ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label မိန့်ခွန်း. Show all posts
Showing posts with label မိန့်ခွန်း. Show all posts

Friday, March 2, 2012

နိုင်ငံတော်သမ္မတမိန့်ခွန်း ကောက်နုတ်ချက်များ


by 7Day News Journal on Thursday, March 1, 2012 at 6:10pm ·


“ လက်နက်ကိုင်ခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသားလူငယ်တွေ လက်ပ်တော့ကိုင်နိုင်ပြီး ထည်ထည်ဝါ၀ါ ရပ်တည်နိုင်ဖို့ ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းကြိုးပမ်း သွားကြမှာဖြစ်ပါတယ်။”



“ ပြည်သူကြားမှာ စိတ်ဝင်စားမှု အထူးပဲမြင့်တက်နေတဲ့ မိုဘိုင်းဖုန်းကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ်မှာ ကျွန်တော်တို့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ဒီလုပ်ငန်းတွေ ကျွန်တော်တို့ ပြီးတာနဲ့အမျှ ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ နိုင်ငံတကာရဲ့ နှုန်းထားနဲ့အညီ ဆောင်ရွက်ပေးနိုင်အောင် နည်းလမ်းများရှာပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”



“ ကျွန်တော်တို့ အစိုးရဟာ အများပြောကြသလို ခေါင်းမာဂိုဏ်းနဲ့ အပျော့ဂိုဏ်းဆိုပြီး ကွဲပြား နေတာမရှိပါဘူး။ လူတစ်ဦးချင်းဆီရဲ့ ဗီဇစရိုက် အမူအကျင့်ပေါ်မှာ မူတည်ပြီး စီမံခန့်ခွဲမှုကွဲပြားခြားနားတာကလွဲလို့ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ မူဝါဒကို ကျွန်တော်တို့အားလုံး မမှိတ်မသုန် ယုံကြည် စွာဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။”



“ မြန်မာတစ်နိုင်ငံလုံး မှာ အစိုးရ၀န်ထမ်း အရေအတွက်က စုစုပေါင်း တစ်နိုင်ငံလုံး လူဦးရေရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းသာရှိတဲ့အတွက် ကျွန်တော်တို့ဟာ ပြည်သူ့အစိုးရဖြစ်တာနဲ့ အညီ အစိုးရ၀န်ထမ်း မဟုတ်သော သာမန် လက်လုပ်လက်စား ၉၆ ဒသမ ၇ ရာခိုင်နှုန်းကိုလည်း ပြန်လည်ငဲ့ကွက်ဖို့လိုပါတယ်။ အခုဆိုရင် လစာတိုးပေးရေး ဆွေးနွေးမှု တွေကြောင့် အရပ်ရပ်ကုန်ဈေးနှုန်းတွေ ရုတ်တရက် တက်လာတာကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေ လစာတိုးမြှင့်ပေးလိုက်လို့ ခံသာပေမယ့် အစိုးရ၀န်ထမ်းမဟုတ်တဲ့ ၅၈ သန်းသော ပြည်သူတွေဟာ ဒီနောက် ဆက်တွဲအကျိုးဆက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ”



“ ကျွန်တော်တို့ နိုင်ငံမှာ ၂၆ ရာခိုင်နှုန်းရှိနေတဲ့ ဆင်း ရဲနွမ်းပါးမှုနှုန်းထားကို ၂၀၁၅ ခုနှစ်ရောက်ရင် ၁၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်ဖို့ အဆင်းရဲဆုံး LDC နိုင်ငံဘ၀က ရုန်းထွက်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီ ၂၆ ရာခိုင်နှုန်းသော ပြည်သူများရဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုအတွက် ပုဂ္ဂလိက အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ယူနီဗာဆယ်ကျန်းမာရေး အာမခံစနစ်သစ်တစ်ရပ် ပေါ်ထွန်းလာဖို့ အတွက်လည်း ဆောင် ရွက်နေပြီဖြစ်ပါတယ်။ ”



“ နိုင်ငံတော်သမ္မတအပါအ၀င် နိုင်ငံ သားအားလုံး အခွန်ပေးဆောင်ရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ် ပါတယ်။”



“ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး Rule of Law နဲ့အညီ ဆောင်ရွက်နိုင်ပြီဆိုရင် လူ့အခွင့် အရေး၊ လွတ်လပ်ခွင့်၊ ဒီမိုကရေစီဆိုတာတွေဟာလည်း အလိုအလျောက် ထွန်းကားရှင်သန်လာမှာ ဖြစ်တဲ့အတွက် နိုင်ငံ တည်ဆောက်ရေးအဆင့်ဆင့် ခိုင်မာရေးဟာ Rule of Law အပေါ်မှာ မူတည်နေပါတယ်။ ဒီတာဝန်ကြီးကိုလည်း ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ် စုပေါင်းဆောင်ရွက်သွား ကြရမှာဖြစ်ပါတယ်။ ”



“ မိဘပြည်သူများကလည်း ကျွန်တော်တို့ အစိုးရကို ထိန်း ကျောင်းတည့်မတ်ပေးကြပါ။ ”

ပြည်သူတွေကို မိဘလို့သိတတ်လာတာ ကောင်းတဲ့လက္ခဏာပဲ ။
--
Best Wishes,
Htet Wai Yan

Read More...

Monday, January 16, 2012

ဒေါင်းသူရဲကောင်း မင်းကိုနိုင် ရဲ့ ရန်ကုန်အ၀င် မိန့်ခွန်း .


.ကျွန်တော် မတ်တပ်ရပ် ပြီးတော့ ထောင်ထဲက ထွက်လာနိုင်တာ အကြောင်းရှိ ပါတယ်။ အခုဆိုရင် ကျွန်တော်လို့ မတ်တပ်ရပ်ပြီး ထွက်မလာနိုင်ပဲ ပက်လက်ကလေး အသက်မပါဘဲ ထွက်သွားရတဲ့ သူတွေလည်း အများကြီးပါဘဲ။ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ အများကြီးပဲ ရှိပါတယ်။ အခုလို ကျွန်တော်ကို မိဘ အရင်းတွေနဲ့ အတူထပ်တူထပ်မျှ ကြိုဆိုခဲ့တယ်။ အဲဒီလို ပြည်သူလူထု တွေရှိတဲ့အတွက် ကျွန်တော် ယုံကြည်တဲ့အတွက် ဒီနေ့အထိ နေနိုင်ခဲ့တာပါ။ အဲတာကို ကျေးဇူး အများကြီး တင်ပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

အခု ပြည်သူလူထုကြီးဟာ ကျွန်တော့်ရဲ့ မိဘများရှေ့မှာ ကျွန်တော် ပြောချင်ပါ တယ်။ အဲဒီ ပြည်သူလူထုကြီးဟာ ကျွန်တော့်ရဲ့ ဒုတိယမိဘများပါပဲ။ ကျွန်တော်ဟာ မိဘရင်းနှစ်ပါးက မွေးတာမှန်ပေမယ့် အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် ၈၈မှာ နိုင်ငံ့ဝန်ကို ထမ်းခဲ့ပါတယ်။ ဒေါင်းအလံကို ကျွန်တော့်အဖေရဲ့ဆီဆေးတွေနဲ့
ုခြယ်ပြီးတော့ ကျွန်တော် ထွက်သွားခဲ့ရပါတယ်။ အခုမှ ကျွန်တော် အမေအိမ်ကို နောက်တစ်ခေါက် ပြန်ရောက်ရပါပြီ။ ကျွန်တော် ဖြတ်သန်းခဲ့ရတာတွေ များပါပြီ။ ပထမ တစ်ခေါက်တုန်းက ကျွန်တော် ၁၆နှစ်ထောင်ကျပြီး ကျွန်တော် တိတ်တဆိတ်လေး အိမ်ကို ပြန်ခဲ့ရပါတာပါ။အခုကျတော့ ခေတ်ပြောင်းလာတယ်လို့ လွယ်လွယ် ပြောလို့ရပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ လွယ်လွယ်နဲ့ရတာမဟုတ်ပါဘူး။ ဘာကြောင့်လဲ။ အားလုံးလည်း သိကြပါတယ်။ လောကကြီးမှာ အလကားရတာ ဘာမှ မရှိပါဘူး။

သရက်မြို့က ထွက်လာတဲ့ လမ်းတလျှောက်မှာ ခွပ်ဒေါင်းအလံတွေ ထူပြီးတော့ လမ်းတလျှောက်မှာ ပိတ်ဆို့ထားတာ စင်မြင့်တွေ ထားပြီးတော့ အသံချဲ့စက်တွေ ထားပြီးတော့ နောက်ဆုံးဗျာ ရဲတပ်ဖွဲ့ကတောင် လာပြီးတော့ အကူအညီပေးရတယ်။ ပေးဆပ်ခဲ့လို့ပါ။ ထိုက်ထိုက် တန်တန် ပေးဆပ်ခဲ့ရလို့ ထိုက်ထိုက်တန်တန် ပြန်ရတယ်လို့ ယူဆပါ တယ်။


နောက်ထပ်တစ်ဆင့် ဒီမိုက ရေစီ ပိုပါတယ်။ လိုချင်ကြတယ် မ ဟုတ်လား။ လိုချင်တယ်ဆိုရင် နောက်ထပ် ထိုက်ထိုက်တန်တန်ကြိုး စားရဦးမယ်ဆိုတာလည်း လက်ခံ တယ်မလား။ ထိုက်ထိုက်တန်တန် ပေးဆပ်ဖို့အတွက် ခွန်အားတွေရော ရှိသေးတယ် မဟုတ်လား။ ကျွန်တော်တို့က ဓားမှန်းသိအောင်လို ဓားအိမ်ကောင်းကောင်း ပြစားရုံနဲ့ ဓားမှန်းသိတယ် ဆိုရင်တော့ လုံလောက်တယ်ပေါဗျာ၊ မဟုတ်ရင်တော့ တစ်ခါ တစ်ခါကျရင် ဓားမှန်းသိအောင် ဓားအိမ်ထဲကနေ ထုတ်ပြရတာလေးတွေလည်း ရှိတာပေါ့။ အဲဒီ သတ္တိမျိုးကော ရှိသေးလား။ ဒါဆိုလို့ရှိရင် လောလော ဆယ်ကတော့ စည်းကမ်းရှိပြီး ညီညွတ်ဖို့ လိုပါတယ်။

အခုချိန်မှာ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကို နောက်ဆုံး ပြောပြပါ့မယ်။ လမ်းတလျှောက်လုံးမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကျွန်တော်တို့ကို လုံးဝ နှောက်ယှက်တာ မရှိဘူး။ တားမြစ်တာ မရှိဘူး။ စိတ်ငြိုငြင်အောင်လို့ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ တစ်ခါတစ်ရံ လမ်းတွေပိတ်ဆို့သွားတာရှိရင် ကျွန်တော် တောင်းပန်တယ်။ ဖယ်ခိုင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ကြောင့် လမ်းပိတ်သွားတယ် ဆိုတာမျိုး အဖြစ်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆို ရင် ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်ဆိုတာ ပြရမယ်။ ဒီမိုကရေစီနဲ့ ထိုက်တန်အောင်ဆိုရင် စည်းကမ်းမဲ့တာတွေကို ကျွန်တော်တို့ စပြီးတော့ ရှောင်ကျဉ်ရမယ်။
အားလုံးဟာ အနှစ် ၂၀ကျော် ဘဝတွေ များစွာ၊ အသက်တွေ များစွာ ပေး ခဲ့ပြီးမှ ရခဲ့တာ၊ လမ်းမှာ ကျွန်တော် တွေ့ခဲ့တယ်။ တစ်ချို့ လယ်ထဲတွေ ကနေတက်လာပြီးတော့ ရွာသူမလေးတွေက ငိုတာ၊ ဘာ ဖြစ်လို့ ငိုတာလည်းလို့ မေးကြည့် တဲ့အခါ တစ်ချို့အရပ်တွေမှာ သူတို့ သားတွေ၊ သူတို့မောင်တွေဟာ ထောင်တွေထဲမှာအသက်ပေးလိုက် ရတဲ့ ကျောင်းသားတွေ၊ အဲဒီတော့ သူတို့က ပြောတယ်။ မင်း ကံ ကောင်းပါတယ်ကွာတဲ့၊ ငါတို့မောင် လေးဆိုရင် မရှိတော့ဘူးတဲ့၊ ကျွန်တော် အင်မတန်ခံစားရတယ်။ နောက် အဘိုးကြီးတစ်ယောက်က ကျွန်တော့်ကို ပြောတယ်။ ငါဟာ လူအို တစ်ယောက်ပါကွာတဲ့။ နောက်ထပ်တစ်ခါ မင်းတို့ကို ထောင်မကျစေချင်တော့ဘူး။ နောက်ထပ်တစ်ခါ မင်းတို့ကို မမြင်ရက်ဘူး။ အဲဒီ အဖြစ်မျိုးကို ငါမကြုံချင်တော့ဘူးတဲ့။ အဲဒီတော့ အဲဒီလို မကြုံစေချင်ဘူး။ အဲဒီလို မိတစ်ကွဲ ဖတစ်ကွဲနဲ့ မိဘပြည်သူတွေရဲ့ မျက်ရည်တွေကို ကျွန်တော်တို့ မမြင်ရက်တော့ဘူး။ အမှန်တကယ်ကတော့ မျက်ရည်ကို သုတ်ပေးရပေမဲ့ ကျွန်တော်တို့အပေါ်ကို မျက်ရည်ကျခဲ့ရတဲ့ ဘ၀၊ အဲဒီလို အနိဌာရုံ၊ စနစ်ဆိုးကြီးတွေကို မချုပ်ငြိမ်းစေချင်ဘူးလား၊ ညနေပြန်လို့ရှိရင် မိသားစု ထမင်းဝိုင်းတွေ အိမ်မှာ လူစုံတာမျိုးကို ကျက်သရေ မရှိဘူးလားဗျာ။ တကယ်ပါ။ ဘယ် မိသားစုမဆို မိသားစုစုံညီ ထမင်းဝိုင်းလေးတွေကို မြင်ချင်ကြမှာပါ။

