ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label ပညာပေး). Show all posts
Showing posts with label ပညာပေး). Show all posts
Monday, December 25, 2017
လူထုကျန်းမာရေး(ကင်ဆာ သမားတွေအတွက်သတကာင်းပါ ၊ကင်ဆာ ဆဲလ်များကို ၄၈နာရီအတွင်း သတ်ပစ်နိုင်)
+Public Health+ 
 ဒန်ဒလီယွန်ပင်အမြစ်က ကင်ဆာ ဆဲလ်များကို ၄၈နာရီအတွင်း သတ်ပစ်နိုင်ပြီး
(ဒေစီပန်း) ဟူ၍လည်း ခေါ်ကြသည်။ ဒန်ဒလီယွန် (dandelion) လက်ဖက်မှာ
ကင်ဆာဆဲလ်များကို ၄၈နာရီအတွင်း ပြိုကွဲပျက်စီးစေပြီး ထိုအချိန်အတွင်းတွင်
 ဖြစ်တည်လာသည့် ကျန်းမာသော ဆဲအသစ်များကိုလည်း ထိခိုက်ခြင်း
အလျဉ်းမရှိပေ။ အလေ့ကျပေါက်သည့် အပင်ဖြစ်သော်လည်း ရောဂါ
ကုသနိုင်သည့် အာနိသင် အမြောက်အများ ရှိပါသည်​။ အပင်များကို
 နှုတ်ယူစုဆောင်းပြီးပါက ညစ်ညမ်းမှု ကင်းနိုင်သမျှ ကင်းစင်အောင်
သန့်သန့်ရှင်းရှင်းထားရသည်။ ဒန်ဒလီယွန်ပင်အမြစ်က ကင်ဆာဆဲလ်များ
ကို ၄၈နာရီအတွင်း သတ်ပစ်နိုင်အဘိုးအဖွားများက ဆေးဖက်ဝင်
သောကြောင့် ဒန်ဒလီယွန်ပန်းပွင့်များကို အရည်ညှစ်ယူထားလေ့ရှိသော်
လည်း သူတို့မသိခဲ့သည့်အချက်မှာ ဒန်ဒလီယွန်အမြစ်က ကင်ဆာ
ရောဂါသည်များကို ကုသည်နိုင်ခြင်းပင်ဖြစ်သည်။ ကင်ဆာဆဲအားလုံးကို 
သတ်နိုင်သောကြောင့် ဒန်ဒလီယွန်ပင်၏ အမြစ်မှာ ဓာတုကုထုံးထက်ပင် 
ပိုမိုကောင်းမွန်ပုံရကြောင်း ကနေဒါနိုင်ငံမှ သိပ္ပံပညာရှင်များက 
 ရှာဖွေတွေ့ရှိခဲ့ကြသည်။ 
 ထို့အပြင် ဆီးရွှင်သည့် အာနိသင်လည်းရှိပြီး၊ သည်းခြေရေကို လှုံ့ဆွပေး
သကဲ့သို့၊ အသည်းကိုလည်း ဆေးကြောပေးကာ၊ ဓာတ်မတည့်မှုများကိုလည်း 
ကုစားနိုင်သည့်အပြင် အဆီကိုလည်း ကျစေနိုင်သည်။ အရေးကြီးသည့် 
ဗိုက်တာမင်နှင့် သတ္တုဓာတ်များလည်း ကြွယ်ဝစွာ ပါဝင်နေသည်။ ကနေဒါ 
ဝင်ဆာတက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ သုတေသနအရ ဒန်ဒလီယွန်အမြစ်မှာ
 ကျန်းမာသန်စွမ်းသည့်ဆဲလ်များကို မထိခိုက်မပျက်စီးစေဘဲ၊ ကင်ဆာဆဲလ်များ
ကို သတ်ဖြတ်ပစ်နိုင်သည့် အာနိသင်ရှိသည်ဟု ဆိုသည်။
 ကျန်းမာ ​ပျော်​ရွှင်​ကြပါ​စေ
 Credit: Org Uploader 
လွင်ပြင်
Read More...
Sunday, December 24, 2017
လူထုကျန်းမာရေး(ဒါတွေဖြစ်နေရင် အူအတက် ပေါက်တော့မယ်)
+Public Health+ 
အစာအိမ်နဲ့ အူလမ်းကြောင်း ဆိုင်ရာ ပြဿနာ တွေဟာ လူတိုင်း အနည်းဆုံး
 တစ်ကြိမ်၊ နှစ်ကြိမ် ကြုံဖူးကြ ပါတယ်။ ဗိုက်အောင့်တာ၊ ဝမ်းချုပ်တာ၊
အစာအဆိပ်သင့် တာတို့တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အူအတက်နဲ့ ပတ်သက်တာ
 ကတော့ ဖြစ်တောင့် ဖြစ်ခဲ ဖြစ်ပြီး အူအတက်ပေါက် လာရင်လည်း ခွဲထုတ်
လိုက်ရပါတယ်။ လူတိုင်း အူအတက်ပေါက် တာနဲ့ ကြုံရတာမျိုး မရှိပါဘူး။
တကယ်ကြုံ ရတော့မယ် ဆိုရင်လည်း ဒီလက္ခဏာတွေ ပြပါတယ်။
 ၁။ အစာအိမ်က ပြင်းပြင်းထန်ထန် နာကျင်ပါတယ်။
ဒီလိုနာကျင်မှုမျိုး တစ်ခါမှမကြုံဖူးခဲ့ပါဘူး။ ဝမ်းဗိုက်ကြွက်သားအောက်ဘက်
ဘယ်ဘက်ခြမ်းမှာ ဆိုးဆိုးရွားရွား အောင့်ပါတယ်။  
၂။ မူးမော်ပြီး ပျို့အန်တယ်။ 
အစားစားချင်စိတ် လုံးဝမရှိဘူး။ 
၃။ အချို့လူတွေမှာ အူအတက်ဟာ တင်ပဆုံရိုးရဲ့အောက်ပိုင်းမှာ ရှိနေတတ်ပါတယ်။ 
ဆီးအိတ်နဲ့ နီးကပ်နေတာပါ။ အူအတက်က ရောင်ရမ်းပြီး ပေါက်ထွက်တော့မယ်ဆို 
ဆီးအိတ်ကိုပါ ထိနေလို့ မကြာခဏ အပေါ့သွားပါတယ်။ 
၎။ ခိုက်ခိုက်တုန်အောင် အဖျားတက်ပါတယ်။ 
ခန္ဓာကိုယ်က ပူလိုက်အေးလိုက်နဲ့ ဖြစ်နေပြီး ဖျားနေတာပါ။
 အူအတက်ရောင်နေပြီဆို နာကျင်တဲ့နေရာကို တုံ့ပြန်ဖို့ ခန္ဓာကိုယ်ကနေ 
ဓာတုပစ္စည်းပေါင်းများစွာ အလိုလိုထုတ်လွှတ်ပေးတာကြောင့် လူကဖျားနာလာ
ပါတယ်။ 
၅။ စိတ်တွေက ရှုပ်ထွေးဖို့ ပုံမှန်မဟုတ်တော့ဘူး။
 ဦးနှောက်ကို အောက်ဆီဂျင်က ပုံမှန်အတိုင်း မရောက်တော့တဲ့အခါ ကိုယ်ဘာဖြစ်နေ
မှန်းတောင် ကိုယ်တိုင်မသိတဲ့ အနေအထားမျိုး ရှိပါတယ်။ 
Credit : duwun 
လွင်ပြင်
Read More...
Thursday, December 21, 2017
လူထုကျန်းမာရေး(အမျိုးသားတိုင်း သတိထားသင့်တဲ့ ကျန်းမာရေးအန္တရာယ်များ)
+Public Health+ 
 အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့ နှိုင်းစာရင် ကျန်းမာရေးဗဟုသုတနဲ့
ကျန်းမာရေးဂရုစိုက်မှု အားနည်းတတ်တဲ့ ထုံးစံရှိပါတယ်။ ဒါကြောင့်
အမျိုးသားတွေမှာ ဖြစ်တတ်ပြီး သတိထားသင့်တဲ့ ကျန်းမာရေးအန္တရာယ်လေး
တွေကို သိထားတာမမှားပါဘူး။
 အဲဒါတွေကတော့...
 ၁။ အရိုးပွရောဂါ။
အထူးသဖြင့် အသက် (၅၀) ဝန်းကျင် အမျိုးသားတွေမှာ အရိုးပွရောဂါ
အဖြစ်များပါတယ်။ "အသက် (၆၅) နှစ်ဝန်းကျင်မှာ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ
 တူညီတဲ့ အရိုးကြံ့ခိုင်မှု ဆုံးရှုံးခြင်းတွေ ရှိနိုင်ပြီး အရိုးကျိုးနိုင်ခြေလည်း
 များလာနိုင်ပါတယ်။ အမျိုးသမီးတွေကတော့ သွေးဆုံးပြီးချိန်ဆိုတော့ estrogen
ပမာဏကျဆင်းချိန်ဆိုတော့ စောလျင်စွာအရိုးကျိုးနိုင်ခြေများပေမယ့် မရှေးမနှောင်း
မှာပဲ အမျိုးသားတွေမှာလည်း အရိုးပွရောဂါဖြစ်နိုင်ခြေများပါတယ်" လို့ ဖလော်ရီဒါ
ပြည်နယ်၊ South Lake ဆေးရုံက ခွဲစိတ်အထူးကု Jamin Brahmbhatt က ဆိုထား
ပါတယ်။ ဒါကြောင့် သက်ကြီးပိုင်း အမျိုးသားတွေမှာ အရိုးပွရောဂါကို ရှောင်ရှားနိုင်ဖို့
ကယ်လ်ဆီယမ်နဲ့ ဗိုက်တာမင်ဒီ ပြည့်ဝနေဖို့ လိုပါတယ်။
၂။ ရင်သားကင်ဆာ။
အမြင်မှားသွားပြီထင်ပြီး မျက်စိကို ပြန်ပွတ်ကြည့်မနေပါနဲ့ဦး။ အမျိုးသားအယောက်
 (၁၀၀၀) မှာ ရင်သားကင်ဆာဖြစ်နိုင်ခြေက တစ်ယောက်လောက်ပဲ ရှိတယ်
ဆိုပေမယ့် လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ အမျိုးသားရင်သား ကင်ဆာရောဂါ
ဟာ ရှားပါးပေမယ့် အန္တရာယ်များတဲ့ ရောဂါတစ်မျိုး ဖြစ်တဲ့အတွက် သတိထားသင့်
ပါတယ်။ ရင်သားတဝိုက်မှာ နာကျင်မှုဝေဒနာမရှိတဲ့ အသားပို ပေါက်လာတာတို့၊
 နို့သီးခေါင်း နီရဲပြီး သွေးထွက်လာတာတို့ဆိုရင် အထူးကုဆရာဝန်နဲ့ သေချာပြသ
တိုင်ပင်သင့်ပါတယ်။  
၃။ ကပ္ပါယ်အိတ် သွေးကြောကျယ်ရောဂါ။
 လက်ဖျံမှာ၊ ခြေဖမိုးနားမှာ သွေးကြောတွေ ရုတ်တရက်ဖောင်းကားလာရင် 
ကျန်းမာရေးပြဿနာတစ်ခုခု ဖြစ်နေပြီလို့ ယေဘုယျယူဆနိုင်တာကိုတော့ 
သိကြမှာပေါ့။ တကယ်လို့ အဲဒီလို သွေးကြောကျယ်တာတွေက အမျိုးသားကပ္ပါယ်အိတ်
ပေါ်မှာ ဖြစ်တာဆိုရင်ကော ဘယ်လိုလုပ်ကြမလဲ။ "အမျိုးသားဝှေးစေ့တွေက 
အရမ်း sensitive ဖြစ်ပါတယ်။ အထူးသဖြင့် အပူချိန် အနိမ့်အမြင့်၊ အတက်အကျ
မျိုးမှာပေါ့။ ဒါကြောင့် သွေးကြောကျယ်လာခြင်းက မျိုးပွားအင်္ဂါအဖွဲ့အစည်းမှာ 
အလုပ်လုပ်ဆောင်ပုံကို သက်ရောက်မှုရှိနိုင်ပါတယ်" လို့ Dr. Brahmbhatt က 
ဆိုပါတယ်။ "ဒီအခြေအနေက သုက်ကောင်အရေအတွက်နဲ့ အရည်အသွေးကို
 လျှော့ ကျစပြီး မျိုးအောင်နိုင်စွမ်းနဲ့ ဟော်မုန်းအနေအထားကိုလည်း သက်ရောက်မှု
တစ်ခု ရှိစေနိုင်ပါတယ်" လို့လည်း ဆိုပါတယ်။ 
၎။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း။ 
အမျိုးသားတွေမှာလည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်နိုင်ခြေရှိပါတယ်။
 နောက်ပိုင်းမှာ ဒါကကြီးမားတဲ့ ကျန်းမာရေးပြဿနာဆီ ဦးတည်သွားနိုင်
ပါတယ်။ "အမျိုးသားတစ်ယောက်မှာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ပြဿနာ
ရှိပြီဆိုတာနဲ့ ပြဿနာရဲ့ရင်းမြစ်ကို ချက်ချင်းဖော်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်"
 လို့ Dr. Brahmbhatt က ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ဆီးလမ်းကြောင်း
ပိုးဝင်ရာကနေ ကျောက်ကပ်ပျက်သည်အထိ ဖြစ်သွားနိုင်လို့ပါ။ ဆီးလမ်းကြောင်း
ပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကတော့ ဆီးခဏခဏသွားခြင်း၊ ဆီးသွားရင် 
ဆီးလမ်းကြောင်းတလျှောက် နာကျင်ခြင်းတို့ပဲ ဖြစ်ပါတယ်။
Source: Reader's Digest 
7 Day News Journal
Read More...
