Sunday, July 19, 2015
==အောင်ဘုရဲ့ ဥပေက္ခါ===
Monday, December 12, 2011
အပျိုကြီးတစ်ယောက်၏ ဒုက္ခ

စေ့ရုံစေ့ထား
နှလုံးသားတံခါးကို
မာန အိနြေ္ဒ
မူယာတွေဖြင့်
ဖွင့်လာသူများ ရှိမလားဟု
ကာလအတန်ကြာ
စောင့်ခဲ့ပါသည်။
မာနကောင်းကင်
အိနြေ္ဒရှင် ကို
ကွေ့ရှောင် ဖယ်ခွေ
အလန်းလေး တွေဖြင့်
တူစုံနွှဲစံ မောင်နှံများစွာ
သူတို့ -မင်္ဂလာကို
သွားရတာလဲ
မွဲလုပါပြီ -
ကိုယ့်ဆီ အလှည့်
မရောက်ခဲ့လို့
``တောက်``တစ်ချက်တောင်ခေါက်မိ သည်။

အသက်ရွယ်တော်
သုံးဆယ်ကျော်ရှု
ချစ်ဖော်တစ်ယောက်များ
ရမလားဟု
စိတ်ကစိုးဖြာ
စောင့်နေပါလည်း
``အချိန်``ဒင်းက
ရပ်မရ လို့
ဇရာကမြို
စိတ်ကတိုပြီး
နှလုံးသားတံခါး
ရိုက်ချိုးထားသည်
သက်ဆိုင်သူများ မြင်စေသော်ဝ် ။ ။
တိုက်ဆိုင်သူများကိုသာ ရည်ရွယ်ပါသည်--
ရွှင်လန်းချမ်းမြေ့ပါစေ။
written by Ko Soe Naing
Tuesday, December 6, 2011
လူပျိုကြီးတစ်ယောက်၏ ဒုက္ခ

မနက်နေထွက်
Breakfast စား
အလုပ်သွားရှု
နေ့လည်ရောက်သော်
lunch time ဆော်လျှက်
အလုပ်ဆက်ဆင်း
ညနေခင်းမှာ
အိမ်ပြန်လာပြီး
Dinner တီးရှု်
မွေ့ယာကိုခင်း
အိပ်စက်ခြင်းဖြင့်
နေ့စဉ်ရက်ဆက်
ပုံစံခွက်သဖွယ်--
မပြတ် မငြီး လျှောက်လှမ်းပြီးလာ
နှစ်တွေကြာပေါ့ ----
နုပျိုရှက်သွေး လှယဉ်ကျေးလည်း
ငါ့နားမကပ် စိတ်တကယ်ပျက်၏ ---
ရိုးရိုး ယဉ်ချို ရွက်ကြမ်းကြိုလည်း
ငါ့ဆီမလာ စိတ်တကယ်နာ၏--
မယဉ် မရိုင်း တောပန်းရိုင်းပင်
ငါ့ကိုကွေ့ရှောင် စိတ်တကယ်ချောင်၏--
ဝဝဖီးဖီး မဲမဲကြီးနှင့်
သွားကြဲနုတ်စွာ ဟောင်ဖွာဖွာနှင့်
အဆက်မပြတ် အော်ကြက်လဲထုတ်
တစ်ချက်လုပ်လျှင်
အသက်ဖင်ထွက်
မတွေးရက်ဖွယ်
သူယောင်မယ်ကြီး အသီးသီးတို့
ငါ၏နားမှာ ဝိုင်းလည်ချာရှု
ဘယ်ဘဝ ဝဋ်ကြွေး
ဒီကောင်လေးမှ
သနားမညှာ ရက်စက်လာခဲ့ ----
(ဒီလိုနဲ့ဘဲ)
မနက်နေထွက် Breakfast စား
သံသရာ ရထားဋ္ဌ် ။ ---------------
------------------------- ။ ။
(တိုက်ဆိုင်မှု ရှိရင်ခွင့်လွတ်ကြပါကုန်---)
ရတာမလို -- လိုတာမရ သူငယ်ချင်းလူပျိုကြီးများ အားလုံးကိုရည်ရွယ်ပါသည်။
မှတ်ချက်။ ။ကျွှန်ုပ်မပါ-
written by Ko Soe Naing
Friday, November 25, 2011
တန်ဘိုးနားမလည်ကြသူများ

တို့ရွာနံဘေးက ကားလမ်းမှာ
ကုန်စိမ်းကားတစ်စီး ဘီးပေါက်လို့
ကားဆရာကားအောက်ဝင် နတ်ဖြုတ်နေတုန်း
ဖြတ်သွားဖြတ်လာ လူတစ်ယောက်က
ကားဆရာအလစ်မှာ နတ်တစ်လုံးကိုကောက်ယူလို့
သံတိုသံစ၀ယ်တဲ့ဆိုင် သွားရောင်းတာ ၁၅၀ တောင်ရသတဲ့။
သူ့အတွက်တော့
ကွမ်းယာဆေးလိပ် တစ်နေ့စာ ဖူလုံသွားပေမဲ့
ပုံစံတူနတ်ရှာမရလို့ ကုန်စိမ်းကားကတော့
အဲဒီနေရာမှာ ၂ ညတောင်အိပ်လိုက်ရသတဲ့။
ကုန်စိမ်းတွေလည်း အချိန်မှီ ဈေးမရောက်တော့ပုပ်ကုန်ပြီး
အမှိုက်ပုံ ရောက်သွားကြတယ်။
ကုန်စိမ်းသည်တွေလည်း ရှုံးလိုက်တာ ခွက်ခွက်လန်ဘဲ။
တို့ရွာနားက လယ်ကွင်းမှာ
ဘိုဒူဇာတစ်စီး မြေတူးရင်းမိုးကျလာလို့
နောက်နှစ်အတွက် မပြန်တော့ဘဲ
နီးရာလယ်သမား တစ်ယောက်ကို အပ်ခဲ့သတဲ့။
ရွာမှာ ဇရှိတဲ့လူတွေက
ဘိုဒူဇာအတွင်း ကလီဇာကို ဖြုတ်ဖျက်ပြီး
သံရည်ကြိုတဲ့ ဆိုင်သွားရောင်းတာ ၂သောင်းခွဲတောင်ရသတဲ့။
ဘိုဒူဇာပြင်ဘို့ ကုမ္မဏီက
စင်္ကာပူကိုပစ္စည်းမှာတာ သိန်း၃၀၀ဘိုးကျသတဲ့။
သူခိုး နွားကောင်းမသိရ ဆိုတာ
ဒါမျိုးနဲ့တူပါရဲ့။
မုတ္တမကွေ့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို
ယိုးဒယားကိုရောင်းတာ
တစ်စည်ကို ၁၇ ဒေါ်လာကြီးများတောင် ရသတဲ့။
ယိုးဒယားကလာတဲ့ ဓာတ်ဆီက
တစ်ဂါလံမှ ၅၅၀၀ိ တည်းရယ်။
မနက်မိုးလင်းတိုင်းမှာ
ထိုင်းပြည်သူတွေက
ဆာဝါသီခပ် မြန်မာပြည်ဆိုပြီးနေ့တိုင်း
နှုတ်ခွန်းဆက်နေလေရဲ့။
ရွှေလီမြစ်ပေါ်က
ရေအားလျှပ်စစ်ရဲ့ကျေးဇူးကြောင့်
တရုပ်ပြည် ယူနန်ပြည်နယ်မှာ
တနှစ်ကိုကျောက်မီးသွေးတန်ချိန် ၂ သောင်းတောင်သက်သာသွားလေရဲ့။
လျှပ်စစ်အရောင်းအ၀ယ် ဘယ်လိုဆိုတာ
ကျုပ်တို့ပြည်သူတွေမသိရပေမဲ့
ယူနန်ပြည်သူအပေါင်းကတော့
ညနေမိုးချုပ်လေတိုင်း
ထောင်သောင်းမက ရှဲရှဲနီပါရဲ့မြန်မာပြည် ဆိုပြီး
အိပ်ယာဝင်တိုင်း
ကျေးဇူးတင်လေရဲ့။
ကျုပ်တို့မြန်မာပြည်မှာတော့
မီးအားမမှန်လို့ ၀ါယာရှော့ဖြစ်ပြီး
မင်္ဂလာဈေးကြီးမီးလောင်တာ သိန်း......ထောင်ဘိုး
(မင်္ဂလာဈေးကြီးမီးလောင်)
သင်္ကန်းကျွန်းဈေး........................................
ပခုက္ကူဈေး.................................................
မုံရွာဈေး......................................................
မော်လမြိုင်ဈေး...........................................
ဈေးတွေ..............ဈေးတွေ.............................
