** ဂျီ- ၂၀ ထိပ်သီးဆွေးနွေးပွဲ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၅၀၀၀၀ ခန့် ဖြန့်ကြက်မည် **
(ဆိုးလ်၊ အောက်တိုဘာလ ၁၇)
တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်၌ကျင်းပမည့် ဂျီး-၂၀ ထိပ်သီးဆွေးနွေးပွဲလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၅၀၀၀၀ ခန့်ကို ဖြန့်ကြက်ရန် အစီအစဉ်ရှိကြောင်း ကိုရီးယားအမျိုးသားရဲတပ်ဖွဲ့ အေဂျင်စီအကြီးအကဲက အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ပင်လယ်ဓားပြပြဿနာ အာဖရိကတွင်ကျဆင်း၍ အာရှတိုက်တွင် ပိုမိုမြင့်တက်လာ **
(ကွာလာလမ်ပူ၊ အောက်တိုဘာလ ၁၈ ရက်)
တောင်တရုတ်ပင်လယ်နှင့် အင်ဒိုနီးရှားပိုင်နက်ရေပြင်များတွင် ခုတ်မောင်းသွားလာနေသော သင်္ဘောများကို ပင်လယ်ဓားပြ တိုက်ခိုက်မှုများ ပိုမိုမြင့်တတ်လာသော်လည်း ဆိုမာလီနိုင်ငံ ကမ်းလွန်ရေပြင်၌ ပင်လယ်ဓားပြပြဿနာသည် တစ်ကမ္ဘာလုံး အတိုင်းအတာအရ ယခုနှစ်အတွင်း ကျဆင်းလာကြောင်း လန်ဒန်အခြေစိုက် နိုင်ငံတကာ ရေကြောင်း သွားလာရေး ဗျူရိုက
ယနေ့တွင် ဖော်ပြသည်။ (အင်တာနက်)
** ဟေတီအကျဉ်းထောင်၌ ရုန်းရင်းဆန်ခတ်ဖြစ် အကျဉ်းသားသုံးဦး သေဆုံး **
(ပေါ်တိုပရင့်၊ အောက်တိုဘာလ ၁၈-ရက်)
ဟေတီနိုင်ငံ မြို့တော်ပေါ်တိုပရင့်၏အကြီးဆုံး အကျဉ်းထောင်၌ အကြမ်းဖက်မှုဖြစ်ခဲ့ရာ အကျဉ်းသားသုံးဦး သေဆုံးခဲ့သည်ဟု လုံခြုံရေးတာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
** အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်လျှင် အစွန်းရောက်ဝါဒခေါင်းထောင်လာနိုင် **
(ဂျေရုဆလင်၊ အောက်တိုဘာလ ၁၈-ရက်)
အစ္စရေး- ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်ပြားခဲ့ပါက အစွန်းရောက်ဝါဒ အင်အားကောင်းလာမည်ဖြစ်ကြောင်း အစ္စရေးရုပ်သံဌာနတစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်းပြုလုပ်ရာတွင် ပါလက်စတိုင်းသမ္မတမာမွတ်အဘတ်စ်က သတိပေးခဲ့သည်ဟု အောက်တိုဘာလ ၁၇-ရက်နေ့သတင်းများတွင် ဖော်ပြထားသည်။ (အင်တာနက်)
** ဖိလစ်ပိုင်းနိုင်ငံမြောက်ပိုင်း၌ ပြင်းထန်သော တိုက်ဖွန်းမုန်တိုင်း တိုက်ခတ် **
(မနီလာ၊ အောက်တိုဘာလ ၁၈-ရက်)
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းရှိ ဒေသတစ်ဝန်း၌ အောက်တိုဘာလ ၁၈-ရက်နေ့က အင်အားပြင်းထန်သော တိုက်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ ငါးဦးသေဆုံးကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။ ယခုတိုတ်ခတ်သော မုန်တိုင်းသည် နှစ်ပေါင်း
အတန်ကြာကာလအတွင်း အပြင်းထန်ဆုံး တိုက်ဖွန်းမုန်တိုင်းဖြစ်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်မောင်မြင့်ဆွေ **
Wednesday, October 20, 2010
အောက်တိုဘာလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…
Tuesday, August 25, 2009
သြဂုတ်လအတွင်း နိုင်ငံတကာထူးခြားသတင်းများ
*** သမ္မတ ကာဇိုင်းနှင့် ယှဉ်ပြိုင်သူ အဗ္ဗဒူးလာတို့နှစ်ဦးစလုံးက အနိုင်ရသူများ ဖြစ်ကြောင်း ပြောကြားကြ…
(ကဘူး၊ သြဂုတ်လ ၂၂-ရက်)
အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ-ဟာမစ်ကာဇိုင်းနှင့် ထိပ်တန်းစိန်ခေါ်သူ- အဗ္ဗဒူလာ အဗ္ဗဒူလာ တို့နှစ်ဦးစလုံးက အာဖဂန်သမ္မတ ရွေးချယ်ပွဲတွင် အနိုင်ရသူများအဖြစ် ၄င်းတို့နှစ်ဦးစလုံးက သြဂုတ်လ ၂၁-ရက်နေ့မှာ ပြောကြားကြသည်။ နောင်လာမည့် ၅-နှစ်တာကာလတွင် ဒုက္ခသည်နိုင်ငံကို မည်သူဦးဆောင်မည်နည်းဟု အာဖဂန်ပြည်သူများ၊ နိုင်ငံခြားတပ်ဖွဲ့များ
အကူအညီပေးရေးအဖွဲ့များက စောင့်ကြည့်နေကြစဉ် သြဂုတ်လ ၁၈-ရက်နေ့ မတိုင်မီအထိ မဲအရေအတွက် ရလာဒ်တစ်ပိုင်း တစ်စကိုမျှကြေညာခြင်း မရှိချေ။ ကာဇိုင်းနှင့် အဗ္ဗဒူလာတို့၏ စောစီးစွာ အနိုင်ရသူအဖြစ် ကြေညာနေခြင်းသည် မျှော်လင့်ချက်စားပွဲတွင် အနိုင်ရရန် ကြိုးပမ်းနေခြင်းသာ ဖြစ်သည်။ လွတ်လပ်သောရွေးချယ်ပွဲကော်မရှင်က `မည်သူအနိုင်ရရှိသည်ကို ကြေညာရန် အလွန်စောလွန်းသည်´ဟု ရွေးချယ်ပွဲတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ (အင်တာနက်)
*** လက်တင် အမေရိက နှင့် ကာရေဘီယံဒေသတွင် စီးပွားရေးအခြေအနေပြန်လည်ကောင်းမွန်စပြုလာ…
(မက္ကဆီကိုစီးတီး၊ သြဂုတ်လ ၂၂-ရက်)
လက်တင်အမေရိကနှင့် ကာရေဘီယံဒေသသည် စီးပွားရေးကျဆင်းနေရာမှ ၂၀၀၉-ခုနှစ်၊ ဒုတိယသုံးလပတ်တွင် အခြေအနေပြန်လည်ဦးမော့လာပြီး (၂၀၁၀)ပြည့်နှစ်တွင် စီးပွားရေးအရှိန်ရလာနိုင်ကြောင်း လက်တင်အမေရိက နှင့် ကာရေဘီယံဒေသ စီးပွားရေးကော်မရှင် (ECLAC)က သြဂုတ်လ ၂၀-ရက်နေ့၌ ပြောကြားသည်။ မူလက အဆိုပါဒေသ၏ စီးပွားရေးအခြေအနေသည် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုဂယက်ကြောင့် ၂၀၀၉-ခုနှစ်၌ (၁.၉%) ကျုံ့ဝင်သွားစရာရှိကြောင်း ကြိုတင်ခန့်မှန်းထားသည်ဟု ELCAC အဖွဲ့၏ ဖွံ့ဖြိုးရေးဌာနခွဲ ညွှန်ကြားရေးမှူး- အော့စ်ဗာဒိုလ်ကာဆစ်ဖ်က ပြောကြားသည်။ (ဆင်ဟွာ)
*** ချီလီနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်း၊ လူ ၅၀၀-အိုးမဲ့အိမ်မဲ့ဖြစ်…
(ဆန်တီယာဂို၊ သြဂုတ်လ ၂၂-ရက်)
တောင်အမေရိကတိုက်၊ ချီလီနိုင်ငံအလယ်ပိုင်း ဆန်တီယာဂိုမြို့တော်၏ ဆင်ခြေဖုံးဒေသတွင် သြဂုတ်လ ၁၈-ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လူ ၅၀၀-ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားရပြီး အိမ် ၁၂၄-လုံး လည်းပျက်စီးသွားကြောင်း အရေးပေါ်အခြေအနေကြေညာရေးဌာနမှ သြဂုတ်လ ၁၉-ရက်နေ့တွင် ပြောကြားသည်။ အဆိုပါ ဒေသတွင် ရေကြီးမှုကြောင့် အိမ်များနစ်မြုပ်ခြင်း၊ အိမ်ခေါင်မိုးများပြိုကျခြင်းနှင့် မြေအောက်လမ်းများ ပျက်စီးခြင်းနှင့် ကြုံတွေ့ရသည်။ ပျက်စီးမှုဒဏ်အများဆုံးခံရသော ဒေသများမှာ လန်ပါ၊ ဘာဒန်ပေါ်ပါဆီယိုနှင့် ရန်ဂွီးတို့ဖြစ်ကြောင်း၊ ယင်းဒေသများသည် တောင်တန်းဒေသများဖြစ်၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲကြောင်း၊ `ဗယ်လ်ပါရီဆို´နယ်စပ်လမ်းကိုလည်း ရာသီဥတုဆိုးရွားနေ၍ ပိတ်ထားရကြောင်း သိရသည်။ (ဆင်ဟွာ)
*** နယ်သာလန်နိုင်ငံမှ မီးဘေး၊ ကလေး ၄-ဦးသေဆုံး…
(ဘရပ်ဆဲလ်-ဘယ်လ်ဂျီယံ၊ သြဂုတ်လ ၂၂-ရက်)
နယ်သာလန်နိုင်ငံ၊ ဒတ်ခ်ျမြို့တွင် သြဂုတ်လ ၁၉-ရက်နေ့ နံနက်ပိုင်းက အိမ်တစ်လုံးမီးလောင်မှုကြောင့် မိသားစုတစ်စုမှ ကလေး ၄-ဦးသေဆုံးခဲ့ကြောင်း၊ နယ်သာလန်နိုင်ငံပိုင် ရေဒီယိုက ဖော်ပြသည်။ အဆိုပါ ၁-နှစ်၊ ၄-နှစ်၊ ၆-နှစ်နှင့် ၈-နှစ်အရွယ် ကလေး ၄-ဦးတို့သည် ကမ်ပင်မြို့ရှိ ထပ်ခိုးအိမ်ခန်းအတွင်း အိပ်ပျော်နေစဉ် မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်။ ၄င်းတို့၏ မိခင်နှင့် အကို၊ အမ ၁၀-ဦးတို့မှာ လွတ်မြောက်ခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် ဖခင်ဖြစ်သူ ကုန်တင်ရေယာဉ်မာ လိမ်မှူးမှာ ဂျာမနီနိုင်ငံတွင် ရောက်ရှိနေလေသည်။ (ဆင်ဟွာ)
Tuesday, May 26, 2009
မေလအတွင်းနိုင်ငံတကာ ထူးခြားသတင်းများ...
*** ဘာသာစကားနှစ်မျိုးတတ်သူသည် နောက်တစ်မျိုးသင်ရန်လွယ်ကူ....
(အီဗန်စတုန်၊ အမေရိကန်- မေ ၂၃)
*** တရုတ်မှာ မောင်းသူမဲ့ ရဟတ်ယာဉ်တီထွင်...
တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက အဝေးထိန်းခရုတ်မပါသော အလိုအလျောက်ပျံသန်းနိုင်သော မောင်းသူမဲ့ရဟတ်ယာဉ်အား တီထွင်ခဲ့သည်ဟု မေလ ၂၂ရက်နေ့တွင် ပြောဆိုသည်။ ယင်းရဟတ်ယာဉ်ပုံစံနှစ်ခုအား တီထွင်ရန် ၄-နှစ်ကြာခဲ့ကြောင်း သိရသည်။ ၃-မီတာရှည်သော ပိုကြီးသည့် ပုံစံသည် ကားငယ်တစ်စီး၏ အရွယ်နီးပါးနှင့် အလေးချိန်ကီလိုဂရမ်(၁၂၀)ရှိပြီး ၀န်ချိန် ၄၀-ကီလိုဂရမ် အထက်ထိ သယ်ဆောင်နိုင်သည်။ ယင်းရဟတ်ယာဉ်ကြီးသည် တစ်နာရီလျှင် ကီလိုမီတာ (၁၀၀)အမြန်ဆုံးနှုန်းဖြင့် ၄-နာရီကြာပျံသန်းနိုင်သည်။ ပို၍ ငယ်သောပုံစံသည် ကီလိုဂရမ် ၄၀-အလေးချိန်နှင့် ၀န်ချိန် ၇၀-အမြန်နှုန်းနှင့် ပျံသန်းနိုင်သည်။ အဆိုပါရဟတ်ယာဉ်သည် တပ်ဆင်ထားသော ကင်မရာက ပစ်မှတ်များကို အလိုအလျောက်ရှာဖွေ ခြေရာခံပြီး ကောင်းကင်မှ ဓါတ်ပုံများကို ရိုက်နိုင်စွမ်းရှိသည်။ (အင်တာနက်)
***အိန္ဒိယမှာ ညူကလီးယားထိပ်ဖူးကိုသယ်ဆောင်နိုင်သောအဂ္ဂနီဒုံးကျည်စမ်းသပ်....
(နယူးဒေလီ ၊ မေ- ၂၃)
ညူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်သော(အဂ္ဂနီ)ဒုံးကျည်ကို မေ၂၃ရက်မှာအိန္ဒိယနိုင်ငံစစ်ဘက်ကစမ်းသပ်
ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ပြောကြားသည်။မြေပြင်မှ မြေပြင်ပစ် အဂ္ဂနီ- ဒုံးကျည်သည်ကီ လမီတာ ၂၀၀၀ခန့် (မိုင် ၁၂၀၀)အကွာအဝေးရှိပစ်မှတ်များကိုညူကလီးယားဒုံးကျည်ထိပ်ဖူးဖြင့်ထိမှန်အောင်ပစ်
ခတနိုင်စွမ်းရှိသည်။ ၆၅ ပေ (မီတာ ၂၀ )ရှည်သော ယင်းဒုံးကျည်သည် ၀န်ချိန်ကီလို ၁၀၀၀ အားသယ်ဆောင်
်နိုင်ပြီးဝန်ချိန်လျော့ချခြင်းဖြင့် ကီလိုမီတာ ၃၀၀၀ (မိုင် ၁၉၀၀)အကွာအဝေးရှိပစ်မှတ်များကိုပစခတ်နိုင်ကြောင်း
သိရသည်။(ရိုက်တာ)
***အင်ဒိုနီးရှား တွင်စစ်လေယာဉ်ပျက်ကျ ၊ လူ ၉၈ဦးသေဆုံး....
(ဂျကာတာ၊ မေ၂၁)
လူ၁၀၀ကျော်ကို တင်ဆောင်လာသော အင်ဒိုနီးရှားနိုင်ငံ လေတပ်ဖွဲ့ မှသယ်ယူပို့ဆောင်ရေးလေယာဉ်သည်
မေလ၂၀ရက်နေ့ နံနက်ပိုင်းကအရှေ့ ဂျာဗားဒေသတွင် ပျက်ကျရာအနည်းဆုံး ၉၈ဦးသေဆုံးသွားကြောင်း
ကယ်ဆယ်ရေးလုပ်ငန်းမှအရာရှိတဦးကပြောကြားသည်။စီ- ၁၃၀အမျိုးအစားဟာကြူလီလေယာဉ်သည်လူ
နေအိမ်များပေါ်သို့ပျက်ကျပြီး ပေါက်ကွဲမီးလောင်ကာ မီးခိုးလုံးကြီးများလိပ်၍ တက်လာပုံများကိုရုပ်သံသတင်း
မှာထုတ်လွှင့်သွားသည်။ယင်းဖြစ်ရပ်တွင် အနည်းဆုံး ၉၈ ဦးသေဆုံးပြီး၁၅ဦးဒဏ်ရာရရှိသွားကြောင်း၊သေဆုံး
ဒဏ်ရာရရှိသူများတွင်မြေပြင်ပေါ်မှလူတချို့ လည်းပါဝင်ကြောင်းတာဝန်ရှိသူ တဦးကပြောကြားသည်။လေယာဉ်
ပေါ်တွင်ကလေး၁၀ဦးအပါအ၀င်ခရီးသည် ၉၈ ဦးနှင့်လေယာဉ်အဖွဲ့ သား ၁၁ ဦးပါရှိသည်ဟုစစ်ဘက်ပြောခွင့်ရ
သူကသတင်းစာရှင်းလင်းပွဲမှာပြောဆိုသည်။(အင်တာနက်)
