
တနေ့သောအခါ ရွာမှအထွက်၊ တောသို့တက် ၊နွယ်မြက်ရစ်ပတ်၊ ခြုံထူထပ်သည့်နေရာအရောက် မုဆိုးကြီးလက် ဆူးချွန်နဲ့ ခြစ်မိ၍ သွေးတွေထွက်……….၊၊.
ကိုယ့်သွေးကိုမြင်ရသော မုဆိုးမှာ ခြေဖျားလက်ဖျားများ အေးစက်သွားလောက်အောင် `ကိုယ့်အလှည့်´ရောက်သောအခါ ကြောက်ဒူး တုန်ရပုံကို ဥပမာ-ထား၍ ပြည်သူ- ပြည်သားများ အသက်ကို ရက်စက်စွာ သတ်ခဲ့သော ဗိုလ်နေ၀င်း သူ့အလှည့်ရောက်တော့ သေရမှာကြောက်လို့ ရူးကြောင်ကြောင် လုပ်ခဲ့ပုံကို စာဖတ်သူများအတွက် `ကိုယ့်အလှည့်´ခေါင်းစဉ်ဖြင့် ယခုလတင်ဆက်လိုက်ပါကြောင်း……….၊၊
မိတ်ဆွေအပေါင်း၊ စစ်အာဏာရှင်မှန်သမျှကို၊ ရွံမုန်းနိုင်ကြပါစေ…။

***မဟာဇော်(မကွေး)***

Read More...

ဒီညတော့ အိပ်ရတော့မယ်

***(ဟာဒယနှလုံး- တခဏပြုံး)***

ခရီးသည်တင်လေယာဉ်တစ်စီးတွင် အလွန်ကို ထုံအလွန်းသော ချူချာနှစ်ယောက် လိုက်ပါလာသည်။
ထိုစဉ်လေယာဉ်မယ်က ‘လေယာဉ်အင်ဂျင်တစ်လုံး ပျက်သွားပါတယ်။ ဒါပေမယ့် ကျန်တဲ့သုံးလုံးနဲ့ ဆက်လက် ပြီးသွားနိုင်ပါတယ်။ ဒါပေမယ့် ခရီးစဉ်အဆုံးကို တစ်နာရီ နောက်ကျပြီးမှ ရောက်ပါမယ်။ မစိုးရိမ်ကြပါနဲ့’ ဟု ကြေညာ လေသည်။
နောက်နာရီဝက်ခန့်အကြာတွင် လေယာဉ်မယ်က ‘နောက်ထပ်အင်ဂျင်တစ်လုံး ပျက်သွားပြန်ပါတယ်။ ကျန်သေး တဲ့အင်ဂျင်နှစ်လုံးနဲ့ ဆက်လက်သွားနေပါတယ်။ ခရီးစဉ်အဆုံးကိုတော့ နောက်ထပ် သုံးနာရီကြာမှ ရောက်ပါ မယ်။ မစိုးရိမ်ပါနဲ့’ ဟု ထပ်မံ ကြေညာလေသည်။

နောက်တစ်နာရီခန့် အကြာတွင် လေယာဉ်မယ်က ‘ကျန်တဲ့ အင်ဂျင်နှစ်လုံးပါ ပျက်စီးသွားပါပြီ’ ဟုကြေညာလေသည်။
ထိုအခါ ချူချာတစ်ယောက်က နောက်ထပ်ချူချာကို ပြောလိုက်ပုံက ‘သေချာပြီ။ အဲဒါဆို ဒီညတော့ လေယာဉ်ပျံပေါ်မှာပဲ အိပ်ရတော့မယ်’

****သံလွင်အိမ်မက် မှကူးယူဖော်ပြပါသည်***

Read More...

30 Nov, 2009// နိုဝင်ဘာလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

*** A(H1N1)ရောဂါဖြင့်သေဆုံးသူ ကမ္ဘာတ၀န်း၌ (၇၈၂၆)ဦးရှိလာပြီ…***
(ဂျီနီဗာ၊ နိုဝင်ဘာလ ၂၈-ရက်)

၂၀၀၉-ခုနှစ် ဧပြီလမှ စတင်ဖြစ်ပွားခဲ့သည့် A(H1N1) ရောဂါကြောင့် ကမ္ဘာတစ်ဝန်း၌ သေဆုံးသူဦးရေ (၇၈၂၆) ဦးသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ နိုဝင်ဘာလ ၂၇-ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ A(H1N1) ရောဂါဖြင့် သေဆုံးသူဦးရေမှာ အမေရိကန်နိုင်ငံများတွင် (၅၃၆၀) ဦး၊ အရှေ့တောင်အာရှနိုင်ငံများ၌ (၇၃၈)ဦး၊ ဥရောပနိုင်ငံများမှာ (၆၅၀)ဦး၊ အနောက်ပစိဖိတ်နိုင်ငံများတွင် (၆၄၄)ဦး၊ မြေထဲပင်လယ်ဒေသတွင် (၃၃၀)ဦးနှင့် အာဖရိကနိုင်ငံများတွင် (၁၀၄)ဦးစသည်ဖြင့် အသီးသီး သေ ဆုံးခဲ့ကြောင်း သိရသည်။ (အင်တာနက်)

***အမေရိကန်သမ္မတ၏ ညစာစားပွဲသို့ မဖိတ်ကြားထားသူ ၂-ဦးတက်ရောက်လာသဖြင့်ထောက် လှမ်းရေးများ စုံစမ်းစစ်ဆေးနေကြ***
(၀ါရှင်တန်၊ နိုဝင်ဘာလ ၂၇-ရက်)
အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက တည်ခင်းဧည့်ခံသော အိမ်ဖြူတော်၏ ညစာစားပွဲသို့ ဖိတ်ကြားထားခြင်းမရှိသော ဧည့်သည် ၂-ဦး တက်ရောက်လာခဲ့ရာ ၄င်းတို့သည် အထပ်ထပ်ချထားသော လုံခြုံရေးကို မည်ကဲ့သို့ ဖြတ်ကျော်လာခဲ့သည်ကို လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၂၅-ရက်နေ့တွင် ပြောကြားသည်။ သမ္မတနှင့် အဆင့်မြင့်အရာရှိကြီးများ၏ လုံခြုံရေးကို တာဝန်ယူထားသော လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့သည် နိုဝင်ဘာလ ၂၄-ရက်နေ့က အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းကို ဂုဏ်ပြုဧည့်ခံသည့် ညစာစားပွဲ၌ လုံခြုံရေးကျိုးပေါက်မှုကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်လျက်ရှိသည်ဟု လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အင်ဗင်ဒိုနိုဗန်က ပြောကြားသည်။ဗာဂျီးနီးယားပြည်နယ် မြောက်ပိုင်းမှ ဇနီး မောင်နှံဖြစ်သူ တာရက်နှင့် မစ်ချယ်လီဆာလာယီတို့သည် ဖိတ်ကြားထားသည့် စာရင်းတွင် မပါဝင်သော်လည်း အိမ်ဖြူတော်ပါတီပွဲသို့ တက်ရောက်ခဲ့ကြောင်း၊ သို့သော် ညစာစားပွဲတွင် ထိုင်ခွင့်မရရှိခဲ့ကြောင်း ၀ါရှင်တန်ပို့(စ်)သတင်းစာက ကနဦးဖော်ပြသောသတင်းမှာ ရေးသားထားသည်။ (အင်တာနက်)

*** နယူးဇီလန်နိုင်ငံဘက်သို့ ရေခဲတောင်များ မျောပါမှုအား သိပ္ပံပညာရှင်များ လေ့လာစောင့်ကြည့်လျက်ရှိ***
(၀ယ်လင်တန်၊ နိုဝင်ဘာလ ၂၇-ရက်)
နယူးဇီလန်နိုင်ငံဘက်သို့ ဦးတည်ကာ ရေခဲတောင်အလုံးပေါင်း (၁၀၀)ကျော် မျောပါလာသည်ကို သိပ္ပံပညာရှင်များ လေ့လာစောင့်ကြည့်လျက်ရှိကြောင်း အင်တာနက်သတင်းမှာ ဖော်ပြသည်။ တောင်ဝန်ရိုးစွန်း `အန္တာတိက´ဒေသမှ မျောပါလာသော ဧရာမရေခဲပြင်လွှာ တစ်ခုကျိုးပြတ်ကာ နယူးဇီလန်နိုင်ငံဘက်သို့ ရေခဲတောင် အလုံးပေါင်း (၁၀၀)ကျော် ဦးတည်ရွေ့လျား လာနေကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။ ယင်းသို့ မျောပါလာနေသော ရေခဲတောင် အချို့မှာ မီတာ ၂၀၀(ပေ-၆၅၀)ရှည်လျားသည်။ ရေခဲတောင်များ မျောပါလာနေသဖြင့် ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်း၌ သင်္ဘောများ ခုတ်မောင်းသွားလာရာတွင် သတိရှိကြရန် နယူးဇီလန် ရေကြောင်း အာဏာပိုင်များက နှိုးဆော်ထားသည်။ (အင်တာနက်) ***ဘာသာပြန်-တက်လူ***

*** ကိုလံဘီယာနိုင်ငံ၌ ကန်စစ်စခန်းထားရှိရေး ကိစ္စအား ဗင်နီဇွဲလားနိုင်ငံက လုံခြုံရေးကောင်စီသို့ တိုင်ကြား***
(ဂျီနီဗာ၊ နိုဝင်ဘာလ ၂၇-ရက်)
တောင်အမေရိကန်တိုက်ရှိ ကိုလံဘီယာနိုင်ငံ၌ အမေရိကန်နိုင်ငံ၏ စစ်စခန်းထားရှိရေးဆိုင်ရာ (ကိုလံဘီယာ-အမေရိကန်)သဘောတူစာချုပ်မှာ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် စဉ်းစားပေးပါရန် ဗင်နီဇွဲလားနိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တိုင်ကြားလိုက်သည်။ အမေရိကန်စစ်စခန်းထားရှိရေးမှာ တောင်အမေရိကတိုက်တွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သော ပြဿနာတစ်ရပ်ပင်ဖြစ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ အကြောင်းကြားပြီးနောက် ကုလသမဂ္ဂဆိုင်ရာ ဗင်နီဇွဲလားနိုင်ငံ သံအမတ်ကြီး ဗယ်လာဂိုက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။ ကိုလံဘီယာနှင့် ဗင်နီဇွဲလားနိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာနေသည်မှာ ကြာပြီဖြစ်ပြီး `မူးယစ်ဆေးဝါးတိုက်ဖျက်ရေး´အတွက် ကိုလံဘီယာသို့ အမေရိကန်တပ်ဖွဲ့ဝင်များအား လက်ခံသည့် နှစ်နိုင်ငံသဘောတူစာချုပ်ကို ဇူလိုင်လက လက်မှတ်ရေးထိုးပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာခြင်းဖြစ်၏။ (အင်တာနက်)

*** AIDS ရောဂါကြောင့် ကမ္ဘာတစ်ဝန်းသေဆုံးသူ ၂၅-သန်းရှိကြောင်း UN AIDS နှင့် WHO ပူးတွဲအစီရင်ခံစာက ဖော်ပြ***
(ဂျီနီဗာ၊ နိုဝင်ဘာလ ၂၇-ရက်)
ကမ္ဘာ့နေရာအနှံ့အပြားတွင် HIV/AIDS ကြောင့် သေဆုံးသူ ၂၅-သန်း ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂ HIV/AIDS အစီအစဉ် UN AIDS နှင့် ကျန်းမာရေးအဖွဲ့ (WHO)တို့၏ ပူးတွဲအစီရင်ခံစာ၌ ဖော်ပြပါရှိသည်။ မကြာမီက ထုတ်ပြန်သည့် အဆိုပါ ပူးတွဲအစီရင်ခံစာ၌ ကမ္ဘာတ၀န်းတွင် HIV ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ (၃၃ ဒဿမ ၄)သန်းခန့်ရှိသည်။ ဤရောဂါကူးစက်ပျံနှံ့ပြီးနောက်ပိုင်း သေဆုံးသူ (၂၅)သန်း အပါအ၀င် ကူးစက်ဖြစ်ပွားသူ သန်း (၆၀)နီးပါး ရှိကြောင်း ပူးတွဲအစီရင်ခံစာ၌ ဖော်ပြသည်။ (အင်တာနက်)

*** ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရန် သမ္မတ အိုဘားမား ကတိပြု***
အမေရိကန်နိုင်ငံ၏ ဖန်လုံအိမ် အာနိသင်ထုတ်လွှတ်မှုကို (၂၀၂၀)ခုနှစ် မတိုင်မီ (၁၇)ရာခိုင်နှုန်း လျှော့ချသွားရန် ရာသီဥတုဆိုင်ရာ ဒိန်းမတ်နိုင်ငံ (ကိုပေဟေဂင်ထိပ်သီးညီလာခံ)မကျင်းပမီ အမေရိကန်သမ္မတ အိုဘားမားက နည်းလမ်းရှာဖွေနေသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်များ လျှော့ချသွားရန် အိုဘားမား၏ ကတိပြုချက်သည် ဒိန်းမတ်နိုင်ငံ၊ ကိုပေဟေဂင်မြို့တော်၌ လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံမတိုင်မီပေါ်ထွက်လာခြင်းဖြစ်သည်။ (အင်တာနက်)

*** စုစည်းဘာသာပြန်-မောင်မောင်ဆွေ***

Read More...

Sunday, November 29, 2009

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း…

*** ကမ္ဘာ့ချန်ပီယံတင်းနစ်ပြိုင်ပွဲတွင် ဒီပိုထရိုက ကမ္ဘာ့နံပါတ်တစ် ဖက်ဒဲယားကို အနိုင်ရ…
(လန်ဒန်၊ နိုဝင်ဘာလ ၂၇-ရက်)

အာဂျင်တီးနားနိုင်ငံသား တင်းနစ်ကစားသမား `ဒီပိုထရို´သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပလျက် ရှိ သော ကမ္ဘာ့ချန်ပီယံတင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့နံပါတ်(၁)ကစားသမားဖြစ်သူ `ရော့်ဂျာဖက်ဒဲယား´အား အနိုင်ရရှိ ကာအကြိုဗိုလ်လုပွဲသို့တက်ရောက်သွားသည်။ထိုသို့အာဂျငိတီးနားတင်းနစ်သမားကအနိုင်ရရှိလိုက်သဖြင့် ရော်ဂျာဖက်ဒဲယား၏(၅)နှစ်ဆက်တိုက်ကမ္ဘာ့ချန်ပီယံဖြစ်ရေးအိပ်မက်မှာ ပျက်ပြယ်သွားခဲ့ရသည်။
(အင်တာနက်)

*** ရီးရဲယ်မက်ဒရစ် အသင်းအတွက် စီရိုနယ်ဒို ပြန်ကစားပြီ…
(မက်ဒရစ်၊ နိုဝင်ဘာလ ၂၇-ရက်)
စပိန်လာလီဂါ ထိပ်သီးအသင်းကြီးဖြစ်သော ရီးရဲယ်မက်ဒရစ်ကလပ်အသင်းအတွက် အဓိက အားထားရသည့် တောင်ပံကစားသမားဖြစ်သူ `စီရိုနယ်လ်ဒို´သည် ဒဏ်ရာရရှိပြီးနောက် ပြီးခဲ့သည့် ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲ၌ အက်ဖ်စီးဇူးရစ်အသင်းနှင့် ကစားခဲ့သော ပွဲမှာစပြီး အချိန်ပိုင်းပါဝင်ကစားလာပြီဖြစ်သည်။ တောင်ပံကစားသမား စီရိုနယ်လ်ဒိုသည် ခြေထောက်ဒဏ်ရာရရှိခဲ့သဖြင့် ပြီးခဲ့သည့် ပြိုင်ပွဲ (၉)ပွဲတွင် လွှဲချော်ခဲ့ရသည်။ ထို့အပြင် ပေါ်တူဂီနှင့် ဘော့စနီးယားတို့ ကမ္ဘာ့ဖလားရှုံးထွက် (ပြန်ကန်)ခြေစစ်ပွဲနှင့်လည်း လွဲချော်ခဲ့ရသည်။ မန်ချက်စတာယူနိုက်တက်အသင်းမှ (ပေါင်သန်း ၈၀)ပေးကာ ခေါ်ယူခဲ့ရသော စီရိုနယ်လ်ဒိုသည် ပြီးခဲ့သော စက်တင်ဘာလက ပေါ်တူဂီအသင်းအတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားပေးစဉ် `ခြေကျင်းဝတ်ဒဏ်ရာ´ရရှိခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

*** မန်စီးတီးအသင်းမှ မီကာရစ်ချတ်အား စပါးက ခေါ်ယူမည်…
အင်္ဂလိပ်ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် မန်ချက်စတာစီးတီးအသင်းမှ နောက်တန်းလူ `မီကာရစ်ချက်´အား လာမည့်(၂၀၁၀)ခုနှစ် ဇန်န၀ါရီလ အပြောင်းအရွှေ့ရာသီတွင် တော့တင်ဟမ်ဟော့စပါး ကလပ်အသင်းက ခေါ်ယူရန်ကြိုးစားနေကြောင်း ၄င်းကလပ်က ပြောကြားသည်။ (အင်တာနက်)

*** ပို့စ်မောက်တိုက်စစ်မှူး ဒေးဗစ်နူးဂျင့်အား ဘန်လေအသင်းက စာချုပ်ချုပ်မည်…
ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ပို့စ်မောက်အသင်းမှ တိုက်စစ်မှူး`ဒေးဗစ်နူးဂျင့်´သည် ပို့စ်မောက်အသင်းနှင့် အငှားစာချုပ်ကုန်ဆုံးသွားပြီဖြစ်သောကြောင့် ဘန်လေကလပ်အသင်းနှင့် စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)

*** ရီးရဲယ်မက်ဒရစ် တိုက်စစ်မှူး နစ္စတယ်ရွိုင်းသည် လီဗာပူးလ် အသင်းသို့ ပြောင်းရွှေ့ကစားဘွယ်ရှိ…
စပိန်လာလီဂါထိပ်သီး အသင်းကြီးဖြစ်သော ရီးယဲလ်မက်ဒရစ်ကလပ်အသင်းမှ နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးလည်းဖြစ်သူ `နစ္စတယ်ရွိုင်း´သည် လာမည့် (၂၀၁၀)ခုနှစ် ဇန်န၀ါရီလအပြောင်းအရွေ့ရာသီတွင် ပရီးမီးယားလိဂ်အသင်းကြီးဖြစ်သော လီဗာပူးလ်ကလပ်အသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ဘွယ်ရှိကြောင်း ၄င်း၏ အေးဂျင့်က ပြောကြားသည်။ (အင်တာနက်)

*** ဂျပန်လက်ရွေးစင်ကွင်းလယ်လူ `ယာဆူဟီတို´အား အာရှအကောင်းဆုံးဘောလုံးသမားဆု ချီးမြှင့်…
ဂျပန်နိုင်ငံ ဂျေလိဂ်ပြိုင်ပွဲဝင် အသင်းကြီးဖြစ်သော ဂမ်ဘာအိုဆာကာ ကလပ်အသင်းမှ ဂျပန်လက်ရွေးစင်ကွင်းလယ်လူလည်းဖြစ်သူ `ယာဆူဟီတို´အား အာရှအကောင်းဆုံး ဘောလုံးသမားဆုကို ရွေးချယ်လိုက်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်(AFC)က ကျေညာသည်။ ၄င်းသည် ဂျပန်နိုင်ငံမှ ယင်းဆုကို ဆွတ်ခူးနိုင်ခဲ့သော ၄-ယောက်မြောက် ဘောလုံးသမားဖြစ်သည်။ (အင်တာနက်)

*** ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဂျိုဗာနိုဗစ်အား ဘာမင်ဂမ်အသင်းက ခေါ်ယူရင်ဆွေးနွေး…
ဘယ်လ်ဂျီယံနိုင်ငံ၊ စတန်းဒတ်လိဂ်ကလပ်အသင်းမှ ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လည်းဖြစ်သူ `ဂျိုဗာနိုဗစ်´အား ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ဘာမင်ဂမ်ကလပ်အသင်းက ပေါင် (၃ ဒဿမ ၄-သန်း)ဖြင့် ခေါ်ယူရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ (အင်တာနက်)

*** စုစည်းဘာသာပြန်-အာကာကျော်***


Read More...

အမေလူထုဒေါ်အမာ၏ ၉၄-နှစ်မြောက် မွေးနေ့ မဲဆောက်မှာ ယနေ့ကျင်းပ…



`အမာကို မပျော့စေနှင့်၊ အဖြူကို မမည်းစေနှင့်၊ အဖြောင့်ကို မကောက်စေနှင့်´ဟူ၍ မြန်မာစာပေက၀ိ-ဆရာ ကြီး မင်းသုဝဏ်က ပင်လျှင် ဂုဏ်ပြုခဲ့သော မြန်မာစာပေအနုပညာလောက၏ ရှေ့ဆောင် အမေ လူထုဒေါ် အမာ၏ (၉၄)နှစ်မြောက် မွေးနေ့ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တနေရာတွင် ယနေ့ ကျင်းပကြသည်။ အမေလူထု ဒေါ်အမာကို ချစ်ခင်လေးစားကြသော ထိုင်းနိုင်ငံရောက် စာပေအနုပညာ ချစ်မြတ်နိုးသူများက စုပေါင်းကျင်းပ ကြသော ဤအခမ်းအနားတွင် မဲဆောက်မြို့၌ `ဓူဝံ´

စာပေထုတ်လုပ်ရေးလုပ်ငန်း စတင်ဖွင့်လှစ်ကြောင်း မိတ်ဆက်ခြင်းနှင့် ဓူဝံ စာပေထုတ်လုပ်ရေးမှ စတင်ထုတ်လုပ်သော ဆရာ မောင်စွမ်းရည်၏ `မှိုင်းမှသည် မိုးထိအောင်´အမည်ရှိ ကြည်ညိုဂုဏ်ပြု ကဗျာစုအား မိတ်ဆက်ကြသည်။ အခမ်းအနားသို့ တက်ရောက်လာကြသူများထံမှ (ဆရာကိုငြိမ်းဝေ၊ ဆရာဇွန်မှိုင်း၊ ဆရာဂါမဏိ၊ ဆရာ ဆန်တာကလော့စ်၊ ဆရာမခင်မင်းဇော်)တို့က ဆရာမောင်စွမ်းရည်၏ အဆိုပါ ကဗျာစုထဲမှ တစ်ပုဒ်စီကို ဂုဏ်ပြုရွတ်ဆိုခဲ့ကြသည်။ ထို့အတူ (ဆရာနှင်းခါးမိုး၊ ဆရာကိုဈာန်နှင့် ဆရာမ မနီနီဝင်း)တို့ကလည်း ဓူဝံ စာပေထုတ်လုပ်ရေး ဖော်ဆောင်နေမှုများကို မိတ်ဆက်ရှင်းလင်းပြောကြားခဲ့သည်။ အခမ်းအနားအပြီးတွင် အမရပူရမြို့ တောင်ပေါ်လုံးကျောင်းတိုက်နှင့် အမေလူထုဒေါ်အမာကို အမှတ်ရစေမည့် မြန်မာ့ရိုးရာ ဆီထမင်းနှင့် အမဲကြော်၊ လ္ဘက်ရည်တို့ကို ဧည့်ခံကာ ချစ်ကြည်ရင်းနှီးစွာ အခမ်းအနားပြီးဆုံးခဲ့ပါသည်။ `ဓူဝံ´စာပေမှ ယခုထုတ်လုပ်လိုက်သော ဆရာမောင်စွမ်းရည်၏ `မှိုင်းမှသည် မိုးထိအောင်´အမည်ရှိ ကြည်ညိုဂုဏ်ပြု ကဗျာစုအား အမေရိကန်ဒေါ်လာ အနေဖြင့် (၁၅)ဒေါ်လာဖြင့်လည်းကောင်း၊ ထိုင်းဘတ်ငွေအနေဖြင့် ၁၅၀-ဘတ်ဖြင့်လည်းကောင်း ယခုအချိန်မှစပြီး မှာယူနိုင်ကြောင်း သတင်းရရှိသည်။

***သတင်းမှတ်တမ်း-မြန်မာပြည်သား***

Read More...

