ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label ဘောလုံးဟာသ.... Show all posts
Showing posts with label ဘောလုံးဟာသ.... Show all posts

Thursday, February 17, 2011

ဖအေတူသမီး…

** ရွှင်ပြုံးတခဏ -ဘောလုံးဟာသ **

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးမှာ ငွေကြေးသုံးစွဲရာတွင် စည်းစနစ်ကျသူဖြစ်ရာ ငွေသုံးကြမ်းသော သမီးဖြစ်သူကို များစွာ စိုးရိမ်မိသည်။ တစ်နေ့တွင် ရည်းစားဖြစ်သူနှင့် ချိန်းတွေ့ပြီး ပြန်လာသော သမီးဖြစ်သူအား ချိန်းတွေ့ရာတွင် မည်မျှ ကုန်ကျခဲ့သည်ကို မေးမြန်းလေသည်။ တစ်မိနစ်ခန့်စဉ်းစားပြီးသော် သမီးဖြစ်သူက `ဟုတ်ကဲ့ ဒေါ်လာ ၁၀၊ ၂၀ လောက်တော့ ကုန်မယ်ထင်တယ်ဒယ်ဒီ´
`အော်… တော်သေးတာပေါ့ နောက်ဆုံးတော့ ငွေတန်ဖိုးကို သမီးနားလည်လာလို့ ဒယ်ဒီဝမ်းသာမိတယ်ကွာ´
`ရိုးရိုးသားသား ပြောရရင် ဒီထက်ပိုကုန်မှာ အဖေရဲ့။ သမီးရည်းစားမှာ ဒီလောက်ပဲပါလို့´



မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

Sunday, February 13, 2011

စိတ်မပူနဲ့…


** ရွှင်ပြုံးတခဏ ဘောလုံးဟာသ **


ညသန်းခေါင်ယံအချိန်တွင် ဒါဘီကောင်တီအသင်းနည်းပြထံသို့ ဖုန်းဝင်လာသည်။
`ဆောရီးပါဆရာ… ကျနော်က မီးသတ်ဌာနကပါ။ ခင်ဗျားတို့အသင်းရဲ့ အားကစားကွင်းကြီး မီးလောင်နေလို့´
`ဘာ… ဒါဆိုဖလားတွေ မီးမလောင်ခင် အမြန်ငြှိမ်းပေးပါ။ အမြန်ငြှိမ်းပေးပါ´
`ဆရာ… စိတ်အရမ်းပူမနေပါနဲ့ လောင်နေတဲ့မီးက ရေချိုးခန်းတွေဘက်ကို မရောက်သေးပါဘူး။ စိတ်အေးအေးထားပါ´



မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

Sunday, January 2, 2011

လူပိုမတင်ရ

**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

အားလပ်ရက်တွင် မန်ယူအသင်းမှ ရူနီတစ်ယောက် အပန်းဖြေသည့်အနေဖြင့် စက်ဘီးစီးထွက်လာသည်။ လမ်းတွင် အပြစ်ရှာတတ်သော ယာဉ်ထိန်းရဲတစ်ဦးနှင့်ဆုံလေရာ ယာဉ်ထိန်းရဲမှာ ရူနီကို အရေးယူရန် စက်ဘီးကိုစေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးလေသည်။ သို့ရာတွင် မည်သည့်အပြစ်မှရှာမတွေ့။
ရူနီမှာ ယာဉ်ထိန်းရဲကို နောက်ပြောင်လိုစိတ်ဖြင့် `ခင်ဗျားကျုပ်ကို ဘယ်တော့မှ ဖမ်းလို့ရမှာမဟုတ်ပါဘူး။ ဘုရားသခင်က ကျုပ်သွားလေရာ တိုင်းမှာ အတူရှိတယ်´
`ဟင် ဒါဆို မင်းကိုဖမ်းလို့ရပြီ´
`ထိုင်ခုံ တခုံထဲပါတဲ့ စက်ဘီးပေါ်မှာ လူပိုတင်တဲ့အတွက်ပေါ့ကွ´

မှတ်ချက်။ ။ နိုင်ငံတကာအားကစားဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

