**သရုပ်ဆောင်လောကသို့ ပြန်လည်ဝင်ရောက်လာပြီဖြစ်သည့် ကူဟေးဆန်း**
F4 ဇာတ်ကားတွင် ဂင်ဂျန်ဒီအဖြစ် လူသိများထင်ရှားလာသူ တောင် ကိုရီးယားကြယ်ပွင့် ကူဟေးဆန်းက သရုပ်ဆောင်လောကနှင့် နှစ်နှစ်ခန့် အဆက်အသွယ်ပြတ်ခဲ့ရမှုအပေါ် အခြားသော ဖန်တီးမှုဆိုင်ရာစီမံကိန်းများ၊ ဒါရိုက်တာတစ်ဦးအနေဖြင့် ရုပ်ရှင်ရိုက်ကူးခြင်းနှင့် လုပ်ငန်းဆိုင်ရာပြပွဲ များ ကျင်းပခြင်းတို့ဖြင့် အလုပ်ရှုပ်နေခြင်းကြောင့်ဖြစ်ကြောင်း ဖြေကြားခဲ့ သည်။ကူဟေးဆန်းသည် ဖက်ရှင်လောကနှင့်လည်း အဆက်အသွယ်ပြတ်နေခဲ့ပြီး ဖက်ရှင် မဂ်္ဂဇင်းတစ်ခုတွင် မတ် ၂၀ရက်က ၎င်းင်းဓာတ်ပုံဖော်ပြခြင်းခံခဲ့ရသည့်အတွက် အက်စ်ဘီ အက်စ်ရုပ်သံလိုင်း၏ မင်းသမီးတစ်လက်ဖြစ်သည့် ကူဟေးဆန်းတစ်ယောက်သရုပ် ဆောင်လောကသို့ ပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်းသုံးသပ်သူများလည်း ရှိသည်။ ““ပရိသတ်တွေ ကျွန်မရဲ့သရုပ်ဆောင်ပညာကို ပြန်လည် အသိအမှတ်ပြုဖို့အချိန်ယူရပါလိမ့်မယ်၊ ဒီနှစ် နှစ်အတွင်းမှာ အများကြီးပြောင်းလဲခဲ့ပါတယ်၊ စကားပြောပုံကအစ ပင်ကိုစရိုက်တွေကိုလည်း ပြောင်းလဲချင်ပါတယ်၊ ဘာပဲ ဖြစ်ဖြစ် ကျွန်မ အသက်(၃၀)မပြည့်မီ သရုပ်ဆောင်လောကထဲကို ပြန်ဝင်လာမှာပါ””ဟု မင်းသမီး ကူဟေးဆန်းက ပြောကြားခဲ့သည်။ လက်ရှိတွင် ကူဟေးဆန်းသည် F4 ဇာတ်ကားမှ ဇာတ်ညွှန်းရေးဆရာနှင့်ပူးပေါင်းကာ Anger Eyes ရုပ်သံဇာတ်လမ်းတွဲတွင် မင်းသား လီဆောင်ယွန်းနှင့်အတူ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။
**တစ်ချိန်တွင် ပြန်လည်ပေါင်းစည်းရန် အစီအစဉ်ရှိသည့် Westlife**
တစ်ချိန်က လူငယ်ပရိသတ်များအကြား နာမည်ကျော်ထင်ရှားခဲ့သည့် Irish တေးဂီတအဖွဲ့Wesltife အဖွဲ့အနေဖြင့် တစ်ချိန်ချိန်တွင် ပြန်လည်ပေါင်းစည်းနိုင်ဖွယ်ရှိကြောင်း ၎င်းင်းအဖွဲ့မှ အဖွဲဝင် Brian McFadden က ထုတ်ဖော်ပြောကြားခဲ့သည်။
Westlife အဖွဲ့ပြန်လည်ပေါင်းစည်းရေးနှင့်ပတ်သက်ပြီး ““ကျွန်တော်တို့အဖွဲ့ တစ်ချိန်ချိန်မှာ ပြန်ပေါင်းမှာပါ၊ ဩဒါဟာ အပြောမဟုတ်ပါဘူး၊ အဲဒီအချိန်တွေတုန်းက ကျွန်တော်တို့အားလုံးဟာ ကိုယ်စီရဲ့ ဘ၀တွေနဲ့ တစ်ဦးချင်းစီရဲ့ အောင်မြင်မှုကို အာရုံထားခဲ့ကြတဲ့အတွက် အခုလိုဖြစ်ခဲ့ရတာပါ”” ဟု ဆက်လက်ပြောကြားခဲ့သည်။