Wednesday, December 13, 2017
လူထုကျန်းမာရေး(ရေနွေးနဲ့ရေချိုးသင့်သလား ရေအေးနဲ့ ရေချိုးသင့်သလား)
+Public Health+
 ဆောင်းတွင်းမနက်စောစောတွေမှာ ရေချိုးခါနီးဆို အရမ်းတွေဝေရပါတယ်။
 ရေနွေးစပ်ချိုးရင်ကောင်းမလား။ ရေအေးအေးကိုပဲ ဒီတိုင်းခေါင်းလောင်းချိုးရင်
 ကောင်းမလားဆိုပြီး တွေးရတာပါ။ ဆောင်းတွင်းမနက်စောစောတွေမှာ
 ရေချိုးခါနီးဆို အရမ်းတွေဝေရပါတယ်။ ရေနွေးစပ်ချိုးရင်ကောင်းမလား။
 ရေအေးအေးကိုပဲ ဒီတိုင်းခေါင်းလောင်းချိုးရင် ကောင်းမလားဆိုပြီး
 တွေးရတာပါ။ တကယ်တော့ ဒီရွေးချယ်မှုက ခက်ခဲရတာက နှစ်မျိုးစလုံးမှာ
 မတူညီတဲ့ အကျိုးကျေးဇူးတွေ ရှိလို့ပါပဲ။ ရာသီဥတု၊ အသက်အရွယ်၊
အလေ့အထ၊ ရောဂါ အစရှိတဲ့ အချက်တွေကိုပါ ထည့်သွင်းစဉ်းစားရမှာ
 ဖြစ်ပေမယ့် ရေအေးနဲ့ ရေချိုးရမလား။ ရေနွေးနဲ့ ရေချိုးရမလား
ဆုံးဖြတ်နိုင်အောင်လို့ သူတို့ရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်
ပါတယ်နော်။
၁။ ရေအေးနဲ့ ရေချိုးမယ်ဆိုရင်။
 ရေအေးနဲ့ရေချိုးခြင်းကအာရုံကြောထိပ်လေးတွေကို နှိုးဆွပေးနိုင်ပြီး
 မနက်ခင်းအချိန်မှာ လန်းဆန်းထကြွနေအောင် ဖန်တီးပေးနိုင်ပါတယ်။
 နောက်ပြီး ရေအေးနဲ့ရေချိုးခြင်းက နာရီပေါင်းများစွာ အိပ်စက်ထားလို့
 လေးလံထိုင်းမှိုင်းနေတဲ့ ခန္ဓာကိုယ်ကိုပါ ပြန်လည်နိုးကြားလာစေနိုင်
ပါတယ်။ ရေအေးနဲ့ရေချိုးခြင်းဟာ ဘီတာအန်ဒေါ်လ်ဖင်လို့ခေါ်တဲ့
(beta-endorphins) စိတ်ကျရောဂါကို တိုက်ဖျက်နိုင်တဲ့ ဓာတုပစ္စည်း
တွေကို ထွက်လာစေနိုင်တဲ့အတွက် စိတ်ကျရောဂါကုသဖို့နဲ့
မနက်အချိန်မှာ တက်ကြွလန်းဆန်းနေစေဖို့ ကူညီပေးပါတယ်။
 လေ့လာမှုတွေအရတော့ ရေအေးနဲ့ရေချိုးခြင်းဟာ အမျိုးသားတွေမှာ
 လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေပြီး testosterone
 လို့ခေါ်တဲ့ ကျားဟော်မုန်းကိုလည်း လှုံ့ဆော်ပေးနိုင်ပါတယ်။ နောက်ပြီး
 ရေအေးနဲ့ ရေချိုးခြင်းဟာ အဆုတ်လုပ်ဆောင်မှုကိုလည်း အားကောင်းလာ
စေနိုင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ရေအေးနဲ့ရေချိုးခြင်းဖြင့်
ခန္ဓာကိုယ်ထဲက ခုခံအားစနစ်တွေကို လှုံ့ဆော်ပေးနိုင်ပြီး
 ကူးစက်ရောဂါပိုးတွေကို တိုက်ဖျက်ဖို့အတွက်
 ဆဲလ်ထုတ်လုပ်မှုတွေကို မြှင့်တင်ပေးနိုင်ပါတယ်။
  ၂။ ရေနွေးနဲ့ရေချိုးမယ်ဆိုရင်။
 ရေနွေးဟာ ခန္ဓာကိုယ်မှာ ကပ်ညိနေတဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေနဲ့ 
ကူးစက်ရောဂါပိုးတွေကို ပိုပြီးသေစေနိုင်ပါတယ်။ ဒါကြောင့် ရေနွေးနဲ
့ရေချိုးခြင်းက ခန္ဓာကိုယ်ကို ပိုပြီးစင်ကြယ်စေပါတယ်။ လေ့လာမှုတွေ
အရတော့ ရေနွေးနဲ့ရေချိုးခြင်းဟာ ကြွက်သားတွေကို ပေါ့ပါးဖျတ်လတ်စေပြီး
 ကြွက်သားနာကျင်မှုတွေကို သက်သာလျှော့ ပါးစေဖို့လည်း ကူညီပေးနိုင်
ပါတယ်။ ရေနွေးနဲ့ရေချိုးခြင်းဟာ ခန္ဓာကိုယ်ထဲက သကြားဓာတ်တွေကို
လည်း လျှော့ နည်းစေပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေအတွက် 
သင့်လျော်တဲ့ အလေ့အထတစ်ခုပါ။ အအေးမိ၊ ချောင်းဆိုးဝေဒနာရှင်တွေ
ကို ရေနွေးနဲ့ ရေချိုးပေးမယ်ဆိုရင် အသက်ရှူ လမ်းကြောင်းကို ရှင်းလင်းပေး
သလို လည်ခေါင်းနဲ့နှာခေါင်းမှာ ပိတ်ဆို့နေတဲ့ အကျိအချွဲတွေကိုလည်း 
ရှင်းလင်းပေးပါတယ်။ နှစ်မျိုးစလုံးမှာ သူ့ကောင်းကျိုးနဲ့သူ ရှိတဲ့အတွက် 
မိမိရဲ့လိုအပ်ချက်ပေါ် မူတည်ပြီး အသုံးပြုနိုင်ပါတယ်။ ဥပမာ မနက်
ရုံးသွားခါနီးဆို ရေအေးနဲ့ရေချိုးပြီး ရုံးကပြန်လာရင် ရေနွေးနဲ့ ရေချိုးသလို
မျိုးပေါ့။ အသက်အရွယ်၊ ကျန်းမာရေး၊ ဥတုရာသီစတဲ့ အချက်တွေကိုလည်း
 ထည့်သွင်းစဉ်းစားသင့်ပါတယ်။ 
Source: Stylecraze 
 7 Day News Journal
Read More...
Monday, December 11, 2017
လူထုကျန်းမာရေး(လက်သည်းကိုက်ခြင်းရဲ့ ဆိုးကျိုး-၅မျိုး)
+Public Health+
 အော့အန်စေတဲ့ ဘက်တီးရီးယားတွေဟာ လက်ကနေ ပါးစပ်ကို ရောက်ကုန်လို့
 ဖြစ်ရတာပါ။ ပျင်းပျင်းနဲ့ လက်သည်းကိုက်မိတာမျိုး ၊ တစ်ခုခု စဉ်းစားနေရင်း
 လက်သည်းကိုက်မိတာမျိုး အဲ့လို အကျင့် ရှိကြလား။ တချို့ကောင်မလေးတွေ
 ရှိသေးတယ်။ ရှက်ရှက်နဲ့ လက်သည်းကိုက်တာလေ။ လက်သည်းကိုက်တတ်
တဲ့ အကျင့်ကြီးက ဘယ်လိုမှ မကောင်းတဲ့ အကျင့်ဆိုးကြီးပါ။ ကိုယ့်အတွက်
ဆိုးကျိုး-တွေပဲ ပေးနေတဲ့ အကျင့်ကို ပြင်ဖို့ကြိုးစားစေချင်တယ်။
၁။ ရွံစရာကြီး။
လက်သည်းအောက်မှာ ကြေးတွေ အညစ်အကြေးတွေ ကပ်နေတာ
အများကြီးပဲ။ ကိုယ့်မျက်စိနဲ့ မြင်ရတာတောင် တော်တော်များနေပြီ။
 မမြင်ရတဲ့ ကြေးတွေ ဗိုက်ထဲရောက်ကုန်တော့မယ်။
၂။ ဘက်တီးရီးယားတို့ရဲ့နိဗ္ဗာန်။
နဂိုတည်းက လက်သည်းမှာ ဘက်တီးရီးယားတွေ ကပ်နေတာ။ အဲ့တာကို
 လက်သည်းကိုက်တော့ တံတွေးတွေနဲ့ စိုစွတ်ပြီး နှစ်နေရာလုံးက ပိုးတွေက
 ပျံ့နှံ့ကုန်တာ။ အော့အန်စေတဲ့ ဘက်တီးရီးယားတွေဟာ လက်ကနေ ပါးစပ်ကို
 ရောက်ကုန်လို့ ဖြစ်ရတာပါ။
  ၃။ သွားပျက်စီးမယ်။ 
လက်သည်းအမာကို သွားတွေနဲ့ ကိုက်နေတော့ သွားတွေ အက်ကွဲလာတယ်။ 
သွားတွေပျက်စီးတယ်။ မေးရိုး အံချော်လာမယ်။ Brace တပ်ထားတဲ့သူတွေဆို
 ပိုပြီး သတိထားပါ။ 
၎။ လက်သည်းတွေပုံပျက်လာတယ်။
 လက်သည်းတွေက မလှတော့ဘူး။ ရွဲ့စောင်းလာတယ်။ အသစ်ထွက်တဲ့
 လက်သည်းတွေကအစ ပုံမကျပန်းမကျဖြစ်လာမှာ။ 
၅။ ပါးစပ်ကို ပိုးဝင်နိုင်။
ပါးစပ်တစ်ဝိုက် အနာတွေပေါက်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ အနာတွေက
 တော်တော်နဲ့လည်း မပျောက်နိုင် ဖြစ်တတ်တယ်။ 
Source : Buzz Feed 
ဆဲဗင်းဒေးသတင်းဂျာနယ်
Read More...
Sunday, December 10, 2017
လူထုကျန်းမာရေး(မြင်းခွာရွက် အသက်ရှည်ဆေး)
+Public Health+ 
 *အရွက်*
 ရှေးက ဆေးကျမ်းများတွင် အာယုဝဍ္ဎန ခေါ် အသက်ရှည်ဆေး အကြောင်း
ပါရှိသည်။ အသက်ရှည်ဆေး သည် အားတိုးဆေး နှင့်မတူပေ။ ရသာယန ခေါ်
သက်စောင့်ဆေးများ၊ ဝါဇီကရဏ ခေါ် ခွန်အားတိုး ဆေးများသည် လောကီခွန်အား
 ဖြည့်ရန် သုံးစွဲသော ဆေးများ ဖြစ်သည်။ အချို့သော ဆေးများတွင် ရွှေ၊ ကတိုး၊
ကုံကမံ၊ ငှက်သိုက်၊ ငါးကြီးအန်ဖတ် စသည့် တန်ဖိုးကြီး ဆေးမယ်များ ပါသည့်
အပြင် အချို့ တန်ဖိုးကြီးသော ဆေးများတွင် ပုလဲ၊ သန္တာ၊ ဂေါ်မိတ်၊ ပယင်း စသည့်
ရတနာများ ကိုပင် ထည့်၍ ဆေးဖော်သည်ကို ဆေးညွှန်းစာများ အရ သိရသည်။
အသက်ရှည်ရန် ဓာတ်ခုနစ်ပါး တိုးစေသည့် ရသာယန ဆေးနှင့် အာယုဝဍ္ဎန
 ဆေးများကို ဖော်စပ် သုံးစွဲခြင်း၊ ရဟန်း သံဃာများ၊ လူကြီး သူမများကို လှူဒါန်းခြင်း
 ပြုအပ် သော်လည်း ဝါဇီကရဏ ခေါ် အားတိုးဆေးမျိုး မှာကား သူတော်စင်၊
 ဥပုသ်သည်များ မသုံးစွဲသင့် ဟု အဆိုရှိ သည်။ အသက်အရွယ် ငယ်ရွယ်နုပျို
သူများသည်လည်း အားတိုးဆေး များကို မလိုအပ်ဘဲ မမှီဝဲသင့်ဟု ဆိုသည်။
 မလိုအပ်ဘဲ ဆေးမှီဝဲလျှင် ကောင်းကျိုး မဖြစ်သည့် အပြင် အကြော ပိတ်ဆို့သည့်
 ဆိုးကျိုးများ နောက်ဆက်တွဲ ဖြစ်ပေါ် လာနိုင်သည်။ လူ၏ သက်တမ်းမှာ 
အသက် ၁ဝဝ နှစ်ဖြစ်သည်။ ဗုဒ္ဓစာပေများ အရ ပထမ အရွယ်သည် အသက် ၃၃ နှစ်
အထိ ဖြစ်သည်။ ဒုတိယ အရွယ်သည် အသက် ၃၄ နှစ်မှ ၆၆ နှစ် အရွယ်အထိ
 ဖြစ်သည်။ ထို့ကြောင့် ၆၇ နှစ်မှစပြီး တတိယ အရွယ်သို့ ရောက်ပြီ ဖြစ်သည်။ 
ရသာယနဆေး နှင့် အာယုဝဍ္ဎန ခေါ် သက်ရှည်ဆေးများ မှီဝဲသင့်သည့် အရွယ်မှာ
 ဤ တတိယ အရွယ် ရောက်မှသာ ဖြစ်သည်။ ရောဂါ မှန်သမျှ အစာ မကြေခြင်းမှ
 စသည် ဆိုသဖြင့် အစာကြေဆေး ကိုလည်း နေ့စဉ် မှီဝဲသင့်သော အရွယ် ဖြစ်သည်။ 
အစာကြေဆေး၊ ဝမ်းမှန်ဆေးများ မှီဝဲပြီး နောက်ဆုံး ညအိပ်ရာ ဝင်ချိန
ရောက်မှ သာလျှင် အာယုဝဍ္ဎန ဆေးကို မှီဝဲသင့်သည်။ အာယုဝဍ္ဎန ဆေးနည်း
 များစွာ ရှိသည့်အနက် လွယ်ကူသော သက်ရှည် ကျန်းမာ စေနိုင်သော ဆေးမှာ
 မြင်းခွာရွက် အသက်ရှည်ဆေး ဖြစ်သည်။
 မြင်းခွာရွက်နှင့် ပျားရည်သည် ရှေးနှစ်ပေါင်း ၁ဝဝဝ ကျော်က ပြုစုခဲ့သည့်
 အာယုဗေဒ ဆေးကျမ်းများစွာ တွင်ပါဝင်သော အသက်ရှည် ဆေးနည်း 
များတွင် ပါဝင်သည်ကို တွေ့ရသည်။ မြင်းခွာရွက်တွင် နွယ်နှင့် ပေါက်သော
 မြင်းခွာရွက် အသေးမျိုးနှင့် ဟင်းချက်စရာ အတို့အမြှုပ် ပြုသည့် မြင်းခွာရွက်ကြီး
 တို့တွင် အသေးမျိုး နွယ်မြင်းခွာ ပင်က ပို၍ ဆေးဖက်ဝင် အာနိသင် ရှိသည်။
 ဆေးမြင်းခွာ ဟူ၍ ကျောက်စရစ် ရောသော မြေမာတွင် ကပ်ပေါက်သည့်
 မြင်းခွာပင် မျိုးလည်း ရှိသေးသည်။ ထို ဆေးမြင်းခွာကို အာယုဝဍ္ဎနဆေး
 မဖော်ပေ။ နွယ်မြင်းခွာ အသေးကိုသာ နေရိပ်တွင် တန်းဖြင့် တွဲလောင်းချ 
အခြောက်လှန်းပြီး ဆေးဖော်ရမည် ဖြစ်သည်။ 
*မြင်းခွာရွက်အာယုဝဍ္ဎနဆေးနည်း* 
 ၁။ မြင်းခွာရွက်ခြောက်မှုန့် ၁ဝကျပ်သား ။
 ၂။ ငရုတ်ကောင်းစိမ်း အမှုန့် ၁ကျပ်သား ရောစပ်ပြီး ပျားရည် (အသစ်)ဖြင့်
 မပျစ်မကျဲ ဖြစ်အောင် ဇွန်းခပ် ကောင်းအောင် ရောတေပြီး ဖန်ပုလင်းဖြင့် 
သိမ်းထားပါ။ မှိုမတက်အောင် တစ်ပတ်တစ်ကြိမ် နေပူပြပေးပါ။ နံနက်၊ ည
 ကော်ဖီဇွန်း အသေးတစ်ဇွန်း မှန်မှန်စားသုံး ပေးလျှင် ကျန်းမာပြီး အနာရောဂါ 
ကင်းစင်၍ အသက်ရှည် စေနိုင်သည် ဟု ဆိုသည်။ လက်တွေ့တွင် ဆီးချိုရောဂါ၊
 လေငန်းရောဂါသမားများပါ သက်သာ ပျောက်ကင်း စေနိုင်ကြောင်း သိရသဖြင့်
 တင်ပြ လိုက်ရ ပေသည်။ 
Credit : Thithtoolwin
 ကြည်မြင့်လွင် (မုဒြာ) ‪
Yadanarpondaily‬ ‪‎ရတနာပုံနေ့စဉ်‬
Read More...
