ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label အောင်မြင်ရေးဒဿန. Show all posts
Showing posts with label အောင်မြင်ရေးဒဿန. Show all posts

Thursday, April 19, 2012

ဖိနပ်တစ်ရန်



မိတ်ဆွေတစ်ယောက်ရဲ့ အလှူကို သွားရင်း ကျနော် ဖိနပ်တဖက်ပျောက်ပါတယ်....သူရဲ့ အလှူက အလွန်ကြီးကျယ်ခမ်းနားပါတယ်။ မန္တလေးမြို့ ၆၈လမ်းက ၀ိဇိတာရုံဘုန်းကြီးကျောင်းမှာ ပြုလုပ်ခြင်းဖြစ်ပါတယ်...သူရဲ့အလှူမှာ အလှူရှင်ကိုယ်တိုင် ချက်ပြုတ်တဲ့ ဟင်းလျာများနဲ့ ထမင်းကျွေးဧည့်ခံပါတယ်...အလှူရဲ့ ထုံးစံအတိုင်းအချိုပွဲတွေ လက်ဖက်ပွဲတွေေ၇ခဲမုန့်တွေ ပါလိုက်သေးတယ်....
ဓမ္မာရုံအ၀င်ဝမှာ ဖိနပ်ထည့်တဲ့ စင်တခုရှိပါတယ်...ကျနော်က ကျနော့ဖိနပ်ကို အဲဒီဖိနပ်ထည့်တဲ့ စင်ထဲမှာ အသေအချာထည့်ထားခဲ့ပါတယ်...အလှူ၇ှင်က သူငယ်ချင်းဖြစ်နေတော့ သူရဲ့ အလှူပွဲမှာ အချိန်ကြာကြာနေပေးဖို့ပြောပါတယ်...လာတဲ့ ဧည့်သည်တွေကိုလည်း သူ့ကိုယ်စား ဧည့်ခံပေးရပါတယ်...လာတဲ့ ဧည့်သည်တွေထဲမှာ စီးပွားေ၇းလုပ်ငန်းရှင်တွေလည်းပါတယ်...ဌာနဆိုင်ရာက အရာ၇ှိတွေလည်းပါတယ်...စာပေပညာ၇ှင်တွေလည်း ပါတယ်...ကျောင်းဆရာ ဆရာမတွေလည်းပါတယ် ကျနော်က လာသမျှ ဧည့်သည်တွေကို ဧည့်ခံပေးရင်းနဲ့ အလှူပွဲ အခမ်းအနားေ၇စက်ချပြီးမှ ပြန်လာခဲ့၇ပါတယ်...
ပြန်တော့မယ်လုပ်မှ ဖိနပ်ကို သတိရမိတယ်.....ဖိနပ်စင်ထဲမှာ ကျနော့ဖိနပ်က တဖက်ဘဲကျန်တော့တယ်။ ဒီတော့ ကျနော့ဖိနပ်ကို မှားစီးသွားတာလည်းမဖြစ်နိုင်ဘုးူ ....ဖိနပ်အကောင်းနဲ့ မကောင်းတာကို လဲစီးသွားတာလဲ မဖြစ်နိုင်ဘူး....ကျနော့်ဖိနပ်ကို ခိုးယူသွားတာလဲမဖြစ်နိုင်ဘူး...တကယ်လို့မှားစီးတယ်ဆိုရင် ကျနော့်ဖိနပ်နဲ့ အ၇ွယ်တူ ခပ်ဆင်ဆင်ဖိနပ်တဖက်ကျန်ခဲ့မှာပါ...ကျနော့်ဖိနပ်တဖက်ပျောက်တာကို အလှူ၇ှင်သူငယ်ချင်းက သိတော့ တော်တော်အားနာသွားတယ်....သူ့ဖိနပ်ကို စီးသွားဖို့ ကျနော့်ကို ပြောပါသေးတယ်....ကျနော်ကလည်း သူ့ကို ပြန်ပြီးအားနာနေမိတယ်....ဖိနပ်ပျောက်တာသိပ်ပြီးဆန်းကြယ်လှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး...လူအများနဲ့ ပြုလုပ်ရတဲ့ ဒီပွဲမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ရပ်ပါ...ဒီလိုဖြစ်တတ်ပါတယ်...

ဖိနပ်ဆိုတာ...ဘယ်ဘက်နဲ့ ညာဘက်ပြည့်စုံမှ စီးလို့ရတာမျိုးပါ....ဖိနပ်တဖက်ပျောက်သွားပြီဆိုတော့ ကျန်တဲ့ ဖိနပ်တစ်ဖက်က အသုံးမ၀င်တော့ဘူး...ပျောက်သွားတဲ့ ဖိနပ်တစ်ဖက်ကို သံယောဇဉ်တွယ်နေလို့လည်း အပိုပဲ...ကျန်တဲ့ ဖိနပ်တဖက်ကို မြင်ပြန်တော့လည်း ပျောက်သွားတဲ့ ဖိနပ်ကို ရှာချင်တဲ့ စိတ်ကဖြစ်လာပြန်တယ်....ကျနော်က ပျောက်သွားတဲ့ ဖိနပ်တဖက်ကို၇ှာနေရင် အလှူ၇ှင်က စိတ်ကောင်းမှာ မဟုတ်ဘူး....ဒါကြောင့်ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားမိတယ်....အဲဒီအချိန်မှာ ကျနော်ဖတ်မှတ်ခဲ့ဖူးတဲ့ မဟတ္တမဂန္ဒီ ရဲ့ နည်းကို သတိရလိုက်တယ်....သူရဲ့ေ၇ှာင်တခင်ဖြစ်လာတဲ့ ဥာဏ်နဲ့ အတွေးကို ကျနော်သဘောကျတယ်....ဒါကြောင့် ကျနော်လည်း မဟတ္တမဂန္ဒီ နည်းကို သုံးလိုက်တယ် ....ကျန်တဲ့ ဖိနပ်ကို ထားခဲ့ပြီး ခြေဗလာနဲ့ ဆိုင်ကယ.်ကိုစီးလို့ ပြန်လာခဲ့တယ.်....

ဆိုင်ကယ်စီးရင်း ကျနော်တွေးမိတာလေး ပြောပြပါရစေ... ဖိနပ်ဆိုတာ ဘယ်ဘက်နဲ့ ညာဘက် ၇ှိတယ်...နှစ်ဖက်မတူဘူး....တကယ့်ကို ပြောင်းပြန်ကြီးပါ.....တကယ့်ကို ဆန့်ကျင်ဘက်ကြီးပါ....ဒါပေမယ့် ဘယ်ဘက်နဲ့ ညာဘက်ရှိမှ စီးလို့ရတယ်...ဘယ်ဘက်မရှိရင် ညာဘက်လည်း အသုံးမ၀င်ဘူး....ဒီလိုပါပဲ ညာဘက်မရှိတော့ရင် ဘယ်ဘက်ဟာ အသုံးမကျတော့ပြန်ပါဘူး...ဘယ်ဘက်နဲ့ ညာဘက်ဟာ ဆန့်ကျင်ဘက်တွေဖြစ်ပြီး တစ်ခုရဲ့ တန်ဖိုးကို ကျန်တစ်ခုက ထောက်ပံ့ပေးနေတယ်.....ဘယ်ဘက်ဖိနပ်ကြောင့် ညာဘက်ဖိနပ်က တန်ဖိုးရှိနေသလို ညာဘက်ကြောင့် ဘယ်ဘက်ဖိနပ်ဟာ အဓိပါယ်ရှိနေခြင်းဖြစ်တယ်...
ဘယ်ဘက်ဖိနပ်ပြတ်သွားရင် ညာဘက်ဖိနပ်ကို ဘယ်သူကများသိမ်းထားကြလို့လဲ..ဒီလိုပဲ ညာဘက်ဖိနပ်ပျောက်သွားရင်လည်း ဘယ်ဘက်ဖိနပ်ကို ဘယ်သူများ အမှတ်တရ သိမ်းတဲ့ လူရှိလို့လဲ...ဖိနပ်ဆိုတာ ဘယ်ညာပြည့်စုံမှ တန်ဖိုးရှိတာပါ...(ခြွင်းချက်တခုတော့၇ှိတာပေါ့ဗျာ...ချစ်သူပျောက်ကို ရှာတဲ့ စင်ဒရယ်လားပုံပြင်မှာတော့ ပျောက်နေတဲ့ ဖိနပ်တစ်ဖက်နဲ့ အချစ်ဇာတ်လမ်းကို ဖန်တီးခဲ့ဖူးတယ်)

ဒီလိုနဲ့ ဆက်ပြီးတွေးမိတ.ယ်...ပတ်ဝန်းကျင်နဲ့ ဆက်ဆံတဲ့ အခါ ဖိနပ်တစ်ရန်လို အမြင်မျိုးနဲ့ ဆက်ဆံသင့်တယ်....သူနဲ့ ကိုယ်ဟာ ဆန့်ကျင်ဘက် အမြင်ဖြစ်နေပြီဆိုရင် ဖိနပ်တစ်ရန်ကို သဘောထားလိုက်တာ မကောင်းပေဘုးလားဗျာ...သူရဲ့ မတူညီတဲ့ အမြင်ကြောင့် ကိုယ်ရဲ့ အမြင်ဟာ ပိုပြီးတန်ဖိုးရှိသွားနိုင်သလို ကိုယ်ရဲ့ အမြင်ကြောင့် လည်း သူရဲ့ အမြင်ဟာတန်ဖိုးရှိနေနိုင်ပါတယ်...

သူရဲ့ အယူအဆတွေဟာ ကိုယ်ရဲ့ အယူအဆဟာ ဖိနပ်တစ်ရန်လိုပဲ အပြန်အလှန်တန်ဖိုးကို ဖြစ်စေနိုင်တယ်ဆိုတာ တွေးကြည့်ရင် သိနိုင်ပါတယ်....ငါ့အမြင်နဲ့ မတူတိုင်း မှားတယ်လို့ ပြောလို့မရပါဘူး... သူ့အမြင်နဲ့ ခြားနားနေတိုင်းလည်း ကိုယ့်အမြင်ကို ဖျက်မဆီးပစ်သင့်ဘူး...တက.ယ်တော့ ဆန့်ကျင်ခြင်းဟာ တန်ဖိုးတစ်ခု ဖြစ်တယ်ဆိုတာ သိထားသင့်တယ်....


တခါတလေ ကိုယ်က အမှန်ကို လုပ်နေသူ။ စည်းကမ်းအတိုင်းဆက်ဆံတဲ့ သူ၊ စာအုပ်ကြီးသမား၊ တိကျမှ ကြိုက်တယ်ဆိုပြီး တဖက်လူကို မဆက်ဆံသင့်ဘူး။ တစ်ဖက်မှာလည်း ဖွင့်ပြောဖို့ မလွယ်တဲ့ အခက်အခဲ တွေရှိနေနို်င်တယ.်ဆိုတာ တွေးသင့်တယ်...
အမှန်တရားဆိုတာ ဘာလဲ??? ကိုယ်ထင်တာကို မှန်တယ်လို့ ပြောတတ်တာ လူ.သဘာဝပဲ။ ဒါကြောင့် သူမမှားသလို၊ ကိုယ်လည်းမမှားဘူးဆိုတဲ့ အမြင်ရှိသင့်တယ်....ကိုယ်လည်း မှန်နိုင်သလို သူလည်း မှန်နိုင်တယ်ဆိုတာ လက်ခံသင့်တယ်...အဖြေ ဆိုတာ တခုတည်းမရှိပါဘူးးး
အနက်ေ၇ာင်ရဲ့ ဆန့်ကျင်ဘက်က ဘာလဲ... အဖြူေ၇ာင် တစ်ခုတည်းမဟုတ်ပါဘူး ကျန်တဲ့ အရောင်တွေလည်း ဖြစ်နိုင်ပါတယ်... ဒါကြောင့် လောကကြီးကို ဖိနပ်တစ်ရန်လို မြင်သင့်တယ်...

ကျနော်တို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ...ဆန့်ကျင်ဘက်ရဲ့ အလှတ၇ားတွေ တွေ့နိုင်ပါတယ်... နေ့ဆိုတာ ညရှိလို့ဖြစ်လာတာပါ... ညရဲ့ တန်ဖိုးဟာလည်း နေ့၇ဲ့ အထောက်အပံ့ကြောင့် ရှိနေရတာပါ....
အလင်းဆိုတာ အမှောင်ကြောင့် ဖြစ်နေရတဲ့ တန်ဖိုးတစ်ခုပါ....အဖို နဲ့ အမရှိလို့ လောကကြီးတည်မြဲနေတာပါ... တကယ်တော့ ဆန့်ကျင်ဘက်ဆိုတာ သဘာဝတရားကြီးတည်မြဲဖို့ အတွက် အပြန်အလှန် အမှီပြုနေတဲ့ လျှို့ဝှက်ချက်တစ်ခုပါ...

ဖိနပ်တဖက်ပျောက်ဖူးကြမှာပါ...
ဖိနပ်တဖက် ပြတ်ဖူးကြမှာပါ...
ကျန်တဲ့ ဖိနပ်တဖက်ကိုလည်း လွင့်ပစ်ခဲ့ ကြဖူးမှာပါ... ဒါပေမယ့်
ဖိနပ်နှစ်ဖက်ရဲ့ ဆန့်ကျင်နေမှုတန်ဖိုးကို ကျနော်တို့ မတွေးမိခဲ့ ကြပါဘူး...
ကျနော်တို့ နေ့တိုင်းဖိနပ်စီးနေကြပါတယ်

ဘယ်ဘက် ဖိနပ် နှစ်ဖက်စီးတဲ့ သူရှိလို့ လား...ဒီလိုပါပဲ...ညာဖက်ဖိနပ်နှစ်ဖက်နဲ့ လမ်းလျောက်သူရှိလို့လား...ဖိနပ်ကိုတော့ ဘယ်ဘက်နဲ့ ညာဘက်ရှိမှ စီးနေကြတယ်...
လောကကြီးရဲ့ ဆန့်ကျင်ဘက်အလှတ၇ားတွေကို လည်း ဖိနပ်စီးသလို မြင်ကြည့်ကြစေချင်တယ်...ကိုယ့်ရဲ့ အမြင်တစ်ခုတည်းနဲ့ လောကကြီးကို တည်ဆောက်လို့မရပါဘူး...ဆန့်ကျင်ဘက်အမြင်တွေရဲ့ တန်ဖိုးကို သိပြီးလောကကြီးကို တည်ဆောက်တာ ပိုမကောင်းဘူးလားဗျာ....
ခံစားချက်ချင်းမတူလို့ ဝေးနေကြတဲ့ ချစ်သူတွေ...အမြင်ချင်းမတူလို့ ကွဲကွာနေကြရတဲ့ ညီအစ်ကိုတွေ၊ ခံယူချက်ချင်းမတူလို့ သံယောဇဉ်ရှိလျက်နဲ့ လက်မတွဲဖြစ်ကြတဲ့ မိတ်ဆွေတွေ...ဆန့်ကျင်ဘက်ရဲ့တန်ဖိုးကို ဖိနပ်တစ်ရန်လို သဘောထားပြီး အတူတူလက်တွဲလို့လိုရာခရီးကိုေ၇ာက်အောင် ပျော်ပျော်ကြီးသွားကြပါစို့ခင်ဗျား...





ဦးဘုန်း(ဓါတု)
အဖေ့အိမ် စာအုပ်မှ ကူးယူဖေါ်ပြသည်။

--
Be Happy,
Moe Moe

Read More...

Wednesday, April 18, 2012

ပဋိုပက္ခ ဖြေရှင်းနည်း ၅ ခု


ဒီနေ့ခေတ်မှာ စီမံခန့်ခွဲမှု ဘာသာရပ်ဟာ အရမ်းကို ခေတ်စားလာပါတယ်၊ အဲဒီထဲမှာ တစ်ခုအပါအ၀င် ဖြစ်တဲ့ Conflict Management ပဋိပက္ခ ဖြေရှင်းနည်းအကြောင်းလေးကို share လုပ်ပါရစေ၊ ဒီနေ့ခေတ် နိုင်ငံရေးအခြေအနေအရတော့ ဒါဟာ မသိမဖြစ်လို့တောင် ပြောရမှာပါပဲ။

ဒီပုံစံကို Thomas - Kilmann Style လို့ ခေါ်ပါတယ်။

Assertiveness ဆိုတဲ့ ကိုယ်ဖြစ်ချင်တာကို ရှေ့တန်းတင်ခြင်းနှင့် Cooperation လို့ခေါ်တဲ့ ပူးပေါင်းဆောင်ရွက်ခြင်း ၂ခုကို ယှဉ်ပြထားပါတယ်။

ပဋိုပက္ခ တစ်ခုဖြစ်လာရင် ဖြေရှင်းနည်း ၅ ခု ရှိပါတယ်..

(၁) Competing - အင်အားသုံး၊ ဖိအားပေးဖြေရှင်းခြင်းပါ။ Forcing လို့လဲ သုံးပါတယ်။ သူနိုင်ရင်ကိုယ်ရှုံး၊ သူရှုံးရင်ကိုယ်နိုင် (win-lose situation) ပုံစံမျိုးပါ၊ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာပေမဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ လုံးဝကို မရှိနိုင်ပါဘူး။ (၁၉၈၈ အာဏာသိမ်းခြင်း)

(၂) Avoiding - ရှောင်ရှားခြင်းပါ၊ နှစ်ဖက်လုံး ဒါမှမဟုတ် တစ်ဖက်ဖက်က ဒီပြဿနာကို ပါဝင်ဆွေးနွေးခြင်း မပြုတော့ဘဲ လျစ်လျူရှုလိုက်ခြင်းပါ။ ဘာဆိုဘာမှ ရလဒ်ထွက်မလာနိုင်တော့တဲ့ အခြေအနေပါ။ (၂၀၁၀ ရွေးကောက်ပွဲမ၀င်ရန် NLD ဆုံးဖြတ်ခြင်း)

(၃) Accommodating - သူ့အကြိုက်ကို ပေးပြီး ပြေလည်အောင် လုပ်တာမျိုးပါ၊ ဒါဆိုရင် ကိုယ့်ရပ်တည်ချက်ကတော့ ပျောက်သွားနိုင်ပါတယ်။ (NLD ပါတီ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်နိုင်ရန် သမ္မတကြီးမှ ဖြေလျော့ပေးခဲ့ခြင်း)

(၄) Compromising - ဒါကတော့ လျှော့လိုက် တင်းလိုက် လုပ်တဲ့ပုံစံပါ။ သူဖြစ်ချင်တာရော၊ ကိုယ်ဖြစ်ချင်တာကိုပါ အကောင်အထည် ဖော်နိုင်ပါတယ်။ (လွှတ်တော်ထဲ ၀င်ဝင်ချင်း ကြုံရမည့် အနေအထား)

(၅) Collaborating - နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ခြင်းပါ၊ နံပါတ် ၄ နဲ့ ကွာတာက အကျိုးအမြတ်ကို အဓိကထားတာ မဟုတ်ဘဲ၊ ယုံကြည်မှုကို အလေးပေးတာပါပဲ။ ရလဒ်အရလဲ အမြင့်ဆုံးမှာ ရှိနေပါတယ်။ (အနာဂတ် မျှော်လင့်ချက်)

ဒီလောက်ဆို ဘယ်နည်းက ဘယ်လိုဆိုးကျိုးတွေကို ဖြစ်ပေါ်စေခဲ့တယ်ဆိုတာ ကျွန်တော်တို့ မြန်မာပြည်သူတွေ အသိဆုံးဖြစ်မယ် ထင်ပါတယ်။ ဘ၀တွေ၊ အသက်တွေနဲ့ ရင်းခဲ့ရတာကိုးနော်။

ပဋိပက္ခဆိုတာဟာ Family level ကနေ Global level အထိ ရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ဖြစ်တဲ့ ပြဿနာအသေးလေးတွေကစလို့ ကမ္ဘာ့စစ်လို ကိစ္စမျိုးအထိ အသုံးကျနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘယ်ဟာ အကောင်းဆုံးလဲ ဆိုတာသိရင် ရအောင်ကြိုးစားကြဖို့ပဲ လိုမယ်ထင်ပါတယ်။


Wai Maw


--
Posted By Blogger လူဗိုလ်

Read More...

