
ခွက်စုတ်လေးနဲ့ ပက်တာလောက်တော့
ရယ်တာပေါ့..ရယ်တာပေါ့...
ဒီမှာ ပုံးလိုက်လောင်းလိုက်တယ်.."ဗွမ်းးးး"
Monday, April 16, 2012
Saturday, April 14, 2012
Thursday, April 5, 2012
Wednesday, March 28, 2012
ရည်းစားထားရခြင်းရဲ့အကျိုး(မိန်းကလေးများနဲ့ပိုဆိုင်သည်)

(ရည်းစားအများကြီးထားရတဲ့ကောင်းကျိုး ၁) ယောက်ကျားလေးတွေရဲ့အကြောင်းကိုပိုသိလာမယ်...
အခုအချိန်မှာဘာလုပ်လုပ် လုပ်သမျှဟာတစ်ချိန်အတွက်သေချာပေါက် သမိုင်း ဖြစ်သွားမှာပဲ။
အစားအသောက်သာမြည်းစမ်းပြီးဝယ်ကြတာ၊ ဒါတောင်ပြတော့တစ်မျိုး၊ ၀ယ်သွားတော့တစ်မျိုး
အမျိုးမျိုးဖြစ်ကြ၏၊
လူဆိုတာလည်းတဒင်ဂအရာတွေမှာအောင်အီးနိုင်ပေမဲရေရှည်ကြဗီဇကပေါ်တာပဲ။ မယူခင်
ချစ်ကြိုက်စဉ်ခနမှာဟန်ဆောင်နိုင်ကြပေမဲ့ ယူပြီးနေ့တဓူဝတွေ့ရော
ဟန်မဆောင်နိုင်ကြပါဘူး။
စိတ်ကူးယဉ်ဘ၀နဲ့ လက်တွေ့အိမ်ထောင်သည်အ၀ ဟာတခြားစီပါ။
ချစ်သူဘ၀မှာ စားဝတ်နေရေးနဲ့
ဖြည့်ဆည်းမှုအားလုံးဟာမိဘများကိုယ်စီကလုပ်ပေးနေကြတာ
သိပ်အပူအပင်မရှိသေဘူး။ အိမ်ထောင်ကျရော တာဝန်ကိုယ်စီလက်တွေ့ယူကြတဲ့အခါ စား
ဝတ် နေ ရေး လူတန်းစေရပ်တည်နိုင်ရေး ဆွေမျိုးသားရေး
စတာတေကိုတာဝန်မဲ့နေလို့မရကြတော့
ဘူး။ ခနတာဟန်ဆောင်မှုတွေက ၂၄ နာရီနေရရော လေလည်ချင်တာကအစ ရှေ့တင်ဘူ
ဂွမ်နဲ့မထိန်းချုပ်နိုင်တော့ဘူး၊ ချစ်သူဘ၀ ခနမှာအောင့်အီးသမျှ နေ့စဉ်လည်းအတူနေကြရော
ဟန်မဆောင်နိုင်တော့ဘူး။ ချစ်သူဘ၀ချိန်းတွေ့စဉ်က အမွေးအကြိုင်လိမ်းလာ မိတ်ကပ်လိမ်းလာ
အင်ကျီအသစ်ဝတ်လာတော့အားလုံးကမွေးကြိုင်ကျော့မော့နေတာပေါ့။ အိမ်ထောင်သည်လည်း
ဖြစ်ရော ချက်ပြုတ်တဲ့ကြက်သွန်နီနံ့ ဟင်းနံ့ ချွေးနံ ဆံပင်ဖါးလျားနဲ့
ထမီစွန်တောင်စွဲပြီး ခလေး
ချီးသေး လုပ်ပေးကြရတဲ့အခါ အရင်ဟန်ဆောင်တဒင်က အနံ့ အရောင် အစင်းအားလုံး ရေရှည်
မဟုတ်ပါလားဆိုတာဖြစ်လာကြတယ်။ အချစ်ဆိုတာပေါ်ယံမွန်းတင်တာနဲ့ အရောင်၊အနံ့၊နုပျိုမှု
အဆင်းတွေမပါ လက်တွေဘ၀မှာလက်ခံနားလည်နိုင်ပြီးအမြဲစာနာစွာနဲ့တွယ်တာနေသင့်တဲ့သံ
ယောဇဉ်တစ်မျိုးလို့ထင်ပါတယ်။
ပွင့်ဝေနေချိန်လေးမှာလည်းတပ်မက်စွာငေး
ကျွေချိန်လေးမှာလည်းထွေးပွေ့သိမ်းထားပြီး
နွမ်းလျချောက်သွေ့တဲ့အချိန်မှာလည်းမွေးကြည့်လို့အနံ့ပြယ်မသွားတဲ့ခရေလေးလို
အချစ်မျိုးလို့ ခံယူထားနိုင်ရင်အကောင်းဆုံးပါ။
On 3/27/12, ရန်ကင်းသား
ရည်းစားအများကြီးထားရတဲ့ကောင်းကျိုး
( ၁) ယောက်ကျားလေးတွေရဲ့အကြောင်းကိုပိုသိလာမယ်…
(အဲဒီထဲမှာမှ ကိုယ်လက်မခံနိုင်တဲ့အကျင့်တွေ
ကိုယ်လက်ခံနိုင်တဲ့အကျင့်တွေသိနိုင်မယ်)
( ၂) ဘယ်သူက ကိုယ့်ဘဝကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်တဲ့သူလဲဆိုတာ သိလာနိုင်တယ်
(ပြောရရင်ကိုယ့်ဘဝကို ပြည့်ပြည့်စုံစုံဖန်တီးပေးနိုင်တဲ့သူကိုရွေးနိုင်မယ်)
(၃) ကိုယ့်မိဘအသိုင်းအဝိုင်းကလက်ခံနိုင်တဲ့သူကိုအကြိုက်ရွေးနိုင်တယ်…
(ဒါမှ နောင်တစ်ချိန်မိဘကို ပြန်ကြည့်နိုင်မဲ့သူမျိုးဖြစ်မယ်)
(၄) ဘယ်သူက ကိုယ့်အပေါ်ဘယ်လောက်အနစ်နာခံချစ်သလဲ သေချာသိနိုင်မယ်..
(ကိုယ်က နဲနဲဆိုးတတ်ရင် အဲလိုလူမျိုးမှဖြစ်မှာ)
(၅) အဓိက အချက်ကတော့ ကိုယ်က ဘယ်သူ့အပေါ်အချစ်ဆုံးလဲဆိုတာသိနိုင်မယ်….
(ကိုယ်ချစ်တဲ့သူနဲ့ဆို တူနှစ်ကိုယ်တဲအိုပျက်မှာ နေပီး ထမင်းရည်
လျက်နိုင်တယ်ဆိုတဲ့ စကားရှိတယ်မို့လား)
**ရည်းစားအများကြီးထားရတဲ့ဆိုးကျိုး**
၁) ရည်းစားများတဲ့သူဆိုပြီး အထင်သေးခံရမယ်
၂) သူ့ဘက်မိဘအသိုင်းအဝိုင်းက ငြိုငြင်တာခံရမယ်
(၃) ဘဝတစ်လျှောက်လုံးသူ့အတွက်နိုင်ကွက်ဖြစ်သွားမယ်
(၄)ယောက်ကျားလေးတွေရဲ့ ပညာပေးခြင်းခံရမယ်
( ၅)အဓိကကတော့ ကိုယ်တကယ်ချစ်တဲ့သူကို ဆုံးရှုံးဖို့အရမ်းနီးစပ်သွားမယ်…။
*တစ်ယောက်တည်းပဲ ချစ်ချင်တဲ့ကောင်းကျိုး*
(၁) ရည်းစားမများတဲ့နာမည်ကောင်းရလိမ့်မယ်..
(၂) မိဘတော်တော်များများက သဘောကျတာခံရမယ်..
(၃) ယောက်ျားလေးအတော်များများရဲ့အထင်ကြီးတာခံရမယ်
(၄) ကိုယ်တစ်ကယ်ချစ်တဲ့သူရဲပ တန်ဖိုးထားတာ ခံရမယ်..
(၅) အဓိကကတော့ ကိုယ့်ချစ်သူအတွက် ဖြူစင်တဲ့ ဇနီးကောင်း လင်ကောင်း
ဖြစ်လာလိမ့်မယ်…
*တစ်ယောက်တည်းပဲချစ်ချင်တဲ့ဆိုးကျိုး*
( ၁) ကိုယ်ချစ်သူရဲ့လှည့်စားတာကို မကြာခဏ ခံရတတ်တယ်…။
(၂) ကိုယ့်ပတ်ဝန်းကျင်မှာသူ့ထက်တော်တာတွေကို လက်လွှတ်သွားရတတ်တယ်။
(၃) သူက ဘယ်လောက်ပဲ အကျင့်ဆိုးတွေရှိရှိ သူ့တစ်ယောက်ပဲချစ်တာဆိုတော့
အမြဲတမ်းခွင့်လွှတ်ပေးရမယ်….။
(၄) ကိုယ့်ထက်သာတာတွေ့ရရင် ကိုယ့်ကိုထားခဲ့လိမ့်မယ် အဲဒီအခါကျရင် အရမ်းကြေကွဲ
ဝမ်းနည်းရလိမ့်မယ်..
