ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label ဓာတ်ပုံသတင်း. Show all posts
Showing posts with label ဓာတ်ပုံသတင်း. Show all posts
Friday, September 25, 2015
*၆နှစ်သမီးလပြည့်မိုးနဲ့ ကလေးပန်းချီလက်ရာ*
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ကသူငယ်တန်းကျောင်းသူလေး၊ ၆နှစ်သမီးလပြည့်မိုးနဲ့ ကလေးပန်းချီလက်ရာကိုပရိသတ်ကြီး ရှုစားကြပါဦးဗျာ။
Read More...
Thursday, September 24, 2015
*ဆရာမိုး နဲ့ သူ့ ရဲ့ သမီးချောတချို့ *
သမီးချောတချို့ ရှိတယ်ဗျို့ 
 စက်ရုံအပြင်တောင်ထွက်ခဲသကို့ ။
 သူရို့ လေးတွေမိဘဝေး
အားပေးနှစ်သိမ့် အားဆေးအတွေး။
ငပိရည်ငပိထောင်းပါခဲ့ရင်
ဆရာမိုးကိုသတိရအစဉ်။
 လာသာလာပါဆရာမိုး
 ငပိထောင်းတို့ စရာအများကြီးဗျိုး။
စားကောင်းသကိုး အားယိုးယိုး
မဲဆောက်ကဒို့ ဆရာမိုး။ ။
 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+ဒီလျှပ်စီး+
Read More...
Wednesday, July 15, 2015
==မဲဆောက်မြို့ ကသူတို့ ၊သူမတို့ လက်ထဲက အဖြူရောင်-မြန်မာပြည်သား စာစောင်==
**သူ့ လက်မှာလည်းအဖြူရောင်
 သူမလက်မှာလည်းအဖြူရောင်
လစဉ်ဆောင်ထားပါတဲ့
 မြန်မာပြည်သားစာစောင်တဲ့။
 သတင်းနဲ့ ပညာပေးရောမွှေလို့ 
 ဒို့ မြန်မာရွှေ့ ပြောင်းတွေနှစ်သက်တဲ့
 အလုပ်သမားလက်နက်အသွင်ဒီစာစောင်။
ထိုင်းနိုင်ငံမဲဆောက်မြို့ အခြေစိုက်JACBAအဖွဲ့ ကလစဉ်ထုတ်ဝေတဲ့ မြန်မာပြည်သားစာစောင်
(၂၀၁၅ဇူလိုင်လ)ကိုအားပေး ဖတ်ရှုကြတဲ့မြန်မာရွှေ့ ပြောင်းလုပ်သားတွေပါဗျ။
သြ..တလက်စထဲပြောလက်စနဲ့ ပြောရဦးမယ်။ဘတ်ဂျက်ရှိမှဂျာနယ်ထုတ်၊ စာစောင်ထုတ်လုပ်တတ်တဲ့အစားထဲမှာJACBAအဖွဲ့ မပါဘူးခင်ဗျ။ဟောဒီ၂နှစ်အတွင်းမှာ ဘာဘတ်ဂျက်မှမရှိပဲနဲ့ မြန်မာရွှေ့ ပြောင်းလုပ်သားတွေဆီကကြည်ဖြူစွာထည့် ဝင်တဲ့ ရံပုံငွေနဲ့ အရှိန်အဟုန်မပျက်ဆက်လက်ထုတ်ဝေဖြန့် ချီနေတာဖြစ်ပါတယ်။ ဘတ်ဂျက်မရှိရင်လည်းမိမိမှာလူထုစည်းရုံးရေးအခိုင်အမာရှိမယ်ဆိုရင် JACBAအဖွဲ့ လည်း၁၂နှစ်မြောက်ဆက်လက်ရပ်တည်နေဆဲရှိသလိုလစဉ်မပျက်- နှစ်စဉ်ချီတက်ခဲ့တဲ့အဖြူရောင်မြန်မာပြည်သားစာစောင်ဟာလည်းဘာလိုလိုနဲ့ ရှေ့ လမှာ (၁၀)နှစ်တင်းတင်းပြည့်ပါပြီဗျ။
။။။။။။။။။။။။။။။။။။။။။။။။
+ဒီလျှပ်စီး+
Read More...
