ရေကျချိန်မှာ ခြေကုန်လက်ပန်းကျပြီး ကမ်းကို ကပ်မိဖို့ ကြိုးစားနေသူတစ်ယောက်လို ဘဝဟာ သံယောဇဉ်ပင်လယ်ပြင်မှာ ယောင်ချာချာ....
သက်သေလှိုင်းတွေ တစ်လုံးပြီးတစ်လုံး လှိုင်လှိုင်တက်သာ သွားတယ်... ခန္ဓာကို ပင်လယ်ထဲ ပြန်ပြန်ဆွဲချ...
လုံးချာပဲလိုက်နေတာလား.. ပြေးသူနဲ့ ပုန်းသူ၊ လိုက်သူနဲ့ ရှာသူ...။ တွေ့နေပေမယ့် မြင်ဖို့ခဲသလိုပဲ...
ဒူးထောက်လက်မြောက်ထားရင်း မေးခွန်းတွေကို ဖြေဖို့စောင့်နေတယ်...
ရလဒ်မကောင်းမှာ ကြိုသိထားတဲ့ အလုပ်ဝင်အင်တာဗျူးလိုမျိုး.. ကံတရားကို မျက်နှာချိုသွေးဖို့ စိတ်ကို မြေမှာ ဝပ်ဆင်း ပြင်ဆင်....
လေပြင်းတွေ တိုက်ခဲ့တာလား.. လေညှင်းတွေ လာမယ်လို့ အချက်ပြတာလား.. မှတ်ထင်သိရှိနေတာတော့ ပင်လယ်ဟာ မုန်တိုင်းထန်လွန်းတယ်....
တစ်ဘက်စောင်းနင်း မှတ်ချက်တွေနဲ့ သိတတ်မှုတွေ သိမ်ငယ်လွန်းပေမယ့် မှတ်ကျောက်တင် သံယောဇဉ် အဖြူရောင်ထဲမှာ ဒူးထောက်ကာ တိုက်ပွဲဝင်ရဦးမယ်...
မှန်သောစကားကို သစ္စာလို ဆိုရင်း အချိန်တန်ရင် ကောင်းကင်မှာ လမင်း ထွန်းပါစေလို့ မျက်ရည်ကြည်လေးနဲ့ ထွန်းငြိလိုက်တယ်......
ရောက်ခဲလှတဲ့ ကမ်းခြေမှာ ပန်းတွေ လှိုင်မွှေးစေတော့.....။
.............................................................................................
ရေးသားသူ- စိုင်းစိုင်းမွန်း
Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts
Tuesday, March 14, 2017
Tuesday, July 26, 2016
=အတိတ်ရဲ့အလွမ်းများကိုတူးဖော်ကြည့်ခြင်း=
အချိန်အားလေးရှိတုန်း ကော်ဖီလေးတစ်ခွက်သောက် ..
.ပြီးခဲ့တဲ့ ၂၀၁၁ နဲ့ ၂၀၁၂ များဆီက အက်ဆေးတွေ ကဗျာတွေ စာစုလေးတွေပြန်ဖတ်ပြီး... အဲအချိန်များဆီကို တော်တော်လေး တမ်းတမ်းတတနဲ့ လွမ်းမိသွားတယ်...။ အတိတ်ကာလဆိုတာ ဘယ်တော့မှပြန်မရနိုင်တော့တဲ့ အရာတွေဆိုတာကို
သတိချပ်ရင်းလည်း ရင်ထဲနင့်နင့်နဲနဲခံစားသွားရတယ်...။ ခါးသက်တဲ့ကော်ဖီတွေ အေးစက်သွားတဲ့အထိ ကိုယ့်အတွေးတွေ
ဟိုး.... အဝေးကို လွင့်လွင့်ပျံ့ပျံ့..။
အဲဒီအချိန်တုန်းက ကိုယ်ဟာ...အရောင်စုံတဲ့ တိမ်တွေဆီ
လွင့်မျောရင်း လှပတဲ့စကားလုံးတွေကို ဖန်းဆင်းခဲ့ဖူးတယ်...။ နှင်းဆီပန်းနီနီရဲရဲပန်းစည်းလေး အမှတ်တရ ရခဲ့ဖူးတယ်...။ နူးညံ့တဲ့ ကဗျာလှလှလေးတွေရဲ့ စကားလုံးတွေ
အဖြစ်လည်း ကိုယ်စားပြုခဲ့ရဖူးတယ်...။ ကြည်နူးစရာကောင်းတဲ့ ရွှေရောင်ညတစ်ညမှာ လပြည့်လကို ငေးမောရင်းလည်း အတူဖြတ်သန်းခွင့် ရခဲ့ဖူးတယ်...။ ကြယ်ရောင်နည်းတဲ့ ညကို ကော်ဖီနဲ့အတူတူမြည်းခဲ့ဖူးတယ်...။ သူပေးခဲ့ဖူးတဲ့ ရင်ခုန်သံပါးပါးလျားလျားလေးတွေကိုလည်း ဘယ်ဖက်အိပ်ကပ်ထဲ သိမ်းထားခဲ့ဖူးတယ်...။ ကိုယ့်လက်ဖ၀ါးထဲကို သူထည့်ပေးခဲ့ဖူးတဲ့ အလွမ်းတွေကို ဖမ်းဆုပ်ကိုင်ထားခဲ့ဖူးတယ်...။
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အရာတွေနဲ့ အချိန်တွေကို လွမ်းဆွတ်ကြည့်ရတာဟာ ခါးသက်နာကျင်လှ ပေမယ့် အဲဒီခံစားမှုကို နောင်တတစ်ခုလို့မသတ်မှတ်ဘဲ တစ်သက်သာ
သိမ်းဆည်း ထားရမယ့် အမှတ်တရပို့စ်ကဒ်လေးတစ်ခုလို့ပဲ ကိုယ်ခံယူချင်ပါတယ်..။
နေရာအသစ်ကိုရောက်ပြီး ဘ၀အသစ်စ အချစ်အသစ်နဲ့ဖြစ်နေတဲ့
သူ့ကို ဘယ်လိုမှတွေ့ဆုံပတ်သက်မှု မရှိနိုင်(မရှိသင့်)တော့ပေမယ့် အိပ်မက်ထဲတစ်ခဏရောက်လာခဲ့တဲ့ သူ့အတွက် ချရေးဖြစ်သွားတဲ့
ကိုယ့်ရဲ့ ဒိုင်ယာရီလေး...။
...................................
+မိုးငွေ့+
...................................
+မိုးငွေ့+
Labels:
အက်ဆေး
Thursday, June 16, 2016
"အတိတ်ကို လွမ်းဆွတ်ခြင်း"
မိုးစက်မိုးပေါက်များ တဖွဲဖွဲကျနေသည်။ လေက တစ်ချက်တစ်ချက် ဝေ့ခနဲတိုက်လိုက်စဉ် တံစက်မြိတ်က
ကျနေသော မိုးရေစက်တို့ ယိမ်းနွဲ့သွား၏။ သစ်ရွက်သစ်ခက်
တို့သည် မိုးရေကြားတွင် ရွှဲရွှဲနစ် လျက်ရှိ၏။ ကျေးငှက်များ ခေါင်မိုးအစွန်းက သစ်သားတန်းမှာ မိုးဝင်ခိုသည်ကို တွေ့သည်။ သည်အချိန်ဆို ကျွန်တော့်အမျိုး
တွေရှိရာ ရွာမှာလည်း သည်လိုပဲ မိုးကောင်းနေတော့မည်။
ဟိုးတုန်း ကတည်းက ရပ်ကွက်ဟုခေါ်သည့်တိုင်
ကျွန်တော်တို့ကတော့ ရွာဟု
ခေါ်ရသည်ကို အားရ၍ ယခုတိုင် ရွာဟုသာ စွဲနေမိသည်။
ရွာမှာ တာလမ်းမကြီးတစ်ခုရှိသည်။ ဟိုစဉ်က လမ်းများက မညီမညာ၊ ကျောက်ခဲများက ဖုထစ်ကြွရွ၊ ထွက်ချင် ထွက်လျက်။
လှည်းများ သွားလိုက်တိုင်း ဘီးကျသံ၊ ဘီးကြိတ်သံ
ဆူဆူညံညံကို ကြားရမြဲ။ သည် တာလမ်းမကြီး ဘေးမှာ
ကုက္ကိုပင်တွေ အစီအရီရှိသည်။ နွေဆို အရိပ်တော်တော်လေး ရ၏။ ဖုန်မှုန့်များ ထသည့်အခါ အပင်ကြီးများက စိမ်းစိုခွင့် မရှိအောင်၊ သစ်ရွက်များ ဖုန်မှုန့်လိမ်းကာ နီညိုရောင်တွေ ပေါက်ကုန်သည်။
ရွာမှာ'ရွာထဲလမ်း' ဟုခေါ်သည့် ရွာအတွင်းက ဖြတ်သွားရသော လမ်းလည်းရှိသေးသည်။ တာလမ်းကျယ်၍ ရွာထဲလမ်းသည် လှည်းတစ်စီး မောင်းရုံသာ။
တိုက်ဆိုင်၍ အရှေ့ဘက်ထိပ်မှ လာသောလှည်းနှင့်
အနောက်ဘက်ထိပ်မှ လာသောလှည်းတို့ ရွာထဲလမ်းမှာ
ဆုံသည့်အခါ ရွာထဲက အိမ်တစ်အိမ်ထဲကို ခဏ ၀င်မောင်းကာ ရှောင်ပေးရတတ်သည်။ တာလမ်းမှာတော့ ကျောက်ခင်းထားသော အပေါ်လမ်းကလည်း ကျယ်၊ ကျောက်မခင်းထားသော အောက်မြေကလည်း
ကျယ်မို့ လှည်းများ ဥဒဟို သွားနိုင်သည်။ လမ်းမကောင်း
သော်လည်း အရှေ့ဘက် ပဲခူးရိုးမမှ ဆင်းလာသော သစ်ကားများ
သွားလာနိုင်သည်။ ငယ်စဉ်က နွေကျောင်းပိတ်လျှင်
ကျွန်တော်တို့ ရွာသို့ သွားလည်လေ့ရှိသည်။ အဖေနှင့် အမေ နှစ်ယောက်စလုံး ထိုနယ်သားများ ဖြစ်ရာ ရွာကို
အလည်သွားရလျှင် ကျွန်တော်
အလွန်ပျော် ပါသည်။ နေလျှင်အမေ့ဘက် အမျိုးများ အိမ်မှာ
နေ၏။ အဖေ့အိမ်က အမေ့အိမ် ခြေရင်းမှာဖြစ်ရာ အဖေနှင့်
အမေ့အိမ် ၀န်းကျင်မှာ
အမျိုးများ ၀ိုင်းနေ၏။ ထို့ကြောင့် ထမင်းစားလ ကျွန်တော်တို့က
စားချင်သည့်အိမ် ၀င်စားလိုက်သည်။ အဖေနှင့် အမေသည် နှစ်ဖက်မိသားစုမှာ သားအကြီးဆုံးနှင့် သမီးအကြီးဆုံးများ ဖြစ်၏။ ရွာမှာရှိသော