(၅)အဓိကကတော့ ကိုယ့်ရဲ့ရိုးသားမှုကိုအသုံးချပြီးသူလှည့်စားသမျှခံရလိမ့်မယ်…။
ရွှေမြန်မာဥယျာဉ်ဆိုက်မှ
wanglin(yinyinhla)
**htayhtay kyaw**
**ရန်ကင်းသား**
Thursday, February 9, 2012
သြ၀ါဒထူး

1. ဘာသာစရိုက်ကိုယ့် စိတ်ကြိုက်သို့  လိုလိုက်စေရာဆယ့် သုးံဖြာကား မေတ္တာနှံ့ မွန်း ဆွေခင်ပွန်းကို ဖြောင့် တန်းတည့် မတ် နှလုးံမြတ် ဆွတ်လွတ်ကြင်နာ ကိုယ့် လိုပါ၏.။
2. မိတ္ဆမျက်ပြယ်ရန်သူဝယ်ကား ဥပါ ယ်တံမျဉ် သင့် ရာယှဉ်က စိတ်ယဉ်သာယာ ကိုယ့် လိုပါ၏..။
3. ဥစ္စာဖြီးထူး လိုသသူကို ကြည် ဖြူမြတ်လေး ဝေငှပေးက မနှေးလွယ်ကာ ကိုယ့် လိုပါ၏..။
4. အာဏပြင်းပြ ပိုင်စိုးရမူ ကိစ္စဥသုံ မူခင်းလုံအောင် စေ့ စုံ ကျယ်နှံ့ လုပ်ဆောင်ဝံ့ က နူး ညံ့ ချိုသာ ကိုယ့် လိုပါ၏..။
5. မြတ်ရာပုဏ္ထး ရဟန်းအားမူ ပြစ်မှားမရှိ ရိုသေဘိက ဖြန့် ချိမေတ္တာ ကိုယ့် လိုပါ၏..။
6. ဆရာကိုကား ၀တ်ငါးပါးဖြင့်  ကြိမ်များဖန်လဲ ရိုညွတ်မြဲက ပယ်လွဲမခွာ ကိုယ့် လိုပါ၏..။
7. မေတ္တာရွှန်းစို မယားကိုမူ စိတ်လိုအသင့်  ချစ်ပန်းပွင့် က နွှဲ့ ဖင့် မကြာ ကိုယ့် လိုပါ၏..။
8. မိစ္ဆာလွှမ်းကား သူမိုက်အားမူ စကားသာကြည် အလည်တ၀ိုက် အလိုလိုက်က စိတ်ကြိုက်ရာရာ ကိုယ့် လိုပါ၏..။
9. ပညာရှိများ သူမြတ်အားမူ ခစားမြတ်လေး ပညာပေးက အရေးလျှင်စွာ ကိုယ့် လိုပါ၏..။
10. ရသာလိုမူ စားကြူးသူကို ယူ၍ကျွေးမွေး စားဖွယ်ပေးက မနှေးလွန်စွာ ကို်ယ့် လိုပါ၏..။
11. ၀ါစာဖရုသ် ကြမ်းကြုတ်ခတ်ထန် မျက်မာန်ဖြီုးထူ ကြီးသသူကို ငြူစူမဆို အလိုလိုက်မူ ချီးမွမ်း ပြုကာ ရုးံစုညီညာ ကိုယ့် လိုပါ၏..။
12. ဆွေညာမျိုးပြားသူတို့ အားမူစီးပွားဝေငှ နူတ်လက်မ၍ လုံလကြီးထူ ကျေးဇူးပြုက လှူ လှူ မကြာ ကိုယ့် လိုပါ၏..။
13. လေးဖြာမျိုးပြား သူတို့ အားမူ ကြီုးစားနေရ မေတ္တာဝေက အုပ်ထွေ ပုံရာ ကိုယ့် လိုပါ၏..။
14. မှာစာဤနှင့် ညီအောင်ကျင့်  ..........။
ဆရာစိန္တကျော်သူ ဦးသြ ၏ ကဗျာလေးကိုကြိုက်လိုရေးသားဖော်ပြလိုက်ရပါတယ်ခင်ဗျာ.။
ဒီကဗျာလေးကဆိုရင်ဖြင့်  နည်းပညာတက္ကသိုလ် ပထမနှစ်မှာသင်ကြားရပါတယ်.။
တစ်ခြားတက္ကသိုလ်တွေမှာဆိုရင်တော့ ဒုတိယနှစ်လောက်မှာသင်ကြားရပါတယ်.။
အခုလိုမိုးရေးပြလိုက်တာဆိုတာကလည်း တခို့ တခို့ သောလူတော်တော်များများက မိမိကိုယ်ကို မိမိ ဟုတ်လှချည်းတတ်လှချည်းနေကြတာကိုကျတော်တွေ့ မြင်ရပါတယ်.။
ဒါကြောင့် ဘယ်သူတွေ ဘယ်လိုမိုးစိတ်ညစ်နေပါစေ ဒီကဗျာလေး အတိုင်းအစမ်းလုပ်ကြည့် စေချင်ပါတယ်။
တကယ်လို့ ဒီကဗျာလေးအတိုင်းလုပ်ခဲ့ လို ကိုယ့် ဘ၀တိုးတက်လာခဲ့ တယ်ဆို၇င်တောင် ကျတော် ပြန်လည်းရေးပြရတာပီတိဖြစ်မိပါတယ်.။
စာဖတ်ပရိသတ်ကြီးအခုလိုမိုးတန်ဖိုးကြီးတဲ့ အချိန်တွေကို ငဲ့ ညာပြီးတော့ စာဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်မိပါတယ်ခင်ဗျာ.။
ရိုးသားသောသူကို ...ငါသည်ချစ်ခင်လှပါ၏...။
ငါချစ်သောငါ ..ဖြစ်ပါရစေ...။
မရိုးသားသောသူကို...ငါသည်ရွံ့ မုန်းလှပါ၏...။
ငါမုန်းသောငါ ...မဖြစ်ရပါစေနှင့် ...။
...........................ကိုဇင်ရော်မာလာပုလဲ..........
Monday, January 2, 2012
နှစ်သစ်မင်္ဂလာ

ဆည်းဆာနေက လှပပေမယ့် တိုတောင်းလွန်းတယ်။
ဖြစ်ပျက်ခဲ့တဲ့ အပျော်၊ အပျက်၊ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊ ဒေါသတွေ ဘယ်လောက်များခဲ့လည်း အတိတ်မှာ ကျန်ရစ်ခဲ့ပြီ။
၂ဝ၁၁ခုနှစ်ဟာ သန်းခေါင်ယံမှာပဲ အတိတ်အဖြစ် ကူးပြောင်းတော့မယ်။
၂ဝ၁၂ခုနှစ်ဟာ သန်းခေါင်ယံမှာပဲ အသစ်အဖြစ်နဲ့ စတင်တော့မယ်။
အဲဒီလို ကူးပြောင်းကာလမှာ ဝမ်းမနည်းပါနဲ့၊ နောင်တ မရပါနဲ့....
အပြုံးနဲ့ ဘဝကို လက်တွေ့ကျကျ ရင်ဆိုင်နိုင်အောင် ကြိုးစားပါ။
အဟန့်အတား၊ အနှောက်အယှက်တွေနဲ့ ရင်ဆိုင်ရချိန် ငိုဖူးခဲ့၊ ဒေါသထွက်ဖူးခဲ့လည်း သတ္တိရှိရှိ ပြန်ထရပ်ဖို့ မမေ့ပါနဲ့။
ဘယ်သူက တစ်သက်လုံး သင့်ကို လမ်းညွှန်ဆုံးမနိုင်မှာလဲ?
အမှားနဲ့ရင်ဆိုင်ကြုံတွေ့ချိန် ရှောင်မပြေးပါနဲ့၊ မလွှဲချပါနဲ့ သတ္တိရှိရှိ လက်ခံလိုက်ပါ။
အကြောင်းက သင့်ကိုယ်သင် သင်တာဝန်ယူရမှာမို့ပါ။
ဘဝမှာ ဘယ်လောက်ပဲ မောပန်းနေပါစေ၊ အလုပ်များနေပါစေ
သင့်ဘေးမှာ အဖော်ပြုနေသူတွေကို ကျေးဇူးတင်ကြောင်းပြောပါ။
နောက်ကျောကို ဓားနဲ့ထိုးသူတွေ၊ မဟုတ်မမှန် သတင်းလွှင့်သူတွေ သူတို့လမ်း သူတို့သွားပါစေ....
အရေးမပါတဲ့ ကိစ္စတွေအတွက် အာရုံစားခံပြီး နားလည်ဖို့မကြိုးစားပါနဲ့၊ မဖြေရှင်းပါနဲ့.. ကိုယ့်အတွက် အကျိုးမရှိလို့ပါ။
ထက်မြက်သူတွေက ကိုယ့်အတွက် အကျိုးရှိတဲ့အရာတွေကိုပဲ ရွေးချယ်တယ်။
ကိုယ့်အတွက် အကျိုးမရှိတဲ့အရာတွေ စိတ်ထဲတောင် အဝင်မခံဘူး။
စဉ်းစားဆုံးဖြတ်ပြီး နားထောင်သင့်တာကို နားထောင်တယ်။
၂ဝ၁၂ ခုနှစ်ကစ အားလုံးထက်မြက်သူတွေ ဖြစ်ကြပါစေ....
၂ဝ၁၂ ခုနှစ်ကစ ပျော်ပျော်ရွှင်ရွှင်နဲ့ တိမ်ညိုတိမ်မည်းတွေဖယ်ရှားပြီး ကြည်လင်တဲ့ ကိုယ်ပိုင်ကောင်းကင်ကို လူတိုင်းဖန်ဆင်းနိုင်ပါစေ....
စာလာဖတ်သူများအားလုံး နှစ်သစ်မှာ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာခြင်းတွေနဲ့ ပြည့်စုံပါစေ...
ခင်မင်လေးစားလျှက်
**နိုင်းနိုင်းစနေ**
*Don't worry. Be Happy ,*
**From-Moe Moe**.
Friday, December 9, 2011
အပျိုစင်တို့ သိ့သင့်သမျှ

အားလုံးပဲ မင်္ဂလာပါရှင်.....အဲလေ..ဗျာ...ကျွန်တော်မိုးယံ အမျိုးမှန်လေးဟာ..... အလုပ်များ ချင်ယောင်ဆောင်ပြီး ဟော့ဒီဘလော့ဂ်လေး ကိုပစ်ထားတာအတော်အတန် ကြာသွားပါတယ် ခင်ည...အလည်အပတ်ပျက်ကွက်ပြီး စာဖတ်ပျက်ခဲ့သော ကျွန်တော်မိုးယံမှ မိတ်ဆွေ အပေါင်းအသင်းများအားလုံးကို လေးလေးစားစား တောင်းပန်ပါတယ်ခင်ဗျ...အခုတစ်လောမှာတော့.. ဘလော့ဂ်တစ်ခွင် ပြဲပြဲစင်..အဲလေ...တက်တက်စင်အောင် မွှေဖတ်ဖို့ အားခဲထားပါသဗျ....(ဘလော့ဂ် မိတ်ဆွေတွေကို လွမ်းလှသဗျာ...) အခုတော့...မေးလ်တွေ စစ်နေရင်း ဖော်ဝပ်မေးတစ်စောင်ကို ကလစ်မိရာမှ...နှမငယ်တို့ အတွက်စဉ်းစား ဆင်ခြင်နိုင် စရာလေးတစ်ခု တွေ့မိလို့.. မဖတ်ရသေးတဲ့ နှမငယ်တို့ အတွက်...စေတနာ ရှေ့ထား ဝေမျှလိုက်ရပါသဗျားးးးးးးးး
( ဘယ်နေရာမှာ တွေ့တာလဲ)
အရွယ်ရောက်လာတာနဲ့ ချစ်သူတွေ့မယ်၊ ချစ်မယ်၊ ညားမယ်၊ ငယ်နုစဉ်မှာ တွေ့ရ ကြုံရ ရင်ဆိုင်ရမှာဟာ ဘ၀တသက်
တာအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်ဆိုတာ မမေ့လေနဲ့။
သေချာတာကတော့ ကိုယ်တွေ့ရမယ့် ချစ်သူဟာ ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ကပဲ ဖြစ်ပါမယ်။ ဈေးထဲမှာ ဈေး
ရောင်းနေသူဟာ ဆိုင်နားနီးချင်း ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သူတွေ့ရမယ့် သူဟာ ဈေးဝယ်လာတဲ့သူ ဖြစ်မှာပေါ့၊ အရပ်ထဲ
မှာ အိမ်မှာပဲနေသူဟာလည်း အရပ်ထဲက အချင်းချင်းပဲ တွေ့ကြမှာပေါ့၊ ဆေးတက္ကသိုလ်တက်နေ တော့လဲ ဆေး
