ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label အခြားသတင်း. Show all posts
Showing posts with label အခြားသတင်း. Show all posts

Tuesday, March 25, 2014

=ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း=


**သရုပ်ဆောင်လောကသို့ ပြန်လည်ဝင်ရောက်လာပြီဖြစ်သည့် ကူဟေးဆန်း**

 

 F4 ဇာတ်ကားတွင် ဂင်ဂျန်ဒီအဖြစ် လူသိများထင်ရှားလာသူ တောင် ကိုရီးယားကြယ်ပွင့် ကူဟေးဆန်းက သရုပ်ဆောင်လောကနှင့် နှစ်နှစ်ခန့် အဆက်အသွယ်ပြတ်ခဲ့ရမှုအပေါ် အခြားသော ဖန်တီးမှုဆိုင်ရာစီမံကိန်းများ၊ ဒါရိုက်တာတစ်ဦးအနေဖြင့် ရုပ်ရှင်ရိုက်ကူးခြင်းနှင့် လုပ်ငန်းဆိုင်ရာပြပွဲ များ ကျင်းပခြင်းတို့ဖြင့် အလုပ်ရှုပ်နေခြင်းကြောင့်ဖြစ်ကြောင်း ဖြေကြားခဲ့ သည်။ကူဟေးဆန်းသည် ဖက်ရှင်လောကနှင့်လည်း အဆက်အသွယ်ပြတ်နေခဲ့ပြီး ဖက်ရှင် မဂ်္ဂဇင်းတစ်ခုတွင် မတ် ၂၀ရက်က ၎င်းင်းဓာတ်ပုံဖော်ပြခြင်းခံခဲ့ရသည့်အတွက် အက်စ်ဘီ အက်စ်ရုပ်သံလိုင်း၏ မင်းသမီးတစ်လက်ဖြစ်သည့် ကူဟေးဆန်းတစ်ယောက်သရုပ် ဆောင်လောကသို့ ပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်းသုံးသပ်သူများလည်း ရှိသည်။ ““ပရိသတ်တွေ ကျွန်မရဲ့သရုပ်ဆောင်ပညာကို ပြန်လည် အသိအမှတ်ပြုဖို့အချိန်ယူရပါလိမ့်မယ်၊ ဒီနှစ် နှစ်အတွင်းမှာ အများကြီးပြောင်းလဲခဲ့ပါတယ်၊ စကားပြောပုံကအစ ပင်ကိုစရိုက်တွေကိုလည်း ပြောင်းလဲချင်ပါတယ်၊ ဘာပဲ ဖြစ်ဖြစ် ကျွန်မ အသက်(၃၀)မပြည့်မီ သရုပ်ဆောင်လောကထဲကို ပြန်ဝင်လာမှာပါ””ဟု မင်းသမီး ကူဟေးဆန်းက ပြောကြားခဲ့သည်။ လက်ရှိတွင် ကူဟေးဆန်းသည် F4 ဇာတ်ကားမှ ဇာတ်ညွှန်းရေးဆရာနှင့်ပူးပေါင်းကာ Anger Eyes ရုပ်သံဇာတ်လမ်းတွဲတွင် မင်းသား လီဆောင်ယွန်းနှင့်အတူ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။


