(ဇွန်လ ၂၇ ရက် ၂၀၀၉) ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့  နှစ်နေရာတွင် ရွှေ့ ပြောင်းအလုပ်သမား များအ တွက် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး သင်တန်းကို ယနေ့ ဆွေးနွေး ပို့ ချကြောင်း သတင်း ရရှိ သည်။ ထိုင်းရှေ့ နေများကောင်စီ လူ့ အခွင့်အရေးမြှင့်တင်မှုဖောင်ဒေးရှင်း (HRDF) မှ မဲဆောက် ၊ ဖုတ်ဖရား၊ ချင်းမိုင်၊ ဖန်င၊ ဘန်ကောက် ၊ မဟာချိုင် စသည့် ဒေသများမှ မြန်မာရွှေ့ ပြောင်းအလုပ်သမားအကျိုးဆောင်များ အားလည်းကောင်း ၊ တိုင်းရင်း သားအလုပ်သမား ကျန်းမာရေးနှင့် ပညာရေး အစီအစဉ် (MAP)ဧ။် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး နှစ်သိမ့်
ဆွေးနွေးရေး ဌာန (POSH ) မှ မဲဆောက် ဒေသတွင်းရှိ လုပ်ငန်းခွင် ပေါင်းစုံမှ အလုပ်သမားအချို့ အားလည်း ကောင်း၊ ဆွေးနွေး ပညာပေးခြင်းဖြစ်ကြောင်းသိရသည်။
(ဇွန်လ ၂၆ရက် ၂၀၀၉) ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဘန့်ဆောင်ခွဲရပ်ကွက်ရှိ ရန်ချိန်းသိုးမွှေးစက်ရုံသစ်မှ မြန်မာအလုပ်သမား ၁၃-ဦးတို့အား အလုပ်ရှင်မှ အကြောင်းပြချက်မရှိပဲ အလုပ်ဖြုတ်ပစ်လိုက်ကြောင်း၊ ယင်းတို့ ရစရာရှိသောလုပ်အားခငွေကိုမူ တပါတည်းပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။
(ဇွန်လ ၂၅ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံတွင် အင်ဒိုနီးရှား အလုပ်သမားပေါင်း ၃၀၀၀၀-ကျော်တို့ အတွက် အလုပ်သမားအခွင့်အရေးနှင့် အကာအကွယ်ကို ရရှိရန် နှစ်နိုင်ငံဆွေးနွေးနေကြောင်း သတင်းရရှိသည်။ (BBC)
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် ထဆောင်ယန်းမြို့နယ် ဧရိယာရှိ နအဖနှင့် ဒီကေဘီအေပူးပေါင်းတပ်ဖွဲ့မှ မ သိမ်း ပိုက်ရသေးသော တပ်ရင်း (၂၄)စခန်းအား အဆိုပါပူးပေါင်းတပ်ဖွဲ့တို့က ၀ိုင်းထားကြကြောင်း သတင်း ရရှိ သည်။ (BBC)
(ဇွန်လ ၂၄ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ရှမ်းပြည်တောင်ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ “၀” တပ်ဖွဲ့များ၏ နယ်မြေ အတွင်းသို့ နအဖစစ်အစိုးရ၏ တပ်ဖွဲ့များ ဖြန့်ကျက်ချထားလျက်ရှိကြောင်း၊ “၀” တပ်ဖွဲ့ (UWSA) မှလည်း စစ်ရေး အရပြင်ဆင်မှုများရှိနေကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံတွင် ပြီးခဲ့သော ဇွန်လ ၁၉ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ၆၄-နှစ်မြောက် မွေးနေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြခြင်းကြောင့် အဖမ်းခံရသည့် မြန်မာပြည်သား ၁၄-ဦးကိစ္စကို အမြန်ဆုံး လွှတ်ပေးရန် မလေးရှားနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့များက အစိုးရကို တောင်းဆိုလိုက်သည်။ (RFA)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ် ထဆောင်ယန်းမြို့နယ် ဧရိယာအတွင်းရှိ ကေအဲန်ယူတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခြင်း၊ မြေမြုပ်မိုင်းများဖြင့်တိုက်ခိုက်မှုများရှိနေကြောင်း ထိုင်းနယ်ခြားတပ်ဖွဲ့က ပြောဆိုသည်။ (BBC)
(ဇွန်လ ၂၃ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံ ရထားလုပ်ငန်းမှ အလုပ်သမားများ ဒုတိယနေ့အဖြစ် ဆက်လက် ဆန္ဒပြနေခြင်းကြောင့် ရထားစီးခရီးသည် ၂-သိန်းခန့် ခရီးမဆက်နိုင်ဖြစ်နေကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံတို့အငြင်းပွားလျက်ရှိသော ဘုရားကျောင်းကိစ္စကို ဖြေရှင်းရန် ထိုင်းဒုတိယ၀န်ကြီးချုပ်သည် ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်သွားရောက်ကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံ တောင်ပိုင်း နာရာသီဝပ်ခရိုင်အတွင်းရှိ ဗုဒ္ဓဘာသာဘုန်ကြီးကျောင်းတစ်ကျောင်းအား လက်နက်ကိုင်အကြမ်းဖက်သားများက ၀င်ရောက်ပစ်ခတ်သဖြင့် လူ ၇-ဦးသေဆုံးသွားကြောင်း သတင်း ရ ရှိ သည်။ (RFA)