နောက်ဆုံး နိုင်ငံရေး လုပ်သည်ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ၊ ထောင်ကျကျ၊ မကျကျ အကြောင်းကြောင်းကြောင့် တိုင်းတပါးမှာ ဆင်းဆင်းရဲရဲနဲ့ အသက်မွေးခဲ့ရတဲ့ မိသားစုတွေ အများကြီး ရှိပါတယ်။ ကွဲကွာနေရတယ်။ အားလုံးက ကိုယ့်မိသားစုနဲ့ ကိုယ် နွေးနွေးထွေးထွေး နေပြီးတော့ ညနေကျရင် လူစုံအိမ်၊ လူစုံတဲ့အိမ် လူစုံတဲ့ ထမင်းဝိုင်းဖြစ်အောင်လို့ အားလုံးဝိုင်းပြီးတော့ အလုပ်လုပ်နိုင် ကြမယ် မဟုတ်လား။

ကောင်းမွန်တဲ့ ရည်ရွယ်ချက် ယုံကြည်ချက် အဲတာတွေ အားလုံးအတွက် ကျွန်တော်တို့ လက်တွဲကြမယ်ဆိုရင် အဖွဲ့အစည်း အစွဲအလန်းမထားပဲ လက်တွဲမယ်။ သဘောတူပါသလား။ ဘယ် အဖွဲ့အစည်း ဝင်သည်ဖြစ်စေ၊ မဝင် သည် ဖြစ်စေ၊ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ တစ်ပိုင်တစ်နိုင်ပေါ့။ ခုနက တစ်ယောက်က ပြောပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာပြောချင်လဲတဲ့။ အဲတာကတော့ နောက်ဆုံးကျတော့ ကျွန်တော်တို့ မိဘပြည်သူတွေရဲ့ ရင်ခွင်ကို ခွပ်ဒေါင်းအလံနဲ့ အတူ အိုးဝေ အိုးဝေအသံပေးပြီးတော့ ဟိုးတုန်းက၊ ၈၈ က ဒေါင်းတွေ ပြန်ရောက်ပါပြီ။ မိဘ ပြည်သူတွေရဲ့ ရင်ခွင်ကို ကျွန်တော် ပြန်ရောက်ပါပြီလို့ ပြောရင်း နှုတ်ဆက်ပါတယ်။



**From-suu aung**

Read More...

Saturday, November 19, 2011

မြန်မာနိုင်ငံနှင့်ပတ်သက်၍ သမ္မတအိုဘားမား၏ မိန့်ခွန်း


အားလုံး မင်္ဂလာနေ့လယ်ခင်းပါ။ ကျွန်တော့်အစိုးရသက်တမ်းတစ်လျှောက်နဲ့ ဒီခရီးစဉ်တစ်လျှောက် လုံးမှာ အာရှ-ပစိဖိတ်ဒေသအပေါ် အမေရိကရဲ့ ယုံကြည်ချက်ကို အလေးအနက်ထား စဉ်းစားခဲ့ပါ တယ်။ ဒါ့အပြင် ဒီဒေသအတွင်း လူ့အခွင့်အရေးကိစ္စတွေရဲ့ အနာဂတ်ကိုရော အမေရိကန်ရဲ့ ယုံကြည်ရပ်တည်မှုအပေါ်ကိုပါ ကျွန်တော် အလေးအနက်ထား စဉ်းစားခဲ့ပါတယ်။ ကနေ့မှာတော့ ကျွန် တော်ဟာ အဲဒီ့မျက်နှာစာနှစ်ဖက်စလုံးမှာ ရှေ့ကို တိုးတက်စေဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှု တွေထဲက အရေးပါ တဲ့ခြေလှမ်းတစ်ရပ်ကို ကြေညာပါတော့မယ်။
ဆယ်စုနှစ်ပေါင်းများစွာကြာအောင်ပဲ အမေရိကန်တွေဟာ မြန်မာပြည်သူတွေအတွက် အခြေခံလူ့ အခွင့်အရေး ကိစ္စတွေ ငြင်းပယ်ထားတာအပေါ် နက်ရှိုင်းစွာပူပန်ခဲ့ပါတယ်။ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးသမားတွေကို ဖိနှိပ်ထားမှု၊ လူနည်းစု တိုင်းရင်းသားမျိုးနွယ်တွေအပေါ် ဦးတည်ပြသခဲ့တဲ့ရက် စက်မှုနဲ့ စစ်ခေါင်းဆောင်အနည်းငယ်ရဲ့ လက်ထဲမှာပဲ အာဏာကို ဆုပ်ကိုင်ထားမှုတွေဟာ (မြန်မာနိုင်ငံအပေါ်) ကျွန်တော်တို့ရဲ့ စဉ်းစားပုံကို စိန်ခေါ်ခဲ့ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို ကမ္ဘာနဲ့ အမေရိကရဲ့ (အဝေးမှာ)အထီးကျန်စေခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ဟာ အမြဲပဲ မြန်မာပြည်သူတွေအပေါ် လေးစားမှုထားရှိခဲ့ပါတယ်။ ပြီးတော့ သူတို့ တိုင်းပြည်ရဲ့အနာဂတ်ကို ပါ လေးစားမှုထားခဲ့ပါတယ်။ (ဒီတိုင်းပြည်က) အရှေ့နဲ့ အနောက် ဆုံစည်းရာမှာတည်ရှိတဲ့ကြွယ်ဝတဲ့သမိုင်းနဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး၊ ပြည်သူလူထုကလည်း တည်ငြိမ်တဲ့ဂုဏ်သိက္ခာ နဲ့ ထူးခြားပြီး အလားအလာကောင်းတွေရှိ တဲ့ ပြည်သူတစ်ရပ်ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာအောင် ကိုပဲ မြန်မာပြည်သူတွေရဲ့ ဖိနှိပ်ခံရမှုနဲ့ ကတိစကားကို အောင်ဆန်းစုကြည်ဆိုတဲ့(နာမည်နဲ့) သင်္ကေတ ပြုခဲ့ကြတယ်။ (ခေတ်သစ်) မြန်မာနိုင်ငံကို တည်ထောင်သူရဲ့ သမီးရင်းတစ်ဦးအနေနဲ့၊ သူမ ပြည်သူတွေအတွက် ခွန်အားကြီးမားစွာရပ်တည်ခဲ့သူတစ်ဦးအနေနဲ့ သူမဟာ အခြားသောဖိနှိပ်ခံရတဲ့ မြန်မာလူမျိုးများလိုပဲ နေအိမ်အကျယ်ချုပ်နဲ့ ထောင်ဒဏ်တွေကို ကြံ့ကြံ့ခံခဲ့ရတယ်။
ဒါပေမဲ့ မှောင်အတိနှစ်များစွာပြီးတဲ့နောက်မှာတော့ ဟောဒီရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ဟာ တိုးတက်မှုအရိပ်အယောင်တွေကိုမြင်ခဲ့ရပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့လမ်းကြောင်းမှာ အရေးပါတဲ့ခြေလှမ်းတွေ စတင်ခဲ့ပါတယ်။

အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားအချို့ကို အစိုးရက လွှတ်ပေးခဲ့တယ်။ ပြီးတော့ ဥပဒေပြုရေးကဏ္ဍကလည်း နိုင်ငံရေးပတ်ဝန်းကျင်ကိုပွင့်လင်းဖို့ အတည်ပြုပေးခဲ့တယ်။ ဒါ့ကြောင့် ဒါတွေအားလုံးကို ခြုံကြည့်ရင် ဒါတွေဟာ နှစ်များစွာအတွင်း ကျွန်တော်တို့မြင်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဆီ ဦးတည်တဲ့ အရေးကြီးဆုံးခြေလှမ်းတွေ ဖြစ်ပါတော့တယ်။

တကယ်တမ်းတော့ လုပ်စရာတွေ အများကြီးရှိပါသေးတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ပိတ် ထားတဲ့နိုင်ငံရေးစနစ်၊ ၄င်းရဲ့ လူနည်းစု(တိုင်းရင်းသား)တွေအပေါ် ဆက်ဆံပုံနဲ့ နိုင်ငံရေးအကျဉ်းသား တွေကို ဆက်လက်ထိန်းသိမ်းထားတာတွေ၊ ၄င်းရဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတွေအပေါ် စိုးရိမ် ပူပန်ဆဲရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ တိုးတက်မှုအတွက် သမိုင်းဝင်အခွင့်အရေးတစ်ရပ်ဖြစ် လာနိုင်တဲ့အရာကို ဆုပ်ကိုင်ချင်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရက်စီပြုပြင်ပြောင်းလဲရေး လမ်း ကြောင်းပေါ် ဆက်လက်လျှောက်သွားမယ်ဆိုရင် ဒီတိုင်းပြည်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးအသစ်တစ်ရပ် ပုံသွင်းနိုင်မယ်ဆိုတာလည်း ရှင်းလင်းစွာဖော်ပြချင်ပါတယ်။
မနေ့ညက ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်စကားပြောခဲ့ပြီး သူမကလည်း ဒီဖြစ်စဉ် ရှေ့ဆက်တိုးတက်ရေးအတွက် အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုကိုထောက်ခံကြောင်း အတည်ပြုခဲ့ ပါတယ်။ ဒါကြောင့် ဒီနေ့မှာ ကျွန်တော်ဟာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံ သွားရောက်ဖို့ပြောခဲ့ပါတယ်။ သူမဟာ ရာစုနှစ်တစ်ဝက်ခန့်ကာလအတွင်း ဒီတိုင်းပြည်ကို သွားရောက် တဲ့ ပထမဆုံး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပါလိမ့်မယ်။ သူမဟာ အမေရိကန်ပြည်ထောင်စု က မြန်မာပြည်မှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲကာလတစ်ရပ်ဖြစ်ဖို့ လုပ်နိုင်၊ မလုပ်နိုင်ဆိုတာကို နည်းလမ်းရှာဖွေပြီး ကျွန်တော်တို့နှစ်နိုင်ငံ အကြား စာမျက်နှာသစ် စတင်ဖွင့်လှစ်ပါလိမ့်မယ်။
အဲဒီဖြစ်နိုင်ခြေဟာ မြန်မာအစိုးရက ပိုပြီးလက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေ လုပ်တဲ့အပေါ် မူတည်ပါလိမ့်မယ်။ တကယ်လို့ မြန်မာပြည်ဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ဆက်လျှောက်ဖို့ ပျက်ကွက်ခဲ့ရင် ပိတ်ဆို့မှုတွေနဲ့ အထီးကျန်မှုတွေကို ဆက်လက်ရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်ဟာ ဒီအချိန်မှာ (အပြောင်းအလဲကို) ဖမ်းဆုပ်နိုင်ရန် အဲဒီနောက်မှာ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးကို အားကောင်းစေနိုင်ပြီး ပြည်သူသန်းပေါင်းများစွာဟာလည်း ဂုဏ်သိက္ခာရှိမှု၊ ကြွယ်ဝမှုနဲ့ လွတ်လပ်မှုတွေကို ပိုမိုကြီးမားတဲ့ အတိုင်းအတာနဲ့ ရရှိပြီး၊ ရှင်သန်နေထိုင်ဖို့ အခွင့်အရေးရရှိပါလိမ့်မယ်။ ဒါကြောင့် ဒီဖြစ်နိုင်ခြေဟာ မသိကျိုးကျွံပြုလို့ မရအောင် သိပ်အရေးပါလှပါတယ်။
ဒီနေ့ ညနေပိုင်းမှာတော့ ကျွန်တော်ဟာ သမ္မတဦးသိန်းစိန်အပါအ၀င် အာဆီယံနဲ့ အမေရိကန်ရဲ့ တွေ့ဆုံမှုမှာ ဒီသတင်းစကားတွေကို ထပ်မံပြောကြားသွားပါဦးမယ်။ ဒီအတောအတွင်း မစ္စဟီလာရီကလင်တန်ဟာ နေပြည်တော်နဲ့ ရန်ကုန်ကို ခရီးထွက်ရင် သူမဟာလည်း ဒီသတင်း စကားကို ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီ လှုပ်ရှားသူတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ (မြန်မာ) အစိုးရကိုပါ ပေးအပ် ဖို့ အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။
ထပ်ပြောချင်တာကတော့ မြန်မာပြည်သူတွေနဲ့ ထိုက်တန်တဲ့ ပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ အသစ် တစ်ဖန် ပြန်လည်စတင်ရေး အနာဂတ်ကိုရရှိဖို့ ဆက်လက်လုပ်ဆောင်စရာတွေရှိနေပါသေးတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတွင်း အပြုသဘောဆောင်တဲ့ တိုးတက်ဖြစ်ထွန်းမှု များကို တုံ့ပြန်သောအားဖြင့် ဒီခြေလှမ်းကိုစတင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ပြီးတော့ အားလုံးလွှမ်းခြုံ နိုင်တဲ့ ယူနီဗာဆယ်တန်ဖိုးတွေနဲ့ သတ္တိရှိတဲ့ပြည်သူတစ်ရပ်၊ တစ်မူ ထူးခြားတဲ့တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်အတွက် အမေရိကန်ရဲ့ ယုံကြည်ခံယူချက်ကို ရှင်းလင်းစွာသရုပ်ဖော်ဖို့ ကျွန်တော်ဆုံးဖြတ် ချက်ချခဲ့ပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်။


(အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ယနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က ပြောကြားခဲ့သော အမေရိကန်သမ္မတ၏မိန့်ခွန်းကို 7Day News International Desk မှ ဘာသာပြန်ဆိုသည်။)

--


**မာဃလုလင်**

Read More...

