ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label သတင်း... Show all posts
Showing posts with label သတင်း... Show all posts
Sunday, April 17, 2016
=မြန်မာနှစ်ဆန်းတစ်ရက်နေ့ မဲဆောက်မြို့ အလုပ်သမားအချို့  အလှူငွေနဲ့ အဖြူရောင်ပုလဲပန်းးဆက်လက်လန်းနေတာတွေ=
ဒီကနေ့ ဟာမြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်တာမို့ လို့ နှစ်ဟောင်းက အညစ်အကြေးတွေ၊အညစ်အထေးတွေကိုနှစ်သစ်မှာပါမလာအောင် တစ်ခါထဲခ၀ါချတတ်ကြပါတယ်။ဟော.......ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မှာတော့စီဒိချိုင်း(ခြေစွပ်ရုံ)ကမြန်မာပြည်မပြန်ပဲကျန်ခဲ့ ကြသူတွေရဲ့ တစ်ယောက်၁၀ဘတ်စီစုထည့်ြ
ပီးမဲဆောက်ဒေသ ဘေးလေးဘေး(ရေဘေး-မီးဘေး-အချုပ်ခန်းထဲထမင်းမစားရတဲ့ဘေး-လမ်းသရဲအရိုက်ခံရလို့ အလုပ်မလုပ်နိုင်တဲ့ဘေး)အတွက်တတိယအကြိမ် မြောက်အလှူငွေ(၂၇၀ဘတ်)ကို
ဆရာမိုးလက်ဝယ်လှူဒါန်းခဲ့ကြပါတယ်။
သူတို့ စီဒီချိုင်းစက်ရုံအပါအ၀င်အခြားသောစက်ရုံအလုပ်ရုံနဲ့  အထွေထွေလုပ်ငန်းခွင်အချို့ ကပြန်လ်စုဆောင်းကောက်ခံငွေဟာ အခုဆိုရင်(၇၀၂၁)ဘတ်ရရှိပြီးငွေထိန်း-ဦးကျော်စိုး(မယ့်ပင်း ကျောက်စက်)ဆီမှာစနစ်တကျလက်ခံ
ထိန်းသိမ်းထားဆဲပါပဲဗျို့ ။ 
Photo-(မဲဆောက်မြို့ မှာတော့စီဒိချိုင်း(ခြေစွပ်ရုံ)ထဲမှာ တတိယအကြိမ်ဘေးလေးဘေးအလှူငွေလက်ခံပြီးတော့ကာ သူမတို့ လက်ထဲကိုအဖြူရောင်ပုလဲပန်းလန်းစေခဲ့)
Photo-(ဆရာမိုး--ဆိုတာဒီလိုလူဗျ။ မြန်မာရွှေ့ ပြောင်းအလုပ်သမတွေဟာ သူနဲ့ တွေ့ ရင်ပျော်ကြရ-ပြုံးကြရတယ်။မဲဆောက်မြို့ ကန်ဘိဘန်းကျေးရွာအင်တာနစ်တင်း သိုးမွှေးစက်ရုံရှေ့ မှာဒီလို-ဒီလို)
အဲ..ဆရာမိုးဟာတလက်စထဲပဲသူ့ မှာကျန်နေသေးတဲ့ အဖြူရောင်ပုလဲပန်း(မြန်မာပ်ြသားစာစောင်-ဧပြီလ)ကိုဆက်လက်လန်း စေခဲ့ပါသေးတယ်ဗျ။ 
သတင်းနဲ့ဓာတ်ပုံ---ကျော်သူရိန်
Read More...
Monday, November 23, 2015
=ထိုင်းတွင် စည်းကမ်းချက်အမျိုးမျိုးဖြင့် ဖမ်းဆီးငွေတောင်းနေသောကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်တွေ့နေ=
Posted by admin On November 18, 2015
+ (မေဇင်ဝင်း-ပေါါ်ပြူလာနယူးစ်-ရန်ကုန်၊ နိုဝင်ဘာ ၁၆)+
 ထိုင်းရဲများ၊ ပြည်သူ့စစ်နှင့် လဝကအပါအဝင် ဌာနပေါင်းစုံ မှ တာဝန်ရှိသူများသည် မြန်မာရွှေ့ ပြောင်းလုပ်သားများအား စည်းကမ်းချက် အမျိုးမျိုးဖြင့် ဖမ်းဆီးငွေ တောင်းနေသောကြောင့် အလုပ်သမားများအခက်တွေ့နေကြောင်း သိရသည်။ ယခုလမှစ၍ ထိုင်းနိုင်ငံဒေသကြီး ၃ ခုတွင်ရွှေ့ပြောင်းလုပ်သားများအတွက် စည်းကမ်းချက် ၇ ချက်ကို သတ်မှတ်လိုက်ကြောင်း၊ ထိုစည်း ကမ်းချက်များမှာ ရွှေ့ပြောင်း လုပ်သားများ ဈေးရောင်းချမှုကို တားမြစ်ခြင်း၊ တရားမဝင် နေထိုင် သူများကို ဖမ်းဆီးစစ်ဆေး ကာ ပြည်နှင်ဒဏ်ပေးခြင်း၊ ယာယီနေ ထိုင် အလုပ်လုပ်ခွင့်ကတ် တစ်ခု တည်းဖြင့် ခရီးသွားခွင့် မပြုခြင်း၊ မြန်မာလုပ်သားများ အား အေ ထာက် အထားမပါဘဲ ဆိုင်ကယ်စီးခွင့် မပြုခြင်း၊ ညနေ ၅ နာရီ ကျော်လျှင် ဘီယာအရက်သောက်ထား သူကို ဖမ်းမိပါက မူး ယစ်ဆေးသုံး စွဲသည်ဟုဆိုကာငွေညှစ်ခြင်း၊ကွမ်း စားခြင်းကို တားမြစ်ခြင်း စသည် တို့ဖြစ်ကြောင်း၊ အဆိုပါစည်းကမ်း များကို ဖောက်ဖျက်ပါက ဘတ် ၅ဝဝဝ မှ ၁ဝဝဝဝ အထိ ပေးဆောင် နေရသောကြောင့် မြန်မာလုပ်သားများ အခက်တွေ့နေကြောင်း မဲဆောက် အခြေစိုက် မြန်မာပြည် သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီမှဦးမိုးကြိုးက ပြောသည်။  
”အလုပ်သမားတွေက မိမိတို့ လုပ်ငန်းခွင်ကနေ ပြင်ပဝေးဝေးကို မသွားလာရဲကြဘူးဖြစ်နေတယ်။ စက်ရုံအနီးအနားက ဈေးတန်း မှာ ဈေးဝယ်တာတောင်မှ ကျီးကန်း တောင်းမှောက်မျက်လုံးတွေနဲ့ထိုင်း ရဲကယူနီဖောင်းနဲ့ပေါ်တင်မလာဘဲ အရပ်ဝတ်နဲ့လာပြီး ငါတို့ကို ဖမ်းမလား၊ ငွေတောင်းမလား စိုးရိမ် စိတ်တွေနဲ့ပေါ့”ဟု ၎င်းက မြန်မာလုပ်သားများ၏ စိုးရိမ်မှုကို ပြောသည်။
 စီမံချက်အရဖြစ်စေ၊ ပုံမှန်သွားလာနေစဉ် ဖမ်းဆီးခြင်းဖြစ်စေ၊ မဲဆောက်၊ မဟာချိုင်၊ ဖူးခက် တို့ရှိ မြန်မာလုပ်သားများသည် ထိုဖမ်းဆီးမှုများနှင့် ကြုံတွေ့နေ ရကြောင်း၊ ယခုကဲ့သို့မတရားဖိနှိပ်ခံနေရမှုများကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသစ်လက်ထက် တွင်အပြောင်းအလဲ လုပ် ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ ပြောင်းလုပ်သား ၃ သန်းကျော်ရှိပြီး ၎င်းတို့သည် ထိုင်းတစ်နိုင်ငံလုံးရှိ ခရိုင် ၇၇ ခုတွင် ပျံ့နှံ့လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
Read More...
