Saturday, November 28, 2015
**ငပိ..ဆီ...တန်းတန်းကြီး..ကိုယ်လာခဲ့ပါမယ်(သို့ ) ကျနော်စားခဲ့ရသောသူမတို့ ဆီကမိသားစုပမာ ထမင်းလုတ်များ**
(မမေသူ--ဆို)*ဗျို့ ..ဆရာမိုးရာ....ငပိထောင်းလေးက..ကောင်းလိုက်တာ..... .မောင်..မင်းသူ....အပါ.. ဒီနေ့ ..လာခဲ့ပါ.....မယ်ဇလီဖူးသုတ်လား.....မြင်းခွာရွက်သုတ်လား....*
(မဇာ+မဖြူဖွေး)ဟောဒီ့ မှာ...ဆရာမိုးရာ..ကေသီပန်..ကေသီပန်(အဲလေ) ငပိထောင်း......ငပိထောင်း..စားလို့ ကောင်း...ကောင်းလိုက်တာ...လျှာလည်.... သွား...မှာ**
သို့ဂလိုငပိထောင်း၏ဆွဲဆောင်အားကောင်းမှု၊တန်ဆောင်မုန်းလပြည့်ကျော် (သူခိုးကြီးညလက်ကျန်)မယ်ဇလီဖူးနှင့်မြင်းခွာရွက်တို့ ၏တိုက်တွန်းစေ့ဆော်မှု များကြောင့်ယနေ့ အဖို့ မူမဲဆောက်မြို့ မက်ပ်ရေဒီယိုအစီအစဉ်ပြီးသည်နှင့် ပွားဖော်ပွားဖက်မောင်မင်းသူကိုဂလိထိုးကာ(အဲလေ)လက်တို့ ကာ.. မမေသူ၊မဇာ၊မဖြူဖွေးစသည့်မော်ဒယ်ဂဲနဲ့ ပစ်(အဲလေ)မော်ဒယ်ဂဲတွေရှိရာ မဲဆောက်မြို့ အရှေ့ဘက်တောင်ကုန်းငယ်ကျေးရွာသို့ တည့်တည့်နဲ့ မှမတ်မတ် *ငပိ..ဆီ...တန်းလန်းကြီး(အဲလေ)တန်းတန်းကြီး..ကိုယ်လာခဲ့ပါမယ်.....*ဟု ဗဒင်ကိုပါးစပ်ထဲတပ်ကာဝေသာလီပြည်ဘီလူးစီးဘိကဲ့သို့ အ၀အပြဲဆွဲကြလေသတည်း။
......................
+ဆန်တာကလော့စ်( ခေတ္တ- -အဂံပူ)+
Sunday, March 1, 2015
==ဟာဒယနှလုံး-တခဏပြုံး( “မှန်ရာကို သစ္စာဆိုပါမည်”) ==
“အိမ်သာကို တွန်းလှဲပစ်တာ ဘယ်သူလဲ”
ဘယ်သူမှ ပြန်မဖြေဘူး။ ထပ်မေးတယ်။
“အိမ်သာကို တွန်းလှဲပစ်တာ ဘယ်သူလဲ”
ဒါလည်း ဘယ်သူမှ ပြန်မဖြေဘူး။ ဆိုတော့ ဦးမဲလုံးက ဆက်ပြောတယ်။
“မင်းတို့ကို ဟိုဘက်အိမ်က မောင်ကျေးညိုလေးအကြောင်း ပြောပြမယ်၊ တခါက အဲဒီမောင်ကျေးညိုလေးဟာ သူ့အိမ်ရှေ့က တမာပင်ကို ဓားနဲ့ခုတ်လှဲပစ်တယ်၊ သူ့အဖေက ဘယ်သူခုတ်တာလဲလို့မေးတော့ မောင်ကျေးညိုလေးက သူခုတ်တာပါလို့ အမှန်အတိုင်း ဖြေလိုက်တယ်၊ အဲဒီလို အမှန်ပြောတော့ သူ့အဖေက မရိုက်ဘူးကွ”
ပြီးတာနဲ့ ခုနမေးခွန်းကို ပြန်မေးတယ်။
“အိမ်သာကို တွန်းလှဲပစ်တာ ဘယ်သူလဲ”
အဲဒီမှာ တတိယ အငယ်ဆုံးသားက ပြန်ဖြေတယ်.။.
“ကျနော် တွန်းလှဲတာပါ” …
ဆိုတော့ ဦးမဲလုံးက အဲဒီသားကို ဆွဲထုတ်ပြီး ရိုက်ပါလေရော။ သားလေးက ငိုရင်းနဲ့ မေးတယ်။… … “ကျေးညိုအပြစ်လုပ်တယ်၊ အမှန်ကို သူဝန်ခံတယ်၊ သူ့အဖေ မရိုက်ဘူး၊ ကျနော်အပြစ်လုပ်တယ်၊ အမှန်ကိုဝန်ခံတယ်၊ ကျနော့်ကို အဖေရိုက်တယ်”
ဒီတော့ ဦးမဲလုံးက ပြန်ပြောတယ်။
“ကျေးညို တမာပင် ခုတ်လှဲတုန်းက သူ့အဖေက တမာပင်ပေါ်မှာ ငုတ်တုတ်ထိုင်မနေဘူးကွ”… တဲ့။
>>>>>>>>>>>>>>>>>&
gt;>>>>>>>>>>>>>>
+Thanlay Ko+
Saturday, April 7, 2012
ဟာသ.