ကျွန်တော့် ဦးလေး၊ အဒေါ်များသည် အဖေနှင့် အမေ့ အောက်များဖြစ်သည်။ ထို့ပြင် ညီအစ်ကိုမောင်နှမ
တစ်တွေထဲမှာ အဖေနှင့် အမေသာ
ရန်ကုန်မှာ စအခြေချပြီး၊ ကျန်သူတွေက နယ်တွေမှာသာ
ကျင်လည်ခဲ့ရရာ ကျွန်တော်တို့ကို အားလုံးက ၀ိုင်းဂရုစိုက်ကြ
လေသည်။ ရန်ကုန်သားများ ဖြစ်၍ တစ်ကြောင်း၊ အဖေနှင့် အမေ့ မျက်နှာကြောင့် တစ်ကြောင်း၊ တစ်နှစ်မှ တစ်ခါသာ လာလည်ကြသူတွေ ဖြစ်၍တစ်ကြောင်း၊ အဘိုးအဘွားများ၊ ဦးလေးအဒေါ်များ၊ ညီအစ်ကို မောင်နှစ်မ ၀မ်းကွဲများနှင့် ရှိသမျှ ဆွေမျိုးအားလုံးက ဂရုစိုက်ကြသည်။ ထို့ကြောင့် ကျွန်တော်တို့ အလွန်ပျော်ခဲ့ရသည်။ ကျွန်တော်တို့က ညီအစ်ကို
သုံးယောက်ဖြစ်သည်။ အဖေ့ဘက်က ညီတွေက မွေးသမျှ ကလည်း
ယောကျာ်းလေး များ၏။ တိုက်ဆိုင်စွာ ဆွေမျိုးများက မွေးသော သူများသည် လည်း ယောက်ျားလေး များ၏။ သည်အခါ
ကျွန်တော်တို့ အဖို့ ပိုပြီး ပျော်စရာကောင်းသည်။ တာလမ်းမှာ
လှည်းနှင့် ကားရှုပ်၍ ကျွန်တော်တို့ တာလမ်းကို မထွက်။ ကျွန်တော်တို့တည်းရာ အမေ့အိမ် သည် ရွာထဲလမ်းမှာ ဖြစ်ပြီး၊
လှည်းနှင့် ကားရှင်း၍ များသောအားဖြင့် ကျွန်တော်တို့
ညီအစ်ကိုတစ်စု ရွာထဲလမ်းမှာ ကစားကြသည်။ ဘောလုံးကန်သည်။ ဂယ်ပုံဖြိုသည်။ 'ဂယ်ပုံ' ဆိုသည်မှာ လောက်စာလုံး သုံးလုံးကို အခြေချ၊ နောက် တစ်လုံးကို အပေါ်မှာ ဖိုခုံလျှောက်ဆိုင် တင်ပြီး ထားခြင်းကို ခေါ်သည်။ ထိုအပုံတွေကို အရုပ်ထောင်ပစ်သလို
တန်းစီပြီး ပစ်ရတာ ဖြစ်သည်။ ထိုအချိန်တုန်းက ရှုံး၍ လောက်စလုံး ကုန်သွားလျှင် တစ်ရာတစ်ကျပ် စသဖြင့်
ဝယ်ရသည်။ ကစား၍ အားရလျှင် ငှက်ပစ်ထွက်သည်။ ခြံများက အကျယ်ကြီးမို့ ငှက်ပစ်ထွက်ရသည်က စိတ်ဝင် စားစရာ
ကောင်းသည်။ ခြံတော်တော်များများက အမျိုးများ၏ ခြံချည်းမို့
ခြံစည်းရိုးကို ကျော်ကာ ကူးချင်သလို ကူးကြသည်။ ရံဖန်ရံခါ၌
ငှက်ပစ်ရင်းအဘိုးလေး၊ အဘွားလေး၊ ဦးလေး၊ ဒေါ်လေးများ
မသိအောင် သူတို့ သရက်ပင်က သရက်သီးကို ပစ်ချသည်။
ထို့နောက် ပါလာသည့် ဓားမြှောင်တိုလေးနှင့် ခွဲ ၊ ဆားထုပ်၊ ငရုတ်သီးမှုန့်ထုပ်များဖွင့်၊ အားရပါးရ တို့စားကြသည်။
ချွေးက ရွှဲရွှဲ၊ လူက မောမောနှင့် တွေ့ သမျှ မြေပြောင်မှာ စားရင်း အားရလျှင် ကျောလှဲချ တစ်ရေးမှေးလိုက်ကြသည်။ ရံဖန်ရံခါ မှာတော့ နွားကျောင်းလိုက်သည်။ ရိုးပြတ်များ၊ မြေကျစ်စာခဲများ
ကို ဖြတ်ရင်း ဟုတ်ဟုတ် မဟုတ်ဟုတ် ရန်ကုန်သား နွားကျောင်း
ရခြင်းကို တကယ်ကျေနပ်သည်။ 'ဟဲ့နွား၊ ဟဲ့နွား၊ တယ် ဒီနွား ငါတီးလိုက်ရ' ဟု အော်သည့်အခါ ဦးလေးများက ရယ်သည်။ နွားကျောင်းရင်း
ရေဆာလျှင် ဖရဲခင်းတွေက ဖရဲသီးခူးပြီး ရေဆာပြေ စားရသည်။ နေစောင်းမှ ရွာကို ပြန်၏။ နွားချင်း ဝှေ့၍ ကြည့်ရသည့် အခါမျိုး၊ အားရပါးရ သီးချင်းအော်ဆိုရသည့် အခါမျိုးသည် လယ်ထဲမှာ နွားကျောင်းရသည့်အထဲက ပျော်စရာ။ ခရီးကျော်ပြီး တခြားရွာဘက်ရောက်လျှင်ရေတောင်းသောက်သည်။ နားတန်နားသည်။ နွားများ အစာ ၀တန် ကောင်းမှ ပြန်ရသည်။ လယ်ကွင်းထဲ ရောက်နေချိန် အဝေးရွာများဆီက ဟွန်းကြီးနှင့်
တွံတေး သိန်းတန်၊ ဟင်္သာတထွန်းရင် သီချင်းမျိုး ဖွင့်လိုက်လျှင်
ကျွန်တော် ရန်ကုန်သား လွမ်းချင်သည်။ အဖေနှင့် အမေက
နယ်မှာမွေး၍ ကျွန်တော့်ကို ရန်ကုန်မှာ မွေးသော်လည်း
ကျွန်တော်က နယ်ကို ပိုချစ်မိသလိုပင်။ 'ပန်းနွယ်ကစိမ်း' ဟု တွံတေးသိန်းတန် သီချင်းကြားလျှင် သည်ရွာထဲမှာပဲ
ဆက်နေရတော့ မလိုလို၊
'ကန်ပတ်လည် ခရေရိပ် ရွာထိပ်က ကျောင်းတော်သာ
နံဘေးဝယ်' ဆိုသော 'ကိုယ်ရယ်၊
မင်းရယ်၊ ပန်းပိတောက်ရယ်' ကို ကြားလျှင် ရွာဦးကျောင်းကိုပဲ
သွားချင်နေသလိုလို သည်လိုစိတ်မျိုးက ဖြစ်ဖြစ် လာသည်။ အလှူရှိသောနေ့၊ နတ်ကနားပွဲပေးမည့်ည ၀ိုင်းကူလုပ်ရင်း အမျိုးများနှင့် နေရသည်ကလည်း ကျေနပ်စရာ။ ရံဖန်ရံခါတော့
အိမ်ရှေ့က ကွပ်ပျစ်လေးမှာ ထိုင်ပြီး အဘွား၊ အဒေါ်၊ ဦးလေး၊
အဘိုး များပြောသမျှ စုန်း၊ သရဲ များ အကြောင်း စိတ်ဝင်စားစွာ
နားထောင်ရင်းအိပ်ခဲ့ရသည့် ညမျိုးရှိသည်။ အမေ၏ အမေ
ကျွန်တော်၏ အဘွားသည် အတန်းပညာ သိပ်မတတ်သော်လည်း
စကားပြောကောင်း၏။ အမေ့ အဖေ
ကျွန်တော့် အဘိုးကတော့ ကျွန်တော်တို့ ခပ်ငယ်ငယ်လောက်က ဆုံလိုက်သည်။ မှတ်မှတ်ရရ အဘိုးက သူ့ခြံထဲက ခြဲစောင့်တဲလေးမှာ သူ့သမီးနှင့် မြေးတွေပျော်ဖို့၊ အပျော်ထမင်း တစ်ခါချက်စား ကြသည်။ သည်တုန်းက အဘိုးဘက်က အဘွားလေးတစ်ယောက် ဒန့်သလွန်သီးနှင့် မြွေစိမ်းမြီးခြောက် မှားခူး၍ ကျွန်တော်တို့ ထိတ်လန့်ခဲ့ရသည်။
ကျွန်တော်တို့ အရွယ် သိပ်မရောက်ခင်မှာပဲ အဘိုးဆုံးသွားသည်။ သည့်နောက်ပိုင်း အဘွားနှင့် အဒေါ်တွေသာ ကျွန်တော်တို့ကို အချစ်ပိုခဲ့ကြ၏။ အဖေ့ဘက်က အဘိုးနှင့်
အဘွား ကျတော့ ကျွန်တော်တို့ကို ဂရုစိုက်ချင်သော်လည်း
အမေဘက်က အိမ်မှာ ကျွန်တော်တို့၏ အဒေါ်များရှိ၍ ထို အိမ်မှာပဲ တည်းနေကြသောအခါ ဂရုစိုက်ချင်တိုင်း စိုက်ခွင့်မရရှာ။ ထမင်းနှင့် မုန့်များ ခေါ်ကျွေးသည့်တိုင် ကျွန်တော်တို့က စားပြီး
ခဏသာနေ၏။ ပြီးလျှင် ရွာထဲ လမ်းကို ရောက်နေပြီဖြစ်သည်။ များသောအားဖြင့် အဘိုးနှင့်
အဘွားသည် ကျွန်တော်တို့ကို လာရှာရ သည်က များသည်။
ညဘက် စကားပြောလျှင်လည်း အမေတို့ အိမ်ဘက်ကို
ကူးလာပြီး ပြော၏။
အမေနှင့် အဖေ နှစ်ဖက်စလုံးမှာ ခြံအကျယ်ကြီးများ ရှိသည်။ ကျွန်တော်တို့က ခြံထဲက သီးပင် စားပင်များကို ချောင်းကာ စားဖို့သာ ကြံခဲ့ကြသည်။ ထိုခြံကြီးများ၏ နောက်မှာ ရေကန် အကြီးကြီး
တစ်ကန်ရှိ၏။ ထိုကန်ထဲမှာ ရေဆင်းကူးမှာ စိုး၍ အဘွားနှင့်
အဒေါ်များ တုတ်နှင့် လိုက်ခဲ့ဖုးသည်။ ကျွန်တော်တို့ကလည်း
ဦးလေးများ၊ ညီအစ်ကို ၀မ်းကွဲများနှင့် မရရအောင် ကူး၏။
ငှက်ပျောတုံးကို ဖက်ကာ
ဟိုဘက်ကမ်း၊ သည်ဘက်ကမ်းပင် ကူးလိုက်သေး၏။
ရေကူးတတ်တော့ အဘွားကို ကြွားရာမှ အကုန်ပေါ်ကာ ရန်ကုန်က လှမ်းခေါ်၍ ပြန်ခဲ့ရဖူးသည်။ မိုးတွင်းဆိုလျှင် ထိုကန်ကြီးက ရေများပြည့်လျှံနေ၏။ ရေကုးရသည်က အမျိုးတွေချည်းမို့ ပျော်စရာ၊ ရေထဲကို ထိုးကျနေသော