ယာယီပတ်စပို့ လုပ်ငန်းကြောင့်မဟာချိုင်မှအလုပ်သမားအချို့ အိမ်ပြန်

(နိုဝင်ဘာ ၂၉-ရက် ၂၀၀၉)

နှစ်နိုင်ငံအစိုးရတို့အကောင်အထည်ဖေါ်နေကြသောယာယီပတ်စပို့ လုပ်ငန်းကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တောင်ဘက်ရှိ မဟာချိုင်နယ်မြေမှ မြန်မာအလုပ်သမားအများအပြား မြန်မာနိုင်ငံနေရပ်ရင်းသို့ နေစဉ်ပြန် နေကြကြောင်း အလုပ်သမားများကပြောသည်။ မဟာချိုင်မြို့ထိုင်းယူနစ်နယ်မြေမှ အလုပ်သမား ၆-ဦး၊ အလုပ်သမ ၅-ဦးတို့သည်ပြီးခဲ့သော ၂ ရက်က ပြန်သွားကြကြောင်း အတူတူအလုပ်လုပ်ခဲ့သူမွန်အမျိုးသမီး မပြုံးကပြော သည်။ “ဒီကပွဲစားတွေက ပတ်စ်ပို့လုပ်ခ တစ်သောင်းကျော် ပေးရမယ်လို့ပြောတယ်။ ရွာကမိဘတွေက ပြန်ဆင်းလာဖို့်မှာတယ်။

မွန်ပြည်နယ်အပေါင်မြို့ နယ် လက်ပန်တော ရွာမှာလည်းငွေတောင်းနေတယ်။ နက်ြဖန်လည်းပြန်မယ်လူတွေရှိနေတယ်။ နေ့တိုင်းပြန်နေကြတယ်။ပြန်နေကြတာ တစ်လလောက်ရှိနေပြီ။ ဒီမှာပိတ်ဆံတောင်းတာပြဿနာမရှိပေမယ့် ရွာမှာတောင်းတော့ အဖေအမေတွေ အခက်အခဲရှိတာပေါ့။ ကျမတို့ လည်းနေမ၇ရင်ပြန်မယ်”ဟုပြောသည်။ ထိုင်းယူနစ်ငါးသေတ္တာလုပ်ငန်း တစ်ခုတည်းတွင် မြန်မာအလုပ်သမားပေါင်း ၈၀၀၀-ကျော်ခန့် ရှိသည်။ ယမန်နေ့ကအလုပ်သမားများအားခေါ်ယူပြီ ယာယီပတ်စပို့ မလုပ်ပါက အလုပ်လုပ်ကိုင် နေထိုင်ခွင့်(ဘတ်)ကို သက်တမ်းတိုးပေးမည်မဟုတ်ကြောင်း ပတ်စပို့ လုပ်ခ ဘတ်ငွေ ၅၅၀၀ ကုန်ကျမည်ဖြစ်ကြောင်းစက်ရုံ ဘာသာပြန်ကပြောဆိုသည်။ ထို့ကအလုပ်သမားများထံမှ ပတ်စပို့ ဓါတ်ပုံများတောင်းယူပြီး မြန်မာပြည်နေရပ်လိပ်စာများအား ဖြည့်စွက်ခိုင်းပြီး လက်ဗွေများနှိပ်ယူသည်။ အလုပ်သမ မမိထွေးက“ ကျမတို့ ဘတ်လုပ်လာတောင် အချို့ ကြွေးမကျေနိုင်သေးဘူး။ ခုဟာက ဘတ်လည်းလုပ်ရမယ်၊ ပတ်စပို့လည်းလုပ်ရမယ်ဆိုတော့ ဘာသွားစားကြတော့မလဲ။ တရားသဖြင့် ကုန်ကျသလောက်ဆိုရင် ကျမတို့  သည်းခံပြီးလုပ်ကြမှာပေါ့။ မြန်မာဘက်မှာ ဘတ်၁၀၀(ကျပ်ငွေသုံးထောင်)နဲ့ ထိုင်းဘက်ခြမ်းမှာ ဘတ် ၅၀၀ ပဲပေးရတာ။ လမ်းစရိတ်ဘာသာ တစ်ထောင်ပေါ့၊ ခုဟာက လမ်းကြောင်းရှင်းခပေးရမယ်ဆိုပြီးပြောတယ်။ ကျမတို့ အရမ်းစိတ်ဆင်းရဲနေကြတယ်ရှင့်။ ပြန်မယ့်လူတွေပဲဖြစ်နေတယ်။လုံးဝပြန်လို့ မဖြစ်တဲ့လူ တွေပဲနေခဲ့ကြမယ်ထင်တယ်”ဟုပြောသည်။ မြန်မာအလုပ်သမားများမှာ ယခုယာယီပတ်စပို့ လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး အထူးစိတ်သောကရောက် နေကြကြောင်း ထိုင်းယူနစ်လုပ်ငန်းခွင်အနီး အလုပ်သမားများကို အင်္ဂလိပ်စာသင်ကြားပေးသောဆရာ တစ်ဦးက“ ကျနော်နားမလည်ဘူးဗျ၊ အလုပ်သမားတွေခမျာ စားစရိတ်၊အခန်းခ ဟိုအကြွေးဒီအကြွေး လုံးချာကိုလိုက်နေကြတာ။ခု ပတ်စပို့လုပ်မယ်ဆိုတာလည်း ၂-ခါပြန်ကုန်ပေါ့ဗျာ။ အလုပ်သမားတွေကို ဒုက္ခရောက်အောင် နှစ်နိုင်ငံအစိုးက လုပ်တာဗျ။ ခုကြည့်လေ အစိုးရနှစ်ရပ် တရားဝင်လုပ်တာ နယ်စပ်ကိုအလုပ်သမားတွေသွားဖို့ လမ်းကြောင်းရှင်းခတောင်းတယ်။ မဖြစ်မနေလုပ်ရတယ်ထားအုံး၊ စောစောက မိထွေးပြောသလို ဗမာဘက်မှာ ဘတ် ၁၀၀ ဗျာ၊ထိုင်းဘက်မှာ ဘတ်၅၀၀၊ ကားခစားစရိတ် ထောင်ဂဏန်းပေါ့။ အလုပ်သမားတွေဘယ်လိုလုပ်နိုင်မလဲ၊ ဘယ်လိုစီစဉ်ပေးရင်အားလုံးလုပ်မလဲ။ ဘယ်နည်းလမ်းက အသက်သာဆုံးလဲဆိုတဲ့ စေတနာလေးထားပြီး စဉ်းစားချင့်ချိန်လုပ်ကြစေချင်တယ်ဗျာ။ ခု ဒီမှာ သတင်းတွေအမျိုးမျိုးကြောင့် ပြန်ကုန်ပြီ” ဟု အဆိုပါကျောင်းဆရာကပြောသည်။ မဟာချိုင်၊ ထိုင်းယူနစ်၊ မူစီ၊ တလာကုန့်၊ တို့ တွင်မြန်မာအလုပ်သမားများသုံးသိန်းကျော်ခန့် ရှိကြောင်း၊ ၄င်း အလုပ်သမားများမှာ ကုမ္ပဏီမှ နှစ်အကုန်တွင် အလုပ်သမားများအား ပေးလေ့ရှိသော၊ရက်မှန်ကြေး(ဆုကြေး)များရရှိအောင် စောင့်ဆိုင်းနေကြကြောင်း၊ စက်ရုံအနီးမှ ကွန်ပျူတာဆရာတစ်ဦးကပြောသည်။ မြန်မာအလုပ်သမား တစ်သိန်းကျော်ခန့် ရှိသောမဟာချိုင် တလာကုန့်တွင် မြန်မာအလုပ်သမားတစ်ဦးအား ပတ်စပို့ နှင့်(ဘတ်)လုပ်ခ ဘတ် ၉၅၀၀ လက်ငင်းပေးးသွင်းရမည်ဖြစ်သည်။ တလာကုန့်ထာလုံထိန် ငါးသေတ္တာအလုပ်ရုံမှ ကိုအောင်က“ကျနော်တို့ ကိုဖေါင်ဖြည့်ပြီးလက်ဗွေနှိပ်ခိုင်းပြီးပြီး၊ပတ်စပို့ မလုပ်ရင် အလုပ်မလုပ်ရဘူးလို့ ပြောနေတယ်။ အလုပ်သမားတွေ တော်တော်များများတော့ မလုပ်ကြဘူး။ အဆင်ပြေတဲ့လူ ရာဂဏန်းလောက်တော့ လုပ်ကြတယ်။ ပြီးခဲ့တဲ့လက ကျနော်တို့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့ နယ်၊ ဖရုံကျေးရွာမှာ ဒီက ပတ်စပို့ လုပ်ဖို့ ဖေါင်ဖြည့်လိုက်တဲ့လူတွေကို မြို့ နယ်၇ဲစခန်းကလာပြီ လူတစ်ယောက်ကို ကျပ်ငွေ ၅၀၀၀စီကောက်တယ်တဲ့၊ ပြီးတော့ တစ်လကို အခွန်အဖြစ်ကျပ်ငွေ ၃၀၀၀၀ ပေးရမယ်လို့ပြော သွားတယ်တဲ့၊ငွေပေးလိုက်ရတဲ့လူတွေကကြောက်နေကြတယ်။ ကျနော်တို့ ရွာမှာအိမ်ခြေ ၆၀၀/ကျော်ရှိတယ်။ အိမ်တိုင်းစေ့ကဒီထိုင်းမှာလာပြီး အလုပ်လုပ်နေကြတယ်။ ရွာမှာအလုပ်မှမရှိပဲဟာ၊ ခုတော့ မဟာချိုင်က လူတွေ နေ့တိုင်းပြန်နေကြတယ်” ဟုပြောသည်။ ယခုလောလောဆယ်တွင် ထိုင်းနိုင်ငံဘန်ကောက်နှင့်အချို့  မြို့ ကြီးတို့ တွင် အလုပ်ရုံများက ယခင်က ကဲ့သို့ (ဘတ်)ရှိရုံဖြင့် အလုပ်သမားများကိုလက်ခံခြင်းမပြုတော့ပဲ၊ ပတ်စပို့ လုပ်ပြီးမှအလုပ်သမားလက် ခံမည်ဖြစ်ကြောင်းအလုပ်အကိုင်အပြောင်းအရွေ့ လုပ်နေသူများကပြောသည်။အလုပ်အကိုင်ရှာဖွေရ ခက်ခဲနေသဖြင့် မြန်မာအလုပ်သမားများ အခက်အခဲကြုံ နေကြရကြောင်း ကြားသိနေရသည်။ ထိုင်းအခြေစိုက် နိုင်ငံတကာ အင်န်ဂျီအိုများနှင့်မြန်မာအလုပ်သမားအဖွဲ့ အချို့ တို့ မှာလည်းအလုပ်သမား များကြုံ တွေ့နေရသည့်သတင်းများကိုကြားသိနေကြရသော်လည်း မည်သို့မှ ၀င်ရောက်ကူညီပေးနိုင် ခြင်းမရှိပေ။ သန်းချီရှိသောမြန်မာအလုပ်သမားများမှာမူ ၂၀၁၀ ခု ဖေဖေါ်ဝါရီလကုန်သည်နှင့် တပြိုင်တည်း သိမ်းကြုံးဖမ်းဆီးပြန်ပို့ ခံရမည်မှာသေချာနေသည်။

***သတင်း-ကိုကျော်သောင်း (ဘန်ကောက်)***

Read More...

ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အကြိုဘန်ကောက်တွင်ကျင်းပ...


(နိုဝင်ဘာ ၂၉ ရက်၊ ၂၀၀၉)
ထိုင်းနိုင်ငံဘန်ကောက်မြို့ အနောက်ဘက် မော်ချစ် အဝေးပြေးကားဂိတ်နှင့်မော်ချစ်ကောင်းကင်ရထား ဘူတာ အနီးတွင်ရှိသော ဂျပ်တူဂျပ် ပန်းခြံထဲတွင်၊ ထိုင်းနိုင်ငံ အခြေစိုက် အင်န်ဂျီအိုပေါင်းစုံတို့က၊ ကမ္ဘာ့အေအိုင်ဒီ အက်စ်နေ့အကြိုအဖြစ် စည်ကားသိုက် မြိုက်စွာကျင်းပခဲ့ကြ သည်။ အခမ်းအနားကိုယမန် နေ့လည်၁နာရီမှ ညနေ၅ နာရီထိကျင်းပခဲ့ပြီးယနေ့ တွင်ဆက်လက်ကျင်းပ ကြခြင်း ဖြစ်သည်။ ပန်းခြံအတွင်းသို့ လာရောက် အပန်းဖြေကြသော လူထုများများအား HIV/AIDS ဆိုင်ရာ ပညာပေး ဟောပြောခြင်း၊ သီချင်း သီဆိုခြင်းများ ပြုလုပ်ကြသည်။

အစီအစဉ်အရ ဘန်ကောက်မြို့  ဘန်ဘော်အခြေစိုက် PATH အဖွဲ့ မှ HIV/AIDS ဆိုင်ရာအကြံပေး မအေးက“ဒီကားချပ်မှာလာပြီးတော့ ထိုင်းလူငယ်လူရွယ်တွေလာပြီး ပလာစတာအ၀ိုင်းလေးတွေလာကပ်ကြတာကတော့ (၁) ကလေးတွေလည်း လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်ပြီးသိထားသင့်တယ်။ (၂) လိင်တူအချင်းချင်းလည်းတရားဝင်လက် မှတ်ထိုးပြီးလက်ထပ်နိုင်တယ်။ (၃) မင်္ဂလာမဆောင်ခင်လည်းလိင်ဆက်ဆံလို့ ရတယ်။ (၄) အဆင်သင့်မဖြစ်သေးတဲ့ အမျိုးသမီးတွေ သန္ဓေသားကိုဖျက်ချနိုင်တယ်။ (၅) လိင်မှုလုပ်ငန်းက၀င်ငွေ၇ှာတဲ့လူတွေလည်း တရားဝင်လက်ထပ်နိုင်တယ်။ (၆) HIVရောဂါပိုးရှိတဲ့အမျိုးသမီးတွေလည်း ကိုယ်ဝန်ဆောင်နိုင်တယ်။ အဲဒါတွေကို ကျမတို့ က လူထုတွေဆီကသဘောထားစစ်တမ်းကောက်တဲ့သဘောပါ” ဟုပြောသည်။ အဆိုပါ အဖွဲ့ ရှေ့ တွင် လိင်တူချစ်သူများ၊ကျောင်းသားလူငယ်များ၊ကလေးမိခင်များနှင့်အထူးစည်ကားနေသည်။ လာသမျှသောပရိတ်သတ်များကို ကွန်ဒုံး၊အေအိုင်ဒီအက်ပညာပေးစာများရေးသားထားသည့် ပြက္ခဒိန်၊ မှတ်စုစာအုပ်(ဒိုင်ယာရီ)များကိုအခမဲ့ဝေငှပေးသည်။ အခြားအဖွဲ့ များကလည်း သကြားလုံးများ ဝေငှခြင်း ကံစမ်းမဲများဖေါက်ခြင်းများပြုလုပ်ကြသည်။ ဖါးမစ် HIV/AIDS ဆိုင်ရာ အင်ဂျီအိုမှ ပရိုဂျက် မန်နေဂျာ စတင်ထွန်ပွန် က“ အယင်တုန်းကထက်တော့ ထိုင်းတွေရော နိုင်ငံခြား ရွေးပြောင်းအလုပ်သမားများပါ HIV/AIDS ရောဂါနဲ့ ပတ်သက်ပြီတော့ အသိပညာတွေ တော်တော်တိုးတက်လာပြီးလို့ ပြောလို့ ရပါတယ်။ ကျနော်တို့ လည်းအဖွဲ့ ပေါင်းစုံတစ်နိုင်ငံလုံးမှာ အင်တိုက်အားတိုက်ကြိုးစားကြတယ်။ ဆက်ပြီးတော့လည်းအမြဲလုပ်နေရမယ့်ကိစ္စရပ်ဖြစ်ပါတယ်” ဟုပြောသည်။ အခြားအဖွဲ့ တစ်ဖွဲ့ မှ မြန်မာ၊အင်္ဂလိပ်၊ထိုင်း သုံးဘာသာဖြင့် အေအိုင်ဒီအက်စ်ပညာပေးသီချင်းများတီး ခတ်ဖျော်ဖြေကြသည်။အခြားထူခြားမှုတစ်ခုမှာ ထိုင်းလူငယ်အမျိုးသား၂ဦးတို့ က မြန်မာတိုက်ပုံနှင့်ရခိုင်ပုဆိုးတို့ ကိုယဉ်ကျေးစွာဝတ်ဆင်ထားကြပြီ၊ထိုင်းအမျိုးသမီး၂ဦးကမူ မြန်မာဝတ်စုံများကိုဝတ်ဆင်ပြီး သရုပ်ပြကြသည်။ အဆိုပါ ၀တ်စားဆင်ယင်မှု သရုပ်ပြခြင်းနှင့်ပတ်သက်၍ PATH အဖွဲ့ မှ HIV/AIDS ဆိုင်ရာလမ်းညွှန် ပညာပေး ကိုဆန်းလွင် က“ ကျနော်တို့ မြန်မာတွေက ထိုင်းနိုင်ငံမှာ မြန်မာဝတ်စုံနဲ့ သွားလာလှုပ်ရှားဖို့  ခက်တယ်လေ။ ဒါကြောင့် အင်ဂျီအိုမှာလုပ်တဲ့ ထိုင်းလူငယ်တွေက မြန်မာတွေ ဘယ်လို့ ပဲဝတ်စားဆင်ယဉ်မှု ယဉ်ကျေးပေမယ့် ဒီ HIV/AIDS ရောဂါ ဆိုတာ မဆင်ခြင်ရင် ကူးစက်နိုင်တယ်ဆိုတာကို ပြချင်တဲ့ရည်ရွယ်ချက်နဲ့ ပါ။ ကျနော်တို့ ကအဓိကဆောင်ရွက်တာကတော့ ရောဂါရှိသူတွေကို ARVနဲ့ AZT စတဲ့ဆေးဝါးတွေ ကို အခမဲ့ ရရှိဖို့ ကူညီဆောင်ရွက်ပေးတယ်၊ ကွန်ဒုံးတွေကို တွေ့သမျှလူ ယူသမျှလူတွေကို နေ့တိုင်းလိုက်ဝေပါတယ်။ လိုက်ပြီးတော့ ဟောပြောပါတယ်။ ကျနော်တို့ ကမြန်မာတွေဆိုတော့ မြန်မာတွေနေတဲ့နေရာတွေကို စနေ၊ တနင်္ဂနွေနေ့တွေမှာ သွားပြီးဟောပြောပေးပါတယ်” ဟုပြောဆို သွားသည်။

***သတင်း-ကိုကျော်သောင်း (ဘန်ကောက်)***

Read More...

ကျနော်နဲ့ ဘုရားသခင် အင်တာဗျူး

***သနပ်ခါးလိမ်းထားတဲ့ စကားလုံး
ပျားရည် အပြုံးတွေနဲ့
စင်္ကြာဝဠာ တံခါးကို တဒုံးဒုံးထုရင်း
ကမ္ဘာ့ပန်းချီကားထဲ ငါ ခုန်ဆင်းခဲ့တယ် ။

***ငြိမ်းချမ်း သန့်ရှင်းတဲ့လေ ရှုရှိုက်
ပျော်ရွှင်ခြင်း ပရိုတင်းကို နှစ်ခြိုက်ရင်း
တိမ်စင်ကင်း လရောင်အောက်
အပူအပင်ကင်းစွာ လမ်းလျှောက်
ကမ္ဘာကို အရောက် နောက်ကျလို့
စောစောမပို့တဲ့ နတ်ဘုရားတောင် ဒေါသဖြစ်မိသေးတယ် ။

***ကမ္ဘာမြေကို ခြေချအလာ
ဘာဗီဇာမှ မလိုခဲ့ သလို
ဘယ် နတ်ဆိုးကိုမှ ဧည့်စာရင်းတိုင် စရာမလိုဘူး ။

**လက်ဖက်ရည် တစ်ခွက် ၊ ဂစ်တာတစ်လက်နဲ့
ဘ၀ဟာ အေးမြတဲ့ နှင်းနံနက်ခင်းတွေ ပွေ့ဖက်ရင်း
မမြင်ရတဲ့ အနာဂတ်လမ်း ၊ ခါးသီးမှုတွေ ပြည့်နှက်နေမယ်မှန်း
ကြိုတင် မခန့်မှန်းခဲ့မိဘူး ။

**သူတောင်းစားမှာ သန္ဓေတည်တဲ့ သားသမီးနဲ့
မိဖုရားမှာ သန္ဓေတည်တဲ့ သားသမီး
ဘ၀ ကံကြမ္မာ ကွာခြားသလိုမျိုး
စစ်မီးစွဲတဲ့ တိုင်းပြည်မှာ ကျနော် မသေယုံတမယ် မွေးဖွား ခဲ့တယ် ။

**လောက ရဲ့ ဆိုးချက်လား ၊ ကံတရားမဲ့ ငြိုးချက်လား
ဘ၀ ကြိုးဝိုင်းမှာ အလဲထိုးခံထားရဆဲ အမှန်တရားနဲ့အတူ
ကျနော် လဲ ထိုးချက်ပြင်းတဲ့ စစ်နဲ့ ပက်ပင်းတိုးခဲ့တယ် ။

***အသံနက် အသံပြာ ၊ ငယ်သံပါအောင် အော်ရဆဲ
ဆင်းရဲဒုက္ခ တွင်းနက်နက်ထဲ
ဘုရားသခင်က ဖန်ဆင်း တွန်းပို့ လိုက်တာဆိုရင်
ဘုရားကို ကျနော်အင်တာဗျူးချင်တယ် ။

**နာဂစ်က သေခြင်းတရားတွေ ဖန်တီးတာအားမရလို့
စားရမဲ့ သောက်ရမဲ့ ဖာဖြစ်အောင် ၊ဘုရားသခင် ဖန်ဆင်းတာလား၊
တိုတောင်းတဲ့ဘ၀မှာ အချစ်ဝေးဆဲ လောကအလယ်
ရေရှည် စစ်ပြေး ဒုက္ခသည် ဖြစ်အောင် ဘုရားသခင် ဖန်ဆင်းတာလား၊
ကမ္ဘာ့အလယ် မွဲတေမျက်နှာငယ် အဖြစ်နဲ့
စစ်အာဏာရှင်စနစ် အမြစ်တွယ်အောင် ဘုရားသခင် ဖန်ဆင်းတာလား၊
ပြင်ဆင်လို့မရမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ နဲ့
မဲလိမ်မဲ့ ရွေးကောက်ပွဲကို ဘုရားသခင် ဖန်ဆင်းတာလား၊
--------လား
---------လား
ဘုရားသခင်ကို ယုံကြည်ချင်ပေမဲ့
ဘုရားကို ယုံချင်ယောင်ဆောင်တဲ့
စစ် လူသတ်ကောင်တွေကို မယုံဘူး ။

***ကျနော်ရဲ့ လားပေါင်းများစွာ အမေးတွေ အပြီးမှာ
ဘုရားက တန်ဖိုးရှိတဲ့ စကားတစ်လုံးနဲ့
ပြုံးပြုံးကြီး ဟောပြောမိန့်ကြားတော်မူတယ် ၊
အရာရာအားလုံးဟာ မတည်မြဲ ပဲ
အနိစ္စသဘော ကိစ္စချောလိမ့်မယ် ၊
စိတ္တဇဇောနဲ့ အတ္တနှောပြီး
လောဘတိုက်နေလို့ အမိုက်မှောင်ကို မမြင်ကြတာ တဲ့ ။

+++မင်းရဲကျော်စွာ +++


Read More...