Tuesday, April 17, 2012

အောင်မြင်မှုရဲ့ တကယ့်လျှို့ဝှက်ချက် | A New Post from Your Life Success: Happiness, Success & Useful Tips for YOUR Life



အောင်မြင်မှုရဲ့ တကယ့်လျှို့ဝှက်ချက်


မိန်းကလေးများ ရဲ့ သတိထားသင့်တဲ့...ညှို့ချက် (၈) ချက်



ညို့ချက် (၁)

တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ်"သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)





ညို့ချက် (၂)

တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)








ညို့ချက် (၃)

တစ်ချို့မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေး တစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ် တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ (ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)




ညို့ချက် (၄)

တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။ လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီး မှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)



ညို့ချက် (၅)

တစ်ချို့မိန်းကလေးတွေကျတော့ စကားကို မကြားတစ်ကြား ဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက် နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့ လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)


ညို့ချက် (၆)

မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကို ကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုး ခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)




ညို့ချက် (၇)

မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့ မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)




ညို့ချက် (၈)

မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ် တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)



အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။

သတိထားပြီး အမျိုးသားများလွတ်အောင်သာ ရှောင်ကြပေတော့ မရှောင်ချင်ရင်လည်းလာမယ့်ဘေး ပြေးတွေ့လိုက်

တာပေါ့............................ အားလုံးကိုလေးစားစွာဖြင့်...
ဟိန်းထက်(ဘိတ်သား)

Copy From : http://www.mmcfamily.org



http://www.mailsfromfriends.co.cc

--
thanks for you mail.
http://www.mailsfromfriends.co.cc



--
thanks for you mail.
http://www.mailsfromfriends.co.cc

လူအများစုဟာ အောင်မြင်ရေးလျှို့ဝှက်ချက်တွေကို ရှာဖွေနေကြပါတယ်။ သန်းကြွယ်သူဋ္ဌေးတစ်ယောက်ဖြစ်ဖို့အတွက် လျှို့ဝှက်ချက်၊ အလုပ်မှာ အောင်မြင်ဖို့အတွက် လျှို့ဝှက်ချက်၊ စသဖြင့် အောင်မြင်ရေးလျှို့ဝှက်ချက်တွေကို ရှာဖွေနေကြတယ်။ သူတို့တွေ အဲဒီလျှို့ဝှက်ချက်တွေကို ရှာတွေ့ဖို့အတွက် Amazon.com က စာအုပ်ပေါင်း ၁၇၉၇ အုပ်ကို လက်ရှိ စာရင်းပြုစုထားပါတယ်။ အဲဒီစာအုပ်တွေထဲမှာ ” ထူးထူးခြားခြား အောင်မြင်ကြသော အမျိုးသမီးများ၏ အောင်မြင်ရေးလျှို့ဝှက်ချက်များ ” ဆိုတဲ့ စာအုပ်က အစ၊ ” သန်းကြွယ်သူဋ္ဌေးတို့၏ လျှို့ဝှက်ချက် ၂၁ ခု” စတဲ့ အောင်မြင်စေရမယ်လို့ ကတိပေးထားတဲ့ စာအုပ်တွေ ပါဝင်ပါတယ်။ သင်ဟာလည်း အောင်မြင်ရေးလျှို့ဝှက်ချက်ကို ရှာဖွေနေတဲ့သူတစ်ယောက်ဆိုရင်တော့ အဲဒီစာအုပ် ၁၇၉၇ အုပ်နဲ့ အချိန်ကုန်ခံမနေပါနဲ့တော့။ သင့်ကို အချိန်ကုန် သက်သာအောင် ကျနော် ပြောပြပါ့မယ်။
အဓိက အချက်က ဒါပါပဲ – အောင်မြင်မှုမှာ ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး။ အောင်မြင်မှုအတွက် ပဉ္စလက်ဆန်တဲ့ နည်းလမ်းတွေ မရှိပါဘူး၊ ဖြတ်လမ်းတွေ မရှိပါဘူး၊ ထီလက်မှတ်တွေလိုမျိုးလည်း သင် ၀ယ်ယူလို့မရပါဘူး။
အောင်မြင်ဖို့အတွက် ရေရှည် ကြိုးပမ်းနိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ အလုပ်မှာ စိတ်နှစ်ထားမှု၊ ၀ါသနာကြီးမှု၊ လေ့ကျင့်မှု၊ အာရုံစူးစိုက်မှုနဲ့ အလုပ်ကြိုးစားမှုတို့ လိုအပ်တယ်ဆိုတာကို အောင်မြင်နေကြတဲ့သူတွေ သိကြပါတယ်။ တကယ်တော့ ဒါတွေဟာ ဘာလျှို့ဝှက်ချက်တွေမှ မဟုတ်ပါဘူး။
ချက်စတာ ကာလ်ဆန်ကို ကြည့်ပါ။ သူဟာ ဓာတ်ပုံကူးတဲ့ နည်းပညာကို တီထွင်ခဲ့တဲ့ အောင်မြင်တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ သူမအောင်မြင်ခင်က သူ့ရဲ့ စိတ်ကူးကို ကုမ္ပဏီကြီး ၂၀ က ငြင်းပယ်ခဲ့ကြတယ်။ သူဟာ ဇွဲရှိရှိ၊ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ စောင့်ခဲ့ရတာ ၇ နှစ်ကြာတယ်။ နောက်ဆုံးမှာတော့ ကုမ္ပဏီတစ်ခုက သူရဲ့ တီထွင်မှုကို ၀ယ်ယူခဲ့တယ်။ အဲဒီနောက်မှာတော့ သူဟာ Xerox Corporation ကြီးအဖြစ် အောင်မြင်လာခဲ့တယ်။
ဒါမှမဟုတ် ဂျူလီယာ ချိုင်းလ်ဒ်ကို ကြည့်ပါ။ သူမဟာ ပြင်သစ် ချက်နည်းပြုတ်နည်းစာအုပ်အတွက် အလုပ်လက်ခံရရှိခဲ့တယ်။ ပူးပေါင်းဆောင်ရွက်သူနှစ်ယောက်နဲ့အတူ ငါးနှစ် အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူမရဲ့ စာမူကို ထုတ်ဝေသူက ငြင်းပယ်ခဲ့တယ်။ သူမ နောက်ထပ် တစ်နှစ် ထပ်ကြိုးစားတယ်။ ဒီတစ်ခါလည်း သူမရဲ့ စာမူကို ငြင်းပယ်ခံရပြန်တယ်။ ဒါပေမဲ့ ဂျူလီယာက အရှုံးမပေးဘူး။ နောက်ထပ် ရှစ်နှစ်လောက်ကြာတဲ့အခါ စာအုပ်တိုက်တစ်ခုက သူမရဲ့ ချက်နည်းပြုတ်နည်းစာအုပ်ကို ထုတ်ဝေခဲ့တယ်။ အဲဒီစာအုပ်ဟာ အုပ်ရေ သန်းချီပြီး ရောင်းချခဲ့ရတယ်။
သင်ဟာ အောင်မြင်ချင်တယ်ဆိုရင်၊ သင့်ကို အောင်မြင်စေမယ့် လျှို့ဝှက်ချက်တစ်ခုခုကို အပြင်မှာ ရှာဖွေနေတာကို ရပ်လိုက်ပါ။ အဲဒီအစား၊ သင့်ရဲ့ အမြင်အာရုံတွေကို သင့်ရဲ့ အတွင်းထဲကို လှည့်လိုက်ပါ။ သင် လိုအပ်သမျှ အရာတိုင်းကို သင် တွေ့ရပါလိမ့်မယ်။ သင့်အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ဟာ သင်ကိုယ်တိုင်ပါပဲ။ ဒါပေမဲ့ အောင်မြင်မှုအတွက် လိုအပ်တဲ့အရာတွေ သင့်မှာမရှိသေးဘူးလို့ ထင်တယ်ဆိုရင် ထပ်စဉ်းစားကြည့်ပါဦး။ တစ်ခုခုကို အထူးဝါသနာပါတဲ့သူတွေ၊ လုပ်အားပေးအဖွဲ့အစည်းတွေ၊ ဒါမှမဟုတ် အင်တာနက် ဘလော့ဂ်တွေကို လျှောက်ကြည့်ပါ။ ကဗျာဆရာတွေ၊ အဆိုတော်တွေ၊ အနုပညာရှင်တွေ၊ အားကစားသမားတွေ၊ hacker တွေ၊ နံရံတွေပေါ်မှာ ပုံဆွဲတဲ့ ပန်းချီဆရာတွေ၊ သူတို့တွေကို လေ့လာကြည့်ပါ။
စိတ်ဓာတ်ခိုင်မာခြင်း၊ ဇွဲရှိခြင်း၊ လက်တွေ့လုပ်ဆောင်တတ်ခြင်း နဲ့ အလုပ်ကြိုးစားခြင်းတို့ကို ထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်။ ပြီးတော့ အဲဒီအရာတွေဟာ သင့်ရဲ့ ကိုယ်တွင်းမှာလည်း ရှိနေပါတယ်။ အဲဒီအရာတွေက သင် သူတို့ကို ဘယ်အချိန်မှာ လှမ်းခေါ်မလဲလို့ စောင့်နေကြပါတယ်။
အောင်မြင်တဲ့သူတွေဟာ သူတို့ရဲ့ ခွန်အားတွေကို သူတို့ရဲ့ စိတ်ဝင်စားမှု၊ သူတို့ရဲ့ ၀ါသနာတွေမှာ ထည့်ထားကြတယ်။ သူတို့ဟာ အခက်အခဲတွေ၊ နောက်ပြန်လန်ကျမှုတွေ၊ စိတ်ပျက်စရာတွေကို ကြံ့ကြံ့ခိုင်နိုင်ကြတယ်။
အောင်မြင်ရေးလျှို့ဝှက်ချက်တွေ ရှာဖွေနေတာကို ရပ်လိုက်ပါ။ သင့်အောင်မြင်မှုရဲ့ တကယ့်လျှို့ဝှက်ချက်ဟာ သင်ကိုယ်တိုင်ပဲဆိုတာကို စပြီး သဘောပေါက်ပါ။ “နှလုံးသားဟာ ဘာမဆို လုပ်နိုင်တယ်” လို့ Moliere က ပြောပါတယ်။ သင့်ရဲ့ အလုပ်ထဲမှာ သင့်နှလုံးသားကို ရှာဖွေပါ။ သင်ဟာ ဘယ်အရာကိုမဆို လုပ်နိုင်ပါလိမ့်မယ်။

Ref: THE SECRET TO SUCCESS by Nan S. Russell





**Hlyan Htet Oo**

Read More...

Wednesday, March 28, 2012

စကားပြောကောင်းသူတစ်ယောက်ဖြစ်ဖို့


လူဦးရေအများစုဟာ လူတစိမ်းနဲ့ တွေ့ရမှာကြောက်တယ်။ မတွေ့ဘဲ
ရှောင်ပြီးနေလို့ရရင် နေချင်ကြတယ်။ မလွဲသာလို့ အသိမိတ်ဆွေအိမ်တွေမှာ
လူတစိမ်းနဲ့ဆုံမိရင် ခက်တော့တာပဲ။ စကားပြောရမှာရှက်တယ်။ သူတို့ပြောတာ
ပျင်းစရာ ငြီးငွေ့စရာကြီးများဖြစ်နေမလားလို့ တွေးပြီးကြောက်တာလည်း
ပါတာပေါ့။

တကယ်ကတော့ ဘာမှ ကြောက်စရာ ရှက်စရာမရှိဘူး။ လူလူချင်းပဲဆိုပြီး
သတိနည်းနည်းထားပြီးပြောရင် ကြောက်နေတာတွေဟာ ဘာမှ
အခြေအမြစ်ရှိတာတွေမဟုတ်လို့ ပျောက်ကုန်တာပဲ။ ထိုင်ဝိုင်းမှာပြောတာဟာ
ဘယ်လိုပြောရမယ်ဆိုတာ သဘောပေါက်ထားရင် မခက်ပါဘူး။

ရှေ့ဦးဆုံး ဘယ်လိုအကြောင်းအရာတွေပြောမယ်ဆိုတာ အသင့်ရှိထားဖို့တော့လိုတယ်။

လူတွေဟာ အချင်းချင်းတွေ့ကြတဲ့အခါ ဟိုသင်း ဒီသင်းကလေးက စပြောတာပဲ။
အကြောင်းအရာမျိုးစုံ အများကြီးသိ၊ သွက်သွက်လက်လက်
အများကြီးပြောတတ်သူတွေဟာ တစ်ခါတလေ အဲဒီလို ထိုင်ဝိုင်းမှာ ဘာကစပြောရမှန်း
မသိဘူး။ သေးသေးဖွဲဖွဲ သူတို့မပြောတတ်ဘူး၊ ရောရောနှောနှောလည်း
မပြောတတ်ဘူး။ တကယ်ကတော့လည်း ဒီလိုပြောဖို့ဆိုတာ ဘာမှခက်တာ မဟုတ်ပါဘူး။

ထိုင်ဝိုင်းမှာ အပြောကောင်းတယ်၊ နားထောင်ချင်စဖွယ်ဖြစ်အောင်
ပြောတတ်တယ်ဆိုတာ စပ်မိစပ်ရာ ရယ်စရာ မောစရာ အဖြစ်အပျက်
အတွေ့အကြုံကလေးများ၊ ကလေးများအကြောင်း၊ ကြောင်ကလေး၊
ခွေးကလေးများအကြောင်း၊ ၀ါသနာပါတဲ့ အားကစား၊ ပန်းဥယျာဉ်စိုက်တာ၊ ရုပ်ရှင်၊
သတင်း၊ ရာသီဥတု စတဲ့ အကြောင်းအရာတွေက စတာပဲ။

ဧည့်ခံပွဲတစ်ခုခု၊ အလှူမင်္ဂလာဆောင် တစ်ခုခုမှာ တစ်ခါမှ မတွေ့ဘူးတဲ့
လူစိမ်းတစ်ယောက်ယောက်နဲ့ တွေ့တဲ့အခါ အဲဒီအကြာင်းအရာတွေကို တစ်ခါတည်းစလို့
မဖြစ်သေးဘူး။ အကဲခတ်ရဦးမယ်။ ဒီလိုနဲ့ စုထိုင်နေသူတွေထဲက တစ်ယောက်ယောက်က
တစ်ခုခုစလာတာပဲ။ ” ဒီမိုးကတော့ စပါးကောင်းမယ့်မိုးပဲ၊ ဒီမိုးကတော့
စပါးဖျက်လိမ့်မယ်ထင်တယ်၊ ဒီပန်းချီကားဟာ ရှေးလက်ရာပဲ၊ ဆရာခြုံတို့
ရေးတဲ့ဟန်မျိုး ” စသည်ဖြင့် စလာလိမ့်မယ်။

အသေးအဖွဲကလေးက တစ်ဆင့်တက်ပြီး တခြားစိတ်ဝင်စရာကောင်းတာတွေကို
ဆက်မပြောတတ်သူကတော့ ပျင်းစရာအဖော်တစ်ယောက်ပဲ။ အဲဒီဝိုင်းမှာ
ပြောကြဆိုကြတာတွေဟာ ကိုယ်ကောင်းကောင်းသိတာ၊ ၀င်ပြောနိုင်
ရောနိုင်တာတွေလည်းပါမယ်၊ ဘာမှမသိတာတွေလည်း ဖြစ်နိုင်တယ်။ မသိတာဆိုရင်တော့
စိတ်ဝင်တစား ကောင်းကောင်းဂရုစိုက်ပြီး နားထောင်ပေါ့။
ကိုယ်သိတာဆိုရာမှာလည်း စာအုပ်ထဲက ဖတ်ထားမှတ်ထားတာမျိုးရယ်လို့
မဟုတ်ပါဘူး။ ကိုယ့်အတွေ့အကြုံ ကိုယ့်ကြားဖူးနားဝများဟာ အကောင်းဆုံး
ပြောစရာတွေပါပဲ။ ကိုယ့်အလုပ်အကိုင်၊ ကိုယ်ဝါသနာပါလို့ အားတဲ့အချိန်မှာ
လုပ်နေတာ၊ ကိုယ်နေတဲ့ အရပ်အကြောင်းဟာ ကိုယ်သေသေချာချာ ပြောနိုင်တဲ့
အကြောင်းအရာတွေပေါ့။ ကိုယ့်အကြောင်းတော့လည်း ရှေ့တန်းသိပ်မတင်နဲ့၊
တတ်နိုင်သလောက်ချန်ပါ။

ကိုယ်မသိတဲ့ အကြောင်းအရာကို ပြောကြပြီဆိုရင် သိနိုင်ဖို့
အခွင့်အရေးရတာပဲဆိုပြီး ” ကျနော်ကတော့ ဒီအကြောင်း ဘာမှ
ကောင်းကောင်းမသိဘူးဗျ၊ ပြောပါဦး ” ဆိုပြီး မှတ်ပါ။ မသိတာမေးပါ။
ကိုယ်တကယ်စိတ်ဝင်စားတယ်ဆိုတာ တစ်ဖက်သား သိပါစေ။

မသိလို့မေးတာဟာ ထိုင်ဝိုင်းမှာ အကောင်းဆုံး စကားပြောသူ ဖြစ်နိုင်ပါတယ်။
ကိုယ်မသိတာကို တစ်ဖက်သား ပြောချင်လာအောင် တိုက်တွန်း မေတ္တာရပ်ရပါမယ်။

ချိတ်ထားတဲ့ ပန်းချီကားအကြောင်း ကိုယ်ကစလိုက်တာကြောင့် ” သူ့နေရာနဲ့သူ
ဆေးတွေ ပေါင်းစပ်သုံးတာကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ မိုးတိမ်တွေ
ရေးခြယ်ထားတာကတော့ ဒိထက်ကောင်းနိုင်သေးတယ် ” ဆိုတဲ့ ကျွမ်းကျင်သူရဲ့
မှတ်ချက်မျိုးကို ကြားသိခွင့် ရနိုင်ပါတယ်။ အဲဒီမှာ ပန်းချီနဲ့
ပတ်သက်ပြီး ကိုယ်သိချင်တာများ ဆက်မေးချင်တာရှိရင် ဆက်မေးနိုင်ပါတယ်။

