ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label သတင်းဓါတ်ပုံ. Show all posts
Showing posts with label သတင်းဓါတ်ပုံ. Show all posts

Tuesday, April 21, 2009

21April,09///ဘင်္ဂလားဒေ့ရှ်နယ်စပ်မှဖလောင်းချိတ်ဒေသရခိုင်သင်္ကြန်ပွဲ


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ဖလောင်းချိတ်ဒေသမှအဝေးရောက်ရခိုင်တိုင်းရင်းသားညီအကိုမောင်နှမများမှ
ယမန်နေ့ ဧပြီလ၁၉ရက်နေ့ တွင်ရခိုင်သင်္ကြန်နောက်ဆုံးရက်အဖြစ်ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲခဲကြပုံများကိုတင်
ပြထားပါသည်။

သတင်းမှတ်တမ်း......နိုင်နိုင်(စစ်တွေ)

Rest of your post

Read More...

Sunday, March 1, 2009

1 March, 09…စစ်အစိုးရအား နိုင်ငံတကာခုံရုံတင်နိုင်ရန်နာဂစ်မုန်တိုင်းအစီအရင်ထုတ်ပြန်

(ဖေဖေါ်ဝါရီ ၂၈ရက် ၂၀၀၉)

နာဂစ်ဆိုင်ကလုန်ဒဏ်ခံရသည့် မြန်မာနိုင်ငံ မုန်တိုင်းဒုက္ခ သည်တွေ အပေါ် မြန်မာစစ်အစိုးရ ပြုမူခဲ့ခြင်းနှင့် ပတ်သက် ပြီး လူသားချင်းစာ နာထောက်ထားထောက်မှု ကင်းမဲ့ခြင်း လုပ်ရပ်တွေကို စာတမ်းပြု စုပြီးယမန်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့ နိုင်ငံခြားသတင်း ထောက် များ ကလပ်မှာထုတ်ပြန်ခဲ့သည်။ နာဂစ်အပြီး မြစ်ဝကျွန်း ပေါ်ကအ သံများ ဟုအမည်ပေးထားသော(After the storm: Voices from the Delta) စာမျက်နှာ ရ၈ မျက်နှာစာတမ်းကို ဂျွန်ဟော(ပ်)ကင်းတက္ကသိုလ် ပြည်သူ့ ကျမ္မာရေးဌာနနှင့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အရေးပေါ်ကူညီပေးရေးအဖွဲ့(မြန်မာနိုင်ငံ)တို့ ပူးပေါင်း ထုတ်ဝေ ခဲ့ခြင်းဖြစ်သည်။