တက္ကသိုလ် တက်နေသူချင်း တွေ့ပြီး ဒေါက်တာ မောင်..........နှင့် ဒေါက်တာ မ.........တို့၏ မင်္ဂလာဧည့်ခံပွဲ ဆိုတာ
မျိုး ဖြစ်တာပေါ့။
ကိုယ်ကျင်လည်ထိတွေ့နေတဲ့ ဝန်းကျင်နဲ့ ကင်းကွာတဲ့ ဖူးစာဖက်ဆိုတာကတော့ နဖူးစာ ရွာလည်လို့ တွေ့ဆုံပုံ ထူးမှ
ရကြတာပါ။ ခရီးထွက်ရင်း တွေ့တာမျိုး၊ ပွဲလမ်းသဘင်မှာ ဆုံတာမျိုး၊ ပခုံးချင်းတိုက်မိလို့ ညားတာမျိုး၊ ရှိတော့ ရှိတယ်
ရှားတယ်ဆိုတဲ့ ဖြစ်ရပ်မျိုးတွေပေါ့။ စဉ်းစားကြည့်ပါ ဆံဖြူ သွားကြွေ၊ ပါးရေ နားရေ တွန့်သော်မှ မြေးမြစ်တွေ ထိန်း
ရင်း ပြုံးပျော်နိုင်ကြဖို့ အတွက် ရွေးရမယ့်လက်တွဲဖော်ကို ဘယ်လိုနေရာက ရှာမှာလဲ၊ ကိုယ့်ဘဝလက်တွဲဖော်ရှာမယ့်
နေရာဟာ ဘယ်လိုအသိဉာဏ်နှင့် ဘယ်လိုလူတွေ လာမယ့်နေရာလဲ၊ နေရာတွေကို ပထမ စဉ်းစားကြည့်ပါ။
စားသောက်ဆိုင်မှာလား
ကာရာအိုကေမှာလား
ကွန်ပျူတာ သင်တန်းမှာလား
စီမံခန့်ခွဲမှု၊ စီးပွားရေး သင်တန်းမှာလား
ရုံးမှာလား
ပွဲရုံမှာလား
စတိုးဆိုင်မှာလား
ကိုယ့်အရပ်ထဲကပဲလား
ဟိုတယ်မှာလား
ကုမ္ပဏီမှာလား
ချစ်သူတွေ့ဖို့အခြေအနေဆိုတာ ကိုယ်ကျင်လည်နေတဲ့ ဝန်းကျင်ကပဲ ဖန်တီးပေးတာပါ။ ဒါကြောင့် ကိုယ့်ဘဝလက်
တွဲဖော်တွေ့နိုင်မယ့် နေရာဟာ အများဆုံးဖြစ်နိုင်ခြေရှိတာက ကိုယ်ကျင်လည်နေရတဲ့ ဝန်းကျင်ပါပဲ။
ကိုယ်ကျင်လည်ရတဲ့ ဝန်းကျင်က တွေ့ရမယ့် ကိုယ့်ဘဝ လက်တွဲဖော်ကို မတွေ့ဆုံခင်မှာ ကြိုစဉ်းစားပါ။ တသက်တာ
လက်ခံမြတ်နိုးမယ့်သူ ဖြစ်ပါ့မလားဆိုတာ၊ ချစ်ပြီးမှဆို ခွဲကြဖို့ ခက်ပါတယ်။ မသင့်လို့ ခွဲမယ် ဆိုဦးတော့ အပျိုစင်ရဲ့
ဂုဏ်သိက္ခာဟာအတိုင်းအတာတခုထိကျဆင်းသွားပါပြီ။ ဒါကြောင့် ငွေမရှိဦးတော့ ဂုဏ်သိက္ခာရှိမယ့် အမျိုးသားမျိုး တွေ့နိုင်ဖို့
ခက်ခဲတဲ့ဝန်းကျင်မှာများ ကိုယ်ကရောက်နေပြီ ဆိုရင်တော့ ကိုယ့်နောင်ရေးအတွက် ရင်လေးစရာကောင်းတဲ့ ဝန်းကျင်ကနေ
အမြန်ဆုံး ရုန်းထွက်ပါ။ ခဏ ဝင်နားတာပါ၊ ဝင်ငွေကောင်းလို့ အရက်ဆိုင်ပေါက် ဈေးရောင်းတာပါ ဆိုပေမယ့် အဲဒီ
ခဏအတွင်းမှာ တဘဝလုံးအဲဒီနေရာမှာ မြဲသွားဖို့ အကြောင်းဖန်လာနိုင်တယ်လေ။
ဒါကြောင့် ကိုယ်ကျင်လည်ရတဲ့ ဝန်းကျင်ကို ပထမဆုံး သတိထားပါ။ကိုယ်ကျင်လည်ရတဲ့ ၀န်းကျင်မှာ တွေ့ရမယ့်သူ
ဟာ ဘ၀တသက်တာ လက်တွဲဖို့ မသင့်ဘူးလို့ ယူဆရင် သတိနှင့် နေပါ။ သံယောဇဉ်ဖြစ်ပြီးမှ အဖြတ်ရခက်ပါတယ်။
ခုလိုပြောတဲ့အတွက် ၀န်းကျင် ကောင်းရင် လူကောင်းနဲ့ တွေ့မယ်။ ၀န်းကျင်မကောင်းရင် လူကောင်းနှင့် မတွေ့နိုင်ဘူး
ဆိုတာက ရာနှုန်းပြည့် မှန်တဲ့ ကောက်ချက်တော့ မဟုတ်ပါဘူး။ အလွန့်အလွန်နည်းတဲ့ ရာနှုန်းလေးလောက်တော့ မလို
လားစရာ ၀န်းကျင်မှာ လူကောင်းရှိနိုင်သလို သန့်စင်တဲ့ ၀န်းကျင်မှာလည်း မလိုလားစရာ လူကို တွေ့နိုင်ပါတယ်။ ဒီလို
အဖြစ်တွေကိုတော့ ဥပုသ်စောင့်တဲ့ ကျား-ရှာရသလို ဆွမ်းဆန်ထဲ ရောတဲ့ ကြွက်ချေးတွေ့ရသလို-လို့ ခိုင်းနှိုင်းရမလိုပါပဲ။
ကောင်းတဲ့ဝန်ကျင်ကို ရွေးချယ်ပါ။ ရပ်တည်ပါ ဆိုတာကတော့ အများဆုံး ဖြစ်နိုင်ချေရှိတဲ့ လူကောင်းများ စုဝေးရာမို့
အကြံပြုရတာပါ။
ဝန်းကျင်ရွေးပြီးရင် ကိုယ့်ရဲ့အနေအထားကို သတိပြုရပါမယ်။ မိန်းကလေး အတော်များများက ကိုယ့်ထက်သာတာ၊
ကိုယ့်ထက်မြင့်တာ၊ ဆိုတဲ့ စကားလုံးထက် လေးစားတဲ့၊ အထင်ကြီးတဲ့ စိတ်အပေါ် အခြေခံပြီး ချစ်သူရှာကြတာ များ
ပါတယ်။ ဒီနေရာမှာ တချက်စဉ်းစားပါ။ ယောက်ျားလေးကလည်း ကိုယ့်လိုပဲ အထင်ကြီးမှု လေးစားမှု တစုံတရာအ
ပေါ်မှာအခြေခံပြီး ချစ်သူရှာမယ်ဆိုတဲ့ အချက်ပါပဲ။ ငွေဘယ်လောက် ချမ်းသာနေပါစေ၊ အကျင့်စာရိတ္တ မကောင်းဘူး
လို့နာမည်ပျက်နေရင် ဘယ်ယောက်ျားလေးကမှ ဘ၀တသက်စာ လက်တွဲဖို့အတွက် စိတ်ဝင်စားမယ် မဟုတ်ပါဘူး။
ဒီတော့-
ပတ်ဝန်းကျင်ကောင်းကို ရောက်နေတယ် ဆိုရင်၊ ရွေးချယ်ထားတယ်ဆိုရင် ကိုယ့်ရဲ့ ကိုယ်ကျင့်တရား၊ သိက္ခာကိုပါ လေး
စားခြင်း ခံရအောင် အနေအထိုင် ထိန်းသိမ်းရပါလိမ့်မယ်။ ကြွက်ပုံပြင်လိုပေါ့၊ ကြွက်မလေး ဘယ်လောက် ချောချော၊
ဘယ်လောက်ပဲ အမြင့်ကို မှန်းမှန်း နောက်ဆုံးတော့ ကြွက် ကြွက်ချင်း ညားတာပါပဲ။ စဉ်းစားကြည့်ဖို့ပါ။ တွေးကြဖို့ပါ။
ကိုယ့်ဘ၀ရဲ့ တသက်တာ လက်တွဲဖော်ဆိုတာ ခဏလေးဆိုတဲ့ အချိန်အတွင်း မသေမချင်း ပေါင်းသင်းနေထိုင်ရမယ်ဆို
တဲ့ သတိနဲ့ ချစ်ရေး ဆိုခံရတာနဲ့ စဉ်းစားပါ။ အလေးထားပါ၊ ဘယ်နေရာမှာ တွေ့တာလဲ။
အဲဒီနေရာမှာ ကိုယ့်ဘ၀ကို စောင့်ရှောက်မယ့်သူ အားကိုးရမယ့်သူ တွေ့နိုင်ပါ့မလားဆိုတာ တွေ့ဆုံရတဲ့ ၀န်းကျင်ဟာ
ချစ်သူရွေးတဲ့ဆီမှာ ထည့်သွင်း စဉ်းစားရမယ့် အချက်တချက်ပါ။
( ကံချွန် )
*
*--
*Don't worry. Be Happy ,*
**Moe Moe**.
Saturday, November 26, 2011
အားလုံးအတွက် စိတ်ခွန်အားဖြစ်စေမယ်စာတွေလို့ ထင်ပါတယ်။ ဖတ်ကြည့်ကြပါနော်။

အားလုံးပဲ မင်္ဂလာပါနော်။ဖတ်ထားဖူးတဲ့စာအုပ်လေးတွေထဲက ကောင်းနိုးရာရာလေးတွေကို
မှတ်သားထားတာပါ။ မှော်ဆရာရဲ့ အဖွဲ့ဝင်တွေလည်းဖတ်ကြည့်ပြီးရင် စိတ်ဓါတ်ခွန်အားတွေ
ရလာမယ်လို့မျှော်လင့်ပါတယ်။ ကောင်းသည် ဆိုးသည်ကို ဝေဖန်ပေးစေလိုပါတယ်။
၁။ “ ချစ်တယ် ” ဆိုတဲ့စကားကို ပြောလိုက်စဉ်မှာ ပြောသူရော အပြောခံရသူပါ
မမြင်ရတဲ့ စွမ်းအင်တစ်ခုကြောင့် တုန်လှုပ်သွားနိုင်ပါတယ်။
အဘယ့်ကြောင့်ဆိုသော် ………..
ချစ်ခြင်းမေတ္တာတွင် ကြီးမားလှသည့် စွမ်းအင်ရှိသောကြောင့် ဖြစ်ပါသည်။
၂။ ဖြစ်နိုင်သမျှသော ရွှင်လန်းတတ်ကြွဖွယ် စကားလုံးများဖြင့် သင့်ကိုယ်တိုင်ချိတ်တွယ်ထားပါ။
မိမိ၏ပါးစပ်ကဖြစ်ဖြစ် သူတစ်ပါ၏ပါးစပ်ကဖြစ်ဖြစ် ထွက်လာသော စိတ်ဓါတ်ကျစရာ မှတ်ချက်
စကား၏ ဖမ်းမိသွားမည်ကို ငြင်းပယ်ကွင်းရှောင်ပါ။
ပျင်းရိနွယ်လျဖွယ် ဆွေးနွေးပြောဆိုခြင်းများတွင် မပါဝင်ပါနှင့်။
မည်သည့်အချိန်နေရာတွင်မဆို ထိုင်းမှိုင်း၍ အပျက်သဘောဆောင်မှုက သင့်အားချိတ်တွယ်ရန်
ကြိုးစားတိုင်း ငြင်းဆန်ဖယ်ရှားပါ………..။
၃။ ရေမရှိသောနေရာသည် ခြောက်သွေ့နေသကဲ့သို့…….
ငွေမရှိသောလူမှာလည်း ဘ၀ခြောက်သွားနိုင်ပါသည်……..။
၎။ သင့်ဘ၀ပျော်ရွှင်မှုတစ်ခု ရချင်တယ်ဆိုရင်တော့
သင့်ဆီက တစ်ခုခုကို ပြန်ပေးဖို့ ၀န်မလေးပါနှင့်……..။
၅။ မေတ္တာစစ် မေတ္တာမှန်သည် အိုမင်းခြင်းမရှိ……..။
၆။ သာမန်မီးထက် လောဘမီးက ပိုမိုတောက်လောင်လွယ်တယ်…..
သာမန်မီးထက် ဒေါသမီး သောကမီး ကပိုမိုတောက်လောင်ကျွမ်းလွယ်ပါသည်။
မီးတကာ့မီးတွင်……မစ္ဆရိယမီးသည် ကြောက်စရာ အကောင်းဆုံးဖြစ်သည်………။
၇။ “ အနာဂတ် ” ဆိုသည်မှာ ရုပ်ပုံဖေါ်ပြီးသား အရာတစ်ခုမဟုတ်ပါ…….။
၈။ တစ်ယောက်တည်းလျှောက်မှ ရမည့်တံတားပေါ်မှာ နှစ်ယောက်တွဲလျှောက်မိလို့
တံတားကျိုးကျတာမျိုးရှိသလို နှစ်ယောက်တွဲလျှောက်မှရမယ့်နေရာမျိုးမှာ
တစ်ယောက်တည်းလျှောက်မိလို့ ပြုတ်ကျတာမျိုးလည်း ရှိပါတယ်။
၉။ သင်အောင်မြင်နေချိန်မှာ ထိုအောင်မြင်မှုကို ဘယ်လိုရအောင်ကြိုးစားခဲ့ရတယ်ဆိုတာ
အမြဲသတိရနေပါ……..။
၁၀။ မလုပ်ခင်က မဖြစ်မှာစိုးရိမ်နေသူ……….
မအောင်မြင်မှာကို ကြောက်ရွံ့တတ်သူ….
