
**မမြင့်မြင့်သိန်း**
ရှေးက တိုင်းပြည်တစ်ပြည်ကို ထီးနန်းအုပ်ချုပ် မင်းလုပ်နေတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်။ သူ့မှာ ထီးညွန့်နန်းလျာအမွေစားအမွေခံအတွက် သားတော်တစ်ပါးမျှမထွန်းကားဘဲ သမီးတော်တစ်ပါးသာ ထွန်းကားလို့ ရှေ့ရေးကိုတွေးပြီး စိတ်လက်မကြည်မသာဖြစ်နေတယ်။
ဒီလိုနဲ့ သမီးတော အရွယ်ရောက်လာတဲ့ အခါကျတော့ သမီးတော်နဲ့ ထိုက်တန်တဲ့ အခြားပြည်က မင်းသားတစ်ပါးပါးနဲ့ စုလျားရစ်ပတ် လက်ထပ်ပေးဖို့ ကြံစည်တယ်။ ဒီအကြောင်းကို သမီးတော်နဲ့ တိုင်ပင်ကြည့်တော့ သမီးတော်က ဘုရင်ကြီးရဲ့ အကြံ အစည်ကို ခါးခါးသီးသီး ငြင်းဆန်တယ်။
သမီးတော်က သူကြင်ယာ ရွေးတဲ့ကိစ္စမှာ ကိုယ်တိုင် ကိုယ်ကျ ဘဝအဆက်ဆက် က ဖူးစာဖက်မှန်သူကိုသာ ရွေးချယ်ချင်တယ်။ ဒါကြောင့် ဒီကိစ္စကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခွင့်ပြုဖို့ လျှောက်တင်တယ်။
ဒီအခါ ဘုရင်ကြီးက မိဘစကားနားမထောင်တဲ့ သမီးတော်ကို စိတ်ပျက်ပြီး “ ဒီအတိုင်းသဘောထားရင် ကြိုက်သူကို ကိုယ့်ဖာသာရှာယူပေတော့၊ မိဘစကားကိုနားမထောင်တဲ့အတွက် မိဘရဲ့ အရိပ်မှာလည်း မနေနဲ့တော့ ကံကိုယုံလှတဲ့ သမီးတော်ဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ နန်းတော်က ထွက်သွားစေ ” လို့ အမိန့်တော်မြတ် ချမှတ်တော်မူလိုက်တယ်။
ခမည်းတော်ရဲ့ အမိန့်ကို နာခံရတဲ့အခါ သမီးတော်ဟာ ဘာမှ တင်လျှောက်မနေတော့လဲ နန်းတော်ကထွက်သွားတယ်။
ဒီလို နန်းတော်ကထွက်သွားတဲ့အခါ သူဘယ်ကိုသွားရမှန်းလည်း မသိဘူး။ သူလိုချင်တဲ့ ဖူးစာရှင် အစစ်ကို ဘယ်လိုရှာရမှန်းလဲ မသိဘူး။ နောက်ဆုံးတော့ ကြံရာမရတာနဲ့ သူခြုံတားတဲ့ ခြုံပုဝါကို လက်နဲ့ လုံးထွေး ဆုပ်ကိုင်လိုက်ကာ အဓိဋ္ဌာန်ပြုလိုက်တယ်။ ဘယ်လိုအဓိဋ္ဌာန်ပြုသလဲဆိုတော့…..
“ ကျွန်မဟာ ကျွန်မရဲ့ ဖူးစာရှင်အစစ်ကို ရှာနေပါတယ်။ ဘယ်လိုရှာရမှန်းမသိတဲ့အတွက် ဒီခြုံပုဝါကို လုံးထွေးပြီး အိမ်ခေါင်မိုးတွေ ပေါ်ကို ပစ်တင်ပါမယ်။ ပစ်တင်လိုက်လို့ ခြုံပုဝါတင်နေတဲ့အိမ်ဟာ ကျွန်မရဲ့ဖူးစာရှင်အိမ်လို့ မှတ်ယူပါမယ်၊ ” လို့ အဓိဋ္ဌာန်ပြုတယ်။
ဒီလိုအဓိဋ္ဌာန်ပြုပြီးတော့ မင်းသမီးဟာ သူ့ခြုံပုဝါကို လုံးထွေးပြီး သူလက်လှမ်းမှီတဲ့ အိမ်တွေရဲ့ခေါင်မိုးတွေကို ပစ်တင်တယ်။ ဒီလိုပစ်တင်တိုင်း ခြုံပုဝါဟာ အိမ်ခေါင်မိုးတွေပေါ်က လျှောလျှောပြီး ပြန်ကျလာတယ်။ ဒီလိုနဲ့ အိမ်တော်တော်များများရဲ့ ခေါင်မိုးတွေကို ပစ်တင်ပြီးနောက် တဲ တစ် တဲ ပေါ်ပစ်တင်လိုက်တဲ့ အခါ ခြုံပုဝါဟာ ပြန်ကျမလာပဲ ခေါင်မိုးမှာတင်နေတာကို တွေ့ရတယ်။ ဒီတင်မင်းသမီးလေးဟာ ဒီတဲ့အိမ်ပိုင်ရှင်ဟာ သူ့ဖူးစာရှင်ပဲလို့ တစ်ထစ်ချစွဲယူပြီး တဲ့ကလေးထဲကို ဝင်သွားတယ်။
တဲကလေးထဲမှာတော့ အိုမင်းမစွမ်းဖြစ်နေပြီဖြစ်တဲ့ အဘွားအိုတစ်ယောက်နဲ့ သားလူပျိုကလေးနေတဲ့ တဲ ဖြစ်တယ်။ ဆင်းရဲလှတဲ့ လူတွေဖြစ်တဲ့ အတိုင်း သက်မွေးဝမ်းကြောင်း အတွက် အင်ဖက် ကောက်ပြီး အသက်မွေးကြတယ်။
အင်ဖက် ကောက်တယ်ဆိုတာက မနက်မိုးမလင်းခင် ဝေလီဝေလင်း အချိန်လောက်မှာ တောင်ခြေက “အင်တော” အင်ဖက်တော ကို ဝင်ရတယ်။ အင်ဖက်တောထဲရောက်တော့ ညက ကြွေကျထားတဲ့ အင်ဖက်ရွက်ကြီးတွေကို ကောက်ရတယ်။ ကောက်ပုံက ဥပမာ- လက်ယာဘက် လက်နဲ့ ကောက်ယူလိုက်ပြီးရင် ရင်ဘတ်မှာ ကပ်ထားလိုက်ရတယ်။ ပြီးတော့ လက်ဝဲလက်လက်နဲ့ ဖိထားလိုက်ရတယ်။ ဒီလို ဖက်ကို ကောက်လိုက် ရင်ဘတ်မှာ ကပ်ပြီးဖိထားလိုက်နဲ့ ဖက်ထပ်ကြီးကြီးလာတဲ့အခါ တစ်နေရာရာမှာ အမှတ်အသားလုပ်ပြီး စုပုံထားရတယ်။
နောက်ဆက်ပြီး ခုတင်တုန်းကလို ကောက်ပြန်တယ်။ ဒီလိုနဲ့ အင်ပင်တွေ အောက်မှာ လိုက်ကောက်လို့ တစ်ထမ်း တစ်ပိုးစာလောက် ရပြီလို့ထင်ရင် မထမကပုံထားတဲ့ ဖက်ပုံတွေက ဖက်တွေကိုပါ လိုက်စုပြီး အထုပ်ကြီးထုပ်ကာ ရွက်လို့ ပိုးလို့ ပြန်လာခဲ့တာပဲ။ နေမွန်းမတည့်ခင် အိမ်ပြန်ရောက်လေ့ရှိပြီး အိမ်ရောက်တဲ့အခါ ခုနကဖက်တွေကို မြေပေါ်မှာ ညီညီထပ်ကာ တုံးတို တုံးစတွေနဲ့ ပြားနေအောင် စန့်နေအောင် ဖိထားရတယ်။ နောက် လေးတောင်ထွာလောက်ရှိတဲ့ ဝါးကို စိတ် ဖျာပြီး (သက်ငယ်တံ) ဖက်တံ လုပ်ရတယ်။ ပြီးတော့ “ ဖက်ထိုးတယ်” လို့ခေါ်ကြတဲ့ ဖက်ပစ်တွေ ပစ်ကြရတယ်။ ဒီအင်ဖက်ပစ်ကိုပဲ အိမ်တွေမှာ မိုးကြ ကာကြရတယ်။ လုပ်ငန်းကတော့ နတ်တော် ပြာသို အင်ဖက်တွေ ကြွေတဲ့လလောက်သာ အလုပ်ဖြစ်ပြီး ကျန်လတွေမှာ အလုပ်ရပ်ထားရတယ်။
မိန်းမပျိုလေးတစ်ယောက် တဲထဲကို ဝင်လာတာမြင်တော့ ပျာပျာသလဲ နေရာထိုင်ခင်းပေးကြတယ်။ “ဘာကိစ္စ ရှိပါသလဲ ” လို့ မေးကြတယ်။
ဒီတော့ မင်းသမီးလေးက သူဟာဘုရင့်သမီးတော် ဖြစ်တဲ့အကြောင်း၊ နန်းတော်က နှင်ထုတ်လို့ ထွက်လာခဲ့တဲ့အကြောင်း နဲ့ ဘယ်မှ မသွားတတ် မလာတတ်နဲ့ ဒီတဲလေးမှာ ခိုကိုးပြီး နေပါရစေဆိုတဲ့ အကြောင်း နေခွင့်တောင်းတယ်။ စိတ်ကောင်းရှိတဲ့ တဲရှင်သားအမိကလည်း နေခွင့်ပြုလိုက်တယ်။
ဒီလိုနေလာရင်းနဲ့ မင်းသမီးလေးက တဲရှင်လူပျိုဟာ သူ့ရဲ့ဖူးစာဖက် အမှန်ဖြစ်တဲ့အကြောင်း ယုံကြည်ရင်းစွဲရှိတာနဲ့ မကြာခင်ပဲ မိန်းမတို့ရဲ့ မာယာနဲ့ သွေးဆောင်ပြီး နှစ်ဦး နှစ်ဝ မေတ္တာမျှကာ ပေါင်းသင်းနေကြတဲ့ အထိ စွမ်းဆောင်လိုက်တယ်။
မင်းသမီးလေးနဲ့ တဲရှင်လူပျိုလေးဟာ ဒီလိုတိတ်တဆိတ်လက်ထပ်ပြီးနေလာတာဟာ ရက်တွေ၊ လတွေ ကြာလာတော့ အစားဆင်းရဲ အနေဆင်းရဲ ကို မခံနိုင်တဲ့ မင်းသမီးက သူ့လက်စွပ်ကိုချွတ်ပြီး “ မြို့ထဲက သူဋ္ဌေးတစ်ဦးဦးဆီမှာရောင်းချေပါ၊ ပြီးတော့ ရတဲ့ငွေနဲ့ စားစရာ ဝတ်စရာတွေကို ဝယ်ခဲ့ပါ ” လို့ သူ့ယောက်ျားကို ခိုင်းတယ်။
ယောက်ျားဖြစ်သူ အင်ဖက်ကောက်သမားလည်းခိုင်းတဲ့ အတိုင်း လက်စွပ်ကိုယူကာ မြို့ထဲမှာ တစ်မနက်လုံးလည်ပြီး ရောင်းတယ်။ ဒါပေမယ့် ဘယ်သူမှ ဝယ်မယ့်သူမရှိတာနဲ့ စိတ်ပျက်ပြီး ပြန်လာတယ်။ ဒီလိုပြန်အလာမှာ ရွာအပြင်က ချောင်းကူးတံတားလေးပေါ်ရောက်တော့ ခဏနားရင်းက ဒီလက်စွပ်ကြောင့် သူ့မှာ ပင်ပန်းကြီးစွာ တစ်နေ့လုံးလုံး လမ်းလျှောက်နေရတယ်။ ဈေးနှုန်းမေးတဲ့လူတောင် တစ်ယောက်မှ မရှိဘူး။ အလကားလက်စွပ် သက်သက်ဒုက္ခပေးတဲ့ လက်စွပ် လို့ သူမောသမျှ ပင်ပန်းသမျှကို လက်စွပ်အပေါ်ဒေါသထွက်ပြီး လက်စွပ်ကို ချောင်းထဲ ပစ်ချလိုက်တယ်။
တကယ်တော့ လက်စွပ်က အဖိုးမဖြတ်နိုင်တဲ့ ပတ္တမြားရတာနာနဲ့ ကွင်းထားတဲ့လက်စွပ်ဖြစ်လို့ ဘယ်သူကမျှ မဝယ်ရဲ၊ ဈေးမမေးရဲ၊ ဖြစ်နေပြီး ဝယ်မယ့်သူမရှိတဲ့ လက်စွပ်ဖြစ်တယ်။
ဖက်ကောက်သမားဟာ လက်စွပ်ကို ရေထဲ ပစ်ချလိုက်ပြီး တော့ စိတ်ဆိုးပြေသလိုဖြစ်တာနဲ့ သူ့တဲကို ပြန်ခဲ့တယ်။
တဲကို ပြန်ရောက်တဲ့အခါကျတော့ မင်းသမီးက ဆီးပြီး “ လက်စွပ်ရောင်းလို့ ဘယ်လောက်ရသလဲ၊ အစားအစာနဲ့ အဝတ်တွေ မမြင်ပါကလား” လို့မေးတယ်။
ဒီအခါ ဖက်ကောက်သမားက “ မင်းလက်စွပ်က အလကားလက်စွပ်ပါ၊ ဝယ်မယ့်သူဝေးလို့ မေးမယ့်သူတောင် မရှိတာနဲ့ ငါ ချောင်းထဲပစ်ချလိုက်ပြီ ” လို့ ပြန်ပြောတယ်။
ဒီလိုပြောလိုက်တော့ မင်းသမီးက “ ခက်ပါဘိတော့ရှင်ရယ်၊ ရောင်းလို့မရရင်လည်း ဘာဖြစ်လို့ရေထဲပစ်ချရသလဲ၊ ကျွန်မရဲ့ခမည်းတော်ဟာ ကျွန်မကို ချစ်လွန်းလို့ မေတ္တာနဲ့ အမွေပေးထားတဲ့ လက်စွပ်ဖြစ်တယ်။ ဒီလက်စွပ်မှာ ကွင်းထားတဲ့ ပတ္တမြားဟာ အဖိုးမဖြတ်နိုင်တဲ့ပတ္တမြား ” လို့ ယူကျုံးမရနဲ့ ပြောလိုက်တယ်။
ဒီတော့ ဖက်ကောက်သမားက “အံမယ် ကြီးကျယ်လို့၊ ဒီနီနီကျောက်ခဲလေးမျိုးတွေ မင်းဘယ်လောက်များများလိုချင်သလဲ၊ ငါဖက်ကောက်တဲ့ဆီမှာ လှည်းနဲ့တိုက်ယူတောင်မကုန်ဘူး ” လို့ ဘာမျှဂရုမစိုက်သလိုပြန်ပြောတယ်။
ဒီစကားကို ကြားတော့ မင်းသမီးက နောက်တစ်နေ့ဖက်ကောက်သွားရင် သူ့ကိုပါခေါ်ဖို့နဲ့ သူပါလိုက်ကြည့်ချင်ကြောင်းကို ပြောတယ်။
မနက်မိုးလင်းခါနီး ဖက်ကောက်ထွက်တဲ့အခါကျတော့ မင်းသမီးဟာ သူ့ယောက်ျားနဲ့အတူ ဖက်တောကို လိုက်သွားတယ်။ ဖက်တောရောက်တဲ့အခါ သူ့ယောက်ျားပြောတဲ့အတိုင်း ပတ္တမြားတွင်းကြီးကို တွေ့တယ်။ ဒီတင် မင်းသမီးက သူ့ယောက်ျားကို ဖက်မကောက်စေတော့ဘဲ ပတ္တမြားတွေကို နိုင်သမျှ ထမ်းပိုး ယူငင်စေပြီး သူလည်း တစ်ရွက် တစ်ပိုးရွက်ကာ တဲကို ပြန်ခဲ့တယ်။ ပတ္တမြားတွင်းနေရာကို လည်း ခြံခတ်ပြီးထားခဲ့တယ်။
(တောထဲ တောင်ထဲမှာ တစ်နေရာကို ခြံခတ်ထားရင် ဒီနေရာဟာ ပိုင်သူရှိပြီး ဒီခြံထဲက ပစ္စည်းကို ဘယ်သူမှ မယူရဆိုတဲ့အထိမ်းအမှတ်ဖြစ်တယ်။)
အဲဒီကစပြီး သူတို့ဟာ ပင်ပင်ပန်းပန်း အလုပ်မလုပ်ရတော့ဘဲ မင်းသမီးရဲ့စီစဉ်ပေးတဲ့အတိုင်းရလာတဲ့ပတ္တမြားထဲက တန်ဖိုးနဲတာကလေးတွေကို ထုခွဲရောင်းချပြီး အေးအေးလူလူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြရတော့တယ်။
တစ်နေ့တော့ တောကစားတာဝါသနာပါတဲ့ဘုရင်ကြီးဟာ တောလည်ဖို့ အဖော်အဖြစ် လိုက်ပါကြရန် လူငယ်လူရွယ်တွေကို ဆင့်ခေါ်တော်မူတယ်။
ဒီလိုဆင့်ခေါ်တဲ့ အထဲမှာ အင်ဖက်ကောက်သမားလည်းပါတာဖြစ်လို့ မယားမင်းသမီးက တောကစားသွားတဲ့အခါဖြစ်တတ်တဲ့ အရေးအခင်းကိုတွေးပြီး ကောက်ညှင်းမှုန့်နဲ့ ခမောက်တစ်ချပ်လုပ်ကာ သူ့ယောက်ျားကို ပေးလိုက်တယ်။ တောထဲ တောင်ထဲမှာ ရိက္ခာကုန်နေရင် ဒီကောက်ညှင်းမှုန့်နဲ့လုပ်ထားတဲ့ ခမောက်ကို ဖဲ့ပြီးစားဖို့ မှာလိုက်တယ်။ ဒီလိုစားတာကို တစ်ခြားသူတစ်ပါးကမြင်လို့ တောင်းစားရင် တစ်ခုခုနဲ့ လဲမှ ပေးရမယ်လို့ လည်း မှာလိုက်သေးတယ်။ ဒါနဲ့ အင်ဖက်ကောက်သမားဟာ သူ့မယားလုပ်ပေးတဲ့ ကောက်ညှင်းမှုန့် ခမောက်ကိုဆောင်းပြီး နန်းတော်ကို လာခဲ့တယ်။
နန်းတော်ကို ရောက်လာတဲ့ လူတွေကို ဘုရင်ကြီးက အစုလေးတွေ ခွဲဝေပြီးတော့ တောအနှံ့ အပြားကိုလွှတ်တယ်။ အင်ဖက်ကောက်သမားကတော့ ဘုရင်ကြီးဦးစီတဲ့ အစုနဲ့အတူပါတယ်။ ဘုရင်ကြီးက အင်ဖက်ကောက်သမားကို သူ့သမက်ဖြစ်နေမှန်းမသိဘူး။ အင်ဖက်ကောက်သမားကလည်း သူဟာ ဘုရင်ကြီးရဲ့ သမက်ဖြစ်ကြောင်း မပြောရဲဘူး။
ဒီလိုနဲ့တောထဲကို ဝင်ကြတဲ့အခါ ဘုရင်ကြီးနဲ့ အင်ဖက်ကောက်သမားဟာ တောကောင်တစ်ကောင်ရဲ့နောက်ကို လိုက်ကြရာက သူတို့ ၂ ယောက်အုပ်စုနဲ့ကွဲပြီး တောကြီးမျက်မည်းထဲကို ရောက်သွားတယ်။ ပြီးတော့လည်းတောကောင်ကိုပါမျက်ချည်ပြတ်သွားပြီး လာလမ်းပြန်လမ်းလည်းပျောက်ကာ တဝဲလည်လည်နဲ့ တောထဲမှာလမ်းစရှာမတွေ့ဘဲ ဖြစ်နေတယ်။ ဒီလိုနဲ့ ဘုရင်ကြီးနဲ့ အင်ဖက်ကောက်သမားဟာ တောနက်ကြီးထဲမှာ တဝဲလည်လည်နဲ့ လမ်းစရှာမတွေ့ဘဲ ဖြစ်နေလိုက်တာ သူတို့မှာပါလာတဲ့ ရိက္ခာတွေ ကုန်တဲ့အထိဖြစ်လာတယ်။
ရိက္ခာကုန်တော့ အင်ဖက်ကောက်သမားက သူဆောင်းထားတဲ့ ခမောက်ကို ဖဲ့ပြီးစားတယ်။ ဒါကို ဘုရင်ကြီးကမြင်တဲ့အခါ သူ့ကိုလည်းမျှပါလို့တောင်းတယ်။ ဒီတော့ အင်ဖက်ကောက်သမားက သူ့မယားမှာလိုက်တဲ့အတိုင်း “ ဘုရင်မင်းမြတ် ကျွန်တော်မျိုးဆီက တစ်ဖဲ့စာ လိုချင်လို့ရှိရင် ဘုရင်မင်းမြတ်ရဲ့ရွှေခမောက်ကလည်း တစ်ဖဲ့စာ အစားပြန်ပေးရမယ်။ ” လို့ လျှောက်တင်တယ်။
ဒီအခါ အင်မတန်ဆာနေတဲ့ ဘုရင်ကြီးက သူ့ရွှေခမောက်ကို တစ်ဖဲ့ ဖဲ့ကာ အင်ဖက်ကောက်သမားရဲ့ မုန့်ခမောက်တစ်ဖဲ့နဲ့ လဲယူပြီးစားလိုက်တယ်။ ဒီလိုနဲ့လမ်းစရှာကြရင်း ဘုရင်ကြီးဟာ ဆာလာတိုင်း ရွှေခမောက်ကို ဖဲ့ဖဲ့ ပြိး မုန့်ခမောက်နဲ့ လဲလိုက်တာ နောက်ဆုံးမှာ ရွှေခမောက်လည်းကုန်ပြီး မုန့်ခမောက်လည်း မရှိတော့တဲ့ အဖြစ်ကိုရောက်တယ်။ ဒီလိုခမောက် နှစ်ခုလုံးကုန်တယ်ဆိုပေမယ့် မယားအလိမ္မာရဲ့လင်ဖြစ်တဲ့ အင်ဖက်ကောက်သမားကတော့ ခမောက်တစ်ခုစာ ရွှေတွေကို ရလိုက်တယ်။
ရွှေခမောက်ရော မုန့်ခမောက်ပါ ဆောင်းစရာမရှိတော့တဲ့ အခါကျတော့မှ သူတို့ဟာ လမ်းစကလေးတစ်ခုကို တွေ့ကြတယ်။ ဒီအချိန်မှာ ဘုရင်ကြီးဟာ မောလှပြီဖြစ်လို့ အရိပ်
ကောင်းတဲ့ လမ်းဘေးက ညောင်ပင်ကြီးအောက်မှာ တုံးလုံး ပက်လက်လှဲပြီး ခဏနားတယ်။ ဒီလိုနားနေတုန်း ဘုရင်ကြီးက အင်ဖက်ကောက်သမားကို “ ငါညောင်းလှတယ်၊ နှိပ်ပေးစမ်းပါ ” လို့ခိုင်းတယ်။
ဒီလိုခိုင်းတဲ့ အခါ အင်ဖက်ကောက်သမားက သူ့ကို ဂရုတစိုက် နှိပ်ပေးအောင် ဘုရင်ကြီးက
“ မင်းနှိပ်ပေးတဲ့အတွက် ငါပုံ တစ်ပုံ ပြောပြမယ် ” လို့ပြောပြီး “ ဟို ရှေးတုန်းက …” လို့ အစချီပြီး ပုံ တစ်ပုံကို စပြီးပြောတာနဲ့ ဆက်လက် မပြောနိုင်တော့ဘဲ တစ်ခါတည်း အိပ်ပျော်သွားတယ်။
ဒီအခါ ပုံနားထောင်ဖို့ ရောက်နေတဲ့ တောစောင့်နတ်နဲ့ တောင်စောင့်နတ် က ဘုရင်ဖြစ်ပြီး သူတို့ကို လိမ်ရပါမလားလို့ မကျေမနပ်ဖြစ်ကာ ကျိန်ဆဲလိုက်ကြတယ်။ ဘယ်လိုကျိန်ဆဲလိုက်ကြသလဲ ဆိုတော့….
ဘုရင်ကြီးဟာ အိပ်ယာကထပြီး ဒီညောင်ပင်အောက်က မြင်းနဲ့ မထွက်ခင် ညောင်ကိုင်း ကျိုးကျလို့ ဘုရင်ကြီးသေပါစေ။
ဒါနဲ့မှ မသေသေးရင် နန်းမြို့ကို ဝင်တဲ့အခါ မင်္ဂလာတံတားဘောက်ပြုတ်ကျပြီးသေပါစေ။
မသေသေးပါက စက်တော်ခေါ်တဲ့ အခါ မြွေခဲပြီး သေပါစေ။
ဒါနဲ့လည်း မသေသေးရင် ရေသောက်တဲ့အခါ ရေခွက်ထဲက ကင်းခြေများကိုက်ပြီးသေပါစေ။
တစ်ခါ ဒါမှ မသေရင် ကွမ်းစားတဲ့အခါ ကွမ်းအညှာက အပ်စူးပြီးသေပါစေ လို့ ကျိန်ဆဲကြတယ်။
နတ်တွေကျိန်ဆဲတာကို အင်ဖက်ကောက်သမား သမက်ဖြစ်သူက ကြားတော့ ဘုရင်ကြီးကို သူကယ်မှ ဖြစ်တော့မယ်၊ သူကမှ မကယ်ရင် နတ်တွေရဲ့ကျိန်စာနဲ့ သေရလိမ့်မယ်လို့ တွေးပြီး ယောက္ခမ ဘုရင်ကြီးကို နတ်တွေရဲ့ကျိန်စာ မထိအောင် ကယ်ပါတော့မယ်လို့ သန္နိဋ္ဌာန်ချလိုက်တယ်။
တောစောင့်နတ်ဟာ ပုံပြောမယ်ဆိုပြီး မပြောဘဲ နေတဲ့ ဘုရင်ကြီးကို အားရအောင် ကျိန်ဆဲပြီးတော့မှ သူတို့ရဲ့ ဗိမာန်ကို ပြန်သွားကြတယ်။ နတ်တွေပြန်သွားပြီးတာနဲ့ ဘုရင်ကြီးဟာ အိပ်ယာက နိုးလာတယ်။
အိပ်လိုက်ရလို့ အားအင်တွေပြည့်လာတဲ့ ဘုရင်ကြီးဟာ ခရီးဆက်ထွက်ဖို့ မြင်းပေါ်ကို တက်လိုကတယ်။ မြင်ပေါ်ကို ဘုရင်ကြီးတက်လိုက်တာနဲ့ အင်ဖက်ကောက်သမား က ညောင်ပင်အောက်က အမြန်ဆုံးထွက်မိအောင် ဘုရင်မြင်းကို လှမ်းပြီး ရိုက်လိုက်တယ်။ ဒီလိုရိုက်လိုက်လို့ ဘုရင့်မြင်းကလန့်ပြီး ညောင်ပင်အောက်က ပြေးထွက်သွားတာနဲ့ တပြိုင်နက် ညောင်ကိုင်းကြီးဟာ နတ်တွေရဲ့ကျိန်စာအတိုင်းကျိုးကျလာတယ်။
ဒါပေမယ့် ဘုရင်ကြီးကတော့ ညောင်ကိုင်းအန္တရယ်က လွတ်ပြီး ရှေ့ကသွားနှင့်နေပြီ။ အတန်ကြာသွားမိတဲ့အခါကျတော့ ဖြတ်ကူးရမယ့်တံတားတစ်ခု ကိုရောက်လာတယ်။ ဒီတင် အင်ဖက်ကောက်သမားက နောက်ကအမှီလိုက်လာပြီး တံတားပေါ်စတက်နေတဲ့ မြင်းကို နောက်ကနေ ရိုက်လိုက်ပြန်တယ်။ မြင်းကလည်း သူ့ကို ရိုက်လိုက်တာနဲ့ တံတားကို ဒုန်းစိုင်းပြီး ကူးပြေးတယ်။ တံတား တစ်ဖက်ကို ရောက်ရောက်ချင်းပဲ တံတားဟာ ကျိုးကျသွားတယ်။
နန်းမြို့ထဲ ဝင်တဲ့အခါမှာလည်း မင်္ဂလာတံခါးအဝင်မှာ အင်ဖက်ကောက်သမားကမြင်းကို နောက်ကနေပြီး ရိုက်လိုက်ပြန်တယ်။ ဒီိလိုလုပ်လိုက်လို့ မြင်းဟာအပြေးဝင်သွားပြီးတာနဲ့ တံခါးရွက်ဟာ ပြုတ်ကျလာတယ်။ ဒါပေမယ့် ဘုရင်ကြီးဟာ အန္တရာယ်ကင်းကင်းနဲ့ နန်းမြို့ထဲ ရောက်သွားတယ်။
နန်းတော်ကို ရောက်တဲ့အခါကျတော့ အင်ဖက်ကောက်သမားက “ အရှင်မင်းမြတ်၊ အရှင်မင်းမြတ်မှာ အသက်အန္တရာယ် ရှိနေပါသေးတယ်။ ဘုရင်မင်းမြတ်တောထဲမှာ စက်တော်ခေါ်ရာကထပြီး ပြန်လာဖို့လုပ်စဉ်က ညောင်ကိုင်းကြီးကျိုးကျပါတယ်။ နောက်ဖြတ်လာသော တံတားကျိုးပါတယ်။ ဒါတွေဟာ တောစောင့်နတ်နဲ့ တောင်စောင့်နတ်ရဲ့ ကျိန်ဆဲတဲ့အတွက် ဖြစ်ပါတယ်။ နောက်လည်း ကျန်ပါသေးတယ်။ ဒီည ဘုရင်မင်းမြတ် စက်တော်ခေါ်တဲ့အခါ မြွေခဲဖို့ ရှိပါသေးတယ်။ နောက်ပြီး သောက်တော်ရေ သောက်တဲ့အခါမှာလည်း ရေခွက်ထဲက ကင်းခြေများ ထွက်ကိုက်ဖို့ ရှိပါသေးတယ်။ နောက်ကွမ်းစားတဲ့အခါ ကွမ်းယာက အပ်စူးပြီး နတ်ရွာစံဖို့ ရှိပါသေးတယ်။
ဒါတွေဟာ တောထဲမှာ အရှင်မင်းကြီး အနှိပ်ခံစဉ်က ပုံပြောမယ်လို့ ပြောပြီး ပုံကို ဆုံးအောင် မပြောတဲ့အတွက် တောစောင့်နတ် နဲ့ တောင်စောင်နတ်က ကျိန်ဆဲလိုက်တာဖြစ်ပါတယ်။ နန်းတော်မရောက်ခင် တွေ့ရတဲ့ အန္တရာယ် ၃ ခုကိုတော့ ကျွန်တော်မျိုးက အရှင်မင်းမြတ်ရဲ့ မြင်းကို ရိုက်နှက်ပြီး လွတ်ကင်းအောင် လုပ်ခဲ့ပြီးပါပြီ။ ကျန်တဲ့နန်းတော်ထဲမှာ ဖြစ်မယ့်အန္တရာယ်ကို အခုကျွန်တော်မျိုး သတိပေးရခြင်းဖြစ်ပါတယ်။ သတိဝိရိယနဲ့ ဆောင်ရွက်တော်မူပါ။ ” လို့ လျှောက်တင်လိုက်တယ်။
ဒီတော့မှ ဘုရင်ကြီးက သူ့မြင်းကို အင်ဖက်ကောက်သမားက နောက်ကနေရိုက်ပုံ၊ ရိုက်လို့ မြင်းက လန့်ပြီး အပြေးမှာ ညောင်ကိုင်းကြီး ကျိုးကျပုံ၊ မင်္ဂလာတံတားဘောင်ပြုတ်ကျပုံတွေကို သတိရပြီး ဒီ အတိုင်းဆိုရင် သင်မပြန်လေနဲ့ဦး၊ ငါနဲ့အတူ နန်းတော်မှာနေပြီး သင်သိထားသလို ဆောင်ရွက်ပေးရမယ့် ကိစ္စတွေကို ဆက်ပြီး ဆောင်ရွက်ပါလို့ အမိန့်ရှိတယ်။
အင်ဖက်ကောက်သမားဟာ အမိန့်အတိုင်း ဘုရင့်အပါးမှာ နေလိုက်တယ်။ ဒါနဲ့ ညမိုးချုပ်လို့ ဘုရင်ကြီးစက်တော်ဆောင် ဝင်တဲ့အခါကျတော့ စက်တော်ဆောင်ရဲ့ ကြိုကြိုကြားကြားကို အင်ဖက်ကောက်သမားက စစ်ဆေးကြည့်ရှုတယ်။ ဒီတင် အဆိပ်ပြင်းလှတဲ့ မြွေကြီးတစ်ကောင်ကို တွေ့တယ်။ ဒါနဲ့မြွေကြီး ကို ရိုက်သတ်ပြီး ဘုရင်ကြီးကို ပြတယ်။
မြွေရန်အေးသွားတော့ ဘုရင်ကြီးက ရေဆာတာနဲ့ သောက်ရေခွက်နဲ့ရေကိုခပ်ပြီး သောက်မယ်လို့ လုပ်တဲ့အခါ အင်ဖက်ကောက်သမားကလှမ်းပြီး ဘုရင့်လက်ထဲက ရေခွက်ကို ဆွဲယူလိုက်တယ်။ ဒီအခါ ရေခွက်ထဲက ကင်းခြေများကြီးတစ်ကောင် ထွက်လာတာကိုတွေ့ရတယ်။ အင်ဖက်ကောက်သမားဟာ ကင်းခြေများကို ဘုရင့်ရှေ့မှာပဲ သတ်ပစ်လိုက်တယ်။
ပြီးတော့ ဘုရင်ကြီးဟာ ကွမ်းစားမလို့ ကွမ်းအစ်ကိုဆွဲပြီး ကွမ်းယာဖို့ ပြင်လိုက်တဲ့အခါမှာလည်း အင်ဖက်ကောက်သမားက ဘုရင်ကြီး လက်က ကွမ်းရွက်ကိုဆွဲယူပြီး အညှာကို ကြည့်လိုက်တယ်။ ဒီအခါ အညှာထဲက အပ်တစ်ချောင်းကို တွေ့ရပြန်တယ်။ အပ်ကို ယူပြီး ဘုရင်ကြီးရဲ့ အသက်ကို ကယ်လိုက်ပြန်တယ်။
ဒီအခါ ဘုရင်ကြီးက သူ့အသက်ကို အကြိမ်များစွာ ကယ်တဲ့ အင်ဖက်ကောက်သမားကို ကျေးဇူးတင်လှပြီး အမျိုးအနွယ်နဲ့ အလုပ်အကိုင်ကို မေးတယ်။ ဒီတော့ အင်ဖက်ကောက်သမားက သူ့ရဲ့ အတ္ထုပ္ပတိကို ရှင်းလင်းပြောပြလိုက်တယ်။ ဒီတော့မှ ဘုရင်ကြီးက သူ့အသက်ကို ကယ်လိုက်တဲ့ အင်ဖက်ကောက်သမားဟာ သူ့သမက်ဖြစ်မှန်းသိသွားပြီး ညတွင်းချင်ပဲ သမီးတော်နဲ့ အင်ဖက်ကောက်သမားရဲ့ မိခင်ကို အခမ်းအနားနဲ့ နန်းတော်ကို ခေါ်စေတယ်။
နောက်တနေ့မနက် ညီလာခံကျတော့ ဘုရင်ကြီးက သူ့သမီးတော်ဟာ စစ်မှန်တဲ့ ဖူးစာရှင်ကို ရတဲ့အတွက် ကြီးပွားချမ်းသာပြီး အဖိုးမဖြတ်နိုင်တဲ့ပတ္တမြားရတနာတွေ မရေမတွက်နိုင်အောင် ပိုင်ဆိုင်နေပုံနဲ့ သူ့သမက်တော်ကလည်း သူတောကစားထွက်ရာမှာ သူ့ကို သေဘေးက အကြိမ်ကြိမ် ကယ်ဆယ်ခဲ့ပုံ၊ အမြှော်အမြင်ရှိတဲ့မယားရဲ့စကားကို နားထောင်တဲ့ သမက်ဖြစ်လို့ တောထဲမှာ ရိက္ခာကုန်ပေမယ့် ငတ်လို့မသေရဘဲ သူ့ သရဖူ ခမောက်ကိုပါ သမက်တော်က ရအောင်ယူနိုင်ပုံ ကို ချီးကျူးပြောဆိုပြီး ဒီညီလာခံမှာပဲ သမက်တော် အင်ဖက်ကောက်သမားကို အိမ်ရှေ့မင်းအရာ လွှဲပေးလိုက်တယ်။
ဒီအချိန်ကစပြိး မင်းသမီးနဲ့ အင်ဖက်ကောက်သမားဟာာ ချမ်းသာ ပျော်ရွှင်စွာနေကြရပြီး ဘုရင်ကြီးနတ်ရွာစံတဲ့အခါ အဲဒီတိုင်းပြည်ရဲ့ ပြည့်ရှင်ဘုရင်ကြီးနဲ့ မိဘုရားကြီးဖြစ်လာတယ်။
(ဒီပုံပြင်ကို ၁၉၇၂ ခု ဧပြီလ ၈ ရက်နေ့က တံခွန်တိုင်ပွဲမှာ ဒေါဆော်ဘီးရွာက ဦးဖြေရယ် က
ပြောပြပါတယ်။)
(လူထုဦးလှ၏ တိုင်းရင်းသားပုံပြင်များမှ ကူးယူဖော်ပြပါသည်။)
--
Posted By Blogger လူဗိုလ်
Monday, April 16, 2012
မင်းသမီး နဲ့ အင်ဖက်ကောက်သမား (ကယားပုံပြင်)
Thursday, April 12, 2012
ဆိတ်နှစ်ကောင်ပုံပြင်