မီးတွေလောင်တာ သိန်းရာထောင်သောင်းပေါင်းများစွာ
လျှပ်စစ်မလုံလောက်တော့ ထင်းမီးနဲ့ချက်လို့
လောင်တဲ့မီးက မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ
အိုးမဲ့ အိမ်မဲ့ ထောင်သောင်းပေါင်းများစွာ
ပူအိုက်တဲ့ရာသီမှာ မီးမလာလို့
မီးစက်နဲ့ အဲယားကွန်းတွဲဖွင့်ပြီးအိပ်တာ
အိမ်ထဲရှိရှိသမျှ လူအားလုံးကလေး လူကြီးခွေးကြောင်ပါမကျန်
ကာဗွန်အဆိပ်သင့်ပြီး
မာလက ဈန်ကြွ သွားရတာတွေလည်းရှိရဲ့။
ဒီအချိန်မှာ မီးပျက်နေကျ
မီးပျက်တုန်း ၀ါယာပြင်လိုက်ဦးမှဆိုပြီး
လက်နဲ့အကိုင် သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်
ဆိုသလို ဓာတ်လိုက်ပြီးသေတာလည်း ရှိရဲ့။
တမြို့လုံးညံနေတဲ့မီးစက်သံနဲ့ ထွက်လာတဲ့
ကာဗွန်ဓာတ်ငွေ့တွေကြောင့်
ထောင်သောင်းမကသော
အဆုတ်ရောဂါသည်တွေဟာ
တရုပ်ကလာတဲ့ ဈေးပေါပေါဆေးကို
ကွမ်းယာသည်ကုလားဒေါက်တာအပ်ပနားရဲ့
လမ်းညွှန်မှုနဲ့ ၀ယ်သောက်နေကြရတယ်။
၅၀တန်တဲ့ဆေးကို ၁၅၀ ရောင်းပြီး အနုတ်မရှိတဲ့ အကြောင်းပြချက်နဲ့
သကြားလုံးက အဆစ်ပါလာသေးတယ်။
ချောင်းဆိုးရင် ရွှေတောင်ကြီး
ရင်ကြပ်တော့ ထက်လင်း
သွေးတိုး လေငန်း နှလုံးစတာတွေက အေးငြိမ်းသီတာ
ဒီထက်ပိုလာရင်တော့ ဖြူနီပြာဝါ ရောင်မျိုးစုံပြီး
ဘာမှန်းမသိတဲ့ ဆေးတွေနဲ့
၂ပါးသွားနေလိုက်ကြတာ
ကွမ်းယာသည် ကုလားအတွက်တော့
ဟီးနေတဲ့တိုက်အိမ်ကြီးကို
အပြီးတိုင်စေခဲ့တယ်။
ဆေးထိုးအပ်ကိုင်ပြီး စတိုင်အပြည့်နဲ့ ရမ်းကုတွေကလည်း
မြို့ပြနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာ
မှိုလိုပေါလာခဲ့တယ်။
ငွေကြေးတက်နိုင်တဲ့ သူတွေကတော့
ကိုယ့်တိုင်းပြည်က ဆေးရုံကို
ဘာကြောင့်ရယ်မသိ ကျော်ခွလို့
ယိုးဒယားသွား ဆေးကုဘို့အတွက်
သံရုံးမှာ ဗီဇာတန်းစီနေလေရဲ့။
တရုပ်နဲ့ ထိုင်းကလာတဲ့
လျှပ်စစ်နဲ့ ပတ်သက်သမျှသော
တီဗီအောက်စက် ရေခဲသေတ္တာအစရှိသော
လူသုံးကုန်ပစ္စည်း အပေါင်းတို့သည်လည်း
မမှန်လေသော လျှပ်စစ်မီးကြောင့်
ပျက်အစဉ် ပြင်ခဏ ဆိုသောစကားကဲ့သို့
ပြင်လျှင်ခဏသာကောင်းပြီး အမြဲပျက်နေသောကြောင့်
ပြင်ခမတတ်နိုင်ရကား
အမှိုက်ပုံသို့ သာမြန်းရလေသတည်း။
လျှပ်စစ်မီး မလုံလောက်သောကြောင့် သော်လည်းကောင်း
လျှပ်စစ်မီးမရ လေသောကြောင့် သော်လည်းကောင်း
ဘတ္ထရီအိုး ၀ယ်သုံးလေသောကြောင့်
အက်စစ်နှင့်ခဲ ဓာတ်ပြုကာ ထွက်လာသောအနံ့ကို ရှူမိသောကြောင့်
ခဲဆိပ်သင့်ရသော ခလေးငယ်တို့ကား မရေတွက်နိုင်ကုန်။
နံနက်လင်းတိုင်း
ရှဲရှဲမြည်ပြီးမှ စီးတတ်လေထသော အရည်ကြောင်းမှ အစပြု၍
မြန်မာပြည်တ၀ှမ်းရှိရှိသမျှ မြောင်းချောင်းမြစ်အပေါင်းတို့၏
အကြောင်းချင်းရာအစုံလင်ကို
နှံ့စပ်သိမြင်သောအရာ၌
ငါ့လောက်သိသူ ဤမြန်ပြည်၌ ငါသည်ပင်လျှင်မရှိဟူ၍
မိမိကိုယ်ကို မိမိဘာသာအမွန်းတင်လွန်းသော
မြစ်ချောင်းမြောင်းတကာအရာ၌ ပါရဂူ
ဆည်အရာ၌ ဧတဒဂ်ရတော်မူသော
နွားနှင့်ပင်လျှင်
လျှပ်စစ်ထုတ်ရန်ကြိုးပမ်းဘို့ရာ လမ်းညွှန်တတ်သောဝန်ကြီးအဖွဲ့၌
သူလည်းတပါးအပါဝင်ဖြစ်သော
ဟိုဝန်ကြီးပြောစကားအရ
လျှပ်စစ်ဟူသည် ပါကင်ထုပ်၍မရ
မြန်မာပြည်၌ ပိုလျှံလွန်းသောကြောင့်
အိမ်နီးချင်းတိုင်းပြည်ကို
အလကားနီးပါးဈေးနှင့်
ကြိုးသွယ်၍ရောင်းရသည်။
ထိုစကားကို ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်
ဒေါနတောင်တန်းသို့တိုင် ရိုက်ခတ်၍လာသော
ရနောင်း မဲဆောက် ဘန်ကောက် အနှိပ်ခန်းတို့မှ
လုံမပျိုတို့၏ရှိုက်သံကဲ့သို့ သော်လည်းကောင်း
ရှမ်းကုန်းမြေမြင့်ကိုပင် တုန်ခါစေခဲ့သော
ကြယ်ခေါင် ကာရာအိုကေခန်းမှ
ပလောင်ပျိုဖြူငယ်တို့၏
ငိုညည်းသံကဲ့သို့သော်လည်းကောင်း
ဧရာဝတီမြစ်ကိုပင် လှိုင်းတံပိုးထစေအပ်သော
ကိုယ့်တိုင်းပြည်မှာ အလုပ်မရှိလေသောကြောင့်
တိုင်းတပါး၌ ရရာအလုပ်ကိုအောက်ကျခံကာ လုပ်ကိုင်နေကြရသော
မြန်မာတို့၏ တောက်ခေါက်သံ ကဲ့သို့သော်လည်းကောင်း
အံကြိတ်ကာ ဟန်လုပ်ပြီး လက်ခုပ်တီး၍
ထောက်ခံအပ်၏။
တိမ်သလ္လာဖုံးအုပ်သော
လကွယ်ည၏သန်းကောင်ယံအခါကာလ၌
တောအုပ်အလယ်တွင် ရောက်နေသော သူကဲ့သို့
အမှောင်တွင်းမှ ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်ကား
ညအိပ်ယာဝင်လေတိုင်း
ယိုးဒယားဘက်သို့လည်း ရှိခိုးရ၏။
တရုပ်ဘက်သို့လည်း လက်အုပ်ချီရလေသည်။
ကုလားပြည်ဘက်သို့လည်း မေတ္တာအစစ်ပို့လွှတ်ရသေး၏။
စက်မှုစွမ်းအား ခေတ်ကျော်လွှား
ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတော်ကြီးတည်ဆောက်အံ့
အစရှိသောဆောင်ပုဒ်တို့ဖြင့် ကြွေးကြော်ကာ
စက်မှုစွမ်းအားအတွက် မရှိမဖြစ်လိုအပ်သော
လျှပ်စစ်ဓာတ်အားကို
ဈေးပေါပေါဖြင့် ရောင်းစားဝံ့သော
ကျွန်ုပ်တို့၏ ခေါင်းဆောင်အပေါင်းတို့သည်ကား
ဘူရိဒတ် ဇာတ်တော်လာ
စူဠလိပ်အား ရေနစ်သတ်ရန် အကြံပေးသော
ပုဏ္ဏားနှင့်သာ တူချေတော့သည်။
နံနက်လင်းသော်
ယိုးဒယားပြည်ဘက်မှ ဆာဝါသီခတ် ဟူ၍လည်းကောင်း
ညနေမိုးချုပ်သော်
တရုပ်ပြည်ဘက်မှ ရှဲရှဲနီ ဟူ၍သော်လည်းကောင်း
မြန်မာပြည်ဘက်သို့ လှည့်ကာ
နှစ်ပေါင်းသုံးဆယ် မပြည့်မချင်း
မင်္ဂလာနှုတ်ခွန်း ဆက်လေတော့သတည်း။
**(သူငယ်ချင်းတစ်ယောက်ပို့ပေးတဲ့ မေးလ်ပါ။)**
** နေရဲနီ **
**From- Win Sandar**
Friday, November 11, 2011
" အရေးတကာ့အရေး နဲ့ ကိုယ်ရေးကိုယ်တာ "

နိုင်ငံရေး လူမျိုးရေး ဘာသာရေး
အရေးတကာ့အရေးထက်
လတ်တလော ကိုယ်ရေးကိုယ်တာ က
ရှေ့ရောက်ရောက်လာတယ် . . .
