ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label ကဗျာ…. Show all posts
Showing posts with label ကဗျာ…. Show all posts
Tuesday, December 29, 2015
**ဆုတောင်းတွေ တခါတခါ သတ်ပုံမှားနေလို့ **
ကြယ်တံခွန်လို ကြွေကျ တမလွန်ကို မြေမခ ခင်
အရွယ်လွန်သွားမှ... ဆယ်လမွန် ငါးလို အိမ်ပြန်ဖို့ သတိရတယ်..။
လွမ်းတာကို နာတာနဲ့ ဖြေရင် ကောင်းမလားလို့ 
ကျွမ်းလောင်တဲ့ အသည်းနဲ့ နာတာရှည် ညတွေ စုဆောင်း
 ဆုတောင်းတွေ တခါတခါ သတ်ပုံမှားနေလို့ 
ယမ်းငွေ့ များ မကြာမကြာ မြိုချရင်း
လမ်းအကွေ့ မှာ ပြဿသနာများ သွားကြားညှပ်နေတဲ့ တိုင်းပြည်..။  
အမှောင်ထဲ လှိုင်းထန်တဲ့ ဘ၀များ 
မရှောင်မလွှဲသာ အရိုင်းဆန် ညများ ဖြတ်သန်း 
အိမ်မက်တွေ မုန်တိုင်းထဲ တိုးဝင် ကြီးပြင်း 
မငြိမ်မသက် မိုင်းကွင်းထဲ မိုင်ထောင်ချီ ဖြတ်သန်း 
အတိတ်ပျက်လို အနာဂတ်များ ဒဏ်ရာရနေတယ်..။
 မျက်နှာပြင်ပေါ် အပြုံးတွေ အားယူထဖို့ ကြိုးစားနေတုန်း 
အမှတ်မထင် အမုန်းများ ခြုံခို တိုက်ခိုက်တာခံရ
 အတွေးအခေါ်မတူတာတွေ လက်ခမောင်းခတ်တာ များနေလို့  
အရေးပေါ်လူနာတွေ အသက်တချောင်းဆက်ဖို့ 
 ဥပဒေများ ဖျားနာနေဆဲခေတ်..။ 
 ပြောင်းလဲ လှပမယ်ထင်ရတဲ့ မိုးကုပ် စက်ဝိုင်းပေါ်မှာ
 လမ်းကြောင်းလွဲ ခဏခဏ မျက်ရည်စို ငိုကြွေးနေတဲ့ မိုးတိမ်လို
 မြို့ ပြ အိမ်မက်များ မွန်းကြပ် ကြေကွဲကာ 
လမိုက်ညများထဲ အချိန် စက္ကန့် တန်များ အလည်လွန်ခဲ့တယ်..။ 
အရှိုးရာထင်နေတဲ့ ရာဇ၀င်တွေထဲ 
နန်းကျမြို့ ပြလို ခံစား ရိုးရာလို မထင်မှတ်တဲ့ ပဋိပက္ခများ
 အတိတ်ဆိုး အကြံသမားများ လှုပ်နှိုးနေတယ်..။ 
အဖြူ အမဲ မသဲကွဲ စောင်းနေတဲ့ ကမ္ဘာမြေမှာ 
အူဝဲလို့ မရဲတရဲ ငိုကြွေး မွေးဖွား
 ရှင်သန်ကတည်းက လူထဲက လူပဲမို့ 
တနေ့ သေမှာ သေချာနေလို့  
မတရား သေဒဏ်ကျခဲ့ ပြီးပြီပဲ မဟုတ်လား..။ ။ 
 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 
+အောင်ခိုင်မြင့်+ 
၂၉ ဒီဇင်ဘာလ ၂၀၁၅
Read More...
Friday, October 25, 2013
----သတိရကြောင်း(တာရာမင်းဝေ)---
 မှော်ဆရာရေ 
 စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှာ 
 ဝိညာဉ်ကို ကော်နဲ့ကပ်ပြီး
 လူဖြစ်အောင် ငါ အသက်သွင်းဖူးတယ်။ 
မီးခြစ်ကျောက်ကို 
လက်သည်းနဲ့ ပွင့်ထွက်အောင်တောက် 
 မီးတောက်ကို ခါးကလိမ်ချိုး 
စီးကရက်သောက်ရင်း ချောင်းလည်း ဆိုးဖူးတယ် 
သူ့ခြေထောက်အတွက် 
သူ့ဖိနပ်အတွက်
 မြေပြင်သက်သက်ခင်းပေးစရာမလို 
 ကြယ်ကို ကြယ်နဲ့ ရံမတဲ့ 
သံအိပ်မက်ကြီးနဲ့ 
ပင်လယ်ရေပွက်ထဲကည 
အားလုံးကို သူအပိုင်ရတယ် .. 
 ပထမတော့
 လ ကိုခိုစီး 
 ကောင်းကင်ကြီးနဲ့တွဲက
 စက္ကူ ဂစ်တာတစ်လက်ပိုက်ပြီး
 ပျော်လိုက်ရတာ။
 နောက်မှ 
 စကြဝဠာရဲ့ 
မဟာတွင်းနက်ထဲကို 
လက်ကနဲခုန်ချ 
သူ ဘယ်ဆီကျသွားသလဲ ။ 
ကဲ .. မှော်ဆရာ
 အပိုင်းပိုင်း အထစ်ထစ် 
 သက္ကရာဇ်တို့ မပြိုခင်မှာ
 သုညတစ်လုံးတည်းရှိတဲ့ 
 သူ့ရဲ့ ဖုန်းနံပါတ်ဆီ ဆက်ပေးပါ 
ဘာပဲဖြစ်ဖြစ် 
 ပဆစ်အိမ် ဝင်္ကဘာပျက် 
 နက္ခတ်ပျံရာည
 ငါ သူ့ကို သတိရကြောင်း
 ပြောပြပေးပါ ။ ။ 
+တာရာမင်းဝေ+
  Rest of your post
Read More...
Monday, April 2, 2012
NLD FOREVER!!!
ဟိုဖက်ခြမ်းက မဲတွေလိမ်
ဒီဖက်ခြမ်းက မဲတွေလိမ်
ဝန်တိုမှုတွေ လိမ်းချယ်ထားလို့
လိမ်ပြီးရင်လိမ်...
လိမ်သာလိမ်
မမှိန်ကွဲ့ ဒီစိတ်ထား
ဘ၀ဂ်ညံအောင် ကြွေးကြော်ကြပေလိမ့်
ပြည့်မေတ္တာတရား...
NLD FOREVER!!!
NLD FOREVER!!!
NLD FOREVER!!!
✔✔✔✔✔✔✔✔✔✔
✔✔✔✔✔✔✔✔✔✔
✔✔✔✔✔✔✔✔✔✔
✔✔✔✔✔✔✔✔✔✔
✔✔✔✔✔✔✔✔✔✔
✔✔✔✔
Yan Aung
Read More...