တခါက.....
`ဆိတ်´တွေကို ထိန်းကျောင်းရတဲ့ `ဆိတ်ကျောင်းသားလေး´ တယောက်ရှိတယ်။ သူဟာ ဆိတ်ကျောင်းရင်း မြက်၇ိုတ်၇တယ်။ အပြန်မှာရိတ်လို့၇လာတဲ့မြက်တွေကိုေ၇ာင်းရတယ်။ တခါတော့ သူ့မှာ သိပ်ခေါင်းမှာတဲ့ ဆိတ်နှစ်ကောင်ရှိတယ်။ ကျန်တဲ့ဆိတ်တွေကို လွတ်ပြီးထားတယ်။ ခေါင်းမာတဲ့ ဆိတ်နှစ်ကောင်ကိုတော့ (၁၀)ပေလောက်၇ှည်တဲ့ကြိုးနဲ့ ထိပ်နှစ်ဖက်မှာ ချည်ထားတယ်။ ချည်တဲ့အခါ မှာလည်း `လျော့ကွင်း´နဲ့ ချည်တားတာဖြစ်တယ်။ တစ်ကောင်က ရုန်းလို့ရှိရင် နှစ်ကောင်စလုံး လည်ပင်းအစ်တော့တာပါပဲ။ ဒီလို`လျော့ကွင်း´နဲ့ ချည်ထားတာကြောင့် သူတို့နှစ်ကောင်ဟာ ဝေးဝေးကိုမသွားနိုင်ကြဘူး။ တခြားဆိတ်တွေကတော့ တောထဲမှာမြက်ခင်းပေါ်မှာ အရွက်နုလေးတွေကို စိတ်ကြိုက်စားသောက်ခွင့်၇ကြတယ်လေ။
ဒီလိုနဲ့တနေ့မှာ...
ဆိတ်ကျောင်းသားလေးက မြက်တွေကိုရိတ်ပြီးပြန်လာတယ်။ ခေါင်းမာတဲ့ ဆိတ်နှစ်ကောင်ဟာလည်း ဘာမှ မစား၇သေးဘူး။ သနားတဲ့ စိတ်ကလေးဖြစ်ပေါ်လာတယ်။ ဒါကြောင့် မြက်ထုံတထုံးကို ဆိတ်တစ်ကောင်ရဲ့ မနီးမဝေးမှာ ပစ်ချလိုက်တယ်။ နောက်ထပ်မြက်ထုံးတစ်ထုံးကို လည်း ကျန်တဲ့ ဆိတ်တစ်ကောင်ရဲ့ မနီးမဝေးမှာ ပစ်ချလိုက်တယ်။အဲဒီလို မြက်နှစ်ထုံးကို ပစ်ချပြီးတဲ့နောက် မြက်ရိတ်ဖို့ ပြန်ပြီးထွက်သွားပါတော့တယ်။
ဆိတ်တကောင်ဟာ သူ့အနီးနားကို မြက်ထုံးတစ်ထုံး`ဘုတ်ကနဲ´ကျလာတာမြင်ေ၇ာ အဲဒီမြက်ထုံးဆီကို အပြေးသွားပါတော့တယ်။ သူကသွားတော့ လျော့ကြိုးကြီးက တင်းလာတော့တာပေါ့။ သူ့စိတ်ထဲမှာ `ငါ့ကို မစားစေချင်လို့ ဟိုကောင်ကဆောင့်ဆွဲတာဖြစ်မယ်´ လို့တွေးပြီး ဒေါသတွေထွက်လာတယ်။ ဒီလိုပဲ ဟိုဘက်ဆိတ်ကလည်း သူနဲ့နီးတဲ့ မြက်ထုံးဆီကိုေ၇ာက်အောင်သွားတယ်။
ဆိတ်နှစ်ကောင်စလုံးဟာ ကိုယ်နဲ့နီးတဲ့ မြက်ထုံးဆီကိုေ၇ာက်အောင်သွားကြရင်းနဲ့ ကြိုးကြီးက တင်းသထက်တင်းလာတယ်။ လည်ပင်းကလည်း `အစ်´သထက် `အစ်´လာတယ်။ လွန်ဆွဲနေသလိုပါပဲ။ နှစ်ကောင်စလုံး မြက်ထုံးဆီကို မေ၇ာက်နိုင်ကြဘူး။ နှစ်ကောင်စလုံးရဲ့ စိတ်ထဲမှာလည်း မာနကိုယ်စီနဲ့ပေါ့။ ဒေါသကိုယ်စီနဲ့ပေါ့။ အာဏာတကိုယ.်စီနဲ့ပေါ့။ ဆိတ်တစ်ကောင်ကဆွဲ၊ ကျန်ဆိတ်တစ်ကောင်ကလည်း ပြန်ဆွဲ။ ဒီလိုနဲံ မြက်စားမရဘဲ လည်ပင်းအစ်လို့ နှစ်ကောင်စလုံး သေပွဲဝင်သွားကြပါတော့တယ်။
မြက်ရိတ်ပြီးပြန်လာတဲ့ ဆိတ်ကျောင်းသားလေးဟာ သူ့ရဲ့ဆိတ်နှစ်ကောင်စလုံးသေနေတာကို တွေ့လိုက်ရတယ်။ လည်ပင်းမှာလည်း`လျော့ကြိုး´ ကြီးက တင်းလို့...။ မြက်ထုံးကလည်း အ၇ာတောင်မယွင်းဘူး။ ဒီဆိတ်နှစ်ကောင်ကို နောက်ဆု့းမှာတော့ အသားပေါ်ပြီး ၇ွာထဲကို ဆိတ်သားအဖြစ်ေ၇ာင်းစားလိုက်ပါတော့တယ်။
+++ ++++ ++++
တကယ်တော့ ဖြစ်သင့်တာက ... ဆိတ်တကောင်ဟာ ကျန်ဆိတ်တကောင်နဲ့ ပူးပေါင်းပြီး မြက်ထုံးတစ်ထုံးကို နှစ်ကောင်အတူစားသင့်တယ်။ အဲဒီ မြက်ထုံးတစ်ထုံးကို နှစ်ကောင်အတူစားရင် ရတာပဲ။ အခုတော့ ခေါင်းမာလိုက်ကြတဲ့ ဆိတ်နှစ်ကောင်။ မြက်လည်း မစားရ။ သေရှာကြေ၇ာ။ သူတို့ဟာ ဆိတ်တွေဆိုတော့ အသိဥာဏ်မ၇ှိကြဘူးလေ။
++++ ++++ ++++
ကျနော်တို့ ပတ်ဝန်းကျင်မှာလည်း မြက်ထုံးနှစ်ထုံးနဲ့ ဆိတ်နှစ်ကောင်လို ဇာတ်လမ်းတွေအများကြီးရှိပါတယ်။ ခေါင်းမာတဲ့ ဆိတ်နှစ်ကောင်နဲ့ တူတဲ့လူတွေ အများကြီးရှိပါတယ်။ တခါတလေ ကျနော်ကိုယ်တိုင် ဆင်ခြင်တုံးတရားမဲ့တဲ့ ဆိတ်နှစ်ကောင်လိုလူ ဖြစ်နေတတ်ပြန်တယ်။ ဒီအတွက် တစ်ယောက်က တစ်ယောက်ကို အလျော့မပေး... တစ်ယောက်က တယောက်ကို နားမလည်...၊ မာနချင်းပြိုင်လို့...။ သူနိုင် ငါနိုင် အပြိုင်လုရင်း ဂုဏ်သိက္ခာတွေကျခဲ့ကြရတယ်။ နောင်တတွေကို မျိုချရင်းနဲ့ အသက်တွေကြီးလာကြတယ်။ ကိုယ်လည်း မစား၇၊ သူစားဖို့အတွက်လည်း မကျွေးချင်နဲ့။ ဘ၀ဆိုတာ သေချာတွေးကြည့်ရင် ၇ှက်စ၇ာကောင်းလိုက်တာ။
မိသားစုတွေ... အိမ်ထောင်စုတွေ....
လင်မယားတွေ...ချစ်သူတွေ...
သူငယ်ချင်းတွေ...မိတ်ဆွေတွေ....
အနာ၈တ်ကို ပုံဖော်နိုင်စွမ်းရှိတဲ့သူတွေ....
အများအကျိုးကို သယ်ပိုးနေကြပါတယ်ဆိုတဲ့ ဦးဆောင်သူတွေ...
လူ့အဖွဲ့အစည်းတွေအတွက်
ဒီမြက်ထုံးနှစ်ထုံး နဲ့ ဆိတ်နှစ်ကောင်ရဲ့ ဖြစ်ရပ်ကလေးကို ကြည့်ပြီး.....
**ဦးဘုန်း(ဓါတု)**
အဖေ့အိမ်စာအုပ်မှ ကူးယူဖေါ်ပြသည်
Be Happy,
Moe Moe.
Sunday, April 1, 2012
ကိုယ်က သူ့ကို မကောင်းကြံရင် ကိုယ့်ဆီလည်း အဲဒီမကောင်းမှုက ပြန်လာတတ်တာပါပဲ