Saturday, December 9, 2017
လူထုကျန်းမာရေး(ညည အိပ်မပျော်သူတွေအတွက် ဆေးစွမ်းကောင်း ပျားရည်)
+Public Health+
 *ပျားရည်* 
တခါတလေ အလုပ်ဖိစီးမှု စိတ်ဖိစီးမှုတွေ၊ သောင်းပေါင်းခြောက်ထောင်
အတွေးတွေကြောင့် ညည နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တဲ့သူတွေရှိပါတယ်။
ဒီနေ့ခေတ်မှာဆို လူတိုင်းအိပ်ယာထဲမှာ ဖုန်းတွေကြည့်ပြီး အင်တာနက်သုံးတာ၊ ဂိမ်းဆော့တာတွေလုပ်ကြတာကြောင့် ဖုန်ကနေထွက်တဲ့ အပြာရောင်အလင်းတန်း
 (blue light) ဟာ ညဖက် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်ပါတယ်။ အိပ်ရေးပျက်
တယ်ဆိုတာရာ တစ်ညလုံးမအိပ်ဘဲနေတာကို ဆိုလိုချင်တာမဟုတ်ပါဘူး။
 ခဏလေးအိပ်ပျော်သွားလိုက်၊ နိုးလာလိုက်နဲ့ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်
မအိပ်ရတာလည်း ပါပါတယ်။ အဲဒီလို အိပ်ရေးပျက်တာ၊ ညည နှစ်ခြိုက်စွာ
အိပ်မပျော်တာဟာ ကျန်းမာရေးအတွက်သာမက
အလှပအတွက်ပါ ဆိုးကျိုးဖြစ်နေပါတယ်။ ဒါ့ကြောင့် နှစ်ခြိုက်စွာ
အိပ်မောကျချင်ကြတဲ့သူတွေအတွက် နည်းလမ်းကောင်းလေးကို
မျှဝေပေးပါမယ်။
 ပျားရည်ဟာ ဆေးဖက်ဝင်တဲ့ သဘာဝဆေးတစ်မျိုးဖြစ်ပြီး အရသာလည်း
ရှိသလို ကျန်းမာရေး အလှပအတွက်ပါ အသုံးပြုလို့ရပါတယ်။ ပျားရည်ကို ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့
အတွက် အသုံးပြုခဲ့ကြတာပါ။ ဒီတခါမှာတော့ ညဖက်အိပ်လို့မပျော်တဲ့
သူတွေအတွက် ဒီလိုသောက်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။ ပျားရည်
 စားပွဲတင်ဇွန်း ၁/၄ ဆား စားပွဲတင်ဇွန်း ၁/၈ အုန်းဆီစားပွဲတင်ဇွန်း ၁ ဇွန်း
 အခုဖော်ပြခဲ့တဲ့ ပါဝင်ပစ္စည်းတွေကိုရောပြီး သောက်နိုင်သလို ၊
 ရေနွေးတစ်ခွက်ထဲ ထည့်ဖျော်ပြီးလည်း သောက်သုံးနိုင်ပါတယ်။
 ညအိပ်ယာမ၀င်ခင် ၅ မိနစ်လောက်အလိုမှာသောက်ပေးပါ။ အဲဒီလို
သောက်ပေးမယ်ဆိုရင် ညဖက် အိပ်ရေးပျက်မှုကိုဖြစ်စေတဲ့ ခန္ဓာကိုယ်
အတွင်းရှိ cortisol ပမာဏာကိုလျှော့ ချပေးနိုင်ပြီး ညဖက်ကို နှစ်ခြိုက်စွာ
အိပ်မောကျစေမှာပါ။ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့) ၂ ဇွန်းကို
လည်း သောက်ပြီး အိပ်ပေးလို့ရပါတယ်။ ဒါမှမဟုတ်ရင်လည်း ပျားရည်နဲ့ 
ဆားကိုပဲ ရောပြီးသောက်ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုကျစေပြီး ဟော်မုန်း
ကို ထိန်းချုပ်ပေးတာကြောင့် ညဖက်ကို ကောင်းမွန်စွာ အိပ်စက်စေနိုင်
ပါတယ်။ အသုံးဝင်မယ့် အသက်ရှူနည်းလမ်း ၄ ၊ ၇ ၊ ၈ ဆိုတဲ့ နည်းလမ်း
ကိုသိကြလားရှင့်။ အရင်ဆုံး ၄ စက္ကန့်လောက်ဖြည်းဖြည်းချင်း အသက်ရှူပါ။ 
ပြီး၇င် ၇ စက္ကန့်လောက်အောက်ထားပါ။ ပြီးရင် ၈ စက္ကန့်လောက်ဖြည်းဖြည်းချင်း
 ပြန်ရှူထုတ်ပေးလိုက်ပါ။ စက္ကန့်အတိအကျမလုပ်နိုင်ရင်လည်း ၁ ၊ ၂၊ ၃၊ ၄ 
လို့ရေတွက်ပြီး နေပေးလို့ရပါတယ်။
 copy @ myfoodmyanmar 
လွင်ပြင်
Read More...
လူထုကျန်းမာရေး(ခံတွင်းအနံ့ဆိုးခြင်းက ဖော်ပြနေသော သင့်ကျန်းမာရေးအကြောင်း)
+Public Health+
 ခံတွင်းအနံ့ဆိုးခြင်းဟာ ခံစားရသောသူတွေအတွက် သက်တောင့်သက်သာမဖြစ်စေတာထက်ပိုတဲ့အကြောင်းအရင်းတွေ
ရှိနေပါသေးတယ်။ ဒီလို ခံတွင်းအနံ့ဆိုးခြင်းဟာပုန်းကွယ်နေတဲ့ရောဂါ
ဝေဒနာတွေကို ဖော်ပြပေးနိုင်တဲ့ လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။
ဒီဆောင်းပါးမှာ ခံတွင်းအနံ့ဆိုးခြင်းက သင့်ကျန်းမာရေးအခြေအနေကို
ဘယ်လိုညွှန်ပြနိုင်သလဲဆိုတဲ့ အချက်အလက်တွေပြောပြပေးမှာဖြစ်ပါတယ်။
**အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ**
 ဖြစ်လေ့ဖြစ်ထရှိတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ
 (ဥပမာ- အအေးမိခြင်းနှင့် နှာပိတ်ခြင်း) ဟာ သင့်ခံတွင်းအနံ့ဆိုးစေတဲ့
 (သို့) ပုံမှန်မဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ အအေးမိ၊
 နှာပိတ်နေစဉ်မှာ နှာခေါင်းထဲရှိ ဘက်တီးရီးယားပိုးမွှားများ ပါဝင်တဲ့
 နှာရည်ဟာ လည်ချောင်းထဲကို အဆက်မပြတ်စီးဝင်နေတဲ့အတွက်
ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။
**အာခြောက်ခြင်း**
အာခြောက်ခြင်းဟာ တံထွေးထုတ်ပေးသောအရည်အိတ်များ
 ပုံမှန်အလုပ်မလုပ်ဘဲ ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်စေတဲ့ အခြေအနေ
တစ်ရပ်ဖြစ်ပါတယ်။ သင့်ခံတွင်းအနံ့ကို အာရုံခံခြင်းဖြင့် သင့်အာခေါင်ခြောက်
မခြောက် ဆိုတာကို စစ်ဆေးလို့ရပါတယ်။ အကယ်၍ ခံတွင်းအနံ့ဆိုးနေပြီဆိုရင်တော့ အာခြောက်ခြင်းရောဂါရှိနေနိုင်ကြောင်း သိရှိရပါတယ်။  
**ဆီးချိုသွေးချိုရောဂါ**
 အံ့သြစရာကောင်းလောက်အောင် သင့်ခံတွင်းအနံ့မှတစ်ဆင့် သင့်မှာ
ဆီးချိုသွေးချိုရောဂါ ရှိမရှိ သိရှိနိုင်ပါတယ်။ ခံတွင်းမှာ သစ်သီးကဲ့သို့ 
ရနံ့ရှိနေတယ်ဆိုရင် သင့်မှာ Ketoacidosis လို့ခေါ်တဲ့ ဆီးချိုနောက်ဆက်တွဲ သွေးတွင်းသကြားဓာတ်ပမာဏကို မထိန်းနိုင်တဲ့အခြေအနေကို 
ခံစားနေရကြောင်း သိရှိနိုင်ပါတယ်။ Ketoacidosis ဆိုတဲ့အခြေအနေဟာ
 ခန္ဓာကိုယ်တွင်း စွမ်းအင်ရရှိမှုအတွက် သကြားဓာတ်မှတစ်ဆင့်ဖြိုခွဲ
အသုံးပြုရမယ့်အစား ကိုယ်တွင်းအဆီကို လောင်ကျွမ်းစေပြီး စွမ်းအင်
ရယူကာ ketone များပြားလာတဲ့ အခြေအနေ တစ်ရပ် ဖြစ်ပါတယ်။ 
အ၀လွန်ခြင်း လေ့လာသုံးသပ်များအရ ခံတွင်းရနံ့ပုံမှန်မဖြစ်ခြင်းဟာ 
အ၀လွန်ခြင်းကို ပြသနိုင်တဲ့ အခြေအနေတစ်ရပ်ဖြစ်ကြောင်း သိရှိရပါတယ်။ BMI(ခန္ဓာကိုယ်ညွှန်းကိန်း)များပြီး အဆီပမာဏမြင့်မားတဲ့ သူတွေမှာ 
BMI ပုံမှန်ရှိတဲ့သူတွေထက်စာရင် Methane နှင့် Hydrogen ပမာဏ
ပိုများနေပြီး ခံတွင်းရနံ့ဆိုးခြင်းကို ဖြစ်ပွားစေပါတယ်။ ဖော်ပြပါဓာတ်ငွေ့
များဟာ ရေအိမ်ရနံ့နှင့် ဆင်တူယိုးမှားဖြစ်စေတဲ့ ခံတွင်းရနံ့ဆိုးကို
 ဖြစ်ပေါ်စေနိုင်ပါတယ်။ 
**ကျောက်ကပ် (သို့) အသည်းပျက်စီးယိုယွင်းခြင်း** 
 ကျောက်ကပ် (သို့) အသည်းယိုယွင်းပျက်စီးကြောင်း ဖော်ပြနိုင်တဲ့
 သိသာထင်ရှားသော ရောဂါလက္ခဏာများ အပြင် ခံတွင်းရနံ့ဟာလည်း
 ကျောက်ကပ်(သို့) အသည်းယိုယွင်းပျက်စီးခြင်းကို ဖော်ပြနိုင်ပါတယ်။
 ဖော်ပြပါရောဂါများခံစားနေရပြီဆိုရင် သင့်ခံတွင်းရနံ့မှာ သိသာထင်ရှားလာနိုင်ပါတယ်။
 အသည်း (သို့) ကျောက်ကပ် ယိုယွင်းပျက်စီးခြင်းကြောင့် ခန္ဓာကိုယ်တွင်း 
အညစ်အကြေးများဟာ အဆုတ်မှတစ်ဆင့် ပြင်ပကို စွန့်ပစ်ရတဲ့အတွက်
 ခံတွင်းရနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ 
 **အဆုတ်ကင်ဆာရောဂါ** 
အဆုတ်ကင်ဆာရောဂါ ခံစားနေရတဲ့သူတွေမှာ ကွဲပြားခြားနားတဲ့ 
အငွေ့ပျံ့နိုင်သော ဓာတုဒြပ်ပေါင်းများ ခံတွင်းအတွင်းရှိနေတဲ့အတွက်
 ခံတွင်းရနံ့ကို စမ်းသပ်စစ်ဆေးခြင်းဖြင့် အခြားသောအဆုတ်ရောဂါများနှင့် 
အဆုတ်ကင်ဆာကို ကွဲကွဲပြားပြားသိရှိနိုင်ပါတယ်။ ဖော်ပြပါဓာတုဒြပ်ပေါင်း
များဟာ လေထုထဲ လွယ်ကူစွာ အငွေ့ပျံ့နိုင်ပြီးခံတွင်းရနံ့ကို ပြောင်းလဲ
စေနိုင်ပါတယ်။ ဒါအပြင် အဆုတ်ကင်ဆာကို သိရှိစေဖို့အတွက် 
လျှပ်စစ်သုံးနှာခေါင်းတွင်း စစ်ဆေးမှုနည်းပညာနှင့် ရောဂါရှာဖွေလို့ ရပါတယ်။ 
 **Candida albnicansခေါ် မှိုရောဂါစွဲကပ်ခြင်း**
 ခံတွင်းရနံ့ဆိုးခြင်းကိုဖြစ်စေတဲ့ နောက်အကြောင်းအရာတစ်ခုကတော့
 လျှာပေါ်မှာ အလှတန်ဆာဆင်သူတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ Candida
 albicans ခေါ် မှိုရောဂါစွဲကပ်ခြင်းဖြစ်ပါတယ်။ ဒီမှိုရောဂါဟာ သွားတွင်း
 အလှတန်ဆာဆင်သူများနှင့် အံကပ်တပ်သူများမှာလည်း ဖြစ်ပွားနိုင်
ပါတယ်။ ခံတွင်းရနံ့ဆိုးခြင်းဟာ ခံစားရတဲ့သူတွေအတွက် သက်တောင့်သက်သာ
မဖြစ်စေတဲ့အပြင် မိမိကိုယ်ကိုယုံကြည်မှုလည်း သိသိသာသာ လျှော့ ကျစေနိုင်
ပါတယ်။ သင့်မှာခံတွင်းရနံ့ဆိုးခြင်းနှင့် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ
 တစ်ခုခုခံစားနေရပြီဆိုရင် ဆက်လက်သိရှိလို သောလမ်းညွှန်မှုများ၊ ရောဂါရှာဖွေမှုများနှင့်ကုသမှုများအတွက် သင့်ရဲ့ဆရာဝန် (သို့) ကျန်းမာရေး
စောင့်ရှောက်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ 
 ရေးသားသူ Dr. Sandar Lin
 လွင်ပြင်
Read More...