စွန့်လွတ်ပြစ်လိုက်မယ်
ရဲဝံ့ပြစ်လိုက်မယ်
အနာခံပြစ်လိုက်မယ်
အခုတော့ ခဏလေး
အိမ်ပြန်လိုက်ဦးမယ် . . .
ရှေ့တန်းက တိုက်လိုက်ချင်ပေမယ့်
အမေ ကလဲ လူမမာ
ဇနီးမှာ လဲ ကိုယ်ဝန်ရာ
ကလေးတပြုံ က ပညာရှာနေတာဆိုတော့
စိတ်သွားတိုင်း ကိုယ်မပါ
တောက် !
နေနှင့် ဦးပေါ့ကွာ . . .
အခုတော့
အိမ်ဦးခန်းက ပက်လက်ကုလားထိုင်လေးမှာ
ရေဒီယိုလေးကိုဖွင့် စိတ်ကူးနဲ့ပဲ ရွက်လွင့်
စင်မြင့်ပေါ်မှာတရားဟောလိုက်
လွတ်တော်မှာ အဆိုပြူလိုက်
မြန်မာလူမျိုးတွေကို မြှင့်တင်လိုက်
ဗုဒ္ဓဘာသာအကြောင်း ဥရောပတခွင်တရားလှည့်ဟောလိုက်
အဲ့ အဲ့
မိန်းမရေ ခေါ်သလားဟေ့
ငါ လာပြီလေ
စိတ်ကူးယဉ်ကမ္ဘာပြိုပျက်
ကုလားထိုင်ပေါ်က အဆင်းခလုတ်တိုက်
ဖြစ်ချင်တာနဲ့ဖြစ်သင့်တာတွေကြား
ခဏခဏ မောဟိုက်ရတာပါပဲ . . .
**မာဃလုလင်**
Monday, October 31, 2011
သေချင်တဲ့သူများ

ကိုမြ--- ဗျို့--ဦးလေးခ
လမ်းထိပ်က ဦးသာဝ
မနေ့ကရောဂါဖောက်ထား
ခု သေသွားပြီတဲ့--
ဦးခ -- ဟကောင်ရဲ့ --
သေတယ်လို့မပြောနဲ့
လက်ရှိအကြောင်းတရားတွေဖောက်ပြား
ဘဝပြောင်းသွားတာကွဲ့
ကိုမြ-- ဟာ--- ခင်ဗျားကလဲ-
ကုလားကြီး နဲ့ အရာကြီးလို
နှစ်လုံးထဲနဲ့ ဘောင်းဘီကျပ်
တော်တော်ကပ်သပ်တဲ့လူ
ဒါဆိုရင်---
သေတယ်ဆိုတဲ့ အဘိဓမ္မာတရား
ခင်ဗျားဘဲရှင်းပြ မဟုတ်လို့ကတော့----
ဦးခ--- ဟ-- ထစ်ကနဲဆိုဒေါမထနဲ့
ငါပြောတာသေချာနားထောင်
မင်းလိုကောင်နားလည်ပါ့မလားမသိ
ဒီလိုဟေ့---
သေတယ်ဆိုတာ ဒီ သုံးဆယ့်တစ်ဘုံကို
ဘယ်ဘဝကိုမှမကူး
တရားထူးတွေရ သံသရာကိုအပြီးဖြတ်
အဲဒါမှ နောက်ဆုံးထွက်သက်--
ကိုမြ--- ခင်ဗျားဟာ--
အသက်ကြီးသလောက်
ကပ်သီးကပ်သပ်ပြော
ခင်ဗျားရဲ့ အဘိဓမ္မာသဘောဆို
ဖြစ်ပြီးလို့ပျက်ရ- ပျက်ပြီးတော့ပြန်ဖြစ်
ဘဝအသစ်ပေါ့--
ဦးခ -- ဟ ကောင်လေး---
မင်းနားမဝေးပါလား
သေခြင်းတရားဆိုတာ
တစ်ခါပြန်ပြီးအသက်မရှင်
ဒီအဓိပ္ပါယ်ဝင်တယ်မဟုတ်လား
ခုဟာက--
ဘဝအသစ် တစ်ကနေပြန်စ
ပြန်လည်ရှင်သန်ရတာဘဲမဟုတ်လား
ဘုံဘဝတွေတော့ စုံကြမလေပေါ့
ကံကြောင်းတရားတွေက တူမှမတူကြဘဲကိုး--
ကိုမြ-- သြော်--ဒီလိုဆိုရင်
နိဗ္ဖာန်မဝင်မချင်း
သေချင်းတရားဆိုတာမရှိ
ဘဝဟောင်းကိုပြစ်ပြီး ဘဝသစ်နဲ့ခရီးဆက်
ဖြစ်-ပျက် ဖြစ်-ပျက် ပေါ့
ဖြစ်တာနဲ့ ပျက်တာကြား
ဥပါဒ် - ဌီ - ဘင် စကားလို
တည်နေတဲ့တစ်ခဏ
အဲဒါ ဘဝပေါ့။
ဦးခ - တော်လိုက်တဲ့ကောင်လေး
မင်းကိုငါအထင်မသေးတော့ဘူး
ဦးလေးပြောတာ
ဘဝတဏှာတွေအကုန်ဖြတ်
သေတတ်အောင်ကျင့်
မသေခင် ဒီတစ်ခဏ
ချစ်ကြ -- ခင်ကြ -- ကူညီကြ လို့
ကိုမြ-- အင်း---
ဦးလေးပြောတဲ့ အဘိဓမ္မာ
ကျွန်တော်တောင်သေချင်လာပြီ။ ။
(မေတ္တာဖြင့် ဝေဖန်မှုများကို အစဉ်ကြိုဆိုလျှက်)
အားပေးသော(သို့) မြှောက်ပေးသော
သူငယ်ချင်းအားလုံးကိုလည်းကျေးဇူးတင်လျှက်--
ရွှင်လန်းချမ်းမြေ့ကြပါစေ-----
** soe naing**
Monday, September 12, 2011
မြစ်နှစ်စင်းရဲ့ ဒိုင်ယာရီ
အမေ့ကိုသတိရတဲ့နေ့ 
အမေ့ထံ
ချေးရန်ရှိ၍. .။
သားကိုသတိရတဲ့နေ့ 
သားထံ
ပေးရန်ရှိ၍. .။
**မောင်သဲခေါင်**
အဖွင့်ကဗျာ
ရယ်စရာ ရသစုံမဂ္ဂဇင်း၊ အမှတ်(၇၁)၊ အောက်တိုဘာလ၊ ၂၀၁၁။
Friday, September 2, 2011
ပျိုမေတွေအတွက်စလေ တေးထပ်တပုဒ်တဲ့
မျက်နှာကို ခြေနှင့်ကျောက်စေတော့
သွေမဖောက်ခုနော်
လင်ငါးယောက်ပေါ်စေ ကျွန်တော်ကမလွဲ
တစ်သက်လုံး လင်ငယ်နေပါ
သည်မေကို ရိုးပြာကျစွဲ
ချစ်လှလို့ သည်းညည်းခံသည်
ဆဲရေးသံကိုလည်း
အငြိမ့်သံသည်ပွဲလို့ စိတ်ထဲကထင်တယ်၊
ကွာမည်ကိုမဆိုလိုက်ပါနှင့်
မယ်ရိုက်လျှင် ကုန်းခံပါ့မယ်၊
ဖိနပ်နှင့်အရပ်လယ်မှာ
မပြတ်ကွယ် မယ်ရိုက်တော့
နာလိုက်တာ စိတ်ကယ်နော်
ရွေးမျှမပေါ်
ခင်လေးက ကြင်ရေးမျှော်လျှင်
ထဘီလျှော်ခိုင်းတော့လေး။
(စလေဦးပုည)
လွမ်းနေသူ (Google of Group)
Monday, August 29, 2011
" Chatting "
ဖန်သားပြင်
အင်တာနက်ကွန်ရက်
မမြင်ရသော သူနဲ့
ငွေ ကုန်ခံ ချက် . . .
တဖက်သော လူ
အထီး အမ မသိ
ပို့လိုက်တဲ့စာသားတွေ
ရင်ဘတ်ထဲ ထိ
မရိုးမရွ နဲ့ ငြိ . . .
ပြောချင်ရာ ပြော
ဆိုချင်ရာ ဆို
ဂုဏ်တွေ သိက္ခာတွေမလို
ဦးဦးဒေါ်ဒေါ် ဖိုးဖိုးဖွားဖွား
အွန်လိုင်းပေါ်မှာ ကလေးကလား . . .