Tuesday, January 4, 2011

ဗိုလ်ချုပ်ဆုံးမလမ်းညွှန်ခဲ့တဲ့ လွတ်လပ်ရေးဆိုတာ...........


.ဒီနေ့ဟာလွတ်လပ်ရေးနေ့ပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့တဲ့ မှတ်သားဖွယ် မေးခွန်းများထဲက လွတ်လပ်ရေးနေ့နဲ့ စပ်လျဉ်းတဲ့ မှတ်သားဖွယ်ရာ သမိုင်းဝင် မိန့်ခွန်းအချို့ကို ကောက်နုတ်တင်ပြပေးလိုက်ပါတယ်။ ဒီမိန့်ခွန်းတွေကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်က လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေ အယူအဆမလွဲကြဖို့နဲံ လွတ်လပ်ရေးရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ပြောပြခဲ့တာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်ရဲ့ နိုင်ငံ့တိုးတက်ရေး ရှေ့ရေးတို့နဲ့ ပတ်သက်ပြီး ထားရှိတဲ့ စူးရှထက်မြက် ခေတ်မီတဲ့ အမြင် စေတနာပါတဲ့ သဘောတရား၊ ကိုယ့်လူမျိုးတွေ အကြောင်း ကိုယ်သိလို့ ထိထိမိမိ ဆုံးမခဲ့ပုံကို လေ့လာမှတ်သားနိုင်ပါတယ်။
"လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျွန်တော် ပြောပြဦးမယ်။ လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ဘူး ဆိုတာ ခင်ဗျားတို့ကို ကျွန်တော် ရှင်းခဲ့ချင်တယ်။ ဘာဖြစ်လို့လဲ ဆိုရင် ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေး ရတော့မယ် ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လို စိတ်ကူးပြသလဲ ဆိုရင် ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်းညချင်း ပေါက်လာကြတော့မလို ခင်ဗျားတို့ ထင်ကြတဲ့ သူတွေ များကြတယ်။ တချို့ကလဲ လွတ်လပ်ရေး ရပြီ ဆိုပြီးတော့ ဘာလုပ်ချင်သလဲ ဆိုတော့ ကျွန်တော် အရင်တစ်ခါတုန်းက တွေ့ခဲ့တယ်။

ဂျပန်ခေတ်တုန်းက ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး....... ဘုရားစူးစေ့ ဗမာ့လွတ်လပ်ရေး ရတုန်းက ...... အဲဒီတုန်းက ဆိုလို့ရှိရင် လွတ်လပ်ရေး ရပြီဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျွန်တော်တွေ့ခဲ့တယ်။ ဘာတွေ့သလဲ ဆိုရင် လမ်းမပေါ်မှာ ဆေးလှန်းတယ်။ ဟာ ....... လွတ်လပ်ရေး ရပြီကွ ဆိုပြီးတော့ လူတကာ သွားတဲ့ လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေ လှန်းကြတယ်။ ဒီတော့ လမ်းသွားလမ်းလာ လုပ်တဲ့သူတွေ အတော်ခွကျတယ်။ အဲဒါလွတ်လပ်ရေးမဟုတ်ဘူး"
"လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေး ဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့ ဖြစ်စေ၊ တစ်မျိုးလုံး ကောင်းစားဖို့ ဖြစ်စေ လုပ်တဲ့ နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ဘဲ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးတဲ့"
"ပဒေသာပင် ပေါက်အောင် ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ် ဆိုတာ ခင်ဗျားတို့ နားလည်စေချင်တယ်။ အဲဒီတော့ လွတ်လပ်ရေးပင် ရသော်ရငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့ မထမ်းဆောင်ချင်ဘူး ဆိုရင် ခင်ဗျားတို့ ရတဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ ရပြီး မနက်ဖြန်ခါ တခြားလက် ပြန်ပါသွားမှာပဲ"
"စကား ခပ်ရိုင်းရိုင်း ပြောရမယ် ဆိုရင် အတော့်ကို ကြိုးစားနိုင်မှ လုပ်နိုင်မှ........ အဲဒါ တော့်ကို ကုန်းနိုင်မှ ရုန်းနိုင်မှ အနှစ်နှစ်ဆယ်လောက် ရှိတဲ့ အခါမှာ တော်ကာကျမယ်။ ဒီတော့ ကျွန်တော်တို့က တကယ်ပဲ သုညက စပြီး အကုန်လုံး ပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ် လုပ်ရမှာ ဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် အခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်း တစ်လှမ်း လှမ်းရင် ကျွန်တော်တို့က ခြေလှမ်း ငါးလှမ်း ဆယ်လှမ်း လိုက်လှမ်းနိုင်မှ .......... အဲဒီကို လိုက်နိုင်တဲ့ အခါကျမှ နောက်ဆယ်နှစ် အနှစ်နှစ်ဆယ်တန်သည် အားဖြင့် အဲလို ညီတူတန်းတူ ဖြစ်သွားမယ်။ တန်းတူညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟိုလူမြင်တဲ့ အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူမြင်တဲ့အခါမှာ မျက်နှာချိုသွေးရနဲ့ ဖာသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲ ဆိုတာ ခင်ဗျားတို့ကို အတိအလင်း နားလည်ထား စေချင်တယ်။ အဲဒီတော့ကာ အင်မတန်ကို ကျွန်တော်တို့ တစ်ခါတည်း ကျွန်တော်တို့ တိုင်းပြည်မှာ ရှိတဲ့ လူတွေ စည်းစည်းရုံးရုံးနဲ့ ရှိပါမှ ဖာသည်သဘောမျိုး နိုင်ငံမျိုး မဖြစ်ဘဲ နေမှာ"


**ဦးဦးမှော်ဆရာ**

Read More...

Monday, December 6, 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ မိန့်ခွန်း ကောက်နုတ်ချက်များ (၂၀၁၀)


http://alinsek.blogspot.com/2010/12/blog-post.html
Thursday, December 2, 2010

ကျွန်တော်အမေအရင်းလို လေးစားချစ်ခင်ရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၃.နိုဝင်ဘာလ.၂၀၁၀ မှာပြန်လည်နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပါပြီ။ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေးခေါင်းဆောင်ကောင်း တဦးပီပီ အမေစုဟာ မြန်မာပြည်ကြီးအတွက်၊ ပြည်သူတွေအတွက် အားသစ်၊ ခွန်အားသစ်၊ လမ်းစဉ်သစ်၊ အတွေးအခေါ်သစ်၊ ချဉ်းကပ်မှုအသစ်တွေ ကိုဖြစ်စေသော စကားများ မိန့်ခွန်းများကို ပြောဆိုနေပါတယ်။ အမေကိုယ်တိုင်လည်း ပြည်သူတွေအတွက် မနေမနား လှုပ်ရှားနေပါတယ်။ ပြည်သူ မျက်ရည်၊ ပြည်သူ့အသံ၊ ပြည်သူတွေရဲ့ သက်ပြင်းချသံ၊ ပြည်သူတွေရဲ့ ချွေးတွေ သွေးတွေ ကိုနားလည်ခံစားနိုင်သူပီပီ ပြည်သူ့ကိုယ်စား တင်ပြနိုင်သူဖြစ်ကြောင်း အမေစုရဲ့ ရဲရဲတောက် မိန့်ခွန်းများမှာတွေ့နိုင်ပါတယ်။ ယခု ကျွန်တော်ကြိုးစား ရှာဖွေတင်ပြလိုက်သော စာကိုး (quotes) လေးများဟာ အမေစု လွတ်မြောက်ပြီး ၂ ပတ်အတွင်း ပြည်သူတွေ၊ သတင်းမီဒီယာတွေ ကိုပြောကြားခဲ့သော မိန့်ခွန်းနဲု့အင်တာဗျုးတွေကနေ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။ အမေစုရဲ့ အတွေးအခေါ်များ ကိုလေ့လာသိရှိပြီး နိုင်ငံအကျိုး လူမျိုးအကျိုး ကို အမေစုနှင့် အတူလက်တွဲပြီး ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ဖော်ထုတ်လုပ်ကိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း.....။

**ဘလော့ခ်ဂါ အလင်းဆက်**
၂. ဒီဇင်ဘာလ. ၂၀၁၀


- ဂျပန်ရောက်နေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ပြောချင်တာကတော့ ဘာဖြစ်လို့ ကိုယ့်တိုင်ပြည်ကို စွန့်ခွါပြီးလာခဲ့ရတာလဲဆိုတာကို မမေ့ကြပါနဲ့။ ကိုယ်ရဲ့တိုင်းပြည်ကိုလည်း မမေ့ပါနဲ့။ အဲဒါကလည်း ကျွန်မတို့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို တနည်းတဖုံအားဖြင့် ထိန်းသိမ်းခြင်းဖြစ်တယ်ဆိုတာကိုလည်း ကျွန်မပြောချင်ပါတယ်။
(ဂျပန်နိုင်ငံ ANN သတင်းဋ္ဌာန အင်တာဗျုးမှ (၁၈. နိုဝင်ဘာလ. ၂၀၁၀)
- တဘက်က ရှုံးစေ၊ တဘက်က နိုင်စေ ပြောတာ မဟုတ်ဘူး။ တဘက်ကလည်း ကိုယ့် အမြင်ကိုပြောရမယ်၊ နောက်တဘက်ကလည်း ကိုယ့်အမြင်ကို ပြောမယ်၊ သဘောမတူတာတွေ ရှိရင်လည်း ညှိယူမယ်ပေါ့နော်။ ၂ ဘက် စလုံးအတွက် အောင်နိုင်မှု ဖြစ်ရမယ်။ အဲဒါမျိုး ကိုပြောပေမယ့်လည်းပဲ နည်းနည်းမှ သဘောမပေါက်ဘူး။ မယုံတာလား၊ သဘောမပေါက်တာလား။ ဒါမှမဟုတ် တပ်မတော် အသိုင်းအဝန်းမှာ ဒီလိုပေါ့နော် … အခြေအတင် စကားပြောပြီးတော့ ညှိနှိုင်းယူတဲ့ အလေ့ အထ မရှိလို့လား၊ အဲဒါတွေက အများကြီးကို စဉ်းစားစရာ ဖြစ်တယ်။


-ဂန္ဓီကြီးက ဟိန္ဒူဘာသာဝင် ဆိုပေမယ့် ခရစ်ယာန် ဓမ္မသီချင်းတပုဒ်ကို သိပ်ပြီးတော့ သဘောကျတယ် ဆိုတာလေ။ အဲဒီ သီချင်းဟာ Lead Kindly Light ဆိုတာ သူပြောထားတာတော့ အရှည် အဝေးကြီး မဟုတ်ဘူးပေါ့နော်။ တလှမ်းချင်း တလှမ်းချင်းသာ မြင်ခွင့်ပေးပါဆိုတာ၊ အဲဒါကို ဂန္ဓီကြီးက ယုံသလို အဲဒီဟာကို အန်တီလည်းယုံတယ်။ တလှမ်းချင်း တလှမ်းချင်းသာ မှန်အောင် လှမ်းနိုင်အောင်လို့ ကိုယ့်ကိုကိုယ် ကြိုးစားပြီးသွားမယ်၊ တလှမ်းချင်း တလှမ်းချင်းသာမှန်လို့ရှိရင်တော့ လမ်းမှန်ပေါ်ကနေ နေရာမှန်ကို ရောက်မှာ ပေါ့လေ။ အဝေးကြီး စိတ်ကူးမယဉ်စေချင်ဘူး။ နောက်ပြီးတော့ အန်တီက စိတ်ကူးယဉ် မျှော်လင့်ချက်ကို သိပ် အယုံအကြည်မရှိဘူး။ မျှော်လင့်ချက်ဆိုတာ ကြိုးစားချင်မှု။ ကိုယ်ကြိုးစား သလောက်ပဲ မျှော်လင့်ပိုင်ခွင့် ရှိတယ်လို့ အဲဒီလိုပဲ အယုံအကြည် ရှိရှိနဲ့ ကြိုးစားသွားမှာပဲ။