Saturday, October 10, 2015
=မက်ပ်ရေဒီယို--နားဆင်မလား..ဖွင့်ကြပါလားကွယ်=
**တနလာံမှ..တနဂံနွေ...အလုပ်တက်ရက်တွေမှာတော့... မက်ပ်ရေဒီယို...ဖွင့်ကာ..နားဆင်ကြတယ်... (သံပြိုင်)*၁၀၂...ဒသမ...၅၀လည်း..ဖွင့်လိုက်ကြပြန်တယ်...**
 **မက်ပ်ရေဒီယို--နားဆင်မလား..ဖွင့်ကြပါလားကွယ်......**
(မက်ပ်ရေဒီယိုအတွက် ဆရာမိုးရေးဖွဲ့ ပြီးမဲဆောက်မြို့ အိုမီဂါအထည်ချုပ်စက်ရုံကအလုပ်သမားများအပါအ၀င် ၁၅ဦးကစုပေါင်းသီဆိုသည်။) အစဉ်အလာအကြားအပြောလှတဲ့မဂံလာနားသောတဆင်စရာ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ကမက်ဖောင်ဒေးရှင်းရေဒီယို အခုစနေနေ့ အစီအစဉ်ကလေးကသာယာလှပလို့ နေပါတယ်ဗျ။
(အမှန်က--တစ်နေကုန်မိုးတစိမ့် စိမ့် ရွာရတဲ့ကြားထဲမှာ မက်ရေဒီယိုခန်းထဲကအဲယားကွန်းကအေးလွန်းလို့  ဒိန်းတလိန်းနတ်ဝင်ပူးသလိုတုန်တုန်ရီရီနဲ့ ပြောနေတာပါဗျ။ဟဲဟဲဟဲ။) ကိုင်း..သဟာတွေအသာထားလို့ ဒီစနေအပတ်မှာသူတို့ ၂ဦးဘာတွေပြော ပြခဲ့ကြသလဲဆိုတာကြည့်ကြဦးစို့ ။
၁။အဖွင့်နိဒါန်းသိချင်းဆိုကြတယ်လေ။(အဆိုတော်၊ရုပ်ရှင်မင်းသား-ညွန့် ဝင်းရဲ့  *ရွှင်လန်းချမ်းမြေ့ပါစေ*သိချင်းပေါ့) 
(သံပြိုင်ပိုဒ်ကလေး--မြည်းစမ်ဆိုကြည့်ပါလား)
*ကျန်းမာ..ခြင်း....သုခနဲ့ . .ပြည့်စုံနိုင်ကြပါစေလေ...ဘေးဘယာတွေလည်း..ဝေးကွာ... ကင်းငြိမ်းကြပါစေတော့လေ..(ရတနာရွှေငွေ)၂.. ထိန်ထိန်..တောက်အောင်..သာပဲ..စိတ်နောက်..ကိုယ်ပါ..လိုရာပြည့်စုံစေ...** 
၂။ဧ၀ံ-မေ-သုတံ(အသံတွေကြားနေရတယ်--သတင်းအစီအစဉ်)ကိုပြောကြပါတယ်။ (က)ရွှေ့ ပြောင်းလုပ်သားနဲ့ အန်္တရာယ် 
(ခ)လူကုန်ကူးသူ-သိန်းဇော်နဲ့ အဖွဲ့ ကိုကန်ချနဘူရီခရိုင်မှာ ထိုင်းလူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့ ကဖမ်းဆီးတဲ့သတင်း။ 
(ဂ)ရုပ်ရှင်သရုပ်ဆောင်ဝေဠုကျော်ရဲ့ မြန်မာနိုင်ငံရေဘေးပြန်လည် ထူထောင်ရေးလုပ်ငန်းတွေမှာအလှူငွေပေးအပ်နိုင်ဖို့ မဲဆောက်ဒေသကြီး ၃မြို့ နယ်မှာကွင်းဆင်းအလှူငွေဆက်လက်ကောက်ခံနေတဲ့သတင်း။ 
(ဃ)ထိုင်းနိုင်ငံအတွင်းမြန်မာအလုပ်သမားများတနိုင်တပိုင်ဈေးရောင်းချခွင့် ပိတ်ပင်ခံရ(မြန်မာပို့ စ်သတင်းဂျာနယ်ပါသတင်း) 
၃။ပန်းရောင်ကဒ်ကနေသာမာန်နိုင်ငံကူးလက်မှတ်ရအောင်ဘယ်လို ဆောင်ရွက်ကြရမှာလဲ (ဒေါါ်လှသိန်းမေးမြန်းပြီးဆရာမိုး-ဖြေဆို) 
၎။နိဂုံးချုပ်သီချင်း(အန်္တရာယ်ကင်း--ဘေးရှင်းဆုတောင်းသီချင်း။) 
အန္တရာယ်ကင်း--ဘေးရှင်းဆုတောင်းသိချင်း---ဆရာမိုးရေးဖွဲ့ သီဆိုသည်။ 
CHO(အန္တရာယ်...ကင်းစေဘွယ်....ဘေးရှင်းကြစေကွယ်.....ဒို့ ရွှေ့ ပြောင်း... မောင်နှမရယ်... ဂျက်ဘာ..အဖွဲ့ ဆုတောင်းတယ်)၂ 
 အပိုဒ်-၁။ ။အပြင်သွား..သွားကွဲ့ ...လမ်း..လမ်းလျောက်နဲ့ ... စက်ဘီး..စိး..စီးဟဲ့ ... အန္တရာယ်တွေ..သိပ်မျးနေတယ်.... အတိုက်အခိုက်များ.....ဆုံးပါးတယ်...... အခုနှစ်များ... မှာပိုများသကွယ်........ အ
ပိုဒ်-၂။ ။၂ယောက်..၃ယောက်..တန်းကာရယ်..မလျှောက်....ကြပါနဲ့ ... အဝေးပြေး.. လမ်းမှာ..စက်ဘီးတွေ..စီးရင်......သတိထားပါကွယ်.... သင်ဘေးမှာ..အနီးမှာ... မဝေးကွာ.....အန္တရာယ်..ကပ်နေတယ်...
 (CHO......၂ခေါက်ပြန်ကြော့ ဆိုရန်) 
အဲဒါကြောင့်မက်ပ်ရေဒီယိုပရိသတ်ကိုတိုက်တွန်းပြောဆိုနေရတာပေါ့။ အဆိုတော်ဝိုင်ဝိုင်းရဲ့ *တယ်လီဖုန်း*သီချင်းစာသားကိုဟောဒီလိုပြုပြင် သီဆိုလိုက်မယ်ဆိုရင်..*လာပြီကွာ.....ဆရာမိုးနဲ့ ဂျက်ဘာ.... နားထောင်လိုက်စမ်းပါ.. (ဖွင့်ကြည့်လိုက်စမ်းပါ)**
Read More...
Monday, September 21, 2015
*ဒီနေ့ ညနေဆရာမိုးနဲ့ ကျနော်..မယ်ရမတ်မြို့ ဘက်မှာရေဘေးအလှူငွေ တတိယအကြိမ်ပေးလှူဖို့ ကွင်းဆင်းစည်းရုံးကြတယ်*
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မြောက်ဘက်မှာမဲဆောက်ခရိုင်ဒေသကြီး ထဲမှာပါဝင်တဲ့..မယ်ရမတ်မြို့ နယ်ဆိုတာရှိပါတယ်။အထည်ချုပ်စက်ရုံငယ် အနည်းငယ်ရှိပြီးအများစုကတော့စိုက်ပျိုးရေးလုပ်သား၊ဆောက်လုပ်ရေး၊ မွေးမြူရေးနဲ့ 
အထွေထွေလုပ်သားတွေများပါတယ်။ အဲဒီမြန်မာရွှေ့ ပြောင်းလုပ်သားတွေကိုကျနော်တို့ မှာအသင့်ပါလာတဲ့ ရုပ်ရျင်သရုပ်ဆောင်ဝေဠုကျော်လက်ထဲ(ပ+ဒု)၂ကြိမ်အလှူငွေ ၃၆သိန်း၁သောင်းကျပ်အကြောင်းဓာတ်ပုံသက်သေနဲ့ တကွခိုင်ခိုင်မာမာ ရှင်းပြတော့သူတို့ လည်းယုံကြည်ကြ။စိတ်ဝင်စားကြပြီးကျနော်တို့ ရဲ့ ဒေသခံ စည်းရုံးရေးမှူးဦးကျော်သူနဲ့ ဒေါါ်ဇာခြည်တို့ အပြင်သူတို့ ထဲကတာဝန်ခံပေးသူ ကိုသီရိမောင်ကိုလည်းတတိယအကြိမ်အလှူငွေကောက်ခံဖို့  တစ်ခါတည်းတာဝန်ျပေးခဲ့ပါတယ်။  
တခြားသူတို့ သိချင်တဲ့ အလုပ်သမားရေးရာသိမှတ်စရာအချို့ ကိုလည်းဟိုတစ်နေ့ (စက်တင်ဘာလ၁၉ရက်နေ့  ကဒုတိယအကြိမ်ဝေဠုကျော်ရိုရာမြ၀တီမြို့ ကိုသွားပြီးကွင်းဆင်း အလှူငွေ၃သိန်း၁သောင်းကျပ်ပေးပြီးကတည်းကအသံနာနေတဲ့ဆရာမိုးက အသံနာတာကိုကြိုးစားအားယူပြီး) လို-တို--ရှင်းအလွယ်နည်းနဲ့ အချိန်ပိုင်းပညာပေးခဲ့ပါသေးတယ်။ အဲဒါကြောင့်ပြောတာပေါ့။ 
*ခွန်အားမျှဝေ--ဒို့ တတွေသည်--မလွဲမသွေ--ပြည်သူတွေအတွက်...*တဲ့ဗျ။
 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။
 +သတင်းနဲ့ ဓာတ်ပုံ--မင်းသူနဲ့ မသီရိ
Read More...
Saturday, September 12, 2015
*မဲဆောက်နဲ့ ဖုတ်ဖရာ့၂မြို့ နယ်မှာလစဉ်ပွင့်လန်းတဲ့အဖြူရောင်ပုလဲပန်း*
ထိုင်း-မြန်မာနယ်စပ်မဲဆောက်နဲ့ ဖုတ်ဖရာ့၂မြို့ နယ်မှာလစဉ်ပွင့်လန်းတဲ့ အဖြူရောင်ပုလဲပန်းဟာ*မြန်မာပြည်သားစာစောင်*ဖြစ်ပါတယ်။
အခုစက်တင်ဘာလထုတ်မြန်မာပြည်သားစာစောင်ထွက်ပြိဖြစ်သလို ဒီနေ့ ပဲမြန်မာပြည်သားစာစောင်လည်းဝေငှ၊မြန်မာနိုင်ငံရေဘေး အတွက်လည်းဆက်လက်အလှူခာံကပါတယ်။တစ်ချက်ခုတ်သုံးချက်ပြတ် ပေါ့ဗျာ။
*အသည်းထဲမှတဆင်.....မျက်ဝန်းအရပ်သို့ ဆီ....အပူရောင်ပုလဲပန်း... ဖူးပွင့်လေပြိ..*ဆိုတဲ့ကွယ်လွန်သူအဆိုကျော်-စိုးလွင်လွင်ရဲ့  သီချင်းစာသားကို...*အသည်းထဲမှတဆင်.....မျက်ဝန်းအရပ်သို့ ဆီ... အဖြူရောင်ပုလဲပန်း...ဖူးပွင့်လေပြိ..*လို့ ပြုပြင်တင်ဆက်တာဆရာမိုးပါ။
Read More...
Wednesday, September 9, 2015
**ရန်ကုန်နဲ့ မဲဆောက်..ပရဟိတညီအကိုမောင်နှမတွေ တွေ့ ဆုံကြပြီ**
ထိုင်း-မြန်မာနယ်စပ်မဲဆောက်ဒေသကြီး၃မြို့ နယ်ကမြန်မာရွှေ့ ပြောင်းအလုပ်သမား တွေရဲ့ ချွေးနည်းစာ
အလှူငွေ(၃၃)သိန်းကျပ်ကိုဒီနေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့ ရှိဝေဠုကျော်ဖေါင်ဒေးရှင်း ဆီမှာလှူဒါန်းခဲ့ပါတယ်။
ဒီလိုလှူဒါန်းကြရာမျာမြန်မာရွှေ့ ပြောင်းအလုပ်သမားတွေရဲ့  အများသဘောတူညီချက်အရဆောင်ရွက်တာဖြစ်ပြီးဒီနေ့ မဲဆောက်ဒေသ ကြီးကဦးမိုးကြိုး(ခ)ဆရာမိုး၊မနှင်းနွယ်၊ဒေါါ်ခင်ရတနာကြူတို့ အပြင် မြန်မာပြည်သားများအရေးပူးတွဲ
လှုပ်ရှားမှုကော်မတီ(JACBA)မြန်မာပြည် အလုပ်အဖွဲ့ ကဦးမောင်ကြည်၊ဦးဇော်ဝင်းအောင်တို့ လည်းပါဝင်ကြပါတယ်။
**ဘာဖြစ်လို့ များဝေဠုကျော်လက်ထဲကိုမြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ ကအလှူငွေပေးစေချင်ကြတာလဲ**မေးစရာရှိပါတယ်။
 မြန်မာနိုင်ငံရေဘေးအတွက်သူမတူအောင်စွန့် စားဆောင်ရွက်နေသူဖြစ်လို့ ပါပဲ။
 ဟောဒီသားကိုမွေးဖွားပေးခဲ့တဲ့(လက်ရှိရန်ကုန်မှာဦးဆောင်စီမံခန့် ခွဲ နေသူ)ဦးရီးဦးစိုးသိမ်းရဲ့ 
တက်ကြွလတ်ဆတ်နေ ပုံကလည်းလာရောက်လှူဒါန်းသူအပေါင်းကိုကြည်နူးစေပါတယ်ဗျ။
 ကိုင်း-------ရန်ကုန်နဲ့ မဲဆောက်..ပရဟိတညီအကိုမောင်နှမတွေ တွေ့ ဆုံကြပြီ* ရှေ့ လာမယ့်ပရဟိတလုပ်ငန်းတွေမှာ
လက်ချင်းမြဲမြဲတွဲကြမယ်ဟေ့။ -----------------------
+ဒီလျှပ်စီး+ 
Read More...