သံယောဇဉ်ကြီး ယုံလွယ်သူများ
နှလုံးသား နဲ့ ခံစား
မျက်ရည်နဲ့ နှစ်ပါးသွား
ချစ်မိ တဲ့အမှား . . .
လက်တွေ လဲ မအား
မျက်လုံးတွေလဲ ၀ါး
အထိုင်လွန်တော့ အညောင်းမိ
ငွေကုန်ပါ၏ . . .
**မာဃလုလင်**
Tuesday, August 16, 2011
အင်တာနက်စာဆို
(၁) ။Online ပေါ်တက်ပါလို့ …………… Website ထဲဝင်လိုက်ရင်
Policy ကာရံထားလို့ဘာမှကိုမမြင်………..Bamar Net ရဲ့ Connection
အခြေနေရယ်မကောင်း …….. စိတ်ညစ်ပါကြောင်း ။
(၂)။ ဒို့အကြောင်း…….
နည်းပညာများတိုးတက်ပြီ….. ခေတ်ရဲ့ ICT
Internet မှာ Download ဆွဲ………… အိပ်စောင့်ရမြဲ….။
(၃)။ကမ္ဘာကြီးကကျဉ်းလှတယ် ………… Net လောက်သူမကျယ်
Internet ကအကျယ်ဆုံးထွက်ငွေတ၀ုန်းဝုန်း…….။
(၄)။ဟို(Net)ဆိုင်ကမီးထိန်ထိန်…….. ဒီ(Net)ဆိုင်ကမီးထိန်ထိန်
တစ်နာရီ(၅၀၀)တောင်းပါတဲ့……..ရိုက်စားတို့အိမ်…….။
(၅)။ Internetဆိုင်ကား...........ပုံမှန်(သင်)သွားပါ
တနေ့တခြား…………….အကြွေးများလာမှာ………… ။
(၆)။ မောင်တို့မယ်တို့Net ဆိုင်ဝင်………… အပြုံးပန်းကိုဆင်
Connection တော်တော်လေး………… ညီညီညာညာနှုတ်ဆက်ပြေး ………။
(၇)။ Internet ဆိုင်တွင်း…………… အများကစော်နဲ့ကြူနေသည်
ကြို၍ဆုတောင်းနေကြပါ……….. Connection မပြုတ်ဖို့ဆုမတောင်းချင်ဘူးလား
ပြိုင်တူဆုတောင်းလျှင်ရနိုင်ပါသည်……။ (နောင်တ)
(၈)။ မမ၀၀Online အထက် ……… Chating ထိုင်ကာChat
Chat သာ chat ပါ မမရာ ………ခဏခဏပုံမှန်လာ
မကြာခင်(သူ)လင်ရ……….. မမ၀၀ပျော်၍က…….။
(၉)။ မြီးကောင်ပေါက်စအရွယ်မှာ ၊ Internet ဆိုင်ကိုလာ
Chatting မှာထိုင်၍ပွား ၊ တူတူရေ၀ါး …….။
(၁၀)။ဘယ်သွားနေလဲ မောင်ရေခဲ……………….. Internet ဆိုင်ကိုသွားလို့ဆို ..။
ဘာသွားလုပ်လဲမောင်ရေခဲ ………………… ပညာသတင်းစုံလေ့လာကုန် …။ဲ
ဘာသိခဲ့လဲမောင်ရေခဲ ………………… ခြင်ကိုက်လိုင်းစုတ် Connection ပြုတ် ။
ဘယ်လောက်ကုန်လဲမောင်ရေခဲ……………. တစ်နာရီ (၅၀၀)မတန်ပါ ။
(၁၁)။VZO ၊ Gtalk သုံးပါလို့ …………. အချစ်ရှာတဲ့ကညာပျို
ကြည့်ကြပါဆို …………………… အမူယာပိုအော်ကာပြောတဲ့စကား
ဘေးလူတွေအမြင်ကတ်တောင်မှ …………….. အရျက်မဲ့စွာသူပြန်ပြောတယ်
နားပိတ်ကာထား …………….. ။
(၁၂)။Internet User လေးမောင်မှတ် …………………. အင်္ကျီထူထူဝတ်ထားသည်
Dreambed ယူလာသည် ………… Download ဆွဲရန်သတ္တိလဲရှိသည် ။
(၁၃)။Zawgyi font ပျောက်နေသည် …………… စာရိုက်၍မရပါ
Computer အရမ်းလေး ၊ Connection မပေါ့ပါး
တော်တော်ဆိုးပါလား…….။
(၁၄)စာပို့သမားလေး G.mail ဟာ ……. စာပို့ရာတွင်အလွန်သေချာ
ကိုသာဇံ Software သမား ………… Download လုပ်ဖို့သူကြိုးစား
ရဲသားကြီးက Kaspersky ……….လူဆိုးဖမ်းရာတွင်တာဝန်ကျေသည်
ကိုဖိုးမောင်နှခေါင်းသမား ………… Sexy site တွေသူလျှောက်သွား
ဦးသာထူးက Hardware ဆရာ ………… နည်းပညာသစ်တွေသူလေ့လာ
တို့ဆိုင်ရှင်မခင်မြ………….ငွေတောင်းရာတွင်ရက်စက်လှ ။
(၁၅)။ယနေ့လိုင်းကောင်းသည်…………Aircon မရှိ၍ပူသည်
Fan လေးတော့ဖွင့်ပေးပါ ။
(၁၆)။ညအခါ NETဆိုင်လာ Download လုပ်မလား ၊ Chat မလား……။
Web.cam မပါ ၊ Earphone မလာ ……………. တကယ်မရှိတာလား ၊ ညစ်တာလား
(၁၇)။တ၀ီဝီမြည်ရာ Net ဆိုင်မှာ ……..အနားမှာလာဝဲ ဘာကောင်လဲကွယ့်……….
တ၀ီဝီမြည်ရာ Net ဆိုင်မှာ………. အနားမှာလာဝဲ ခြင်သံပဲကွယ့်…..။
တဂျုန်းဂျုန်းသံပေး Net ဆိုင်ဘေးက……… မရပ်မနားဘာသံလဲကွယ့်………
တဂျုန်းဂျုန်းသံပေး Net ဆိုင်ဘေးက……… မရပ်မနားမီးစက်သံကွယ့်………..။
တောက်ခေါကတဲ့သံတညံညံ…………………Net ဆိုင်ထဲကဘာဖြစ်တာလဲ….
တောက်ခေါကတဲ့သံတညံညံ…………………Conneection လေးဒေါသသံလေး……..။
--
This life is too short even to love... I don't know how people find time to hate.....♫ ♥♫ ♥♫
§§§§§§¶¶¶¶¶¶§§§§§§§§§§§¶§¶§¶¶¶¶¶¶¶§§§¶§§
§§§¶§§111111§§1§¶§§§§§§¶§11§§111111§1¶§§
§§§¶¶§§11111§§1§¶§§§§§¶¶1§§§§11111§§§¶§§
§§§§¶¶§§1111§§1§¶§§§§§¶¶1§§¶11111§§§¶§§§
§§§§§¶¶§§111§§§1¶§§§§§¶§1§§§1111§§§¶§§§§
§§§§§§¶§1§§11¶§§¶¶§§§§¶§1§§§11§§§¶¶§§§§§
§§§§§§§¶¶1§§1§§1¶¶§§§§¶§11§11§§§¶¶§§§§§§
§§§§§§§§¶¶1§§¶§1¶¶§§¶¶¶§1§§§§§§¶¶§§§§§§§
§§§§§§§§§¶¶1§§§1¶¶¶¶¶§¶¶¶§§§1§¶§§§§§§§§§
§§§§§§§§§§¶¶§§§1¶¶§¶§¶¶¶§¶§§§¶§§§§§§§§§§
§§§§§§§§§§§¶¶§§1§§11§¶§§¶§§§¶¶§§§§§§§§§§
§§§§§§§§§§¶§§§§§§§§§§1§§§§§§§§¶§§§§§§§§§
§§§§§§§§§¶¶1§ Aʊяuღ ℝ@ßbḯ⊥1§¶§§§§§§§§§
§§§§§§§§§¶§§§1§§§§§§§§§§§§§11§§¶§§§§§§§§
§§§§§§§§§¶§§111§§§§§§§§§§§111§§¶¶§§§§§§§
§§§§§§§§¶§§§1111§§§§§§§§§11111§§¶§§§§§§§
§§§§§§§¶§1§§1111§§§§§§§§§11111§1§¶§§§§§§
§§§§§§¶¶1§§§11111§§§§§§§11111§§§1¶¶§§§§§
§§§§¶¶§1§§§§11111§§§§§§§11111§§§§1¶¶§§§§
¶¶¶§¶¶§§§§§¶11§¶1§§§§§§§1¶¶11¶§§§§§¶¶¶¶¶
¶§§111111§§§¶1¶¶§§§§§§§§§¶¶1§§§§1111§§§§
1111111§111111§¶§§§§§§§§§¶§1111111111111
§§§§§§§1§§§§§1111§§§§§§§11111111§1§1§§§1
111111§§§¶¶¶¶¶¶¶¶§1§§§11¶¶¶¶¶¶¶¶§§§§1§11
11§§§§§§§1§¶¶¶¶¶¶111¶§11¶¶¶¶¶¶¶111111111
§1111111111§¶¶§¶¶111§111§¶§§¶¶1111111111
¶§1111111111§¶¶¶¶111§111¶¶¶¶¶1111111111§
¶¶¶§111111111§¶¶¶§111111¶¶¶¶111111111§¶¶
§§¶¶¶§11111111§¶¶¶§§11§¶¶¶¶§11111111¶¶¶§
§§§§¶¶¶§1111111§¶¶¶¶¶¶¶¶§¶§111111§¶¶¶§§§
§§§§§§¶¶¶¶§§1111§¶§§§§§§§11111§§¶¶¶§§§§§
§§§§§§§§§¶¶¶¶¶§§11§§§§§§1§§§¶¶¶¶§§§§§§§§
§§§§§§§§§§§§§§¶§§§111111¶¶§¶¶§§§§§§§§§§§
(From Forward mail)
**သဲဆု @ Aʊяuღ ℝ@ßbḯ⊥**
Sunday, July 31, 2011
" တရားပေါက် "

သူများကို လက်ညိုးထိုးမယ်ကြံတိုင်း
ကိုယ့်ကိုကိုယ် ရဟာဇယ် ထိုးထိုးမိတော့
ကိုယ်ချင်းစာ တရားလည်း
မပွားများပဲ အလိုလို ရလာ . . .