Saturday, May 30, 2015
==မဲဆောက်မြို့ ရောက်မြန်မာနိုင်ငံသားတွေ ယူ၂၀မြန်မာအသင်းကိုအားပေးကြ==
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ရောက်မြန်မာနိုင်ငံသားတွေ ယူ၂၀မြန်မာအသင်းကိုအားပေးကြပုံကိုမဲဆောက်မြို့ မှနာမည်ကြီး *ဖိုးထူးလက်ဘက်ရည်ဆိုင်တွင်းမြင်ကွင်း*နဲ့ တင်သိနိုင်ပါပြီဗျ။ မဲဆောက်မြို့ မှာမြန်မာရွှေ့ ပြောင်းအလုပ်သမား၂သိန်းခန့် ရှိပြီးစက်ရုံအလုပ်ရုံ၊ ဆောက်လုပ်ရေး၊စိုက်ပျိုးရေး
၊ဈေးရောင်း၊ကျပန်းစသဖြင့်အလုပ်လုပ် ကိုင်ကြပြီးတော့အားလပ်ချိန်အချို့ မှာရယ်၊ဒီနေ့ ဆိုရင်အိမ်တွင်းမှု အလုပ်ရုံကလုပ်သားအချို့ ဟာ အလုပ်မပိတ်ပေမယ့်လည်းနားလည်မှုနဲ့ အချိန်ပိုင်းခွင့်တောင်းပြီး အာရှတိုက်ကိုယ်စားပထမဆုံးယှဉ်ပြိုင်ခွင့်ရရှိခဲ့တဲ့ ယူ၂ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မြန်မာအသင်းကိုလာရောက်အားပေးကြပါသတဲ့။ ၊
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+သောင်ရင်းနဂါး+
Read More...
Sunday, March 1, 2015
==၂နှစ်သက်တမ်းရှိ*အစိမ်းရောင်*ယာယီအထောက်အထားစာအုပ်နဲ့ လိုအပ်တဲ့ဆက်စပ် အထောက်အထားတွေ၊ တရားဝင်ရွှေ့ ပြောင်းလုပ်သားအဖြစ်ခံယူတည်ဆောက်ပုံကို မဲဆောက်မှာဆရာမိုးကွင်းဆင်းပညာပေးနေပြီ==
(၂နှစ်သက်တမ်းရှိ အစိမ်းရောင်ယာယီအထောက်အထား လက်မှတ်စာအုပ်နမူနာ'နဲ့ အခြားအထောက်အထားလိုအပ်ချက်တွေကိုဝိုင်းကြည့်ကြ-လက်တွေ့ ပြသ)
· **လုပ်သားထုအတွက်အစဉ်သယ်ပိုး
မဲဆောက်မြို့ ကဆရာမိုး
စက်ရုံတကာသူလိုက်ဒိုး
 ဒိုးပေမယ့်လို့ ရောက်လေရာ
 မသိနားမလည်တာရှင်းပြရှာ
ယခုအခါအစိမ်းရောင်စာအုပ်
အဟုတ်ရှင်းပြတာသူ့ အလုပ်
သူ ရောက်လေရာချစ်ကြတယ်
 ဆွေမျိုးတစ်ဦးရောက်သည့်နှယ်
အလုပ်သမားအပေါါ်လူပါးမဝ
အဲဒါကမှခေါင်းဆောင်ဗျ
အဲဒါကမှခေါင်းဆောင်ဗျ
အဲဒါကမှခေါင်းဆောင်ဗျ..။**
(ဆရာမိုး နဲ့ သူ့ ကိုချစ်ကြသောမြန်မာအလုပ်သမများ)
ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ ရဲ့ တနဂံနွေ(စက်ရုံအများစုကမနက်မှညနေ အထိအလုပ်လုပ်ခိုင်းပြီးညနေ၅နာရီကျမှအိုတီမခိုင်းတော့ပဲနားကြရတဲ့) မြန်မာရွှေ့ ပြောင်းအလုပ်သမား
သူမတို့ သူတို့ ရှိရာကိုညနေပိုင်းထမင်းစား နားချိန်မှာသူတို့ ရှိရာအရောက်သွားပြီးယခုအခါ၂နှစ်သက်တမ်းရှိအစိမ်းရောင် စာအုပ်(C of I)ဘယ်သူဘယ်ဝါဖြစ်ကြောင်းအထောက်အထားလက်မှတ်စာအုပ် နဲ့ ၂၇ချက်ပါစာရင်းကောက်ခံမယ့်အချက်အလက်တွေအကြောင်းဆရာမိုးကွင်းဆင်း ရှင်းပြနေပါပြီ။ဟောဒီပုံကတော့သူတို့ ဦးလေးးတစ်ဦးစ်ရုံထဲအလည်လာသလို ရင်းနှီးစွာမေးမြန်းကြတဲ့ပုံရိပ်တွေပါပရိသတ်။
(၂နှစ်သက်တမ်းရှိ အစိမ်းရောင်ယာယီအထောက်အထား လက်မှတ်စာအုပ်နမူနာ'နဲ့ အခြားအထောက်အထားလိုအပ်ချက်တွေကိုဝိုင်းကြည့်ကြ-လက်တွေ့ ပြသ)
>>>>>>>>>>>>>>>>>>&gt
;>>>>>>>>>>
+ဒီလျှပ်စီး+
Read More...