မိန်းမ-မကြောက်ဘူး…

***(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)***
ချဲလ်ဆီးအသင်းမှ အက်ရှ်လေကိုးလ်မှာ မိန်းမကြောက်သူတစ်ဦးအဖြစ်နာမည်ကျော်ကြားသည်။ ယင်းကို မကျေနပ်၍ မိန်းမမကြောက်ကြောင်း သက်သေပြရန် ဆုံးဖြတ်လိုက်၏။ တစ်နေ့တွင်အသင်းဖော် လမ်းပတ်အား အိမ်သို့ခေါ်လာကာ ၄င်းမည်မျှသတ္တိရှိကြောင်း ပြသမည်ဟု လမ်းပတ်အားပြောသည်။ ၄င်းတို့ ၂-ဦးအိမ်သို့ရောက်သော် ဧည့်ခန်းစားပွဲပေါ်တွင် မလှမပထိုးထားသော ပန်းအိုးကိုမြင်မိ၍ အက်ရှ်လေကိုးလ်က အော်ဟစ်လိုက်သည်။
`ဒါဘယ်သူလုပ်တာလဲကွ… ဘယ်သူက အဲဒီလိုလုပ်ဖို့ခိုင်းလို့လဲကွ… ဟေ´

ထိုအခါ အက်ရှ်လေကိုးလ်၏ ဇနီး ချယ်ရီကိုးလ်ထွက်လာပြီးပြောသည်။
`ကျမလုပ်ထားတာပဲ… ဘာဖြစ်လို့လဲ´
`အော်… ဘာမှမဖြစ်ပါဘူးကွာ။ ပန်းတွေက သိပ်လှတာပဲလို့´

မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

ရေမြွေနှင့် ဖားညို…

***(မေတ္တာတရားနှင့် အခြားပုံပြင်များ)***
ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းပြုစဉ် ဘုရားလောင်းသည် ဖားညိုမျိုး၌ ဖြစ်၏။
`အုံ… ဂွမ်၊ အုံ… ဂွမ် အလိုလေး… လေး။ ဟန်လိုက်တာ ဒီလိုမိုးလေးရွာမှ စိတ်ချမ်းသာတယ်။ ဟုတ်တယ်လေ… တစ်နွေလုံး တွင်းအောင်းနေရတဲ့ ဒုက္ခ ခုမှငြိမ်းတော့တယ်။ ဟန်ပြီ… မိုးရေ တ၀ကြီးချီုးပစ်လိုက်မယ်။´
`မိုး… မိုး ရွာလိုက်ပါမိုး´
`မိုးမရွာတာကြာလေပြီxxxx မိုးကောလေရော လာလေပြီxxxx မိုးရွာရင်နောဗျာxxxx ခင့်ကိုဘာနဲ့မိုးရပxxxx ပဒုမ္မာရွှေကြာရိုးxxxx ထီးလုပ်လို့မိုးxxxx အိုးဟိုဟို´
အုံး… အွမ်၊ အုံး… အွမ်။
သည်းသည်းထန်ထန်ရွာသွန်းနေသည့် မိုးရေကြားတွင် ဖာညိုကြီးသည် ခုန်ပေါက်မြူးတူးပျော်ပါးနေလေသည်။
`လာကြဟေ့… လာကြ။ မိုးရေတွေ ဒရဟောကြလာပြီ´
`အေဟေ့… ရေစုန်မှာ လေဟုန်စီးမဟေ့´
`ဟဲ့… ဟဲ့။ သိပ်အပျော်မကျူးကြနဲ့နော်… အပျော်လွန်ရင် ဒုက္ခဖြစ်တတ်တယ်။ သွားရိုးသွားစဉ် လာရိုးလာစဉ်သတိနဲ့ ယှဉ်ပြီးလုပ်ကြ´

`အာဗျာ… ဘကြီးတို့က မဖြစ်သေးတဲ့ဘေး တွေးလန့်တတ်ရန်ကော´
`ဟဲ့ကောင် ငရှုတ်။ မင်းဘာသိလို့လဲ အန္တရာယ်ဆိုတာ ဘယ်အရပ် ဘယ်ဒေသကဖြစ်လာမယ်ဆိုတာ သိချင်မှသိမယ်။ သတိဥာဏ်မြေကတုတ်၊ ပညာချွန်းကဲ့သို့ အုပ်တဲ့ကွ´
`တော်စမ်းပါဘကြီးရာ… လာကြကွာ။ လာကြ။ ရှေးခေတ်အဖိုးကြီးတွေနဲ့ ပြောရဆိုရတာ အပေါက်အလမ်းမတည့်ဘူး´
ငါးတစ်အုပ်သည် မိုးရေစီးကြောင်းအတွင်း ပျော်ပါးကူးခတ်နေရာ သက်ကြီးရွယ်အိုများက အပျော်မကျူးဖို့ တားမြစ်သည်။
အပျော်ကျူးသော ငါးတစ်အုပ်သည် တံငါသည် ထောင်ထားသော မြုံးတစ်ခုထဲ ရောက်မှန်မသိ ရောက်သွားတော့သည်။
`ဟာ ထောင်ချောက်ပဲ`
`ဟင်… ဒုက္ခပါပဲရှင်… လူတွေရဲ့ ထောင်ချောက်ထဲဝင်သွားပြီ လုပ်ကြပါဦး´
`အေးကွာ… ဟိုကောင်ပေါ့´
`ဘာ ဟိုကောင်လဲဗျာ။ ကျုပ်လဲ မြုံးမှန်းမသိလို့ ၀င်မိတာပေါ့´
`ကဲ ခုတော့ ဘယ်လိုလုပ်မလဲ´
`မြုံးဖေါက်ထွက်မှာပေါ့ဗျာ´
`မင်းကလွယ်လွယ်ကူကူစကားပြောလိုက်တာ… ဒီလောက် ခိုင်ခံ့တဲ့နှီးနဲ့ ယက်ထားတဲ့ မြုံးကို ဘယ်လိုလုပ်ဖေါက်မလဲ´
`ရပါတယ်ဗျာ… ကျုပ်ခေါင်းနဲ့ တိုက်ဖွင့်မယ်… လာလေ့။ အောင်မယ်လေးဗျာ´
ငါးငယ်လေးက မဆင်ခြင်၊ မစူးစမ်းဘဲ မြုံးနံရံကို ဦးခေါင်းနဲ့ ပစ်တိုက်လိုက်သည်။ ကျောက်တုံးကိုခေါင်းနဲ့ တိုက်သည့်ပမာ ဖင်ထိုင်လဲကျပြီး မူးမေ့သွားတော့သည်။
`အင်း… ငါအတန်တန်ပြောနေတဲ့ကြားက ဒီငနဲ့ဖောက်လွဲ ဖောက်ပြန်သိပ်လုပ်တယ်။ နေဦး… တဇွတ်ထိုးမလုပ်ကြနဲ့´
`ကယ်ပါဦး ဘကြီးရယ်´
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မြုံးထဲတွင် ငါးတို့ကြံရာမရ စိတ်သောကရောက်နေချိန် သတ္တ၀ါတစ်ကောင်က လျောခနဲ တိုးဝင်လာသည်။
`ဟေ့… ဘယ်သူလဲ´
`ငါရေမြွေကွ´
`ဟာ… မြွေဆိုးပါလား… ဒါဆိုတို့ကို စားတော့မယ် ထင်တယ်´
`ဟယ်… အသာနေစမ်းပါ။ ဘာမှမကြောက်နဲ့။ မင်းတို့ရှေ့မှာ ငါတစ်ယောက်လုံးရှိနေတယ်´
`လုပ်ပါဦး ဘကြီး´
ငါးကိုကြိုက်တတ်သော ရေမြွေတစ်ကောင် မြုံးထဲဝင်လာသည်ဆို၍ ငါးတစ်သင်းမှာ ဆောက်တည်ရာမရဖြစ်ကုန်သည်။ သို့သော် သူတို့ရှေ့တွင် ငါးဖိုကြီးကမားမားမတ်မတ်ရပ်နေ၍ ဖြေသိမ့်နိုင်သေးသည်။
`အသင်ရေမြွေ သင်ဘာလာလုပ်လဲ´
`ဟေ ဘာလာလုပ်လည်းဟုတ်စ အဘိုးကြီး ကျုပ်ရဲ့အစာဟာ ငါးသတ္တ၀ါဆိုတာ ခင်ဗျားသိပါတယ်။ ခင်ဗျားတို့ အနံ့ရလို့ ၀င်လာတာပေါ့ဗျ´
`ဘာ ဘာပြောတယ်။ မင်းဟာငါတို့နေရာလည်း ကျူးကျော်ဝင်လာသေး၊ ငါတို့လည်းရန်လိုစကားဆိုသေးပါလား´
`အဟောဟော ဒါခင်ဗျားတို့နေရာဟုတ်လား ကောင်းတာပေါ့´
`မင်းကမိတ်ဆွေ မဖွဲ့ချင်ဘဲ ရန်ပြုချင်တယ်ပေါ့´
`အဟိုးဟိုး မြွေနဲ့ ဖားမိတ်ဆွေဖွဲ့ရမယ်ဟုတ်လား ဒါဆိုလောကနိယာမတရား ဇောက်ထိုးမိုးမျှော်ဖြစ်တော့မှာပေါ့။ ကျားကသမင်ဖမ်းတာသဘာဝ၊ ငှက်က ပိုးကောင်စားတာ သဘာဝ၊ မြွေကငါးစားတာသဘာဝ၊ ဒီသဘာဝတွေ ပျက်ကုန်မှာပေါ့ အဘိုးကြီးရာ´
`ဒီမယ် မင်းဟာ ငါ့နယ်မြေထဲ ကျူးကျော်လာသူ၊ လာပြန်တော့ အဖေါ်အပေါင်းမရှိပဲ ရန်လိုစကား ပြောတယ်။ မင်းလိုရေမြွေကို ငါတို့က ကြောက်မယ်င်လား´
`အဟား… ဟား… ဟား… ရယ်ရတယ်။ တော်တော်ကောင်းတဲ့ပြက်လုံးတစ်ခုပဲ၊ ကျုပ်လိုပုဂ္ဂိုလ်ကို အစွယ်မရှိတဲ့ ခင်ဗျားတို့က ခုခံချင်တယ်ဟုတ်လား´
`သတ္တ၀ါတိုင်းမှာ ကိုယ်ပိုင်စွမ်းအားရှိသဟေ့။ မင်းကအဆ နဲ့ အစွယ်အားကိုးသလို ငါတို့က သန်မာတဲ့ အမြီးကို အားထားတယ်။ မင်းရန်ပြုဝံ့ရင် ပြုကြည့်´
`တွေ့သေးတာပေါ့´
မြုံးအတွင်းဝင်လာသော ရေမြွေသည် ငါးအဖိုးကြီးကို ၀င်တိုက်သည်။ နဂိုကကြောက်စိတ်ဝင်နေသော ငါးများသည် အဘိုးကြီးနှင့် ရေမြွေတို့ အပြန်အလှန် ပြောနေသည့်စကားများ ကြားလျက် သွေးတက်လာသည်။
မိမိတို့ တွင်သန်မာသော အမြီးရှိမှန်း ခုမှပင်တွေးမိသည်။ စောစောက မြုံးကိုခေါင်းနှင့် တိုက်သောငါးလေးကလည်း အမူးပြေစပြုချိန် ရေမြွေနှင့် အဘိုးကြီးတို့ တိုက်ခိုက်နေသည်ကို တွေ့လိုက်သည်။
`ဟေ့… ဘာငိုင်ကြည့်နေတာလဲ ဒီခွေးမသားကို ၀ိုင်းတိုက်ကြပါလား…။ ခေါင်းနဲ့တိုက်၊ အမြီးနဲ့ရိုက်၊ ပါးစပ်နဲ့ကိုက်၊ ကိုယ်စွမ်းကိုယ်စရှိသမျှ ခုခံကြ´
`အောင်မယ် မင်းကစွာကျယ်ကျယ်ပါလား။ လာစမ်း´
ရေမြွေကငါးလေးကိုဖမ်းရန် အားထုတ်လိုက်သည်နှင့် ငါးအပေါင်းက ရေမြွေကိုယ်လုံးကို ၀င်တိုက်ကြသည်။
`ဟာ´
`ချကွ နှက်ကွ စိစိညက်ညက်ကျေအောင် ဆော်ကွ´
`မင်းတို့က အုပ်စုနဲ့ ၀ိုင်းချတယ်ပေါ့´
`အေး… ဟုတ်တယ်။ ရန်သူကို ဒီလိုပဲ ၀ိုင်းဝန်းခုခံရမကွ။ ဆော်ဟေ့… ဆော်ကွ´
ငါးများက ၀ိုင်းဝန်းတိုက်ခိုက်သဖြင့် ရေမြွေမှာ ငါးတကောင်တလေဖမ်းဖို့ နေနေသာသာ အနာတရဖြစ်ကုန်သည်။ ဘယ်ကိုတိမ်းလျင်ညာက၀င်တိုက်၊ ညာကိုရင်ဆိုင်တော့ ဘယ်က၀င်တိုက်နှင့် ငါးအုပ်ကြားအလူးအလဲခံရတော့သည်။ ကြာလျှင် အသက်ဆုံးရှုံးတော့မည်ဟူသော အတွေးဝင်လာသည်နှင့် ၀င်လာသည့် အပေါက်က အတင်းတိုးထွက်လိုက်ရတော့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ငါးတို့ ၀ိုင်းဝန်းတိုက်ခိုက်ခံရ၍ အနာတရဖြစ်နေသော ရေမြွေသည် ရေစပ်တွင် မောပန်းနွမ်းလျစွာ လဲလျောင်း၏။
`အယို့ယို ခွေးကောင်တွေ ငါ့ကိုဝိုင်းဆော်လိုက်တာ မသက်မသာပါလား။ အမယ်လေးလေး ကံကောင်းလို့ ငါသာပြန်ပြေးမထွက်ရင် ဒီလောက်ဆို ငါးစာဖြစ်ပြီ။ အင်း ဒီလိုဖြစ်ရင် ကျော်မကောင်း ကြားမကောင်းပဲ´
ရေမြွေသည် ကြုံတွေ့ရသောဒုက္ခကို ပြန်စဉ်းစားနေစဉ် ဖားညိုကြီးက ကန်သင်းခုန်ပေါ် ခုန်တက်လာသည်။
`ဘယ်သူလဲဟေ့´
`ငါဖားညို… အမယ် ရေမြွေပါလား၊ ဘယ်လိုလဲ တစ်ကိုယ်လုံးလည်း ဒဏ်ရာအနာတရဖြစ်လို့ပါလား´
`ဟုတ်တယ်။ ဟိုခွေးမသားတွေလေ´
`ဘယ်သူလဲ´
`ဟိုအဘိုးကြီးဦးစီးတဲ့ ငါးအုပ်ပေါ့။ ငါကသူတို့ကိုစားမလို့ မြုံးထဲဝင်သွားတာ ငါ့ကိုဝိုင်းတွယ်ကြတယ်လေ´
`အဟဟဟ ဖြစ်ရမယ် ဖြစ်ရမယ်´
`ဘာကွ ဘာဖြစ်ရမှာလည်း၊ မင်းကပါ ငါးတွေဘက်က လိုက်ပြောနေတာလား… ဟင်။ ငါထိခိုက်လို့ပေါ့၊ အနို့မို့ မင်းကို ငါ့ဝမ်းထဲသွင်းပစ်လိုက်ပြီ´
`အဟတ်… ဟတ်… ခုထက်ထိ မာန်တက်တုန်းကိုး။ သင်ကရန်လိုတော့ ဟိုက ခုခံတာ အဆန်းလား ဒါသဘာဝကျတာပေါ့´
`ဘာ ငါးဆိုတာ တို့ရေမြွေရဲ့အစာကွ။ မင်းတို့လို ဖားတွေလည်း တို့ရဲ့အစာပဲ´
`နေရာတကာ တရားသေယူလို့မရဘူး။ ရေမြွေ သတ္တ၀ါမှန်သမျှကိုယ့်အသက်ကို စောင့်ရှောက်ချင်တာပဲ။ ခွန်အားကြီးတဲ့သင်က ကျုပ်တို့ကို နိုင်ထက်ကလူပြုတတ်ပေမယ့် အခါခါတော့ မရဘူး ရေမြွေ´
`အောင်မယ်… ပြောစမ်းပါဦး´
`ဒီမယ်ရေမြွေ။ သင့်နေရာ၊ သင့်ဝန်းကျင်၊ သင့်စားကျက်ထဲ ၀င်လာတဲ့ငါးကို သင်စားနိုင်တယ်။ ခင်ဗျားကခွန်အားသာတာကိုး။ အေး… ဒီအားသာမှုကို အကြောင်းပြုပြီး ငါတို့ အရပ်ကျူးကျော်ဝင်ရောက်ရင်တော့ သင်ခံစားရမှာပဲ´
`ဒါဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး´
`ရော… သင်ဟာ အမှန်တရားကို ၀န်မခံဝံ့သူပဲ။ ဟော… ဟိုမှာ ငါးအဘိုးကြီးထွက်လာပြီး။ ဟော… ဟော ငါးတွေအားလုံးလာကြပြီ´
`ဘာ သင်းတို့လာပြီ ဟုတ်လား တွေ့ကြသေးတာပေါ့´
`အသင်ရေမြွေ ရန်သူဝိုင်းတိုက်ခံရလို့ အနာတရဖြစ်နေတဲ့သင်က ဘာလုပ်နိုင်အုံးမှာလည်း´
`ဘာလုပ်နိုင်မှာလည်း ဟုတ်လား… ငါ့ခွန် ငါ့အားက ငါးတစ်ကောင်တော့ နိုင်ောအင်ခံသတ်နိုင်သေးသဟေ့´
ငါးတွေကို ခုခံဟန်ပြင်နေသော ရေမြွေကို ငါးအုပ်ကြီးက ပြေးလာလျှက် ၀ိုင်းဝန်းတိုက်ခိုက်ကြသည်။ နဂိုကတည်းက အားအင် ယုတ်လျော့နေသော မြွေကြီးသည် ဖြစ်ဖြစ်မြောက်မြောက် မခုခံနိုင်။ စုပေါင်းစွမ်းအားနှင့် ရန်သူကို ခုခံကြသဖြင့် နောက်ဆုံးတွင် ရေမြွေကြီး အသက်ဆုံးရှုံးရလေတော့သည်။

***မောင်ဆန္ဒ(လယ်ဝေး)***



Read More...

စိတ်မှန်နေသောအရူး

***(ဟာဒယနှလုံး- တခဏပြုံး)***
အရူးထောင်တွင် ဗိုလ်ချုပ်ကြီးလာရောက်စစ်ဆေးမည်ဆိုသဖြင့် ဆရာဝန်များက အရူးများကို အမိန့်ပေးနေလေသည်။
‘ဒီနေ့ ဗိုလ်ချုပ်ကြီးလာလိမ့်မယ်။ မင်္ဂလာပါ ဘဘကြီးလို့ နှုတ်ဆက်မှ မင်းတို့ကို ထမင်းကျွေးမယ်’
ဗိုလ်ချုပ်ကြီးလာသောအခါ အရူးတစ်ယောက်မှလွဲပြီး ကျန်သောအရူးများက မင်္ဂလာပါ ဘဘကြီး ဟု နှုတ်ဆက်လေသည်။

ထိုအခါဗိုလ်ချုပ်ကြီးက ဆရာဝန်များကို ထိုအရူးဘာကြောင့် မနှုတ်ဆက်သလဲဟုမေးသောအခါ ဆရာဝန်ကြီးဖြေလိုက်ပုံက
‘စိတ်မဆိုးပါနဲ့ ဗိုလ်ချုပ်ကြီးရယ် သူဒီနေ့ စိတ်ကောင်းနေလို့ ဖြစ်ပါလိမ့်မယ်’

****သံလွင်အိမ်မက် မှကူးယူဖော်ပြပါသည်***

Read More...

29Nov,09// အာဆင်နယ် - ချဲလ်ဆီး ပွဲ နဲ့ ယနေ့ကြည့်စရာ ပရီးမီးယားလိဂ် ပွဲ စဉ်တွေ

***(အင်္ဂလိပ် ပရီးမီးယားလိဂ် ပွဲစဉ်များ)***
00:00 Am အက်စတွန်ဗီလာ - စပါး
06:30 Pm ၀ုလ်ဗာဟမ်တန် - ဘာမင်ဂမ်
08:00 Pm အဲဗာတန် - လီဗာပူး
10:30 Pm အာဆင်နယ် - ချဲလ်ဆီး
မှတ်ချက်။ ။ အထက်ပါအချိန်များသည် မြန်မာစံတော်ချိန်များဖြစ်သည်။

Read More...

Saturday, November 28, 2009

ထိုင်းလမ်းသရဲရိုက်သတ်သဖြင့် မြန်မာအလုပ်သမားတစ်ဦးသေ၊တစ်ဦးဒဏ်ရာရ


(နိုဝင်ဘာ ၂၈။၂၀၀၉)
ထိုင်းနိုင်ငံဘန်ကောက်မြို့ အစွန်၊မဟာချိုင်နယ်စပ်၊စွယ်ဖစိဖစ်အုန်းနွဲ့ တွင်ရှိသော တိုင်စင်အထည်ချုပ်စက်ရုံရှေ့  တွင် လုပ်ငန်းခွင်မှပြန်လာသော မြန်မာလူငယ်တစ်ဦးအား ထိုင်းလမ်းသရဲများက၀ိုင်းရိုက်သတ်သဖြင့် နေရာတွင်ပွဲချင်းပြီးသေဆုံးသွားပြီးနောက်တစ်ဦးမှာဒဏ်ရာရရှိသွားသည်။သေဆုံးသွားသူမှာ မြ၀တီမြို့ ရွှေကုက္ကိုရွာနေ ဦးထွန်းကြည်နှင့် ဒေါ်တင်လှတို့ ၏ဒုတိယမြောက်သားမောင်စိုးဦး အသက် ၁၉ နှစ်ဆိုသူဖြစ်သည်။

မြန်မာ အလုပ်သမားများ၅၀ ၀န်းကျင်ခန့် ရှိသော အဆိုပါအလုပ်ရုံတွင် အချိန်ပို ဆင်းပြီးညဥ့်၈နာရီခွဲအချိန်တွင် ထမင်းဝယ်စားခဲ့ကြသည်။ထမင်းစားနေစဉ် အခြားစါးပွဲခုံတစ်ခုမှ အသက် ၁၆ နှစ်ဝန်းကျင် ထိုင်းလူငယ်သုံးဦး ထမင်းစားနေသည်ကို သေဆုံးသူကစောင်းငဲ့ ကြည့်မိ သဖြင့်ရိုက်နှက်ဟန်တူကြောင်းအတူတူအရိုက်ခံရပြီးကြော တွင် သံတုတ်ဒဏ်ရာရရှိခဲ့သူ ကိုအစောကပြောသည်။“ ဘာမှကြီးကြီးကျယ်ကျယ်မဖြစ်ပါဘူး။ကျနော်တို့ ဖယ်ရီ ကားပေါ်ကဆင်းပြီး ထမင်းဆိုင်မှာဆင်းနေခဲ့ပြီးထမင်းစားကြပါတယ်။ကျနော်တို့ နဲ့ အနီးကစားပွဲခုံမှာထိုင်းလူငယ် သုံးယောက်ဆဲဆိုပြီး၊ခုံကိုထုကြတယ်၊ဆူပူနေတယ်။အဲဒါကို မောင်စိုးဦး ကနဲနဲစောင်းကြည့်တယ်။ အခြား ဘာမှ မဖြစ်ပါဘူး။ကျနော်တို့ ထမင်းစားပြီးထွက်လာတော့ မီးနဲနဲမှောင်တဲ့အနားကထွက်ပြီးတော့သံတုတ်နဲ့ ရိုက်တယ်။
မောင်စိုးဦး ကို ခေါင်းဦးဆက်ကိုထိတယ်။မှောက်ကျသွားတယ်၊ ထမိုင်း ထမိုင်း လို့ အော်ပြီးရိုက်တယ်။ပြီးတော့ ခြေထောက်ကို ဒရွတ်တိုက်ဆွဲခေါ်သွားပြီးတော့ ခေါင်းကို ခဲတွေနဲ့ ရိုက်ထုတယ်။ ကျနော်ကအ၇ပ်နဲနဲမြင့်တော့ ကျောကိုထိတယ်။ကျနော်ထွက်ပြေးတယ်။အစောင့်ကိုသွားခေါ်ပြီးတော့ပြန်လာကြည့်တော့မောင်စိုးဦးသေနေပြီ”
ဟုပြောသည်။မျက်မြင့်များထွက်ဆိုချက်နှင့် လမ်းထိပ်ဈေးတွင်တပ်ဆင်ထားသော ကွန်ပျူတာဒယ် ဂျစ်တယ်ကယ်မရာတို့ မှဖေါ်ထုတ်ချက်အရ ရိုက်နှက်သူ ထိုင်းလမ်းသရဲလူငယ်များအားနာရီပိုင်းအတွင်းဖမ်းဆီးနိုင်ခဲ့
သ ည်။သေဆုံးသူ၏၀မ်းကွဲညီအစ်ကိုဖြစ်သူ ကိုအထွေးက“ စိုးဦးလာတာ ၂နှစ်လောက်ရှိပြီ။ ဘာမှအရှုပ်အရှင်း လည်းမရှိ ဘူး၊ သူက မွေးချင်းငါးယောက်မှာ ဒုတိယမြောက်သားဖြစ်တယ်။ အလုပ်လုပ်ပြီးမိဘတွေကို
လုပ်ကျွေးနေတဲ့သူပဲ၊ ကျနော် သူ့ မိဘတွေကိုဖုန်းဆက်လိုက်ပါပြီ။ ကျနော်တို့ ရဲ့ မလုံခြုံတဲ့ဘ၀ကို
တွေးပြီးကြောက်တယ်ဗျာ။ ကိုယ့်တိုင်းပြည်မှာလုပ်စားစရာမရှိ ၊အဆင်မပြေလို့ ထိုင်းကိုလာပြီးအလုပ်
လုပ်ကြတာ၊ ကျနော်တို့ မြန်မာအလုပ်သမားတွေရဲ့ ဘ၀တွေ ဟာ တကယ်အကာအကွယ်မဲ့ပါတယ်ဗျာ”
ဟုပြောသည်။အတူတူအရိုက်ခံခဲ့ရသူ ကိုအစော က“ မတရားခံရမှန်းသိတယ်။ဒါပေမယ့်ကျနော်တို့ ဘာမှမ လုပ်ရဲဘူး၊နောက်ဒီလိုမျိုးမဖြစ်အောင်ဘယ်လိုလုပ်ရမလဲ၊ပုလိပ်ကမေးတော့ ထိုင်းလမ်းသ၇ဲ ကဘာပြောလဲဆိုရင်
သူ့ကိုကြည့်လို့ ဆုံးမတာတဲ့ ။ သေအောင်ဆုံးမရသလားဗျာ” ဟုပြောသည်။ ထိုင်းလူငယ်များ အထူးသဖြင့်သောက် စားတတ်သူများ နှင့် တွေ့ဆုံပါက ၄င်းတို့ အားမကြည့်ရန်နှင့် အသွားအလာများကို အထူးသတိထားကြ စေလို ကြောင်း။မီးလင်းသောနေရာမှသွားကြစေလိုကြောင်း ကိုအစောကပြောသည်။အလောင်းကို ယနေ့ ညနေ ၆နာရီတွင် ဖက်ကဆင် အုန်းနွဲ့ တံတားအနီး ဘုန်းတော်ကြီးကျောင်းတွင် သဂြိုဟ်မည်ဖြစ်ကြောင်းဝိုင်းဝန်း ကူညီပေးနေသူ များကပြောသည်။

သတင်း...ကိုကျော်သောင်း (ဘန်ကောက်)

Read More...

ဝါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များရဲ.စာ

****၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များရဲ.စာ****


သို့

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဥက္ကဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
နေပြည်တော်
ရက်စွဲ - ၂၀၀၉၊ နိုဝင်ဘာလ၊ ၂၈ရက်။

အကြောင်းအရာ။ ။ မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးနှင့်ပါတ်သက်သောကိစ္စ။

(၁) မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံပြည်သူတစ်ရပ်လုံး စည်းလုံး ညီညွတ် ရေးပြိုကွဲခဲ့ရာမှ အလွန်နာကျည်းမနှစ်မြို့ဖွယ်ရာပြည်တွင်းစစ်ဖြစ်ခဲ့ရာ ယနေ့မြန်မာနိုင်ငံ အခြေ အနေကို ဓမ္မဒိဌာန်ကျကျ သုံးသပ်ကြည့်ရှုလျှင် အဖက်ဖက်မှယိုးယွင်းနိမ့်ကျလျက်၊ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ အဖြစ်မှ ရုန်းမထွက်နိုင်သေးသည်ကို ထင်ထင်ရှားရှားတွေ့နိုင်မည် ဖြစ်ပါသည်။

(၂) ယင်းသို့သော အခြေအနေမှ လွတ်မြောက်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်၍ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းမှာ “အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး” “အမျိုးသား ညီညွတ်ရေး”ကို အမြန်ဆုံးမဖြစ်မနေတည်ဆောက်ရန်ဖြစ်သည်ဟု နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအနေနှင့်လည်း အလေးထားယုံကြည်သည်ကို ၄င်း၏နိုင်ငံရေးဦးတည်ချက်(၄) ရပ်တွင် အောက်ပါအတိုင်း ထင်ထင်ရှားရှားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
“နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ
စိုးမိုးရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး“ ဟု ပါရှိပါသည်။
(၃) ကျနော်တို့ သက်ကြီးရွယ်အိုနိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များကလည်း ကျနော်တို့ ဖြတ်သန်း တွေ့ကြုံကိုယ်တိုင်ဆင်နွှဲခဲ့သည့် တိုက်ပွဲသင်ခန်းစာများအရ လွန်ခဲ့သော ၁၉၉၅ခုနှစ် နိုဝင်ဘာလ ၂၄ရက် နေ့စွဲဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ လိပ်မူ၍ ပန်ကြားစာတစ်စောင် ပေးပို့ခဲ့ရာ၌ အောက်ပါအတိုင်း မေတ္တာရပ်ခံပန်ကြားခဲ့ပါသည်။
(၁) ရရှိပြီးသော မြန်မာနိုင်ငံလွတ်လပ်ရေး မဆုံးရှုံးစေရေးနှင့် ငြိမ်းချမ်းသာယာသော ဒီမိုကရေစီကျသော၊ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံသစ်ကြီး တည်ဆောက်ရေးအတွက်၎င်း၊
(၂) တစ်တိုင်းတစ်ပြည်လုံး ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး သွေးစည်းညီညွတ်ရေး
အတွက် ဆောင်ရွက်သွားမည်ဟု၎င်း၊
(၃) ယနေ့မြန်မာနိုင်ငံလက်ရှိ အခြေအနေမှာ “တစ်မျိုးသားလုံးသွေးစည်း ညီညွတ်ရေး တည်ဆောက်ရန် အလိုအပ်ဆုံးအခြေအနေဖြစ်နေပါသည်” ဟု၎င်း ဖော်ပြခဲ့ပါသည်။
အလားတူပင် ၁၉၉၉ခုနှစ်၊ ဇန်န၀ါရီလ ၁၇ရက်နေ့စွဲဖြင့် အမျိုးသား ပြန်လည်သင့်မြတ် ရေးအတွက် အကြံပြုစာတမ်းတစ်စောင်ကို ရေးသားကာ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသို့ ၎င်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့၎င်း ပေးပို့ခဲ့ရာ ယင်းစာတမ်း၌ ကျွုန်ုပ်တို့၏ရည်ရွယ်ချက် ဟူသော ခေါင်းစဉ်အောက်တွင် အောက်ပါအတိုင်းဖော်ပြခဲ့ပါသည်။
(၁) အမျိုးသားသွေးစည်းညီညွတ်ရေးတည်ဆောက်ရန်၊
(၂) လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကိုထိန်းသိမ်း ကာကွယ်ရန်၊
(၃) ငြိမ်းချမ်းသော ဒီမိုကရေစီကျသော ပြည်ထောင်စုကြီးတည်ဆောက်ရန် ဟု ဖော်ပြခဲ့ပါသည်။

ဆက်လက်၍လည်း ကျနော်တို့စတင်အကြံပြုခဲ့သည့် ၁၉၉၅ခုမှ ယနေ့အထိ ၁၄နှစ်တိုင်တိုင် အဆိုပါသဘောထားအတိုင်း အကြိမ်ကြိမ်အကြံပေးပန်ကြား မေတ္တာရပ်ခံခဲ့ပါသည်။
ကျနော်တို့ အကြံပြုခဲ့ချက်များမှာ ရက်ရှည်လများစွာ အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည် မဖော်နိုင်ခဲ့သော်လည်း ၂၀၀၉ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ဗိုလ်ချုပ်မှူးကြီးထံ လိပ်မူ၍ပေးပို့သောစာတွင် “မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကိုရုပ်သိမ်းရေး” နှင့် ပတ်သက်၍ ပေးပို့သောစာတွင် အောက်ပါ အတိုင်း ဖော်ပြပါရှိသည်ကို တွေ့ရပါသည်။
အပိုဒ်(၂) “မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားရေး အတွက် ကျွန်မအနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း” ဟူ၍၎င်း၊
အပိုဒ်(၃) “နိုင်ငံတော်အတွက် အကျိုးရှိမည့်လုပ်ငန်းများကိုလည်း ကျွန်မအနေဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည် ဟု မျှော်လင့်ပါသည်။” ဟုဖော်ပြသည်ကို တွေ့လိုက်ရ ဖတ်လိုက်ရသောအခါ ကျနော်တို့တိုင်းပြည်တွင် လွတ်လပ်ရေးရပြီးစ အချိန် မှစ၍ နိုင်ငံရေးသဘောထားကွဲလွဲမှုများမှ အခြေခံကာ နယ်ချဲ့သမားတို့ကို အတူလက်တွဲ၍ အသက်ပေး တိုက်ခိုက်ခဲ့သူများ အချင်းချင်း ဂိုဏ်းဂဏ၀ါဒ၊ အတ္တ၀ါဒတည်းဟူသော မာန်မာနတို့၏ လွှမ်းမိုးမှုကို မလွန်ဆန်ခံနိုင်ခဲ့ကြသဖြင့် အမျိုးသားခေါင်းဆောင်ကြီးများ (အာဇာနည် ခေါင်းဆောင်ကြီးများ) အသက်ပေး တည်ဆောက်ခဲ့သည့် အမျိုးသားညီညွတ်ရေးပြိုကွဲကာ နိုင်ငံတော်၏ အခြေအနေ အဖက်ဖက်မှယိုယွင်း မှုများအားလုံး အဆုံးသတ်တော့မည့် လမ်းစပေါ်လာခဲ့ပြီဟု ကျနော်တို့ ယူဆမိပါသည်။

ဗိုလ်ချုပ်မှူးကြီးခင်ဗျား -

ကမ္ဘာကြီး၏ လက်ရှိအခြေအနေမှာ ဗိုလ်ချုပ်မှူးကြီးသိရှိထားပြီးဖြစ်သည့်အတိုင်း
- နိုင်ငံကြီးငယ်အားလုံး စီးပွားပျက်ကပ်ဒဏ်ကို အလူးအလဲခံနေရရာ ယခုတိုင် နလန်မထူနိုင်ကြသေးခြင်း
- နိုင်ငံကြီးအချို့တို့၏ လက်နက်ပြိုင်ဆိုင်မှု စစ်အေးတိုက်ပွဲပြင်းထန်လာ နေခြင်း၊
- အစွန်းရောက် ၀ါဒသမားများ၏ အကြမ်းဖက်မှုအန္တရာယ်တစ်နေ့တခြား ကြီးမား လာခြင်း၊
- အနုမြူအန္တရာယ်၏ ခြိမ်းခြောက်မှုခံနေကြရခြင်း စသည်တို့ကြောင့်
တတိယကမ္ဘာစစ်၏ အန္တရာယ်သည် အေးချမ်းစွာနေလိုသော ကျနော်တို့ပြည်သူ တစ်ရပ်လုံးအား ခြိမ်းခြောက်လျှက်ရှိသည်ဟု ယူဆမိပါသည်။
ယင်းကဲ့သို့သော အခြေအနေအရပ်ရပ်တွင် ဗိုလ်ချုပ်မှူးကြီးပြောကြားခဲ့သည့် မိန့်ခွန်းအသီးသီး၌ လည်း “အမျိုးသားညီညွတ်ရေးအရေးကြီးပုံ” ဆိုသည့် စကားရပ်မပြတ်ပါရှိခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၈၉ကြိမ်မြောက် အမျိုးသားနေ့ ကြောညာချက်တွင်လည်း “တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးစီးပွား ကို ဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးကို တည်ဆောက်ကြရမည်” ဟုဖော်ပြထားပြီး ဥက္ကဌကြီးထံသို့ ဒေါ်အောင်ဆန်းစုကြည် ပေးစာတွင် “တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးရှိမည့် လုပ်ငန်းများကိုလည်း နိုင်ငံ တော်အေးချမ်းသာယာရေးဖွံ့ဖြိုးရေးကောင်စီနှင့်အတူပူးပေါင်းဆောင်ရွက်လိုကြောင်း” ဖော်ပြထားပါသည်။ ထို့အတူ ပြည်သူတစ်ရပ်လုံးကလည်း နှစ်ရှည်လများ နိုင်ငံကိုဦးဆောင်ခဲ့ကြသည့် မည်သည့်ခေါင်းဆောင် တစ်ယောက်ကမှ မတည်ဆောက်နိုင်ခဲ့သည့် “အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး” တစ်နည်းအားဖြင့် “အမျိုး သား ညီညွတ်ရေး” တည်ဆောက်နိုင်တော့မည်၊ စစ်မဲ့ဘေးအန္တရာယ်အသွယ်သွယ်တို့မှ၎င်း အကြပ်အတည်း ပေါင်းစုံ တို့မှ၎င်း ညီညွတ်ရေးလက်နက်နှင့် ခုခံဖြိုခွင်းနိုင်တော့မည်။ ငါတို့မြန်မာနိုင်ငံခေတ်ဆန်း ချိန်ရောက် တော့မည်ဟု ၀မ်းမြောက်ဝမ်းသာရှိနေကြပါသည်။ ဤသို့သော ဆန္ဒနှင့် ပြည်သူ့သဘောထားကို ဗိုလ်ချုပ်မှူး ကြီးကိုယ်တိုင်ဦးဆောင်ကာ ပတ်သက်သူအားလုံးနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမနှင့်အညီ အတိတ်ကို သင်ပုန်းချေ၊ ခန္တီတရားလက်ကိုင်ထား၍ မေတ္တာတရားရှေးရှုကာ အမြန်ဆုံးတွေ့ဆုံဆွေးနွေးပြီး အမျိုးသား ညီညွတ်ရေး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးတို့ကို ကြိုးပမ်းပေးပါရန် နိုင်ငံတော်နှင့် အားလုံးသော ဆင်းရဲချမ်းသာမရွေး၊ အယုတ်အလတ် အမြတ်မရွေး ညီညွတ်ရေးကို အာသာငမ်းငမ်း တောင့်တနေကြသည့် ပြည်သူများ၏ ကိုယ်စားမေတ္တာရပ်ခံလိုပါသည်။
ဗိုလ်ချုပ်မှူးကြီးခင်ဗျား -
ကျနော်တို့သည် အသက်အရွယ်ကြီးရင့်နေကြပါပြီ။ သေမင်းထံ ခြေတစ်ဖက်လှမ်းနေ သူများလည်း ဖြစ်ပါသည်။ “တို့တစ်တွေ ညီညွတ်ရေးရခဲ့လျှင်” ဟူသော ခံစားချက်ဖြင့်သာ ဤစာကိုရေးသားပေးပို့ခြင်းဖြစ်ပါသည်။
ဥက္ကဌကြီးသည် နိုင်ငံတော်ကို ဦးဆောင်နေသူတစ်ယောက်အဖြစ် ဂါရ၀တရား “ဂုဏ၀ုတ္တိ” ထား၍ နိုင်ငံအကျိုးရှေးရှုကာ မိမိတို့ဥာဏ်မီသလောက် ရေးသားတင်ပြရခြင်းကို ခွင့်လွှတ်စေ လိုပါသည်။

“ကျန်းမာချမ်းသာကြပါစေ”

(သခင်သိန်းဖေ)
(၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ ကိုယ်စား)

***ရွှေနန္ဒ shwenanda***
http://shwenanda.blogspot.com/


Read More...

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ အတွက်

***မြန်မာ၊လော၊ကမ်ပူးချားနိုင်ငံသားအလုပ်သမားများ အလုပ်လုပ်ခွင့်လက် မှတ် လျှောက်ထားမှုကို အချိန်ကာလထပ်မံတိုးပေးခြင်း***
၃.၁၁.၂၀၀၉ ရက်နေ့ ၀န်ကြီးများအစည်းအဝေးတွင် ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ် ခွင့်လက်မှတ်လျှောက်ထားပြုလုပ်ခြင်းကို အချိန်ကာလထပ်မံတိုးမြှင့်ပေးရန် ဆုံးဖြတ်ချက်ချ မှတ်လိုက်ပါသည်။ အကြောင်းမှာ စာရင်းပေးသွင်းထားသော်လည်း အုပ်ချုပ်ရေးရုံးတွင် ဓါတ်ပုံ ရိုက်ပြီး ထောရော၃၈/၁(ဟောင်းဘတ်)လုပ်ရန်ကျန်နေသောလူဦးရေ ၉၀၀၀ ကျော်ရှိနေပြီး ထောရော၃၈/၁(ဟောင်းဘတ်) လုပ်ပြီးသော်လည်း ကျန်းမာရေးစစ်ရန်ကျန်နေသေးသူ၁၅၂၉၈၂ ဦး စုစုပေါင်း ၁၆၁ ၉၈၂ ဦး တို့ကျန်ရှိနေပါသည်။ ထို့ကြောင့်သတ်မှတ်ထားသော အချိန်ကာလ တွင် သက်ဆိုင်ရာဌာနတို့မှ အချိန်မမီ၍ မလုပ်ပေးနိုင်ခဲ့ခြင်းကို ဖြေရှင်းရန်နှင့် မှန်ကန်သော အလုပ်ငှားရမ်းမှုဖြစ်စေရန် အောက်ပါအတိုင်း သတ်မှတ်လိုက်ပါသည်။

• ဓါတ်ပုံရိုက်ခြင်း၊ကိုယ်ရေးအချက်လက်မှတ်တမ်းတင်၍ ထောရော၃၈/၁(ဟောင်းဘတ်) လုပ်ခြင်းကို ၄.၁၁.၀၉ မှ ၁၈.၁၁.၀၉အထိ ၁၅ရက်အတွင်းလုပ်ဆောင်ရန်
• ကျန်းမာရေးဌာနတွင် ကျန်းမာရေးစစ်ဆေးခြင်းကို ၄.၁၁.၀၉ မှ ၂.၁.၁၀ထိ ရက် ၆၀ အ တွင်း လုပ်ဆောင်ရန်
• အလုပ်ရှာဖွေရေးဌာနတွင် အလုပ်လုပ်ခွင့်လက်မှတ်လျှောက်ထားခြင်းကို ၄.၁၁.၀၉ မှ ၁.၂.၁၀ ထိ ရက်ပေါင်း ၉၀ အတွင်းလုပ်ဆောင်ရန် ထုတ်ပြန်လိုက်ပါသည်။

ရွှေ့ပြောင်းအလုပ်သမားတို့၏မှီခိုသူသားသမီးများနေထိုင်ခွင့်အတွက် ၀န်ကြီးများအစည်းအဝေး က နေထိုင်ခွင့်လက်မှတ်ပြုလုပ်ပေးရန် သဘောတူအမိန့်ချမှတ်လိုက်ပါသည်။ ရွှေ့ပြောင်း အလုပ်သမားတို့၏ သားသမီးများသည် မြို့နယ်အုပ်ချုပ်ရေးရုံးတွင် ၁၉.၁၁.၀၉ မှ ၂.၁.၁၀ အထိ ရက်ပေါင်း ၄၅ရက်အတွင်းတွင် နေထိုင်ခွင့်လက်မှတ်လာရောက်ပြုလုပ်ကြရန် ကြေငြာထားပါ သည်။
အလုပ်သမားများ အလုပ်လုပ်ခွင့်လက်မှတ်(ဘတ်) လုပ်ခြင်းကိစ္စကို အလုပ်ရှာဖွေရေးဌာနက တာဝန်ယူ၍ အလုပ်ရှင်များထံအကြောင်းကြားရမည်ဖြစ်ပါသည်။

***အသက်၁၅နှစ်အောက်နေထိုင်ခွင့်လက်မှတ်**
အသက်၁၅နှစ်အောက်ငယ်သော ရွှေ့ပြောင်းအလုပ်သမားတို့၏ သားသမီးငယ်များသည် နေထိုင်ခွင့်လက်မှတ်(ထောရော၃၈/၁) ကို သွားရောက်လုပ်ဆောင်နိုင်ပြီဖြစ်ပါသည်။ ထိုင်းဝန်ကြီးများအစည်းအဝေးဆုံးဖြတ်ချက်အရ ရွှေ့ပြောင်းအလုပ်သမားတို့၏ ၁၅နှစ်အောက် ကလေးများကို ၁၉.၁၁.၂၀၀၉ နေ့ရက်မှ ၂.၁.၂၀၁၀ နေ့ရက်အထိ (၄၅ရက်အတွင်း) နေထိုင်ခွင့်လက်မှတ်ကို သွားရောက်လုပ်ဆောင်နိုင်ပါသည်။ ကုန်ကျငွေမှာ (၈၀) ဘတ်ဖြစ်ပြီး လုပ်ဆောင်ပုံအဆင့်ဆင့်မှာ-
• အသက် ၁၅နှစ် အောက် သား၊သမီးဖြစ်ရမည်။
• မြို့နယ်အုပ်ချုပ်ရေးရုံး(အမ်ဖေရုံး)နှင့် စည်ပင်သာယာရုံး(ထေ့စဘန်-ရေပန်းကုန်တိုက်နှင့်မျက်နှာချင်းဆိုင်) တို့တွင်သွား ရောက်လုပ်ဆောင်ရမည်။
• ကုန်ကျငွေ ၈၀ ဘတ် (ဓါတ်ပုံခ၊စာရင်းသွင်းခ ဘတ်၆၀၊ စာရွက်ထုတ်ခ ဘတ်၂၀)
• အဖေ၊အမေ တို့၏ သက်တမ်းမကုန်သေးသော နေထိုင်ခွင့်လက်မှတ်(ထောရော၃၈/၁) နှင့်လျှောက်လွှာထောတော၁ နမူနာပုံပြထားသည့်အတိုင်း ဖြည့်ရမည်။
• ကလေးငယ်၏အမည်ကို မြန်မာအမည်၊ထိုင်းအမည် ကြိုက်ရာပေးနိုင်ပါသည်။
• အကယ်၍ ကလေးငယ်၏ နံပါတ်၁၃လုံးပါသောမွေးစာရင်းရှိပါက တပါတည်းယူဆောင်လာရမည်။
• ကလေးတွင် ပညာရေးဌာနမှထုတ်ထားသော ၁၀နှစ်ဘတ်(ပုံစံ၈၉)ရှိပါက ယူဆောင်လာရမည်။
• 1လက္မ ဓါတ်ပုံ နှစ်ပုံနှင့်ဖေါင်ဖြည့်ရမည်။ ကလေး၏အဖေ(သို့)အမေကိုယ်တိုင်သွားလျှင်ရပါသည်။
ကုန်ကျစားရိတ် ၈၀ ဘတ်သာကုန်ကျမည် သတိပြုပါ။ အသေးစိတ်မေးမြန်းလိုလျှင် ၀၈၃-၀၁၃၉ ၇၃၆


****မော်တော်ယာဉ်၊ဆိုင်ကယ် ပိုင်ဆိုင်ခွင့် ***
ရွှေ့ပြောင်းအလုပ်သမားများ ကိုယ်ပိုင်အမည်ဖြင့် မော်တော်ယာဉ်၊ဆိုင်ကယ် ပိုင်ဆိုင်ခွင့် လုပ်၍ရပြီဖြစ်သည်။
၁၃.၁၀.၂၀၀၉ နေ့စွဲထုတ် ကုန်းလမ်းပို့ဆောင်ရေးဌာနအမိန့်ကြော်ငြာစာတွင် တောင်ပေါ် သားလက်မှတ်ရှိသူများနှင့်အတူ ထောရော၃၈/၁(နေထိုင်ခွင့်လက်မှတ်) ရှိသော ရွှေ့ ပြောင်းအလုပ်သမားများသည်လည်း မိမိတို့ကိုယ်ပိုင်အမည်ဖြင့် ဆိုင်ကယ်ဝယ်ခြင်း၊ ပိုင်ရှင်အမည်ပြောင်းခြင်း စသည်တို့လုပ်ခွင့်ရပြီဖြစ်ကြောင်း ကြေငြာခဲ့သည်။ လုပ်လိုသူများ သည် မိမိတို့၏ ထောရော၃၈/၁(နေထိုင်ခွင့်လက်မှတ်) မူရင်းနှင့် မိတ္တူ ကို ယူဆောင်၍ ကုန်းလမ်းပို့ဆောင်ရေးဌာန(ခွန်းစုံ) တွင်သွားရောက် လျှောက်ထားလုပ်ယူနိုင်ပါသည်။
ယာဉ်မောင်းလိုင်စင်အတွက် ယခုအခါ စဉ်းမျဉ်းစည်းကမ်းများရေးဆွဲနေဆဲဖြစ်ပြီး နောက် ပိုင်းတွင် အတည်ပြုချက်အမိန့်ကို ဆက်လက်ထုတ်ပြန်ပေးမည်ဖြစ်သည်၊၊

***။Migrant Justice Programme***
PO BOX 30
Samut Sakorn Post Office
Samut Sakorn 74000. Thailand
Mobile +66 86 7560835
Phone/Fax: +66 34 414 087
migrantjustice @hrdfoundation.org




Read More...