Tuesday, December 5, 2017
လူထုကျန်းမာရေး(ကိုယ်အလေးချိန်လျှော့ ကျဖို့အတွက် ငွေကုန်ကြေးကျသက်သာစွာ ၀ယ်ယူစားသုံးနိုင်သည့် အစားအစာ-၁၀မျိုး)
+Public Health+ 
**မုန်လာဥနီ**
ကိုယ်အလေးချိန်လျှော့ ကျဖို့ စိတ်ဆုံးဖြတ်လိုက်တယ်ဆိုတာနဲ့ Gym တွေမှာ
စာရင်းဝင်ရမယ်၊ ငွေကုန်ကြေးကျများလွန်းတဲ့ အထောက်အကူပစ္စည်းတွေကို အသုံးပြုရမယ်လို့မဆိုလိုပါဘူး။ သင့်တင့်မျှတတဲ့ကိုယ်အလေးချိန်ကို
ထိန်းသိမ်းထားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတွေထဲမှာ အစားလျှော့ စားခြင်း
ကလည်း ထိရောက်မှုရှိလှတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ မိမိစားသုံးတဲ့
အစားအသောက်များနဲ့ မည်သို့မည်ပုံစားသုံးသည်ကို အနည်းငယ်မျှ
 ပြောင်းလဲလိုက်ရုံဖြင့် ပေါင်ချိန်အချို့ကိုကျသွားစေနိုင်မှာဖြစ်ပါတယ်။
 ကိုယ်အလေးချိန်လျှော့ ကျအောင် ပြုလုပ်ခြင်းသည် ပင်ပန်းခက်ခဲသော
အလုပ်တစ်ခုဖြစ်သော်ငြားလည်း မိမိအတွက်မည်သည့်အစားအစာများက ကောင်းမွန်သင့်တော်သလဲဆိုတာ သိဖို့ရန်မှာလည်း အင်မတန်အရေးကြီး
ပါတယ်။ ထို့ကြောင့် ဈေးကြီးပေးဝယ်စရာမလိုဘဲ အလွယ်တကူရှာဖွေ
ဝယ်ယူနိုင်၍ ကျန်းမာရေးနှင့်ညီညွတ်စွာစားသုံးနိုင်သည့် အစားအစာများကို
 သိရှိနိုင်ရန်အတွက် ဖော်ပြပေးလိုက်ရပါတယ်။
၁။ အုတ်ဂျုံမှုန့်များ။
ကိုယ်အလေးချိန်လျှော့ ကျလိုသူများ အရေးတကြီးသိထားသင့်တဲ့
အချက်တစ်ချက်မှာ မနက်စာကိုသေချာပေါက်စားသုံးပေးရမှာပဲ ဖြစ်ပါတယ်။
 အုတ်ဂျုံမှုန့်များသည် ဖိုက်ဘာဓာတ်ကြွယ်ဝစွာပါဝင်ပြီး သင့်ကိုအချိန်ကြာကြာဗိုက်ပြည့်နေစေမှာဖြစ်တဲ့အတွက် အရသာလည်း
ရှိ၍ ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်စာတစ်မျိုးပဲဖြစ်ပါတယ်။
၂။ ဒိန်ချဉ်။
 ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ ဒိန်ချဉ်မှာပါဝင်တဲ့
ကယ်လ်စီယမ်ပမာဏဟာ ကိုယ်အလေးချိန်လျှော့ ကျမှုကို ဖြစ်ပေါ်စေပါတယ်။
 ဒိန်ချဉ်ကိုစားသုံးပေးခြင်းက ဆာလောင်မှုမကြာခဏဖြစ်ပေါ်ခြင်းကို ရှောင်ရှားနိုင်ကာ ဗိုက်ပြည့်နေတဲ့ခံစားချက်ကို ပေးစွမ်းမှာဖြစ်ပါတယ်။
၃။ ပေါက်ပေါက်ဆုပ်။
 ပေါက်ပေါက်ဆုပ်စားသုံးရတာကို ကြိုက်နှစ်သက်သူများ အချိုဓာတ်ထည့်သွင်း
ထားတဲ့ ပေါက်ပေါက်ဆုပ်များမဟုတ်ဘဲ အိမ်လုပ်အမျိုးအစားကို စမ်း၍စားသုံး
ကြည့်ပါ။ ကယ်လိုရီပါဝင်မှုပမာဏ နည်းပါးသည့်အတွက် ကိုယ်အလေးချိန်
လျှော့ ကျစေကာ ငွေကုန်ကြေးကျလည်းသက်သာစေမှာဖြစ်ပါတယ်။
 ၄။ ရှောက်ခါးသီး။
 ဗီတာမင်စီ၊ ဖိုက်ဘာဓာတ်၊ ရေဓာတ် အစုံအလင်ပါဝင်တဲ့ ရှောက်ခါးသီး
သည် ကိုယ်အလေးချိန်လျှော့ ကျဖို့အတွက် အထောက်အကူပေးနိုင်ပါတယ်။
ကယ်လိုရီပါဝင်မှုနည်းပါး၍ သင့်ကိုအချိန်ကြာကြာ ဗိုက်ဝနေစေမှာဖြစ်ပါတယ်။
 ၅။ ပန်းသီး။
 ကယ်လိုရီပါဝင်မှုနည်းပါးရုံသာမက ဖိုက်ဘာအရင်းအမြစ်ကြွယ်ဝတဲ့အတွက်
 သင့်အစာအိမ်ကို အချိန်အတိုင်းအတာတစ်ခုအထိ ဗိုက်ပြည့်နေစေကာ အလွန်အကျွံ
စားသုံးမှုမှလည်း ကာကွယ်ပေးမှာဖြစ်ပါတယ်။ ထို့အပြင် ပန်းသီးတွင်
ပါဝင်သည့် Antioxidant များဟာ ခန္ဓာကိုယ်အတွင်းရှိ အဆီပိုများကိုလည်း
 ဖယ်ရှားပေးနိုင်ပါတယ်။
 ၆။ လက်ဖက်ရည်ကြမ်း။
 ကော်ဖီသောက်လေ့သောက်ထရှိပါက လက်ဖက်ရည်ကြမ်းကို ပြောင်းလဲ
သောက်သုံးကြည့်ပါ။ ကော်ဖီထက်ကျန်းမာရေးနှင့် ပိုမိုညီညွတ်ကာ
ကိုယ်အလေးချိန်လျှော့ ကျဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။
  ၇။ ဟင်းနုနွယ်ရွက်။ 
 ငွေကြေးအနည်းငယ်သာပေးဝယ်ရသော်လည်း အာဟာရဓာတ်ပါဝင်မှုမှာ
 မြင့်မားလှသည့်အတွက် ကိုယ်အလေးချိန်လျှော့ ကျလိုသူများ စားသုံးရမည့်
အစားအစာများထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အဆီများကိုလောင်ကျွမ်း
စေတဲံ့ ကယ်လ်စီယမ်ဓာတ်လည်း ပါဝင်ပါသေးတယ်။ 
၈။ ပဲမျိုးစုံ။ 
 ဖိုက်ဘာ၊ ပရိုတင်းဓာတ်တို့ကြွယ်ဝစွာပါဝင်ပြီး အဆီနဲ့  ကိုလက်စထရောလည်း
လုံးဝမပါဝင်တဲ့အတွက် တစ်ပန်းကန်စားထားရုံနဲ့  အချိန်ကြာကြာဗိုက်ပြည့်
နေစေမှာဖြစ်ပါတယ်။ 
၉။ ဒိန်ခဲအပျော့။ 
 နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ခဲအပျော့မှာပရိုတင်းမြင့်မားစွာပါဝင်၍ 
သင့်ကိုဗိုက်ပြည့်နေစေမှာဖြစ်ပါတယ်။ အဆီများကို
လောင်ကျွမ်းစေနိုင်တဲ့ ကယ်လ်စီယမ်လည်းမြင့်မားစွာ ပါဝင်၍ လတ်ဆတ်ချိုမြ
သောအရသာကြောင့် လူများအထူးကြိုက်နှစ်သက်မှာဖြစ်ပါတယ်။ 
၁၀။ မုန်လာဥနီ။ 
မျက်လုံးအတွက် အထူးကောင်းမွန်ရုံသာမက ကိုယ်အလေးချိန်အတွက်လည်း 
အလွန်သင့်တော်ပါတယ်။ ဖိုက်ဘာဓာတ်နဲ့  ရေဓာတ်အများအပြားပါဝင်တဲ့
အတွက် ပြည့်အင့်မှုကိုဖြစ်ပေါ်စေကာ ကယ်လ်လိုရီစားသုံးမှုကိုလည်း လျှော့ ကျ
စေမှာပါ။ 
copy @ myfoodmyanmar 
လွင်ပြင်
Read More...