ပိုးစာအိမ်
မင်း ဘ၀ဟာ အမျှင်တန်းပြီး
တန်းလန်းကျနေတဲ့ ပိုးစာအိမ်ကလေးလို့
နားလည်လာတဲ့အခိုက်
ဖျပ်ခနဲပွင့်လိုက်ဖို့
အဆင်သင့်ဖြစ်ဖို့ လိုပြီ
လိပ်ပြာကလေးရဲ့ လွတ်မြောက်ပျံသန်းမှုကို
အလိုတူလိုက်ဖို့ လိုပြီ။
~Steven Schneider ၏ About Love
Posted by တေဇာ (လရောင်လမ်း)
Read More...
Thursday, March 22, 2012
ကဗျာမှုးသောနေ့သည် အရက် (သို့) ခေါင်ရည် ( သို့ ) ဘီယာ (သို့ ) တခြားတခုနှင့်သက်ဆိုင်ပါသလား ?
ကဗျာဆရာသည် ယနေ့အရက်မှုးနေသည်
အရက်မှုးသည် ဆိုခြင်းမှာ တခြား မှုးခြင်းမဟုတ်
အရက်မှုးသည် ဖြစ်ကြောင်း စာရှု့သူ သင်လည်းသိလိမ့်မည် . . .
အရက်မှုးလျှင် အမှန်ပြောကြောင်း အဆိုကို
သင်လက်ခံပါသလား
သင်လက်ခံခြင်း မခံခြင်းမှာ ကျွနုပ်နှင့် မသက်ဆိုင်
ကျွနုပ်၏ ကဗျာကိုလက်ခံခြင်းမခံခြင်းမှာလည်း
ကျွနုပ်နှင့်မသက်ဆိုင်
ကျွနုပ်နှင့် သက်ဆိုင်ခြင်မှာ တခုသာရှိသည်
ဤ ကဗျာကို သင်ဖတ်နေခြင်း မဖတ်နေခြင်း
ဟုတ်ပါသည်
ကျွနုပ်သည် သာမန်လူတစ်ယောက်သာဖြစ်သည် . . .
ချွေးပျံသည်
ရစ်ထွေရစ်ထွေဖြစ်သည်
မူးရစ်ရီဝေည်
ကျွနုပ် မြောက်ဒဂုံ ပြန်ရန်ကားမမှီ
ဤ အချင်းအရာများသည်
တကယ့် ဘ၀များဟု သင်ထင်ပါသလား
မှားပါ၏
သင် ထင်တာမှားပါ၏
ကျွနုပ်ထင်တာမှားပါ၏
အဘယ်ကြောင့်ဆိုသော်
ကျွနုပ် ၏ ကဗျာနောက်သို့ သင်လိုက်နေရခြင်းကြောင့်
သင်ဘယ်လောက် တွေးခေါ်ညဏ် ကောင်းကောင်း
ကဗျာဆရာကို အရှုံးပေးရလိမ့်မည်
ဤ အဆို ကိုလက်မခံပါက
ဒီနေရာ၌ပင် ကျွနုပ်၏ ကဗျာကို ဆက်မဖတ်ပါနှင့် . . .
လူ့ ဘ၀ သည် မှားသည် မှန်သည်
ဆုံးဖြတ်ရန်မသင့်
မိတ်ဆွေ
သင့်ထံတွင် မှားသည် မှန်သည် ဟု ဆုံးဖြတ်နိုင်စွမ်းရှိသော
ညဏ်ပညာ ပါလျှင်ပါလာလိမ့်မည်
သင့်ယူဆချက်အားလုံး ( လုံးဝ ဥသုံ မှန်ခဲ့လျှင် ထိခြင်းငါးပါးဖြင့် )
ကဗျာဆရာ သင့်အားကန်တော့ပါမည် . . .
ယခု သင်ဖတ်နေသမျှ
စာသားများအားလုံး မှန်ကန်သည်ဟု ထင်ပါသလား
ဤ ကဲ့သို့ ယူဆပါက
အနီးဆုံး အုတ်နီခဲ ကို ပြေးကန်ပလိုက်ပါ
ကဗျာဆရာသည် ပရိတ်သတ်အားမလိမ်
ကဗျာဆရာသည် သူ့ ခံစားချက်နှင့် ကဗျာအားလိမ်သည် . . .
ယခု သင်ဖတ်နေသော ကဗျာတွင် သင့်အတွက်
အတုယူစရာ သင်ခန်းစာယူစရာတခုမှ မပါ ပါ
ဤ အချက်ကို ကဗျာဆရာရဲရဲဝံ့ဝံ့ကြီး အာမခံ၏
ဤ ကဗျာထဲမှ တစုံတရာ ရရှိပါက ကဗျာဆရာကို အကြောင်းကြားပါ
ကဗျာဆရာသည် သင့်အားဆရာခေါ်၍ သင့်ထံ အပြေးလာခဲ့မည်
ကဗျာဆရာ၏ ဖုန်းနံပါတ်သည် 0943108991 ဖြစ်ပါသည် . . .
( ချွင်းချက် ။ ကဗျာဆရာသည် သင်က ကိုမာဃ နှင့်တွေ့ချင်လို့ပါဟု ဖုန်းဆက်ခေါ်မည်ဟု မယုံကြည်ပါ )
( အဘယ်ကြောင့်ဆိုသော်သင့်ထံတွင် ကဗျာထက်အရေးကြီးသော အရာအမြောက်အများရှိသည် ဟု ကဗျာဆရာမှ ယုံကြည်သည် )
--
** မာဃလုလင်**
(http://margaluelin.blogspot.com/)
Read More...
Monday, March 19, 2012
တောက်- ရင်နာလိုက်တာကွာ
နွားတွေကွဲနေလို့
ကျားဆွဲခံရတာ
အဆန်းမှ မဟုတ်တာပဲ။
တရားရုံးမှာ
အပြိုင်အဆိုင် အမွေလုကြရင်း၊
ဘိုးဘွားပိုင်အမွေတွေ
တစထက်တစ
လျော့နည်းပပျောက်သွားတတ်တာ
အဆန်းမှ မဟုတ်တာပဲ။
သို့ပေမယ့်လေ----
ငါ့နယ်မြေ၊ သူ့နယ်မြေဆိုပြီး
ရှိပြီးသား မြေပုံပေါ်မှာ
အရေးအကြောင်းတွေကို
သွေးမှင်နဲ့ဆွဲကောင်းနေကြတုန်း၊
ခွေးအတွေက
မြေပုံရဲ့ အနားစလေးတွေကို
ဖဲ့စားပစ်လိုက်ကြတဲ့အခါ.....။
တမြေတည်းမွေးသူတွေ အချင်းချင်းကျတော့
မြေတလက်မ၊ အာဏာတပဲသားအတွက်
ဓားဆွဲကြ၊ သေနတ်ဆွဲကြ၊
နိုင်ငံတကာမျက်နှာစာမှာ
သူ့ဘက်၊ ကိုယ့်ဘက်ခွဲလို့
အပြိုင်အဆိုင်ဟစ်ကြနဲ့
လက်မနှေး၊ ပါးစပ်မနှေးကြသူတွေ၊
တိုင်းတပါးသားတွေက
ပြည်ပအချုပ်အခြာအာဏာကို
ထိပါးလာတာကျတော့
ခေါင်းကလေးတွေငုံ့လို့
ရေငုံနှုတ်ပိတ်နေကြတာကို
တွေ့မြင်လာရတဲ့အခါ...။
မြန်မာကိုနိုင်လေပြီလို့
ပြောဆိုသံတွေကို
အံကြိတ်ရင်း
နားထောင်လိုက်ရတဲ့အခါ....။
ဧည့်ခန်းထဲက
မဟာဗန္ဓုလ
ရုပ်ပုံလေးကိုတောင်
မကြည့်ရဲ၊ ကြည့်ရဲ
ဖြစ်လာသလိုလိုနဲ့
တောက်- ရင်နာလိုက်တာကွာ။
ခင်မမမျိုး (၁၆၊ ၃၊ ၂၀၁၂)
Read More...
