လုပ်ငန်းခွင်မှာ၊ ဘေးကင်းစွာ
မနေချင်ဘူးလားဗျာ…။
ရုပ်, စိတ်, လူနေမှု၊ ဤသုံးခု
ကျန်းမာယခု၊ နေ့ တိုင်းပြု…။
သင်ကိုယ်ခန္ခာ၊ အစဉ်ကျန်းမာ
ထိခိုက်, ဒဏ်ရာ၊ ဝေးစရာ…။
ပရိဘောဂနဲ့ ၊ သစ်စက်မှာ
ခြေလက်မျက်လုံး၊ ထိခိုက်တာ…။
ခေါင်းကိုက် ဗိုက်နာ၊ အများစုဟာ
စက်ရုံ အလုပ်ရုံထဲမှာပါ…။
တိုက်အမြင့်က ပြုတ်ကျတာ
ဆောက်လုပ်ရေးရဲ့ ၊ လုပ်ငန်းခွင်မှာ…။
တွင်ခုံလျှပ်စစ်၊ ဂဟေဆော်ရာ
မျက်စီနီရောဂါ ဖြစ်တယ်ဗျာ…။
ပန်ရံဆရာတွေ အင်္ဂတေကိုင်
လက်တွေယားလို့  ကုတ်မနိုင်…။
လျှပ်စစ်ဆရာတွေ ဓါတ်လိုက်ကြ
အကြောင်းမလှတေှာ့ ဒုက္ခိတ…။
လုပ်ငန်းခွင်တိုင်း သတိထားပါ
ခေါင်းပေါ်ကျတဲ့ ထိုဒဏ်ရာ…။
စိုက်ပျိုးရေးနဲ့  မြက်ရိတ်စက်
ဒုက္ခိတတစ်ချက် ဒဏ်ရာတဖက်…။
အိမ်ရှင်တွေရဲ့  နှိပ်စက်ဒဏ်
အိမ်ဖော်တွေမှာ ခံရပြန်…။
လူ့ အလစ်မှာ သူစော်ကား
ကိုယ်ကာယပိုင်း အကြမ်းဖက်သမား…။
ဒါတွေ ဒါတွေကင်းဝေးအောင်
ဂုရုဆန်ရဲ့  ကဗျာလေးဆောင်…။
ချဲဂဏန်းလိုအပိုင်တွက်
၈ - ကွက်ထဲနဲ ဘေးကင်းအချက်…။
ဂုရုဆန်ရဲ့  လုံခြုံရေးကဗျာ
လုံခြုံရေး၊ ရမ်းတွေနဲ့  မဆိုင်ပါ…။
ရမ်းတွေဖတ်လို့  မျက်လုံးကျယ်
မီးကင်းစောင့်ရ သက်သာမယ်…။
ဒီနေ့ ကမ္ဘာ၊ မှတ်တမ်းမှာ
အိပ်ရေးအ၀ဆုံး လူသားဟာ
မီးကင်းသမားဖြစ်တယ်ဗျာ…။
ဒါတွေဖတ်လို့ အသိပွားရင်
ဂုရုဆန်က ပြုံးပျော်ရွှင်…။
ပြုံးပျော်ရွှင်တော့ ဘာဆက်ဖြစ်
ရွှေ့ ပြောင်းတွေကို ပိုလို့ ချစ်…။
ဆန်တာကလော့စ် (ခေတ္တ-အင်္ဂပူ)
မှတ်ချက်။ ။ ဘီအီး ၂၅၃၇(၁၉၉၄) အက်ဥပဒေဆိုသည်မှာ ထိုင်းဘုရင်ဘူမီဘော၏ ညွန်ကြားချက်အရ ထိုင်းအလုပ်သမားဝန် ကြီးဌာနမှ ၁၉၉၄-ခုနှစ်တွင်ပြဌာန်းခဲ့သော လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး အက်ဥပဒေ(၀ါ)လျော်ကြေးအက် ဥပဒေကိုရည်ညွှန်းပါသည်။
(13 Oct, 2008)