အဆိုပါအစီရင်ခံစာတွင် သဘာဝဘေးအန္ဒရယ် ကိုပြည်သူများသိအောင် အသိမပေးခဲ့ခြင်း။ ပြည်တွင်း၊ ပြည်ပမှအလှူရှင်များပေးပို့လှူဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာအာဏာပိုင်အဆင့်ဆင့်တို့ အလွဲသုံးစားလုပ်ခြင်း။လယ်ယာမြေများအား သိမ်းယူခြင်းများနှင့်လူ့အခွင့်အရေးချိုးဖေါက်မှုများအပါအ၀င် ပြည်တွင်းမှာကယ်ဆယ်ရေး လုပ်နေကြသောစေတနာ့ဝန်ထမ်းများအားမတရားသဖြင့် ဖမ်းဆီးထောင်ချခြင်းများကို သက်သေထွက်ဆိုချက်အမြောက်အများတို့ဖြင့် ရေးသားဖေါ်ပြထားသည်။ ထိုင်း-မြန်မာနယ်စပ် အခြေစိုက်အရေးပေါ် ကူညီပေးရေးအဖွဲ့(မြန်မာနိုင်ငံ)မှဥက္ကဌ ဆရာမ ဒေါက်တာ-စင်သီယာမောင် က “နာဂစ်ကြောင့်ရယ်လို့ သီးခြားရောဂါတစ်မျိုးမျိုးနဲ့ နယ်စပ်ကိုရောက်လာတာမရှိပေမယ့် အထူးသဖြင့် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာစိုးရိမ်ထိပ်လန့်မှုတွေ၊ အထူးသဖြင့်မိဘတွေမရှိတော့ တဲ့ကလေးတွေရဲ့ ကျမ္မာရေး၊ပညာရေးအနာဂတ်အရေးတွေဟာအထူးစိုးရိမ်ရပါတယ်။ စီးပွားရေးလုပ်ငန်းတွေပြန်လည်ထူးထောင်ရေးဟာလည်း ခုထိ နာလန်မထူနိုင်သေးတော့ အတော့်ကိုစိုးရိမ် စရာကောင်းပါတယ်။ ပြီးတော့ စေတနာ့ဝန်ထမ်းတွေ မတရားသဖြင့် ဖမ်းဆီးထောင်ချလိုက်တာတွေဟာ အလွန်ရက်စက်တဲ့အပြုအမူတွေပါ။ ကျမတို့အခုထုတ်ပြန်တဲ့စာတမ်းဟာ နာဂစ်ဒုက္ခသယ်တွေကို တိုက်ရိုက်မေးမြန်းပြီးတိကျတဲ့ အချက်အလက်တွေကိုအခြေခံပြီးတော့ထုတ်ဝေတာဖြစ်ပါတယ်”ဟုပြောသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ဂျာမနီနိုင်ငံမှခေတ္တကြွရောက်လာသော ငြိမ်းချမ်းရေးလမ်း လျှောက် ကိုယ်တော်အရှင်သောပါကကနိုင်ငံခြားသတင်းထောက်များ ၏ အမေးကိုဖြေကြားတော်မူရာတွင်”ဥဇင်းနှစ်ချက်ထောက်ပြချင်ပါတယ်။ ပထမအချက်ကအာဆီယံကမှားယွင်းနေတဲ့အချက်၊ ပြည်တွင်းေ၇းကိုဝင်ရောက် မစွက်ဖက် ရဆိုတဲ့မူဟာမှားယွင်းတဲ့မူဖြစ်တယ်။ဥပမာ မိဘတွေက ကိုယ့်သားသမီးတွေကို သတ်ချင်သလိုသတ်မယ်ဆိုလို့ရှိရင်။ အစိုးရတရပ်က ကိုယ့်ပြည်သူတွေကို သတ်ချင်သလိုသတ်နေမယ်ဆိုလို့ရှိရင် ပြည်တွင်းေ၇းမဟုတ်တော့ဘူး။ လူသားများအားလုံး အရေးးဖြစ်လာပြီ။ Human affairs ဖြစ်လာပြီ၊ နာဂစ်ဒေသ ဒုက္ခသယ်တွေအရေးကို လူသားအားလုံးဝိုင်းဝန်းလုပ်ကြဖို့၊ နောက်တစ်ချက်က ကုလ၊အာဆီယံနဲ့မြန်မာ ပေါင်းထားတဲ့  အဖွဲ့ကပေါင်းပြီး အောင်မြင်တယ်လို့ရေးတဲ့ထုတ်ပြန်ကြေညာချက်ပေါ့၊ဥဇင်းတို့မြန်မာတွေဟာ နအဖ ပြောတာတွေကို အမြဲတန်းပြောင်းပြန်နားလည်းရတယ်လို့ Upside down လို့ပြောပြတယ်။ သူတို့ကအောင်မြင်တယ်ဆိုရင်၊မအောင်မြင်ဘူးပေါ့”ဟု မိန့်တော်မူသည်။
ဂျွန်ဟော(ပ်)ကင်းတက္ကသိုလ် ပြည်သူ့ကျမ္မာရေးဌာနညွှန်ကြားရေးမှု ဒေါက်တာ ခရစ်ဘေယာက” မြန်မာအာဏာပိုင်တွေဟာဒုက္ခသယ်တွေအတွက်ဘာမှအဆင်သင့်မဖြစ်လာသေးပဲ အတင်းအဓမ္ထ နေရာရွေးပြောင်းတာ၊ မောင်းထုတ်တာတွေဟာ အကြီးမားဆုံးလူ့အခွင့်အရေး ချိုးဖေါက်မှုတွေဖြစ်တယ်။ပိုဆိုးတဲ့အချက်တစ်ခုက နာဂစ်ဒုက္ခသည်တွေကို လုပ်အားပေးစေခိုင်းတာပဲဖြစ်တယ်”ဟု ပြောသည်။ အရေးပေါ်ကူညီပေးရေးအဖွဲ့ (မြန်မာနိုင်ငံ)အဖွဲ့မှ ဦးမန်မန်းက’’ နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ဒေသကလူ(၉၀) အပါအ၀င်စေတနာ့ ၀န်းထမ်းတွေကိုမေးမြန်းထားတာဖြစ်ပါတယ်’’ ပြောသည်။ မြစ်ဝကျွန်းပေါ်ဒေသကို၂၀၀၈ ခုနှစ်မေလတွင် တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀ ခန့်သေကြေခဲ့ရပြီး လူလေးသန်းဝန်းကျင်ခန့်အထိ ဒုက္ခရောက်ခဲ့ကြကြောင်းသိရှိရသည်။

ပေးပို့သူ… ဦးကျော်သောင်း(ဘန်ကောက်)

Read More...