Saturday, December 2, 2017
လူထုကျန်းမာရေး (ဝက်ခြံပြဿနာကို ခုလိုလေးဖြေရှင်းကြမယ်)
+Public Health+
အရေပြားမွေးညင်းပေါက်တွေပေါ်မှာ အဆီပိုတွေ၊ အရေပြား ဆဲလ်သေတွေ၊
ဘက်တီးရီးယားတွေ၊ တခြားအညစ်အကြေးတွေ ပိတ်ဆို့ရာကနေလည်း
ဝက်ခြံပေါက်တတ်ပါတယ်။ Badge Me ဝက်ခြံမပေါက်ဖူးတဲ့သူ ရှိမယ်
မထင်ပါဘူး။ ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ်တွေ မူမမှန်ရာက
 ဖြစ်တတ်တဲ့ ဒီအရေပြားရောဂါဟာ မျက်နှာပေါ်က
အရေပြားမွေးညင်းပေါက်တွေပေါ်မှာ အဆီပိုတွေ၊ အရေပြား
ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေ၊ တခြားအညစ်အကြေးတွေ
 ပိတ်ဆို့ရာကနေလည်း ဖြစ်ပွားတတ်ပါတယ်။ ဝက်ခြံပေါက်နိုင်တဲ့
တခြားအကြောင်းရင်းတွေကတော့ အများကြီးရှိပါတယ်။
 ဟော်မုန်းပြောင်းလဲခြင်း၊ အစားအသောက် အနေအထိုင် မဆင်ခြင်ခြင်း၊
 စိတ်ဖိစီးမှုများပြားခြင်း၊ အရေပြားသန့်ရှင်းမှု မရှိခြင်းတို့ကြောင့် ဖြစ်နိုင်
ပါတယ်။ ဝက်ခြံတွေဟာ နာကျင်စေတဲ့အပြင် ကြည့်ရဆိုးတဲ့ ဘုကြီးတွေ
မျက်နှာအရေပြားပေါ်မှာ ထွက်ပေါ်လာရပြီး မိမိကိုယ်ကို ယုံကြည်မှုကို
 ကျဆင်းစေပါတယ်။ Essential Oil (ပေါင်းခံဆီ) တွေဟာ ဝက်ခြံကို
ကုသရာမှာ ပြဿနာရဲ့အရင်းအမြစ်ထိ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့
 ဆေးဝါးတွေဖြစ်ပြီး ဝက်ခြံကြောင့် စိတ်သောကရောက်ရခြင်းဘေးမှ
ကင်းဝေးစေမှာပါ။ ဒီနေ့မှာတော့ ဝက်ခြံကုသရာမှာ ကျယ်ကျယ်ပြန့်ပြန့်
သုံးကြတဲ့ essential oil တွေနဲ့ အသုံးပြုနည်းလေးတွေကို ဖော်ပြပေးလိုက်
ပါတယ်နော်။  
၁။ လက်ဖက်ပင် Essential oil
လက်ဖက်ပင်ဆီဟာ အဏုဇီဝပိုးမွှားလေးတွေကို တိုက်ဖျက်နိုင်ပြီး
 သွေးဖြူဥဆဲလ်တွေ မူမမှန်ဖြစ်ခြင်းကြောင့် အရေပြားရောင်ရမ်းမှု
 ဝေဒနာကိုလည်း တိုက်ဖျက်နိုင်ပါတယ်။
 သူ့မှာ terpinen-4-ol လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးလည်းပါဝင်ပြီး 
အရေပြားပေါ်က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုတိုက်ခိုက်နိုင်
ပါတယ်။ လေ့လာမှုတွေအရလည်း လက်ဖက်ပင်ဆီက ဝက်ခြံကုသရာမှာ
 တကယ်အစွမ်းထက်တယ်လို့ ဆိုကြပါတယ်။ ပြုလုပ်နည်းကတော့
 ဝါဂွမ်းလုံးလေးတစ်လုံးကိုယူပြီး လက်ဖက်ပင်ဆီ (၂) စက်၊ (၃) စက်လောက်နဲ့
 တို့လိုက်ပါ။ ပြီးရင် ဝက်ခြံ ပေါက်နေတဲ့နေရာကို တိုက်ရိုက်ပဲ လိမ်းပေး
လိုက်ပါ။ မိနစ်အနည်းငယ် ကြာအောင်ထားပြီးမှ ရေနဲ့ပြန်ဆေးချ ပေးလိုက်ပါ။
 သတိပြုမိရမှာ တစ်ခုကတော့ ထိခိုက်လွယ်တဲ့ အရေပြားပိုင်ရှင်တွေ 
ဆိုရင်တော့ လက်ဖက်ပင်ဆီကို တခြားဆီတစ်မျိုးမျိုးနဲ့ ရောပြီးမှ 
လိမ်းပေးနိုင်ပါတယ်။ 
၂။ လာဗင်ဒါဆီ
လာဗင်ဒါဆီမှာလည်း အဏုဇီဝပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ဂုဏ်သတ္တိ၊
 နာကျင်ခြင်းကို သက်သာစေတဲ့ ဂုဏ်သတ္တိနဲ့ antioxidant တွေပါဝင်ပါတယ်။
 ဒါကြောင့် ဝက်ခြံကိုဖြစ်စေတဲ့ ဘက်တီးရီးယား ပိုးမွှားတွေနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ 
အရေပြားပေါ်က အမာရွတ်တွေကို ပြန်လည်သန့်စင် ကုသပေးနိုင်ပါတယ်။
 နောက်တစ်ခုက လာဗင်ဒါဆီဟာ စိတ်ဖိစီးမှုနဲ့ စိတ်သောကကို ဖြေလျှော့ပေး
တဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်စွာ အိပ်ပျော်
စေနိုင်ပြီး ကျန်းမာသန့်ရှင်းတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်ဖို့ 
အထောက်အကူပြုနိုင်ပါတယ်။ ပြုလုပ်နည်းကတော့ လာဗင်ဒါဆီကို 
နားကြပ်တံထိပ်က ဂွမ်းစလေးမှာတင်ပြီး ဝက်ခြံကိုတို့ပေးပါ။ အကောင်းဆုံး
ကတော့ အိပ်ယာမဝင်ခင် မိနစ်အနည်းငယ်အလိုမှာ လိမ်းပေးတာပါပဲ။ 
တစ်ညလုံးသိပ်ထား ပေးလိုက်ပြီး မနက်လင်းမှ ရေပြန်ဆေး ပေးလိုက်ပါ။
 နောက်ပြီး အဲဒီအတိုင်း တစ်ရက်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်လုပ်ပေးပါ။ 
 နောက်တစ်ခုကတော့ လာဗင်ဒါဆီ (၇) စက်လောက်ကို လက်ကောက်ဝတ်၊
 နားထင်နဲ့ ဂုတ်ပိုးနားမှာ လိမ်းပေးခြင်းက စိတ်ဖိစီးမှုကို ပြေလျှော့စေပြီး 
ဝက်ခြံပျောက်စေဖို့ ခန္ဓာကိုယ်ထဲကဟော်မုန်းတွေကိုလည်း လှုံ့ဆော်
ပေးနိုင်ပါတယ်။ 
Source: DIYremedies 
7 Day News Journal
Read More...
Thursday, November 30, 2017
လူထုကျန်းမာရေး(ကရဝေးရွက်ကို မီးရှို့ရင်လည်း အသုံးဝင်ပါတယ်)
+Public Health+
အရွက်လောင်ကျွမ်းတဲ့အငွေ့ကို ရှူမိပြီးရင် အဆုတ်ကို သန့်စေပြီး
အသက်ရှူရကောင်းစေတယ် ။ ကရဝေးရွက်တွေဟာ  အသုံး ဝင်ပုံ
အမျိုးမျိုးရှိပါတယ်။ ဟင်းခတ်အမွှေး အကြိုင်အဖြစ် သုံးကြသလို
အလှကုန်တွေမှာတောင် အမွှေးနံ့အတွက် အသုံးပြုကြတာရှိပါတယ်။
 ဆေးဖက်ဝင်အာနိသင်မှာလည်း သတ္တုဓာတ်၊ ဗီတာမင်နဲ့ ဓာတ်တိုးဆန့် ကျင်
ပစ္စည်းတွေကြွယ်ဝတဲ့အပြင်  အရောင်ကျစေ၊ မှိုပိုးကိုသေစေပြီး ဘက်တီး ရီးယားကင်းစေတဲ့အစွမ်းသတ္တိလည်းရှိပါ တယ်။ ဒါတင်မကသေးဘဲ
ကရဝေးရွက်ကို မီးရှို့ရင်လည်း အသုံးဝင်တဲ့အချက်တွေရှိ နေတာကို
 မျှဝေပေးချင်ပါတယ်။ ကရဝေးရွက် နှစ်ရွက်လောက်ကို ဗန်းထဲမှာ မီးရှို့ပါ။
**ခေါင်းကိုက်သက်သာစေ**
 ကရဝေးရွက်မှာ cineol, pinene နဲ့ elemicin ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။
အရွက်ကို မီးလောင်ကျွမ်းတာနဲ့ သူတို့ ထွက်ရှိလာပြီး ခေါင်းကိုက်နဲ့
 နွမ်းလျခြင်းကို သက်သာစေပါတယ်။
 **ပူပန်စိတ်ကို လျှောကျစေ**
 ကရဝေးမှာ စိတ်ပူပန်မှုပြဿနာတွေအတွက် အကူအညီပေးပြီး
 ပေါင်းသင်း ဆက်ဆံရေးကို  အားပေးတဲ့linalool ဒြပ်ပေါင်းပါရှိပါတယ်။
 American Association of NurseAnesthetics ရဲ့
သုတေသနအရ သည်ဒြပ်ပေါင်းကို ၁၀ မိနစ် လောက်
ရှူရှိုက်လိုက်တာနဲ့ ချက်ချင်းဝေဒ နာသက်သာစေတယ်လို့ ဆိုပါတယ်။
 **အသက်ရှူလမ်းကြောင်းကို ကျန်းမာစေ** 
ကရဝေးရွက်ရဲ့ mycrene နဲ့ eugenol တို့ပါဝင်မှုကြောင့် အရွက်လောင်ကျွမ်း
တဲ့အငွေ့ကို ရှူမိပြီးရင် အဆုတ်ကို သန့်စေပြီး အသက်ရှူရကောင်းစေတယ် 
လို့ သိရပါတယ်။ မီးမရှို့ဘဲ သည်အတိုင်းသုံးမယ်ဆိုရင် လည်း ကျန်းမာရေး
အကျိုးကျေးဇူးးတွေရှိမယ်ဆိုတာ အရင်ဆောင်းပါးတွေမှာ ဖတ်ဖူးကြမှာပါ။
 တွေ့ရခဲတဲ့အသုံးဝင်ပုံတွေကို ဖော်ပြလိုက်ပါတယ်။
 **ဗောက်ပျောက်စေ**
 ကရဝေးရွက်ကို ရေအေးနဲ့ရောချေပြီး ခေါင်းလျှော်ပြီးတိုင်း ဆံသားမှာ
 လောင်း ချဆေးကြောပေးနိုင်ပါတယ်။ ကရဝေး essential oil ၁၅ စက်
လောက်ကို ကိုယ် လျှော်မယ့်ခေါင်းလျှော်ရည်ထဲမှာ ရောထည့်ပြီး
 လျှော်နိုင်ပါတယ်။ ဗောက်ဆိုတာ တစ်ခါတည်း လစ်ပြီပဲ။ 
**ကျောက်ကပ်ကျောက်ကို ကြေစေ** 
 ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ကျောက်တည်တာတွေကို 
ကရဝေးရွက် ရေနွေးကြမ်းကို သောက်ပေးရုံနဲ့ သက်သာစေနိုင်ပါတယ်။
 ရေနွေး 200 ml ထဲကို ကရဝေးရွက်  5 grams ထည့်ပါ။ ရေက နှစ်ခွက်
တစ်ခွက်တင် ကျန်တော့မှ အရည် ကို တစ်နေ့နှစ်ကြိမ်သောက်ပါ။ 
**အိပ်မပျော်ရောဂါကုနိုင်**
 ကရဝေးရွက်က ဦးနှောက်လုပ် ဆောင်ချက်ကို တည်ငြိမ်စေပြီး 
ခန္ဓာကိုယ်ကို  အကြောပြေလျှော့ စေလို့ အိပ်မပျော် ခြင်းကို 
အသာလေးကုသနိုင်ပါတယ်။ ရေတစ်ဖန်ခွက်ထဲကို ကရဝေးရွက်
 extract ကို တစ်စက်နှစ်စက်ချလိုက်ပြီး ညမအိပ်ခင် သောက်ပါ။
  အိပ်ရေးဝဝ အိပ်စက်နိုင်ပါလိမ့်မယ်။ 
Yun  Sandi [ref: DailyMaze, Nov 22, 2017.]
 ကုမုဒြာ
Read More...
လူထုကျန်းမာရေး(မိုးသည်းထန်တာက ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေရဲ့ ရှေ့ပြေးဖြစ်တယ်လို့ဆို)
+Public Health+ 
 ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေဖြစ်တဲ့ ဇီကာနဲ့ ချီကွန်ဂန်ယာတို့ဟာ မိုးသည်းထန်စွာ
ရွာသွန်းပြီး သုံးပတ်အကြာ မှာ စတင်ဖြစ်ပွားလာတတ်တယ်လို့ သုတေသန
အသစ်တစ်ခုက ဖော်ပြပါတယ်။ ချီကွန်ဂန်ယာဟာ ပိုးပေါက်ချိန်တို တောင်းတာ
ကြောင့် သည်ဗိုင်းရပ်စ်ပိုးနှစ် မျိုး အတူတကွ ဖြစ်ပွားချိန်မှာ ချီကွန်ဂန်ယာဟာ
ပိုထင်ရှားတယ်လို့လည်း ပလပ်စ် ဝမ်းဂျာနယ်မှာအသေးစိတ်ဖော်ပြထားတဲ့
သည်နောက်ဆုံး လေ့လာချက်မှာ တွေ့ရှိခဲ့ ပါတယ်။
ယူစီအယ်လ်အေအဖွဲ့ သုတေသီတွေက ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး
 ပြည်နယ်က လူတွေရဲ့ဆီးနဲ့သွေးကနေ ဇီကာ၊ ချီကွန်ဂန်ယာနဲ့
 သွေးလွန်တုပ်ကွေးဖြစ်ပွားမှုတွေကို နေရာဒေသ၊ လူဦးရေ၊ အချိန် ကာလနဲ
့တိုက်ကြည့် စစ်ဆေးကြည့်ရာ ဇီကာဖြစ်ပွားမှုဟာ နေရာဒေသနဲ့ ပတ်သက်မှု
မရှိဘူးဆိုတာကို တွေ့ရှိခဲ့ပါတယ်။ မြို့ပြလူဦးရေအပေါ်မူတည်ပြီး
 ချီကွန်ဂန်ယာဖြစ်ပွားမှုဟာ အနည်းငယ်ဆက် စပ်မှုရှိပေမဲ့ မိုးသည်းထန်စွာ
ရွာသွန်းမှုကတော့ ဇီကာရော ချီကွန်ဂန်ယာပါ ဆိုး ဆိုးရွားရွားဖြစ်
စေနိုင်ကြောင်းတွေ့ ရှိခဲ့ရပါ တယ်။ ၂၀၁၅ ခုနှစ်အောက်တိုဘာမှာ 
မိုး သဲသဲမဲမဲရွာသွန်းမှုကြောင့် ဇီကာရောဂါ အမြောက်အမြားဖြစ်ခဲ့ရပြီး 
၂၀၁၆ ဖေဖော် ဝါရီလမှာ ဇီကာရောဂါဖြစ်ပွားမှု ပြန်လည် ကျဆင်းခဲ့ပြီး 
ချီကွန်ဂန်ယာရောဂါကြီး အစပျိုး ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
 ရာသီဥတုကောင်းမွန်ပါက ရောဂါပျောက်ကင်းမှု ပိုမိုမြန်ဆန်စေတာကို
တွေ့ ရှိရပါတယ်။ ၂၀၁၇ခုနှစ်ရဲ့ ဖလော်ရီဒါမှာ ဒုတိယ မြောက် ဇီကာရောဂါသည်
တစ်ယောက်ကို ထပ်မံတွေ့ရှိခဲ့ရတယ်လို့ သည်အပတ်အတွင်းမှာ
 ထုတ်ပြန်ပါတယ်။ ဖလော်ရီဒါနဲ့ ကာရစ်ဘီယံဒေသမှာ မိုးသည်းထန်စွာ
ရွာသွန်းမှုကြောင့် သည် ရောဂါကူးစက်ပျံ့နှံ့ခဲ့ရတာလို့ အရင်လေ့လာချက်
တွေမှာ တွေ့ရှိရပါတယ်။ ခြင်တွေဟာ ဥကို ရေသေတွေမှာ ဥအုလေ့ရှိပြီး 
မိုးသဲသဲမဲမဲ ရွာသွန်းပြီး နောက်မှာ ပိုမိုဥကြကြောင်း တွေ့ရှိရပါတယ်။
 ပွာတိုရီကိုကျွန်းဟာ ဟာရီကိန်းမာရီ ယာ မုန်တိုင်းဒဏ်ခံခဲ့ရတာကြောင့်
 ခြင် ကြောင့် ဖြစ်ပွားတဲ့ရောဂါ ဆိုးဆိုးရွားရွား ဖြစ်ပွားမှာကို စိုးရိမ်ရလျက်
ရှိပါတယ်။
 နှင်းသန့် 
[ref: UPI, Nov 22, 2017.] 