**ပြည်တွင်းက လူငယ်တွေနဲ့ ပြည်ပက လူငယ်တွေကို ဆက်စပ်မှု ရှိစေချင်တယ်။ ပြည်ပ ရောက်သွားတဲ့ လူငယ်တွေက ပြည်တွင်းမှာ ကျန်ခဲ့တဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်ရဲ့သက်တူ ရွယ်တူတွေကို မမေ့စေချင်ဘူး။ မေ့လည်းမမေ့ဘူးလို့ အန်တီထင်တယ်။ အခု တော်တော်များများက ဘလောဂ့်ဆိုက်တွေ လုပ်တာတို့၊ အင်တာနက်မှာ ဆက်နွှယ်တာတို့ ဘာတို့ လုပ်နေတယ် ဆိုတော့ ပြည်တွင်းကို မမေ့ဘူးလို့ ထင်တယ်။ အဲဒါကို အင်အား တခုအနေနဲ့ ယုံယုံကြည်ကြည်နဲ့ ဆက်ပြီးတော့ ရပ်တည်ပေးမယ်လို့ ထင်တယ်။
7:18 PM နိုင်ငံရေးဆိုတာ ဘယ်သူ့ဆီက ဘယ်အသိုင်းအဝန်းကမှ ဖယ်ထုတ်လို့မရဘူး။ နိုင်ငံရေးကို ဖယ်ထုတ်လို့ မရဘူး။ အားလုံးက နိုင်ငံရေးနဲ့ပဲ ဆက်စပ် နေတာပဲ။ ဒါပေမယ့် ဒီ ဆက်စပ်မှုဟာ မှန်ကန်တဲ့ ဆက်စပ်မှုတော့ ဖြစ်ဖို့ အရေးကြီးတာပေါ့။
ှုIrrawaddy အင်တာဗျုးမှ ( 18.November. 2010)

နိုင်ငံရေးဆိုတာ ပါလီမန် အတွင်း နိုင်ငံရေး၊ ပါလီမန်အပြင် နိုင်ငံရေး ဆိုတာ အမြဲရှိတာချည်းပဲ။ အဲဒီတော့ အန်တီတို့က ပါလီမန်အပြင် နိုင်ငံရေး လုပ်တဲ့လူတွေ ဖြစ်မှာပေါ့။ အဲဒီတော့ အန်တီတို့ ပါလီမန် နိုင်ငံရေး အပြင်ဘက်မှာ လုပ်တဲ့လူတွေ ဆိုတာလည်း အန်တီတို့က သူတို့ နိုင်ငံရေး လုပ်ပုံလုပ်နည်းတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီ ဆိုတော့ ပုံစံအမျိုးမျိုးနဲ့ ဆက်လုပ်သွားမှာပဲ။
အာဆီယံနဲ့ တရုတ်တို့ကို နီးနီးကပ်ကပ် ဆက်ဆံစေချင်တယ်။ အန်တီတို့နဲ့ ဆက်ဆံစေချင်တယ်။ အန်တီတို့က မဆက်ဆံသင့်တဲ့ လူမျိုးများမဟုတ်ပါဘူးဆိုတာကို သေသေချာချာ သိစေချင်တယ်။
အခု တော်တော်များများက ဘလောဂ့်ဆိုက်တွေ လုပ်တာတို့၊ အင်တာနက်မှာ ဆက်နွှယ်တာတို့ ဘာတို့ လုပ်နေတယ် ဆိုတော့ ပြည်တွင်းကို မမေ့ဘူးလို့ ထင်တယ်။ အဲဒါကို အင်အား တခုအနေနဲ့ ယုံယုံကြည်ကြည်နဲ့ ဆက်ပြီးတော့ ရပ်တည်ပေးမယ်လို့ ထင်တယ်။
...
အမျိုးသားရေးသည် တဦးတယောက်တည်း လုပ်ဆောင်၍မရဘဲ တနိုင်ငံလုံးရှိ ပြည်သူအားလုံးနှင့်သက်ဆိုင်ကြောင်း၊ တမျိုး သားလုံး လုံခြုံရေး၊ လွတ်လပ်ရေး၊ စိုးရိမ်ကြောင့်ကြမှု ကင်းဝေးစွာနေထိုင်နိုင်ရေး တို့အတွက် စည်းလုံးညီညွတ်မှု အရေးကြီး သည်။
(နှစ် ၉၀ ပြည့် အမျိုးသားနေ့ အခမ်းအနားတွင် ပြောဆိုလိုက်သည်။ ၁.Dec)
...
အပြောင်းအလဲလိုချင်ရင် အပြောင်းအလဲ ရအောင်ကြိုးစားရမယ်။
...
“ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်းမှာ ကျမဘဝဟာ ကာလအပိုင်းအခြား နှစ်ခုအတွင်း ကျင်လည်နေခဲ့ပါတယ်။ တွေးတောပြီး အပြန်ပြန်အလှန်လှန် သုံးသပ်ခြင်း ဆိုတဲ့ ကာလအပိုင်းအခြားနဲ့ လုပ်စရာတွေ များလွန်းလို့ ပြေးလွှားနေတဲ့ အတွေးတွေကို ဆုပ်ကိုင်ဖို့ အချိန်မရနိုင်တဲ့ ကာလအပိုင်းအခြားပါပဲ”

ဒီနှစ်တွေထဲမှာ အတွေးတခု ဝင်နေတာက ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် တိုးတက်မှုတခုရဖို့ ကျမတို့အားလုံး အတူတူ လက်တွဲ လုပ်ဆောင်ကြရမယ် ဆိုတာပါပဲ။ ဒါက လူသားဖြစ်တည်မှုနဲ့အတူ မွေးဖွားလာတဲ့ အတွေးအခေါ်ပါ။ အများနဲ့ လုပ်တာ အကျိုးရှိပါတယ်။ တဦးကိုတဦး ကူညီရိုင်းပင်းကြဖို့ ကြိုးစားကြရပါမယ်။ ဒါဟာ ဘယ်တော့မှ အိုမင်းဟောင်းနွမ်းသွားမယ့် အတွေးအခေါ် မဟုတ်ပါဘူး”

“ကျမကို လာရောက် အားပေးသူတွေ၊ နှုတ်ဆက်ဖို့ လာတဲ့ သူတွေနဲ့ ကျမတို့ လုပ်ဆောင်နေတာကို ဆက်လက်ယုံကြည်ကြောင်း ပြသသူတွေဟာ လွန်ခဲ့တဲ့ နှစ်များစွာက ကျမ အလုပ် တွဲလုပ်ခဲ့ဖူးသူတွေထက် ပိုပြီး ငယ်ရွယ်နေကြပါတယ်။ တကယ့်ကို မျိုးဆက်သစ်တွေပါ။ မျိုးဆက်သစ်ပေါင်း များစွာလို့ ကျမပြောပါရစေ။ ကျမတို့နဲ့ ပူးပေါင်းလာတယ်။ တကယ့်ကို နုပျိုနေတဲ့ ကမ္ဘာသစ်ပါပဲ”
...
“ကမ္ဘာကို ထိပ်တန်း အတွေးအခေါ်သမားအဖြစ် ဘာတွေ ပြောပေးနိုင်မယ်ဆိုတာ မသိပါဘူး။ ပြောနိုင်တာကတော့ ကျမဟာ ပြန်လည်မျှဝေပေးဖို့၊ အတွေးအခေါ်သစ်တွေ သင်ယူဖို့၊ လူငယ်တွေဆီက သင်ယူလေ့လာဖို့၊ ကျမ အကျယ်ချုပ်ကျခံနေရတဲ့ ကာလအတွင်း ဖြတ်သန်းခဲ့သူတွေဆီကနေ ဘာတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတာကို သင်ယူဖို့၊ ထပ်ဆောင်း ဆင်ခြင်မှုတွေကို သင်ယူဖို့ အသင့်ပါပဲ”

ဆင်ခြင်တွေးခေါ်ခြင်းသည် ပြီးဆုံးသည်၊ အဆုံးသတ်သွားသည်ဟူ၍ မရှိး၊ ဤသည်မှာပင် စိတ်ဓာတ်နှင့် နှလုံးသား၏ အဆုံးမရှိ ခရီးဆက်နေသော လူ့သဘာဝ၏ အလှတရားဖြစ်သည်။

Foreign Policy မဂ္ဂဇင်းကြီးသို့ ဗီဒီယိုမှတဆင့် ဂုဏ်ပြု အမှတ်တရ ပြောကြားရာ၌ (၃၀. Nov)
...

ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးသမား ရှားပါးနေတဲ့ ခုအချိန်မှာ လူတွေက သူ့ (ဗိုလ်ချုပ်အောင်ဆန်း) အပေါ် ယုံကြည်မှုရှိနေကြတာက အဓိကပါ။ ဒါကြောင့်လူတွေက ကျမအဖေကို သိပ်ချစ်ခင်ကြတယ်။ သူသာ အသက်ရှင်နေရင် သူတို့မှီခိုအားထားနိုင်တဲ့ ခေါင်းဆောင်လို့ ထင်ကြတယ်။


မဇ္ဈိမသတင်းထောက် Thea Forbes က နိုဝင်ဘာ ၂၉ ၊ ၂ဝ၁ဝ ပြည့်နှစ်တွင် လူချင်း တွေ့ဆုံမေးမြန်းခန်းမှ။


မေး - ရှင်နဲ့ရှင်ရဲ့ပါတီက ဒုတိယ ပင်လုံညီလာခံခေါ်ဖို့ ပြောထားတယ်နော်။

ဖြေ - မဟုတ်ပါဘူး၊ ကျမတို့က ဒါကိုလုပ်ဖို့ တာဝန်ယူလိုက်တာပါ။ ဒါကိုစပြီး ဆောင်ရွက်တာ တိုင်းရင်းသား ပါတီတွေပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခြေလှမ်းမဟုတ်ပါဘူး။ ကျမတို့ပါတီက ဒါကိုထောက်ခံခဲ့တာသာ ဖြစ်ပါတယ်။
.....
ဒုတိယ ပင်လုံညီလာခံ ကျင်းပရတဲ့ အကြောင်းက စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ ဒါကြောင့် ဒီလုပ်ငန်းစဉ်မှာ တတ်နိုင်သမျှ လူများများပါရေး ဆိုတာ ကျမတို့ ရည်မှန်းလုပ်ဆောင်နေတဲ့ အချက် ဖြစ်ပါတယ်။ အဓိက,က စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထူထောင်ဖို့ပါ။ မြန်မာနိုင်ငံအတွင်းက မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးစုတွေအကြားမှာ ညီညွတ်ရေးရအောင် လုပ်ဆောင်ဖို့ပါ။
.....
မေး - ဒီလိုဆို တိုင်းရင်းသား လူမျိုးစုအားလုံး တန်းတူညီမျှမှုရနိုင်မယ့် အနာဂတ် မြန်မာပြည် ထူထောင်နိုင်မယ့် အချိန်ကို မျှော်မှန်းကြည့်နိုင်ပါသလား။

