ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label ပညာပေ. Show all posts
Showing posts with label ပညာပေ. Show all posts

Sunday, February 26, 2017

=လူထုကျန်းမာရေး(သင်သတိမထားမိတဲ့ သင့်ရဲ့ နေ့စဉ်ဘဝထဲက အချိုရည်များအကြောင်း)=

+Public Health+ 
သင်ဟာ တနေ့ကို သကြားပမာဏ ဘယ်လောက်စားသုံးမိတယ်ဆိုတာ သင်သတိထားမိပါသလား။ ချောကလက်၊ ရေခဲမုန့် နဲ့ အခြားသရေစာတွေက ရလာမယ့် သကြားဓာတ်တွေကိုတော့ သင်သတိပြုမိကောင်းပြုမိပါမယ်။ ဒါပေမယ့် သင် လုံးဝသတိမထားမိတဲ့ အချက်ရှိပါတယ်။ ဒါကတော့ လူတွေနေ့စဉ်စားသုံးနေတဲ့ သကြားတွေက အရည်အနေနဲ့ အများဆုံး စားသုံးလိုက်တာပါတဲ့။ နေ့စဉ်ဘဝထဲမှာသောက်သုံးမိနေတဲ့ Ready Made Coffeemix တွေ၊
 Soft Drinks၊ Energy Drink နဲ့ Juice တွေကနေ သကြားပမာဏအများဆုံးရရှိနေမှာကို တွေးကြည့်လိုက်ပါ။ သင်သောက်လိုက်မိသမျှ စွမ်းအားဖြည့်အချိုရည်တွေ၊ Coca Cola၊ အသီးဖျော်ရည် စတဲ့ အရာတွေအားလုံးမှာပါတဲ့
 သကြားဓာတ်က သင်ထင်ထားတာထက် အများကြီးပိုမိုပါဝင်ပါတယ်။
အအေးဗူး တဗူးချင်းစီမှာ ပါဝင်တဲ့ သကြားဓာတ်က သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အဆီဖြစ်လာစေမှာပါ။
သင်ဟာ တနေ့ကို 250ml ရှိတဲ့ အအေးဗူးတဗူး နေ့စဉ်သောက်သွားမယ်ဆိုရင် တစ်နှစ်ပြည့်တဲ့အခါ သင့်ခန္ဓာကိုယ်ထဲကို သကြား 10 kgs ရောက်နေမှာပါ။ 600ml ရှိတဲ့ အအေးတဘူးကို သောက်လိုက်မိတာဟာ သင်သောက်တဲ့ကော်ဖီ/လက်ဖက်ရည်ထဲကို သကြားစားပွဲတင်ဇွန်း ၃၂ဇွန်း ထည့်သောက်တာနဲ့အတူတူပါပဲတဲ့။ ဒီ့ထက် ပိုရင်တောင်ပိုဦးမှာပါ။ ဒီလိုအချိုရည်တွေသောက်မိနေတာကို ရပ်လိုက်ဖို့အတွက် လိုအပ်တဲ့အလေ့အကျင့်လေးတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။  

၁။ ဘယ်သွားသွား ရေဘူးအမြဲသယ်သွားပါ။ နေ့လည်နေ့ခင်း နေပူပူမှာသွားလာနေကြတဲ့ လူတွေအတွက်တော့ ဒါဟာ အလေ့အကျင့်ကောင်းတခုဖြစ်စေမှာပါ။ အမြဲတမ်းရေဘူးပါနေတော့ ရေငတ်ရင် အအေးတွေဝယ်မသောက်မိတော့ဘူးပေါ့။

 ၂။ အချိုပါဝင်မှုနည်းတာကို ပြောင်းသောက်ကြည့်ပါ။ အကြံပေးချင်တာကတော့ ရေထဲကို သံပရာသီး၊ အခြားအသီးအနှံတွေထည့်ပြီး Detox Water လိုမျိုးပါ။ (ပူရှိန်း (သို့) Cool Mint ထည့်ပြီး အသစ်အဆန်း အနေနဲ့သောက်ကြည့်လို့ရပါတယ်)

 ၃။ အအေးဗူးတွေကို မတွေ့အောင်နေပါ။ မှန်ပါတယ်။ မမြင်ရရင်မသောက်ချင်ပါဘူး။ Convenience Store တွေကိုရောက်ရင် အအေးဗူးတွေရှိတဲ့ဘက်ကို မသွားဘဲအခြားတခုခုကို အာရုံစိုက်ပါ။ ဒီလိုအကျင့်လုပ်ပေးတာက သင့်ရဲ့ နေ့စဉ်ဘဝနဲ့ကျန်းမာရေးအတွက် ရေရှည်မှာ အကျိုးရှိစေမှာသေချာပါတယ်။ 

Credit : trend myanmar

 Shwe Chit Thu

Read More...