ကုမုဒြာ
Read More...
Wednesday, November 29, 2017
လူထုကျန်းမာရေး(ဖရဲသီးအခွံကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ)
+Public Health+ 
အများစုက  ဖရဲသီးရဲ့ အရည်ရွှမ်းပြီး ချိုမြတဲ့အသားကိုပဲ စားကြပါတယ်။
ဒါပေမဲ့ ဖရဲသီးရဲ့အခွံကိုလည်း စားလို့ရပါတယ်တဲ့။ ဖရဲသီးအခွံက
သင့်ခန္ဓာကိုယ်ကို  ဘက်ပေါင်းစုံက အကျိုးပြုနေလို့ပါပဲ။
**ဖရဲသီးအခွံမှာ ဘာတွေပါလို့လဲ**
 ဖရဲသီး အသားမှာလိုပဲ အခွံမှာ ရေ ဓာတ် အပြည့်အဝ ပါဝင်ပါတယ်။
သည်လိုရေဓာတ် ပါဝင်လို့လည်း ကျောက်ကပ်ရဲ့စွန့်ထုတ်နိုင်စွမ်းကို ပိုကောင်း
စေတာပါ။ ဒါ့အပြင် ရေဓာတ်အလုံအလောက်ရရှိ မှုကြောင့် သွေးတိုးကိုလည်း
ကျစေဖို့ အထောက်ကူပေးပါတယ်။ ဖရဲခွံသားက ဗီတာမင် C ၊ B6  နဲ့   A တို
့ ပြည့်ဝစွာပါဝင်တဲ့အပြင် ပိုတက်စီယမ်နဲ့ ဇင့်တို့ကိုလည်း ပမာဏအတန်အသင့်
ရရှိ နိုင်ပါတယ်။ ဗီတာမင် စီပါဝင်လို့free radical ကြောင့်ထိခိုက်ပျက်စီးမှုတွေကို
 ခုခံနိုင်ပြီး ကိုယ်ခံအားကို ကောင်းစေပါတယ်။  
**ဖရဲသီးအခွံသားကို စားရင်ရရှိနိုင်မယ့် အကျိုးကျေးဇူးများ)** 
၁ ။ ကျောက်ကပ်မှာ ကျောက်ကြေစေ။  ဖရဲခွမှာပါတဲ့ ပိုတက်စီယမ်ဟာ
 ကျောက်ကပ်ထဲက အက်စစ်ပမာဏကို ထိန်းညှိ၊ ထိန်း သိမ်း ပေးတာ
 ဖြစ် လို့ ကျောက်ကပ်ကျန်းမာရေးအတွက်အကျိုးများစေပါတယ်။
 ရေဓာတ်ပါဝင်မှုကြောင့် ကျောက်ကပ်မှာတည်နေတဲ့ ကျောက်တွေကို
 ကြေကျစေပါတယ်။ 
၂။ ကိုယ်အလေးချိန်ကျစေ။
 ဗီတာမင် C ပါဝင်မှုကြောင့် diet လုပ်၊ ဝိတ်ချနေသူတွေအတွက် 
အထောက်အကူဖြစ်စေပြီး အမျှင်ဓာတ်ကြောင့် အချိန်အတော်ကြာ
 ဗိုက်ပြည့်နေစေမှာ ဖြစ်ပါ တယ်။
 ၃။ ရောင်ရမ်းမှုလျှော့ ကျစေ။ 
ဖရဲသီးခွံမှာပါတဲ့ lycopene ဓာတ်က အဆစ်ရောင် နာကျင်ကိုက်ခဲမှုတွေမှာ
 ဖြစ်တတ်တဲ့ရောင်ရမ်းမှုဝေဒနာကို လျှော့ ကျစေပါတယ်။ ဖရဲသီးခွံမှာ
 မျက်စိကျန်းမာရေးအတွက်ကောင်းတဲ့ beta carotene ဓာတ်လည်း
 တော်တော်လေး ပါဝင်ပါ တယ်။
 ၄ ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသနိုင်။ 
ဖရဲသီးအခွံရဲ့ ရေဓာတ်ဖြည့်တင်း နိုင်စွမ်းနဲ့ ဆီးရွှင်စေတဲ့အာနိသင်က
 ဆီးပိုးဝင် ခြင်း ကို ကုသရာမှာ ထိရောက်စေမှာပါ။ ဒါ့ ကြောင့် 
ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာ  စတွေ့ပြီဆိုတာနဲ့ ဖရဲသီးအခွံဖျော်ရည်
 ကို သောက်နိုင်ပါတယ်။
 ၅ ။ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို သက်သာစေ။ 
ဖရဲသီးအခွံသားကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေစားပေးမယ်ဆိုရင်
 ရင်ပူတာတွေ သက်သာစေပြီး ကိုယ်ဝန် ကြောင့် ဖြစ်တဲ့ ဖောရောင်မှုတွေ
ကို လျှော့ ပါးစေပါ တယ်။ ဖရဲသီးအခွံမှာပါဝင်တဲ့ သဘာဝသကြားဓာတ်ကြောင့်
 အော့အန်ခြင်း ဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါ တယ်။ 
၆။ သွေးတိုးထိန်းစေ။ 
ဖရဲသီးအခွံသားက သွေးတိုးကိုကျစေတယ်လို့ဆိုပေမဲ့ သွေးပေါင်ကျနေတဲ့ 
အခါမျိုးမှာလည်း သွေးလည်ပတ်မှုကို ကောင်းစေပြီး သွေးဖိအားကို  
ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။
 ယွန်းစန္ဒီနန်းမွန် [ref: Practo , Nov 16 , 2017.] 
 ကုမုဒြာ
Read More...
Friday, November 24, 2017
လူထုကျန်းမာရေး(ကိုယ်တွင်းအဆိပ်အတောက်တွေကို ရှင်းလင်းပေးမယ့် သခွားသီး detoxလုပ်နည်း-၃မျိုး)
+Public Health+
 သခွားသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူနိုင်ဖို့အတွက်
 သခွားတစ်လုံးကို ပါးပါးလှီးပြီး မိမိသောက်နေကျရေသန့်ဘူးထဲ ထည့်စိမ်ထား
ပေးရုံပါပဲ။ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဓာတ်တွေထဲမှာ
ဗိုက်တာမင်နဲ့ သတ္ထုဓာတ်လည်း ပါဝင်ပါတယ်။ သခွားသီးတစ်လုံးမှာ ခန္ဓာကိုယ်
အတွက် နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
 သခွားသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူနိုင်ဖို့အတွက်
သခွားတစ်လုံးကို ပါးပါးလှီးပြီး မိမိသောက်နေကျ ရေသန့်ဘူးထဲ ထည့်စိမ်ထား
ပေးရုံပါပဲ။ ပြီးရင် ရေငတ်တိုင်း သောက်ပေးပေါ့။ ဒါဆိုရင် သခွားသီးတစ်လုံး ရှိရုံနဲ့
အရသာရှိရှိ သောက်သုံးနိုင်မယ့် သခွားသီး detox ဖျော်ရည်လေးတွေကို
 ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ စတော်ဘယ်ရီသခွား detox။
 စတော်ဘယ်ရီသီးတွေကတော့ ဗိုက်တာမင် စီ၊ မဂ္ဂနီစီယမ်၊
အမျှင်ဓာတ်တွေ ကြွယ်ဝပါတယ်။ အနံ့အရသာနဲ့လည်းပြည့်စုံတဲ့
ဒီအနီရောင်သစ်သီးလေးဟာ antioxidant နဲ့ anti-inflammatory
 (အရေပြား ရောင်ရမ်းခြင်းကို ဆန့်ကျင်တဲ့) ဂုဏ်သတ္တိတွေလည်း
 ပါဝင်ပါတယ်။ ၄င်းဟာ သွေးတွင်းသကြားဓာတ် ထိန်းညှိရာမှာလည်း
ကူညီပေးပါတယ်။ ပူစီနံရွက်ကတော့ အသည်းထဲက သည်းခြေရည်တွေကို 
အူလမ်းကြောင်းတလျှောက် ချောချောမောမောစီးဆင်းနိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ အစာအိမ်ကြွက်သားတွေကိုလည်း ပူစီနံရွက်တွေက ကူညီပေးနိုင်ပါတယ်။
 ရို့စ်မေရီရွက်ကတော့ ဗိုက်တာမင် အေ၊ ဘီစစ်၊ ကယ်လ်ဆီယမ်၊ ပိုတက်စီယမ် ကြွယ်ဝတဲ့အရွက်တစ်မျိုးလည်း ဖြစ်ပါတယ်။ ၄င်းကလည်း မှတ်ဉာဏ်နဲ့
 သွေးလည်ပတ်မှု ကောင်းမွန်စေဖို့ အထောက်အကူပေးနိုင်ပါတယ်။ 
စတော်ဘယ်ရီသခွား detoxထဲမှာ သခွားသီးတစ်လုံး၊ စတော်ဘယ်ရီသီး (၇) လုံးခန့်၊ 
ရို့စ်မေရီရွက် အနည်းငယ်၊ ပူစီနံရွက် လက်တစ်ဆုပ်စာ၊ ဆားအနည်းငယ်တို
့ ပါဝင်ပါတယ်။ အရင်ဆုံး သခွားသီးတွေ၊ စတော်ဘယ်ရီသီးတွေကို အတုံးလေး
တွေဖြစ်အောင် လှီးဖြတ်ပြီး ဖန်ခရားတစ်လုံးထဲကို ထည့်လိုက်ပါ။ ပြီးရင် 
ငရုပ်ဆုံတစ်လုံးမှာ ရို့စ်မေရီရွက်ရယ်၊ ပူစီနံရွက်ရယ်၊ ဆားရယ်ကိုထည့်ပြီး
 ကြိတ်ခြေပေးလိုက်ပါ။ ပြီးရင် အဲဒီကရလာတဲ့ အရွက်ထောင်းနဲ့ အရည်တွေကို
 ခရားထ ပြောင်းထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ထုံးစံအတိုင်း ဖန်ခရားလည်ပင်းထိ
 ရေပြည့်အောင်ဖြည့်ပြီး ရေခဲသေတ္တာထဲ သိမ်းထားနိုင်ပါပြီ။ မသောက်ခင်
 ရေခဲနည်းနည်း ထည့်သောက်နိုင်ပါသေးတယ်။
 ၂။ စပျစ်သခွား detox။
 ရေဓာတ်ကုန်ခမ်းခြင်းနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရာမှာ
 စပျစ်သီးတွေက အကောင်းဆုံးပါပဲ။ သူတို့က အင်ဆူလင် ပမာဏကို 
ထိန်းညှိပေးပြီး အင်ဆူလင်တုံ့ပြန်မှုတွေကိုလည်း မြင့်တက်ကောင်းမွန်စေ
ပါတယ်။ အရွယ်လည်းတင်စေပါတယ်။ သံပရိုသီးကတော့ အစာခြေစနစ်ကို 
ကူညီပေးပါတယ်။ ငရုပ်ကောင်းမှုန့်ကတော့ ဗိုက်တာမင်အီး ကြွယ်ဝပြီး 
အစာခြေခြင်းကိုလည်း ထောက်ကူပေးပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ 
သခွားသီးတစ်ခြမ်း၊ အစိမ်းရောင်စပျစ်သီး (၁၀) လုံး၊ သံပရိုသီး (၁) ခြမ်း၊ 
ငရုပ်ကောင်းမှုန့်တို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး သခွားသီးနဲ့ သံပရိုသီးကို
 ပါးပါးလေးတွေဖြစ်အောင် လှီးပြီး ဖန်ခရားတစ်လုံးထဲကို ထည့်လိုက်ပါ။
 ပြီးရင် စပျစ်သီး တွေကိုလည်း ထက်ခြမ်းခြမ်းပြီး ခရားထဲကို ထည့်လိုက်ပါ။
 ထုံးစံအတိုင်း ရေကို ပုလင်းလည်ပင်းထိရောက်အောင် ဖြည့်ပြီး ရေခဲသေတ္တာထဲ
ထည့်လိုက်ပါ။ မသောက်ခင်မှာ ငရုပ်ကောင်းမှုန့်လေး နည်းနည်းဖြူးပေးလိုက်ပါဦး။ 
ဒီ detox လေးကတော့ အသားအရေအတွက် အထူးကောင်းမွန်ပါတယ်။
၃။ သခွားသံပုရာ detox ။
သံပုရာရည်ဟာ အသည်းကထွက်တဲ့ သည်းခြေရည်တွေကို အူလမ်းကြောင်း
တလျှော
က် စီးဆင်းသွားအောင် ကူညီပေးခြင်းဖြင့် ခန္ဓာကိုယ်ပေါ်က 
အဆီပိုတွေကို ပျောက်ကွယ်စေပါတယ်။ ပူစီနံရွက်မှာတော့ အေးမြစေတဲ့ 
ဂုဏ်သတ္တိရှိပါတယ်။ နောက်ပြီး သူဟာ သည်းခြေရည်တွေ အသည်းက
အူလမ်းကြောင်းဆီ ချောမွေ့စွာ စီးဆင်းနိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။
 လိုအပ်တဲ့ ပစ္စည်းတွေကတော့ သခွားသီးတစ်ခြမ်း၊ သံပုရာသီးတစ်လုံး၊ 
ပူစီနံရွက်အနည်းငယ်၊ ဆားအနည်းငယ် တို့ဖြစ်ပါတယ်။ သခွားသီးနဲ့သံပုရာသီး
ကို ပါးပါးလေးတွေဖြစ်အောင်လှီးပြီး ဖန်ပုလင်း (သို့) ဖန်ခရားတစ်လုံးထဲမှာ
 ထည့်ပေးပါ။ ပူစီနံရွက် တွေကိုလည်း လှီးဖြတ်လိုက်ပါ။ ပြီးရင်ငရုတ်ဆုံထဲမှာ
 ပူစီနံရွက်နဲ့ဆားကိုရောပြီး ညင်သာစွာထောင်းပေးလိုက်ပါ။ ပြီးရင် ထွက်လာတဲ့
အရည်နဲ့ အရွက်တွေကို ဖန်ပုလင်းထဲကို ပြောင်းထဲပေးလိုက်ပါ။ ပြီးရင်တော့ 
ဖန်ပုလင်းလည်ပင်းနားထိ ရောက်အောင် ရေဖြည့်ပြီး ရေခဲသေတ္တာထဲမှာ
 အအေးခံထားနိုင်ပါပြီ။ 
 Source: stylecraze 
7 Day Journal
Read More...
