ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label ဘာသာရေးဆောင်းပါး. Show all posts
Showing posts with label ဘာသာရေးဆောင်းပါး. Show all posts

Friday, February 17, 2012

နှုတ်ခမ်းမွေးဆရာတော် -


လုပ်ငန်းရယ်ပို
နှုတ်ခမ်းကို သူကြည်ညိုသတဲ့
သီဟိုဠ်ပြန်ဘုန်း၊
စဉ်ရှေးဟို
...မွေးကို ဘယ်လိုဆိုပေါ့
သီဟိုဠ်ပြန်ဆရာဥာဏ်ရဲ့
အပါဒါန်ရွှေစာတမ်းလို့ရယ်
ကျမ်းပြုပါဦး။

ရန်ကုန်မြို့၊ စွယ်တော်ဘုရားဝင်းအတွင်းရှိ၊ လက္ခဏာဝေဒပညာရှင်''ရဲနေအောင်''၏အ
လုပ်ခန်းသို့ ရောက်နေကျအတိုင်း (၁၃-၈-၂၀၀၂)ညနေပိုင်း၊ ၀င်အသွားတွင် ဖေါ်ပြပါကဗျာ
လေးဖြင့် ခရီးရောက်မဆိုက် ကြိုဆိုနှုတ်ဆက်ခြင်း ခံရပါသည်။

''ဘယ့်နှယ် ကဗျာတွေ ဘာတွေရွတ်လို့၊ ဘာစိတ်ကူးပေါက်လို့လဲ ဆရာရဲ့''
''ဩော်...ဆရာ့မြင်တာနဲ့ ဒီကဗျာလေးအကြောင်း ဂဃနဏ သိချင်လို့''
''ခင်ဗျားလည်း လက္ခဏာဝေဒပညာရှင်ဆိုပေမယ့် စာပေလည်း ၀ါသနာပါသူပဲလေ၊ ဒါ
ကြောင့်လည်း ခုလို ရှာရှာဖွေဖွေရတာပေါ့၊ အဲဒါဘယ်သူ့ကဗျာလဲ သိသလား''
''လယ်တီလိုလို၊ မန်လည်လိုလိုပဲ၊ ကျကျနနတော့ မသိဘူးဆရာ၊ ဘုရားမှာ နှုတ်ခမ်းမွေး
ပါသင့်၊ မပါသင့် ပြဿနာပဲ ဆရာရဲ့၊ ဆရာလည်း ၂၀၀၁-ခုနှစ်က သီရိလင်္ကာပြန်ဆိုတော့ ဒီ
အကြောင်း သိမလားလို့ပါ''
''ဒါက သီရိလင်္ကာပြန်ခြင်း၊ မပြန်ခြင်းနဲ့မဆိုင်ပါဘူးဗျာ၊ သာသနာရေးစိတ်ဝင်စားသူတိုင်း
သိနိုင်တဲ့အထင်ကရ ပြဿနာတစ်ခုပါ''
''ကဲ...ဆရာသိသမျှ ရာဇ၀င် လှန်ပြပါဦးဆရာ''
''ကျွန်တော်တို့ သာသနာ့သမိုင်းမှာ ကျေးဇူးတော်ရှင်မန်လည်ဆရာတော်ကြီးတို့၊ လယ်တီ
ဆရာတော်ကြီးတို့ ပညာဆီမီး၊ ထိန်ထိန်ညီးနေတဲ့ကာလကပေါ့ဗျာ...။ သက္ကရာဇ် ၁၂၀၀-
ကျော်ခန့်ကပေါ့၊ ဟင်္သာတမြို့အပိုင်၊ ဓနုဖြူမြို့အနီး ညောင်ချောင်းကျေးရွာမှာ ဆရာတော်
ဦးဥာဏ၀ံသ ဆိုတာ သီတင်းသုံးနေတယ်''

''ဆရာတော်ဟာ သီရိလင်္ကာမှာသွားပြီး သက္ကတစာပေ၊ သီဟိုဠ်စာပေ၊ အင်္ဂလိပ်စာပေတွေ
သင်ကြားတတ်မြောက်ထားတော့ ပတ်ဝန်းကျင်မှာ ကြည်ညိုသူ ဒကာ ဒကာမတွေ ပေါတာပေါ့
ဗျာ၊ အဲဒီဆရာတော်ကြီးက သီရိလင်္ကာပြန်စာတတ်ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ အယူအဆသစ်တစ်ခု
ဖေါ်ထုတ်ခဲ့တယ်ဆရာရဲရေ...''

''ဘယ်လို အယူအဆသစ်လဲ ဆရာ...''

''ဗုဒ္ဓဟာ အနောက်မဇ္ဈိမဒေသ ခတ္တိယအနွယ်ဖွား၊ ဇာတ်မြင့်၊ အိန္ဒိယနိုင်ငံသားဖြစ်တယ်၊
သိဒ္ဓတ္ထမင်းသားဘ၀က အနောမာသောင်ခုံမှာ ဆံတော်ကို ကိုယ်တိုင်ဖြတ်လို့ လက်နှစ်သစ်ခန့်
ကြွင်းတယ်လို့ ဗုဒ္ဓ၀င်မှာ ဆိုတယ်၊ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးတွေကို ပယ်တယ်လို့ ဘယ်ကျမ်း
ဂန်မှာမှ ဖေါ်ပြမထားဘူး။ မဟာပုရိသယောကျာ်းကောင်း၊ ယောကျာ်းမြတ်တို့ရဲ့ရုပ်လက္ခဏာ
မှာ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးပါမှ ခန့်ညားမယ်၊ တင့်တယ် သပ္ပါယ်မယ်၊ ဒါကြောင့် ဗုဒ္ဓရဲ့မျက်
နှာတော်မှာ နှုတ်ခမ်းမွေးနဲ့ပန်းချီပန်းပုထုလုပ် ကိုးကွယ်သင့်တယ်တဲ့''

''စာတတ်လာတဲ့ မာန်နဲ့အတွေးးသစ်ကို တွေးမိလာတာနဲ့တူပါတယ် ဆရာ''

''အဲဒီ ညောင်ချောင်းဆရာတော်ဟာ သူ့အယူအဆကို ကိုင်စွဲပြီး မဟာပုရိသလက္ခဏာ
တော်ဘုရားရှိခိုးနဲ့ နှုတ်ခမ်းမွေးတပ်ထားတဲ့ဘုရားပုံတော်ပါစာအုပ်ကိုပါ ရေးသားဖြန့်ဝေခဲ့သတဲ့''

''ဟာ...အတော် အူကြောင်ကြောင်နိုင်တဲ့ အယူအဆပါလားနော်''

''အင်း...ခင်ဗျားလိုပဲ၊ မဟုတ်တာဆို နည်းနည်းမျှ လက်မခံတဲ့ မန်လည်ဆရာတော်
ဘုရားကြီးကလည်း အဲဒီဆရာတော်ရဲ့ မဟုတ်မဟတ်အယူအဆကို ဘ၀င်မတွေ့လို့ အစောက
ခင်ဗျားရွတ်လိုက်တဲ့ဒွေးချိုးလေး ရေးလိုက်တာတဲ့''
''သာဓုခေါ်စရာပါပဲ ဆရာ၊ သာသနာမှာ အဲဒီလို မတူမူမူမတဲ့တွေကို မတစ်လုံးကျေမန်
လည်ဆရာတော်ကြီးတို့လို ဆရာတော်ဘုရားများက ရဲရဲဝံ့ဝံ့ မဟုတ်ရင် မဟုတ်ကြောင်း၊ မမှန်
ရင်မမှန်ကြောင်း ထောက်ပြတာ ကြည်ညိုစရာကောင်းတဲ့ လုပ်ရပ်ပါပဲဆရာ၊ တိုင်းကျော်ပြည်
ကျော်ဖြစ်ရော့ပေါ့''
''ဖြစ်ပြီလား ဆရာရဲရေ၊ ဒီဇာတ်လမ်း သိကြတဲ့သူတိုင်းဟာ ကဗျာလေးကို ဖတ်မိတိုင်း
တ၀ါးဝါးပွဲကျသွားသတဲ့၊ အဲဒီကဗျာဟာလည်း ခုတိုင် အမှတ်တရ သမိုင်းဝင်ကဗျာလေး ဖြစ်နေ
တာပေါ့''
''ညောင်ချောင်းဆရာတော် ဆရာတော်ဦးÓဏ၀ံသက ငြိမ်ခံနေသလားဆရာ''
''ဘယ်ငြိမ်ခံမလဲဗျာ၊ ငါလည်း စာတတ်ပဲဆိုပြီး မန်လည်ဆရာတော်ကြီးအပေါ် မှိုချိုးမျှစ်
ချိုး ချေပရေးသားခဲ့သတဲ့''
''ဟာ...ပွဲကြီးပွဲကောင်းဖြစ်မှာပဲ ဆရာ''
''နှုတ်ခမ်းမွေးအရေးတော်ပုံကြီးအဖြစ် ကြီးထွားလာလိုက်တာ၊ ကာယကံရှင်တွေသာမက
ဘေးကဆရာတော်ကြီးတွေအထိ ကူးစက်ကုန်တာပေါ့''
''ဘယ်လိုကူးစက်လဲ ဆရာ၊ စိတ်ဝင်စားဖို့ ကောင်းသထက်ကောင်းလာပါလား၊ အဲဒီအ
ချိန်က မန်လည်ဆရာတော်ဘုရားကြီးနဲ့လယ်တီဆရာတော်ဘုရားကြီးတို့ဟာ ရင်းရင်းနှီးနှီးကျွမ်း
ဝင်ချစ်ခင်ကြတာကိုး၊ အဲဒီအချိန်မှာ ဟင်္သာတြိမို့က ဒကာ ဒကာမတွေက လယ်တီဆရာတော်
ဘုရားကြီးကို တရားဟောဖို့ ပင့်လျှောက်လာသတဲ့၊ မန်လည်ဆရာတော်ပေါ်ထားတဲ့ အငြိုးနဲ့
လယ်တီဆရာတော်ကြီးကို ညောင်ချောင်းဆရာတော်နဲ့တပည့်တပန်းတွေက ပဋိပက္ခရန်ရှာမှာ
စိုးတဲ့ဓနုဖြူမြို့က ဒကာ ဒကာမတွေက ဟင်္သာတမြို့ကို မကြွရောက်သင့်ကြောင်း လယ်တီဆရာ
တော်ကြီးကို ၀ိုင်းလျှောက်ကြသတဲ့''

(လယ်တီဆရာတော်ကြီး)

''လယ်တီဆရာတော်ကြီးက ဘာပြန်ပြောသလဲဆရာ''

''မစိုးရိမ်ကြနဲ့ကွာ၊ ဟင်္သာတပွဲကို လက်ခံလိုက်တာဟာ ညောင်ချောင်းဘုန်းကြီးကိုပါ
တရားဟောချင်လို့ပါ၊ ငါတို့မေတ္တာကို ငါတို့ယုံကြည်ပါတယ်၊ စိတ်အေးအေးထားပြန်ကြ''လို့မိန့်
တော်မူခဲ့တယ်။