ကိုယ်က သူ့ကို မကောင်းကြံရင် ကိုယ့်ဆီလည်း အဲဒီမကောင်းမှုက ပြန်လာတတ်တာပါပဲ ။ ဒါကိုတော့ ကျွန်တော် ယုံကြည်လက်ခံထားပါတယ် ။ ဒါနဲ့ပတ်သတ်ပြီး ပုံပြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ် ။
ဟိုးရှေးရှေး တုန်းကပေါ့...။ တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါး ရှိသတဲ့ ။ အဲဒီ ဘုရင်ကြီးမှာ အသိဥာဏ်ပညာနဲ့ ပြည့်စုံတဲ့ ပရောဟိတ်ကြီးတစ်ဦး ရှိသတဲ့ ။
သူဟာ ဗဟုသုတ ပြည့်စုံလွန်းတဲ့အတွက် တိုင်းသူပြည်သားအားလုံးက ချစ်ခင်လေးစားကြတာပေါ့ ။ သူတို့တိုင်း ပြည်မှာ ကိုးကွယ်ဆည်းကပ်နေတဲ့ ရဟန်းတစ်ပါးလည်း ရှိပါသတဲ့ ။
ဘုရင်ကြီး က သက်တော် ၆၀ ကျော်ပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ သားတော်လေးကို အိမ်ရှေ့အရာပေးထားပါတယ် ။ ဘုရင်ကြီးရဲ့ ပရောဟိတ်ကြီးက ကျော်ကြားလွန်းအားတဲ့အတွက် ဘုရင်ကြီးရဲ့ ဂုဏ်သတင်းက တဖြည်းဖြည်းမှေး မှိန်လာပါတယ် ။
အဲဒီတော့ ဘုရင်ကြီး ကပရောဟိတ်ကို အမျက်မှန်ဒေါသ ပွားပါတယ် ။ အဲဒါနဲ့ပရောဟိတ်ကြီး သေဆုံးအောင် အစာအဆိပ်ခတ်သတ်ဖို့ ကြံစည်ပါတယ် ။ တစ်နေ့တော့ ပရောဟိတ်ကြီးကို ခေါ်ပြီး မောင်မင်းစားဖို့ဆိုပြီး မုန့်လုံးတွေ ပေးတော်မှုလိုက်တယ် ။
အဲဒီမုန့်လုံးတွေမှာတော့ အဆိပ်တွေခပ် ထားတာပေါ့ ။ ပရောဟိတ်ကြီးကလည်း သူ့ဘုရင်က သူ့ကို ဒီလိုစိတ်သဘော ထားနေမှန် မထင်တဲ့အတွက် ၀မ်းမြောက်ဝမ်းသာနဲ့ လက်ခံလိုက်တယ် ။
အပြန်လမ်းတလျောက်မှာ သူက ဒီအစားအစာတွေကို သူတို့ကိုးကွယ်တဲ့ ရဟန်း ကြီးကို ဦးဦးဖျားဖျား ဆပ်ကပ်လိုတဲ့အတွက် ကျောင်းသင်္ခန်းကို လှမ်းလာပါတယ် ။ ကျောင်းကို ရောက်တော့ ရဟန်းတော်ကို ဆပ်ကပ်တာပေါ့ ။
အဲဒီအချိန်မှာပဲ တောကစားရာကပြန်လာတဲ့ ဘုရင်ကြီးရဲ့ သားတော်က ရဟန်းဆီမှာ ဗိုက်ဆာလွန်းတဲ့အတွက် စားစရာစွန့်ပေးပါရန် တောင်းပန်လျောက်ထားပါတယ် ။
ရဟန်းကလည်း အတော်ပဲပေါ့ ခုနလေးကတင် ပရောဟိတ်ကြီး လာကပ်ထားတဲ့ မုန့်တွေကို စွန့်လိုက်ပါသတဲ့ ။ သားတော်လည်း ဗိုက်ဆာဆာနဲ့ စားလိုက်ပါတယ် ။ စားပြီးမ ကြာခင်မှာပဲ ပါးစပ်က အမြုပ်တွေထွက်လာပြီး သေဆုံးသွားပါတယ် ။
ရဟနုးနဲ့ ပေ၇ာဟိတ်ကြီးလည်း အလွန်ထိတ်လန့်သွားပြီး နန်းတော်ကို သယ်ဆောင်သွားပါတယ် ။ ဘုရင်ကြီးဆီလည်းရောက်ရော... ပေ၇ာဟိတ်ကြီးက အရှင်မင်းမြတ်စွန့်တော်မူတဲ့ မုန့်ကို ရဟန်းတော်အားဆပ်ကပ်ကြောင်း ထိုမှတဆင့် သားတော်ရောက်လာပြီး မုန့်စွန့်ရန်လျောက်ထားတဲ့အတွက် ဘုရင်ကြီး ကျွေးသော မုန့်ကို သားတော်အားကျွေးမိပါကြောင်း လျောက်ထားသတဲ့ ။
ဒီအခါမှ ဘုရင်ကြီးလည်း အလိုလေး ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာပါ၏တကား ..လို့ ပြောဆိုပြီး ရင်ကွဲနာကျကာ သေဆုံးသွားပါတဲ့ ။သူများမကြောင်းကြံ ကိုယ့်ဘေးဒါဏ်ဆိုတဲ့ အတိုင်းပါပဲ ။
################################
“ ကိုယ်ပြုလုပ်ခဲ့သမျှ ကောင်းခြင်းဆိုးခြင်းတွေဟာ တစ်ချိန်မှာ ကိုယ့်ဆီကို တနေရာရာကနေ တနည်းနည်းနဲ့ ပြန်လာတတ်ပါတယ် ”
**သက်တန့်ချို**
ကြားဖူးသော ပုံပြင်လေးအား ပြန်လည်ချရေးကြည့်တာပါ
**မေမွန်ကျော်**
Wednesday, March 14, 2012
ဒူးရင်းသီးပုံပြင်

ရုပ်သေးပညာရှင် ဒေါ်မမနိုင်ရဲ့ ရုပ်သေးရုံမှာ တနင်္ဂနွေနေ့တိုင်း ``ဟက်ပီးဆန်းဒေး`` ကျင်းပတယ်။ သီချင်းတွေဆိုကြတယ်။ သီချင်းတွေက ရေဒီယိုသီချင်းဟောင်းတွေများပါတယ်။ မြို့မသီချင်းတွေကလည်း ပါတယ်။ သီချင်းလာပြီးဆိုကြတဲ့သူတွေလည်း မန္တလေးမြို့ရဲ့ မျက်နှာဖုံးတွေ များပါတယ်။ ပျော်စရာလည်း ကောင်းတယ်။ ကျွန်တော်တို့လို အသက်အရွယ်တွေအတွက် စိတ်ဖိစီးမှုသက်သာစေပါတယ်။ အလုပ်ထဲမှာ စိတ်တွေနစ်ပြီး တစ်ပတ်လုံး အလုပ်လုပ်ခဲ့သမျှ ``ဟက်ပီးဆန်းဒေး`` မှာ သီချင်းဆိုရင်း ဖွင့်ထုတ်ပစ်လိုက်တယ်။
ဒီလိုနဲ့ ကျွန်တော်တို့မှာ အချိန်တိုအတွင်း `` သူငယ်ချင်း`` တွေ အများကြီးတိုးလာပါတယ်။
ပြီးခဲ့တဲ့ ဝါဆိုလပြည့်နေ့က ဆရာမရုပ်သေး ပညာရှင် ဒေါ်မမနိုင်ရယ်၊ စာရေးဆရာမယဉ်ယဉ်နုရယ်၊ စာရေးဆရာမ သင်းသင်းရယ်၊ စာရေးဆရာမ ခင်လေးငယ်ရယ်၊ စာရေးဆရာ ဦးရာစိုးရယ် ၊ ကျွန်တော်ရယ်၊ မန္တလေး ကန်တော်ကြီးရဲ့ ပြည်ကြီးမွန်ဖောင်တော်မှာ နံနက်စာစားရင်း စကားပြောဖြစ်ကြတယ်။
အဲဒီနေ့မှာ ``သူငယ်ချင်း``ဆိုတဲ့ အဓိပ္ပာယ်ကို ပေါ်လွင်စေတဲ့ ``ဒူးရင်းသီး``ပုံပြင်ကိုကျွန်တော်ပြောဖြစ်ခဲ့တယ်။
ပုံပြင်လေးက ဒီလိုပါ။
*******
တစ်ခါတုန်းကပေါ့……။
သူငယ်ချင်း အယောက် (၃၀)ဟာ အုပ်ချုပ်သူ ဆရာ၊ ဆရာမတွေနဲ့အတူ တောစပ်တစ်နေရာကို လေ့လာရေး ခရီးထွက်ခဲ့ကြတယ်။ သူငယ်ချင်းတွေဆိုတော့ .. ဆော့ကြတာပေါ့။ ပတ်ဝန်းကျင်ကိုလည်း လေ့လာကြတယ်။ ပန်းပင်တွေအကြောင်း သစ်ပင်တွေအကြောင်း၊ လိပ်ပြာလေးတွေအကြောင်းပြောကြတယ်။ ပါဆယ်ဂိမ်းကစားကြတယ်။ ပါလာတဲ့ ထမင်းဘူးတွေ ဖွင့်စားကြတယ်။ ဒီ သူငယ်ချင်းတွေထဲက သူငယ်ချင်းသုံးယောက်ဟာ လှပတဲ့ လိပ်ပြာလေးတွေကို လိုက်ပြီးကြည့်ရင်း တောစပ်ကနေ တောထဲကိုရောက်သွားပါတော့တယ်။ လိပ်ပြာလေးတွေလည်း လှတော့.. လိပ်ပြာလေးတွေထဲပဲ စိတ်ကရောက်နေတယ်။ ကိုယ်လာတဲ့လမ်းကို မမှတ်မိတော့ဘူး။ ဒီလိုနဲ့ ညနေစောင်းလို့ စုရပ်ကိုပြန်ကြမယ်လည်းလုပ်ရော မပြန်တက်ကြတော့ဘူး။ သူငယ်ချင်း သုံးယောက်ဟာ ထင်ရာမြင်ရာ စမ်းမှန်းပြီး စုရပ်ကို ပြန်လာကြတယ်။
သူတို့လာတဲ့လမ်းဟာ စုရပ်ကို မရောက်ဘဲ တောနက်ထဲကိုပဲ တဖြည်းဖြည်းရောက်သွားပါတော့တယ်။
ညနေခင်းရောက်လာတော့ တဖြည်းဖြည်း မှောင်လာတယ်။ သူငယ်ချင်းသုံးယောက် တစ်ယောက်လက်ကို တစ်ယောက်တွဲလို့လမ်းရှာရင်း ခရီးဆက်ခဲ့ပါတော့မယ်။
ညဟာ တော်တော်ကို မှောင်လာတယ်။ အဲ့ဒီအချိန်မှာ မီးတုတ်တွေကိုင်လို့ လူတစ်စုကို သူတို့မြင်လိုက်တယ်။ သူတို့ကိုလိုက်ရှာနေတဲ့ အဖွဲ့ဖြစ်မယ်ထင်တယ်။ အနီးနား လည်းရောက်ရော အဲ့ဒီလူစုဟာ လိုက်ရှာနေတဲ့သူတွေ မဟုတ်ဘဲ လူရိုင်းတွေဖြစ်နေတယ်။ လူရိုင်းတွေဟာ သူတို့ကို တွေ့တွေ့ချင်းပဲ နွယ်ကြိုးတွေနဲ့တုပ်လိုက်တယ်။ ခြေထောက်နဲ့ ကန်တယ်။ သူတို့နားမလည်တဲ့စကားတွေနဲ့ သူတို့ကို ပြောတယ်။ ဖမ်းသွားကြတယ်ပေါ့။
ဒီလိုနဲ့ တစ်ညလုံးလမ်းလျှောက်လိုက်ရတာ မိုးလင်းသွားရောဆိုပါတော့။ မိုးလင်းတော့လည်း ဆက်ပြီး လျှောက်ရပြန်တယ်။ လမ်းမှာတွေ့တဲ့ အသီးတွေကိုခူးစား။ တွေ့တဲ့ရေကိုသောက်။ ခရီးဆက်လိုက်တာ နှစ်ညအိပ်လောက်ကြာမှာလူရိုင်းတွေနေတဲ့ ရွာကိုရောက်ပါတော့တယ်။
ရွာကိုလည်းရောက်ရော ရွာလူကြီးလို့ထင်ရတဲ့ ပုဂ္ဂိုလ်ကြီးက အဲ့ဒီ သူငယ်ချင်းသုံးယောက်ကို လှံကြီးနဲ့ရွယ်တယ်။ ချိန်တယ်၊ သတ်ပစ်မယ်ပေါ့။ အဲဒီအချိန်မှာ ``လူ`` စကားနည်းနည်းပြောတက်တဲ့ စကားပြန် တစ်ယောက် ရောက်လာတယ်။
``ငါတို့ လူကြီးကပြောတယ်။ ငါတို့ရွာမှာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို စမ်းသပ်တဲ့နည်းရှိတယ်။ ကံကောင်းရင် အသက်ရှင်မယ်။ ကံဆိုးရင် အသက်သေမယ်။ စမ်းသပ်တဲ့နည်းကလည်း မခက်ဘူး။ ဟိုမယ်.. တွေ့လား။ ဥယျဉ်ခြံထဲမှာ သစ်သီးပင်တွေ စိုက်ထားတယ်။ အဲ့ဒီ သစ်သီးပင်တွေထဲက အမျိုးအစားတူတဲ့ သစ်သီး (၁၀)လုံးခူးခဲ့ရမယ်။ မင်းတို့ခူးခဲ့တဲ့ သစ်သီးပေါ်မူတည်ပြီး မင်းတို့ရဲ့ အသက်နဲ့ ကံကြမ္မာကိုဆုံးဖြတ်မယ်။ ကဲ မင်းတို့သုံးယောက်နှစ်သက်ရာ အမျိုးအစားတူ သစ်သီး(၁၀)လုံးစီခူးခဲ့၊ သွားကြ``
သူငယ်ချင်းသုံးယောက်ဟာ ဥယျာဉ်ခြံထဲကို အပြေးအလွှားပဲ သွားကြပါတယ်။
ပထမဆုံးတစ်ယောက်က ပန်းသီး(၁၀)လုံး ခူးလာတယ်။ စကားပြန်ကပြောတယ်။
``အဲ့ဒီ ပန်းသီး(၁၀) လုံးကို အသံမထွက်ဘဲ အလုံးလိုက်မျိုချရမယ်။ အသံထွက်ရင် သတ်မယ်၊ အသံမထွက်ရင် အသက်ရှင်မယ်``
စဉ်းစားကြည့်ကြစမ်းပါဗျ။ ပန်းသီး(၁၀)လုံး။ အလုံးလိုက် ဘယ်လိုလုပ်မျိုနိုင်မှာလဲ။ ဒီလိုနဲ့ အသတ်ခံရရောဆိုပါတော့။ အသက်ထွက်ထွက်ချင်းပဲ သူဟာ ငရဲပြည်ကို ရောက်သွားပါတော့တယ်။
အဲ့ဒီအချိန်မှာ ဒုတိယသူငယ်ချင်းက စပျစ်သီး (၁၀)လုံးခူးပြီးရောက်လာတယ်။ ထုံးစံအတိုင်းပဲ စကားပြန်ကပြောတယ်။
``စပျစ်သီး ၉၁၀)လုံးကို အသံမထွက်ဘဲ အလုံးလိုက်မျိုချရမယ်။ အသံထွက်ရင်သတ်မယ်။ အသံမထွက်ရင် မင်းအသက်ရှင်မယ်``
စပျစ်သီးဆိုတာသေးသေးလေးတွေဆိုတော့ တစ်လုံးပြီးတစ်လုံး အသံမထွက်ဘဲ မျိုချပါတော့မယ်။ ဒီလိုနဲ့ (၉)လုံးမြောက်အရောက်မှာ အသံထွက်ပြီး ``ရယ်`` လိုက်တယ်။ အဲ့ဒါနဲ့ အသတ်ခံရပါလောရော။ ဒီကောင်လည်း ချက်ချင်း ဆိုသလိုပဲ ငရဲပြည်ကိုရောက်သွားတယ်။
ငရဲပြည်မှာ သူငယ်ချင်းနှစ်ယောက်တွေ့ကြတော့.. ပထမ သူငယ်ချင်းက မေးတယ်။
`ဟေ့ကောင် မင်းဘာအသီးစားလို့ အသတ်ခံရတာလဲကွ``
``စပျစ်သီးကွ`
``ဟ.. စပျစ်သီး (၁၀)လုံးများ အသံထွက်အောင် စားရတယ်လို့ကွ။ ငါကတော့ .. ပန်းသီးမို့ အသတ်ခံရတာ။ အံ့သြပါ့ကွ``
``မင်းဘာသိလို့လဲ။ ငါက.. စပျစ်သီးကို အသံမထွက်ဘဲ ကြိတ်မှိတ်ပြီးမျိုချနေတုန်း ဟိုအကောင် ဘာအသီးတွေခူးပြီး ပြေးလာတယ်မှတ်တုန်း သူ့ကိုကြည့်ပြီး ငါအသံထွက် ``ရယ်``မိလို့ အသတ်ခံရတာ``
``ဒီကောင်က.. ဘာအသီး (၁၀)လုံး ခူးလာလို့တုံးကွ``
``ဒူးရင်းသီး (၁၀)လုံး ခူးလာတယ်တဲ့ကွာ``
ငရဲပြည်ရောက် သူငယ်ချင်း နှစ်ယောက် တဟားဟားနဲ့ ရယ်လိုက်ကြတော့တယ်။
အဲ့ဒီအချိန်မှာ တတိယသူငယ်ချင်း ငရဲပြည်ကိုရောက်လာတယ်။
``မင်းတို့ကမှ မင်းတို့ခူးလာတဲ့အသီး စားခွင့်ရသေးတယ်။ ငါကတော့ ငါခူးလာတဲ့အသီး မစားရဘဲ အသတ်ခံရတာကွ``
သူငယ်ချင်းသုံးယောက် ငရဲပြည်မှာ ပျော်ပျော်ပါးပါးကြီး ရယ်မော်လိုက်ကြပါတော့တယ်။
*******
သူငယ်ချင်းဆိုတာာ ဒီလိုမျိုးပါ။
ပန်းသီးပဲ စားရစားရ၊ စပျစ်သီးပဲ စားရစားရ၊ ဒူးရင်းသီးပဲ စားရစားရ ဘယ်ဘဝပဲရောက်ရောက်၊ ဘယ်အခြေအနေပဲရောက်ရောက်၊ ဘယ်လိုစည်းစိမ်တွေကို ပိုင်ဆိုင်ပိုင်ဆိုင် သူငယ်ချင်းဆိုတာသူငယ်ချင်းပဲ ဖြစ်သင့်တယ်။ သူငယ်ချင်းတွေ အကြားမှာ ဂုဏ်တွေ၊ အရှိန်အဝါတွေ၊ အောင်မြင်မှုတွေ၊ ပိုင်ဆိုင်မှုတွေနဲ့ စည်းခြားမထားသင့်ဘူး။ အားလုံး ပျော်ပျော်ပဲပေါ့ဗျာ။
ကျွန်တော့်ပုံပြင်ကို သူတို့နားထောင်ကြရင်း တဝါးဝါး၊ တဟားဟားနဲ့ ရယ်မောကြပြီး နံနက်စာ စားလိုက်ကြပါတော့တယ်။
တကယ်တော့.. သူငယ်ချင်းဆိုတာ…
ရင်ဖွင့်ဖော် ရင်ဖွင့်ဖတ်၊ ပျော်ဖော်ပျော်ဖက်၊ ချစ်ဖော်ချစ်ဖက်၊ စိတ်ရဲ့ချမ်းသာမှုကို အမျိုးမျိုးပုံဖော်ပေးနိုင်တဲ့ သဘာဝက ဖန်တီးထားတဲ့ လူသားတွေပဲ မဟုတ်ပါလားခင်ဗျာ…။
********
ဒီ ဒူးရင်းသီး ပုံပြင် လေးက တော့ ဦးဘုန်း(ဓာတု) ရဲ့ ``တွင်း`` ဆိုသော စာအုပ်မှ ခေါင်းစဉ်လေး ဖြစ်ပါတယ်။ စီဘောက်မှာ ကိုသူရိန်က အဲဒီပုံပြင်လေး ကိုလည်း သူငယ်ချင်းတွေဖတ်ရအောင်လို့ တင်ပေးပါဆိုလို့ ။ သူပြောပြီးချင်းမှာပဲ ဘေးမှာ စာအုပ် အလွယ်တကူ ရှိနေတာရယ် အချိန်လေး ရနေတာရယ်ကြောင့် ချက်ခြင်း ကောက်ရိုက်ပြီး တင်ပေးလိုက်တာပါ။ အွန်လိုင်း မှ သူငယ်ချင်းများ အတွက် ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။
ဒီပုံပြင်လေး နဲ့ ပုံစံတူ ကိုလည်း အွန်လိုင်းက ဖော်ဝါ့ မေးလ်တွေမှာ မကြာခဏ ဖတ်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီမေးလ်တွေကတော့ ဟာသ သဘောမျိုးနဲ့ ရေးထားတာ သက်သက်ပါ။ ဘာအဓိပ္ပာယ်မှ မပါပါဘူး။ အခု ပုံပြင်လေးကတော့ သူငယ်ချင်း ဆိုတဲ့ အခြေအနေအနေမှာ ဘယ်လို အခြေ အနေပဲ ရောက်ရောက် သူငယ်ချင်း ဆိုတဲ့ အဓိပ္ပာယ်လေးကို အနှစ်သာရ ရှိရှိ ဖွင့်ဆိုထားတာ ကို ပြချင်တဲ့ သဘောမျိုးပါ။
ခင်မင်စွာဖြင့်...
**ဇော်သိင်္ခ**
Sunday, March 11, 2012
**အဟိံသ၏ နောက်ကွယ်၌**