၂၀၀၄ ခုနှစ်တွင် အဆိုပါ Westlife အဖွဲ့မှ အဖွဲ့ဝင် McFadden က မိသားစုနှင့် ကလေး များအတွက်ဟုဆိုကာ အဖွဲ့မှစတင်ထွက်ခွာခဲ့ပြီး ယင်းအဖွဲ့မှာ ကျန်အဖွဲ့ဝင်လေးဦးနှင့်သာ ဆက်လက် ရပ်တည်ခဲ့သည်။ Westlife အဖွဲ့ကို ၁၉၉၈ ခုနှစ်တွင် အဖွဲ့ဝင် ငါးဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး စတူဒီယိုအယ်လ် ဘမ်၊ တစ်ကိုယ်တော် အယ်လ်ဘမ်၊ ဗီဒီယိုများနှင့် အယ်လ်ဘမ်ပေါင်းချုပ်များအပါအ၀င် တစ်ကမ်္ဘာ လုံး အတိုင်းအတာအနေဖြင့် အချပ်ရေ ပေါင်း ၄၅ သန်းရောင်းချခဲ့ရပြီး ဗြိတိန်တွင် ရောင်းအား အကောင်းဆုံးထိပ်တန်းအဖြစ် (၁၄)ကြိမ်ရပ်တည်နိုင်ခဲ့ သည်။ Westlife အဖွဲ့၏ နောက်ဆုံးဖျော်ဖြေပွဲအနေဖြင့် ၂၀၁၂ ခုနှစ် ဇွန် ၂၃ ရက်က အိုင်ယာလန်၌ ဖျော်ဖြေ ခဲ့ပြီး အဖွဲ့ကွဲသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
စုစည်းဘာသာပြန် - မျိုးစန္ဒာမောင်
**မန်ချက်စတာဒါဘီတွင် နိုင်ပွဲရရှိမည်ဟုဒေးဗစ်မိုယက်ယုံကြည်နေ**
မတ် ၂၅ ရက်တွင် မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့သည် မန်ချက် စတာဒါဘီပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ရာ လက်ရှိတွင် နှစ်ပွဲဆက် နိုင်ပွဲရရှိထားခြင်းကြောင့် မန်ချက် စတာဒါဘီပွဲစဉ်တွင် နိုင်ပွဲရရှိလိမ့်မည် ဟု ယုံကြည်ထားကြောင်း မန်ယူ အသင်းနည်းပြ ဒေးဗစ်မိုယက်က ဖွင့် ဟ ပြောကြားခဲ့သည်။ မန်ယူအသင်း၏ အိမ်ကွင်း အိုးထရက်ဖို့ဒ်တွင် လီဗာပူးအသင်း အား သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ယခုမန်ချက်စတာဒါဘီသည် မန်ယူ အသင်းအတွက် အိမ်ကွင်းပြန်လည် ယှဉ်ပြိုင်ရမည့်ပွဲစဉ်လည်း ဖြစ်လာ ခဲ့သည်။ လက်ရှိတွင် မန်ယူအသင်းသည် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနှင့် ၁၂ မှတ်ကွာနေပြီး ပရီမီယာလိဂ် အမှတ်ပေးဇယား၏ အဆင့်(၇) နေရာတွင် ရပ်တည်လျက်ရှိ သည်။ မန်စီးတီးအသင်းမှာမူ ချယ်လ်ဆီး အသင်းနှင့် ပွဲစဉ်တူရန် သုံးပွဲကစားရန် ကျန်ရှိနေသည့်အချိန်တွင် ပရီမီ ယာလိဂ် အမှတ်ပေးဇယားကို ထိပ်ဆုံးမှ ဦးဆောင်နေသည့် ချယ်လ် ဆီးအသင်းနှင့် ရမှတ်ခြောက်မှတ် အကွာဖြင့် အမှတ်ပေးဇယား တတိယ နေရာတွင် ရပ်တည်နေသည်။ သို့ရာတွင် ရွန်းနီ၏ စွမ်းဆောင် ရည်ကောင်းမွန်မှုကြောင့် မန်ချက် စတာဒါဘီတွင် နိုင်ပွဲရရှိရန် မိုယက် ယုံကြည်နေခြင်းဖြစ်သည်။
စုစည်းဘာသာပြန် - ငွေကြယ်

No comments:
Post a Comment