တောထွက်ပြီး တရားရှာရင်ကောင်းမလား
မြို့မှာပဲ အမှားရှာနေရင်ကောင်းမလား
အဖျား ရှုးရှုးသွားတဲ့ စိတ်ကူးများနဲ့
အသိညဏ်ကကျင့်တဲ့ ဒုက္ခစရိယာ . . .
အဖန်ဖန်အထပ်ထပ် နဲ့
ဆင်ခြင်တွေးခေါ်မှု့ ဇတ်လဲမကချင်တော့
ထုံတုံတုံ အတတ သာ
လူပြိန်းတစ်ယောက်လို နေချင်လာ ရာ . . .
အဲ့ဒါနဲ့ အဲ့ဒါနဲ့ပဲ
ကိုယ့် ဟာကိုယ်လဲ စိတ်ကုန်
သစ်ခေါက်ဆိုး သင်္ကန်းလဲ မရုံနိုင်တဲ့
မောင်မာဃ ရဲ့ ကဗျာ . . .
**မာဃလုလင်**
Friday, July 15, 2011
" မောင်မာဃ ရဲ့ ပေါက်ကရ ကဗျာ "

" ငါဟာ
ယမန် နေ့ညက
မှန်ထဲ က "လ" ကိုကြည့်
အမှောင် ထဲ လမ်းမသိ . . .
မှန်းရင်း စမ်းရင်း
တလှမ်းခြင်း တလိမ့်ခြင်း
အပျက်ပျက် အယွင်းယွင်း
မျှော်လင့်ချက် နဲ့ စစ်ခင်း . . .
ဟာ ဗျာ
ထားလိုက်ပါ အချစ်အကြောင်း
ချန်ခဲ့တော့ ဘ၀ အကြောင်း
ပေါင်မုန့် မီးကင် ရှင်သန်ခြင်းမှာ
ဘယ်အရာမှ နမိတ်မကောင်း . . .
မနက်ဖြန် ၀တ်စုံ အတွက်
မီးပူ မတိုက်ရသေးဘူး
ပတ်ဝန်းကျင်က တော့
ခေါက်ရိုးကျိုးပြီးသား . . .
တောက် !
ကံဆိုးလိုက်တာမှ
စပယ်ရာ ဆီကတောင်
ငါးဆယ် ပြန်မရ
အိုမာခယမ် လို
သေခါမှ စံရမလား မသိ . . .
!@#%$^#$%%
အဲ့သလို
မိုက်မိုက်ရိုင်းရိုင်း ဆဲလိုက်ချင်တာ
တရပ်ကွက်လုံးကို
ပုဆိုးမပြီး လျှောက်ပတ်ချင်တာ
ဖြစ်နိုင်ရင်
အောက်က ဘောင်းဘီတောင် မပါ . . .
တော် တော် တော်
လောက ကို စိတ်ကုန်သမှ
ကိုယ်ဟာ ကိုယ် သတ်သေဖို့တောင် မသတီ
ဗိုက်ကိုထိုးမဲ့ သံချေးတက်ဓား မှာ
မေးခိုင်ပိုး ပါမှာ စိုးသေး . . ."
**မာဃလုလင်**
Saturday, April 2, 2011
Gtalkတော်ကီလေးတွေ

သတိရချိန်တိုင်း မလွမ်းဖို့တော့
ငါ့ဘက်က တာဝန်ယူပါတယ်…။
အသက်အစိတ် ပုခက်ချိတ်ရန် ကြိုးစားနေသည်။
မပြောချင်ရင် ဘလော့(block)လုပ်ပါ
စကားမပြောတာကတော့ စိတ်မကောင်း။
ချစ်လိုက်မုန်းလိုက် as you like
Without any စောက်ဂရုမစိုက်
တို့အသည်းက ခပ်မိုက်မိုက်
မင်းမုန်းသွားလည်း စောက်ဂရုမစိုက်
နောက်တစ်ဗွေက မင်းထက်မိုက်
မကျေနပ်ရင် လမ်းခွဲလိုက်။
Just God Can Stop Me.
အနားဂတ်အတွက် မစဉ်းစားရင်နေပါ
အတိတ်ကမင်းအတွက် အဓိပ္ပါယ် တချို့တ၀က်ရှိခဲ့ရင်
ငါ့ကို သတိရပေးပါ…
ပစ္စုပ္ပန်တိုင်းအတွက်
အကောင်းဆုံးချစ်သူအဖြစ်
ငါရှိနေပါ့မယ်။
ကျောင်းဖွင့်တိုင်း မင်းမျက်နှာ ငါနေ့တိုင်းမြင်ချင်မိ။
ပြောချင်ရာပြော လုပ်ချင်ရာလုပ်ပြီး
နောက်မှာ ဘာဖြစ်ကျန်ခဲ့တယ်ဆိုတာ
မသိတဲ့လူတွေအတွက်
နောက်ကြည့်မှန်တစ်ချပ်လှူချင်တယ်။
ပြုံးနေတိုင်းလည်း ပျော်နေတယ်မထင်ပါနဲ့
ရင်ထဲမှာရှိတဲ့ခံစားချက်
နေရာတိုင်းမှာ ဖွင့်ပြလို့မရဘူးလေ။
Life is like the movies,
We produce our own show.
ချာတိတ်မတွေကို…
ညာရှိတ်ဦးမယ်
မုန်းတယ် မုန်းတယ်
မိန်းမတွေကို မုန်းတယ်း)
ပြောသာပြောရတယ်
အမေ့ကို မတိုင်ရဘူးနော်။
ချစ်ရတာလည်း… ဒုက္ခ
မုန်းရတာလည်း ဒုက္ခပါပဲလေ။
မကျွတ်မလွတ်နိုင်သေးတဲ့ အိပ်မက်ထဲမှာ
မင်းဘယ်တော့ အမျှဝေမှာလဲ။
တစ်ခါတလေ လောကကြီးကို
ဖားတစ်ကောင်နဲ့ ခရုတစ်ကောင် လက်ဆောင်ပေးလိုက်ချင်တယ်။
ငြင်းစရာရှိလာရင် စိတ်အေးအေးထား
ဒေါသရှေ့ထားရင်
အမှားကနေ အပြစ်ဖြစ်တတ်သလို
မှန်ပေမယ့်လည်း ယဉ်ကျေးဖွယ်ရာ ကင်းတတ်တယ်။
ယုံကြည်မှုနဲ့ ချစ်ခဲ့တဲ့ အချစ်ကို
အလွဲသုံးစားလုပ်ခဲ့ရင်
မင်းဟာ ငါ့ရဲ့ယုံကြည်မှုတွေကို
ရိုက်ချိုးတဲ့အတွက်
မင်းကို ထာဝရ မုန်းသွားမှာပါချစ်သူ…။
အချိန်တန်ပြီဆို ပြန်ကြရမှာပါ။
ချစ်သူနှုတ်ဖျား ပြောစကားကို
ရင်မှာလွမ်းရ မေ့မရလို့
ကြင်နာတံခါး ဖွင့်လို့ထားသည်
ဝင်လာခဲ့ပါ ချစ်သူရာ…။
တစ်ခါ Hi ၁၀၀ ကျပ်။ နာမည်မေးလျှင် ၂၀၀ ကျပ်။ လိပ်စာပါသိချင်လျှင် ၅၀၀
ကျပ်။ အသည်းကွဲ၍လာတိုင်ပင်လျှင် ၁၀၀၀ ကျပ်။ ဟိုမေးဒီမေး ၅၀၀၀ ကျပ်။
စစနောက်ပြောင် ၁၀၀၀၀ ကျပ်။ ရည်းစားစကားပြောလျှင် FREE.. :P
ကောင်းကင်က ကြယ်တွေကြွေတိုင်းသာ မင်းရဲ့ ဆုတောင်းတွေပြည့်မယ်ဆိုရင်
မင်းဆုတောင်းတွေ အမြဲပြည့်နေဖို့အတွက်
မကြာခဏ ကြွေပေးနေမယ့်ကြယ်တွေ ငါဖြစ်ပါရစေ။
ီစောက်ချိုးမျိုး လာချိုးလို့ကတော့ အရမ်းသနားတယ်...