တစ်ခါတုန်းကပေါ့…လေနတ်သားနဲ့ နေနတ်သားတို့ ကောင်းကင်တစ်နေရာမှာ တွေ့ဆုံကြပါလေရော…
လေနတ်သား။ ။ ငါက မင်းထက် အင်အားကြီးမားတယ်. ဘယ်အရာမဆို၊ ဘယ်လို အတားအဆီးမျိုးကို မဆို ဖြိုခွဲဖျက်ဆီးနိုင်စွမ်းရှိတယ်. မင်းကတော့ နေပူရုံပဲ ပူတတ်တာ. ဒီကြားထဲ မိုးတိမ်တွေအုံ့ဆိုင်းသွားရင် မင်းရဲ့ အလင်းရောင် ပျောက်ကွယ်သွားနိုင်သေးတယ်. ဒါကြောင့် ငါဟာ မင်းထက် အင်အားကြီးမားသာလွန်တယ်ဆိုတာ မင်းလက်ခံရမယ်.
နေနတ်သား။ ။ အဲလောက်လည်း အပြောမကြီးနဲ့လေ. ဘယ်သူမဆို သူ့အထွာနဲ့သူ့အတိုင်းတော့ ရှိကြတာချည်းပဲ. ငါရှိနေလို့ ဒီကမ္ဘာလောကကြီးထဲမှာ သတ္တ၀ါတွေ အသက်ရှင်နေထိုင်နိုင်ကြတာ. သစ်ပင်တွေ၊ ရေမြေတောတောင်တွေ စိမ်းလန်းစိုပြည်နိုင်ကြတာ. ရှည်ရှည်ဝေးဝေးမကြည့်နဲ့ကွာ. ငါ့ရဲ့အလင်းရောင်ကို မရတဲ့ သတ္တ၀ါတွေ၊ အပင်တွေ ဘာဖြစ်ကုန်သလဲ. အကုန်လုံးညှိုးနွမ်း အားလျော့ပြီး ပျက်စီးကုန်ကြရတယ်. ဒါကြောင့် ငါဟာ သတ္တ၀ါတွေအားလုံးရဲ့ ကိုးကွယ်အားထားရာ အားတစ်ခုဖြစ်တယ်. ဒါကို မင်းနားလည်ထားသင့်တယ်.
ဒီလိုနဲ့ စကားအချေအတင် ပြောဆို ငြင်းခုန်နေကြဆဲမှာပဲ ခရီးသွားတစ်ယောက်ဟာ ဦးထုပ်တစ်လုံးကို ခပ်ငိုက်ငိုက်ဆောင်းလို့၊ ကုတ်အင်္ကျီထူထူထဲထဲကြီးကို ၀တ်ဆင်လို့ ဟိုးခပ်လှမ်းလှမ်းကနေ လမ်းလျှောက်လာခဲ့ပါတယ်.
လေနတ်သားက စပြောပါတယ်.
လေနတ်သား။ ။ ကဲ . နေနတ်သားရေ… ငါတို့နှစ်ယောက်ရဲ့ ခွန်အားတွေကို စမ်းသပ်ဖို့ အရာတစ်ခုတော့ တွေ့ပြီ. ဟိုးမှာ လူတစ်ယောက် ဒီဖက်ကို လမ်းလျှောက်လာနေတာ တွေ့လား.
နေနတ်သား။ ။ အေး. တွေ့တယ်.
လေနတ်သား။ ။ ဒီတော့. သူဝတ်လာတဲ့ ဦးထုပ်နဲ့ အင်္ကျီကို သူ့ကိုယ်ပေါ်ကနေ ကွာကျသွားအောင် လုပ်နိုင်တဲ့သူသာလျှင် အမှန်တကယ် အင်အားကြီးမားသူ ဖြစ်လိမ့်မယ်. ဘယ်လိုလဲ. မင်းစိန်ခေါ်ရဲလား..
နေနတ်သား။ ။ လုပ်လိုက်လေ. ကြာသလားလို့. မင်းပဲ အရင်စလုပ်ပါဦး.
လေနတ်သား။ ။ ကောင်းပြီ.
မထီတရီပြုံးလျက် လေနတ်သားဟာ သူ့မှာ ရှိသမျှ ခွန်အားတွေကို စုစည်းလိုက်ပါတယ်.
ပြီးတာနဲ့ လေနတ်သားဟာ သူ့ရဲ့ အင်အားတွေ အကုန်လုံးကို ခရီးသွားဆီကို ဦးတည်လို့ အရှိန်အဟုန်ပြင်းစွာ လေတွေ တိုက်ခတ်ပစ်လိုက်ပါတော့တယ်.
ဒီလို လေပြင်းရုတ်တရက် တိုက်ခတ်လာတာကိုလည်း တွေ့ရော ခရီးသွားဟာ သူဆောင်းလာတဲ့ ဦးထုပ်ကို လေနဲ့ လွင့်ပါမသွားအောင် လက်နှစ်ဖက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး အောက်ကို ငိုက်ချလိုက်ပါတယ်. ကုတ်အင်္ကျီကိုလည်း ကြယ်သီးတွေ စေ့နေအောင် တပ်ပြီး ကိုယ်ကို ယို့ထားလို့ လွင့်ပါမသွားအောင် ညှပ်ထားလိုက်ပါတော့တယ်.
လေနတ်သားလည်း ဘယ်လိုမှ မတတ်နိုင်တော့လို့ နောက်ဆုံးမှာ လက်လျှော့လိုက်ရတော့တာပေါ့…
ကဲ. နေနတ်သားအလှည့်ရောက်ပြီနော်.
နေနတ်သားဟာ လေနတ်သားရဲ့ ကျရှုံးမှုကို နှစ်ခြိုက်စွာ ခံစားလို့ သူ့ရဲ့ ခွန်အားတွေကို စုစည်းလိုက်ပါတော့တယ်.
ပြီးနောက် တိမ်လွှာတွေကြားထဲကနေ ထိုးဖောက်ပြီး ကောင်းကင်တစ်ခွင်လုံးကို လင်းဖြာစေလိုက်ပါတော့တယ်.
ဒီလို ပြောင်းလဲသွားတဲ့ ရာသီဥတုကြောင့် ခရီးသွားဟာ ပျော်ရွှင်သွားပြီး ကောင်းကင်ကို မော့ကြည့်လို့ နေရောင်ခြည်ရဲ့ နွေးထွေးမှုကို ကြည်သာစွာ ခံယူလိုက်ပါတယ်.
ဒီ့နောက်မှာတော့ သူဟာ ၀တ်လာတဲ့ ကုတ်အင်္ကျီကို ချွတ်လို့၊ ဆောင်းလာတဲ့ ဦးထုပ်လေးကို အသာအယာ လက်ထဲမှာ ပွေ့ပိုက်လို့ ရွှင်ပျအေးချမ်းစွာ ခရီးဆက်သွားပါတော့သတဲ့.
နေနတ်သားက ရှုံ့မဲ့မဲ့ဖြစ်နေတဲ့ လေနတ်သားကို ကြည့်လို့ ပြောလိုက်ပါတော့တယ်.
လောကကြီးမှာ ခွန်အားသုံးတိုင်း မအောင်နိုင်ဘူး. တစ်ဖက်သားရဲ့ လိုအပ်ချက်ကို သိမြင်မှ၊ အဲဒီ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှ ကိုယ်လိုချင်တဲ့ ရလဒ်ကို မျှော်လင့်နိုင်မယ်. ပျော့ပျောင်းငြင်သာမှုမှာ အင်မတန်မှ ကြီးမားတဲ့ ခွန်အားတစ်ရပ်ရှိတယ်ဆိုတာ မင်းသိထားသင့်တယ်…
ကဲ…. ပုံပြင်လေးကတော့ ဒါပါပဲလေ…
ဒီလိုပါပဲ… ကျွန်တော်တို့ရဲ့ အရေးတော်ပုံဟာလည်း လက်ရုံးရည်သာမက နှလုံးရည်ပါ ပါဝင်နေတာမို့ ကျွန်တော်တို့တွေ ဒီ့ထက်ပိုပြီး စာဖတ်ဖို့ လိုတယ်. အခက်အခဲတွေကို သည်းခံနိုင်ဖို့ လိုတယ်. ကဲ့ရဲ့ရှုတ်ချ စကားတင်းဆိုမှုတွေကို တည်ကြည်ခိုင်မာစွာ ပြုံးပြနိုင်ဖို့ လိုတယ်.
ဒီတော့….
ကျွန်တော်တို့တွေ ကိုယ့်ရဲ့ ယုံကြည်ချက်မီးရှူးတိုင်ကြီးကို နောင်အနာဂတ်လူငယ်မျိုးဆက်သစ်တွေ အတွက် ခိုင်မာမြဲမြံစွာ ဆက်လက်ထွန်းညှိသွားကြတာပေါ့ဗျာ.
ကျွန်တော့်ရဲ့ မြန်မာစာဆရာ၊ ကဗျာဆရာ ဦးအေးငွေရဲ့ ရုန်းရင်းကန်ရင်း ကဗျာလေးကို လက်ဆောင်စကားလေး ပါးလိုက်ပါရစေ..
ရုန်းရင်းကန်ရင်း
လေထန်တိုင်းသာ၊ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ၊ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း။
ကျဆုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။
အမှောင်တစ်ဝက် လင်းတစ်ဝက်သည်
တစ်ရက်တစ်ခါ ကြုံမြဲသာတည့်
အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည့်။
ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
ချစ်သောမုန်းသော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာ။
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရမည်တကား…။
.....ဆရာဦးအေးငွေ.....
အားလုံးပဲ အသိပညာတွေ တိုးပွားလို့ ဘ၀တိုက်ပွဲအတွက် အားမာန်သစ်တွေ ရရှိနိုင်ကြပါစေဗျာ.
အားလုံးကို ချစ်ခင်လေးစားလျက်
**ရန်အောင်**
စကားကြွင်း။
အဟိံသ ဆိုတာကတော့ အကြမ်းမဖက် အနုနည်းလမ်းစဉ်ကို ဆိုလိုပါတယ် ခင်ဗျာ…
Friday, March 9, 2012
**သူတောင်းစား နဲ့ ထင်းရှူးသေတ္တာ**

လမ်းဘေး မြေပြင် တစ်နေရာ မှာ ထင်းရှူးသေတ္တာ အဟောင်းလေး တစ်လုံး ရှိတယ်။ သူတောင်းစား တစ်ယောက်က အဲ့ဒီ ထင်းရှူး သေတ္တာလေး ပေါ်မှာ ထိုင်နေတယ်။ သံကြေးခွက် တစ်လုံး ကို သူ့ရှေ့မှာ ချထားတယ်။ သူ အဲ့မှာ ရှိနေတာ နှစ်ပေါင်း များစွာ ကြာမြင့် တဲ့ အချိန် ကတည်းက ဖြစ်ပါတယ်။ ။ နှစ်ချို့ နေအောင် ကြာလင့် တဲ့ အထိ အဲ့သည် နေရာမှာ သူ နေ့တိုင်း ထိုင် တယ်။ နေ့စဉ် ရက်ဆက် တောင်းရမ်း စားသောက် နေတယ်။
တစ်နေ့မှာ တော့ ဒီ သူတောင်းစား ရဲ့ ရှေ့ကို လူစိမ်း တစ်ယောက် ရောက် လာတယ်။ သူတောင်းစား က ရိုကျိုး တဲ့ မျက်နှာထား နဲ့ မျက်လွှာချ လိုက်တယ်။ "အကြွေလေးများ ရှိရင် စွန့်ကြဲခဲ့ပါ။ သနား ကရုဏာ ရှိသောအားဖြင့် စွန့်ကြဲခဲ့ပါဗျာ" - တုန်ရီ တဲ့ အသံနဲ့ စိတ်လိုလက်ရ တောင်းခံ တယ်။ သူ့ရဲ့ ကြေးခွက်ကို ခပ်ဆဆ လေး မြှောက်ထားမယ်။ တတွတ်တွတ် စကား ဆိုတယ်။
လူစိမ်းက ပြန်ပြောတယ်။
"ကျုပ်မှာ ခင်ဗျား ကို ပေးစရာ ဘာမှ မရှိဘူး။"
"အကြွေလေး အနည်းအကျဉ်း လောက် ဖြစ်ဖြစ်ပါ ...."
"ဟင့်အင်း ၊ ကျုပ်မှာ အကြွေ အနည်းအကျဉ်း တောင် မပါဘူး၊ ဒါနဲ့ ခင်ဗျား အခု ထိုင်နေတဲ့ဟာ က ဘာလဲ"
"ဘာမှ မဟုတ်ပါဘူး။ သေတ္တာ အဟောင်း တစ်လုံးပါ။ ကျနော် မှတ်မိသလောက် ကျနော် ငယ်ငယ် အချိန်ကတည်းက ဒီမှာပဲ ထိုင်ရင်း တောင်းရမ်းနေခဲ့တာ။ ဒါ ကျနော့ရဲ့ နေရာလေး ဆိုလည်း ဟုတ်ပါတယ်။ ကျနော့ အတွက် အကြွေအစ အနလေးပဲ ဖြစ်ဖြစ် စွန့်ခဲ့ပါ ခင်ဗျာ"
"နေပါဦး - ခင်ဗျား အထဲကို ကြည့်ခဲ့ဖူး သလား"
"ဟင့်အင်း - မကြည့်ဖူးပါဘူး။ ဘာဖြစ်လို့လဲ။ ဒါ အဟောင်းကြီးပဲ။ ထားပါလေ - ကျနော့ အတွက် အရေးကြီးတာ - တစ်နေ့စာ အတွက် များများ တောင်းရမ်း နိုင်ဖို့ပဲ။ ခင်ဗျား တကယ် ကို အကြွေ မပါ တာလား - မပေးနိုင်တာလား ဗျာ။ "
"မဟုတ်သေးဘူးဗျ ။ ခင်ဗျားဟာ ခင်ဗျား - သေသေချာချာလည်း ကြည့်ကြည့်ပါဦး"
လူစိမ်းက မရမက ပြောနေတာမို့ သူတောင်းစားက ထင်းရှူးသေတ္တာကို ဆွဲထုတ် လိုက်ရတယ်။ အဖုံးအကာတွေ ဆွဲခွာ ပစ်လိုက်တယ်။ အဲ့ဒီနောက် - သူ အံ့ဩသွားတယ်။ သူ့မျက်လုံးကို သူ မယုံနိုင်အောင် ဖြစ်တယ်။ အံ့အားသင့် မှင်သက် သွားတယ်။ သူ နှစ်ပေါင်း များစွာ ထိုင်နေတဲ့ ထင်းရှူး သေတ္တာအစုတ် ထဲမှာ ရွှေအပြည့် ရှိပါတယ်။
ဒါဟာ နိမိတ်ပုံ ဇာတ်လမ်းသက်သက်ပဲ ။ ဗုဒ္ဓ၊ ခရစ်၊ လောက်ဇူ၊ မိုဟာမက် စသဖြင့် သူတို့က ပုံပြင်အရ - လူစိမ်း နဲ့ တူတယ်။ ခင်ဗျား အတွက် သူတို့ဆီက ၊ ဒါမှမဟုတ် ၊ ခင်ဗျား ယုံကြည်ရာ တစ်ယောက်ယောက်ဆီက လက်ဝါးဖြန့် နေမယ်။ အကြွေ အနည်းအများ သွားတောင်းခံ မယ်။ တောင်းတဲ့ စကား ကွဲပြားကောင်း ကွဲပြားမယ်။ တောင်းတာ ကတော့ တောင်းတာပဲ။
"ဘုရားသခင် ဆီ ပို့ဆောင် ပေးပါ။ ချမ်းမြေ့မှု ပေးပါ၊ ငြိမ်းအေးမှု ပေးပါ။ နတ်ပြည် ၊ ဗြဟ္မာပြည် ချမ်းသာရကြောင်း ကုသိုလ်တရား တွေ ချပေးပါ။ - ယုံကြည်စွာနဲ့ ကျနော် ဆုတောင်း နေပါတယ်။ ကျနော် အခု ဒါလေး လိုချင်တယ် ။ ဟိုဟာလေး လိုချင်တယ်။ ကျနော် အခု ဒါလေး ဖြစ်နေလို့ပါ။ ပြေလည် ချင်တယ်။ နည်းနည်း ဖြစ်ဖြစ် စိတ်ချမ်းသာမှု လေး ချပေးစေချင်ပါတယ်။" –
စင်စစ် ဒီဇာတ်လမ်းဟာ - ကျနော်တို့ ခင်ဗျားတို့ ကို သူတောင်းစားတွေ လို့ မီးမောင်းထိုးပြ ထားပါတယ်။ မနာပါနဲ့။ - ကနေ့ ဘာသာတရား တိုင်းမှာ - ကုသိုလ် တစ်ခုပြု၊ ဆုတောင်း တစ်ချက်ယူ နေကြတာ ဟာ အဲ့ဒါပဲ မဟုတ်လား။ ကုသိုလ် ကို ဈေးကစား ဖို့ ၊ ဈေးရောင်းဈေးဝယ် ပြု၊ အကြောင်း ရှာနေကြသူ အများ ရှိနေကြတယ် မဟုတ်လား။ အလှူခံ ပုဂ္ဂိုလ် အများက လည်း သွေးဆောင် တတ်ပါတယ်။ "ညောင်စေ့လောက် လှူရင် ညောင်ပင် ကြီး လောက် ပြန်ရကြမယ်" လို့ ဈေးခေါ်တယ်။ လောဘ တက်တဲ့ စီးပွားရေး သမား သူတောင်းစားက - ကြိုက်ဈေး အတွက် ကြေးညှိတယ်။ - ရသလောက် အစွမ်းနဲ့ ညောင်ပင်လိုက် လှူပြ ပါလိမ့်မယ်။
"ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်" ဆိုတဲ့ စကား ကိုလည်း အများသိပါတယ်။ ကြည့်ကြည့်စို့။ ခင်ဗျားက အဲ့စကား ကို အတွင်းအနှစ်သာရ မပါဘဲ၊ ကောင်းတာ ဖြစ်ချင်ဇောနဲ့သာ ယုံကြည်မယ်။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သိထားတဲ့ အကောင်းအမွန် အမြတ် တွေ ခင်ဗျား လိုချင်တာပဲ မဟုတ်လား။ လူတိုင်း နီးပါး ( မိမိ အတွေးနဲ့ မိမိ ) ကောင်းမွန်တယ် ထင်ရာကို လိုချင်ပါတယ်။ ဒါ့ကြောင့် ခင်ဗျားက ကောင်းတာ ဖြစ်ချင်ဇော နဲ့သာ ကောင်းတာ လုပ်ပါတယ် - ဆိုပါစို့ ။ ဒါဆို ပြန်မေးမယ် ~ "ခင်ဗျား ဘာလုပ်လုပ် -ကောင်းတာ မဖြစ်ဘူး လို့သာ ပြောခဲ့ရင် - ဘာဖြစ်မလဲ။ ခင်ဗျား ဘယ်လောက် ကောင်းတာ လုပ်နေနေ ခင်ဗျား အတွက် အဆိုး ချည်းသာ ဖြစ်လာနေမယ်- ခင်ဗျား ကြုံတွေ့နေရမယ် - ကဲ - ခင်ဗျား သန္တာန်ထဲ ဘာဖြစ်မလဲ။" - အဲ့ဒီ အချိန်မှာ- အဲ့ဒီ ကောင်းတဲ့ အလုပ် ဆိုတာကို နည်းနည်း တော့ ခင်ဗျား တွေဝေ သွားနိုင်တယ်။ "ဒါဟာ ကံပါပဲကွာ" (ဝါ) "ဒါလည်း ဘုရားသခင် အလိုတော်ကျ ပါပဲ" လို့ မမြင်ရာ လွှဲချတတ်သူ အတွက်တော့ ကောင်းကောင်း ဖြေသိမ့်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် - မနှစ်သိမ့် နိုင်သူ အဖို့ ဘာသာတရား ဟာ လိမ်စဉ် သက်သက် ပဲလို့ အထင်ရောက်သွားမယ် မဟုတ်လား။
စင်စစ် ဘာသာတရား က လိမ်နေတာ မဟုတ်ဘူး ။ ဘာသာတရားက သာ ပြန်အလိမ်ခံနေရတာ ဖြစ်နိုင် ပါတယ်။ ဆိုပါစို့ ~ God, အလ္လာ၊ ကောင်းကင်ဘုံ၊ နတ်ပြည်၊ ချမ်းသာ စသည် ဒီအရာ ဒီစကားလုံး တွေက ဘာသာတိုင်းမှာ လိမ်ထားတာ မဟုတ်ဘူး။ ခင်ဗျား မြင်အောင် ကြည့်ဖို့သာ လိုတယ်။ ခင်ဗျား အတွင်းသန္တာန်မှာ စိတ်ကူး၊ မျှော်မှန်းချက် တွေကသာ ဘာသာတရား ကို ပြန်ပြီး လိမ်လည် ယူတယ်။ ဥပမာ - "ဘုရားသခင်ဟာ သူနဲ့ ပုံတူ အဖြစ် လူသား ကို ဖန်ဆင်းတယ်" - ဒါဟာ "ခင်ဗျားရဲ့ အသွင်သန္တာန် ကိုယ်၌က ဘုရားသခင် ဖြစ်တယ် - ခင်ဗျား ရဲ့ အတွင်းအနှစ်သန္တာန် မှာ အကြည်လင်ဆုံး ရှိတယ် - ခင်ဗျား သန္တာန် ကို ခင်ဗျား ပြန်မြင်အောင် ကြည့်ပါ - ဘုရားသခင်ဟာ ခင်ဗျား ကိုယ်တွင်းမှာ ရှိတယ် - မိမိကိုယ်တိုင်သည်သာ မိမိရဲ့ ဘာသာ တရား ဖြစ်တယ်" ~ လို့ ရှင်းရှင်း ဆိုတာ ပဲ မဟုတ်လား ။
ဒါပေတဲ့ လူအများက ငုံ့မကြည့်ဘူး။ မော့ကြည့်လေ့သာ ရှိပါတယ်။ မကြိမ်းဝါးနိုင်ဘူး- ဒူးထောက်ဖို့သာ အဆင်သင့် ရှိတယ်။ အဲ့ အတွက် ဘုရားသခင်ကို သူတို့ ရင်မှာ မတွေ့နိုင်ဘူး ၊ အခြား သီးခြား တစ်နေရာမှာ စိတ်ကူးတည့်ရာ ရှာတယ်။ သိပ္ပံပညာရှင် တစ်ယောက် အတွက် -ဘုရားသခင်ကို ပြင်ပ ဂြိုလ်ကမ္ဘာ တစ်ခုခု မှာ ရှာနိုင် တယ်။ အက်တမ် တစ်လုံး ထဲမှာ ဖြဲကြည့်ရင် ကြည့်မယ်။ ကလေး တွေ အတွက် - တိမ်တိုက်တွေပေါ်က မုတ်ဆိတ်ဖြူ အဖိုးကြီး လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ နီဂရိုး တစ်ယောက် အတွက် ဘုရားသခင်ဟာ အသားမည်းချင် မည်း မယ်။ တရုတ်လူမျိုး တစ်ယောက် အတွက် ဘုရားသခင် ဟာ ဗိုက်ရွှဲချင် ရွှဲနေပါလိမ့်မယ်။ အဲ့လိုနဲ့ နောက်ပိုင်းမှာ - ထင်ရှားလာတာက - ဘုရားသခင် ဟာ - လူတွေ ပြန် ဖန်ဆင်းတာကို ပယ်ပယ် နယ်နယ် ခံလိုက် ရတော့တယ်။
စင်စစ် ဘာသာတရား တစ်ခုတည်း မက အတော်များများရဲ့ သွန်သင်မှု အောက်မှာ အများစုဟာ အဲ့အတိုင်း ရှိနေပါတယ်။ ဆိုင်ရာ ဘာသာရေး သမား တွေက "ကံ ကံရဲ့ အကျိုး" (ဝါ) "ဘုရားသခင်ရဲ့ အလိုဆန္ဒ အတိုင်း" စတဲ့ မြင့်မြတ်တဲ့ စကား ကို တလွဲ သုံးထားကြောင်း တွေ့လိမ့်မယ်။ ဆိုလိုတာက- ကိုယ်ကိုယ်တိုင်ရဲ့ အမြင်မှ မရှိရင်- အရင်း အတိုင်း မဖွင့်ပြနိုင် ဘူးရယ်။ တနည်းပြောရင် - ခင်ဗျား ကိုယ် ခင်ဗျား ပြန်မမြင်နိုင်တဲ့ "ကံ ကံရဲ့ အကျိုး" ဟာ မျက်ကန်း ယုံကြည် ထားတဲ့ မျက်ကန်း အကျိုးပဲ ဖြစ်ပါလိမ့်မယ်။ မိမိ ကိုယ်ကိုယ် အသိအမြင် အေးချမ်းမှု မပါရှိဘဲ သုံးတဲ့ "ဘုရားသခင်ရဲ့ အလိုဆန္ဒ" ဟာ ခင်ဗျား ပြောတဲ့ ဘုရားသခင်ကို ခင်ဗျား ကိုယ်တိုင် စော်ကားနေတာ သက်သက် ပဲ။
အကျိုး မျှော် စိတ်၊ တောင်းရမ်းလိုစိတ် ရှိသူ အပေါင်း ဟာ အဲ့သည် မြင့်မြတ်တဲ့ စကားတိုင်းကို - ပုံသဏ္ဍာန် မမှန်တဲ့ စကားတွေ အဖြစ် အသွင် အမျိုးမျိုး ပြောင်းယူ ပါတယ်။ အဲ့သည် အခါ - ဆိုင်ရာ ဘာသာရေး ရဲ့ - ဘုန်းကြီး၊ လူကြီး၊ ဂေါပက များက - ခင်ဗျား အလိုဆန္ဒနဲ့ ကိုက်ညီအောင် ~ ရွှေလိုချင် ရွှေရမယ် ၊ ငွေလိုချင် ငွေရမယ်၊ ငြိမ်းချမ်းမှု လိုချင် ငြိမ်းချမ်းရပါလိမ့်မယ် စသဖြင့်- ခင်ဗျားကို မျှော်လင့်ချက် ပေးမယ်။ ၊ မျှားခေါ်နေလိမ့်မယ်။ တကယ်က သူတို့ မှာ ခင်ဗျား အတွက် ဘာမှ ပေးစရာ ရှိမနေဘူး- သူတို့ဟာ သူတို့တောင် အနိုင်နိုင်ရယ်။ ခင်ဗျား အတွက် သီးခြား ဘာမှ ထပ်ဖြည့် ပေးမှာ မဟုတ်ဘူး ။ သူတို့ ထပ်ဖြည့်ပေးလည်း ခင်ဗျား နေ့တွက်ကိုက်ရုံကလွဲလို့ ဘာမှ မရဘူး။
စစ်မှန် တဲ့ သန္တိ ဆိုတာ ဟာ - ခင်ဗျားက တောင်းခံလို့၊ သူတို့ကလည်း ချပေးလို့ - ရနိုင်တဲ့ အရာ မဟုတ်ပါဘူး။ ဒါကို နားလည်ဖို့ လိုပါတယ်။ ပုံပမာ အရ- ခင်ဗျား ဖင်ခု ထိုင်ထားတဲ့၊ ခင်ဗျားကိုယ်တိုင် ပြန်ကြည့်ရမယ့် ထင်းရှူ သေတ္တာလေးမှာ ကိုယ့် ဘာသာ ပြန်ခွာကြည့် ဖို့ပဲ။ ဒီပုံပမာ မှာ ထင်းရှူးသေတ္တာလို့ ဆိုပေမယ့် - တကယ်က ခင်ဗျားကိုယ် ခင်ဗျား ပြန်ကြည့်ဖို့ကို ဆိုလိုပါတယ် ။ ခင်ဗျား ရုပ်ခန္ဓာ၊ ခင်ဗျား နာမ်ခန္ဓာ ၊ ခင်ဗျား ဘဝ၊ ခင်ဗျား အသိအမြင် ~ ဒါသာလျှင် ခင်ဗျားရဲ့ အရှင်သခင်၊ ခင်ဗျားရဲ့ ရတနာ၊ ထင်းရှူး သေတ္တာ ဖြစ်ပါတယ်။ ဆွဲခွဲနိုင်ဖို့ တော့ အခြား မလို၊ သတ္တိ နည်းနည်းနဲ့ မြင်ကြည့်ဖို့သာ လိုတယ်။
ဒါ့ကြောင့် စင်စစ် အသိ အမြင် ရှိပြီးကြသူတွေ ၊ ရှေးသူတော်စင် တို့ အနေနဲ့ ခင်ဗျား အဲ့လို တောင်းခံ နေရင် ပြောမယ့် စကားက -
"ခင်ဗျား ထိုင်နေတဲ့ သေတ္တာ အစုတ် ကို ဆွဲခွာ ကြည့်ပါဦး။ အခြားမှာ အချိန်ကုန်ခံပြီး တောင်းမနေပါနဲ့။ ကျုပ် ဆီမှာလည်း လာ မတောင်း နဲ့။ ကျုပ်ပေးလည်း အလကား။ အကြွေ တစ်ကျပ် တစ်ပြား ကို အခြား တစ်နေရာက လည်း မျှော်လင့် မနေပါနဲ့။ ကျုပ် တင် မကလို့ အခြားသူ ဘယ်သူက ဘယ်လောက်ပေးနေနေ - ခင်ဗျား အတွက် ရရစားစား - ဝါးဝါးမျိုမျို ပဲ ဖြစ်နေမယ်။ ဒီနေ့ တောင်း သလို၊ နောက်နေ့ တွေလည်း တောင်းနေရဦးမယ်။ အခု သူတောင်းစား ဖြစ်သလို၊ နောက်နေ့လည်း သူတောင်းစားပဲ။ ဒီလို အကြွေ တစ်ကျပ် တစ်ပြား ကို တောင်းစား နေသရွေ့ ခင်ဗျား ဒီ သူတောင်းစား ဘဝက ဘယ်တော့ လွတ်မလဲ။ စင်စစ် တောင်းစား စရာ လိုအပ် မနေဘူးရယ်။ ဒီ ဘဝက လွတ်အောင် ကျုပ် ပြောမယ်။ ခင်ဗျား အခု ထိုင်နေတဲ့ နေရာမှာ ရတနာ ရှိပါတယ်။ ခင်ဗျား အတွက် ရတနာ ဟာ ကာလ တော်တော် ကြာကြာ ကတည်းက မသိမမြင် ဖယ်ထားတဲ့ ခင်ဗျား ကိုယ်မှာ ရှိနေပြီးသားပဲ။"
ဒါပေတဲ့ သူတို့က အဲ့လို ပြောသည့်တိုင် - ကျနော်တို့ ခင်ဗျားတို့ လွယ်လွယ်ကူကူ လက်ခံနိုင်ဖို့ ခက်နေမယ်။ တောင်းရတာ အကျင့် ပါနေလို့ လည်း ဖြစ်နိုင်ပါတယ်။ ဒါထက် ပိုပြီး ဖြစ်ကောင်း ဖြစ်နိုင်တာက - "ကျုပ် သူတောင်းစား မဟုတ်ဘူး" လို့ ခင်ဗျား ငြင်း ဆန် နေနိုင် တယ် ။ ပြန်ပြောနေနိုင်ပါတယ်။ တစ်ခါတစ်လေ "ကျုပ်ကိုများ သူတောင်းစား ပြောရလား" ဆို ခင်ဗျား ရှူးရှူး ရှားရှား ထဖြစ်နိုင်သေးတယ်။
စင်စစ် ဒီနေရာမှာ သုံးတဲ့ "သူတောင်းစား" ဆိုတာဟာ "အလိုဆန္ဒ အထပ်ထပ် တက်နေသူ၊ ဘယ်အချိန်မှာမှ ပြည့်ဝ မနေနိုင်သူ၊ ချမ်းမြေ့ ကြည်လင်မှု မရှိဘဲ အမြဲတစေ လစ်ဟာ လိုအပ်နေသူ" လို့ ဆိုလိုတယ်။ အဲ့ဒီ လူ ဟာ တိုက်တာ၊ ခြံမြေ ရှိနေနိုင်တယ်။ အိုးအိမ်၊ စည်းစိမ် ပြည့်စုံ နေနိုင်တယ်။ ရုပ်ပိုင်း ပစ္စည်း လိုလေသေး မရှိ ဖြစ်နေနိုင်တယ်။ ဒါပေမယ့် သူ့ကိုယ်သူ ပြည့်ဝ နှစ်သိမ့် မနေနိုင်သရွေ့၊ လစ်ဟာ လိုအပ်နေသရွေ့ သူဟာ သူတောင်းစားပဲ။ ခင်ဗျား ရင်ထဲ မကြည်လင်ဘူး-မချမ်းမြေ့ဘူး- ဒါဆို ခင်ဗျား သူတောင်းစားပဲ။ ကျနော် သန္တာန်ထဲ ကြည်လင်မနေဘူး - ချမ်းမြေ့မှု မရှိဘူး ~ ဒါဆို ကျနော်လည်း သူတောင်းစား ပဲ။ တစ်ခုခုကို တော့ အစဉ် အမြဲ မျှော်လင့် တောင်းခံနေ ရတယ်။ ကိုယ့်ရင်ထဲက မျှော်မှန်းချက် အတွက် မနက်ဖြန်ကို မျှော်နေရမယ်။ အဲ့လို မျှော် နေတယ် ဆို ကတည်းက အဲ့ဒီ မျှော်နေသူဟာ သူတောင်းစား သက်သက်က လွဲလို့ ဘာမှ မဖြစ်နိုင်ဘူးရယ်။
အဲ့ဒီ အတွက် မိမိ ကိုယ်ကိုယ် ပြည့်ဝအောင် နှစ်သိမ့် နေဖို့ ၊ ဒီဘဝကို အဆုံးသတ်ဖို့ ဆိုတာ - မိမိ သန္တာန်စဉ်ကို မိမိ ကိုယ်တိုင် အမှန် မြင်ဖို့ လိုပါတယ်။ မိမိ သေတ္တာ ကို မိမိ ဘာသာ စွဲခွာကြည့် ရပါလိမ့်မယ်။ မိမိ ရဲ့ အဖြစ်ကို မိမိ ပြန်မမြင်နိုင် သူ အတွက် ဘယ်အခါမှ နှစ်သိမ့်ပြည့်ဝ နေမှာ မဟုတ်ဘူးရယ်။ မျှော်မှန်းချက်၊ ရည်မှန်းချက် တွေနဲ့ အခုလက်ရှိကို ပစ်ပယ် ထားနေဦးမယ်။ အဲ့အတွက် သူ့သန္တာန်ဟာ ကြည်လင်မှု မရှိသလို - ချမ်းမြေ့မှု လည်း ရှိမနေနိုင်ဘူး။ ချမ်းမြေ့ မနေခြင်း ဟာ - တစ်စုံတစ်ခု လစ်ဟာနေကြောင်း၊ လိုအပ် နေကြောင်း ပြဆိုနေတာ သက်သက် ။ အဲ့ဒီ အချိန်မှာ ခင်ဗျား သန္တန်ထဲ တောင့်တနေတဲ့ စိတ် ဖြစ်နေမယ်။ အခုခဏ အတိုင်း မတည်တံ့နိုင်တဲ့ စိတ်၊ မမြင်နိုင်တဲ့ ခင်ဗျားရဲ့ အဖြစ်သာ ရှိနေတယ်။ ဒီလို မိမိ ခဏ အပေါ် မမြင်နိုင်ခြင်း အကြောင်း ကြောင့်သာ စိတ်ထင်ရာ အတိတ်၊ အနာဂတ် ကို ပြေးလွှား တမ်းတနေရတယ်။ ဒါဟာ သမားရိုးကျ သူတောင်းစား ပုဂ္ဂိုလ် တစ်ဦး ရဲ့ မြင်နေကျ တွေ့နေကျ ကိုယ်ရေး အတ္ထုပ္ပတ္တိ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီ နိမိတ်ပုံ အတွင်းက သူတောင်းစား ဟာ အချိန်ပြည့် တစ်ခုမဟုတ် တစ်ခု လိုလားနေသူ ( တစ်နည်း ) သန္တိ မရှိနိုင်သူ ကို ကိုယ်စားပြုတယ်။ ခင်ဗျား အတွက် စင်စစ် ဘယ်အရာကိုမှ သွားတောင်းနေဖို့ မဟုတ်ဘူး။ ခင်ဗျား အခုထိုင်နေတဲ့ ထင်ရှူးသေတ္တာကို ဆွဲခွာ နိုင်ဖို့က အဓိက အကျဆုံးပဲရယ် ။ ရှေးနှစ်ပေါင်း များစွာ ကနေ ကနေ့အထိ ပညာရှိ အဆက်ဆက် တို့ လက်ညှိုးထိုး ပြခဲ့တဲ့ အရာ ဟာ ဒါပဲ ဖြစ်ပါတယ်။ ထင်းရှူးပုံးက ပုံပမာ သက်သက်ရယ်။ ဆိုလိုတဲ့ အဓိကက - ခင်ဗျား ရုပ်၊ နာမ်စဉ် အားလုံး ဆွဲခွာ ပစ်ချနိုင်ဖို့ ပဲ။ အဲ့ဒီ အခါ ခင်ဗျားရဲ့ အတွင်းမှာ တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ရဖူးမယ့် ရွှေ စင်စစ် ကို တွေ့နိုင်မယ်။ ဒါကို ဘုရားသခင် လို့ ခေါ်ခေါ် ၊ ချမ်းမြေ့မှု သန္တိ လို့ ခေါ်ခေါ် ၊ သုညတ လို့ ခေါ်ခေါ် - ကြိုက်ရာ ခေါ်နိုင်တယ်။ ခင်ဗျား ဘယ်လို အမည် တပ်တပ်- ခင်ဗျား ဖြစ်တည် သမျှ စင်စစ် ငြိမ်းအေး သွားတော့တယ်။ တောင်းရမ်း နေရသမျှ ခင်ဗျား လုပ်ငန်းစဉ် အားလုံး ရပ်တန့်သွား တယ်။ ခင်ဗျား အဲ့ဒါကို သိနိုင်တယ်။
ဒါပေတဲ့ ဒီလို အကြောင်းအရာကို ဒီလို ရှင်းပြ သည့်တိုင် - လက်ရှိ သူတောင်းစား အများစုက တောင်းဖို့သာ အာသီသ ရှိပါတယ်။ - မိမိ ထင်းရှူးသေတ္တာ ကို ဆွဲခွာ မပစ်နိုင်ဘူးရယ် ။ အချို့အတွက် ဆွဲခွာ ပစ်ဖို့ အားအစွမ်း မရှိတာ ဖြစ်သလို၊ အချို့က ကိုယ့်သေတ္တာ ကိုယ်ခွာ ကြည့်ဖို့ ဘူးပိတ် ငြင်းဆန် နေမယ်။ အချို့အတွက် ဆို ကိုယ့် ထင်းရှူးသေတ္တာ ကိုတောင် ကိုယ် ပြန် မမြင်နိုင် ကြဘူး လို့ ဆိုပါတယ်။
**Zay Ya**
......................................
March 8th 2012 at 4:30 AM
......................................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
......................................
--
Posted By Blogger လူဗိုလ်
Thursday, March 1, 2012
ကိုယ်.ဘဝ ကို ကိုယ်တည်ဆောက်နေတာပါ