Thursday, December 18, 2014
==မြန်မာရွှေ့ ပြောင်းအလုပ်သမားများ၏အထောက်အထား လုပ်ဆောင်နေမှုများကိုထိုင်းနှင့်မြန်မာအစိုးရဌာနဆိုင်ရာများနှင့် တာ့ခ်ခရိုင်အခြေစိုက်MRPWGအဖွဲ့ ဝင်အဖွဲ့အစည်းများဆွေးနွေး==
+(ဒီဇင်ဘာလ၁၈ရက်၊၂၀၁၄-သောင်ရင်းနဂါး)+
 မြန်မာရွှေ့ ပြောင်းအလုပ်သမားများယာယီအလုပ်သမား
လက်မှတ်လုပ်ပြီးလျှင်ဆက်လုပ်လုပ်ဆောင်ရမည့်နိုင်ငံကူးလက်မှတ်စာအုပ်ကြီးအကြောင်း၊
 ဆေးရုံတွင်ဆေးဝါးကုသနိုင်မှုအခွင့်အလမ်းများနှင့်အခြားဆက်စပ် အကြောင်းအရာများအကြောင်းပါဝင်သည့်အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ယနေ့ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ တွင်ကျင်းပသည်။
မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှဦးစီးအရာရှိ
ဦးမိုးအောင်ခိုင်အားမြန်မာမီဒိယာများအင်တာဗျူးနေစဉ်)
ယ.နေ့ ဆွေးနွေးပွဲကိုတာ့ခ်ခရိုင်အခြေစိုက်ကျန်းမာရေး၊ပညာရေး၊ အလုပ်သမားရေးနှင့်အထွေထွေရေးရာများကိုဆောင်ရွက်နေကြသော အစိုးရမဟုတ်သောအဖွဲ့ အစည်းများနှင့်လူထုအဖွဲ့ အစည်းများ၄၃ဖွဲ့ ဖြင့် စုပေါင်းတည်ဆောက်ထားသည့်MRPWG(Migrants Rights Promotion Working Group)tအမည်ရှိကွန်ရက်မှကမကထပြုကာ ကျင်းပခြင်းဖြစ်သည်။ 
ယနေ့ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းနှင့်ပတ်သက်ပြီးMRPWGနှင့်IRC အဖွဲ့မှထိုင်းရှေ့ နေခွန်းရီယော့မာနူချီက**ထိုင်းနိုင်ငံတည်ငြိမ်အေးချမ်းရေးကောင်စီ (ခေါစော်ချော)ရဲ့ ရွှေ့ ပြောင်းအလုပ်သမားတွေနိုင်ငံသားစီစစ်ရေးမူဝါဒအရ့ ရွှေ့ ပြောင်းအလုပ်သမားတွေ
အများဆုံးနယ်စပ်ဒေသဖြစ်တဲ့တာ့ခ်ခရိုင်မှာ One Stop Service Centre(OSSC)ရုံးတွေကိုပြီးခဲ့တဲ့သြဂုတ်လ၄ရက်နေ့ ကနေ အောက်တိုဘာလ၃၁ရက်နေ့ အထိတာ့ခ်၊
မဲဆောက်၊ဖုတ်ဖရာ့စတဲ့၃မြို့ နယ်မှာဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ကြောင်း၊အဲဒီလို၃မြို့ မှာတစ်နေရာတည်း
လုပ်ငန်းအား လုံးပြီးစီးအောင်ဆောင်ရွက်ပေးခဲ့တာတောင်မြန်မာရွှေ့ ပြောင်းအလုပ်သမား (၄၁၂၇၇)ဦးနဲ့ မိသာဒစုဝင်(၁၃၁၂)ဦးသာလာရောက်မှတ်ပုံတင်ခဲ့တာကိုတွေ့  ရကြောင်း၊ဒီအရေအတွက်ဟာတာ့ခ်ခရိုင်၉မြို့ နယ်မှာအမှန်တကယ်ရှိတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမား
အရေအတွက်နဲ့ နိုင်းစာရင်အလွန်နည်းပါးနေကြောင်း၊ ဒါကြောင့်OSSCရုံး၃ရုံးကိုနိုဝင်လာလ၃၀ရက်နေ့ အထိအချိန်၁လတိုးမြှင့်ဖွင့်လှစ်ပေးခဲ့ကြောင်း၊
ယနေ့ ပြုလုပ်သောအလုပ်ရုံဆွေးနွေးပွဲမှာရွှေ့ ပြောင်းအလုပ်သမား တွေနိုင်င့သားစီစစ်ဖို့ အဆင့်များရှုပ်ထွေးမှု
ကိုနည်းလမ်းရှာဖြေရှင်းနိုင်ရန်နဲ့  လိုအပ်တဲ့စာရွက်စာတမ်းရှိမှု၊မရျှ်မှုကိုမည်သို့ လုပ်ဆောင်မိုင်တာကိုဆွေးနွေးတာ ဖြစ်ကြောင်း**ရှင်းပြသည်။ 
(ဒီကနေ့ ဆွေးနွေးပွဲကိုဦးဆောင်ဆွေးနွေးတဲ့
သဘာပတိ၅ဦး)
ယနေ့ ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံအလုပ်သမားရှာဖွေရေးဦးစီးဌာနမှဒုတိယ မြို့ နယ်ဦးစီးမှူး၊၊ထိုင်းလ၀ကမှ
ရဲဗိုလ်မှူး၊မဲဆောက်ဆေးရုံကြီျးွှဆရာဝန်တစ်ဦးတို့ က မိမိတို့ ၏သက်ဆိုင်ရာလုပ်ငန်းအလိုက်ရှင်းလင်းတင်ပြကြသလိုမြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှ
ဦးစီးအရာရှိဦးမိုးအောင်ခိုင်ကလည်းမြန်မာနိုင်ငံဘက်ခြမ်း၏ လုပ်ငန်းဆောင်တာများကိုရှင်းလင်းသည်။ ယနေ့ အလုပ်ရုံဆွေးနွေးပွဲသည်နိုင်င့တကာရွှေ့ ပြောင်းအလုပ်သမားနေ့ နှင့်တိုက်ဆိုင်စွာ MRPWGကစနစ်တကျစီစဉ်ထားတာတွေ့ ရသည်။
Read More...
Friday, September 26, 2014
==ခရီးသွားထောက်ခံလျှောက်လွှာများဆက်လက်ဝေငှနေဆဲ၊မြန်မာရွှေ့ ပြောင်း အလုပ်သမားအချို့ ရဲ့ ပိုမိုသိလိုတာနဲ့ မရှင်းလင်းတာတွေကို ဦးမိုးကြိုးနဲ့ JACBAအဖွဲ့  ကွင်းဆင်း ဆောင်ရွက်နေဆဲ==
(အပြာနူရောင်စက်ရုံယူနီဖောင်းကိုယ်စီနဲ့  မဲဆောက်မြို့ ပြင်ယူနီအိုးရှင်းစက်ရုံသူတို့ (၁၀)ဦးကို ဆရာမိုးကသေချာရှင်းပြခဲ့)
+စက်တင်ဘာလ၂၆ရက်၊၂၀၁၄-ဆရာမိုး)+
 မြန်မာနိုင်ငံအလုပ်သမား၊အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန နဲ့ ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးတို့ ပူးပေါင်းဆောင်ရွက်သွားမယ့်ထိုင်းနိုင်ငံ ရောက်မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ
ထဲကမည်သည့်ခုနှစ်ကမဆိုအလုပ်သမားလက်မှတ်ရှိသူတွေအတွက်သာမန်နိုင်ငံကူးလက်မှတ်
(စာအုပ်နီကြီး) ပြုလုပ်ကြဖို့ ကိုလိုအပ်သလိုလုံခြုစိတ်ချရပြီးအတောင်းအရမ်းကင်းကင်းနဲ့ ခရီးသွား နိုင်ကြဖို့ အထောက်အကူပြုကော်မတီဝင်ဦးမိုါ်ကြိုး နဲ့ JACBAအဖွဲ့ ဝင်တွေဟာတစ်နိုင်တစ်ပိုင်အနေနဲ့  စက်ရုံအလုပ်ရုံအချို့ ၊ဆောက်လုပ်ရေးလုပ်ငန်းခွင်အချို့ ၊ရွှေ့ ပြောင်းကျောင်းဆရာ အချို့ တွေ ဆီကိုသတင်းစကားပြောကြားနေဆဲဖြစ်ပါတယ်။အချို့ နေရာတွေမှာ ခရီးသွားထောက်ခံလျှောက်လွှာလက်ထဲရှိသမျှကိုကော်ပီဆွဲစေတာပိုအလုပ်ဲ ဖြစ်ပါတယ်။အလုပ်သမား
အချို့ ရဲ့ ပိုမိုသိလိုတာနဲ့ မရှင်းလင်းတာတွေကိုဦးမိုးကြိုး ကိုယ်တိုင်ရော၊မြန်မာနိုင်ငံအလုပ်သမား၊အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကဦးစီးအရာရှိဗိုလ်ကြီးမိုးအောင်ခိုင်ကလည်း ဖုန်းကတဆင့်ဖြေကြားပေးနေဆဲပါ။'
ဒီနေ့ ရောက်ခဲ့၊ဟောပြောဆွေးနွေးခဲ့တဲ့စက်ရုံကမဲဆောက်မြိုအပြင်ဘက်(၉)၊ ကီလိုမီတာအကွာအဝေးမှာရှိတဲ့မယ်ပတိုက်နယ် ဝှေ့ ကလို့ ကျေးရွာဘက်ကယူနီအိုးရှင်းအထည်ချုပ်
စက်ရုံဖြစ်ပါတယ်။ဒီစက်ရုံမှာ မြန်မာရွှေ့ ပြောင်းအလုပ်သမား(၃၀၀)ကျော်လုပ်ကိုင်နေပြီးနေ့ စားခ-ဘတ်(၁၆၀) အောက်ပဲရကြပါတယ်။၁နှစ်အောက်လူသစ်ဆိုရင်(၁0၀)ဘတ်ပဲရပါတယ်။ ဆိုလိုတာကစက်ရုံကကြီးပေမယ့်၊ယူနီဖောင်းတွေအိပ်ဆောင်တွေနဲ
မရကြပါဘူး။ သူတို့ အလုပ်ရှင်ကယာယီပတ်စ်ပို့ ခေတ်တုန်းက(မကြာသေးခင်)ကလုပ်ပေးထားလို့  အများစုကယာယီပတ်စ်ပိုရှိကြပေမယ့်ကော်ပီမို့ လို့ ဈေးသွားရင်၊လမ်းသွားရင် ထိုင်းရဲကိုဘတ်(၁၀၀-၂၀၀)ပေးကြရပါသတဲ့။ဘန်ကောက်တက်ကြမှာစိုးလို့ ၊ ယာယီပတ်စ်ပို့ တန်ဘိုးအကြမပေးရသေးပဲနဲ့ ထွက်ပြေးသွားမှာစိုးလို့ ယာယီပတ်စ်ပို စာအုပ်အစစ်ကိုအလုပ်ရှင်ကယူထားပါသတဲ့။
 (အပြာနူရောင်စက်ရုံယူနီဖောင်းကိုယ်စီနဲ့  မဲဆောက်မြို့ ပြင်ယူနီအိုးရှင်းစက်ရုံသူတို့ (၁၀)ဦးကို ဆရာမိုးကသေချာရှင်းပြခဲနေချိန်မှာဘေးခန်းကကြားပြီးစိတ်ဝင်စားနေသူတွေလည်းမရှားပါ။)