သစ်ပင်၏ ကိုင်းသည် ဒိုင်ဗင်ဘုတ် ဖြစ်၏။ ရေကုးကျွမ်းသူ
ဦးလေးများက ဂရုစိုက်ပေးသည်။ တစ်ခါမှာတော့ ကလေး
တွေဖြစ်သော ကျွန်တော်တို့ အင်္ကျီ၊ ဘောင်းဘီချွတ်ပြီး ကူးကောင်းနေတုန်း၊ အမျိုးတစ်ယောက်က နောက်ချင်၍ ရှိသမျှ
အ၀တ်တွေ အကုန်ယူပြီး အဘွားကို သွားပေးထားရာ
အ၀တ်တချို့ကို လုံလုံခြုံခြုံ သိမ်းထားသော ဦးလေးများ၏
ပုဆိုးများကို တစ်ထည်လျှင် နှစ်ယောက်၊
သုံးယောက်စီ ပတ်လျက် အိမ်သို့ ပြန်ရလေတော့သည်။
ဖြစ်ချင်တော့ ထိုနေ့က ကူးမိသောနေရာသည် အဘွားလေး
တစ်ယောက်၏ခြံနောက်ဖေးဘက်၊ ဒိုင်ဗင်ဘုတ် သစ်ကိုင်းရှိရာမှာ
ဖြစ်၍၊ ကျွန်တော်တို့ တည်းရာ အဘွား၏အိမ်ကို ပြန်ဖို့
ထိုခြံထဲက ထွက်၊ ရွာထဲလမ်းကသာ သွားရရာ၊ ရွာထဲက
အမျိုးတွေက ကျွန်တော်တို့ကို ကြည့်ကာ ရယ်ပါလေတော့သည်။ မိုးတွင်းကို ကျွန်တော်တို့ ရောက်ခဲပြီး
နွေဘက်သာ အရောက်များရာ တစ်မျိုးစီ ပျော်ရသည်ကတော့ အမှန်ပင်။ နွေဘက်ဆို ပဲခြွေပဲလှေ့ရင်း တလင်းထဲမှာ အဘိုးတွေ၊ အမျိုးတွေကို ကူ၊ မိုးတွင်းကျတော့ သူတို့ ငါးရှဉ့်တွေ၊ ငါးတွေ၊
ဖားတွေ ရလာလျှင် ၀မ်းသာစွာ ကြည့်ရနှင့် ငယ်ဘ၀ကို ဖြတ်ခဲ့ရသည်။
အချိန်များကို များစွာ ကျော်လွန်ပြီးသည့် နောက်မှာတော့ အရာရာသည် ပြောင်းလဲသွား၏။ တာလမ်းသည် ကျောက်စရစ် သိပ်ထားသော ထုနှင့် ထည်နှင့် လမ်းဖြစ်သွား၏။ ရွာထဲလမ်း သည်လည်း ကျောက်အမာ သားများ နှင့် ဖြစ်ရ၏။ တာလမ်းပေါ်မှာ လှည်းတွေသာမက ဆိုင်ကယ်တွေ၊ ကားတွေ တ၀ုန်းဝုန်း ဖြစ်နေသည်။ ယခင်က ကူးချင်သလို ကူးနေသော လမ်းတွေက ခုတော့ ဘေး ဘယ်ညာ သေချာ ကြည့်နေရလေပြီ။ အမေဘက်က အဘွားဆုံးသွား၏။ အဖေဘက်က အဘွားလည်း ထပ်မံဆုံး၏။ အဘိုးတစ်ယောက်တည်း ကျန်၍ ရန်ကုန်ကို ခေါ်ထားရသည်။ အဒေါ်တွေ၊ ဦးလေးတွေလည်း အိမ်ထောင်ကျသူကျ၍ အိုးခွဲ၊ အိမ်ခွဲ ဖြစ်ကုန် ကြသည်။
အတူကစားနေကျညီအစ်ကို ၀မ်းကွဲများလည်း တခြားမြို့ရွာများမှာ အလုပ်သွားလုပ် နေကြသည်။ ကျန်နေသော အမျိုးများကျတော့လည်း တစ်ယောက်နှင့်တစ်ယောက် မခေါ်မပြော သူတွေပင် ရှိကြသည်။
ယခင်တုန်းက ရွာဦးကျောင်းမှာ ဥပုသ်စောင့်၊ သီလယူ၊ စေတီထီးတင်ပွဲ ၀ိုင်းကူသူများလည်း မရှိကြတော့။ ယုတ်စွ အဆုံး ၀ိပဿနာမျိုးစေ့ကို သည်ရွာမှာ စချခဲ့သော ဆရာတော်ပင် တခြားမြို့ကိုရောက်သွား၍
ယခင်လို ဆိုဆုံးမမှုတွေ ဝေးနေကြပြီထင်၏။ ဆရာသစ်၊ ဒကာသစ်တွေကြား၊ ဒကာဟောင်း များ၏ ပြဿနာကို မည်သူမျှ မသိနိုင်တော့။ ကျွန်တော်လည်း ကျောင်းပြီး အလုပ်ထဲရောက်
ကတည်းကရွာကို မသွားဖြစ်။ အဘွားတွေ ဆုံးစဉ်က ရောက်သွား တော့လည်း ခြောက်တိခြောက်ကပ်။
ဓာတ်စက်က လာသောအသံက တွံတေးတို့၊ ဟင်္သာတတို့ မဟုတ်တော့။ ဂီတ လက်သစ်တွေ ဖြစ်ကုန်၏။ ရွာက လက်ကျန်ညီငယ်လေးတွေပင် ဂီတာလေး ဒေါင်ဒင်ဒေါင်ဒင် ဖြစ်နေ၏။ နေ့ဘက်ဆို ဘယ်နားနေရမှန်း မသိ။ ဟိုနားထိုင်ပျင်း၊ သည်နားထိုင်ပျင်း လာ၏။ အားလုံးက စားဝတ်နေရေး ဆိုသော စကားလုံးအောက်မှာ ပိကာ လှုပ်ရှားနေကြပြီ။ အဖေ့ဘက်က အဘွားဆုံးပြီးချိန်၊ ကျွန်တော် ကျောင်းပြီးချိန်၊ ရှေ့ဆင့်နောက်ဆင့်များ ဖြစ်၍ ဘ၀အတွက် ရှေ့ဆက်ရန် အလုပ်ရှာရမည့် ကျွန်တော်လည်း ရွာကိုမရောက်တာ အဆန်း မဟုတ်နိုင်တော့။
ဘာပဲဖြစ်ဖြစ် မိုးရေဖျန်းထားသော မြေလမ်းလေးများကို ဖြတ်ရလျှင်၊
မြေသင်းနံ့လေးပျံ့ခနဲရလျှင်၊ အစိမ်းရောင် လယ်ကွင်းများကို မြင်ရလျှင် တောသီချင်းများကြားရလျှင်၊
စိမ်းစိုစို ကုက္ကိုရိပ်များ တွေ့ရလျှင် ကျွန်တော့် စိတ်ထဲမှာ ရွာကို သတိရမိပါသည်။ အတိတ်တုန်းက ကျွန်တော်တို့ ကြုံခဲ့သော ဘယ်တော့မှ ပြန်မရနိုင် တော့သည့် နွေးထွေးသော ဘ၀များသည် နောက်မှာ ကျန်ခဲ့ပြီမို့ တိုက်ဆိုင်လျှင်တော့
ကျွန်တော် လွမ်းမိ ပါသေးသည်။ ။
......................................
+သားလတ်+
(၂၀၀၃ခုနှစ်-နိုဝင်ဘာလ၊ ဂန္ထ၀င်မဂ္ဂဇင်း)
......................................
+သားလတ်+
(၂၀၀၃ခုနှစ်-နိုဝင်ဘာလ၊ ဂန္ထ၀င်မဂ္ဂဇင်း)
Labels:
အက်ဆေး
Saturday, June 11, 2016
= အလွမ်းမိုးရိပ်=.
အိန်ဂျယ်ပို့စ်လေးတွေ စမရေးခင်တုန်းက အက်ဆေးလေးတွေသွားပြန်ဖတ်ရင်း အဲဒီပို့စ်တွေမှာ မင်းနဲ့ ကော်မန့်တွေအပြန်အလှန် ပြောထားတာလေးကြောင့်
မင်းကို သတိရလွမ်းဆွတ်ခြင်း မိုးတိမ်တွေ တရိပ်ရိပ်လာခဲ့တယ်.....။ မောင်စိန်ဝင်း(ပုတီးကုန်း) ကဗျာလေးကိုတောင်ပြေးသတိရမိတယ်...။ “ဒါပါပဲကွယ်...
ပုံပြင်ရယ်ထား အိပ်မက်များလို မေ့သွားနိုင်ရိုး အဖြစ်မျိုးလား မြတ်နိုးနှောင်ရစ် သောကမြစ်လျှံ ချစ်ခြင်းဆင်းရဲ မိုးသားမဲညို ပြိုမည်အုန်းအုန်း မိုးထစ်ချုန်းပြီ နှလုံးသား
တောင်ထိပ်မှာ အလွမ်းမိုးရိပ်တွေပါညို".....။
ဒီမနက် မင်းသူငယ်ချင်းတွေထဲက တစ်ယောက်အွန်လိုင်းမှာ လာနှုတ်ဆက်လို့ စကားပြောရင်းလည်း မင်းကို လွမ်းသွား
မိပြန်တယ်..။ “ကျွန်တော်တို့တွေ မတွေ့ဖြစ်ခဲ့တဲ့ နှစ်တော်တော်ကြာသွားပြီထင်တယ်နော် အစ်မ” တဲ့ မင်းသူငယ်ချင်းတွေလည်း ကလေးအဖေတွေဖြစ်ကုန်ပြီလေ...။ ကိုယ့်ကိုလာနှုတ်ဆက်တဲ့ မင်းသူငယ်ချင်းက သူ့အမျိုးသမီးလေး ကိုယ်ဝန်လွယ်ထားပြီဆိုပြီး အစ်မရောတဲ့... ကိုယ်လည်း သားကလေးတစ်ယောက်ရပြီလို့ ကိုယ့်တူလေးနဲ့ရိုက်ထားတဲ့ ပုံလေးပြလိုက်တယ်။ သူယုံသွားတယ် ဟဟ...း)) ။
ဒီလ ဦးသုမောင်ရဲ့ စာပေသဘင် စာအုပ်ဒုတိယတွဲဝယ်ဖတ်ဖြစ်တော့ အိန်ဂျယ်စာစုတွေကို ဦးသုမောင် ဂျယ်နယ်မှာရေးခဲ့သမျှဆောင်းပါးတိုလေးတွေစုပြီး စာအုပ်ပြန်
ရိုက်သလိုဆို စာအုပ်တစ်အုပ်ကောင်းကောင်း ရလောက်ရဲ့နော်...။ မနှိုင်းသာပါဘူး... ဦးသုမောင်ဆိုတာ ရုပ်ရှင်မင်းသားမဖြစ်ခင်
ကတည်းက အဆိုတော်မဖြစ်ခင်ကတည်းက စာအရင်ရေးခဲ့တဲ့ စာရေးဆရာ ၀ါရင့် သဘာမြင့်မဟုတ်လား...။
အိန်ဂျယ်ကိုလည်း လွမ်းရင်း တခြားကိုယ်ဖတ်ထားတဲ့စာအုပ်လေးတွေအကြောင်းလည်း
ရေးပါဦးမယ်...။
..................................
+မိုးငွေ့+
..................................