Wednesday, November 22, 2017
လူထုကျန်းမာရေး(ဘုရားပန်း ကပ်​လှူရာတွင်​ မသိလိုက်​​သောအန္တရာယ်​အဆိပ်​ပန်းများ)
+Public Health+ 
ကျွန်​​တော်​တို့ ဗုဒ္ဓ ဘာသာ လူမျိုးများ ဘုရားပန်းကပ်​ရာတွင်​ ပန်း​လေး
 ကပ်​လှူရာတွင်​ ကုသိုလိ ရဖို့ မိမိ​နေအိမ်​ရှိ ဘုရား​ကျောင်း​ဆောင်​​လေး
သန့်​ရှင်းသက်​ရပ်​လှပ​နေ​စေဖို့အတွက်​ ဘုရားပန်းများကပ်​လှူကြပါသည်​။
ထိုသို့ကပ်​ လှူရာတွင်​ မိမိ​မွေးနံနဲ့ မတည့်​​သော ပန်းများ အ​ကြောင်းကို
 လူတိုင်းမသိ​လောက်​ပါ။ ထို့​ကြောင့်​ ကျွန်​​တော်​ သိသ​လောက်​ တတ်​သ​လောက်
လေး ​ပြောပြချင်ပါတယ်​။ ဒီပညာဟာလည်း ဆရာတစ်​​ယောက်​ဓာတ်​ဆင်​ပုံကို
ဥာဏ်​ဖွင့်​​ပေးလိုက်​မှ ကျွန်​​တော်​မြင်​တဲ့ ပညာရပ်​တစ်​ခုပါ။ ကဲ့စ​ပြောပြီ​နော်။
 ​ဗေဒင်​ ပညာတွင်ဦးညို /​ခေမာ/သုတ / ​ဝေရီဆို​သော ကမ္ဘာဓာတ်​ရန်​ ကိုလည်း
သိမှာပါ။
ဦးညို – ဦး =တနင်္ဂ​နွေ ၊ ညို = အင်္ဂါ
အင်္ဂါ သားသမီးက အုန်းပန်း​ကိုမလှူသင့်​ပါ။ တနင်္ဂ​နွေ သား သမီး
တစ်​ယောက်​ဟာ သစ္စာ ပန်းကို မလှူသင့်​ပါ။ဘာ​ကြောင့်​ သစ္စာ ပန်းကို
 မလှူသင့်​တာလည်း ​မေးစရာဖြစ်​လာပြီး သစ္စာပန်းက အင်္ဂါ နံပါ။
ဘာ​ကြောင့်​ သစ္စာက အင်္ဂါ နံဖြစ်​ရမှာလည်း ​မေးစရာဖြစ်​လိမ့်​မယ်​။  
သေချာမှတ်​ကြပါခင်​ဗျာ။ ပုဂ္ဂလ ဓာတ်​ပညာမှာ သက်​ရှိ အရင်း /သက်​မဲ့ က
 အဖျား စာလုံးယူရပါလိမ့်​မယ်​။ လူဆိုရင်​ ​မောင်​​ကောင်းထက်​ ၊
ကြ​တော့ ​နောက်​ဆုံး စာလုံးကို ယူပါ့မယ်​။ သစ္စာ = စာ ဆို​သော
စာလုံးကိုယူပါ့မယ်​။ ဒီ​လောက်​ဆို နားလည်​မလားခင်​ဗျာ။ 
ဆက်​​ပြောပါ့မယ်​။ ​ခေမာ – ​ခေ=တနင်္လာ ၊ မာ= ကြာသပ​တေး 
 ဒါ​ကြောင့်​ တနင်္လာ သားသမီးတို့သည်​ ကြာသပ​တေးနံ ​မေမြို့ပန်းကို 
မလှူသင့်​ပါ။ ကြာသပ​တေး သားသမီးသည်​လည်း ကံ​ကော်​ပန်းတို့
 ကြာပန်းတို့ကိုမလှူသင့်​​ပေ။ 
ကျန်​​တော့သားသ္မီး များ မိမိ ​မွေးနံနဲ့ မိမိလှူမယ့်​ပန်းနံမည်​များ 
ဆက်​လက်​တွက်​ကြည့်​ကြပါကုန်​။ ​နောက်​တစ်​ခုက ပန်းကိုလှူမယ်
ဆိုရင်​လည်း တစ်​မျိုးထဲသာ လှူကြပါ။ ၂မျိုး ထွဲလှူမယ်​ဆိုရင်​လည်း
 တွက်​ကြည့်​ ကြပါအုံး ။ လှူမည့်​ပန်း၂မျိုးဟာ ရန်​ကြမကြ ။ 
မိတ်​ဓာတ်​ပန်းများသာ လှူ ကြပါဗျာ။တွဲ၍ မလှူ​ကောင်း​သော ပန်း ၂မျိုး
 ဥပမာ။ ။ ​ဒေါန ပန်း​နဲ့ ​မေမြို့ပန်း ၊ စ​နေနံ နဲ့ ကြာသပ​တေး နံပါခင်​ဗျာ။
 တခြားပန်း​တွေလည်း တွက်​ကြည့်​ ကြပါ။ အဲ့လို ရန်​ပန်း​တွေလှူရင်
ဘာဖြစ်​မလည်း ​ကောင်းမူကုသိုလ်​ လုပ်​တာပဲ မယုံကြည်​ရင်​ စမ်းကြည့်
 လိုက်​ပါလို့ပဲ ​ပြောချင်​ပါတယ်​။ မိသားစု ခြင်း အဆင်​မ​ပြေခြင်း/
အလုပ်​အကိုင်​​တွေ အဆင်​မ​ပြေ ခြင်း/ပြဿနာများဖြစ်​​နေခြင်းများ
 ကြုံပါလိမ့်​မယ်​။ စမ်းကြည့်​ ခြင်​ရင်​ စမ်းကြည့်​​ပေါ့။ 
 Credit: အောင်နေလင်း(တောင်ငူ) 
လွင်ပြင်
Read More...
Thursday, November 16, 2017
လူထုကျန်းမာရေး(ခရမ်းချဉ်သီး ဖျော်ရည်က ခါးသွယ်စေတယ်တဲ့လား)
+Public Health+ 
 ခရမ်းချဉ်သီးကို အမြဲတမ်းတော့မရှောင်နိုင်ကြပါဘူး။ ဟင်းတစ်ခွက်ရဲ့
 အနှစ်သာရ ခရမ်းချဉ်သီးရဲ့ ချဉ်ပြုံးပြုံးအရသာလေး ပါရင် ပိုစားကောင်းတာ
အမှန်ပဲပေါ့။ အစားအသောက်အတွက်ပဲ မဟုတ်ပါဘူး။ အလှအပအတွက်ပါ
 ခရမ်းချဉ်သီး ကိုကြိတ်ပြီး မျက်နှာပေါ်လိမ်းကာ ပေါင်းတင်လာကြပါတယ်။
 ဒီ့အပြင် ခရမ်းချဉ်သီးဟာ ကင်ဆာ၊နှလုံးရောဂါ၊ ဆီးချို၊ ကျောက်ကပ်အစရှိတဲ့
ရောဂါတွေ မဖြစ်နိုင်ရန်ကာကွယ်ပေးတဲ့အပြင် အမြင်အာရုံအားဖြည့်ပေးခြင်း၊
၊အစာချေနှုန်းတိုးမြှင့်ပေးခြင်း၊ အရွယ်မတိုင်ခင် အိုမင်ရင့်ရော်ခြင်း အပြင်
အခြားရောဂါပေါင်းများစွာကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် အံ့ဩစရာ
တစ်ခုကတော့ ခရမ်းချဉ်သီးဖျော်ရည် နေ့စဉ်ပုံမှန်သောက်ပေးခြင်းအားဖြင့်
၂လအတွင်းခါးတစ်လက်မကျစေတယ်ဆိုတာပဲ။ ထိုင်ဝမ်မှာရှိတဲ့ တရုတ်ဆေးကျောင်း
တစ်ခုက သုတေသနအနေနဲ့ အသက်၂၀ မှ ၃၀ အရွယ်ရှိတဲ့ အမျိုးသမီးတွေ
ကို စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ့အမျိုးသမီးတွေကို နေ့စဉ်ပုံမှန် ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်သောက်သုံးစေပြီး ၈ပတ် (၂လ) ကြာ
တဲ့အခါမှာတော့ ခါး ၁လက်မရဲ့ ၃ပုံ ၂ပုံလောက်သိသိသာသာကျဆင်းသွား
တဲ့အပြင် ကိုယ်အလေးချိန်တစ်ပေါင်ထက် ပိုလျှော့ သွားတာတွေ့ရှိလာရတယ်။
  ဒါပေမယ့်လည်း အာဟာရပညာရှင်တစ်ဦးဖြစ်တဲ့ Mike Lean ကတော့ 
ဒီနည်းလမ်းဟာ ချွတ်ယွင်းချက်လေးရှိနိုင်တယ်လို့ဆိုထားပါတယ်။
ဘာကြောင့်လည်းဆိုတော့ စမ်းသပ်မှုတွေပြုလုပ်တဲ့အခါမှာ (Control Group) 
လို့ခေါ်တဲ့ ခရမ်းချဉ်သီးမသောက်သုံးတဲ့အဖွဲ့ မရှိသေးတဲ့အတွက်ကြောင့်
 သောက်သုံးသူနဲ့ မသောက်သုံးသူတို့ရဲ့ရလဒ် နှိုင်းယှဉ်လို့မရတဲ့အတွက်ကြောင့်
 တိကျတဲ့ အဖြေမထွက်လာသေးပါဘူးလို့ဆိုထားတယ်။ ဒါပေမယ့်လည်း
 အကျိုးတော့မယုတ်ပါဘူး။ ခါးမကျစေနိုင်ရင်တောင် သူ့ရဲ့ အလှအပရေးရာရော၊ 
ကျန်းမာရေးအကျိုးကျေးဇူးတွေရော အများကြီးရှိနေသေးတဲ့အတွက်
 သောက်သုံးမယ်ဆိုရင်လည်း စိုးရိမ်ဖွယ်ရာမရှိပါဘူး။ 
 **လွယ်ကူတဲ့ ခရမ်းချဉ်သီးဖျော်နည်း**
 ခရမ်းချဉ်းသီးကို ရေဆေး ခေါင်းထိပ်ကလေးဖြတ်ပြီး ခပ်ထူထူလှီးကာ
 ကြိတ်စက်သို့မဟုတ် ဖျော်ရည်စက်ထဲထည့်ကြိတ်ပါ။ လိုအပ်သလောက်
ရေရောပါ။ ဆား၊ငရုတ်ကောင်းလိုအပ်သလောက်ထည့်ပါ။ အခုဆို 
လှပကျန်းမာ နုပျိုတဲ့အပြင် ခါးလည်းသွယ်စေမယ့် သဘာဝခရမ်းချဉ်သီးဖျော်ရည်
 ရရှိပါပြီ။ 
 copy @ myfoodmyanmar 
လွင်ပြင်
Read More...