Sunday, February 19, 2012
အမေသိပါစေ
(၁၂-ရက်ကြာ ဆန္ဒပြနေသော တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမလေးများကိုယ်စား )
ဆင်းရဲမှု မဖူလုံမှုတွေနဲ့
နေသားကျနေကြပေမယ့်
တခါတလေတော့လည်း
ထကြွမိကြတယ်အမေ….။
အမေရဲ့ ဒီမိုကရေစီခရီးကို
အနှောင့်အယှက်ပြုမိရင်တော့
ဆောရီးပါအမေ……။
အမေ စဉ်းစားကြည့်ပါ
တနာရီ တရာကျပ်တဲ့
အဲဒီဝင်ငွေက
ငွေတိုးချေးစားနေသူတွေနဲ့နပန်းလုံး
ကိုယ့်ပြည်တွင်းမှာပဲ
သူ့ကျွန်လုံးလုံးပေါ့အမေ။
တနေ့ ထမင်းနှစ်နပ်
အဲဒီတနာရီတရာကျပ်နဲ့
ဘယ်လိုစားလောက်မတုန်း
အနောက်ကမိသားစုအတွက်
သမီးတို့ရဲ့လုပ်အားခရှယ်ယာ
စိတ်ကူးထဲတောင် ရှာမရဘူးအမေ။
တက်တက်ကြွကြွနဲ့
အားရပါးရပြောနေကြတဲ့စကား
နားမဆံ့အောင်ကြားမိပါရဲ့
ဒီမိုကရေစီခရီးတဲ့လား
သမီးတို့အဖို့တော့…..
ယီးလေးလေး…ယီးလေးယိုပါပဲအမေ။
သမီးတို့အတွက်ကတော့
ဒီမိုကရေစီဆိုတာအပထား
မ၀ရေစာထမင်းနပ်တွေကြား
ကိုယ့်တိုင်းပြည်အရိပ်အောက်မှာ
တပါးကျွန်ဘ၀နဲ့ ပြားပြားမှောက်
ဖာမဖြစ်ရုံလောက်သာသာပါအမေရယ်….။
သမီးတို့ သမီးတို့နဲ့……….
သမီးတို့အတွက်တင်ပဲလား
တတိုင်းပြည်လုံးငတ်ပြတ်
ဒီအခြေထိဆိုက်နေခဲ့တာ
ကြာပေါ့အမေရယ်….။
ဆယ်နှစ်ရက်ဆန္ဒပြပြီး
လုပ်အားခတိုးတောင်းတော့
သမီးတို့က သူရဲကောင်းပေါ့။
တနေ့လုပ်မှတနေ့စား
ဗျာများနေရတဲ့ခေတ်မှာ
ဆယ်နှစ်ရက်အလုပ်ပျောက်လို့
ပါးစပ်ဘယ်နှပေါက် ဆန်ပြုတ်သောက်နေရတယ်ဆိုတာ
မျက်ရည်ခံထိုး ငိုပြောရမှာလားအမေရယ်…။
သမီးတို့တွေ မာန်တင်း
အင်အားရှိသလောက်တော့
တင်းခံကြည့်ရုံပေါ့အမေ….။
မခံနိုင်လို့ အလုပ်ပြုတ်လည်း
အနှိပ်သည် လုပ်ကြရုံပေါ့
တတိုင်းပြည်လုံးအတွက်မဟုတ်လို့
သိပ်တော့ စိတ်ဝင်စားကြမှာ မဟုတ်ပါဘူး။
သမီးတို့ ကုသိုလ်ပေါ့အမေရယ်…။
သြော်……….. မေ့လို့အမေ….
သမီးတို့ ဘယ်ဘ၀ရောက်ရောက်
အမေ့နောက်မှာ မြဲမြဲရပ်
မဲတပြားကတော့
အမေ့အတွက် ဆက်ဆက်ပါ။
သမီးတို့ဘ၀ နာလန်မထနိုင်လည်း
နောင်မျိုးဆက်သစ်
သမီးတို့လို ရေတိမ်မနစ်ရအောင်
စွမ်းဆောင်ပေးပါ အမေရယ်….။
**မောင်ပါလ**
၁၉.၂.၂၀၁၂
Read More...
Tuesday, February 14, 2012
4 th Valentine Day အမှတ်တရ ကဗျာလေးပါ ..(ပျော်ရွှင်နိုင်ကြပါစေ)
Raindrops on our dresses,
Sunshine on our face,
No matter what the weather,
The look of love won't be replaced.
The silent sound as rain falls,
The brilliance of the sun.
They only promise radiance,
Caused by either one.
Let it rain, or let it shine,
It won't matter none.
You're such a lovely Valentine,
In either rain, or sun.
Let it snow, let it hail,
Earth blanketed with white.
It won't prevent our day,
Or deny the magic of our night.
**မိုးရွာရွာ နေပူပူ**
မိုးစက်တွေ ကိုတို့ အ၀တ်တွေပေါ်မှာ စိုနေပါစေ
နေရောင်က ကိုတို့မျက်နှာတွေပေါ်မှာကျရောက်နေပါစေ
ဘယ်လိုရာသီဥတုနဲ့ပဲကြုံနေရပါစေ
အစားထိုးဖို့အချစ်ဆိုတာမရှိတော့ပါဘူး
အသံ တိတ်ဆိတ်မှုက မိုးရွာသကဲ့သို့
တောက်ပမှုက နေမင်းကဲ့သို့
သူတို့ကတိပြုတာပျော်ရွှင်မှုတစ်ခုသာ
အကျိုးသက်ရောက်စေတာ နှစ်ခုထဲမှတစ်ခုပါ
မိုးပဲရွာရွာ နေပဲပူပူ
ဘာကိုမှ ဂရုစိုက်မနေပါဘူး
ချစ်မြတ်နိုရတဲ့မင်းဟာ Valentine လိုပဲ
မိုး နဲ့ နေ ထဲကတစ်ခုခုကဘယ်လိုပဲဖြစ်ဖြစ်ပါ
မြေကမ္ဘာပေါ်တစ်ခုလုံး အဖြူရောင်တွေနဲ့ဖုံးနေအောင်
နှင်းတွေကျနေပါစေ .. မိုးသီးတွေကြွေနေပါစေ
ကိုတို့ရဲ့နေ့တွေကို မတားဆီးနိုင်သလို
မျက်လှည့်ဆန်ဆန် နက်နဲတဲ့ ကိုတို့ရဲ့ညတွေကိုလဲ ငြင်းဆန်ဝန့်မှာမဟုတ်ပါ ..