''လယ်တီဆရာတော်ဘုရားကြီးရဲ့ ဟင်္သာတတရားပွဲမှာ ဘာတွေဖြစ်သေးလဲဆရာ''
''အင်း...ဓနုဖြူဒကာ ဒကာမတွေ စိုးရိမ်နေတဲ့အတိုင်းပဲ၊ လယ်တီဆရာတော်ဘုရား
ကြီးဟင်္သာတအရောက်မှာ ညောင်ချောင်းဆရာတော်နဲ့သူ့ဒကာတွေ ရောက်လာကြတယ်။ အဲ
ဒီဆရာတော်ကြီးနဲ့သူ့လူတွေရဲ့အမူအရာကလည်း ခပ်တင်းတင်းပဲတဲ့''
''ပွဲကြမ်းပြီနဲ့တူတယ် ဆရာရေ''
''ဆန္ဒမစောပါနဲ့ဦး၊ လူရိပ်လူခြေကြည့်ပြီး ညောင်ချောင်းဆရာတော်ဦးÓဏ၀ံသ ဖြစ်မှာ
ပဲလို့ ဆရာတော်ကြီးက ရိပ်မိလိုက်သတဲ့''
''တပည့်တော် ညောင်ချောင်းဘုန်းကြီး ဦးÓဏ၀ံသပါဘုရားလို့ လျှောက်လိုက်တာနဲ့
လယ်တီဆရာတော်ဘုရားကြီးက ခုလို ပြောလိုက်သတဲ့''
''ခုလို တွေ့ရတာ ၀မ်းသာလိုက်တာ ဆရာတော်ရယ်၊ ဆရာတော်ရဲ့ကျေးဇူး တပည့်တော်
ပေါ်တင်ရှိနေပါတယ်လို့ ပြောရင်းက သူ့ရဲ့ခရီးဆောင်သေတ္တာထဲက စာအုပ်တစ်အုပ်ကို ထုတ်
ယူပြလိုက်တယ်''
''ဘာစာအုပ်ပါလိမ့်ဆရာ''
''ဆရာတော်ဦးဥာဏ၀ံသရေးတဲ့ မဟာပုရိသလက္ခဏာတော်ဘုရားရှိခိုးနဲ့နှုတ်ခမ်းမွေးတပ်
ဘုရားပုံတော်စာအုပ်ပေါ့''
''ညောင်ချောင်းဆရာတော်အဖို့ ဘာဖြစ်သွားသလဲဆရာ''
''လယ်တီဆရာတော်ဘုရားကြီးရဲ့နှုတ်တော်က ဆရာတော်ရဲ့ကျေးဇူး တပည့်တော်အပေါ်
တင်ရှိနေပါတယ်လို့ နားနဲ့ဆတ်ဆတ်ကြားရလို့ အံ့အားသင့်နေတုန်း သူရေးတဲ့စာအုပ်ကိုပါ
ကိုယ်နဲ့မကွာ ယူလာတာလည်း မြင်ရတော့ ထပ်ဆင့်အံ့ဩပြန်ရော၊ တစ်ခါ လယ်တီဆရာတော်
ကြီးက သူရေးတဲ့ မဟာပုရိသလက္ခဏာတော်ဘုရားရှိခိုးကိုရွတ်ဆိုပြပြန်တော့ ညောင်ချောင်း
ဆရာတော်ခမျာ အံ့ဩကုန်နိုင်ဖွယ် ဖြစ်ရတာပေါ့၊ ညောင်ချောင်းဆရာတော်ဦးÓဏ၀ံသဟာ
သူမထင်ထားတဲ့လယ်တီဆရာတော်ဘုရားကြီးရဲ့အပြုအမူတွေကို ဆက်တိုက်တွေ့ရလို့ ဘာပြော
လို့ပြောရမှန်း မသိဖြစ်သွားသတဲ့''
''အင်း...လယ်တီဆရာတော်ရဲ့ပဋိပက္ခဖြေရှင်းနည်းလေးက အတော်ပိုင်ပါလားဆရာ''
''နားထောင်ဦးကိုယ့်လူရဲ့၊ ခုမှ ပညာခန်းတွေ့ရမှာ၊ လယ်တီဆရာတော်ဘုရားက လေ
အေးအေးနဲ့ခုလို ဆက်မိန့်တော်မူခဲ့တယ်ဗျ''
''ဗုဒ္ဓဟာ အိန္ဒိယလူမျိုးဆိုတာ ငြင်းစရာမလိုကြောင်း၊ အိန္ဒိယနိုင်ငံရဲ့ဘုရင်တွေ၊ မဟာ
ရာဇာတွေမှာ နှုတ်ခမ်းမွေးကျင်စွယ်တွေ သူတို့လူမျိုးအလိုက် ထားမှာသေချာကြောင်း၊ ဘုရား
လောင်းဟာ သက်တော်(၂၉)မှာ တောထွက်ခဲ့လို့ အဲဒီအချိန်မှာ မုတ်ဆိတ်တွေ ကျင်စွယ်တွေ
ရှိနိုင်ကြောင်း၊ ရှိခဲ့လျှင်လည်း ကြည်ညိုစရာဖြစ်နိုင်ကြောင်း၊ ဆံတော်သာပယ်ပြီး မုတ်ဆိတ်ကျင်
စွယ်မရိတ်မပယ်ထားခဲ့ရင် အဲဒီခေတ်ရဟန္တာအသီးသီးတွေမှာ အိန္ဒိယသားအများအပြားပါလို့
နှုတ်ခမ်းမွေးနဲ့ရဟန္တာတွေပါရှိသင့်ကြောင်း၊ ဒီလိုနှုတ်ခမ်းမွေးနဲ့ပုံတော်တွေကို အရှင်ဘုရားနဲ့
တပည့်တော်တို့က ဥာဏသမ္ပယုတ်နဲ့ယှဉ်ကြည်ညိုပေမယ့် မိရိုးဖလာကြည်ညိုကိုးကွယ်လာကြ
တဲ့ဒကာ ဒကာမတွေ အများစုအတွက် အမြင်ဆန်းလွန်းနေမှာဖြစ်ကြောင်း၊ ဘုရားကို ကြည်ညို
ကြတဲ့ မြန်မာတွေအနေနဲ့မြန်မာမင်းသားလေးလိုသာ မြင်ချင်တွေ့ချင် ကြည်ညိုချင်ကြကြောင်း
ဇာတ်ကြီး(၁၀)ဘွဲ့၊ (၅၅၀)ဇာတ်နိပါတ်တော်ပန်းချီကားများ ရေးရာမှာ မြန်မာဘုရင်ကုန်းဘောင်
ခေတ်ဆင်ယင်ပုံမျိုးနဲ့သာ မြင်လိုကြောင်း၊ ဒါကြောင့် အရှင်ဘုရားရဲ့မဟာပုရိသလက္ခဏာတော်
ကြီးနဲ့ဘုရားပုံတော်ကိုပင် တစ်တိုင်းပြည်လုံးနဲ့မဆန့်ကျင်ဝံ့လို့ တပည့်တော်မှာ ပုန်းလျှိုးကွယ်လျှိုး
အခုလိုသေတ္တာထဲထည့် ကိုးကွယ်နေရပါကြောင်း''

''ကြောင်းကျိုးယုတ္တိကျကျ သာယာညှင်းပျောင်းစွာ ပြောတဲ့လယ်တီဆရာတော်ရဲ့အဆုံး
အမစကားလည်းကြားရော၊ ညောင်ချောင်းဆရာတော်ဦးဥာဏ၀ံသဟာ စိတ်ထဲ ထိထိခိုက်ခိုက်
ခံစားလိုက်ရတယ်တဲ့''

''သီလ၊ သမာဓိ၊ ပညာကြီးသူရဲ့ဆုံးမစကားဆိုတော့ ဘ၀င်ကျသွားမှာပေါ့နော်''
''ကျပြီလား ဆရာရဲနေအောင်ရယ်၊ လယ်တီဆရာတော်ဘုရားရဲ့စကားတွေမှာ မေတ္တာ
ပါတယ်၊ စေတနာပါတယ်၊ အသာစီးနဲ့အနိုင်ယူမှုမရှိ၊ တစ်ဖက်သူကို နိမ့်ကျသိမ်ငယ်လိုစိတ် လုံး
ဝမထားမှန်း ဆရာတော်ဦးဥာဏ၀ံသ ခံစားသိရှိလိုက်တယ်လေ''

''အင်း...ကျွန်တော်တို့အဖို့ အတုယူစရာကြီးပါလားဆရာ၊ တစ်ယောက်နဲ့တစ်ယောက်
မသင့်ရင်၊ အယူအဆကွဲပြားရင်၊ နင်ပဲ ငဆနဲ့ကာယကံကြမ်းကြမ်း၊ မနောကံကြမ်းကြမ်းနဲ့အနိုင်
ရပြီးစတမ်းဆိုတဲ့ ကျွန်တော်တို့ လူသာမန်ပုထုဇဉ်တွေနဲ့ ကွာလိုက်တာ ဆရာ''

''စိတ်ကြမ်း မာန်လျော့၊ ကျွန်ကန်တော့၏ဆိုသလို ပြောမဟဲ့၊ ဆိုမဟဲ့၊ မာန်တင်းလာခဲ့တဲ့
ဆရာတော်ဦးဥာဏ၀ံသဟာ ခြေသုတ်ပုဆိုးြွေမစွယ်ကျိုးဆိုတဲ့အတိုင်း သူတော်ကောင်းပီသစွာ
ရဲရဲဝံ့ဝံ့နဲ့လက်ခံလို့ တပည့်တော်ရေးသားပြောဆိုမှားခဲ့သမျှ ၀န်ချတောင်းပန်ပါတယ်ဘုရား''ဆို
ပြီး ပြန်လည်လျှောက်ထားလိုက်သတဲ့။

''အောင်ခြင်း(၈)ပါးလိုပဲ၊ လယ်တီဆရာတော်ဘုရားရဲ့ခန္တီပါရမီနဲ့အမှန်တရားကို အောင်
နိုင်ခဲ့တာပေါ့နော်''

''ရိုးရိုးအောင်နိုင်ရုံ သက်သက် မဟုတ်ဘူးဗျ၊ လယ်တီဆရာတော်ဘုရားကြီးကို သူနေ
ထိုင်ရာ ဓနုဖြူကိုပင့်၊ သူကိုယ်တိုင်က ကမကထလုပ်ပြီး တရားပွဲတောင်ကျင်းပလိုက်သေးသဗျ''

''နှုတ်ခမ်းမွေးအရေးတော်ပုံ နိဂုံးသတ်လေးက ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ ကြည်ညို
စရာ၊ သာဓုခေါ်စရာကြီးပါလားဆရာ''

''သာဓုခေါ်မယ်ဆိုရင် မင်းနန်(မော်ကျွန်း)ပါ၊ ပါသင့်တယ်ဗျ၊ သူရေးတဲ့ နတ်၌ဖြစ်သော
ရနံ့သင်းပျံ့သောဆရာတော်ကြီးများစာအုပ်က တစ်ဆင့်ဖောက်သည်ချပေးရတာဗျို့''

''ဟုတ်ကဲ့ဆရာ၊ ဆရာတော်ကြီးများရော၊ လူပုဂ္ဂိုလ်တွေရော၊ အားလုံးရဲ့ ဂုဏ်ကျေးဇူးကို
ရည်စူးပြီး ခေါ်ပါ့မယ်ဆရာ''

''သာဓု သာဓု သာဓု''





**အောင်ချစ်စိုး(လသာ)**
၁၃-၈-၂၀၀၂

မှတ်ချက်။၂၀၀၃-ဧပြီလထုတ် အပ္ပမာဒမဂ္ဂဇင်း၊ နှာ(၇၉-၈၁)၌လာရှိသော ဆောင်းပါးကို
ပြန်လည်၍ရိုက်နှိပ်သည်။

Read More...