ဘယ်သူလဲ

***(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)***
ဘောလုံးသမား မျာ:အပါအ၀င် ယောင်္ကျားများနှင့် ဇာတ်လမ်းရှုပ်ထွေးလှသည်ဟု နာမည်ဆိုးရှိသော ပဲရစ်ဟီလ်တန်၏ အိမ်၌ ဖုန်းလာလေသည်။ ပဲရစ်ဟီလ်တန်က အဆိုပါ ဖုန်းအားကောက်ကိုင်လိုက်ရာတွင်… တစ်ဖက်က
`ဟလို ပဲရစ်လား ဟင်´
`ဟုတ်ပါတယ်ရှင်´

`ပဲရစ်… ကိုယ့်ကိုလက်ထပ်မလားဟင်။ ကိုယ်မခံစားနိုင်တော့ဘူးကွာ´
`အိုကေ… လက်ထပ်မှာပေါ့ရှင်။ စိတ်မပျက်ပါနဲ့ ၊အော်… ဒါနဲ့ အခုစကားပြောနေတာဘယ်သူလဲဟင်´

် မှတ်ချက်။ ။နိုင်ငံတကာဘောလုံး ဟာသများမှ(အိတ်တင်း)ဘာသာပြန်သည်။


Read More...

ကြောက်စိတ်ရှိ- ၀န်ပိ

***(မေတ္တာတရားနှင့် အခြားပုံပြင်များ)***
ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းပြုစဉ် ဘုရားလောင်းသည် ကာ သိ တိုင်: ၌ ပုဏ္ဏားမျိုး၌ ဖြစ်သည်။ ဘုရာ:လောင်း၏ဖခင် သောမဒတ္ထသည် လယ်ယာလုပ်ကိုင်စားသောက်ရာ အကျိုးပေးနည်းသဖြင့် ဆင်းရဲ၏။ ဘုရားလောင်းသည် အရွယ်သို့ရောက်သော် တက္ကသိုလ်ပြည်တွင် အတတ်သင်သည်။ ပညာပြည့်စုံသော ဗာရာဏသီမင်းထံ ခစားသည်။ ဘုရားလောင်းသည် ဆင်းရဲသောမိဘနှစ်ပါးကို ထောက်ပံ့လိုစိတ်ဖြစ် သော်လည်းအခွင့်မကြုံသေး၍ စောင့်ဆိုင်းနေ၏။
တစ်နေ့တွင် ဖခင်သောမဒတ္ထလယ်ထွန်းရင်:နွားတစ်ကောင် သေသည်။ ကျန်တစ်ကောင်တည်းနှင့် လယ်ဆက်လုပ်၍ မဖြစ်ရာ အကြံအိုက်ပြီး ငေးမှိုင်နေသည်။
`သား… အဖေ့အခက်အခဲ ကူပါဦး´

`အင်း… ကျနော် ကူညီချင်ပါတယ်… ဒါေ်မယ့် နွားတစ်ကောင်ဝယ်ပေးနိုင်တဲ့ စွမ်းအား မရှိပါ´
`ချစ်သား… သင့်ကို မင်းကြီးက မြတ်နိုးတာ အဖေသိပါတယ်။ အခက်အခဲကို တင်လျှောက်ရင် ကူညီတန်ကောင်းပါရဲ့´
`အဖေ့စကားမှန်တော့ မှန်ပါတယ်။ ဒါပေမယ့် ကျနော်နဲ့ မင်းကြီးသိခြင်းက မကြာသေးပါ။ အကျွမ်းတ၀င်မရှိခင် တောင်းရမ်းခြင်းပြုရင် ချစ်စိတ်ပျက်ပြယ်တတ်ပါတယ်။ အဖေ´
`ဒါလည်းမှန်ပါတယ်´
`အိုဖခင်… မင်းဧကရာဇ်ဟူသည် ပြသည်သူ၏ ဖခင်ဖြစ်ပါတယ်။ သားသမီးဒုက္ခကြီးငယ်ဖြစ်ရင် မိဘတို့လစ်လှူရှုမနေကြပါ။ ဖခင်ရဲ့ပြဿနာကို မင်းကြီးထံ ကိုယ်တိုင်တင်ပြရင် ရနိုင်ကောင်းပါတယ်´
`အင်း… သားပြောတာတော့မှန်တယ်။ ဒါပေမယ့် ခက်တယ်သား´
`ဘာခက်လဲဖခင်´
`ငါဟု လူတောသူတော မတိုးဖူးဘူး။ တစိမ်းတရံစာနဲ့ လည်းစကားမဆိုဖူးဘူး။ အဲလိုဆက်ဆံရမှာ ငါစိုးရိမ်တယ်။ အထူးသဖြင့် မင်းစိုးရာဇာတွေဆို ဖခင်ကြောက်တယ် သား´
`ဒါ ကြောက်စရာမဟုတ်ပါဖခင်။ မင်းဧကရာဇ်ဟူသည် ပြည်သူကိုချစ်မြတ်နိုးတယ်။ ပြည့်သူအကျိုးဆောင်တယ်။ ပြည်သူ့ရဲ့ဒုက္ခရင်မီးငြိမ်းစေတယ်။ ဒါဓမ္မတာပါ။ ဖခင်အနေနဲ့ မင်းကြီးဝင်လျှောက်လို့ အပြစ်တင်မှာ မဟုတ်ပါဘူး´
`ပြောတာတော့ လွယ်တယ်´
`ငါကစကား အမြီးအမောက်တည့်အောင် ပြောတတ်တာ မဟုတ်ဘူး။ ဘာစကားဘယ်ကစပြောမလဲ´
`ဒီအတွက် မပူနဲ့ ဖခင်… ကျနော်သင်ပေးပါမယ်´
ဒုက္ခရောက်နေသော ဖခင်ကြီးပြဿနာစိမ့်သောငှာ မင်းကြီးထံ နွားတစ်ကောင်ဝင်တောင်းဖို့ အကြံပေးလိုက်သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဘုရားလောင်းသည် ဖခင်ကို ဗီရဏာထမ္ဘကာ သုသာန်သို့ခေါ်သွားသည်။ အရိပ်ကောင်းသည့် သစ်ပင်အောက်တွင် သားအဖနှစ်ယောက်ထိုင်ပြီး နန်းတော်၏ အဆင်အပြင်ကို ချပြသည်။
`ဒီနေရာက နန်းရင်ပြင်ဆိုပါတော့ အဖေရာ… မင်းကြီးကဟောလိုနေရာ၊ ပလ္လင်ထက်မှာ ထိုင်နေလိမ့်မယ်´
ကျောက်တုံးတစ်တုံးပေါ်တွင် မြက်တစ်ဆုပ်ကိုတင်လျှက် မင်းဟူသော အမှန်နဲ့ပြသည်။
`ဒီလိုနေရာမှာ အိမ်ရှေ့ကိုယ်တော်က ထိုင်လိမ့်မယ်´
`အိမ်ရှေ့ ကိုယ်တော်ဆိုတာက´
`နောင်တစ်ချိန်မင်းဖြစ်မယ့် ဗြဟ္မဒတ်မင်းရဲ့သား´
`သြော်… သြော်´
`ဒီနေရာမှာက စစ်သူကြီး၊ ဒီဘက်မှာက သက်တော်ရှည် အမတ်ကြီး… ဟောဒီလိုနေရာမှာက ဒူးနေရာ၊ တော်နေရာ အမူထမ်းတွေ ရှိလိမ့်မယ်´
`မင်း လူတွေကများလှချည့်လား´
လူဘုံအလယ်သွားလေ့သွားထမရှိသော ဖခင်ကြီးက သရုပ်ပြသည်ကိုကြည့်ပြီး ရွံ့တွံ့တွံ့ အမူအရာနှင့်ပြောသည်။
`များပေမယ့် ဖခင်အလေးဂရုပြုရမှာက ဗြဟ္မဒတ်မင်းကြီးကိုပဲ အဖေရဲ့။ အဖေ့ အကျိုးဆောင်နိုင်မှာ မင်းကြီးပဲရှိတယ်´
`အင်း… ဟုတ်ပါပြီလေ´
`အဖေက မင်းကြီးရှေ့မှောက်ရောက်ရင် ဒီလိုနေရာက ခစားရမယ်။ အဲ… မင်းကြီးထံဝင်တော့ လက်ဆောင် ပစ္စည်းတစ်ခုခုတော့ ယူသွားသင့်တယ် အဖေ´
`ဟေ့… လက်ဆောင် ၊ငါက ဘာလက်ဆောင်ပေးရမှာလဲ။ အဖိုးတန်ပစ္စည်းဘာမှ မရှိတာ´
`သြော်… အဖေကလည်းလေ… လက်ဆောင်ဆက်တယ်ဆိုတာ အဖိုးတန်တာ မတန်တာ ပဓာနမဟုတ်ဘူး အဖေ။ မင်းကြီးကိုရိုသေမှုရှိတယ်။ ဂါရ၀တရားထားတယ်။ သိတတ်တယ်ဆိုတဲ့ သရုပ်သဏ္ဍာန်ပဲလိုရင်း အဖေ´
`အင်း… ထားတော့၊ ငါကဘာယူသွားရင်ကောင်းမှာလဲ´
`အဖေက လယ်သမား၊ ယာသမားပဲ ရာသီပေါ်သီးနှံဖြစ်တဲ့ ငရုတ်၊ သခွား၊ ပဲသီးစတာတွေ တောင်းနဲ့ ထည့်ယူသွားပေါ့´
`ဟေ့… တော်ပါမလားသားရယ်… မင်းကြီးကို ပြက်ချော် ပြောင်လှောင်သလိုများဖြစ်နေမလား´
`ဒီအတွက် မပူပါနဲ့ အဖေ… အရှင်မင်းကြီးက ကျေးတောသူ၊ ကျေးတောသားတွေရဲ့ ဘ၀ကိုသိပါတယ်´
`အင်း… အင်း ကောင်းပါပြီ´
`အဲဒီလို လက်ဆောင်တွေဆက်ပြီးရင် အရှင်မင်းကြီးအောင်မြင်ပါစေသတည်းလို့ ကောင်းချီးထောပနာပြုရမယ်´
`ဟေ့… ဘယ်လို ဘယ်လို ငါပြောရမှာကဘာ… အရှင်မင်းကြီးဟုတ်လား အောင်အတိတ်။အဲ… ဟုတ်သေးပါဘူး´
`အောင်မြင် ပါစေပါအဖေရာ… ကဲ..ဆိုကြည့်စမ်း´
`အရှင် အောင်စေ။ အဲ ဟုတ်သေးပါဘူး။ နေဦးကွာ တစ်ခုချင်း ရှေ့ကတိုင်ပေးစမ်းပါ´
အင်မတန်ရိုးသားနှံအသည့် ဖခင်ကြီးကိုကြည့်ပြီး ဘုရားလောင်းစိတ်ပျက်မိသည်။ အခက်အခဲကြောင့် ပူပန်နေပုံမြင်ရတော့လည်း သနားမိသည်။ ကြောက်စိတ်လွန်ကဲနေလျှင် အမှားမှား အယွင်းယွင်း ဖြစ်နေသည်ကို ကြည့်ပြီး ရင်မောသွားရတော့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
`အရှင်မင်းကြီး ကျနော်မှာ နွားနှစ်ကောင်ရှိ၏´
`အင်း… ဒါအမှန်ပဲ။ ဒါပေမယ့် ခုတော့ မရှိတော့ဘူးလေ´
`ဟုတ်ပါပြီ။ ထိုနွားနှစ်ကောင်နှင့် လယ်ထွန်ပါ၏´
`အင်း…´
`နွားနှစ်ကောင်အနက် တစ်ကောင်သေ၍ အခက်အခဲ ဖြစ်နေပါ၏´
`ဟုတ်တယ် ခက်နေတယ်´
`လယ်ထွန်နိုင်အောင် အဖော်နွားတစ်ကောင်ပေးပါ လော့´
ဘုရားလောင်းသည် ဖခင်ကြီးလျှေက်တင်ရမည့် စကားကို တစ်ပိုဒ်ချင်း သင်ပေးသည်။
မင်းကြီး နွားနှစ်ကောင်ရှိဘိ၊ ထိုအနက် တစ်ကောင်သေ၏။ တစ်ကောင်နွားနဲ့ ထွန်ရေးခက်ပါဘိ၊ အဖော်နွားတစ်ကောင်ပေးပါလော့´
ဤမျှတိုတောင်းသော ဂါထာကိုပင် ကြောက်အားပိုနေသော ဖခင်ကြီးကို တစ်နှစ်တိုင်တိုင်သင်ပေးရသည်။ အတော်အတန်စကားချောသွားချိန်မှ သင့်တင့်လျောက်ပတ်စွာ ၀တ်စားစေပြီး မင်းကြီးရှေ့ခေါ်သွားသည်။
`အရှင်မင်းကြီး အောင်စေသတည်း´
ပထမဦးဆုံး နှုတ်ခွန်းဆက်စကား ချောမောသွား၍ စိတ်အနည်းငယ်ပေါ့သွားသလိုလို ရှိသွားသည်။
သားအဖနှစ်ယောက်ဝင်သွားကတည်းက ဂရုတစိုက်ကြည့်နေသော မင်းကြီးက `အမောင်… သူကဘယ်သူလဲ´ဟု မေးလိုက်သည်။
`ကျွန်ုပ်ရဲ့ ဖခင်ပါ အရှင်မင်းမြတ်´
`အဘယ်အမှုကြောင့် ငါ့ထံရောက်လာသနည်း´
မင်းကြီးအမေးရှိသည်နှင့် ကျွန်ုပ်၏ဖခင် သောမဒတ္ထသည် တုန်ရီသော လေသံနှင့် လျှောက်လိုက်သည်။
`အရှင်မင်းကြီး ကျွန်ုပ်မှာ နွားနှစ်ကောင်ရှိ၏။ ထိုအနက် တစ်ကောင်သေ၏။ တစ်ကောင်နွားနဲ့ ထွန်ယက်ခက်ပါဘိ။ မင်းမြတ်… နှစ်ခုမြောက်နွားကို ယူပါတော့´
ကျွန်ုပ်၏ဖခင် သောမဒတ္ထသည် ကြောက်ရွံ့ထိတ်လန့်စိတ်ဖြင့် တစ်နှစ်ပတ်လုံး သင်ပြထားသည့် ဂါထာကို ဇောက်တိ၊ ဇောက်ထိုးရွတ်ဆိုလိုက်သည်။ ဖခင်ကြီးစကားကြားသော် မင်းကြီး သည်မှားယွင်းရွတ်ဆိုလိုက်မှန်း သိလိုက်သည်။
`ဘယ်လိုလည်း သောမဒတ္ထ၊ သင့်အိမ်မှာ နွားတွေတော်တော်ပေါပုံရတယ်´
`မှန်ပါတယ်။ အဲ.. မဟုတ်ပါ အရှင်´
`ဒါဆို သင်ဘာလိုလဲ သောမဒတ္ထ´
ဖခင်ကြီးသည် ကျွန်ုပ်သင်ပေးသည့်ဂါထာကို ဇောက်တိ ဇောက်ထိုး ထပ်မံရွတ်ဆိုလိုက်သည်။
မင်းကြီးသည် ဖခင်ကို ကရုဏာသက်ဟန်ဖြင့် ကြည့်၍ ရယ်မောသည်။
`ကဲ၊ သောမဒတ္ထ …သင့်အတွက် နွားဆယ့်ခြောက်ကောင် ငါချီးမြှင့်မယ်´
`၀မ်းမြောက်လှပါ ဘုရား´
`သင့်သားကိုရော သင့်ကိုပါချီးမြှင့်တဲ့အနေနဲ့ သင်နေတဲ့ရွာကို သင့်အား အပိုင်စားပေးမယ်´
`အို… ကျေးဇူးကြီးလှပါဘိ ဘုရား´
`ရွာစားဖြစ်တဲ့အလျောက် သင့်တော်တဲ့အဆောင်အယောင် ရှိဖို့လိုတာမို့ သန္ဓောမြင်းကတဲ့ ရထားတစ်စီးကိုလည်း အဆောင်အယောင်အဖြစ် ချီးမြှင့်တယ်´
ဝမ်းသာပိတိဖြစ်ရပါတယ် အရှင်မင်းကြီး၊ အရှင့်အကျိုးကို သေတပန် သက်တစ်ဆုံး ကြိုးပမ်းထမ်းရွက်ပါမယ်´
သောမဒတ္ထသည် မိမိ၏ ရိုးသားမှုအတွက် ဂုဏ်ယူသလို၊ ကြောက်စိတ်ကိုလည်း ပယ်ဖျောက်ဖို့ တွေးနေလေတော့သည်။

***မောင်ဆန္ဒ(လယ်ဝေး)***


Read More...

ပုဇွန်မျက်လုံးပြူးရခြင်းအကြောင်းရင်း

***(ဟာဒယနှလုံး- တခဏပြုံး)***
ဆရာမ။ ။ ကလေးတို့ရေ။ ငါးဖယ်ဘာကြောင့် ပြားသလဲ သိ ကြလား။
ပီတာ။ ။ ဝေလငါးနဲ့အိပ်လို့ပါ။
ထိုအခါဆရာမက စိတ်ဆိုးပြီး ပီတာလေးကို အပြင်သို့ထွက်သွားခိုင်းလေသည်။ ထို့နောက် အတန်းကိုနောက်ထပ်မေးခွန်းတစ်ခုမေးလေသည်။

ဆရာမ။ ။ ကလေးတို့ရေ။ ပုဇွန်ဘာကြောင့်မျက်လုံးပြူးသလဲ။
အခန်းတံခါးဝမှ ပီတာလေးက ထပ်ဖြေလိုက်ပြန်သည်။
ပီတာ။ ။ ဝေလငါးနဲ့ငါးဖယ်နဲ့အိပ်တာကိုတွေ့သွားလို့ပါ။

****သံလွင်အိမ်မက် မှကူးယူဖော်ပြပါသည်***

Read More...

နိုဝင်ဘာလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

***ကနေဒါ သတင်းထောက်နှစ်ဦး ဆိုမာလီသေနတ်သမားများ ပြန်လွှတ်ပေးခဲ့***
ဓာတ်ပုံသတင်းထောက် နီကယ်ဘရီနန်နှင့် ကနေဒါသတင်းထောက် အာမင်ဒါလင်းဟောက်တို့ကို ဆိုမာလီသေနတ်သမားများက ၁၅-လကြာ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီးနောက် ယခုအခါ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ သတင်းစာဆရာနှစ်ဦးတို့ကို နိုဝင်ဘာလ ၂၅-ရက်နေ့ညပိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်း၊ ၄င်းတို့နှစ်ဦးသည် ရဲတပ်ဖွဲ့ဝင်အပါအ၀င်

ဆိုမာလီလွှတ်တော်အမတ် ဘိုတန်အက်စီအာလင်နှင့်အတူ မိုဂါဒစ်ရှူးဟိုတယ်တစ်ခုတွင် ရှိနေကြောင်း ရုပ်မြင်သံကြား သတင်းထောက်က ပြောကြားသည်။ (အင်တာနက်)

***ရုရှားနိုင်ငံ၏ အက်စ် ၃၀၀-ဒုံးပျံစနစ် အီရန်သို့ မပို့ရန် အမေရိကန်နှင့် အစ္စရေး သတိပေး***
အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့သည် အီရန်နိုင်ငံသို့ ရုရှားနိုင်ငံ၏ အက်စ် ၃၀၀-ဒုံးပျံစနစ်ပေးပို့ခြင်း မပြုရန် ရုရှားနိုင်ငံအား သတိပေးနေသည်ဟု အဆင့်မြင့် အီရန်တပ်မှူးတစ်ဦးက ပြောကြားသည်။ အီရန်နိုင်ငံသို့ ရုရှားနိုင်ငံ၏ အက်စ် ၃၀၀-ဒုံးပျံစနစ်ပေးပို့ရေးတွင် နှောင့်နှေးနေခြင်းသည် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့က ရုရှားနိုင်ငံအား ဖိအားပေးနေခြင်းကြောင့် ဖြစ်သည်ဟု အီရန်တော်လှန်ရေးအစောင့်တပ် အိုင်အာဂျီစီတပ်မှူး ဗိုလ်ချုပ် မိုဟာမက်အလီဂျာဖာရီက ပြောကြားသည်။ (အင်တာနက်)

*** ယီမင်ပိုင်နက်သို့ ကျူးကျော်ခြင်းမရှိကြောင်း ဆော်ဒီပြောကြား***
(ရီယာ့ဒ်၊ နိုဝင်ဘာလ ၂၆-ရက်)
ရှီးယိုက်သူပုန်များကို တိုက်ခိုက်ရန်အတွက် ယီမင်နိုင်ငံ ပိုင်နက်မြေအတွင်းသို့ မိမိ၏ တပ်ဖွဲ့များ ကျူးကျော်ဝင်ရောက်ခဲ့သည်ဆိုသော သတင်းကို ဆော်ဒီအာရေဗျနိုင်ငံက ဗုဒ္ဓဟူးနေ့တွင် ငြင်းဆိုလိုက်သည်။ ယီမင်နယ်မြေအတွင်းရှိ သူပုန်များကို ဆော်ဒီတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ကြောင်း သတင်းဌာနအသီးသီးက ဖော်ပြထားသောသတင်းသည် လိမ်လည်ခြင်းနှင့် လုပ်ကြံဖန်တီးထားခြင်းသာဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း နိုင်ငံပိုင်သတင်းဌာန အက်စ်ပီအေက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြသည်။ ဟူသီသူပုန်များကို မိမိတို့ပိုက်နက်အတွင်းမှ မောင်းထုတ်ရန်သာ ဖြစ်ပြီး နယ်စပ်ကို ဖြတ်ကျော်ခြင်းမပြုရန် ဘုရင်အဗ္ဗဒူလာက ဆော်ဒီတပ်ဖွဲ့များကို အမိန့်ထုတ်ထားခဲ့ကြောင်း အမည်မဖော်လိုသူအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အက်စ်ပီအေက ပြောကြားသည်။ ဆော်ဒီတပ်ဖွဲ့များက တနင်္လာနေ့တွင် နယ်စပ်တစ်လျှောက် ကြည်းတပ်၊ ရေတပ်ဖြင့် အလုံးအရင်း စစ်ခင်းလာခြင်းကို ယီမင်အစိုးရနှင့် ငါးနှစ်ကြာတိုက်ခိုက်နေကြသော ဟူသီ၊ ဇိုင်ဒီရှီးယိုက်သူပုန်တို့က ပြန်လည်တွန်းလှန်နိုင်ခဲ့ကြောင်း အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ (အင်တာနက်)

*** မွမ်ဘိုင်းတိုက်ခိုက်မှုတွင် သံသယရှိသူများကို ပါကစ္စတန်အစိုးရ တရားစွဲဆို***
(အစ္စလာမ္ပာဘတ်၊ နိုင်ဝင်ဘာလ ၂၆-ရက်)
ပါကစ္စတန်အစိုးရသည် လွန်ခဲ့သော နှစ်က ဖြစ်ပွားခဲ့သည့် အိန္ဒိယနိုင်ငံ မွမ်ဘိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ယူဆရသူ ခုနှစ်ဦးကို ဗုဒ္ဓဟူးနေ့က တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့က မွမ်ဘိုင်းအကြမ်းဖက်မှုတွင် ပါဝင်သော တရားခံများအား ပါကစ္စတန်အစိုးရက မည်သို့မည်ပုံ အရေးယူမည်ကို စောင့်ကြည့်နေကြသည်။ စွပ်စွဲခံရသူ ခုနှစ်ဦးတို့က မွမ်ဘိုင်းတိုက်ခိုက်မှုတွင် ၄င်းတို့ပါဝင် ပတ်သက်မှုမရှိကြောင်း လျှောက်ထားခဲ့သည်ဟု တရားခံ အကျိုးဆောင်ရှေ့နေ ရှာဘက်ဇ်ရာ့ဂ်ျပွတ်က ပြောကြားသည်။ လက်ရှ်ကာ-အီး-တိုင်ဘာစစ်သွေးကြွအုပ်စုနှင့် ပတ်သက်သည်ဟု ယူဆရသော အဆိုပါ ခုနှစ်ဦးတို့သည် ပြစ်မှုထင်ရှားလျှင်သေဒဏ် ချမှတ်ခံရဖွယ်ရှိသည်။ တရားစွဲဆိုခံရသူများထဲမှ ဇာကီ-အာ-ရီမင်း လက်ဗီနှင့် ဇာရာရှားဆိုသူ နှစ်ဦးတို့သည် မွမ်ဘိုင်းတိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူများဖြစ်ကြောင်း အိန္ဒိယနိုင်ငံက စွပ်စွဲထားသည်။ (အင်တာနက်)

***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***

Read More...