Wednesday, December 29, 2010

လွဲပြန်ပြီ…

**(ရွှင်ပြုံးတခဏ ဘောလုံးဟာသ)**
ဘော်လတန် အသင်းမှ ဒီအော့ဖ်နှင့် ဘုန်းတော်ကြီးတစ်ပါးတို့ ဂေါက်သီးကစားနေကြသည်။ ၄င်း၏ ရိုက်ချက်လွဲချော်သွားရာ ဒေါသတကြီးဖြင့် ဒီအော့ဖ်က `ချီးမှပဲ လွဲရတယ်လို့´ ဤျတွင် ဘုန်းတော်ကြီးက `ဒီလိုမဆဲရဘူးလေကွာ… မင်းကို ဘုရားသ်ခင်ဒဏ်ခတ်လိမ့်မယ်´ သို့နှင့် ဆက်ကစားကြရာ ဒီအော့ဖ်ရိုက်ချက်ထပ်မံလွဲချော်သွားပြန်သည်။
`ဟာ… ခွီးမှပဲ… လွဲပြန်ပြီကွာ´
`လူလေး… မင်းဒီလိုဆဲရင် ဘုရားသခင်ဒဏ်ခတ်တာခံရမှာပေါ့´

ဒီအော့ဖ်မှာ ဆက်ကစားရာတွင်လည်း မကြာခဏလွဲချော်ပြီး လွဲချော်တိုင်းလည်း ပစ်ပစ်နှစ်နှစ်ဆဲလေသည်။
ရုတ်တရက်ကောင်းကင်တံခါးပွင့်လာပြီး မိုးကြိုးအလင်းတန်းများထွက်လာကာ ဘုန်းတော်ကြီးကိုထိမှန်သွားသည်။
ထိုစဉ်မှာပင် ကောင်းကင်မှာကျယ်လောင်သောအသံထွက်ပေါ်လာသည်။
`အာ… ခွီးမှပဲ လွဲသွားပြန်ပြီ´



မှတ်ချက်။ ။ နိုင်ငံတကာ အားကစားဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

Saturday, December 11, 2010

ဝါသနာကြီးသူ

**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**
ဘောလုံးဝါသနာရှင် ၄ ဦးအတူ ကစားရင်းခေတ္တနားချိန်တွင် စကားစမြည့်ပြောနေကြသည်။
ပထမလ။ ။ ကျုပ်က ဘောလုံးအားကစားကို ၀ါသနာကြီးပေမယ့် ကျုပ်မိန်းမကို ကြောက်ရတယ်ဗျ။ ဒီနေ့ပွဲကို ကြည့်ခွင့်ရရင် ရေကူးကန်အသစ်ဆောက်ပေးမယ်လို့ ကတိပေးခဲ့ရတယ်လေ။
ဒုတိယလူ။ ။ ကျုပ်ကတော့ နောက်တစ်ပတ်ကျရင် တစ်အိမ်လုံးဆေးသုတ်ပေးပါ့မယ်လို့ ကတိပေးထားရတယ်။
တတိယလူ။ ။ ခင်ဗျားတို့နှစ်ယောက် တော်ပါသေးတယ်။ ကျုပ်ဆိုရင် တစ်ပတ်လုံးကလေးထိန်းပေးပါ့မယ်လို့ ပြောထားရတယ်။ ထိုစဉ် စတုတ္ထလူက ဘာမှမပြောဘဲ ငြိမ်နေသဖြင့် ကျန် ၃ ယောက်က ၀ိုင်းမေးကြသည်။ ဟေ့လူ ခင်ဗျားကရော…
`ကျုပ်လား မနက် ၅း၃၀ နာရီသံပတ်ပေးထားတယ်။ သံပတ်မြည်တာနဲ့ မိန်းမကို နှိုးပြီး မေးလိုက်တယ်။ အိမ်ကွင်းလား။ အဝေးကွင်းလားလို့ ဒီမှာတင်သူက အ၀တ်အစားလဲတော့လို့ ပြောတာပဲ။

မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

Friday, December 10, 2010

အကြံပိုင်ပုံက

**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**
လိဒ်၊ လီဗာပူးနဲ့  မန်ယူအသင်းများကို အားပေးသောအကျဉ်းသား ၃ ဦးထောင်ဖောက်ပြေးလာကြသည်။ လမ်းတွင် ယာတဲ တစ်ခုကိုတွေ့ရာဝင်ရောက် ခဲ့ကြပြီး။ ပုန်း ရန်နေရာရှာဖွေရာ အိတ်ကြီး ၃ လုံးကို တွေ့လေသည်။ သို့နှင့် တစ်ယောက် အိတ်တစ်လုံးစီအတွင်း ၀င်ပုန်းနေကြလေသည်။ မကြာမီ နောက်မှလိုက်လာသောရဲများက ယာတဲအတွင်း ရောက်လာကြသည်။ အရာရှိက ယာတဲအတွင်း မတွေ့သောအခါ အိတ်များကို ကန်ကျောက်ပြီး စစ်ဆေးခိုင်းသည်။
မန်ယူပရိသတ်ရှိသော အိတ်ကို ကန်ကျောက်လေရာ `၀ုတ်… ၀ုတ်´…..
ခွေးတစ်ကောင်အမှတ်နှင့် လီဗာပူးပရိသတ်ရှိရာ နောက်တစ်အိတ်ကိုကန်ကျောက်သည်။ `ညောင်´ ကြောင်တစ်ကောင်´ …..။နောက်ဆုံးလိဒ်ပရိသတ်အလှည့်။ ဘာအသံမှမထွက်။
သို့နှင့် ၁၀ ချက်ခန့်ဆက်တိုက်ကန်ရာတွင်မူ `အာလူးပါဗျာ… အာလူးပါ´......။


မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

Thursday, December 9, 2010

အကျင့်ပါနေလို့

**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**
ဘောလုံးရာသီပြီးဆုံးပြီးနောက် အာဖရိကတောတွင်းတစ်နေရာသို့ မန်ယူအသင်းမှ ရူနီအပန်းဖြေခရီးရောက်ရှိနေသည်။ မထင်မှတ်ဘဲ လမ်းပျောက်သွားရာမှ ခြင်္သေ့တစ်ကောင်နှင့် ပက်ပင်းတိုးတော့သည်။ ကိစ္စချောတော့မည်ဟူသော အတွေးဖြင့် ကြံမိကြံရာမျက်စိစုံမှိတ်ပြီး ဘုရားထံဆုတောင်းလေရာ ခြင်္သေ့ကလည်း ထူးဆန်းစွာပင် သူ့အတိုင်း ဆုတောင်းလေသည်။
ထိုအခါ ရူနီက `သြော်… မင်းလည်း ခရစ်ယာန်ဘာသာဝင်ပဲလား´
`မဟုတ်ပါဘူး… ဒါပေမယ့် စားကောင်းသောက်ကောင်းတွေတွေ့ရင် ဘုရားရှိခိုးတတ်တာ အကျင့်ပါနေလို့´


မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

Sunday, December 5, 2010

သေချာကြည့်ပစ်

**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**
မန်ယူမှ ရီးရဲလ်သို့ ဘောလုံးမင်းသားဘက်ခမ်းပြောင်းရွှေ့ကစားခဲ့စဉ်ကဖြစ်သည်။ ဖခင် ဖြစ်သူမှာ ငယ်စဉ်ကတည်းက ဂရုစိုက်တတ်သူဖြစ်ပြီး စည်းကမ်းလည်း ကြီးသူဖြစ်၍ ဘက်ခမ်းမှာ မိန်းမရသည့်တိုင်အောင် ဖခင်ကိုကြောက်ရသည်။ ဖခင်၏ ရှေ့တွင် အပျော်အပါးအကြောင်းမပြောဆိုရဲ။ တစ်နေ့ အင်္ဂလန်ရှိ အိမ်သို့ဖုန်းဆက်ရာ ဖခင်နှင့် တည့်တည့်တိုးသည်။
ဖခင်။ ။ ငါ့သား မက်ဒရစ်မှာဘောလုံး ကစားရတာအဆင်ပြေရဲ့လား။ အပျော်အပါးရှောင်ပြီး ဘောလုံးကို သေချာကစားနော်။
ဘက်ခမ်း။ ။ အပျော်အပါးတွေ မလုပ်ပါဘူးအဖေရယ်။ ဒါပေမယ့် တစ်ခါတစ်ရံ အပျင်းပြေပိုကာလေးတော့ ပစ်တာပေါ့။
ဖခင်။ ။ အေး… အေး… ပိုကာပစ်ရင်လည်း သေချာကြည့်ပစ်၊ တော်ကြာ မျ က်စိမျက်နှာမှန်နေဦးမယ်။


မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

Saturday, December 4, 2010

ဒီလိုမလုပ်ပါနဲ့

**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**
အင်္ဂလန်လက်ရွေးစင်ဟောင်း ဘောလုံးလူဆိုးတစ်ဦးဖြစ်သူ ဂတ်စ်ကွိုင်နီတစ်ယောက် ထုံးစံအတိုင်းအရက်အလွန်ကျွံသောက်ပြီး အိမ်သို့ပြန်လာသည်။ သူ့စိတ်ထဲတွင်တော့ အိမ်သို့ပြန်နေသည်ဟုထင်မြင်နေသော်လည်း အမှန်တကယ်တွင် တိရစ္ဆာန်ရုံထဲသို့ ရောက်သွားသည်။ ဤသို့သွားရင်းဖြင့် ရေမြင်းရုံနားသို့ရောက်သွားသောအခါ အထိတ်တလန့်ဖြင့် ပြောဆိုလိုက်သည်မှာ…
`မိန်းမရယ်… ငါမင်းကိုဖြစ်ကြောင်းကုန်စင်ရှင်းပြပါ့မယ်… ဒီလို အကြည့်နဲ့တော့ မကြည့်ပါနဲ့ကွာ…။

မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

Sunday, November 21, 2010

သိပါတယ် …

**(ရွှင်ပြုံးတခဏ .. ဘောလုံးဟာသ )**
အရက်ဘားတစ်ခု တွင်အင်္ဂလန်လက်ရွေးစင်ဟောင်းနှင့် အင်္ဂလိပ် ချန်ပီယံ ရှစ်အသင်းတသင်း၏လက်ရှိနည်းပြဖြစ်သူ တိုနီအဒမ်အရက်ထိုင် သောက်နေသည်။ မကြာခင်မှာ သူ့ ဘေးကိုလူတယောက်ဝင်ထိုင်လိုက်သည်။ အဒမ် က အဲဒီလူကို ကြည့်ပြီး…
“အော် .. အေး .. မင်းရောက်ပြီလား .. သောက်လေကွာ”
သည်လို နှင့် နှစ်ယောက်သား ထိုင်သောက်ကြသည်မှာအတော်လေးခရီးရောက်သွားသည်။
အမူးလွန်လာပြီဖြစ်သော အဒမ်က ရုတ်တရက် ..
”ဟေ့ကောင် .. မင်းအမေ နဲ့  ငါအိပ်ခဲ့တယ်ကွ .. အဲဒါမင်းသိလား။ ကျေနပ်လား…ဟေ့ကောင်”

တစ်ဘက် လူက ဘာမှ မပြော။ထိုအခါ အဒမ်ကထပ်ပြောပြန်သည်။
“ ဟေ့ကောင် .. မင်းအမေနဲ့ ငါအိပ်ခဲ့တယ်ကွ .. မင်းသိလား”
ထိုအခါ တစ်ဘက် လူက ပြန်ပြောလိုက်သည်မှာ..
“ပြန်ကြစို့ ဗျာ… အဖေအရမ်းမူးနေပြီ “ ဟူ၏။

မှတ်ချက် ။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ…(အိတ်တင်း)ဘာသာပြန်သည်။

Read More...