Saturday, November 11, 2017
လူထုကျန်းမာရေး(အမျိုးသားများအတွက် အိမ်တွင်းလုပ် သဘာဝအားဆေး)
+Public Health+
အမျိုးသားခွန်အားအတွက် အားတိုးဆေးအမျိုးမျိုးကို ၀ယ်သောက်ရတာ
 ငွေကုန်နေလို့ စိတ်ညစ်နေသလား။ ဘာမှမပူနဲ့ ကိုယ်တိုင်လုပ်
အိမ်တွင်းကုထုံးနည်းတွေ အများကြီးရှိတယ်။ တစ်ခါတည်း အများကြီးေ
ပြောပြလိုက်ရင် ရောသွားပြီး မမှတ်မိမှာစိုးလို့ တစ်မျိုးစီကိုပဲ ပြောပေးမယ်။
 ၁။ငှက်ပျောသီးတစ်လုံး (ဖီးကြမ်းပိုကောင်း)
 ၂။ ကြက်ဥတစ်လုံး (သဘာဝကြက်ဥပိုကောင်း)
၃။ပျားရည် (မွေးပျားမဟုတ်၊ သဘာဝပျား)
 ၄။သကြား (ဆေးမဆိုးထားသော သကြားညို)
  -ဖျော်နည်း— 
ဖီးကြမ်းတစ်ဖီးရဲ့ ဘေးအစွန်ဆုံးအလုံး (၃ ထောင့်သီး)ကို ရွေးယူပါ။ 
တစ်ဖီးလုံးမှာ အဲဒီအလုံးက အကောင်းဆုံးပဲ။ငှက်ပျောသီးကို 
အခွံခွါပြီး မတ်ခွက်၊ ဖန်ခွက်ထဲထည့်၊ ကြက်ဥဖောက်ထည့်၊ ပျားရည်ကို 
ထမင်းစားဇွန်းတစ်ဇွန်းထည့်၊ သကြားကို တစ်ဇွန်းထည့်၊ သမနေအောင်
 ရောမွှေလိုက်ပြီး စားပါ။ တာရှည်ခံစေတဲ့ ဓါတုပစ္စည်းလုံးဝမပါပဲ 
ကိုယ်တိုင်လုပ် သဘာဝစစ်စစ်အားတိုးဆေးမို့ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။
ဒီ ၄ မျိုးစလုံးဟာ ကျားခွန်အားကို တိုးပွါးစေပြီး အားအင်ပြည့်ဝစေတာမို့
နေ့တိုင်းတော့ မစားနဲ့။ တစ်ပတ်ကို ၃ ကြိမ်လောက်ပဲ စားပါ။ 
ခွန်အားတွေ တိုးပြီး စိတ်ကျေနပ်အပြည့်အ၀ ရလာစေပါမယ်။
 Credit; မြန်မာတိုင်းရင်းဆေးများ 
လွင်ပြင်
Read More...
Wednesday, November 8, 2017
လူထုကျန်းမာရေး (ထမင်းကြမ်းတွေက အစာအဆိပ်သင့်မှုကို ဖြစ်စေနိုင်)
+Public Health+ 
အိမ်ရှိလူတွေနဲ့ ထမင်း ကို အံကိုက် အပိုအလျှံမရှိ ချက်ရတာ မလွယ်ပါဘူး။
 အမြဲလိုလို ထမင်း က ကျန်လေ့ရှိပါတယ်။ အဲ့ဒီကျန်တဲ့ထမင်းကို နောက်နေ့မှာ
 မနက်စာ၊ နေ့လည်စာ ပြန်စားလေ့ရှိပါတယ်။ အဲ့လို ကျန်တဲ့ထမင်းကြမ်းတွေကို
 စားရင် အစာအဆိပ်သင့်မှုကို ဖြစ်စေနိုင်ပါတယ်။ မချက်ရသေးတဲ့ဆန်မှာ
အစာအဆိပ်သင့်မှုကိုဖြစ်စေတဲ့ Bacillus Cereus ကို ထုတ်လုပ်ပေးနိုင်တဲ့
ဆဲလ်တွေပါဝင်ပါတယ်။ Bacillus Cereusက ထမင်းချက်ပြီး ရင်တောင်
ရှင်သန်နိုင်ပါတယ်။ ပြဿနာက ထမင်းချက်ပြီး ထမင်းတွေကို 
အခန်းအပူအချိန်မှာ ထားထားတာပါ။ အစာအဆိပ်သင့်မှုကို ဖြစ်စေတဲ့ 
ဘက်တီးရီးယားတွေက အခန်းအပူချိန်အတွင်း ပေါက်ဖွားလာပါတယ်။
 ဒါကြောင့် နောက်နေ့ထမင်းအကျန်တွေစားတဲ့အခါမှာ အစာအဆိပ်သင့်မှု
ဖြစ်ရတာပါ။ ဒါကြောင့် အမေရိကန် အမျိုးသား ကျန်းမာရေး ဌာနက ချက်ပြီးသား
 ထမင်းကို အခန်းအပူချိန်မှာ ၁ နာရီထက်ပိုပြီး မထားသင့်ဘူးလို့ ဆိုပါတယ်။ 
 စားပြီးချက်ခြင်း ရေခဲသေတ္တာထဲထည့်ပြီး သိမ်းထားရင် အစာအဆိပ်သင့်
တာကိုဖြစ်စေနိုင်တဲ့ ပိုးမွှားတွေပေါက်တာကို တားဆီးနိုင်ပါတယ်။ 
 Credit;dagaung 
လွင်ပြင်
Read More...
Monday, November 6, 2017
လူထုကျန်းမာရေး (ဆီးချိုအတွက်ကောက်ညှင်းငချိပ်နှင့်မန်ကျည်းစေ့)
+Public Health+ 
လက်တွေ့လုပ်ကြည့်ပြီး ပျောက်ကင်းပါက ဝေငှကြပါရန်။
 ဆေးချိုဝေဒနာရှင်တို့ အဖိုးအခနည်းပါးသောဆေးမြီးတိုဖြစ်ပါသည်။
ဆီချို ဝေဒနာရှင်တို့ အမှန်ပင်ပျောက်ကင်းခြင်းရှိပါသည်။
 -ဆေးနည်းမှာ-
 ကောက်ညှင်းငချိပ် နို့ဆီဗူး (၁)ဗူး မန်ကျည်းစေ့ (၃)စေ့ သာဖြစ်သည်။
(၁)ကောက်ညှင်းငချိပ်များ အမည်းရောင်ကုန်စေသည့်အထိ ရေဖြင့်
ပွတ်တိုက် ဆေးရသည်။ လက်ဖြင့်နာနာပွတ်ဆေးကာ ငါးဆယ်သားပုလင်း
တစ်လုံးစာ ရပါကဆေးတစ်ဖုံစာ ရပါ သည်။ ဆေးရည်ကိုယူရခြင်းဖြစ်သည်။
ဆေးပြီးသော ကောက်ညှင်းငချိပ်များကို အသုံး ပြုခြင်းမရှိတော့ပါ။
  (၂) ကောက်ညှင်းငချိပ် အမည်းရောင်ရေတစ်ပုလင်းတွင် မန်ကျည်းစေ့(၃)စေ့အား
 မီးကျွမ်းအောင်ဖုတ်ပြီး ပုလင်းထဲထည့်ရသည်။
 (၃)အနည်ထိုင်ပါလျှင် အပေါ်ရေကို ဆေးအဖြစ်သောက်သုံးနိုင်သုံးနိုင်ပြီဖြစ်သည်။ 
-ဆေးနည်းပေးသူ၏အဆို- 
 ဆီးချိုနုသူအတွက်ဆေး(၁)ပုလင်းကုန်လျှင်
 ပျောက်သည်ဆိုသည်။ ရောဂါရင့်သူအတွက် ဆေးနှစ်ပုလင်းကုန်လျှင် ပျောက်ကင်းကြောင်းဖေါ်ပြထားသည်။ 
 -သောက်သုံးရန်- 
တစ်ရက်လက်ဖက်ရည်ကြမ်းတစ်ခွက်မျှနံက် တစ်ကြိမ်ညတစ်ကြိမ်သောက်ပေးပါရန်။
 -မှတ်ချက်- 
ထိုကောက်ညှင်းငချိပ်ဆေးရည်ကို သောက်နေစဉ် ကောက်ညှင်းနှင့်
ပတ်သက်သော အစား အစာများကို စားသုံးခြင်း၊ကောက်ညှင်းများကိုပင်
ကိုင်တွယ်ခြင်း မပြုရဟုဆိုပါသည်။ မွန်ပြည်နယ် ဇင်းကျိုက်မြို့နှင့်
 ပေါင်မြို့ကြား ဥက္ကံကျေးရွာတွင် ဘီလူးမဆိုသော ဘုန်းတော်ကြီး ကျောင်းမှ
 ဆေးဝါးကုသရာတွင် အမည်နာမကြီး ခဲ့သော ဘီလူးမဆရာတော်ကြီး၏
 ဆေးနည်းဟု ဆိုပါသည်။ ရောဂါပျောက်ကင်းကြပါက မျှဝေပေးကြပါကုန်…။ 
ကောက်ညှင်းငချိပ်ဆေးရည်ပုလင်းကို သောက်သုံးကြပါ။ 
စာကိုး။ နက္ခတ္တရောင်ခြည် (ဆီးချိုရောဂါအတွက် ဆေးတစ်လက်)မှ
ထုတ်နုတ်သည်။
 ရဲမျိုးသူ(ဗောဓိမြိုင်)
Read More...
Sunday, November 5, 2017
လူထုကျန်မာရေး (ကင်ဆာဆဲလ်များကို သေစေနိုင်တဲ့ အံသြဖွယ်အစွမ်း နဲ့ ဖျော်ရည်)
+Public Health+ 
 ရှေးကတည်းက အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တဲ့ အစွမ်းထက် ဖျော်ရည် တစ်မျိုးဖြစ်ပါတယ်။ယုံကြည်စွာသောက်သုံးကြည့်ပါ။ ခန္ဓာကိုယ် ကို
 ဘေးမဖြစ်စေပါဘူး။ကောင်းကျိုးသာရစေတဲ့အစွမ်း ထက် ဖျော်ရည်
 ဖြစ်ပါတယ်။ ဒီဖျော်ရည်ကို အာလူး တစ်လုံး ( တစ်ချိုတွေကတော့
 Beetrootလို့ခေါ်တဲ့ဥတစ်မျိုးနဲ့လည်း အာလူး နေရာမှာ အစားထိုး
သုံးပါတယ် )၊ မုန်လာဥနီ တစ်တောင့်၊ ပန်းသီး တစ်လုံးပေါင်းစပ်ပြီး
 ဖော်စပ်ရတာပါ။ သစ်သီးအားလုံးကိုဆေးကြောသန့်စင်ပါ။ အခွံခွာပါ။ ပြီးရင်ဖျော်စက်ထဲထည့်ကြိတ်ပြီးသည်နှင့် ချက်ခြင်း သောက်သုံးနိုင်ပါပြီ။
သံပုရာသီး ၊ ရှောက်သီး၊ သံပရိုသီး တို့ကိုလည်း လိုအပ်ရင်ထည့်
သောက်နိုင်ပါတယ်။ ဒီဖျော်ရည်ရဲ့ အစွမ်းထက်ပုံတွေကတော့-
( ၁ ) ကင်ဆာဆဲတွေကြီးထွားပြန့်ပွားခြင်းကို တားဆီးပေးပါတယ်။
 ( ၂ ) အသည်းကြီးထွားခြင်း၊ ကျောက်ကပ်ကြီးထွားခြင်း၊ကပါယ်အိတ်
ကြီးထွားခြင်းကိုလည်းတားဆီးပေးပါ တယ်။ပြည်တည်နာဖြစ်ခြင်း
ကိုလည်း ကုစားနိုင်ပါတယ်။
 ( ၃ ) အဆုတ်ကိုအားတိုးစေပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတို့ကို
လည်းကာကွယ်ပေးပါတယ်။ 
( ၄ ) ခုခံအား စနစ်ကိုလည်း အားကောင်းစေပါတယ်။ 
( ၅ ) မျက်စိ အာရုံကိုပိုကောင်းစေသလို၊ မျက်လုံး နီခြင်း၊မျက်စိညောင်းခြင်း
တို့ကိုလည်းသက်သာစေပါတယ်။ 
( ၆ ) ကြွက်သား နားခြင်း၊ ကြွက်သား ဒဏ်ဖြစ်ခြင်းကိုလည်းပျောက်ကင်း
စေပါတယ်။
 ( ၇ ) အသားကိုလှပစေပြီး ရွှန်းလဲ့တောက်ပစေပါတယ်။ ပိုမိုနုပျိုစေပါတယ်။
 ( ၈ ) အစာကိုကြေညက်စေနိုင်ပြီး အစာခြေစနစ်ပိုကို ပိုမိုကောင်းမွန်စေပါတယ်။
 ( ၉ ) အမျိုးသမီး များ မီယပ်သွေးပေါ်ချိန်တွင်ဖြစ်တတ်သောနာကျင်ခြင်း
ကိုလည်းလျှော့ နည်းသက် သာစေပါတယ်။
 ( ၁၀ ) ဖျားနာခြင်း ကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
 ( ၁၁ ) ဥာဏ်ရည် ကိုတိုးတက်စေပြီး ဦးနှောက် ကိုပိုမိုကောင်းမွန်စေ
ပါတယ်။ 
( ၁၂ ) ကိုယ်အလေးချိန် လျှောချနေသူများအနေနှင့်လည်း
သောက်သုံးနိုင်ပါတယ်။ဒီ ဖျော်ရည် ဟာ အားအင် ကိုတိုးစေသလို 
ကယ်လိုရီ ပါဝင်မှုကလည်းအနည်းဆုံးသောဖျော်ရည်ဖြစ်ပါတယ်။
 ( ၁၃ ) ကိုယ်ခန္ဓာ အတွင်းက ကလီစာ များပြန်လည်တည်ဆောက်ခြင်း
ကို အထောက်အပံ့ပေးပါတယ်။ ရောဂါ တော်တော်များကိုသက်သာအောင် အထူးအစွမ်းထက်သောဖျော်ရည်ဖြစ်ပါတယ်။ သောက်သုံးနည်းကတော့
 ဖျော်ပြီးသား ဖျော်ရည် အား မနက်စာမစားခင် ၁နာရီအလိုဗိုက်ထဲတွင်
 အစာမရှိ ချိန်မှာ သောက်သုံးရပါမယ်။ ပိုပြီးအာနိသင်သက်ရောက်ချင်
သူများအနေနဲ့ တစ်နေ့ ၂ကြိမ် မနက်တစ်ကြိမ်နှင့် ညနေ၅နာရီတွင် 
၁ ကြိမ် သောက်သုံးနိုင်ပါတယ်။ ၂ပါတ်အတွင်းခုခံအားစနစ်
ထူးခြားသိသာပြောင်းလဲလာပါလိမ့်မယ်။
 Credit : ကျန်းမာရေး ဆိုင်ရာ ဗဟုသုတများ 
လွင်ပြင်
Read More...
Total Pageviews
Labels
ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)