28Nov,09// ယနေ့ကြည့်စရာ ပရီးမီးယားလိဂ် ပွဲစဉ်တွေ

***(အင်္ဂလိပ် ပရီးမီးယားလိဂ် ပွဲစဉ်များ)***
09:30 Pm ဘလက်ဘန်း - စတုတ်စီးတီး
09:30 Pm ဖူလ်ဟမ် - ဘော်လ်တန်
09:30 Pm မန်စီးတီး - ဟားလ်စီးတီး

09:30 Pm ပို့စ်မောက် - မန်ယူ
09:30 Pm ၀က်စ်ဟမ်း - ဘန်လေ
09:30 Pm ၀ီဂန် - ဆန်းဒါးလန်း

မှတ်ချက်။ ။ အထက်ပါအချိန်များသည် မြန်မာစံတော်ချိန်များဖြစ်သည်။

Read More...

Friday, November 27, 2009

သူတစ်ယောက်တည်း နိုင်ပါတယ်…

***(ရွှင်ပြုံးတခဏ ဘောလုံးဟာသ)***
တရားရုံးတွင် မန်ယူအသင်းမှ ဖလက်ချာအား တရားသူကြီးက စစ်မေးနေသည်။
`ခင်ဗျားရဲ့ ယောက္ခမကို တရားခံက လည်ပင်းညှစ်သတ်နေတာ ခင်ဗျားမြင်တာ အမှန်ပဲနော်´
`မှန်ပါတယ်… လူကြီးမင်း´
`
ဒါဆို မင်းဘာလို့ဝင်မကူသလဲကွ။ ကြောက်လို့လား။ ဒါမှမဟုတ် ရဲကို ဖုန်းဆက်ခေါ်ပါလားကွ´
`ဒီလိုပါလူကြီးမင်း… အစက ကျနော်ဝင်ကူဖို့ စဉ်းစားပါသေးတယ်။ ဒါပေမယ့် တရားခံဟာ ကျနော့်ယောက္ခမကို သူတစ်ယောက်တည်း သတ်နိုင်တာတွေ့လို့ ၀င်မကူတော့တာပါ´

မှတ်ချက်။ ။ နိုင်ငံတကာဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

အစ္စလာမ်ဘာသာဝင်တို့၏ ဘက္ကဒီအီးဒ်နေ့အား ထိုင်း-မြန်မာနယ်စပ်မှာ ကျင်းပ…



ယနေ့သည် အစ္စလာမ်ဘာသာဝင်တို့၏ `ဘက္ကဒီအီး(ဒ်)နေ့ဖြစ်သည်နှင့်အညီ ထိုင်း-မြန်မာနယ်စပ် ဒေသရောက် အဝေးရောက်မြန်မာပြည်သား အစ္စလာမ်ဘာသာဝင်များ၊ ထိုင်းနိုင်ငံသားလက်မှတ်ရ အစ္စလာမ်ဘာသာဝင်များ နှင့် ယင်းတို့၏ မိတ်ဆွေအပေါင်းအသင်းများဖြစ်ကြသော အခြားဘာသာဝင်နှင့် ဘာသာမဲ့များကပါ ချစ်ကြည် ရင်းနှီးစွာ အတူတကွပါဝင်ဆင်နွဲကြပုံများကို ဓာတ်ပုံမှတ်တမ်းတင်ထားပါသည်။

`ကွတ်ဘာနီ´ဟု ခေါ်ဝေါ်သော `စွန့်လွှတ်ခြင်း´သာဓကကို ထာဝရဘုရားသခင်နှင့် ၄င်း၏ တမန်တော် အေဗရာဟင်တို့မှ သာဓက ပြဆိုထားသည်။ ထာဝရဘုရားသခင်က မိမိအပေါ် အေဗရာဟင်မှ မည်မျှယုံကြည်ကိုးကွယ်အားထားကြောင်းကို စမ်းသပ်သောအားဖြင့် အေဗရာဟင်နှင့် သူ၏ ချစ်သားတို့အား ဘုရားသခင်အတွက် `အသက်စွန့်လွှတ်ကြရန်´မိန့်ကြားတော်မူ၏။ ဤတွင် တမန်တော် အေဗရာဟင်က မိမိသည် ဘုရားသခင်အပေါ် အကြွင်းမဲ့ယုံကြည်တော်မူပါကြောင်းကို သက်သေပြသောအားဖြင့် မိမိသား၏ လည်ကိုလည်းကောင်း၊ မိမိ၏လည်ကိုလည်းကောင်း ဓားဖြင့် လှီးကာ ပူဇော်ခဲ့လေသည်။ သို့ရာတွင် ထာဝရဘုရားသခင်မှ အေဗရာဟင်တို့ သားအဖက မိမိအပေါ်ယုံကြည်အားထားစွာ စွန့်လွှတ်မှုကို ပြစ်ပယ်တော်မမူပါချေ။ ကောင်းကင်တမန်တစ်ဦးကို စေလွှတ်ကာ လည်လှီးကာ စွန့်လွှတ်ကြသော တမန်တော် အေဗရာဟင်ကိုလည်း ပကတိအသက် ရှင်လျက်ရှိစေသကဲ့သို့ ၄င်း၏ ချစ်သားအစ္စမိုင်အားလည်း (သူ၏နေရာတွင် သိုးငယ်တစ်ကောင်နေရာအစားထိုးကာ)ပကတိ ရှင်သန်ခြင်းကို ပေးတော်မူပါသည်။
ဤယုံကြည်တော်မူသော သာဓကကို အကြောင်းပြုပြီး နှစ်စဉ် အာရဗစ်လ(၁၀)ရက်နေ့ရောက်တိုင်း ကွတ်ဘာနီ(စွန့်လွှတ်ခြင်း)ကို အမြင့်မြတ်ဆုံးထားကြသော `ဘက္ကဒီအီး(ဒ်)နေ့´ကို အစ္စလာမ်ဘာသာဝင်များက လက်ဆင့်ကမ်းကျင်းပလာကြခြင်းဖြစ်သည်။ အစ္စလာမ်ဘာသာဝင်များသည် မိမိတို့၏ ငွေကြေးတတ်နိုင်မှုအရ (သိုး၊ ဆိတ်၊ ကုလားအုတ်၊ နွား၊ ကျွဲ)စသဖြင့် ထာဝရဘုရားသခင်အပေါ် မိမိတို့၏ စွန့်လွှတ်ခြင်းကို ပြသကြကြောင်း၊ တမန်တော်အေဗရာဟင်၏ လမ်းစဉ်အတိုင်း လက်ဆင့်ကမ်းစွန့်လွှတ်လာကြကြောင်း အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ သတင်းမီဒီယာနှင့် ဘလော့ဂ်ဂါ-အန်ဒါမန်ဟီးရိုးက မြန်မာပြည်သားကို ရှင်းလင်း ပြောကြားပါသည်။

*** မြန်မာပြည်သား အစ္စလာမ်ဘာသာဝင် ညီအကိုမောင်နှမများ ပျော်ရွှင်ချမ်းမြေ့ကြပါစေ
*** မိမိတို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာဝင်များ၊ ဘာသာမဲ့များနှင့် အတူ မလွတ်မြောက်သေးသော မိမိတို့ အမိမြန်မာပြည်ကို ပူးတွဲကယ်တင်နိုင်ကြပါစေ….

***သတင်းမှတ်တမ်း-မြန်မာပြည်သား***

Read More...

ဦးသူတော်နှင့် ရေချမ်းစင်…

***(ဟာသပုံပြင်များ)***

တစ်ခါတုန်းက ကျေးရွာတစ်ရွာအနီးတွင် ဇရပ်တစ်ဆောင်ရှိခဲ့သည်။ ဇရပ်သည် လှည်းလမ်းဘေး၌ ရှိသည်။ ခရီး ပန်းလာသော ခြေလျင်သွားသူများ လှည်းဖြင့်လိုက်ပါလာသူများ နားနေတည်းခိုရန် စေတနာရှင်များက စုပေါင်း တည်ဆောက်ထားကြခြင်းဖြစ်သည်။ ဇရပ်မှာ နားနေချင်စရာ ကောင်းပါသည်။ ဇရပ်ရှေ့၌ ထနောင်းပင် ညီနောင် သုံးပင်ကလည်း အရိပ်အာဝါသကောင်းလှပါသည်။ ဇရပ်တွင် နားနေသည်ဖြစ်စေ၊ ထနောင်းရိပ်တွင် ချွေးသိပ် သည်ဖြစ်စေ လွန်စွာအဆင်ပြေ၏။ သို့ရာတွင် ရေချမ်းစင် မရှိချေ။

ခရီးသွားများသည် အမောဖြေရန် ၀င်ရောက်နားနေပြီးနောက် `ရေချမ်းစင်ကလေးတစ်ခုလောက် ရှိရင် ဘယ်လောက်ကောင်းမလဲ´မြည်တမ်းကြသည်။ ခရီးသွားများသည် ဇရပ်တွင်နားသည်ဖြစ်စေ၊ ထနောင်းရိပ်တွင် ခိုသည်ဖြစ်စေ ထိုသို့ချည်း တောင့်တစကားဆိုသွားကြသောအခါ စေတနာရှင်တစ်ယောက်က ကြားသွားသည်။
`ဟုတ်ပေသားဘဲ မောမောပန်းပန်းနဲ့ အရိပ်ထဲကို ၀င်လာရင် သူသူကိုယ်ကိုယ် ရေသောက်ချင်မှာပဲ´
စေတနာရှင်သည် ထနောင်းပင်၊ ပင်စည်ကို ကပ်ပြီး စင်ကလေးရိုက်သည်။ ထိုစင်ပေါ်တွင် ရေအိုးတစ်လုံး ထားကာ ရေထည့်သည်။ ရေထဲသို့ သစ်ရွက်တွေ မ၀င်နိုင်စေရန် အဖုံးဖုံးသည်။ အဖုံးပေါ်တွင် ရေမှုတ်တင်ထားသည်။
ရေချမ်းစင် ဒါယကာသည် နွေအခါတွင် ရေချမ်းစင်သို့ တစ်နေ့လျှင် သုံးကြိမ်လာပြီး ရေဖြည့်၏။ မိုးအခါတွင်မူ ရေအိုးကို သိမ်းယူသွားပြီး ဆောင်းရာသီကျရောက်မှသာလျှင် ရေချမ်းစင်ကို ပြန်လည်တည်ထားသည်။ ရေကို တစ်နေ့လျှင် တစ်ကြိမ်သာ ဖြည့်ဆည်းပေးသည်။
တစ်နေ့တွင်ကား ရေချမ်းဒါယကာသည် ထနောင်းပင်ပင်စည်မှ အခေါက်တွေကို ခွာပစ်သည်။ ပေါ်လာသော အသား၏ မျက်နှာပြင်ကို ညီညာအောင် ခုတ်ထစ်အပြီး၌ ဆောက်ဖြင့်ထွင်းကာ စာရေးသည်။ ပြီးသောအခါ စာမြောင်းထဲသို့ ထုံးသည့်ကာ ပိုမိုထင်ရှားအောင် လုပ်ထားခဲ့လေ၏။
ရေချမ်းဒါယကာ ထွင်းထုရေးသားသော စာမှာ-
`ကားယားကောင်လို မလုပ်နဲ့´ ဟူ၍ ဖြစ်ပေသည်။
ရေချမ်းစင်တည်ရှိရာဇရပ်နှင့် ထနောင်းညီနောင်သုံးပင်အောက်သို့ နေ့စဉ်မပြတ် လူရှင်ရဟန်းများ ၀င်ထွက်သွားလာကြ၏။ ရေသောက်ကြ၏။ ထနောင်းပင်တစ်ပင်၏ ပင်စည်တွင် ပီပီပြင်ပြင် သပ်သပ်ရပ်ရပ် ရေးထွင်းထားသော စာလုံးများကို မြင်ကြ၏။ သေသေချာချာ ဖတ်သူလည်း ဖတ်သွားကြ၏။
သို့ရာတွင် တစ်နေ့သောအခါ၌ ဖိုးသူတော်တစ်ပါး ရောက်လာသည်။ အပြေးအလွှားရေသောက်ပြီး ဇရပ်ပေါ်၌ နားနေသည်။ အမောပြေသောအခါ `ကြပ်´ထဲမှ ဆန်တွေကို ဟိုပြောင်းသည်လှယ်လုပ်သည်။ ထို့နောက် ကြပ်ကိုထမ်းပြီး ပြန်အထွက်တွင် ထနောင်းပင်၏ ပင်စည်တွင် ထွင်းထားသောစာတန်းကို မြင်လေ၏။
`ကားယားကောင်လို့ မလုပ်နဲ့ ဆိုပါကလား´
ဦးသူတော် တုံ့ခနဲ ဖြစ်သွားသည်။
`ကားယားကောင်ဆိုတာ ဘာလဲ။ ဘာကို ပြောချင်တာလဲ၊ ဘယ်သူ့ကို ရည်ရွယ်တာလဲ၊ ဘာပြုလို့ သည်စာကို ရေးတာလဲ´
ဦးသူတော်မှာ ပညာဥာဏ်ဖြင့် ပြည့်စုံသူ၊ ဆင်ခြင်တုံတရား ရှိသူ ဖြစ်၏။ အမှုမဲ့ အမှတ်မဲ့မနေဘဲ တွေးခေါ် စဉ်းစားတတ်သူ ဖြစ်ရကား အကြားကြီးရပ်လျက် ကြည့်နေမိလေ၏။
`အင်း ကားယားကောင် ဆိုပါကလား´
`ဦးသူတော် ဘာတွေ ရေရွတ်နေပါလိမ့်´
ဦးသူတော်၏အနီးသို့ ရောက်လာသူမှာ ရေချမ်းစင် ဒါယကာ ဖြစ်သည်။ သူသည် သူ၏ရေချမ်းစင်သို့ ရေဖြည့်ရန် ရောက်လာခြင်းဖြစ်၏။
`ကားယားကောင်ကို စဉ်းစားနေတာပါ ဒါယကာရယ်။ ဒီစာကိုရေးတဲ့လူကို တွေ့ချင်ပါဘိ ဒါယကာရယ်´
`တပည့်တော်ရေးထားထာပါ ဘုရား ဘာများ မသင့်တော်တာ တွေ့လို့တုန်းဘုရား´
`မသင့်တော်တာ တွေ့လို့မဟုတ်ဘူး။ ကားယားကောင်ကို စဉ်းစားမရလို့ပါ´
ရေချမ်းစင်ဒါယကာသည် ရယ်မောပြီးမှ `ဇရပ်ပေါ်ကြွပါဦး ဦးသူတော်´ဟု ဖိုးသူတော်အား ဇရပ်ပေါ်သို့ ခေါ်သွားသည်။
ကိုင်း ပြောစမ်း၊ ကားယားကောင်ဆိုတာ ဘယ်သူတုန်း´
`တပည့်တော်တို့ တစ်တွေဟာ မိဘနဲ့ ဆရာသမား သက်ကြီးဝါကြီးများကို ရိုသေကြပါတယ်ဘုရား။ ဒါကြောင့် ဘယ်လောက်ပဲ ထိုင်ချင်သလို ထိုင်နေပေမယ့်။ မိဘကို မြင်ရင် ဂါရ၀တရားရှေ့ထားပြီး သပ်သပ်ရပ်ရပ် နေကြပါတယ်ဘုရား´
`မှန်ပါတယ် ဒါယကာ၊ ဆရာသမားနဲ့ သက်ကြီးဝါကြီးရဟန်းသာမဏေများ ရှေ့မှာလဲ အဂါရ၀ မဖြစ်အောင် အပြောအဆို အနေအထိုင် ဆင်ခြင်ကြတယ်´
`တပည့်တော် နေ့စဉ်မြင်တွေ့နေရတဲ့ လူတွေထဲက အများစုဟာ နေကားယား၊ ထိုင်ကားယား၊ သွားကားယား၊ စားကားယားနဲ့ အမြင်မတော်လို့ သတိပေးတာပါ ဘုရား´
`ဟုတ်ပါပြီ ကားယားကောင်ဆိုတာ ဘာတုန်း´
`ဦးသူတော် စဉ်းစားကြည့်ပါ၊ နေတော့ ကားယား၊ စားတော့လည်း ကားယား၊ သွားတော့လည်း ကားယား၊ ဘာကောင်ရှိသလဲ´
`ကျုပ် စဉ်းစားလို့ မရဘူး´
`ပင့်ကူဘုရား ပင့်ကူ´
ဒါယကာ၏ စကားအဆုံးတွင် ဦးသူတော်မှာ သူ့နဖူး သူရိုက်ကာ တဟားဟား ရယ်မောနေလေတော့၏။

***မင်္ဂလာဈင်အောင်***

Read More...

ကျေးဇူးသိက ချမ်းသာရာရ…

(မေတ္တာတရားနှင့် အခြားပုံပြင်များ)
ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းပြုစဉ် ဘုရာလောင်းသည် ဂိဗ္ဈဂုတ်တောင်၌ လင်းတမျိုး၌ ဖြစ်သည်။
`အမိ… အိုအမိ´
`အမောင်… သားရေ၊ အမေဒီမှာ´
`သြော်… အမေက ဒီကမ်းပါးယံမှာ ရောက်နေတာကိုး။ ရော့… အမေ။ ဟောဒီမှာ ခွေးသား´
`အင်း… သာဓုတော်… သာဓု၊ အင်း… အမေအိုကြိးကို လုပ်ကျွေးရတဲ့ ကုသိုလ်ကံကြောင့် ငါ့သားဘုန်းကြီးပါစေ။ အသက်ရှည်ပါစေ။ အန္တရာယ်ကင်း ဘေးရှင်းပါစေ´

