မြန်မာပြည်မှာ လူဖြစ်ရတာ မြင့်မြတ်လွန်းပါတယ်လို့…ကျွန်တော်ဘာကြောင့် ရေးရတာလဲဆိုတာ ဒီစာကိုသေသေချာချာ ဖတ်ကြည့်ရင် သိရှိနားလည်မယ်လို့ ယုံကြည်ပါတယ်။နိုင်ငံခြားလောကကို အထင်ကြီးပြီး ငွေရှာရန်ပြည်ပသို့ ထွက်ခွါလာသူတွေအထဲမှာကျွန်တော် တစ်ယောက်အပါအ၀င်ပါပဲ…မလေးရှားနိုင်ငံကိုစရောက်ရောက်ခြင်း မလေးရှားရဲ့ တိုးတက်မှု့နှင့်အတူ ဒုက္ခတွေကြုံတွေ့ခဲ့ရပါတယ် တိုးတက်မှု့ဆိုတာ မိမိတိုင်းပြည်ထက် လမ်း-တံတား-အဆောက်အဦး-စီးပွါးရေး တိုးတက်မှု့တွေပါပဲ ဘယ်လောက်ပဲ တိုးတက်တိုးတက် လူတိုင်းလိုလို ကိုယ်ပိုင်ကားစီးနိုင်ပေမဲ့ လူနေမှု့ အဆင့်အတန်းကတော့ နိမ့်ကျလွန်းပါတယ် ဘာကြောင့်လဲဆိုတော့ လူမှု့ရေးမရှိဘူး လုယက်မှု့ကဘယ်လပွ မိဘကိုမိဘမှန်းမသိ အစရှိသဖြင့် အကျင့်စရိုက်ပျက်ပြားမှု့ တွေနဲ့ပြည့်ဝနေလို့ တိုင်းပြည်ဟာဘယ်လောက် တိုးတက်တိုးတက် အဆင့်အတန်းနိမ့်နေရတာပဲ ။ မလေးရှားလောက် ကျွန်တော်တို့တိုင်းပြည် မတိုးတက်ပေမဲ့ လူနေမှု့အဆင့်အတန်းမြင့်ပါတယ် ။ မလေးရှားကိုလာရာက် အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုပေးခဲ့လို့ မလေးရှားအစိုးရနှင့် မြန်မာအစိုးရကို အထူးပဲ ကျေးဇူးတင်ပါတယ် ။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မမြင်ဘူး-မတွေ့ဘူး-မသိ-မကြားဘူးတာတွေ အားလုံးကို( သိ-မြင်-တွေ့-ကြား)ဗဟုသုတများစွာနှင့် ဘ၀သင်ခန်းစာများစွာ ရရှိခဲ့လို့ပါပဲ။ သို့သော်လည်း ကျွန်တော်တို့တတွေဟာ မလေးရှားရဲ့ကြေးကျွန် တွေပါပဲ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းရှင်တွေက ပေးတာယူ ခိုင်းတာလုပ် ပြန်မပြောနဲ့ ကြေးကျွန်တွေလို သဘောထားခဲ့လို့ပါပဲ။ ဘယ်လိုဒုက္ခတွေကြုံတွေခဲ့ရသလဲဆိုရင် နေရေး စားရေး သွားလာရေး အထွေထွေပဲပေါ့။ အိမ်ခန်းတစ်ခန်းကို [13-15]ယောက်ထားတယ် အိပ်ခန်းမရှိ hall ခန်းပေါ့ တမင်းပေါင်းအိုးတစ်လုံး gas မီးဖိုတစ်ခု အိပ်ယာခင်းတစ်ခုပေးပါတယ် အိမ်နဲ့အလုပ် [45]မိနစ်လမ်းလျှောက် အသွားအပြန်[1:30]ပေါ့ မိမိလုပ်ခရမှ လိုအပ်တာအကုန်ဝယ်ရတယ် ကျွန်တော်တို့မြန်မာ အေးဂျင်းပြောတာနဲ့တခြားဆီပါပဲ။ ဘယ်လိုပဲဒုက္ခတွေရာက်ရာက် လကုန်အချိန်မှန် အိမ်ကိုငွေပို့နိုင်ရေးအတွက် သီးခံစိတ်ထားကာ အလုပ်ကြိုးစားရတဲ့ နိုင်ငံခြားသား အလုပ်သမားများရဲ့ဘ၀ပါပဲ။ မလေးရှားမှာ လူမျိုးကြီး(၃)မျိုးနေထိုင်ကြပါတယ် မလေး-တရုတ်-အိန္ဒိယ ၊မလေးကဆေး-ငပျင်း-လူအေး-လုယက်အနည်းအငယ်ရှိ ၊တရုတ်ကစီးပွားရေးသမား ၊အိန္ဒိယကဆေး-ငပျင်း-သူခိုးတေလဂျပိုး-လုယက်အများဆုံးပါပဲ။ကိုးကွယ်သည့်ဘာသာက ဗုဒ္မ-ခရစ်ရှန်-ဟိန္နူ အနည်းငယ်ရှိပါတယ် အများဆုံးကတော့ အစ္စလမ်ပါပဲ ၊ ကိုးကွယ်သည့်ဘာသာအသီးသီးရှိသော်လည်း သား-သမီး များကတိုက်နဲ့ ကားနဲ့ မိဘတွေက လမ်းဘေးအမှိုက်ပုံမှာ ရောင်းလို့ရတာတွေကောက် ရောင်းပြီးထ္မင်းစားရတယ် ၊တချို့ကစက်ရုံ-စားသောက်ဆိုင် တွေမှာလုပ်စားပါတယ် အများသောအားဖြင့် အိုမင်းလာတဲ့မိဘတွေကို သားသမီး-မြေးတွေကပြန်မကြည့်ကြဘူး သေမှငိုတာကိုတွေ့ရတယ်။