သူတို့ ကိုလုံခြုစိတ်ချရပြီးအတောင်းအရမ်းကင်းကင်းနဲ့ ခရီးသွား နိုင်ကြဖို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးနဲ့ မြန်မာနိုင်ငံအလုပ်သမား၊အလုပ်အကိုင်နဲ့  လူမှုဖူလုံရေးဝန်ကြီးဌာနတို့ ရဲ့ ပူးပေါင်းအစီအစဉ်ဖြစ်တဲ့*ခရီးသွားထောက်ခံစာ* အကြောင်းရှင်းပြတော့မျက်လုံးလေးတွေအ၀ိုင်းသားနဲ့ ပြန်ကြည့်ကြလေရဲ့ ။ သူတို့ ဆီကိုဆရာမိုးတို့ JACBAအဖွဲ့ ကလွှဲလို့ ဘယ်အလုပ်သမားအဖွဲ့ မှ မရောက်ကြသလိုအခုလိုမြန်မာသံရုံးကနေအကူအညီပေးတာမျိုးလည်းတစ်ခါမှ မကြားဘူးပါဘူးတဲ့ ။
(အပြာနူရောင်စက်ရုံယူနီဖောင်းကိုယ်စီနဲ့  မဲဆောက်မြို့ ပြင်ယူနီအိုးရှင်းစက်ရုံသူတို့ (၁၀)ဦးကို ဆရာမိုးကသေချာရှင်းပြခဲ့)
။ပြီးခဲ့တဲ့နှစ်ဇူလိုင်လတုန်းကသူတို့ စက်ရုံမျာလုပ်အားခ တိုးတောင်းတော့ဆရာမိုး နဲ့ JACBAအဖွဲ့ ပဲအပြေးအလွှားရောက်လာပြီးရှင်းပြတာ၊ နောက်တစ်နေ့ မှာထိုင်းအလုပ်သမားဝန်ကြီးဌာနရုံး
(ဆ၀ါဒီကန်-LPO)ကကွင်းဆင်းဖြေရှင်းပေးလို့  လုပ်အားခ(၁၅(ဘတ်တိုးရကြတာမမေ့ပါဘူးလို့  အဲဒီတုန်းကအလုပ်သမားကိုယ်စားလှယ်ကိုကျော်စွာကပြောပါတယ်။ 
(ဟောဒါကလုံခြုံစတ်ချပြီးလမ်းခရီးမှာအတောင်းအရမ်းကင်းတဲ့ မြန်မာသံရုံးခရီးသွားထောက်ခံစာပါဗျ)
အပြာနူရောင်စက်ရုံယူနီဖောင်းကိုယ်စီနဲ့ သူတို့ (၁၀)ဦးကို ဒီနေ့ ညနေ(၄၀)မိနစ်ဆွေးနွေးပွဲအပြီးမှာသူတို့ ခမျာအိုတီအလုပ်ဆင်းကြရတာမို့  ဆရာမိုးလည်းပြန်စဉ်းစားပြီးအားတောင့်အားနာဖြစ်ရသလိုသူတို့ ခမျာထမင်း မပြောနဲ့ ရေတောင်မချိုးကြရပဲအိုတီပြန်တက်သွားကြပါတော့တယ်။ ဖုန်းဆက်ပြီးအကျိုးသင့်အကြောင်းသင့်ပြောတော့ကိုကျော်စွာက... *ဆရာမိုးရယ်..ဆရာမိုးတောင်ကျနော်တု့ ကိုသိစေချင်လွန်းလို့ ရေသောက်ပြီး အဝေးကြီးကနေလာရှင်းပြတာ။ကျနော်တို့ ကရတယ်။စက်ခန်းထဲမှာမာမားခေါက်ဆွဲ ခဏနေမှာစားလို့ ရတယ်တဲ့..*(အိုကေပါဗျာ...အဆင်ပြေရင်ပြီးတာပါပဲဗျာ..) 
(သူတိုလိုမဲဆောက် နဲ့ ဖုတ်ဖရမြို့ နယ်က့ မြန်မာရွေ့ ပြောင်းအလုပ်သမားကျောင်းဆရာအလွှာတွေကို လည်းJACBAကတည်ထောင်ထားတဲ့နေ့ သစ်အလကကျောင်းကိုကျောင်းလေ့လာရေးလာကြတဲ့အခိုက်မှာ JACBAအထွေထွေအတွင်းရေးမှူးနဲ့ နေ့ သစ်အလကကျောင်းဒါရိုက်တာ ဒေါါ်ယုဇနက မြန်မာသံရုံးရဲ့ 
ခရီးသွားထောက်ခံစာအကြောင်းရှင်းပြခဲ့တယ်။ ဦးမိုးကြိုးဆီမှာလာယူနိုင်ကြောင်းသူတို့ ကတဆင့်သူတို့  လက်လှမ်းမှီသလောက်မဲဆောက်နဲ့ ဖုတ်ဖရမြို့ နယ်တွေက့ မြန်မာရွေ့ ပြောင်းအလုပ်သမားတွေကို
လက်ဆင့်ကမ်းစကားပြောဆိုပေးဖို့ တိုက်တွန်းခဲ့တယ်။(၂၅-၉-၂၀၁၄)
+ဆရာမိုး+
Read More...
Wednesday, September 10, 2014
==မဲဆောက်မြို့ရှိJAGUARစတီးစက်ရုံရှိ မြန်မာစက်ရုံအလုပ်သမားများနှင့် အလုပ်ရှင်တို့ သဘောတူညီမှုရရှိ==
September 10, 2014 •
+(စက်တင်ဘာ ၉ ရက်၊ ၂၀၁၄ ခုနှစ်။ KIC-ကရင်သတင်းစဉ်-စဖန်းရှောင်း)+
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်မြို့အနီး ဝှေ့မုရွာအခြေစိုက် JAGUAR စတီးစက်ရုံရှိ မြန်မာစက်ရုံအလုပ်သမားများနှင့် အလုပ်ရှင်တို့သည် အလုပ်လုပ်ချိန်တိုးမြှင့်ခြင်းအပါအ၀င် အချက် (၆)ချက်ပါ သဘောတူညီမှုတစ်ရပ်ကို ယနေ့၌ နှစ်ဖက်စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါစတီးစက်ရုံရှိ မြန်မာအလုပ်သမား ၈၀ ဦးက အလုပ်ချိန် အပြည့်အ၀ မရရှိသဖြင့် မဲဆောက် ထိုင်းအလုပ် သမားရုံး(ဆ၀ါဒီကန်)ရုံးသို့ သြဂုတ် ၂၉ ရက်နေ့က မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲ လှုပ်ရှားမှုကော်မတီ (JACBA)၏ အကူအညီဖြင့် တိုင်ကြားမှုပြုလုပ်ခဲ့ပြီးနောက် ယခုလို ပြေလည်သွားခြင်းဖြစ် သည်ဟု JACBA အဖွဲ့က ကေအိုင်စီသို့ ပြောသည်။ JACBA ဥက္ကဌဖြစ်သူ ဦးမိုးကြိုးက “အလုပ်ရှင်နဲ့ အလုပ်သမားတွေမှာလည်း ကိုယ်စီအခက်အခဲတွေရှိကြတယ်။ ဒီနေ့စာချုပ်အားဖြင့် ပြောရရင်တော့ ၈၀ ရာခိုင်နှုန်းလောက် အောင်မြင်ပါတယ်။ အဓိက အလုပ်သမားတွေ တောင်းဆိုတဲ့ အလုပ်လုပ်ချိန် တိုးမြှင့်ပေးတဲ့အတွက် အလုပ်သမားတွေဘက်ကလည်း အဆင်ပြေသွားတယ်”ဟု ပြောဆိုသည်။
ထိုသို့ နှစ်ဖက်သဘောတူညီချက်များမှာ အလုပ်လုပ်ချိန်ကို တစ်ပတ်လျှင် ၅ ရက်တိုးမြှင့်ပေးခြင်း၊ နေ့စားခနှုန်း ဘတ် ၃၀၀ ကို ပုံမှန်နှုန်းထားအတိုင်းပေးခြင်း၊ အချိန်ပိုဆင်းရပါက တစ်နာရီ ဘတ် ၅၆ ဘတ်နှုန်းနှင့် မလိုလား အပ်သော လစာဖြတ်တောက်မှုများကို မပြုလုပ်ရန် စသည့် အချက်များကိုသဘောတူခဲ့သည်ဟု ဦးမိုးကြိုးက ဆက်ပြောသည်။ စာချုပ်ချုပ်ဆိုနိုင်ခဲ့သည့်အပေါ် စက်ရုံအလုပ်သမားကိုယ်စားလှယ်ဖြစ်သူ ကိုတင်စိုးလွင်က “အရင်က တစ်ပတ်ကို သုံးရက်ပဲ အလုပ်လုပ်ရတော့အဆင်မပြေဘူးလေ။ အဓိကတော့ အလုပ်ချိန်ပိုလုပ်ရတဲ့အတွက် အဆင်ပြေသွားတာပေါ့။ အခုဒီနေ့ချုပ်လာခဲ့တဲ့ စာချုပ်အကြောင်းကိုလည်း ကျန်တဲ့သူတွေ နားလည်အောင် ပြန်ရှင်းပြဖို့ရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။ ၎င်းအပြင် ဘန်ကောက်ရှိ အဆိုပါစက်ရုံခွဲသို့ သွားရောက်အလုပ်လုပ်မည်ဆိုပါက တစုံတရာ နှောင့်ယှက် ဟန့်တားခြင်းမပြုလုပ်ရန်နှင့် အလုပ်လုပ်ခွင့်လက်မှတ် လုံးဝ မရှိသူများအား လစဉ်သင့်လျော်သော နှုန်းထား များဖြင့် ဖြတ်တောက်သွားရန်စသည့်အချက်များကို စာချုပ်တွင် ပါရှိကြောင်း သိရသည်။ အဆိုပါစတီးပစ္စည်းထုတ်လုပ်သည့် စက်ရုံတွင် ထိုင်းနှင့်မြန်မာအလုပ်သမားပေါင်း ၁၀၀ ခန့်ရှိသည့်အနက် ထိုင်း အလုပ်သမား ၂၀ဦးကိုသာ အလုပ်ချိန်အပြည့် လုပ်ခွင့်ပေးထားပြီး မြန်မာအလုပ်သမားများအနေဖြင့် အလုပ် လုပ်ချိန်အပြည့် အလုပ်လုပ်ချိန် အပြည့်အ၀မရသည်မှာ လွန်ခဲ့သည့် ၄ လကပင် ဖြစ်သည်ဟု JACBA က ပြောဆိုထားသည်။
 ယနေ့စာချုပ်ချုပ်ဆိုရာတွင် အလုပ်ရှင်ကိုယ်စားလှယ် ၂ ဦးအပါအ၀င် အလုပ်သမားကိုယ်စားလှယ်များဖြစ်ကြ သည့် ကိုပိုင်ထက်၊ ကိုတင်စိုးလွင်၊ ကိုကျော်ဝင်းအောင်၊ ကိုလှနိုင်၊ ကိုနေလင်းထွန်း၊ ကိုဝင်းလှိုင်၊ ကိုမင်းသူ၊ မဖြူဖြူလွင်၊ ထိုင်းအလုပ်သမားဝန်ကြီးဌာနရုံး၊ မဲဆောက်ခရိုင်ခွဲ အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး(LPO-ဆ၀ါဒီကန်)ရုံးမှ ဦးစီးဖွဲ့စည်းထားသည့် အလုပ်ရှင်နှင့် အလုပ်သမားညှိနှိုင်းဆက်ဆံရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
မဲဆောက်ဒေသရှိ JAGUAR စတီး စက်ရုံသည် စတီးဇွန်းနှင့်စတီးပန်းကန်များကို အဓိကထားကာ ထုတ်သည့် စက်ရုံဖြစ်ပြီး ၈နှစ်အတွင်း အလုပ်ရှင်နှင့် အလုပ်သမားများအကြား တင်းမာမှု(၁၀)ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုသို့ ဖြစ်ပွားခြင်းအတွက် ထိုင်းအလုပ်သမားရုံးမှ ဖြေရှင်းပေးရသည်မှာ ယခုအကြိမ်ဆိုလျှင် ၆ ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။
>>>>>>>>>>>>>>>>>>>>>>&gt
;>>>>>>>>>>
 ကေအိုင်စီ - KIC News > သတင်း > မဲဆောက်မြို့ရှိ JAGUAR စတီးစက်ရုံရှိ မြန်မာစက်ရုံအလုပ်သမားများနှင့်အလုပ်ရှင်တို့ သဘောတူညီမှုရရှိ
Read More...