Wednesday, February 15, 2012

စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေချင်ရင်-----



ချမ်းသာခြင်းအကြောင်းသိလိုပါတယ်။

ချမ်းသာခြင်း အပိုင်းသုံးပိုင်းရှိတယ်။
၁။ ရုပ်ပိုင်းဆိုင်ရာချမ်းသာခြင်း (စိတ်ချမ်းသာချင်မှ ချမ်းသာမယ်)
၂။စိတ်ပိုင်းဆိုင်ရာချမ်းသာခြင်း(ရုပ်ဝတ္ထု ချမ်းသာချင်မှချမ်းသာမယ်)
၃။ရုပ်ပိုင်းရော စိတ်ပိုင်းရော နှစ်မျိုစလုံးချမ်းသာခြင်း။ တို့ပါ--
လူတွေကြိုးစားနေတာက ရုပ်ဝတ္ထုပိုင်းချမ်းသာခြင်း ငွေကြေး ၊တိုက်တာ၊ ကား၊ လူ့အသုံးအဆောင်ပစ္စည်းများ၊ လက်ဝတ်လက်စား ရတနာများ ပိုင်ဆိုင်နိုင်အောင်ကြိုးစားစုဆောင်း ကြတတ်ပါတယ်။ လူသားတစ်ယောက်အနေနဲ့ ကိုယ့်ဘဝချမ်းသာဖို့ ကိုယ့်အသိုင်းအဝန်းလေး ပြည့်စုံစေဖို့ ရှာကြဖွေကြ စုကြဆောင်းကြ မှန်ပါတယ်။ သမာအာဇီဝနဲ့ စုဆောင်းရှာဖွေခြင်းမှန်သမျှ ဘယ်လောက်ပမာဏများများ လောဘ လို့သတ်မှတ်လို့မရပါဘူး။ ဥစ္စာဓနတွေကို မိမိပိုင်ဆိုင်ဖို့ ပတ်ဝန်းကျင်နဲ့ ထိတွေ့ရာ ပတ်သတ်ရာ လူအားလုံးကို အကျိုးစီးပွားလျှော့နည်းနစ်နာအောင် အနိုင်ပြုနေရင်တော့ ဘယ်လောက်ပမာဏနည်းနည်း လောဘလို့သတ်မှတ်ရမှာပဲဖြစ်တယ်။

ရုပ်ဝတ္ထု ချမ်းသာတာနဲ့ စိတ်ချမ်းသာတာ ဘယ်အရာကမြတ်သလဲ။

ဗုဒ္ဓရဲ့ အယူဝါဒအရတော့ စိတ်၏ချမ်းသာခြင်းကသာ ပိုမြင့်မြတ်တန်ဖိုးရှိတယ်လို့ယူဆရမှာပါပဲ။

ဘာကြောင့်အဲဒါကို ဗုဒ္ဓအယူဝါဒလို့ ပြောလိုရတာလဲ။

ဗုဒ္ဓက အိမ်ရှေ့စံပါ။ နောင်ဘုရင်ဖြစ်မယ့်သူပါ။ သူ့မှာ ရုပ်ဝတ္ထုပိုင်းလိုလေသေးမရှိ ပြည့်စုံမှာကိုတော့ ယုံမှားဖွယ်မရှိပါဘူး။ အဲဒီရုပ်ဝတ္ထုတွေကို ဘာဖြစ်လို့ စွန့်လွှတ်ပြီးတောထွက်တရားအားထုတ်တာလဲ။ အဲဒီရုပ်ဝတ္ထုဟာ စိတ်၏ချမ်းသာခြင်းကို အပြည့်အဝမပေးစွမ်းနိုင်ယုံတင်မကပဲ စိတ်ထားမတတ်ရင် စိတ်၏ဒုက္ခဖြစ်ရာ အကြောင်းရင်းတောင်ဖြစ်စေနိုင်တယ်။

ဒါဆိုရင် စိတ်ချမ်းသာဖို့ ရုပ်ဝတ္ထုတွေ စွန့်လွှတ်ရမယ်ပေါ့။

ဟင့်အင်း အဲဒီလိုလဲ မဆိုလိုပါဘူး။ လုံးဝစွန့်လွှတ်ရမယ်လို့မပြောလိုပါဘူး။ ဒါပေမယ့် အဲဒီရုပ်ဝတ္ထုတွေအပေါ် တွယ်မက်နေတဲ့ တဏှာ စွဲလမ်းမှု ခင်တွယ်မှု ကိုတော့ လုံးဝဖြတ်ထားနိုင်ရင် အကောင်းဆုံးစိတ်ချမ်းသာမှုရမှာအမှန်ပါ။ (ဥပမာဆိုပါတော့) ကိုယ်ဝယ်ထားတဲ့ကားလေး မတော်တဆ တိုက်မိသွားတယ်။ သုံးမရအောင် ပျက်စီးပိန်ရှုံ့သွားတယ်။ အဲဒီကားအပေါ် ကိုယ်က တွယ်တာလွန်း မက်မောလွန်း စွဲလမ်းလွန်းရင် စိတ်ဆင်းရဲမှု အားကြီးမှာပဲ။ ဒီကားလေးအပေါ်မှာ နဂိုထဲက စွဲလမ်းမက်မော တွယ်တာတာတွေ ကြိုပြီး တရားသဘောနဲ့ ဆင်ခြင်ထားမယ်ဆိုရင် တကယ်လက်တွေ့ တွေ့ကြုံလာတဲ့အခါ စိတ်ဆင်းရဲမှုနည်းပါးမှာပဲ ။ ဒီသဘောပါ။

စိတ်ချမ်းသာဖို့အတွက် ရုပ်ဝတ္ထုတွေ စွန့်ပြီး တောထွက် တရားအားထုတ်ရမှာလား။

ပုထုဇဉ်တစ်ယောက်အတွက်တော့ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်ဖို့အတွက် တောထွက်စရာမလိုပါဘူး။ တွယ်မက်တဲ့သဘောသဘာဝဖြစ်တဲ့တဏှာကိုသတ်ဖို့အတွက် အမြဲတဲ့အနိစ္စ သဘော ။ဆင်းရဲတဲ့ ဒုက္ခရဲ့သဘော။ ကိုယ်ဖြစ်ချင်သလို မဖြစ်နိုင်တဲ့ အစိုးမရတဲ့ အနတ္တသဘောတွေကို အမြဲမပြတ်နှလုံးသွင်း ဆင်ခြင်ပြီး လိုချင်တဲ့လောဘကို ပေးကမ်းခြင်းဒါန နဲ့သတ်။ ပူလောင်တဲ့ဒေါသကို အေးမြတဲ့မေတ္တာနဲ့သတ်။ မမြင်တဲ့အမှောင်မောဟကို ဥာဏ်ပညာအလင်း ဝိပသ၁နာနဲ့သတ်။ အဲဒီလိုပြောလို့ လောကီအကျိုးစီးပွားကို မရှာနဲ့လို့ပြောတာမဟုတ်ဘူး။ လောကီစီးပွားဥစ္စာကို သမာအာဇီဝ နဲ့သာဆိုရင် ဇွဲ ၊လုံ့လ၊ ဝီရီယ အားကုန်သုံးပြီးရှာ။ ရှာလို့ရရင် သုံးသင့်တာကိုသုံး။ လှုသင့်တာကိုလှု။ ပေးကမ်းချီးမြှင့်သင့်တာကိုပေးကမ်း။ ရလာတဲ့ဥစ္စာအပေါ်မှာ လုံးဝစွဲလမ်းဖက်တွယ်မထားနဲ့။


ဒီနေရာမှာ ကိုးရီုးယားဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းလေးတစ်ခုကို အမှတ်ရမိတယ်။ သားအမိနှစ်ယောက် အဖိုးတန်တဲ့ အသားဟင်းတွေ မစားစဖူးစားကြရတယ်။ သားလုပ်တဲ့သူက စားပြီးမကြာခင်ပဲ ဗိုက်နာလို့ အိမ်သာတတ်ချင်လာတယ်။ အစာဟောင်းစွန့်ချင်တယ်။ မိခင်လုပ်တဲ့သူက စားထားတာဘာမှမကြာသေးဘူး ချက်ချင်းပြန်စွန့်မထုတ်နဲ့ နှမြောစရာကောင်းတယ်ဆိုပြီး အတင်းအောင့်ခိုင်း ထားတယ်။ နောက်ဆုံးမထိမ်းနိုင်တော့ပဲ ဘောင်းဘီထဲ ထွက်ကျကုန်တယ်။
ဟာသ သဘောနဲ့တင်ပြထားပေမယ့် လူတွေလဲ ဒီလိုပါပဲ။ ကိုယ့်ဆီဝင်လာဖို့ပဲကြိုးစားကြပြီး ကိုယ့်ဆီက ပြန်ထွက်ဖို့တော့အတင်းပဲ တားဆီးပိတ်ပင်တတ်ကြတယ်။ဒီတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပေါ့။ ဝင်လာတာကိုလည်း လက်ခံပါ ။ ထွက်သင့်တာကိုလည်းခွင့်ပြုပါ။ ဒါမှလောကကြီးငြိမ်းချမ်းမှာပါ။

ရုပ်ဝတ္ထုပိုင်းဖြစ်တဲ့ ပစ္စည်း ဥစ္စာ ရွှေ ငွေ ရတနာ ချမ်းသာဖို့ နည်းလမ်းရှိသလား။

ကြီးပွားရေး အကြံပေးစာအုပ်တွေ အများကြီးထွက်နေပါတယ်။ ဖတ်ကြည့်ပါ။ နည်းလမ်းတွေအများကြီးပါပဲ။ ဒါပေမယ့် နည်းလမ်းဟာ နည်းလမ်းပဲဖြစ်နေမှာပါ။ ဒီနည်းလမ်းကို လိုက်နာကျင့်ကြံတဲ့ ဇွဲ ၊ လုံ့လ၊ ဝီရီယ၊ ပညာ ၊ယုံကြည်မှု ၊ခံယူချက်၊ စိတ်အားထက်သန်မှု စတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိမှ အောင်မြင်ချမ်းသာမှာပါ။ အဲဒီအရည်အသွေးတွေဟာ လူတိုင်းမှာ မရှိနိုင်ပါဘူး။ ဒါကြောင့် လူတိုင်းနည်းလမ်းသိရုံနဲ့ မချမ်းသာတာပါ။ နည်းလမ်းထက် ကိုယ်ရည်ကိုယ်သွေးက အဓိကကျတယ်လို့ ထင်ပါတယ်။ နည်းလမ်းက ၂၀ % ဆိုရင် ကိုယ်ရည်ကိုယ်သွေးက ၈၀% ပါ။ ဆရာဖေမြင့်ဘာသာပြန်ထားတဲ့ ဘေဘီလုံက အချမ်းသာဆုံးပုဂ္ဂိုလ် ဆိုတဲ့ကြီးပွားရေးစာအုပ်ကို ညွှန်းချင်ပါတယ်။

စိတ်ချမ်းသာဖို့ကော နည်းလမ်းရှိလား။

အလားတူပါပဲ။ ဗုဒ္ဓရဲ့တရားတော်တွေဟာ စိတ်ချမ်းသာဖို့ လမ်းညွှန်ချက်တွေအများကြီးပါပဲ။ ဒါပေမယ့် သံသရာအဆက်ဆက်က စွဲမြဲစွာ တည်ရှိနေတဲ့ လောဘ ဒေါသ မောဟ အထုံတွေကြောင့် လူတိုင်းတော့ ဗုဒ္ဓရဲ့ တရားတော်တွေကို သိရှိခံစား ကျင့်ကြံနိုင်ကြမှာမဟုတ်ပါဘူး။

ချမ်းသာခြင်း မှာ စိတ်လည်းချမ်းသာတယ် လူလဲချမ်းသာတယ် ဆိုရင် အမြတ်ဆုံးပဲလို့ဆိုလိုတာလား။

လောကီ ပုထုဇဉ်ဘဝမှာတော့ ဒါကို အမြင့်ဆုံး အမြတ်ဆုံးလို့သတ်မှတ်မယ်ဆိုရင် သတ်မှတ်လို့ရပါတယ်။

၁။ ။ဥစ္စာပစ္စည်းတွေကို သမာအာဇီဝကျကျ ကြိုးစားပြီးရှာမယ်။ ဒါပေမယ့် ရလာတဲ့အခါတော့ တွယ်မက်ဖက်တွယ်မထားဘူး။ ပေးသင့်တာပေးမယ်။ သုံးသင့်တာသုံးမယ်။ လှုသင့်တာလှုမယ်။ အဲဒီစကားစုမှာ``သင့်`` ဆိုတဲ့စကားက တော်တော်အရေးပါတယ်။ ငယ်ငယ်က ကုဋေ ၈၀ သူဋ္ဌေးသား ပုံပြင်ထဲကလို မပေးသင့် မသုံးသင့် မလှုသင့်တာတွေ လုပ်လို့ မွဲပြီးသေတာဟာ ပညာဆိုတဲ့ အကောင်းအဆိုး မခွဲခြားတတ်လို့ပဲ။

၂။ ။အရာအားလုံးဟာ မတည်မြဲတဲ့ အနိစ္စသဘော ကိုယ့်အလိုကျ ထိမ်းချုပ်စီမံလို့ မရနိုင်တဲ့ သင်္ခါရသဘော တွေကို မပြတ်ဆင်ခြင်ပြီး စိတ်ခံစားချက်အတွက် နှလုံးသားကိုခံစစ်ပြင်ထားရပါမယ်။ ဒါမှလောကဓံတရားနဲ့ ကြုံတွေ့တဲ့အခါ မတုန်လှုပ်ပဲခံနိုင်ရည်ရှိတဲ့သူဖြစ်မှာပါ။ အနိစ္စ ဒုက္ခ
အနတ္တ တို့ကို နှလုံးသွင်းဆင်ခြင်တာနဲ့ တောင်စိတ်ုချမ်းသူမှု ရစေနိုင်ပါတယ်။