နာမည်ကျော်အိမ်ဆောက်လုပ်ငန်းကြီးတစ်ခုမှာအလုပ်လုပ်နေတဲ.လက်သမားဆရာကြီးတစ်ယောက်ဟာ အသက်အရွယ်ကြီးလာတဲ.အတွက်အလုပ်ကအနားယူတော.မလို.ပြင်ဆင်နေလေသတဲ.။ဒါနဲ.ဆရာကြီးဟာ
သူ.အလုပ်ရှင်ကန်ထရိုက်တာကြီးကိုအကျိုးအကြောင်းပြောပြပါတယ်။အိမ်ဆောက်တဲ.လုပ်ငန်းကိုစွန်.ခွါပြီး
မိသားစုနဲ.သိုက်သိုက်ဝန်းဝန်းနားနားနေနေနေဖို.စိတ်ကူးထားတဲ.အကြောင်းပေါ.။ပိုက်ဆံကတော. အရင်ကလို ဝင်တော.မှာမဟုတ်မှန်းသိပေမယ်. အသက်ကကြီးလာတော. နားချင်ပြီလို.လည်း သူကဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်စုထား ဆောင်းထားတာလေးတွေနဲ. အဆင်ပြေမှာပါလို.လည်း အလုပ်ရှင် ကို လက်သမားဆရာကြီးက ပြောပါတယ်။
သည်စကားကို ကြားရတော. ကန်ထရိုက်တာကြီး အတော်.ကို စိတ်မကောင်းဖြစ်သွားတယ်။ တကယ်တော.သူ.လုပ်ငန်းမှာသည်လက်သမားဆရာကြီးက အခရာဘဲ။အင်မတန် လုပ်ရည်ကိုင်ရည်ရှိတဲ. လက်သမား ပါ။လက်ရာလည်း အင်မတန်ကောင်းတဲ.သူဆိုတော. နှမြောလှပေါ.။ အေးလေ--- ဒါပေမယ်. သူလည်း အသက်ကြီးပြီဆိုတော. နားချင်မှာပေါ.။ သူ.ဘက်က ကြည်.ရင်တရားပါတယ်လို. ကန်ထရိုက်တာကြီးက တွေးပါတယ်။ ဒါနဲ. အနားမယူခင်မှာ အိမ်တစ်လုံးတော.မဖြစ်ဖြစ်အောင် ဆောက်ပေးပါဦး ဆရာကြီးရယ်၊ ကျနော်.ကို ကူညီတဲ.အနေနဲ.ပါလို. ကန်ထရိုက်တာကြီးက လက်သမားဆရာကြီးကို တောင်းတောင်းပန်ပန် ပြောလာတော.တာနဲ. လက်သမားဆရာကြီးကလည်း ခေါင်းညိတ်လိုက်ပါတယ်။
အဲ.-- အိမ်ကိုလည်း စဆောက်ရော လက်သမားဆရာကြီးရဲ. စိတ်နှလုံးလား အလုပ်ထဲမှာ မရှိဘူးဆိုတာ တော်တော်.ကို သိသာနေပါတယ်။အင်မတန်သပ်ရပ်တဲ. လက်သမားဆရာကြီးလို. နာမည်ကြီးလှပေမယ်. သည်အိမ်ကိုကျတော.ဖြစ်ကတတ်ဆန်း၊ပြီးစလွယ်ပဲဆော်ထည်.လိုက်တယ်။သုံးထားတဲ.သစ်ဝါးတွေ၊အခြားပစ္စည်းတွေကလည်းခပ်ညံ့ညံ့။ အင်မတန်လက်ရာကောင်းလှပါတယ်၊သပ်ရပ်လှပါတယ်ဆိုတဲ.နာမည်တစ်လုံးကိုအလုပ်ကနားတော.မယ်ကြံတော.မှ အဆုံးခံရတော.မယ်.လက်ရာ ဖြစ်နေပါရောလား။
အိမ်လည်း အပြီးသတ်သွားတဲ.အခါ ကန်ထရိုက်တာကြီးက အိမ်ကို လာပြီးကြည်.တယ်။ ပြီးတော. အိမ်တံခါးသော.နှင်.တကွ အိမ်ပိုင်ဆိုင်မှု စာရွက် စာတမ်းတွေကို လက်သမားဆရာကြီး လက်ထဲ အပ်လိုက်ပြီး အခုလို ပြောလိုက်ပါတယ်။
" သည်အိမ်က ဆရာကြီးအတွက် အိမ်ပါဗျာ၊ ဆရာကြီး အနားယူတဲ.အခါ နားနားနေနေ နေနိုင်အောင် ကျနော် ကျေးဇူးပြုတာပါ " တဲ.။
လက်သမားဆရာကြီးလည်း ကြက်သေသေသွားတယ်။
သွားပြီ------
ဟာ-- တကယ်လို. သည်အိမ်ဟာ သူ.အတွက်ဆိုတာမှန်း စောစောစီးစီးကတည်းက ကြိုသိခဲ.ရင်ဘယ်-- သည်လို ဖြစ်ကတတ်ဆန်း ဆောက်ခဲ.မိမှာတုန်း။ သေသေချာချာ ကျကျနန အပျံစားဖြစ်အောင် ဆောက်လိုက် မိမှာပေါ.။
ခုတော.---
ခုတော.---
ပုံပြင်လေးကတော. သည်လောက်ပါဘဲ။
ကျနော်တို.တွေကလည်း အဲ.ဒီလက်သမားဆရာကြီးလိုပဲ မဟုတ်ပါလား။ စဉ်းစားကြည.်စေချင်ပါတယ်။ ကျနော်တို.ဘဝတွေကို ကျနော်တို. ကိုယ်တိုင် တည်ဆောက်နေကြ ပါတယ်။ တစ်နေ.တစ်ခါ ဆောက်နေတာပါ။ အဲ.သလို ဆောက်နေတုန်းမှာ ကိုယ်လုပ်နိုင်တာထက် အများကြီး လျှော.ပြီး ဖြစ်ကတတ်ဆန်း၊ပေါ.တီးပေါ.ဆဆောက်မိသွားတာကလည်းခဏခဏပါ။ သည်လိုနဲ.ကိုယ်ဆောက်ထားတဲ.အိမ်ထဲမှာကိုယ်နေရတော.မယ်ဆိုတာကိုသိလိုက်ရတဲ.အခါမှာတော.ကျနော်တို.တွေလည်းလက်သမားဆရာကြီးလိုပဲ ကြက်သေသေမိရတာလည်း အကြိမ်ကြိမ်။ အဲ.ဒီအခါကျမှ ငါ.နှယ်.နော် -- အစကသာ သည်လိုမှန်းသိရင် သည်လိုမလုပ်မိပါဘူးလို. ကြိတ်ပြီး ရေရွတ် မိတာကလည်း များလှပြီ။
တကယ်တော. ကျနော်တို.လူသားတွေအားလုံးဟာ လက်သမားတွေပါဘဲ။ နေစဉ် သံချောင်းလေးတွေ ရိုက်လိုက် ၊ ရွေပေါ်လေးထိုးလိုက် ကော်ပတ်လေးစားလိုက်၊ နံရံလေး ထောင်လိုက်နဲ. ဘဝကို တည်ဆောက်နေကြတဲ. လက်သမားတွေပါ။
ဒါကြောင်. ဘာလေးပဲဖြစ်ဖြစ်၊ ဘယ်လောက်အသေးအမွှားလေး အတွက်ပဲ ဖြစ်ဖြစ် မမေ.သင်.တဲ.အချက်ကတော. ကိုယ်လုပ်သမျှဟာ ကိုယ်နေမယ်. အိမ်အတွက် သံလေးတစ်ချောင်း နှက်သွင်းလိုက်တာ၊ ရွေပေါ်လေး ထိုးလိုက်တာ၊ ကော်ပတ်လေးနဲ. ပွတ်လိုက်တာ၊ တိုင်လေး တစ်ချောင်း ထူလိုက်တာ၊အရောင်တင်ဆီလေးပွတ်လိုက်တာတွေဖြစ်နေတယ်ဆိုပါဘဲ။အားလုံးစဉ်းစားနိုင်ကြမယ်ထင်တယ်။
(face book မှ)
ဆရာ အတ္တကျော်(နေပျော်တဲ.ဘဝ ကြည်မြတဲ.ဘဝင် ရွှင်လန်းတဲ.စိတ်)
**From-Naing Min**
Wednesday, February 29, 2012
100%

တစ်နေ့မှာ...ရေကန်နားကခုံတန်းလေးမှာပေါ့...ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ထိုင်နေ
တယ်တဲ့လေ...သူတို့ကချစ်သူစုံတွဲတွေတော့မဟုတ်ပါဘူး...ကောင်လေးကကောင်မလေးကိုအဖြေတောင်းနေ
တာပေါ့....
* နင်ပြောပါ...ငါ့ကိုအဖြေမပေးတာ..ငါ့မှာဘာလိုအပ်ချက်ရှိလို့လဲ..
*ငါ့အချစ်ကိုရဖို့..နင့်မှာ 100% ရှိရမယ့်...အရာတစ်ခုနင့်မှာရှိရမယ်...အဲဒီအရာကို
နင်သိတာနဲ့နင့်ကိုငါအဖြေပြန်ပေးမယ်...*
*အိုကေလေ...ဘယ်လိုအရာကိုပြောတာလဲ..*
*A B C ဒီစာလုံးလေးတွေကို...အစဉ်လိုက်တိုင်းအဓိပ္ပာယ်နင်ဖွင့်ရမယ်...သူတို့မှာတန်ဘိုးက
A ဆိုရင် 1 ပေါ့ B ဆိုရင် 2ပေါ့ C ဆိုရင် 3ပေါ့ နင့်ဆီမှာလိုအပ်နေတဲ့အရာကို..
ဒီစာလုံးလေးတွေနဲ့အဓိပ္ပာယ်ဖော်ပြီး 100%ပြည့်တဲ့အရာတစ်ခုကိုသိအောင်လုပ်ရမယ်..
သိတာနဲ့. ငါ့အဖြေရပြီ..*
ကောင်လေးလည်း...သူ့မှာလိုအပ်နေတာဘာလဲဆိုပြီးအသဲအသန်ကိုစဉ်းစားပါတော့တယ်..ဟုတ်ပြီ..
နင့်ဆီကအချစ်ရဖို့အတွက်က ငါကံကောင်းဖို့လိုမယ်ဆိုပြီး..Luck ကိုတွက်ကြည့်ပါတော့တယ်..။
L+U+C+K= 12+21+3+11=47%
ဟင်...47% ပဲရှိတယ်..ဒါဆို..ကောင်မလေးတွေကကျန်းမာသန်စွမ်းတဲ့ကောင်လေးဆိုသဘောကျတယ်
ဆိုတော့...ဟုတ်ပြီ...Health
H+E+A+L+T+H= 8+5+1+12+20+8=54%
ဒါလည်းမဟုတ်သေးပါလား...ဟူး...အိုကေ...နင့်ဆီကအချစ်ရဖို့အချစ်လိုတာပေါ့...Love ကိုတွက်ကြည့်
ရမယ်...
L+O+V+E= 12+15+22+5=54%
ဟိုက်! ဒါလည်းမဟုတ်သေးပါလား...အိုကေ...မိန်းကလေးတွေကငွေကိုမက်တာများတယ်..ဒီတော့
လာထား..Money
M+O+N+E+Y= 13+15+14+5+25=72%
ဟုတ်ပြီငွေလည်းမဟုတ်သေးဘူးဆိုရင်...ဗဟုသုတနဲ့ပြည့်စုံတဲ့သူကို..မိန်းကလေးတွေအထင်ကြီး
ကြတာပဲံ.... Knowledge
K+N+O+W+L+E+D+G+E= 11+14+15+23+12+5+4+7+5=96%
ဒါလည်းမဟုတ်သေးဘူးဆိုရင်..အလုပ်ကြိုးစားတဲ့ကောင်လေးဆိုရင်သူတို့ဘယ်လိုမှမငြင်းနိုင်
ပါဘူးလေဆိုပြီး...Hardworking ကိုတွက်ကြည့်ပါသတဲ့..။
H+A+R+D+W+O+R+K+I+N+G= 8+1+18+4+23+15+18+11=98
ကောင်မလေးရေ...ငါလည်းဘယ်လိုမှမစဉ်းစားတတ်တော့ဘူး....နင်ပြောတဲ့ 100%ပြည့်တဲ့အရာ
ရှိသေးလို့လား..နင်တို့မိန်းကလေးတွေမက်မောတန်ဖိုးထားတဲ့အရာတွေလည်းကုန်ပြီဟ...လို့လည်းဆိုရော..
ကောင်မလေးက...စာလုံးလေးတစ်လုံးကိုချရေးပြလာပါတော့တယ်...ကောင်မလေးရေးပြလိုက်တဲ့
စာလုံးလေးက....Attitude တဲ့လေ...ကဲပေါင်းကြည့်...
A+T+T+I+T+U+D+E=1+20+20+9+20+21+4+5=100%
မြဲမြဲမှတ်ထားကောင်လေးရဲ့...ငါတို့မိန်းကလေးတွေနင်တို့ကောင်လေးတွေဆီကနေလိုအပ်နေတဲ့
အရာက...နင့်ရဲ့ကောင်းမွန်တဲ့စိတ်သဘောထားနဲ့..ငါ့အပေါ်ဆက်ဆံတဲ့အပြုအမူတွေပဲ...လေ..
ကောင်မလေးရဲ့စကားလေးကိုကြားလိုက်ရတဲ့ကောင်လေးဟာ..အောက်ပါအတိုင်းမှတ်ချက်တစ်ခုကို
သူ့ရင်တွင်းတစ်နေရာမှာခိုင်ခိုင်မာမာပိုက်သွားပါတော့တယ်...။
Share from Face book.............
**catherine**
Friday, February 10, 2012
ရင်သို့ထိသောစာများ

တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ မြည်းတစ်ကောင်ဟာ ရေတွင်းတစ်ခုထဲ ပြုတ်ကျသွားခဲ့တယ် ။ မြည်းဟာ သနားစဖွယ်ကောင်းလောက်အောင် နာရီပေါင်းများစွာ အော်ဟစ်ငိုကြွေးနေခဲ့တယ် ။ လယ်သမားဟာ မြည်းရဲ့အော်သံကိုကြားရပြီးတော့ သူဘာလုပ်ရင်ကောင်းမလဲလို့စဉ်းစားတယ် ။
ဒါနဲ့ပဲ မြည်းဟာလည်းအသက်ကြီးပါပြီ ဒီရေတွင်းကိုလည်း ဖို့ပစ်ဖို့ သင့်ပါပြီလေ ဒီမြည်းအိုကိုလည်း ရေတွင်းထဲက ဘယ်လိုမှ ဆယ်ယူလို့မဖြစ်နိုင်တော့ပါဘူးဆိုပြီး စဉ်းစားတယ် ။ ဒီလိုနဲ့ လယ်သမားဟာ အိမ်နီးနားချင်းတွေကိုခေါ်ပြီး သူ့ကို ကူဖို့ပြောတယ် ။ သူတို့အားလုံးဟာ တူရွင်းငန်းပြားတွေယူပြီး မြေကြီးတွေတူးလို့ ရေတွင်းကို စတင်ပြီးဖို့ကြပါတယ် ။
ပထမမှာတော့ မြည်းဟာ သူဘာဖြစ်တော့မယ်ဆိုတာသိပြီး ကြောက်လန့် ထိတ်ရွံ့စွာ ငိုကြွေးပါတယ် ။ အဲဒီနောက်မှာတော့ လူတွေရဲ့ အံ့သြဖွယ်ရာ (သူ့ကို မြေမြှုပ်တဲ့လုပ်ရပ်) ရဲ့အောက်မှာ သူ့အသံဟာ ဖုံးလွှမ်းသွားခဲ့ရတယ် ။
မြေကြီးအနည်းငယ်ဖို့ပြီးတဲ့အခါမှာ လယ်သမားဟာ ရေတွင်းထဲကိုငုံ့ကြည့်လိုက်တယ် ။ သူ မြင်လိုက်ရတာကိုကြည့်ပြီး လယ်သမားဟာ အလွန်အမင်း အံ့သြတုန်လှုပ်သွားခဲ့ရတယ် ။ မြေကြီးတွေ ရေတွင်းထဲ ဖို့ဖို့ ပစ်ချလိုက်တဲ့အခါတိုင်း မြည်းဟာ သူ့ကျောပေါ်တင်လာတဲ့ မြေကြီးတွေကိုခါထုတ်ပြီး အဲဒီမြေကြီးတွေပေါ်ကို နင်းလို့ အပေါ်ကို တက်တက်လာတာကိုတွေ့လိုက်ရလို့ဖြစ်ပါတယ် ။ လယ်သမားဟာ တုန်လှုပ်သွားပြီးမြေကြီးတွေကို ဆက်ဖို့စေခဲ့တယ် ။
လူတိုင်းလူတိုင်းဟာ ကျောပေါ်တင်လာတဲ့မြေကြီးတွေကို ခါထုတ်ပြီး အပေါ်ကို တဖြည်းဖြည်း မြင့်တက်လာနိုင်တဲ့ မြည်းရဲ့လုပ်ရပ်ကို အံ့သြတုန်လှုပ်နေခဲ့ရပါတယ် ။ ဒီလိုနဲ့နောက်ဆုံးမှာ မြည်းဟာ သူ့ကျောပေါ်ရောက်လာတဲ့ မြေကြီးတွေကို ခါထုတ် အဲဒီမြေကြီးတွေအပေါ် နင်းလို့ တွင်းနှုတ်ခမ်းဝကနေ အပြင်ကို အောင်အောင်မြင်မြင်နဲ့ရောက်ရှိသွားပါတယ် ။
#####################################
ဘ၀ကို ဖြတ်သန်းတဲ့အခါ မြေကြီးလိုမျိုး ဒုက္ခ တွေ အခက်အခဲတွေ နဲ့ ပင်ပန်းနွမ်းနယ်မှုတွေ လောကဓံတွေ ကိုယ့်ကျောပေါ်မှာ ခါးဆီးခံရတာ အမှန်တရားပါပဲ ။ ကျွန်တော်တို့လုပ်ဖို့က ကိုယ့်ကျောပေါ် တင်လာတဲ့ လောကဓံနဲ့ ဒုက္ခတွေကို ခါချပစ်လိုက်ဖို့ပဲ ။ ဒုက္ခတစ်ခုချင်းဆီကို ဖြတ်နင်းပြီး အောင်မြင်မှု တွင်းနှုတ်ခမ်းဝဆီကို လှမ်းတက်နိုင်ဖို့ပဲလိုတယ် ။ ဘယ်လောက်ကြီးပဲ ဆိုးရွားတဲ့ ဒုက္ခတွေ ဖြစ်ပါစေ လက်လျော့လိုက်ဖို့ ဘ၀ကို ရပ်တန့်လိုက်ဖို့ မဆုံးဖြတ်ပါနဲ့ ။ အရာရာတိုင်းမှာ ထွက်ပေါက်ဆိုတာ ရှိပါတယ် ။ ဘယ်တော့မှ အရှုံးမပေးပါနဲ့ ။ အရာအားလုံးကို ကိုယ့်ကျောပေါ်ကနေ ခါထုတ်လိုက်ပြီးတဆင့်ချင်းစီ လှမ်းတက်သွားလိုက်ပါ ။
**သက်တန့်ချို**
**From-Naing Min**
Monday, February 6, 2012
ရေကန်ထဲကဆား

တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့
မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး
ငိုကြွေးနေတဲ့ လူငယ်တစ်ယောက်ဆီ ရောက်လာပါတယ်.. ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်း
ပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ
ထိုလူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က
“ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်..
ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ
လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်. မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း အလွန် ကျယ်ပြော
ပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်.. ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲ
မှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်..
ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို သောက်ကြည့်ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ ထိုလူငယ်ကလည်း
ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်.. ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ
“အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ” လို့ မေးလိုက်ပါတယ်.. ဒီတော့ လူငယ်က “ လတ်ဆတ်ပြီး
ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါဘဲ” လို့ ပြန်ဖြေပါတယ်.. “စောစောတုန်းက ရေခွက်ထဲကို ဆားထည့်
ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့
လူငယ်က ပြန်ဖြေလိုက်ပါတယ်..
ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာပုတ်လိုက်ကာ “ငါတို့ဘ၀တွေရဲ့
ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်.. ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှု
တွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်.. .
မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်.. ရေကန်လို
ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်
တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့…”
“ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစား
ပါ.. ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန်တစ်ကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ.. ဒီလိုဆိုရင်
နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်” လို့
ပြောလိုက်ပါတယ်..
..ktlay..(အစိမ်းရောင်လွင်ပြင်)မှ တစ်ဆင့် ကူး ယူ ဖော်ပြ ပါသည်.....
**From-Naing Min**
Saturday, January 28, 2012
သနားဖို.အရမ်းကောင်တယ် (အရူးအချစ်ဇတ်လမ်းလေပါ)
ဟိုး ရှေးရှေးတုန်းက ဒီလိုအချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့ဖူးတယ်။
ပုံပြင်ထဲက ယောက်ျားနဲ့မိန်းမနှစ်ဦးစလုံးဟာ ရူးနေကြတယ်။ သူကရူးနေလို့ တစ်ချိန်လုံး အရူးစကားပဲပြော တတ်တယ်။ သူမကလည်းရူးနေပြီး တစ်ချိန်လုံး သူ့ကိုပဲ ခပ်တုံးတုံးရယ်ပြပြီး စိုက်ကြည့်နေတတ်တယ်။
အစက သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မသိကြဘူး။ သူက တောင်အရပ်မှာနေပြီး သူမက မြောက်အရပ်မှာနေကြတယ်။ အိမ်ကလူတွေက သူတို့နှစ်ယောက်ကို တုံးအတယ်ဆိုပြီး ဂရုမစိုက်ဘဲ သွားချင်ရာသွားဆိုပြီး စွန့်ပစ်ထားကြတယ်။ တောင်အရပ်ကနေ မြောက်အရပ်ဆီဦးတည်ပြီး သူထွက်လာခဲ့တယ်။ မြောက်အရပ်ကနေ တောင်အရပ်ဆီဦးတည်ပြီး သူမ လေလွင့်ခဲ့တယ်။ နှစ်ယောက်စလုံး လေလွင့်ခဲ့ကြတယ်...
တကယ်တော့ အရင်က သူ မရူးဘူး။ တစ်ခါက အလုပ်ခွင်မှာ ခေါင်းကိုအုတ်နဲ့ ရိုက်မိပြီးနောက် သူရူးသွား တာဖြစ်တယ်။ သူမလည်း အစက မရူးဘူး။ တက္ကသိုလ်ဝင်တန်းမှာ မြို့နယ်ပထမရခဲ့တဲ့ သူမနေရာကို သူဌေးသမီးတစ်ယောက် ဝယ်ယူလိုက်ရာက ဘယ်သူနဲ့မှ သူမစကားမပြောတော့ဘူး။ အဖေအမေကိုလည်း ဂရုမစိုက်တော့ဘူး။ နောက်တော့ သူမရူးသွားခဲ့တယ်။
လမ်းခရီး ဘယ်လောက်ကြာကြာ သူတို့လျှောက်ခဲ့ကြမှန်းမသိဘူး။ သူ့ကိုယ်ပေါ်က အဝတ်အစားတွေ ညစ်ပတ်ပေ ရေနေတယ်။ မည်းညစ်နေတဲ့ ခြေဖျားတွေဖိနပ်ထိပ်မှာ ပြူထွက်နေတယ်။ သူမကိုယ်ပေါ်က အနီရောင်ဝတ်စုံ လည်း မီးခိုးရောင်ဖြစ်နေခဲ့တယ်။ ရှုပ်ပွနေတဲ့ သူမဆံပင်ပေါ်မှာ မြက်ခြောက်တွေ ကပ်ညှိနေတယ်။ ဒါပေမယ့် သူမမျက်နှာဖြူနေတယ်။ ဖြူရော်နေတယ်။ လက်ထဲမှာ ရေပုလင်းတစ်လုံးကိုင်ထားပြီး လမ်းသွားလမ်းလာတွေကို ထုံအ,အသူမရယ်ပြနေခဲ့တယ်။
ညနေဝင်ရီတရောအချိန်မှာ သူနဲ့သူမတွေ့ကြတယ်။ အမှိုက်ပုံးတစ်ခုမှာ မှိုတက်နေတဲ့ပေါင်မုန့်တစ်ချပ်ကို အတူ တွေ့ ကြရင်း သူတို့နှစ်ယောက် ဆုံခဲ့ကြခဲ့တယ်။ ပေါင်မုန့်ဆီ နှစ်ဦးသားလက်လှမ်းပြီး ကောက်ယူချိန် ခေါင်းချင်း တိုက် ဆုံခဲ့ကြတာဖြစ်တယ်။ သူမကို သူစူးစူးစိုက်စိုက် ကြည့်ပစ်လိုက်တယ်။ သူ့ကို သူမရယ်ပြနေတယ်။ နောက်ဆုံးသူ့လက်ထဲပေါင်မုန့်ပါလာတယ်။ မည်းညစ်နေတဲ့ ပါးစပ်ကြီးကိုဟပြီး ပေါင်မုန့်ကို ခပ်နာနာတစ်ချက် သူကိုက်ချလိုက်တယ်။ သူမ မလှုပ်ဘဲ သူ့ကိုငေးစိုက်ကြည့်နေတယ်။
သူမကို အရောင်မပါတဲ့မျက်လုံးနဲ့ သူတစ်ချက် စောင်းကြည့်လိုက်တယ်။ တံထွေးတွေကို မပြတ်မျိုချရင်း သူ့ကို သူမငေးကြည့်နေခဲ့တယ်။ စားလက်စပေါင်မုန့်ကိုရပ်ပြီး ထုံအအနဲ့ သူ့ကိုစိုက်ကြည့်နေတဲ့ သူမကို ပြန်စိုက်ကြည့် လိုက်တယ်။အဲဒီလိုနဲ့ အရူးနှစ်ယောက် ဘာအမှုအရာမှမပြဘဲ အချင်းချင်း စိုက်ကြည့်နေကြတယ်။
သူမကို သူပေါင်မုန့်ကမ်းပေးလိုက်တယ်။ တစ်ဝက်သာကျန်တဲ့ပေါင်မုန့်ကို သူမဆတ်ခနဲဆွဲယူပြီး အားရပါးရစား လိုက် တယ်။ နေရာက သူလှည့်ထွက်လာခဲ့တယ်။ နောက်လှည့်မကြည့်ဘဲ အိပ်နေကျအိမ်အိုကြီးဆီ သူပြန်လာခဲ့ တယ်။ အိမ်နားရောက်မှ သူ့နောက်မှာ သူမ လိုက်ပါလာမှန်းသိတယ်။ သူ့ကို သူမရယ်ပြပြန်တယ်။ သူတို့အချင်းချင်း စကားတစ်ခွန်းမှမပြောကြဘဲ အိမ်အိုကြီးထဲမှာ အတူနေခဲ့ကြတယ်။
ညအိပ်ချိန်မှာ တစ်ခါမှမခံစားဖူးတဲ့ နွေးထွေးမှုကို သူခံစားမိတယ်။ နိုးလာတော့ သူမက သူ့ကိုဖက်ပြီး အိပ်နေ တယ်။ အရူး တစ်ယောက် ပုံစံနဲ့ မတူဘဲ နှစ်နှစ်ခြိုက်ခြိုက် သူ့ကိုဖက်ပြီး သူမအိပ်ပျော်နေခဲ့တယ်။
ဒီလိုနဲ့ အရူးနှစ်ယောက် တစ်အိမ်ထဲမှာ အတူနေဖြစ်ခဲ့ကြတယ်။ နေ့ခင်းမှာ နှစ်ယောက်အတူ ဈေးထဲက စားစရာ တွေ ကောက် ယူစားပြီး သူတို့ဗိုက်ဖြည့်ကြတယ်။ ညဖက်မှာ အိမ်အိုကြီးဆီ ပြန်အိပ်ကြတယ်။ တစ်ရက်ပြီးတစ်ရက်၊တစ်လပြီးတစ်လ နေ့ရက် တွေကို သူတို့ကျော်ဖြတ်ခဲ့ကြတယ်။
တစ်ညမှာ ဘယ်ကကောက်ရမှန်းမသိတဲ့ လက်စွပ်တစ်ကွင်းကို သူယူပြန်ခဲ့တယ်။ သံချေးတွေတက်နေတဲ့ လက်စွပ် ကို သူမလက်ထဲ သူစွပ်ပေးလိုက်တယ်။ သူမက ထုံးစံအတိုင်း သူ့ကိုကြည့်ပြီးရယ်နေတယ်။ အဲဒီညက သူမ အားရပါးရရယ်ဖြစ်တယ်။ တိတ်ဆိတ်တဲ့ညမှာ သူမရယ်သံကို အတိုင်းသားကြားနေရတယ်။ ရယ်သံတွေရဲ့နောက်မှာ ငိုသံတွေပါနေခဲ့တယ်။ ပထမဆုံးအကြိမ် သူမငိုမိတယ်။ သူ့ကိုဖက်ပြီး ဘာမှန်းညာမှန်းမသိ သူမ ငိုနေမိတယ်။သူက မတုန်လှုပ်တဲ့အပြင် မျက်နှာမှာလည်း ဘာအမူအရာမှ မပြခဲ့ဘူး။
သူမ ဖျားနေတယ်။ တစ်ခါမှ မဖျားဖူးတဲ့သူမ အပြင်းဖျားနေခဲ့တယ်။ သူနဲ့အတူ မနက်စာထွက်မကောက်ခဲ့ဘူး။ သူ့ကိုရယ်ပြမနေခဲ့တော့ဘူး။ သူ့တစ်ယောက်တည်း အစာတွေသွားကောက်ခဲ့ပြီး နေ့ခင်းမှာ ပြန်လာခဲ့တယ်။ လက်ထဲမှာရေအသစ်တစ်ဗူးနဲ့ ပေါင်မုန့်အသစ်တစ်ထုပ် ယူပြီး သူပြန်လာခဲ့တယ်။ သူ့မျက်နှာတွေ ဖုယောင်နေ တယ်။ လက်ညိုးတွေလည်း ညိုမည်းနေတယ်၊ နှာခေါင်းမှာလည်း သွေးတွေပေနေတယ်။ ဆိုင်ထဲက ရေနဲ့ပေါင်မုန့် ကို သူဝင်လုတဲ့အချိန် ဆိုင်ပိုင်ရှင်ရိုက်ထားလို့ဖြစ်တယ်။
မျက်လုံးတွေကို သူမမှိတ်ထားလည်း သူ့ကို အရင်လိုပဲ ရယ်ပြနေခဲ့တယ်။ ပေါင်မုန့်ကိုယူပြီး သူမပါးစပ်ထဲ သူထည့် ပေး လိုက်တယ်။ သူမ မစားနိုင်ဘူး။ ကြည့်ရတာ သူမ သိပ်မဟန်တော့ဘူး။ အဖျားတွေတက်ပြီး သူမမေ့မျောသွား ခဲ့ တယ်။ သူ့မျက်နှာပေါ်မှာ ပထမဆုံးအကြိမ် အမူအရာတွေကို မြင်ရတယ်။ စိုးရိမ်တဲ့ အမူအရာ၊ အကူအညီမဲ့တဲ့ အမူအရာ... အိမ်အိုထဲကနေ သူထွက်ပြေးလာခဲ့တယ်။ အစိမ်းရောင်ဝတ် ရဲသားတစ်ဦးကိုတွေ့တော့ သူငိုတယ်။ ပထမဆုံးအကြိမ် သူငိုခဲ့တယ်။
"ကျွန်တော့်အမျိုးသမီးကို ကယ်ပါ" လို့ ပါးစပ်ကအော်ပြီး သူငိုတယ်။
"သွားစမ်း.. အရူး.. တောက်.. အိမ်ကထွက်တာနဲ့ ဘယ်ကအရူးနဲ့လာတိုးနေမှန်း မသိဘူး"
ရဲသားက ပြောပြော ဆိုဆို သူ့ကိုကန်ထည့်လိုက်တယ်။ မြေကြီးပေါ် သူပက်လက်လှန်ကျသွားတယ်။ ရဲသားက သူ့ဗိုက်တည့်တည့် အားနဲ့သုံးလေးချက် ဆင့်ပြီးကန်ချလိုက်တယ်။ ပြီးတော့ သူ့မျက်နှာပေါ် တံထွေးတစ်ချက်ထွေးထည့်ပြီး နေရာကထွက်သွားတယ်။ မြေပေါ်မှာ သူအကြာကြီးလဲနေခဲ့တယ်။ သူထနိုင်တဲ့အချိန် မျက်နှာပေါ်က တံထွေးတောင် ခြောက်နေခဲ့ပြီ။
သူမကိုကျောပိုးပြီး လမ်းမကြီးပေါ် သူရောက်လာခဲ့တယ်။ လမ်းပေါ်မှာ လူတွေအများကြီး ဒါပေမယ့် သူတို့ကို တစ်ယောက်မှ ဂရုစိုက်မကြည့်ကြဘူး။ ကြည့်ကြတဲ့လူတွေကလည်း ရွံ့ရှာတဲ့အေးတိအေးစက် အကြည့်နဲ့ တစ်ချက် ကြည့်ပြီး ကိုယ်လမ်းကိုယ်သွားလိုက်ကြတယ်။ သူမကို လမ်းဘေးတစ်နေရာမှာ သူချလိုက်ပြီး အကူ အညီ မဲ့မျက်လုံးနဲ့ လူတွေကို သူလိုက်ကြည့်နေခဲ့တယ်။ သူမ အသက်မျှင်းမျှင်းလေးပဲ ရူနေတယ်။ ရုတ်တရက် လမ်းဘေးက ဖန်ကွဲစတစ်စကို သူကောက်ယူပြီး သူမရဲ့ ညစ်ပတ်ပိန်လှီနေတဲ့ လက်ပေါ်ခုတ်ချလိုက်တယ်။ သူမလက်ထဲကသွေးတွေဖြာခနဲ သူ့မျက်နှာပေါ် ပန်းတက်လာတယ်။
"ဟား.. ဟား... ကျွန်တော်လူသတ်လိုက်ပြီ... ခင်ဗျားတို့ကြည့် ကျွန်တော်လူသတ်လိုက်ပြီ"
အဲဒီနောက် အရေးပေါ်လူနာတင်ကား ရောက်လာပြီး သူမကို သယ်ထုတ်သွားကြတယ်။ ဝိုင်းကြည့်နေတဲ့လူတွေက သူ့ကိုကန်ကျောက်ပြီး ဆဲဆိုထွက်သွားကြတယ်။ ကယ်တင်ခံရပေမယ့် နောက်ဆုံးမှာ သူမ သေဆုံးသွားခဲ့ရတယ်။ အရေးပေါ်ခန်းမှာ တစ်နာရီလောက်တောင် သူမ မနေခဲ့ရဘဲ ရင်ခွဲရုံထဲ ပို့ခံခဲ့ရတယ်။ သေဆုံးသွားပေမယ့် သူမမျက် နှာက ပြုံးနေခဲ့တယ်။ သေဆုံးချိန်ထိ သူမလက်သူကြွယ်မှာ သံချေးတက်နေတဲ့ လက်စွပ်ကို စွပ်ထားဆဲဖြစ်တယ်။
သူမပြန်အလာကို သူအကြာကြီးစောင့်နေခဲ့တယ်။ ဒါပေမယ့် သူမ လုံးဝပြန်မလာခဲ့တော့ပါဘူး။ သူ့ကို ရယ်ပြဖို့ ပြန် မလာခဲ့တော့ပါဘူး။ သူငိုမိတယ်။ အားပါတရ သူအော်ငိုမိတယ်။ ညတစ်ညလုံး သူ့ငိုသံတွေ လွှမ်းနေခဲ့တယ်။ ဒါပေမယ့် ဘယ်သူ့မှ သူ့ငိုသံကို သတိမထားခဲ့မိကြဘူး။
သူတို့စတွေ့ခဲ့တဲ့ အမှိုက်ပုံးဘေးမှာပဲ သူ့ရဲ့အေးစက်နေတဲ့အလောင်းကို လူတွေတွေ့ခဲ့ကြတယ်။ သူ့မျက်နှာပေါ်က အပြုံးတောင် အေးစက်နေခဲ့ပါပြီ။ မှိုတက်နေတဲ့ ပေါင်မုန့်တစ်ချပ်နဲ့ မဖောက်ရသေးတဲ့ ရေတစ်ပုလင်းက သူ့ရင် ခွင် ထက်မှာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လို့.....
** Naing Min naing.min14@gmail.com **
Thursday, January 19, 2012
" ဥာဏ်သာလျှင်အမိ၊ ဥာဏ်သာလျှင်အဖ..."