*** ပင်လယ်ဓါးပြအရေး နိုင်ငံတကာ ညီလာခံကျင်းပ...
(ကွာလာလမ်ပူ၊ မေ ၂၀)
သင်္ဘောများကို ပင်လယ်ဓါးပြများ ပြန်ပေးဆွဲခြင်းနှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ညီလာခံတရပ်ကျင်းပရာ ဖမ်းဆီးထားသော ဆိုမာလီပင်လယ်ဓါးပြများ၏ အနာဂတ်ကံကြမ္မာအပေါ်၌ သဘောထား အမြင်ကွဲလွဲလျက်ရှိကြောင်း၊ အချို့ကဓါးပြများကို ငါးမန်းစာကျွေးပစ်သင့်ကြောင်း၊ အချို့က အထူးခုံရုံးတည် ထောင်သင့်ကြောင်း ပြောဆိုလျက်ရှိကြသည်ဟု အင်တာနက်သတင်း တပုဒ်မှာ ဖော်ပြသည်။ နိုင်ငံခြားရေတပ် သင်္ဘောများ ရေပြင်တွင်ကင်းလှည့်နေရေးအတွက် တရားဝင် အခြေခံစည်းမျဉ်းများ၊ ကန့် သတ်ချက်များ၊ အားနည်းမှုရှိနေခြင်းကို အငြင်းပွားဖွယ်မရှိကြချေ။ ယင်းအားနည်းချက်သည် ပင်လယ် ဓါးပြများကို တိုက်ခိုက်ရာတွင် အဟန့်အတားဖြစ်နေပေသည်။ ပင်လယ်ဓါးပြ ၁၀၀-ကျော်ကို ဖမ်းဆီးရမိရာ အချို့ကို ဆိုမာလီနိုင်ငံသို့ ပြန်ပို့ သောဖြစ်ရပ်များ ရှိခဲ့သည်။ (အင်တာနက်)
*** ဂျပန်မှာ တုပ်ကွေးရောဂါ ဖြစ်ပွားမှု တိုးမြင့်လာသောကြောင့် ကျောင်းပေါင်း ၄၀၀၀-ပိတ်ရပြီ...
ဂျပန်နိုင်ငံအထက်တန်းကျောင်းများတွင် A/H1N1 တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း အများဆုံးဖြစ်ပွားမှုကြောင့် တုပ်ကွေးရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ကျောင်းပေါင်း (၄၀၀၀)ကျော်အား မေလ ၁၉ရက်နေ့၌ တာဝန်ရှိသူများက ပိတ်လိုက်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ၏ စီးပွားရေးအချက်အချာမြို့နှင့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့ကြီး ဖြစ်သည့် လူဦးရေ (၃၆)သန်းနီးပါးရှိသော တိုကျိုမြို့အပါအ၀င် အခြားဒေသများသို့ ဗိုင်းရပ်စ်ပိုးများ မကြာမီကူးစက်ပြန့်ပွားမည်ဟု ကျွမ်းကျင်သူများက သတိပေးပြောကြားခဲ့သည်။ (အင်တာနက်)
*** ဆိုမာလီပင်လယ်ဓားပြ ၁၃-ဦးကို ကင်ညာသို့ လွှဲပြောင်းပေးအပ်....
(မွန်ကာဆာ၊ ကင်ညာ၊ မေ-၁၈)
စပိန်နိုင်ငံသည် ဆိုမာလီ ပင်လယ်ဓါးပြများဟု မသင်္ကာသူ ၁၃-ဦးကို တရားစွဲဆိုရန်အတွက် ကင်ညာနိုင်ငံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း ဆင်ဟွာ သတင်းတပုဒ်မှာဖော်ပြသည်။ ဥရောပသမဂ္ဂနှင့် အာဖရိကတိုက် ကင်ညာနိုင်ငံတို့အကြားတွင် ချုပ်ဆိုထားသော စာချုပ်အရ (မာကျူးဒီလာ အင်ဆီနဒါ)သင်္ဘောကို တိုက်ခိုက်သည်ဟု သံသယရှိသူ ၁၃-ဦးကို ကင်ညာနိုင်ငံ တရားရုံး၌ ရုံးတင်စစ်ဆေးရန်အတွက် လွှဲပြောင်းပေးအပ်ခြင်ဖြစ်သည်။
*** သီရိလင်္ကာနိုင်ငံမှ ထိပ်တန်းကျား သူပုန်ခေါင်းဆောင် ၂-ဦး ကျဆုံး...
(ကိုလံဘို၊ သီရိလင်္ကာ၊ မေ ၁၈)
တမီလ်ကျားတို့၏ ထိပ်တန်းခေါင်းဆောင် ၂-ဦးဖြစ်သော (ဆွာနန်နှင့် ရှာရီမတ်စ်တာ)တို့သည် တိုက်ပွဲအတွင်း သေဆုံးသွားကြပြီဖြစ်ကြောင်း သီရိလင်္ကာကာကွယ်ရေးဌာနမှ အရာရှိများက ပြောကြားသည်။ စစ်ဘက်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဥာယနာနာယကာရက အဆိုပါသူပုန်ခေါင်းဆောင် ၂-ဦး ကျဆုံးကြောင်းကို အတည်ပြုသည်။
****ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် မော်လဒိုက် နိုင်ငံပိုင်ကျွန်းများ ပျောက်ကွယ်နိုင်.....
(မာယီ ၊ မေ ၁၃)
ကမ်းရိုးတန်းဒေသရေ တိုက်စားမှုနှင့်ပင်လယ်ရေမျက်နှာပြင်ပိုမိုမြင့်တက်လာခြင်းတို့ ကြောင့်တောင်အာရှဒေသ ရှိမော်လ်ဒိုက်ကျွန်းစုနိုင်ငံ၏ကျွန်းအများအပြားမှာအစောဆုံး(၂၀၃၀)ပြည့်နှစ်ခန့် မှစ၍ပျောက်ကွယ် သွားနိုင်ကြောင်း၊သို့ ရာတွင်ကျွန်းများထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အစီအစဉ်တရပ်ကိုချမှတ်ဆောင်ရွက်လျက် ရှိကြောင်း အင်တာနက်သတင်းတပုဒ်မှာဖော်ပြသည်။မော်လဒိုက်နိုင်ငံသည်ကမ္ဘာပေါ်တွင်အနိမ့်ဆုံးအပိုင်း၌ တည်ရှိသောနိုင်ငံဖြစ်ပြီးပျှမ်းမျှခြင်းအားဖြင့်ပင်လယ်ရေမျက်နှာပြင်အထက်(၁၀ဒသမ၅မီတာ)အမြင့်၌တည်ရှိ
သောယင်းနိုင်ငံ၏သဘာဝမြေမျက်နှာပြင်အမြင့်မှာအများဆုံး( ၂ ဒသမ ၃ မီတာ)ခုနှစ်ပေခွဲမျှသာရှိသည်။ မော် လဒိုက်နိုင်ငံကျွန်းများရေနစ်မြုပ်ခံရမှုမရှိစေရေးအတွက်ပင်လယ်ကမ်းရိုးတန်းဒေသတလျှောက်တွင်တံတိုင်းနံရံ
များတည်ဆောက်ရန်လိုအပ်မည်ဖြစ်သလို သန္တာကျောက်တန်းများထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းကို လည်း အလေးပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတဦးကပြောဆိုသည်။
(အင်တာနက်)
***မက္ကဆီကို ခရီးသွားလုပ်ငန်းဒေါ်လာ ၄ ဘီလီယံ ဆုံးရှုံး....
(မက္ကဆီကိုစီးတီး ၊ မေ ၁၃ )
မက္ကဆီကို နိုင်ငံတွင် တုပ်ကွေးရောဂါဖြစ်ပွားနေခြင်းကြောင့်နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များသည်ထင်ပေါ်ကျော်ကြားသောပင်
လယ်ကမ်းခြေအပန်းဖြေစခန်းများသို့ လာရောက်ကြမည့်ခရီးစဉ်များကိုဖျက်သိမ်းကြကြောင်း ၊ဤအတွက်
ကြောင့်ခရီးသွားလုပ်ငန်းမှရရှိသောဝင်ငွေ (ဒေါ်လာ ၄ ဘီလီယံ)အထိဆုံးရှုံးကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီး အီလီ ဇွန်ဒိုက မေလ ၁၁ ရက်နေ့ တွင်ပြောကြားသည်။ရေနံပို့ ကုန်လုပ်ငန်းမှရရှိသောငွေစသည်တို့ နှင့်အတူ ခရီး သွားရောက်နေထိုင်လုပ်ကိုင်ပြီးပြန်လည်ပို့ ပေးငွေစသည် တို့ နှင့်အတူခရီးသွား လုပ်ငန်းသည်လည်း မက္ကဆီကို နိုင်ငံ၏အဓိကဒေါ်လာရှာဖွေပေးလျက်ရှိသောလုပ်ငန်းဖြစ်သည်။
(အင်တာနက်)