ဇွဲလုံ့လ မရှိသူ……
ဝီရိယ မထားသူ………
တစ်ခုတည်းကို ဇောက်ချပြီး မလုပ်သူ
ရည်ရွယ်ချက် မကြီးမားသူတို့မှာ “ အောင်မြင်မှု ပန်းတိုင် ” ကိုဘယ်သောအခါမှရောက်နိုင်မည်
မဟုတ်ပေ…………။
၁၁။ မိနစ်ပိုင်းအတွင်းမှာ ငွေတစ်ထောင်ကို ကုန်အောင်သုံးသောအလုပ်ကို လူတိုင်းလုပ်နိုင်ကြပြီး
မိနစ်ပိုင်းအတွင်းမှာ ငွေတစ်ကျပ်ကိုရအောင်လုပ်ပါဆိုလျှင်သာ လူတိုင်းမလုပ်နိုင်ခြင်းဖြစ်သည်။
၁၂။ အခွင့်အရေးရပါလျက် တွေဝေနှောင့်နှေးနေသူဟာ ဘယ်တော့မှကြီးပွားချမ်းသာဖို့
လမ်းစမြင်ရမှာ မဟုတ်ဘူး……….။
၁၃။ တစ်သတ်လုံး လက်တွဲသွားရမယ့်အဖေါ်ဟာ အကျင့်စာရိတ္တပါပဲ။
၁၄။ ကတိမတည်သူကို ပေါင်းသင်းဆက်ဆံရသည်မှာ မြွေပွေးကိုချော့မော့ပေါင်းရသည်နှင့်တူ၏။
ရေရှည်မဆက်ဆံသင့်ပေ။
၁၅။ မိမိစိတ်ကြည်လင်နေသောအခါ လောကကြီး၌ မြင်သမျှအရာအားလုံး လှပနေတတ်ပြီး
မိမိစိတ် မကြည်လင်သောအခါ မိုးမှောင်ကျနေသကဲ့သို့ မြင်ရတတ်ပါတယ်
“ စိတ်ပြတင်းပေါက်ကို သန့်ရှင်းအောင်ထားပါ ”
၁၆။ “ မဖြစ်နိုင် ” ဟူသောစကားသည် ငါ၏ အဘိဓါန်တွင်မရှိ…..
ထိုစကားသည် လူဖျင်းလူညံ့တို့၏ လက်သုံးအဘိဓါန်ဖြစ်သည်။
၁၇။ အခြားသူများ လုပ်နိုင်သောအရာများကို ကိုယ်ကမလုပ်နိုင်သေးဘူးဆိုရင်
သင်ဟာအောင်မြင်မှုလမ်းကြောင်းပေါ်ကို မရောက်နိုင်သေးဘူးဆိုတာ သိနိုင်ပါတယ်။
၁၈။ မျက်လုံးဖြင့်ရှာဖွေသော အချစ်ထက်….စိတ်ဖြင့်ရှာဖွေသော အချစ်က
ပိုမိုခိုင်မြဲမှု ရှိလေသည်။
၁၉။ ဒုက္ခထဲတွင် ပြုံးနိုင်သူ ၊ စိတ်ညစ်မှုမှ အင်အားကို ထုတ်ယူစုစည်းနိုင်သူ ၊
ပြန်လည်ဆင်ခြင်ခြင်းမှ ရဲစွမ်းသတ္တိရှိလာသူ….. ဤသို့သောသူကို ချစ်ခင်ပါ၏။
၂၀။ ရေလှိုင်းဂယက်တွေ လှိုင်းတွေမရှိတဲ့ ရေမျက်နှာပြင်ဟာ သာယာမှု လှပမှုရှိသလို
ပျော်ရွှင်မှုဆိုတာကလည်း ကြည်လင်သန့်ရှင်းတဲ့ စိတ်တစ်ခုမှာပဲ တည်ရှိနိုင်ပါတယ်။
၂၁။ လူဖြစ်ရသော ဒုက္ခသည် ကြီး၏။ လူဖြစ်မှ သေရတော့မည်ကို သိသောအခါ ဒုက္ခသည်
ပို၍ကြီးလာလေသည်။
၂၂။ မိမိချစ်သူနှင့် ကွေကွင်းရခြင်းဟာ သေခြင်းထက်ပင် ပို၍ဆိုးလေသည်။
၂၃။ ယောက်ျားများက လူ့ဘ၀ကို စောစောသိကြ၍……..
မိန်းကလေးများကတော့ နောက်မှသိကြသည်…………..။
၂၄။ လူတစ်ယောက်မှာ ပညာလည်းရှိ၏။ အကျင့်လည်းရှိ၏။အကျင့်လည်းရှိ၏။ သို့ပါလျက်….
လောကမှာ ဆင်းရဲပင်ပန်း၍ နေရ၏။ အဘယ်သို့သောအကြောင်းကြောင့် ဤကဲ့သို့ဖြစ်ပါ
သနည်းဟု မေးဖွယ်ရာ ရှိပေလိမ့်မည်။ အများအားဖြင့် ထိုမေးခွန်းကို “ ကံအကြောင်းတရား ”
ဟူသောစကားနှင့် ဖြေကြားပေလိမ့်မည်။
၂၅။ အစားကိုမက်မောခြင်း……။အသောက်ကိုမက်မောခြင်း……။အကောင်းကိုတွေ့မရှောင်ကြိုက်
ခြင်း…….။အပျော်အပါးလိုက်စားခြင်း…..တို့သည် စီးပွားလမ်း ကြီးပွားလမ်းကို အမှန်ပိတ်ပင်
သော အကျင့်များဖြစ်၏။
၂၆။ အောင်မြင်ကြီးပွားလာပြီဆိုရင်…..သင့်ဘေးနားမှာ သာပေါင်းညာစားတွေရော…….
ရန်သူတွေပါ…….ရောက်လာလိမ့်မယ်။ ဒါပေမယ့် အောင်မြင်ကြီးပွားအောင်ပဲ ကြိုးစားပါ။
၂၇။ ပစ္စည်းနှစ်ခုကြားထဲမှာ တန်းဖိုး ရှိဖို့ လိုအပ်တယ်။
လူနှစ်ယောက်ကြားထဲမှာ မေတ္တာတရား ရှိဖို့လိုအပ်ပါတယ်။
၂၈။ သူများခိုင်းမှလုပ်တာ “ ကျွန် ”
သခင် ဖြစ်ချင်ရင် ကိုယ့်ကိုကိုယ် “ ခိုင်း ”
၂၉။ ပတ်ဝန်းကျင်တွင် သင့်ကိုဆန့်ကျင်နေသူများနေလျှင်လည်း စိတ်မပျက်ပါနှင့်။
သင့်စိတ်ကိုဆန့်ကျင်နေသူများတွင် မိမိခန္ဒာကိုယ်ပင်ရှေ့ဆုံးက ပါနေတတ်ပါတယ်။
ထိုအရာကိုသတိပြုမိလျှင် အခြားအရာများကို ဥပေက္ခာ ပြုလာနိုင်ပေလိမ့်မည်……….။
၃၀။ “ ကြီးပွားခြင်း ” ၏အစသည် မိမိကိုယ်ကို သိခြင်းဖြစ်သည်။
မိမိကိုယ်ကို သိခြင်းဆိုသည်မှာ မိမိ၏အစွမ်းသတ္တိကို ရှိကြောင်းကိုသိခြင်းပင် ဖြစ်သည်။
**မဟူရာခင်**
Monday, October 31, 2011
နံရံပေါ်မှ အဆိုအမိန့်များ

၁။ အစားထိုးမရတဲ့ ဆုံးရှုံးမှု နှစ်ခုက အချိန် နဲ့ မိဘ ပါဘဲ ။
၂။ လူတစ်ယောက်ရဲ့တန်ဘိုးဆိုတာ အလုပ်လုပ်ခြင်းဘဲ။
၃။ အခက်ခဲဆိုတာငြီးတွားဘို့မဟုတ် -ကျော်လွှားရန်ဖြစ်သည်။
၎။ ဆင်ခြေပေးတဲ့ပါးစပ် ထမင်းငတ်တတ်တယ်။
၅။ ဂုဏ်သိက္ခာပါသော အောင်မြင်မှုသာမြတ်နိုးပါ။
၆။ မနာလိုမဖြစ်နဲ့- လုပ်တတ်သူကနေရာရမှာဘဲ။
၇။ ကြောက်တတ်တယ်ဆိုတာ မခိုင်လုံလို့။ မေ့တတ်တယ်ဆိုတာ မလေးစားလို့။
၈။ ကောင်းကင်ကိုမော့ကြည့်ပါ--- ဒါပေမယ့် မြေကြီးနဲ့ ခြေထောက်မလွတ်စေနဲ့၊။
၉။ နှေးတာအရေးမကြီးဘူး ၊ရပ်မနေဘို့လိုတယ်။
၁၀။ မလုပ်တတ်ကြောင်းများများပြောလေ- မလုပ်တတ်လေ။
၁၁။ အကျင့်စာရိတ္တဆိုတာ လူတစ်ယောက်ရဲ့ကံကြမ္မာ။
၁၂။ လူ့ဘုံဆိုတာ လုံ့လဝီရိယဘုံပါ။
၁၃။ ဘဝတိုင်းကိုဖျက်ဆီးနေတာ မာနတရားပါ။
၁၄။ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေနဲ့။
၁၅။ ကိုယ့်အကြောင်းကိုယ်ကြည့် ၊ကိုယ့်ဘဝကိုယ်သိ ၊ လဲရင်ပြန်ထ ဒါဘဝ။
၁၆။ ကြိုးစားနေခြင်းကိုဘဝလို့ယုံကြည်ပါ။
၁၇။ ဘဝကြိုးဝိုင်းထဲမှာ ဒုက္ခဆိုတဲ့ရန်သူကို ဇွဲနဘဲဖြင့် အလဲထိုးအနိုင်ယူပါ။
၁၈။ လုပ်ချင်တာထက် လုပ်သင့်တာကိုဦးစားပေးပါ။
၁၉။ ရောဂါပြင်းလျှင်ဆေးရှိသည် - လူပျင်းလျှင်ဆေးမရှိ။
၂၀။ အချိန်ဖြုန်းခြင်းဟာ ဥစ္စာဓနဖြုန်းခြင်းတစ်မျိုးဘဲ။
၂၁။ အပြောနဲ့မလုပ်ဘဲ ၊အလုပ်နဲ့ပြောပါ။
(လူသားအားလုံး ကျမ္မာရွှင်လန်းနိုင်ကြပါစေ)
** soe naing**
Thursday, October 27, 2011
ဒေါသနည်းအောင် လုပ်နည်း

လူတိုင်း စိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက
တတ်နိုင်သလောက် ကြိုတင် ကာကွယ်တဲ့ နည်းပါပဲ။
• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊
ကပ်ပြီးမှပြောရင် ပြင်ဆင်ချိန် မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို
တတ်တယ်။
• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ
ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။
• ကတိအကြွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို
လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်း ရဲ ရတယ်၊
စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။
• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။
ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။
• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်
အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ
အရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို
အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့
သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။
• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင်
အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။
အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့
လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင်
အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့
တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ
သက်သာပါတယ်။
• ကိုယ်နေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်
သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်
နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။
• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်
တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ
စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊
စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို
မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့
စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို
မြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး
ဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့
မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။
ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊
ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။
ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။
• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင် လုပ်ပါ။
• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက
အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ
ကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့
မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။
• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်
မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို
မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်
ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။
အဲဒါနဲ့ပဲကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို
သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ
အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ
မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ် ။
• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။
မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကို
ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင်
ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။
ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ
ကိုယ့်အခက်အခဲကိုနာလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို
သေသေချာချာစဉ်းစားပါ။
• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။
အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။
မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် “အရင်လိုရင်
အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ
လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။
• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။
ကိုယ့်ကိုသဘောကျအောင် ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊
ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။
ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့
ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး
တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း
ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့ အလုပ်မညီတာ တွေများ လာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ ယုံတော့မှာ မဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။
ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။
• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ငြင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ငြင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ
တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ
အရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။
မေးတိုင်းလည်းမဖြေသင့်ဘူး။
• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်
စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။
နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။
• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။
ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။
ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။
ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်း
စိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို လုနေရတဲ့အခါမျိုးမှာ သေမင်းနဲ့
ရင်ဆိုင်တိုက်ပွဲလို ဖြစ်နေတဲ့အခါမှာ တော်တော်ပင်ပန်းပါတယ်။ လူနာက
အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ
ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း
စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော်
သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့ မလွယ်တော့ဘူး။
• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။
လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက
အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊
စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ
နှလုံးသွင်းပါ။လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။
သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊
ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ
တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက်
ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။
သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့
ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။
သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုယ်ချင်းစာပါတယ် ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကိုတစ်ယောက်ကူညီပြီး နေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့
တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ
အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။
**ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)**
**From- YuShweYiTun**
Wednesday, October 19, 2011
ပညာရှင်တို့အဆိုအမိန့်များ

ပြစ်မရှိ ပြစ်ရှာ
လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာတိုက်နဲ။
ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။
( မန်လည်ဆရာတော် )
-------------------------------------------------
ကောင်းတဲ့အသိုင်းအ၀ိုင်းမှာနေချင်ရင်
ကောင်းတဲ့အသိုင်းအ၀ိုင်း ဖြစ် လာအောင်ကိုယ့်ဘက်ကတတ်နိုင် သလောက်ကြိုးစားရမယ်။
အားလုံးကောင်းဘို့ အားလုံးမှာတာဝန်ရှိပါတယ်။
(ဆရာတော် ဦးဇောတိက)
-------------------------------------------------
'သားမြေးတို့တွက် ကြိုးစားစို့ '
•ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊
•ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့်နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
•အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊
•သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊
•ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှတော် ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊
( မင်းသုဝဏ် )
---
သင်သိတာရဲ့ ဟိုဘက်ကို မရောက်ချင်ပါနဲ့...သင်ထက်သိတဲ့သူတွေရယ်မောခြင်း ခံရလိမ့်မယ်။
**လွမ်းနေသူ** (Google of Group)
Sunday, October 9, 2011
**မြန်မာပြည်သား ဘလော့ဂ် ---၃ နှစ်ပြည့်ဆုမွန်**

မိမိတို့ မြန်မာပြည်သားဘလော့ဂ်သည် “အဖိနှိပ်ခံ မြန်မာပြည်သားများအတွက် ရည်ရွယ်လျက် ” ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ကာ ဘလော့ဂ်တင်ဆက်ခဲ့ခြင်းဖြစ်သည်။ ဤနေ့သည် ထူးခြားတိုက်ဆိုင်စွာပင် အဖိနှိပ်ခံတို့၏ သူရဲကောင်းတစ်ဦးဖြစ်သော “ရဲခေါင်ပြောက်ကျားချေဂွေဗားရား” ကျဆုံးခဲ့ရသော နေ့တစ်နေလည်း ဖြစ်နေပေသည်။ မည်သို့ပင်ဖြစ်စေကာမှု “ ခွန်အားမျှဝေ - တို့တတွေသည် - မလွဲမသွေ - ပြည်သူတွေအတွက်” ဆိုသော လက်ကိုင်ဆောင်ပုဒ်ဖြင့် မြန်မာပြည်သားများအချင်းချင်း အပြန်အလှန်မျှဝေခြင်းဖြင့် မိမိတို့ ယုံကြည်ရာ ဒီမိုကရေစီ ပန်းတိုင်သို့ မရောက်ရောက်အောင် ချီတက်သွားကြမည်ဖြစ်သည်။
ဤဘလော့ဂ်တင်ဆက်မှု ၃ နှစ်တာ ကာလအတွင်း နေ့စဉ် ပို့(စ်)တင်ရာတွင် “အမြဲလန်း” နေစေရန် အီးမေး(လ်)မှတဆင့် ကောင်းနိုးရာရာများကို ပို့ဝေပေးသော ဦးဦးမှော်ဆရာ အဖွဲ့၊ အခြား အီးမေး(လ်) ပို့ပေးသူများ၊ ကလောင်ရှင်များ၊ ဖတ်ရှုအားပေးသူများနှင့် အဖက်ဖက်မှ အထောက်အကူပြုခဲ့သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း အမှတ်တရ ရေးသားလိုက်ရပေသည်။
----တစ်ယောက်၊ တစ်လက်၊ တစ်အား ဆိုတာ သွက်လက်တဲ့မြား၊ ထက်မြက်တဲ့ ဓား….ဖြစ်ပါတယ် ညီအကိုမောင်နှမတို့………………..။
ပင်ပန်းသရွေ့အစဉ်ချမ်းမြေ့ကြပါစေ…..
မြန်မာပြည်သားဘလော့ဂ်
Sunday, August 28, 2011
ချစ်သူရာထူးမှ နုတ်ထွက်ခြင်း (ရုံးစာဖြင့်)
သို့ /
အကြောင်းအရာ။..........။ ချစ်သူရာထူးမှ နုတ်ထွက်ခြင်း
ကျွန်တော်မျိုး တာဝန်ထမ်းဆောင်သည့် တစ်နှစ်တာ ကာလအတွင်း သခင်အပါး အမြဲခစား
လေ့လာသင်ယူခဲ့၏။ အမိန့်တော် နာခံခဲ့၏။ သခင့်အလို အမြဲဖြည့်ဆည်းခဲ့၏။
နေကောင်းကျန်းမာပါသလားဟု အမြဲ မေးမြန်းလျှောက်တင်ခဲ့ရ၏။
တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အချစ်ခံရသူအဖြစ် သခင်ခံစားစေရန်
ကျွန်တော်မျိုးမှာ စောင့်စားခြင်း၊ ကြိုပို့ခြင်း၊ အဖော်လုပ်ခြင်း စသည်
အလုပ်များကို လုပ်ခဲ့သည့်အပြင် သခင်ဝယ်သမျှ အသပြာလိုက်လံ ပေးဆပ်ခဲ့ရ၏။
သခင်စိတ်တော် မညိုးနွမ်းအောင် မကြာခဏ လက်ဆောင်ပဏ္ဍာ ဆက်သရ၏။
ချစ်သူဟူသော တာဝန်ကို ထမ်းဆောင်စဉ် စိတ်နှလုံးကြီးမြတ်ရ၏။
နွေးနွေးထွေးထွေး ဆက်ဆံရ၏။ ဂရုတစိုက် ယုယရ၏။ တစ်ခြားအမျိုးသားများနှင့်
သခင်စကားလက်ဆုံကျလျှင် (သို့) သူတို့ကိုတော်ကြောင်း၊ တတ်ကြောင်း
သခင်ချီးကျူးလျှင် မနာလို ဝန်တိုစိတ်မရှိရ။
တာဝန်ထမ်းဆောင်နေစဉ် အမှားလုပ်ခဲ့မိလျှင်သော် လည်းကောင်း၊ သခင်နှင့်
အငြင်းပွားမိလျှင်သော် လည်းကောင်း ကျွန်တော်မျိုးအား အလုပ်ထုတ်ရန်
သခင်အမိန့်ချ ဆုံးဖြတ်ခဲ့သော်လည်း နောင်နောက် ၄င်းအမှားမျိုး
မလုပ်မိအောင် ကျွန်တော်မျိုး ဆင်ခြင်ပါ့မည်ဟု ဝန်ခံဂတိပေးပြီး ဤတာဝန်ကို
ဆက်လက်ထမ်းဆောင်ခဲ့၏။
တစ်နှစ်သာကာလအထိ ဤတာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်အောင်
အခွင့်အရေးပေးခဲ့သော သခင်အား ကျေးဇူးတင်လှပါသည်။
သို့သော် ဤတာဝန်သည် ကျွန်တော်မျိုးနှင့် မအပ်စပ်လှသောကြောင့်
ကျွန်တော်မျိုးအား သူငယ်ချင်းအဆင့်သို့ လျှော့ချပေးပါရန်
တောင်းဆိုလျှောက်တင်ပါသည်။
သူငယ်ချင်းများနှင့် ရယ်ရယ်မောမော သခင်ပျော်ပါး၏။ မကြာခဏ သူတို့နှင့်
သခင် တွေ့ဆုံစားသောက်၏။ ထိုသူငယ်ချင်းများကို ကျွန်တော်မျိုး အားကျပါသည်။
သူငယ်ချင်း တာဝန်မှာ သခင့်အပါး အမြဲခစားစရာ မလို။ ယခုဖုန်းဆက်
ယခုအပါးတော် ရောက်စရာမလို။ ကြိုပို့စရာ မလို။ ငွေရှင်းစရာ မလို။
လက်ဆောင်ပဏ္ဍာ ဆက်သရန် မလို။ သခင် မျက်ကွယ်ပြုမှု ခံစရာမလို။ နေခြည်ပမာ
ကြည်လင်သော သခင့်အပြုံးကို သူတို့ အမြဲ ဖူးမြင်ရ၏။ ချိုသာသော
သခင့်စကားကို သူတို့နားဆင်ရ၏။
သို့သော် ချစ်သူတာဝန်ကို ထမ်းဆောင်ထားရသော ကျွန်တော်မျိုး၏ တာဝန်မှာ
တစ်နေ့တစ်ခြား ကြီးလေးလာသည့်အပြင် ကောင်းမွန်သော ဆက်ဆံမှုမျိုး မရရှိခဲ့၊
ထိုကဲ့သို့ ချစ်ခင်နှစ်လိုသော စကားများ မကြားခဲ့ရ၊ သူငယ်ချင်းထက်ပိုသော
ဂရုစိုက်မှုမျိုး မခံစားခဲ့ရ၊ လက်ဆောင်ပဏ္ဍာ ပေးသနားခြင်းလည်း
မရှိခဲ့၊........ ၊ ......
ထို့ကြောင့် ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့
လျှော့ချပေးပါရန် အနူးအညွှတ် တောင်းဆိုအပ်ပါသည်။
လေးစားစွာဖြင့်
သခင့်အပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့သော
ဝန်ထမ်းတစ်ဦး
**ကိုတင့်**
Wednesday, August 17, 2011
ဥပေက္ခာ ထားတယ်ဆိုတာ
ဥပေက္ခာ- ဆိုတဲ့ ပါဠိစာလုံးကို မြန်မာပြန်တော့ လျစ်လျူရှုခြင်းတဲ့. ဘာကို ဘယ်လိုလျစ်လျူ ရှုရမှာလဲ ဆိုတာ မရှင်းပါဘူး၊ လျစ်လျူရှု-ဆိုတဲ့ မြန်မာစကားကို မြန်မာတစ်ယောက်ဖြစ်တဲ့ မိမိကိုယ်တိုင် နားမလည်ဘူး၊
မြန်မာ့လူ့ဘောင်ရဲ့ နေ့စဉ်သုံးစကားမှာလဲ ဥပေက္ခာပြုထားလိုက်ပါ..ဆိုတဲ့ စကားကို အသုံးပြုကြတယ်၊ တစ်ယောက်ယောက်ကို မပြောချင် မဆိုချင် မကြည့်ချင်တော့တဲ့အခါမှာ ဥပေက္ခာဆိုတဲ့ စကားလုံးကို အသုံးပြုကြတယ်။
အရေးအကြောင်းပေါ်လာလို့ မဖြေရှင်းချင်တဲ့အခါ မဖြေရှင်းနိုင်တဲ့အခါမှာလဲ ဥပေက္ခာပြုထားလိုက်ပါကွာ-တဲ့။
ဒါဆိုရင် မိဘတွေရဲ့ သားသမီးပေါ်ထားတဲ့ ဥပေက္ခာဆိုတာ… မပြောချင် မဆိုချင်တော့လို ပစ်ထားလိုက်တဲ့ သဘောလား၊ သားသမီးတွေ ကိုယ်တိုင်က ကိုယ့်လမ်းကိုယ်လျှောက်နိုင်တာကို ယုံကြည်လို့ ယုံကြည်မှုပေးအပ်ခြင်းလား..