ဘုရာလောင်းသည် မိခင်အိုကြီးကို အလုပ်ကျွေးပြုရင်း သဘာဝအလိုက် ပျော်မြူးနေသည်။ တစ်နေ့။ မိုးသက်မုန်တိုင်း အပြင်းအထန်ကျသည်။
`ဟာ… မိုးမုန်တိုင်းကျလာပါလား… ဒုက္ခပဲ၊ ငါ့အမိတော့ မိုးစိုတော့မှာပဲ။ မဖြစ်ဘူး… မဖြစ်ဘူး။ အမေ့ဆီ အမြန်ပြန်မှဖြစ်မယ်။´
ဘုရားလောင်းသည် သည်းသည်းထန်ထန် ရွာနေသော မိုးထဲတွင် စွန့်စားပျံသန်းခဲ့သည်။
`ဟော အဆွေ… ဘာကိုအလောတကြီးဖြစ်နေတာလဲ´
`မိုးရွာနေပြီလေ…´
`အဟ ကောင်းတာပေါ့အဆွေရ။ မိုးရွာရင်ရေချိုးမယ်…။ အမေလာရင်နို့စို့မယ်။ ဖေဖေလာရင် အုန်းသီးခွဲစားမယ်လေ။´
`ဟာ… အရေးထဲ ပျော်မြူးနေပြန်ပြီ´
`အဟတ်… ပျော်တာပေါ့အဆွေရ။ မိုးရေချိုးရတာ ဘယ်လောက်ပျော်ဖို့ကောင်းလဲ… လာပါ။ မိုးရေအတူ ချိုးရအောင်´
`မဖြစ်သေးပါဘူး… သူငယ်ချင်းရာ… ငါ့အမိ မိုးမိနေတော့မယ် အသက်ကြီးတော့ အအေးမိလို့ မဖြစ်ဘူး´
ဘုရားလောင်းသည် ဂိဇ္ဈဂုတ်တောင်သို့ အဆောတလျင် ပြန်လာပြီး မိခင်အိုကြီးကိုရှာသည်။ သန်မြန်သူများပင် မိုးရေမိခြင်းခံရရာ သက်ကြီးရွယ်အိုများပို၍ ခံရသည်။
ဘုရားလောင်းသည် မိခင်ကြီးကိုယ်လုံးတွင် စိုရွဲနေသော မိုးရေများကို နှုတ်သီးနှင့် ခါထုတ်ပေးသည်။ နွေးထွေးမှုရှိအောင် ကိုယ်လုံးနှင့် ထွေးပိုက်ထားသည်။
`ဒုက္ခပါပဲ သားရယ်… မိုးကလဲခုထိမစဲသေးဘူး။ အမေတော့ ချမ်းလွန်းလို့ ခိုက်ခိုက်တုန်နေပြီ´
`အင်း… ဒီလိုနေရင်မလွယ်ဘူးအမေ… အရိပ်ခိုဖို့ကလည်း မလွယ်ဘူး။ ကဲ… လာအမေ။ မြို့တခါးဆီသွားကြရအောင်´
`ဘာလုပ်မှာလည်း သားရဲ့´
`ဟိုမှာ အရိပ်ခိုစရာရှိကောင်းရှိမယ်။ တကယ်လို့ အရိပ်မတွေ့တောင် ကူညီမယ့်သူတွေ့တန်ကောင်းတယ်လေ´
`အင်း… သားသင့်သလိုစီစဉ်ပါ´
ဘုရားလောင်းသည် မိခင်အိုကြီးကို တွဲလျက် ဗာရာဏသီမြို့ဆီ ရှေးရူပျံသန်းခဲ့သည်။
`ဟော… အားလုံးကမြို့တံခါးဆီ ပျံနေကြပါလား´
`အေးကွဲ့၊ သူတို့လည်း အမေတို့ လိုစိတ်ကူးမိမှာပေါ့။ ကောင်းပါတယ်လေ… အမျုားနဲ့ဆိုတော့ အဖော်ရတာပေါ့´
လင်းတအပေါင်းသည် မြို့ကျုံးထိပ်တွင် ရုန်းစုမိကြသည်။ မိုးကမစဲသေး။ သည်းသည်းမဲမဲရွာနေသည့် မိုးရေကြားတွင် လူးလှိမ့်ခံနေရသဖြင့် ခိုက်ခိုက်တုန်ချမ်းနေကြသည်။
`အဟီး… ဒုက္ခပါလား… အေးလိုက်တာ´
`ဟုတ်… ပါရဲ့ကွာ။ မိုးကခုထက်ထိမစဲသေးဘူး´
`အင်း၊ တို့ကအကြောင်းမဟုတ်ဘူး။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ ဒုက္ခဖြစ်မှာစိုးရတယ်´
`ဟော… ဟိုကောင်ဘယ်ကပြန်လာတည်းမသိဘူး။ အမယ်… သူကတော့ သီချင်းလေးတကြော်ကြော်နဲ့ သိပ်ပျော်နေပါလား´
`အဲဒီကောင်တော့ ပြောမနေနဲ့။ သူကဒုက္ခတောမှာ ပျော်နိုင်တဲ့သူမဟုတ်လား… အဲဒါလည်းကောင်းသကွ၊ အပူအပင်မရှိတာ သောကငြိမ်းတာပဲ´
`ဒါတော့ဒါပေါ့။ လောလောဆယ်တော့ တို့အတောင်တွေမိုးစိုနေလို့ ပျံရေးသန်းရေး ခက်နေပြီ´
`ဖြစ်လာမှတော့ ဘာတတ်နိုင်မှာလည်း´
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဗာရာဏသီသူဌေးသည် ခြွေရံသင်းပင်းနှင့်အတူ ရေချိုးရန် မြစ်ဆိပ်သို့ ဆင်းလာသည်။
မြို့တံခါးဝတွင် ရေစိုရွဲသဖြင့် ရုန်းစုနေသော လင်းတတို့ကို မြင်လေသည်။
`ဟယ်… ကြည့်ကြစမ်းကွယ်တို့၊ စောစောကရွာတဲ့မိုးကြောင့် သတ္တ၀ါတွေ ပင်ပန်းဆင်းရဲနေပါလား´
`ဟုတ်ပသူဌေးရာ… အဟော၊ နဂိုကကုတ်ချောင်းချောင်းဖြစ်နေတဲ့ လင်းတတွေ မိုးမိတော့ ပိုကုတ် ကုတ်ပြီ´
`သြ တစ်ဘက်သားဒုက္ခရောက်နေတယ်ဆိုမှ မင်းတို့က ရယ်စရာသဘောဖြစ်နေပါလား´
`အဟဲ မြင်ရတာက ရယ်စရာကောင်းနေလို့ပါ´
`ကဲ ထားတော့။ ဒုက္ခရောက်သူကို ကယ်ရင်ကောင်းတယ်ကွဲ့။ ဒီတော့ အချို့က မီးပျိုးကြစမ်း။ မင်းတို့ထဲက တချို့က သင်္ချိုင်းကုန်းကိုသွား´
`ဗျာ… သင်္ချိုင်းမှာ ဘာလုပ်ရမှာလဲ သူဌေးရဲ့´
`ဘာလဲ သင်္ချိုင်းဆိုလို့ လန့်သွားလား… အခြားကိစ္စမဟုတ်ပါဘူးကွာ… သင်္ချိုင်းမှာ နွားသေတွေ စွန့်ထားတတ်တယ်မဟုတ်လား လင်းတတွေစားဖို့ ဖြစ်တာပေါ့´
`သြော် ကောင်းပြီ ဒီလင်းတအုပ်လောက်တော့ နွားမဒန်းတစ်ကောင်လောက် ရရင်ဖြစ်တာပဲ´
သူဌေးနှင့် သူ့လူများသည် မီးဖိုပေးသူပေး၊ အစာရှာကျွေးသူကျွေးပြုကြ၍ ဒုက္ခဖြစ်နေသော လင်းတများ သက်သာရာရသွားသည်။
မိုးစဲ၍ ရာသီဥတု သာယာသွားသော် လင်းတအားလုံး ဂိဇ္ဈဂုတ်တောင်သို့ ပျံသွားကြတော့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
`အချင်းတို့ ကျေးဇူးသိလျက် အဆပ်ခတ်ဆိုစကားကြားဖူးကြလား´
`အင်း၊ လူကြီးတွေကတော့ ပြောလေ့ရှိပါတယ်´
`ဆိုရိုးစကားကို တို့များပြောင်းလဲပစ်ရမယ်´
ဘုရားလောင်း၏ တည်ကြည်သော စကားကြားသော် လင်းတများက အဘယ်ကိုဆက်စပ်ပြောလေသလဲဟူသော အတွေးနှင့် ငြိမ်နေကြသည်။
`ဒီလိုဗျာ… ကျုပ်တို့နဲ့ အသက်နှင့် စည်းစိမ်ချမ်းသာရာရအောင် ဗာရာဏသီသူဌေးကူညီခဲ့တာ မှတ်မိကြမှာပါ´
`သြော်… သြော်… အဆွေပြောတာ ကျုပ်သိပြီဗျို့။ ဟိုနေ့က ကျုပ်တို့ နွေးနွေးထွေးထွေးဖြစ်အောင် ကူညီတာရယ် အစားတွေပေးတာရယ်ပြောတာ မဟုတ်လား´
`အဲဒါအမှန်ပဲ။ သူဌေးသာမကူညီရင် အဲဒီနေ့က ကျုပ်တို့ ဆင်းရဲဒုက္ခတွေ့ကြမှာ အမှန်ပဲ။ ဒီတော့ ပြုဖူးတဲ့သူ့ ကျေးဇူးဆပ်သင့်တာလည်းမှန်ပါတယ်… အဲ၊ သူဌေးလိုလူမျိုး ကျုပ်တို့က ဘယ်လို ကျေးဇူးဆပ်မလဲ´
`ကျုပ်စဉ်းစားမိတာ တစ်ခုရှိတယ်။ ကျုပ်တို့က ပုပ်သိုးနေတဲ့ အစားအစာတွေစားတာ မဟုတ်လား။ ဒါဟာ လူနဲ့လည်းမအပ်ဘူး။ ဒီတော့ သင်တို့တစ်တွေ သွားရင်လာရင်း မျက်စီ ရှင်ရှင်ကြည့်၊ အ၀တ်အစားတွေတွေ့ရင် ယူခဲ့။ အဲဒါတွေ ဗာရာဏသီသူဌေးအိမ်မှာချပေးကြပေါ´
`ဟုတ်တယ်။ အဆွေအကြံမဆိုးဘူးဗျို့။ အင်္ကျီအ၀တ်အစားဆိုတော့ လူနဲ့လည်းအသုံးတည့်မယ်´
`ကဲ ကျေးဇူးသိတတ်သူလို့ ချီးကျူးခံရအောင် ဒီနည်းနဲ့သာ အကျိုးဆောင်ကြပေတော့´
နောက်တစ်နေ့တွင် ဂိဇ္ဈဂုတ်တောင်၌ လင်းတတို့ စည်းဝေးပြီး သူဌေးကြီးကို ကျေးဇူးဆပ်ရန် တိုင်ပင်ကြသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
`ဒီပုံဆို ဗာရာဏသီပြည်ပျက်မှာပဲ… ဒီတ္တ၀ါကို နှိမ်နင်းမှ ဖြစ်မယ်´
`အမှန်ပဲဗျ။ ဘယ်နှယ့်ဗျာ… ကြားကြားဖူးပေါင် ကြုံကြုံဖူးပေါင်။ လင်းတနဲ့ အ၀တ်အစားက ဘာပတ်သက်လဲ´
`ဟုတ်ပဗျာ… အင်္ကျီလုံချည်လှမ်းပြီး မျက်နှာလွှဲရုံရှိသေး ဘသားငနဲတွေက ဘယ်က ပေါ်လာလဲ မသိဘူး။ သုတ်ခနဲ ဆိုပါသွားပြီ´
`ဒီကောင်တွေ ထူးတော့ထူးတယ်ဗျ။ ကျုပ်တို့ ဆီက ခိုးသွားတဲ့ အ၀တ်အစားတွေကို ဗာရာဏသီသူဌေးအိမ်မှာ ချတယ်´
`ဟုတ်လား´
`ရော… ခင်ဗျားမသိဘူးလား။ ဟော ဘာသံလဲ။ အဲ ဟိုဘက်ပိုင်းမှာ သောင်းကျန်းပြန်ပြီ ထင်တယ်။ လွယ်တော့ မလွယ်တော့ဘူးဗျို့´
လင်းတများသောင်းကျန်းသည့်သတင်းက မင်းကြီးနားပေါက်ကြားသွားသည်။ လင်းတတို့ နှောက်ယှက်မှုရန်ကို နှိမ်နင်းရန် စီမံတော့သည်။
`ကိုင်း ဒီတစ်ခါတော့ သပေါက်မသားတွေ လွတ်အောင် ပြေးကြတော့၊ ကျော့ကွင်းမှာ မိလို့ကတော့ မီးကင်စားပစ်လိုက်မယ်´
`ဘယ်လို… ဒီလောက်နံစော်နေတဲ့အသားကို မင်းကစားမယ်ပေါ့´
`အမြင်ကတ်လို့ဟေ့´
ဘုရားလောင်းတင်းတသည် လူတို့ထောင်သော ကျော့ကွင်းတွင် မိတော့သည်။
`ကိုင်း မိပဟေ့ ဒယ်အိုးပြင်တော့´
`မလုပ်နဲ့ မလုပ်နဲ့ တရားခံကို မင်းကြီးဆီ ပို့ရမယ်´
`ဘာ ဘယ်လို ဒီလို ကျက်သရေမရှိတဲ့ သတ္တ၀ါမျိုး မင်းကြီးဆီ ခေါ်သွားလို့ သင့်မလား´
`ဘာပဲဖြစ်ဖြစ်လေ သင်းက တရားခံပဲ။ တရားခံကို အမူအတိုင်း စီရင်ရအောင် ပို့ရမယ်´
ပြည်သူများသည် ဘုရားလောင်းကို မင်းကြီးထံ ပို့ကြသည်။
`အိုလင်းတ၊ သင်သည် မြို့ကို ဖျက်ဆီးသလော´
`မြို့ဖျက်မှုမပြုပါ အရှင်မင်းကြီ´
`သင်တို့တစ်တွေ အ၀တ်အစားတွေ ယူကြမဟုတ်လား´
`ဒါတော့ ပြုမိပါတယ်´
`နေဦးလင်းတ အ၀တ်အထည်နဲ့ သင်တို့က ဘာပတ်သက်လဲ။ ကိုယ်နဲ့ မစပ်တဲ့ ဒီအ၀တ်ကို ဘာလုပ်လဲ… ဘယ်ကိုပို့လဲ´
`မင်းကြီး အ၀တ်အထည်ကို ကျေးဇူးပြုဖူးသူအား ကျေးဇူးတုံ့ပြန်သည့်အနေနဲ့ ပေးဆပ်ပါတယ်´
ဘုရာလောင်းက မိုးရွာသောနေ့က ဒုက္ခဖြစ်ကြပုံ၊ ဗာရာဏသီသူဌေးက စောင့်ရှောက်၍ ချမ်းသာရာရပုံကို အစချီပြီး။ ကျေးဇူးပြုကြပုံကို လျှောက်ထားသည်။ မင်းကြီးလည်း ဗာရာဏသီသူဌေးအား အဖြစ်မှန်ဟုတ် မဟုတ် စုံစမ်းသော် မှန်ကန်ကြောင်းသိ၍ ကျေးဇူးသိတတ်မှုကို ချီးကျူးလေသည်။ သူထထူးကျေးဇူးသိသော လင်းတအား အပြစ်တစ်စုံတစ်ရာ မပေးဘဲ ပြန်လွှတ်လိုက်၏။ ဘုရားလောင်းသည် ဂိဇ္ဈဂုတ်တောင်သို့ ပြန်ခဲ့တော့သည်။

***မောင်ဆန္ဒ(လယ်ဝေး)***

Read More...

နိုဝင်ဘာလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

*** ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကား စက်ရုံအား အိန္ဒိယနိုင်ငံတွင် တည်ဆောက်မည်***
(နယူးဒေလီ၊ နိုဝင်ဘာလ ၂၅-ရက်)

ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားထုတ်လုပ်ရေး စက်ရုံတစ်ရုံကို အိန္ဒိယနိုင်ငံတောင်ပိုင်း ဘင်္ဂလိုမြို့၌ တည်ဆောက် ရန် စီစဉ်လျက်ရှိကြောင်းကို ယင်းနိုင်ငံ၏ ပထမဆုံးသော လျှပ်စစ်ကားကို တီထွင်ထုတ်လုပ်ခဲ့သူ (ချီတန်မာရီနီ) က နိုဝင်ဘာလ ၂၅-ရက်နေ့က ပြောကြားလိုက်သည်။ ဘင်္ဂလိုမြို့အခြေစိုက် `ရီဗာ´လျှပ်စစ်ကား ကုမ္ပဏီ၏ ဒုတိယဥက္ကဌနှင့် နည်းပညာအရာရှိချုပ်-မာရီနီသည် ဘက်ထရီစွမ်းအားသုံး လျှပ်စစ်ကားများကို အမြောက် အမြား ထုတ်လုပ်နိုင်ရန် အစီအစဉ်တစ်ရပ် ချမှတ်ထားပြီဖြစ်သည်။

သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှုရှိသော လျှပ်စစ်ကားများကို နိုင်ငံတကာရှိမြို့များ၌ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန် မိမိ၏ ကုမ္ပဏီက ပထမဆုံးအကြိမ် ကြိုးပမ်းမည်ဖြစ်ကြောင်း မာရီနီက ပြောကြားသည်။ ရီဗာလျှပ်စစ်ကားစီးရေ (၁၀၀၀)ခန့် တင်ပို့ရောင်းချလျက်ရှိရာမှ လာမည့်(၃)နှစ်အတွင်း လျှပ်စစ်ကားစီးရေ (၃၀၀၀၀)အထိ တိုးမြှင့်တင်ပို့သွားရန် မျှော်မှန်းထားသည်။ ရီဗာလျှပ်စစ်အား ထုတ်လုပ်ရေးကုမ္ပဏီသည် လျှပ်စစ်ကားထုတ်လုပ်ရေး စက်ရုံတသစ်အတွက် ပထမဆင့်အနေဖြင့် ရူပီး(ကုဋေ-၃၀)အား ကျခံသုံးစွဲမည်ဖြစ်၏။ (အင်တာနက်) ***ဘာသာပြန်-သတင်းလုလင်***

*** ကမ္ဘာပေါ်ရှိ မော်တော်ယာဉ်အားလုံးထက် သင်္ဘော ၁၆-စင်းက ပို၍ လေထုပိုမိုညစ်ညမ်းဟုဆို***
ကမ္ဘာပေါ်ရှိ မော်တော်ယာဉ်အားလုံးထက် သင်္ဘော ၁၆-စင်းသည် လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစွာ စွန့်ထုတ်ပေးသည်ဟု လေ့လာသိရှိရသည်။ ကမ္ဘာ့အကြီးဆုံး သင်္ဘော ၁၆-စင်းသည် ကမ္ဘာပေါ်ရှိ မော်တော်ယာဉ်အားလုံးထက် ဆာလဖာညစ်ညမ်းမှု ပို၍ ဖြစ်ပေါ်စေသည်ဟု ဆုရသိပ္ပံစာရေးဆရာတစ်ဦးဖြစ်သူ ဖရက်ပီယာစ်က ပြောကြားသည်။ သင်္ဘောကြီးများက ထုတ်လွှတ်လိုက်သော အသက်သေစေနိုင်သည့် ဓာတုဗေဒပစ္စည်းများကြောင့် လူထောင်ပေါင်းများစွာ သေဆုံးရကြောင်း၊ အဘယ်ကြောင့်ဆိုသော် လေထုညစ်ညမ်းစေသော လောင်စာများကို သုံးစွဲခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)

*** အမေရိကန်အိမ်ဈေးနှုန်း အနည်းငယ်တက်လာ***
အမေရိကန်နိုင်ငံ မြို့ကြီးများရှိ အိမ်ဈေးနှုန်းသည် စက်တင်ဘာလ၌ အနည်းငယ်တက်လာခဲ့ကြောင်း နိုဝင်ဘာလ ၂၄-ရက်နေ့ကထုတ်ပြန်သော နေအိမ်ဈေးကွက်စာရင်း ဇယားများတွင် လေ့လာတွေ့ရှိရသည်။ စက်တင်ဘာလတွင် အဓိကကျသော် မြို့ ၂၀-၏ အိမ်ဈေးနှုန်း အညွှန်းကိန်းအရ သုညဒသမ ၃-ရာခိုင်နှုန်းအထိ တက်သွားသည်ဟု သိရသည်။ (အင်တာနက်)

*** ဖိလစ်ပိုင်၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အလောင်းများကို တူးဖော်ရှာဖွေဆဲ***
ဖိလစ်ပိုင်နိုင်ငံ မာဂွင်ဒါနာအိုပြည်နယ် အမ်ပါတွမ်မြို့နယ် တောင်ပိုင်းတွင် နိုင်ငံရေးမျိုးနွယ်စုတစ်စု အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့်နေရာတွင် လူသေအလောင်းများကို နိုဝင်ဘာလ ၂၄-ရက်နေ့က မြေတူးစက်ဖြင့် တူးဖော်ရှာဖွေနေသည်ကို တွေ့ရသည်။ မာဂွင်ဒါနာအိုပြည်နယ်တွင် လူ ၄၆-ဦးခန့် နိုဝင်ဘာလ ၂၃-ရက်နေ့က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရပြီးနောက် အရေးပေါ် ကြေညာထားရသည့် နေရာဖြစ်သည်။ (အင်တာနက်)

***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***

Read More...

27Nov,09//ဒါမှ အမတ်အစစ်

***(ဟာဒယနှလုံး- တခဏပြုံး)***
ရွေးကောက်ပွဲဝင်ပြိုင်ပြီးပြန်လာသော ယောက်ျားကိုမိန်းမက မေးလိုက်သည်။
မိန်းမ။ ။မောင်ရေ အခြေအနေဘယ်လိုလဲ။
ယောက်ျား။ ။ အခြေအနေကတော့ တော်တော်ကိုကောင်းနေပြီ။

မိန်းမ။ ။ ရှင်ညာတာတော့ မဟုတ်ပါဘူးနော်။
ယောက်ျား။ ။ ဟိုမှာ တနေကုန် ညာပြီးပြီပဲ၊ ဘာညာစရာ လိုတော့လို့လဲကွ။

****သံလွင်အိမ်မက် မှကူးယူဖော်ပြပါသည်***

Read More...

Thursday, November 26, 2009

အံသြစရာပြည်မြန်မာ

` ဘာပြောတယ် လော်ရာ´

`စိတ်မ၀င်စားဘူးလို့ ပြောတာပါ ဒယ်ဒီ ´

`မရဘူးသမီး ။ ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီး ဗမာစကားမတတ်လို့မရဘူး´

`ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့
ဂျပန်ယဉ်ကျေးမှုသင်တန်းတွေတက်ရဦးမယ်´

`အဲဒါ ခက်တာပဲ .. မင်းတို့ကလေးတွေ ဘာကအရေးကြီးလဲဆိုတာ
မခွဲခြားနိုင်သေးဘူး။ ဗမာစကားတတ်ရင်
ကမ္ဘာမှာမင်းသွားချင်တဲ့နိုင်ငံဆီသွားပြီး အလုပ်လုပ်လို့ရပြီ။´

`အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ရဦးမလား ဒယ်ဒီရာ´

`၀င်ပြီလား သမီး .. ကဲ မင်းဗမာစာ ၊ ဗမာစကားတတ်ပြီဆိုပါတော့ .. ။ မင်း
ရန်ကုန်က မာစတာသင်တန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်း
စာခန့်တွေဖတ်လို့ရမယ်။ ပြီးတော့...´

`ရှိတ်စပီးယားပဲ ကောင်းရဦးမလား ဒယ်ဒီရာ။ ဂျာမန်လူမျိုးအဖေက
ဒီလိုပြောတာကို အံ့သြမိပါရဲ့´

`ဘာကွ .. အေး ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလို
အချိန်မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်သွားမှာလဲသိလား´

`သိပ်တော့မထူးပါဘူး´

`ဟာ .. သိပ်ထူးတာပေါ့ သမီးရယ်။ ဒယ်ဒီပြောပြမယ် နားထောင်။ ဗမာစာမတတ်ရင်
နောက်နှစ်ဆန်းမှာထွက်လာမယ့် Window Popa (၀င်းဒိုးပုပ္ပါး)ကို
မင်းဘယ်လိုသုံးမလဲ။ ထားပါတော့ .. မင်းက open source တို့ Linux တို့ရဲ့
ဟင်္သာရောင်အပိုင်း(၆) .. ( Hintha Shine Core 6 ) ကိုရော
ဘယ်လိုကိုင်တွယ်မလဲ .. ။ အလုပ်လုပ်လို့ မကောင်းတော့တဲ့ Window Vista နဲ့
နေခဲ့ချင်ရင်တော့ မင်းအမေရိကကိုသွားတော့။ ခေတ်ရှေ့ပြေးနေတဲ့
အရှေ့တောင်အာရှကို မလာနဲ့တော့။ နောက်ပြီး Cell Phone နဲ့
မြေပုံစနစ်တွေမှာဆိုရင် ဗမာစာမတတ်ရင် မင်းသုံးရခက်ပြီ´

`ဘာဆိုင်လဲဒယ်ဒီရာ´

`ဆိုင်တာပေါ့ .. On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့
(ဆ.သ.ရ) အမျိုးအစားဖုန်းတွေကို မင်းဘယ်လိုအသုံးချမလဲ။
မြေပုံစာတန်းတွေကလည်း ဗမာလိုတွေလေ´

`Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လိုသုံးပါသေးတယ်ဒယ်ဒီရာ´

`ဒယ်ဒီသိပြီ .. ငါ့သမီးက ၀ိဇ္ဖာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပြတ်နေတာကိုး ..
။ မင်းပြောတဲ့တံဆိပ်တွေက နည်းပညာပိုင်းမှာ (ဆ.သ.ရ)ကို မမှီတော့ဘူးကွ။
စစ်ကိုင်းမှာ လုပ်သွားတဲ့ (ဆ.သ.ရ) အရောင်းမြှင့်တင်ရေးကို M.R.T.V ၂၃က
တိုက်ရိုက်လွှင့်လို့ ဒယ်ဒီကြည့်လိုက်ရတယ်။ သိပ်ကိုကောင်းတဲ့
လက်ကိုင်ဖုန်းတွေပဲသမီး . ။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ .. ဒီတော့
သမီးဗမာစာသင်တန်းတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီဗမာပြည်သွားရင် လိုက်ခဲ့တော့
.. ဟုတ်ပြီလား´

`ဗမာပြည်ဝင် ဗီဇာက ထင်သလောက် မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ´

`ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကိုသွားမယ်။ ဗမာပြည်လုပ်
`မိုးယံဆင်´ငါးထပ် လူစီးလေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က
ပြေးလမ်းမလိုဘူး။ ပြီးတော့ မြကျွန်းသာပန်းခြံထဲက ရေအောက်ပြခန်းလုပ်မယ့်
စက်ရုပ်အလေးမပြိုင်ပွဲပါ ၀င်ကြည့်မလို့လေ´

`စိတ်ဝင်စားဖို့တော့ကောင်းသား .. ဒါပေမယ့် အစားအသောက်ကရော အဆင်ပြေပါ့မလားဒယ်ဒီ´

`ဟားဟား ငါ့သမီးကလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ် .. ဒီမယ် ငါ့သမီး
. ဗမာပြည်မှာ မရတာမရှိတော့ဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့
၂၀၀၄ခုနှစ် စတိုင်ဒူးရင်းသီးလား။ သယ်ယူရ လွယ်ကူတဲ့
လေးထောင့်ပုံကြက်ဆင်ဥလား။ လေဆာနဲ့အရိုးတွေကိုချေပြီး
တစ်ကောင်လုံးဝါးစားလို့ရအောင် လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။
ဥရောပတွေအတွက် သီးသန့်လုပ်ထားတဲ့ အဖြူရောင်ပုန်းရေကြီးလား .. ဒါမှမဟုတ်´

`တော်ပါပြီဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ .. သွားရေးလာရေးနဲ့ဆက်သွယ်ရေးက .. ´

`သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ ။ ဗမာပြည်သွားမယ်ဆိုရင်
ဒါတွေထည့်စဉ်းစားဖို့ကို မလိုတော့ဘူးလေ။ လေယာဉ်ပေါ်ကဆင်းတာနဲ့
အောက်ဆီဂျင်စစ်စစ်ပေးထားတဲ့ လေရှုဘေးတွေ ထုတ်ပေးမယ်။ နေရောင်ခြည်ကာတဲ့
ဦးထုပ်နဲ့မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့ သမီးမပူရတော့ဘူး။
သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးမယ့်ကားတံခါးကိုလာကပ်မယ့် Tube
တွေရှိတယ်။ အဲဒီအပေါ် ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားသွားပြီး
သမီးကို Reception ကိုပို့ပေးလိမ့်မယ်။ အဲဒီမှာ ဘာသာစကားအနည်းဆုံး
၅၉၀လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ် .. ။ နောက် ဘာတဲ့
ဆက်သွယ်ရေး ဟုတ်လား။ ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့
အင်တာနက်ကွန်နက်ရှင်ရပြီး GSM တွေသယ်လာရင်ပြောလို့ရပြီ။ အဲ ..
ကိုယ့်ဖုန်းကိုယူလာဖို့ မေ့ရင်လည်း မပူနဲ့။ လေဆိပ်မှာ
လက်ကမ်းစာစောင်ဝေသလို GSM တွေဝေနေတဲ့ ချာတိတ်တွေရှိတယ်။ ကြိုက်တဲ့ SIM
Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ ၂ပတ်ကြာတဲ့ မော်ဒယ်ဆိုရင်
အလကားယူလို့ရတယ်လေ။ အများစုကတော့ ဆသရလို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ်တွေပဲ´

`သြော် ကောင်းလိုက်တာနော် အစိုးရနဲ့နိုင်ငံရေးရော ....... ´

`အစိုးရ ... အစိုးရ .. ဒီအစိုးရတော့ကွာ .. ဒီလိုရှိတယ် ... ဒယ်ဒီပြောမယ်´

ထိုစဉ် `ဆိုက်ကားအားလား´ဟူသော ခရီးသည်အသံကြောင့်
ကျွန်တော်လည်းအိပ်ယာလန့်နိုးသွားကာ ခရီးသည်ကို
လိုရာသို့တင်ဆောင်လိုက်ပို့လေသတည်း။


***-San Moe Wai***
Correspondent, Burmese Service
Radio Free Asia (RFA)
150/12 Moo 3, Soi 1
Moo Ban Ping Doi
T. Don Kaew, A. Mae Rim
Chiang Mai 50180
THAILAND
Mobile: (+66 8) 69 75 7764
Phone: (+66 53) 121 878


Read More...