၂နှစ်သက်တမ်းရှိအစိမ်းရောင်ယာယီအထောက်အထားစာအုပ်အကြောင်း မဲဆောက်မှာကွင်းဆင်းရှင်းပြနေပြီ။
**မဲဆောက်မြို့ ကဆရာမိုး
 စက်ရုံတကာသူလိုက်ဒိုး
 ဒိုးပေမယ့်လို့ ရောက်လေရာ
မသိနားမလည်တာရှင်းပြရှာ
ယခုအခါအစိမ်းရောင်စာအုပ်
အဟုတ်ရှင်းပြတာသူ့ အလုပ်
သူ ရောက်လေရာချစ်ကြတယ်
 ဆွေမျိုးတစ်ဦးရောက်သည့်နှယ်
 အလုပ်သမားအပေါါ်လူပါးမဝ
အဲဒါကမှခေါင်းဆောင်ဗျ
အဲဒါကမှခေါင်းဆောင်ဗျ
အဲဒါကမှခေါင်းဆောင်ဗျ..။**
 ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ ရဲ့ တနဂံနွေ(စက်ရုံအများစုကမနက်မှညနေ အထိအလုပ်လုပ်ခိုင်းပြီးညနေ၅နာရီကျမှအိုတီမခိုင်းတော့ပဲနားကြရတဲ့) မြန်မာရွှေ့ ပြောင်းအလုပ်သမား
သူမတို့ သူတို့ ရှိရာကိုမွန်းလွဲ၁၂နာရီထမင်းစားနားချိန်မှာ သူတို့ ရှိရာအရောက်သွားပြီးယခုအခါ၂နှစ်သက်တမ်းရှိအစိမ်းရောင်စာအုပ် (C of I)ဘယ်သူဘယ်ဝါဖြစ်ကြောင်းအထောက်အထားလက်မှတ်စာအုပ် နဲ့ ၂၇ချက်ပါစာရင်းကောက်ခံမယ့်အချက်အလက်တွေအကြောင်းဆရာမိုးကွင်းဆင်း ရှင်းပြနေပါပြီ။ဟောဒီပုံကတော့သူတို့ ဦးလေးးတစ်ဦးအလည်လာသလို ရင်းနှီးစွာမေးမြန်းကြတဲ့ပုံရိပ်တစ်ခုပါပရိသတ်။
>>>>>>>>>>>>>>>>
>>>>>>>>>>>>>
+ဒီလျှပ်စီး+
Read More...