စာပေမှာပြောတဲ့ ဥပေက္ခာရဲ့ သဘောထားကတော့ လေးနက်တယ်၊ ဈာန်အဆင့်လို့ သတ်မှတ်တယ်။ ဈာန်အဆင့်မှာတောင် ပဉ္စမဈာန်အဆင့် ပါတဲ့။ ဥပေက္ခာဆိုတာကို အဘိဓမ္မာသဘောအရ တရားကိုယ်ကောက်ရင် တတြမဇ္ဈတ္တတာ စေတသိက်ကို ကောက်ရတယ်၊ တရားသုံးခုတို့ရဲ့အလယ်မှာ ဖြစ်နေတဲ့ သဘောလို့ ဆိုရမယ်၊
ဘယ်တရားသုံးမျိုးလဲဆိုတော့ မေတ္တာ ကရုဏာ မုဒိတာ တရားသုံးမျိုးပေါ်မှာ ဘယ်ဖက်မှ အစွန်းမထွက်ဘဲ ထားနိုင်တဲ့သဘောကို ဥပေက္ခာလို့ ဆိုတယ်။
မေတ္တာ ကရုဏာ မုဒိတာ တရားသုံးခုအပေါ်မှာ ညီညီမျှမျှ ထားနိုင်မှ ဥပေက္ခာလို့ ခေါ်နိုင်မယ်၊တကယ့်ကို အဆင့်မြင့်တဲ့ စိတ်ပါ၊ လူဆိုတာ တစ်ခုခုပေါ်မှာ အစွန်းလေးတော့ ထွက်နေတတ်တယ်၊ ဒါဟာ လူ့သဘာဝ၊
မလွယ်ကူတဲ့ အဆင့်မြင့်စိတ်ဓာတ်မို့ ဥပေက္ခာဆိုတာ အဆင့်မြင့်ဆုံး ဈာန်စိတ်မှ ဖြစ်ခွင့်ရတာ မဟုတ်လား။
တစ်ယောက်ယောက်ကို ရက်ရက်စက်စက် စွန့်ခွာထားခဲ့တာဟာ ဥပေက္ခာ မဟုတ်ဘူး၊ ပြဿနာတစ်ခုကို မဖြေရှင်းဘဲ အေးအေးဆေးဆေး နေလိုက်တာ ဥပေက္ခာမဟုတ်ဘူး၊ (တာဝန်ယူလိုတဲ့စိတ်နဲ့ ဥပေက္ခာသဘောတရား နှစ်ခုရဲ့ ခြားနားချက်ကို သတိထားသင့်လှတယ်။)
ဥပေက္ခာဆိုတာ မတရားလုပ်တာကို လက်မခံသလို မသိလို့ ဖြစ်သွားတာပါ ဆိုတဲ့ သဘောတရားကိုလဲ မညွှန်းဆိုဘူး၊ အရာရာပေါက်ကွဲနေတဲ့ သဘောတရားကိုလဲ လက်မခံဘူး၊ မြင့်မြတ်တဲ့ အဆင့်မြင့်တဲ့ မေတ္တာ၊ ဒုက္ခရောက်နေသူကိုမြင်ရင် တကယ့်ကို နှလုံးသားနဲ့ရင်းပြီး ခံစားကူညီပေးတတ်တဲ့ ကရုဏာ၊သဘောထားကြီးကြီးနဲ့ နားလည်ခံစားပေးတတ်တဲ့ မုဒိတာ၊ ဒီတရားသုံးခုရဲ့အပေါ်မှာ ညီညီမျှမျှ စိတ်ထားနိုင်မှ အကောင်းဆုံး ဥပေက္ခာပြုခြင်းလို့ ဆိုရပါမယ်၊
ဥပေက္ခာနှလုံးသားဖြင့် လောကအတွက် မိမိအတွက် စနစ်တကျ အသုံးပြုနိုင်ပါစေ…ဟု။ ။
http://www.yawcommunity.com/2010/02/blog-post_19.html
**Aung Kyaw Moe**
__._,_.___
Tuesday, August 16, 2011
လူ့ဘ၀လိုက်နာဖွယ်
၁။အသိတရားပေါ်မူတည်ပြီး လူ့ဘ၀အနိမ့်အမြင့်ဖြစ်လာတယ်။
၂။ရိုးသားမှု့သည် တန်ဖိုးကြီး၍ ရှားပါးသော အရာဖြစ်တယ်။
၃။လူတစ်ယောက်ရဲ့ အမြင့်ဆုံးတန်ဖိုးသည် ယုံကြည်စိတ်ချရမှု့ဖြစ်တယ်။
၎။ဂုဏ်သိက္ခာကိုတန်ဖိုးထားတဲ့သူဟာ ကိုယ်ပြောတဲ့စကားကိုတန်ဖိုးထားတယ်။
၅။အပြစ်ရှိ၍ လိပ်ပြာမသန့်ခြင်းဟာ စွပ်စွဲမည့်သူမလို။
၆။စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်တာဟာ အသက်ကြီးတာငယ်တာနှင့်မဆိုင်။
၇။လိုချင်သောအရာတစ်ခုကိုရဖို့အတွက် ထိုက်တန်သောရင်းနှီးမှု့တစ်ခုတော့ ပေးဆပ်ရမယ်။
၈။အခတ်အခဲဆိုတာ မရှိခဲ့ရင် အရည်အချင်းဆိုတာ ထုတ်ဖေါ်ခွင့်ရှိမှာမဟုတ်။
၉။ဒုက္ခဆိုတာ နောင်တစ်ချိန်မှာ ဟာသဖြစ်သွားမှာပါ။
၁၀။လောကမှာတက်သိသူများပြီး သိတက်တဲ့သူရှားတယ်။
၁၁။တစ်ခါမကောင်းမိတာနဲ့ အခါတစ်ရာကောင်းခဲ့တာကို မမေ့ပါနဲ။
၁၂။နေရာတကာ ခွင့်လွတ်ခြင်းသည် လူမိုက်မှားကို မြေတောင်မြှောက်ပေးခြင်းနဲ့တူသည်။
၁၃။သည်းခံတက်သူရဲ့ ဒေါသကို သတိထားပါ။
၁၄။ပေးဆပ်ခြင်းတွေသိပ်များလျှင် ပေါက်ကွဲမှုတွေ ပြင်းထန်တက်တယ်။
၁၅။ကမ္ဘာမှာ စိတ်မချမ်းမြေ့ဆုံးက ပညာမဲ့ခြင်းပဲ။
၁၆။ကမ္ဘာမှာ အကျည်းတန်ဆုံးက တခြားလူရဲ့ဘ၀ကိုမနာလိုခြင်းပဲ။
၁၇။ကမ္ဘာမှာ ၀မ်းနည်းစရာအကောင်းဆုံးက မုသားစကားပြောဆိုချင်းပဲ။
၁၈။ကမ္ဘာမှာ အလှဆုံးတ၇ားက အရာရာကိုမေတ္တာတရားထားခြင်းပဲ။
၁၉။ကမ္ဘာမှာ အဖိုးအတန်ဆုံးက သူတစ်ပါးကိုအကျိုးဆောင်ပြီး တုန့်ပြန်ကျေးဇူး မတောင်းဆိုခြင်းပဲ။
(ဆရာတစ်ဦးရဲ့ ဆုံးမစာကို
ပြန်လည်ဝေငှပါသည်။)
**mg vanna**
Monday, August 15, 2011
မပျင်းပါနှင့်
*အချင်းလူပျင်း သင်ဘယ်အချိန်အိပ်ရာက ထမှာလဲ။
ခဏကလေးဆိုပြီး ဆက်အိပ်နေတယ် မဟုတ်လား။
ခဏကလေးဆိုပြီး ဆက်ငိုက်နေတယ် မဟုတ်လား။
ဘယ်သူမဆို ကိုယ်တိုင်အားထုတ်ရင် အားလုံးကို ရနိုင်တယ်။
ဘယ်သူမဆို ကိုယ်စိတ်သန့် စင်မှုကို ကိုယ်တိုင်အားထုတ် ယူရမယ်။
ကောင်းတဲ့အတွေး၊ ကောင်းတဲ့စကား၊ ကောင်းတဲ့အလုပ်တွေနဲ့ 
အားထုတ်ရမှာပေါ့။ သင်ပျင်းနေလို့ တော့ ရနိုင်မှာမဟုတ်ဘူး။
*သင်ဟာ လူအားလုံးနဲ့ မိတ်ဆွေအဖြစ် ပေါင်းသင်းရမယ်။
သင့်မိတ်ဆွေတွေကို ကောင်းရာလုပ်ဖို့ လည်း တိုက်တွန်းရမယ်။
ဒါဟာ...သင့်သဘာဝစိတ်ကြောင့်ဖြစ်ဖို့ တော့ လိုတယ်။
ဒါဟာ...သင့်အသိပညာကြောင့်ဖြစ်ဖို့ လည်း လိုတာပါပဲ။
ချစ်ခင်ကြင်နာမှုလုပ်ရပ်တွေဟာ ပညတ်တော်တွေလိုပဲ တန်ဖိုးရှိတယ်။
ဒါဟာ...သင့်ပင်ကိုယ်စရိုက်ဖြစ်ခဲ့မယ်ဆိုရင်...
ဒါဟာ...သင့်ဘာသာတရားဖြစ်တယ်လို့  ဆိုရပေလိမ့်မယ်။
ဒါဆို သင်ပျော်ရွှင်မှုကို ရပြီပေါ့။
*ဘာသာတရားမှာ အခြေခံကြောင်းရင်း လေးရပ်ရှိတယ်။
ပထမက သင့်မြတ်လျော်ကန်တဲ့နေရာမှာ၊
ရက်ရက်ရောရော လှူဒါန်းတာ ဖြစ်ပါတယ်။
ဒုတိယက တရားဖြောင့်မတ်မှန်ကန်တာပဲပေါ့။
တတိယက လူတိုင်းကို မိတ်ဆွေရင်းချာ ဆက်ဆံတာဖြစ်ပါတယ်။
စတုတက သဘောထားဖြူစင်တာ ဖြောင့်မှန်တာဖြစ်တယ်။
အမှန်တရားက အမှားအပေါ်မှာ အောင်ပွဲခံနိုင်တယ်။
မကောင်းမှုကို ဝေးဝေးရှောင်သင့်ပါတယ်။
သင်...လူကောင်းတစ်ယောက်ဖြစ်လိုပါသလား။
ဒါဆို...ကောင်းတဲ့အတွေးကိုသာတွေးရပါလိမ့်မယ်။
ကောင်းတဲ့စကားကိုလည်း ပြောဖို့ လိုပါတယ်။
ပြီးတော့ ကောင်းတဲ့အလုပ်ကိုလည်း လုပ်ရဦးမှာပေါ့။
*ငါတို့ အတွေးနဲ့ ငါတို့ စကားတွေ မတူညီကြဘူး။
ငါတို့ နားလည်းတာနဲ့ ငါတို့ ယုံကြည်တာ မတူကြဘူး။
ငါတို့ စိတ်နဲ့ ငါတို့ ရဲ့ အလုပ်တွေ မတူညီကြဘူး။
ငါတို့ ရဲ့ ၀ိညာဉ်ကလည်း တစ်မျိုး တစ်ဘာသာ ဖြစ်နေတယ်။
*သုတပညာမှာ အပိုအလျှံရယ်လို့ မရှိဘူး။
အလားတူပါပဲ...ကျွမ်းကျင်မှုမှာလည်း အပိုအလျှံရယ်လို့ မရှိဘူး။
အသိပညာကို အသပြာပေးဝယ်လို့ မရဘူး။
အသိပညာက...ဘယ်သူ့ ကိုမျှ အနှောင့်အယှက် မပေးဘူး။
အသိပညာက...ကျေနပ်နှစ်သိမ့်မှုကိုသာ ပေးပါတယ်။
အသိပညာက...စီးပွား၊ဥစာထက်သာလွန် မွန်မြတ်ပါတယ်။
*သင့်ထက်နိမ့်ကျသူကို သင်နှင့်တန်းတူအဖြစ် သဘောထားပါ။
သင်နှင့်အဆင့်အတန်းတူသူကို သင့်ထက်အဆင့်အတန်းမြင့်သူအဖြစ်
သဘောထားပါ။သင့်ထက်အဆင့်အတန်းမြင့်သူကို
သင့်အကြီးအကဲအဖြစ် သဘောထားပါ။
သင့်အကြီးအကဲကို သင့်အား အုပ်ချုပ်သူအဖြစ် သဘောထားပါ။
*စိတ်ကောင်းမရှိသူနဲ့ အငြင်းအခုံမလုပ်ပါလေနှင့်...