Friday, November 29, 2013
--မြန်မာပြည်တွင်းထုတ်..The Myanmar Post..မှသတင်းတစ်ပုဒ်----
Ref---The Myanmar Post(27Nov,2013)
Read More...
Sunday, April 1, 2012
“မစာဥ အယုဒ္ဓယ ဆေးရုံမှထွက်ပြေး၊ အလောင်း၃လောင်းမိသားစုများထုတ်ယူ”
(မစာဥ)
**(April 1,2012၊ ကိုတီး-ရခိုင့်တံခွန်)**
တရားမ၀င် အလုပ်သမား၂၀ ဦးတင်ဆောင်လာခဲ့သည့် ကားတိမ်းမှောက် ခဲ့မှုကြောင့် ဒဏ်ရာရရှိပြီး ထိုင်းနိုင်ငံအယုဒ္ဓယ ဆေးရုံကြီးဆေးဝါးကုသမှုခံနေရာမှ အသက် ၁၈နှစ် အရွယ် မစာဥ မှာပြီးခဲ့သည့် ညဥ့်က ထွက်ပြေးသွားကြောင်း တာဝန်ရှိသူများ ပြောပြချက်အရသိရှိရသည်။
ဆေးရုံတွင် ကျန်နေခဲ့သူများမှာ အသက် ၁၂နှစ်အရွယ်ကရင်အမျိုးသားငယ်တစ်ဦး၊ အသက်၁၅ နှစ်အရွယ် ကရင် အမျိုးသားငယ်တစ်ဦး၊ ၂၆နှစ်အရွယ် မွတ်ဆလင် အမျိုးသားတစ်ဦး၊ အသက် ၂၇ နှစ်အရွယ် ကရင် အမျိုးသား တို့ ဖြစ်ကြသည်။
ပထုံဌာနီ ထာမဆတ် တက္ကသိုလ်အနီး စွန်လန်းစစ် ထန်မစ ချလွန် ဖကရာတ် ဆေးရုံ တွင်ထားရှိသည့် သေဆုံး သူများအနက် မမြင့်မြင့်အေး(အသက် ၂၀နှစ် ကရင် ) မန်းယဉ်ချော(အသက် ၁၉နှစ် ကရင်)နှင့် မောင်ကျော် ဇေယျ(ကရင်) တို့၏ အလောင်းတို့အား သဂြိုဟ်ရန်ထုတ်ယူ သွားကြပြီးဖြစ်သည်။
ကျန်ရှိနေသေးသည့် အလောင်းများမှာ အသက် ၃၀ အရွယ် ရှမ်းအမျိုးသမီး တစ်ဦး နှင့် အသက် ၁၅ နှစ် အရွယ် မသီရိဝင်ဆွေ နှင့် မခင်ဌေး အသက်၂၀ခန့် (လိပ်စာမသိ) တို့ဖြစ်ကြသည်။
သေဆုံးသူ မမြင့်မြင့်အေး၏ အဒေါ်တော်စပ်သူ မနှင်းနှင်းအေး က“ ကျမ တို့ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ BAT ရုံးကို သွားပြီးတော့ အကူအညီတောင်းတယ်။ အဲဒီရုံးက ကိုအောင်ဆန်းဦး ကိုယ်တိုင် မြန်မာသံရုံးကို လိုက်ပို့ ပေးပါတယ်။ သံရုံးက တာဝန်ရှိတဲ့ လူကြီးတစ်ဦးက သဂြိုဟ်စရိတ်အတွက် ဘတ်ငွေ ၃၀၀၀ အကူအညီပေးလိုက်ပါတယ်၊ ကူညီပေးကြသူတွေ အားလုံးကိုကျေးဇူး တင်ပါတယ်” ဟုပြောသည်။
အယုဒ္ဓယ အချုပ်ခန်းတွင် အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၇ဦး (ရှမ်းအမျိုးသားတစ်ဦးနှင့် ကရင်၆ဦး) တို့ ရှိနေသည်။ ထိုအထဲ အသက်၁၅နှစ် အရွယ် ကရင်အမျိုးသား ကလေးငယ်တစ်ဦး၊ အသက်၁၆နှစ်အရွယ် ကရင်အမျိုး သမီးငယ်တစ်ဦးနှင့် ကရင်အမျိုးသားငယ် တစ်ဦး တို ပါဝင် သည်။ အခြားလူများမှာ အသက်၁၈ မှ အသက် ၂၆ အတွင်းလူများဖြစ်ကြကာ အသက် ၄၃ နှစ် အရွယ် အမျိုးသမီးတစ်ဦး ပါရှိပါသည်။
ဒဏ်ရာအနည်းငယ်သာရရှိပြီး အယုဒ္ဓယ လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းတွင်ရောက်ရှိနေသော ကော့ကရိတ်မြို့သား ကိုဂျမာတင် က“ ကျနော်တို့ ကားနောက်က အခန်းမှာ အိပ်နေရတယ်၊ အပေါ်က အဖုံး အုပ်ထား တယ်။ နောက်က ပုလိပ်ကားလိုက်လာတယ်။ ကားကိုဟွန်းတီးပြီး မိုင်ကုန်မောင်းတယ်။ ကျနော်တို့ ရေထဲကိုရောက်သွားမှ သတိရတယ်။ နောက်ဆို ထိုင်းကို မလာတော့ဘူး” ဟုပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က တရားမ၀င် မြန်မာအလုပ်သမား ၂၀ ဦးတင်ဆောင်လာသည့် စူကိုထိုင်း လိုင်စင်၊ ဟိုင်းလတ်ကား အမှတ် ကောခေါ-၇၃၅၀ မှာ ထိုင်းပုလိပ်ကား တစ်စီး လိုက်လာသဖြင့် အရှိန်ပြင်းစွာ မောင်းပြေးစဉ် ဖနခိုစီအယုဒ္ဓယ အနီး ဘန့်ဖယ် ကျေးရွာစောင်ဟောင်း အမှတ်(၂)ရပ်ကွက် ဘန့်ဒွန်နောင် အကွေ့ ရေမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
အများစုမှာ ကရင်ပြည်နယ်မှ ကရင်လူမျိုးများဖြစ်ကြပြီး ဘန်ကောက်၊မဟာချိုင်နှင့်ဆာလာ ဘူရီတို့ သို့  အလုပ်လာလုပ်ကြသူများ ဖြစ်ကြသည်။ အချို့မှာ လူပွဲစားများအား ဘတ်ငွေ တစ်သောင်းခွဲအထိပေး ချေထားကြပြီး အချို့မှာ အလုပ်လုပ်ရင်း ပေးဆပ်ရမည်ဖြစ်ကြောင်းအသက်ရှင် ကျန်ရစ်သည့် အလုပ်သမား များက ပြောသည်။
ထိုင်းကားမောင်းသူမှာ အသက် ၁၆ နှစ်သာရှိသေးကြောင်း ကယ်ဆယ်ရေး လုပ်သားများအဆိုအရ သိရှိရသည်။
၂၀၀၈ ခုနှစ် ဧပြီလ ၄ရက် နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှ အအေးခန်းကားဖြင့် တင်ဆောင်လာသည့် မြန်မာအလုပ်သမား၅၄ ဦးနေ့တွင် အသက်ရှုမွန်းကြပ်ပြီးသေဆုံးခဲ့ဖူးသည်။ ၂၀၀၉ နိုဝင်ဘာ ကလည်း မဲဆောက်က ဘန်ကောက်သို့လာရောက်အလုပ်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမား ၁၃ ဦးတို့အား ထိုင်းအာဏာပိုင်များပ ပစ်သတ်ခဲ့သဖြင့် သေဆုံးခဲ့ဖူးသည်။ အဆိုပါ သေဆုံးမှုများအတွက် ထိုင်းအစိုးရမှ မိသားစုဝင်များအား သင့်တော်သည့် နစ်နာကြေးများ ပေးလျှော်ခဲ့ဖူးသည်။
Read More...