+မိုးငွေ့+
Labels:
အက်ဆေး
Thursday, May 26, 2016
=မယ်လမင်း ရဲ့  ကြက်ဋီကာ=
တနေ့သနှိုက် ကျွန်ုပ်ဧ။်သူငယ်ချင်း ၀တိုတိုအမျိုးသမီးသည် နာလန်ထလူမမာထုံးစံစားချင် သောက်ချင် စိတ် များတဖွားဖွားဖြစ်ပေါ်လျက်ရှိရာ သူဧ။် သူငယ်ချင်း
ခပ်ပျင်းပျင်း ကျွှန်ုပ်ကိုလည်း အားမကိုးရသည့်
အလျောက် အတ္တာဟိအတ္တေ န္တာနာထော ထုံးနှလုံး
မူလျက် မီးဖိုထဲဝင်ကာ
ဂါဝန်ကိုခါးတောင်း ကျိုက်လျက် ချက်ပြုတ်ရှာလေသည်။
ကျွှန်ုပ်မှာကား အလကားနေသည်မထင်လိုက်ပါနှင့်။ ထိုအမျိုးသမီးချက်ပြုတ်နေချိန်တွင် ဓါတ်သဘာဝ တို့ ဧ။်
ဖေါက်ပြန်သော သဘောကြောင့် လေအေးပေးစက် ခရစ်တော်နှိုက်အိပ်ပျော်သွားရာ အပူဒဏ်ကို အန်တုနိင်ရန် လျှပ်စစ်လေဒလက် တလုံးကို နေပူပြင်းပြင်းအောက်မှာ
ချွေးတလုံးလုံးနှင့်သွားဝယ်ပြီးသကာလ မြတ်စွားဘုရား
ဟောကြားခဲ့သည် လမ်းစဉ်အတိုင်း ကိုယ့်အားကိုယ်ကိုးကာ ပင်ပန်းတကြီးတပ်ဆင်လျက်ရှိပေသည်။
(စကားချပ်….ဗဟုသုတအရာနိုက် ကျွမ်းကျင် လိမ်မာလှသော အကျွန်ုပ်သည် မတ်တပ်ရပ် လျှပ်စစ်လေဒလက်ဧ။် ရှည်အောင်
ထုတ်ရသော သံအရိုးတံကိုမတွေ့ သဖြင့် ရောင်းလိုက်သောဆိုင်မှ သကောင့်သား မောင်ကုလားများကို တိုးတိုးတမျိုး ကျယ်ကျယ်
တဖုံ ရှစ် (နွားချေး) ဟုမကြာခဏ စိတ်ဆိုးတိုင်း ဂါထာစုတ်လျက်
ရှိရာ သံအရိုးတံမှာ မနေနိုင်တော့ဘဲ အောက်ခံ အရိုးတံထဲမှ
ထွက်ကျကာ ကိုယ်ရောင်ပြရလေသတည်း)။
ထိုသို့  ၂ယောက်သားကိုယ်သန်ရာသန်ရာကဏ္ဍတွင် လုံ့ လစိုက်ထုတ်ကြရာ နာရီ ၂မောင်းတီးအချိန်တွင်
ထမင်းဟင်းများ လည်းကျက် ကာ ကျွန်ုပ်ဧ။် လေဒလက်သည်လည်း သူ့ ဂျူတီကိုစ၀င်နေပေပြီ။ အာရုံစိုက်မှုတခုခုမရှိလျှင်
မရပ်တည်နိုင်သော လူ့ သဘာဝအရ အာရုံနောက်တမျိုးပြောင်းကာ ဆာသော ဝေဒနာကို အလွန်အမင်းခံစားရလေသည်။
သို့ နှင့် နေ့ လည်စာ အချိန်လွန် အဟာရမှီဝဲခန်းစလေရာ ကျွန်ုပ်သူငယ်ချင်းချက်ပြုတ်ထားသောဟင်းနှင့် စားကောင်းခြင်းမက ဘိုက်ကားအောင်စားမိကာ လေဒလက်မှအေးသောအရသာကြောင့် စားပီးသည်နှင့် ခင်းထားသောအိပ်ယာပေါ်သို့  ကျောဆန့် ကာ
ထမင်းလုံးစီမိလေသည်။
ထိုသို့ မှေးတေးတေးအိပ်ပျော်မလို မပျော်မလို ကာလတွင်
ကျွန်ုပ်စိတ်နှိုက် စားခဲ့သောဟင်းကိုပြန်တွေးကာ ကြက်ဋီကာ
ဖွင့်သည်ကို ကြားသော ၀တိုတိုသူဝယ်ချင်းသည် စိတ်ဆိုးရလိုရီရမလိုဖြစ်ပေတော့သည်။
ကျွန်ုပ်။ ဟဲ့..ငါတို့ စားတာဒီနေ့ ကြက်သားဟင်းနော်။ နောက်တခုက ကြက်ဟင်းခါးသီးကိုကြက်ဥနဲ့  ကြော်တာ။
သူငယ်ချင်း။ အေးလေ. ဘာဖြစ်လို့ လဲ
ကျွန်ုပ် ။ ဘာမှမဖြစ်ပါဘူး…စဉ်းစားမိလို့ ပါ။
သူငယ်ချင်း ။ ဘာကိုတုန်း။
ကျွန်ုပ် ။ ကြက်ခေါင်းဆိတ်မခံလို့ ပြောရအောင်ဆူဆူညံညံ အသံထွက်နေတဲ့ အ၀တ်ခြောက်စက် ရှိတဲ့  မီးဖိုထဲမှာ ချက်ထားတဲ့ ကြက်သားဟင်းရယ် ကြက်ဟင်းခါးသီးကို ကြက်ဥနဲ့ရောကြော် ထားတဲ့ဟင်းကို ကြက်သီးထအော င်စားပီးတော့ အခုအိပ်ယာထဲမှာ ကြက်အိပ်ကြက်နိုးနဲ့  မှေးနေမိတယ်။
သူငယ်ချင်း။ အဲဒါဘာဖြစ်လဲ။ နင်ကငါချက်တာစားပီးတော့ ဘာမကောင်းဘူးပြောချင်တာလား
ကျွန်ုပ်။ မဟုတ်ပေါင်သူငယ်ချင်းရယ်။ အ၀တ်ခြောက်စက်လို အသံနဲ့ ကြက်ခေါင်းဆိတ်မခံပြန်မပြော ပါနဲ့ ။ ငါ့မှာသက်ကြီး ခေါင်းချကြက်တွန်သံ ကြားတည်းကနိုးနေတာ အိပ်ရေးတွေမ၀လို့  စကားပြောမှားတယ် ထားပါ။ နင်ရန်တွေ့ တာကြားရတာငါအံ့သြလွန်း လို့ ကြက်သေတောင် သေသွားတယ်။
သူငယ်ချင်း ။ နင်ကဘာလို့ အိပ်မပျော်ရတာလဲ
ကျွန်ုပ် ။ အော်ဘ၀အကြောင်းတွေးနေမိလို့ ပါ။ သူများတွေပြောကြတဲ့စကားလို ဘ၀ဆိုတာကြွေတလက် ကြက်တခုန်လို ဆိုတာ ငါ့အတွက်ဘယ်တော့ကြက်ခုန် ပါ့မလဲလို့ လေ။ ဒါပေမဲ့လဲ ကြက်မဘယ်လောက်တွန်တွန် မိုးမလင်းဘူးဆိုတာလဲ ကြားဖူးသား။ မမျှော်လင့်တော့ပါဘူး။ ဒီလအတွက်တော့ နှမလက်ကောက်ပေါင်ပေဦးလို့ ဘဲ သဘောထားလိုက်တယ်။
သူငယ်ချင်း။ အေးဟေ့။ ဒါဆိုလဲ ပြေးနေတွေးနေတဲ့ နင့်ရဲ့ စိတ်ကို ကြက်ပေါင်ကွင်းနဲ့ ခိုင်ခိုင်ချည်ပြီး ကြက်မ၀ပ်ကျင်းထဲမှာထဲ့ထားလိုက်။ ငါတော့ကြက်ပေါင်သီး ငါးပိချက်လေး စားချင်လာလို့  စဉ်းစားရင်း အိမ်မက်မက်လိုက်ဦးမယ်။
ထိုသို့ ဆိုပြီးသကာလ သူငယ်ချင်းသည် သူဧ။် စက်ခုအာရုံ မျက်လုံး ၂စုံကို ကြက်အိပ်ကြက်နိုးပုံစံနဲ့ မှေးပြီး မကြာမှီပင် ကြက်သေသေခြင်းေ၇ာက်လျက် အလာအရှင်မြတ်နှင့် ယေရှုခရစ်တို့ ဧ။် ခေတ္တ (ယာယီ) ခေါ်ဆောင်ရာသို့အိမ်မက်မက်ရင်း ကြက်မွှေးလေထဲလွှင့်သကဲ့လို့ခရီးနှင်လေရာ တခေါခေါ ဟောက်သံများပင် ထွက်လာခိုက် အဝေးမှ ကြက်တွန်သံများကိုပင်ဖုံးလွှမ်းသွားလေသတည်း။
-ဖြည့်စွက်ချက်-
ဤစာကိုကြက်ကန်းဆန်အိုးတိုးသလိုအတွေးပေါ်သခိုက်ရေးပြီး သကာလအလုပ်မလုပ်ချင်ပျင်းရိငြီးငွေ့ သောကြောင့် ကြက်လည်လိန်ထားသလိုကြက်နာကျပြီးညနေအချိန် အိပ်တန်းတက်ရန်အချိန်ရောက်ဖို့ ကို စောင့်မျှော်နေမိပါကြောင်း။ ကြက်ဍီကာ ပြီးဧ။်
ရေးသူ။ ကျမ မဟုတ်ပါ။ .
......................................