၃။ ။ ကိုယ်နဲ့ ရင်းနှီးခင်မင်တဲ့သူကို ကူညီလိုက်ရင် ဝမ်းသာတယ်။ ဒုက္ခရောက်နေတဲ့သူကို ကိုယ်ကကူညီ လိုက်ရရင် သူဝမ်းသာသွားတာကိုကြည့်ပြီး ကိုယ်လဲစိတ်ချမ်းသာတယ်။ ယုတ်စွအဆုံး ဆာလောင်နေတဲ့ တိရိစ္ဆာန်တစ်ကောင်ကို အစာကြွေးလိုက်ရရင်တောင် ကြည်နူးတယ်။
ကိုယ်လေးစားရတဲ့သူကို ကန်တော့လိုက်ရရင် ပီတိဖြစ်တယ်။ ဒါတွေဟာ စိတ်ခံစားချက် စိတ်၏ချမ်းသာခြင်း အတွက် ဆေးဝါးတွေပဲ။ အဲဒီလို စိတ်သွားတိုင်း ကိုယ်ပါဖို့ကလည်း ရုပ်ဝတ္ထုပစ္စည်း ကိုယ့်မှာရှိဖို့ လိုသေးတာပဲ။ ရုပ်ဝတ္ထုချမ်းသာပြီး စိတ်ကောင်းနှလုံးကောင်းမရှိရင် ရော ဒီခံစားချက်စိတ်ချမ်းသာမှုမျိုး မရနိုင်ပြန်ဘူး။
ဒါကြောင့် ကိုယ်စိတ်နှစ်ပါးလုံးချမ်းသာဖို့ဆိုရင် ရုပ်ဝတ္ထုချမ်းသာဖို့လည်းလိုတယ်။ စိတ်ကောင်းစေတနာကောင်းရှိဖို့လဲလိုတယ်။ နောက်ပြီး အကောင်းမြင်ဝါဒ လည်းရှိသင့်တယ်။ ဟုတ်တယ်မဟုတ်လား။


Written by ko soe naing

Read More...

Friday, January 20, 2012

အဆုံးစီရင်ကြသူများ


ကိုယ့်ကိုယ်ကို သေကြောင်းကြံ မှု ဟာ ဘဝကို အရှုံးပေးတာလို့ ပြောကြပါတယ်
နောင်ဘဝမှာလဲ သံသရာ အဆက်ဆက်ပါမယ့် ဝဋ်ကြွေးဆိုတာလဲ သိထားကြပါတယ်...
ဒါပေမယ့် လူတစ်ချို့ ဘာကြောင့် ကိုယ့်ကိုယ်သတ်သေချင်ကြရတာလဲ?

အဓိကကတော့ လက်ရှိ ပြဿနာကို ရင်မဆိုင် နိုင်တော့တာပါ..
ဒီဘဝမှာ ဆက်လက် အသက်ရှင် ဖို့ ခံနိုင်ရည်မလုံလောက် တော့လို့ပါ..
ရင်ထဲမှာ နာကျင်ခံစား နေရတဲ့ ဝေဒနာက တစ်နေ့ထက် တစ်နေ့ ထုထည်ကြီးမားလာလို့ပါ..

နင်သေချင်လား လို့ မေးရင် အင်း သေချင်ပါတယ် လို့ ဖြေမယ့်လူ မရှိပါဘူး..
လောကမှာ လူတိုင်း အသက်ရှင်ချင်ကြတယ် ..အသက်ရှည်ချင်ကြတယ်...ပျော်ရွှင်ချင်ကြတယ်..
ဒါနဲ့များ ဘာကြောင့် ကြိုးစားပြီး ပြဿနာကို မဖြေရှင်းတာလဲ ?

လောကမှာ ဖြေရှင်းလို့ မရတဲ့ ပြဿနာ ဆိုတာမရှိပါဘူး..ဆိုပေမယ့် အချိန်လိုပါတယ်
အဲ့ဒီအချိန်အတွင်းမှာ အသက်ရှင်သွားဖို့ လုံလောက်တဲ့ ခံနိုင်ရည် လိုအပ်ပါတယ်..

လူအမျိုးမျိုးရှိကြတယ်..
ဘယ်ကိစ္စမဆို ပေါ့ပေါ့လေး တွေးတက်တဲ့ သူမျိုး
အတက်နိုင်ဆုံး ပျော်ပျော်နေတက်တဲ့ ဗီဇ ရှိသူမျိုး
စိတ်ထက်ခိုင်မာပြီး ငါ လုပ်နိုင်တယ် ဆိုတဲ့ စိတ် ရှိသူမျိုး
အနောက်ကို သိပ်မတွေးသူမျိုး
မေ့လွယ်သူမျိုး...စသဖြင့် အတွေးတွေ စိတ်အာရုံတွေကို တစ်နေရာထဲမှာ နစ်ပြီးမထားတက်သူ ဗီဇမရှိသူတွေက များသော အားဖြင့်တော့ သေကြောင်းကြံစည်တက်သူများ မဟုတ်ပါဘူး..

ဒါပေမယ့်..ဘယ်နေရာမဆို လိုတာထက်ပိုစဉ်းစားတက်သူ. ..
ဥပမာ..ငါဒီနေ့ ထမင်းသိပ်မစားလိုက်ဘူး ညအိပ်လို့ပျော်ပါ့မလား ဗိုက်များအောင့်မလား မနက်ထရင် မူးဝေနေမလား အလုပ်ထဲမှာ ခေါင်းကိုက်နေမလား..ဆိုပြီး ဘာမှမဟုတ်တာကိုပင် အရှည်ကြီး တွေးတက်သူမျိုး
အရယ်အပြုံးနည်းသူ
ရယ်လွန်းရင် ငိုရတက်တယ်ဟု ဆိုကာ အပြုံးအရယ်ကို ခြွေတာတက်သူမျိုး
စိတ်ဓါက်ပျော့သူ...စိတ်ကျတက်သူ
အဓိကကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းသူမျိုး
အနောက်ကိုအများကြီး ကြိုတွေးတက်သူ..
ငါဒီအလုပ်မရရင် ဘယ်လိုလုပ်မလဲ မိဘတွေဒုက္ခ မောင်နှမတွေ မျက်နှာငယ် အပြောအဆို ခံရတော့မယ် ဟု နေ့စဉ်တွေးကာ ကိုယ့်ကိုယ်ကို ဖိအားပေးသူမျိုး
မမေ့တက်သူ..
ထိုကဲ့သို့ လူမျိုး ရှိပါသည် တစ်နှစ်လဲ မမေ့ နှစ်နှစ်လဲမမေ့ ဆယ်နှစ်လဲ မမေ့..ပြန်ပြန်တွေးကာ ဝမ်းနည်းတက်သူ တသတက်သူမျိုး..
များသောအားဖြင့် တစ်ဦးထဲ နေကာ တွေးချင်ရာ တွေးတက်သူမျိုး စသဖြင့် ထိုကဲသို့ လူများမှာ ခံစားချက်ကို အရှိန်မထိန်းနိုင်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ဝန်မလေးတက်သူများ ဖြစ်တက်ပါတယ်..



တစ်ချို့သူများက ဒါလောက်လေးနဲ့ သေဖို့ စဉ်းစားတယ် အံ့သြစရာ ဟယ် ဟု ဆိုတက်ကြတယ်
တကယ်တော့ ကာယကံရှင်အတွက်မှာက ပြဿနာဆိုတာထက် ဒီပြဿနာအပေါ်ထားတဲ့ စိတ်ခံစားမှုအရှိန်က အဓိက ပါ..
အရှိန်က တဖြည်းဖြည်းမြင့်မားလာကာ သေချင်တယ် ဆိုတာကသာ ကြီးဆိုးလာတက်ကာ ထိုတဒင်္ဂ အတွင်းမှာ မျက်စိရှေ့ ပေါ်လာသမျှ ဝုန်း ဆို လုပ်မိသွားတက်ပါတယ်..
တကယ်တော့ တစ်ချက်လေး သတိလွတ်သွားမိရာက အစ ပါ..
အမြင့်က ခုန်ချဖို့ ဆိုတာ တဒင်္ဂအတွင်းမှု အလွယ်ကူဆုံး အဆုံးစီရင်မှု ပုံစံ လို့ပြောရမလိုပင်..


ကြိုးဆွဲချမလား ? ခက်ပါသည် မသေခင် မချိမဆံ့ ဝေဒနာ ခံစား ရမည့်အရေး
ဓါးနှင့်ထိုးမလား ? မလွယ် ကိုယ့်အသား နာအောင် လုပ်ဖို့ ကိုယ့်လက်က မရဲနိုင်ပေ။

ဆေးသောက် ? နဲနဲဖြစ်နိုင်သည် သို့ပေမယ့် ဆေးရှာရမည် ပိုးသတ်ဆေး သောက်နိုင်သည် သို့သော် မခံနိုင်အောင်ပူလောင်ကာ မသေခင် အမြုပ်တစီစီ ထွက်ရမယ့်အရေး
ရေနစ် ? ရေမကူးတက်လျှင် ဖြစ်နိုင်သည် သို့သော် ရှာရဦးမယ့် ဘယ်မှာလဲ ဒါလဲ မသေခင် ရေမွန်းရဦးမည်
ကားတိုက် ? တိုက်စေချင်တဲ့ကားက တိုက်ဦးမှ ......


အမြင့်မှ ခုန်ချဖို့ လွယ်ကူတယ် ဆိုတာက အမြင့်ဆိုတာ ကိုယ့်အနားမှာပင် ရှိတာမို့ ကိုယ့်အိမ်ပေါ်က ခုန်ချတာလောက်လွယ်တာမရှိ..
ဒုတ် ဆို ခေါင်းနဲ့ မြေကြီး ဆောင့်တာနဲ့ ပြီးပြီ..
မည်သည့် အမြင့်နေရာမဆို ခုန်ချလိုက်တာနှင့် လုံးဝ စက္ကန့်ပိုင်းလေးအတွင်း သေစေနိုင်သည့် အလွယ်ကူဆုံး နည်းပင်..
ထို့ကြောင့် သေဆုံးချင်သူများ အများအားဖြင့် ဒီနည်းကို သုံးကြတာပင်

သူငယ်ချင်းတစ်ယောက်ရှိဖူးသည် မိသားစုက ဂရုမစိုက် အထီးကျန်သည်ဟု ထင်ကာ ညမအိပ်ဘဲ အတွေးလွန်တက်သူ.
တစ်ရက် ပြတင်းပေါက်ဘောင်ပေါ်ထိုင်ကာ သေချင်လိုက်တာ ခုန်ချလိုက်မယ်ဟု စဉ်းစားရင်း စိတ်ခံစားချက်နှင့် ညအိပ်မပျော်တာ ရောကာ ပြုတ်ကျသွားဖူးသည်..ဒါကြောင့် အဆုံးစီရင်တယ်ဆိုတာက တကယ်သေချင်လို့မဟုတ်ပဲ စဉ်းစားရုံနှင့် လဲ မတော်တဆ ဖြစ်တက်သည်..သူငယ်ချင်းက မသေပါ သို့သော် ဘဝတော့ သေသွားခဲ့သည်.. မှတ်ဥာဏ်လဲ ပုံမှန်မဟုတ်တော့သည့် အခြေအနေဖြစ်သွားခဲ့သည်..

ဒါကြောင့် စိတ်ခံစားမှုလွန်ကဲသူများမှာ သေရင်သေ မသေရင်ရူး တဲ့အထိဖြစ်ကုန်ကြတက်သည်..
ထိုသူများ မိုက်မဲ သည် ဆိုနိုင်ပေမယ့် အလွန်ပင် သနားစရာကောင်းသော စိတ်ခံစားချက်ပြင်းထန်လွန်းသူများ ပင်ဖြစ်သည်...