ချစ်လို့အလိုလိုက်ထားတာ ယောင့်မတက်နဲ့။
ယောင့်တက်ရင် ဘာဖြစ်တတ်သလဲဆိုတာ မင်းရှေ့က စီနီယာတွေ သွားမေးကြည့်။
အချစ်နဲ့ ပတ်သက်လာရင်...
ဘယ်သူ့ကိုမှ... ဒူးမထောက်တတ်ဘူး....
သောက်ရမ်းတော့ ချစ်ပြနိင်တယ်....။
အသစ်တွေ့ရင်လဲပြောပါချစ်သူ...
နာကျင်ပြီးသား နှလုံးသားလေးကို...
ထပ်ပြီးနာကျင်အောင် မလှည့်စားပါနဲ့တော့။
တကယ်ပါ ကောင်လေးရာ ငါမပစ်ခဲ့ပါဘူး။
လေးကြိုးကို ငင်ကြည့်ရင်း လွတ်ထွက်သွားတာပါ။
တကယ်ပါ ကောင်လေးရာ ကြုံကြိုက်တုန်း ခြွေချခဲ့တာမဟုတ်ပါဘူး။
ရင်တစ်ခုလုံး ပွင့်ထွက်မတတ် ချစ်ခဲ့တာပါ... တကယ်ပါ....။
ရပ်တန့်လိုမရတဲ့ ရင်ခုန်ခြင်းတွေက...
လေပြည်တွေ တိုက်နေတာတောင် ပိုပြီး နှလုံးခုန်နှုန်းမြန်နေခဲ့ရင်
တစ်နေ့မှာ ချစ်သူရဲ့ ယုယမှုတွေက သေစေနိုင်လောက်အောင် ချစ်တတ်မှုကို
သင်ပေးမလား မသိဘူးနော်။
ကောင်းကင်က ကြယ်တွေကြွေတိုင်းသာ မင်းရဲ့ ဆုတောင်းတွေပြည့်မယ်ဆိုရင်
မင်းဆုတောင်းတွေ အမြဲပြည့်နေဖို့အတွက် မကြာခဏ ကြွေပေးနေမယ့်ကြယ်တွေ
ငါဖြစ်ပါရစေ.....။
တစ်နေကုန် Chatting ၀င်....
အချိန်ရသမျှ Gtalk ပြော....
Monitor နဲ့  မျက်နှာ ခွါတယ်မရှိတော့....
မင်းမျက်ခွက်လည်း မှန်ထဲပြန်ကြည့်အုံးဟဲ့...။
လွမ်းတတ်သူအဖို့ အချိန်တိုင်းကလွမ်းစရာတွေချည်းပါပဲ...။
*သဗ္ဗေသတ္တာ ကမ္မသကာ*
သတ္တ၀ါမှန်သမျှ မိမိ၏ ကောင်းမှု၊ မကောင်းမှုသည်သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြပါတကား။
မီးသွေးမျက်နှာ
ကျားလျှာလက်နဲ့ ကိုယ်က.....
ခစားဖို့ သင့်ရဲ့လား?
အားငယ်လွန်းရပါတယ်….
လွမ်းတယ် (အနေဝေးရင်)
ပိုင်ဆိုင်ချင်တယ် (တစ်ဘ၀စာ)
အရမ်းချစ်တယ် (တစ်သက်လုံး)
သတိရတယ် (မတွေ့ရတဲ့အခါ)
အတူနေချင်တယ် (လိုက်လျောရင်)
နမ်းချင်တယ် (ဖြူစင်စွာ)
ထိုင်ကြည့်ချင်တယ်(၂၄နာရီ)
မိုးပေါ်က လမင်းကြီးနဲ့ ကိုယ့်အဖြစ်ကတူပါတယ်
သူလည်း အထီးကျန်နေတယ်
ကိုယ်လည်း အထီးကျန်နေတယ်
အချစ်စစ်နဲ့ ချစ်မယ့်သူ ဘယ်တော့မှ တွေ့ပါ့မလဲနော်။
နင်မသိဘူးမဟုတ်လား..
အချစ်ဆိုတာ... ပေးဆပ်ခြင်းလို့ သတ်မှတ်ချင်လည်း ရပေမယ့်...
အလွမ်းဆိုတာကတော့.... ခံစားရသူကို သေစေနိုင်တယ်ဆိုတာ ....။
လက်သီးကိုတင်းတင်းဆုပ်တာနဲ့
အရာအားလုံးကို ကိုယ်ဖမ်းဆုပ်မိပြီလို့ ထင်နေခဲ့တာ....
တကယ်တော့....
လေကိုတောင် ကိုယ်ဖမ်းဆုပ်မမိခဲ့ပါဘူး။
ရှာပုံတော်မင်းသားကြီး........
ဝဘ်ဆိုဒ်တကာရောက်ခဲ့ပြီ............
ဘယ်chatမှာ ဘယ်လိုကဲမှန်း...... မသိတော့ ခက်လှပြီ............
မနှစ်ကပေးတဲ့ မေးလ်လိပ်စာ...... ဗိုင်းရပ်စ်ကိုက်လို့ ပျက်ကုန်ပြီ..........
မမှတ်မိတော့ခက်သာလှချေပြီ.....
တစ်ယောက်ကို တစ်ယောက်
နားလည်မှုတွေသာ မရှိခဲ့ကြရင်....
အချစ်ဆိုတာကြီးက အလကားဖြစ်မှာပါ...
နားလည်သိတတ်မှုသာ အရေးကြီးတယ်လို့ ထင်မိပါတယ်....
စိတ်ညစ်စရာကွန်နက်ရှင်းနဲ့ ဒုက္ခတော့ရောက်နေပြီ....
အရမ်းခြစ်တတ်သူများ၊ အခြစ်ကျွမ်းကျင်သူများ အလိုရှိသည်။
လစာကောင်းကောင်းပေးမည်။
(အပြည်ပြည်ဆိုင်ရာ အုန်းသီးခြစ်လုပ်ငန်း)
အပေါဆုံးက အကြွေး
မွေးရာပါအားနည်းချက်က ကြိုက်မယ့်သူမရှိတာ
စိတ်ညစ်ရတဲ့အထဲမှာ ကလေးကအစ ခွေးအဆုံး မခံ့တာလည်းပါတယ်
ဘာလုပ်လုပ်မအောင်မြင်တော့လည်း
ဘာမှမလုပ်ဘဲ မိဘလုပ်စာပဲ ထိုင်စားတော့မယ်။
နင်ဘာလို့ပြုံးတာလဲလို့မေးတော့....
ငါရယ်ချင်လို့ဟ ဆိုပြီး ပြန်ဖြေတယ်။
ချစ်ခြင်းသည်....
နီးခြင်း၊ ဝေးခြင်းနှင့် လုံးဝ မသက်ဆိုင်ပါ။
ချစ်နေဖို့၊ သစ္စာရှိဖို့ကသာ အဓိကဖြစ်ပါသည်။
အရမ်းပျင်းနေပါသဖြင့်...
အကြောင်းထူးမရှိဘဲ လာမဟိုင်းပါရန်နှင့်...
လာဟိုင်းရင်လည်း ကျွန်တော့်အပြောကိုမစောင့်ဘဲ ပြောစရာရှိသည်များကို
တစ်ခါထဲ...ပြောပါရန်။
*အိပ်မက်*
ကျွန်တော် အရူးတစ်ယောက်နဲ့တွေ့တော့ မေးကြည့်မိတယ်။
"အချစ်ဆိုတာကို ခင်ဗျားသိလား"
"သိတော့သိတယ်၊ ဒါပေမယ့် ပြောမပြတတ်တော့ဘူး"
"ဘာဖြစ်လို့လဲ"
"အဲဒါကို သိပြီးကတည်းက ငါခုလို ရူးသွားခဲ့တာပဲ" တဲ့။
I Live in တဲစုတ်.
I only eat ပဲပြုတ်.
I walk in လမ်းစုတ်.
So I meet မိပုတ်.
I give her အမှိုတ်ထုတ်.
So she beat me with ထီးစုတ်.
And I run in တောအုပ်.
I play with ကျားစုတ်.
Now I work ၀ဲကုတ်.
So my skin is ပြဲစုတ်.
And I go to doctor ရမ်းတုတ်.
This message read မျောက်ရုပ်......
ဘယ်လောက်...ဆန်းကြယ်တယ် ပြောပြောပါ....
နောက်ဆုံးတော့လည်း ရိုးရိုးလေးပါပဲ...
မထူးဆန်းပါဘူး
(̾●̮̮̃̾•̃̾)۶ ٩(͡๏̯͡๏)۶ ٩(̾●̮̮̃̾•̃̾)
မြင့်မြတ်တဲ့အချစ်ရှိတဲ့ နေရာမှာ...