*** အင်ဂိုလာနိုင်ငံတွင် မိကျောင်းဆွဲမှုကြောင့် ကလေး ၉-ဦးသေဆုံးခဲ့...
အာဖရိကတိုက် အင်ဂိုလာနိုင်ငံတောင်ပိုင်း ကမ်ဖာဆယ်ပြည်နယ်တွင် လွန်ခဲ့သော ရက်သတ္တပတ်က မိကျောင်း များသောင်းကျမ်းမှုကြောင့် ကလေး ၉-ဦးထက်မနည်း သေဆုံးပြီး အမျိုးသမီးအချို့လည်း ရန်ရှာခံခဲ့ရကြောင်း မေလ ၆-ရက်နေ့က နိုင်ငံပိုင်ရေဒီယိုမှ ထုတ်လွှင့်သည်။ အဆိုပါ သေဆုံးသူကလေးများသည် အသက် ၁၀-နှစ်မှ ၁၆-နှစ်အကြားရှိ ကလေးများဖြစ်ကြပြီး မြစ်တွင် ရေခပ်ရန် ရောက်ရှိလာစဉ် မိကျောင်းဆွဲခံရခြင်းဖြစ်သည်။ (အင်တာနက်)
*** အာကာသအတွင်း ဆေးဝါးများအစွမ်းထက်မှု ရှိ- မရှိကို ဂြိုလ်တုငယ်ဖြင့် စမ်းသပ်မည်...
အာကာသအတွင်း လူတို့ထုတ်လုပ်ထားသော ဆေးဝါးများက ရောဂါပိုးများကို တိုက်ဖျက်ပေးနိုင်ခြင်းရှိ- မရှိကို သိရှိနိုင်ရန် အမေရိကန်လေကြောင်းနှင့် အာကာသသိပ္ပံ (နာဆာ)သိပ္ပံပညာရှင်များက ပေါင်မုန့်တလုံး၏ အ ရွယ်မျှသာရှိသော ဂြိုလ်တုငယ်ကို အသုံးပြုကာ စမ်းသပ်လေ့လာမည်ဖြစ်ကြောင်း ယနေ့အင်တာနက် သတင်း တွင် ဖေါ်ပြသည်။ သိပ္ပံပညာရှင်များ၏ ရည်ရွယ်ချက်များ ဗက်တီးရီးယားနှင့် မှိုကဲ့သို့သော အဏုဇီဝပိုးမွှား များ အား ဆေးဝါးများက နှိင်နင်းပေးနိုင်စွမ်းကို သိနိုင်ရန် ဖြစ်သည်။
(အင်တာနက်)
xxxကမ္ဘာပေါ်တွင် H1 N1 ရောဂါကူး စက်ခံရမှုစာရင်း WHOဖော်ပြပြီ...
(ပေကျင်း ၊ မေ ၄)
ကမ္ဘာပေါ်တွင် H1 N1 တုပ်ကွေးရောဂါ A အမျိုးအစားကူးစက်ပျံ နှံ့ မှုနောက်ဆုံးသတင်းကိုမေလ ၃ ရက်နေ့ က ထုတ်ပြန်ခဲ့ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့်အစိုးရ စာရင်းများအရသိရသည်။ မက္ကဆီကိုနိုင်ငံတွင် ယင်းရောဂါဖြင့်သေဆုံးသူ(၁၉)ဦးရှိပြီးအမေရိကန်တွင် ၂၁ လသားအရွယ်ယောကျာ်းလေး တဦးသေဆုံး သွား ခဲ့သည်။
xxxကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံး မိုဘိုင်းဖုန်း မကြာမီသုံးနိုင်တော့မည်.....
(လန်ဒန် - မေ ၃)
နေရောင်ခြည်ကို တိုက်ရိုက်ထိတွေ့ ပြီး အသုံးပြုနိုင်သောနေရောင်ခြည် စွမ်းအင်သုံး မိုဘိုင်းဖုန်းများကို စတင် ထုတ်လုပ်နေပြီဖြစ်ကြောင်း ဂျပန်ကုမ္မဏီတခုဖြစ်သည့် KDDI ကအင်တာနက်သတင်းတွင်ဖော်ပြသည်။ အဆိုပါ မိုဘိုင်းဖုန်းသည် နေရောင်ခြည် စွမ်းအင်သုံးဖုန်းဖြစ်ပြီးလာမည့်ဇွန်လတွင် KDDIကုမ္မဏီကဈေးကွက်သို့ စတင် ရောင်းချတော့မည်ဖြစ်သည်။နေရောင်ခြည်တွင် ၁၀ မိနစ် ကြာထားပြီး အားသွင်းရယူခြင်းဖြင့် တမိနစ်ဖုန်း ပြော နိုင်ရန်လုံလောက်ကြောင်း (သို့ ) ဟန်းဆက်ကို အဆင်သင့်လှုပ်ရှားအသုံးပြုရန် ၂ နာရီကြာလုံလောက်သည်ဟု ကုမ္မဏီ ကပြောဆိုသည်။(အင်တာနက်)
Saturday, February 21, 2009
21Feb,09…..နိုင်ငံတကာထူးခြားသတင်း…….
Xxxအစ္စရေးမှာ နတန်ယာဟု ဒုတိယအကြိမ်ဝန်ကြီးချုပ်ဖြစ်ဖို့ နီးစပ်လာပြီ…
အစ္စရေးနိုင်ငံတွင်လီကွတ်ပါတီခေါင်းဆောင်(ဘက်ဂျမန်နတန်ယာဟု)အားအစ္စရေးသမ္မတ
(ရှီမွန်ပိရက်စ်)ကအစိုးရသစ်ဖွဲ့ စည်းနိုင်ရေးအတွက်ဖေဖော်ဝါရီ၂၀ရက်နေ့ကဖိတ်ခေါ်
လိုက်ကြောင်းသတင်းရရှိသည်။နတန်ယာဟုသည်ခါဒီမာပါတီကဲ့သို့ သောပါတီတချို့ 
ကိုစည်းရုံးပြီးမိမိ၏ညွှန့် ပေါင်းအစိုးရသစ်ကိုခိုင်မာအောင်ဖွဲ့ စည်းသွားရန်ရှိကြောင်း သတင်းထောက်များကိုပြောဆိုသည်။သူသည်၁၉၉၀ပြည့်လွန်နှစ်များက၀န်ကြီးချုပ်တ
ကြိမ်ဖြစ်ခဲ့သေးဖူးရာယခုအခါနှင့်ဆိုပါလျှင်ဒုတိယအကြိမ်မြောက်ဝန်ကြီးချုပ်ဖြစ်လာခြင်း
ဖြစ်သည်။(BBC)
xxx ချယ်လ်ဆီးနည်းပြသစ် ဂူဟစ်ဒင့်ခ်နှင့် အခက်အခဲများ xxx
ချယ်လ်ဆီးအသင်း နည်းပြသစ် ဂူဟစ်ဒင့်ခ်သည် အသင်းအား ကိုင်တွယ်ရာတွင် အခက်
်အခဲများ ရှိလာနိုင်ကြောင်း အင်္ဂလန်ဘောလုံးလောက ကျွမ်းကျင်သူများက ခန့်မှန်းသုံးသပ်
ထားကြသည်။ ချယ်လ်ဆီးအသင်း၏ ပိုင်ရှင်ဖြစ်သူ ရုရှားဘီလျံနာ ရိုမန်အေဗရာမိုဗစ်ခ်ျသည်
ဟစ်ဒင့်ခ်အား ဘောလုံးသမား ခေါ်ယူမှုများနှင့် ပတ်သက်၍ ကြိုတင်ညှိနှိုင်းထားပြီးဖြစ်ကာ