Friday, February 27, 2015
==Tea Talk===
**မဲဆောက်မြို့ ကဆရာမိုး
စက်ရုံတကာသူလိုက်ဒိုး
 ဂိုးသွင်းကောင်းတဲ့ဦးလေးဟာ
ဆရာမိုးအပြင်ဘယ်သူရှိမှာ။
စက်ရုံအနိးအနားလက်ဘက်ရည်ဆိုင်များ
မထိုင်ဘူးတာမရှိသဗျား။
 Tea Talkဆိုတဲ့ထိစပ်အနေ
 နားလည်သူမှသိမယ်လေ။
 အရက်သောက်စားဘယ်တော့မပြော
သိသင့်တာကိုလမ်းမှန်ပြော....။**
==Tea Talk===
 ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ရဲ့ မြန်မာရွှေ့ ပြောင်းလုပ်သား၂သိန်းခန့် မှာ ၁သိန်းလောက်ရှိတဲ့တရားဝင်ရော၊တရားမ၀င်အိမ်တွင်းမှုအလုပ်ရုံဆိုတာတွေမှာပါ အချိန်ပေးနိုင်ရင်ပေးနိုင်သလောက်စကားလိုက်ပြော၊သူတို့ သိချင်တာကိုရှင်းရှင်းနဲ့ မှလင်းလင်းပြောဆိုပေးနေ
တာကဆရာမိုးပါ။မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)အဖွဲ့ မှာရောထိုင်းနိုင်ငံလု့းံဆိုင်ရာ့ မြန်မာရွှေ့ ပြောင်းအလုပ်သမား
ကွန်ရက်(MMNT)မှာပါအကြီးအကဲတာဝန် ထမ်းဆောင်နေသူဖြစ်ပါတယ်။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+စွန်ရဲ+
Read More...
Monday, January 12, 2015
==မြန်မာပြည်သားအမောင် အဖြူရောင်ဂျာနယ်ကိုသူတို့ ၊သူမတို့ ဖတ်ကြသည်===
**သူမတို့ ဖတ်
သူတို့ မှတ်သည့်
လတ်ဆတ်ပြန့် ပွား
 မြန်မာပြည်သားအမောင်
 အဖြူရောင်ဂျာနယ်ထွက်ပါပြီ..**
မဲဆောက်၊ဖုတ်ဖရာံ၊မယ်ရမတ်စတဲ့ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်ကမြို့ နယ် တွေ၊၊မဲဆောက်မြို့ 
တဖက်ခြမ်းမြ၀တီမြို့ နဲ့ အချို့ သောရန်ကုန်နဲ့ နေပြည်တော်က ပရိသတ်တွအတွက်မြန်မာပြည်သားအမောင် အဖြူရောင်ဂျာနယ်ထွက်ပါပြီဗျို့ ။
 +ဒီလျပ်စီး+
Read More...
Saturday, December 27, 2014
==အပြာရောင်နဲ့ အစိမ်းရောင်၂၀၁၅ပြက္ခဒိန်၂ခုကပြောပြတဲ့ယုံစားမှုများ==
(မဲဆောက်မြို့ ကနာမည်ကြီးဖိုးထူးလက်ဘက်ရည်ဆိုင်မှာ)
မဲဆောက်အပါအ၀င်၂၀၁၅ပြက္ခဒိန်တာ့ခ်ခရိုင်ကဒို့ လူထုအားကိုဒို့ ယုံစားစွာနဲ့  ၂၀၁၅ပြက္ခဒိန်၂ခုကိုဖြန့် ဝေနေပြီမိတ်ဆွေတို့ ရေ။ မနေ့ တစ်နေ့ ကထွက်ရှိတဲ့၂ခုကိုဒို့ လူထုကခပ်လွယ်လွယ်ပဲ *အပြာရောင်*နဲ့ *အစိမ်းရောင်*လို့ ကင်ပွန်းတပ်ကြတယ်လေ။ *အပြာရောင်*ဆိုတာကမြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) အဖွဲ့ ရဲ့ ၂၀၁၅ပြက္ခဒိန်ဖြစ်ပြီး*အစိမ်းရောင်*ဆိုတာကထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ ပြောင်းအလုပ်သမား