+ရိုးရိုး+
ကျွန်ုပ်။ ဟဲ့..ငါတို့ စားတာဒီနေ့ ကြက်သားဟင်းနော်။ နောက်တခုက ကြက်ဟင်းခါးသီးကိုကြက်ဥနဲ့  ကြော်တာ။
သူငယ်ချင်း။ အေးလေ. ဘာဖြစ်လို့ လဲ
ကျွန်ုပ် ။ ဘာမှမဖြစ်ပါဘူး…စဉ်းစားမိလို့ ပါ။
သူငယ်ချင်း ။ ဘာကိုတုန်း။
ကျွန်ုပ် ။ ကြက်ခေါင်းဆိတ်မခံလို့ ပြောရအောင်ဆူဆူညံညံ အသံထွက်နေတဲ့ အ၀တ်ခြောက်စက် ရှိတဲ့  မီးဖိုထဲမှာ ချက်ထားတဲ့ ကြက်သားဟင်းရယ် ကြက်ဟင်းခါးသီးကို ကြက်ဥနဲ့ရောကြော် ထားတဲ့ဟင်းကို ကြက်သီးထအော င်စားပီးတော့ အခုအိပ်ယာထဲမှာ ကြက်အိပ်ကြက်နိုးနဲ့  မှေးနေမိတယ်။
သူငယ်ချင်း။ အဲဒါဘာဖြစ်လဲ။ နင်ကငါချက်တာစားပီးတော့ ဘာမကောင်းဘူးပြောချင်တာလား
ကျွန်ုပ်။ မဟုတ်ပေါင်သူငယ်ချင်းရယ်။ အ၀တ်ခြောက်စက်လို အသံနဲ့ ကြက်ခေါင်းဆိတ်မခံပြန်မပြော ပါနဲ့ ။ ငါ့မှာသက်ကြီး ခေါင်းချကြက်တွန်သံ ကြားတည်းကနိုးနေတာ အိပ်ရေးတွေမ၀လို့  စကားပြောမှားတယ် ထားပါ။ နင်ရန်တွေ့ တာကြားရတာငါအံ့သြလွန်း လို့ ကြက်သေတောင် သေသွားတယ်။
သူငယ်ချင်း ။ နင်ကဘာလို့ အိပ်မပျော်ရတာလဲ
ကျွန်ုပ် ။ အော်ဘ၀အကြောင်းတွေးနေမိလို့ ပါ။ သူများတွေပြောကြတဲ့စကားလို ဘ၀ဆိုတာကြွေတလက် ကြက်တခုန်လို ဆိုတာ ငါ့အတွက်ဘယ်တော့ကြက်ခုန် ပါ့မလဲလို့ လေ။ ဒါပေမဲ့လဲ ကြက်မဘယ်လောက်တွန်တွန် မိုးမလင်းဘူးဆိုတာလဲ ကြားဖူးသား။ မမျှော်လင့်တော့ပါဘူး။ ဒီလအတွက်တော့ နှမလက်ကောက်ပေါင်ပေဦးလို့ ဘဲ သဘောထားလိုက်တယ်။
သူငယ်ချင်း။ အေးဟေ့။ ဒါဆိုလဲ ပြေးနေတွေးနေတဲ့ နင့်ရဲ့ စိတ်ကို ကြက်ပေါင်ကွင်းနဲ့ ခိုင်ခိုင်ချည်ပြီး ကြက်မ၀ပ်ကျင်းထဲမှာထဲ့ထားလိုက်။ ငါတော့ကြက်ပေါင်သီး ငါးပိချက်လေး စားချင်လာလို့  စဉ်းစားရင်း အိမ်မက်မက်လိုက်ဦးမယ်။
ထိုသို့ ဆိုပြီးသကာလ သူငယ်ချင်းသည် သူဧ။် စက်ခုအာရုံ မျက်လုံး ၂စုံကို ကြက်အိပ်ကြက်နိုးပုံစံနဲ့ မှေးပြီး မကြာမှီပင် ကြက်သေသေခြင်းေ၇ာက်လျက် အလာအရှင်မြတ်နှင့် ယေရှုခရစ်တို့ ဧ။် ခေတ္တ (ယာယီ) ခေါ်ဆောင်ရာသို့အိမ်မက်မက်ရင်း ကြက်မွှေးလေထဲလွှင့်သကဲ့လို့ခရီးနှင်လေရာ တခေါခေါ ဟောက်သံများပင် ထွက်လာခိုက် အဝေးမှ ကြက်တွန်သံများကိုပင်ဖုံးလွှမ်းသွားလေသတည်း။
-ဖြည့်စွက်ချက်-
ဤစာကိုကြက်ကန်းဆန်အိုးတိုးသလိုအတွေးပေါ်သခိုက်ရေးပြီး သကာလအလုပ်မလုပ်ချင်ပျင်းရိငြီးငွေ့ သောကြောင့် ကြက်လည်လိန်ထားသလိုကြက်နာကျပြီးညနေအချိန် အိပ်တန်းတက်ရန်အချိန်ရောက်ဖို့ ကို စောင့်မျှော်နေမိပါကြောင်း။ ကြက်ဍီကာ ပြီးဧ။်
ရေးသူ။ ကျမ မဟုတ်ပါ။ .
......................................
+ရိုးရိုး+
Labels:
အက်ဆေး
Wednesday, May 25, 2016
=မိန်းမချောရယ်..ဟော-ပိတောက်တွေပွင့်ပြန်ပါပြီကွယ်(သို့ ) နောက်ကျပိတောက်--အရောက်လာပါချေပြီ=
ဟုတ်ပါတယ်။ဒီကနေ့ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မှာရှိတဲ့
နေ့ သစ်(New Day)အလကကျောင်းက
ပိတောက်လမ်းမှာပိတောက်ပန်းတွေပွင့်ပါပြီအဆွေ။
*နောက်ကျပိတောက်
ဒီနှစ်ရောက်လာ
လာမှလာပါ့မလား
စိုးရိမ်သားကွယ်။*
*လာထားအာဘွား
ဆီးကြိုသားကွယ်
နည်းများမဆို
ကိုယ်ချစ်တယ်ကွယ်..*
အဲသည်လိုစိုးရိမ်လို့ မှမဆုံးသေး။တွံတေးနဲ့ မှသိန်းတန်က မိမိအနီးအနားမှာဇီးပြားရောင်း(အဲလေ)မိမိအနီးအနားမှာခရီးသွား ဟန်လွှဲဆိုသလိုကိုယ်ရယ်၊မင်းရယ်၊ပိတောက်ရယ်ဆိုပြီး ရင်ဖွင့်လာတယ်လေ။ကြည့်ဗျာ။
*ပန်းတကာ့..ပန်း..ဘယ်ပန်းကြိုက်သလဲကွယ်.....ရွေးချယ်ပေးခဲ့. .ပြန်ပါတယ်...တစ်ယောက်ပျို..မကိုဋ် ..ရယ်ကကွယ်.....ပိတောက်ကို... ကြိုက်ပြန်သတဲ့ကွယ်...ဒီတစ်ခါ..ပိတောက်..ဖူးရင်...
.ရည်စူး..ကြည်နူးချက်မပြယ်...ရွာကိုရောက် ရင်လည်း...ပိတောက်တစ်ခက်...နှင်း..ဆက်ပါ့မယ်....မိန်းမချောရယ်.. ဟော-ပိတောက်တွေပွင့်ပြန်ပါပြီကွယ်
(*တွံတေးသိန်းတန်ရဲ့  -ကိုယ်ရယ်၊မင်းရယ်၊ပိတောက်ရယ်*)
ရော......။တွံတေးနဲ့ မှသိန်းတန်ကြီးမိမိအနီးမှပြန်သွားလို့ မှ အဝေးမရောက်မီမာမာအေးကလည်း မဲဆောက်မြို့ နေ့ သစ်ကျောင်းရဲ့ ပိတောက်လမ်းမှာ လျှောက်စမ်းချင်ပါသတဲ့ဗျို့ ။
လာဗျို့ ..အန်တီအေး...ဆိုချလိုက်။
*တလွင့်လွင့်...ကြွေ......ပန်းကြွေကြွေ..ေ၇ွှရည်..လျှမ်းပေမယ့်... စမ်း..ရေ..ကျသံ..သာမောဘွယ်......တီးတိုးရယ်သံ..ကိုယ့်ကို.လှောင်လေ..သလား....ကွယ်..
ထုံသင်းကြိုင်နှောက်..ရွှေပိတောက်....ချိုရည်ရည်ရယ်... ငိုရီ..ငိုရီ..စသလား....သင့်အပါးထံ....တလွင့်လွင့်ပျံတယ်.... အချစ်ရယ်..ဇာတ်ကြောင်း.....ပြန်ပြောင်း..မပြောလိုတော့ဘူးကွယ်... ချစ်သူ..ချင်းဆုံ..ပန်းရုံအလယ်....ချစ်သူ....ခွာပြေး..ဟို..အဝေး နယ်...ကျယ်...(*မာမာအေးရဲ့ ပိတောက်လမ်း*) ကိုင်း...အသည်းနှလုံးတွေတစစီပြုန်းကာတရုတ်လက်ထဲကလီစာ(အာ-ဟုတ်ပေါင်)အသည်းတွေ၊နှလုံးပြူတွေ(အဲ-နှလုံးတွေ)အေးချမ်းမေဖြစ်နေ တဲ့အခိုက်မချိုသီချင်းဆိုမယ်-ဆိုပြီးချိုပြုံးကလည်းပိတောက်နဲ့ ပတ်သက်တဲ့ ဟောဒီသီချင်းကိုဆိုလာပါသဗျ။
*ပိတောက်ပန်းတွေ..ပင်ယံနန်းမြင့်..ဝေယံလျှမ်းပနေ...ငယ်ချစ် ဆွေရေ..နေနိုင်တော်....မူ..အားရက်ပေ....
အတိတ်..ကမ္ဘာ မြေ.. တွေး..တွေးရင်ဖြင့်လေ....ဒို့ တတွေ..ငယ်တုန်းကဆို....ပိတောက်တွေ... ပွင့်ရင်လေ......လွမ်းသလို..ဆွေးသလို..ပါမောင်ရေ... အချစ်..ကြီးသူများရဲ့ ..ဘ၀တာ..လမ်းတလျှောက်မလေ...ပန်းပိတောက် တွေ..ကြွေရာမြေ....ဂိမ္မာန်..နွေ.
.ဦးပြီမို့ လေ....တနှစ်..ကူးပေမယ့်.. အချစ်ဦး..မောင့်ကို..စောင့်ကြို..နေတယ်လေ....ဝေးတမြေ.... ခြားသူ..မောင်ရေ...*
(ချိုပြုံးရဲ့ *ပန်းပိတောက်တို့ ကြွေရာမြေ*)
မိမိတို့ ရင်လတ်ကြီး(အဲလေ)ရင်ဘတ်ကြီးတစ်ခုလုံးသိမ်းကြုံးခံစားသွား ရပါချေပြီ။အမျိုးအမည်မသိတဲ့ဝေဒနာတွေ-မကြေညာပဲ တစ်ကန့် ချင်း၊တလွှာချင်း၊တမဟုတ်ချင်း ချင်းနင်းဝင်ရောက်လာပါပကောလား။ ဟော..ဟိုမှာကိုဇော်ဝမ်းကြီး..သကြံန်မင်းသားကြီးလည်း မိမိအနီးရောက်ချလာပါသဗျို့ ။ *တနှစ်..တခေါက်တော့..အရောက်လာမယ်..မိန်းမချောလေးရယ်... ပိတောက်ပွင့်တဲ့..ရက်တွေ..အတူတွဲထွက်ကြမယ်...တွေ့ တော့မှ.. တစိမ်းတွေလို..စိမ်းမသွားနဲ့ ကွယ်...တနှစ်တယောက်မို့ .... မောင့်ကိုလေ..ဆီးကြိုမှာလား....*(ဇော်ဝမ်း)
အကြောင်းကြောင်းသောအကြောင်းကြောင်းကြောင့် ဟိုးလွန်ခဲ့တုန်းကတနှစ်မှာတစ်လ၊တစ်လမှာတင်္စရက်၊ခက်ခက်ခဲခဲ ပွင့်မြဲပွင့်ဆဲဖြစ်ခဲ့ရာကနေတနှစ်မှာသုံးလေးခါပွင့်တဲ့အထိ ကာလပျက်၊သစ္စာပျက်စ်ြလာတဲ့တိုင်အောင်ဟောဒီပိတောက် ကိုတော့မိမိတို့ ချစ်မဆုံး၊အချစ်ဆုံးဖြစ်နေမှာကတော့ အမှန်ပါပဲလေ။
အို.....မိန်းမချောရယ်. .ဟော-ပိတောက်တွေပွင့်ပြန်ပါပြီကွယ်..... တကယ့်တကယ်ပါပဲညယ်။ နောက်ကျပိတောက်တွေ အရောက်လာပါချေပြီကွယ်။
..........................
+ဆန်တာကလော့စ်(ခေတ္တ-အဂံပူ)+
*နောက်ကျပိတောက်
ဒီနှစ်ရောက်လာ
လာမှလာပါ့မလား
စိုးရိမ်သားကွယ်။*
*လာထားအာဘွား
ဆီးကြိုသားကွယ်
နည်းများမဆို
ကိုယ်ချစ်တယ်ကွယ်..*
အဲသည်လိုစိုးရိမ်လို့ မှမဆုံးသေး။တွံတေးနဲ့ မှသိန်းတန်က မိမိအနီးအနားမှာဇီးပြားရောင်း(အဲလေ)မိမိအနီးအနားမှာခရီးသွား ဟန်လွှဲဆိုသလိုကိုယ်ရယ်၊မင်းရယ်၊ပိတောက်ရယ်ဆိုပြီး ရင်ဖွင့်လာတယ်လေ။ကြည့်ဗျာ။
*ပန်းတကာ့..ပန်း..ဘယ်ပန်းကြိုက်သလဲကွယ်.....ရွေးချယ်ပေးခဲ့. .ပြန်ပါတယ်...တစ်ယောက်ပျို..မကိုဋ် ..ရယ်ကကွယ်.....ပိတောက်ကို... ကြိုက်ပြန်သတဲ့ကွယ်...ဒီတစ်ခါ..ပိတောက်..ဖူးရင်...