1 March, 09… မဲဆောက်မြို့မှ ကျောင်းကြီးကျောင်း ဆရာတော်၏ ဈာပန…


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ချုံချွန်းဝပ်လွမ်ရပ်ရှိ ကျောင်းကြီးကျောင်း (၀ပ်လွမ်) ဆရာတော် ဦးဥတ္တမ (၇၇-နှစ်)သည် ပြီးခဲ့သော ၂၀၀၇-ခုနှစ် ဇွန်လတွင် ဘ၀နတ်ထံပျံလွန်တော်မူခဲ့သည်။ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနသည် ယခု ၂၀၀၉-ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာမှ ကျင်းပနိုင်သည်ကို ထူးခြားစွာတွေ့ရသည်။ ဆရာတော်သည်

ဆေးလိပ်ဘုဉ်းတော်မူရင်း ကျောင်းဆောင်ကို မီးစွဲလောင်သည့် ဝေဒနာဖြင့် ၂၀၀၇-ခုနှစ် ဇွန်လတွင် ပျံလွန်တော်မူ ခဲ့ရခြင်းဖြစ်သည်။ ဤဓါတ်ပုံများတွင် ၂၀၀၉-ခုနှစ် ဖေဖော်ဝါရီလ (၂၆-၂၇-၂၈)ရက်များ၌ ကျောင်းကြီးကျောင်းအတွင်း ကျင်းပသော ပျော်ပွဲ ရွှင်ပွဲများနှင့် နောက်ဆုံးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ အန္တိမအဂ္ဂိဈာပန ကျင်းပပုံများပါဝင်ပါသည်။
သတင်းမှတ်တမ်း…. မြန်မာပြည်သား

Read More...

Saturday, February 14, 2009

14Feb,09….ထိုင်း-မြန်မာနယ်စပ်မှဖဒိုမန်းရှာအောက်မေ့ပွဲ…..

ကရင်အမျိုးသားတို့ ၏တော်လှန်ရေးအတွက်သာမ ကလူမျိုးပေါင်းစုံပြည်သူလူထုကြီး၏ဒီမိုကရေစီတော်လှန် ရေးအတွက်အရေးပါသောသူရဲကောင်းတစ်ဦးဖြစ်သည့်ဖဒိုမန်းရှာသည်၂၀၀၈ခုနှစ်၊ဖေဖော်ဝါရီလ၁၄ရက်နေ

့တွင်မသမာသူလူ၂ဦီး၏လုပ်ကြံခြင်းကိုခံခဲ့ရသည်။ယခု(၁)နှစ်မြောက်အောက်မေ့ဘွယ်အခမ်းအနားကိုသူ့ အပေါ်လေးစားကြည်ညိုကြသူထိုင်း-မြန်မာနယ်စပ်မှရဲဘော်၊ရဲမေအပေါင်းကအမှတ်တရပြုလုပ်ကြသော
ဓာတ်ပုံများဖြစ်ပါသည်။

သတင်းမှတ်တမ်း….မြန်မာပြည်သား

Read More...

Thursday, February 12, 2009

12Feb,09.....ဗိုလ်ချုပ်မွေးနေ့ - တို့မမေ့....


မြန်မာပြည်၏အမျိုးသားခေါင်းဆောင်ကြီးနှင့်လွတ်လပ်ရေးဖခင်ကြီးဖြစ်သောဗိုလ်ချုပ်အောင်ဆန်း(ခ)

သခင်အောင်ဆန်း(ခ)ဦးအောင်ဆန်းသည်၁၉၁၅ခုနှစ်၊ဖေဖော်ဝါရီလ(၁၃)ရက်နေ့ တွင်အဖ-ရှေ့ နေ
ဦးဖာနှင့်အမိ-ဒေါ်စုတို့ မှမကွေးခရိုင်နတ်မောက်မြို့ ၌မွေးဖွားခဲ့ကြောင်းကလေးကအစလေးလေးစား
စားသိမှတ်ထားကြပေသည်။
ပေးပို့ သူ.............(G.W)

Read More...