ဒီလို ထိုင်ဝိုင်းမှာ ပြောကြတာဟာ အများစိတ်ဝင်စားတဲ့ အထွေထွေ
အကြောင်းအရာမျိုးသာဖြစ်ဖို့ ကောင်းတယ်။ ဘာသာရေး၊ နိုင်ငံရေး
သဘောကွဲလွဲမှုမျိုးတွေဖြစ်ပြီး ဒေါသထွက်ကြတဲ့အထိ
ငြင်းခုန်တာမျိုးမဖြစ်အောင် သတိထားရလိမ့်မယ်။


သတင်းစာထဲမှာ နောက်ဆုံးပါတဲ့ အကြောင်းအရာမျိုး စကားစမိကြရင်လည်း
ကောင်းပါတယ်။ ဒီလိုဆိုတော့ ကိုယ်တိုင် သတင်းစာမှန်မှန်
ဖတ်ထားဖို့လိုတယ်။ တကယ်လို့ ကိုယ်မသိတဲ့အကြောင်းအရာဆိုရင်လည်း ”
အဲဒါတော့ ကျနော်မဖတ်မိလိုက်လို့ ပြောပြပါဦး ” ပေါ့။

ကိုယ့်မှာ ပြောစရာ အကြောင်းအရာတွေတော့ ရှိတယ်၊ ဒါပေမဲ့ ရှက်တတ်သူမို့
ဘာမှမပြောရဲ မပြောတတ်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။

ရှက်တတ်တာဟာ အခြေခံအားဖြင့် ကိုယ့်ကိုသူများက အထင်သေးမှာ၊ အသူ နသူ
ညံ့သူလို့ ထင်မှာ၊ ကိုယ့်ကိုယ်ကိုယ် တစ်နည်းမဟုတ်တစ်နည်း သူများထက်
အဆင့်နိမ့်တယ်၊ ညံ့နေတယ်လို့ ထင်မြင်ယူဆတာတွေကြောင့် ဖြစ်နေတာပဲ။
ရှက်တတ်တာကို ပျောက်ဖို့ကတော့ နည်းမျိုးစုံရှာပြီး ကိုယ့်ကိုယ်ကိုယ်
မေ့ထားဖို့ပဲ။ ဒီလိုလုပ်ရတာ မလွယ်ဘူး။ ဒါပေမယ့် တစ်စတစ်စ လုပ်ယူရမှာပဲ။

ကိုယ့်အပေါင်းအသင်းတွေပေါ် ပိုပြီး စူးစူးစိုက်စိုက် ဂရုစိုက်မိအောင်
ကြိုးစားပါ။ သူတို့က ကိုယ့်ပေါ် အထင်အမြင်ကောင်းလာအောင် ကြိုးစားမနေတော့ဘဲ
သူတို့က ကိုယ့်ကိုယ် သူတို့အပေါ် အထင်အမြင်ကောင်းအောင် ချဉ်းကပ်နေတယ်လို့
ယုံကြည်ယူဆလိုက်ပါ။ သူတို့ဟာလည်း ကိုယ့်လိုပဲ သူများတွေက တို့ကိုဘယ်လို
ထင်မြင်ယူကြမလဲဆိုတာ သိချင်နေသူတွေ ဖြစ်ပါတယ်။

ငြီးငွေ့စရာ စကားကြောရှည်သူ ဖြစ်မနေဖို့တော့ အများကြီး သတိပြုရမယ်။
လူတိုင်းပဲ ကိုယ်ပြောနေတာတွေဟာ ပျင်းစရာကြီး၊ အကားအချိန်ဖြုန်းနေတာပဲလို့
ထင်မှာတော့ စိုးတယ်။ ဘာမှမပြောဘဲ နားထောင်နေသူတွေလည်း ရှိတယ်။ တချို့က
သူများပြောတာ ပြုံးပြီး နားထောင်နေတာပဲ။ တစ်ဦးပြောတာပြုံးပြီး
နားထောင်လိုက်၊ နောက်တစ်ဦးပြောတော့လည်း အဲဒီဘက်လှည့်ပြုံးပြီး
နားထောင်လိုက်၊ တတိယလူပြောတော့လည်း ပြုံးပြီး နားထောင်လိုက်တာပဲ။
သူကိုယ်တိုင် နည်းနည်းပါးပါး ၀င်ဆွေးနွေးတော့ စောစောက သူများတွေ
ပြောကြဆိုကြတာတွေကို သူဘာမှ နားမလည်ဘူးဆိုတာ တွေ့နေရတယ်။
ဒီလိုဆိုတော့လည်း ဘယ်အကျိုးရှိမလဲ။

ကိုယ့်သောကတွေ ဒုက္ခတွေအကြောင်း ဘာမှမပြောပါနဲ့။ သူများတွေက
သူတို့ပြဿနာတွေကို ပြောပြရင်တော့ ကြင်ကြင်နာနာ နားထောင်ပါ။ ”
ကျနော့်အဖြစ်က ခင်ဗျားထက် ဆိုးတာပေါ့ ” လို့ မလုပ်ပါနဲ့။
ကိုယ့်အတွေ့အကြုံ၊ ကိုယ့်ဗဟုသုတများကို ပြောရင်လည်း တတ်နိုင်သလောက် “ငါ”
မပါပါစေနဲ့။ သူများပြောတာတွေကို စိတ်ဝင်တစား သေသေချာချာ ဂရုတစိုက်
နားထောင်ရပါမယ်။

တချို့ကတော့ ဒီလို ခဏ တွေ့ဆုံကြတဲ့ ပွဲမျိုးမှာလည်း ဟောပြောပွဲတစ်ခုမှာ
ပြောသလို ပြောကြတယ်။ ပြောစရာ သူတို့မှာ ရှိနေတတ်ပါတယ်။ ဒါပေမဲ့
ဒီနေရာကတော့ ဒီလိုပြောရမယ့် နေရာမဟုတ်ဘူး။

ဒါကြောင့် ဒီနေရာမှာ သူများပြောတာ နားထောင်နေတာပဲဆိုတဲ့လူနဲ့
အဆိုအပြောကောင်းသူတို့ ၂-မျိုးကြားထဲက ခရီးသွားဖို့လိုတယ်လို့
ဆိုချင်ပါတယ်။

ကိုယ်က ရယ်စရာ မောစရာပြောတတ်သူ၊ ဟာသပေါသူဖြစ်ရင်လည်း တစ်ချက်တလေ
သူ့နေရာနဲ့သူ အကွက်ဆိုက်ရင် ၀င်ပြောပေါ့။ ခဏခဏ ကိုယ်ပြောတတ်တိုင်း
ဝင်ပြောနေရင်လည်း မကောင်းဘူး။ တမင်အကြာကြီး လုပ်နေတာလည်း မမှန်ဘူး။
အများပြောနေကြတဲ့ အကြောင်းအရာ လမ်းကြောင်း ပျောက်သွား၊
ပြောင်းသွားရင်လည်း မကောင်းဘူး။ ဒါကြောင့်မို့လို့ ၀င်သင့်မှ ၀င်ပါ။
ကိုယ်တတ်တယ် တော်တယ်ဆိုတာ ပြဖို့တော့ ဘယ်တော့မှ မ၀င်ပါနဲ့၊ ချိုထားပြီး
ကျေနပ်ပါ။

တချို့က အတင်းလုလုပြီး ၀င်ပြောတတ်ကြတယ်။ တချို့ကတော့ နှောက်ယှက်သလို
လုပ်တတ်ကြတယ်။ ဒါတွေဟာ အကျိုးမများတဲ့ ချို့ယွင်းချက်တွေပဲ။

စကားဝိုင်းတွေမှာ တကယ်စိတ်ဝင်စားရင်တော့ အကျိုးများပါတယ်။
အကြောင်းအရာများဟာ တကယ်စိတ်ဝင်စားစရာကောင်းတယ်၊ ဒီလိုပုဂ္ဂိုလ်တွေနဲ့
ဒီလိုတွေ့ဆုံပြီး စကားပြောခွင့်ရတာ ကိုယ့်အတွက် အကျိုးများတာမှန်ရင်
မှန်သလောက် အဲဒီစကားဝိုင်းမှာ ထုတ်ပြောပါ။ စိတ်အားထက်သန်မှုဟာ
ဓာတ်ကူးတတ်လို့ အားလုံးအတွက် အကျိုးများပါတယ်။

ကြည်လင်သာယာတဲ့ အသံများ ရှိနေအောင်လည်း လေ့ကျင့်ပါ။
ထိုင်ဝိုင်းမှာပဲဖြစ်ဖြစ်၊ ဟောပြောပွဲမှာပဲဖြစ်ဖြစ် အသံဟာ အရေးကြီးပါတယ်။
သိပ်မအော်ရ၊ မဟစ်ရဘဲ နိမ့်စေ မြင့်စေပြီး စကားလုံးများ ပီပီသသ
ရှိရမယ်ပေါ့။ ကိုယ့်စိတ်ထဲမှာ အပြောအဟောကောင်းသူ
ထိုင်ဝိုင်းအပြောကောင်းသူလို့ထင်သူများ ပြောတာ ဟောတာကို နားထောင်ပြီး
ဘယ်နေရာတော့ ဘယ်လိုကောင်းတယ်၊ ဘယ်နေရာမှာ ဘယ်လိုဆိုရင် ပိုကောင်းမယ်
စသဖြင့် ဝေဖန်လေ့လာရင် အကျိုးများပါလိမ့်မယ်။ တိုက်ရိုက်ကြီး
ကူးယူဖို့တော့ မကြိုးစားပါနဲ့။ ကိုယ့်မူနဲ့ကိုယ်ဟာ အကောင်းဆုံးပါ။

စာအများကြီးဖတ်ဖို့ လိုပါတယ်။ ဖတ်ထားတာတွေထဲက ပြောစရာတွေ ရသလောက်
ရနိုင်ပါတယ်။ အတုံးလိုက် အတစ်လိုက် သုံးလို့တော့လည်း မဖြစ်ဘူး။ အမှတ်မထင်
တစ်ခါတလေ နည်းနည်းပါးပါးသာ သုံးသင့်ပါတယ်။ ဒီလို ထိုင်ဝိုင်းမှာ
ကိုယ်ဖတ်ထားတဲ့ ၀တ္ထုရှည်ကြီးရဲ့ ဇာတ်လမ်းအတို ပြန်ပြောနေတာမျိုးကို
ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ဘူး။

အခါအားလျော်စွာ တွေ့ဆုံသူများနဲ့ အခက်အခဲမရှိ သဘာဝကျကျ၊ လွယ်လွယ်ကူကူ၊
ချောချောမောမော၊ ဟန်ကျပန်ကျ စကားစမြည်ပြောနိုင်တာဟာ အင်မတန် အဖိုးတန်တဲ့
စွမ်းရည်ပါ။ ဒီအရည်အချင်းကြောင့် တစ်သက်လုံး စွဲစွဲမြဲမြဲ
ပေါင်းသင်းနိုင်တဲ့ မိတ်ဆွေကောင်းများ ရနိုင်ပါတယ်။ နေ့စဉ်လုပ်ရတဲ့
အလုပ်အကိုင်များအတွက်လည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။

ဒီကနေ့ လူလောကမှာ နေ့စဉ် လူပေါင်းများစွာနဲ့ တွေ့ထိဆက်ဆံကြရပါတယ်။ ဒီတော့
မျက်နှာချင်းဆိုင် တွေ့ဆုံစကားပြောရာ၊တယ်လီဖုန်းနဲ့ ပြောရာမှာ ထိထိမိမိ
ရှိဖို့လိုပါတယ်။ တချို့က ဒီလိုပြောတတ်တာဟာ အတတ်ပညာတစ်ရပ်ပဲလို့တောင်
ဆိုကြတယ်။ ဆိုလည်း ဆိုရလိမ့်မယ်။ သတိရှိရှိနဲ့ ဆည်းပူးမှတ်သား
လေ့ကျင့်မှပဲ တိုးတက်နိုင်ပါတယ်။

” နေ့တိုင်းပြောနေကြပြီး မတတ်တာဟာ စကား ” လို့ ရှေးလူကြီးသူမ
ပြောခဲ့တာကို သတိပြုပါ။ စကားအရာဟာ မကုန်နိုင်ပါဘူး။

( လူထုဦးလှ ရေးသားသော လူတစ်လုံး စာအုပ်မှ ထုတ်နှုတ်တင်ပြသည်။ )

Read More...

အဓိပ္ပါယ်ပြည့်သော ဘ၀အတွက် ခြေလှမ်းရှစ်လှမ်း


၁။ ခင်ဗျားရဲ့ ဖြစ်နိုင်စွမ်းကို ဖြည့်ဆည်းပါ ။

လူငယ်ဟူသည် ကလေးဘ၀မှ လူကြီးဘ၀သို့ ဖြတ်သန်းသော အဆင့်တစ်ဆင့်မျှသာ
မဟုတ်ချေ။ ထို့ကြောင့် ကြားဘူတာတစ်ခုအဖြစ် မတွေးလိုက်ပါနှင့်။ ခင်ဗျားဘဝ
ဤအချိန်များသည် ကျန်ဘ၀ကာလ၏ အရည်အသွေးနှင့် ဦးတည်ရာကို
အဆုံးဖြတ်ပေးလိမ့်မည်ဟု ပြောခြင်းမှာ လွန်လွန်ကဲကဲ ပြောခြင်းမဟုတ်ချေ။

ဘ၀ဟူသည် သူနှင့်အတူ အကောင်းအဆိုး၊ အဖြစ်အပျက်၊ မျှော်လင့်ချက်နှင့်
စိတ်ပျက်စရာတို့ကို သယ်ရသည်။ ခင်ဗျားလူငယ်ဘ၀ကို ဘယ်လိုကုန်သလဲဆိုတာက
ခင်ဗျားဘယ်ကိုသွားမလဲဆိုတာကို အဆုံးအဖြတ်ပေး၏။

၂။ အိပ်မက်တွေရှိ

သမိုင်းကို အိပ်မက်သူများ ပိုင်သည်။ အိပ်မက်နှင့်လူထု ၊ အိပ်မက်ကို
အကောင်အထည်ဖော်သောလူထု ၊ အိပ်မက်များကို မျှဝေတတ်ကြသော လူထုရှိသည့်
နိုင်ငံသည် ကမ္ဘာ့သမိုင်း၏ ခေါင်းဆောင်ဖြစ်နိုင်သည်။

ခင်ဗျားအိပ်မက်များသည် နွေဦးရေလို သန့်လည်းသန့် ၊ ကြည်လည်းကြည်နေရမည်။
ပြီးတော့ ဤအိပ်မက်များသည် ကြီးကြီးကျယ်ကျယ်အိပ်မက်များ ဖြစ်ရမည်။
ခင်ဗျားနဲ့အတူ ခင်ဗျားနှလုံးသားထဲမှာ စကြ၀ဠာကြီး သယ်သွားရမည်။
ခင်ဗျားအိပ်မက်တွေက စကြ၀ဠာကြီးလောက် ကြီးရပေမည်။ အိပ်မက်မဲ့လူငယ်သည်
စိတ်ဓာတ်ရေးရာအရ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနှင့် အတူတူပင်စြဖ်သည်ဟု
တွေးခေါ်ရှင်တစ်ဦးက တစ်ခါက ပြောဖူး၏။ ဒါကြောင့် သန့်လည်းသန့်၊
တောက်လည်းတောက်ပ၊ ကြီးလည်းကြီးကျယ်သော အိပ်မက်များကိုမက်ပါ။

၃။ ထိုးထွင်းတီထွင် စဉ်းစားပါ။

သမိုင်းကို ထိုးထွင်းတီထွင် စဉ်းစားသူများ၊ ထိုးထွင်းတီထွင်ပုဂိုလ်များက
ဦးဆောင်၏။ ထိုးထွင်းတီထွင်ခြင်းနှင့် ဖြစ်မြောက်အောင် ကြံဆောင်နိုင်သော
သတ္တိကို အားပေးသော လူ့အဖွဲ့အစည်းသည် ဘယ်တော့မှ မကျဆုံးချေ။ ဖြစ်ရမယ်ဟု
စဉ်းစားလျှင် အင်အားများ ရှိလာ၏။ ထိုအင်အားများကို ခင်ဗျားပိုင်ဆိုင်သည်။
ထို့ကြောင့် ကိစ္စအပေါင်းကို အပြစိတ်နှင့် စလေ…။ အကောင်းဘက်ရှု၍ စလေ…။
သည်လိုလုပ်လျှင် လမ်းကြောင်းကို ခင်ဗျား ဦးဆောင်နိုင်လိမ့်မည်။

၎။ စိမ်လိုက်ဟေ့ … ။

သတ္တိနှင့် စိမ်ခေါ်ရင်း သမိုင်းသည် တိုးတက်ရသည်။ စိမ်ခေါ်ဝံ့သူသည်
အောင်မြင်သောသူ ဖြစ်လာ၏။ လူငယ်သည် စွန့်စားရတာကြိုက်၏။ ကျရှုံးမှာကို
မစိုးရွံ့။ စိုးရွံ့စိတ်ဖြင့် ကိစ္စများကို စသောသူသည် သူ့လူငယ်ဘ၀ကို
ဆုံရှုံးခဲ့ပြီးဖြစ်သည်။ ခင်ဗျားမှာ ဖြစ်မြောက်အောင်လုပ်လိုသောဆန္ဒ
တငြီးငြီး တောက်လောင်နေသင့်၏။ ကိုယ့်ကိုယ်ကိုယ် စဉ်ဆက်မပြတ်
တိုးတက်အောင်တည်ဆောက်။ ဖြစ်မြောက်လိုသော ဆန္ဒပြည့်ဝဖို့
အမြင့်အမြင့်တွေကို တက်လှမ်း။

၅။ ကိုယ်ကျိုးစွန့်

သမိုင်းသည် ကိုယ်ကျိုးစွန့်၍ ကြီးထွားလာရသည်။ နောက်မျိုးဆက် ဝေစည်ဖို့
ရှေ့မျိုးဆက်သည် ကိုယ်ကျိုးစွန့်ရ၏။

၆။ စေတနာထား

လူများသည် အတူတူနေကြရ၏။ ဘယ်သူမှ အထီးတည်းမနေရ။ အတ္တဗဟိုဝါဒသည် မကောင်း။
ထို့ကြောင့် ပုဂိုလ်ရေးလောက၊ အတ္တဗဟိုစွဲများဖြင့် ခင်ဗျားကိုယ်ခင်ဗျား
မညစ်ညမ်းစေရ။ ခင်ဗျားကိုယ်ခင်ဗျား မစဉ်းစားမီ အုပ်စုအတွက် စဉ်းစားပါ။
ကိုယ်ကျိုးမစဉ်းစားမီ လူထုအကျိုးစဉ်းစားပါ။ ပုဂိုလ်ရေးလောဘ၊
အတ္တဗဟိုစိတ်ဓာတ်တို့နှင့် မညစ်ညမ်းလာပါစေနှင့်။ ယုံကြည်၊ မေတ္တာစိတ်ဖြင့်
မနက်ဖြန်ကို အတူတကွ တိုးဝင်ပါလေ … ။