ဟစ်ဒင့်ခ်အနေနှင့်ဘောလုံးသမား ၀ယ်ယူမှု မပြုမီ အသင်းမှ မလိုအပ်ဘဲ ပိုလျံနေသော
ကစားသမားများကို ဦးစွာရောင်းချသွားရန် ကြိုတင်ညွှန်ကြားထားပြီး ဖြစ်ကြောင်း သတင်းများ
ထွက်ပေါ်လျက်ရှိသည်။ ချယ်လ်ဆီးအသင်းသည် ယမန်နှစ်အတွင်းက ပေါင်စတာလင် (၆၅)သန်း
အရှုံးပေါ်ခဲ့သောကြောင့် အေဗရာမိုဗစ်ခ်ျက ယခုကဲ့သို့ ငွေကြေးကန့်သတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း
သိရသည်။ ယခင်အခြေအနေအရ အေဗရာမိုဗစ်ခ်ျအတွက် ထိုမျှလောက်ပမာဏသည် ပြောပ
လောက်ခြင်း မရှိသော်လည်း ကမ္ဘာ့စီးပွားပျက်ကပ်အတွင်း ငွေကြေးပေါင် ဘီလျံနှင့်ချီပြီး ဆုံးရှုံး
နေသောကြောင့် ယခုကဲ့သို့ ၎င်းပိုင် ချယ်လ်ဆီးအသင်း၏ ငွေကြေးသုံးစွဲမှုကို စီစစ်လာရခြင်းဖြစ်
သည်။ ချယ်လ်ဆီးအမှုဆောင် ပီတာကင်ညွန်ကလည်း အသင်း၏ ငွေကြေးပေါ်လစီကို ပြောင်းလဲ
ပစ်ပြီး ဘောလုံးသမား ၀ယ်ယူပါက ဘောလုံးသမား အရင်ရောင်းရမည်ဖြစ်ကြောင်း အတည်ပြု
ပြောကြားထားသည်။ ချယ်လ်ဆီးအသင်းသည် နည်းပြဟောင်း လူးဝစ်ဖီးလစ် စကိုလာရီကို ထုတ်
ပယ်ခဲ့မှုအတွက် ပေါင်(၇)သန်း လျော်ကြေးပေးရမည့် ကိစ္စလည်း ရှိနေသေးရာ ဘောလုံးသမား
ဝယ်ယူမှုအတွက် အသုံးစရိတ်ကို ပိုမိုခြွေတာရန် တွန်းအားတစ်ခု ဖြစ်လာခဲ့သည်။ ဟစ်ဒင့်ခ်က
လက်ရှိချယ်လ်ဆီးအသင်း ဘောလုံးသမားအင်အား စုဖွဲ့မှုအပေါ် ကျေနပ်အားရကြောင်း ပြောဆိုခဲ့
သည့်တိုင် ကျွမ်းကျင်သူများက ချယ်လ်ဆီးအနေနှင့် နောက်ထပ်ဘောလုံးသမား ဖြည့်တင်းမှုအချို့
ပြုလုပ်ရန် လိုအပ်နေသေးကြောင်း ထောက်ပြဆွေးနွေးထားကြသည်။ ငွေကြေးကြပ်တည်းမှုကြောင့်
ဟစ်ဒင့်ခ်၏ ချန်ပီယံရည်မှန်းချက်များအပေါ် သက်ရောက်မှု ရှိမရှိဆိုသည်မှာမူ အချိန်ကာလကသာ
စကားပြောသွားမည်ဖြစ်ပြီး ဟစ်ဒင့်ခ်အနေနှင့် ချယ်လ်ဆီးအား အောင်မြင်မှုများ ဆောင်ကြဉ်းပေး
နိုင်မည်လားဆိုသည်မှာ စောင့်ကြည့်ရမည့် အခြေအနေတစ်ခုသာ ဖြစ်ပါတော့သည်။(အင်တာနက်)
+++ မန်ယူကို အမီလိုက်မည်ဟု ချယ်လ်ဆီးနည်းပြသစ်ပြောကြား +++
ချယ်လ်ဆီးနည်းပြသစ် ဂူဟစ်ဒင့်ခ်က လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်၏ (၇)မှတ်အသာဖြင့်
အမှတ်ပေးဇယားကို ဦးဆောင်နေမှုအား ချေဖျက်ပစ်မည်ဟု ကြုံးဝါးလိုက်သည်။ ချယ်လ်ဆီးအသင်း၏
နည်းပြသစ်ဖြစ်လာသော ဒတ်ခ်ျလူမျိုး ဟစ်ဒင့်ခ်သည် ၀တ်ဒ်ဖို့နှင့် FAဖလားပွဲစဉ်တွင် ချယ်လ်ဆီးကို
ပွဲဦးထွက်ကိုင်တွယ်မည်ဖြစ်သည်။ ဟစ်ဒင့်ခ်က ၎င်းသည် အမြဲတမ်း အောင်နိုင်သူတစ်ဦးအဖြစ် နေထိုင်
်နိုင်ခဲ့ကြောင်း၊ ချယ်လ်ဆီးတွင်လည်း ထိုအဖြစ်မျိုးကိုပင် ပိုင်ဆိုင်နိုင်ရန် ကစားသမားများက ကူညီကြ
လိမ့်မည်ဟု မျှော်လင့်ကြောင်း စိတ်ဓာတ်မြင့်တင်ရေးအဖြစ် ပြောကြားခဲ့သည်။ အင်္ဂလန် ဘောလုံးလော
ကသည် ယှဉ်ပြိုင်မှုပြင်းထန်သည့် နေရာတစ်ခုဖြစ်ပြီး ထိုအခြေအနေကို နှစ်သက်မိသည်ဟုလည်း
နည်းပြကြီးက ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ချယ်လ်ဆီးအနေနှင့် ဖလား(၃)လုံးစလုံးကို မျှော်လင့်
့်နိုင်ဆဲဖြစ်ကြောင်းလည်း ဟစ်ဒင့်ခ်က ဆိုသည်။ ချယ်လ်ဆီးသည် ၀တ်ဒ်ဖို့နှင့်တွေ့ဆုံပြီးနောက် အက်စ်
တန်ဗီလာနှင့် ပရီးမီးယားလိဂ်တွင်လည်းကောင်း၊ ဂျူဗင်းတပ်စ်နှင့် ချန်ပီယံလိဂ်တွင်လည်းကောင်း
ဆက်လက်တွေ့ဆုံမည်ဖြစ်ရာ ထိုပွဲများတွင် ရလဒ်ကောင်းများ ဖော်ဆောင်နိုင်မည်ဟုလည်း ဟစ်ဒင့်ခ်က
ယုံကြည်လျက်ရှိသည်။ ဟစ်ဒင့်ခ်အနေနှင့် ၎င်းအားအသန်ဆုံး (၄-၃-၃)ကစားကွက်ကိုပင် ချယ်လ်ဆီးတွင် ဆက်လက်အသုံးပြုသွားဖွယ်ရှိပြီး PSVအသင်းအား ကိုင်တွယ်စဉ်က ၎င်း၏လက်အောက်တွင် ကစားခဲ့သည့်
ဘရာဇီးလ် လက်ရွေးစင် နောက်ခံလူ အဲလက်စ်ကဲ့သို့ တပည့်ဟောင်းများ ရှိနေခြင်းကြောင့်လည်း ချယ်လ်
်ဆီးတွင် လျင်မြန်စွာ အထိုင်ကျသွားရန် မျှော်လင့်လျက်ရှိသည်။(အင်တာနက်)
xxx အီရတ်နိုင်ငံအတွင်း သေဆုံးသူ အမေရိကန်တပ်ဖွဲ့ဝင် ၄၂၄၃ ယောက်ရှိပြီ+++
(၀ါရှင်တန်ဖေဖော်ဝါရီ ၁၅)....