ကွန်ရက်(MMNT)ရဲ့ ၂၀၁၅ပြက္ခဒိန်ပဲဖြစ်ပါတယ်။
(မဲဆောက်မြို့ ကနာမည်ကြီးမယ်တော်ဆေးခန်းမှာ)
ဖြန့် ဝေတဲ့စနစ်ဇယားကလည်းကွက်တိပါပဲ။မဲဆောက်မြို့ မှာ
ဆိုရင် *ဖိုးထူးလက်ဘက်ရည်ဆိုင်*ကလူသိများတယ်။လူဝင်လူထွက်များတယ်။ဒါကြောင့်  ဖိုးထူးလက်ဘက်ရည်ဆိုင်မှာအဲဒီအပြာရောင်ကော၊အစိမ်းရောင်ပါရှိစေဗျာ။ ဒီနေ့ မနက်စောစောနဲ့ မှစီးစီးလူသူရှင်းချိန်မှာသွားချိတ်စေဗျာ။
(မဲဆောက်မြို့ ကနာမည်ကြီးမယ်တော်ဆေးခန်းမှာ)
အဲဒီနောက်ဒီနေ့ မနက်မှာပဲလူဝင်လူထွက်များပြီးအများမြင်နိုင်တဲ့မဲဆောက်မြို့  မယ်တော်ဆေးခန်း(အရပ်အခါါ်-ကျောင်းသားဆးခန်း)မှာဆက်ချိတ်စေဗျာ။ အဲ...မနေ့ ကတော့မဲဆောက်မြို့ တောင်ဘက်ကဖုတ်ဖရာ့မြို့ နယ်မှာစအိုတိုက်နယ်၊ ဖုတ်ဖရာ့မြို့ ထဲပိုင်း၊ချောင့်ခက်မြို့ နယ်ခွဲတို့ ကိုဖြန့် ဝေခဲ့ ပြီးပြီလေ။
(မဲဆောက်မြို့ တောင်ဘက်ဖုတ်ဖရာ့မြို့ နယ်ဆီခိုထိုင်းရွာက နာမည်ကြီးအာလူးလက်ဘက်ရည်ဆိုင်မှာ)
ဒါကြောင့်ခဏခဏပြောနေရတာပေါ့။လူထုအား(ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ ပြောင်း အလုပ်သမား)အားကိုယုံကြည်ကိုးစားမှုအပြည့်နဲ့ လှုပ်ရှားပါလို့ ။
*ပြည်သူ့ အားကို
ဒို့ ကိုးစားလျှင်
ဓားသွားလည်းထက်
 ခြေလှမ်းသွက်၏.....တဲ့။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
+ဒီလူ့ ကြယ်+
Read More...
Wednesday, November 5, 2014
==ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ က၁၀နှစ်သက်တမ်းဝင်လာတဲ့မြန်မာ ရွှေ့ ပြောင်း အလုပ်သမားမိသားစုဝင်ကလေး၄၆၆ဦး၊ဆရာဆရာမ၁၆ဦးတို့ ရဲ့ဲJACBAအဖွဲ့ ပိုင်**နေ့ သစ်အလကကျောင်း** မနက်ကျောင်းတက်ချိန်မြင်ကွင်းလေးပါ==
(**တန်းစီ...ဒို့ တန်းစီကြမည်......အားလုံးညီညီ**)
**(တန်းစီ...ဒို့ တန်းစီကြမည်......အားလုံးညီညီ.......ရှေ့ ချီ....ဒို့ ကျောင်းဂုဏ် ပြောင်..ထွန်းသည်.....
အားလုံးရဲ့ ရှေ့ မှာ....ကြယ်ပွင့် သို့ စီ.......)၂
.(ရှေ့ ချီ....ဒို့ ကျောင်းဂုဏ် ပြောင်..ထွန်းသည်.....
အားလုံးရဲ့ ရှေ့ မှာ....ကြယ်ပွင့် သို့ စီ......)
(မူကြိုကလေးတွေလည်းတန်းစီရပါတယ်။)
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ (ဆရာမိုး---ရေးဖွဲ့ သင်ကြားပေးသောကျောင်းသီချင်းများမှ...)
Read More...