ဖြစ်ရပ်-၄။ ။ မလေးရှားနိုင်ငံတွင် နောက်ထပ် ၀က်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀-ဦးကိုတွေ့ရှိရခြင်းကြောင့် ကျောင်းတစ်ကျောင်းကို ပိတ်လိုက်ရကြောင်း၊ ယခုလိုကျောင်းပိတ်ရခြင်းသည် သုံးကျောင်းရှိသွားပြီဖြစ်ကြောင်း သိရသည်။ (RFA)
(ဇွန်လ ၂၂ရက် ၂၀၀၉) နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များသည် ယနေ့အဖို့ တိုက်ခိုက်မှုများမရှိ သော် လည်း ကေအဲန်ယူက စွန့်ခွာသွားသော စခန်းများကိုပြန်လည် ပစ်ခတ်တိုက်ခိုက်လာခြင်းကြောင့် ဒီကေဘီအေ များ အထိနာလျက်ရှိကြောင်း သတင်းရရှိသည်။ (BBC)
(ဇွန်လ ၂၁ရက် ၂၀၀၉) နအဖနှင့် ဒီကေဘီအေပူးပေါင်းတပ်ဖွဲ့များသည် ကေအဲန်ယူ၏ တပ်မဟာ (၇)စစ်နယ်မြေ ရှိတပ်စခန်းအချို့ကို သိမ်းပိုက်လိုက်ကြောင်း၊ သို့သော် ယခုစခန်းအချို့ကျဆုံးမှုသည် ယာယီသာဖြစ်ပြီး မိမိတို့၏ တပ်ဖွဲ့များသည် ထိုစခန်းများအနီးတွင် အချိန်မရွေးပြန်တိုက်ရန် အဆင်သင့်ရှိနေကြကြောင်း ကေအဲန် ယူ ဒုတိယဥက္ကဌ ပဒိုစောဒေးဗစ်သာကပေါက ပြောဆိုသည်။ (BBC)
(ဇွန်လ ၁၉ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်တက္ကသိုလ်တွင် နိုင်ငံတကာ သံတမန်များအပါအ၀င် လူ ၁၀၀-ကျော်က “မြန်မာနိုင်ငံပြဿနာ ဘာလုပ်နိုင်မလဲ” ဟူသော ခေါင်းစဉ်ဖြင့် မြန် မာ့ အရေးကို ယနေ့ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (ဧရာဝတီ)
ဖြစ်ရပ်-၂။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ၆၄-နှစ်မြောက် မွေးနေ့(၀ါ) မြန်မာ့အမျိုးသမီးများနေ့ကို ထိုင်း-မြန်မာ နယ် စပ် မဲဆောက်၊ ဖုတ်ဖရား၊ အုန်းဖန်နှင့် ထဆောင်ယန်းမြို့နယ်များသို့ ရောက်ရှိနေကြသော မြန်မာ့ဒီမိုက ရေစီရေးတက်ကြွလှုပ်ရှားသူများ၊ ဒုက္ခသည်များနှင့် မြန်မာအလုပ်သမားများကလည်းကောင်း၊ ဘန်ကောက်၊ ချင်းမိုင်၊ ဖန်င၊ မဟာချိုင်၊ မယ်ဟောင်ဆောင်၊ စံခလဘူရီစသည့် အခြား ထိုင်းနိုင်ငံဒေသများတွင်လည်းကောင်း၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ဒေသနှင့် ပီနန်ကျွန်းဘက်တွင် လည်းကောင်း အဝေးရောက်မြန်မာ ပြည်သား များက စုပေါင်းကျင်းပကြကြောင်း သတင်းရရှိသည်။
Showing posts with label သတင်း.တို.။. Show all posts
Showing posts with label သတင်း.တို.။. Show all posts
Saturday, June 27, 2009
ဇွန်လအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ
Labels:
သတင်း.တို.။
Thursday, June 18, 2009
ဇွန်လအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ…
(ဇွန်လ ၁၈ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ဂျာမနီနိုင်ငံမှ Durgas တေးဂီတအဖွဲ့ သည် ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံရေးအကျဉ်းသားများကိုဂုဏ်ပြုသောအားဖြင့် ထိုင်း- မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသား
များကူညီစောင့်ရှောက်ရေးအသင်း မြန်မာ နိုင်ငံ (AAPP-B)အဖွဲ့ တည်နေရာတွင် ယနေ့ညပိုင်း၌ ဂုဏ်ပြုတေး
များဖြင့် ဖျော်ဖြေကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဂုဏ်ပြုတေးများ ဖျော်ဖြေရာတွင်Durgas တေးဂီတအဖွဲ့ မှ Face the Sun (နေမင်း ကိုမျက်နှာမူ ကြ )၊Burma( မြန်မာပြည်အတွက် )ဟူသောတေးသီ
ချင်းများဖြင့် လည်းကောင်း ၊ ထိုင်း နိုင်ငံရောက် နိုင်ငံရေးအကျဉ်းသားဟောင်းအချို့ က ``လှောင်ချိုင့်ထဲက
တေး ´´ ``ဒေါ်အောင်ဆန်းစုကြည် ´´စသည့်တေးသီချင်းများဖြင့်လည်းကောင်း ၊ တင်ဆက်သွားရန်အစီအ
စဉ်ရှိကြောင်း (AAPP-B)အဖွဲ့  တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က မြန်မာပြည်သားသို့ ပြောပြသည်။
နိုင်ငံရေးအကျဉ်းသားများကိုဂုဏ်ပြုသောအားဖြင့် ထိုင်း- မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသား
များကူညီစောင့်ရှောက်ရေးအသင်း မြန်မာ နိုင်ငံ (AAPP-B)အဖွဲ့ တည်နေရာတွင် ယနေ့ညပိုင်း၌ ဂုဏ်ပြုတေး
များဖြင့် ဖျော်ဖြေကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဂုဏ်ပြုတေးများ ဖျော်ဖြေရာတွင်Durgas တေးဂီတအဖွဲ့ မှ Face the Sun (နေမင်း ကိုမျက်နှာမူ ကြ )၊Burma( မြန်မာပြည်အတွက် )ဟူသောတေးသီ
ချင်းများဖြင့် လည်းကောင်း ၊ ထိုင်း နိုင်ငံရောက် နိုင်ငံရေးအကျဉ်းသားဟောင်းအချို့ က ``လှောင်ချိုင့်ထဲက
တေး ´´ ``ဒေါ်အောင်ဆန်းစုကြည် ´´စသည့်တေးသီချင်းများဖြင့်လည်းကောင်း ၊ တင်ဆက်သွားရန်အစီအ
စဉ်ရှိကြောင်း (AAPP-B)အဖွဲ့  တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က မြန်မာပြည်သားသို့ ပြောပြသည်။
ဖြစ်ရပ်-၂။ ။ကလေးစိတ်ပညာဆိုင်ရာ ၃-ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲတခုကို ကလေးအခွင့် အရေး ကာကွယ်စောင့်ရှောက်မှုကော်မတီ(CPPCR)မှ ကြီးမှူးပြီး WE မှ သင်တန်းနည်းပြအဖြစ် တာဝန် ယူလျက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့နောက်ဆုံးရက်အဖြစ် ကျင်းပနေကြောင်း သတင်းရရှိ သည်။ သင်တန်းတွင် သင်တန်းသား ၁၅-ဦးတက်ရောက်ပြီး ကလေးများနှင့် ပတ်သက်သော စိတ်ပညာ၊ စိတ်ခံစားမှု၊ ကလေးအခွင့်အရေးကာကွယ်ရေးဆိုင်ရာအခြေအနေများ၊ အနာဂတ်ကလေးများ ဖွံ့ဖြိုးရေး စသည်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်းသိရသည်။
(ဇွန်လ ၁၇ရက် ၂၀၀၉) နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များသည် ကေအဲန်ယူဥက္ကဌဟောင်း ဗိုလ် ချုပ်မြအုတ်ဂူရှိရာစခန်းကို ယနေ့မွန်းလယ်ပိုင်းကစပြီး တိုက်ခိုက်ကြောင်း၊ ခန့်မှန်းခြေအင်အား ၂၀၀-ကျော် တို့သည် ကေအဲန်ယူတပ်မဟာ (၇)လက်အောက်ခံ တပ်ရင်း ၂၀၂-စခန်း(ခေါ်) မူအေးပူစခန်းကိုစပြီး တိုက် ခိုက်နေခြင်းဖြစ်သည်။ (ဒီဗွီဘီ)
(ဇွန်လ ၁၆ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရားမြို့နယ်တွင်းရှိ မြန်မာစိုက်ပျိုးရေးလုပ်သားများ၏ ခြံဝန်းများကို ထိုင်းလ၀ကနှင့် နယ်ခြားစောင့်တပ်ဖွဲ့မှ ပိုက်စိတ်တိုက်လိုက်လံဖမ်းဆီးလျက်ရှိရာ ယမန်နေ့က ၃၅-ကီလိုမီတာကျေးရွာ၊ ဘန့်ဆောင်ကျေးရွာ၊ ဘန့်ဟတ်ကျေးရွာ၊ ၄၄-ကီလိုမီတာကျေးရွာများမှ မြန်မာအလုပ်သမားများကို ဖမ်းဆီးခဲ့ကြောင်း၊ ခန့်မှန်းခြေလူ ၃၀၀-ခန့် အဖမ်းခံကြရကြောင်း မျက်မြင်တွေ့ရှိသူများက မြန်မာပြည်သားသို့ ပြောပြသည်။
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် စံခရဘူရီခရိုင်မှ ဘန်တောင်ယန်ကရင် ဒုက္ခသည်စခန်းတွင် ၀မ်းရောဂါကူးစက်ပြန့်ပွားခဲ့သဖြင့် လူ ၄-ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဘန်တောင်ယန်ဒုက္ခသည်စခန်းသည် စံခရဘူရီမြို့မှ ၃၁-ကီလိုမီတာအကွာအဝေးတွင် တည်ရှိပြီး ဒုက္ခသည်ပေါင်း ၄၃၀၀၀-ကျော်ရှိသည်။ (ခေတ်ပြိုင်)
ဖြစ်ရပ်-၃။ ။ အိမ်နီးချင်းနိုင်ငံများသို့ သန်းနှင့်ချီပြီးရောက်ရှိနေသော မြန်မာပြည်သားများ၏ လူမှုစောင့်ရှောက်ရေးအခွင့်အရေးများကို နိုင်ငံတကာအာရုံစိုက်မှုရရှိနိုင်ရန် ရည်ရွယ်လျက် ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က မတော်မတရားပြုခြင်း၊ ဆင်းရဲခြင်းနှင့် ရွှေ့ပြောင်းခြင်းဆိုင်ရာ အစီရင်ခံစာတစောင်ကို ယနေ့ စတင်ဖြန့်ဝေသည်။ (ခေတ်ပြိုင်)
ဖြစ်ရပ်-၄။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ပတာနီခရိုင်တွင် ရဲနှစ်ဦး ယာလာခရိုင်တွင် ကျောင်းဆရာမ ၁ဦးတို့သည် အကြမ်းဖက်စစ်သွေးကြွများ၏ လက်ချက်ဖြင့်သေဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သော ၂၀၀၄-ခုနှစ်ကစပြီး ထိုင်းတောင်ပိုင်းမှာ သေဆုံးခဲ့ရသူ ကျောင်းဆရာ (၁၁၇)ဦးရှိပြီဖြစ်ကြောင်း သိရသည်။ (VOA)