အံ့မခန်းဖွယ်ရာတွေ အမြဲရှိနေတယ်တဲ့...
Girls Psychology:
Fraud with Innocent Boys;
Fun with Handsome Boys;
Friendship with Charming Boys;
Contact with Intelligent Boys;
Flirt with Freaky Boys;
Love with Faithful Boys
And in the end....
Marriage with the Rich Boy....
အချစ်ဆိုတာဘာလဲလို့ လာမမေးနဲ့
ငါ့အဘိဓာန်မှာ အဲဒီစာလုံးပျက်နေလို့
ငါကိုယ်တိုင်တောင် ဖတ်မရခဲ့တာကြာပေါ့.....။
ပျင်းလွန်းလို့ ချက်တင်ထိုင်နေတာ...
စိတ်ညစ်စရာတွေ လာမပြောနဲ့.....
Q ချင်ရင် ဒဲ့သာ Q...
အပျင်းပြေမယ်ထင်ရင် ပြန်ကျူမယ်....။
စောင့်နေတဲ့လူက မလာဘူး
ပြောနေတဲ့လူက နှာဘူး
ပြောသမျှကလည်း အာလူး
အရပ်ကတို့ ကယ်ကြပါဦး။
ဒို့အိမ်ဘေးက မမလေး
မော်ဒယ်လ်ဖြစ်ရေး လေ့ကျင့်ပြေး
လေ့ကျင့်ပြီးတော့ ဗိုက်တွေဆာ
သုံးပန်းကန်ကြီးတောင် ဝါးလိုက်တာ...
မပိန်လို့တဲ့ စိတ်တွေပျက်
ညစာ လုံးဝဖြတ်
ညကျဗိုက်ဆာ မနေသာ
ပေါင်မုန့်လေးလုံး ဝါးပစ်တာ
ငါးလကြာတော့ ဝိတ်တွေတက်
လှယဉ်ကျေးမယ်ဝက်။ :D
(၂)
ရွှေရောင်တောက်ပနေတဲ့ အနာဂတ်တွေကို မွေးဖွားသန့်စင်လာဖို့ ကြယ်တွေဟာ
ကြွေကျပါလိမ့်မယ်။
(၃)
ပြန်မchatရင်
ဒန်ခွက်နဲ့
လန်ထွက်အောင်ရိုက်မယ်... :D
(၄)
အညွန့်အဖူးလေးပဲ ဖြစ်ပါစေ
ပိုးကိုက်နေရင်တော့ ဖြတ်ထုတ်ပစ်ရမယ်
ဒါဟာ.........
ဥယျာဉ်မှူးရဲ့ ခိုင်မာတဲ့ သတ္တိပဲ....
တစ်ပင်လုံးကိုတော့ အဆုံးရှုံးမခံနိုင်ဘူးလေ....။
(၅)
လောကကြီးမှာ.....
နားလည်ရအခက်ဆုံးက လူတွေထင်ပါရဲ့....
ကိုယ်ကပဲ နားလည်မပေးနိုင်လောက်အောင် ညံ့နေတာလား မသိတော့ပါကွယ်...။
(၆)
အချစ်ဟာ ပန်းတစ်ပွင့်လည်း ဖြစ်နိုင်တယ်....
မနက်ခင်းမှာ နိုးထစေတဲ့ အနမ်းတစ်ပွင့်လည်းဖြစ်နိုင်တယ်....
စိတ်အားငယ်ချိန်မှာ မှီခိုနိုင်တဲ့ ပုခုံးတစ်စုံလည်းဖြစ်နိုင်တယ်....
အချစ်ကို ခံစားနားလည်တတ်ဖို့ပဲ လိုပါတယ်.....။
(၇)
တစ်ကယ်တော့ ငါဟာ....
ပြဒါးသုတ်မထားတဲ့ မှန်တစ်ချပ်ရှေ့မှာ Reflection အကြောင်း လေ့လာနေတဲ့
သုတေသီတစ်ဦးပဲ ....။
(၈)
အသိမေ့လောက်တဲ့... အကြည့်တစ်ချက် လိုချင်တယ်....။
(၉)
ပျော်ရွှင်မှုဆိုတာ ရှာဖွေရတဲ့အရာမဟုတ်ဘူး။
သူ့အလိုလို ရောက်လာတတ်တာမျိုးပါ။
ရှာတွေ့ခဲ့တယ်ဆိုရင်တော့ အဲဒါပျော်ရွှင်မှု မဟုတ်ပါဘူး။
ပျော်ရွှင်မှုအရေခွံ လွှမ်းခြုံထားတဲ့ အခြားတစ်ခုခုသာ ဖြစ်ပါလိမ့်မယ်။
(၁၀)
တစ်ယောက်နဲ့တစ်ယောက်
မာနတွေကိုယ်စီထားလည်းပဲ
နောက်ဆုံးမှာ...
ဒူးထောက်အရှုံးပေးသူက ငါပဲဖြစ်ပါရစေ .....။
(၁၁)
ပွဲပြီးမှ လှေကားထောင်။
ယောင်ယောင်နဲ့ လေကြီးမိုးကြီးလုပ်သူများအား
အလွန့်အလွန် အမြင်ကပ်လှပါကြောင်း။
(၁၂)
စာကမရ Whisky ချ
စိတ်ညစ်တယ်နော် Beer ဆော်
မလောက်သေးပဲ Spy ထပ်ဆွဲ
စက်တော်ခေါ်ရန် Brandy ခံ
မနက်လင်းသော် Ice ထပ်ဆော်
ကြံရာမရ Rum ထပ်ချ
ကျောင်းသို့သွားသော် မြောင်းထဲချော်
ကယ်တင်ရှင်အဖြစ် Black Label ကစ်...။
(၁၃)
အချစ်ဆိုတာ...
ကိုယ့်ကို ပြန်ချစ်ဖို့ဆိုတာထက်
ကိုယ်က ချစ်နေခွင့်ရဖို့ပဲ လိုတာပါ။
သူ့ကိုချစ်နေသမျှ ကိုယ့်ရင်ထဲမှာလည်း အချစ်ဆိုတာ ကိန်းဝပ်တည်နေမှာပဲ မဟုတ်လား။
**မှော်ဆရာလေး**
Tuesday, March 15, 2011
ခေတ် သစ်မယား ၀တ္တရား (၁၀) ပါး

**အသုံးချွေတာ ၊ ဖွယ်ရာချက်ပြုတ်
အလုပ်လဲကူ ၊ မဆူမဆဲ
ဘောပွဲပေးကြည့် ၊ သိတတ်ကြည်သာ
ဘီယာဖန်တီး ၊ အမြည်းကြော်လှော်
် ဂိမ်းဆော့မပွား ၊ လင်ပျော်အောင်ထား......၀တ္တရား
Modern မယားများကျင့်ဖို့ရာ။
**minyehtoo@gmail.com
Sunday, January 16, 2011
ခေတ်သစ်သူငယ်တန်းဖတ်စာ...

က...ကလေးငယ် မျက်ရည်လည်
ခ...ခရောင်းလမ်း သူဖြတ်သန်း ။
ဂ...ဂန်း(Gun)သံ ဆူဆူညံ
င...ငတိများ အလွန်စော်ကား။
စ...စစ်အာဏာ တကယ်ရှည်ကြာ
ဆ...ဆိုးသွမ်း သူတို့ပွဲကြမ်း။
ဇ...ဇာတ်တွေနာ နိုင်ငံဟာ
ည...ညှင်းဆဲခြင်း သူတို့သွတ်သွင်း။
တ...တရားဥပဒေ ဘယ်ရောက်နေ
ထ...ထမင်းငတ် ရိက္ခာပြတ်။
ဒ...ဒို့အရေး တို့ဟစ်ကြွေး
ဓ...ဓနရှင်စနစ် ချေမှုန်းပစ်။
န...နိုင်ငံရယ် ပျောက်ပြီကွယ်
ပ...ပညာရေးဘယ်ထွက်ပြေး။
ဖ...ဖာနိုင်ငံဖြစ်ပြီအမှန်
ဗ...ဗိုလ်ချူပ်စကား ပြန်လို့ကြား။
ဘ...ဘ၀တွေဟာ စုတ်ပြတ်လာ
မ...မြောင်းထဲကျ ပြန်ထမရ။
ယ...ယမ်းငွေ့သုံး လူမျိုးပြူန်း
ရ...ရှူနေရ လူလုံးမလှ။
လ...လူ့အခွင့်အရေးတွေ ဆုံးရှူံးနေ
ပ...ပယ်လို့မရ တိုက်ယူကြ။
သ...သတင်းစာ မဖတ်ခြင်းဟာ
ဟ...ဟာသများ ရယ်ဖို့မအား။
အ...အမေ...တို့တိုင်းပြေ...ဘယ်တော့မှလွတ်လပ်မလေ...??၊၊။။။။။။။။။။။။။
သူငယ်တန်းကလေးများအားလုံး လေ့လာနိုင်စေရန်တင်ပေးလိုက်ပါသည်။
**From: theamyochit@gmail.com**
--
Friday, January 14, 2011
သက္ကရာဇ် ၂၁၀၀ တွင် မူလတန်းသင်ရိုးမှာ ပြဌာန်းလိုက်သောကဗျာ


မောင်ရင်ငယ်သွေး နာဘိသေးလော့..........