ဖြေ - မျှော်မှန်းနိုင်တာပေါ့၊ ဒါကျမတို့ သွားနေတဲ့ ရည်မှန်းချက်ပဲ။
....
ညီညွတ်ရေးအတွက်ပထမခြေလှမ်းက သူများပြောတာ နားထောင်ဖို့ပါ။
.....
မြန်မာပြည်လို တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့ နိုင်ငံမျိုးမှာ အထူးသဖြင့် အာဏာရှိနေတဲ့သူတွေ အနေနဲ့ သူတို့အသံတွေကို နားထောင်ဖို့လိုတယ်။
.....
ညီညွတ်ရေးအတွက်ပထမခြေလှမ်းက သူများပြောတာ နားထောင်ဖို့ပါ။ မြန်မာပြည်လို တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့ နိုင်ငံမျိုးမှာ အထူးသဖြင့် အာဏာရှိနေတဲ့သူတွေ အနေနဲ့ သူတို့အသံတွေကို နားထောင်ဖို့လိုတယ်။ ဒီလိုနားထောင်မှ သူတို့ဘာလိုချင်တယ်၊ သူတို့မျှော်မှန်းချက်တွေကဘာ၊ သူတို့မျှော်လင့် ချက်တွေကဘာ၊ သူတို့ဘာကို စိုးရိမ်ကြတယ် ဆိုတာတွေ သိလာမှာဖြစ်ပါတယ်။ ဒီလိုနားလည်လာမှ မတူကွဲပြားခြင်းတွေရဲ့ ညီညွတ်ရေး ဆိုတာအတွက် အခြေခံ အုတ်မြစ်ကိုချနိုင်မှာဖြစ်ပါတယ်။
......
ကျမတို့ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အယုံအကြည် မရှိလို့ပါ။ ရွေးကောက်ပွဲ ဥပဒေတွေဟာ လွတ်လပ်မျှတတယ်လို့ ကျမတို့မထင်လို့ပါ။ ထောင်ထဲမှာရှိနေတဲ့ ကျမတို့ရဲ့ ရဲဘော်တွေကို မျက်ကွယ်ပြုပြီး ရွေးကောက်ပွဲ ဝင်ရတယ် ဆိုတာမျိုး ကျမတို့ မလုပ်နိုင်ပါဘူး။ ဒါကြောင့်ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖို့ ကျမတို့ ဆုံးဖြတ်ခဲ့တာပါ။
.....
ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့သူတွေ အတွက်တော့ ဒီပွဲမှာ သူတို့အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ သူတို့ဖာသာပဲ ထုတ်ဖော်ပြောရမှာ ဖြစ်ပါတယ်။
....
လူထုအတွက် တကယ်ကိုအကျိုးရှိမယ့် ပညာရေး၊ ကျန်းမာရေး တခြားဘာဘဲဖြစ်ဖြစ် ကျမတို့ ဘယ်သူမဆို လူတိုင်းနဲ့ ဝမ်းမြောက်ဝမ်းသာ ပူးပေါင်း ဆောင်ရွက်လိုပါတယ်။
.....
ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စစ်အစိုးရ ဆုံးဖြတ်ရမယ့်အချိန် မုချ ရောက်လာလိမ့်မယ်လို့ ကျမထင်ပါတယ်။
....
အစိုးရ အုပ်ချုပ်ရေးစနစ်မှာ ပွင့်လင်းမှုရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ကို ကျမတို့ အမြဲတမ်းပြောနေ တောင်းဆိုနေခဲ့တာပါ။ အစိုးရအုပ်ချုပ်မှု စနစ်ကောင်းဆိုတာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ လိုပါတယ်။
.......
ဒီမိုကရေစီ အစိုးရတရပ် တက်လာရင် သူတို့ကို အရေးယူမှာလားလို့ စစ်တပ်က စိုးရိမ်နေတဲ့အကြောင်း လူတွေက ပြောကြပါတယ်။ သူတို့ လုပ်ခဲ့တာတွေအတွက် ပေးဆပ်ရမှာပေါ့ ဆိုတာမျိုးတွေလဲ ပြောကြပါတယ်။ ဒါပေမဲ့ ဒါတွေက ရော်ရမ်းမှန်းဆ ပြောတာတွေပါ။
....
ဒီမိုကရေစီ အစိုးရတရပ် တက်လာရင် သူတို့ကို အရေးယူမှာလားလို့ စစ်တပ်က စိုးရိမ်နေတဲ့အကြောင်း လူတွေက ပြောကြပါတယ်။ သူတို့ လုပ်ခဲ့တာတွေအတွက် ပေးဆပ်ရမှာပေါ့ ဆိုတာမျိုးတွေလဲ ပြောကြပါတယ်။ ဒါပေမဲ့ ဒါတွေက ရော်ရမ်းမှန်းဆ ပြောတာတွေပါ။ ခုလိုစိုးရိမ်မှုတွေ ရှိနေတာကြောင့်ပဲ တယောက်နဲ့တယောက် တွေ့ပြီး စကားပြောဖို့ လိုတာပေါ့။ ကျမတို့တိုင်းပြည်အတွက် တကယ်တမ်း ဘာတွေလိုချင်တယ် ဆိုတာ တွေ့ဆုံ ရှာဖွေဖို့ လိုတာပေါ့။
..........
အတူတကွ လက်တွဲလုပ်ဆောင်ချင်တဲ့ ဘက်နှစ်ဘက်အနေနဲ့ တယောက်နဲ့တယောက် တဖက်ဖက်ကစပြီး စကားပြောဖို့ဟာ အရေးအကြီးဆုံးကိစ္စ မဖြစ်သင့်ဘူးလား။
......
ရှင်တို့ဘက်က တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့ ပြောလာတာကြာပြီ။ နအဖ ဘက်ကဘာမှ မတုံ့ပြန်ဘူး။ ဒါကို ခုအထိ ပြောနေတုန်းပဲလားလို့ ပြောကြတယ်။ လူသားမျိုးနွယ် တရပ်အနေနဲ့ ဘာမှတိုးတက်မှုမရှိဘူးလို့ လူတွေစိတ်ထဲ ခံစားမိပါသလား။ ဒါဆို လူသားရဲ့ အစကို ကျမတို့ ပြန်သွားကြရလိမ့်မယ်။ ဒီတုန်းက လူဝံတွေက ပြောမှာပေါ့။ မင်းတို့က ဘာလို့ ခြေနှစ်ချောင်းပေါ် မတ်မတ်ရပ်ပြီး လမ်းလျှောက်ဖို့ ကြိုးစားနေရတာလဲလို့။ မင်းတို့ဘယ်တော့မှ ဒီလိုဖြစ်မှာ မဟုတ်ဘူးလို့ ပြောမှာပေါ့။ ခုကြည့် ကျမတို့လူသားတွေ မတ်မတ် ရပ်နိုင်နေပြီလေ။
....
လွန်ခဲ့တဲ့ ၇ နှစ်ကထက်စာရင် လူငယ်တွေ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက် ပါဝင်လာတာကို ကျမကိုယ်တိုင် တွေ့မြင်ရပါတယ်။
....
အပြောင်းအလဲအတွက် လုပ်ကိုင်တဲ့နေရာမှာ သူတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်ဖို့လိုတယ် ဆိုတာ ဒီလူငယ်တွေကောင်းကောင်း သဘောပေါက်နေတယ်လို့ ကျမတော့ ထင်ပါတယ်။
....
အပြောင်းအလဲအတွက် လုပ်ကိုင်တဲ့နေရာမှာ သူတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်ဖို့လိုတယ် ဆိုတာ ဒီလူငယ်တွေကောင်းကောင်း သဘောပေါက်နေတယ်လို့ ကျမတော့ ထင်ပါတယ်။ သူတို့ကိုယ်တိုင် မပါဘဲ ဘေးကနေ အသာထိုင်စောင့်ကြည့်နေပြီး အပြောင်းအလဲ တရပ် ပေါ်ပေါက်လာလိမ့်မယ်လို့ သူတို့ မထင်တော့ပါဘူး။ ဒါသိပ်ကို ကောင်းတဲ့အချက်ပါ။ သိပ်ကောင်းတဲ့ အပြောင်းအလဲပါ။
......
စာချုပ်တွေကို ရပ်ဆိုင်းထားဖို့တို့၊ ရပ်တန့်ပစ်လိုက်ဖို့တို့ဆိုတာ ကျမတို့ တခါမှ မပြောဖူးပါဘူး။ ကျမတို့အမြဲပြောခဲ့တာက ဘာစာချုပ်တွေပဲချုပ်ချုပ် ပြည်သူလူထုအတွက် အကျိုးကျေးဇူးရှိဖို့၊ လုပ်ငန်းမှာ အကျိုးအမြတ်ရဖို့၊ ပြီးတော့ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ ကိုပါ။
.....
ကျမက ထိတွေ့ ဆက်ဆံမှု မူဝါဒကို ယုံကြည်တာကိုး။ လူတိုင်းနဲ့ ထိတွေ့ဆက်ဆံသင့်တယ်လို့ ကျမထင်ပါတယ်။ အိုဘားမားအစိုးရက စစ်အစိုးရနဲ့ ဆက်ဆံတဲ့နေရာမှာ ဒီလို ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ထိတွေ့ဆက်ဆံမှုကို အတူတကွ ကျင့်သုံးသွားမယ်လို့ စပြောကတည်းက ကျမဒါကို လုံးလုံးသဘောတူပါတယ် ပြောခဲ့တာဘဲ။
.....
ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ပြည်သူလူထုကို တကယ်တမ်း ထိခိုက်မှု ရှိ မရှိ၊ ဒဏ်ခတ် ပိတ်ဆို့မှုရဲ့ အကျိုးတွေက ဘာတွေလဲ၊ ဒဏ်ခတ်ပိတ်ဆို့မှုပေါ် စီးပွားရေး အမြင်နဲ့ နိုင်ငံရေးအမြင် ဒါတွေရှိပါတယ် ပြန်သုံးသပ်သွားမှာပါ။
....
ပြည်သူလူထုကို ထိခိုက်စေတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေရှိရင် ဒါတွေကိုဖယ်ရှားရေးအတွက် ပူးပေါင်း ဆောင်ရွက်လိုတယ်လို့ နအဖကို ကျမတို့ လွန်ခဲ့တဲ့ တနှစ်လောက်က ကမ်းလှမ်း ပြောဆိုခဲ့ဖူးတာလဲ ရှင်သတိထားမိမှာပါ။ ဒီတော့ဒါဟာ မူဝါဒအသစ် မဟုတ်ပါဘူး။
.........
မူဝါဒတွေ၊ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အခါအားလျော်စွာ ပြန်လည် သုံးသပ်သင့်တယ်ဆိုတဲ့ ဟာက ကျမတို့ အမြဲတမ်း ကိုင်စွဲထားတဲ့ မူဝါဒပါ။ ဒါကိုကျမတို့လုပ်မှာပါ။
.....
အနုမြူအပြောင်းအလဲလို ကိစ္စမျိုးတွေကို ကျမတို့စပြီး မကိုင်တွယ်ခင် အခုထက်ပိုပြီး ကျမတို့မှာ စွမ်းဆောင်ရည် မြင့်မြင့်မားမား ရှိဘို့လိုတယ်လို့ ကျမထင်ပါတယ်။ ဘာလို့လဲဆို ဒီလိုကိစ္စမျိုးက လုံခြုံမှုရှိဖို့တို့၊ လုံခြုံရေးအရ ကြိုတင်သတိပြုရမယ့် အချက်တို့၊ စွမ်းဆောင်ရည် မြင့်မားဖို့တို့ အများကြီးလိုတာကိုး။
.....
အနုမြူအပြောင်းအလဲလို ကိစ္စမျိုးတွေကို ကျမတို့စပြီး မကိုင်တွယ်ခင် အခုထက်ပိုပြီး ကျမတို့မှာ စွမ်းဆောင်ရည် မြင့်မြင့်မားမား ရှိဘို့လိုတယ်လို့ ကျမထင်ပါတယ်။ ဘာလို့လဲဆို ဒီလိုကိစ္စမျိုးက လုံခြုံမှုရှိဖို့တို့၊ လုံခြုံရေးအရ ကြိုတင်သတိပြုရမယ့် အချက်တို့၊ စွမ်းဆောင်ရည် မြင့်မားဖို့တို့ အများကြီးလိုတာကိုး။ ဒါကြောင့် ပွင့်လင်းမှုရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ဆိုတဲ့ ဘူတာပဲ ပြန်ဆိုက်တာဘဲ။ ပွင့်လင်းမြင်သာမှုသာ မရှိရင် ဘာတွေ ဖြစ်နေတယ်ဆိုတာ ကျမတို့တကယ်ပဲ သိမှာမဟုတ်ဘူး။
.....
ရွေးကောက်ပွဲအသစ် ပြန်လည် ကျင်းပ ပေးဖို့အတွက် တောင်းဆိုဖို့ စိတ်ဝင်စား တယ် ဆိုတာလဲ ကျမတို့ဘယ်တုံးကမှ မပြောခဲ့ပါဘူး။
....
စစ်အစိုးရဘက်က အထူးသဖြင့် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိဖို့ကိစ္စတွေမှာ အထူး လိုလိုလားလား ရှိနေတယ်လို့ ကျမ မထင်ပါဘူး။
....
စစ်အစိုးရဘက်က အထူးသဖြင့် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိဖို့ကိစ္စတွေမှာ အထူး လိုလိုလားလား ရှိနေတယ်လို့ ကျမ မထင်ပါဘူး။ ဒါကြောင့်မို့ ကျမတို့က ဒါတွေကို တောင်းဆိုနေဖို့ မသင့်ဘူးလို့လဲ ကျမ မထင်ပါဘူး။
.......

နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကျမတို့ဘက်က အမြဲတမ်း ကြိုးစားနေခဲ့တာပဲ။ ဒါပေမဲ့ ဒီအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဒီချုပ်ဘက်က ဘာတွေလုပ်နေပြီလဲ မေးလာရင်တော့ ဒီလူတွေကိုလွှတ်ဖို့ မလွှတ်ဖို့က ကျမတို့ဘက်က လုပ်ရမှာ မဟုတ်ပါဘူး။ ကျမတို့ဘက်ကလုပ်ရမှာက ဒီလူတွေ အမြန်ဆုံး လွတ်မြောက်လာဖို့ အာဏာပိုင်တွေကို ဖျောင်းဖျ သိမ်းသွင်းနိုင်မယ့် အခြေအနေ တရပ်ကို ဖန်တီးပေးဖို့ပါပဲ။
........

နိုဝင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှု အယ်ဒီတာ ကိုစိန်ဝင်းက တယ်လီဖုန်းဖြင့် မေးမြန်းထားချက်မှ...