Wednesday, September 10, 2014
==မဲဆောက်မြို့ ကဂျဂွါ(စတီးလ်)စက်ရုံအလုပ်သမားကိုယ်စားလှယ်များမှ စက်ရုံရှိအလုပ်သမားများအား အလုပ်ရှင်-အလုပ်သမားသဘောတူစာချုပ် ကိုရှင်းလင်းပြောဆို==
(ထိုင်းအလုပ်သမားဝန်ကြီးဌာနအလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး(LPO-ဆ၀ါဒီကန်)ရှေ့ မှာအောင်ပွဲရဂျဂွါ၉စတီးလ်)စက်၇ုံအလုပ်သမား ကိုယ်စားလှယ်တွေ နဲ့ JACBAအမှုဆောင်၂ဦး)
++(စက်တင်ဘာလ၁၀ရက်-၂၀၁၄-သောင်ရင်းနဂါး)++
တနေ့ ကစာချုပ်ချုပ်ဖို့ နှစ်ဘက်သဘောတူကြပြီးမနေ့ ကပဲ ပူပူနဲ့ မှနွေးနွေး အလုပ်ရှင်-အလုပ်သမားသဘောတူစာချုပ်ချုပ်ဆိုခဲ့ကြတဲ့ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဝှေ့ မုရွာရှိဂျဂွါ(စတီးလ်)စက်ရုံမှာဟာအားလုံးလိုလို(၈၀)ရာခိုင်နှန်း ထက်မနည်းကျေနပ်နေကြတာရယ်၊အလုပ်သမားကိုယ်စားလှယ်တွေကနေပြီးတော့ စက်ရုံရှိအလုပ်သမား(၈၀)လောက်ကိုသဘောတူစာချုပ်ပါအချက်အလက်တွေကို ရှင်းလင်းပြောဆိုကြတာကိုအခုလိုရှုစားကြရမှာပါပရိသတ်။
(မဲဆောက်မြို့ ကဂျဂွါ(စတီးလ်)စက်ရုံအလုပ်သမားကိုယ်စားလှယ် (သူတို့ တွေက)စက်ရုံရှိအလုပ်သမားများအားအလုပ်ရှင်-အလုပ်သမားသဘောတူစာချုပ် ကိုရှင်းလင်းပြောဆို)
(မဲဆောက်မြို့ ဂျဂွါ(စတီးလ်)စက်ရုံအလုပ်သမားကိုယ်စားလှယ်များမှ စက်ရုံရှိအလုပ်သမားများအားအလုပ်ရှင်အလုပ်သမားသဘောတူ စာချုပ်ကိုရှင်းလင်းပြောဆိုရာမှာတွေ့ မြင်ရတဲ့စက်ရုံထဲက မြန်မာလုပ်သားတွေ)
 ဓါတ်ပုံ--သမိန်ဝင်းလှိုင်
Read More...
Sunday, August 10, 2014
==ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ကထိုင်းဘုန်းကြီးကျောင်း၁ခုမှာ စနေ-တနဂံနွေနေ့ တွေဆိုရင် ထိုင်း နဲ့ မြန်မာကလေးတွေကိုပညာဒါနပေးဝေနေဆဲပါ=
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မြောက်ဖက်(၇)ကီလိုမီတာအကွာအဝေးမှာ မယ်ပတိုက်နယ်မယ်ကုလွမ်ဆိုရပ်ကွက်ဆိုတာရှိပါတယ်။အဲဒီရပ်ကွက်ထဲမှာ*၀ပ်မွန်ခွန် နိမိတ်* အမည်ရထိုင်းဘုန်းကြီးကျောင်းမှာထိုင်းဆရာတော်ကိုယ်တိုင်ကသူ့ ကို ကိုးကွယ်တဲ့ထိုင်းတကာတကာမတွေရဲ့ ကလေး၂၅ဦးရယ်၊ဒေသထဲကမြန်မာရွှေ့ ပြောင်းလုပ်သားတွေရဲ့ 
ကလေး၂၅ဦးလောက်ရယ်ဟာအတန်းကျောင်းတွေ တက်နေကြပေမယ့်ထိုင်းကလေးတွေကမြန်မာစာမတတ်ကြသလိုမြန်မာကလေး တွေကလည်းမြန်မာစာ
အားနည်းပြီးသချာံ၊အဂံလိပ်စတာတွေပါအားပျော့ကြတာမို့ ဆရာမိုးတို့ (JACBA)အဖွဲ့ ဆီမနှစ်ကစပြိး
အကူအညီတောင်းပါတယ်။
ဆရာမိုးတို့ ကလည်းမနှစ်ကစပြီးစနေတနဂံနွေနေ့ တွေဆိုရင်ဆရာမဒေါါ်ထွေးကိုအထည်ချုပ်ရုံကနေခွင့်ယူပြီး
အမာခံသင်ကြားစေပါတယ်။(JACBA)အဖွဲ့ ကဆရာကြည်(နေသစ်အလက)ကိုလည်း
၂ပတ်တစ်ခါစေလွှတ်ပြီးကြီးကြပ်ကူညီစေခဲ့ပါတယ်။
ဟော...ဒီနှစ်မှာတော့ ဆရာမိုးကိုယ်တိုင်၁ပတ်၁ရက်ကူညီသင်ကြားပေးနေဆဲပါ။
 +သောင်ရင်းနဂါး+
Read More...