ရှေးသရောအခါ ပြည်မြန်မာဝယ်............
ဒေါ်လာသန်းနှစ်ထောင် ကြွယ်ဝဆောင်သော...........
လူပေါလူမိုက် ဒုစရိုက်များ.............
ကန်ထရိုက်ဆွဲ လက်ကိုင်မြဲသည့်.............
မင်းဆိုးမင်းညစ် မင်းယုတ်တပါး...............
ထင်ရှားဖူးသည်။.............
ဗုဒ္ဓဘာသာ ခံယူပါလျက်.............
ရက်စက်တာက အံ့လောက်ဖွယ်ရာ............
သံဃာတော်သတ် ဖမ်းနှိပ်စက်၍.............
ဒေ၀ဒတ်ထုံး နှလုံးမူကာ..............
ပြုမူဆက်ဆံ ယုတ်မာပြန်လို့..............
သံဃာတို့သွေး မြေသို့ပေးအပ်...............
ဆင်းသက်ခဲ့သည်။.............
တိုင်းပြည်ဘဏ္ဍာ ပြည့်ဥစ္စာကို.............
အုပ်ကာစိုးမိုး ခိုးထုတ်တဖုံ............
ဆိုးယုတ်ပုံက ပေါ်တင်တလီ............
အဓ္ဓမတသွယ် သိမ်းပိုက်လွယ်လို့............
ကုဋေကြွယ်စေ ဒေါ်လာငွေသုံး..............
မြေးတော်ပြုံးရန် မန်ယူကိုဖန်.............
ဝယ်ဖို့ကြံသည်။..............
မင်းကျင့်တရား ၁၀ပါးမညီ...............
အုပ်ချုပ်သည်မို့ ထိုတိုင်းပြည်မှာ..............
ရာသီမမှန် မုန်တိုင်းဒဏ်သင့်................
ဘေးရန်နင့်လို့ ပြည်သူအပေါင်း..................
ထောင်းထောင်းကိုယ်စိတ် ကွဲကြေရိပ်အောက်..................
ကျရောက်ခံစား ဒုက္ခများပြီး..................
သုခရှားခဲ့ကြရသည်။...................
တိုင်းသူပြည်သား အများဆန္ဒ................
မှန်သမျှအား အလေးမမူ................
ပြုမူသည်ကား မိန်းမယောက်ျား..............
အားလုံးခေါ်ထုတ် မလုပ်မရ..................
ထမ်းရွက်ကြဟု စစ်တပ်အတွင်း..................
သွပ်သွင်းကာသာ အာဏာမြဲရေး...................
ဦးစားပေးသည်။...................
ထိုမင်းလက်ထက် တိုင်းပြည်ပျက်သို့....................
အဖက်ဖက်မှာ ဆုတ်ယုတ်သော်ငြား.................
ထုတ်ဖော်ကြားသည့် စကားမတော်...................
လျော်ကန်မသင့် ပြောဆိုဝံ့တာ................
အံ့သြစရာကား.................
သူရဲ့တိုင်းပြည် တိုးတက်ပြီတဲ့...................
ရှက်ဖွယ်လိလိ ထိုထိုစကား................
ပြောဆိုကြားသော ဘုရင်ကြီးအား...............
မောင်တို့မှတ်သား ဆင်ခြင်သွားလော့.................
ထိုသို့ဆင်ခြင် သုံးသပ်မြင်လို့................
မောင်တို့တိုင်းပြည် တိုးတက်အောင်ပြု....................
ကောင်ကျိုးမှုနဲ့ တည်ထောင်သွားလေ..................
မောင်တို့သမိုင်း မရိုင်းရအောင်ဆောင်ကြလေ...။.................
အထက်ပါကဗျာမှ ဘုရင်ကြီးမှာ မည်သူဆိုသည်ကိုတော့ မရေးပြတော့ပါ..။
အားလုံးကိုချစ်ခင်လေးစားသော..
**ဖိုးသိကြား**
(San Maung)
Thursday, December 9, 2010
စကားပုံများနှင့်ရန်ဖြစ်ခြင်း

**ဘ၀က ရင်နာစရာ
ပေးစရာလည်း.. ငွေမရှိ... ပြေးစရာလဲမြေမရှိတော့ 
အကြံမရှိ နောက်လိုက်၊ ဆန်မရှိကောက်စိုက် ပေမယ့်
ကံဆိုးမသွားရာမိုးလိုက်လို့ ရွာခဲ့ တယ်။
ကျားကြောက်လို့  ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး ဆိုသလို
နောက် လာတဲ့  မောင်ပုလဲက ဒိုင်းဝန်ထက် ကဲတယ်
လုပ်စားပြန်တော့  မိုးခေါင်လို့ ၊
ခိုးစားပြန်တော့ ခွေးကဟောင်ပြီး
အနာမသိတော့ ဆေးကမရှိဘူး.....
မရှိတာထက် မသိတာခက်တယ်
ကမ္ဘာမီးလောင် သားကောင်ချနင်းတော့ 
ခြေကျိုး ထန်းတတ်သလို အချက်မကျလှဘူး
ဖွတ်မရ..ဓားမဆုံးလည်း နေပါစေတော့ ။
**ခင်ဗျားမှာ......
ရှေ့တိုးတော့  ထမ်းပိုး၊ နောက်ဆုတ်တော့  လှည်းထုပ်
ငါးပွတ်ရာ ငါးစာချလည်း ငါးမရဘူး။
မလိမ်မာ နှစ်ခါမောပဲပြောပြော
တစ်နေ့ ချွတ် တစ်လမွတ်ပဲဆိုဆို
ကိုယ့်ဝမ်းနာ ကိုယ်သာသိခဲ့ တယ်
ကိုယ့်ငချဉ် ကိုယ်ချဉ်သူရယ်
ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲဖိတ်သမားရယ်
ဘယ်သူသေသေ ငတေ မာရင်ပြီးရောဆိုတော့ 
ဟောင်လွန်းတဲ့ ခွေး လူမလေးသလို
ဆင် ဟုတ်ကြောင်းတော့  ....နှာမောင်းနဲ့  သက်သေပြဖို့ လိုတယ်
သူ့ ကို ငါဖျက်... ငါလျှင် ပျက်ဆိုပေမယ့်
ငါ့ ကိုသူဖျက်နေတာ.... .ဘာကြောင့် သူမပျက်ရတာလဲ
လောကကြီးရယ်။ ။
**ဦးဦး မှော်ဆရာ**
Monday, September 14, 2009
မဲဆောက်စာပေလိုက်ပွဲများ… အပိုင်း (၅ )
*** (ဆယ်သက် ဆယ်ကမ္ဘာ ထင်တယ်ခင်)***
`တစ်နေ့ တစ်ရက်
အတွေ့ခက်လျှင်
ဆယ်သက် ဆယ်ကမ္ဘာ ထင်တယ်ခင်…´
(မောင်စိန်ဝင်း- ပုတီးကုန်း)
***(ပြန်မပေးနိုင်သော ထိုအကြွေး)***
`
ဟိုနေ့ ဒီရက်
ပြန်ပေးခက်လျှင်`
ဆယ်သက် ဆယ်ကမ္ဘာ ထင်တယ်ခင်…´
(ဆန်တာကလော့စ်- ခေတ္တ-အင်္ဂပူ)
Tuesday, September 8, 2009
*** မဲဆောက်စာပေလိုက်ပွဲများ… အပိုင်း ( ၄ )
****အခုဘ၀မှာတော့ သူငယ်ချင်း…***
“အနူသယနယ်အတွင်းမှာ
သမုဒယတကယ် မတင်းအောင်
အချစ်ရယ်…
အခုဘ၀မှာတော့ သူငယ်ချင်း….”။ ။
*** မောင်စိန်ဝင်း (ပုတီးကုန်း)
***အခုဘ၀မှာတော့ အပေါင်ဆုံး***….
“စုမရနယ်အတွင်းမှာ
အခုမှတကယ် မတင်းရအောင်
ထောင်ကဲရယ်…
အခု ဘ၀မှာတော့ အပေါင်ဆုံး…”။ ။
*** ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)
Friday, September 4, 2009
မဲဆောက်စာပေလိုက်ပွဲများ(၃)
***(ဧည့်သည်ကြီး)***
`ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို အိမ်ပြန်ပို့ပါလေ….´။
+++(တင်မိုး)
***(ရပ်တည်ချက်)***
`ဆေးလိပ်လည်းပြတ်
ကွမ်းယာငတ်ပြီ
မတ်တပ်သေးပေါက်ကြပါဟေ…..´။
(၁၉၈၉-၉၅ ပထမအကျော့ သာယာဝတီထောင်အတွင်းနေထိုင်ခဲ့စဉ်က ကြံကြံဖန်ဖန်စိတ်ကူးများ)
*** ဆန်တာကလော့စ် ***