လောဘကြီးသူနဲ့ အစုဖက်စပ်မပါဝင်တာ ကောင်းတယ်။
လောဘကြီးသူကို ခေါင်းဆောင်အဖြစ် မယုံကြည်သင့်ဘူး။
မကောင်းမှုဖြင့် ကျော်ကြားသူနဲ့ အဆက်အသွယ်မလုပ်ပါလေနှင့်။
အသိဥာဏ်မရှိသူနဲ့ ဘယ်ကိစမှာမှ မပူးပေါင်းပါလေနှင့်။
လူမိုက်နဲ့ အငြင်းမပွားတာ အကောင်းဆုံးပါပဲ။
သေရည်ယစ်သူနဲ့ အတူ လမ်းမပေါ်မှာ မလျှောက်သင့်ဘူး။
စိတ်ကောင်းမရှိသူထံမှ ငွေမချေး မငှားပါလေနှင့်။
လိမ်လည်လှည့်ဖြား မုသားပြောတတ်သူနဲ့ တရားရုံးကို မသွားပါလေနှင့်။
မုသားပြောဆိုသူများဟာ အပြစ်ဒဏ်ခံနေရသူတွေ ဖြစ်ပါတယ်။
သူတို့ အမှန်ကို ပြော်သော်လည်း ဘယ်သူမျှမယုံတာဟာ ပြစ်ဒဏ်ပဲပေါ့။
**Nwe Ni**
Saturday, July 30, 2011
လွယ်ကူခြင်း Vs ခက်ခဲခြင်း

လူတစ်ယောက်ရဲ. Address book မှာ နေရာ တနေရာစာရဖို. လွယ်ကူပါတယ်။
လူတစ်ယောက်ရဲ. နှလုံးသား မှာ နေရာတနေရာ ရဖို. ခက်ခဲပါတယ်။
သူများ အမှား၊အပြစ် ကို ရှာ ဖို. အင်မတန်လွယ်ကူပါတယ်။
မိမိ အမှားကို မှတ်ယူ၊ ရှောင်ကျဉ် ဖို. ခက်ခဲပါတယ်။
မစဉ်းစားပဲ စကား လျှောက်ပြောဖို. လွယ်ကူပါတယ်။
အမှားကင်း အောင် စကားပြောဖို. ခက်ခဲပါတယ်။
မိမိကို ချစ်ခင်တဲ. လူကို စိတ်နာကျင်အောင်လုပ်ဖို.လွယ်ကူပါတယ်။
ထိုစိတ်နာကျင် မူကို ပြန်လည်ကုစားဖို. ခက်ခဲလှပါတယ်။
တပါးသူကို မိမိက ခွင်.လွတ်ဖို. လွယ်ကူပါတယ်။
တပါးသူ ကို မိမိအား ခွင်.လွတ်ဖို. တောင်းဆိုရတာ ခက်ခဲပါတယ်။
စည်းကမ်း၊မျဉ်း တွေ ချမှတ်ရတာ လွယ်ကူပါတယ်။
လိုက်နာ ဖို. ခက်ခဲပါတယ်။
အောင်နိုင်သူ ဖြစ်ရတာ လွယ်ကူပါတယ်။
သိက္ခာရှိရှိ ရှူံး နိမ့် သူ ဖြစ်ဖို. ခက်ခဲပါတယ်။
ကျောက်တုံး နှင်. ခလုတ် တိုက်မိဖို. လွယ်ကူပါတယ်။
ပြန်ထ ရတာ ခက်ခဲပါတယ်။
နေ.တိုင်း ဘ၀ကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရတာ လွယ်ကူပါတယ်။
တန်ဖိုးရှိရှိ ဖြတ်သန်းဖို. ခက်ခဲပါတယ်။
ဂတိ တခု လွတ်ခနဲ ပေးဖို. လွယ်ကူပါတယ်။
ဂတိ အတိုင်းလိုက်လုပ် ဖို. ခက်ခဲပါတယ်။
ချစ်တယ် လို ပြောရတာ လွယ်ကူပါတယ်။
အမြဲတမ်း ချစ်ပြနေဖို. ခက်ခဲပါတယ်။
သူများကို ဝေဖန် ရတာ လွယ်ကူပါတယ်။
မိမိကိုယ်ကို တိုးတက်အောင် လုပ်ရာမှာ ခက်ခဲပါတယ်။
အမှားတခု လုပ်ရတာ လွယ်ကူပါတယ်။
အဲဒီ အမှားကနေ သင်ယူကို ခက်ခဲပါတယ်။
ပြီးဆုံးသွားတဲ. အချစ်ဇာတ်လမ်းကို ပူဆွေး တောင့်တ ရတာလွယ်ပါတယ်။
အဲ့လို ပြီးဆုံးမသွားအောင် လုပ်ဖို.က ခက်ခဲပါတယ်။
တိုးတက်ကြီးပွားဖို. စဉ်းစားရတာ လွယ်ပါတယ်။
စဉ်းစားတာတွေ ရပ်ပြီး လက်တွေ.အကောင်အထည်ဖော်ဖို. က ခက်ခဲပါတယ်။
ချစ်သူငယ်ချင်းရေ လို. နူတ်ကပြောရတာလွယ်ပါတယ်။
ထိုကဲ့သို. ချစ်ချစ်ခင်ခင် ပေါင်းသင်းဖို. ခက်ခဲပါတယ်။
**Linn pwint kyal**
Thursday, July 28, 2011
လှချင်လျှင်ပြင်ရမည်

(Maria Sharapova-Tennis Queen)
.................................
''ရှင်တော်မြတ်ဗုဒ္ဓဘုရား . . . တချို့သော အမျိုးသား အမျိုးသမီးတွေဟာ ရုပ်ဆိုးကြပါတယ်။ တချို့သော
အမျိုးသား အမျိုးသမီးတွေကတော့ရုပ်ချော၊ ရုပ်လှကြပါတယ်။ ဘာကြောင့် အဲဒီလိုကွဲပြား နေကြရတာလဲ ဘုရား''။
''သုဘလုလင်. . .တချို့အမျိုးသား၊ အမျိုးသမီးတွေဟာ ဒေါသကြီးကြတယ်၊ နည်းနည်းလေးမှ သည်းခံစိတ် မရှိကြဘူး၊ သူတို့သေရင် ငရဲပြည်ရောက်တယ်၊ တကယ်လို့ လူ့ပြည်ရောက်ရင်လည်း ရုပ်ဆိုးတတ်တယ်၊ တချို့ အမျိုးသားအမျိုး သမီးတွေကတော့ ခန္တီမေတ္တာအားကောင်းကြတယ်၊ သည်းခံစိတ်ရှိကြတယ်၊ သဘော ထားကြီးကြတယ်၊ သဘောကောင်းကြတယ်၊သူတို့သေရင် နတ်ပြည်ရောက်ရတတ်တယ်၊ တကယ်လို့လူ့ ပြည်ရောက်ခဲ့ရင်လည်း ရုပ်ချောကြ၊ ရုပ်လှကြတယ်''။
(ဥပရိပဏ္ဏာသပါဠိတော်၊ စူဠကမ္မ ၀ိဘင်္ဂသုတ်)
ထန်ပြင်းဒေါသကြီးတတ်က အလှပျက်မည်ဆို၊ ဒေါသကင်းစင် မေတ္တာယှဉ်ကြည်လင်လှသကို။
(အမရပူရ မဟာဂန္ဓာရုံဆရာတော်)
စာထဲမှာတော့ ဥမ္မာဒန္တီတို့၊ ပဘာဝတီတို့၊ ခေမာမိဖုရားတို့၊ ယသော်ဓရာတို့၊ ဇနပဒကလျာဏီတို့၊ ဥပ္ပလ၀ဏ် တို့သိပ်ချောသိပ်လှကြသည်ဟု ဆိုပါသည်။ ကုလားမတွေဆိုတော့ လှပေမပေါ့။ မျက်လုံး၊ မျက်ခုံး၊ နှာတံ၊ နှုတ်ခမ်း၊ ပါးစပ်၊ ခန္တာကိုယ်အချိုးအစား ဘာမှအပြစ်ပြောလောက်စရာ မရှိပေဘူးပေါ့။ သို့သော် ကောသလ မင်းကြီး၏ မိဖုရားခေါင် မလ္လိကာဒေ၀ီကတော့ တော်တော်ရုပ်ဆိုးရှာသတဲ့။ မလ္လိကာက ရုပ်ဆိုးရှာပေမယ့် ဉာဏ်ကတော့ ကောင်းပုံရသည်။ ကိစ္စတိုင်းလိုလိုမှာ ကောသလမင်းကြီးကို သူမက ဦးဆောင်သွားတာပဲများ သည်။ သီပေါနှင့်စုဖုရားလတ်တို့လို ဖြစ်မည်ထင်သည်။
တစ်နေ့တော့ မလ္လိကာမိဖုရားက ဘုရားကိုလာလျောက်သည်။ ''မြတ်စွာဘုရား . . .တချို့သော အမျိုးသမီး တွေဟာ ရုပ်ကလည်းဆိုး၊ ဆင်းကလည်းဆင်းရဲ၊ ဘုန်းတန်ခိုးကလည်းနည်း၊ တချို့ အမျိုးသမီးတွေကတော့ ရုပ်ကတော့ဆိုးတယ်၊ ဒါပေမယ့် ချမ်းလည်းချမ်းသာတယ်၊ ဘုန်းတန်ခိုးလည်းကြီးတယ်၊ တချို့အမျိုးသမီး တွေက ရုပ်ကတော့လှပါရဲ့၊ ချောပါရဲ့၊ ဒါပေမယ့် ဆင်းရဲရှာတယ်၊ ဘုန်းတန်ခိုးလည်း မရှိရှာဘူး၊ တချို့အမျိုး သမီးတွေကျတော့ ရုပ်ကလည်း ချောလို့၊ လှလို့၊ စည်းစိမ် ဥစ္စာလည်းပေါများ ချမ်းသာလို့ ဘုန်းတန်ခိုးလည်း ကြီးလို့ ဘာလို့ အဲဒီလို ကွဲပြားရတာပါလဲဘုရား''။
*
ဘုရားရှင်က ''မလ္လိကာ . . . ဒေါသကြီးလို့ ရုပ်ဆိုးရတယ်။ ဒါနနည်းလို့ ဆင်းရဲရတယ်။ သူတစ်ပါး ကြီးပွား ချမ်းသာအောင်မြင်ကျော်ကြားမှု အပေါ်မှာ မနာလိုဣဿာအားကြီးလို့ ဘုန်းတန်ခိုးနည်းရတယ်။ ဒေါသကြီး ပေမယ့် ဒါနအားကောင်းလို့ သူတစ်ပါးအပေါ် မုဒိတာပွားနိုင်လို့ ရုပ်ဆိုးပေမယ့် ချမ်းသာရတယ်။ ဘုန်းတန်ခိုး ကြီးတယ်။ ဒေါသနည်း သည်းခံစိတ်ရှိပေမယ့် ဒါနကနည်း၊ ဣဿာကအားကြီးပြန်ရင်လည်း ရုပ်ချောပေမယ့် ဆင်းရဲရတယ်။ဘုန်းတန်ခိုးနည်းရတယ်။ ခန္တီမေတ္တာလည်းအားကောင်း၊ ဒါနအားကောင်း မုဒိတာအားလည်း ကောင်းလို့ ရုပ်ချောဥစ္စာပေါနဲ့ ဘုန်းတန်ခိုးကြီးရတယ်'' ဟု မိန့်တော်မူသည်။
မလ္လိကာမိဖုရားက ဆက်လျှောက်သည် ''မြတ်စွာဘုရား . . .တပည့်တော်မဟာ ဒေါသကြီးခဲ့လို့ ယခုလို ရုပ်ဆိုးမကြီး ဖြစ်နေရတာပါဘုရား။ ဒါပေမယ့်တော်သေးရဲ့ ဒါနအားကောင်း၊ မုဒိတာအားကောင်းခဲ့လို့