တကယ်တော့ ဘာကြောင့် စိတ်ခံစားချက် လွန်ကဲ တာလဲ ဟုစဉ်းစား စရာ..
လုပ်ကြံဖန်တီး ယူလို့မရတဲ့ စိတ်ဆိုတဲ့ အရာဟာ လူသားတစ်ဦး မွေးဖွားလာစဉ်ကာ ပင် ပါလာခဲ့တာမျိုးပင်..
သူ့ရဲ့ ခံစားချက်က သူ့ရဲ့ဗီဇ ပါ.. ဖျောက်ဖျက်ပစ်လို့ မရပါဘူး ဖျက်ဆီးပစ်လို့ မရသလို ထိန်းချုပ်ဖို့ ခက်ခဲ လွန်းကာ ဝေဒနာကို သာမာန်ထက် ပိုခံစား ရတက်ကာ အသိဥာဏ် ရုတ်တရက် ပျောက်ကွယ် တက်ပါတယ်..

အမှန်တော့ ..အဆုံးစီရင်ကြသူများမှာ တကယ့် တကယ်တမ်း သေချင်လို့ မဟုတ်ပါဘူး
သူတို့ ရဲ့ စိတ်ခံစားချက်ကိုသာ သေဆုံးစေချင်ကြတာပါ..
ဒါပေမယ့် ခံစားချက်ကိုမထိန်းနိုင်ကာ ထိုနောက်ကို ခန္ဓာပါကာ ရုတ်တရက် အသိဥာဏ်ကွယ်ပျောက်ရင်း ဘဝတွေ စတေးရတဲ့အထိ ဖြစ်သွားခဲရတဲ့ သူများ ဖြစ်တယ်ဆိုတာ....................................


ခံစားချက်မျှဖြင့် ရေးဖွဲ့သော ဒီစာမှာ အမှားတွေ အများကြီး ပါကောင်းပါနိုင်ပါတယ်..
ဘာကြောင့် ဒီစာရေးလဲ ဆိုရင် ကိုယ်တိုင်က ခံစားချက်လွန်တက်သူမို့ ရုတ်တရက်ဆိုတဲ့အချိန်မှာ အမှားတစ်ခုမဖြစ်သွားအောင် သတိ ဆိုတဲ့ အခြေအနေတစ်ရပ် နှင့် အသက်ရှင် နေရသူတစ်ဦးမို့ပါ..

ဘယ်လို သတိ မျိုးလဲ ဆိုရင် ပုံမှန် ကျမ်းစာဖတ်ခြင်း ဆုတောင်းခြင်း အားဖြင့် ဘုရားသခင်နဲ့ အမြဲ ထိတွေ့အောင် ကြိုးစား ခြင်းပါ လိုအပ်တဲ့အချိန်တိုင်းမှာလဲ ဘုရားသခင်နဲ့ စကားပြောပါတယ် သင် ဘာပြောပြော သူကြားနိုင်ပါတယ် သင့်ရဲ့ ခံစားချက်အစစ်အမှန်ကို သိတာ ဘုရားခင် ပဲ ရှိပါတယ် ဒါကြောင့်..ဘယ်လူမျိုးမဆို ကိုယ်ယုံကြည်ရာ ဘုရားမှာ ဝတ်ပြုခြင်းဟာ စိတ်ကို ချုပ်တည်းနိုင်တဲ့ တစ်ခုထဲသော နည်းလမ်းဆိုတာ............


**Bloggerအိမ်မက်စေရာ**

Read More...

Thursday, January 12, 2012

ထူးကဲအံ့ဖွယ် အလင်းရောင် ၄-မျိုး


အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား မြတ်စွာဘုရားပွင့်ထွန်းပေါ်ပေါက်ခြင်းကြောင့် ထူးကဲသော အံ့ဖွယ် ၄-ပါးတို့ ဖြစ်ပေါ်လာကြောင်းကို ဟောတော်မူသည်။

ရဟန်းတို့ မြတ်စွာဘုရားတို့၏ ပွင့်ထွန်းပေါ်ပေါက်ခြင်းကြောင့် မဖြစ်စဖူး ထူးကဲသောအံ့ဖွယ်တို့ ဖြစ်ပေါ်လာကုန်၏။ ယင်းတို့ကား-
(၁) ဘုရားလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ မယ်တော်၏၀မ်းတိုက်သို့ သက်ဝင်သောအခါ နတ်နှင့်တကွသော လောက၌ အတိုင်းအဆမရှိ အလင်းရောင်သည် ဖြစ်ပေါ်လာ၏။ ထိုအလင်းရောင်ဖြင့် အမိုက်တိုက်အတိဖြစ်သော လောကန္တရိတ်ငရဲသားတို့သည်ပင် အချင်းချင်း မြင်ကြရ၏။

(၂) ဘုရားလောင်းသည် မယ်တော်၏၀မ်းမှ ဖွားမြင်သောအခါ နတ်နှင့်တကွသော လောက၌ ထူးကဲသောအလင်းရောင်သည် ဖြစ်ပေါ်လာ၏။

(၃) မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်တော်ကို ရရှိတော်မူသောအခါ၌လည်း လောက၌ ထူးကဲသော အလင်းရောင်သည် ဖြစ်ပေါ်လာ၏။

(၄) မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော ဓမ္မာစကြာ (တရားစက်ကို လည်စေခြင်း၊ ဟောကြားခြင်း) ကို ဟောတော်မူသောအခါ၌ လောက၌ ထူးကဲသော အလင်းရောင်သည် ဖြစ်ပေါ်လာ၏-ဟု
ဟောောတ်မူသည်။
(မှတ်ချက်) လောကန္တရိက=လောကန္တရိတ်=စကြာဝဠာတို့၏ အကြား၌ရှိသော ငရဲ။
သမ္မာသမ္ဗောဓိဉာဏ်=အရဟတ္တဖိုလ်အရင်းခံသော သဗ္ဗညုတဉာဏ်။

**ဦးငွေအောင်မွန်**
(ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ ဘီအေ၊ ဘီအီးဒီ)
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဒီဇင်္ဘာလ)

**From-Chung Na**

Read More...

ထူးကဲအံ့ဖွယ် အလင်းရောင် ၄-မျိုး

အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား မြတ်စွာဘုရားပွင့်ထွန်းပေါ်ပေါက်ခြင်းကြောင့် ထူးကဲသော အံ့ဖွယ် ၄-ပါးတို့ ဖြစ်ပေါ်လာကြောင်းကို ဟောတော်မူသည်။

ရဟန်းတို့ မြတ်စွာဘုရားတို့၏ ပွင့်ထွန်းပေါ်ပေါက်ခြင်းကြောင့် မဖြစ်စဖူး ထူးကဲသောအံ့ဖွယ်တို့ ဖြစ်ပေါ်လာကုန်၏။ ယင်းတို့ကား-
(၁) ဘုရားလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ မယ်တော်၏၀မ်းတိုက်သို့ သက်ဝင်သောအခါ နတ်နှင့်တကွသော လောက၌ အတိုင်းအဆမရှိ အလင်းရောင်သည် ဖြစ်ပေါ်လာ၏။ ထိုအလင်းရောင်ဖြင့် အမိုက်တိုက်အတိဖြစ်သော လောကန္တရိတ်ငရဲသားတို့သည်ပင် အချင်းချင်း မြင်ကြရ၏။

(၂) ဘုရားလောင်းသည် မယ်တော်၏၀မ်းမှ ဖွားမြင်သောအခါ နတ်နှင့်တကွသော လောက၌ ထူးကဲသောအလင်းရောင်သည် ဖြစ်ပေါ်လာ၏။

(၃) မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်တော်ကို ရရှိတော်မူသောအခါ၌လည်း လောက၌ ထူးကဲသော အလင်းရောင်သည် ဖြစ်ပေါ်လာ၏။

(၄) မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော ဓမ္မာစကြာ (တရားစက်ကို လည်စေခြင်း၊ ဟောကြားခြင်း) ကို ဟောတော်မူသောအခါ၌ လောက၌ ထူးကဲသော အလင်းရောင်သည် ဖြစ်ပေါ်လာ၏-ဟု
ဟောောတ်မူသည်။
(မှတ်ချက်) လောကန္တရိက=လောကန္တရိတ်=စကြာဝဠာတို့၏ အကြား၌ရှိသော ငရဲ။
သမ္မာသမ္ဗောဓိဉာဏ်=အရဟတ္တဖိုလ်အရင်းခံသော သဗ္ဗညုတဉာဏ်။

**ဦးငွေအောင်မွန်**
(ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ ဘီအေ၊ ဘီအီးဒီ)
( မြတ်မင်္ဂလာ ၂၀၀၇-ခု ဒီဇင်္ဘာလ)

http://mawluu.blogspot.com/

Read More...

Friday, January 6, 2012

ဝိပဿနာနှင့် စိပ်ပုတီး

(အနာဂါမ်ဆရာသက်ကြီးစိပ်ပုတီးကိုင်ထားသည်)


ယခုအခါ ၀ိပဿနရာတရားစခန်း အများစုတွင် ယောဂီများ ပုတီးမစိပ်ကြရန် စည်းကမ်းချက် သတ်မှတ်ထားသည်ကို တွေ့ရသည်။ သင့်ပါပေသည်။ တရားစခန်းတွင် တရားအားထုတ်ရေးသည်သာ အဓိကဖြစ်သည်။ တနေ့လုံးလိုလို တရားအားထုတ်ရသဖြင့် ပုတီးစိပ်ချိန် မပေးနိုင်ပေ။ တရားရှုနည်းကိုသာ အဓိက လေ့လာဆည်းပူး အားထုတ်ရမည်ဖြစ်သဖြင့် ပုတီးစိပ်ရန် မလိုအပ်ပေ။ ထိုစည်းကမ်းချက်ကို ကျွန်ုပ်တို့ သဘောပေါက်နားလည်၍ ထောက်ခံခြင်းပြုအပ်ပါသည်။

သို့ရာတွင် တရားစခန်းပြီးဆုံး၍ မိမိတို့နေအိမ်များသို့ ပြန်ရောက်ကြသောအခါ အချို့က စိပ်ပုတီးကို စွန့်လိုက်ကြသည်ကို ၀မ်းနည်းဖွယ် တွေ့ရသည်။ စင်စစ် နေအိမ်၌ တရားအားထုတ်မှုကို တနာရီ နှစ်နာရီ စသဖြင့် တကြိမ် နှစ်ကြိမ်သာ ကြိုးကြားကြိုးကြား ပြုကျင့်နိုင်ကြသည်။ ဤသို့သော အခြေအနေမျိုးတွင် ပုတီးစိပ်ရန် မလိုတော့ဟု ယူဆကာ ပုတီးကို စွန့်ပယ်လိုက်ကြသည်မှာ ၀မ်းနည်းဖွယ်ဖြစ်သည်။ ၀ိပဿနာတရား အားထုတ်သူသည် စိပ်ပုတီးကိုင်ဆောင်ရန် မလိုတော့ ဟူ၍ အချို့ခံယူနေကြသည်ကို ၀မ်းနည်းဖွယ် မြင်တွေ့နေရသည်။

မူလအစက စိပ်ပုတီးသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ အသုံးပြုသော အသုံးအဆောင်ကား မဟုတ်ပေ။ ဗြဟ္မဏ၀ါဒနှင့် မဟာယာနတို့မှ ဆက်နွယ်လာသည့် တန္တရ၊ မန္တရ ဂိုဏ်းဝင်များ၏ ကိုယ်ပိုင် အသုံးအဆောင်သာ ဖြစ်သည်။ သို့ရာတွင် ရှေးထေရ၀ါဒ ဗုဒ္ဓဘာသာဝင် မြန်မာကြီးတို့သည် တန္တရ၊ မန္တရ ဂိုဏ်းတို့၏ ပုတီး အသုံးပြုနည်းကို အတုယူပြီး တီထွင်မှုပြုခဲ့ကြသည်။ မိမိတို့ကိုးကွယ်သည့် ဘာသာအရ ဘုရားဂုဏ်စသည့် ဂုဏ်တော်များကို ပွားများရာတွင် ဂုဏ်တော်အရေအတွက်ကိုလည်း သိရ၊ စိတ်တည်ကြည်မှုလည်း ရအောင် စိပ်ပုတီးကို အသုံးပြုခဲ့ကြသည်။ စိပ်ပုတီးအကူအညီဖြင့် ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများခဲ့ကြသည်။ နောက်ပိုင်းတွင် ဂုဏ်တော်များ ပွားများမှု၌သာမက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော လက္ခဏာရေးသုံးပါးကို ဆင်ခြင်သည့်အခါတွင်လည်း စိပ်ပုတီးကို တိုးချဲ့ အသုံးပြုခဲ့ကြသည်။ ပုဂံခေတ်ကတည်းက ကျွန်ုပ်တို့၏ ဘိုးဘွားများ ပြုလာခဲ့သော အစဉ်အလာကောင်းပင် ဖြစ်သည်။