Wednesday, July 23, 2014
==ထိုင်းနိုင်ငံလုံးဆိုင်ရာစီဘီအိုအဖွဲ့များရဲ့ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်နေဆဲ မဲဆောက်MRPWGကွန်ယက်အဖွဲ့ ဝင်တွေရဲ့ လှုပ်ရှားမှုတွေပါ==
(ထိုင်းနိုင်ငံမြောက်ပိုင်းဒေသကမဲဆောက်ကြယ်ပွင့်များ (သို့ )MRPWGကွန်ယက်အဖွဲ့ ဝင်များ)
ထိုင်းနိုင်ငံလုံးဆိုင်ရာစီဘီအိုအဖွဲ့များရဲပထမဆုံအကြိမ့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေဆဲမဲဆောက်MRPWGကွန်ယက်အဖွဲ့ ဝင်တွေရဲ့ လှုပ်ရှားမှုတွေကိုဒီလိုဒီလိုရတတ်သမျှ
ဖြန်ဝေပေးလိုက်ပါတယ်။
(မိမိတို့ တင်ပြမယ့်အကြောင်းအရာကိုပီပီပြင်ပြင်၊
စီစီစဉ်စဉ်အောင်အောင်မြင်မြင်ပြောဆိုဖို့
့သေချာဆွေးနွေးနေကြ
)
မဲဆောက်အခြေစိုက်MRPWGကွန်ယက်အဖွဲ့ ဆိုတာက ၂၀၀၆ခုနှစ်ဇူလိုင်လကတည်းကအလုပ်သမားရေးရာစီဘီအိုတွေ၊ပညာရေးရာစီဘီအို တွေ၊ကျန်းမာရေးရာ
စီဘီအိုတွေနဲ့ စုစည်းတည်ဆောက်ခဲ့ကြပြီးတော့ကာ မဲဆောက်ကနေပြင်ပထွက်ပြီးဆွေးနွေးပွဲတွေတက်ရတဲ့အခါမှာပြောင်မြောက်တဲ့ ပြောဆိုတင်ပြမှုတွေနဲ
(မဲဆောက်ဒေသကမနေ့ က(ဇူလိုင်လ၂၁)ညပိုင်း
အစည်းအဝေးကိုတစ်နေ့ လုံးစိတ်မသက်သာလို့ 
လုံးဝမတက်ကြသူတွေဟာဒီနေ့ တော့ပုံမှန်က်ရောက်ပြီး
ညပိုင်းမှာနခွန်းပထုန်ခရိုင်-၀ပ်ရပ်ခ်ဟင်းဘုန်းကြီးကျောင်းနဲ့ 
ဘုရားကိုဖူးမျှော်ရင်းအခုလိ)
(ဇူလိုင်၂၂ရက်-၂၀၁၄)
=သောင်ရင်းနဂါး==
Read More...