.ရည်စူး..ကြည်နူးချက်မပြယ်...ရွာကိုရောက် ရင်လည်း...ပိတောက်တစ်ခက်...နှင်း..ဆက်ပါ့မယ်....မိန်းမချောရယ်.. ဟော-ပိတောက်တွေပွင့်ပြန်ပါပြီကွယ်
(*တွံတေးသိန်းတန်ရဲ့  -ကိုယ်ရယ်၊မင်းရယ်၊ပိတောက်ရယ်*)
ရော......။တွံတေးနဲ့ မှသိန်းတန်ကြီးမိမိအနီးမှပြန်သွားလို့ မှ အဝေးမရောက်မီမာမာအေးကလည်း မဲဆောက်မြို့ နေ့ သစ်ကျောင်းရဲ့ ပိတောက်လမ်းမှာ လျှောက်စမ်းချင်ပါသတဲ့ဗျို့ ။
လာဗျို့ ..အန်တီအေး...ဆိုချလိုက်။
*တလွင့်လွင့်...ကြွေ......ပန်းကြွေကြွေ..ေ၇ွှရည်..လျှမ်းပေမယ့်... စမ်း..ရေ..ကျသံ..သာမောဘွယ်......တီးတိုးရယ်သံ..ကိုယ့်ကို.လှောင်လေ..သလား....ကွယ်..
ထုံသင်းကြိုင်နှောက်..ရွှေပိတောက်....ချိုရည်ရည်ရယ်... ငိုရီ..ငိုရီ..စသလား....သင့်အပါးထံ....တလွင့်လွင့်ပျံတယ်.... အချစ်ရယ်..ဇာတ်ကြောင်း.....ပြန်ပြောင်း..မပြောလိုတော့ဘူးကွယ်... ချစ်သူ..ချင်းဆုံ..ပန်းရုံအလယ်....ချစ်သူ....ခွာပြေး..ဟို..အဝေး နယ်...ကျယ်...(*မာမာအေးရဲ့ ပိတောက်လမ်း*) ကိုင်း...အသည်းနှလုံးတွေတစစီပြုန်းကာတရုတ်လက်ထဲကလီစာ(အာ-ဟုတ်ပေါင်)အသည်းတွေ၊နှလုံးပြူတွေ(အဲ-နှလုံးတွေ)အေးချမ်းမေဖြစ်နေ တဲ့အခိုက်မချိုသီချင်းဆိုမယ်-ဆိုပြီးချိုပြုံးကလည်းပိတောက်နဲ့ ပတ်သက်တဲ့ ဟောဒီသီချင်းကိုဆိုလာပါသဗျ။
*ပိတောက်ပန်းတွေ..ပင်ယံနန်းမြင့်..ဝေယံလျှမ်းပနေ...ငယ်ချစ် ဆွေရေ..နေနိုင်တော်....မူ..အားရက်ပေ....
အတိတ်..ကမ္ဘာ မြေ.. တွေး..တွေးရင်ဖြင့်လေ....ဒို့ တတွေ..ငယ်တုန်းကဆို....ပိတောက်တွေ... ပွင့်ရင်လေ......လွမ်းသလို..ဆွေးသလို..ပါမောင်ရေ... အချစ်..ကြီးသူများရဲ့ ..ဘ၀တာ..လမ်းတလျှောက်မလေ...ပန်းပိတောက် တွေ..ကြွေရာမြေ....ဂိမ္မာန်..နွေ.
.ဦးပြီမို့ လေ....တနှစ်..ကူးပေမယ့်.. အချစ်ဦး..မောင့်ကို..စောင့်ကြို..နေတယ်လေ....ဝေးတမြေ.... ခြားသူ..မောင်ရေ...*
(ချိုပြုံးရဲ့ *ပန်းပိတောက်တို့ ကြွေရာမြေ*)
မိမိတို့ ရင်လတ်ကြီး(အဲလေ)ရင်ဘတ်ကြီးတစ်ခုလုံးသိမ်းကြုံးခံစားသွား ရပါချေပြီ။အမျိုးအမည်မသိတဲ့ဝေဒနာတွေ-မကြေညာပဲ တစ်ကန့် ချင်း၊တလွှာချင်း၊တမဟုတ်ချင်း ချင်းနင်းဝင်ရောက်လာပါပကောလား။ ဟော..ဟိုမှာကိုဇော်ဝမ်းကြီး..သကြံန်မင်းသားကြီးလည်း မိမိအနီးရောက်ချလာပါသဗျို့ ။ *တနှစ်..တခေါက်တော့..အရောက်လာမယ်..မိန်းမချောလေးရယ်... ပိတောက်ပွင့်တဲ့..ရက်တွေ..အတူတွဲထွက်ကြမယ်...တွေ့ တော့မှ.. တစိမ်းတွေလို..စိမ်းမသွားနဲ့ ကွယ်...တနှစ်တယောက်မို့ .... မောင့်ကိုလေ..ဆီးကြိုမှာလား....*(ဇော်ဝမ်း)
အကြောင်းကြောင်းသောအကြောင်းကြောင်းကြောင့် ဟိုးလွန်ခဲ့တုန်းကတနှစ်မှာတစ်လ၊တစ်လမှာတင်္စရက်၊ခက်ခက်ခဲခဲ ပွင့်မြဲပွင့်ဆဲဖြစ်ခဲ့ရာကနေတနှစ်မှာသုံးလေးခါပွင့်တဲ့အထိ ကာလပျက်၊သစ္စာပျက်စ်ြလာတဲ့တိုင်အောင်ဟောဒီပိတောက် ကိုတော့မိမိတို့ ချစ်မဆုံး၊အချစ်ဆုံးဖြစ်နေမှာကတော့ အမှန်ပါပဲလေ။
အို.....မိန်းမချောရယ်. .ဟော-ပိတောက်တွေပွင့်ပြန်ပါပြီကွယ်..... တကယ့်တကယ်ပါပဲညယ်။ နောက်ကျပိတောက်တွေ အရောက်လာပါချေပြီကွယ်။
..........................
+ဆန်တာကလော့စ်(ခေတ္တ-အဂံပူ)+
Labels:
အက်ဆေး
Saturday, May 7, 2016
=ချစ်ခင်ရသောမဲဆောက်မြန်မာလုပ်သားတွေနဲ့ ဆရာမိုးတို့ ညနေခင်း (သို့ )ဆရာမိုးရဲ့ ကွင်းဆင်းမှု ခြင်းဒစ်ပလိုမေစီ=
*ဆရာမိုး..လာပြီဟေ့*
ကိုအောင်ထံမှအချက်ပေးခေါင်းလောင်းသံထွက်ပေါါ်လာပြီးနောက်နေ့ စဉ်
ညနေ၅နာရီအလုပ်နားချိန်ရောက်တိုင်းပုံမှန်ခတ်နေကျပိုက်ကျော်ခြင်း
ဝိုင်းကလေးကခဏတာရပ်တန့် သွားသည်။မှန်၏။ဆရာမိုးလာသည်။
ကွမ်းယာပါသည်။ငါတို့ ဝေမျှစားကြမည်။ပြီးလျှင်ပိုက်ကျော်ခြင်း
ဆက်ခတ်မည်ပေါ့။
*ဟေ့....နိုင်ဝင်းတစ်ယောက်ဘယ်ရောက်သွားပြီလဲကွ*
*သူစက်ရုံပြောင်းသွားပြီဆရာရေ...*
*သူကတုံးဖြစ်ပြီးမှပြောင်းသွားတာကွ။ဆံပင်ရှိတုန်းကဆိုရင်
ပိုက်ကျော်ခြင်းခတ်တာကောင်းတယ်။ကတုံးဖြစ်ပြီးမကြာမီခြေချော်
တော့တာပဲ*
*ဟုတ်တယ်ဆရာ....ဆံပင်ရှိစဉ်ငကာင်းတဲ့လူဟာကတုံးဖြစ်ရင်
အညံ့ကြီးညံ့တော့တာပါပဲ..*
အနှီစကားသံများကထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ အရှေ့ ဘက်ပိုင်း
ဘန့် နူရာရပ်ကွက်ဘက်မှနေ့ စဉ်ညနေတိုင်းပိုက်ကျော်ခြင်းခတ်လေ့
ရှိသောမြန်မာရွှေ့ ပြောင်းအလုပ်သမားများနှင့်သူတို့ ထံတွင်တစ်ပတ်လျှင်
၂ရက်-၃ရက်မျှလာလာကစားသောဆရာမိုးတို့ ၏အပြန်အလှန်
ပြောသံဆိုသံများဖြစ်ပါသည်။
ဓာတ်ပုံ-(အကျီံပြာ-ဘောင်းဘီနီနဲ့ ဆရာမိုး)
ကိုအောင်၊ကြည်လေး၊အရှည်ကြီး၊စိုးသူ။ဝကြီး၊မဲကြီး၊အောင်သူထက် စသည်ဖြင့်သူအလွတ်ရနေသောခတ်ဖော်ခတ်ဖက်များအပြင်ခြင်းကွင်း အနီးလာထိုင်ကြည့်ကြသောမသန္တာတို့ ဘက်ကိုဆရာမိုးတစ်ချက်ကြည့်ရင်း *ဟဲ့..မိမသန္တာ..ဒီလောက်ပူတာဟာ။ရေခဲရည်လေးဘာလေး ဒါနပြုပါဦးဟ*
*ရမယ်ဆရာ..ခဏနော်..ခဏ*
ဂလိုဂလိုအခေါါ်အပြောလုပ်ပြီးနောက်အလုပ်ကြီးကြပ်ရေးမှူး ကိုစိုးလာပေးသောအမ်လွိုက်ဟစိ(အမ်-၁၅၀)အချိုရည်ဗူးဖြစ်စေ၊ ခတ်ဖော်ခတ်ဖက်တို့ လက်ကမ်းလာသောလိမ္မော်ရည်ဗူးပင်ဖြစ်စေ၊ နေပူပူရာသီပြင်းပြင်းတွင်
အေးရာအေးကြောင်းရှာကြံကြရသည်လေ။ ဆရာမိုးနေ့ စဉ်အလှည့်ကျပိုက်ကျော်ခြင်းလိုက်ခတ်သောစက်ရုံ ၅ခုရှိသည်။ထိုစက်ရုံ၅ခုထဲတွင်ကြည်လေး၊အရှည်ကြီး၊စိုးသူ၊ကိုဇော်၊