ဖြည်းဖြည်းချင်းဖြစ်လာတဲ့ ဒီမိုကရေစီသာ မြန်မာပြည်နဲ့ ကိုက်ညီတယ်၊ မကိုက်ညီဘူးဆိုတာက အန်တီတို့ မြန်မာတွေ ဆုံးဖြတ်ရမယ့် ကိစ္စပါ။

အန်တီ့ရဲ့ သားတွေက မတောင့်မတ မကြောင့်မကြနဲ့ နေနိုင်တဲ့အနေအထားပေါ့နော်၊ လူ့အခွင့်အရေးအပြည့်အဝရတဲ့ နိုင်ငံတွေမှာ နေရတယ်၊ စားရေး သောက်ရေး နေရေးထိုင်ရေးအတွက် ပူပင်စရာမလိုဘူး၊ တခြားကလေးတွေ အများကြီးဟာ တနေ့နဲ့တနေ့ ဘယ်လို စားရမယ်၊ သောက်ရမယ်၊ နေရမယ်၊ ထိုင်ရမယ်ဆိုတာ မသိတဲ့အခြေအနေမှာ ရှိနေပါတယ်၊ သူ့တို့မိဘတွေကလဲ သူတို့ကလေးတွေကို မကူနိုင်တဲ့ အနေအထားမှာ ရှိတယ်၊ အဲဒီတော့ အန်တီ့အနေနဲ့ ဆိုးတယ် ပြောရအောင် တခြား မိဘတွေကို ဘယ်လို မျက်နှာနဲ့ သွားပြီးတော့ ကြည့်မှာလဲ။
.....
အန်တီ့လုံခြုံရေးအတွက် စိုးရိမ်ကြတယ်လို့ ပြောကြတယ်၊ အဲဒီအပေါ်မှာ တယောက်ယောက် အနှောက် အယှက် ပေးလိမ့်မယ်လို့ အန်တီ ထင်လား။

ဒါကတော့ အရင်တုန်းက အနှောက်အယှက်ပေးခဲ့တာတွေ ရှိခဲ့ဖူးတော့ မလုပ်ဘူးလို့လဲ ပြောလို့မရဘူးပေါ့၊ ဒါပေမဲ့ ဒါအနှောက်အယှက်ပေးမှာပဲလို့ ဒါကိုပဲ ရှေ့တန်းတင်ပြီးတော့ ကိုယ့်ရဲ့ လုပ်တာကိုင်တာတွေကို အဲဒီအပေါ်မှာ အခြေခံပြီးတော့ လုပ်လို့လဲ မဖြစ်ဘူးလေ။
.....
အင်အားတွေကို အတ္တဟိတ သဘောနဲ့ ကိုယ့်အတွက်ပဲ ကိုယ်သုံးမယ်ဆိုရင်၊ ရေရှည်မှာ ကိုယ်လဲ အကျိုးမပေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းအောင်မလုပ်နိုင်လို့ရှိရင် ကိုယ်တယောက်ထဲ ကောင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ပြီးတော့ နိုင်ငံရေးလို့ပဲ ပြောပြော၊ လူမှုရေးလို့ပဲ ပြောပြော၊ အန်တီ့ရဲ့ အယူအဆကတော့ နိုင်ငံရေးနဲ့ လူမှုရေးဆိုတာခွဲခြားလို့မရပါဘူး
......
အင်တာနက်တွေဘာတွေ သုံးဖို့ လျှောက်လွှာမှာ နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံစာပါရမယ်ဆိုတော့ နိုင်ငံရေး မကင်းရှင်းပါဘူးဆိုတာလဲ အမှန်အတိုင်းတော့ ပြောရမှာပဲ၊ မှန်မှန်ကန်ကန်ပဲ ပြောပြီးတော့ လျှောက်မှာပဲ။
......
နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးပြီးတော့ အေးအေးချမ်းချမ်း အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဖြေရှင်းတဲ့ နိုင်ငံရေး အစဉ်အလာတွေ အန်တီတို့မှာမရှိသေးဘူး၊
......
ပြည်သူတွေက ပြည်သူ့အတွက် ဒီမိုကရေစီ ကွန်ယက်ကြီးတခုဆောက်စေချင်တယ်၊ အဲဒီတော့ အဲဒီမှာဆိုရင် မဟာမိတ်တွေ အများကြီးရှိရမှာပေါ့၊
......
ပြည်သူတွေက ပြည်သူ့အတွက် ဒီမိုကရေစီ ကွန်ယက်ကြီးတခုဆောက်စေချင်တယ်၊ အဲဒီတော့ အဲဒီမှာဆိုရင် မဟာမိတ်တွေ အများကြီးရှိရမှာပေါ့၊ လူတိုင်းနဲ့ လက်တွဲနိုင်တာ မဟုတ်ဘူးဆိုရင်တောင် ကိုယ်နဲ့ အဓိကကျတဲ့ ရည်ရွယ်ချက်တူတဲ့လူတွေနဲ့ တွဲပြီးတော့ လုပ်နိုင်တဲ့ အခြေအနေဖြစ်အောင်လို့ အန်တီလုပ်ချင်တယ်။
....
ရွေးကောက်ပွဲကိုဝင်တဲ့ ၃၇ ပါတီထဲက ဘယ်ပါတီပဲဖြစ်ဖြစ် တကယ်ပဲ အန်တီတို့နဲ့ ရည်ရွယ်ချက်တူပြီးတော့ ဒီမိုကရေစီအတွက် ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုရင် အန်တီတို့ကလဲ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ။
......

“အဓိက စဉ်းစားရမှာက အခု အခြေအနေ တွေဟာ ပြည်သူလူထုကို ဘယ်လောက်အထိ အကျိုးပေးနေသလဲ၊ အကျိုးပေးအောင်လို့ ဘယ်လိုလုပ်ရင်ရမလဲ”
.....
“တော်လှန်ရေးဆိုတာက အပြောင်းအလဲကြီးတခုပဲ။"

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ သခင်သိန်းဖေ၏ နေအိမ်တွင် နိုဝင်ဘာလ ၂၀ ရက်နေ့က အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ အင်အားစုများအဖွဲ့က ဦးစီးကျင်းပသော ၀ါရင့်နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲ တက်ရောက်စဉ် ဒေါ်အောင်ဆန်းစုကြည် ၏ ပြောဆိုချက်မှ... (၂၂. နိုဝင်ဘာလ. ၂၀၁၀)
.....
“တော်လှန်ရေးဆိုတာက အပြောင်းအလဲကြီးတခုပဲ။ သိသာတဲ့ အပြောင်းအလဲကြီးတခုပဲ။ အဲဒီလို အပြောင်းအလဲတွေက ကျမတို့ ကမ္ဘာကြီးတည်သရွေ့ ရှိနေမှာပဲ။ ကျမတို့ အားလုံးမှာ တော်လှန်ရေး စိတ်ဓာတ်မွေးတယ်ဆိုတာက အဲဒါကို ပြောတာပဲ။ ခေတ်နဲ့ အညီ ကိုယ့်ရဲ့တာဝန်ကို ဆုံးခန်းတိုင်အောင် ဆက်ပြီး ထမ်းဆောင်သွားချင်တဲ့စိတ်ပဲ”
......
“ ဒီနိုင်ငံကို မှီတင်း နေထိုင်သူ အားလုံး ဘာကိုလိုချင်လဲလို့ မေးလိုက်ရင် မမှားယွင်းဘဲနဲ့ ဖြေနိုင်တဲ့ အချက်တချက် ရှိပါတယ်၊ အားလုံးက ချမ်းချမ်းမြေ့မြေ့နဲ့ နေချင်ကြပါတယ်”
နှစ် ၉ဝ ပြည့် အမျိုးသား အောင်ပွဲနေ့သို့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
(ဒီဇင်ဘာလ. ၁. ၂၀၁၀)
...
” ဒီလို ချမ်းချမ်းမြေ့မြေ့နဲ့ နေနိုင်ဖို့ရာ ဘာတွေ လိုအပ်သလဲဆိုရင် လုံခြုံဖို့ လိုအပ်တယ်၊ လွတ်လပ်ဖို့ လိုအပ်တယ်။ စိုးရိမ်ကြောင့်ကြမှုနဲ့ ချို့တဲ့မှုတို့က ကင်းဝေးဖို့ လိုအပ်တယ်။ အဲဒါတွေအားလုံးအတွက် ကျွန်မတို့ ကြိုးစားရမှာပါ။
.....
အမျိုးသားရေးဆိုတာ အဖွဲ့အစည်းတစ်ခုရဲ့ အရေး မဟုတ်ဘူး။ အားလုံးရဲ့အရေး၊ နိုင်ငံ့ ဝန်ထမ်းတွေလဲ ပါတယ်။ နိုင်ငံ့ ဝန်ထမ်းဆိုတာမှာ တပ်မတော်သားတွေလဲ ပါတယ်။ ပါတီ အဖွဲ့အစည်းတွေလဲ ပါတယ်၊ တဦးချင်း ပုဂ္ဂိုလ်တွေ အားလုံး ပါဝင်တယ်”
.....
“တမျိုးသားလုံး စည်းလုံးညီညွတ်စွာ ပါဝင်ကြိုးပမ်းရင် ထူးခြားတဲ့ အောင်ပွဲ မြန်မာနိုင်ငံ သမိုင်းမှာ ရစမြဲဘဲ ဖြစ်တဲ့အကြောင်း၊ အခု ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံရေးပြေလည်ဖို့ လိုအပ်ဆုံးကတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရဖို့ဘဲ ဖြစ်တယ် ”
.....

( VOA တနင်္ဂနွေ, 21 နိုဝင်ဘာ 2010 )

ပြည်ထောင်စုစိတ်ဓာတ် အပြည့်အဝနဲ့ ဒီနိုင်ငံဟာ ငါတို့နိုင်ငံပေါ့နော်၊ ဒီမြေဟာ ငါတို့အတွက် သက်သာရာ၊ လုံခြုံရာ၊ ချမ်းသာရာမြေဆိုပြီးတော့ ပြည်ထောင်စု တိုင်းရင်းသားအားလုံးက အဲဒီလို စိတ်မျိုး မရှိနိုင်သရွေ့အန်တီတို့က မအောင်မြင်နိုင်သေးဘူးလို့ ပြောရမှာပဲ
.....
အခု နယ်စပ်မှာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ စစ်နည်းနဲ့ဖြေရှင်းမလိုလို ဖြစ် နေတာဟာ အန်တီတို့ နိုင်ငံအတွက် အင်မတန်မှ ဝမ်းနည်းစရာကောင်းတယ်။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပါ။
.....
လမ်းပြမြေပုံဆိုတာကတော့ မြေပုံ အမျိုးမျိုး ရှိနိုင်တာပေါ့။ အမျိုးသား ရင်ကြားစေ့ရေးဆိုတော့ မရှိမဖြစ် တိုင်းပြည်ရဲ့ ကောင်းကျိုးအတွက် လိုအပ် တဲ့ကိစ္စပဲ။
.....
ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ဝိုင်းပြီးတော့ လှူကြပါ။ ဝိုင်းပြီးတော့ ပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

“အမျိုးသားရေးဆိုတာ ဘယ်နှစ်ခါပဲ အောင်ပွဲခံခံ ပြီးသွားတယ်ရယ်လို့ မရှိဘူး။ အောင်ပွဲဟာ တခုပြီးတခု ဆက်ပြီးတော့ ခံသွားရမှာပဲ။ ဒီနိုင်ငံ တည်ရှိနေသ၍ အမျိုးသားရေးဆိုတာ တည်ရှိနေမှာပဲ။ အမျိုးသားရေး တည်ရှိနေသ၍ ဒီအမျိုးသားရေးတွေကို အောင်ပွဲခံနိုင်ဖို့ ကျမတို့ အားလုံးမှာ တာဝန်ရှိတယ်
နှစ် ၉၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

....

သားတို့အနေနဲ့ ညီညီညွတ်ညွတ် လုပ်ကြရမယ်နော်။ အပြင်က အဖွဲ့တွေက အကွဲကွဲအပြားပြားဖြစ်နေတယ်လို့ ခဏခဏ အပြောခံရတာ မကောင်းဘူးနော်။ တခါတလေမှာ နိုင်ငံရေးအရ နဲနဲ ကွဲပြားနေကြတာတွေကို လူမှုရေးလုပ်ငန်းတွေ အတူတူလုပ်ရင်းနဲ့ ရင်ကြားစေ့ကြလို့ ရှိရင် အခြေအနေတွေ ကောင်းလာလိမ့်မယ် လို့ ထင်ပါတယ်။

(မိုးမခ အင်တာဗျူးမှ... နိုဝင်ဘာ ၂၆၊ ၂၀၁၀)

NLD အဖွဲ့ချူပ်ကို မှတ်ပုံတင်ထားတာကို ဖျက်မယ်ဆိုတာဟာ ဥပဒေနဲ့ မညီဘူး။ ကျမတို့ ရှေ့နေတွေနဲ့ သေသေချာချာ တင်ထားတယ်။ ဥပဒေကြောင်းအရသာ ဖြစ်ရမယ်ဆိုရင်တော့ အဖွဲ့ချူပ်ကို မှတ်ပုံတင် ရုပ်သိမ်းလို့ မရဘူး။ အဲဒါကို ကမ္ဘာတလွှားက ပညာရှင်တွေကနေပြီးတော့ ဒီဟာကို ထောက်ပြပြီးတော့ ဥပဒေအမြင်ကနေပြီးတော့ ထောက်ခံပေးတာကိုလည်း လုပ်ပေးစေချင်တယ်။ သားတို့လည်း လုပ်ပေးစေချင်တယ်။
...
ဆောင်ရွက်ကြရတဲ့နေရာမှလည်းပဲ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေပေါ်မှာ မူတည်ပါတယ်။ ဒီကိစ္စတွေက ဘာနဲ့ စရမှာလဲ ဆိုတော့ နှစ်ဦး နှစ်ဖက် တွေ့ဆုံဆွေးနွေးတာနဲ့ စရမယ်။ အခုသုံးနေကြတဲ့ စကားကတော့ Exchange ပေါ့။ Engagement ပေါ့။ Exchange ရှိရမယ်။ Engagement ရှိရမယ်။ Exchange of Ideas ရှိရမယ်။ အပြန်အလှန်ဆွေးနွေးကြပြီးတော့မှ ကိုယ်ကနေပြီးတော့ ဘယ်လိုပုံစံနဲ့ပြောရင် သူတို့နားလည်သဘောပေါက်မယ် ဆိုတာ အဲလိုဆုံးဖြတ်ရမှာပေါ့။
...