Wednesday, February 11, 2009

11Feb,09...နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးမလေးရှားမှာဆန္ဒပြ..


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိမြန်မာအခွန်ရုံး(ခ)မြန်မာသံရုံးရှေ့ တွင်မလေးရှားရောက်
မြန်မာပြည်သားများစုပေါင်းပြီးဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအားလုံး

လွှတ်ပေးရေးအတွက်ယနေ့ ဆန္ဒပြကြခြင်းဖြစ်သည်။ဤဆန္ဒပြပွဲကိုအမျိုးသားဒီမိုကရေစီအဖွဲ့ 
ချုပ်_ လွတ်မြောက်နယ်မြေ(မလေးရှားဌာနခွဲ)ကဦးဆောင်စီစဉ်ခဲ့ခြင်းဖြစ်သည်။

ပေးပို့ သူ.....မင်းထက်နိုင်(မလေးရှား)

Read More...

Tuesday, February 10, 2009

10Feb,09…….၆၂နှစ်မြောက်မွန်အမျိုးသားနေ့ မြင်ကွင်းစုံ



ထိုင်း-မြန်မာနယ်စပ်တနေရာတွင်ယနေ့ ကျင်းပခဲ့ကြသော၆၂မြောက်မွန်အမျိုးသားနေ့ နှင့်ပတ်သက်၍ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းလာကြသည့်လှုပ်ရှားမှုမြင်ကွင်း

စုံကိုဓာတ်ပုံမှတ်တမ်းတင်ထားပါသည်။မွန်အမျိုးသားတို့ သည်သက္ကရာဇ်၁၃၀၈ခုနှစ်တပို့ တွဲလ
ပြည့်ကျော်(၁)ရက်နေ့ ရောက်သည့်အခါတိုင်း (သမလနှင့်ဝိမလ) ညီနောင်နှစ်ဦးမှ ဟံသာဝတီမွန် နေပြည်တော်ကြီးကိုစတည်ထောင်သောနေ့ ကိုအစွဲပြုကာ``မွန်အမျိုးသားနေ့ ´´အဖြစ်နှစ်စဥ
်ကျင်းပလာခြင်းဖြစ်ပါသည်။

သတင်းမှတ်တမ်း…….မြန်မာပြည်သား



Read More...

Friday, January 16, 2009

16Jan,09…ဘန်ကောက်မြို့ ကုန်တိုက်ကြီးတစ်ခုတွင် မြန်မာနှင့်လော အလုပ်သမားများအားဖမ်းဆီး


ဇန္န၀ါရီ ၁၆
ယမန်နေ့ နေ့လည်ပိုင်းက ဘန်ကောက်မြို့  ဘန်ခေ တမော ကုန်တိုက်ကြီတွင် လုံခြုံရေး အစောင့်အလုပ်သမားများအားထိုင်းအာဏာပိုင်များကအင်အားသုံး၍စီးနင်းဝင်ရောက်ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသော ၄၆ ဦးသည် မြန်မာနှင့်လော အလုပ်သမားများဖြစ်သည်။ (ယမ်း)ခေါ် အစောင့်လုံခြုံရေးအလုပ်သမားများအဖြစ်အချိန်အတော်ကြာကပင်လုပ်ကိုင်နေကြသောသူများဖြစ်သည်။
ကုန်တိုက်များ စက်ရုံများတွင် လုံခြုံရေးအစောင့်လုပ်ကိုင်နေသူများအားဖမ်းဆီးခြင်း မှာယခုအကြိမ်သည်ပထမဦးဆုံးဖြစ်ပြီးအရေအတွက်အများဆုံးဖြစ်သည်။
နယ်မြေခံရဲများက ဖမ်းဆီးရမိသောအလုပ်သမားများကို နိုင်ငံတွင်းတရားမ၀င်ဝင်ရောက်မှု၊
တရားမ၀င်အလုပ်လုပ်ကိုင်မှု တို့ဖြင့်တရားစွဲဆိုမည့်အပြင်၊တရားမ၀င် အလုပ်သမားများကို
ငှားရမ်းသော ကုမ္ပဏီ ကိုလည်းရဲဆင့်စာခေါ်မည်ဖြစ်ကြောင်းပြောသည်။