့ပျော်ရွှင်နိုင်ပါစေ ...
**AUNG THURA AYE**
Read More...
ဖေဖော်ဝါရီ ၁၄
ဖေဖော်ဝါရီ ၁၄ ရက်တဲ့
အချိန်သံသရာတစ်ပါတ်မှာ
သူထပ်ရောက်လာပြန်ပြီ . . .
မနှင်းဆီရေ
တချိန်က မင်းအပြုံးကို
မြင်ယောင်လား မြင်ယောင်ရဲ့
တမ်းတလား တမ်းတရဲ့
လွမ်းဆွတ်လား လွမ်းဆွတ်ရဲ့
ဒါပေမယ့် သိတဲ့အတိုင်း
အတွင်းလူတွေအကြားရိုင်းစေမဲ့
အိမ်ထောင်ရှင်တစ်ယောက်ရဲ့
တဒင်္ဂ အလွမ်းမှိုင်းတွေပါကွယ် . . .
သူများတကာတွေလို
ဘာချောကလက်
ဘာပန်းစီးမှ မပေးခဲ့ဖူးပေမယ့်
ဘယ်တော့မှ မငြိုငြင်ခဲ့တဲ့ မနှင်းဆီရေ
ကုသိုလ်ကံ မပါလို့မညား
တယောက်နဲ့တယောက်မဆုံနိုင်အားကြပေမယ့်
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
ဗာလင်တိုင်းအလွမ်းဟာ
အခုထိ အရှိန်မသေပဲ
ဖွဲမီးလို
တစတစ အငွေ့ပျံပြီး နေဆဲပဲ . . .
ဘာလိုလိုနဲ့ မနှင်းဆီရေ
ဖေဖော်ဝါရီ ၁၄ ရက်တဲ့
အချိန်သံသရာတစ်ပါတ်မှာ
သူထပ်ရောက်လာပြန်ပြီ . . .
**မာဃလုလင်**
(http://margaluelin.blogspot.com/)
Read More...
Monday, February 13, 2012
အဉ္စလီ
အသီးတစ်ရာ ၀န်းရံစုဖို့
အညှာတစ်ခုရှိခဲ့သည်....။
ငှက်တစ်သောင်းအတွက်ကိုလည်း
သစ်ကောင်းတစ်ပင်
ရှင်သန်လို့ ဖြိုးဖွံ့ခဲ့ပြီ.....။
တလေးတမြတ်ရယ်နဲ့
ပေးဆပ်မှုအရင်းတည်
ပန်းသီတဲ့ ကြိုးပမာ...။
မြေလိုချင်တဲ့ လောဘသားတွေ
ရက်ရက်စက်စက် ခုတ်လှဲခဲ့ပေမယ့်
အထင်ကရ အချစ်မြင်လွှာ
ထာဝရ သစ်ပင်ပမာပေါ့.....။
သမိုင်းမော်ကွန်း
သွေးမျက်ရည်လွှမ်း ဗိုလ်အောင်ဆန်းတဲ့လား......။
လေးစားစွာ ဦးမြှောက်ချီလို့
အဉ္စလီ ကဗျာဦးကို
ဖူးငုံလို့ပျိုး..။။
**Lion Lady**
ဒီကဗျာလေးနဲ့
လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်းဆန်းရဲ့ 97 နှစ်မြောက် မွေးနေ့ကို
ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။
Read More...
Sunday, February 12, 2012
စစ်မှန်တဲ့ ပြည်ထောင်စုနေ့ ဒို့မမေ ၊့ ပင်လုံစိတ်ထား တိုင်းရင်းသား( အောင်ခိုင်မြင့်)
စစ်မရှိရင် အလုပ်လက်မဲ့ ဖြစ်မှာ စိုးရိမ်တဲ့ စစ်ဗိုလ်ချုပ်များက
မှန်ကန်ဖြောင့်မတ်ခြင်း လမ်းကိုမလျှောက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို စိုးကြောက်
တဲ့တဲ့တိုးတဲ့ ပိုးဖလံလို ပြည်တွင်းစစ်မီးတောက်ထဲ မိုက်မိုက်မဲမဲ တိုးဝင်လောင်မြှိုက်နေတယ် ။
ပြည်နှင်ဒဏ်ထိထားတဲ့ အမှန်တရားက ပြည်တည်နေစဲ စိတ်ဒဏ်ရာလို နာကျင်ကိုက်ခဲ
ထောင်ကျနေတဲ့ တိုင်းပြည်ရဲ့ လွတ်လပ်ရေးမဲ့အနေကြပ်မှုက နေကြတ်သလို မှောင်မဲ
စုစည်းမှု ကွဲအက်ကြေမွ သံသယ စစ်မုန်တိုင်းထဲ
နေ့ရက်တွေ နောက်ကျော သေနတ်နဲ့ချိန် ဓားများထိုးနေကြစဲ
ဒို့တိုင်းရင်းသားတွေ ဘ၀ ဒုက္ခသည်လို အပူများ ထုတ်ပိုးပြေးလွှား
မခံချိ မခံသာ စိတ်ရှိလက်ရှိ စိတ်တို ရေရှည် ပေါက်ကွဲ
မေ့မရနိုင်တဲ့ သွေးစွန်းပေစဲ ငြိမ်းချမ်းရေး ခရီး လမ်းကြမ်း
ပင်စင်ယူထားရတဲ့ သစ္စာတရားက အိုမင်းရင့်ရော်
လုံခြုံမှု ကင်းမဲ့စဲ ယိုင်နဲ့နဲ့ ဥပဒေ တွေ မှားသထက်မှား
စိတ်ဓာတ် ပြိုပျက် မှိုတက် စစ်လေယာဉ်လို ပျက်
ထားရာနေ စေရာသွား စစ်နွားများဖိနှိပ်ကာ အိတ်သွန်ဖာမှောက် အကုန် ရောင်းစား
တိုင်းပြည်က စစ်စနစ် အပေါက်ကျွံ စစ်မီးလောင် ပြာကျ
ရင်းနှီး မြှုပ်နှံမှုတွေအပြည့်နဲ့ ဗိုလ်ချုပ်များ အိတ်ကပ် ဖောင်းပွ
သားသမီးတွေအကုန် အမှန်တရားငြိမ်းချမ်းရေးအတွက် သူပုန်များဖြစ်စေတဲ့ ဒို့ပြည်ထောင်စု ။
**အောင်ခိုင်မြင့် **
Read More...