တစ်ခါတုန်းကမြစ်ထဲမှာ လှေနဲ့ကွန်ပစ်ပြီးငါးဖမ်းတဲ့ တံငါသည်တစ်ယောက်ဟာ
ငါးသုံးကောင်မိတော့ အရှင်အတိုင်းပဲ လှေဝမ်းထဲမှာ ရေစပ်စပ်ထည့်ပြီးလွှတ်ထားလိုက်တယ်။
အဲဒီထဲမှာ တစ်ကောင်သော ငါးက လှေထဲရောက်နေပြီးဆိုတာသိလို့
လွတ်အောင်ဆိုပြီးခုန်တယ်၊ လှေနှုတ်ခမ်းကို မကျော်တော့ ရေပြင်ထဲမရောက်ဘူး။
လှေဝမ်းထဲမှာပဲ ပြန်ပြန်ကျနေတယ်။
ခုန်တယ်။ ပြန်ကျတယ်။
အကြိမ်ကြိမ် ကြိုးစားပြီးခုန်နေတယ်။
အကြိမ်တိုင်းပြန်ကျတယ်။
ကြာတော့ တံငါသည်က စိတ်တိုပြီး လှေတက်နဲ့ရိုက်လိုက်တာ
သေပါရောလား။
ဒီငါးဟာ ဝီရိယတော့ရှိပါရဲ့။
ဥာဏ်မကူတော့ အသက်ဆုံးရပါတယ်။
ဒုတိယငါးကတော့ ငါ ကံကောင်းလို့ခုထိမသေတာ၊
ကံကောင်းရင် နောင်လည်းမသေနိုင်ဘူး။
အချိန်တန်ရင်လွတ်မှာပဲဆိုပြီး ဒီအတိုင်းပဲ လှေဝမ်းထဲမှာငြိမ်နေတယ်။
သူလည်းအိမ်အထိပါသွားတော့ ဟင်းစားဖြစ်သွားတာပဲ။
ဒီငါးကျတော့ လုံ့လလည်းမထူ၊ ဥာဏ်လည်းမကူလို့သေရပါတယ်။
တတိယငါးကတော့ အခြေအနေ အခွင့်အခါကို စောင့်ဆိုင်းနေတယ်။
လှိုင်းအပုတ်၊လှေအလူး၊ လှေနှုတ်ခမ်းနဲ့ရေပြင်နဲ့ညီခမန်းဖြစ်ချိန်မှာ
အားရှိသလောက်ခုန်ချလိုက်တာ တစ်ခါတည်း ရေထဲပြန်ရောက်သွားပါတယ်။
တတိယငါးကတော့ ဥာဏ်ကူတဲ့အတွက်
လုံ့လဝီရိယကို အသုံးချလိုက်တဲ့အခါမှာ သူ့ကံရှိသလောက်ဆက်လက်ပြီး
အသက်ရှင်ခွင့်ရသွားတာဖြစ်ပါတယ်။
++++++++++++++++++
ကံရယ်၊ဥာဏ်ရယ်၊ဝီရိယရယ်အကြောင်းသုံးပါးမှာ
သုံးပါးစလုံးညီညွတ်နေရင်တော့ အကောင်းဆုံးပါပဲ။
ကံက အလုပ်လို့ဆိုပါတယ်။
အလုပ်ကောင်းရင် ကံကောင်းပါတယ်။
အတိတ်ကံက မမြင်နိုင်တာရယ်။
ပြုပြင်လို့မရနိုင်တာကြောင့်
ကံကိုယုံကြည်၊အားကိုးရတာက
ဒုတိယငါးလို ဆုံးရှုံးမှုတွေ့သွားနိုင်ပါတယ်။
ဝီရိယကို အားကိုးရတာကကောင်းပါတယ်။
ဥာဏ်မကူတဲ့အခါ ကိုယ်ကြိုးစားရင်
ကြိုးစားသလောက်အရာမရောက်တာကို
မကြာခဏတွေ့နေရတတ်ပါတယ်။
အချိန်အခါမဟုတ် လုံ့လထုတ်လိုက်တဲ့အတွက်ကြောင့်
ပထမငါးကတော့ လှေတက်နဲ့အရိုက်ခံရပြီးခေါင်းကွဲကာသေသွားရပါတယ်။
ဥာဏ်နည်းရင် ဒုက္ခများတတ်ပါတယ်။
တတိယငါးကတော့ အချိန်အခါကိုစောင့်တတ်တာရယ်၊
အားထုတ်သင့်တဲ့အချိန်မှာ အားထုတ်လိုက်တဲ့အတွက်
အသက်ရှင်ခွင့်ရသွားပါတယ်။
အောင်မြင်မှုလည်း ဒီလိုပါပဲ။
ဥာဏ်သာလျှင်အမိ၊
ဥာဏ်သာလျှင်အဖဖြစ်တာကြောင့်
အသိဥာဏ်ကဦးဆောင်နိုင်အောင်ကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။
++++++++++++++++++
လုလ္လမထူ၊ ဥာဏ်မကူဘဲ၊
အယူတစ်ချောင်း၊ ကံတစ်ကြောင်းမျှ၊
မကောင်းလည်းကံ၊ကောင်းလည်းကံဟု၊
ကံကိုချည်းသာ၊ မကိုးရာဘူး၊
ပညာဥာဏ်ဖြင့်၊ သင့်မသင့်ကို၊
အခွင့်ရှု၍၊ အပြုလုလ္လ၊
ရှိအပ်စွာတည်း။
(မာန်လည်ဆရာတော်ဘုရားကြီး)
( မဃဒေဝလင်္ကာမှ…)
** Aung Win Hein (Noble)**
Posted by ညချစ်သူ
Monday, January 9, 2012
ပျော်.. ပျော်.. ပျော်နေကြတာ

တစ်ခါတုန်းက နတ်သားနှစ်ယောက်ရှိတယ်။ အရမ်းခင်တဲ့ နတ်သားသူငယ်ချင်းနှစ်ယောက်ပေါ့။ နာမည်က ကိုဒေ၀နဲ့ ကိုကာသ။ သူတို့က နတ်ပြည်မှာဘာလို့ နတ်သားအတူတူ လာဖြစ်ကြသလဲဆိုတော့ လူ့ဘ၀မှာတုန်းက သူတို့က မိသားစုချင်းသိပ်ကိုရင်းနှီး၊ သိပ်ကိုခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့။ လူ့ပြည်တုန်းက ကောင်းမှုကုသိုလ်၊ ရပ်ရွာကောင်းကျိုးတွေ အတူတူ လုပ်လာခဲကြတယ်။ အဲ့ဒီလိုလုပ်ခဲ့ကြပေမယ့် သူတို့လုပ်ခဲ့တဲ့ ကောင်းမှုဆိုတာ မှန်သမျှမှာ သူတို့ရဲ့သမာအာဇီဝပိုက်ဆံ၊ လုပ်အားတစ်ခုမပါဘူး။ သူတစ်ပါးဆီက လောဘစိတ်နဲ့မတရား ခေါင်းပုံဖြတ်၊ အမြတ်ထုတ်၊ သူတစ်ပါးမျက်ရည်ပေါက် ကြီးငယ်ကျပြီးမှ ရတဲ့အကျိုးအမြတ်၊ ငွေတွေနဲ့ သူတို့လှူဒါန်းကုသိုလ်ပြုပါတယ်ဆိုပြီး နာမည်ခံပြီး ကျောင်း၊ ကန်၊ တံတားတွေ ဆောက်လုပ်လှူဒါန်းခဲ့ကြတာ။
ဒီလိုနဲ့သူတို့ အသက်တွေရလို့ ကွယ်လွန်ကြလေတော့ လူ့ဘ၀မှာ သူတို့နှစ်ယောက်လုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကြောင့် နတ်ပြည်မှာ နတ်သားဘ၀နဲ့ အတူတူ ပြန်ဆုံကြတယ်။ ဒီတော့ နတ်ပြည်မှာလည်း လူ့ပြည်မှာတုန်းကလိုပဲ မခွဲစတမ်း တစ်တွဲတွဲပေါ့။ နတ်ပြည်ရောက်တော့ နတ်တို့စည်းစိမ်နဲ့ နတ်သမီးလေးတွေ တစ်ဖက်လေး၊ ငါးရာနဲ့ ပျော်ပါး၊ စံစားနေခဲ့တာ ဘယ်လောက်တောင်ကြာသွားခဲ့သလည်း မသိလိုက်ဘူး။ တစ်နေ့တော့ နှစ်ယောက်သား စိတ်နှလုံး မချမ်းမြေ့ဘဲနဲ့ အတူဆုံမိကြတယ်။ နတ်တွေဆိုတာ မိမိ စုတိစိတ် ကျရမှာကို (၇) ရက်ကြိုပြီးတော့ သိကြတာမျိုးလေ။ စုတိစိတ်ကျပြီး နောင်ရောက်မယ့် ဘ၀ကိုလည်း ကြိုမြင်၊ ကြိုသိကြတယ်။ သူတို့ လူ့ဘ၀က လုပ်ခဲ့တဲ့ ကောင်းမှုတွေရဲ့အကျိုးကို နတ်ပြည်မှာ ခံစား၊ စံစားပြီးပြန်တော့ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ရယူခဲ့တဲ သူတို့ရဲ့ ကုသိုလ်တွေအတွက် သူတို့စုတေပြီးတဲ့အခါမှာ တိရစ္ဆာန်ဘ၀ကို တစ်ဖန်ပြန်လည်ရောက်ကြရဦးမှာကို နတ်တို့ရဲ့ တန်ခိုးဣဒ္ဓိပါဒ်နဲ့ သိနေတာကြောင့် သူတို့နတ်နှစ်ပါးလုံးရဲ့မျက်နှာ မကောင်းကြဘူး။ ဒါနဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် မေးမိကြတယ်။
" ကိုဒေ၀.. မျက်နှာမကောင်းပါလား "
" ဟုတ်တယ် ကိုကာသရဲ့။ ခင်ဗျားက ကျုပ်သာမေးတယ်.. ခင်ဗျားလည်း မျက်နှာမကောင်းလှပါလား "
" ဟုတ်တယ် ကိုဒေ၀ရေ..။ ကျုပ်ကဒီဘ၀မှာ စုတေပြီးရင် ကျီးကန်းကြီး ဖြစ်မယ်တဲ့ဗျ..။ စိတ်ညစ်ချက်ကဗျာ.. "
ဒီတော့ ကိုကာသက...
" အမယ်လေး ကိုဒေ၀ရယ်.. ခင်ဗျားက ကျီးကန်းဘ၀ရောက်မှာကို စိတ်ညစ်နေတယ်ဆိုတော့..။ ကျုပ်အဖို့ ပြောစရာစကားတောင် မရှိတော့သလိုပါဘဲ "
" ဟုတ်လား... ဒါနဲ့ ခင်ဗျားကရော ဘာဖြစ်မှာမို့လို့လဲ..။ ပြောစမ်းပါဦးဗျ.."
" ဟုတ်တယ်ဗျာ..။ ကျုပ်က သေပြီးရင် ခင်ဗျားထက်ကို ဆိုးတယ်။ ကျုပ်က မစင်တွင်းထဲက လောက်ဖြစ်မှာတဲ့ဗျ "
ကိုကာသက မျက်နှာလေး ရှုံ့မဲ့လျှက်က..
" ခင်ဗျားသိသားနဲ့.. ကျုပ်ဘယ်လောက် အသန်အပြန့်ကြိုက်တယ်ဆိုတာ..။ ကျုပ်ဖြင့်တွေး..တွေးမိရင်း ဒီ.. မစင်ထဲက လောက်ကောင်ဖြစ်ရမယ့် ကျုပ်ရဲ့ဘ၀ကြီးကို တွေးတွေးမိပြီး ရွံရှာအော့နှလုံးနာလိုက်တာဗျာ ..။ "
" အေးဗျာ.. ဒါဆို ကျုပ်ရဲ့ကျီးကန်းဘ၀ကမှ ခင်ဗျားထက် အပုံကြီးတော်သေးတယ်ဆိုရမယ်။ ကျုပ်တို့နှစ်ယောက် ဘ၀ခြားသွားပေမယ့် အခုလိုပဲ ခင်မင်ခွင့် ဆက်ပြီး ရနေချင်ပါသေးတယ်ဗျာ။ ကျီးကန်းဘ၀နဲ့ ခင်ဗျားကို ကူညီဖို့ အခွင့်အရေးများရရင် လက်မနှေးပဲ ကူညီပေးပါရစေ "
" ဟာ.. ဒါဆိုအတော်ပဲ။ ကျုပ်လည်း ခင်ဗျားဆီက အကူညီတောင်းဖို့ အားနာနေလို့။ ဒါဆို ခင်ဗျား.. ကျုပ်ကို တစ်ခု ကူညီဗျာ.. "
" စိတ်ချ။ ကျုပ်ကူညီမယ်။ ဘာကို ကူညီရမလဲသာပြောပါ ကိုကာသ"
" ကျုပ်တကယ်လို့ မစင်တွင်းထဲက လောက်တစ်ကောင်ဘ၀ ရောက်ခဲ့ရင် ကျုပ်ရှိရာ မစင်တွင်းကို အရောက်လာလှမ်းခေါ်ပြီး ကျုပ်ရောက်လာတာနဲ့ ခင်ဗျားရဲ့ ချွန်ထက်တဲ့ နှုတ်သီးကြီးနဲ့ ကျုပ်ကို ဘ၀ကူးသွားအောင် အမြန်သာ ပေါက်သတ်ပြီး ဘ၀တုံးပေးစမ်းပါဗျာ။ ဒီလောက် စက်ဆုတ်ဖွယ်ရာကောင်းတဲ့ မစင်တွင်းထဲမှာ လောက်တစ်ကောင်ဘ၀နဲ့ သက်ဆိုးမရှည်ချင်တော့ပါဘူး။ အမြန်ဆုံးသာ နောက်တစ်ဘ၀ ကူးပြောင်းလိုက်ချင်ပါရဲ့။ မဖြစ်မနေ ကူညီမယ်လို့ ဂတိပေးဗျာ။ "
ကိုဒေ၀လည်း " ခင်ဗျားစိတ်တိုင်းကျ ဖြစ်ရပါစေ့မယ် " လို့ ဂတိပေးလိုက်လေတယ်။
ဒီလိုနဲ့ သူတို့နတ်နှစ်ပါး စုတေပြီးတဲ့အခါမှာ ကြိုမြင်ထားတဲ့အတိုင်း ကိုဒေ၀က ကျီးကန်းဘ၀ကိုရောက်သွားပြီး ကိုကာသက မစင်တွင်းထဲက လောက်တစ်ကောင်ဖြစ်သွားလေတယ်။ ဒါနဲ့ ကျီးကန်းလည်း ဂတိအတိုင်း ငါ့သူငယ်ချင်း လောက်ရှိနေတဲ့ မစင်တွင်းဆီသွားဦးမှဆိုပြီး မစင်တွင်းနားက သရက်ကိုင်းပေါ်မှာ သွားနားပြီး တအအနဲ့ အသံပေးလေတယ်။ တစ်ခါအသံပေးလည်း ထွက်မလာ..။ နှစ်ခါအသံပေးလည်း ထွက်မလာနဲ့။ ဒါနဲ့ ခုနှစ်သံချီနဲ့ တအအကို ကုန်းအော်လေတော့မှ သူငယ်ချင်း လောက်ကောင်က ကြားတော်မူပြီး သွားကြီးဖြီးကာ မစင်တွင်းထဲကနေ ခေါင်းလေးပြူပြီး တက်လာလေတော့တယ်။
" ဟာ.. ကိုဒေ၀ကြီးပါလားဗျ "
" ဟုတ်တယ်။ ခင်ဗျားကို ပေးခဲ့တဲ့ ဂတိအတိုင်း ခင်ဗျားကို ပေါက်သတ်ဖို့ လာခဲ့တာ "
ဒီတော့ လောက်ကောင်တစ်ဖြစ်လဲ ကိုကာသက မစင်တွင်းထဲကနေ စပ်ဖြည်းဖြည်းနဲ့ ပြောလိုက်ပုံက..
" ဟီး... ကျုပ်တော့ ဒီမစင်တွင်းထဲက ဘ၀တူ လောက်ကောင်တွေကြားမှာ ပျော်နေပြီဗျ.. သေချင်တော့ဘူး...ဟူး... " တဲ့။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
**Mya Thway Ni**
Wednesday, November 16, 2011
လောကကြီးမှာရှိ.တဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ…?????

တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး
နန်းတက်ခဲ့တယ်……ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး
စစ်လိုလားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်…..ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေး
ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ
ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့်
အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ….ဘုရင်ငယ်လေးအတွက်
အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….
“လောကကြီးမှာရှိတဲ့
အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “
အဲဒီမေးခွန်းကတော့ ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ
တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ထင်ကြတယ်……ဒါပေမယ့်
အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..
ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊
ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူပြည်သားတွေနဲ့
ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့
ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….
နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး
တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့
လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့
အဖိုးအခကိုတောင်းဆိုလိုက်ပါတယ်…
အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ
သူ့တောင်းဆိုချက်ကို အရင်လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်…
တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အားအကိုရဆုံးသူငယ်ချင်း လဲဖြစ်၊
နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး
ဖို့ပါဘဲ….
ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက
ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား
တစ်ချောင်ထဲရှိတယ်…အနံ့အသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း
ညစ်ညမ်းလှတယ်….ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့
စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ
သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…
ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့
ယှဉ်ရင်ဒီကိစ္စဟာ သူ့အတွက် အရေးမကြီးကြောင်း ပြောဆိုပြီး အဆိုကို
လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…
ဒီလိုနဲ့ မင်္ဂလာပွဲအစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို
စုန်းမကြီးကပေးလိုက်ပါတော့တယ်..
“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ်
အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“
ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ
ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…
အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့
မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????
ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို
တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့သူငယ်ချင်းနဲ့
အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို
စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွားလှတဲ့ ဘဝကိုရင်ဆိုင်ဖို့
မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…
ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက်
ထိုင်နေတာကို တွေ့လိုက်ရလို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ
မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….
“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့
ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း
တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက်
ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့
တွေ့မြင်နိုင် အောင် ဖန်ဆင်းထားမယ်လို့
ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်
ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ
ချာစဉ်းစားပြီး အဖြေပေးရတော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး
ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား.
ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး
ကိုယ်ပိုင်အချိန်ဖြစ်တဲ့ညအချိန်မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို
ပိုင်ဆိုင်မှာလား..???
အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ
သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “
အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ
လိုက်ပါတော့တယ်…..
“အချိန်တိုင်း လှပတဲ့ပုံစံနဲ့
ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “
ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…
ပုံပြင်လေးရဲ့ အဓိက
ဆိုလိုရင်းက ဘာလဲ….?????
သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို
စီမံခွင့်မရခဲ့ရင်………
………….သင့်အခြေအနေဟာလဲ နေ့
ဒါမှမဟုတ် ည ပိုင်းတွေမှာ ………………………………
………………………………..မလှပနိုင်တော့ဘူးနော်……….
**ကိုတင့်**
Sunday, October 16, 2011
ကိုယ်ကိုယ်တိုင်ရော တကယ်အပြစ်ကင်းရဲ့ လားလို့

တစ်ခါတုံးက ရသေ့တစ်ပါးဟာ အလှုခံထွက်လာတယ် ၊ အလှုခံကအပြန် ယာခင်းတစ်ခု နားရောက်တော့ ဆာလောင်တာနဲ့ ပြောင်းခင်းထဲဝင်ပြီး ပြောင်းဖူးချိုး လိုက်သတဲ့ ၊ ပြောင်ဖူးကို ခွာလိုက်တဲ့အခါ အစေ့အဆံ မစုံ ကြိုးတို့ကြဲတဲ ပြောင်းဖူး စေ့တွေကိုကြည့်ရင်း ပြောင်းပင်ကို အပြစ်တင်ပြောဆိုသတဲ့--
အသင်ပြောင်းပင် အသင်ဟာကိုယ့်တာဝန်ကို လုံးဝကျေတဲ့ သူဘဲ ဘာကြောင့်ကိုယ့်ရဲ့ပြောင်းဖူးကို အစေ့အဆန် ပြည့်အောင်တာဝန်မကျေရတာလဲပေါ့--
ဒီတော့ ပြောင်းပင်က မျက်နှာငယ်လေးနဲ့
ရသေ့ကြီး ရယ် ကျုပ်ကိုကြည့်လည်း အပြစ်မတင်ပါနဲ့ဗျာ အောက်ကိုလည်းငုံ့ကြည့်ပါဦး - မြေကြီးကလည်းပတ်ကြားတွေတောင်အက် ရေမရ အစာမရ ကျုပ်ဘာတတ်နိုင်မှာလဲ ပေါ့--
ဒီတော့ရသေ့ကြီးက မြေကြီးကိုလက်ညှိုးငေါက်ငေါက်ထိုးပြီး-
အသင်မြေကြီး သင်ဟာ တာဝန်မဲ့လွန်းတယ် သင်ဟာတစ်ကယ်ဆိုရင် ပြောင်းပင်ကို အစာ ရေစာ လုံလောက်အောင်ပံ့ပိုး သင့်တယ် -- လို့ အပြစ်ဆိုသတဲ့။
ဒီအခါ မြေကြီးလည်း စိတ်ပျက်တဲ့ ပုံစံနဲ့--
ရသေ့ကြီးရယ် ကျုပ်လည်းတာဝန်ကျေချင်တာပေါ့ဗျာ ကျုပ်အပေါ် မှီခိုနေရတဲ့သူတွေဘဲ ခက်တာက မိုးမရွာတော့ ကျုပ်ဘာတတ်နိုင်မှာလည်းဗျာ ကျုပ်ရှိတဲ့ အဟာရကို ပို့ပေးဘို့က ရေလိုတယ် မိုးရွာဘို့ လိုတယ်ဗျ --လို့ပြောသတဲ့---
ဒါနဲ့ ရသေ့ကြီးလည်း ခါးထောက်ပြီး မိုးပေါ် မော့ကာ မိုးမင်းကို အပြစ်ပြောသတဲ့--
မိုးမင်းကြီး ခင်ဗျားဟာ ကောင်းကင်ကနေပြီး တစ်လောကလုံးကို မြင်နေနိုင် တာတောင် ဘာဖြစ်လို့ ခင်ဗျားတာဝန်တွေ ပေါ့လျော့ တာလည်းလို့ -- ပြောဆိုသတဲ့။
အဲဒါနဲ့ မိုးမင်းကြီးက--
ရသေ့ကြီးရယ် ကျုပ်လည်းရွာချင်တိုင်း ရွာလို့ရတာ မဟုတ်ဘူး ဗျ တိုင်းပြည် အုပ်ချုပ်တဲ့ ဘုရင်က မင်းကျင့်တရား ပြည့်စုံမှ ရွာလို့ရတာ ရသေ့ကြီး အပြစ် ပြောချင်ရင် ဘုရင်ကြီးကိုသွား ပြော -- လို့ ဘုတောလိုက်သတဲ့ --။
ရသေ့ကြီးလည်း နန်းတော်ကိုသွား ဘုရင်နဲ့တွေ့ခွင့်တောင်း ပြီး အပြစ်တင်ပြန်သတဲ့--။
အသင်မင်းကြီး မင်းကျင့်တရားနဲ့ ညီအောင်အုပ်ချုပ်ပါ အသင်မင်းကြီးကြောင့် အခုအခါ မိုးခေါင်ပြီး ကောက်ပဲသီးနှံတွေ မအောင်ကြဘူး လို့ အပြစ်တင်လေသတဲ့--
*
မင်းကြီး ဟာ ဒီရသေ့ အကြောင်းတရား တစ်ခုခုတော့ ရှိလို့ ပြောတာဖြစ်ရမယ်ဆို ပြီး သေချာ မေးကြည့်တော့ အကြောင်းစုံကိုသိရတဲ့အခါ--
အသင်ရသေ့ ကျွန်ုပ်တို့ ဘုရင်ဆိုသည်မှာ ပုထုဇဉ် များဖြစ်ကြသည့်အလျှောက် အမှားများ ရှိနိုင်ကြသည်ကို မငြင်းလိုပါ-- သို့သော် အသင်ရသေ့တို့သည်ကား သူတော်စင်ဟု လောကကိုကြွေးကြော် ထားသူများ ဖြစ်ရာ အပြစ်ကင်းအောင်နေထိုင်ရန် ပိုရု် စောင့်ထိမ်း သင့်ပေ၏ ယခုဖြစ်ရပ်တွင် သင့်ကိုယ် သင် ပြန်လည်သုံးသပ်ကြည့်ပါ -- ပိုင်ရှင်ရှိသော ပြောင်းခင်းမှ ပြောင်ဖူးကို ပိုင်ရှင်က လှုဒါန်းခြင်းမဟုတ် ပါဘဲ သင်သုံးဆောင်ခြင်းသည် သူတော်စင် တို့၏ကျင့်ဝတ်နှင်ညီပါ၏လော လောကတွင်အလွယ်ဆုံးအလုပ်မှာ သူတစ်ပါးကိုအပြစ်တင်ခြင်း ပင်ဖြစ်ပေ၏ သူတော်စင်ဆိုပါက မိမိ၏ အပြစ်ကိုသာ အစဉ်သုံးသပ်ရု် နေအပ်ပေသည် --- လို့ ပြန်ချေပသတဲ့။
ရသေ့လည်းသူ့ အမှားကိုသိပြီး နန်းတော်ကပြန်ခဲ့ရတာပေါ့
( ငယ်ငယ်က ကြားဖူးတဲ့ ပုံပြင်လေးကို နားလည်သလိုပြန်တင်ပြထားတာပါ ။ လက်မခံ နိုင်တဲ့ သူလည်း ရှိနိုင် တယ်လို့ ယူဆပါတယ် -- ဒါပေမယ့်ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပြသ၁နာပေါ် လာရင် ၀ိုင်းဝန်း ညှိနှိုင်းကြိုးစားဘို့ထက် ဦးအောင်အပြစ်တင်တတ်တဲ့ သူတွေသာ များတယ်ဆိုတာတော့ မျက်မြင်ပါဘဲ တစ်စုံတစ်ရောက် ကိုအပြစ်တင်တော့မယ် ဆိုရင် ပုံပြင်ထဲက ရသေ့ကြီးကိုသတိရပါ---
ကိုယ်ကိုယ်တိုင်ရော တကယ်အပြစ်ကင်းရဲ့ လားလို့.....။
ရွှင်လန်းချမ်းမြေ့ကြပါစေ
**From-soe naing*
Wednesday, October 12, 2011
ပျော်ရွှင်တဲ့စိတ်