ကမ္ဘာ့စီးပွားရေးကျဆင်းမှု ကြောင့်ထိုင်းနိုင်ငံသို့နိုင်ငံခြား မှလာရောက် ရင်းနှီးမြှုပ်နှံသော
ကုမ္ပဏီ နှင့်၊စက်ရုံ အချို့ အား၂၀၀၈ နှစ်ကုန်ပိုင်းတွင် ပိတ်ခဲ့ရသဖြင့်၊ထိုင်းအလုပ်သမားအမြောက်
အများ အလုပ်လက်မဲ့ဖြစ်နေကြရသည်။
ထိုင်းနိုင်ငံတွင်လာရောက်အလုပ်လုပ်ကိုင်နေသောမြန်မာအလုပ်သမားများကို ထိုင်းပုလိပ်များ
ကဖမ်းဆီးငွေတောင်းသည်မှာ လုပ်ရိုးလုပ်စဉ်ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော်လည်း ကမ္ဘာ့စီးပွားရေးကျဆင်း မှုဂယက်ရိုက်ခတ်မှုနောက်ပိုင်း၊ထိုင်းနိုင်ငံအတွင်းတရားမ၀င် ၀င်ရောက်အလုပ်ကိုင် နေကြသော မြန်မာအပါအ၀င်နိုင်ငံခြားသားအလုပ်သမားများကို စီမံကိန်းချ၍ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီးလျှက်ရှိသည်။
မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းမျိုးစုံ အ၀ယ်ကိုယ်စားလှယ်လုပ် နေသော မြန်မာတစ်ဦးအပြောအရ
၂၀၀၉ ခုအစ ရက်ပိုင်းက ထိုင်းစက်ရုံ ၊ ၊အလုပ်ရုံများတွင်တရားမ၀င်လုပ်သမားများကိုထုတ်ပယ်ရန် နှင့်ထိုင်းလူမျိုးအလုပ်သမားများအားအလုပ်ခန့်ထားပေးရန် သက်ဆိုင်ရာမှတရားဝင် အကြောင်းကြား
စာများပို့ထားကြောင်းသိရသည်၊
ထိုင်းနှင့်မြန်မာ အစိုးရတို့၏ နှစ်နိုင်ငံအလုပ်သမားငှားရမ်းရေးသဘောတူညီချက် အားအကောင်အထည်ဖေါ်နေရာတွင်လည်း၊ထိုင်းနိုင်ငံနေရာအနှံ့အလုပ်လုပ်ကိုင်နေကြသောမြန်မာ
အလုပ်သမားများမှာ နယ်စပ်ကိုဆင်း၍တရားဝင်ပတ်စပို့လုပ်ကိုင်ရေးကိစ္စမှာလည်း အလုပ်သမားများ
အနေဖြင့် အထူးခက်ခဲလျှက်ရှိကြောင်းသိရသည်။
ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေကြသောမြန်မာအလုပ်သမားများမှာ အလုပ်လုပ်ရရင်ပြီးရော့သဘော
ဖြင့် အမည်နှင့်အသက်မှာပေးချင်သလိုပေးထားကြသူများဖြစ်သည်။
အချို့မှာဝန်ထမ်းမိသားစုဖြစ်၍လည်းကောင်း၊အချို့ မှာနိုင်ငံရေးနှင့်ပတ်သက်နေ၍လည်းကောင်းအချို့ 
မှာမိမိနေရပ်၌ ပင် မှတ်ပုံတင်ထားခြင်း မရှိကြချေ။ နယ်စပ်သို့သွားလျှင်ထိုင်းပုလိပ်ဖမ်းဆီး
၍နယ်စပ်ရှိလူကုန်ကူးသူများလက်သို့ပို့ဆောင်ပေးမည့်အန္ဒရာယ်အပါအ၀င် ပတ်စပို့လုပ်ကိုင်နေစဉ်စားသောက်နေထိုင်ရေးနှင့်အခြားစရိတ်စကအခက်အခဲ ပေါင်းများစွာရင်ဆိုင်ရမည်ဖြစ်သဖြင့် အလုပ်သမားများစိတ်သောကရောက်လျှက်ရှိကြသည်။

ပေးပို့ သူ...ဦးကျော်သောင်း(ဘန်ကောက်)

Read More...