Tuesday, January 10, 2012
အိပ်ပျော်သွားတဲ့ ခြင်္သေ့
ကျူပင်က ကျူသီး သီးမိသော် ကျူပင်သေပေးရအံ့
ဝါးပင်က ၀ါးသီး သီးမိသော် ၀ါးပင်သေပေးရအံ့
ဟမ္မူရာဘီ ကိုဓဥပဒေ သည်
မျက်လုံးတစ်လုံးဆုံးက မျက်လုံးတစ်လုံးပေးလျှော်စေ
သွားတစ်ချောင်း ကျိုးက သွားတစ်ချောင်းအလျော်ရစေ
ခိုးယူမိသော ပန်းတစ်ပွင့် အတွက်
တစ်ပင်လုံး ခုတ်လှဲပေးရမှာလား
စာအိတ်ထောင့်လေးကို မီးရှို့ပြီး
အိတ်ပေါ်မှာတော့
ဘာမှ မရေးလီုက်ဖြစ်ဘူး
မီးခိုးခေါင်းတိုင် ဆေးပြန်သုတ်သူက သုတ်နေကြ
ထပ်ခိုးပေါ်တက်သူက တက်သွားကြ
ခြင်္သေ့တစ်ကောင် တစ်နေ့(19)နာရီလောက် အိပ်တာကို
ကိုရွှေဘုန်းလူ ဆိုသူက
လီလီပန်းရောင်းတဲ့ ဆိုင်ထဲမှာ ပြောနေတယ် ။
ကွယ်လွန်သူကဗျာဆရာ(တာရာမင်းဝေ).
......သို့
သူရနီ
Read More...
Thursday, January 5, 2012
မျက်ကန်းမျိုးချစ်များ ရူးသွပ်စွာ စစ်ကို ချစ်နေကြသေးတယ်...
အနာဂတ်အပြုံးများ မျက်နှာမှာ သော့ခတ်သိမ်းထား
ကစဥ့်ကလျား ဆုံးရှုံးမှုများ နေရာတကာ လမ်းသလား
ဒေါသ သောကမျက်နှာနဲ့ ဘ၀ကို ကူးခတ်
ကျနေတဲ့ စီးပွားရေးလို စိတ်ဓာတ်ကျအောင် ပူးသတ်
အမိုက်ဇာတ်ကို တနှစ်ပတ်လုံး မိုးလင်းပေါက် ဆက်ကကောင်းတုန်း...။
မယုံသင်္ကာစိတ်များ တိမ်မဲလို အုပ်စုဖွဲ့
လေတစ်လုံး မိုးတစ်လုံး အမှောင်ဖုံး ကောင်းကင်
မတည်ငြိမ်မှုများ အချိန်ကိုက် ဆက်တိုက်ဖန်တီးပြီး
မျှော်လင့်ခြင်း အိပ်မက်များ ပေါက်ကွဲ မီးလောင်သွားတယ်...။
မျက်နှာမွဲမြို့ပြများ ၊အမှိုက်ကောက် ကလေးလို ပျောက်ဆုံးမှုတွေ ရှာဖွေချိန်
ယမ်းငွေ့ကြား တောင်တန်းတွေက ပေါ်တာတွေကို ထမ်းပိုးလို့
သူတောင်းစားခွက်ပျောက်သလို ဒုက္ခသည် တဲပျက်
မှောင်နဲ့မဲမဲထဲမှာ သံတမန်များ အဆိပ်ပင်ကို စမ်းသပ်စိုက်ပျိုး
အချိန် နာရီများ ငါတို့ကို တဖြည်းဖြည်း ၀ါးမြိုဖို့ လာနေပြီ...။
ဦးနှောက်က ပြေးဆင်းသွားတဲ့ စကားလုံးများ
ဆုံးရှုံးနေတဲ့ လွတ်လပ်ရေးကို ကြေကွဲကာကြည့်
ဘ၀တိုက်ပွဲမှာ မမျှမတ ဒဏ်ရာရ ဒုက္ခများ
မေတ္တာတရားကို နှလုံးသားမှာ ဘယ်လို ပတ်တီးဆက်စီးထားမလဲ...။
(General Min Aung Hlaing.jpg)
ဖြစ်သင့်တာနဲ့ ဖြစ်နေတာတွေ လမ်းလွဲနေတော့
ကိုယ်တက်မဲ့ ကြိုးစင်ရဲ့ ကြိုးကို ကိုယ်ကိုတိုင် ပြန်ကျစ်နေမိ
ညစ်နွမ်းတဲ့ အကျင့်ပျက်ဟောင်းများကြား အမှန်တရားကို မြေလှန်ရှာလို့
အကောင်းမြင်အတွေးသစ်များ နဲ့အဝေးမှာ ထာဝရ သူပုန်ကြီး ဖြစ်စေတော့
ဗေဒင်ဆရာက တမျိုးဟော ၊ ဆရာဝန်က တမျိုးပြော
အမိမြေနဲ့ ဘလော့ဂါရဲ့ ကျန်းမာရေးများ အလားအလာမကောင်းဘူး
မျက်ကန်းမျိုးချစ်များ ရူးသွပ်စွာ စစ်ကို ချစ်နေကြသေးတယ်.....။
**အောင်ခိုင်မြင့်**
Read More...
Tuesday, January 3, 2012
မင်္ဂလာပါ ၂၀၁၂
2012 ဟာ
မရောက်ခင်တုန်းက
နာမည်ဆိုးနဲ့ကျော်ကြား
ကမ ၻာပ်က္မွာ လား တဲ့
လုပ်စားသွားတဲ့ လူတွေလည်းရှိတယ်--
ခင်ဗျားတို့သတိထားမိလား--
ပြီးခဲ့တဲ့ 2011 မှာ
အိုစမာဘင်လာဒင် သေတယ်
ကဒါဖီ သေတယ်
ကင်ဂျုံအီးလ် သေတယ်
---------------- သေတယ်
---------------- သေတယ်
---------------- သေတယ်
----------------- အနားယူသွားတယ်
---------------- လွတ်မြောက်ရှင်သန်လာတယ်
ကွပ်လပ်တွေကိုတော့
ကျုပ်မပြောရဲသေးလို့
ကိုယ့်ဖာသာ ဖြည့်တွေးပေတော့။ ။
ဒါ့ကြောင့် 2012 မှာ--
ကျုပ်သေချာပြောရဲတယ်
မင်္ဂလာ အပေါင်းနဲ့ပြည့်ဝ
ကမ္ဘာကြီးငြိမ်းချမ်းကြမယ့်နှစ် လို့
ဒီနှစ်တစ်နှစ်လုံး ကျက်သရေမင်္ဂလာနဲ့ဖုန်းနေဘို့
ဘေးဘယာတွေ ဝေးကွာနေစေဘို့
ကျုပ်နှုတ်ဆက်လိုက်ပါတယ်----
``မင်္ဂလာ ပါ 2012 `` ရယ်လို့---
**ကိုစိုးနိုင်**
Read More...