လုပ်ငန်းခွင်မှာ၊ ဘေးကင်းစွာ
မနေချင်ဘူးလားဗျာ…။
ရုပ်, စိတ်, လူနေမှု၊ ဤသုံးခု
ကျန်းမာယခု၊ နေ့ တိုင်းပြု…။
သင်ကိုယ်ခန္ခာ၊ အစဉ်ကျန်းမာ
ထိခိုက်, ဒဏ်ရာ၊ ဝေးစရာ…။
ပရိဘောဂနဲ့ ၊ သစ်စက်မှာ
ခြေလက်မျက်လုံး၊ ထိခိုက်တာ…။
ခေါင်းကိုက် ဗိုက်နာ၊ အများစုဟာ
စက်ရုံ အလုပ်ရုံထဲမှာပါ…။
တိုက်အမြင့်က ပြုတ်ကျတာ
ဆောက်လုပ်ရေးရဲ့ ၊ လုပ်ငန်းခွင်မှာ…။
တွင်ခုံလျှပ်စစ်၊ ဂဟေဆော်ရာ
မျက်စီနီရောဂါ ဖြစ်တယ်ဗျာ…။
ပန်ရံဆရာတွေ အင်္ဂတေကိုင်
လက်တွေယားလို့  ကုတ်မနိုင်…။
လျှပ်စစ်ဆရာတွေ ဓါတ်လိုက်ကြ
အကြောင်းမလှတေှာ့ ဒုက္ခိတ…။
လုပ်ငန်းခွင်တိုင်း သတိထားပါ
ခေါင်းပေါ်ကျတဲ့ ထိုဒဏ်ရာ…။
စိုက်ပျိုးရေးနဲ့  မြက်ရိတ်စက်
ဒုက္ခိတတစ်ချက် ဒဏ်ရာတဖက်…။
အိမ်ရှင်တွေရဲ့  နှိပ်စက်ဒဏ်
အိမ်ဖော်တွေမှာ ခံရပြန်…။
လူ့ အလစ်မှာ သူစော်ကား
ကိုယ်ကာယပိုင်း အကြမ်းဖက်သမား…။
ဒါတွေ ဒါတွေကင်းဝေးအောင်
ဂုရုဆန်ရဲ့  ကဗျာလေးဆောင်…။
ချဲဂဏန်းလိုအပိုင်တွက်
၈ - ကွက်ထဲနဲ ဘေးကင်းအချက်…။
ဂုရုဆန်ရဲ့  လုံခြုံရေးကဗျာ
လုံခြုံရေး၊ ရမ်းတွေနဲ့  မဆိုင်ပါ…။
ရမ်းတွေဖတ်လို့  မျက်လုံးကျယ်
မီးကင်းစောင့်ရ သက်သာမယ်…။
ဒီနေ့ ကမ္ဘာ၊ မှတ်တမ်းမှာ
အိပ်ရေးအ၀ဆုံး လူသားဟာ
မီးကင်းသမားဖြစ်တယ်ဗျာ…။
ဒါတွေဖတ်လို့ အသိပွားရင်
ဂုရုဆန်က ပြုံးပျော်ရွှင်…။
ပြုံးပျော်ရွှင်တော့ ဘာဆက်ဖြစ်
ရွှေ့ ပြောင်းတွေကို ပိုလို့ ချစ်…။
ဆန်တာကလော့စ် (ခေတ္တ-အင်္ဂပူ)
မှတ်ချက်။ ။ ဘီအီး ၂၅၃၇(၁၉၉၄) အက်ဥပဒေဆိုသည်မှာ ထိုင်းဘုရင်ဘူမီဘော၏ ညွန်ကြားချက်အရ ထိုင်းအလုပ်သမားဝန် ကြီးဌာနမှ ၁၉၉၄-ခုနှစ်တွင်ပြဌာန်းခဲ့သော လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး အက်ဥပဒေ(၀ါ)လျော်ကြေးအက် ဥပဒေကိုရည်ညွှန်းပါသည်။
No comments:
Post a Comment