Saturday, October 9, 2010

စိတ်ဝင်စားနေလို့

** ရွှင်ပြုံးတခဏ- ဘောလုံးဟာသ **

ရဲစခန်းတွင်ဖြစ်သည်။ နေအိမ်တွင် သူခိုးဝင်ရောက်ခြင်းခံရသောသူ တစ်ဦးက ရဲအရာရှိကိုဖြစ်ကြောင်းကုန်စင် ပြောပြနေသည်။
`လုပ်ပါဦး ရဲအရာရှိကြီးရယ် ကျနော့်အိမ်ကို သူခိုးဝင်သွားတာပိုင်ဆိုင်သမျှတွေ အားလုံးကုန်ပြီဗျ။ ဘယ်လို လုပ် မလဲ။ ဒီလူကို မိအောင် ဖမ်းပေးပါနော်´
`ဟုတ်ပါပြီဗျာ… ဒါနဲ့တစ်အိမ်လုံးကပစ္စည်းတွေပါသွားပေမယ့် တီဗွီတော့ ပါမသွားပါလားဗျ။ ဘယ်လို ဖြစ်တာလဲ´
`သြော်… ဒါက ဒီလိုရှိပါတယ်။ အဲဒီအချိန်တုန်းကဘောလုံးပွဲကကောင်းနေတော့ ကျနော်တီဗွီထိုင်ကြည့်နေ တယ်လေ… ကံသီလို့ပေါ့ဗျာ´

မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

Wednesday, September 15, 2010

ကျွမ်းကျင်ရာ လိမ္မာ

**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**
ပွဲလမ်းသဘင်ဝါသနာကြီးသော တိုက်စစ်မှူး အက်ဒရီယာနိုတစ်ယောက် ပါတီပွဲတစ်ခုသို့ ရောက်နေသည်။ ရေချိန်လွန်သွားပြီးနောက် ပြေလျော့နေသော နက်ကတိုင်လည်စီးကို ပြန်တပ်ရာအဆင်မပြေဖြစ်နေသည်။ ထိုစဉ် အခန်းရှေ့မှ ဖြတ်သွားသော သူတစ်ဦးကိုတွေ့ရာ လှမ်းခေါ်ပြီး…
`ကျနော့်ကို ကျေးဇူပြုပြီး ဒီလည်စီးလေးကူစည်းပေးပါလားဗျာ´
`ရပါတယ်ဗျာ။ ကုတင်ပေါ်တက်ပြီး ပက်လက်အိပ်လိုက်ပါ´
ထို့နောက် ထိုလူကလည်စည်းကိုကျွမ်းကျင်စွာပင် စည်းပေးလိုက်သည်။

`ကျေးဇူးပဲဗျာ… ခင်ဗျားစည်းပေးလိုက်တော့မှပဲ အဆင်ပြေသွားတော့တယ်။ ဒါနဲ့ ခင်ဗျားကမတ်တပ်စည်းမပေးဘဲ ဘာလို့အိပ်ခိုင်းပြီးစည်းပေးရတာလဲဗျ´
`အော်… ကျနော်က အအေးတိုက်မှာအလောင်းတွေပြင်ဆင်ပေးရတဲ့သူမို့ပါ´


မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

Monday, September 13, 2010

ကျနော်က ဘာကောင်လဲ

**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**
ဘောလုံးမင်းသား ဘက်ခမ်း၏ သားအငယ်ဆုံးခရုဇ်တစ်ယောက် လမ်းမပေါ်တွင် ရှိုက်ကြီးတငင်ငိုကြွေးနေရာ လမ်းသွားလမ်းလာတစ်ဦးက
`ဟေ့ ချာတိတ် ဘာကြောင့် ဒီလောက်ဝမ်းနည်းနေရတာတုန်းကွ´
`ကျနော့်အဖေနဲ့ အမေ အကြီးအကျယ်စကားများကြတယ်လေ´
`သြော်… ဒါကြောင့်ကိုး´

`ဒါတင် မကသေးဘူးဗျ။ အမေက အဖေ့ကို နွားကြီးလို့ခေါ်တယ်။ အဖေကလည်း အမေ့ကို ကြက်မကြီးလို့ ပြန်ခေါ်တယ်လေ´
`အဲဒါနဲ့များ ငိုရလားချာတိတ်ရဲ့´
`ဦးလေးပဲ စဉ်းစားကြည့်လေ၊ ကျနော်က ဘာကောင်ဖြစ်သွားမလဲ´


မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

Wednesday, August 18, 2010

အဆိုးရွားဆုံးအသင်းဆိုတာ (၂).