Sunday, March 25, 2012
ကျောင်းသား ၅၀၀ ကျော် တက်ရောက်နေသည့် မဲဆောက်မြို့မှ နေ့သစ်အလက၏ ကျောင်းပိတ်ပွဲ၊ ဂုဏ်ပြုလွှာပေးအပ်ပွဲကျင်းပ
(ငါတို့နေ့သစ်ကျောင်းလို့ စုပေါင်းကြွေးကြော်နေကြစဉ်)
မင်္ဂလာပါခင်ဗျာ။ ။ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ New Day Learning Centre ဆိုတဲ့ နေ့သစ်အလကဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ စာသင်ကျောင်း စစ်စစ်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကာ
၂၀၀၅ ခုနှစ်က ဂျဂွါ (စတီး) စက်ရုံက လက်ပြတ်ကောက်မှု အရေအတွက် ဆယ်ဂဏန်းထက်မနည်းရှိလာတဲ့ အခါ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပေါ် သမဂ္ဂသဖွယ် ဦးစီးဦးဆောင်မှုပေးနေတဲ့ မြန်မာပြည်သားမျာအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က လက်ပြတ်တဲ့အလုပ်သမာတွေဘက်က ပြတ်ပြတ်သားသားရပ်တည်တောင်းဆိုပေးပါတော့တယ်။
**ကျောင်းတည်ထောင်သူ ဆရာမိုးမှ နုတ်ခွန်းဆက် **
အဲဒီမှာ ရလဒ်က မူလလုပ်အားခ - တစ်နေ့ ၅၅ ဘတ် ကနေ့ ၇၀ ဘတ်၊ အိုတီတစ်နာရီ ၅ ဘတ်ကနေ ၁၀- ဘတ်အထိ ရလာကြပါတယ်။ အဲဒီမှာတင်ပဲ ကျောင်းသား ၁၂ ဦးရယ်၊ နံစော်နေတဲ့ ပြောင်း၊ ကြက်သွန်သိုလှောင်ရုံဟောင်းကို ငှားရမ်းပြီး မူကြိုကျောင်းအဖြစ် ဖွင့်လှစ်ခဲ့တဲ့ နေ့သစ်ကျောင်းဟာ ဂျဂွါ(စတီးလ်) စက်ရုံအလုပ်သမားတွေကနေ ဘေးပတ်ဝန်းကျင်ရှိ အခြားစက်ရုံအလုပ်ရုံတွေအထိ ပျံ့နှံ့သွားပြီးတော့ (၂၀၀၅-၂၀၀၆)၊ ပညာသင်နှစ်မှာ ၄၅ဦး၊ (၂၀၀၆-၂၀၀၇ ) ပညာသင်နှစ်မှာ (၁၇၀) ဦး၊ (၂၀၀၇-၂၀၀၈)ပညာသင်နှစ်မှာ ၂၅၀ ဦး၊ (၂၀၀၈-၂၀၀၉) ပညာသင်နှစ်မှာ ၃၀၀ ဦး၊ (၂၀၀၉-၂၀၁၀) ပညာသင်နှစ်မှာ ၄၀၅ ဦး စသဖြင့် ကျောင်းသားဦးရေ တိုးတက်စည်ပင်လာခဲ့ပါတယ်။ (၂၀၀၇-၂၀၀၈) ပညာသင်နှစ်မှာ မူလတန်းကျောင်းကနေ အလယ်တန်းကျောင်းအဆင့်တိုးမြင့်ခဲ့ပြီးတော့ အဆောက်အအုံတွေလည်း တိုးချဲ့တည်ဆောက်နိုင်ခဲ့ပါတယ်။
(ပညာရည်ချွန် ဂုဏ်ပြုလွှာ ပေးအပ်ပွဲ)
၂၀၁၀ ခုနှစ်နိုဝင်ဘာလ ၈ ရက် မြ၀တီစစ်ပွဲမှာတော့ မဲဆောက်မြို့၊ မယ်တော်ရပ်ကွက်ကြီး၊ လောစုရပ်ကွက်ငယ်မှာတည်ရှိတဲ့ နေ့သစ်အလက ကျောင်းဟာ အာပီဂျေကျည်ခွံ ၂ လုံးကျရောက်ခဲ့တာမို့ လုံခြုံရေးအရ နေရာရွှေ့ပြောင်းခဲ့ရပါတယ်။ အခုလက်ရှိ တည်ရှိနေတဲ့ မဲဆောက်မြို့ ထဆိုင်လွတ်ရပ်ကွက်၊ စီဒီစီ အထကအနီးမှာ ကျတော့ (၂၀၁၁-၂၀၁၂) ပညာသင်နှစ်မှာ ကျောင်းသား ၅၂၁ ဦး နဲ့ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိလည်း ချီတက်နေကြဆဲပါပဲ။
ဟော…ဒီကနေ့ (၂၀၁၁-၂၀၁၂) ပညာသင်နှစ်ကုန်ဆုံးခြင်း ကျောင်းပိတ်ပွဲ နဲ့ အတန်းအလိုက် ပညာရည်ချွန် ဂုဏ်ပြုလွှာ ပေးအပ်ပွဲကို ဒီလို၊ ဒီလို ကျင်းပခဲ့ကြပါတယ်။ သြော်…မဲဆောက်မြို့က ကျောင်းသား ၅၂၁ ဦး ရှိတဲ့ နေ့သစ်အလကကျောင်းနဲ့ မယ်ရမတ်မြို့နယ်၊ မဲချရောင်းတိုက်နယ်က ကျောင်းသား ၆၅ ဦး ရှိတဲ့ငါတို့နေ့သစ်မူလတန်း ကျောင်းတို့ဆိုတာက မြန်မာပြည်သားပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဟန်ချက်ညီညီ မက်ခဲ့တဲ့ အိပ်မက်တွေပဲမဟုတ်ပါလားခင်ဗျား။
**ဆရာများ၊ မိဘများအား ကျောင်းသားများကန်တော့နေစဉ်**
**သောင်ရင်းနဂါး**
Read More...
Friday, March 9, 2012
**7Day News သူရဲကောင်းဆု ရရှိတဲ့ ယဉ်ထိန်းရဲ**
ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်မှာ နေ့တိုင်းရှိနေတဲ့လူတစ်ယောက်ကို ပရိသတ်ကြီး တွေ့ဖူးကြပါလိမ့်မယ်။ ယာဉ်ထိန်းတပ်ဖွဲ့ ယူနီဖောင်းကို စမတ်ကျကျဝတ်ပြီး ကားတွေဘယ် လောက်ပဲရှုပ်ထွေးနေပါစေ၊ ယာဉ်ကြောရှင်းလင်းအောင် ကြိုးပမ်းနေတဲ့သူ့ဆီမှာ အပြုံးတွေအမြဲ တမ်းတွေ့ရပါလိမ့်မယ်။ သူကတော့ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး အမှတ်(၂)နယ်မြေ ဒု-တပ်ကြပ်ခင်မြင့်မောင်ဖြစ်ပါတယ်။ ရိုးရိုးသားသားပြောရရင် ယာဉ်ထိန်းရဲတွေကို ကားသမား တွေချစ်ခင်တာ၊ အမြင်ကြည်တာနည်းပေမယ့် သူ့ကိုတော့ ရန်ကုန်မြို့က ကားသမားအများစု ချစ်ခင်ကြပါတယ်။ သူက တာဝန်ကျတဲ့ အချိန်တစ်ချိန်လုံးမှာ ယာဉ်ကြောရှင်းလင်းဖို့ပဲ နေပူပူ၊ မိုးရွာရွာလမ်းမထက်ကနေ ယာဉ်မောင်းတွေအားလုံးကို ကူညီပေးပါတယ်။ သူက ယာဉ်မောင်း တွေဆီက ပိုက်ဆံမတောင်းပါဘူး။ ကားသမားတွေကို မရစ်ဘူး။ မတော်တဆယာဉ်တိုက်မှုတွေ ဖြစ်ရင်တောင် သူကကူညီပေးပါတယ်။ ယာဉ်ထိန်းရဲတွေအပေါ်လူတွေရဲ့အမြင်ပြောင်းလာအောင် ရိုးသားပြီး အလုပ်ကြိုးစားတဲ့၊ ပြည်သူလူထုကို အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ ဒု-တပ်ကြပ် ခင်မြင့်မောင်ကို ၂၀၁၁7Day News သူရဲကောင်းဆုချီးမြှင့်ဖို့ ရွေးချယ်ပါတယ်။
အဆိုပါဆုကို ဦးတိုးနိုင်မန်း (ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် ထူးခြားဖြစ်စဉ် များ လေ့လာစိစစ်သုံးသပ်ရေးကော်မတီဝင်)က တက်ရောက်ချီးမြှင့်ပေးခဲ့ပြီး ဒုတပ်ကြပ်ခင်မြင့်မောင်ကိုယ်တိုင် လက်ခံရယူခဲ့ပါတယ်။
အသားမဲတဲ့ ဒုတပ်ကြပ်ခင်မြင့်မောင်ကို ကားသမားတွေက ကုလားလေးလို့ခေါ်ကြပါတယ်။ ဖိုးပြုံးချို၊ ချစ်ကောင်း စသဖြင့်လည်း ချစ်စနိုးခေါ်ကြပါသေးတယ်။
ဒီယာဉ်ထိန်းရဲဟာ အရမ်းအလုပ်လုပ်ပါတယ်။ လင့်လမ်းကဖြတ်သန်းသူတိုင်း သတိထားကြည့်ရင် မြင်မှာပါ။ မနက်အစောကြီးဆို သူရောက်နေပြီ။ တာဝန်ချိန်ပြီးအောင်အလုပ်လုပ်တယ်။ မခိုဘူး။ မနားဘူး။ သွက်သွက်လက်လက်နဲ့ ယာဉ်တွေကို လမ်းရှင်းပေးတယ်။ သူအလုပ်လုပ်တာ အ၇မ်းမာန်ပါတယ်။ အမြဲပြုံးနေတယ်။ စည်းကမ်းမဲ့ကားတွေကို ဆဲဆိုကြိမ်းမောင်းတာမလုပ်ဘူး။ ပိုက်ဆံလုံးဝမတောင်းဘူး။ ဒါပေမယ့် လိုင်းကားသမားတွေက သူ့ကို ပိုက်ဆံပစ်ပေးကြတာတွေ့လို့ ကားသမားတော်တော်များများကို ကျနော်တို့မေးကြည့်ပြီးပါပြီ။ သူမတောင်းပါဘူးတဲ့။ ဒီရဲကို ချစ်လို့ ခင်လို့ တမင်ပေးကြတာပါတဲ့။ ကားသမားတိုင်းကို ကိုယ့်ဆွေမျိုးတွေကို ပြုံးရယ်ပြတယ်။ သူ့အလုပ်ကို သူပျော်တဲ့ပုံပေါက်တယ်။ မယုံရင် အဲ့နားကို တစ်ရက်လောက်ဖြတ်ကြည့်ပါ။ သူ့ကို တွေ့ရပါလိမ့်မယ်။ ဒါထက်ပိုမသင်္ကာရင် အဲ့နားမှာ ထိုင်စောင့်ကြည့်နေပါ။
စစ်တွေသား... အသားမည်းမည်းနဲ့ ဖိုးပြုံးချိုကို တွေ့ကြရပါလိမ့်မယ်။
ပွဲလာတက်ခဲ့တဲ့ ဧည့်သည်အားလုံးက သူရတာကို ကျေနပ်ကြပါတယ်။ သူ့ကို သိနေကြပါတယ်။
သူ့ခမျာ.... ဗွီအိုင်ပီဝိုင်းမှာရှေ့ဆုံးကထိုင်ခိုင်းတာကို အပြင်ထွက်ပြီး ငုတ်တုတ်လေး သွားထိုင်နေလို့ မနည်းလိုက်ရှာရတယ်။ လူတွေကို လန့်နေတာလေ။ ကျနော်လည်းရခိုင်ပါပဲလို့ပြောပြီး သူစိတ်အေးအောင် ပြောဆိုခေါ်ယူရတယ်။
http://www.facebook.com/7daynews
**မာဃလုလင်**
Read More...