၇။ ခင်ဗျားကိုယ်ခင်ဗျားသစ္စာရှိ

ကျနော်တို့ကိုယ်ကျနော်တို့ သစ္စာရှဖို့ ဘယ်လောက်ပဲ ကြိုးစားခဲ့
ကြိုးစားခဲ့၊ မိသားစုနှင့်အလုပ်နှောင်ဖွဲ့မှုကြောင့် ခက်ခဲ့ရပေသည်။
တစ်ခါတရံ မလုပ်ချင်ဘဲနှင့် အခြေအနေအရ ပြောလိုက်ရ လုပ်လိုက်ရလေသည်။
သို့သော် ဒါကို ခင်ဗျားတွေးနေဖို့မလို။ ထောင်ချောက်ထဲ မဆင်းမိစေဖို့
အနှောင်အဖွဲ့မှာ ကျော့ကွင်းမမိစေဖို့ အားထုတ်ပါ။ ခင်ဗျားလုပ်ချင်တာကို
တစိုက်မတ်မတ်လုပ်ခြင်းသည် ခင်ဗျားကိုယ်ခင်ဗျား အကြီးမားဆုံး
သစ္စာရှိခြင်းဟု ယူဆပါလေ။

၈။ မ၀င့်ဝါပါနှင့်။

တိုးတက်ဖွံ့ဖြိုးခြင်းသည် သင်ယူခြင်းမှလာသည်။ ခင်ဗျားကိုယ်ခင်ဗျား
တကယ်အရေးကြီးသည် ထင်လိုက်သည်နှင့် တိုးတက်မှု ရပ်လေ၏။ တစ်စုံတစ်ရာ
ခင်ဗျားသိပြီဟု ထင်လိုက်သည်နှင့် တိုးတက်မှုရပ်ပြီ။
တိုးတက်ဖွံ့ဖြိုးခြင်းသည် ခင်ဗျားကိုယ်ခင်ဗျား နှိမ့်ချရာမှလာ၏။
တတ်နိုင်သလောက် သင်ယူနိုင်အောင် အားထုတ်ပါလေ။

အရိုးများသန်လာလေလေ … ခေါင်းငိုက်ထားရလေပင်။ လယ်သမား၏ မျက်ခုံးပေါ်မှ
ချွေးသီးများမှ ခင်ဗျားသင်ယူနိုင်သည်။ အရုဏ်ကျင်းလု အမှောင်ထဲမှာ
နံနက်စာပြင်နေသော မိဘတစ်ဦး၏ အထိအတွေ့မှ ခင်ဗျားသင်ယူနိုင်သည်။
ခင်ဗျားပတ်ဝန်းကျင်မှာရှိသော အသံများနှင့် မြင်ကွင်းများသို့
ခင်ဗျားမျက်လုံးနှင့်နားကို ဖွင့်ထားပါလေ…။ ခင်ဗျားကိုယ်ခင်ဗျား
နှိမ့်ချပါ။ အားထုတ်ကြိုးပမ်းလေ့လာပါ။

( Every Street Is Paved With Gold by Kim Woo-Choong | လမ်းတိုင်းကို
ရွှေခင်းထားတယ် (တင်မောင်သန်း) စာအုပ်မှ ထုတ်နှုတ်သည် )

**BraveEveryBody**

Read More...

Tuesday, March 20, 2012

ဆက်ဆံရေးမှာ သတိကောင်းသူ


လောကကြီးမှာ မိတ်ဆွေကောင်းရှိဖို့အရေးကြီးတယ်လို့ ပြောတတ်ကြပါတယ် တကယ့်တကယ်ကြတော့ အပြောရတော့ လွယ်ပါတယ်. . . မိတ်ဆွေကောင်းရဖို့တော့မလွယ်ပါဘူး . . . . လက်တွေ့ဘ၀မှာ ကြုံတွေ့နေရတာတွေက မိတ်ဆွေတုတွေပဲ များပါတယ်. . . . . မိတ်ဆွေတုဆို တာကလည်း အမျိုးမျိုးရှိပါတယ် ဒီထဲမှာမှ လေ့လာ စမ်းစစ်ကြည့်လိုက်တော့ အုပ်စုလေးမျိုးကွဲပြားသွားပါတယ်..

ပထမအမျိုးအစား မိတ်ဆွေတု မျိုးကတော့
ကူမယ့်မိတ်ဆွေမဟုတ်ဘဲ ယူမယ့်မိတ်ဆွေ

ဒီလိုမိတ်ဆွေမျိုးကတော့ မကောင်းတဲ့အကျင့်(၄) မျိုးလောက်ရှိတတ်ပါတယ် ဘယ်လိုအကျင့်တွေလည်း ဆိုတော့ . .

၁။ငွေကြေားအကူအညီ၊ လုပ်အား အကူအညီ စသည်ဖြင့် . . .သူ့ဘက်က အကူအညီပေးတယ် မရှိပါဘူး . . ကိုယ့်ဆီက ရရင်ယူမယ်. . . ရသမျှ ယူမယ်ဆိုတဲ့ အကျင့်ရှိတယ်.

၂။ ကူညီရင်လည်း နည်းနည်းပဲ . . သူ့အလှည့်ရောက်တဲ့အခါ ကိုယ့်ဆီက ယူတဲ့ အကူအညီကျတော့ အများကြီး ၊ အများကြီး ပိုယူရမှ ကျေနပ်တဲ့ သဘောထားရှိတယ်. . အကျင့်ရှိတယ်. . .

၃။ ကူညီတယ်ဆိုရာမှာလည်း ဒီလိုမကူညီရင် သူအကြီးအကျယ်ဒုက္ခရောက်မှာ ဆိုးလို့ ကြောက်လန့်ပြီးကူညီတာပါ . . စေတနာကောင်းနဲ့ ကူညီတာမျိုးမဟုတ်ပဲ. . .မလွှဲမရှောင်သာလို့ ကူညီတာပါ. .

၎။ ကိုယ့်ကို လာပြီးပေါင်းသင်းတာဟာ ကိုယ့်ကို ချစ်လို့ ခင်လို့ မဟုတ်ပါဘူး . . . သူ့အတွက် အကျိုးရှိမှာ မို့လို့သာ လာပေါင်းတာပါ. . . သူ့အတ္တအကျိုးပဲ ကြည့်ပြီး ပေါင်းသင်းဆက်ဆံတဲ့ လူမျိုးတွေပါ. . .

ဒီလိုလူစားမျိုးတွေဟာ ကူမယ့်မိတ်ဆွေမဟုတ်ဘဲ ယူမယ့်မိတ်ဆွေမှာရှိတဲ့ မကောင်းကျင့်တွေပါ. .



ဒုတိယ မိတ်ဆွေအမျိုးအစားကတော့
ကူညီမှုမှာ လက်မပါ ၊ ပါးစပ်သာ ပါတဲ့ မိတ်ဆွေ

(၁) အတိတ်နဲ့ လောကွတ်ပြုတတ်တယ်. .

ဆိုလိုတာက . . . ကိုယ့်မှာ အခက်အခဲကြုံလို့ ခေတ္တပေးပါ. . ၊ ချေးငှားပါ. . အကူအညီပေးပါ. .. စသည်ဖြင့်ပေါ့ အကူအညီလိုလို့ တောင်းတဲ့အခါ အဲဒီ မိတ်ဆွေမျိုးက ဘာပြန်ပြောတတ်သလဲ ဆိုတော့ "ကူညီနိုင်တုန်းကတော့ မလာဘူး . . ခုမှ လာတော့ မကူညီနိုင်ဖြစ်နေတယ်. . . .၀မ်းနည်းပါတယ် အရင်တုန်းက သာဆို ဒီအကူအညီမျိုး ပေးနိုင်တာပေါ့ . စသည်ဖြင့် " အတိတ်လောကွတ်နဲ့သာ လောကွတ်စကား ပြောနိုင်ပါတယ်. . . လက်တွေ့ကတော့ ဘာမှ မကူညီဘူး . . .

(၂) အနာဂတ်နဲ့လောကွတ်ပြုတတ်တယ်

ကိုယ်က အကူအညီတောင်းတယ်. . . ဒါကို သူပေးနိုင်တယ်. . ဒါပေမယ့် မပေးချင်ဘူး ဒီအခါမှာ "မရှိခိုက်၊ မကူညီနိုင်ခိုက်နဲ့ အခုကြုံနေလို့ ၊ စိတ်မကောင်းပါဘူး နောင်ကျရင် လာခဲ့ပါ ကူညီနိုင်မှာပါလို့ လောကွတ်စကား ပြောတတ်ပါတယ်. . "နောက်တစ်ခါ တကယ် အကူအညီလိုရင်လည်း ဒီလိုပဲ ပြောပြီး ရှောင်ဦးမှာပါ. .


(၃)အချည်းအနှီးစကားတွေနဲ့ လောကွတ်ပြုတတ်တယ်. . .

အကူအညီမလိုမှန်းသိနေတဲ့ အခါ ကိုယ့်မှ ပြည့်စုံမှု ၊ အဆင်ပြေမှုတွေ ရှိနေတဲ့အခါမှာ အဲဒီမိတ်ဆွေမျိုးက "အကူအညီလိုရင်တောင် တောင်းနော် ကူညီပါ့မယ် " စသည်ဖြင့် ပြောတတ်ပါတယ်. . . တကယ်တမ်း လိုအပ်ရင်တော့ မကူညီပါဘူး

(၄) ပျက်စီးမှုကိုပြပြီး ရှောင်တတ်တယ်

တကယ်အကူအညီတောင်းတဲ့ အခါမှာ "လုပ်ငန်းတွေ အရှူံးပေါ်သွားလို့ ခုတော့ မကူညီနိုင်တာ ခွင့်လွှတ်ပါလို့ စသည်ဖြင့် အဆင်မပြေမှု ၊ ဆုံးရှုံးပျက်စီးတာတွေကို အကြောင်းပြပြီး အကူအညီပေးဖို့ ရှောင်တတ်တဲ့ မိတ်ဆွေမျိုးပါ. . "




တတိယ မိတ်ဆွေ အမျိုးအစား

ရှေ့တွင် ချစ်ချင်ယောင်ပြုပြီး အလိုက်သင့် ပေါင်းတတ်တဲ့ မိတ်ဆွေ


(၁) မကောင်းတဲ့ အလုပ်မျိုး၊ အပြုအမူမျိုးကို ကိုယ်က ပြုလုပ်ချင်တယ်ပြောရင် ဒီမိတ်ဆွေမျိုး က ကိုယ့်အကြိုက်လိုက်ပြီး "လုပ်သာလုပ်၊ ပြုသာပြု " လို့ ပြောတတ်တယ်

(၂) ကိုယ်က ကောင်းတာ လုပ်မယ်ပြောတော့လည်း "လုပ်သာလုပ်လို့" အကြိုက်ကို ပြောတတ်တယ်.

(၃) သူများရှေ့မှာ ကိုယ့်ရှေ့မှာ တော်ကြောင်း ၊ ကောင်းကြောင်း မြှောက်ပင့်ပြောတတ်တယ်. . . ဒါပေမယ့်

(၄) ကွယ်ရာကိုလည်းရောက်ရော . . ကိုယ့်မကောင်းကြောင်းကို အားရပါးရ ပြောတတ်တဲ့ မိတ်ဆွေမျိုး ဖြစ်ပါတယ်.



စတုတ္ထမိတ်ဆွေအမျိုးအစား
(၁) မူးယစ်စေတတ်တဲ့ အရာတွေကို သုံးစွဲစားသောက်ခြင်းမှာ သဘောတူ လိုက်လျော ပေါင်းဖော်တတ်တယ်

(၂) ညအချိန် လေလွင့် လမ်းသလားမှုမှာ သဘောတူ လိုက်ပါ ပေါင်းဖော်တတ်တယ်

(၃) သဘင်ပွဲလမ်း၊ အပျော်အပါး လိုက်စားမှုမျိုးမှာ သဘောတူ လိုက်ပါ ပေါင်းဖော်တတ်တယ်

(၄) လောင်းကစားမှုတွေမှာ စိတ်တူကိုယ်တူ ၊ လုပ်ဖော် ကိုင်ဖက်အဖြစ် ပေါင်းဖော်တတ်တယ်.

အများအားဖြင်း တော့ အဲဒီအကျင့်ဆိုး ၊ သဘောထားဆိုးတွေရှိတဲ့ မိတ်ဆွေတု (၄) မျိုးနဲ့ပဲ ကျွန်မတို့ ဘ၀ခရီးမှာ ကြုံတွေ့တတ်ပါတယ်. . . ကိုယ် ကြုံတွေ့ ဆက်ဆံ့ ခဲ့သူက မိတ်ကောင်း ဆွေကောင်းဆို တော်ပါ သေးတယ်. . . . . မိတ်ဆွေကောင်း အဖြစ် အဖော်ကောင်း အဖြစ် ဟန်ဆောင် ကောင်းတဲ့ လူတွေ လူ့လောကမှာ အများကြီးပါ. . . . . ဒါကြောင့် လူမှုဆက်ဆံရေးမှာ သတိကောင်း သူများ ဖြစ်ပါစေလို့. . . . .


**နန္ဒသိန်းဇံ**
်from-http://ayeyarwaddylibrary.blogspot.com



--
Be Happy,
Moe Moe.

Read More...

Sunday, March 18, 2012

**အောင်မြင်ရေး နည်းလမ်း ၁၀ ချက်**


အောင်မြင်ရေး နည်းလမ်း ၁၀ခုကို မှတ်ရလွယ်အောင် အင်္ဂလိပ်လို စီ-ဆယ်လုံးလို့ သတ်မှတ်ပေးထားပါတယ်။ အဲဒါတွေကတော့-

၁။ Construction = တည်ဆောက်ခြင်း
၂။ Competence = အစွမ်းအစရှိခြင်း
၃။ Courage = သတ္တိရှိခြင်း
၎။ Communication = ဆက်သွယ်မှုရှိခြင်း
၅။ Charm = ဆွဲဆောင်မှုရှိခြင်း
၆။ Compassion = စာနာရိုင်းပင်းတတ်ခြင်း
၇။ Confidence = ယုံကြည်မှုရှိခြင်း
၈။ Control = ထိန်းချုပ်ခြင်း
၉။ Commitment = ကတိတည်ခြင်း
၁၀။ Contentment = ရောင့်ရဲမှုရှိခြင်း


ဒီကနေ့ ကာလ မှာတော့ အလုပ် ထဲမှာ ဖြစ်ဖြစ်၊ နေ့စဉ် ဘ၀ မှာပဲဖြစ်ဖြစ် အောင်မြင်ချင် တယ်ဆိုရင် ဒီပညတ်ချက် ၁၀ချက်နဲ့ ပြည့်စုံအောင်လုပ်ဖို့ လိုပါတယ်။ ဒါဟာ ပုံသေနည်း တစ်ခုပါ။ ဘယ်လို ရည်မှန်းချက် ပန်းတိုင် မျိုးကို မဆို ဒီအချက်တွေကို အသုံးချလို့်ရပါတယ်။ လုပ်ငန်းတစ်ခုကို အစပျိုးချင်တဲ့ ရည်မှန်းချက် မျိုး အတူလက်တွဲမယ့် အဖော် တစ်ဦးရှာတဲ့ ရည်ရွယ်ချက်၊ အသက်ကြီး နေပြီဖြစ်တဲ့ မိဘ တွေကို ပြုစု စောင့်ရှောက်ရေး လုပ်ငန်း ဒါမှ မဟုတ် ကလေးငယ် တွေကို ကြည့်ရှု့ စောင့်ရှောက် ရေးက အစ အိုလံပစ် အားကစား ပွဲတော်မှာ ရွှေတံဆိပ် ရရှိရေး ရည်မှန်းချက် မျိုးအထိ အသုံး တည့်ပါတယ်။

၁။ တည်ဆောက်ခြင်း

စီမံချက် တစ်ခု တည်ဆောက်ဖို့ လိုပါတယ်။ ဘယ်ကို သွားမှာလဲ၊ ဘယ်လို ရောက်အောင် သွားမလဲ ဆိုတာ ကွက်ကွက် ကွင်းကွင်း မြင်နေ ရပါမယ်။ ဒီတော့ စီပွားရေး လုပ်ငန်း စီမံကိန်း တစ်ခု ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး ရည်မှန်းချက် တွေ ရေးဆွဲ ရေးဟာ ပထမ အဆင့်ပါ။ သင်သွားချင် တဲ့နေရာကို ရောက်အောင် သဘောထား တွေ ရွေးချယ်ဖို့ လိုအပ် ပါတယ်။ သင်လိုချင် တာကို မရခဲ့ရင် သဘောထား ကို ပြင်ရပါ မယ်။ ဒါမှသာ သွားချင်တဲ့ နေရာကို ရောက်မှာပါ။


၂။ အစွမ်းအစ ရှိခြင်း

ငါတော့ ပန်းချီ ဆရာ တစ်ယောက် ဒါမှ မဟုတ် တီးဝိုင်း အဆိုတော် တစ်ယောက်အဖြစ် ဘယ်တော့မှ မအောင်မြင်နိုင်ဘူးလို့ သံသယဖြစ်ခဲ့တယ်၊ နှစ်မျိုးလုံးမှာ အစွမ်းအစ မရှိဘူး။ လေ့ကျင့် ပေးမှုက အထောက် အကူ ရနိုင်ပေမယ့် ဒီလို အနုပညာ လုပ်ငန်း မျိုးမှာတော့ ပါရမီ ရှိဖို့ လိုအပ် ပါတယ်။ ဒါက ထင်ရှားပါတယ်။ ဒါပေမဲ့ နယ်ပယ် တစ်ခုမှာ ကျွမ်းကျင်မှု မရှိဘဲ အဲဒီ နယ်ပယ်မှာ အောင်မြင်မှု ရချင်တဲ့ လူတွေလည်း တွေ့ခဲ့ဖူးပါတယ်။ အခြေခံ ကျတဲ့ အစွမ်း အစ တွေ မရှိခဲ့ ရင်တော့ အပြင်း အထန် ကြိုးပမ်းဖို့ လိုပါ လိမ့်မယ်။ အခက်အခဲ အနည်းဆုံး နည်းလမ်း ဟာ လျှောက်လှမ်းရ လွယ်ကူ တာပေါ့။

စီးပွားရေး လုပ်ငန်း အသစ် တစ်ခုအတွက် စီမံချက် တစ်ခု ရေးဆွဲ ရာမှာ သင်ဘာ တော်သလဲ ဆိုတာ ချရေး ထားပါ။ ဘာကို လုပ်ရတာ ပျော်တယ် ဆိုတာ ကိုလည်း ချရေး ထားပါ။ အဲဒီ လုပ်နည်း လေးက ဈေးကွက် ထဲမှာ သင်ဖန်တီး ရယူနိုင်တဲ့ နေရာ တစ်နေရာကို သတ်သတ် မှတ်မှတ် လုပ်ပေး နိုင်ပါတယ်။ သင်က စားဖိုမှူး တစ်ယောက် ဖြစ်နေရင် ပြီးတော့ ပြင်သစ် ဘာသာ စကား သင်ချင်နေတယ် ဆိုမှတော့ ပြင်သစ် နိုင်ငံသွားပြီး ပြင်သစ် အစား အစာ တွေကို အထူးပြု ချက်ပြုတ် ပေတော့ပေါ့။