နိုင်ငံတကာအဆင့်နဲ့ကို Awareness ရှိလာအောင်လို့၊ ရှိနေအောင်လို၊့ အခြေအနေကို အများကနေပြီးတော့ ပိုပြီး သိလာအောင်လို့၊ ထောက်ခံလာအောင်လို့ လုပ်ကြတဲ့နေရာမှာ အပြင်က လုပ်ပေးနိုင်တာက အထဲမှာ အန်တီတို့ မလုပ်ပေးနိုင်တာ အများကြီး ရှိတယ်။
...
Sanction တွေကြောင့်မို့လို ဒီမှာ စီးပွားရေးအခြေအနေတွေ မကောင်းတာပါ လို့ပြောနေကြတာကလဲ မဟုတ်ဘူး ဆိုတာကို ယုံတယ်။ ဒါကိုလည်း ထင်ထင်ရှားရှားပေါ်လွင်အောင်လည်း အန်တီတို့အနေနဲ့က လုပ်မယ်။ လူထုကို ထိခိုက်နေတာတွေ ရှိတယ် ဆိုရင်လည်း ကြည့်ပြီးတော့ ပြန်စဉ်းစားရမှာပေါ့။
..
..
ရွှေဂုံတိုင် မိန့်ခွန်းမှ ကောက်နုတ်ချက်မှ (နိုဝင်ဘာလ ၁၄ ) လိုချင်တာတော့ သိပြီ လိုချင်တဲ့ ဟာကို ရအောင် ဘယ်လို လုပ်မလဲ ဆိုတာ သိဖို့ ပိုပြီးတော့ အရေးကြီးတယ်။


...
" ကျွန်မ အမြင်မှာတော့ နိုင်ငံရေး ဆိုတာ သင်ယူရေးပဲ သင်ယူရမယ်"

...
ကျွန်မတို့ လူငယ်တွေနဲ့ စကား ပြောတဲ့အခါ ကျရင် လူကောင်းရယ်လို့၊ လူဆိုးရယ်လို့ အဲဒီလို မယုံဘူး၊ အယုံ အကြည် မရှိဘူး၊ လူတော် ရယ်လို့ လူညံ့ ရယ်လို့ အယုံ အကြည် မရှိဘူး။
သင်လို့ ရတဲ့သူနဲ့ သင်လို့ မရတဲ့သူလို့ ကျွန်မမြင်ပါတယ် ကျွန်မတို့ ပြည်သူတွေ သင်လို့ရတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။
...
လိုချင်ရုံနဲ့ မဖြစ်သေးဘူး၊ ကိုယ်လိုချင်တာရအောင် ဘယ်လိုလုပ်ရမလဲ။ လုပ်တဲ့အခါ မှန်ကန်တဲ့နည်းနဲ့ လုပ်စေလိုပါတယ်။
....
ကျွန်မရဲ့အတွေ့အကြုံအရ မှန်ကန်တဲ့ နည်းလမ်းနဲ့ မလုပ်လို့ရှိရင် ကိုယ့်ပန်းတိုင်က ဘယ်လောက်ပဲ ကောင်းပါစေ ပန်းတိုင်ပါ နောက်ကျတော့ ကွေ့ကောက်ပြီးတော့ ပျက်စီးသွားရတယ်။
..
အခု ပြည်သူတွေမှာ ပြည်သူတွေ မပါဘဲနဲ့ ဘာကိစ္စမှ မပြီးမြောက်နိုင်၊ မပြီးပြတ်နိုင်ဘူး ဆိုတာ အခု နားလည်နိုင်ပြီလို့ ကျွန်မ ထင်ပါတယ်။
...
ပြည်သူတွေ ကနေပြီးတော့ ပြည်သူတွေအတွက် ပြည်သူတို့ရဲ့ ဒီမိုကရေစီ ဆိုတဲ့နည်းတစ်ခုကို မြန်မာနိုင်ငံတင်မက တကမ္ဘာလုံးမှာတောင် ထပ်ပြီး ကြိုးစားကြည့်မှာပါ။
...
အလုပ်တွေ အများကြီး လုပ်ရမယ်။ အလုပ်မလုပ်ဘဲနဲ့ ဘာမှမရဘူး။ ကျွန်မတို့ ဗမာတွေက ကံပဲ ကံပဲလို့ ပြောလေ့ရှိတယ်။ အဲဒါကြောင့်ပဲ ကျွန်မတို့ လူငယ်တွေကို ထပ်တလဲလဲ ပြောရတယ်။ ကံဆိုတဲ့ အဓိပ္ပါယ်ကို သိရဲ့လား ကံဆိုတာ ပြုလုပ်ခြင်းပဲ။ အဲတော့ ကံပဲ၊ ကံပဲဆိုတာ ခပ်တိုတို ပြောရရင် ကိုယ်လုပ်သလိုဖြစ်မှာပဲ အဲဒီတော့ ကိုယ်လုပ်တဲ့ အတိုင်းပဲ ဖြစ်မှာပဲ။ လိုချင်တာရှိရင် လိုချင်တာကို ရအောင်လို့ လုပ်ယူရမယ်။
...
ကျွန်မတို့က မဖြစ်နိုင်တဲ့ ကိစ္စတွေကို လုပ်ပေးပါ့မယ်လို့ လွယ်လွယ်နဲ့တော့ အဲဒီလို လာဘ်ပေးပြီးတော့ ကျွန်မတို့ ပြည်သူတွေကို မစည်းရုံးနိုင်ပါဘူး။ ကျွန်မတို့ ကြိုးစားမယ်။ ပြည်သူတွေ လိုချင်တဲ့ လမ်းကို အားလုံး အတူတူခင်းပြီးတော့ အားလုံး အတူတူ လျှောက်သွားနိုင်ဖို့ ကြိုးစားမယ်။
...
ဆက်သွယ်ရေး ဘက်မှာတော့ ကျွန်မတို့ အများကြီး တိုးတက်လာပါတယ်။ ဒီတိုးတက်မှုကို အများကောင်းကျိုး အတွက် တတ်နိုင်တဲ့ နည်းနဲ့ သုံးကြပါ။ ဆက်သွယ်ရေးအားဖြင့် ကျွန်မတို့ အချင်းချင်းမှာ နားလည်မှုရအောင် ကျွန်မတို့အချင်းချင်း ညီညွတ်မှု ရအောင် သုံးကြပါလို့ ပြောချင်တယ်။
...
(ဆိုင်းဘုတ်တွင် ရေးထားသည့်စာ - ကျွန်မကလဲ ပြည်သူတွေချစ်ပါတယ် အမှန်ခြစ် အောင်ဆန်းစုကြည်)

ချစ်နေရုံနဲ့ မပြီးသေးဘူး။ အလုပ်လုပ်ရမှာ။ ကျွန်မစဉ်းစားတယ်။ ချစ်တယ်ဆိုတာ ဘာလဲ။ ချစ်တယ်ဆိုတာ တစ်ဦးပေါ် တစ်ဦး စိတ်ချမ်းသာအောင် လုပ်ပေးချင်တဲ့ ဆန္ဒရှိပြီး အဲဒီ ဆန္ဒအရလုပ်မှ တကယ်ချစ်ရာရောက် ပါတယ်။ ပါးစပ်နဲ့ ချစ်ပါတယ်၊ ချစ်ပါတယ်။ ချစ်ပါတယ် ပြောလို့ကတော့ အရေခွံသာ ချစ်လိုက်တာမျိုးကတော့ ကျွန်မတို့က ကြက်ခြေခတ်ပဲ။
...
ကျွန်မတို့လေ တစ်နေ့ကျရင် ပြည်သူ့ဟစ်တိုင် တစ်ခုလုပ်ရမယ် အဲဒီတော့ အဲဒီမှာဆိုရင် ပြည်သူတွေက ပြောချင်တာ ပြောလို့ ရအောင်။ ကျွန်မတို့ကလည်း ပြည်သူတွေရဲ့ အသံတွေကို ကြားနိုင်မယ်။
..
တော်တော် ပင်ပန်းနေကြပြီပေါ့ ပင်ပန်းတယ် ဆိုတာက ကိစ္စမရှိပါဘူး။ ပင်ပန်းရကျိုးနပ်ဖို့က အရေးကြီးတာ။ ပင်ပန်းရကျိုးနပ်တယ် ဆိုရင် ဘယ်လောက် ပင်ပန်းရ ပင်ပန်းရ ရတယ် ခံနိုင်တယ်။ အဲတော့ ကျွန်မတို့ရဲ့ အားတွေကို ပင်ပန်းရကျိုး နပ်အောင်လို့ အသုံးချရမယ်။
...
ကျွန်မအခု ပြောချင်တာက စိတ်ဓာတ်မကျပါနဲ့။ ကျွန်မတို့ရဲ့ တိုင်းပြည်ကို ကြည့်ပြီး စိတ်ဓာတ်ကျချင် ကြတာ ဖြစ်မှာပဲ။ ရှိမှာပဲ။ အခုထက်ထိ ဘယ်မှ မရောက်သေး ပါလား။ အခုထက်ထိ ဘာမှလည်း တိုးတက်မှုမရှိပါလားဆိုတဲ့ စိတ်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုစိတ်ပျက်စရာ အကြောင်းမရှိပါဘူး။ ကျွန်မတို့ ကြိုးစားရမယ်။ ဝီရိယဆိုတာဟာ အင်မတန်မှ အရေးကြီး ပါတယ်။ ခပ်ကြမ်းကြမ်းပဲ ဝီရိယထုတ်ရမယ်။
...
ဝီရိယဆိုတာဟာ အင်မတန်မှ အရေးကြီး ပါတယ်။ ခပ်ကြမ်းကြမ်းပဲ ဝီရိယထုတ်ရမယ်။

