*အချင်းလူပျင်း သင်ဘယ်အချိန်အိပ်ရာက ထမှာလဲ။
ခဏကလေးဆိုပြီး ဆက်အိပ်နေတယ် မဟုတ်လား။
ခဏကလေးဆိုပြီး ဆက်ငိုက်နေတယ် မဟုတ်လား။
ဘယ်သူမဆို ကိုယ်တိုင်အားထုတ်ရင် အားလုံးကို ရနိုင်တယ်။
ဘယ်သူမဆို ကိုယ်စိတ်သန့် စင်မှုကို ကိုယ်တိုင်အားထုတ် ယူရမယ်။
ကောင်းတဲ့အတွေး၊ ကောင်းတဲ့စကား၊ ကောင်းတဲ့အလုပ်တွေနဲ့ 
အားထုတ်ရမှာပေါ့။ သင်ပျင်းနေလို့ တော့ ရနိုင်မှာမဟုတ်ဘူး။
*သင်ဟာ လူအားလုံးနဲ့ မိတ်ဆွေအဖြစ် ပေါင်းသင်းရမယ်။
သင့်မိတ်ဆွေတွေကို ကောင်းရာလုပ်ဖို့ လည်း တိုက်တွန်းရမယ်။
ဒါဟာ...သင့်သဘာဝစိတ်ကြောင့်ဖြစ်ဖို့ တော့ လိုတယ်။
ဒါဟာ...သင့်အသိပညာကြောင့်ဖြစ်ဖို့ လည်း လိုတာပါပဲ။
ချစ်ခင်ကြင်နာမှုလုပ်ရပ်တွေဟာ ပညတ်တော်တွေလိုပဲ တန်ဖိုးရှိတယ်။
ဒါဟာ...သင့်ပင်ကိုယ်စရိုက်ဖြစ်ခဲ့မယ်ဆိုရင်...
ဒါဟာ...သင့်ဘာသာတရားဖြစ်တယ်လို့  ဆိုရပေလိမ့်မယ်။
ဒါဆို သင်ပျော်ရွှင်မှုကို ရပြီပေါ့။
*ဘာသာတရားမှာ အခြေခံကြောင်းရင်း လေးရပ်ရှိတယ်။
ပထမက သင့်မြတ်လျော်ကန်တဲ့နေရာမှာ၊
ရက်ရက်ရောရော လှူဒါန်းတာ ဖြစ်ပါတယ်။
ဒုတိယက တရားဖြောင့်မတ်မှန်ကန်တာပဲပေါ့။
တတိယက လူတိုင်းကို မိတ်ဆွေရင်းချာ ဆက်ဆံတာဖြစ်ပါတယ်။
စတုတက သဘောထားဖြူစင်တာ ဖြောင့်မှန်တာဖြစ်တယ်။
အမှန်တရားက အမှားအပေါ်မှာ အောင်ပွဲခံနိုင်တယ်။
မကောင်းမှုကို ဝေးဝေးရှောင်သင့်ပါတယ်။

သင်...လူကောင်းတစ်ယောက်ဖြစ်လိုပါသလား။
ဒါဆို...ကောင်းတဲ့အတွေးကိုသာတွေးရပါလိမ့်မယ်။
ကောင်းတဲ့စကားကိုလည်း ပြောဖို့ လိုပါတယ်။
ပြီးတော့ ကောင်းတဲ့အလုပ်ကိုလည်း လုပ်ရဦးမှာပေါ့။
*ငါတို့ အတွေးနဲ့ ငါတို့ စကားတွေ မတူညီကြဘူး။
ငါတို့ နားလည်းတာနဲ့ ငါတို့ ယုံကြည်တာ မတူကြဘူး။
ငါတို့ စိတ်နဲ့ ငါတို့ ရဲ့ အလုပ်တွေ မတူညီကြဘူး။
ငါတို့ ရဲ့ ၀ိညာဉ်ကလည်း တစ်မျိုး တစ်ဘာသာ ဖြစ်နေတယ်။
*သုတပညာမှာ အပိုအလျှံရယ်လို့ မရှိဘူး။
အလားတူပါပဲ...ကျွမ်းကျင်မှုမှာလည်း အပိုအလျှံရယ်လို့ မရှိဘူး။
အသိပညာကို အသပြာပေးဝယ်လို့ မရဘူး။
အသိပညာက...ဘယ်သူ့ ကိုမျှ အနှောင့်အယှက် မပေးဘူး။
အသိပညာက...ကျေနပ်နှစ်သိမ့်မှုကိုသာ ပေးပါတယ်။
အသိပညာက...စီးပွား၊ဥစာထက်သာလွန် မွန်မြတ်ပါတယ်။
*သင့်ထက်နိမ့်ကျသူကို သင်နှင့်တန်းတူအဖြစ် သဘောထားပါ။
သင်နှင့်အဆင့်အတန်းတူသူကို သင့်ထက်အဆင့်အတန်းမြင့်သူအဖြစ်
သဘောထားပါ။သင့်ထက်အဆင့်အတန်းမြင့်သူကို
သင့်အကြီးအကဲအဖြစ် သဘောထားပါ။
သင့်အကြီးအကဲကို သင့်အား အုပ်ချုပ်သူအဖြစ် သဘောထားပါ။
*စိတ်ကောင်းမရှိသူနဲ့ အငြင်းအခုံမလုပ်ပါလေနှင့်...
လောဘကြီးသူနဲ့ အစုဖက်စပ်မပါဝင်တာ ကောင်းတယ်။
လောဘကြီးသူကို ခေါင်းဆောင်အဖြစ် မယုံကြည်သင့်ဘူး။
မကောင်းမှုဖြင့် ကျော်ကြားသူနဲ့ အဆက်အသွယ်မလုပ်ပါလေနှင့်။
အသိဥာဏ်မရှိသူနဲ့ ဘယ်ကိစမှာမှ မပူးပေါင်းပါလေနှင့်။
လူမိုက်နဲ့ အငြင်းမပွားတာ အကောင်းဆုံးပါပဲ။
သေရည်ယစ်သူနဲ့ အတူ လမ်းမပေါ်မှာ မလျှောက်သင့်ဘူး။
စိတ်ကောင်းမရှိသူထံမှ ငွေမချေး မငှားပါလေနှင့်။
လိမ်လည်လှည့်ဖြား မုသားပြောတတ်သူနဲ့ တရားရုံးကို မသွားပါလေနှင့်။
မုသားပြောဆိုသူများဟာ အပြစ်ဒဏ်ခံနေရသူတွေ ဖြစ်ပါတယ်။
သူတို့ အမှန်ကို ပြော်သော်လည်း ဘယ်သူမျှမယုံတာဟာ ပြစ်ဒဏ်ပဲပေါ့။
**Nwe Ni**

No comments:
Post a Comment