အသက်မွေး ၀မ်းကြောင်းမှု အားလုံးမှာ အဟန့် အတား တွေကတော့ ရှိစမြဲပါ။ အဲဒီ အခက် အခဲက အစွမ်းအစ၊ လေ့ကျင့်မှုနဲ့ အရည်အချင်း ပတ်ဝန်းကျင်မှာ ပုံမှန် အားဖြင့် အခိုင် အမာ အခြေစိုက်ပြီး ရှိနေ တတ်တယ်။ တကယ်လို့ သင်ဟာ အကျွမ်းကျင်ဆုံး နေရာမှာ အလုပ် လုပ်ရတာ ငြီးငွေ့ လာပြီဆိုရင် အဲဒီ အ၀န်းအ၀ိုင်း တွင်းမှာပဲ ပိုကျွမ်းကျင်တဲ့ ပညာကို သုံးပြီး ကြိုးစား ကြည့်ပါ။ ကိုယ့်ဘာသာ ကိုယ် ခြစ်ခြုတ်ပြီး ပြန်တီထွင် နေတာမျိုးကို ရှောင်လိုက်ရင် ပိုပြီး မြန်မြန် အောင်မြင် လာလိမ့်မယ်။

၃။ သတ္တိရှိခြင်း

သတ္တိက အကြီး အကျယ် အရေးကြီး ပါတယ်။ တစ်ခါ တစ်ရံမှာ သင်ဟာ စွန့်စားမှု ပြုဖို့ လိုအပ် ပါတယ်။ ဦးတည်ချက် ပြောင်းသင့်ရင် ပြောင်းရမယ်။ ဘောင်အပြင် ဘက်ထွက်ပြီး စဉ်းစားပါ။ အကြောင်း ကိစ္စဟောင်း ကိုပဲ နည်းလမ်း သစ်နဲ့ ကြိုးစား ကြည့်ပါ။ ဒါကြောင့် သင် မသက် မသာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင် ဦးတည် ထားတဲ့ တူရူပြုမှုကို ယုံကြည်ရင် သင် ရှာနေတဲ့ ရလဒ် တွေကို ယုံကြည်ရင် သင့်အနေနဲ့ မမှိတ် မသုန် နှစ်နှစ် ကာကာ ယုံလိုက်ဖို့ သတ္တိ လိုအပ် ပါတယ်။

အခြေအနေတွေ ခက်ခက် ခဲခဲဖြစ်လာ ချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဟာ ပြင်းပြင်း ထန်ထန် ရှိနေဖို့နဲ့ သတ္တိရှိ နေဖို့ ဆိုတာ မရှိမဖြစ်တဲ့ အရာတွေပါ။ရိုးသား ဖို့ဆိုတာ သတ္တိက အရေးကြီးပါတယ်။ ကိုယ့်ဘာသာ ရယ်မော ပစ်နိုင်ဖို့လည်း သတ္တိက အရေးကြီး တာပါပဲ။ သင်မှားသွားတဲ့အခါမှာ သတ္တိရှိရှိ ၀န်ခံဖို့ ကလည်း မရှိမဖြစ် လိုအပ်ချက်ပါ။

၎။ ဆက်သွယ်မှုရှိခြင်း

ထိရောက်တဲ့ ဆက်သွယ်မှု မရှိရင် စီးပွားရေး လုပ်ငန်း ဖြစ်စေ၊ ပုဂ္ဂလိက ဆက်ဆံရေး မှာဖြစ်စေ အလုပ် မဖြစ်တဲ့ အထောက် အထားတွေ ရှိပါတယ်။ ဈေးကွက်၊သင့်လုပ်ဖော် ကိုင်ဖက်များနဲ့ မိတ်ဆွေ တွေက သင် ဘာဆက် လုပ်နေတယ် ဆိုတာ နားလည် နေဖို့က အဓိက ကျပါတယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အတွေး တွေကနေပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တွေးတောမှုတွေ ထွက်ပေါ် လာပါတယ်။ ဒီအတွေး တွေဟာ ဆက်သွယ်မှု အားနည်းခြင်းနဲ့ နားလည်မှု လွဲမှားခြင်း တွေက ဖန်တီး ပေးလိုက်တာ ဒါမှမဟုတ် တွန်းအား ပေးလိုက်ခြင်းပါ။ ဆက်သွယ်မှုဟာ မဟာဗျူဟာ အောင်မြင်ခြင်း အတွက် လိုအပ်တဲ့ ပစ္စည်း ကိရိယာ တစ်ခု ဖြစ်ပါတယ်။

၅။ ဆွဲဆောင်မှုရှိခြင်း

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆွဲဆောင်မှု ရှိခြင်းက အောင်မြင်ခြင်းရဲ့ အရေးပါတဲ့ အကြောင်း တစ်ရပ်ပါ။ ဆွဲဆောင်မှု ဆိုတာ ငွေကုန် ကြေးကျခံပြီး ပြုပြင် မွမ်းမံ ထားတဲ့ အပေါ်ယံ အရည် အချင်းတွေ မဟုတ်ပါဘူး။ အပြုံးပန်း တစ်ပွင့်ပါ။ ရယ်စရာ မောစရာ တချို့တလေနဲ့ သူတစ်ပါးအပေါ် စစ်မှန်တဲ့ စိတ်ဝင်စားမှု တွေရှိရင် သင်ဟာ ဆွဲဆောင်မှု ရှိနေတယ်လို့ ပြောနိုင်ပါပြီ။ တခြား အောင်မြင်ခြင်း အမူ အရာ တွေအားလုံး လိုပဲ ဆွဲဆောင်မှုက အခြေ အနေနဲ့ ကိုက်ညီမှု ရှိရမယ်။ သင့် ဆွဲဆောင်မှုကို ရိုးသားမှုက ကျောထောက် နောက်ခံ ပြုထားရမယ်။ ပြီးတော့ ဒါဟာ သင့် ဥပဓိရုပ် တစ်ခုလုံး ရဲ့ အစိတ် အပိုင်းတစ်ခု ဖြစ်သင့်တယ်။ ဆိုးရွားတဲ့ ရောင်းဝယ်မှု ဒါမှ မဟုတ် တစ်ယောက် ယောက်ရဲ့ နောက်ကျော ကို ဓားနဲ့ထိုး တာမျိုး မလုပ်ခင်မှာ ဆွဲဆောင်မှု ရှိအောင် လုံးပမ်း တာမျိုးဆိုရင် တော့ သင်ဟာ ရေရှည်မှာ အောင်မြင်ခြင်းကို ရရှိနိုင်မှာ မဟုတ်ပါဘူး။

၆။ စာနာရိုင်းပင်းတတ်ခြင်း

လူသား တိုင်းလိုလို ဟာ အတူတူ ချည်းပါပဲ။ ဘယ်လို နေရာတွေမှာ တူသလဲ ဆိုရင် အမှားတွေ လုပ်ကြတယ်၊ ခွင့်လွှတ်ခြင်းနဲ့ စာနာ ရိုင်းပင်းခြင်း ကို လိုချင်ကြတယ်၊ တစ်ခါ တစ်လေမှာ ဒေါသ လိုမျိုး မကောင်းတဲ့ စိတ်ခံစားမှု တွေဟာ သင်တို့ကို ၀ါးမြို လောင်မြိုက် စေပါတယ်။ ပြီးတော့ အပြစ်တင် လွှဲချ တတ်တဲ့ လှည့်ကွက် ရောဂါ လက္ခဏာ ၀င်လာ တော့တာပါပဲ။ အတွေး တွေထဲမှာ လူတိုင်းက `ကျွန်တော့်ကို ဒေါသဖြစ်အောင်၊ မကျေ မချမ်းဖြစ်အောင် လုပ်နေတာ။ ဒါ ကျွန်တော့်အတွင်း သန္တာန်က ထွက်ပေါ် လာတာ မဟုတ်ဘူးလို့ စပြီး တွေးလာ ပါတယ်။ အဲဒီလို ရန်သူကို တရစပ် တုံ့ပြန်ဖို့ ရင်ဆိုင် လာရတဲ့ အခြေ အနေမျိုးမှာ ပင်ကို အသိစိတ်က ပြန်ချဖို့ (ဒါမှမဟုတ်) ခုခံတဲ့ အနေနဲ့ တုံ့ပြန်ဖို့ ကျွန်ုပ်တို့ကို ပြောပါတယ်။

တကယ်တော့ စာနာ ရိုင်းပင်း တတ်ခြင်းဟာ အားကောင်းတဲ့ လက်နက် တစ်ခုပါ။ လမ်းဆိုး တစ်ခုထဲ ရောက်နေသူ တစ်ဦး ဦးအတွက် စာနာ ရိုင်းပင်းတဲ့ စိတ်ခံစား လာရတာနဲ့ သင့်အတွက်ရော သူတို့ အတွက်ပါ အထောက် အပံ့ ဖြစ်သွား တာပါပဲ။ ဒီစကားရပ်ရဲ့ `စာနာ´ တယ်ဆိုတဲ့ သဘောက အကုန် အရေးကြီးတဲ့ သဘောပါ။ သင်လုပ်နေတဲ့ အလုပ်ကို သင်ကိုယ်တိုင် မယုံကြည်ရင် တော့ တခြား လူတွေ လုပ်ဖို့ဆို တာက ပိုခက်ခဲတာပေါ့။


၇။ ယုံကြည်မှုရှိခြင်း

ယုံကြည်မှု ရှိခြင်း ဟာ အရာဝတ္ထု အများ အပြား ကနေပြီး လာတာပါ။ သင့်ကိုယ်သင် သိထား ရမယ်ဆိုတဲ့ အကြောင်းအရာကို သိတာက စလာတာပါ။ တချို့ လူတွေဟာ ယုံကြည်ချက် အများ အပြားနဲ့ အတူ မွေးဖွားလာ သလားလို့ အောက်မေ့ ရပါတယ်။ ဒါက အခြေခံ ခိုင်ခိုင် မာမာ နဲ့လာတာဆိုရင် အပြု သဘော ဆောင်ပါတယ်။ ဒါပေမဲ့ ယုံကြည်ချက် လွန်ကဲ သွားပြန် ရင်တော့ မာနကြီး၊ စိတ်ကြီးဝင် (ဒါမှမဟုတ်) မိုက်မဲ တဲ့အသွင် ကို ဆောင်နိုင် ပါတယ်။ ယုံကြည်ချက်ဟာ အချက် အလက် ပေါ်မှာ အခြေပြုဖို့ လိုအပ် ပါတယ်။ ယုံကြည်ချက် တိုးလာတာနဲ့ ဆောင်ရွက်ဖို့ သင့်စွမ်းရည် လည်း တိုးလာမှာပါ။ ဆောင်ရွက်ဖို့ လိုအပ်တဲ့ သင့်စွမ်းရည် တိုးလာအောင်လုပ်ရင် သင့်ယုံကြည်ချက် လည်း တိုးပွား လာလိမ့်မယ်။ သူတို့က တိုက်ရိုက် ဆက်စပ် နေတာပါ။

၈။ ထိန်းချုပ်နိုင်ခြင်း

မှန်ကန် အားကောင်းတဲ့ တွေးခေါ်မှု ဟာ သင့်အတွေး တွေနဲ့ သင့်စိတ်ခံစားမှု တွေကို ထိန်းချုပ် ပေးနေတဲ့ အကြောင်းပါ။ သတိရဖို့က အတွေး တစ်ခု မရှိဘဲနဲ့ သင့်မှာ စိတ်ခံစားချက် တစ်ခု မရှိနိုင်ပါဘူး ။ စိတ်ခံစားမှုကို အသိ အမှတ် ပြုပြီး အတွေးကို ထိန်းချုပ်ရမှာ ။ စိတ်ခံစားမှု ပြောင်းဖို့ အတွက် အတွေးကို ပြောင်းပစ် ရပါမယ်။

၉။ ကတိတည်ခြင်း

တစ်ခါ တစ်ရံ အလွယ်ဆုံး ကိစ္စဟာ လက်မြှောက် အရှုံးပေး လိုက်တာပါ။ တစ်ခါ တစ်ရံ အဲဒါ မျိုးလုပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ သင့်ရည်မှန်းချက်ကို သင်ယုံကြည်ရင် ပြီးတော့ အောင်မြင်အောင် အကောင် အထည် ဖော်ချင်ရင် သင်ဒီကိစ္စကို ကတိတည် ရမယ်။ ဆိုလို တာက အရှုံး မပေးရဘူး၊ တစ်ခါ တလေ သင် လက်မြှောက် အရှုံးပေးချင်စိတ် ပေါ်လာသည့် တိုင်အောင် အရှုံးမပေး မိစေဖို့ပါပဲ။ သင်ဟာ ရည်မှန်းချက် ရောက်အောင် သဘောထားနဲ့ အပြု အမူတွေ ပြောင်းဖို့ လိုအပ်ရင် လိုပါလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြီး အကောင် အထည် ဖော်နေရ ပါမယ်။

၁၀။ ရောင့်ရဲမှုရှိခြင်း

ရောင့်ရဲမှု ရှိခြင်း ဆိုတာ လမ်းခရီးရဲ့ အတက် အကျ တွေကို သာယာ ကြည်နူးမှု ရှိတဲ့ အကြောင်းပါ။ ဘာမျှ မရှိတဲ့ တဒင်္ဂ အခြေအနေ မှာတောင် ရောင့်ရဲမှု ရှိရပါမယ်။ သင်ဦးတည် ထားတဲ့ ခပ်လှမ်းလှမ်း ကိုသာ အာရုံစိုက် နေပြီး လက်ရှိကြုံရတဲ့ အတက် အကျတွေကို မွေ့လျော်မှု မရှိရင် သင့်ဘ၀ တစ်လျှောက်မှာ အများကြီး လွတ်ကျခဲ့မယ့် အန္တရာယ်ရှိ တယ်။ ဦးတည်ချက် တစ်ခုကို သွားနေဖို့ လိုအပ် တယ်ဆိုရင် သွားနေတဲ့ ခရီးလမ်း တစ်လျှောက်မှာ သင်တွေ့ သမျှ တွေကို ကြည်နူး မွေ့လျော်ဖို့ ကလည်း အရေးကြီး ပါတယ်။ သူက ထပ်လာမှာ မဟုတ်တော့ပါဘူး။ အောင်မြင်ဖို့ ဆိုရင် သင့်မှာ ရှိတာ တွေကို တန်ဖိုးထား တတ်ရမယ်။ ပြီးတော့ သင့်မှာ မရှိတာတွေ အကြောင်းကို တွေးပြီး စိတ်မသက် မသာ ဖြစ်မနေ ရဘူး။

ဒီအချက်အလက်တွေကို သတိထားပြီး လုပ်ဆောင်နိုင် သည်နှင့်အမျှ အောင်မြင်ခြင်းကို လက်ဝယ် ပိုင်ပိုင် ရနိုင်မှာ အသေအချာပါ။

http://www.ourmandalay.net/ မှ ပြန်လည် ကူးယူ မျှဝေပါသည်.. .


Posted by ဇော်သိင်္ခ

Read More...

Friday, March 16, 2012

အောင်မြင်ခြင်းရဲ့နောက်ကွယ်မှာ စေ့စပ်သေချာမှုတွေရှိတယ်


ဘွဲ့ရပြီးနောက် Chuan နဲ့ Jing ဟာ ကုမ္မဏီတစ်ခုမှာ အတူတူအလုပ်ဝင်ခဲ့ကြတယ် ။ နှစ်ယောက်စလုံးဟာ အလုပ် ကို အလွန်ပဲကြိုးစားခဲ့ကြတယ် ။

နှစ်များစွာ ကြာပြီးတဲ့အခါမှာ ကုမ္မဏီသူဌေးက Jing ကို ရာထူးပေးခဲ့ပြီး Chuan ကိုတော့ သာမန် အရောင်း ၀န်ထမ်းဘ၀နဲ့နေစေခဲ့တယ် ။ တစ်နေ့မှာတော့ Chuan ဟာ ဘယ်လိုမှသည်းမခံနိုင်တဲ့အဆုံး သူဌေးဆီ သွားပြီး အလုပ်တင်စာ သွားတင်ပြီး စောဒကသွားတက်ခဲ့တယ် ။ သူဌေးဟာ အလုပ်ကိုကြိုးစားလုပ်တဲ့သူကို တန်ဖိုး မထားကြောင်း နဲ့ ကပ်ဖားယက်ဖား မျက်နှာချိုသွေးတဲ့ ၀န်ထမ်းကို သာရာထူး တိုးပေးကြောင်း ပြော ခဲ့တယ် ။

သူဌေးဟာ Chuan နှစ်ပေါင်းများစွာကတည်းက အလုပ်ကြိုးစားကြောင်းသိခဲ့ပြီးသားပါ ဒါပေမယ့် သူနဲ့ Jing တို့ကြား က မတူညီမှုတွေကို Chuan နားလည်စေဖို့အတွက် အောက်ပါအတိုင်းခိုင်းစေခဲ့တယ် ။

ဈေးကွက်ထဲမှာရှိတဲ့ ဖရဲသီးရောင်းတဲ့ လူရှိမရှိကို သွားရှာစေခဲ့တယ် ။ Chuan ဟာ သွားပြီး တွေ့ ကြောင်း ပြောခဲ့တယ် ။ သူဌေးက ဈေးဘယ်လောက်ရှိလဲမေးတယ် ။ Chuan က ဈေးကို တစ်ခေါက်ပြန် သွားပြီးမေးတယ် ။ ပြီးတော့ ပြန်လာပြီး တစ်ကီလိုဂရမ်ကို ဒေါ်လာ ၁၂ ကျပ်ရှိကြောင်း ပြန်ပြောခဲ့တယ် ။

သူဌေးက ပြောတယ် ။ မင်းကိုမေးတဲ့အတိုင်း Jing ကို ငါမေးပြမယ် ။ Jing ဟာ ဈေးကိုသွားတယ် ပြီးတော့ပြန် လာပြီးဖြေခဲ့တယ် ။ “ ဈေးထဲမှာ ဖရဲသီးရောင်းတဲ့ သူတစ်ယောက်ရှိပါတယ် ။ တစ်ကီလိုဂရမ်ကို ဒေါ်လာ ၁၂ ကျပ်ရောင်းပြီး ၁၀ ကီလိုဂရမ်ကို ဒေါ်လာ ၁၀၀ ရောင်းပါတယ် သူ့မှာ ရောင်းဖို့ ဖရဲဦး အလုံး ၃၄၀ ရှိပါတယ် ။ စားပွဲပေါ် မှာ ၅၈ လုံးတင်ထားပြီး တစ်လုံးစီက ၁၅ ကီလိုဂရမ်လောက်လေးပါတယ် ။ တောင်ပိုင်းကနေ လွန်ခဲ့တဲ့ ၂ ရက်လောက် ယူရောင်းတာပါ ။ လတ်ဆတ်နီရဲပြီး အရာသာ အလွန်ကောင်းပါတယ် ။

Chuan ဟာ အလွန်ကို အံ့အားသင့်သွားပြီး သူနဲ့ Jing တို့ကြားက မတူညီမှုကို နားလည်သွားခဲ့တယ် ။ သူ အလုပ် ထွက်စာမတင်တော့ပဲ Jing ဆီကနေ အရာရာကို သင်ယူဖို့ ဆုံးဖြတ်လိုက်တယ် ။

*******************************************************************************************************************************************************

ဘ၀မှာ အအောင်မြင်ဆုံးလူတွေဟာ စေ့စေ့စပ်စပ် သေသေချာချာလုပ်တယ် ။ သူများတွေထက်ပိုတွေးတယ် ။ အနက်ရှိုင်းဆုံးကိုနားလည်တယ် ။ သင် မနက်ဖြန်လောက် သာမြင်နိုင်တဲ့အရာတွေကို အအောင်မြင် ဆုံးလူတွေ က နှစ်ပေါင်းများစွာ ကြိုတွေးပြီး မြင်တတ်ကြတယ် ။ နေ့တစ်နေ့နဲ့ နှစ်တစ်နှစ်ရဲ့ကွာခြားချက်က ၃၆၅ ကြိမ်ရှိပါတယ် ။ ကဲ အခု သင်ဘာလုပ်မလဲ ??