ထိုအစဉ်အလာကောင်းကို ပစ်ပယ်မည်ဆိုလျှင် အလွန်ဝမ်းနည်းဖွယ်သာ ဖြစ်ပေမည်။ တရားစခန်းများမှအပ အခြားနေရာများတွင် မည်သို့ပင် ၀ိပဿနာတရားကို အားထုတ်စေကာမူ အားလပ်ချိန်တွင် စိပ်ပုတီးကိုတော့ လက်စွဲ ပြုသင့်ပေသည်။ ၀ိပဿနာအားထုတ်မှုတွင် အလွန်ထင်ရှားကျော်ကြားသော လယ်တီဆရာတော် ဘုရားကြီး၏ ဓာတ်ပုံအချို့ကို ရှုပါ။ လက်တွင် စိပ်ပုတီးကိုင်ထားသည်ကို တွေ့မြင်နိုင်ပါသည်။

အလားတူပင် အနာဂါမ်ဆရာသက်ကြီး၏ ဓာတ်ပုံကိုလည်း ရှုပါ။ လက်ထဲတွင် စိပ်ပုတီးကိုင်ထားသည်ကို တွေ့မြင်နိုင်ပါသည်။(အချို့က ထိုအချက်ကို ပယ်ဖျက်လိုသဖြင့် ယခုခေတ်၌ လယ်တီဆရာတော်ဘုရားကြီးနှင့် အနာဂါမ်ဆရာသက်ကြီးတို့၏ ဓာတ်ပုံများကို ပြန်လည်ကူးယူ ပုံနှိပ်ရာ၌ စိပ်ပုတီးကို ကွန်ပျူတာဖြင့် ပယ်ဖျောက်ထားသည်ကို ၀မ်းနည်းဖွယ် တွေ့နေရပေသည်။)

စိပ်ပုတီးနှင့်ပတ်သက်၍ စစ်ကိုင်းတောင် အနောက် ပရက္ကမဆရာတော်ဘုရားကြီး အဆုံးအမကို အကျဉ်းချုပ် တင်ပြလိုပါသည်။ ဆရာတော်ကြီးသည် ၀ိပဿနာတရားကို အံ့ချီးဖွယ်ကောင်းလောက်အောင်ပင် အားထုတ်တော်မူသော ဆရာတော်ကြီး ဖြစ်သည်။ တနေ့တွင် ဆရာတော်ကြီး၏ မနီးမဝေး၌ ဒကာသုံးဦး စုဝေး စကားပြောနေကြသည်။ စကားဝိုင်း တနာရီခန့် ကြာသောအခါ ဆရာတော်ကြီးက ထိုသုံးယောက်ကိုခေါ်၍-မင်းတို့ကွယ်၊ ကလေးတွေလဲ မဟုတ်ဘဲနဲ့ ပြောရမှာ ၀န်လေးလိုက်တာ၊ စကားများနေကြလို့ ဖြစ်ပါ့မလားကွယ်၊ တော်ရုံပြောရ တော်ကြရော့ပေါ့။ စကားပြောနေမယ့်အစား ပုတီးများစိပ်နေကြရင် ဘယ်လောက်ကောင်းမလဲ ကွယ်-ဟု ဆုံးမတော်မူသည်။

ထိုအထဲတွင် ၀ိပဿနာတရား အားထုတ်လေ့ရှိသော ပုဂ္ဂိုလ်တဦးလည်း ပါသည်။ ထိုပုဂ္ဂိုလ်က ၀ိပဿနာ အားထုတ်နေသူသည် ပုတီးစိပ်ရန် မလို-ဟု ခံယူထားသည်။ ထိုပုဂ္ဂိုလ်အား အထူးရည်ရွယ်လျက် ဆရာတော်ကြီးက ၀ိပဿနာ မည်မျှပွားများ အားထုတ်နေနေ ပုတီးကိုတော့ လက်မလွတ်ရဘူးကွယ့်။ အင်္ဂုတ္တိုရ် ဧကနိပါတ် အဋ္ဌကထာမှာ ဘယ်ကမ္မဋ္ဌာန်း စီးဖြန်းစီးဖြန်း ငြီးငွေ့လာရင် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းရမယ်။ ဗုဒ္ဓါနဿတိပွားများလို့ စိတ်ကြည်လင်လာတဲ့အခါကျမှ မိမိအားထုတ်နေကျ ကမ္မဋ္ဌာန်းကို ပြည်လည်ပွားများ အားထုတ်ရမယ်။

ဥပမာ-ခွန်အားဗလနှင့်ပြည့်ဝတဲ့ သစ်ခုတ်သမားယောက်ျားဟာ သစ်ပင်မပြတ်ခင် ရဲတင်းကျိုးပဲ့သော် ပန်းပဲသို့ ပြန်လည်ပြုပြင်ပြီး သစ်ပင်ကို ပြန်လည်ခုတ်ရသလိုပါပဲ။ အဲဒီတော့ ပန်းပဲနှင့်တူတဲ့ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို လွှင့်ပစ်ထားလို့ မရဘူးကွယ့်။ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းတဲ့အခါမှာလဲ ပုတီးနဲ့က ပိုပြီး သမာဓိရတယ်။ ဒါကြောင့် ဗုဒ္ဓါနုဿတိကို လက်မလွတ်သလို ပုတီးကိုလဲ လက်မလွှတ်ရဘူးကွယ့်။ ဟူ၍ ရှင်းပြမိန့်တော်မူခဲ့ပေသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ၀ိပဿနာတရားကိုလည်း အားထုတ်ကြရပါမည်။ စိပ်ပုတီးကိုလည်း မပစ်ပယ်သင့် ကြပါ။ အရာရာတွင် အစွန်းမရောက်ဘဲ မဇ္ဈိမပဋိပဒါတည်းဟူသော လမ်းမှန်ကို ကျင့်သုံးတော်မူနိုင်ကြပါရန် တင်ပြအပ်ပါသည်။

(မြတ်မင်္ဂလာ ၂၀၀၃-ခု မတ်လ)

--

Note: If you can't read Myanmar Font, please download Zawgyi Font at http://www.mandalayalpha.com


With Metta,

Webmaster
Dhammaransi.net

Read More...

ကျင့်ဝတ် (မေ့မေ့နေသော အရာများ အကြောင်း)



**သားသမီးကျင့်ဝတ် ၅-ပါး**

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ် သားတို့တာ။

(၁) မိဘတို့ကို လုပ်ကျွေးခြင်း၊
(၂) မိဘတို့၏ အမှုကိစ္စကို ဆောင်ရွက်ခြင်း၊
(၃) မိဘစကားကို နားထောင်၍ မိဘတို့အမွေကို ခံထိုက် အောင် ပြုလုပ်ခြင်း၊
(မိဘစကား နားမထောင်က အမွေမခံထိုက်ပါ)
(၄) မိဘတို့ ကွယ်လွန်သောအခါ မိဘတို့အတွက် ရည်စူး၍ ကုသိုလ်ပြုလုပ် အမျှပေးဝေခြင်း၊
(၅) မိဘတို့၏ မျိုးနွယ် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရခြင်း။
________________________________________



**မိဘကျင့်ဝတ် ၅- ပါး**

မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်မြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင် မယ်တို့တာ။

(၁) မကောင်းမှုများကို တားမြစ်ခြင်း၊
(၂) ကောင်းမှု ကောင်းရာများကို ညွှန်ပြရခြင်း၊
(၃) အတတ်ပညာ သင်ကြား ပေးရခြင်း၊
(၄) ရင်းနှီးလုပ်ကိုင်စားဖို့ရန် ပေးရခြင်း၊
(၅) လက်ထပ်ထိမ်းမြား ပေးရခြင်း၊

________________________________________



**တပည့်ကျင့်ဝတ် ၅-ပါး**

ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနှီး. လုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ် ငါးခုသာ။

(၁) ဆရာသင်ကြား ဆုံးမသမျှကို လေးစားစွာ ဂရုတစိုက် နာခံမှတ်သား ရခြင်း (ဆုံးမနာယူ)၊
(၂) ဆရာလာသောအခါ ညီညာစွာ မတ်တတ်ရပ်လျက် ခရီးဦး ကြိုဆိုရခြင်း ( လာမူကြိုဆီး)၊
(၃) ဆရာ့ထံပါး ဆည်းကပ် ခစားရခြင်း (ထံနီး)၊
(၄) ဆရာ့ထံပါးဝယ် ပြုဖွယ်ကိစ္စများကို ပြုလုပ်ပေးရခြင်း (လုပ်ကျွေး)
(၅) ဆရာသင်ပေး ပြီးသောသင်ခန်းစာ များကိုလေးစားစွာ တွေးတောကြံစည် သင်အံလေ့ကျက် နှုတ်တက်ရွက်ဆို ရခြင်း (သင်တွေးအံရွတ်)။

________________________________________



**ဆရာကျင့်ဝတ် ၅-ပါး**

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့၊ ဆရာတို့၊ ကျင့်ဖို့ ၀တ်ငါးဖြာ။

(၁) သိသင့်သမျှ အတတ်ပညာများကို သင်ကြားးပေးရခြင်း၊
(၂) ဆုံးမ သြ၀ါဒပေး၍ ပြုပြင်ပေးရခြင်း၊
(၃) မိမိတတ်သမျှ အကုန်သင်ပေးရခြင်း၊
(၄) တပည့်များ ဘေးအန္တရာယ် မဖြစ်စေရန် ကြိုတင်တားဆီး ကာကွယ်ပေးရခြင်း၊
(၅) မိမိထက် ကျေးဇူးပြုနိုင်မည့် ဆရာထံသို့ အပ်နှံပေးရခြင်း။
________________________________________


**လင်ကျင့်ဝတ် ၅-ပါး**

မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။

(၁) မိမိ မယားအား မထီလေးစား မပြုလုပ်ရခြင်း၊
(၂) မိမိ ရှာဖွေရသမျှ ဥစ္စာများကို အပ်နှံရခြင်၊
(၃) အခြားမိန်းမများနှင့် ဖောက်ပြား ကျူးလွန်မှု မရှိရခြင်း၊
(၄) အ၀တ်အစားများကို ဆင်ယင်ပေးရခြင်း၊
(၅) မြတ်နိုးကြင်နာစွာ ဆက်ဆံရခြင်း။
________________________________________



**မယားကျင့်ဝတ် ၅-ပါး**

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမှု၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။

(၁) အိမ်တွင်းမှု လုပ်ငန်းကိစ္စကို အဆင်ပြေစေရန် စီမံပြုလုပ်ရခြင်း၊
(၂) မိမိလင်ယောက်ျား အပ်နှံလာသော ဥစ္စာများကို စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းထားရခြင်း၊
(၃) မိမိယောက်ျားမှ တပါးသော ယောက်ျားတို့နှင့် မမှားယွင်း မဖောက်ပြန်ရခြင်း၊
(၄) မိမိဘက်ဆွေမျိုး လင်ဘက်ဆွေမျိုးတို့၌ မျှမျှ တတ ပေးကမ်းရခြင်း၊
(၅) လုပ်ငန်းကိစ္စ အ၀၀၌ ပျင်းရိခြင်းကင်း၍ ကျွမ်းကျင်ရခြင်း။
________________________________________



**မိတ်ဆွေကျင့်ဝတ် ၅-ပါး**

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

(၁) မိမိတတ်နိုင်သလောက် ပေးကမ်းချီးမြှင့်ခြင်း၊
(၂) ကိုယ့်အောက်သို့ မနှိမ့်ချမူ၍ ကိုယ်နှင့်တန်းတူထားကာ ဆက်ဆံခြင်း၊
(၃) နှစ်ဦးနှစ်ဝ ကြီးပွားရန်အတွက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရခြင်း၊
(၄) ပြောဆိုဆက်ဆံရာ၌ စကားအရာ ပြေပြစ် ချိုသာစွာ ပြောရခြင်း၊
(၅) စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် သစ္စာဖောက်ဖျက်မှု မရှိဘဲ မှန်ကန်တိကျခြင်း။
________________________________________



**ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ၅-ပါး**

မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ဘေးတွယ်မပစ်၊ သားမြစ်စဉ်ဆက်၊ မပျက်ချီးပင့်၊ ၀တ် ငါးဆင့်၊ ပြုကျင့်မိတ်ဆွေများ။

(၁) မေ့လျော့နေသော ဥစ္စာများကို စောင့်ရှောက်ရခြင်း၊
(၂) တစ်ဘက်မိတ်ဆွေ၏ ဥစ္စာများကို စောင့်ရှောက်ရခြင်း၊
(၃) မိမိမိတ်ဆွေ ဘေးဒုက္ခရောက်သောအခါ အားကိုးရာ ဖြစ်ရခြင်း၊
(၄) ဘေးဒုက္ခရောက်သောအခါ ပစ်ပယ်စွန့်ခွာ၍ မသွားရခြင်း၊
(၅) သားစဉ်မြေးဆက် အဆက်ဆက် မိတ်ဝတ်မပျက်ဘဲ ပေးကမ်းချီးမြှင့်ရခြင်း။
________________________________________



**အလုပ်ရှင်ကျင့်ဝတ် ၅-ပါး**

ဝစွာ ကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင်ဝတ်၊ မချွတ် ငါးခုသာ။

(၁) မိမိအလုပ်သမားကို ၀လင်စွာ ကျွေးမွေးရခြင်း၊
(၂)သူတို့လုပ်နိုင်သော အလုပ်ကိုသာ လုပ်စေပြီး သင့်လျော်သောအချိန်၌ ခိုင်းစေရခြင်း၊
(၃) မကျန်းမမာသောအခါ၌ ရောဂါပျောက်အောင် ကုသပေးရခြင်း၊
(၄) ထူးဆန်းသော အစားအစာကို ရသောအခါ ဝေငှပေးကမ်းရခြင်း၊
(၅) ဥပုသ်နေ့၊ ပွဲတော်နေ့၊ အလုပ်ပိတ်ရက် စသောအခါတို့၌ အခိုင်းအစေ စာရင်းငှား ကျွဲနွားတို့ကို မခိုင်းစေဘဲ အနားပေးရခြင်း၊ အခွင့်လွှတ်ရခြင်း။

________________________________________




**အလုပ်သမားကျင့်ဝတ် ၅-ပါး**

အိပ်သော်နောက်ကျ၊ ထသော်ကားရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။

(၁) နောက်ကျမှ အိပ်ရခြင်း၊
(၂) အိပ်ရာမှ စောစောထရခြင်း၊
(၃) မိမိအရှင် ပေးကမ်းမှသာ ယူရခြင်း၊
(၄) မိမိအရှင်၏ လုပ်ငန်းများကို မခိုမကပ်ဘဲ စေတနာ ရှေ့ထား၍ စေ့စေ့စပ်စပ် ဆောင်ရွက်ရခြင်း၊
(၅) မိမိအရှင်၏ ဂုဏ်ကျေးဇူးကိုသာ ပြောဆိုရခြင်း။
________________________________________

၂၀၁၂ နှစ်သစ်မှာ ကျင့်ဝတ်ကောင်းသော လူသားများ ဖြစ်ပြီး ပျော်ရွှင်ကြပါစေ။


လေးစားစွာဖြင့်
**ကိုဇော်**

**From--Lwan Nay Thu**

Read More...

Thursday, December 22, 2011

အနာဂါမ် ဆရာသက်ကြီး

ဆရာသက် ခေါ် ဦးဖိုးသက်မှာ ရန်ကုန်မြို့ တဖက်ကမ်း ဒလ ပျော်ဘွယ်ကြီးရွာနေ ဦးကျော်တုတ်-ဒေါ်ငွေဥ တို့ မှ မြန်မာ သက္ကရာဇ် ၁၂၃၅ ခုနှစ် ဝါ ခေါင်လဆန်း ၃ ရက်၊ သောကြာနေ့ တွင် မောင်ဖိုးသက်ကို ဖွားမြင်ခဲ့လေသည်။ မွေးချင်းလေး ယောက်တို့ တွင် မောင်ဖိုးသက်မှာ အကြီးဆုံး ဖြစ်၏။

ပျော်ဘွယ်ကြီးရွာမှာ ရန်ကုန်မြို့ ၏ တောင်ဖက် ၇ မိုင်မျှသာကွာ၍ အိမ်ခြေ တစ် ထောင်ကျော် ရှိသောရွာကြီးဖြစ်၏။ ရွာသူရွာသားတို့ မှာလည်း များသောအားဖြင့် သမ္မာ အာ ဇီဝ ဖြစ်သော လယ်ယာ အလုပ်ဖြင့် အသက်မွေးကြသူများ ဖြစ်သည်။ မောင်ဖိုးသက် အသက် (၁၁)နှစ်အရွယ်တွင် ဖခင်ဦးကျော်တုတ် ကွယ်လွန်သွားသဖြင့် မိခင် မုဆိုး မကြီး ဒေါ်ငွေဥက သားသမီးလေးယောက်အား အကြော်ရောင်း၍ လုပ်ကျွေးခဲ့ရသည်။ သားကြီးမောင်ဖိုးသက်ကိုလည်း မြန်မာစာ ခြောက်တန်းအထိ ပညာသင်ပေးခဲ့သည်။ ကျောင်းနေဆဲမှာပင် ကျောင်းအားရက်များ၌ လှည်းဦးစီး၊ သမ္ဗာန်ဦးစီး အဖြစ်ဖြင့် စပါးသယ်ပို့သော လုပ်ငန်း၌ ဝင်ရောက်လုပ်ကိုင် လျက် မိခင်ကြီး၏ စီးပွားရေးကို ကူညီပံ့ပိုး ခဲ့သည်။

ထို့နောက် ရိုးသားကြိုးစားသော မောင်ဖိုးသက်ကို ဆန်စက်ပိုင်ရှင် တစ်ဦးက သဘောကျ၍ သူ၏ဆန်စက်၌ တာလီ စာရေးခန့် ထားခဲ့သည်။ တစ်လ ၆ ကျပ်စားမှ ၂၅ ကျပ်အထိ လစာတိုး ပေးခဲ့သည်။ ထိုအခါ မောင်ဖိုးသက်တို့ မိသားစု စားဝတ်နေရေး ချောင်လည်လာ ခဲ့သည်။ မောင်ဖိုးသက် အသက်(၁၆) အရွယ်တွင် ပျော်ဘွယ်ကြီးရွာမှ လယ်ပိုင်ရှင် တစ်ဦးဖြစ်သော ဦးသိန်း ဒေါ်သူဇာတို့ ၏ သမီးထွေးမမျှင်နှင့်အိမ်ထောင်ကျလေသည်။ ထိုအခါ သူသည် ယောက္ခမိသားစုနှင့် အတူနေထိုင်လျက် လယ်ယာအလုပ်ကို လုပ်ကိုင်ခဲ့သည်။ စီးပွားရေးပြေ လည်၍ မိသားစု အသိုင်းအဝိုင်း မှာလည်း ပြည့်စုံသဖြင့် ကာလအတန်ကြာမျှ ပျော်ရွှင်စွာ နေခဲ့ရသည်။ ထိုအချိန် ကာလအတွင်း ဘာသာရေးနှင့် ပါတ်သက်၍ လည်း အလှူ ဒါနပြုခြင်း၊ ဥ ပုသ်သီလဆောက်တည်ခြင်း စသော ကောင်းမှု ကုသိုလ်တို့ ကို ပြုလုပ်ဆည်းပူးနိုင် ခဲ့သည်။ အထူးအားဖြင့် ထိုခေတ်က ရဟန္တာဟု ကျော်ကြားသော ဘုန်းတော်ကြီး ဦးသီလနှင့် ပညာနေတ္တိ ဝိပဿနာကျမ်းပြု ဖိုဝန်းတောင် ဆရာညွန့် တို့ ဟောပြောသော တရား များကို ကြားနာခွင့်ရရှိခဲ့ခြင်း၊ လယ်တီဆရာတော်၏ ဒီပနီ ကျမ်းအချို့ ကို ဖတ်ရှုခဲ့ရခြင်းတို့ ကြောင့် မောင်ဖိုးသက်မှာ ဘာသာရေးအခြေခံ အတော်အသင့် ပြည့်စုံလေသည်။

သို့ သော်လည်း ထိုသို့ အစစချောမွေ့ နေသော အချိန် တွင် မမျှော်လင့်သော ကြမ္မာ ဆိုးတစ်ခုက မောင်ဖိုးသက်တို့ မိသားစု နှင့်တကွ ပျော်ဘွယ်ကြီးရွာ တရွာလုံးကို ဝင်ရောက် မွှေနှောက် ခဲ့သည်။ထိုကြမ္မာဆိုးမှာ အခြားမဟုတ်။ ကာလဝမ်းရောဂါ ပင်ဖြစ်၏။ ကာလဝမ်း ရောဂါ ကျရောက်လာသဖြင့်  ရွာသူရွာသား အမြောက်အများ သေကြေပျက်စီး ကြရာတွင် မောင်ဖိုးသက် တို့ မိသားစု မှာ အထိအနာဆုံး ဖြစ်ခဲ့သည်။ မမျှင်၏ အစ်မ မခင် တို့ လင် မ ယားနှင့်အတူ တူမလေး မချစ်မြိုင် ကိုဖိုးသက်၏ သမီးလေး မလှညွန့် ပါ ဝမ်းရောဂါ ထဲသို့  ပါသွားခဲ့ကြ ရရှာသည်။


**လယ်တီဆရာတော်နှင့် ဆရာသက်**

အသက်သုံးဆယ် ကျော်မျှသာ ရှိသေးသော ကိုဖိုးသက်မှာ မိမိလက်တွင်း၌ မချိမ ဆန့်  အသက်ပျောက်သွားခဲ့ရသည့်  တစ်ဦးတည်းသော သမီးလေး မလှညွန့် အတွက် အ ကြီးအကျယ် စိတ်ထိခိုက်သွားသည်။ လအတော်ကြာမျှ သောက ဝေဒနာကို မဖြေနိုင် ဖြစ်ခဲ့  ရသည်။ရက်လ ညောင်း၍ မိမိစိတ်ကို အသင့်အတင့် ဖြေနိုင်သောအခါ တွင်မူ ကိုဖိုးသက် မှာ ပျော်ဘွယ်ကြီး ရွာတွင် နေလိုစိတ်မရှိတော့ချေ။ ထို့ ကြောင့် ဇနီးမမျှင်နှင့်  ကျန်မိသားစု များအား အနူးအညွတ် တောင်းပန်ပြီး ပျော်ဘွယ်ကြီးရွာမှ ထွက်လာခဲ့လေသည်။ မောင်ညိုခေါ် မိတ်ဆွေ တစ်ယောက်ကို အဖော်ပြုလျက် ရွာမှ ထွက်လာသော ကိုဖိုး သက်သည် မြန်မာပြည်တောတောင် အနှံအပြားသို့ လှည့်လည် လျက် သောကငြိမ်းအေး ကြောင်းတရားကို ရှာဖွေခဲ့သည်။ (သေခြင်းတရား၏ အချိန်အခါအရွယ်မရွေး အချိန်းအချက်မရှိထားပဲ ရောက်လာနိုင်ခြင်းအပေါ်သတိသံဝေဂ ရရှိကာ မသေသောတရားကို သိအောင်ရှာမည်ဟု လေးနက်မွန်မြတ်သောသန္ဒိဌာန် ဆုံးဖြတ်ချက်လည်း ဦးစီးပါဝင်သည်။)