**ကြောက်တာပေါ့အမေရ**
တစ်ခါက ခွဲစိတ်ခန်းကနေ လူနာတစ်ယောက် ထွက်ပြေးလာတာကို
အပြင်မှာရှိတဲ့လူနာရှင်အမေက မေးတယ်.....
အမေ။ ။သားခွဲစိတ်လို့ မပြီးသေးဘဲနဲ့ ဘာလို့ ထွက်လာတာလဲ...
သား။ ။မကြောက်ပါနဲ့ ခွဲစိတ်မှုအောင်မြင်မှာပါလို့ ပြောလို့အမေရ
အမေ။ ။သြော်သားကလည်း ဒါကအားပေးစကားလေ ကြောက်ပြီးထွက်ပြေးစရာမလိုပါဘူး...သားကြောက်မှာစိုးလို့ပြောတဲ့ဟာကို...
သား။ ။ကြောက်တာပေါ့အမေရ..သားကိုပြောတာမှ မဟုတ်တာ..သူနာပြုဆရာမက ဆရာဝန်လက်တုန်နေတာတွေ့လို့ ပြောတာအမေရ...
ဗေဒင်ဆရာပြောတာမှန်ပါတယ်
ဗေဒင်ကို အင်မတန်ယုံကြည်သောလင်မယားနှစ်ယောက်စကားပြောနေကြသည်။
ယောင်္ကျား။ ။ဗေဒင်ဆရာပြောတာမှန်လည်းမမှန်ဘူး။ငါ့မှာတော့စိတ်ဆင်းရဲ
လိုက်ရတာ။
မိန်းမ။ ။ဆရာကဘာပြောလို့ လည်း ၊ရှင်ကစိတ်ဆင်းရဲရအောင်။
ယောင်္ကျား။ ။မင်းကိုယ်ဝန်ရှိတုန်းကဗေဒင်ဆရာပြောလိုက်တာလေ ၊
မှတ်မိသေးလား။
မိန်းမ။ ။အငိးမှတ်မိသားပဲ။ ကလေးကဖေဖေလို့ ခေါ်တဲ့
နေ့ ကြရင် ကလေးအဖေသေမယ်ဆိုတာမှတ်လား။
ယောင်္ကျား။ ။အေးလေ။မနက်ကပဲသားလေးကငါကို ဖေဖေ လို့ခေါ်တယ်လေ။
အခုည ( ၁၂ )နာရီကျော်ပြီလေ။ငါသေမှမသေသေးတာကွ။
သူပြောတာမှားတာပေါ့။
မိန်းမ။ ။သူပြောတာမမှားပါဘူးမောင်ရယ်။ နေ့ ခင်းက အကိုအလုပ်သွား
နေတုန်း ဟိုဘက်အိမ်က ကိုဖိုးအောင်ကြီးဆုံးသွားတယ်လေ။
**တော်သေးတာပေါ့**
လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။ အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည် နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ မေးလိုက်သည်။
-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။
- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
- တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့......
**မ ခံ စား နိုင် လို့ပါ **
တနေ့ မှာ အဖွား ကြီး တယောက် သွား ကိုက် ဝေဒနာ ကို အပြင်း အထန် ခံ စား နေ ရ ရှာ သ တဲ့...
နောက် ဆုံး မ ခံ စား နိုင် တာ နဲ့ .. ဆရာဝန် နဲ့ သွားပြ သတဲ့...
ဒါပေမယ့် ခက် တာ က သူပြ တဲ့ ဆရာဝန် က သွား ဆရာဝန် မဟုတ် ပဲ...
O.g ဖြစ် နေတယ်..
အဘွားကြီး ။ ။ ကျွန်မ မခံ မရပ် နိုင် အောင် ကိုက် ခဲ နေ တာ ပဲ ဆရာရယ်
ဆရာဝန် ။ ။ ဟုတ်ကဲ့အဖွား..ကျွန်တော်သေသေချာချာ စစ် ဆေး ပေး ပါ့မယ်
ဆရာဝန် မှာ သေ သေ ချာ ချာ စစ် ဆေး ပြီး....
ဆရာဝန်။ ။ အဖွား ရ... ဘာမှ လည်း မဖြစ် ပါလား.....
အဘွားကြီး။ ။ မသိပါဘူး ဆရာရယ် သွားက တနေ့ထက်တနေ့ ပိုပို ပြီး ကိုက် လာ လို့ လာ ဆေးခန်းလာပြတာ ပဲ....
ဆရာဝန်။ ။ အမ် အဖွား က သွား ကိုက် နေ တာ လား... ဘာ လို့ ကျွန်တော့ ကို စောစော က မပြောလည်း.....
ထိုအခါ အဘွားကြီး ပြော လိုက်ပုံ က.........