မူရင်း - Chuan and Jing joined a wholesale company together just after graduation. Both worked very hard.

After several years, the boss promoted Jing to sales executive but Chuan remained a sales rep. One day Chuan could not take it anymore, tender resignation to the boss and complained the boss did not value hard working staff, but only promoted those who flattered him.

The boss knew that Chuan worked very hard for the years, but in order to help Chuan realize the difference between him and Jing, the boss asked Chuan to do the following. Go and find out anyone selling water melon in the market? Chuan returned and said yes. The boss asked how much per kg? Chuan went back to the market to ask and returned to inform boss the $12 per kg.

Boss told Chuan, I will ask Jing the same question? Jing went, returned and said, boss, only one person selling water melon. $12 per kg, $100 for 10 kg, he has inventory of 340 melons. On the table 58 melons, every melon weighs about 15 kg, bought from the South two days ago, they are fresh and red, good quality.

Chuan was very impressed and realized the difference between himself and Jing. He decided not to resign but to learn from Jing.


သက်တန့်ချို ဆီလျော်သလို ဘာသာပြန်သည် ။

**မေမွန်ကျော်**

Read More...

သင်ရုပ်ဆိုးသလား


မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး ဒီလို ပြောခဲ့ဖူးသလား။
‘ ငါ့ရဲ့ မျက်နှာက ဒါမျိုးမဟုတ်ရင်၊ ကိုယ်လုံးက ဒါမျိုးမဟုတ်ရင်၊ နှာခေါင်းက ဒါမျိုးမဟုတ်ရင် ကောင်းမှာပဲ ’
ကိုယ့်ဘ၀ကိုယ် ပြန်တွေးပြီး ဒီလိုပြောခဲ့ဖူးသလား။
‘ ဘာကြောင့်များ တခြားလူတွေက သိပ်ပြီး ပါရမီထူးနေကြ၊ ဥာဏ်ရည်တွေ ထက်မြက်နေကြတာလဲ ’
‘ ငါ သူတို့လို စိတ်ချမ်းသာမှုရအောင် ဘယ်လို လုပ်နိုင်မလဲ ’
ကျနော်တို့ အတော်များများမှာ ဒီလိုအတွေးမျိုးတွေ ရှိကြပါတယ်။
ဒါပေမဲ့ ဒီနေရာမှာ အလွန်အရေးကြီးတဲ့အချက်က -
ပင်ကို အရည်အချင်းရှိတာ၊ ရုပ်ရည်ချောမောတာ အလွန်အသုံးကျပါတယ်။ သို့ပေမယ့် ဥာဏ်ကောင်းသူတွေ၊ ရုပ်ရည်ချောမောသူတွေ ကမ္ဘာတစ်ဝန်းမှာ အများကြီးပဲ။ အဲဒီလူတွေကို ကျနော်တို့ အားကျနေဖို့ မလိုပါဘူး။ တချို့သော ဥာဏ်ကောင်းသူတွေ၊ ရုပ်ချောသူတွေဟာ စိတ်ကသိကအောက်ဖြစ်စရာတောင် ကောင်းသေးတယ်။
အေဘရာဟမ် လင်ကွန်း၊ မာသာ ထရီဇာနဲ့ မဟတ္တမ ဂန္ဒီတို့လို သမိုင်းမှာ လူကြည်ညို လေးစားခံရသူတွေဟာ ရုပ်ရည်လည်း မချောကြပါဘူး။ ဥာဏ်လည်း အထူးကောင်းသူတွေ မဟုတ်ကြပါဘူး။
ရည်ရည်ချောတာ၊ ဥာဏ်ကောင်းတာတွေထက် ကျနော်တို့ တန်ဖိုးအထားဆုံး အရည်အချင်းတွေကတော့ ရိုးသားခြင်း၊ သတ္တိရှိခြင်း၊ ဇွဲရှိခြင်း၊ စိတ်ထားမွန်မြတ်ခြင်းနဲ့ မိမိကိုယ်မိမိ နှိမ့်ချခြင်းတို့ပဲ ဖြစ်ပါတယ်။
အဲဒီစာရင်းလေးကို ကြည့်လိုက်ပါ။ သင့်အနေနဲ့ စိတ်ဝင်စားစရာ တစ်ခုခု တွေ့ပါလိမ့်မယ်။ သင်ဟာ ဒီအရည်အချင်းတွေနဲ့ ပြည့်စုံပြီး မွေးဖွားလာတာ မဟုတ်ပါဘူး။ ဒီအရည်အချင်းတွေရအောင် ပြုစုပျိုးထောင်ယူရပါမယ်။
ဘယ်သူကမဆို ဒီအရည်အချင်းတွေ ရှိလာနိုင်ပါတယ်။
ကိုယ်တကယ်လိုချင်ရင် ဒါတွေ ရနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ရိုသေလေးစားမှုနဲ့ တခြားသူတွေက ကိုယ့်ကို ရိုသေလေးစားဖို့အတွက် ဥာဏ်ပညာ ထက်မြက်ထူးချွန်နေဖို့ ဒါမှမဟုတ် စူပါမော်ဒယ်လ်ဖြစ်နေဖို့ မလိုပါဘူး။
ကိုယ်ပိုင် ရိုးသားမှု၊ ဆုံးဖြတ်နိုင်မှု၊ စိတ်ထားမွန်မြတ်မှု၊ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနိုင်မှုနဲ့ သတ္တိရှိမှုတို့ကို ကိုယ့်ဘာသာကိုယ် ပြုစုပျိုးထောင်ဖို့ပဲ ဖြစ်ပါတယ်။
ဒါကို ဂုဏ်အင်္ဂါရပ်လို့ ခေါ်ပါတယ် ။
ကိုယ့်ကိုယ်ကိုယ် ဘယ်လိုခံစားမိသလဲဆိုတာ ကိုယ့်ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။
( Happiness Now by Andrew Matthews ကို ကျော်ဋ္ဌေး(ဘီအေစီ) မြန်မာပြန်သော ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် စာအုပ်မှ ကောက်နှုတ်သည်။ )

Read More...

Wednesday, March 7, 2012

"ဘယ်လိုခွင့်လွှတ်ကြမလဲ ?"


နေ့စဉ်ဘ၀မှာ စိတ်တိုစရာကိစ္စတွေကို တော်တော်လေး တွေ့ရပါတယ်။
ကျောင်းမှာပဲဖြစ်ဖြစ်၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ် ကျနော်တို့ကို စိတ်တိုအောင်လုပ်နေ
တဲ့ လူတွေ၊ အဖြစ်အပျက်တွေက တော်တော်များပါတယ်။
အဲဒါတွေ အားလုံးကိုသာ စိတ်တိုနေရမယ်ဆိုရင် ကျနော်တို့ မြန်မြန် အသက်တိုရလိမ့်မယ်
ထင်တယ်။
ကျောင်းတို့၊ အလုပ်ခွင်တို့၊ လူမှုဆက်ဆံရေးတို့ဆိုတာကလည်း ကျနော်တို့ဘ၀မှာ မဖြစ်မနေ ပတ်သက်နေတဲ့
အရာတွေဆိုတော့ အဲဒါတွေကို ရှောင်လွှဲလို့ မရနိုင်ပေဘူး။
ပြီးတော့ လူတွေကို ခွင့်လွှတ်တတ်ခြင်းဟာ ကျနော်တို့ရဲ့ အောင်မြင်ပျော်ရွှင်ရေးမှာ အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။
ဒီတော့ စိတ်တိုအောင် လုပ်တဲ့လူတွေကို ဘယ်လို ခွင့်လွှတ်ကြမလဲ။
လူတွေကို ခွင့်လွှတ်ဖို့ အခြေခံကျတဲ့ အကြောင်းတစ်ရပ် ရှိပါတယ်။ ဒါကတော့ သင်က သူတို့ကို
ခွင့်မလွှတ်ဘူးဆိုရင် အဲဒီစိတ်က သင့်ဘ၀ကို ဖျက်ဆီးပစ်မှာပဲဖြစ်တယ်။ ဆိုကြပါစို့ -
- သင်က ကျနော့်ရဲ့ သူဋ္ဌေး၊ ပြီးတော့ သင် ကျနော့်ကို အလုပ်ထုတ်ပစ်လိုက်တယ်။
ဒါမှမဟုတ်
- သင်က ကျနော့် ကောင်မလေး၊ ပြီးတော့ ကျနော့်သူငယ်ချင်းနဲ့ လိုက်ပြေးသွားတယ်။
ဒါမှမဟုတ်ရင်လည်း သင့်ရဲ့မွေးနေ့အတွက် ဖိတ်ကြားတဲ့ စာရင်းမှာ ကျနော့်ကို ချန်ထားမယ်။
ဒီတော့ ကျနော်က ပြောမယ်။
” ငါ မင်းတို့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး ”
ဒါဆို ဘယ်သူ ခံစားရမလဲ။

သင်ကတော့ ခံစားရမှာမဟုတ်ဘူး။
ကျနော့်မှာတော့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရပြီ။ ဗိုက်ထဲမှာလည်း အလုံးကြီး တက်လာတယ်။ အိပ်လို့လည်း မရတော့ဘူး။


အဲဒီအချိန်မှာ သင်ကတော့ ပါတီပွဲတောင် ကျင်းပချင် ကျင်းပနေမှာပေါ့။ လူတွေကို ခွင့်မလွှတ်ဘူးဆိုရင် သူတို့ ခံစားရမယ်ဆိုတဲ့ အတွေးကို ကျနော်တို့ ဘယ်က ရတာပါလဲ။
ဒါဟာ ရူးတာပါပဲ။ ကျနော် သင့်ကို ဒေါသထွက်နေချိန်မှာ ကျနော်ပဲ ခံစားရတယ်။
အဲဒီအချိန်မှာ ကျနော်က ကိုယ့်ကိုယ်ကိုယ်ပြောမယ် – “ငါ မှန်တယ်”
ဒါပေမဲ့ “မှန်ကန်ခြင်း” ဆိုတာဟာ ပျော်ရွှင်မှုအတွက် အာမခံချက် မဟုတ်ပါဘူး။
အဓိကအချက်က ဒီမှာပါ- တစ်ယောက်ယောက်ကို ခွင့်လွှတ်ဖို့အတွက် သူတို့လုပ်သမျှကို သင်က သဘောတူစရာမလိုပါဘူး။
ကိုယ့်အလုပ်ကို ဆက်လုပ်နေဖို့ပဲ လိုတာပါ။
လူတွေကို ခွင့်လွှတ်ခြင်းဟာ သူတို့ရဲ့ ကောင်းကျိုးအတွက်မဟုတ်ပါဘူး။
သင့်ရဲ့ ကောင်းကျိုးအတွက်ပါပဲ။ တစ်ခါတစ်ရံမှာ ကျနော်တို့က ပြောကြတယ်။
“ငါ ခွင့်လွှတ်မယ်နော်၊ ဒါပေမယ့် မေ့မှာတော့ မဟုတ်ဘူး”
ဒါက အခုအချိန်လေးပဲ ခွင့်လွှတ်တာ၊ ဒါပေမဲ့ အရင်ကနေ အခုအထိ ဖြစ်ခဲ့တာတွေကို ပြန်အမှတ်ရချင်သေးတယ်လို့ ဆိုလိုပါတယ်။
ခွင့်လွှတ်တယ်ဆိုတာ စိတ်ထဲမှာ လုံးဝမထားဘဲ လွှတ်လိုက်မှ ခွင့်လွှတ်တာပါ။
ကာလီဖိုးနီးယားက ပြည်သူ့ကျန်းမာရေးဋ္ဌာနရဲ့ မကြာခင်က လေ့လာမှုတွေအရ ရန်လိုစိတ်နဲ့ မကျေမချမ်းဖြစ်စိတ်တွေက သင့်ရဲ့ ကိုယ်ခံအားစနစ်ကို ဖြိုဖျက်ပစ်တယ်လို့ သိရပါတယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ အဖျားရောဂါအားလုံး သင့်မှာ ဖြစ်လာဖို့ အဲဒီစိတ်တွေက ဖြစ်နိုင်ချေ နှစ်ဆ ပိုများစေတယ်လို့ အတည်ပြုထားပါတယ်။ နာကျည်းမုန်းတီးမှုကလည်း သင့်ကို နေမကောင်းဖြစ်စေတာပါပဲ။
ခွင့်လွှတ်ခြင်းအကြောင်း ပြောနေစဉ်မှာ သင့်ဘ၀မှာ ပထမဆုံး လုပ်ရမှာက သင့်မိဘတွေကို ခွင့်လွှတ်ဖို့ပါပဲ။ သူတို့ဟာ အပြစ်ဆိုဖွယ်မရှိအောင် အလွန် ပြည့်စုံကောင်းမွန်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်အဖေနဲ့အမေဟာ သင့်ကို ကျွေးမွေးပြုစု စောင့်ရှာက်ရတာတွေအပြင် တခြား စိုးရိမ်သောက ဖြစ်စရာတွေ အများကြီးကို ရင်ဆိုင်ခဲ့ကြရတာပါ။ သူတို့မှာ တိုင်ပင်စရာ၊ အကြံဥာဏ်ယူစရာဆိုလို့ ကျော်ကြားတဲ့ စိတ်ပညာစာအုပ်တွေ၊ Blog တွေက သူတို့ ကြီးပြင်းတဲ့အချိန်မှာ မရှိခဲ့ကြဘူးလေ။ သင့်အမေကို ခွင့်လွှတ်ဖို့ ငြင်းဆန်တဲ့ နေ့တိုင်းဟာ သင့်ဘ၀ကို ကမောက်ကမဖြစ်ဖို့ မဲတစ်မဲပဲ ဖြစ်ပါတယ်။

လူတွေကို ခွင့်လွှတ်ခြင်းနဲ့ ပတ်သက်လို့ နောက်ထပ် ပြောစရာတစ်ခုရှိပါသေးတယ်။ ဒါကတော့ ခွင့်လွှတ်ခြင်းဟာ စဉ်ဆက်မပြတ် ဆက်ကာဆက်ကာ ဖြစ်တဲ့ဖြစ်စဉ်ဆိုတာပါပဲ။ သင် ပျော်ချင်တယ်ဆိုရင်တော့ အရာရာကို အမြဲ ခွင့်လွှတ်နေရပါမယ်။ သင့်ရဲ့ မကျေနပ်မှု စာရင်းထဲက အရာတွေကို ဖျက်ပစ်လိုက်ပါတော့။
လူတွေကို ခွင့်လွှတ်ခြင်းဟာ လွယ်သလား။ အမြဲတော့ မလွယ်ပါဘူး။ ဒါပေမယ့် သင်က လူတွေကို သူတို့ရဲ့ အကျိုးအတွက် ခွင့်မလွှတ်တောင် သင့်ရဲ့ ကောင်းကျိုးအတွက်တော့ သင်က ခွင့်လွှတ်ရမှာပေါ့။
အဲဒါက သင့်ကို ပိုပြီး ပျော်ရွှင်စေပါတယ်။

Ref: Forward Mail
Posted By: Nan

**From-မေမွန်ကျော်**

Read More...