**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

သင်အားပေးတဲ့အသင်းက ဤအချက်တွေနဲ့လည်း ကိုက်ညီမှုရှိလာခဲ့ရင် ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးအသင်း ဖြစ်တယ်ဆိုတာကို လက်ခံရမှာပါပဲ။
- ၄-၁နဲ့ အရေးနိမ့်ခဲ့တဲ့ အရှုံးပွဲဟာ အသင်းရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး အောင်ပွဲဖြစ်ခဲ့ရင်…
- ပြိုင်ဘက်အသင်းကို သွင်းယူနိုင်ခဲ့တဲ့ နောက်ဆုံးဂိုးကို ပြန်သတိရနိုင်ဖို့ ဒိုင်ယာရီစာအုပ်ထားရှိထားရတယ်ဆိုရင်…
- အားပေးတဲ့ ပရိသတ်ဦးရေက အသင်းမှကစားသမားအရေအတွက်ထက် လျော့နည်းခဲ့ရင်…
- အသင်းမှ ကစားသမားတွေထက် ဘောကောက်တွေကလစာပိုရခဲ့ရင်…
- ဘယ်မော်ဒယ်၊ ဘယ်အဆိုတော်ကမှ အသင်းက ကစားသမားတွေနဲ့ ချစ်ကြိုက်တာ၊ လက်ထပ်တာမျိုးမရှိခဲ့ရင်…

- ကစားသမားတွေကို လစာပေးဖို့အတွက်ပွဲချိန်အတွင်း ပရိသတ်တွေထံမှ လိုက်လံပြီး အလှူခံရတာမျိုးရှိခဲ့ရင်…
- ဘောလုံးရာသီတစ်ခုပြီးတိုင်း စိတ်ဖိစီးမှုကြောင့် နည်းပြအပါအ၀င်တစ်သက်လုံးစိတ်ကျန်းမာရေးဆေးရုံမှာ စိတ်ကုထုံးခံယူရရင်…


မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

Tuesday, August 17, 2010

လျင်သူစားစတမ်း

**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**
၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပစဉ်ကာလအတွင်းဖြစ်သည်။ အင်္ဂလန်တည်းခိုရာဟိုတယ်အတွင်း၌ လောင်းကစားဝါသနာအိုး မန်ယူအသင်းမှ ရူနီနှင့် လူရိုးကြီးဒေးဗစ်ဂျိမ်းစ်တို့ တစ်ခန်းတည်း ကျသည်။ ရူနီက `ပျင်းတယ်ဗျာ ဂျိမ်းစ်.. ဖဲကစားရအောင်´
`သြော်… ငါကမဆော့တတ်ဘူးဆိုပြီး မင်းကညာတုတ်ချင်တာပေါ့´
`ဟုတ်ပါဘူးဗျာ… ´
`ဒါဆို ငါတော့တတ်တဲ့ကစားနည်းအတိုင်း ကစားမလား´
`လုပ်လေ´
`ဒါဆို ပိုက်ဆံအရင်ထည့်´

ဖဲဝေပြီး နောက်ကိုယ့်ဖဲကို ကိုင်ယူအပြီးမှာတင် ဂျိမ်းစ်စပြီးထအော်သည်။
`ဘွန်တာ.. ငါနိုင်ပြီ`
`ဘာတုန်းဗျ´
`ဒီလိုအရင်အော်တဲ့ လူနိုင်တာပဲ´
`သြော်… ဒီလိုလား ပြန်ဝေမယ်´
`နောက်တစ်ခေါက်ဝေပြီးသော် ရူနီက ဦးအောင်အော်ပြီး ပိုက်ဆံများကို ကောက်သိမ်းလိုက်သည်။ ထိုအခါ ဂျိမ်းစ်က
`ဟဲ ဟဲ… နေဦး´
`ဘာဖြစ်ပြန်တာတုန်း´
`ငါ့မှာက ဂျိုကာပါတယ်လေ´


မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

Tuesday, August 10, 2010

အင်ဂျင်ကကောင်းသော်ငြား…

**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**
မန်ယူအသင်းမှ ရူနီမှာနောက်ပြောင်တတ်သူတစ်ဦးဖြစ်သည်။ သားဦးလေးကို မွေးဖွားအပြီး၌ သူနာပြုဆရာမက ပြောသည်။
`ကလေးကထွားပြီးအသားလည်းဖြူတယ်… ရှင်နဲ့တူလို့နဲ့တူတယ်´
ဤတွင် ရူနီက `ဟုတ်တာပေါ့ဗျာ… ကျနော်ကအင်ဂျင်ကို အမြဲကောင်းအောင်လုပ်ထားလေ့ရှိတယ်လေ´ဟု နောက်ပြောင်လိုက်၏၊ ဒုတိယမြောက် ကလေးမွေးဖွားစဉ်တွင်လည်း သူနာပြုဆရာမ၏ အပြောကို ရူနီကယင်းကဲ့သို့ပင် ပြောကြားခဲ့သည်။
တတိယမြောက် ကလေးငယ်ကိုကြည့်ရှုရန် ဆေးရုံသို့ ရူနီရောက်လာသောအခါ သူနာပြုဆရာမ မမေးခင်ပင်

ရူနီကယခင်အတိုင်းပြောကြားလိုက်သည်။
`ကျနော့်အင်ဂျင်က ကောင်းတုန်းပဲနော်… ဆရာမ´
`အင်း… ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် အင်ဂျင်ဝိုင်ကိုတော့ လဲသင့်ပြီထင်တယ်။ ဒီတစ်ခါမွေးတာ လူမည်းလေးရှင့်´


မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

Monday, August 9, 2010

အဆိုးဆုံးအသင်းဆိုတာ

**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**
သင်အားပေးတဲ့အသင်းဟာ ဤအချက်တွေနဲ့ ပြည့်စုံခဲ့ရင် ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးအသင်းဖြစ်တယ်ဆိုတာကို လက်ခံရတော့မှာပါ။
- ၀- ၁၀- ၀ ကစားကွက်နဲ့ ကစားခဲ့ရင်
- နှစ်ဘက် ဂိုးသွင်းထားမှုကို ပြသတဲ့ဘုတ်မှာ သင့်ပြိုင်ဘက်အသင်းဘက်မှာ ဂဏန်း ၃-လုံးစာနေရာရှိခဲ့ရင်..
- ပြီးခဲ့တဲ့ ၃-လအတွင်း နည်းပြ ၄-ယောက်ပြောင်းခဲ့ရင်…
- ထောင့်ကန်ဘောရတိုင်း သင်တို့ပရိသတ်တွေ အောင်ပွဲခံခဲ့ရင်…
- ပြိုင်ဘက်ကစားသမားတွေက သင့်အသင်းကို လှောင်ပြောင်လို့ အနီကတ်ပြထုတ်ပယ်ခံရရင်..

- အသင်းလာဘ်ကောင်ရုပ်က မတော်တဆဒဏ်ရာရတာမကြာခဏ်ဖြစ်ခဲ့ရင်..
- အသင်းအတွက် ကစားပေးဖို့ ပရိသတ်တွေက ရံဖန်ရံခါတောင်းဆိုလာခဲ့ရင်..
- အပြောင်းအရွှေ့ဈေးကွက်မှာ တစ်သင်းလုံးအလွတ်ပြောင်းရွှေကကြေးနဲ့ ထွက်ခွာခွင့်ရရင်…



မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

Tuesday, July 13, 2010

ကျမ မ သိ တဲ့လူဖြစ်နေရင်

** (ရွှင်ပြုံးတခဏ- ဘောလုံးဟာသ) **
ချဲလ်ဆီးအသင်းနှင့် အင်္ဂလန်အသင်းမှ တယ်ရီ၏ ဇနီး တိုနီတစ်ယောက် လေထီးသင်တန်းတက်ရောက်နေရာ ယနေ့လက်တွေ့လေထီးခုန် သင်ခန်းစာပြုလုပ်ရမည်ဖြစ်သည်။ လေယာဉ်ပေါ်တွင် သင်တန်းမှူးက ကြိုတင်မှာကြားနေသည်။
`သင်တန်းသားအားလုံးမှတ်ထားရမှာက အမြင့်ပေ ၃၀၀ ရောက်တာနဲ့ လေထီးကိုဖွင့်ရမှာပါပဲ´

ထိုအခါ တိုနီက `ဒါနဲ့ အမြင့်ပေ ၃၀၀ ရောက်၊ မရောက် ကျမတို့က ဘယ်လိုသိနိုင်မလဲ ဆရာ´
`ဒါအလွယ်လေးပါ လူတွေကို သတိထားမိလာပြီဆိုရင် အမြင့်ပေ ၃၀၀ ရောက်လောက်ပြီပဲ´
`ဟင်… ဒါဆို ကျမ သတိမထားမိတဲ့လူတွေဖြစ်နေရင် ဘယ်လိုလုပ်မတုန်း´


မှတ်ချက်။ ။ နိုင်ငံတကာ အားကစားဟာသများမှ (အိတ်တင်း)ဘာသာပြန်ပါသည်။

Read More...