အဘွားကြီး ။ ။ မသိဘူး လေ ဆရာရယ် ... ကျွန်မက .. သွား ရဲ့ အမြစ် ကို ရှာနေတာမှတ်လို့...
**သူ့ကိုမုန်းလို့**
လူတစ်ယောက်ဟာ သူမွေးထားတဲ့ခွေးကြီးကို ခေါ်ပြီး သူ့မိတ်ဆွေ တိရစ္ဆာန် ဆရာဝန်ဆီခေါ်သွားပါတယ်။ သူ့ခွေးကြီးက အဖိုးတန်ထဲကဖြစ်ပြီး ခွေးထဲမှာ တော်တော့်ကိုလှတဲ့ကောင်လို့ ပြောလို့ရတယ်။ ဟိုရောက်တော့
ဆရာဝန်က . . . ခင်ဗျားခွေး ဘာဖြစ်လို့လဲ ၊ နေမကောင်းလို့လား ဆိုတော့
ခွေးရှင်က . .ဟင့်အင်း .သူ့အမြီးကိုဖြတ်ပစ်ချင်လို့ပါ
၊ ကျေးဇူးပြုပြီးဗျာ အရင်းနားကနေ ဖြတ်ပေးစမ်းပါ.
ဆရာဝန်က ခွေးကိုတစ်လှည့် ခွေးပိုင်ရှင် မိတ်ဆွေကိုတစ်လှည့် တအံ့တသြနဲ့ ကြည့်မိတယ်။ ပြီးမှ…
ဆရာဝန်. . .ဘာလို့ဖြတ်ပြစ်ချင်ရတာလဲခင်ဗျာ၊ သူ့ခမျာ သနားစရာ။ ခင်ဗျားခွေး က ဒေါင်းတင်မောင်းတင်နဲ့ ခန့်ညားတဲ့ကောင်ကြီး၊ အမြီးဖြတ်ပစ်လိုက်ရင် ဘယ်လောက်ရုပ်ဆိုး သွားမလဲ မလုပ်ပါနဲ့ဗျာ ..
ခွေးရှင်က. . . မရဘူးဗျာ၊ ဒီကောင့်အမြီးကို ဖြတ်ကိုဖြတ်ရတော့မယ်၊ မဖြတ်လို့မဖြစ်ဘူး..
ဆရာဝန် . . . ဘာလို့ ဒီလောက်အသည်းအသန်ဖြတ်ချင်ရနေရတာလဲ..
အဲဒီမှာ ခွေးပိုင်ရှင်ပြောလိုက်တဲ့စကားကတော့
မနက်ကျရင် ကျွန်တော့ယောက္ခမကြီး အလည်ရောက်တော့မှာဗျ. ။ အဲဒီအခါကျရင် ကျွန်တော့ခွေးက အမြီးတနန့်နန့်နဲ့ ကြိုဆိုနေမှာကို မကြည့်ချင်လို့ဗျ။ ရှင်းပြီလား။
အစည်းအဝေးမှ ပြန်လာသော လွတ်တော်အမတ်ကို မိန်းမက မေးသည် ။
" ရှင်ဟာ အစည်းအဝေးတွေပဲ နေ့ တိုင်းတက်နေပြီး....အစည်းအဝေးမှာ ဘာတွေပြောကြသလဲဆိုတာ
ကျမကို ပြန်မပြောပြဘူး "
" သြော်...မင်းကလဲကွာ အကြောင်းအရာမျိုးစုံ ဆွေးနွေးကြတာပေါ့...
ဥပမာ ယောကျာ်းတိုင်း မိန်းမ ၂ ယောက်ယူခွင့်ပြုဘို့ 
အကြောင်း ဒီနေ့  ဆွေးနွေးကြတယ် "
" ဘာ...မိန်းမ ၂ ယောက်..ဟုတ်လား...သေချင်းဆိုး...ရှင့်ကို ဘယ်သူက ခွင့်ပြုမှာလဲ.. ဟင်း..ဟင်း.."
" မင်းကလဲ..ဒေါသကြိးပဲ...ဒီအကြောင်းကို မနက်ဖန်မှ အပြီးသတ် ဆုံးဖြတ်မှာပါကွ.."
နောက်နေ့ တွင် ယောင်္ကျားကို မိန်းမက စိတ်မရှည်စွာဖြင့်.တစ်နေ့ လုံးမျှော်သည် ။ ပြန်ရောက်လာသောအခါ..မဆိုင်းမတွ မေးခွန်း
ထုတ်လိုက်သည် ။
" ဘယ်လို ဆုံးဖြတ်လိုက်သလဲ..တော့ "
" ဆန့် ကျင်ဘက် ဆုံးဖြတ်ချက်ကို ချလိုက်တယ်.....မိန်းမတိုင်း ယောင်္ကျား ၂ ယောက် ယူခွင့်ပြုရမယ်..တဲ့ "
" ဟင်..ဟုတ်လား...ဟန်ကျတာပဲ...ဘေးအိမ်က လူပျိုကြီး ကိုယူရမယ် :D
**Mar Mar**