 **တစ်ချိန်တွင် ပြန်လည်ပေါင်းစည်းရန် အစီအစဉ်ရှိသည့် Westlife** 




 တစ်ချိန်က လူငယ်ပရိသတ်များအကြား နာမည်ကျော်ထင်ရှားခဲ့သည့် Irish တေးဂီတအဖွဲ့Wesltife အဖွဲ့အနေဖြင့် တစ်ချိန်ချိန်တွင် ပြန်လည်ပေါင်းစည်းနိုင်ဖွယ်ရှိကြောင်း ၎င်းင်းအဖွဲ့မှ အဖွဲဝင် Brian McFadden  က ထုတ်ဖော်ပြောကြားခဲ့သည်။
 Westlife အဖွဲ့ပြန်လည်ပေါင်းစည်းရေးနှင့်ပတ်သက်ပြီး ““ကျွန်တော်တို့အဖွဲ့ တစ်ချိန်ချိန်မှာ ပြန်ပေါင်းမှာပါ၊ ဩဒါဟာ အပြောမဟုတ်ပါဘူး၊ အဲဒီအချိန်တွေတုန်းက ကျွန်တော်တို့အားလုံးဟာ ကိုယ်စီရဲ့ ဘ၀တွေနဲ့ တစ်ဦးချင်းစီရဲ့ အောင်မြင်မှုကို အာရုံထားခဲ့ကြတဲ့အတွက် အခုလိုဖြစ်ခဲ့ရတာပါ”” ဟု ဆက်လက်ပြောကြားခဲ့သည်။
၂၀၀၄ ခုနှစ်တွင် အဆိုပါ  Westlife အဖွဲ့မှ အဖွဲ့ဝင် McFadden က မိသားစုနှင့် ကလေး များအတွက်ဟုဆိုကာ အဖွဲ့မှစတင်ထွက်ခွာခဲ့ပြီး ယင်းအဖွဲ့မှာ ကျန်အဖွဲ့ဝင်လေးဦးနှင့်သာ ဆက်လက် ရပ်တည်ခဲ့သည်။ Westlife အဖွဲ့ကို ၁၉၉၈ ခုနှစ်တွင် အဖွဲ့ဝင် ငါးဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး စတူဒီယိုအယ်လ် ဘမ်၊ တစ်ကိုယ်တော် အယ်လ်ဘမ်၊ ဗီဒီယိုများနှင့် အယ်လ်ဘမ်ပေါင်းချုပ်များအပါအ၀င် တစ်ကမ်္ဘာ လုံး အတိုင်းအတာအနေဖြင့် အချပ်ရေ ပေါင်း ၄၅ သန်းရောင်းချခဲ့ရပြီး ဗြိတိန်တွင် ရောင်းအား အကောင်းဆုံးထိပ်တန်းအဖြစ် (၁၄)ကြိမ်ရပ်တည်နိုင်ခဲ့ သည်။ Westlife  အဖွဲ့၏ နောက်ဆုံးဖျော်ဖြေပွဲအနေဖြင့် ၂၀၁၂ ခုနှစ် ဇွန် ၂၃ ရက်က အိုင်ယာလန်၌ ဖျော်ဖြေ ခဲ့ပြီး အဖွဲ့ကွဲသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

စုစည်းဘာသာပြန် - မျိုးစန္ဒာမောင် 



**မန်ချက်စတာဒါဘီတွင် နိုင်ပွဲရရှိမည်ဟုဒေးဗစ်မိုယက်ယုံကြည်နေ** 




မတ် ၂၅ ရက်တွင် မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့သည် မန်ချက် စတာဒါဘီပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ရာ လက်ရှိတွင် နှစ်ပွဲဆက် နိုင်ပွဲရရှိထားခြင်းကြောင့် မန်ချက် စတာဒါဘီပွဲစဉ်တွင် နိုင်ပွဲရရှိလိမ့်မည် ဟု ယုံကြည်ထားကြောင်း မန်ယူ အသင်းနည်းပြ ဒေးဗစ်မိုယက်က ဖွင့် ဟ ပြောကြားခဲ့သည်။ မန်ယူအသင်း၏ အိမ်ကွင်း အိုးထရက်ဖို့ဒ်တွင် လီဗာပူးအသင်း အား သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ယခုမန်ချက်စတာဒါဘီသည် မန်ယူ အသင်းအတွက် အိမ်ကွင်းပြန်လည် ယှဉ်ပြိုင်ရမည့်ပွဲစဉ်လည်း ဖြစ်လာ ခဲ့သည်။ လက်ရှိတွင် မန်ယူအသင်းသည် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနှင့် ၁၂ မှတ်ကွာနေပြီး ပရီမီယာလိဂ် အမှတ်ပေးဇယား၏ အဆင့်(၇) နေရာတွင် ရပ်တည်လျက်ရှိ သည်။ မန်စီးတီးအသင်းမှာမူ ချယ်လ်ဆီး အသင်းနှင့် ပွဲစဉ်တူရန် သုံးပွဲကစားရန် ကျန်ရှိနေသည့်အချိန်တွင် ပရီမီ ယာလိဂ် အမှတ်ပေးဇယားကို ထိပ်ဆုံးမှ ဦးဆောင်နေသည့် ချယ်လ် ဆီးအသင်းနှင့် ရမှတ်ခြောက်မှတ် အကွာဖြင့် အမှတ်ပေးဇယား တတိယ နေရာတွင် ရပ်တည်နေသည်။ သို့ရာတွင် ရွန်းနီ၏ စွမ်းဆောင် ရည်ကောင်းမွန်မှုကြောင့် မန်ချက် စတာဒါဘီတွင် နိုင်ပွဲရရှိရန် မိုယက် ယုံကြည်နေခြင်းဖြစ်သည်။

စုစည်းဘာသာပြန် - ငွေကြယ်

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)