Tuesday, February 28, 2012
ထိုင်းရောက်မြန်မာလုပ်သားများ တန်းတူအခွင့်အရေးရတော့မည်
(Posted: 27 Feb 2012 )
ဧပြိ ၁ရက်မှစတင်၍ မြန်မာအလုပ်သမားများကို ထိုင်းအလုပ်သမားများနှင့် တန်းတူအခွင့်အရေးပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန အကြံပေး မစ္စတာပရစ်ချာက ပြောကြားသည်။
´အခုလောလောဆယ် မတ်လကုန်တာနဲ့ ထိုင်းအလုပ်သမားတွေရရှိသလို တရားဝင်လုပ်တဲ့သူတွေကို တန်းတူအခွင့်အရေးရရှိဖို့ လုပ်ပြီးပြီ။ နောက်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိုင်းနဲ့တန်းတူအခွင့်အရေးရဖို့ လုပ်ထားတယ်။ ဗမာအလုပ်သမားတွေ လုပ်အားခတိုးမြှင့်ရရှိဖို့ ကြိုးစားနေပါတယ်´ဟု မစ္စတာပရစ်ချာက ဖာလားဝါးနယူးစ်ဂျာနယ်သို့ တရားဝင်ပြောကြားသည်။
´တရားမ၀င်လာလုပ်တဲ့သူတွေလဲ တရားဝင်ဖြစ်လာအောင် မဲဆွယ်စည်းရုံးမယ်။ များသောအားဖြင့် ဒီအလုပ်သမားတွေက ထိုင်းကို အကျိုးပြုနေတယ်ဆိုတာ လက်ခံပါတယ်။ သူတို့ရဲ့ အကျိုးကိုလဲ ထိုင်းအစိုးရက ပြန်ကြည့်ရှုရမှာပေါ့´ဟု ယင်းက ဆက်ပြောသည်။
ထိုင်းနိုင်ငံတစ်ခုလုံးတွင် တရားဝင်လုပ်ကိုင်နေသည့် မြန်မာလုပ်သမားပေါင်းတစ်သန်းခွဲခန့်ရှိနေပြီး တရားမ၀င်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများလည်း များစွာရှိနေကြောင်းသိရသည်။
ယင်းအပြင် အသားငါးနှင့် ပုဇွန်လုပ်ငန်းများနှင့် စက်ရုံအလုပ်ရုံ၊ အသေးအကြီးပေါင်း ၁၀၀၀၀ ကျော်ရှိနေသည့် ထိုင်းနိုင်ငံ စမွတ်ဆန်းခွမ်းခရိုင်တွင် တရားဝင်နှင့် တရားမ၀င်လုပ်ကိုင်းလျက်ရှိသော မြန်မာအလုပ်သမား သုံးသိန်းကျော်ရှိနေကြောင်း သိရသည်။
´အလုပ်သမားတွေဟာ နောက်ဆုံးတော့လဲ မြန်မာနိုင်ငံကို ပြန်လာမှာပဲ။ ဘာဖြစ်လို့ တရားမ၀င်အလုပ်သမားတွေများလာရလဲဆိုရင် အခွန်အခတွေကို ကြောက်လို့ဖြစ်ပါတယ်။ ဗမာ၊ကရင်၊ မွန်လူမျိုးတွေပိုများပါတယ်။ စမွတ်ဆန်းခွမ်းခရိုင်မှာဆိုရင် မြန်မာအလုပ်သမားတွေ အများဆုံးပဲ´ဟု အဆိုပါခရိုင်၏ကုန်သွယ်ရေးကိစ္စ ဒုဥက္ကဌလည်းဖြစ်သော မစ္စတာပရစ်ချာက ပြောသည်။
ထိုင်းနိုင်ငံရောက်မြန်မာတရားဝင်အလုပ်သမားအနေဖြင့် ထိုင်းအလုပ်သမားများနည်းတူ လုပ်ခလစာတိုးမြှင့်ခံစားပိုင်ခွင်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာအထောက်အပံ့များ တန်းတူပေးခြင်းနှင့် ထိုင်းနိုင်ငံ၏တရားဝင်အလုပ်ပိတ်ရက်များကိုလည်း ခံစားခွင့်ပေးခြင်းတို့ကို ယခုနှစ် ဧပြီလ ၁ရက်နေ့မှစတင်၍ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
´မြန်မာအလုပ်သမားတွေဟာ တရားဝင်ဖြစ်ဖို့နဲ့ သူတို့ရဲ့နေထိုင်ခွင့်၊ စားသောက်ခွင့်တွေ ပိုမိုကောင်းမွန်အောင်လုပ်မယ်။ နောက်ငွေပို့ချင်တဲ့အခါ အခက်အခဲဖြစ်နေတာကို ဘယ်လိုလုပ်ဆောင်နိုင်မလဲ၊ စတာတွေကို လုပ်နေတယ်။ ဒါလဲ အစိုးရနှစ်ခုကြား ပူးပေါင်းပြီးစီစဉ်နေတာပဲလေ။ အလုပ်သမားတွေလုပ်ပိုင်ခွင့် ရဖို့တို့၊ ပတ်စ်ပို့ရဖို့တို့လဲ သူတို့က လုပ်ပေးနတာပဲ။ မြန်မာအလုပ်သမားတွေအပေါ်မှာ စေတနာထားလုပ်ပေးတာကို ကြိုဆိုရမှာဖြစ်ပါတယ်´ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဌ ဦးအောင်လွင်က ပြောသည်။
ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံများအနေဖြင့် လုပ်ခလစာတူညီမှုမရှိသော်လည်း ထိုင်းအလုပ်သမားများနည်းတူ တန်းတူအခွင့်အရေးရရှိရန် အာမခံကြောင်း၊ ယင်းအပြင်နယ်စပ်ဖြတ်ကျော်လုပ်ကိုင်သူများအပေါ်တွင်လည်း ကြားခံအဖွဲ့အစည်းများအနေဖြင့် ကောက်ခံနေတဲ့အခွန်အခများကို လျှော့ပေးသင့်ကြောင်း မစ္စတာပရစ်ချာက ပြောသည်။
**နှင်းကို(သာစည်)**
The Flower News Journal, 27Feb2012
http://feeds.feedburner.com/thithtoolwin/yIWV
**From-Thit Htoo Lwin**
Read More...
Monday, February 27, 2012
ခြေထောက် ၂ဖက် ပြတ်နေသော ပုဇွန်ကန် အလုပ်သမား ကိုစံမောင် FED သို့ ရောက်
**(ဖေဖေါ်ဝါရီ ၂၇၊ မြတ်ညို - အလွတ်သတင်းထောက်)**
ထိုင်းနိုင်ငံ တောင်ပိုင်း ဆုံခါမြို့နယ်၊ ရနော့အုပ်စု၊ ထန့်ခယာ့ရွာ(ဘေါ်ကု) ပုဇွန်မွေးမြူရေး ကုမ္ပဏီတွင် ခြေထောက်၂ဖက်စွန့် ခဲ့ရသည့် အသက် ၃၂ နှစ်အရွယ် ကိုစံမောင် ဆိုသူမှာ ယခုအခါ ဖန်ငအခြေစိုက် ပညာရေး နှင့် ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED အဖွဲ့သို့ ရောက်ရှိနေပြီးကြောင်း သိရှိရသည်။
၂၀၁၁ ခုနှစ် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်း၌ အလုပ်ကြပ်(၀ဏ္ဏ)က ကိုစံမောင်အား ပုဇွန်ကန် သုံး ပန်ကာများတွင် ရေမြုပ်များ ရှိနေသဖြင့် ရေမြုပ်များကို ဆယ်ယူစေခဲ့သည်။ ထိုစဉ် ကိုစံမောင် ၏ ဘယ်ဖက် ခြေထောက်မှာ ပန်ကာဂျွိုင်းဖြင့် ကပ်ငြိပြီး ဒူးခေါင်းအောက်မှ ပြတ်ထွက်သွားခဲ့သည်။ ဆေးရုံတက်နေစဉ် ညာဘက် ခြေ ထောက်မှာ လှုပ်ရှားမှုမရှိသဖြင့် ဒူးခေါင်း အပေါ်ပိုင်းမှ ဖြတ်တောက် ပစ်ခဲ့ရသည်။
ခြေ၂ဖက်ပြတ်နေသော ကိုစံမောင် ထံသို့ ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ (BAT))နှင့် ရှေ့နေတို့ က ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ တွင် သွားရောက် ကူညီပေးခဲ့ကြသည်။
ကိုစံမောင် က“မန်နေဂျာက ကျနော့်ကို တစ်လ ၃၀၀၀ ဘတ် ထောက်ပံ့ပါတယ်၊ ဒီပိုက်ဆံနဲ့ ထမင်းဟင်း ၀၀လင်လင် စားလိုမရဘူး။ ကျနော့်ဘ၀မှာ ဘာမှ မျှော်လင့်ချက် မရှိတော့ဘူးလို့ ထင်ခဲ့တယ်။ ခုတော့ ဦးကျော်သောင်း တို့ ကျေးဇူးကြောင့် ကျနော့်ဘ၀ကို မြေတောင်မြှောက်ပေးမယ့် ဦးထူးချစ်တို့ ဆီကို ရောက်ရှိလာခဲ့ပြီ၊ အားလုံးကို ကျေးဇူးတင်တယ်” ဟုပြောသည်။
ပုဇွန်မွေးမြူရေးကန်မှ ကယ်ထုတ်လာခဲ့သည့် BAT တာဝန်ခံ ဦးကျော်သောင်း က “ ထိုင်းမှာ ပြဌာန်းထားတဲ့ အလုပ်သမား ဥပဒေ အရဆိုရင် အချိန်ကာလက အတော်ကြာသွားပြီးဖြစ်ပေမယ့် ရှေ့နေအဖွဲ့ နဲ့ တိုင်ပင်ပြီး
တော့ ဟတ်ယိုင် အလုပ်သမား အာမခံဌာန (ပကန်ဆာခွန်)မှာ ညှိနှိုင်း အသနားခံ ခဲ့တယ်။ ကျနော်တို့ မသိပဲ ထိုင်းနိုင်ငံ လုပ်ငန်းခွင် အသီးသီးမှာ မြန်မာအလုပ်သမားတွေ ရဲ့ ခြေလက်အင်္ဂါတွေ၊ အသက်တွေ ဘယ် လောက်အထိ ဆုံးရှုံးခဲ့ပြီ ဆိုတာ မသိနိုင်ပေမယ့်၊ သိရှိတာ လေးတွေကို မဟာမိတ် အဖွဲ့ အစည်းတွေနဲ့  တတ်နိုင်သမျှ လက်တွဲကူညီ ပေးသွားမှာပါ” ဟုပြောသည်။
ဖန်ငအခြေစိုက် FED ဒါရိုက်တာ ဦးထူးချစ်က “ ကိုစံမောင် ကိုကျနော်တို့ အဖွဲ့သားတွေ ၀ိုင်းဝန်းစောင့်ရှောက်
ထားမယ်။ သူ တတ်ချင် သင်ချင်ဖို့ သာလိုပါတယ်။ စာဖတ်ဖို့ စာအုပ်စင်လေး လုပ်ပေးထားမယ်။ ကွန်ပျူတာ တစ်လုံးပေးထားမယ်၊ တဖြည်းဖြည်း ဘာသာစကား စကားတွေကို သင်ပေးမယ်။ သူ ပျော်သလောက် နေ ခွင့်ပေးထားမယ်။ ဘယ်လောက်ကြာကြာပေါ့လေ။ နေရပ်ရင်းကို ပြန်မယ်ဆိုရင်လည်း အိမ်တိုင် ယာရောက် ပို့ပေးမယ်” ဟုပြောသည်။
ပုဇွန်ကန်တွင် ခြေထောက် ပြတ်ခဲ့ရသော ကိုစံမောင် ၏ မိဘများမှာ ဦးရွှေစိန်ဦး+ဒေါ်မထွေး ဖြစ်ပြီး ရခိုင်ပြည် နယ် ပုဏ္ဍားကျွန်းမြို့နယ် အထက်မြလေး ကျေးရွာမှဖြစ်သည်။ ကိုစံမောင် ထိုင်းနိုင်ငံသို့ ၂၀၀၈ ခုနှစ် ကုန် တွင် ရောက်ရှိလာခဲ့သူဖြစ်သည်။
Read More...