Monday, December 5, 2011
လူလိမ်
ကျွန်တော်နဲ့စတွေ့တော့..
မဂ်လာပါ ..တဲ့.
တွေ့ရတာ ဝမ်းသာပါတယ် ဆို..
တစ်ယောက်လတ် တစ်ယောက်ဆွဲလို့
ဖတ်လဲတကင်း နူတ်ဆတ်ခဲ့...
ကိုယ်ဆီ အကြောင်းတွေ
ရက်ရက်ရောရော ရင်းနှီးကျွမ်းဝင်စေခဲ့...
အပြုံးတွေ လှိုင်လှိုင်ကြီး ပွင့်ဖူးခဲ့...
အနုပိယဘာဏီ တစ်ဝကြီး ပုတ်ခတ်ကြ..
ကိုယ့်ကျူံးထဲ ဝင်လာဖို့..
ကိုယ်သုံးတဲ့စကားတွေ အလကား လေ တွေဖြစ်လို့...
အချိန်တန်ရင် မျတ်နှာဖုံးချွတ်လို့..
နောက်ကျောကို ဓားနဲ့ထိုးဖို့
အသင့်ရှိနေတဲ့ လူ...။
ကျေးဇူးပြုရ်ျ့ ..သင့်ရဲ့ ...
မျတ်နှာဖုံးအောက်က..
အပြုံး စစ်စစ်ကို တွေ့ပါရစေ.
by ချမ်းမင်းကို(ပဥာက်)
Read More...
Friday, December 2, 2011
နိုးစက်
ထလော့--မြန်မာ ---------အိုမြန်မာတို့
အရှေ့ဆီမှာ ရောင်နီလာပြီ
လင်းကြက်တွန်သံ
အုန်းမောင်းသံနှင့်
``ဂလုံး - ဂလွမ်`` လွတ်ကျ
ဒေါ်ဘုမ၏
အာရုံ မတတ်မီ ဆွမ်းချက်မှီဘို့
မပီဝိုးဝါး မီးခွက်အားဖြင့် တိုက်ချသံစဉ်
နဝင်ပီယံ ကျေးငှက်သံတို့
ပျံ့လွင့်လာပြီ-----လာလေပြီတည်း ။ ။
ထလော့ -- မြန်မာ----- အိုမြန်မာတို့
နောက်ပြန်ရေတွက် ခြောက်ဆယ်ထက်ကျော်
အိပ်ပျော်ငိုက်ပြီး ထုံထိုင်းငြီးငို---
တိတ်ဆို အသံပိတ် သမိုင်းရိပ်၏
ထင်မိထင်ရာ ငါတကောကော
မြှောက်ပြော - ဖား - ဖန်
အကြံဥာဏ်နှင့်
ငါ့မြင်း ငါစိုင်း --စစ်ကိုင်းရောက်ရောက်
ငါ့လှေငါထိုး --ပဲခိုးရောက်ရောက်
ကြောက်မက်ဖွယ်ရာ ခရီးနှင်လာခဲ့
အိပ်မက်ဆိုးမှာ--
ထားခဲ့ပါတော့ ---- ထားပါတော့ ။ ။
ထလော့မြန်မာ -- အိုမြန်မာတို့
ပစ္စုပ္ပန်မှာ--
ရင်ကော့ အညောင်းဆန့်
ကိုယ်လက် သန့်ရု
အင်သစ်အားသစ် ခွန်အားသစ်နှင့်
ရှေ့သို့မာန်ပါ ချီတတ်ပါလော့--
တို့ပြည် -- တို့ရွာ -- တို့နေရာ ဋ္ဌ်
ဆန်ရေစပါး ပေါလည်းများ၏
ကောက်ပဲသီးနှံ ပြည့်ဖြိုးလျှံ၏
ရေနံဓါတ်ငွေ့ တူးတိုင်းတွေ့၏
ကျောက်မျက်ရတနာ ရှာတိုင်းပါ၏
သစ်ဝါးရတနာ ပြည့်စုံပါ၏
အပျင်းမဖက် ဥာဏ်မျက်စေ့ဖွင့်
လုံ့လဝင့်ထူ
ပြိုင်တူကြိုးပမ်း
ပန်းတိုင်စခန်းကို
ဦးတည်မှန်းကာ----
လှမ်းကြပါစို့ -လှမ်းပါစို့ ။ ။
အနာဂါတ် မြန်မာနိုင်ငံ၏ တိုးတတ်လာမည့် စီးပွားရေး လူနေမှုအဆင့်အတန်းတို့အတွက် ကှုကဗျာဖြင့်နိုးဆော်ပါသည်---
အားလုံးငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ---------
**ကိုစိုးနိုင်**
Read More...
Sunday, October 30, 2011
ရုန်းရင်းဆန်ခတ်ကမ္ဘာမှာ လက်ထိပ်ခတ်ခံထားရတဲ့ အမိမြေ.....
တစ်ယောက်ထဲသော ဘုရားသခင် ၊ အားလပ်ရက် vacation သွားပြီး
မာန်နတ်ဆိုးများ အလုပ်ကြိုးစား ၊ အချိန်ပို over time ဆင်းနေရော့သလား
တလောကလုံး အုတ်အောသောင်းနင်း
အမိမြေက ရုန်းရင်းဆန်ခတ်
အမှောင်တွေဟာ လက်ထိပ်ခတ်၊ အလင်းငတ်နေကြတယ်....။
ခဏခဏ ကျိုးကျနေသော စိတ်ကူးတံတားများ ၊
ကြာရှည် ခေါင်းမမော့နိုင်တဲ့ မျှော်လင့်ခြင်းများ
ငြင်ငြင်သာသာ ပြုံးပြဖို့တောင် အားမရှိတော့သော အလင်းတန်း နေရောင်ခြည်များ
လက်သီးထိုးချက်ပြင်းတဲ့ ကံကြမ္မာကို ဆက်ပြီးဘယ်သူရွှေခါးပတ် ပေးနေတာလဲ..။
ဦးနှောက်မဲ့ ကျည်ဆံတွေကို စားသုံးနေတဲ့.......စစ်
ရတောင့်ရခဲ ရီသံများကို ပျောက်ဆုံးစေတဲ့.........စစ်
ငိုရှိုက်နေသော မျက်လုံးနဲ့ အမြင်ေ၀၀ါးစေသော...စစ်
အတွေးအခေါ်နဲ့ အသက်ခန္ဒ္ဓာကို ၀ါးမြိုနေတဲ့.......စစ်
ငါတို့အားလုံးရဲ့ရန်သူစစ်စစ်ဟာ.......................စစ်
ခြေပြတ်လက်ပြတ် အမှန်တရားဟာ ဒုက္ခိတလို စစ် ...။
တောင်ကတုံးမှာ ဟန်ဆောင်သစ်ပင်တုတွေက စိမ်းလန်းပြီး
လွှတ်တော်ထဲမှာ သိပ္ပံနည်းကျ ခေါင်းညိတ်တတ်သော ပလပ်စတစ်ပန်းများ မွှေးမြနေ
ဗေဒင်ဆရာနဲ့ နာမည်မမှဲ့ရသေးတဲ့ စိန်ခေါ်နေစဲ အနာဂတ်လမ်း
သောင်တင် ရေမကျ နေ့ရက်များ၊ လွတ်လပ်ခြင်းတရား လုံးပါးပါးနေပြီ။
ထောင်သောင်းမက လွတ်လွတ်လာတဲ့ သူခိုး ဓားမြ ဒုစရိုက်သမားများ လေးစားတဲ့ အစိုးရခေတ်မှာ
ယုံကြည်ချက်တွေကတော့ နံရံထဲမှာ ပိတ်လှောင်
ဝမ်းစာမရှိတဲ့ လယ်သမားတွေ ထမင်းငတ်
ပညာတတ် အလုပ်သမားတွေ အလုပ်လက်မဲ့
မတိုက်မခိုက် မေတ္တာတရား ကြီးမားတဲ့ သူပုန်တွေကို ရရှိထားတာ
အမိမြေဟာ ကံကောင်းတာလား ၊ ကံဆိုးတာလား ????