ကျွန်တော်တို့စက်ရုံမှာရှိတဲ့အဖွားကြီးတွေကိုမေးကြည့်လိုက်တော့ ငါတို့သားသ္မီး ဘ၀တုန်းကလဲ ငါတို့အဖေအမေတွေကို ပြန်မကြည့်ခဲ့လို့ ငါတို့ကိုလဲ ငါတို့သားသ္မီးတွေပြန်မကြည့်တာ ဒါကြောင့်ငါတို့သေတဲ့ နေ့ဟာငါတို့အလုပ်မလုပ်တဲ့နေ့ပါပဲ၊ အဖွားကြီးပြောတဲ့စကားတွေကြားရတော့ ကျွန်တော့်ရင်ထဲစိတ်မကောင်း- သနားမိခဲ့ပါတယ် မင်းတို့ကောပိုက်ဆံတွေ ဘယ်သူ့ဆီပို့တာလဲလို့မေးပါတယ် ကျွန်တော်ပြန်ဖြေလိုက်တယ် မိဘရှိသူကမိဘ မိန်းမရှိသူက မိဘနှင့်မိန်းဆီခွဲပြီးပို့ကြတယ် အသက်အရွယ်ရလာတဲ့ မိဘတွေကိုဘာအလုပ်မှ ပေးမလုပ်တော့ပဲ ဘုရားသွားကျေင်းတက်ပဲပေးလုပ်တယ် အဲဒါဆိုမင်းမိဘတွေဘာနဲ့စားသလဲလို့ မေးပါတယ် ငါတို့သားသ္မီးတွေက ပေးတယ် ကြွေးတယ် ကျွန်တော်ဖြေလိုက်တော့ အရမ်းအံ့သြသွားတယ် ကောင်းတယ် ကောင်းတယ်လို့ ဂေါင်းလေးညိမ့်ကာ အပြုံးပီတိများစွာပြန်ပြောလေတော့သည်။ အဲဒါကျွန်တော်တို့ မြန်မာပြည်နဲ့ ကွာဟခြားနားခြင်းပါပဲ၊ဘာကြောင့်ဆိုတော့ ကျွန်တော်တို့မြန်မာပြည် မှာနေထိုင်ကြသော လူမျိုးပေါင်းစုံ-ဘာသာပေါင်းစုံတို့သည် ဗုဒ္မ၏အရိပ်-တရားတော်များနှင့်အတူ နေထိုင်ကြီး ပြင်းလာသောကြောင့် ဘာသာရေး-လူမှု့ရေး-ကျေးဇူးတရားသိနားလည်ကြတယ် မိဘကျေးဇူးကို အပြည့်အဝ
စပ်ခွင့်ရကြတယ် ဒါကြောင့် တိုင်းပြည်ဘယ်လောက်ပဲတိုးတက်ကြီးပွားနေပါစေ လူမှု့ရေး - ကျေးဇူးတရား -
မိဘကျေးဇူးစပ်ခွင့် - မရှိ - မသိ - နားမလည်တဲ့ တိုင်ပြည်မှာ လူဖြင့်မဲ့အစား ကျွှန်တော်တို့ တိုင်းပြည်မှာ လူဖြင့်
ရတာမြင့်မြတ်လွန်း ပါတယ်လို့ ယခုလိုရေးတား တင်ပြရခြင်းဖြစ်ပါတယ် ။
**မွေးဖွားခြင်း၏ နိဒါန်း မှ သေဆုံး၏ နိဂုံးသို့**…
**ဘယ်အရာမှ တည်မြဲခြင်းဟူ၍ မရှိပါ**…
**ဘယ်အရာမှ ကိုယ်မပိုင်ပါ**…
**ဆင်းရဲ ချမ်းသာခြင်းဆိုတာ ကံကံ၏ အကြောင်းတရားပါ**… သို့သော်လဲ …ကံကိုယုံ၍ဆူးပုံမနင်းပါနဲ့ ။ **ကောင်းတာလုပ်ရင် ကောင်းတာလာမယ် …မကောင်းတာလုပ်ရင် မကောင်းတာလာမယ်**… ***လူလောကထဲ ရောက်လာသူတိုင်း လူ ဟု မသတ်မှတ်ပါနဲ့ …လူကျင့်ဝတ် - လူပီသအောင် နေမှ လူဟုသတ်မှတ်ပါ ***…. ***လူ့လောကထဲ ရောက်လာသူတိုင်း လူ ဟု သတ်မှတ်နိုင်ကြပါစေ***… ****လူ သားအားလုံး ဗုဒ္မ ၏တရားတော်များကို နားကြားကြရ၍ မိဘကျေးဇူးကို အပြည့်အ၀စပ်ခွင့် ရကြပါစေလို့ ဆုမွန်ကောင်း တောင်းဆုပြုရင်း ****…….