Monday, July 12, 2010

စောစောက ပြောရောပေါ့ကွာ

** (ရွှင်ပြုံးတခဏ- ဘောလုံးဟာသ) **
မန်ယူအသင်းကပ္ပတိန်ဟောင်းဖြစ်သူ လူပျိုကြီး ရွိုင်ကိန်း မွေးစားထားသော ခွေးလေး ဂျော်နီသေဆုံးသွားသည်။ ရွိုင်ကိန်းမှာ ဂျော်နီကိုလွန်စွာ ချစ်မြတ်နိုးသူဖြစ်ရကား ဘုရားကျောင်းသို့သွားရောက်ကာ ဂျော်နီအားသရဏဂုံတင်ပေးရန် ဘုန်းတော်ကြီးအား တောင်းလျှောက်လေသည်။
ထိုအခါ ဘုန်းတော်ကြီးက `မရဘူးကွဲ့၊ ဘုရားရှိခိုးကျောင်းမှာ တိရစ္ဆာန်တွေအတွက် သရဏဂုံတင်မပေးဘူး။ ဒီလိုမျိုးလုပ်ပေးတတ်တဲ့ ဂိုဏ်းခွဲတစ်ခုရှိတယ်။ သူတို့ဆိုရင် လုပ်ကောင်းလုပ်ပေးနိုင်မယ်။´

`ဟုတ်လား ဒီအတွက် သူတို့ကို အလှူငွေဒေါ်လာ ၅-သောင်း လောက်ပေးလိုက်ရင် ရလောက်ကောင်းတယ်နော် ဖာသာ´
ဤတွင် ဘုန်းတော်ကြီးက `ဘာ မင်းကွာ… မင်းခွေးလည်း ကတ်သလစ်ဘာသာဝင်ဆိုတာ စောစောက ပြောရောပေါ့ကွာ´


မှတ်ချက်။ ။ နိုင်ငံတကာ အားကစားဟာသများမှ (အိတ်တင်း)ဘာသာပြန်ပါသည်။

Read More...

Thursday, July 1, 2010

1 July, 10// ဘယ်အချိန်ဖွင့်မှာလဲ…

** (ရွှင်ပြုံးတခဏ- ဘောလုံးဟာသ) **
ဘောလုံးလူဆိုးတစ်ဦးဖြစ်သူ လီဘောင်ယာက အရက်မူးနေသည့် လေသံဖြင့် ဟိုတယ်၏ဧည့်ကြိုကောင်တာသို့ ဖုန်းလှမ်းဆက်သည်။
`အရက်ဘားဘယ်အချိန်စဖွင့်မှာလဲ´
`နေ့လည်မှဖွင့်မှာပါရှင်´
နောက်တစ်နာရီအကြာတွင် လီဘောင်ယာထပ်ဆက်ပြန်သည်။

ပထမ တစ်ကြိမ်ကကဲ့သို့ပင် ဧည့်ကြိုဝန်ထမ်းက ပြန်ဖြေလိုက်သည်။ နောက်နာရီအနည်းငယ်အကြာတွင် ထပ်ဆက်ပြန်သည်။ ဤတစ်ကြိမ်တွင်တော့ အတော်ရေချိန်ကိုက်နေပုံပေါ်သည်နှင့် ဧည့်ကြိုက…
`နေ့လည်မှဖွင့်မှာပါဆို… ဒါပေမဲ့ရှင်မစောင့်နိုင်ဘူးဆိုရင်လည်း ဘာမှာမလဲသာပြောလိုက်ပါ… ရှင့်အခန်းကို လာပို့ခိုင်းလိုက်ပါ့မယ်´
`ဟုတ်ဘူးဗျ… ကျုပ်ကဘားခန်းထဲမှာ ပိတ်မိနေလို့´

မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) ပ (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1)ွ (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)