Saturday, November 5, 2011
ထိုင်းနိုင်ငံအတွင်းက ရေဘေးသင့် မြန်မာ အလုပ်သမားများအား ၀ိုင်းဝန်း တိုက်တွန်းပေးကြပါ
နခွန်းပထုန်မြို့နယ်ဝပ်ရိုက်ခင်ဝစ်ထယာဘုန်းတော်ကြီးကျောင်းတွင်ထိုင်းအလုပ်သမားဝန်ကြီးဌာနမှဖွင့်လှစ်
ထားခဲ့သောရေဘေးယာယီကယ်ဆယ်ရေး စခန်းအား ယမန်နေ့ က လပ်ဘူရီသို့ ပြောင်းရွှေ့သွားခဲ့ပြီးဖြစ်
်ပါသည်။ အဆိုပါ စခန်းသို့လည်း ဆက်သွယ် အကူအညီ တောင်းခံ နိုင်ပါသည်။
ယမန်နေ့  ၂၀၁၁ ခု နှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် မဟာချိုင်မြို့နယ် ကထုန်ဘန် ကီလို ၁၂ တွင်ရှိသော
ဝတ်ခေါင်မေးဒေးယား ဘုန်းတော်ကြီး ကျောင်းတွင် ပထမဦးဆုံး အရှေ့အလယ်ပိုင်း သာသနာပြုပုဂ္ဂိုလ်၊ရွှေတွံတေးဆရာတော် အရှင်ဝါယမ နှင့် တပည့်
တကာများက ရေဘေး ကယ်ဆယ်ရေး ယာယီ စခန်းတစ်ခု ကိုထပ်မံဖွင့်လှစ် လိုက်ပါသည်။
အလုပ်သမားများ မြန်မာနိုင်ငံသို့ အခမဲ့ ပြန်နိုင်ရေးအတွက် မြန်မာသံရုံးက အမြန်ဆုံး စီစဉ်ပေးပါမည်။
ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်းဖန်င အခြေစိုက် ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်း
(FED )နှင့်နိုင်ငံခြား အင်ဂျီအို တစ်ခုတို့က ရေသိုလှောင်ရန် ရေတိုင်ကီများ လာရောက်လှူဒါန်းခဲ့သည်။
အစားအစာနှင့်သောက်ရေများ ဆက်လက်လှူဒါန်းမည်ဖြစ်ကြောင်းလည်း ပြောဆိုသွားသည်။ အလုပ်သစ်များ
လုပ်ကိုင်လိုပါကလည်း ကယ်ဆယ်ရေးစခန်းမှ အလုပ်အကိုင်အသစ်များ ရှာဖွေပေး ပါသည်။ အလုပ်သမားများရှိနေသည့် နေရာများသို့ (သွားလာရောက်ရှိနိုင်သည့် နေရာများသို့) နံနက် ၉နာရီမှ ညနေ ၆နာရီအတွင်း သွားရောက် ခေါ်ဆောင်ပေးနေပါသည်။
မှတ်ချက်။ ။မြန်မာအလုပ်သမားအချို့တို့သည် မိမိတို့ကြုံတွေလာမည့် ဘေးဒုက္ခကို သေသေချာချာ
သိရှိကြဟန် မတူပါ။ လုပ်အားခများ ကျန်ရှိနေခဲ့ပါကလည်း ကျွန်ုပ်တို့ ယာယီကယ်ဆယ်ရေးစခန်းမှ တစ်ဆင့် အဖွဲ့အစည်း
များနှင့် ပူးပေါင်း တောင်းခံ ပေးမည်ဖြစ်ပါသည်။ တိတိကျကျ သိရှိနိုင်ရန်အတွက်
အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် မေးမြန်း အကူအညီ တောင်းခံနိုင်ပါသည်။
၀၈၀-၄၅၈၅-၁၂၈။ ၀၈၉-၄၁၃၃-၁၇၉။ ၀၈၉-၆၈၅- ၂၉၆၆။ ၀၈၄-၆၇၀-၅၇၂၇။ ၀၈၅ ၁၅၈၈ ၃၆၇
၀၈၉ ၇၆၁၆ ၂၄၀။ ၀၈၀ ၅၅၂၂ ၀၆၂
Read More...
Friday, November 4, 2011
မဲဆောက်မြို့က ထိုင်းဘုန်းကြီးကျောင်းဘုံကထိန်ပွဲမှာ IOM က ဆို/ပျော်ပြိုင်ပွဲကျင်းပ
**အပေါ်ကကတဲ့အတိုင်း အောက်ကလိုက်ကနေသော ဖွားဖွားနဲ့စက်ရုံအလုပ်သမများ**
မင်္ဂလာပါခင်ဗျာ။ ။ နိုင်ငံတကာရွေ့ပြောင်းနေထိုင်သူများအဖွဲ့အစည်း (IOM)ကကြီးမှူးပြီးတော့ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ ထိုင်းဘုန်းကြီးကျောင်း “၀ပ်ထဆိုင်ထွေထလေ့” ရဲ့ ဘုံကထိန်ပွဲတော်မှာ ဖိုးဆိုချင်နဲ့မယ်ဆိုချင် မြန်မာအလုပ်သမားတွေအတွက် ဆိုကြမယ်ပျော်ကြမယ်အစီအစဉ်ကို မနေ့ကနဲ့ ဒီနေ့ ညပိုင်းတွေမှာ ကျင်းပသွားတာတွေ့ရပါတယ်။ သိကြတဲ့အတိုင်းပဲ အုတ်ဖိုကျောင်း(ခေါ်) “၀ပ်ထဆိုင်ထွေထလေ့” ဆိုတာက ထိုင်းသံဃာတွေရော၊ မြန်မာသံဃာတွေပါ ချစ်ကြည်ရင်းနှီးစွာ အတူတကွ သီတင်းသုံးတဲ့ ကျောင်းဖြစ်သလို ဝှေ့မုတ်ရွာနဲ့မယ်တော်ကျေးရွာအုပ်စု တခွင်မှာ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အလွှာပေါင်းစုံတို့နဲ့ ထိစပ်နေတဲ့ ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။ ဆိုရရင် အဲဒီသောင်ရင်းမြစ်ကမ်းနဖူးဒေသလို့လွယ်လွယ်ခေါ်ကြတဲ့ ဝှေ့မုတ်ရွာက ၀ပ်ထဆိုင်ထွေထလေ့ ကျောင်းရဲ့ ဘုံကထိန်ပွဲတော်နဲ့ ဆိုပျော်ပွဲတော်ကို ဘယ်လိုဘယ်ပုံ ဆင်နွှဲကြတယ်ဆိုတာ… (ကဲ) ဟောဒီဓာတ်ပုံတွေကို ရှုစားကြရအောင်…
**ပွဲတော်လာပရိသတ်ကို အခုလိုတွေ့မြင်ရစဉ်**
**တွံတေးသိန်းတန်သေပြီဆိုတာ ဟုတ်ကောဟုတ်ရဲ့လား ပြောရလောက်အောင် တွံတေးသီချင်းသီဆိုသွားသူတစ်ဦး* *
**တောသူတွေရယ် ဆိုတဲ့မြန်မာသံစဉ် မြန်မာအကနဲ့ နေ့သစ်အလကမှ ကျောင်းသူနှစ်ဦး**
**တောသူတွေရယ် တင်ဆက်မှုကို ပန်းကုံးများစွာဖြင့် ဆုချီးမြှင့်နေကြစဉ်**
**ပရိသတ်မှ ပန်းကုံးများစွာဖြင့် အားပေးနေကြစဉ်*
*မြန်မာဒိုးပတ်ဝိုင်းနှင့် ဦးရွှေရိုး၊ ဒေါ်မိုးအက*
**ဟော့ရှော့အကဖြင့် ဟော့ရှော့နေကြသော စက်ရုံအလုပ်သမများ**
သတင်းမှတ်တမ်း -သောင်ရင်းနဂါး (မြန်မာပြည်သား)
Read More...
Total Pageviews
Labels
ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)