“သြ…. ဒီသင်တန်းကျောင်းကကုန်ဈေးနှုန်းကျဆင်းရေးကိုထင်ကျော်၊ဗကသဇာနည်တို့နဲ့ တိုက်ရိုက်ပတ်သက်ဆက်စပ်နေတဲ့ ကျောင်းပေကိုး”
ဦးနဂါးတစ်ယောက် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့တော်သို့ ရွှေပြောင်းအလုပ်သမားအစည်းအဝေးတက်ရောက်ရန်ဒုတိယအခေါက် ရောက်ရှိစဉ်မှာ MDCFအဖွဲ့၏ အခမဲ့ နည်းပညာသင်တန်းကျောင်းတွင်တည်းခိုရင်း ဤကောက်ချက်စကားကိုပြောကြားမိလိုက်ခြင်းဖြစ်ပါ၏။(ထိုစဉ်ကကိုထင်ကျော်တစ်ယောက် ယုံကြည်ချက်ကြောင့်ထောင်ထဲမှာပဲရှိနေပါသေးသည်။)

အနှီအခမဲ့ နည်းပညာသင်တန်းကျောင်းတွင် အခြေခံ နှင့်အဆင့်မြင့်ကွန်ပျူတာ ပညာရပ်၊ အခြေခံနှင့် အဆင့်မြင့် အင်္ဂလိပ်စာ စသည်တို့ကို နေ့စဉ်အချိန်အပိုင်းအခြားသတ်မှတ်ပြီး သင်ကြားပေးနေသည်ကို တွေ့မြင်ရပါ၏။ MDCF အဖွဲ့၏ အလုပ်အမှုဆောင်များဖြစ်ကြသော ဗကသနှင့်ဗြိတိသျကောင်စီကနည်းပြကိုဇာနည်(ခ)ကျော်ဦး(ခ)ကျော်ကျော်(ခ)မင်းထက်ကျော်၊
မောင်ဇေယျာလင်း၊ မောင်မှတ်ကြီး၊ ကိုသိန်းအောင်မြင့် (အထက်မြန်မာပြည်ဆိုင်ရာ MDCF တာဝန်ခံ) တို့ကသင်တန်းနည်းပြများအဖြစ် တာဝန်ယူဆောင်ရွက်ပေးနေတာကိုလည်း တွေ့မြင်ရပါ၏။ သူတို့ ရဲ့ မျက်နှုာသွင်ပြင်ကလူထုအတွက်ဆိုရင်ရှေ့ ကရဲရဲဝံ့လုပ်ဆောင်ရန်အသင့်လို့ မပြောပဲနဲ့ ကြည့်ရုံနဲ
့သိနိင်ပါတယ်။ အဲဒီတုန်းကကိုထင်ကျော်ကထောင်ထဲမှာ၊ဇေယျာလင်းကရဲစခန်းမှာလူထုအတွက်အမှုရင်ဆိုင်နေ ရဆဲပါ။ အခုလောလောဆယ်တွင်ပင် မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်များမှ သင်တန်းသူ ၆၀ဦးခန့် သည် အချိန်နှစ်ချိန်ခွဲ၍ အခြေခံနှင့် အဆင့်မြင့်ကွန်ပျူတာပညာကို လာရောက်သင်ကြားလေ့လာနေတာကို ရှုစားခဲ့ရပါ၏။
အိုကေ...တည်နေရာ အညွှန်းက ဟုတ်စ။ ရန်ကုန်မြို့တော် မြောက်ဥက္ကလာပမြို့နယ် ဧရိယာထဲက “ဘုန်းကြီးလမ်းမှတ်တိုင် (မယ်လမုဘုရားအနီး) ဆိုရင် ရပါပြီမိတ်ဆွေ” ။အဲဒီမှတ်တိုင်ကနေနည်းနည်းလမ်းလျှောက်လိုက်ရင် အိမ်ရှေ့မှာဆိုင်းဘုတ် ကြီးထင်းထင်းကြီးနဲ့ လင်းလင်းကြီးချိတ်ထားတဲ့ MDCF ရဲ့ သင်တန်းကျောင်းကိုတွေ့ရမှာဧကန်ပါမိတ်ဆွေ။ ။
(ဆက်လက်ဖော်ပြပါမည်)
+သောင်ရင်းနဂါး+