ရှေးဦးစွာ ဖိုဝန်းတောင် ဆရာညွန့် ထံသို့ ရောက်၍ အာနာပါန ရှုမှတ်နည်း ကိုရရှိခဲ့ သည်။ထိုနောက် ညောင်လွန့် တောရ ဆရာတော်၊ သေက္ချတောင် ဆရာတော်၊ ဦးတိလော က ၊ ပဋ္ဋိပတ္တိအကျော် ဆရာတော်များ ထံသို့ လည်း ခိုဝင် ဆည်းကပ်ခဲ့သည်။ နောက်ဆုံး ကား လယ်တီဆရာတော် ဖြစ်လေသည်။ ကိုဖိုးသက်သည် လယ်တီဆရာတော် ထံ၌ (၇) နှစ်မျှ အနီးကပ် ဆည်းကပ်နေထိုင် လျက် ပဋ္ဋိပတ္တိ အလုပ်ကို အားထုတ် ခဲ့သည်။ဆရာတော်၏ ဆုံးမ သြဝါဒများကို အလေးအ နက် နာယူမှတ်သား ခဲ့သည်။

ဤသို့ လျှင် အိုးပစ်အိမ်ပစ် ဘဝဖြင့်  ကိုဖိုးသက် တရားရှာခဲ့သည်မှာ (၁၃) နှစ်မျှကြာ သွားခဲ့သည်။ ထိုအချိန်ကာလ အတွင်း ဆရာသမားများ၊သူတော်ကောင်းပညာရှိတို့ ၏ ဆုံးမ သြဝါဒ များကို မပြတ်ကြားခဲ့ရခြင်းကြောင့် လည်းကောင်း၊ တရားအသိ ထိုက်သင့်သ လောက် တိုးပွားလာခြင်းကြောင့်လည်းကောင်း ၊ကိုဖိုးသက်၏ သောက ဝေဒနာမှာ သိသိ သာသာ ကြီး လျော့ပါးလာခဲ့လေသည်။ ထို့ ကြောင့် ကိုဖိုးသက် သည် အဖော်ဖြစ်သူ မောင် ညို နှင့်အတူ လယ်တီဆရာတော်ကြီးအား ဖူးမြော်ကန်တော့ပြီး ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်သော ပျော်ဘွယ်ကြီးရွာသို့ ပြန်ခဲ့လေသည်။ (နှစ်ရှည်လများ အိုးပစ်အိမ်ပစ် လေ့လာဆည်းပူးရင်းအားထုတ်ခဲ့သော်လည်း ရည်မှန်းသည့် တရားအရသာတွေ့ရှိသိရသည်အထိ ခရီးမရောက်သဖြင့် နောက်တစ်လှမ်းဆုတ် တပ်ခေါက်ပြန်သည့်သဘောဖြစ်သည်။ သို့သော် နောင်အရှည်ကို ရည်မျှော်တွေးခေါ်ကာ လမ်းညွှန်မိန့်မှာရင်းချီးမြှင့်သော လယ်တီဆရာတော်၏ တေးထပ် လင်္ကာမှာ ဦးဖိုးသက်အတွက် အလွန်တန်ဖိုးရှိသော အားဆေးတစ်ခွက်သဖွယ်ဖြစ်စေခဲ့သည်။)

**ရွာအပြန်**

ပျော်ဘွယ်ကြီးရွာသို့  ရောက်သောအခါ (မိမိတရားအသိဖြင့်ဖြင့် အများအား ကူညီကယ်တင်ရန်ရည်မှန်းချက်လည်းရှိဟန်တူသူ ကိုဖိုးသက်သည် မိမိအားယုံကြည်အားထားစွာ မျှော်လင့်ချက်ထားထောက်ပံ့လှူတန်းနေသူများနှင့် လက်ရှိတရားအဆင့်မျှဖြင့် ရင်ဆိုင်မတွေ့လိုသေးသလိုဖြစ်နေပေရာ) အိမ်သို့ သွားလိုစိတ် မရှိသေးသဖြင့် ကိုဖိုးသက်နှင့် မောင်ညိုတို့ သည် ရွာထိပ် ရှိ ဓမ္မာရုံ ၌ ယာယီသဘောဖြင့် စတည်းချ နေကြသည်။ ထိုဓမ္မာရုံမှာ တစ်ချိန်က ကိုဖိုးသက်တို့ မိသားစု ဆောက်လုပ်လှူဒါန်းခဲ့သော ဇရပ်ပင်ဖြစ်၏။


`ဤသောက ဝေဒနာမျိုး နောက်ထပ်မပေါ်ပေါက် ရအောင် ငါအားထုတ်တော့မည်။´ဟုသန္ဒိဌာန် ချလိုက်သည်။ ထို့ နောက် ဇနီးမမျှင် အိမ်သို့ နှုတ်ဆက် ရုံမျှပင် မသွားတော့ဘဲ မောင်ညို နှင့်အတူ ဇရပ်မှာပင် ဖြစ်သလို နေထိုင်လျက် တရားကို ဆက်လက် အားထုတ်သည်။

အာနာပါနဖြင့် သမာဓိခိုင်မြဲအောင် ထူထောင်ပြီး မိမိခန္ဓာကိုယ်မှ ရုပ်နာမ်တို့ ၏ ဖြစ် ပျက်မှုများကို ဝိပဿနာ ဥာဏ်ဖြင့် ထင်မြင်အောင် ရှုမှတ်သည်။ သို့ အားဖြင့် မကြာမီ ကာ လအတွင်း ၌ပင် ကိုဖိုးသက်သည် ခန္ဓာကိုယ် ကပြသော (ငယ်ထိပ်နေရာမှပြသော) တရားကို လင်းလင်းချင်းချင်း ထိုးထွင်း သိမြင်ခဲ့လေသည်။ ထို့ နောက် ကိုဖိုးသက် သည် ရွာဦးဇရပ် မှာပင် ဆက်လက်နေထိုင်လျက် မရီး ဒေါ် ရင် အပါအဝင် ရင်းနှီးသူ (၁၅) ဦးခန့် အား အာနာပါန အားထုတ်နည်းကို (တောင်းခံမှုများကြောင့်) စတင်သင်ပြ ပေး သည်။ ကိုဖိုးသက်မှာ (လောကုတ္တရာစာပေအရာတွင်) စာတတ်ပေတတ် (ကျမ်းတတ်ပုဂိုလ်) မဟုတ်သော်လည်း သူဟောပြောသော တရားကား ရှင်းလင်းပြတ်သား သည်။ ယောဂီများသာမက ယောဂီမဟုတ်သူများလည်း တိုးတက်မှု ရရှိ ၍ များစွာနှစ်သက်ကြသည်။

ကိုဖိုးသက်သည် သီတင်းဝါလကျွတ်သော အခါ ယောဂီအချို့ နှင့်အတူ လယ်တီဆရာ တော်ထံ သွားရောက်ဖူးမြင် သည်။ မိမိတရားပြပုံများ ကိုလည်း ဆရာတော် အားလျှောက်ထားသည်။ လယ်တီဆရာတော်က အကြိမ်ကြိမ် သာဓု ခေါ်တော်မူပြီး ယောဂီ ၅၀၀၀ ထက်မနည်းအရေအတွက်ပြည့်မီသည်အထိ ဆက် လက်တရားပြရန် တိုက်တွန်းတော်မူသည်။ ကျောင်းတိုက်ရှိ တပြည့်သံဃာအများကိုလည်း ကိုဖိုးသက်၏နည်းနာကိုစံနမူနာယူရန်စသည်တိုက်တွန်းချီးမွမ်းသည်၊ ထို့အပြင် မိမိအမြဲသုံးနေသော လက်ကိုင်တောင်ဝှေး ကို လည်း ဒကာသက်အား ချီးမြှင့်တော်မူလိုက် လေသည်။

ကိုဖိုးသက်သည် လယ်တီဆရာတော်ထံမှ ပြန်လာပြီးနောက် ဆရာတော်၏ အားပေး တိုက်တွန်းချက်နှင့်အညီ တရားပြမှုကို တိုး၍ ပြုလုပ်ခဲ့သည်။ အနီးပတ်ဝန်းကျင် ရွာများ နှင့် တကွ ရပ်နီး ရပ်ဝေးမှ လူများ အဆက်မပြတ် လာရောက်၍ ကိုဖိုးသက်ထံ၌ တရားအား ထုတ်ခဲ့ကြသည်။`ဆရာသက်ကြီး ဟူ၍ လေးလေးစားစား အသိအမှတ်ပြုလာကြသည်။ ဆရာသက်ကြီးသည် ပျော်ဘွယ်ကြီး ရွာ၌သာမက ရန်ကုန် -မြောင်းမြ -ရွှေကျင် စသော အခြားမြို့ ရွာများ၌လည်း တရားပြခဲ့သည်။ ပျော်ဘွယ်ကြီးရွာမှာ ရန်ကုန်မြို့ နှင့် နီး သဖြင့် ရန်ကုန် မြို့ မှ အစိုးရ အမှုထမ်း များနှင့် အခြားသူများလည်း ဆရာသက်ထံ မကြာ ခဏ လာရောက် ကြသည်။ နောင်အခါ၌ ငွေစာရင်းမင်းကြီး ဖြစ်လာမည့် ဦးဘခင် သည် လည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ (ဆရာသက်ကြီး၏ တရားအသိဖြန့်ဝေလမ်းညွှန်ကူညီပေးမှုတွင် အနှောက်အယှက်အဟန့်အတားသဘော အဆင်မချောမှုရှိသမျှကို မေတ္တာမပျက်ခွင့်လွှတ်သီးခံ နည်းမှန်စွာအနိုင်ရရှိချောမောပြေပြစ်စေခဲ့သည်။ အတ္တကြီးမားစွာ ဆက်ဆံပြောဆိုလာသူ ဝေဖန်ကဲ့ရဲ့လိုစိတ်ဖြင့်စုံစမ်းချဉ်းကပ် လာသူတို့ကိုပါ ပြဿနာအလျဉ်းမပေါ်စေပဲ သာယာခြေငံနည်းမှန်စွာ အကျိုးဖြစ်ထွန်းစေနိုင်ခဲ့သည်။ အဝေးမှ အနှောက်အယှက်ပြုသူအချို့ကိုကား ကူညီခွင့်ရပုံမပေါ်ပါ။)

**ဘ၀နိဂုံး**

ဆရာသက်ကြီး၏ တပည့်အချို့ သည် ဆရာကြီးအသက်ထင်ရှား ရှိနေစဉ် ကပင် အာဇာနည် ကုန်း၌ ဟံသာဝတီကမ္မဌာန်း ဌာနကို ဖွင့်လှစ်ခဲ့ကြသည်။ ထို ကမ္မဌာန်း ဌာန သို့  လာရောက်၍ တရားပြခဲ့သည်။ ဆရာကြီးသည် မြန်မာ သက္ကရာဇ် ၁၃၇၀ ခုနှစ် နတ်တော် လ ဆန်း ၁၄ ရက်နေ့ ည တွင် ဗဟန်းရေတာရှည် လမ်းဟောင်းမှ တပည့်ဖြစ်သူ ဦးအုံး၏ နေအိမ်၌ ကွယ်လွန်ခဲ့သည်။ အသက်(၇၂) နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဆရာကြီး၏ ရုပ်ကလာပ်ကို အာဇာနည် ကုန်း၌ တပည့်ကြီးငယ်တို့ က စည်ကားသိုက်မြိုက်စွာ သင်္ဂြုဟ်ခဲ့ကြလေသည်။ (ဆရာသက်ကြီး မရှိတော့သည့်နောက်ပိုင်းတွင်လည်း ဆရာကြီး၏ တပြည့်သားမြေးတို့၏ အားထုတ်မှုဖြင့် ကမ္မဌာန်း ဌာနများ ကမ္မဌာန်းပြဆရာများ အစဉ်အဆက် ပွားများတည်ရှိနေကာ ဆရာကြီးဦးဘခင်၊ ဆရာကြီးဦးဂိုအင်ဂါ စသည်ဖြင့် တိုင်းပြည်နိုင်ငံနယ်နမိတ်များအပေါ် ကျော်လွှားထင်ရှားတရားဖြန့်ဝေပေးနိုင်စွမ်းသော အာဇာနီပုဂိုလ်များဆက်လက်ပေါ်ထွက် နေလျက် သူ၏တရားများ ရှန်သန်ပြန့်ပွားတည်ရှိနေသည်)


**ကိုးကား**

ဓမ္မာစရိယဦးဌေးလှိုင်-ရေး “အနာဂါမ်ဆရာသက်ကြီး”

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)