Tuesday, March 6, 2012

ယောက်ျားကောင်းတို့ ပြုအပ်သော လက္ခဏာ(၁၀)ပါး


၁။ အသာစီးမယူနဲ့ အခွင့် အရေးသမားမလုပ်နဲ့ 
ယောင်္ကျားလေးအများစုက အခွင့် အရေးရသလောက်ယူ၊ အမြတ်ထုတ်တာတွေ လုပ်တတ်ကြတယ်၊ ကိုယ်က ဒီလိုမဟုတ်ပဲ ကိုယ့် ဘ၀အတွက် တကယ်ရည်ရွယ်သူ၊ အရည်းအသွေးပြည့်ဝသူ အမျိုးသမီးတစ်ဦးပေါ်သာ မေတ္တာစိတ် တည့်မတ်စွာ ထားတတ်သူ ဖြစ်ကြောင်း သိသာထင်းရှားပါစေ။
၂။ နေရာတကာ ၀ုန်းဒိုင်းမကျဲနဲ့ 
ထစ်ခနဲရှိ စိတ်ဆိုးစိတ်တို ပေါက်ကွဲဝုန်းဒိုင်းကြဲသူ လုပ်မပြပါနဲ့  ဘာမဆို ကမူးရှူးထိုး စိတ်နောက်ကိုယ်ပါ ဖြစ်တတ်တာ ကလေးဆန်တာပါ၊ ကိုယ်ကရင့်ကျက်သူ၊ တွေးဆတတ်သူ၊ ကလေးမဆန်သူဆိုတာ အမြဲပြသနိုင်ပါစေ၊ တည်ငြိမ်ရင့်ကျက်တဲ့ ပုံစံကလည်း မိန်းကလေးတွေအတွက် ညှို့ငင်အား တစ်ရပ်ပါပဲ။
၃။ ကိုယ့်မူနဲ့ ကိုယ် နေတတ်ပါစေ
ကိုယ့်ထက် တခြားသူအပေါ်မှာ ပိုအချိန်ပေးတဲ့ ကိုယ့်အဖော် အမျိုးသမီးကို ဖျတ်ဖျတ်လူး ပြန်ဆွဲဆောင် ချင်မနေပါနဲ့၊ သူမ ကိုယ့်နားမှာ မနေလည်း ကိယ့်ဘာသာ တစ်ယောက်တည်း အေးဆေးပေါ့... ဆိုတာမျိုး ပျော်ပျော်ရွှင်ရွှင် နေထိုင်ပြပါ၊ ကိုယ်ပိုင် စတိုင်ရှိသူဟာ ဆွဲဆောင်မူရှိသူပါပဲ။

၎။ ပြောစရာရှိတာ ပြောရဲဆိုရဲစမ်းပါ
အရမ်းကြီး လူတွင်ကျယ် လုပ်တဲ့ပုံစံထိ မရောက်အောင်တော့ထိန်းပါ၊ ဒါပေမယ့် ထက်ထက်မြက်မြက် စွမ်းစွမ်းတမံတော့ လုပ်ရပါလိမ့်မယ်၊ ဘယ်နေရာမဆို ရေငုံနုတ်ပိတ် ငုံ့မခံတတ်သူ၊ မဟုတ်မခံ ပြောစရာရှိတာ ပြောရဲဆိုရဲ သူကို မိန်းကလေးတွေက ပိုကြိုက်တယ်။


၅။ သြဇာအာဏာရှိတာမျိုး ဖြစ်ပါစေ
ကိုယ့်မှာရှိတဲ့  သြဇာကို အလွယ်တကူ အဆုံးအရှူံးခံ၊ အလျော့ ပေးတာမျိုး မလုပ်ပါနဲ့၊ ပတ်ဝန်းကျင်မှာ သြဇာမညောင်းတဲ့  ယောင်္ကျားလေးမျိုးကို မိန်းကလေးတွေက မနှစ်သက်တတ်ဘူး၊ လူတကာကိုလိုက်ပြီး လိုက်လျောနေသူ မဖြစ်စေဘဲ ကိုယ်က သြဇာအာဏာပေးသူမျိုးကို သူတို့ တွေက ကျေနပ်သဘောကျ တတ်ပါတယ်။
၆။ ကိုယ့်ကိုကိုယ် အားကိုးသူ၊ တာဝန်ယူ ထိန်းကြောင်းနိုင်သူ ဖြစ်ပါစေ
ဘယ်သူ့ရဲ့ အစေစားခံမှ မဖြစ်ဘဲ ကိုယ့်တာဝန်ကို ကိုယ်ယူတတ်သူ၊ ကိုယ့်ကိုကိုယ် ထိန်းသိမ်း လျှောက်လှမ်း နိုင်သူဟာ မိန်းကလေးတွေကို အထူး ဆွဲဆောင်နိုင်သူပါပဲ၊ ကိုယ့်အရည်အချင်းနဲ့ ကိုယ် ရပ်တည်သူ ဖြစ်ပါစေ။
၇။ လိုက်မှီခိုမနေနဲ့ 
တချို့က မိန်းကလေးတွေကို သိပ်မှီခိုတယ်၊ ဘာမဆို နောက်လိုက်ပဲ လုပ်ချင်တယ်၊ အဲဒါသိပ်မှားတဲ့စရိုက်ပဲ၊ တတ်နိုင်သလောက် ယောင်္ကျားလေးဖြစ်တဲ့ ကိုယ်က ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ဦးဆောင်ပါ၊ တခါတလေမှာ ကိုယ်က ကိုယ့်အလိုကျ သိပ်လုပ်တယ်လို မိန်းကလေးက ထင်ရင်တောင် နောက်ပိုင်းကျတော့ သူတို့ နားလည်သွားပြီး ကျေနပ်နေကြပါလိမ့်မယ်။
၈။ တချို့ ဟာတွေကိုရှက်နေရမှာမဟုတ်ဘူး
ယောင်္ကျားတယောက်အနေနဲ့  ယောင်္ကျားပီသတဲ့ စိတ်ဆန္ဒမျိုး ပေါ်ပေါက်တတ်တာကို အတင်းဖုံးကွယ် နေစရာမဟုတ်ဘူး၊ ဖို/မ ကြားက ရင်ခုန် စိတ်လှုပ်ရှားမူ ရမ္မက်စိတ်ဟာ လူသားပီသမူပါ၊ ဓလေ့ထုံးစံနဲ့ ယဉ်ကျေးမူဘောင်တွေကို မချိုးဖောက်ဘဲ ပှံမှန် ယောင်္ကျားလေးတယောက်ရဲ့ စိတ်ဆန္ဒမျိုး ရှိတာကိုလည်း ရှက်စရာလို့ မခံယူပါနဲ့ ။

၉။ ရင့် ကျက်ပါ ၊ ကလေးမဆန်ပါနဲ့ 
ယောင်္ကျားလေး အများစုရဲ့ ပြဿနာက လူကထွားနေပြီး အသက်အရွယ်ကလည်း သိပ်မငယ်ဘူး၊ ဒါပေမယ့် ကိုယ်တိုင် သိပ်မရင့်ကျက်ချင်ဘူး၊ မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့ ယောင်္ကျားလေးတယောက် ဖြစ်ချင်ရင် ကလေးဆန်ဆန် အမူအရာတွေ ဖျောက်ပေတော့၊ ယောင်္ကျား ပီပီသသ ခန့်ခန့်ညားညား လူကိုမှ သူတို့ ကနှစ်သက်ပါတယ်။
၁၀။ အချိန်ပေးပြီး အတူနေပါ
ယောင်္ကျားလေး တော်တော်များများမှာ ယောင်္ကျားပီသမူဆိုတာ ဘာလဲလို့  မသိတဲ့ကိစ္စကကို ပြောရမှာပါ၊ တကယ်တော့  ကိုယ်ဟာ ယောင်္ကျားတယောက် ဖြစ်နေတာနဲ့တင် မိန်းကလေးတွေရဲ့ အသိအမှတ် ပြုမူဆိုတာ ရှိပြီးသားပါ၊ ကိုယ်ကနည်းနည်းလေး သတိထားရမှာက မိန်းကလေးသဘာဝဟာ ယောင်္ကျားလေးတွေနဲ့  အတူ နေထိုင်ပြီး စကားပြောရတာကို ကြိုက်နှစ်သက်တယ် ဆိုတာပါပဲ၊ ဒီတော့  မိန်းကလေးနဲ့  စကားပြောဖို့အတွက် သူ့ အနားမှာ အချိန်ပေးဖို့ က ယောင်္ကျားလေးရဲ အဓိကကျတဲ့ တာဝန်ဆိုတာ သိထားဖို့ လိုပါတယ်။


**ကိုတင့်**

**From- မှော်ဆရာအဖွဲ့**

Read More...

Monday, March 5, 2012

အောင်မြင်မှုတံခါးကို ခေါက်ခြင်း


တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏။
Matthew 7:7-8

ခရီးသွားတစ်ယောက်ဟာ နှင်းမုန်တိုင်းထဲမှာ ပိတ်မိနေပါတယ်။
သူဟာ အေးလွန်းလို့ ခိုက်ခိုက်တုန်နေတယ်။
ဒီလိုသာ ဆက်သွားမယ်ဆိုရင် ခဏပိုင်းအတွင်းမှာ သူသေသွားလိမ့်မယ်။
သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။
အိမ်တွေအားလုံးဟာ နှင်းမုန်တိုင်းကြောင့် တံခါးတွေကို ပိတ်ထားကြတယ်။
သူ အိမ်တစ်အိမ်ကို တံခါးခေါက်လိုက်တယ်။
ဒေါက်… ဒေါက် …
” ဘယ်သူလဲ ”
” ကျနော် ခရီးသွားတစ်ယောက်ပါ။ နှင်းမုန်တိုင်းထဲမှာ ပိတ်မိနေလို့ပါ။ ဒီအိမ်မှာ ခဏလောက် တည်းခိုလို့များ ရမလားခင်ဗျာ။ ”
ဒါပေမဲ့ ဘယ်ကမှန်းမသိ၊ ဘယ်သူမှန်းလည်းမသိတဲ့သူကို အိမ်ရှင်က တံခါးဖွင့်မပေးရဲ။
သူ စိတ်မပျက်ပါ။
သူ ခိုက်ခိုက်တုန်အောင် ချမ်းနေတယ်။ သူ့တစ်ကိုယ်လုံးလည်း အေးခဲနေတယ်။
သူ့ကို ဘယ်အိမ်ကမှလည်း တံခါဖွင့်မပေး။
ဒါပေမယ့် သူအားမလျှော့။
တံခါးတွေကို ဆက်ခေါက်တယ်။
နောက်ဆုံးတော့ တံခါးတစ်ချပ်ဟာ ပွင့်သွားတယ်။
” ဟာ … ခင်ဗျား နှင်းမုန်တိုင်းထဲမှာ တော်တော်ဒုက္ခရောက်နေမှာပေါ့။ လာ လာ.. ကျနော့်အိမ်မှာ ၀င်ခိုပါ။ ဒီမှာ မီးဖိုလည်း ရှိတယ်”
အိမ်တစ်အိမ်က သူ့ကို တံခါးဖွင့်ပေးလိုက်ပါတယ်။
သူ့ကို နွေးထွေးတဲ့ အ၀တ်အစားတွေပေးပြီး မီးဖိုမှာလည်း မီးလှုံစေတယ်။
ဒီလိုနဲ့ သူဟာ အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်။
သူသာ ပထမ နှစ်အိမ်သုံးအိမ်မှာကတည်းက လက်လျှော့ပြီး တံခါးတွေကို ဆက်မခေါက်တော့ရင် ဘာဖြစ်သွားမလဲ။

နှင်းမုန်တိုင်းထဲမှာ သူဟာ အေးခဲပြီး သေသွားမှာပါပဲ။
ဒါပေမဲ့ သူက စိတ်မပျက်ဘူး။
တံခါးတွေကို ဆက်ခေါက်နေခဲ့တယ်။
နောက်ဆုံးတော့ တံခါးတစ်ချပ်ဟာ သူ့အတွက် ပွင့်လာခဲ့ပါတယ်။


သင့်ရဲ့ ဘ၀မှာလည်း ဒီလိုပါပဲ။
တကယ့် အခြေအနေတွေမှာ ဘယ်သူကမှ တံခါးတွေကို ဖွင့်ထားကြမှာမဟုတ်ပါဘူး။
သင်ကသာ တံခါးတွေကို လိုက်ခေါက်ရမှာပါ။
စိတ်မပျက်ဘဲ လိုက်ခေါက်နေပါ။
နောက်ဆုံးမှာတော့ တံခါးတစ်ချပ်ဟာ ပွင့်လာရမှာပဲ ဖြစ်ပါတယ်။
သင်ဟာ ကျောင်းသားတစ်ယောက် ဆိုပါစို့။ သင် အတန်းထဲမှာ တစ်ခါမှ ထိပ်ဆုံးကို မရောက်ဘူးလား။
ဒါဆိုရင် သင့်ကိုယ်သင် မေးကြည့်ပါ။
ကျောင်းမှာ အောင်မြင်မှုဆိုတဲ့တံခါးကို သင် ဘယ်နှခါ ခေါက်ကြည့်ပြီးပြီလဲ။

တစ်ခါမှ မခေါက်ဘဲနဲ့တော့ တံခါးတွေဟာ အလိုလိုပွင့်မလာနိုင်ပါဘူး။
သင့်ရဲ့ အောင်မြင်မှု၊ ပျော်ရွှင်မှု၊ မိသားစု၊ အလုပ်အကိုင်၊ ပေါင်းသင်းဆက်ဆံရေး၊ အဲဒါတွေအားလုံးမှာလည်း အတူတူပါပဲ။
သင်ဟာ သင်လိုချင်တဲ့ တံခါးတွေကို ဘယ်နှခါခေါက်ပြီးပါပြီလဲ။
မခေါက်ရသေးလျှင် အခုကစပြီးခေါက်ပါ။
ဘယ်ကမှ တံခါးဖွင့်မပေးဘူးဆိုလျှင်လည်း စိတ်မပျက်ပါနဲ့။
မပွင့်မချင်း တံခါးတွေကို ဆက်ခေါက်နေပါ။
နောက်ဆုံးတော့ တံခါးတစ်ချပ်ဟာ သင့်အတွက် ပွင့်လာပါလိမ့်မယ်။
သင်ဟာ သင်လိုချင်တဲ့ ဘယ်အရာကိုမဆို ရနိုင်ပါတယ်။
သင့်အနေနဲ့ တံခါးတွေကို ခေါက်နေဖို့သာ လိုတာပါ။

” ခေါက်သောသူတိုင်းအတွက် တံခါးတို့သည် ပွင့်လိမ့်မည် ”


For More Happiness & Life Success Tips, Go To www.yourlifesuccess.blog.com .

**Hlyan Htet Oo**

Read More...

စကားအရာ အင်္ဂါ (၁၀) ပါး


**စကားကြီး (၁၀) ခွန်း **

၁။ ရေကူးညာတင်ပြောဆိုခြင်း ~ လိုသည်ထက်ပို၍ပြောဆိုခြင်း
၂။ ကောက်ပင်ရိတ်လှီးပြောဆိုခြင်း ~ စကားတစ်ခွန်းတည်းနှင့် အပိုင်ပြောဆိုခြင်း

၃။ ရေစီးဖောင်ဆန်ပြောဆိုခြင်း ~ စကားပြောရာ၌ လက်ဝင် ပင်ပန်းသော
စကားမျိုးပြောဆိုခြင်း

၎။ အိုးတန်ဆန်ခပ်ပြောဆိုခြင်း ~ တစ်ဖက်လူနှင့် တန်သလောက်ပြောဆိုခြင်း

၅။ ဆီပွတ်ကျည်ပွေ့ပြောဆိုခြင်း ~ တဖြည်းဖြည်း ကိုယ့်ဘက်ပါအောင် ဖွဲ့နွဲ့
ပြောဆိုခြင်း

၆။ ဆင်ဝှေ့ရန်ရှောင်ပြောဆိုခြင်း ~ တာဝန်မဲ့သော၊ ရှောင်လွှဲသောစကားကို
ပြောဆိုခြင်း

၇။ တောင်သူယာခုတ်ပြောဆိုခြင်း ~ ပြောသင့်သည်ကိုအရင်ပြောပြီး လိုရာကို
နောက်မှပြောဆိုခြင်း

၈။ ကြက်ဆုပ်ခွပ်ပစ်ပြောဆိုခြင်း ~ မိမိအသာစီးရသောအခါ အပိုင်ပြောဆိုခြင်း

၉။ ရေစစ်ကရားပြောဆိုခြင်း ~ စကားကိုချန်မထားဘဲ အကုန်ပြောခြင်း

၁၀။ ခက်တင်မောင်းနင်းပြောဆိုခြင်း ~ မတင်မကျနှင့် ရှေ့မရောက် နောက်မထိုင်
ပြောဆိုခြင်း

**စကားများခြင်း၏ အပြစ် (၅) ပါး**

၁။ မဟုတ်မမှန်သောစကားကို ပြောမိတတ်၏။

၂။ ကုန်းတိုက်စကားကို ပြောမိတတ်၏။

၃။ ကြမ်းတမ်းသောစကားကို ပြောမိတတ်၏။

၎။ အနှစ်မဲ့သောစကားကို ပြောမိတတ်၏။

၅။ သေလွန်သောအခါ အပါယ်သို့ကျ၏။




**စကားအရာ အင်္ဂါ (၁၀) ပါး**

၁။ ကာလဝါဒီ ~ ပြောချိန်ပြောခွင့်သင့်မှ ပြောဆိုခြင်း

၂။ ဘူတဝါဒီ ~ ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း

၃။ ဓမ္မဝါဒီ ~ တရားနှင့် စပ်သည်ကိုသာ ပြောဆိုခြင်း

၎။ အတ္တဝါဒီ ~ အကျိုးနှင့် စပ်သည်ကိုသာ ပြောဆိုခြင်း

၅။ ပိယဝါဒီ ~ ချစ်ဖွယ်သောစကားကိုသာ ပြောဆိုခြင်း

၆။ မိဟိတပုဗ္ဗဘာဏီ ~ ပြုံးရွှင်ခြင်းကိုသာ ရှေးဦးပြ၍ ပြောဆိုခြင်း

၇။ မိတာဘာဏီ ~ မပိုမလွန် ချင့်ချိန်၍ ပြောဆိုခြင်း

၈။ အတုရိတဝါဒီ ~ အဆောတလျင် မပြောဆိုခြင်း

၉။ ပေါရီ ~ ဓလေ့ထုံးစံကိုလိုက်၍ ပြောဆိုခြင်း

၁၀။ ဝိသဒဝါဒီ ~ သန့်ရှင်းသေချာ ဋ္ဌာန်ကရိုဏ်းကျအောင် ပြောဆိုနိုင်ခြင်း

စကား ၆ ခွန်း လူ၌ထွန်း၊ ၄ ခွန်းကိုပယ် ၂ ခွန်းတည်

၁။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကလည်းမနှစ်သက်သော မုသာဝါဒစကားများ

၂။ မှန်လည်းမှန်၏၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကနှစ်သက်သော ပိသုဏဝါစာစကားများ

၃။ မှန်လည်းမှန်၏၊ အကျိုးလည်းမရှိ၊ သူတစ်ပါးလည်းမနှစ်သက်သော ဖရုသဝါစာစကားများ

၎။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကနှစ်သက်သော သမ္ဖပ္ပလာပဝါစာစကားများ

၅။ မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးလည်းနှစ်သက်သော သမ္မာဝါစာစကားများ

၆။ မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးတော့မနှစ်သက်သော သမ္မာဝါစာစကားများ


**ပကိဏ္ဏက ကဏ္ဍ**

၁၅၆။မြန်မာဆယ်စောင်တွဲ

စာမျက်နှာ (၁၆၅)
လောကေ၊ လောက၌။ ကုလအတ္ထံ၊ အမျိုး၏ အကျိုးငှာ။ ဧကံ၊ တစ်ယောက်သောသူကို။ စဇေ၊ စွန့်ရာ၏။

ဂါမအတ္ထံ၊ ရွာ၏အကျိုးငှာ။ ကုလံ၊ အမျိုးကို။ စဇေ၊ စွန့်ရာ၏။

ဇနပဒအတ္ထံ၊ ဇနပုဒ်၏ အကျိုးငှာ။ ကုလံ၊ ဂါမံ၊ ရွာကို။ စဇေ၊ စွန့်ရာ၏။

အတ္တတ္ထံ၊ မိမိ၏အကျိုးငှာ။ ပထ၀ီံ၊ မြေအားလုံးကို။ စဇေ၊ စွန့်ရာ၏။



ဒီနေရာကတွေ့လို့ ပို့လိုက်တာပါ http://mogaungtar.blogspot.com/2011/07/blog-post.html

Read More...