လမင်း၊စွန်ရဲ၊ဗိုတောက်၊အနိုင်..စသည်တို့ သည်ဆရာမိုး၏စိတ်ကူးထဲက ပိုက်ကျော်ခြင်းလက်ရွေးစင်များပင်ဖြစ်သည်။ သဟာကိုပင်..သူ(ဆရာမိုး)ကသူ၏ကွင်းဆင်းမှုပိုက်ကျြော်ခင်း ဒစ်ပလိုမေစီဟုအမည်ပေးထားသည်။မည်မျှပင်ဝင်ရန်ထွက်ရန် ခက်ခဲနေသောအတားအဆီးတွေရှိနေပါစေ။သူဝင်လျှင်ရကိုရရမည် ဆင်သွားလျှင်လမ်းဖြစ်ရမည်ဟုလက်ခံယုံကြည်ထားသော ဒစ်ပလိုမေစီပင်ဖြစ်ပါသည်။
ဓာတ်ပုံ-(ဆရာမိုးရဲ့ နောက်ထိန်းကစားပုံ)
ထို့ အပြင်အားကစားကိုပုံမှန်လုပ်ခြင်းဖြင့်ကိုယ်ကာယကြံ့ခိုင်ပြီး ကျန်းမာရေးကောင်းမွန်ရုံမျှမကသေး။*အားကစားစိတ်ဓာတ်*တည်း ဟူသောမိတ်ဆွေရန်သူမခွဲခြားပဲယာယီ(တဒဂံ-ခဏတာ)လောက်ပင် ဖြစ်စေခက်ခဲနေသောအကျပ်အတည်းများကိုအတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်းသာဓကကောင်းတွေလည်း ရှိသည်မဟုတ်ပါလား။
။။။။။။။။။။။။။။။။။။။။။။။။။။
+သောင်ရင်းနဂါး+
ဓာတ်ပုံ-(အကျီံပြာ-ဘောင်းဘီနီနဲ့ ဆရာမိုး)
ကိုအောင်၊ကြည်လေး၊အရှည်ကြီး၊စိုးသူ။ဝကြီး၊မဲကြီး၊အောင်သူထက် စသည်ဖြင့်သူအလွတ်ရနေသောခတ်ဖော်ခတ်ဖက်များအပြင်ခြင်းကွင်း အနီးလာထိုင်ကြည့်ကြသောမသန္တာတို့ ဘက်ကိုဆရာမိုးတစ်ချက်ကြည့်ရင်း *ဟဲ့..မိမသန္တာ..ဒီလောက်ပူတာဟာ။ရေခဲရည်လေးဘာလေး ဒါနပြုပါဦးဟ*
*ရမယ်ဆရာ..ခဏနော်..ခဏ*
ဂလိုဂလိုအခေါါ်အပြောလုပ်ပြီးနောက်အလုပ်ကြီးကြပ်ရေးမှူး ကိုစိုးလာပေးသောအမ်လွိုက်ဟစိ(အမ်-၁၅၀)အချိုရည်ဗူးဖြစ်စေ၊ ခတ်ဖော်ခတ်ဖက်တို့ လက်ကမ်းလာသောလိမ္မော်ရည်ဗူးပင်ဖြစ်စေ၊ နေပူပူရာသီပြင်းပြင်းတွင်
အေးရာအေးကြောင်းရှာကြံကြရသည်လေ။ ဆရာမိုးနေ့ စဉ်အလှည့်ကျပိုက်ကျော်ခြင်းလိုက်ခတ်သောစက်ရုံ ၅ခုရှိသည်။ထိုစက်ရုံ၅ခုထဲတွင်ကြည်လေး၊အရှည်ကြီး၊စိုးသူ၊ကိုဇော်၊
လမင်း၊စွန်ရဲ၊ဗိုတောက်၊အနိုင်..စသည်တို့ သည်ဆရာမိုး၏စိတ်ကူးထဲက ပိုက်ကျော်ခြင်းလက်ရွေးစင်များပင်ဖြစ်သည်။ သဟာကိုပင်..သူ(ဆရာမိုး)ကသူ၏ကွင်းဆင်းမှုပိုက်ကျြော်ခင်း ဒစ်ပလိုမေစီဟုအမည်ပေးထားသည်။မည်မျှပင်ဝင်ရန်ထွက်ရန် ခက်ခဲနေသောအတားအဆီးတွေရှိနေပါစေ။သူဝင်လျှင်ရကိုရရမည် ဆင်သွားလျှင်လမ်းဖြစ်ရမည်ဟုလက်ခံယုံကြည်ထားသော ဒစ်ပလိုမေစီပင်ဖြစ်ပါသည်။
ဓာတ်ပုံ-(ဆရာမိုးရဲ့ နောက်ထိန်းကစားပုံ)
ထို့ အပြင်အားကစားကိုပုံမှန်လုပ်ခြင်းဖြင့်ကိုယ်ကာယကြံ့ခိုင်ပြီး ကျန်းမာရေးကောင်းမွန်ရုံမျှမကသေး။*အားကစားစိတ်ဓာတ်*တည်း ဟူသောမိတ်ဆွေရန်သူမခွဲခြားပဲယာယီ(တဒဂံ-ခဏတာ)လောက်ပင် ဖြစ်စေခက်ခဲနေသောအကျပ်အတည်းများကိုအတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်းသာဓကကောင်းတွေလည်း ရှိသည်မဟုတ်ပါလား။
။။။။။။။။။။။။။။။။။။။။။။။။။။
+သောင်ရင်းနဂါး+
Labels:
အက်ဆေး
Thursday, May 5, 2016
=အစွဲ=
လူတကိုယ်အစွဲတမျိုးစီရှိတတ်ကြသည် ။ ကိုးကွယ်
ယုံကြည်မှု့ ဓလေ့ အားဖြင့်သော်လည်းကောင်း
နေထိုင်စားသောက်မှု့ ပုံစံပေါ်မှာသော်လည်းကောင်း ကိုယ်ပိုင်ဆိုင်သောပစ္စည်းဥစ္စာ များပေါ်မှာလည်းကောင်း အစွဲလေးတွေရှိတတ်ကြသည် ။
မနက်တိုင်းကော်ဖီလေးသောက်လိုက်ရမှ အာသာပြေ
သလိုလိုရှိတာ ဆိုတာမျိုး..
မနက်ဘက်ကို မြန်မာမုန့်လေးဘဲစားချင်တာ..ဘယ်ဆိုင်က အသုတ်လေးကိုဘဲစားနေကြဆိုတာမျိုး..
ဒါက ကိုယ်စားသောက်နေကြ အရာလေးတွေနဲ့
ပတ်သက်ပြီး အစွဲထားမိတာမျိုးပေါ့ ။
တချို့တွေကျတော့ ကိုယ်သုံးစွဲနေကြပစ္စည်းတခုကို
အစွဲထားတတ်ကြသည် ။
ဆပ်ပြာဆို ဘာတံဆိပ်လေးသုံးမှ ....နှုတ်ခမ်းနီဆို ဘာအမျိုးအစားသုံးရမှ(Loreal ..Revlon ..တခုခုပေါ့ )
နာရီကိုလည်း ဘယ်အမျိုးစား မှ ပတ်ချင်တာတို့ ကားဆိုလည်း ဘယ်ကားဆိုအကြိုက်ဆုံးဘဲဆိုတာတို့..
အဲလိုအစွဲတွေအများကြီးရှိတတ်သည် ။
တချို့တွေကျတော့ ကိုယ့်စည်းစိမ်ဥစ္စာ သားသမီး
ခင်ပွန်းသည် ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေကို
အစွဲကြီးတတ်ကြသည် ။အစွဲတကာ့အစွဲတွေထဲမှာ
ဒီအစွဲက ကြောက်စရာ အကောင်းဆုံးဘဲ ..။
စွဲလန်းခြင်းတခုရှိနေတယ်ဆိုကထဲက ကိုယ့်အတွက် ထိခိုက်မှု့အနည်းအများဆိုတာကတော့ ရှိနေတာပါဘဲ ။မနက်တိုင်းကော်ဖီ သောက်ရမှ ဆိုတဲ့သူက ကော်ဖီ
မသောက်ရတဲ့ မနက်တွေဆို
တခုခု လိုနေသလိုလိုကသိကအောက်ဖြစ်နေမှာဘဲလေ ။
အဲတာက ကိုယ်စားသောက်နေတဲ့ အရာတခု
အပေါ် စွဲလန်းနေမိတာလေ ။ ခပ်သေးသေးစွဲလန်းမှု့ပေါ့ ။
ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု့နဲ့ ပတ်သက်လာတဲ့
စွဲလန်းမှု့ကြတော့ သိပ်ကြောက်ဖို့ ကောင်းသွားပြီ ။ကိုယ်သေရင် ဒီပစ္စည်းတွေက ယူသွားလို့ မရတဲ့
အရာတွေ ..ကိုယ့်ရဲ့ သားသမီး ဇနီးခင်ပွန်း သည် တွေကိုလည်းခေါ်သွားလို့မရတဲ့ အခြေအနေမှာ
စွဲလန်းနေရင် အဆုံးသတ်ခရီးက သိပ်ကြောက်ဖို့ကောင်းသွားပြီ ။
လူဆိုတာကလည်း အမြဲထာဝရ ရှင်သန်နေတာမှ မဟုတ်တာ ။
တချိန်မှာ ခန္ဓာချု ပ်ငြိမ်းခြင်းဆိုတဲ့
နောက်ဆုံးဘူတာကရောက်စမြဲမို့ ဒီစွဲလန်းနေတဲ့ အစွဲတွေကို မဖျောက်နိုင်ဘူးဆိုရင် ဒါမှမဟုတ်
ကိုယ့်စိတ်ကို ကိုယ့်ဘာသာ မထိန်းနိုင်ဘူးဆိုရင် အစွဲက
သေသည်အထိ ပါသွားမှာ အသေအချာပါ။
သေဆုံးပြီးတဲ့နောက်ပိုင်း စွဲလန်းနေတဲ့ အရာတွေနားမှာ
တလည်လည်နဲ့ဆို မကျွတ်မလွတ်တဲ့
ဘဝတခုကို ချက်ခြင်းဆိုသလို ကူးပြောင်းသွားတော့တာပါဘဲ ။
ကိုယ့်စိတ်ထဲစွဲနေတဲ့ အစွဲကို ဘယ်သူမှ ချွတ်လို့မရဘူး..
ကိုယ့်ဘာသာ စိတ်ထားတတ်အောင်
ကြိုးစားမှ ..ပြောရရင်တော့ ကိုယ့်အစွဲ ကို ကိုယ်ဘဲ ချွတ်လို့ရတယ်.