အီရတ်စစ်ပွဲဖြစ်ပွားချိန်ဖြစ်သော ၂၀၀၃-ခုနှစ် မတ်လမှ စတင်ကာ ၂၀၀၉-ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်
်အထိကာလအတွင်းတွင် အီရတ်၌သေဆုံးသော အမေရိကန်တပ်ဖွဲ့ဝင် ဦးရေမှာ(၄၂၄၃)ယောက်
ရှိပြီဖြစ်သည်။ ယင်းတို့အနက် (၈)ဦးမှာ စစ်ဘက်တာဝန်ထမ်းဆောင်ရင်း သေဆုံးသောအရပ်သားများ
ဖြစ်သည်ဟု ဆိုသည်။ (၃၄၀၆)ဦးထက်မနည်းမှာ တိုက်ပွဲအတွင်း ကျဆုံးသူများဖြစ်သည်ဟု စစ်ဘက်စာ
ရင်းဇယားများက ဖော်ပြသည်။ (အင်တာနက်)
xxx တရုတ်ပြည် တောင်ပိုင်းတွင် စက်ရုံ ၂၄၀၀-ကျော်လုပ်ငန်းရပ်ဆိုင်းxxx
ကမ္ဘာ့စီးပွားရေးနှင့် ဘဏ္ဍာရေးကျဆင်းမှုကြောင့် တရုတ်ပြည် တောင်ပိုင်း ပြည်နယ်ဒေသများတွင် လွန်ခဲ့
သောနှစ်က ကုန်ထုတ်လုပ်ငန်း စက်ရုံ ၂၄၅၂-ခုသည် ကုန်ထုတ်လုပ်မှုရပ်ဆိုင်းခြင်း(သို့)ပိတ်ခဲ့ရကြောင်း
ဂွမ်ဒေါင်းပြည်နယ် တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ (အင်တာနက်)
Xxxချဲလ်ဆီးကလပ်မှာမန်နေဂျာအသစ်ပြောင်းလိုက်ပြီxxx
အင်္ဂလိပ်ပရီးမီးယားလိဂ်ဇယားထိပ်မှာမန်ယူနှင့်လီဗာပူတို့ နောက်မှတတိ ယ နေရာ တွင်ရှိနေသောနာမည်ကြီးဘောလုံးကလပ်အသင်းဖြစ်သည့်ချဲလ်ဆီးသည်ယင်းတို့ ၏ကမ္ဘာကျော်ဘရာဇီးလူမျိုးမန်နေဂျာဖြစ်သူ(စကိုလာရီ)ကိုရလာဒ်ကောင်းရရှိအောင်
မစွမ်းဆောင်နိုင်ခြင်းကြောင့်အလုပ်ဖြုတ်ပစ်လိုက်ပြီဖြစ်ကြောင်းယနေ့ (BBC)နံနက်ခင်း သတင်းတပုဒ်တွင်ဖော်ပြသည်။ချဲလ်ဆီးအသင်း၏ိဆက်လက်ယှဉ်ပြိုင်ရန်ရှိသောပရီး
မီးယားလိဂ်၃လခန့် နှင့်အခြားပြိုင်ပွဲများအတွက်နာမည်ကျော်မန်နေဂျာတဦး ဖြစ်သူ (ဂုဒ်ဟစ်ဒင့်)အားချဲလ်ဆီးအသင်းနှင့်၎င်းလက်ရှိကိုင်တွယ်နေသောရုရှလက်ရွေးစင်
ဘောလုံးအသင်းတို့ အားပူးတွဲကိုင်တွယ်ရန်ခန့် အပ်လိုက်ကြောင်းသတင်းရရှိသည်။
ဂုဒ်ဟစ်ဒင့်သည်ယူရို၂၀၀၈ပြိုင်ပွဲတွင်ရုရှအသင်းကိုဆီမီးဖိုင်နယ်အဆင့်၊၂၀၀၂ခုနှစ်
ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပူးတွဲအိမ်ရှင်ဖြစ်သူတောင်ကိုရီးယားအသင်းကိုဆီမီးဖိုင်နယ်
အဆင့်၊စသည်ဖြင့်ပို့ ဆောင်ပေးခဲ့သူဖြစ်သဖြင့် ၄င်းကို(ဆီမီးဖိုင်နယ်ဟစ်ဒင့်) ဟူ၍ ကမ္ဘာ့ဘောလုံးလောကတွင်ကျော်ကြားနေသူဖြစ်သည်။ကလပ်အသင်းအတွေ့ အကြုံ အနေဖြင့်လည်းနယ်သာလန်နိုင်ငံမှပီအက်စ်ဗွီအင်ဟိုဗန်ကလပ်အသင်းနှင့်အတူဒတ်ခ်ျ
လိဂ်ဖလား၊ယူအီးအက်ဖ်အေဆီမီးဖိုင်နယ်အဆင့်အထိအောင်မြင်မူများရရှိဘူးသည့်အ
ပြင်စပိန်လာလီဂါကလပ်အသင်းကြီးဖြစ်သောရီးရဲမက်ဒရစ်ကလပ်အသင်းတွင်လည်း
တစုံတရာအောင်မြင်အောင်စွမ်းဆောင်ခဲ့ဘူးသူဖြစ်သည်။၎င်းသည်ချဲလ်ဆီးအသင်းပိုင်
ရှင်နှင့်ရုရှလက်ရွေးစင်အသင်းကိုအဓိကငွေကြေးပံ့ပိုးပေးနေသူ(ရုရှသူဌေး-အေဗရာမိုဗစ်)နှင့်လည်းအလွန်ရင်းနှီးသောဆက်ဆံရေးရှိသူဖြစ်ခြင်းကြောင့်ယခုကဲ့သို့  အသင်းနှစ်သင်းအားပူးတွဲနည်းပြခွင့်ရရှိပုံရကြောင်းဘောလုံးအကဲခတ်များကဝေဖန်သုံးသပ်သည်။
(BBC)
xxxသြစတြေးလျနိုင်ငံ၌ တောမီးများ ဆိုးရွားစွာလောင်ကျွမ်း xxx
သြစတေးလျနိုင်ငံတွင် ဖေဖေါ်ဝါရီ(၇)ရက်နေ့၌ စတင်လောင်ကျွမ်းခဲ့သည့် တောမီးကြောင့် လူပေါင်း
(၁၃၄)ဦး သေဆုံးခဲ့ပြီး သေဆုံးသူဦးရေမှာ (၂၃၀)အထိ ထပ်မံမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းနေ
ကြသည်။ Kinglakeဒေသတွင် တောမီးကြောင့် အိမ်ခြေပေါင်း(၇၀၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ ယခု
လောင်ကျွမ်းသည့် တောမီးမှာ သြစတြေးလျနိုင်ငံ သမိုင်းတလျောက် အဆိုးရွားဆုံးဟု ဆိုသည်။
(အင်တာနက်)
xxxဒေးဗစ်ဘက်ဟမ်း အေစီမီလန်သို့အပြီးပြောင်းရန် ဖာဂူဆန်ထောက်ခံပြောကြားxxx
မန်ချက်စတာယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က ဒေးဗစ်ဘက်ဟမ်းသည် အေစီမီလန်သို့
အပြီးပြောင်းရွှေ့သင့်ကြောင်း ထောက်ခံပြောဆိုလိုက်သည်။ အီတလီ စီးရီးအေထိပ်သီး မီလန်အသင်းနှင့်
စကော့တလန်ကလပ် ရိန်းဂျားစ်တို့ ကစားခဲ့သော ချစ်ကြည်ရေး ခြေစမ်းပွဲအပြီးတွင် အသက်(၃၃)နှစ်ရှိ
အင်္ဂလန်လက်ရွေးစင်က ဥရောပတွင် ဆက်ကစားလိုသည့် ၎င်း၏ဆန္ဒကို ပထမဆုံးအကြိမ် တရားဝင်
ထုတ်ဖော်ပြောဆိုခဲ့သည်။ ဆာဖာဂူဆန်က ဘက်ဟမ်းအနေနှင့် ၎င်းအတွက် အကောင်းဆုံးဖြစ်မည့်
အခြေအနေကို စဉ်းစားတွေးတောခြင်းသာဖြစ်ကြောင်း၊ ၎င်းကဲ့သို့ ကမ္ဘာ့ထိပ်သီး ကစားသမားတစ်ဦးသည်
အမေရိကန်ကလပ် လော့စ်အိန်ဂျလိစ် ဂလက်စီအသင်းထက် အေစီမီလန်၏ ဆန်ဆီရိုကွင်းကြီးတွင်ကစား
နေရန်သာ ဖြစ်သင့်ကြောင်း BBCသို့ ပြောကြားခဲ့သည်။ ဘက်ဟမ်းသည် မန်ချက်စတာယူနိုက်တက်၏ ငယ်
မွေးခြံပေါက် ကစားသမားတစ်ဦးဖြစ်ပြီး ဆာဖာဂူဆန်၏ တပည့်ရင်းလည်းဖြစ်သည်။ ဘက်ဟမ်း၏ အရည်
အသွေးကို အကောင်းဆုံး နားလည်သည့် နည်းပြတစ်ဦးအနေနှင့် ဘက်ဟမ်း ဥရောပတွင် ဆက်ရှိနေရေးကို
အပြည့်အ၀ ထောက်ခံကြောင်း ဖာဂူဆန်က ပြောကြားသွားသည်။ ဘက်ဟမ်းသည် လော့စ်အိန်ဂျလိစ်မြို့ခံ
အသင်းမှ အေစီမီလန်သို့ ကာလတို အငှားစာချုပ်တစ်ရပ်ဖြင့် လာရောက်ကစားနေခြင်း ဖြစ်ပြီး အေစီမီလန်
တွင် ခြေစွမ်းပြ ဂိုးများသွင်းယူနေသောကြောင့် မီလန်က အပြီးသတ် ခေါ်ယူချင်နေသော်လည်း အဆင်မပြေ
ပါက မတ်လ(၉)ရက်နေ့တွင် အမေရိကန်ကလပ်သို့ ပြန်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(အင်တာနက်)
Xxx၂၀၀၉ခုနှစ်မှာတောင်ကိုရီးယားစီးပွားရေး၎%ကျဆင်းမည်xxx
ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြုံတွေ့ နေရချိန်တွင်ပြည်တွင်းဝယ်လို အားနှင့်ပြည်ပ
ပိုကုန်များကျဆင်းလာမှုကြောင့် ၂၀၀၉ခုနှစ်အတွက်တောငကိုရီးယားနိုင်ငံ၏စီးပွားရေ်း်
အခြေအနေမှာ၎%ကျဆင်းမည်ဟုနိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF)ကဖေဖော်ဝါရီ
လ၃ရက်နေ့ မှာပြောကြားသည်။သို့ ရာတွင်အာရှတိုက် ၏စတုတ္ထမြောက် စီးပွားရေးအင်အား အတိုးတက်ဆုံးဖြစ်သောတောင်ကိုရီးယားနိုင်ငံသည်၂၀၁၀ပြည့်နှစ်၌စီးပွားရေးအခြေအနေ
တိုးတက်ရန်ခံမှန်းထားကြောင်း(IMF)ကဖော်ပြခဲ့သည်။
(အင်တာနက်သတင်း)
Xxxသြစတြေးလျအပူလှိုင်းကျရောက်၊ ၂၂ ဦးသေဆုံး ၊ အိမ် ၂၀ မီးလောင်…..