Friday, February 24, 2012

သူ့အမြင်၊ကိုယ့်အမြင်နှင့် ပြဿနာဖြေရှင်းခြင်း (Problem Solving)


ဤပုံကို သေချာစွာကြည့်ပါ။ သင်ဘာမြင်သလဲဆိုတာ ပြောပြရန်ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အမျိုးသမီးတစ်ဦး ဖက်ရှင်ပုံသဖွယ်၊ နှခေါင်းငယ်လေးနဲ့ အိဒြေ္ဓပိုင်ရှင်လေးပေါ့။ တကယ်လို့ သင်ဟာ လူလွတ်တစ်ဦးဖြစ်ရင် သူမကို ချိန်းတွေ့ချင်စိတ်ဖြစ်လာမယ်။ သင်ဟာ ဈေးဆိုင်ပိုင်ရှင်ဖြစ်ရင် သူမကို သင့်ဆိုင်အတွက် ဖက်ရှင်မိုဒယ် မိန်းခလေးအဖြစ် ခန့်ထားချင်လာမယ်။
ဒါပေမဲ့ .. သင်ပြောတာမှားတယ်။ အသက်၆၀၊ ၇၀ အရွယ်ရှိတဲ့ မိန်မကြီးတစ်ဦးဖြစ်ပြီး၊ စိတ်ပျက်နေတဲ့ပုံ၊ နှာခေါင်းရှည်ရှည်ကြီးနဲ့၊ သေချာပေါက်ပြောနိုင်တာကတော့ ပုံမကျ၊ ပန်းမကျကြီးပေါ့၊ လမ်းကြိုလမ်းကြားမှာ တွေ့ရမဲ့ သင်က သူ့ကို ကူညီပေးရမဲ့ မိန်းမကြီးပုံပါဗျာ ..လို့ ပြောလာရင .. ဘယ်သူမှန်သလဲ ?........




ဒီ ဒုတိယပုံကို ကြည့်လိုက်ပါ။ အနည်းငယ် ပြင်ဆင်ထားပါတယ်။


တချို့မိတ်ဆွေများ ပထမပုံကိုကြည့်ပြီး မိန်းမငယ်၊ မိန်မကြီး ကွဲကွဲပြားပြား မမြင်နိုင်ဖြစ်နေကောင်းဖြစ်မယ်။ ဒုတိယပုံက
ပိုပြီးလွယ်လွယ်ကူကူ မြင်နိုင်မယ်ထင်ပါတယ်။
ဒုတိယပုံမှာ မိန်းမ ၂ ဦးစလုံးကို မြင်ရပြီလား ခင်ဗျာ ...
.
ကျွန်တော့ လက်တွေ့အတွေ့အကြုံတခု
တနင်္ဂနွေ တရက် မနက်ခင်းအချိန် ရန်ကုန် အင်းယားကန်ဘောင်မှာ ဆိတ်ငြိမ်တိတ်ဆိတ်နေချိန်ပေါ့။ တချို့
သတင်းစာဖတ်နေကြတယ်။ တချို့ တောင်တွေးမြောက်တွေးနဲ့ ငေးနေကြတယ်။ တချို့ သူတို့မျက်လုံးတွေ မှေးပြီး
ကန်ဘောင်ဘေးမှာ ဇိမ်ယူနေကြတယ်။ တကယ်ပဲ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အချိန်ကလေးပါ။

ရုတ်တရက် ကားတစ်စီးနဲ့ ကန်ဘောင် ကားရပ်တဲ့နေရာကို ၀ုန်းဒိုင်းနဲ့ မောင်းလာပြီး ရပ်လိုက်တယ်။ နောက်
လူတယောက်နဲ့ ကလေးများ ဆူညံစွာ ဗရုတ်သုတ်ခပဲ ဆင်းလာပြီး ကန်ဘောင်ဘက်ကို လျှောက်လာကြတယ်။
အဲဒီလူကတော့ ကျွန်တော့အနားမှာ မျက်လုံးကလေးမှေးပြီး လာထိုင်တယ်။ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို
မေ့လျော့နေတဲ့ပုံစံနဲ့ပေါ့။ ကလေးများကတော့ အော်ဟစ် ဟိုပြေးသည်ပြေး လုပ်နေကြတယ်။ တွေ့ရာကောက်ပြီး
ဟိုပစ်သည်ပစ် လုပ်ကြတာ အနားယူနေတဲ့ လူများရဲ့ သတင်းစာစက္ကူတွေတောင် ကောက်ယူ၊ ပစ်ပေါက်
ဆော့ကစားတဲ့အထိ သောင်းကျန်းလာကြတယ်။ အခြေအနေ တော်တော်ဆိုးလာပေမဲ့ ကျွန်တော့ဘေးနားက လူကတော့
ဘာမှမဖြစ်သလိုပဲ၊ ငြိမ်နေပါတယ်။

အခြေအနေအရ ကျွန်တော် ကြားဝင်ပြောဖို့ နှုတ်ယားနေပါပြီ။ သူကလေးတွေ ဒါလောက်ဆူညံနှောက်ရှက်နေတာကို
အနားယူနေတဲ့ ဘေးပတ်ဝန်းကျင်ကလူတွေကိုမှ အားမနာ၊ ကလေးတွေကို မထိန်းပဲ နေပဲနေနိုင်လွန်းလှတယ်။
ဘေးပတ်ဝန်းကျင်က လူတွေလည်း တယောက်ကို တယောက်ကြည့်နေတဲ့ ပုံစံအရ နေမထိ၊ထိုင်မသာ ဖြစ်နေကြပြီဆိုတာ
ထင်ရှားလှပါတယ်။ ဒီတော့ .. ကျွန်တော်ရဲ့ သည့်ခံနိုင်စွမ်းအား ကုန်သွားပါပြီ။ သူဖက်ကို လှည့်ပြီး
သူကြားလောက်တဲ့အသံနဲ့ ပြောလိုက်ပါတယ်။ "အကိုကြီး.. အကိုကြီးရဲ့ကလေးတွေ တော်တော်ဆော့ကစားနေတာ
လူတော်တော်များများကို အနှောက်အရှက်ဖြစ်နေပါတယ်။ နဲနဲလောက် ကလေးတွေကို ထိန်းပေးရင်
ကောင်းမယ်ထင်ပါတယ် ခင်ဗျာ" .. လို့ ပြောလိုက်တော့တယ်။

အဲဒီတော့မှ မျက်လုံးဖွင့်ပြီး ငေးငိုင်တက်အကြည့်ပြန်ကြည့်တယ်။ အခြေအနေ နဲ့ ကလေးတွေ ဆူညံသံကို အခုမှ
ပထမဆုံးကြားသိလိုက်ရတဲ့ မျက်နှာပုံစံနဲ့ ငြိမ်နေပြီးမှ စကားသံ ပျော့ပြောင်းစွာနဲ့ ပြောလာပါတယ်။ "အေးဗျာ
ခင်ဗျားပြောတာ မှန်တယ်ဗျာ.. ကျွန်တော့်ကလေးတွေကို ထိန်းဖို့ တခုခုတော့ လုပ်ဖို့လိုပြီ။ ကျွန်တော်
ရန်ကုန်ဆေးရုံကြီးက အခုလေးတင်ပြန်လာတာ... လွန်ခဲ့တဲ့ တနာရီက ဒီကလေးတွေရဲ့ အမေ ဆုံးသွားတယ်ဗျာ ..
ကျွန်တော်လည်း ဘာလုပ်ရမှန်း လုံးဝမသိတော့သလို .. ဒီကလေးတွေလည်း အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ
မသိကြရှာဘူးဗျာ" ... လို့ ပြောချလိုက်ပါတယ်။

အဲဒီအချိန်မှာတော့ ကျွန်တော် ဘယ်လိုခံစားသွားရသလဲဆိုတာ သင်တွေးကြည့်ပါ။ ပတ်ဝန်ကျင်
လူတွေရဲ့အခြေအနေလည်း ရုတ်ချည်းပြောင်းလဲသွားပါတယ်။ ခုန.. ကျွန်တော့်အမြင်များ ပြောင်းလဲသွားခြင်းဟာ
မသိသေးတဲ့ ပြောင်းလဲခြင်းတခုကို သိသွားလို့ပါပဲ။ ကျွန်တော့ အတွေးတွေ ပြောင်းသွားပါတယ်။ ကျွန်တော့ ခံစားမှုများ
ပြောင်းသွားပါတယ်။ ကွန်တော့ပုံစံလည်း ပြောင်းလဲသွားပါတယ်။ ကျွန်တော့ ရင်ထဲက ယားကျိကျိ၊ နေမထိ၊ထိုင်မသာ
ဖြစ်မှုလဲ ပျောက်သွားပါတော့တယ်။ ကျွန်တော့ရဲ့ အတွင်းစိတ်သဘောနဲ့ ကျွန်တော့အပြင်အမူအယာ တွေအတွက်
စိတ်ပူနေစရာမရှိတော့ပါဘူး။ ကိုယ်ချင်းစာနာစိတ်က ရင်ထဲ တဟုန်ထိုး ၀င်လာပါတော့တယ်။
ခင်ဗျား ဇနီးသယ် ခုနလေးတင် ဆုံးသွားတာလား .. အိုး .. စိတ်မရှိပါနဲ့ဗျာ .. ဘယ်လိုဖြစ်ပီး ဒီကလေးတွေရဲ့ အမေ
ဆုံးသွားရသလဲဗျာ .. ကျွန်တော် ဘာကူညီ၊ လုပ်ပေးဖို့ လိုပါသလဲ ..

အခြေအနေ အားလုံးဟာ ရုတ်တရက် ပြောင်းလဲသွားပါတော့တယ်။

ကိုယ်ဖက်ကကြည့်ရင် ဘယ်ပြသနာမဆို ကိုယ်ကမှန်ပါတယ်။ ထို့အတူ သူ့ဖက်ကကြည့်ရင်လဲ မှန်ပါတယ်။ အဆုံးသတ်တော့ ခွန်အားကြီးသူပဲ အနိုင်ရရှိသွားလေ့ရှိပါတယ်။ ပြသနာများကို သူဖက်က ကြည့်ရှုတတ်ရင် ဘ၀မှ ကြိတ်မနိုင်ခဲမရ၊ ဖြစ်ရလေခြင်း .. မတရားဖူး ခံစားချက်တွေ နည်းပါးသွားမယ် မျှော်လင့်ပါတယ်။

လူ့အသိုင်းအ၀ိုင်း၊ အဖွဲ့အစည်း၊ မိသားစု တွေမှာ မတူညီတဲ့ လူများ စုပေါင်းနေထိုင်၊လုပ်ကိုင်ကြပါတယ်။ ပြဿနာကို
ဖြေရှင်းတဲ့အခါမှာ ပြဿနာမှာပါဝင်နေတဲ့ လူတွေရဲ့ ခံစားချက်၊ အမြင်တွေကို သိအောင်ကြိုးစားပြီးမှာ ဖြေရှင်းရင်
ပြဿနာပြေလည်းသွားချိန်မှာ မကြေမနပ်ခံစားမှု နည်းမယ် (သို့မဟုတ်) မကြေမနပ်ဖြစ်မှု လုံးဝမရှိပဲ
မိတ်ဆွေအပေါင်းသင်းတွေနဲ့ ဆက်လက် လက်တွဲလုပ်ဆောင်နိုင်ပါမယ်။ ကျွန်တော်တို့ မိသားစု၊ ဇနီး၊ခင်ပွန်း၊သားသမီး
တွေနဲ့ပဲ စတင် လေ့ကျင့်ကြရအောင်။

**ဇော်အောင် (မုံရွာ)**


စတီဗင်ကိုဗေး - အကျင့်တရား (၇) ပါး 7 Habits စာအုပ်မှ ကောက်နှုတ် မြန်မာမှုပြုထားပါသည်။

**From-မေမွန်ကျော်**

Read More...

ချစ်စ၊ခင်စ၊ကြင်နာစများ ဆောင်ရန် ရှောင်ရန်


မှန် မမှန် တော့မသိဘူး၊ ကိုယ်ဘာသာကိုယ် သေချာဆုံးဖြတ်နိုင်ပါစေ။
ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင် ဖတ်ရှုသင့်သည့် အချက်အလက်များ

1. နာမည်ခေါ်ဝေါ် သုံးစွဲတာ မလုပ်ပါနှင့်
2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန် နဲ့ အခြားအစိတ်အပိုင်း များကို အလှောင်ပါနှင့်
3. အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနှင့်
4. စကားပြောနေစဉ် အခြားသူတစ်ဦး နာမည်ကို မကြာခဏမပြောမိပါစေနှင့်
5. စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်
6. ဘာမဟုတ်သည့် ကိစ္စကို မငြင်းပါနှင့်
7. ဖြစ်ပြီးသား ပြသနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ
8. ဖြစ်ပျက်သမျှ ကို သူငယ်ချင်းများကို မပြောပါနှင့်
9. သူကြိုက်သည့်အရာများကို မမုန်းပါနှင့်
10.အချို့ကိစ္စများကို မသိချင်ယောင်ဆောင်ပါ
11. ဒေါသနဲ့ စကားမပြောပါနှင့်
12. စကားများတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပါ
13. သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်
14. ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည်အထိ မဖြေရှင်းပဲမနေပါနှင့်
15. ဘာအကြောင်းနဲ့မှ မအော်ပါနှင့်
16. သူသာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ
17. ချစ်သူက ချောလား၊လှလား မေးတိုင်း ပြုံးသာ ပြလိုက်ပါ
18. အကြောင်းတိုက်ဆိုင်တိုင်း သင်ကသာ ငွေရှင်းလိုက်ပါ
19. သူ၏ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာလိုက်မကြည့်ပါနှင့်
20. အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပါ

21. ဖြစ်နိုင်လျှင် ချစ်သူ၏ မွေးနေ့ နှင့် ရည်းစားစဖြစ်သည့်နေ့ကို မှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
22. တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ
23. ဖြစ်ပျက်သမျှအားလုံးကို သင်ကဦးအောင်တောင်းပန်လိုက်ပါ
24. အခွင့်အရေးရတိုင်း မယူပါနှင့်
25. လက်ဆောင်အသေးအမွှားလေးများ မကြာခဏပေးပါ။ ။


သူငယ်ချင်း တစ်ယောက် အီးမေးလ် နဲ့ ပို့ လိုက်တာကို ပြန်လည်ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။
(မဖတ်ရသေးသောသူငယ်ချင်းများအတွက်ပါ)

**မောင့်ချစ်သူလေး**

Read More...

Thursday, February 23, 2012

"After U"


ရှက်ရှက်နဲ့ ၀န်ခံပါရစေ။
ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့
ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့် လေယာဉ်ကို ကျွန်တော် စောင့်နေ ခဲ့တယ်။
ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။
ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကို ဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခု
ရှိတယ်။ အဲဒီ့တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲ့ဒီ
တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်း
ဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း
တယ်လီဖုန်းဆက်နေတာ ပြီးကိုမပြီးနိုင်ဘူး။ မိနစ် ၂၀လောက်ကြာမှ
နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲ့ဒီ တစ်ယောက်ကလည်း
ဖုန်းပြောလိုက်တာအကြာကြီးပဲ။

ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က
အဲ့ဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။
ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြော နေတဲ့လူတွေကိုကြည့်ပြီး
“အားနာမှုမရှိလိုက်ကြတာ”လို့ ခံစားရတယ်။

ဒီလိုနဲ့ မန္တလေးကိုသွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့
“စပီကာ”က ကြေညာပါတယ်။ မန္တလေးကို သွားမယ့်ခရီးသည်တွေ အားလုံး
လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကို သွားဖို့ ဘတ်(စ်)ကားတစ်စီး
ထိုးဆိုက်လာတယ်။ အဲ့ဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည်
တွေသယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ
တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။
တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့လေယာဉ်ဆီကို ကျွန်တော်
ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနားအပေါက်က ကျွန်တော် တို့တက်ရတယ်။
ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီးတက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့
ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ် ကိုယ်
မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ
အကျင့်ပါနေလို့ပဲဖြစ်မယ်။

ဖြစ်ချင်တော့ ကျွန်တော့်ဘေးကထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက်
လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ
စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။ လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက်အကြာမှာ
လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကိုတွန်းပြီး အစား
အသောက်လာကျွေးပါတယ်။ အပူလား။ အအေးလား။
ကြိုက်ရာသုံးဆောင်လို့ရတယ်။ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီ
လိုက်ပြီးဝေတယ်။


ကျွန်တော့်ရဲ့ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက်လာပြီးပေးတဲ့
လေယာဉ်မယ်လေးတွေက တစ်တန်းပြီးတစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ
ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က
ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူးတစ်ဘူးကို
လှမ်းယူလိုက် တယ်။ တကယ်တော့ အဲ့ဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ
နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။
ကျွန်တော်က နောက်မှယူရမှာ။ ဒါပေမယ် ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။
အဲ့ဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။

“After you”
အဲ့ဒီစကားကိုကြားကြားချင်း ကျွန်တော် နားမလည်ပါဘူး။ အစာစားရင်း
ကျွန်တော်စဉ်းစားမိတယ်။

“After you” တဲ့။

After ဆိုတာ... ပြီးနောက်။

you ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။

ဒီတော့... “After you” ဆိုတာ “မင်းပြီးမှ”လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို
ဦးစားပေး”ပါတယ်။ “မင်းအရင်လုပ်”ပါ။ ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ်
စကားတစ်ခုပါ။
ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။

ကျွန်တော်ဟာ “After me” သမားပဲ။

ကျွန်တော်ဟာ မီးရထားလက်မှတ်တန်းစီရင်လည်း ငါရဖို့...။

ဘတ်(စ်)ကားစီးရင်လည်း ငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။

ကားမောင်းရင်လည်း လမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။

လမ်းကူးရင်လည်း ငါ အရင် ဟိုဘက်ရောက်ဖို့...။

အလုပ်လျှောက်ရင်လည်း ငါ အလုပ်အရင်ရဖို့...။
ငါအဆင်ပြေဖို့...။

“After me”....

“After me”....

“After me”....
ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။

တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။

ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့စကားဟာ
မှတ်သားလောက်ပါတယ်။

“After you” ဆိုတဲ့ စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို
အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစား ဘူး။
သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ...
မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေ ကို
အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊
ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ
ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့ တွေ့ရင် တပည့်တွေကို “After you”
လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်းသဘောအပြင် စာနာခြင်း၊
နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်းသဘောတွေ
ပါဝင်နေတယ်။

အဖေက ၀င်ပြောတယ်။

“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ
ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။
စိတ်အရွယ်မရောက်ခြင်းရဲ့ မှတ်သင်္ကေတဟာ “After me” ပဲ။ “ အသက်တွေကြီးလေလေ
တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေကြီးလေလေ တပ်မက်မှုတွေများလေလေ”
ဆိုရင် ဒါဟာ တော်တော်ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ
လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီးရှိနေခြင်းကို
ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာာ မိဘဆိုရင်လည်း မိဘ
မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း
သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။
ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you”
ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေနည်းလာပြီး “After you”
သမားတွေ များလာရင်တော့ အရမ်းပျော်စရာကောင်းမှာပဲနော်။

သူကလည်း ကိုယ့်အပေါ် “After you”။

ကိုယ်ကလည်း သူ့အပေါ် “After you”။

မိဘကလည်း သားသမီးအပေါ် “After you”

သားသမီးကလည်း မိဘအပေါ် “After you”

လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”

လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”

ဆရာကလည်း တပည့်အပေါ် “After you”

တပည့်ကလည်း ဆရာ့အပေါ် “After you”

အပြန်အလှန် “After you” ဆိုတဲ့....

ဝန်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။
( မဖတ်ရသေးသော သူငယ်ချင်းများအတွက် သစ်ထူးလွင် ဆိုဒ်မှ ပို့စ်အား ရှယ်လိုက်ပါသည်။)



**ဦးဘုန်း(ဓာတု)မန္တလေး**


**From-Zin Mar Thwin**

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)