တစ်ခါက လူတွေကို အရမ်းကူညီတတ်တဲ့ လူတစ်ယောက်ဟာ သေဆုံးပြီးနောက်
ကောင်းကင်ဘုံရောက်ပြီး နတ်သားဖြစ်သွားခဲ့တယ်။ နတ်သားဖြစ်သွားသည့်တိုင်
သူဟာ လူ့ပြည်ကိုဆင်းပြီး လူတွေကို အကူအညီတွေ ပေးခဲ့ပြန်တယ်။ လူတွေဆီကနေ
ပျော်ရွှင်ခြင်းရနံ့တွေ ရှုရှိုက်နိုင်ဖို့ သူမျှော်လင့်ကြိုးစားခဲ့တယ်။
တစ်နေ့မှာ နတ်သားဟာ အခက်အခဲကြုံနေပုံရတဲ့ လယ်သမားတစ်ဦးနဲ့ ဆုံခဲ့တယ်။
လယ်သမားက နတ်သားကိုတွေ့တာနဲ့ "ကျွန်တော့်အိမ်ကကျွဲ သေသွားလို့ လယ်တွေကို
ကျွန်တော် ဆက်မထွန်နိုင်ဖြစ်နေပါတယ်" လို့ ရင်ဖွင့်တယ်။
လယ်သမားစကားကို ကြားတော့ နတ်သားက သန်မာတဲ့ ကျွဲတစ်ကောင်
ဖန်ဆင်းပေးလိုက်တယ်။ လယ်သမားဆီကနေ ပျော်ရွှင်ရနံ့ကို
နတ်သားရှုရှိုက်လိုက်မိတယ်။
နောက်တစ်နေ့မှာ နတ်သားက စိတ်ပျက်လက်ပျက် ထိုင်ငေးနေတဲ့ လူတစ်ယောက်နဲ့
ဆုံပြန်တယ်။ နတ်သားကိုတွေ့တော့ အဲဒီလူက "ကျွန်တော်ငွေတွေ လူလိမ်လို့
ကုန်ပြီဗျာ၊ ရွာပြန်ဖို့ လမ်းစရိတ်မရှိလို့ပါ" လို့ ပြောတော့ နတ်သားက
သူ့အတွက် လမ်းစရိတ် ထုတ်ပေးလိုက်တယ်။ အဲဒီလူဆီက ပျော်ရွှင်ရနံ့က
နတ်သားဆီကို လွင့်လာခဲ့တယ်။
တစ်နေ့မှာ နတ်သားဟာ ကဗျာဆရာတစ်ဦးကို တွေ့ပြန်တယ်။ ကဗျာဆရာက
ငယ်ရွယ်နုပျို ချောမောပြီး၊ ငွေကြေးလည်း ပြည့်စုံသလို၊
လှပတဲ့ဇနီးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အဲဒီကဗျာဆရာ
မပျော်ခဲ့ဘူး။
ကဗျာဆရာကို နတ်သားက "ဘာကြောင့်မပျော်သလဲ? ဘာများကူညီရမလဲ?" လို့မေးတော့
ကဗျာဆရာက "ကျွန်တော့်မှာ ဘာမဆိုရှိတယ်။ ဒါပေမယ့် တစ်ခုပဲ လိုအပ်နေတယ်။
ကျွန်တော့်ကို ပေးနိုင်မလား?" လို့ နတ်သားကို ပြန်မေးတယ်။
"ပေးနိုင်ပါတယ်။ အလိုရှိတာ တောင်းဆိုပါ" လို့ နတ်သားဆိုတော့
"ပျော်ရွှင်ခြင်းကို ကျွန်တော်လိုအပ်နေတယ်" လို့ ကဗျာဆရာက ပြောပါတယ်။
ကဗျာဆရာ စကားကြောင့် နတ်သားအခက်တွေ့သွားခဲ့တယ်။ တအောင့်ကြာမှ "ကောင်းပြီ"
ဆိုပြီး ကဗျာဆရာပိုင်ဆိုင်သမျှ အားလုံးကို ယူဆောင်သွားခဲ့တယ်။
ကဗျာဆရာရဲ့ အောင်မြင်မှုကို ယူသွားတယ်၊ ဥစ္စာပစ္စည်းတွေကို ယူသွားတယ်၊
သူ့ရဲ့ရုပ်ရည်ကို ယူသွားတယ်၊ ဇနီးချောရဲ့ အသက်ကိုယူပြီး
နတ်သားထွက်သွားခဲ့တယ်။ တစ်လကြာပြီးနောက် ကဗျာဆရာဆီ
နတ်သားပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကဗျာဆရာက ကြမ်းပြင်ပေါ်မှာ
လဲလျောင်းပြီး ဆာလောင်လို့ သေလုမျောပါး ဖြစ်နေခဲ့တယ်။
နတ်သားက ကဗျာဆရာကို
အရာအားလုံးပြန်ပေးပြီး ထွက်သွားခဲ့တယ်။
လဝက်လောက်နေပြီ ကဗျာဆရာကို နတ်သားသွားကြည့်ပြန်တယ်။ ဒီအချိန်မှာ ကဗျာဆရာက
ဇနီးသည်ကို ပွေ့ဖက်ပြီး နတ်သားကို ကျေးဇူးတင်နေခဲ့တယ်။
ပျော်ရွှင်ခြင်းတွေကို သူရခဲ့လို့ပါပဲ....
အထီးကျန်ဆန်ခဲ့ဖူးသလား?
ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?
အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့
နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို
ဘယ်လာခံစားတတ်မလဲ? လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊
လက်လွတ်သွားမှ တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။ တကယ်တော့
ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။
ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတစ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အရမ်းမောပန်းနွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာလေးတစ်ခုရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက်
ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ...။
မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။
ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။
သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။
ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို
ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။
သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား?
ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား?
ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ ကိုယ့်ရင်ခွင်တံခါးကို
ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့
ဝင်ရောက်နိုင်ပါစေ။
BE HAPPY
**SWEETY-SMILE**
Tuesday, October 11, 2011
နှမ်းတစ်စေ့ပုံပြင်၊ ဖြူစင်တဲ့လောကနဲ့ အမျှင်မပြတ်တဲ့အတွေး.

.
နှမ်းစေ့ကလေးတစ်စေ့အကြောင်း ပုံပြင်လေးတစ်ခု ကြားဖူးတယ်။ ဆီကြိတ်စက်ကြီးဆီကို အသွားမှာ ကွင်းပြင်တစ်ခုကိုဖြတ်သွားတုန်း မတော်တဆ မြေကြီးပေါ်ကို ကျကျန်နေခဲ့တဲ့ နှမ်းစေ့ကလေး တစ်စေ့ဟာ သူ့အပေါင်းအဖေါ်တွေနဲ့အတူတူ ဆီကြိတ်တဲ့ဆုံကြီးဆီကို ပါမသွားနိုင်ခဲ့ တော့ဘူး။ သူဟာ သူ့အဖေါ်တွေလို ဆီဖြစ်ခွင့်မရတော့လို့ အင်မတန်မှ ၀မ်းနည်း နေခဲ့မိတယ်။ တကိုယ်တည်း စိတ်ဓါတ်ကျစွာ ၀မ်းပန်းတနည်း ငိုကြွေး နေခဲ့တယ်။ သူဟာ သူ့အပေါင်းအသင်းတွေလို အသုံးကျတဲ့အရာ တစ်ခု ဖြစ်ခွင့်မရတော့တဲ့အပေါ် သူ့ကိုယ်သူ နာကျည်းလို့မဆုံး ဖြစ်နေခဲ့တာပေါ့။ နှမ်းစေ့ကလေးနားက မြက်ပင်လေး ကတော့ နှမ်းစေ့ကလေးကို အားပေးဖို့ကြိုးစားကြည့်တယ်။ မြက်ပင်ကလေးက အသင်ဟာ ဆီမဖြစ်ခဲ့ပေမယ့် ဆီဖြစ်နိုင်တဲ့ နှမ်းစေ့ကလေးဘ၀ကို ပိုင်ဆိုင်ခဲ့ရတာ ဘယ်လောက် ကောင်းလိုက်သလဲလို့ ပြောတယ် နှမ်းစေ့ကလေးက ဆီဖြစ်ခွင့်မရမှတော့ နှမ်းတစ်စေ့ရဲ့ဘ၀ဟာ ဘာများ အသုံးကျတော့မှာလဲကွာလို့ ကြေကွဲတဲ့လေသံနဲ့ ပြန်မေးလိုက်တယ်။ တစ်ခုခုတော့ အသုံးကျမှာပါကွာလို့ မြက်ပင်လေးက ပြန်ပြောတယ်။ နှမ်းစေ့ကလေးကတော့ အားလျော့တဲ့ လေသံနဲ့ မဖြစ်နိုင်ပါဘူးကွာလို့ စိတ်ပျက်စွာ ပြန်ပြောလိုက်တယ်။ မြက်ပင်လေးကတော့ အားမလျော့သေးဘူး။ သူနှမ်းစေ့ကလေးကို ဘယ်လိုအားပေးရမလဲလို့ စဉ်းစားနေတယ်။ နှမ်းစေ့ကလေးရေ ဆီမဖြစ်ခဲ့ပေမယ့် မင်းမှာ တခြားလုပ်နိုင်တာ တစ်ခုခု ရှိနေချင် ရှိနေအုံးမှာပါကွာလို့ မြက်ပင်ကလေးက စဉ်းစားရင်း လှမ်းပြောလိုက် ပြန်တယ်။ ဆီမဖြစ်တော့တဲ့ နှမ်းတစ်စေ့က ဘာများလုပ်နိုင်စရာ ရှိရအုံးမှာလဲ။ အသုံးမကျတော့တဲ့ ဘ၀ပါဗျာလို့ နှမ်းစေ့က စိတ်ဓါတ်ကျသံနဲ့ ပြန်ပြောတယ်။
ဆီမဖြစ်နိုင်တော့ပေမယ့် နှမ်းပင်လေး တစ်ပင်တော့ ခင်ဗျားအနေနဲ့ ဖြစ်နိုင်သေးတယ်လေ မဟုတ်ဘူးလားလို့ မြက်ပင်လေးက မေးလိုက်ပြန်တယ်။ နှမ်းတစ်ပင်နဲ့လဲ ဆီဖြစ်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူးဗျာ။ အလကားပါပဲလို့ နှမ်းစေ့က စိတ်ပျက်လက်ပျက် ခေါင်းခါရင်း ပြန်ပြောလိုက်တယ်။ ဒါတော့မှန်တာပေါ့ဗျာ။ တစ်ပင်တည်းနဲ့တော့လည်း ဘယ်ဆီဖြစ်ပါ့မလဲ။ ဒါပေမယ့်လည်း မင်းရဲ့ အပင်လေးက နှမ်းသီးလေးတွေသီး နှမ်းစေ့လေးတွေထပ်ကျ နောက်ထပ်
နှမ်းပင်လေးတွေထပ်ပေါက် အဲဒီအပင်လေးတွေကနေ နှမ်းစေ့ကလေးတွေ အများကြီး ထပ်ထပ်ကျ နှမ်းပင်ကလေးတွေ အများကြီး ထပ်ပေါက်ဆိုရင်တော့ သိပ်မကြာခင် ဒီနေရာမှာ နှမ်းခင်းကြီးတစ်ခင်း ဖြစ်လာနိုင်သေးတာပဲ မဟုတ်လားဗျာ။ ဒါဆိုရင် မင်းရဲ့မျိုးဆက်နှမ်းစေ့လေးတွေကတော့ ဆီဖြစ်ခွင့် ရှိလာနိုင်သေးတာပေါ့လို့ မြက်ပင်လေးက အားတက်သရော ပြောပြန်တယ်။ နှမ်းစေ့ကလေးက တစ်ချက်စဉ်းစားလိုက်ပြီး အင်းပေါ့လေ ဒီလိုဖြစ်လာရင်တော့ သိပ်မဆိုးပါဘူး။ နှမ်းတစ်စေ့ကနေ နှမ်းတစ်ပင်၊ နှမ်းတစ်ပင်ကနေ နောက်ထပ် နှမ်းပင်တွေဖြစ်လာမယ် ဆိုရင်တော့ ကျွန်တော် နှမ်းတစ်ပင်ဖြစ်လာအောင် ကြိုးစားကြည့်ပါ့မယ်လို့ မြက်ပင်ကလေးကို ပြန်ပြောလိုက်တယ်။ အဲဒါနဲ့ပဲ နှမ်းစေ့ကလေးကနေ နှမ်းပင်ကလေးပေါက် နှမ်းသီးလေးတွေသီး ရင့်မှည့်တဲ့အချိန်ရောက်တော့ နှမ်းသီးကလေးတွေက ပေါက်ကွဲထွက်ပြီး နှမ်းစေ့ကလေးတွေ ပတ်ဝန်းကျင်မှာ ထပ်ကျရာကနေ နှမ်းပင်ကလေးတွေ ထပ်ပေါက် အဲသလိုနဲ့ပဲ သိပ်မကြာတဲ့နှစ်တွေအတွင်းမှာ နှမ်းစေ့ကလေးကျခဲ့တဲ့ ကွင်ပြင်ကြီးဟာ နှမ်းခင်းကြီးတစ်ခင်း ဖြစ်လာခဲ့တယ်။ အဲဒီနှမ်းခင်းကြီးကို ဆီစက်အလုပ်သမားတွေ တွေ့တဲ့အခါ အလွန်အံ့သြကြတာပေါ့။ ဒီကွင်းပြင်ကြီးထဲမှာ ဒီနှမ်းခင်းကြီး ဘယ်လိုများဖြစ်လာပါလိမ့်လို့ အံ့သြတကြီးဖြစ်နေခဲ့ကြတယ်။ အဲဒါနဲ့ အလုပ်သမားတွေလည်း နှမ်းတွေရိတ်သိမ်းချိန်တန်တော့ အဲဒီနှမ်းတွေကို ရိတ်သိမ်းပြီး ဆီကြိတ်ဖို့အတွက် ဆီစက်ကိုပို့လိုက်ကြတယ်တဲ့။ ဆီဖြစ်ခွင့်မရခဲ့ရှာတဲ့ နှမ်းစေ့လေးတစ်စေ့ကနေ စခဲ့တဲ့ ဒီနှမ်းခင်းကြီးက နှမ်းစေ့ကလေးတွေ ကတော့ ဆီဖြစ်ခွင့်ရသွားခဲ့ကြတာပေါ့ကွယ်။
ကြားဖူးတဲ့ ပုံပြင်ကလေးကတော့ ဒီမှာပြီးသွားပါတယ်။ ဒါပေမယ့် မပြီးနိုင်တာကတော့ ကိုယ့်အတွေး… တကယ်နှမ်းစေ့ကလေးက အပြင်မှာ နှမ်းခင်းကြီးတစ်ခင်း ဖြစ်မဖြစ်တော့ ကိုယ်မပြောတတ်ဘူး။ ဒါကပုံပြင်ပဲလေ။ ကလေးတွေ အိပ်ယာဝင်ချိန်မှာ ပြောပြဖို့ လူကြီးသူမတွေရဲ့ စိတ်ကူးယဉ် ပုံပြင်တစ်ပုဒ် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့သော်ငြားလည်း ပုံပြင်ထဲက နှမ်းစေ့ကလေးက ကိုယ့်စိတ်ကို ဖမ်းစားတယ်။ နှမ်းစေ့ကလေးအကြောင်း ကိုယ်လျှောက်တွေးတယ်။ အပြင်လောကမှာ နှမ်းစေ့ကလေးက ကိုယ်ဖြစ်နေခဲ့ရင်ကော…
နှမ်းပင်ကလေးတစ်ပင် ပေါက်လာအောင်ထိတောင် ကိုယ်စွမ်းဆောင်နိုင်ပါ့မလား… အတွေးပွားစရာ… ပြီးတော့ အပြင်မှာက မြက်ပင်ကလေးလို အားပေးမဲ့သူထက် ပစ္စလက်ခတ် မညှာမတာ နင်းခြေသွားကြမယ့်သူတွေကြားမှာ နှမ်းပင်ကလေး ရှင်သန်နိုင်ပါ့မလား။ နှမ်းစေ့ကလေး ကျကျန်နေခဲ့တဲ့ နေရာဟာ အပင်မပေါက်နိုင်တဲ့ ကျောက်တုံး ကျောက်ဆောင်တွေ ကြားမှာ ဖြစ်နေခဲ့ရင်ကော… အပင်ပေါက်နိုင်တဲ့နေရာမှာ ကျခဲ့ရင်တောင် ကြက်ယက် ငှက်စားအခြေအနေမျိုးမှာဆိုရင် အပင်လေးတောင် ဖြစ်ခွင့်ရပါ့မလား။ ပုံပြင်ထဲမှာ အားပေးတဲ့ မြက်ပင်လေးကြောင့်သာ နှမ်းစေ့ကလေးက အပင်ကလေးတစ်ပင်ဖြစ်လာဖို့ ရွေးချယ်ခဲ့တာ။ မြက်ပင်လေးမရှိခဲ့ရင် နှမ်းစေ့ ကလေးဟာ ဆီလဲမဖြစ် အပင်လဲမပေါက် အခြေအနေမှာ စိတ်ဓါတ်ကျစွာနဲ့ပဲ အဆုံးသတ် သွားခဲ့မှာလား… တွေးစရာတွေက အမျှင်မပြတ်… ကိုယ်သာ နှမ်းစေ့ကလေးနေရာမှာ ဆိုရင်… မြက်ပင်ကလေးလဲ မရှိခဲ့ဘူးဆိုရင်… ကိုယ်အဆိုးတွေ အပျက်တွေချည်းပဲ တွေးမိနေခဲ့သလား။
ဖြူစင်ခြင်းတွေ လောကကြီးမှာ ရှားပါးနေတယ်။ လူတွေမှာ ဖြူစင်တဲ့နှလုံးသားတွေ မရှိကြတော့ဘူး။ လောကကြီးကတော့ အနက်ရောင်တွေပဲ လွှမ်းမိုးနေတော့တာပါပဲကွာ ဆိုတာမျိုး ညည်းငြူတာတွေ၊ နေရာတကာမှာ ဖြူစင်မှုဆိုတာ မရှိနိုင်ဘူး ဆိုတဲ့အသံတွေ မကြာခဏ ကြားကြား နေရတယ်။ အဲဒီလိုအသံတွေ ကြားရရင် ကိုယ့်အတွေးထဲကို ပုံပြင်ထဲက နှမ်းစေ့ကလေး ၀င်ဝင်လာတတ်တယ်။ ဘာမှတော့လဲ မဆိုင်လှပါဘူး။ ဒါပေမယ့် ကိုယ့်အတွေးထဲမှာတော့ နှမ်းစေ့ကလေးက ဖြူစင်ခြင်းဆိုတဲ့ နှမ်းပင်ကလေး တစ်ပင်ကို ရှင်သန်နိုင်အောင် ကြိုးစားနေခဲ့တယ်။ သူ့အပင်ကနေ ဖြူစင်ခြင်းနှမ်းစေ့ကလေးတွေ ပွားများလာပြီး အဲဒီနှမ်းစေ့ကလေးတွေကနေတဆင့် ဖြူစင်ခြင်းဆိုတဲ့ နှမ်းခင်းကြီး ဖြစ်လာတဲ့ အထိ နှမ်းစေ့ကလေးတွေကို ဆက်လက် ပွားများစေခဲ့တယ်။ အဲဒီနှမ်းစေ့ကလေးတွေက နေရာအနှံ့ တစ်လောကလုံးကို ပြန့်ပွား သွားနိုင်ခဲ့ရင် ဖြူစင်ခြင်းတွေ နေရာအနှံ့ မရောက်နိုင်ပေဘူးလား။ အဲဒီလိုဆိုရင်တော့ ဖြူစင်တဲ့နှမ်းခင်းတွေ လောကကြီးထဲ နေရာအနှံ့မှာ ရှိလာတော့မှာပေါ့။ နေရာတကာမှာ ဖြူစင်မှုတွေ ပြန့်ပွားလာဖို့အတွက်
ဖြူစင်ခြင်းနှမ်းစေ့ကလေးတွေ အများကြီး ရှိလာဖို့တော့ လိုအပ်တယ်လေ။ နှမ်းကလေးတစ်စေ့ကနေ တဖြည်းဖြည်း ပွားများလာမယ့် နှမ်းခင်းကြီးဆိုတာ ဘယ်လောက်ကြာနိုင်သလဲ ကိုယ်မသိပါဘူး။ သို့ပေမယ့်လည်း ဖြူစင်တဲ့လောကဆိုတာ ဖြစ်လာနိုင်ဖို့အတွက် ကိုယ် ကိုယ်တိုင်ကအရင်ဆုံး ကိုယ့်နှလုံးသားထဲမှာရှိတဲ့ ဖြူစင်မှုဆိုတဲ့ နှမ်းစေ့ငယ်ကလေးကို အပင်ကလေး ပေါက်လာနိုင်အောင် ကြိုးစားရအုံးမှာ။ အဲဒီအပင်ကရလာမယ့် နှမ်းစေ့ကလေးတွေကိုလည်း ဆက်လက်ပြီး ပြန့်ပွားစေရအုံးမှာ…။ အဲဒီနှမ်းစေ့ကလေးတွေကနေ အပင်လေးတွေ ထပ်ထပ်ပြီး ပေါက်နေဖို့လည်း လိုအပ်သေးတာ… တဖြည်းဖြည်းတော့လည်း နှမ်းခင်းကြီးဖြစ်လာရမှာပေါ့။ ပြောရရင်တော့… ဒါ ကိုယ့်ရဲ့ မရူးမနှမ်း စိတ်ကူးယဉ်အတွေး သက်သက်ပါပဲ။ တကယ်တော့ အခုမှ ကိုယ်က နှမ်းပင်ကလေး တစ်ပင်ဖြစ်လာဖို့ ကြိုးစားကြည့်နေမိတဲ့ အညှောက်တောင် မပေါက်သေးတဲ့ နှမ်းစေ့ကလေး တစ်စေ့အဖြစ် စိတ်ကူးကြည့်ရုံသက်သက်လေးပဲ ရှိပါသေးတယ်။ ဒါပေမယ့် တချိန်ချိန်မှာ နှမ်းစေ့ကလေးကနေ ဖြစ်လာမယ့် နှမ်းခင်းကြီးကိုတော့
ဖြူစင်တဲ့လောကကြီးအဖြစ် ကိုယ်မျှော်လင့်နေမိပါသေးတယ်။
နှမ်းစေ့ကလေးအတွက် ကိုယ်အဆိုးတွေချည့်ပဲ မတွေးခဲ့ပါဘူးဆိုတာ… ။ ။
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
**Posted by မအိမ်သူ **