(မဲလ်ဘုန်း၊ဖေဖော်ဝါရီ-၁) သြစတြေးလျနိုင်ငံတောင်ပိုင်းဒေသများအပူလှိုင်းကျရောက်မှုကြောင့်အနည်းဆုံး
၂၂ဦးသေဆုံးခဲ့ပြီးအိမ်လုံးရေ၂၀ခန့် တောမီးလောင်ကာ လျှပ်စစ်ဓာတ်အားများပြတ် တောက်သွားကြောင်း၊
ဒီဇင်ဘာလ၃၁ရက်နေ့ မှစ၍အပူချိန့် လျော့ကျစပြုပြီဖြစ်ကြောင်းအင်တာနက် သတင်း၌ ဖော်ပြထားသည်။ နှစ်၁၀၀အတွင်းအဆိုးဆုံးအပူလှိုင်းဖြစ်ပြီးအသက်ကြီးသောပုဂ္ဂိုလ်များသေဆုံးမည်ကိုအာဏပိုင်များကစိုးရိမ်
လျက်ရှိသည်။ဖေဖော်ဝါရီလ-၁ရက်စောစောပိုင်းမှစ၍၄၀ဒီဂရီစဲလ်စီးယပ်စ်(၁၀၄ဒီဂရီဖာရင်ဟိုက်)အောက်သို့ ကျဆင်းပြီးဖြစ်၏။(အင်တာနက်)
xxx(ရီပတ်ဗလီကင်ပါတီဥက္ကဌအဖြစ်လူမည်းတဦးကိုခန့် အပ်လိုက်ပြီ)
အမေရိကန်ပြည်ထောင်စုတွင်အတိုက်အခံရီပတ်ဗလီကင်ပါတီဥက္ကဌအဖြစ်အာဖရိကနွယ်ဖွားလူမည်း
တဦးဖြစ်သူ(မိုက်ကယ်စတီးလ်)အားယမန့်နေ့ ကရွေးချယ်ခန့် အပ်လိုက်ကြောင်းသတင်းရရှိသည်။
ယခုအခါအမေရိကန်ပြည်ထောင်စုတွင်အဓိကနိုင်ငံရေးပြိုင်ဘက်နှစ်ဦးအဖြစ်လူမည်းသမ္မတ-ဘားရက်အိုဘားမားနှင့်လူမည်းဥက္ကဌမိုက်ကယ်စတီးတို့ သည်သမိုင်းတွင်ထူးထုးခြားခြား ရွေးချယ်တင်မြှောက်ခံရသောအာဖရိကနွယ်ဖွားလူမည်းများဖြစ်ကြသည်။ (BBC)
xxx၂၀၀၉ခုနှစ်တွင်ကမ္ဘာတ၀ှမ်း၌အလုပ်လက်မဲ့နှုန်းတိုးလာမည်ဟု(ILO)ခန့် မှန်း…
ကမ္ဘာပေါ်တွင်လက်ရှိဖြစ်ပွားနေသောစီးပွားရေးအကြပ်အတည်းကြောင့်၂၀၀၉ခုနှစ်အတွင်း၌
ကမ္ဘာအ၀န်းမှာအလုပ်အကိုင်ဆုံးရှုံးသွားနိုင်သောလူဦးရေသည်၅၁သန်းအထိရှိလာနိုင်ကြောင်း
နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့ ချူပ်(ILO)ကခန့် မှန်းလိုက်သည်။ကမ္ဘာအလုပ်လက်မဲ့နှုန်း အခြေအနေသည်၂၀၀၇ခုနှစ်က၅.၇%ရှိနေရာမှ၂၀၀၈ခုနှစ်တွင် ၆%အထိမြှင့်တက်လာခဲ့ပြီး
၂၀၀၉ ခုနှစ် တွင် ၇.၁%အထိ မြင့်တက်လာစရာရှိကြောင်း(ILO)၏ ကိန်းဂဏန်းများ ကဖော်
ပြသည်။
(အင်တာနက်)
Xxx၆လအတွင်းဖိလစ်ပိုင်အလုပ်သမား၂သိန်း၅သောင်းခန့် အလုပ်အကိုင်ဆုံးရှုံးမည်xxx
ကမ္ဘာ့စီးပွားရေးအကြပ်အတည်းကာလတွင်လာမည့်၆လအတွင်းဖိလစ်ပိုင်နိုင်ငံမှအလုပ်
သမား၂သိန်း၅သောင်းခန့် အလုပ်အကိုင်ဆုံးရှုံးမည်ဟုဇန်န၀ါရီလ-၂၇ရက်နေ့ ထုတ်ပြည် တွင်းသတင်းများ၌ဖော်ပြသည်။ဖိလစ်ပိုင်နိုင်ငံအလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးဌာန
ကဒီဇင်ဘာလကုန်ကတည်းကအလုပ်သမား၃သောင်းကျော်အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း၊
ယင်းကိန်းဂဏန်းအရဆိုပါလျှင်ယခုဇန်န၀ါရီလအကုန်တွင်အလုပ်သမား၃သောင်း၅ထောင်
အထိရောက်ရှိမည်ဖြစ်ကြောင်း၊ယခုနှုန်းအတိုင်းဆက်လက်ဖြစ်ပွားပါကလာမည့်၆လအတွင်း
အလုပ်လက်မဲ့၂သိန်း၅သောင်းအထိရှိလာနိုင်ကြောင်းတာဝန်ရှိသူများကခန့် မှန်းကြသည်။
(အင်တာနက်)
Xxx၁၈နှစ်အတွင်း-အကောင်းဆုံးဘောလုံးအသင်းဆုဘာစီလိုနာကလပ်မှရရှိ….
(လန်ဒန်၊ဇန်န၀ါရီ-၂၄ရက်)
နိုင်ငံတကာဘောလုံးသမိုင်းကြောင်းနှင့်မှတ်တမ်းမှတ်ရာအဖွဲ့ ချုပ်(IFFHS)မှရွေးချယ်သော (၁၈နှစ်)အတွင်းအကောင်းဆုံးဘောလုံးအသင်းဆုကိုစပိန်နိုင်ငံလာလီဂါကလပ်အသင်းဖြစ်
သည့်(ဘာစီလိုနာ)ကရရှိသွားသည်။ဤဆုကိုပေးအပ်ရန်အတွက်ယင်းအဖွဲ့ သည်၁၉၉၁ ခုနှစ်ရလာဒ်များမှစတင်စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီးဂိုးသွင်းယူနိုင်မှုအနေအထားကို
အဓိကအခြေခံခဲ့သည်ဟုဆို၏။ယင်းသို့ စစ်တမ်းဖြင့်ရွေးချယ်ခဲ့ရာတွင်…
(၁)ဘာစီလိုနာ - ပထမ
(၂) မန်ချက်စတာယူနိုက်တက် - ဒုတိယ
(၃) ဂျူဗင်တပ်စ် -- တတိယ
(၄) အေစိီမီလန် -- စတုတ္ထ
(၅) ရီးယဲလ်မက်ဒရစ် -- ပဉ္စမ
(၆)အင်တာမီလန် -- ဆဌမ
(၇) ဘိုင်ယန်မြူးနစ် -- သတ္တမ
(၈)အာဆင်နယ် --အဌမ
(၉) ရေးဗားပလိတ် (အာဂျင်တီနား)-- န၀မ
(၁၀) ချယ်လ်ဆီး -- ဒသမ…တို့ ဖြစ်သည်။
(အင်တာနက်)
Xxxကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့်လျှပ်စစ်ကုမ္မဏီကြီးများထိခိုက်လာကြ…..