(ဇွန်လ ၁၅ရက် ၂၀၀၉) နအဖနှင့် ဒီကေဘီအေ၏ ပူးပေါင်းထိုးစစ်များကြောင့် ကရင်ရွာသားများ ထိုင်းနိုင်ငံဘက်ထွက်ပြေးနေရသဖြင့် ထိုးစစ်ချက်ချင်းရပ်ရန် ယခုလ (၁၁)ရက်တွင် ဥရောပသမဂ္ဂ(အီးယူ)၏ တောင်းဆိုမှုကို မြန်မာစစ်အာဏာရှင်အုပ်စုက ပယ်ချလိုက်ခြင်းနှင့် ပတ်သက်ပြီး နအဖ၏ ပြောဆိုချက်များသည် လိမ်လည်ပြောဆိုမှုများသာဖြစ်ကြောင်း ကေအဲန်ယူက ပြောဆိုသည်။ (ခေတ်ပြိုင်)
(ဇွန်လ ၁၄ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံ ဂျိုဟိုးဒေသအတွင်းရှိ မြန်မာအလုပ်သမား ၁၀၀၀-ခန့် လုပ်ကိုင်နေသော လုပ်ငန်းခွင်တွင် လုပ်အားခငွေများလျော့ချပေးသည့်အတွက် မြန်မာအလုပ်သမားများက ဆန္ဒပြနေကြကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ နှစ်စဉ်စိုက်ပျိုးရေး ရာသီရောက်ရှိတိုင်း အင်ဒိုနီးရှားနိုင်ငံမှ လယ်သမားများသည် မိမိတို့ စိုက်ခင်းများကို မီးရှို့ကြသည့်အတွက် မီးလောင်မှုများဖြစ်ပေါ်မှုအပေါ်တွင် မိမိတို့အနေဖြင့် ကူညီဆောင်ရွက်ရန် အသင့်ရှိပါကြောင်း မလေးရှားဝန်ကြီးချုပ် အဗ္ဗဒူလာနာဂျစ်က ပြောဆိုလိုက်သည်။ (RFA)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ် ထဆောင်ယန်းမြို့နယ်အတွင်း အခြေစိုက်ထားသော ကေအဲန်ယူတပ်ရင်း (၂၁)အား နအဖနှင့် ဒီကေဘီအေပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်ကြောင်း ဒီကေဘီအေဗိုလ်မှူး တဦးကျဆုံးသွားပြီး ကေအဲန်ယူမှ အကျအဆုံးမရှိဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။ (BBC)
(ဇွန်လ ၁၃ရက် ၂၀၀၉) ထိုင်း-မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသော တိုက်ပွဲအတွင်းမှ ထွက်ပြေးလာသည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသား အစည်းအရုံး(DKBA) မှ တပ်သားတစ်ဦးကို ဇွန်လ ၁၂ရက်နေ့မှာ ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။ အသက် ၂၀ ၀န်းကျင်အရွယ်ရှိ စောကျူးကျူးသည် (KNLA) ကိုထိုးစစ်ဆင်တိုက်ခိုက်နေသော DKBA တပ်မဟာ ၅၅၅-မှ တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ထိုင်းနိုင်ငံတာ့ခ်ခရိုင် ထဆောင်ယန်းမြို့နယ်ရှိ မဲထရီကျေးရွာသို့ ထွက်ပြေးလွတ်မြောက်လာရာမှ ထိုင်းကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးမှုကို ခံရခြင်းဖြစ်သည်။
(ဇွန်လ ၁၂ရက် ၂၀၀၉) ကလေးအလုပ်သမား ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနှင့် မြန်မာရွှေ့ ပြောင်း စာသင်ကျောင်းများရှိ ကလေးငယ်များ၏ စုပေါင်းလမ်းလျှောက်ပွဲနှင့် အထိမ်းအမှတ်ဆိုင်ရာ လှုပ်ရှား မှုများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ကျင်းပကြကြောင်း သတင်းရရှိသည်။
(ဇွန်လ ၁၁ရက် ၂၀၀၉) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာအခွန်ရုံး(ခေါ်) မြန်မာသံရုံးရှေ့တွင် မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၃၀-ခန့်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ၆-ကြိမ်မြောက် လှုပ်ရှားမှုတခုကို ယနေ့ပြုလုပ်ကြကြောင်း သတင်းရရှိသည်။ (RFA)
(ဇွန်လ ၁၀ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ယခုလဆန်း (၂) ရက်နေ့က စတင်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသ တိုက်ပွဲများကြောင့် ထိုင်းဘက်သို့ထွက်ပြေးတိမ်းရှောင်လာသည့် ကရင် စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်ကို ထိုင်းအာဏာပိုင်များက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်ခံမည်မဟုတ်ဘဲ နယ်မြေအေး ချမ်းသွားပါက ၎င်းတို့ကို နေရပ်ပြန်ပို့မည်ဟု ပြောသည်။ (ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ ။ ခနော်နီခနော်နဲ့ လှေငယ်ဖြင့် မလေးရှားမှ အင်ဒိုနီးရှားသို့ ပြည်တော်ပြန်ရန် ကြိုးစားကြသော မလေးရှားတွင် တရားမ၀င်နေထိုင်ခဲ့ကြသော အင်ဒိုနီးရှား လူမျိုး ၇၀-ဦးတို့ကို မလေးရှားကမ်းခြေစောင့် တပ်ဖွဲ့က ပင်လယ်တွင်းမှ ကယ်တင်လိုက်ရကြောင်း ယနေ့ထုတ် အင်တာနက်သတင်းတပုဒ်မှာ ဖော်ပြသည်။