ယခုလို မိဖုရားစည်းစိမ် ရရှိခံစားနိုင်ပြီး ဘုန်းတန်ခိုးကြီးနေရတာပါဘုရား။ တပည့်တော်မဟာ ဒီကရှေ့ ဒေါသတွေလျှော့ပါတော့မယ် ဘုရား။ အတတ်နိုင်ဆုံး သည်းခံစိတ်မွေးပါတော့မယ် ဘုရား။ အတတ်နိုင်ဆုံး မေတ္တာထား ဆောင်ရွက်ပါတော့မယ် ဘုရား။ ဒါနကိုလည်း ဆတက်ထမ်းပိုး တိုးလို့ ပြုပါတော့မယ်ဘုရား။ သူတစ်ပါး အောင်မြင်ကြီးပွားမှုပေါ်မှာလည်း မုဒိတာပွားနိုင်အောင် ကြိုးစားပါ့မယ် ဘုရား။တပည့်တော်မကို ရတနာသုံးပါးကို အသက်ထက်ဆုံးဆည်းကပ်တဲ့ တပည့်မအရင်းအချာတစ်ဦးအဖြစ် အသိ အမှတ်ပြုပေး တော်မူပါဘုရား''။
လူတိုင်းကတော့ လှချင်သူချည်း ဖြစ်သည်။ သို့သော် မင်းသား၊ မင်းသမီးကအစ စေ့စေ့ကြည့်ခံသော ရုပ်ဆို တာကတော်တော်ရှားပါသည်။ တချို့ မျက်နှာလေးကတော့လှပါရဲ့၊ ခန္တာကိုယ်က ကြည့်လို့မဖြစ်၊ တချို့ခန္တာ ကိုယ်အချိုးအဆစ်ကတော့ လှပါ ရဲ့ မျက်နှာကျတော့ ဆိုးနေပြန်ရော။ အင်္ဂါရပ်စုံလှဖို့ဆိုတာ တော်တော် ခက်ပါသည်။ လှသူဆိုတာ အနည်းစုမှ အနည်းစုပါ။ သေချာကြည့်လိုက်လျှင် အများစုကရုပ်ဆိုးတာများပါ သည်။ ရုပ်ဆိုးတာစိတ်ဆိုးလို့လား ဆိုတော့ ဒါကတော့သေချာသည်။ ရုပ်ဆိုးတာ စိတ်ဆိုးလို့ဖြစ်သည်။
စိတ်ဆိုးတယ်ဆိုတာ သာမန်အားဖြင့် ဒေါသဖြစ်တာကိုခေါ်သည်။ သို့သော် လောဘ၊ ဒေါသစသော ကိလေ သာတွေက စိတ်ကိုဆိုးစေတတ်သည့် တရားဆိုးတွေပဲ ဖြစ်သည်။ ဒေါသစိတ်က ဆိုးသလိုကျန်သည့် လောဘစိတ်၊ မောဟစိတ်၊မာနစိတ်၊ ဣဿာမစ္ဆရိယစိတ်တွေကလည်း ဆိုးသည်။ ဒေါသကြောင့် ရုပ်ဆိုးရ သလိုလောဘကြောင့်လည်း ရုပ်ဆိုးရသည်။ကျန်သည့် မောဟ၊ မာန၊ ဣဿာမစ္ဆရိယာတွေကြောင့်လည်း ရုပ်ဆိုးကြရသည်။ ရုပ်ဆိုးခြင်းသည် ထိုစေတသိက်ဆိုး၊ စိတ်ဆိုးတွေကြောင့်ဆိုတာ သေချာသည်၊ ဗေဒင်မေးဖို့ပင် မလိုအပ်ပါ။
စိတ်ဆိုးဆိုသည့် နေရာမှာ ဒေါသတစ်ခုတည်းကြောင့် မဟုတ်သလို ရုပ်ဆိုးတယ်ဆိုတာလည်း ဥပဓိရုပ် တစ်ခုတည်းတော့မဟုတ်။ ထမင်းဆိုတာလည်းရုပ်၊ ဟင်းဆိုတာလည်းရုပ်၊ စားစရာ၊ သောက်စရာ၊ ၀တ်စရာ၊ နေစရာ၊ ထိုင်စရာ၊ သွားစရာ၊ လာစရာ၊ ဆေးဝါးဓာတ်စာ၊ လုပ်စရာ၊ ကိုင်စရာ၊ အလုပ်အကိုင်၊ အားလုံးက ရုပ်တွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေ ချည်းသာဖြစ်သည်။
စိတ်ဆိုးလို့ ရုပ်ဆိုးရတာပါဟု ဆိုသော်လည်း သေချာစစ်လျှင် စိတ်တစ်ခုတည်းတော့ မဟုတ်ပြန်။''ကံဟု မူလသမ္ဗုဒ္ဓတို့ ဟောပြသည်မှာ အရင်းသာရှင့်'' ဟုဆိုတော့ မူလအရင်းခံကတော့ ကံဖြစ်သည်။ စိတ်ဆိုးသောကြောင့် ကံဆိုးရသည်။ ကံဆိုးသောကြောင့် ရုပ်ဆိုးရသည်။ သို့သော် ကံတစ်ခုတည်း တာဝန် ရှိတာတော့မဟုတ်။ ''ဥစ္စာဘောဂဇီဝိတနှင့်သုခပွားရန် ဤလူ့ဌာန်၌ ဉာဏ်ဝီရိယ ပယောဂတည်း'' ဟုဆိုပြန်သည်။ ရုပ်ဆိုးတယ်ဆိုတာ ကံဆိုးသည့်အပြင် ဉာဏ်ဝီရိယ ပယောဂတွေ ဆိုးလို့လည်းဖြစ်နိုင် သည်။
ကံကကောင်းချင်သော်လည်း အချိန်အခါကာလက မကောင်းခဲ့လျှင် ကံပိုင်ရှင်၏ ဥပဓိ သို့မဟုတ် ကံပိုင်ရှင် ၏ပတ်ဝန်းကျင်အနေအထား ဥပဓိ ကမကောင်းခဲ့လျှင် ရောက်ဆဲဂတိဘ၀က မကောင်းခဲ့လျှင်၊ ကံပိုင်ရှင်အ ပေါ်စီမံခန့်ခွဲသူ၊ လွှမ်းမိုးနိုင်သူတို့၏ ကာယပယောဂ၊ ၀စီပယောဂ၊ လုပ်ပုံ၊ ကိုင်ပုံ၊စီမံခန့်ခွဲပုံ၊ ပြောပုံဆိုပုံတို့က မကောင်းခဲ့လျှင် ကံကလည်းကောင်းလို့မရနိုင်။ ကံဆိုးခြင်းသည် ကံတစ်ခုတည်း ဆိုးနေလို့မဟုတ်၊ ထိုသက် ဆိုင်ရာ ကာလဒေသ စတာတွေကလည်းဆိုင်သည်။ သို့သော် အဲဒါတွေက ပြုပြင်လို့မရတာ မဟုတ်၊ ပြုပြင် လို့ရသည်။ ကာလ၊ ဒေသကပုဂ္ဂလတို့က ပြင်ပေးလို့ရသည်။ ပုဂ္ဂလ၏ ဥပဓိကတော့ အနည်းအကျဉ်း ပြင်လို့ ရနိုင်သည်။ အဓိကကပုဂ္ဂလ၏ တည်နေရာပထ၀ီ ဆိုသည့် ဥပဓိကို ကောင်းအောင်ပြင်ဖို့ပင်၊ ဂတိအနေနှင့် ရောက်ဆဲဂတိကိုတော့ ပြင်လို့မရ၊ အနာဂတ်ဂတိကိုတော့ ပြင်လို့ရသည်။ ကာယ ပယောဂ၊ ၀စီ ပယောဂ ဆိုတာတွေလည်း ပြင်လို့ရပါသည်။
အားလုံးကတော့ လှချင်သူချည်း ဖြစ်သည်။ ထိုအထဲမှာ အမျိုးသမီးတွေက ပိုလှချင်သည်။အမျိုးသမီးတွေ ဟာလှချင်လွန်းလို့ သိပ်ပြင်ကြသည်။ ရုပ်ဆိုးတာ ကြည့်လို့မကောင်း၊ ရုပ်လှမှ ကြည့်လို့ကောင်းသည်။ လှဖို့ ဆိုလျှင်တော့ အမျိုးသမီးတွေလိုပဲ ပြင်ကြရလိမ့်မည်။ ပထမစိတ်တွေကို ပြင်ကြရမည်။ ထို့နောက် ကာလ၊ ဒေသ ပုဂ္ဂလ၊ ဥပဓိ၊ ဂတိ၊ ပယောဂ အားလုံးပြင်ကြရလိမ့်မည်။ မပြင်ကြလို့ မလှတာပါ။
ပြင်လိုက်လျှင် လှလာမှာပါ။ ရုပ်ဆိုးတာ စိတ်ဆိုးလို့လား။ မှန်သည်။ ရုပ်ဆိုးတာ စိတ်ဆိုးသောကြောင့် ဖြစ်သည်။ ရုပ်လှဖို့ ဆိုလျှင် စိတ်လှဖို့လို သည်။ စိတ်နှင့်တကွ ကျန်သည့် ကာလ၊ ဒေသ၊ ပုဂ္ဂလ စတာတွေအားလုံး လှဖို့လို သည်။ လှချင်လျှင်တော့၊ လှစေချင်လျှင်တော့ မိမိတို့ ပြင်သင့်ပြင်ထိုက်တာအားလုံးကို ပြင်ကြရလိမ့်မည်။
ဓမ္မမိတ်ဆွေ သူတော်ကောင်းအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ရုပ်လှစိတ်လှပိုင်ရှင်များဖြစ် နိုင်ကြပါစေ။
**ပြည် တီ**
--
**hlaing haling*
Tuesday, July 26, 2011
ရတုအဆက်ဆက်မည် တွ င်သော

(King Bhumibol Adulyadej)
...............................
ပထမနှစ်ပတ်လည် (စက္ကူရတု)
ဒုတိယနှစ်ပတ်လည် (ချည်ရတု)
တတိယနှစ်ပတ်လည် (သားရေရတု)
စတုတ္ထနှစ်ပတ်လည် (ပိုးထည်ရတု)
ပဉ္စမနှစ်ပတ်လည် (သစ်သားရတု)
ဆဋ္ဌမနှစ်ပတ်လည် (သံရတု)
သတ္တမနှစ်ပတ်လည် (သိုးမွှေး (သို့) ကြေးနီရတု)
အဋ္ဌမနှစ်ပတ်လည် (ကြေးရတု)
န၀မနှစ်ပတ်လည် (ကြွေအိုးရတု)
ဒသမနှစ်ပတ်လည် (သံဖြူရတု)
၁၁ နှစ်မြောက်နှစ်ပတ်လည် (သံမဏိရတု)
၁၂ နှစ်မြောက်နှစ်ပတ်လည် (ပိုးသားရတု)
၁၃ နှစ်မြောက်နှစ်ပတ်လည် (ဇာရတု)
၁၄ နှစ်မြောက်နှစ်ပတ်လည် (ဆင်စွယ်ရတု)
၁၅ နှစ်မြောက်နှစ်ပတ်လည် (သလင်းရတု)
၂၀ နှစ်မြောက်နှစ်ပတ်လည် (ကြွေထည်ရတု)
၂၅ နှစ်မြောက်နှစ်ပတ်လည် (ငွေရတု)
၃၀ နှစ်မြောက်နှစ်ပတ်လည် (ပုလဲရတု)
၃၅ နှစ်မြောက်နှစ်ပတ်လည် (သန္တာ (သို့) ကျောက်စိမ်းရတု)
၄၀ နှစ်မြောက်နှစ်ပတ်လည် (ပတ္တမြားရတု)
၄၅ နှစ်မြောက်နှစ်ပတ်လည် (နီလာရတု)
၅၀ နှစ်မြောက်နှစ်ပတ်လည် (ရွှေရတု)
၅၅ နှစ်မြောက်နှစ်ပတ်လည် (မြရတု)
၇၅ နှစ်မြောက်နှစ်ပတ်လည် (စိန်ရတု)
၁၀၀ နှစ်မြောက်နှစ်ပတ်လည် (ရာပြည့်)
**မေမွန်ကျော်**