အစော်ကားခံထားရတဲ့ သစ္စာတရားမှာ
အနှိပ်စက်ခံထားရတဲ့ ငြိမ်းချမ်းရေး လရောင်
ကမ္ဘာမြေရဲ့ မျက်နှာ အညိုအမဲ စွဲနေတာကြာပြီ...။
**အောင်ခိုင်မြင့်**
Read More...
Sunday, October 23, 2011
ခြေရာဖျောက်
အခုချိန်မှာ
သေနတ်တလက်သာ လက်ထဲရခဲ့မယ်ဆို
ကျည်ဆံတွေ အပြည့်ဆောင်လို့
သွားလေရာ နေရာကို သယ်ပိုး…
စိတ်ထဲမှာ
အမြင်မတော် မတည့်တဲ့သူတွေ…
စကားပြောရင် အထာမကျတဲ့သူတွေ…
ပေးထားတဲ့ကတိကို ဖျက်တဲ့သူတွေ…
မလိုသောစကား အပိုဆာဒါးတွေ ထည့်
ချဲ့ကားချင်တဲ့ သူတွေ…
မလိုအပ်ပဲ ညာပြောတဲ့သူတွေ…
လူတယောက်ထဲကနေ နှစ်ကိုယ်ခွဲ သုံးကိုယ်ခွဲ
အဲဒီလို ကိုယ်ခွဲရုပ်ရှင် ရိုက်နေတဲ့သူတွေ…
ခုနေတမျိုး တော်ကြာတမျိုး
စကားတွေကို အချိုလောင်း
ခဏ ခဏ ပြောင်းတတ်တဲ့သူတွေ…
ဘုရားမသိတဲ့သူတွေ...
တရားမရှိတဲ့သူတွေ…
… …
… … …
… … … …
အားလုံး အားလုံးကို
လက်ညှိုးလေးတချောင်း အသာကွေး
သွေးအေးအေးနဲ့ ကိစ္စတုံးအောင်
အဆုံးသာ စီရင်ပစ်လိုက်ချင်တယ်…
ဒါပေမယ့် တကယ့် တကယ်
လက်ထဲကို သေနတ်ရောက်လာတဲ့ အခါ
သေသေချာချာ ချိန်ရွယ်ပြီး ပစ်လိုက်မိတာက
ကိုယ့်ရဲ့ နားထင်တည့်တည့်ကိုသာ ဖြစ်နေတော့တယ်…
*** ဘာကြောင့်လဲလို့ မမေးပါနဲ့… အဖြေမရှိပါဘူး…
လက်ထဲမှာ သေနတ်ရှိတဲ့သူတွေလဲ မကြောက်ကြပါနဲ့.. လာမငှားပါဘူး…
ဝယ်လို့ရတဲ့ နေရာလေးသာ သိရင် လက်တို့လိုက်ကြပါ…
Posted by သက်ဝေ
Read More...
Saturday, October 22, 2011
“သွေးစုပ်ဖုတ်ကောင်”
တူတစ်လက်
သစ်သားစို့ကြီးတစ်ချောင်းနဲ့
သူတို့ကိုအရှာထွက်တယ်။
အမှောင်ထဲမှာ
သေနတ်နဲ့ပစ်ပစ် မီးနဲ့ရှို့ရှို့
မသေနိုင်တဲ့ကောင်တွေဟာ
နေရောင်ခြည်ရဲ့အလင်းကိုတော့ ရင်မဆိုင်ရဲကြဘူး
အုတ်ဂူတွေကြား ခေါင်းတလားတွေမှာ ခိုအောင်းလို့
သူတို့ အသက်ဆက်မယ့် အာဟာရ ဆိုတာ
လူရှင်တွေရဲ့ သွေး တဲ့လား
ဒါဟာ လူမဆန်တဲ့တရား။
(အင်း.. သူတို့ကလည်း လူမှ မဟုတ်တော့ဘဲလေ။)
ကောင်းကင်တခုလုံး ပြာစင်လက်
ပန်းပွင့်တွေနဲ့ ပြည့်နှက်နေစေမတတ်
ရည်မှန်းချက်ကြီးခဲ့တဲ့ ဒီကောင်ဟာ
ဗမ်ပိုင်ယာ စလေယာ* ဂိုဏ်းဖွဲ့
သစ်သားစို့ကြီးနဲ့
သူတို့ နှလုံးသားတည့်တည့်ကိုမှ
ရိုက်သွင်းထည့်ဖို့ ကြုံးဝါးလိုက်တယ်။
သုတေသနတွေလုပ်ရတယ်
အုပ်စု ဆွေးနွေးပွဲတွေမှာ စောင့်ကြည့်တယ်
အနီးကပ်ပေါင်းပြီး အင်တာဗျုးရတယ်
ဗမ်ပိုင်ယာ ဒေးဝေါ့ကာ^
တူမလိုလို ကွဲတဲ့ အမျိုးအစားတို့ အကြောင်း
သူတို့ရဲ့ အားသာချက် အားနည်းချက်
အတိတ်သမိုင်းနဲ့ အနာဂတ်အကြံအစည်တို့ အကြောင်း
အရှင်ကောင်ရဲ့ သွေးနဲ့မှ ရပ်တည်ရမယ့်
ပြဌာန်းထားတဲ့ သတ်မှတ်ချက်တွေ အကြောင်း
သေသူရဲ့ သွေးကို မှားယွင်းသောက်မိသူတို့ရဲ့
ရုပ်ပျက်ဆင်းပျက် ဘေးထွက်ဆိုးကျိုးတွေ အကြောင်း။
သူ့တို့ရဲ့ ဖြတ်သန်းပုံနဲ့ ဇာတ်လမ်းစုံ
မဖြစ်ချင်ဘဲ ဖြစ်လာရတဲ့ တချို့ဘ၀အဖုံဖုံ
သေကွဲ ရှင်ကွဲ လွမ်းစရာ့ပုံပြင် တွေကတော့
ငါ့ရင်ကို ဟက်တက် ထိ စေတယ်
ဘယ်လိုဖြစ်ဖြစ်လေ
သွေးစုပ်တယ်ဆိုတာ
မသတီစရာပါပဲ
ငါက စိတ်ကိုတင်းတယ်
အမှားနဲ့ အမှန်ဆိုတာ
ကမ္ဘာ တခြမ်းစီမှာပဲ နေထိုင်ရမယ်။
တနေ့ အိပ်ရာအထ
နေရောင်ကို မြင်လိုက်ရ
ပိုးကြွယားယံဖျိုးဖျဉ်း
အမှောင်တွင်း ၀င်ပြေးရတယ်
ဘယ်လိုဖြစ်သွားခဲ့သလဲ
ဆာ တယ် ဆာ တယ်
ဘာနဲ့မှ အာသာမပြေတဲ့ ငါ
သွေးညှီနံ့ မှာ ကောက်ကောက်ပါ။
သွေးစုပ်ဖုတ်ကောင်တို့ရဲ့ ဂျန်နရေးရှင်းဟာ
သွေးစုပ်ခံရသူတွေ ကိုယ်တိုင်ပါပဲ.. တဲ့
ဟာ….