(ဇွန်လ ၈ရက် ၂၀၀၉)သြစတြေးလျနိုင်ငံမှ မျက်စိအထူးကုပါရဂူများ ပါဝင်သောအဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်တော်ဆေးခန်းတွင် ရွှေ့ပြောင်းအလုပ်သမားများနှင့် အဝေးရောက်မြန်မာပြည်သားများအား
မျက် စိခွဲစိတ်ကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။
(ဇွန်လ ၇ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ (ထိုင်း-မြန်မာ)ချစ်ကြည်ရေးတံတားထိပ်တွင် မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် မြန်မာအလုပ်သမားအချို့ပါဝင်သော ပူးပေါင်းအင်အား (၇၀)ခန့်က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ယနေ့ နေ့လယ်ပိုင်းမှာ ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။
ဖြစ်ရပ်-၂။ ။ မြန်မာပြည်မှ နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရသော ကလေးများ၏ ပညာရေးအတွက် သီးလေးသီးနှင့် ဆေးရောင်စုံအငြိမ့်အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖျော်ဖြေပွဲတခု ယနေ့ကျင်းပကြကြောင်း သတင်းရရှိသည်။
(ဇွန်လ ၆ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ စစ်အစိုးရနှင့် DKBAတပ်ဖွဲ့များက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အပေါ် လတ်တလော ထိုးစစ်ဆင်နေမှုကြောင့် စစ်ဘေးဒုက္ခသည် ၄၀၀၀ ခန့် ထိုင်း-မြန်မာနယ်စပ်သို့ ပိုမို ရောက်ရှိလာနေသည်ဟု ကရင်အမျိးသား အစည်းအရုံးက ပြောဆိုလိုက်သည်။ (မဇ်ၥိမ)
ဖြစ်ရပ်-၂။ ။ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏ ၁၀-နှစ်တာ ဖြတ်သန်းခြင်းအမှတ်တရ အခမ်းအနားတခုကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ အဆိုပါ အဖွဲ့၏ ရုံးတည်နေရာတွင် ယနေ့ညပိုင်းက ကျင်းပကြောင်း သတင်းရရှိသည်။
(ဇွန်လ ၅ရက် ၂၀၀၉) ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ ပီဘီလေကြောင်းလိုင်း စတင်ပြေးဆွဲမှုကို ယနေ့စတင်လိုက်ကြောင်း၊ ရက်သတ္တတပတ်လျှင် တနင်္လာ၊ ဗုဒ္ဒဟူး၊ သောကြာနေ့ သုံးရက်တွင် ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ ခရီးသည်တစ်ဦးလျှင် လေယာဉ်စီးခ ဘတ်(၂၉၀၀) ဖြစ်ကြောင်း သတင်းရရှိသည်။ (ခေတ်ပြိုင်)
(ဇွန်လ ၄ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရားမြို့နယ် ၄၄-ကီလိုမီတာကျေးရွာ ဦးပေစိဝန်းနှင့် အခြားဝန်းများအား ထိုင်း အာဏာပိုင်များမှယနေ့နံနက်စောစောပိုင်းက၀င်ရောက်ဖမ်းဆီးခဲ့ရာ လက်မှတ်မဲ့ မြန်မာအလုပ်သမား ၃၀၀ခန့် အဖမ်း ခံခဲ့ရကြောင်း သတင်းရရှိသည်။ အဆိုပါ ဖမ်းဆီးမှုကို ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့မှအင်အား ၁၀၀- ခန့်ဖြင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားအရွယ်နှင့် လူမမယ်ကလေးငယ် ၁၂၀-ခန့်လည်း ဖမ်းဆီးရာ တွင် ပါဝင်သွားကြောင်း၊ အိမ်မီးရှို့ခြင်း၊ အ၀တ်အထည်များမီးရှို့ခြင်းတို့ကိုလည်း အဆိုပါ စစ်တပ်မှ ဆောင်ရွက်သွားကြောင်း မျက်မြင်အချို့က မြန်မာပြည်သားသို့ ပြောပြသည်။ ပြီးခဲ့သည့် မတ်လ ၂၈ရက်နေ့ကလည်း နယ်ခြားစောင့်တပ်သည် အဆိုပါနေရာအနီး ကျွန်းတောရပ်ကွက်မှ မြန်မာအလုပ်သမား ၁၀၀-ခန့်၏ ဒို့မိတ်ဆွေမူလတန်းကျောင်းအား ဖျက်ဆီးခြင်းကို ပြုလုပ်ခဲ့သေးသည်။
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံကွာလာလန်ပူမြို့ တော်ရှိမြန်မာအခွန်ရုံး(ခ)မြန်မာသံရုံးရှေ့တွင်မြန်မာ့ဒီမိုကရေစီ
ရေးတက်ကြွလှုပ်ရှားသူ၇၀ဦးခန့်ကအနီရောင်တီရှပ်များကိုဝတ်ဆင်ကာယနေ့ဆန္ဒပြခဲ့ကြောင်းသတင်း
ရရှိသည်။ အဆိုပါအနီရောင်တီရှပ်တွင် ``မတရားတဲ့အမိန့်အာဏာမှန်သမျှ၊ တာဝန် အရဖိဆန်ကြ´´
ဟုရေးထိုးထားပြီးမတရားအမှုဆင်ဖမ်းဆီးခြင်းခံထားရသောဒေါ်အောင်ဆန်းစုကြည်နှင့်ဒုတိယဥက္ကဌ