ကျတ်ကုန်းက သတ္တ၀ါကြီး…

***(ဟာသပုံပြင်များ)***
တစ်ခါတုန်းက ရွာနှစ်ရွာကြားမှာ ကျတ်ကုန်းအမည်တွင်သည့် ကုန်းကြီးတစ်ကုန်း ရှိခဲ့ဖူးလေသည်။ မြေသြဇာမကောင်းသောကြောင့် မြက်ပင်ကောင်းစွာ မပေါက်သော ကွင်းပြင်ကြီး ဖြစ်ပေသည်။ ထိုကျတ်ကုန်းအလယ်တွင် ထီးတည်း တည်ရှိသော အရာမှာ မန်ကျည်းပင်ကြီးတစ်ပင် ဖြစ်ချေ၏။ မန်ကျည်းပင်ကြီးမှာ ခက်လက်ဝန်းအုံ အရိပ်အာဝါသဖြင့် ပြည့်စုံသော်လည်း ၀င်ရောက်အရိပ်ခိုနားနေ၀ံ့သူ မရှိချေ။ အကြောင်းသော်ကား ထိုအပင်တွင် `သဘက်´ကြီးတစ်ကောင် နေထိုင်သောကြောင့် ပေတည်း။
သဘက်ဆိုသည်မှာ အဆင်းသဏ္ဍာန် မလှမပနှင့် လူတို့အား ဖမ်းစားတတ်သော မကောင်းဆိုးရွားသတ္တ၀ါ ဖြစ်သည်ဟု ဆိုကြ၏။ တစ်နေ့သော် တောင်ရွာသား မောင်ထွားသည် နွားပျောက်ကို ရှာဖွေရင်း ထိုကျတ်ကုန်းသို့ ရောက်လာသည်။ နေက ပူသည်။ ထို့ကြောင့်

မောင်ထွားမှာ ပို၍ ပင်ပန်းသည်။ သို့အတွက် မစဉ်းစား မတွေးတောနိုင်တော့ဘဲ တစ်ပင်တည်းသာရှိသော မန်ကျည်းပင်ရိပ်တွင် ၀င်ရောက်နားခိုလေ၏။
မောင်ထွားဝင်ရောက်ခိုနား၍ ချွေးသော်မျှ မတိတ်သေးမီ မန်ကျည်းပင်ပေါ်မှ အမွေးစုတ်ဖွားနှင့် မည်းမည်းအကောင်ကြီး တစ်ကောင် ဆင်းလာချေတော့သည်။
`စားမယ် ငါ့အပင်အောက် ရောက်လာတဲ့အတွက် နင့်ကို စားမယ်´
မျက်လုံးက အကြီးကြီး ပါးစပ်ပြဲပြဲတွင် သွားတွေက ပါးစပ်အပြင်သို့ ထိုးထွက်နေသေး၏။ မောင်ထွားမှာ ရုတ်တ၇က်သော် ကြောက်စိတ်ပေါ်လာ၏။ သို့ရာတွင် သတ္တိစိတ်မွေးကာ `ဘယ် ဒီလိုအသားလွတ် စားလို့ရမှာတုန်း´ဟု ပြန်ပြော၏။
`အသားလွတ် မစားရရင် ဘာလုပ်ပေးရမတုန်း´
မောင်ထွားမှာ ပြောမိပြောရာ ပြောလိုက်ခြင်းဖြစ်စေကာမူ သတ္တ၀ါကြီး၏ စကားကို ကြားရတော့မှ သတိရသည်။
`ငါ ခိုင်းသမျှ အကုန်လုပ်ပေးနိုင်မှ စားရမယ်၊ လုပ်မပေးနိုင်ရင် နင့်ကို ငါက ပြန်စားမယ်´
`ကောင်းပြီ အခုခိုင်း ဘာခိုင်းမတုန်း´
`ငါးနွား ပျောက်နေတယ်။ မသေမပျောက် မကျိုးမပဲ့ဘဲ လိုချင်တယ်။ သွား အခုရှာချေ´
သတ္တ၀ါကြီး ပြေးထွက်သွားသည်။ ကွမ်းတစ်ယာညက် မပြည့်မီ နွားနှစ်ကောင်မှာ တရူးရူးနှာမှုတ်လျက် ပြေးလာ၏။ မောင်ထွားဘေးမှ ဖြတ်ကာ ရွာဘက်သို့ ပြေးသွားသည်။ မကြာမီ သတ္တ၀ါကြီး ရောက်လာ၏။
`နင် ခိုင်းတာ လုပ်ပြီးပြီ စားမယ်´
`ခိုင်းစရာက အခုမှစတာ ခိုင်းစရာတွေ အများကြီး ကျန်သေးတယ်။ လာ လိုက်ခဲ့။ ငါ့ကို ထမ်းပြီး အိမ်ကို ပို့´
မောင်ထွားမှာ သတ္တ၀ါကြီး၏ ပခုံးပေါ်မှ လိုက်လာရသော်လည်း နှာခေါင်းတရှုံရှုံဖြစ်နေသည်။ အကြောင်းမူ သတ္တ၀ါကြီး၏ ကိုယ်မှ အလွန်တရာ နံစော်သောကြောင့် တည်း။
`ဘာခိုင်းမလဲ ခိုင်းစရာမရှိရင် စားမယ်´
ရွာစွန်ရှိ တဲကလေးသို့အရောက်တွင် သတ္တ၀ါကြီးက အလုပ်လုပ်ခိုင်းရန် လောဆော်တော့သည်။ မောင်ထွားစဉ်းစား၏။ သူ့အတွက် မည်သည့်အရာသည် အရေးအကြီးဆုံး ဖြစ်သနည်း။ ရေ။
`ငါ့အိမ်မှာ ရှိသမျှ ရေအိုးတွေ ပြည့်အောင် ရေခပ်ပေး။ ရေကြည်ရေသန့် ရေကောင်းဖြစ်ပစေ။ အေး …တွေ့ကရာတွေ ခပ်လာရင် အသေပဲ။´
သို့သော် မောင်ထွား၏ အိမ်တွင် သစ်သားကို ထွင်းထားသော စည်အနည်းငယ်နှင့် မြေအိုးနှစ်လုံးသာရှိရာ တစ်ခဏအတွင်း ပြည့်သွား၏။ ထို့ကြောင့် မောင်ထွားက နွားစာအစဉ်ခိုင်းသည်။ သတ္တ၀ါကြီး အပြင်းအထန် လုပ်ကိုင်သည်။ ကောက်ရိုးတစ်ပုံနှင့် ပြောင်းရိုးခြောက်များမှာ မကြာမီ `စဉ်းဖတ်´အဖြစ်ပြောင်းလွဲကုန်သည်။ ထည့်စရာမရှိသဖြင့် မောင်ထွားက ၀ါးအရှာခိုင်းသည်။ ပုတ်အရက်ခိုင်းကာ အထည်ခိုင်းသည်။ သတ္တ၀ါကြီးအတွက် လွယ်လွယ်ကလေးပင်။
`ဘာကျန်သေးတုန်း ခိုင်းစရာကုန်ရင် စားမယ်´
`ထမင်းချက်စမ်း.. တစ်ဖက်ကလည်း စပါးတွေကို ဆန်ဖြစ်အောင် လုပ်စမ်း´
သတ္တ၀ါကောင်ကြီးသည် ခိုင်းသည့်အတိုင်း လုပ်သည်။ စပါးကိုကြိတ်ထိုးပြီး လုံးတီးဆန်ကို မောင်းဖြင့်ထောင်းဖွတ်သည်။ ပုတ်တောင်းများရက်လုပ်ကာ ထည့်ပေးလိုက်သေးသည်။
`ခိုင်းစမ်း… နင်ကပဲ ခိုင်းနိုင်မလား၊ ငါကပဲ လုပ်နိုင်မလား´
မောင်ထွားမှာ ခိုင်းစရာကုန်နေပြီ။ သို့ရာတွင် ဘယ်တုန်းကမျှ စည်းရိုးမရှိသော အိမ်ကို ခြံအကာခိုင်းသည်။ မောင်ထွားမှာ ထမင်းစား၍ပင် မပြီးသေး ၊၊သတ္တ၀ါကြီးမှာ စည်းရိုးကာပြီးသွားပြီ။
`ခိုင်း၊ ခိုင်း …မခိုင်းနိုင်ရင် စားမယ်´
မောင်ထွားကြံသည်။ အကြံထုတ်သည်။ ထို့နောက် ကိုယ်မှ အမွှေးတစ်ပင်ကို နုတ်ပေးလိုက်သည်။
`ရော့ ဒါကို ဖြောင့်အောင်လုပ်ပေး´
ပင်ပင်ပန်းပန်းတွေကို အခက်အခဲမရှိ ပြီးစီးအောင် လုပ်နိုင်ခဲ့သော သဘက်ကြီး ချွေးပြန်လေပြီ။ တံတွေးဖြင့် ဆွတ်ပြီး ဖြောင့်ပါသော်လည်း ဖြောင့်စင်းမလာ။ မောင်ထွား ထမင်းစားပြီး သည်အထိ သဘက်ကြီး ဖြောင့်၍ မရသေး။ မောင်ထွားသည် ပုဆိုးတိုတိုဝတ်ပြီး ချဉ်းကပ်လာသည်။
`ဒါလေးကို ဖြောင့်နေတာ ဒါလောက် ကြာရသလားဟ´
သဘက်ကြီး၏ ကျောကို ဖနောင့်ဖြင့်ပေါက်သည်။ သဘက်လည်း ကြောက်ရွံ့စွာ မော့ကြည့်ရာက `အော်ကာ တချိုးတည်း ထွက်ပြေးတော့ရာ ကျတ်ကုန်းရှိ မန်ကျည်းပင်ကြီးတွင် ဘာကောင်မျှ မရှိဘဲ အေးချမ်းသွားလေ၏။
သဘက်ကြီး မော့ကြည့်မိသော အမွေးများမှာ မောင်ထွေး၏ ချိုင်းကြားရှိ ချိုင်းမွေးများဖြစ်ပေသတည်း။ ထို့ကြောင့် မည်မျှပင် စွမ်းအားကြီးမားသော သတ္တ၀ါပင်ဖြစ်ပါစေ။ လူ၏ လျင်သော ဥာဏ်၊ ထက်သောဥာဏ်ကို မကျော်လွှားနိုင်ပေ။

***မင်္ဂလာဈင်အောင်***

Read More...

26 Nov, 09// နိုဝင်ဘာလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

*** ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် ဇီဝလောင်စာဖြင့် လေကြောင်း ခရီးစဉ်ပျံသန်း…
(အမ်စတာဒမ်၊ နိုဝင်ဘာလ ၂၄-ရက်)
နယ်သာလန်နိုင်ငံရှိ ကေအယ်လ်အမ် လေကြောင်း ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ် ဇီဝလောင်စာ အသုံးပြုသော လေယာဉ်တစ်စင်းဖြင့် လေကြောင်းခရီးစဉ်ပျံသန်းမှုကို အောင်မြင်စွာပြုလုပ်နိုင်ကြောင်း အင်တာနက်သတင်းမှာ ဖော်ပြသည်။ ကေအယ်လ်အမ်လေကြောင်း ကုမ္ပဏီမှ (ဘိုးရင်း- ၇၄၇)အမျိုးအစား ခရီးသည်တင် လေယာဉ်တစ်စင်းသည် ဇီဝလောင်စာအသုံးပြုသည့် ပထမဆုံးသော လေကြောင်း ခရီးစဉ်တစ်ခုကို သရုပ်ပြပျံသန်းခဲ့သည်။ အဆိုပါလေယာဉ်သည် နိုဝင်ဘာလ ၂၃-ရက်နေ့က မိနစ်(၉၀)ကြာ

သရုပ်ပြပျံသန်းမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ကြောင်း ကေအယ်လ်အမ်လေကြောင်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ်-ပီတာဟတ်မန်းက ပြောကြားသည်။ (အင်တာနက်)**ဘာသာပြန်-စံစံ**

*** ဖိလစ်နိုင်ငံတွင် မျိုးနွယ်စုနှစ်စု ရန်ပွဲဖြစ်ပွား၊ လူ ၂၄-ဦးသေဆုံး…
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ အရှိန်အ၀ါကြီးမားသော မျိုးနွယ်စုနှစ်စုအတွင်း နိုဝင်ဘာလ ၂၃-ရက်နေ့က ရန်ပွဲဖြစ်ပွားရာမှ လူသတ်မှုဖြစ်ပေါ်ကာ အမျိုးသမီးအများစု ပါဝင်ပြီး လူ ၂၄-ဦးသေဆုံးသည်ဟု ခန့်မှန်းထားသည်။ ဓားစာခံ(၁၀)ဦးထက်မနည်းကို ရဲများက ကယ်တင်ရန် ကြိုးပမ်းနေကြောင်း ရဲအရာရှိများက ပြောကြားသည်။ (အင်တာနက်)

*** ပြင်သစ်နိုင်ငံတွင် ဓာတုဗေဒစက်ရုံပေါက်ကွဲ၊ လူ ၄-ဦးဒဏ်ရာရ…
ပြင်သစ်နိုင်ငံအလယ်ပိုင်းရှိ ဓာတုဗေဒစက်ရုံတစ်ရုံတွင် နိုဝင်ဘာလ ၂၃-ရက်နေ့ ညနေပိုင်းက ပေါက်ကွဲမှုများဖြစ်ပွားရာမှ လ ၄-ဦးဒဏ်ရာရရှိသွားကြောင်း၊ ပေါက်ကွဲမှုနှစ်ခုကြောင့် ၂-ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များက ပြောကြားသည်။ (အင်တာနက်)
*** စစ်လေယာဉ်တစ်စင်းပျက်ကျ၊ ၅-ဦးသေဆုံး…
ီ်အီတလီနိုင်ငံ အနောက်မြောက်ပိုင်း ပီဆာလေဆိပ်အနီး၌ လေယာဉ်တစ်စင်း ပျက်ကျရာမှ လူ ၅-ဦးသေဆုံး သွားကြောင်း အီတလီလေတပ်က နိုဝင်ဘာလ ၂၃-ရက်နေ့မှာ ပြောကြားသည်။ လူ ၅-ဦးလိုက်ပါလာသော (စီ- ၁၃၀)ပို့ဆောင်ရေး စစ်လေယာဉ်တစ်စင်းသည် ဒေသစံတော်ချိန် ၂-နာရီ ၁၀-မိနစ်အချိန်၌ ပီဆာလေဆိပ်မှ အတက်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အန်ဆာသတင်းဌာနက ဖော်ပြသည်။ (အန်ဆာသတင်း)

***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***

Read More...

Wednesday, November 25, 2009

ငြုပ်သီးခူးချိန်၊ ပြောင်းစိုက်ချိန်နှင့် ထိုင်း-မြန်မာနယ်စပ်ရောက် ဒို့မြန်မာ အလုပ်သမားနေ့စဉ်ဘ၀…



ဟုတ်ကဲ့ပါ။ ။ `အခုအချိန်ဆို ဒို့လယ်တောမှာ xxx ပြောင်းတွေကလည်း ပေါလှပါဘိအေxxx ငြုပ်သီး တွေလည်း ခူးကြ တာပေါ့အေ´ရယ်လို့ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်ထဲက မဲဆောက်၊ ဖုတ်ဖရား၊ အုန်းဖန် နဲ့ မယ်ရမတ်မြို့နယ်တွေဆီက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ဆောင်းအေးအေးမှာ သူမတို့ရဲ့ နူတ်ချို စကား ခပ်အေးအေးနဲ့ သင့်ကို ပြောပြချင်မှာပါ မိတ်ဆွေ။

ဒီမယ်မိတ်ဆွေ… ဟော့ဒီဓာတ်ပုံမှတ်တမ်းထဲမှာက မဲဆောက်မြို့ တောင်ဘက် ဖုတ်ဖရားမြို့နယ်ထဲက ပြောင်းစိုက်ရင်း၊ ငြုပ်သီးခူးရင်း သင်းပျံ့တဲ့ မြေဆီမြေသင်းရနံ့တွေနဲ့အတူ `ယာတောမြေမှာ သာမောဖွေရှာ´ကြတဲ့ ဒို့မြန်မာ ရွှေ့ပြောင်းတွေရဲ့ လုပ်အားအလှတွေကို တွေ့ကြရမှာပါ။ မြန်မာပြည်သား စာစောင်နဲ့ ဘလော့ဂ်က ကွင်းဆင်းပညာပေးမှုရယ်၊ လူထုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေရယ်ကို လစဉ်မပြတ် ဆောင်ရွက်နေကြပဲလေ။ ဒါကြောင့် ငြုပ်သီးခူးချိန်၊ ပြောင်းစိုက်ချိန်မှာ ဒို့မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့ရဲ့ ရင်ဖွင့်သံတွေကို နားထောင်ကြည့်ရအောင်နော်။ `၁-ကီလိုကို ၅-ဘတ်ပေးတာရှိတယ်။ ၆-ဘတ်ပေးတာရှိတယ်။ အခုမြင်ရတဲ့ ပုံးတစ်ပုံးကို ၅-ကီလို၊ ၆-ကီလို ဆန့်တယ်လေ။ မနက် ၇-နာရီလောက်ကနေ ညနေ ၆-နာရီအထိ ခူးမယ်ဆိုရင် ခပ်သွက်သွက်လူက ၃၆-ကီလို၊ ၄၀-ကီလို အထိရတယ်´ လို့ ရှင်းပြပါတယ်၊`သားကဖုတ်ဖရားမြို့နယ် ၄၄-ကီလိုမီတာ၊ `ဒို့မိတ်ဆွေ´(Our Friend) ရွှေ့ပြောင်းအလုပ်သမားကျောင်းမှာ ကျောင်းတက်
်ပါတယ်။ ၄-တန်းကျောင်းသားပါ။ အခုလို ငြုပ်သီးဆွတ်ချိန်မှာ ကျောင်းမတက်ပဲ ငြုပ်သီးလိုက်ခူးတာ တစ်နေ့ကို ကီလို (၂၀)လောက်အထိရပါတယ်။ သားထက်ငယ်တဲ့ ကလေးတွေလည်း ရှိပါတယ်။ သူတို့လည်း ၁၅-ကီလိုလောက်တော့ အသာလေး ခူးနိုင်ပါတယ်။´လို့ ရှင်းပြပါတယ်။
မြန်မာပြည်သားအဖွဲ့(JACBA)ဟာ ၃၉-ကီလိုမီတာကျေးရွာဘက်ကို ချီတက်သွားရင်း ပြောင်းစိုက်ခင်းတွေမှာ လုပ်ကိုင်နေတဲ့ ဒို့မြန်မာ ရွှေ့ပြောင်းအလုပ်သမားတချို့နဲ့ အခုလို စကားပြောဖြစ်ခဲ့ပါတယ်။ `ကျနော် နာမည်က ကိုဦး၊ ထိုင်းနိုင်ငံရောက်တာ ၁၅-နှစ် ရှိပြီ။ မွန်ပြည်နယ် သထုံမြို့နယ်ဘက်ကလာတာ။ အခုဒီစိုက်ခင်းတွေမှာ အလုပ်ကြပ်(၀န်န)ပါ။ ကျနော်တို့ အလုပ်ကြပ်တွေက တစ်နေ့ကို ဘတ်(၁၀၀-၁၂၀)ရတယ်။ နေ့စားအလုပ်သမားတွေကတော့ တစ်နေ့ကို (၇၀-၈၀)ဘတ် အစားစားရှိတယ်။ ကလေး တချို့လည်း ၀င်လုပ်တာရှိတယ်။ ကလေးတွေလည်း (၆၀)ဘတ် လောက်ရကြတယ်။ အခုအချိန်က ပြောင်းစိုက်ချိန်၊ ဒီ (၃၉)ကီလိုမှာတော့ ကုလားပန်း(ခေါ်)ရွှေဒင်္ဂါးပန်းနည်းနည်း ပါးပါးစိုက်တာရှိတယ်။ ကုလားပန်း စိုက်ခင်းတွေမှာ လုပ်တဲ့သူတွေက နေ့စားခ မတူကြဘူး။ ဆေးဖျန်းတဲ့သူက ပိုရတယ်။ ဆေးဖျန်းသူက တစ်နေ့ (၁၀၀)ဘတ်ရတယ်။ ကျန်တဲ့သူတွေက (၈၀-၉၀)ဘတ်ရကြတယ်။ အမျိုးသမီးအလုပ်သမားတွေလည်း အများကြီးရှိတယ်။ ကလေးတွေလည်းရှိတယ်။ မြန်မာပြည်က ဆိုရင် ပဲခူးတိုင်း(ဝေါ၊ သနပ္ပင်၊ ပဲခူး၊ ပဲနွယ်ကုန်း၊ ရွှေကျင်)ဘက်က များတယ်။ မွန်ပြည်နယ်ကဆိုရင် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ဘက်က များတယ်။ မြန်မာပြည်မှာလည်း လယ်ယာလုပ်လာသူတွေက အများစုဆိုတော့ ဒီအလုပ်တွေလုပ်ရတာ ဘာမှ အခက်အခဲ မရှိကြပါဘူး´လို့ ရှင်းပြပါတယ်။
(ဆက်လက်တင်ပြပါမည်)

***ခံစားတင်ပြသူ- ဓူဝံ(ဖုတ်ဖရား)***

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)