Sunday, July 13, 2014
မဲဆောက်မြို့ ထိုင်းဘုန်းကြီးကျောင်းမှာထိုင်း-မြန်မာကလေး၄၀ကိုစာသင်ပေး
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မြောက်ဖက်(၆)ကီလိုမီတာ အကွာကမယ်ကုလွမ်ရပ်ရှိဝပ်မွန်ခွန်နိမိတ်အမည်ရ ထိုင်းဘုန်းကြီးကျောင်းမှာထိုင်း-မြန်မာကလေး၄၃ဦးကို JACBAကအချိန်ပိုင်းအနေနဲ့ မြန်မာသင်ရိုးအတိုင်း စာသင်ပးနေဆဲပါ။ဒီစာသင်ဝိုင်းလေးဟာJACBAက၁၀နှစ်နီး ပါးကြာတည်ထောင်ဖွင့်လှစ်ထားတဲ့နေ့ သစ်အလကကျောင်းရဲ့ ကျောင်းခွဲငယ်အဆင့်သတ်မှတ်ထားပြီး
သက်တမ်း၂နှစ်ရှိပါပြီ။ ထိုင်းကလေးငယ်၁၇ဦး၊ကိုရင်၆ပါး၊မြန်မာရွှေ့ ပြောင်းအလုပ်သမားမိသားစုဝင်ကလေး၂၀ဦး(စုစုပေါင်း၄၃ဦး
တက်ရောက်နေကြပါလေရဲ့ ။
(ဇူလိုင်လ၁၃ရက်-၂၀၁၄)  
(ထိုင်းကျောင်းသားလေးကဒီနေ့ ဆရာမိုးသင်ပေးတဲ့
ရဲရင့်ခြင်း နဲ့ ကြောက်ရွံ့ ခြင်းအတွေးအမြင်ပန်းချီကိုသရုပ်ပြနေစဉ်)
(JACBAအဖွဲ့ ဝင်ဆရာမ ဒေါါ်ကေသီ..မြန်မာသင်ရိုးအတိုင်း စာသင်ကြားနေစဉ်) 
(JACBAအဖွဲ့ ဝင်ဆရာမ ဒေါါ်ကေသီနဲ့ စာလာပြတဲ့..ထိုင်း၁)ီး-မြန်မာ၂ဦးကလေးအချို့ )
(ကိုရင်၁ပါးကသင်ထားသမျှစာကိုပြန်ပြောပြနေစဥင်္)
(ထိုင်းကျောင်းသူလေးကးဒီနေ့ ဆရာမိုးသင်ပေးတဲ့
ရဲရင့်ခြင်း နဲ့ ကြောက်ရွံ့ ခြင်းအတွေးအမြင်ပန်းချီကိုသရုပ်ပြနေစဉ်)
ဓာတ်ပုံသတင်း--ရဲမင်း
Read More...
Friday, May 2, 2014
==ထိုင်းရဲတွေ အထောက်အထားရှိရှိ၊မရှိရှိမြန်မာရွှေ့ ပြောင်းလုပ်သားတွေကို ငွေညှစ်နေကြောင်းThe Daily Eleven နေ့ စဉ်သတင်းစာကိုဦးမိုးကြိုးဒီနေ့  ရန်ကုန်မှာထပ်ပြောပြီ=
(The Daily Eleven နေ့ စဉ်သတင်းစာသတင်းထောက်မလေးနဲ့ ရန်ကုန်မြို့ လယ် ပန်းခြံထဲမှာအင်တာဗျုးပေးအပြီးအမှတ်တရ)
Read More...
Thursday, May 1, 2014
===ဒီနေ့ မြင်ခဲ့ရတဲ့ရန်ကုန်မြို့ ကမေဒေးလှုပ်ရှားမှုပုံရိပ်အချို့ ပါ==
(ရန်ကုန်မြို့ တော်ခန်းမရှေ့ ဆူးလေဘုရားအနီးပန်ူးခြံထဲကကြွေးကြော်သံတွေ နဲ့ လှုပ်ရှားကြသူတွေ)
ဒီနေ့ ကျရောက်တဲ့ (၁၂၄)နှစ်မြောက်မေဒေးနေ့ ကိုမတူကွဲပြားစွာကျင်းပသွားတဲ့ ပုံရိပ်တွေကို
 မြန်မာနိုင်ငံနေပြာည်တော်ကနေဒီနေ့ မနက်စောစောမှပြန်ရောက်လာတဲ့ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ ပြောင်း
အလုပ်သမား အကျိုးဆောင်၁ဦးရဲ့မှတ်တမ်းကဒီလိုဗျ။
(ရန်ကုန်မြို့ တော်ခန်းမရှေ့ ဆူးလေဘုရားအနီးပန်ူးခြံထဲကကြွေးကြော်သံတွေ နဲ့ လှုပ်ရှားကြသူတွေ) 
(တချိန်ကFTUB-အခုFTUMကဦးစီးကျင်းပတဲ့လှိုင်သာယာစက်မှုဇုန်ကမေဒေးအခမ်းအနား)
(လှိုင်သာယာစက်မှုဇုန်ကသူမတို့ တတွေဝတ်ဆင်ထားတာကဒီလိုဗျ)
+သောင်ရင်းနဂါး+
Read More...
Total Pageviews
Labels
ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)