မှတ်ချက် ။ ။"စွဲမြဲမှတ်သားထား၍ ဝေးစွာရှောင်ကြဉ် အပ်သည့် ဒုစရိုက်ဆယ်ပါး"မှတခုချင်းစီကိုတင်ပြလိုက်ပါသည်။
Saturday, November 20, 2010
မြန်မာပြည်မှာလူဖြစ်ရတာ မြင့်မြတ်လွန်းပါတယ်
Friday, November 19, 2010
စွဲမြဲမှတ်သားထား၍ ဝေးစွာရှောင်ကြဉ် အပ်သည့် ဒုစရိုက်ဆယ်ပါး
ဗုဒ္ဓတားမြစ်တော်မူခဲ့တဲ့ ဆိုးညစ်မှု အကုသိုလ်တရား ဒုစရိုက် ဆယ်ပါးကို မှတ်မိလွယ်အောင် ကဗျာလေးနဲ့ တင်ပြပေးလိုက်ပါတယ်။ ကျွန်တော်ငယ်ငယ်က မှတ်သားဖူးခဲ့တာလေး ဖြစ်ပါတယ်။ မကောင်းမှုတွေ ဆိုတာဟာ သိထားပေမယ့် လုပ်မိတတ်လို့ ကျွန်တော်တို့ အထူးသတိပြုကြရပါမယ်။ ချိုသော အသီးရဲ့ အစေ့ကို စိုက်မှ ချိုသောအသီးကို ရတယ်ဆိုတဲ့ ကံ ကံ၏အကျိုးကို mmDailyNews ပရိသတ်များ သိပြီးသား ဖြစ်မှာပါ။
ကာယကံ ၃ ပါး
(၁) ပါဏာတိပါတ = သူ့အသက်ကို သတ်ခြင်း
(၂) အဒိန္နာဒါန = သူ့ဥစ္စာကို ခိုးခြင်း
(၃) ကာမေသုမိစ္ဆာစာရ = သူတစ်ပါး သားမယား သမီးပျိုကို ပြစ်မှားကျူးလွန်ခြင်း
(မိန်းမက သဘောတူသည့် တိုင်အောင် ကျူးလွန်သောယောက်ျားသည် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသည်)
ဝစီကံ ၄ ပါး
(၄) မုသာဝါဒ = မဟုတ်မမှန် လိမ်လည်ပြောဆိုခြင်း
(၅) ပိသုဏ၀ါစာ = ကုန်းချောခြင်း
(၆) ဖရုသ၀ါစာ = ရုန့်ရင်းကြမ်းတမ်းသော စကားဆိုခြင်း
(၇) သမ္ဖပ္ပလာပ၀ါစာ = သိမ်ဖျင်း အကျိုးမဲ့သော စကားဆိုခြင်း
မနောကံ ၃ ပါး
(၈) အဘိဇ္ဈာ = သူ့တစ်ပါးဥစ္စာကို ကိုယ့်ပိုင်ဖြစ်စေလိုသော မတော်ဆန္ဒ ထားခြင်း
(ထိုသူကဲ့သို့သော စည်းစိမ်မျိုး မိမိလည်း လိုချင်သည်ဟု စိတ်ညွှတ်လျင် အဘိဇ္ဈာ အကုသိုလ် မထိုက်)
(၉) ဗျာပါဒ = သူတစ်ပါးကို သေကြေပျက်စီးပါစေဟု စိတ်စေတနာ ပြုခြင်း
(၁၀) မိစ္ဆာဒိဌိ = လွဲမှားသော အယူရှိခြင်း
ဆယ်ခုစလုံး စွဲမြဲမှတ်မိစေရန် ကဗျာနှင့် တွဲ၍ တင်ပြအပ်ပါသည်။
မှတ်ချက် .. စွဲမြဲစွာ မှတ်သားဖွယ်ရာများ (၁၀)ချက် မှ တခုချင်းစီကို ဖော်ပြလိုက်သည်။
Rest of your post