ဦးတင်ဦးတို့အားခြွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ပေးရေးအတွက်အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်(လွှတ်မြောက်နယ်မြေ)မလေးရှားဌာနခွဲမှဦးစီးကာဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
(ဇွန်လ ၃ရက် ၂၀၀၉) ထိုင်းနိုင်ငံရှိ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများသည် တရားဝင် အလုပ်သမားမှတ်ပုံတင်နိုင်ရန် နောက်ဆုံးအခွင့်အရေးအနေဖြင့် ထိုင်းအစိုးရက စီစဉ်နေပြီး အလုပ်လုပ်
ကိုင်ခွင့် လက်မှတ်နှင့်အတူ ယာယီနိုင်ငံကူးလက်မှတ်ကိုပါ ထုတ်ပေးနိုင်ရန်ကြိုးစားနေကြောင်း ထိုင်းအလုပ်သမားရေးရာ ၀န်ကြီး ပိုင်ထုန်ကယောက်တွန်က ယမန်နေ့က ပြောကြားသည်။ (ခေတ်ပြိုင်)
(ဇွန်လ ၂ရက် ၂၀၀၉) မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော ရခိုင်တိုင်းရင်းသားတဦးသည် ရခိုင်ပြည်သို့အပြန်တွင် ထိုင်း-မလေးရှားနယ်စပ်၌ ယခင်အပတ်က လက်သည်မပေါ်ပဲ အသတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။ သေဆုံးသူမှာ ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ကျော်ဇံကျေးရွာမှ ကိုရွှေသိန်း(၃၀)နှစ်ဖြစ်သည်။ (နီရဉ္စရာ)
(ဇွန်လ ၁ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။အမေရိကန်ပြည်ထောင်စုကွန်ဂရက်နှင့်ဆီးနိတ်လွှတ်တော်အမတ်များက
ပူးပေါင်းတင်ပြထားသောမလေးရှားနိုင်ငံရှိလူကုန်ကူးမှုများတွင်မလေးရှားအာဏာပိုင်များပါဝင်ပတ်သက်
မှုရှိကြောင်း အစီရင်ခံစာသည် အခြေအမြစ်မရှိကြောင်း မလေးရှားနိုင်ငံက ယနေ့ ငြင်းဆို လိုက်သည်။(RFA)
ဖြစ်ရပ်-၂။ ။အာရှလူငယ်အသက်(၁၃)နှစ်အောက် ဘောလုံးပြိုင်ပွဲကိုမလေးရှားနိုင်ငံတွင်မေလ၃၁ရက်နေ့မှဇွန်
လ ၆ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Labels:
သတင်း.တို.။
Wednesday, April 8, 2009
8April,09//ဧပြီလအတွင်းထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ…..
(ဧပြီလ၈ရက်၂၀၀၉) ထိုင်းဝန်ကြီးချုပ်တပ်ဆင်ကိုထောက်ခံသောအင်္ကျီအနီရောင်ဝတ်ဆန္ဒပြသူများသည်ဘန်
ကောက်မြို့ ရှိအဓိကလမ်း၂၀ခုကိုပိတ်ဆို့ ထားကြပြီးဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဌဖြစ်သူပရင်မ်တင်ဆူလာ
ကောက်မြို့ ရှိအဓိကလမ်း၂၀ခုကိုပိတ်ဆို့ ထားကြပြီးဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဌဖြစ်သူပရင်မ်တင်ဆူလာ
နွန်ဒါ၏အိမ်ရှိရာသို့ ပိတ်ဆို့ ဆန္ဒပြရန်ချီတက်သွားကြကြောင်းသတင်းရရှိသည်။(RFA)
(ဧပြီလ ၇ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ်မှ စာချစ်သူ၊ ကဗျာချစ်သူများနှင့် နိုင်ငံတကာမှ လေး စားတန်ဖိုးထားတတ်ကြသူများမှ အမေလူထုဒေါ်အမာ၏ ၁နှစ်မြောက် အောက်မေ့ဘွယ်နှင့် ဆရာကြည်အောင် သို့လွမ်းဆွတ်ခြင်း ပူးတွဲအခမ်းအနားတရပ်ကို ယနေ့ည (၆း၃၀)နာရီတွင် ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ကျင်း ပကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ်ဟောင်း တပ်ဆင်ကို ထောက်ခံသည့် အင်္ကျီအနီဝတ်ထားသူများက လက်ရှိဝန်ကြီးချုပ် (အဘီဆစ်)စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်ကို ယနေ့တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ (VOA)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် လူမှောင်ခိုပွဲစားများ ခြေရှုပ်လျက်ရှိပြီး ယင်းတို့သည် ဘုန်းကြီးကျောင်းများသို့ သွားရောက်ကာ တဖက်ထိုင်းနိုင်ငံသို့ အလုပ်လုပ်မည့် အလုပ်သမားများကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားသဖြင့် သံဃာတော်အချို့နှင့် မကြာခဏအချေအတင်ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။ (ခေတ်ပြိုင်)