(တိုကျို ၊ဇန်န၀ါရီ-၂၄ရက်)
အာရှတိုက်၏အကြီးဆုံးလျှပ်စစ်ကုမ္မဏီကြီးများဖြစ်ကြသော(ဆိုနီ ၊ ဆမ်ဆောင်း)တို့  တွင်စီးပွားရေးအခြေအနေကျဆင်းကြောင်းသတင်းများထွက်ပေါ်လာပြီးနောက်ပိုင်း၌အာရှဈေးကွက်
အခြေအနေသည်နိမ့်ဆင်းသွားသည်။ဇန်န၀ါရီလ-၂၃ရက်တွင်ဂျပန်နိုင်ငံ၏ဈေးကွက်အခြေအနေကို
ဖော်ပြသော(နီကိုင်း)ညွှန်းကိန်းသည် ၄%ကျဆင်းသွားပြီးတောင်ကိုရီးယား ဈေးကွက်အနေ အထား ကိုဖော်ပြသောညွှန်းကိန်း(ကော့စ်ပီ)မှာလည်း ၂%ကျဆင်းသွားသည်။ အမေရိကန်ဈေးကွက်တွင် လည်းမိုက္ကရိုဆော့ဖ်နှင့်အင်တယ်လ်ကုမ္မဏီများတွင်အလုပ်အကိုင်နေရာများဖြတ်တောက်မည်ဟု
သတင်းများထွက်ပေါ်ပြီးနောက်ဝေါလ်ဆထရိ၏ဈေးကွက်အခြေအနေသည်လည်းပြုတ်ကျခဲ့ရသည်။
(အင်တာနက်သတင်း)
xxxစပိန်တိုက်လေယာဉ်နှစ်စင်းတိုက်မိ၊လေယာဉ်မှူး၃ဦးစလုံးသေဆုံး….
ဇန်န၀ါရီလ၂၀ရက်နေ့ ကလေ့ကျင့်ပျံသန်းနေစဉ်စပိန်တိုက်လေယာဉ်နှစ်စင်းတိုက်မိရာလေယာဉ်ပေါ်တွင်
ပါလာသူလေယာဉ်မှူး၃ဦးစလုံးသေဆုံးသွားကြောင်းစပိန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနမှပြောကြားသည်။
အဆိုပါတိုက်လေယာဉ်နှစ်စင်းသည်စပိန်နိုင်ငံအလယ်ပိုင်း(အယ်ဘာဆီတီ)ပြည်နယ်ကောင်းကင်ယံတွင်
လေ့ကျင့်ပျံသန်းနေစဉ်မတော်တဆတိုက်မိခဲ့ပြီးမတော်တဆဖြစ်ပွားသောအကြောင်းအရင်းကိုမသိရသေး
ကြောင်းစစ်ဘက်တာဝန်ရှိသူတဦးကပြောကြားသည်။
(အင်တာနက်သတင်း)
xxxထိုင်းအလမ္မာယ်ဆရာများမှမြွေများမသေစေရန်အနွေးဓာတ်ပေးထားရ…
(ဘန်ကောက်-ဆန်ဂဒေသ,ဇန်န၀ါရီလ၁၉ရက်)
ယခုရက်သတ္တပတ်အတောအတွင်းထိုင်းနိုင်ငံတွင်အအေး
လှိုင်းဖြတ်သဖြင့်ရာသီဥတုမှာပုံမှန်ထက်ပိုမိုပြီးအေးနေရာမြွေအလမ္မာယ်ဆရာများနေထိုင်သောဘန်
ကောက်ပြည်နယ်၊ဆန်ဂကျေးရွာတွင်ယခင်ကမကြုံဘူးသောပြသာနာမျိုးနှင့်ရင်ဆိုင်နေကြရသည်။
ပြသာနာမှာယင်းတို့ အလမ္မာယ်ပြစားရာတွင်အသုံးပြုသောမြွေဟောက်များ ကိုအအေးဒဏ်ကြောင့် သေဆုံးမသွားစေရန်အနွေးဓာတ်ပေးထားရသည့်အလုပ်ပင်ဖြစ်သည်။
(အင်တာနက်သတင်း)
Sunday, November 9, 2008
နိုင်ငံတကာထူးခြားသတင်း......
++++
နိုင်ငံတကာ ထူးခြားသတင်းများ ...
၅နှစ်အတွင်းမှာ ဂျာမနီ စီးပွားရေး ကျဆင်းလာပြီ။
ကမ္ဘာ့ စီးပွားရေး အင်အား တတိယ အကြီးဆုံးဖြစ်ပြီး ဥရောပ၏ အကြီးဆုံး စီးပွားရေး အင်အားရှင်နိုင်ငံဖြစ်သော ဂျာမနီနိုင်ငံတွင် ၅ နှစ် အတွင်း၌ စီးပွားရေး ကျဆင်းလာခဲ့ကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့  က ဂျာမနီ ဘဏ္ဍာရေးဝန်ကြီးဌာန မှ ကြေညာသည်။ (VOA ညပိုင်း)
အီရန် နိုင်ငံ၏ ယူရေနီယမ် သန့် စင်မှုကို ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံ စစ်ဆေးမည်
အီရန် နိုင်ငံအပေါ် ယူရေနီယမ် သန့် စင်မှုနှင့်ပတ်သက်၍ ပြင်သစ် နိုင်ငံ ပါရီမြို့ ၌ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံလည်း ဖြစ်ပြီး ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီ အဓိက ၆ နိုင်ငံဖြစ်သော အမေရိကန်၊ ရုရှား၊ အင်္ဂလန်၊ပြင်သစ်၊တရုတ်၊ ဂျာမနီ နိုင်ငံတို့ က အီရန် တာဝန်ရှိသူများ နှင့် တွေ့ ဆုံကာ စစ်ဆေးကြရန် နိုဝင်ဘာလ ၁၃ ရက်နေ့ က ဆုံးဖြတ် လိုက်ကြသည်။ (VOA ညပိုင်း)
အပြစ်မဲ့ပြည်သူ ၂၀၀ သေအောင်ဗုံးခွဲသူများ သေဒဏ်စီရင်လိုက်ပြီ…
လွန်ခဲ့သော ၅ နှစ်ခန့်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းဗုံးပေါက်ကွဲမှုတွင် ပါဝင်ခဲ့သူအကြမ်းဖက်သမား ၃ဦးအား ကွပ်မျက် လိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၈ရက်နေ့က အင်ဒိုနီးရှားနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနက ကြေညာလိုက်ပြီ။ အဆိုပါ ဘာ လီကျွန်းဗုံးပေါက်ကွဲမှုတွင် အပြစ်မဲ့ပြည်သူ ၂၀၀ ခန့်အသက်သေဆုံးခဲ့ရသည်။ (RFA)
++++အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးအာကာသယာဉ်လွတ်တင်ပြီ…
အိန္ဒိယနိုင်ငံ၏ ပထမဦးဆုံး လူမပါသော လပတ်ယာဉ်(ချန်ဒရာ)အာကာသယာဉ်သည်။ လပတ်လမ်းကြောင်းအတိုင်း ရောက်ရှိသွားပြီဖြစ်ကြောင်း နိုင်ဝင်ဘာလ ၈ရက်နေ့က အိန္ဒိယအာကာသဌာနက ကြေညာလိုက်သည်။ (RFA)
++++ဟေတီနိုင်ငံမှာ မူလတန်းကျောင်းမြေပြိုကျ… အနည်းဆုံးလူ ၅၀ ခန့်သေဆုံး…
အလယ်အမေရိကနိုင်ငံ တနိုင်ငံဖြစ်သော ဟေတီနိုင်ငံ၏ မြို့တော်(ပေါ်တိုပရင့်စ်)၏ ဆင်ခြေဖုံးတနေရာရှိ မူလတန်း ကျောင်းတကျောင်းတွင် မြေပြိုကျရာ အနည်းဆုံး လူ ၅၀ သေဆုံးသွားကြောင်း နိုဝင်ဘာလ ၈ရက်နေ့ထုတ် RFA ညပိုင်း သတင်းကဖော်ပြသည်။
++++နယူးဇီလန် အမျိုးသမီး ၀န်ကြီးချုပ် သိက္ခာရှိစွာ နူတ်ထွက်ပေးသွားပြီ…
သြစတြလျတိုက် နိုင်ငံတနိုင်ငံဖြစ်သော နယူးဇီလန်နိုင်ငံမှထင်ရှားကျော်ကြားသူ အမျိုးသမီးဝန်ကြီးချုပ်(မစ္စက်စ်-ဟယ် လင်ကလပ်)သည် ရွေးကောက်ပွဲတွင် ၃ကြိမ်ဆက်တိုက်အရွေးခံရပြီး ယခု ၄ကြိမ်မြောက်ချိန်မှ ရှူံးနိမ့်သွားကြောင်း သ တင်းရရှိသည်။ ဟယ်လင်ကလပ်သည် နိုင်ငံတကာအလယ်တွင် သြဇာရှိသောအမျိုးသမီးခေါင်းဆောင်တဦးဖြစ်ပြီး ယခု ၄ကြိမ်မြောက် ရွေးကောက်ပွဲတွင် သူမရှူံးနိမ့်သွားကြောင်း ၀န်ခံခဲ့သည်။ ထိုသို့ ရှူံးနိမ့်သဖြင့် အာဏာရပါတီဖြစ်သော လေဘာ အလုပ်သမားပါတီခေါင်းဆောင်အဖြစ်မှလဲ ဂုဏ်သိက္ခာရှိစွာ နူတ်ထွက်ပေးခဲ့သည်။