သတိအလစ်
လိုက်လျောဖြစ်တဲ့ အနမ်းတစ်ချက်က
ငါ့ကိုဇာတ်သွင်းသွားခဲ့ပုံ...။
**ပန်ဒိုရာ**
Read More...
Monday, October 10, 2011
ခေါင်းချင်းဆိုင်ဖြေရှင်းရမဲ့ အနာဂတ်အမှောင်ညများ
အောက်တန်းကျတဲ့ မတရား ကျည်ဆံများ ခေါင်းငုံ့ရှောင်ရှားရင်း
အရပ်မြင့်မြင့် တောင်တန်းတွေ မျက်နှာငယ်ခဲ့တာ ကြာပြီ...။
ဗိုက်ဆာနေတဲ့ တိုက်တာတွေ ဆင်းရဲကျေးလက်နဲ့အတူ လက်များဆန့်တန်းရင်း
ပြုပြင် ပြောင်းလဲခြင်းကို ရဲရဲရင့်ရင့် တောင်းဆိုနေကြတယ်..။
ခိုခဲ့တဲ့ ဟောင်းအတိတ် တောတွေမှာ
ပြိုလဲမသွားပဲ ပျိုမျစ် သစ်လွင်စဲ ဘ၀အမောများ
အရာရာ ပိတ်ဆို့မှုအောက်မှာ ဘဏ်အကောင့်တွေဖွင့်ထားလဲ
ငွေများက ဖောက်ပြန်ကာ ခြေဦးတည့်ရာ သွားနေခဲ့
စီးပွားရေး ဓားပေါက်လေ့ကျင့်ဖို့
တိုင်းပြည်ကျောပြင်ကို ပစ်ကွင်းလို သဘောထားနေကြတယ်....။
ရှင်းရှင်းလင်းလင်းပေမဲ့ ရှုပ်ရှုပ်ရှက်ရှက် လူမှုရေး ကွန်ယက်မှာ
သက်မဲ့ သတင်းများ ထောင်ဖမ်းရင်း
ခြေချင်းလိမ်နေတဲ့ မြေပြင်ပေါ်က ပိုက်လိုင်းတွေနဲ့
လမ်းဆုံ လမ်းခွမှာ ဧရာဝတီစစ်က မရပ်တန့်
ပစ္စုပ္ပန်မှာ အဆိုးအမှားများ ဂုတ်ခွစီးထားခဲ့
ကွန်ပြူတာ ဆက်သွယ်ရေး ဦးနှောက်များ ဗိုင်းလ်ရပ်စ်ပိုးလို ဖောက်စားခံနေရတယ်..။
ယနေ့ နေသာမယ်လို့် အသံကောင်းဟစ် ခန့်မှန်းပြောကြားပြီး
ညသန်းခေါင်ယံရောက်မှ စိတ်ညစ်စရာ မုန်တိုင်းများ မွှေနှောက်ဝင်ရောက်
သွေးပျက်ဖွယ် လေးနက်တဲ့ အတိတ်နေ့ရက်တွေကို
အရင်လို ပေါ့ပျက်ပျက် ဖက်တွယ်ထားလို့ မရတော့ပြီ..။
အရက်စွဲနေသူ လူကောင်းတစ်ယောက်က လက်တုန်သလို
အရက်သောက်ပြီး နတ်ကတော်များ တစ်ကိုယ်လုံးတုန်တယ်
စစ်တလင်းမှာ ငြိမ်းချမ်းရေး ငတ်မွတ်ဆာလောင်သူတွေ နှလုံးသား ရင်ခုန်မိ
စစ်နဲ့ စီးပွားရေး တိုက်ပွဲကြားမှာ အမျိုးသားရေးစိတ်ဓာတ်တွေ မြစ်ရေလိုခမ်းခြောက်ပြီး
တိုင်းပြည်နဲ့မြို့ပြတွေ ကမ္ဘာ့မြေပုံပေါ်က ပျောက်ဆုံးခဲ့ဘူးတယ်..။
အာဖရိကမှာ အစာရေစာကို မရှက်မကြောက် ငတ်မွတ်ချိန်
အာရပ်ကမ္ဘာက လွတ်လပ်မှုအား အငမ်းမရ ဆာလောင်
အမေရိကမှာ စီးပွားရေးတွေ လွပ်လွပ်လပ်လပ် ထိုးကျဆင်း
ဥရောပမှာ ကြွေမီများနဲ့ ရင်ဆိုင် စစ်ခင်း
အာရှရဲ့ဒေသ လုံခြုံတည်ငြိမ်ရေး အထွေထွေ အကြပ်အတည်းကြား
အမိမြေက ငြိမ်းချမ်းရေး လမ်းစပျောက်ဆုံးတဲ့ စစ်ဒုက္ခတောထဲမှာ...။
ကောင်းကင်ဘုံကို တရွေ့ရွေ့ ရောက်မရောက် မသေချာပေမဲ့
မြေပြင်အောက်ရောက်မှငြိမ်းချမ်းရေး ရတော့မှာလား ??
မရေမရာ ကမ္ဘာ့ရွာမှာ......
အတွေးအခေါ်ဟောင်းများ သဘောင်္လို ကျောက်စူးချထားလို့ မဖြစ်တော့
အကောင်းဆုံး လမ်းကြောင်သစ်းကို မှန်မှန်ကန်ကန် သုံးသပ်ရွေးချယ်ဆုံးဖြတ်ဖို့
ညီညီညွတ်ညွတ် ခေါင်းချင်းဆိုင်ဖြေရှင်းရမဲ့ အနာဂတ်အမှောင်ညများ ကြမ်းတမ်းတယ်။
**အောင်ခိုင်မြင့်**
Read More...
Total Pageviews
Labels
ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)