(ဧပြီလ ၆ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စ၌ ထိုင်း-မြန်မာနယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်ရန် ထိုင်းအစိုးရအား မြန်မာစစ်အစိုးရရဘက်မှ ဖိအားပေးသည့်အတွက် ကေအဲန်ယူထိပ်တန်းခေါင်းဆောင်အချို့နှင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူများမှ ဘန်ကောက်မြို့တွင် ယနေ့စတင်တွေ့ဆုံဆွေးနွေးကြမည်ဟု အမည်မဖော်လိုသော ကေအဲန်ယူအရာရှိတစ်ဦးက ပြောဆိုသည်။ (ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ ။ မြန်မာအမျိုးသမီးနှစ်ဦးကို ဘိန်းဖြူများနှင့်အတူ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော် တနေရာတွင် ဧပြီလ ၆ရက်နေ့က မလေးရှားရဲက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါ မြန်မာအမျိုးသမီး နှစ်ဦးနှင့်အတူ ဘိန်းဖြူ (၃.၁၅)ကီလိုဂရမ်ကို လက်ဝယ်တွေ့ရှိပြီး မလေးရှားရင်းဂစ်ငွေ (တစ်သိန်းခွဲ)တန်ဖိုးရှိသည်ဟု ကွာလာလမ်ပူမြို့တော် မူးယစ်ဆေးဝါးစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲက ပြောဆိုသည်။ (မိုးမခ)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ် မြန်မာပြည်ဘက်ခြမ်းရှိ ဘုရားသုံးဆူမြို့တွင် မြန်မာအာဏာပိုင်တို့မှ ဦးဆောင်ကာ ပြည်သူ့စစ်သင်တန်းပေးလျက်ရှိပြီး သင်တန်းမှာ ရက်သတ္တသုံးပတ်ကြာမည်ဖြစ်၏။ သင်တန်းကို မတ်လ ၁၈ရက်နေ့က စတင်ခဲ့ပြီး ဘုရားသုံးဆူမြို့အပြင်ဘက်ရှိ အမြောက်တပ် (၃၁၃)တွင် လေ့ကျင့်ပေးလျက်ရှိသည်။ (လွတ်လပ်သောမွန်သတင်း)
ဖြစ်ရပ်-၄။ ။ ပြည်ပြေးထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်အားလက်ရ ဖမ်းဆီးပြီး ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးသူမည်သူ့ကိုမဆို ဆုတော်ငွေ ထိုင်းဘတ်ငွေ (၁)သန်းပေးမည်ဟု ညီညွတ်သော ထိုင်းနိုင်ငံအဖွဲ့က ဧပြီလ ၆ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။ အဆိုပါ အဖွဲ့တွင် အငြိမ်းစားအစိုးရအရာရှိကြီးများ၊ အထက်လွှတ်တော်အမတ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များပါဝင်သည်။ (ခေတ်ပြိုင်)
(ဧပြီလ ၅ရက် ၂၀၀၉) ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၏ တောင်ဘက် ဖုတ်ဖရားမြို့နယ်အတွင်းရှိ ဝေါလေခီးအရပ်မှ ကေအဲန်ယူ၏ တပ်ရင်း (၂၀၁)တပ်စခန်းကို နအဖတပ်နှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။ (BBC)
(ဧပြီလ ၄ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၏ တောင်ဘက်ရှိ ဖုတ်ဖရားမြို့နယ် ၄၄-ကီလိုမီတာ ကျေးရွာရှိ မြန်မာအလုပ်သမားများ၏ တဲအိမ်များကို ဒေသအခြေစိုက်နယ်ခြားစောင့်တပ်ဖွဲ့မှ ယခုရက်ပိုင်း အတွင်း ဖျက်ကြရန် သတိပေးထားကြောင်း သတင်းရရှိသည်။ အဆိုပါစစ်တပ်မှ ပြောဆိုရာတွင် လက်မှတ်မရှိ သော အလုပ်သမား၏ တဲအိမ်များ ဖျက်သိမ်းပေးရန် ပြောဆိုကြောင်းသိရသည်။ ၄၄-ကီလိုမီတာကျေးရွာ တခု တည်းမှာပင် ခြံတောင်ယာစသည့် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား ၇၀၀၀-မှ ၁၀၀၀၀-အထိ ရှိသည်။
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက် ၂၂-ကီလိုမီတာအကွာအဝေးတွင်ရှိသော ဘန့်မိုင်ကျေးရွာ၊ အုန်းတောအစုမှ မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ ကိုသိန်းအောင် (၄၂-နှစ်)သည် ဧပြီလ ၄ရက်နေ့ ညပိုင်းက သေနတ်ဖြင့်အသတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။ အခင်းဖြစ်ပွားပုံမှာ ကိုသိန်းအောင်၏ သမီးဖြစ်သူ မ----- အား ထိုင်းတစ်ဦးမှ ၄င်းနှင့်ပေးစားရန် တောင်းခံခဲ့ရာ ကိုသိန်းအောင်မှ ငြင်းဆန်ခဲ့ခြင်းကြောင့် အဆိုပါ ထိုင်းမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က မြန်မာပြည်သားသို့ ပြောပြသည်။