Sunday, January 1, 2017

=လူထုကျန်းမာရေး(ခြေဖိ နှောက်ကွဲတာတွေ ပျောက်ဖို့ ခြေအိတ်ထဲကို သံပုယိုသီးထည့်ပြီးအိပ်မယ်)=

+Public Health+
 ဆောင်းရာသီရောက်လာပြီဆိုတော့ ဒီအချိန်ဆို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် စသဖြင့် အအေးဓါတ်ပိုတဲ့နေရာမှာ အနွေးထည်ထူထူ ၀တ်နေရပြီပေါ့နော်။ ဒီအချိန်ဆို အသားပတ်လို့ ခြေဖိ နှောက်ကွဲတာမျိုးဖြစ်တတ်ပါတယ်။ တစ်ချို့ဆိုရင် ဆောင်းရာသီမဟုတ်ဘဲနဲ့ကို ခြေဖိနှောက်ကွဲတာတွေလည်း ဖြစ်တတ်ပါတယ်။ အဲဒီလိုဖိနှောက်ကွဲတာကို ခဲနဲ့ ချေးတွန်းမယ်ဆိုရင်လည်း ခဏပဲသက်သာပြီး ပြန်ဖြစ်တာပဲ။ အသားအရေထိန်းသိမ်းမှုလုပ်မယ်ကြံလို့အလှပြင်ဆိုင်သွားလိုက်ရင်လည်း ငွေကုန်ကြေးကျများ ပါတယ်နော်။ ပိုက်ဆံလည်း ချွေတာပြီးသားဖြစ်မယ် သဘာဝအတိုင်းလည်း ဖြေဖိနှောက်ကွဲတာကို သက်သာစေမှာကတော့ သံပုယိုသီးပါပဲ။ သံပုယိုသီးအရွယ်အစားကတော့ ခြေဖိနှောက်ကို ဖုံးနိုင်ဖို့ လုံလောက်တဲ့ အရွယ်အစားရှိပါတယ်။ ပထမဆုံး သံပုယိုသီးကို ထက်ခြမ်းခြမ်းပြီး အရည်တွေအားလုံးကို ညစ်ထုတ်လိုက်ပါ။့  ခြေဖိ သံပုယိုသီးဖျော်ရည်ကိုလည်း ကျန်းမာရေးအရသောက်ရင်း အခွံကိုလည်း လွင့်ပစ်စရာမလိုတော့ဘူးပေါ့။ အရည်ညစ်ထုတ်ထားတဲ့သံပုယိုသီးကို ခြေဖိနှောက်မှာကပ်ထားလိုက်ပြီး ခြေအိတ်စွပ်ထားလိုက်ပါ။ အဲဒီနောက် ၁ နာရီလောက်ထားပါ။ ပိုပြီး ရလဒ်ကောင်းတွေရချင်ရင်တော့ တစ်ညလုံးလည်း အိပ်လို့ရပါတယ်။ ခြေထောက်ကွဲအက်တာတွေ ပျောက်ကင်းသွားမဲ့အပြင် အရေပြားလည်း ချေမွတ်လာမှာဖြစ်ပါတယ်။ အခုပြောပြတဲ့နည်းလမ်းက နည်းနည်းတော့ ထူးဆန်းနေတယ်လို့ ထင်မိပေမဲ့ လိုက်လုပ်ကြည့်တဲ့သူတိုင်း အကျိုးကျေးဇူးတွေအများကြီးရရှိခဲ့ကြပါတယ်။ သံပုယိုသီးကိုသုံးပြီး ခြေထောက်ကွဲတာကို Good Bye လို့နှုတ်ဆက်လိုက်ကြရအောင်ပါ။

 Credit:MyFood Mynamar

Read More...

Wednesday, December 11, 2013

---လုထုကျန်းမာရေး(ဂျင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ)---

+Public Health+ 
ဂျင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများဟင်းချက်ရာတွင် အသုံးပြုလေ့ ရှိသော ဂျင်းသည် ဟင်းချက်ရာတွင် သာမက အခြားသော နေရာများတွင်လည်း ဆေးဖက်ဝင်ပုံများကို ရေးသား လိုက်ရပါတယ်။

 (၁) သားအိမ် ကင်ဆာကို ကာကွယ်နိုင်ပါသည်။

(၂) အူမကြီး ကင်ဆာကို ကာကွယ်နိုင်ပါသည်။

(၃) ကိုယ်ဝန်ဆောင် မိခင်တွေ အတွက်လည်း ကောင်းမွန်ပါသည်။
(၄) ကိုယ်လက် ကိုက်ခဲမှုကိုလည်း ကောင်းမွန်းစေပါသည်။

 (၅) ရင်ပှုခြင်းကိုလည်း သက်သာစေပါသည်။

 (၆) ဆီချိုရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်ပါသည်။
(၇) ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။
 (၈) အမျိုးသမီးများ ဗိုက်အောင့်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။
 (၉) တုပ်ကွေးရောဂါ များကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
(၁၀) မျိုးအောင်နှုန်းကို ကောင်းစေပါသည်။

+ကျော်လင်းနိုင် (ရိုးရာလေး)+

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)