Monday, December 1, 2008

1 Dec, 2008... မဲဆောက်မြို့ ကမ္ဘာ့ အိ(စ်)တိုက်ဖျက်ရေးနေ့ လူထုချီတက်ပွဲ...


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့နံနက်ပိုင်းက မဲဆောက်မြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ မယ်တော်ဆေးခန်းအထိ ဒေသတွင်းရှိ လူထု(၈၀၀)ခန့် ချီတက်ခဲ့ကြသည်ကို တွေ့ရသည်။

ဝေါဗွီးရှင်း၊ မယ်တော်ဆေးခန်း၊ မက်ပ်ဖောင်ဒေးရှင်းတို့မှ ဦးစီးကျင်းပသော အဆိုပါ လူထုလမ်းလျှောက်ချီတက်ပွဲတွင် မက်ပ်ဖောင်ဒေးရှင်းနှင့် မိမိတို့ မြန်မာပြည်သားအဖွဲ့(ခေါ်) မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)သည်လည်း ယခုလိုချီတက်ပွဲကျင်းပရာ ၅-နှစ်လုံးလုံးအစဉ်လာမပျက်ပဲ ဒေသတွင်းရှိရွှေ့ပြောင်းအလုပ်သမားများစစ်ကြောင်းအနေဖြင့် ပူးတွဲချီတက်ခဲ့ပါသည်။ (၁) မဲဆောက်ဆေးရုံကြီးတွင်စုရုံနေကြပုံ (၂) မဲဆောက်ဆေးရုံကြီးမှ စတင်ချီတက်လာကြပုံ၊ (၃) လမ်းတလျှောက်ချီတက်ကြရာမြင်ကွင်းဓါတ်ပုံများ၊ (၄) မယ်တော်ဆေးခန်းသို့ဝင်လာကြပုံ၊ (၅) မယ်တော်ဆေးခန်းအတွင်း အခန်းအနားကျင်းပရာမြင်ကွင်းအစုံစုံတို့ကို ဤသို့ ဤပုံရှုစားကြရအောင်လား မိတ်ဆွေ............။

Read More...

Wednesday, November 26, 2008

ပေါက်ပါစေလို့ ရင်ခုန်ကြရသော ကံစမ်းမဲဖွင့်ပွဲ........


၁၀ ဘတ်ပေးပြီး ကံစမ်းကြသော မဲပိုင်ရှင်တို့မှ ရင်သိမ့်တုန်-ရင်ခုန်နေကြရသော .... ဆိုင်ကယ်, ကွန်ပျူတာ, တီဗွီ, ဒီဗွီဒီ, လက်ကိုင်ဖုန်း စသည့် ဆုမဲကြီး ၅ခုနှင့် နှစ်သိမ့်ဆုများ...စုစုပေါင်းပေါက်မဲ ၁၀၀ ကျော်....။ မဲဆောက်မြို့ မယ်တော် ဘုန်းကြီးကျောင်းဝန်းအတွင်း ကျင်းပသော STTC-ကျောင်း ရံပုံငွေ ကံစမ်းမဲအား ယမန်နေ့ညနေက ပေါက်မဲဖွင့်ပွဲမှ မြင်ကွင်းကို ဤသို့တွေ့ရစဉ်..............။

Rest of your post

Read More...

ရုံဝင်ခ ၂၀ဘတ်နှင့် အလုပ်မအားသဖြင့် ကြည့်သူနည်းပါးသော မဲဆောက်ည မိုးကောင်းကင် ပုံရိပ်များ....

26 Nov, 2008....


မိုးကောင်းကင်ဇာတ်(သထုံဇာတ်) ဒါရိုက်တာ မောင်ငြိမ်းချမ်းနှင့် မြန်မာပြည်သားအဖွဲ့ ရင်းရင်းနှီးနှီး မှတ်တမ်းများ၊ ရုံဝင်ခ ၂၀ဘတ် တောင်းခြင်းကြောင့်လော...? အလုပ်မအားရွေ့လော...? ခါတိုင်းနှစ်တွေလို ကြိတ်ကြိတ်တိုး စည်ကားမနေပဲ ကြက်ဝိုင်းသာသာ လူလာကြသည့် မဲဆောက်မြို့၏ ၀ပ်ဒုံချိုင်း ဘုန်းကြီးကျောင်းအလှူပွဲနှင့် မြန်မာဇာတ်ပွဲ ပုံရိပ်များကိုတွေ့ရစဉ်....25 Nov, 2008 Night


Rest of your post

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)