(ဧပြီလ ၃ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ အရှေ့တောင်အာရှဒေသအတွင်း မြေမြုပ်မိုင်းများရှင်းလင်းရေး ဆွေးနွေးပွဲနောက်ဆုံးနေ့အဖြစ် ယနေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အာဆီယံနိုင်ငံများ၏ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ လအတန်ကြာ အငြင်းပွားနေကြသော ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ နယ်ခြားစောင့်တပ်ဖွဲ့များ အချင်းချင်း ယနေ့တိုက်ပွဲ ဖြစ်ပွားပြီး ထိုင်းစစ်သား (၁)ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။ (BBC)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ကန်ပီဘန်းကျေးရွာရှိ Hyatt Knitting Co. Ltd မှ အော်ဒါမရှိသည့်အတွက် ယနေ့ပိတ်လိုက်ကြောင်း သတင်းရရှိသည်။ ထိုသို့ စက်ရုံရုတ်တရက်ပိတ်လိုက်ခြင်းကြောင့် မြနမာအလုပ်သမား ၃၀၀-ခန့် အလုပ်လက်မဲ့ဘ၀ရောက်ရှိသွားပြီး စက်ရုံတာဝန်ရှိသူများက ပြီးခဲ့သည့်မတ်လ- လစာကို လာမည့် ၇ရက်နေ့တွင် လာရောက်ထုတ်ယူရန် စာရေးထားကြောင်းသိရသည်။ မဲဆောက်တွင် ဤသိုးမွှေးစက်ရုံအပါအ၀င် စက်ရုံ ၃-ခုမှာ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ပေါ်ပေါက်ပြီး နောက်ပိုင်းပိတ်ပင်ခဲ့သည်။ (BBC)
ဖြစ်ရပ်-၄။ ။ မလေးရှားဝန်ကြီးချုပ်သစ် (နာဂျစ်ရာဇာတ်)၏ မလေးရှားဘုရင်ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုပွဲကို ယနေ့ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ (VOA)
(ဧပြီလ ၂ရက် ၂၀၀၉) ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောင်ဘက်ရှိ ဘန့်မိုင်ကျေးရွာအနီးတွင်လည်းကောင်း၊ ဖုတ်ဖရား မြို့နယ်၊ ၃၈-ကီလိုမီတာရှိ အာလူးအလုပ်ရုံအနီးတွင်လည်းကောင်း၊ အဖွဲ့စုံစစ်ဆေးရေးအဖွဲ့မှ စီမံချက်ဖြင့် ယနေ့ ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမား ၁၀၀-ခန့် အဖမ်းခံရနိုင်ကြောင်း မျက်မြင်အလုပ်သမားများ က မြန်မာပြည်သားသို့ပြောပြသည်။
(ဧပြီလ ၁ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ရွှေ့ပြောင်းအလုပ်သမား ၄-သိန်းကို တရားဝင်မှတ်ပုံတင်ခွင့်ပြုမည်ဟု ထိုင်း အလုပ်အကိုင်ရှာဖွေရေးဌာနညွှန်ကြားရေးမှူးချုပ်က ပြောဆိုလိုက်သည်။ ထိုင်းအလုပ်သမားရေးရာ ၀န် ကြီးဌာနသည် နိုင်ငံခြားသားအလုပ်သမား ၄-သိန်းအတွက် မှတ်ပုံတင်ရန် လမ်းဖွင့်ပေးခဲ့ပြီး ဤအစီအမံသည် အလုပ် လုပ်ခွင့်လက်မှတ်မရှိသော တရားမ၀င်နိုင်ငံခြားသားများကို တရားဝင်မှတ်ပုံတင်ရန် ခွင့်ပြုခြင်းဖြစ် ကြောင်း နေရှင်းသတင်းစာက ကောက်နုတ်ဖော်ပြခဲ့သည်။ ထိုင်းအလုပ်သမားများသည် ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အအေးခန်းသိုလှောင်ရုံ လုပ်ငန်းများတွင် မလုပ်ချင်ကြချေ။ (မဇ္ဈွိမ)
ဖြစ်ရပ်-၂။ ။ မြန်မာနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့မှ ဆိုးဆေးပါသော လက်ဖက်များကို ပိတ်ပင်ခဲ့ပြီးနောက် မလေးရှားနိုင်ငံတွင်လည်း ဆိုးဆေးပါသော လက်ဖက်များကို ပိတ်ပင်ကြောင်း အစားအစာအရည်သွေး စစ်ဆေးရေးဌာနက ကျေညာလိုက်သည်။ မလေးရှားနိုင်ငံတွင် ဆိုးဆေးပါသောလက်ဖက်များကို ဖမ်းဆီးရမိပါက ဒဏ်ငွေ-ဒေါ်လာ ၅၀၀၀-ပေးဆောင်ရမည်ဖြစ်ကြောင်း ကြေညာထားသည်။ (VOA)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့တွင် နေရာအသီးသီး၌ ဒီကေဘီအေမှ ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းများကို ပိတ်ပင်လိုက်ကြောင်းသတင်းရရှိသည်။ အကြောင်းမှာ မတ်လ ၃၁ရက်နေ့တွင် ဒီကေဘီအေအရာရှိတစ်ဦးမှာ ၀င်ကစားရာတွင် လောင်းကစားဒိုင်တစ်ဦးက လိမ်လည်လှည့်စားကာ အနိုင်ယူလိုက်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒီကေဘီအေအရာရှိသည် တထိုင်တည်းဖြင့် ငွေကျပ် (၁၇)သိန်းရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ (လွတ်လပ်သော မွန်သတင်း)
Labels:
သတင်း.တို.။
Subscribe to:
Posts (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)