အလုပ်စလုပ်တဲ့ အခါမှာ ဝီရိယ ထုတ်ရမယ်။ အလုပ် အလယ်ပိုင်းရောက်တဲ့ အခါမှာ ဝီရိယ ထုတ်ရမယ်။ အလုပ် နောက်ဆုံးပိုင်း ရောက်ခါနီးမှာ ဝီရိယ ထုတ်ရမယ်။
...
အလုပ်ဆိုတာ ပြီးတယ်ရယ်လို့ မရှိဘူး။ အလုပ်တစ်ခု ပြီးရင်လည်း နောက်အလုပ်က ပေါ်လာမှာပဲ။
..
ကျွန်မအနေနဲ့တော့ ကျွန်မကတော့ လုပ်ပေးမယ်လို့ ကျွန်မ မပြောနိုင်ဘူး။ ပြည်သူရဲ့ ယုံကြည်မှုရှိရင်၊ ပြည်သူရဲ့ အားကိုးမှုရှိရင်၊ ပြည်သူရဲ့ ထောက်ခံမှုရှိလို့ ရှိရင် ကျွန်မမှာ လုပ်အားတွေ အများကြီးတက်လာမယ်။ အဲဒီလုပ်အားတွေနဲ့ ပြည်သူနဲ့ အတူလုပ်မယ်။
..
ကျွန်မတစ်ယောက်ထဲတော့ လုပ်လို့မရဘူး။ ကျွန်မတစ်ယောက်ထဲလဲ မလုပ်ချင်ဘူး။ တစ်ယောက်ထဲလုပ်တယ် ဆိုတာ ဒီမိုကရေစီ မဟုတ်ဘူးနော်။
..
ကျွန်မ တစ်ယောက်ထဲ လုပ်ဖို့ လုံးဝ ရည်ရွယ်ချက် မရှိဘူး။ အများနဲ့ အတူလုပ်မှာ။ ကျွန်မတို့ အပေါ်မှာ ကြင်နာမှု ရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေနဲ့ အတူ လုပ်မယ်။ ကျွန်မတို့ အားလုံး အတူတူ လုပ်မယ်။
..
တစ်ချို့တွေ ထင်သလို လက်သီးလက်မောင်း တန်းပြီးတော့ ရှေ့ကနေ ပြီးတော့ ဟီးရိုးကြီး လုပ်တာ။ အဲဒါမျိုးက သတ္တိ မဟုတ်ဘူး။
..
သတ္တိ ဆိုတာဟာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို ဖြစ်မြောက်အောင်လို့ ပင်ပန်းခံပြီးတော့ လုပ်နိုင်တာ။ ဒါမှ အဲဒီလို သတ္တိမျိုးတွေ မွေးရမယ်။ တကယ်တော့ သတ္တိဆိုတာ နိစ္စဓူဝ လုပ်နေရမှာ။
...
နိုင်ငံရေးဟာ ဒို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကို မထားပါနဲ့။
..
နိုင်ငံရေးဟာ ဒို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကို မထားပါနဲ့။ ဒါဖေဖေ အရင်ကတည်းက ပြောခဲ့ပါတယ်။ လွပ်လပ်ရေး မရခင်ကတည်းက ပြောခဲ့တဲ့ စကားပါ။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့် နိုင်ငံရေးက လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့ ရှောင်နေလို့မရဘူး။ အားလုံးဟာ နိုင်ငံရေးပဲ။
..
" အားလုံးဟာ နိုင်ငံရေးပဲ။"
..
ကျွန်မတို့ ပြည်သူတွေဟာ နိုင်ငံရေးကို နားလည်အောင် လုပ်ပါ။ ကျွန်မတို့လည်း သင်ပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် သင်ယူရမှာ။ ပြည်သူကနေ ကျွန်မတို့ ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့သူတွေကို သင်ပေးမှ ကျွန်မတို့လည်း မမှားမှာ။
..
ဒီမိုကရေစီမှာ အရေးကြီးတဲ့ တစ်ခုက ဘာလည်း ဆိုတော့ အရှေ့ကနေပြီးတော့ လုပ်နေတဲ့သူတွေကို အနောက်ကလူတွေက ထိန်းနိုင်ရမယ်။ ထိန်းပိုင်ခွင့် ရှိရမယ်။ အဲဒါဒီမိုကရေစီပဲ။
...
ပြည်သူတွေရဲ့၊ ပြည်သူတွေ ထိန်းတာကို ကျွန်မတို့တွေ ခံပါ့မယ်။ ပြည်သူမဟုတ်ဘဲ ထိန်းသိမ်းတာကို သိပ်မခံချင်ဘူး။
..
ကျွန်မတို့ဟာ ပြည်သူ အချင်းချင်းမှာ တစ်ယောက်ပေါ်မှာ တစ်ယောက် စေတနာထားနိုင်အောင်လို့ တစ်ယောက်ကို တစ်ယောက် ကျေးဇူးတင် နိုင်အောင်လို့။ မြင်နိုင်စေချင်တယ်။
..
ပြည်သူကို အားကိုးပြီး လုပ်တယ်ဆိုရင် ပြည်သူနဲ့ အမြင်ချင်း ဖလှယ်ထားရမယ်။
..
ပြည်သူကို အားကိုးပြီး လုပ်တယ်ဆိုရင် ပြည်သူနဲ့ အမြင်ချင်း ဖလှယ်ထားရမယ်။ ကျွန်မကတော့ ဒီ--ဒီ ပြည်သူတွေကြားမှာ ကျွန်မတို့က အားလုံးကြားမှာပေါ့နော် အမျိုးသားရင်ကြားစေ့ရေး ကိစ္စကို ဆက်ပြီးတော့ လုပ်သွားမှာပါ။ ဒါဟာ အရေးကို ကြီးတယ်။
...
ပြည်သူ သဘောမတူပေမယ့်လည်း ဘာဖြစ်လို့ လုပ်ရတာလည်း ဆိုတော့ ပြည်သူကို စည်းရုံး ယူရမှာပေါ့။ စည်းရုံးတယ် ဆိုတာ ဒါပဲလေ။ ပြည်သူရဲ့ ယုံကြည်မှု၊ နားလည်မှု အဲဒါကို ရအောင် လုပ်မယ်။ မဲရအောင် လုပ်တာ မဟုတ်ဘူး။
..
ရင်ကြားစေ့ရေးအတွက် လုပ်သွားပြီးတော့ ပြည်သူတွေ အနည်းဆုံး နာမယ့်နည်းနဲ့၊ လုံးလုံး မနာဘူးလို့ လည်း ကျွန်မမပြောနိုင်ဘူး။ ဒါက ဒီလို ကျွန်မ အာမခံလိုက်လို့ရှိရင် ဒါလည်း လာဘ်ပေးတာတစ်မျိုးပဲ။ ကျွန်မတို့နဲ့ လိုက်လို့ မနာစေရဘူး ဆိုတာ အဲဒီလိုလည်း ကျွန်မပြောလို့ မရဘူး။ နာချင်လည်း နာတာပဲ။ ကျွန်မတို့လည်း ခံရတာပဲ။ ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်တွေလည်း ခံရတာပဲ။ ဒါပေမယ့်လည်း ပြည်သူလူထု အနည်းဆုံး နာမယ့်နည်းတွေကို ကျွန်မတို့ ရှာပြီးတော့ လုပ်ပါ့မယ်။ ပြည်သူကလည်း တစ်ခါတစ်လေ နည်းနည်း အနာခံရမယ် ဆိုရင်တော့ သည်းခံပြီး အနာခံပါလို့။ ကျွန်မ အခုကတည်းက ပြောထားချင်ပါတယ်။ လိုတော့ လိုချင်ပါတယ်။ အနာတော့ မခံချင်ပါဘူး။ အဲဒီလိုတော့ မလုပ်နဲ့။
..
အမှားနဲ့ အမှန်ကို ခွဲခြားပြီးတော့ သိရမယ်။ အမှန်ဘက်ကနေ ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။ အမှားနဲ့ အမှန်ဆိုတာ တစ်ချိန်နဲ့ တစ်ချိန်နဲ့ တူတာမဟုတ်ဘူး။ အချိန်တွေ ပြောင်း သလို အခြေအနေတွေ ပြောင်းသလို အဖြေတွေကလည်း ပြောင်းနေတယ်။ ဒါပေမယ့် အဲဒီဟာကို လုပ်သင့်တာ မလုပ်သင့်တာကတော့ ဆင်ခြင်ပြီးတော့ ကိုယ့်ရဲ့ ကိုယ့်ရဲ့ လိပ်ပြာ၊ ဒါဘယ်လိုပြောသလဲ ဖေဖေပြောခဲ့တဲ့ စကား တစ်ခွန်းရှိပါတယ်။ သူ့လိပ်ပြာရဲ့ ခုံရုံးရှေ့မှာ သူ မားမားမတ်မတ် ရပ်ပြီးတော့ အစစ်ခံရဲတယ်တဲ့။
..
သည်းခံနေတာ ကြာပြီဆိုတော့ မဟုတ်တဲ့ဟာတွေကို သည်းခံနေတာလား။ သည်းခံသင့်တာတွေကို သည်းခံနေ တာလား။
..
အင်အားဆိုတာ မှန်မှန်ကန်ကန် သုံးမှတကယ့်ကို အဖိုးတန်တာ ၊ မှန်မှန်ကန်ကန် သုံးတဲ့ အင်အားရဲ့ အာနိသင်ကို ဘယ်သူမှ ဖြိုလို့မရဘူး။
..
ကျွန်မယုံကြည်တာ လူ့အခွင့်အရေးကို ယုံကြည်တယ်။ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်တယ်။ အဲဒါတွေ အတွက်တော့ကျွန်မ အမြဲတမ်း လုပ်ဆောင်သွားမှာပါ။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူ့ကို မုန်းလို့၊ ဘယ်ဝါ့ကို မုန်းလို့ ဆိုပြီးတော့ လုပ်နေတာမဟုတ်ဘူး။ အဲဒီစိတ်တွေ ကျွန်မမရှိဘူး။ အချိန်လည်း မရှိဘူး။
..
ကျွန်မလိုပဲ ပြည်သူတွေအပေါ်မှာ အကျယ်ချုပ်ချပြီးတော့ မဆက်ဆံစေချင်ဘူး။
..
လူတစ်ယောက်ရဲ့ ကျေးဇူးကို ပွဲထုတ်ရတာလောက် အင်မတန်မှ အားရစရာ ကောင်းတာ မရှိဘူး။ အင်မတန်မှ အားရစရာ ကောင်းတယ်။ အင်မတန်မှ ကျေနပ်စရာကောင်းတယ်။
...
ကျွန်မတို့ ဗမာတွေရဲ့ သတ္တိက ကောက်ရိုးမီးလိုပဲလို့ ခဏခဏ ပြောတာ ကျွန်မ လုံးဝ မကြိုက်ဘူး။ အဲဒါဟာ ကျွန်မတို့ ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ဘူး။ အဲဒီလို မဖြစ်ရဘူး
..
လူဆိုတာ လူဖြစ်ကာမှ လူပီပီနေရတယ်။ လူ့သိက္ခာ ဆိုတာရှိတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဘာနဲ့ စလဲဆိုတော့ လူတိုင်း၊ လူတိုင်းဟာ မွေးရာပါ ဂုဏ်သိက္ခာရှိတယ်။ အဲဒီ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်။
..
လက်ဖြန့်ပြီး တောင်းတာလဲ မကြိုက်ဘူး။ ကိုယ်ကိုယ်တိုင်လည်း လက်ဖြန့် မတောင်းချင်ဘူး။ ကျွန်မတို့ ပြည်သူကလည်း လက်ဖြန့်ပြီးတော့ တောင်းချင်တဲ့ စိတ်မရှိဘူးလို့ ယုံကြည်တယ်။
...
ကျွန်မတို့ တိုးတက်ရေးအတွက်၊ ကိုယ့်ရပိုင်ခွင့်တွေကို လိုချင်တယ်လို့ ကျွန်မတို့ ယုံကြည်တယ်။ ကိုယ့်တိုးတက်ရေးအတွက် လုပ်ပိုင်ခွင့်တွေ ရအောင်လို့ ကျွန်မတို့ လုပ်ပေးရမယ်။
...
အားလုံးကို လိုက်ပြီးတော့ ထမင်းဝေဖို့ မဟုတ်ဘူး။ ကိုယ့်ထမင်းကိုယ် ဝအောင် ရှာနိုင်တဲ့ အရည်အချင်းတွေ၊ အခွင့် အလမ်းတွေ ရှိဖို့။
...
ပြည်သူတွေ မဝန်းရံဘဲ ကျွန်မတို့ ဘာမှ လုပ်လို့မရဘူး။ ပြည်သူတို့ အကူအညီကိုလိုလို့ ကျွန်မတို့ တောင်းတယ်။ တောင်းတဲ့ အခါကြရင် ကျွန်မတို့ အပေါ်မှာ ယုံယုံကြည်ကြည် လိုလိုလားလားနဲ့ ဒီအင်အားတွေနဲ့ ပံ့ပိုးပေးပါလို့။ အခုကတည်းကနေ မေတ္တာရပ်ခံထားပါတယ်။
...
အားတွေ မွေးထားကြ။ ကိုယ်ကိုကိုယ် - စိတ်အားရော၊ ခန္ဓာကိုယ်အားရော မွေးထားကြ။ အဲဒီအားတွေနဲ့ ကျွန်မတို့ အတူတူ လက်တွဲပြီးလုပ်မယ်။
..
ကျွန်မတို့ လူတွေထဲမှာ ပန်းတိုင်ရောက်တဲ့ဟာကို မမြင်လိုက်ရတဲ့သူတွေ အများကြီးပဲ။ ဒါပေမယ့် ဒီမှန်ကန်တဲ့ ပန်းတိုင်ကို ရည်မှန်းပြီး လျှောက်သွားရတယ်ဆိုတဲ့ ဘဝတစ်ခုရဲ့ တန်ဖိုးက ဘယ်လိုမှ ဖြတ်လို့ မရဘူး။
...
လူတိုင်းက အနိစ္စသဘော မကင်းပါဘူး။ တစ်နေ့ကျ ကိစ္စပြီးသွားမှာပဲ။ ဒါပေမယ့် မပြီးခင် အချိန် အတွင်းမှာ အနည်းဆုံး ကိုယ်ဘယ်လို နေခဲ့တယ်။ ထိုင်ခဲ့တယ်ဆိုတာ သိကြဖို့။ ကျွန်မတို့ တွေ့တုန်းမှာ ကျွန်မတို့ရဲ့ ကွယ်လွန်သွားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဒီမိုကရေစီရဲဘော်ရဲဘက်တွေ ကို ကျွန်မ ဂုဏ်ပြုချင်တယ်။ အခု အထိပြင်းပြနေကြတဲ့ ကျွန်မတို့ရဲ့ ဒီမိုကရေစီ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်တွေကို ဂုဏ်ပြုချင်တယ်။



ရှာဖွေစုစည်းတင်ပြသူ....ဘလော့ခ်ဂါ အလင်းဆက်
အကြံပြုသူများ.....ဘလော့ခ်ဂါ ဒီမိုဝေယံ နှင့် ခမိခဆဲ

၂. ဒီဇင်ဘာလ. ၂၀၁၀
Posted by အလင်းဆက်




Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)