.. သူများက
"" အရာတခုကိုစွဲလန်းနေတယ်ဆိုတာမကောင်းဘူး... တခုခုဆို စွဲနေတဲ့စိတ်ကြောင့် မကောင်းတဲ့ဘဝ
တခုကို ရောက်သွားတတ်တယ်ဆိုပြီး "" ဘယ်လောက်ဘဲေ
ပြောပြ ပြောပြ ကိုယ်တိုင်က အဲဒီအစွဲကို
တသသ နဲ့ ဆက်လက်စွဲနေရင်လည်း ပြောသမျှ အလကားဘဲ ။
ကိုယ်တိုင်က ... "" ငါဒီလိုစွဲလန်းမှု့ကို ထားနေရင် ငါကိုယ်တိုင်
အသက်ရှိနေတဲ့ အချိန်မှာက
ကိစ္စမရှိဘူး..ကိုယ်တိုင် လှုပ်ရှားလို့ရတယ်..ငါစိတ်ကြိုက်
ဖန်တီးလို့ရတယ် ..ငါ့မျက်စိအောက်မှာ
ထားလို့ရတယ် ..ဒါပေမဲ့ ငါမရှိတော့တဲ့ တနေ့ ဒါတွေအားလုံးကို
ထားခဲ့ရမှာ ..အဲဒီအချိန်မှာ
ငါ ရဲ့ စိတ်ကို ဘယ်လိုထားမှ ငါအတွက် အကူးအပြောင်းကောင်းမှာလည်းဆိုတာလည်း
စဉ်းစားသင့်တယ် ။""
လူဆိုတာသေမျိုး ကြီးပါဘဲ ..တနေ့ အားလုံးဒီခရီးဆုံးကို
ရောက်ကြမှာပါ ။တချို့က သက်တမ်းစေ့နေရတယ် ။တချို့က သက်တမ်းတိုတိုလေးဘဲနေရတယ် ။ဒါပဲကွာတာပါ ။သွားရမှာတော့
လူတိုင်းသွားရမှာပါဘဲ ။ကိုယ်သွားမဲ့ ခရီးကို ကိုယ့်ဘာသာ
ပြင်ဆင်သင့်တယ်နော် ။
အသက်ရှင်သန်နေတဲ့ အချိန်က တန်ဖိုး အရှိဆုံးဘဲ ။
ဘာဖြစ်ချင်လည်း ကိုယ်တိုင် လုပ်လို့ရတယ် ။
ဘယ်သွားချင်လည်း ကိုယ်တိုင်သွားလို့ရတယ် ။
ဘာပြောချင်လည်း ကိုယ်တိုင် ပြောလို့ရတယ် ။
ကိုယ်တိုင်ဆောင်ရွက်လို့ရတဲ့ အနေအထားက အကောင်းဆုံးဘဲ ။အရှင်းဆုံးပြောရရင် ကိုယ်မအားလို့
တခြားတယောက်ကို လုပ်ခိုင်းရတဲ့ ကိစ္စတခုက ကိုယ်တိုင်
လုပ်တာလောက် စိတ်တိုင်းကျမှာ မဟုတ်ပါဘူး။
အကောင်းဆုံးက ကိုယ်တနေ့မှာ သွားကိုသွားရမဲ့ ခရီးအတွက် လိုအပ်တာတွေကို တဖြည်းဖြည်း
ချင်း ပြင်ဆင် စုဆောင်းသင့်တယ်။သယ်သွားလို့မရနိုင်တဲ့
အရာတွေကို စွဲလန်းနေတာထက်
သယ်သွားလို့ရတဲ့ အရာတွေကို သာ နိုင်သလောက်ယူသွားရမှာပါ ။
အစွဲဆိုတာနဲ့ပတ်သက်ပြီး တရားတော်တွေ တိုင်းမှာ ပါ ပါတယ်
။မစွဲကောင်းတဲ့ အရာတွေကို
စွဲလန်းနေမိလို့ ဘဝကူးမကောင်းခဲ့တာ တွေနဲ့ ပတ်သက်ပြီး အကျယ်တဝင့် ဟောကြားထားတာတွေ
အများကြီးရှိပါတယ် ။လူဆိုတာက ရှင်သန်နေချိန်မှာ လူ့လောကထဲ အသက်ရှင်နေထိုင်တတ်ဖို့
လိုသလို သေတဲ့အခါမှာလည်း သေတတ်ဖို့လိုပါတယ် ။
သေစဉ်အချိန်အခါမှာ ပိုင်ဆိုင်တာတွေ စွဲနေလို့
မိသားစုကိုစွဲနေလို့ ဒီနေရာတခုမှာဘဲ တလည်လည် နဲ့ဖြစ်နေရတဲ့ဘဝဆိုးကိုတော့ ဘယ်သူမှ
လိုချင်မယ်မထင်ပါဘူး ။ဒါပေမဲ့ မသေခင် ဒါတွေကို စိတ်မချ ဖြစ်နေ..
ငါ့ပစ္စည်း ငါ့ ဥစ္စာ..
ငါပိုင်တာတွေ ဆိုပြီး ဖြစ်နေခဲ့ရင်တော့ အကူးအပြောင်းက လှမှာမဟုတ်တော့ပါဘူး ။
ကျန်ခဲ့တဲ့ မိသားစုက သိတတ်တဲ့ မိသားစုဆိုတော်သေးပါရဲ့ ။
အမေ အဖေ ဒါမှမဟုတ်လည်း
ခင်ပွန်း ဇနီး ပေါ့ .. သေဆုံးသွားတဲ့သူက ပစ္စည်းအစွဲကြီးမှန်းသိလို
မကျွတ်မလွတ် ဖြစ်နေမှာဆိုးလို့ အမျှအတန်းဝေ အလှုအတန်း
များများ လုပ်ပေး
အခါအခွင့်သင့်သလို လှုဒါန်းပေးတတ် အမျှ ဝေတတ်တဲ့ သူတွေဆို တော်သေးတယ် ။
အဲလိုမဟုတ်ဘဲ ... သေသွားတာနဲ့ ကျန်ခဲ့ပစ္စည်းတွေ ကို
နင်တပုံ ငါတပုံ ခွဲခြမ်း ပြီးတာနဲ့
သေသွားတဲ့ သူကို သတိတောင် မရတတ်တော့တဲ့သူတွေဆို
သွားပြီ ။.
သေတဲ့ သူကတော့ သူ့ပစ္စည်းတွေကို စွဲလန်းနေ ။ ကျန်တဲ့သူ
ကလည်း ပစ္စည်းတွေသာခွဲခြမ်းယူလိုက်ကြတာဘဲ ရှိသည် ။အလှုအတန်းဒါနလေး ဆက်ပေးဖို့ သတိမရကြတဲ့သူတွေဆိုရင်
သေတဲ့သူက ဘယ်လိုဘဝမျိုး ဖြစ်နေမလည်း စဉ်းစားကြည့်ရုံနဲ့ ကြက်သီးထစရာပါ ။
ကိုယ်တိုင် လုပ်နိုင်တဲ့အချိန်မှာ ယူသွားလို့ရတဲ့ ကုသိုလ်ကောင်းမှု့
ကို ကိုယ်တိုင်လုပ်ခဲ့တာ အကောင်းဆုံးပါ ။ " ဖိနပ်နဲ့ရေဘူးမပါရင်
နွေခါမှ သိလိမ့်မယ်..ဒါနနဲ့ သီလမပါရင် သေခါမှ သိလိမ့်မယ်.."
ဆိုတဲ့ စကားလေးတောင် ရှိပါတယ် ။ဒါန ..သီလ ဘာဝနာ ဆိုတာ
လူတကိုယ်မှာ ရှိကောင်းတဲ့
အရာတွေပါ ။ ကိုယ်လှုဒါန်းခဲ့တဲ့ ..ကိုယ်ဆောက်တည်ခဲ့တဲ့ ဒါန
သီလ ဘာဝနာ ဒါတွေကို စွဲနေခြင်းကသာလျှင် ကောင်းသော ကူးပြောင်းခြင်းတခုကိုရောက်ရှိမှာပါ ။
ငါ ပိုင်တာ..ငါ့ ဟာ..ငါ့ ပစ္စည်းဆိုတာတွေကို စွဲနေခဲ့ရင်တော့ ဘယ်နေရာဆိုတာ တွေးကြည့်ရုံနဲ့တင်
ကြောက်ဖို့ကောင်းလှပါသည် ။တကယ်တမ်းစေ့စေ့တွေးကြည့်ရင်
ကျမတို့တွေ ပိုင်ဆိုင်ပါတယ်
ဆိုတဲ့ ခန္ဓာကိုယ်ကြီးတောင် တချိန်မှာ မီးရှို့ပြာဖြစ် မြေကြီးထဲရောက်ရသေးတာဘဲ...။
ပျက်စီးမှာကြောက်လွန်းလို့ တသသနဲ့ နှစ်ပေါင်းများစွာ
ပိုးမွေးသလိုမွေး စားချင်တာတွေ စားစေ
ဆိုပြီး ကျွေးထား ...ရောဂါဖြစ်မှာဆိုးလို့ ဆေးသေချာကုပေးနဲ့ နှစ်ပေါင်းများစွာတိုင်အောင်
ပြုစု စောင့်ရှောက်လာတဲ့ ( ကိုယ်ပိုင်ဆိုင်ပါတယ်ဆိုတဲ့ အရာတွေတောင် မဟုတ်ဘူးနော်..)
ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုတောင် တနေ့မှာ မြေကြီးအောက်
ပို့လိုက်ရတာဘဲ ..အဲဒီတော့တခြား
အရာတွေဆိုတာ စွဲလန်းနေဖို့ မလိုလှပါဘူး ။
စိတ်ထားတတ်ဖို့ အလိုအပ်ဆုံးပါ ။စိတ်ကိုပြုပြင် ထိန်းသိမ်းဖို့
ဆိုတာလည်း service center
ပို့သလို ပို့လို့ရတာမှ မဟုတ်တာ ။ကိုယ်တိုင်ထိန်းသိမ်း
ပြု ပြင်မှ သာလျှင် ကောင်းမည် ဆိုသလိုပေါ့ ။
ကိုယ့်စိတ်ကို ကိုယ်တိုင်ထိန်းချုပ်နိုင် ဖို့ အရေးကြီးဆုံးပါဘဲ ။
အသီးမှာတောင်မှ စားလို့ရတဲ့ အသီးး
စားလို့မရတဲ့ အသီးဆိုပြီး ခွဲခြားထားတာရှိပါသည် ။စွဲလန်းခြင်းဆိုတာနဲ့ပတ်သက်လာရင်လည်း
စိတ်ထဲ စွဲကောင်းတဲ့ အစွဲ ...စိတ်ထဲမစွဲကောင်းတဲ့ အစွဲဆိုပြီး ကိုယ်တိုင်ခွဲခြားတတ်ဖို့လိုပါသည် ။
ဒါပေမဲ့လည်း စိတ်ဆိုတာကလည်း ကိုင်တွယ်စမ်းသပ်လို့ မရတဲ့
အရာဆိုတော့ ထိန်းချု ပ်ဖို့ဆိုတာလည်း
တော်တော် ခက်လှသည် ။ အပြောလွယ်ပေမဲ့အလုပ်ကြတော့ ဘယ်အရာမဆိုခက်တာကြီးပါဘဲ ။
ကျမကိုယ်တိုင်လည်း အစွဲကင်းအောင် ကြိုးစားနေဆဲ .။. ...
////////////////////////////////////////////////
+ပစ်ပစ်+
////////////////////////////////////////////////
+ပစ်ပစ်+
Labels:
အက်ဆေး
Wednesday, May 4, 2016
=ကိန်းညွှန်းတစ်ခုထဲက ကျုပ်=
လူတွေကဗျာ ကျနော့် ကိုဆို အကောင်းမမြင်ကြဘူး …
ကျနော်နဲ့ဆုံရင်ပဲ သူတို့မှာ ထိတ်သလိုလို၊ လန့်သလိုလိုနဲ့ တကယ်ကကျနော်က ဘာကောင်မှမဟုတ်ပါဘူး … ဂဏန်းလေးတစ်လုံးရယ်သာပါ …. ရေတွက်စဉ်တွေထဲက
သင်္ချာနာမ ကိန်းညွှန်းလေးတစ်ခုပေါ့ … လူတွေက
စေ့စေ့မတွေးကြလို့ပါ … လူတွေထွင်မှဖြစ်လာတဲ့ ကျနော့်လိုဂဏန်းလေးတစ်လုံးက လူတွေရဲ့ကံကြမ္မာကို
စိုးမိုးနိုင်ပါ့မလားဗျာ ….
လူတွေက ရယ်လဲ အတော်ရယ်ရသဗျ … ဟိုတနေ့ကပေါ့ နံရံပေါ်ကပြက္ခဒိန်လေးထဲမှာ ကျနော် နှပ်နေတုန်း
စကားပြောသံကြားလို့ ဘာရယ်မဟုတ်နားစွင့်လိုက်မိတယ်လေ …. ကောင်မလေးနှစ်ယောက် အချီချပြောနေသံလေးပေါ့ …
တစ်ယောက်က “ငါဟယ် … ဒီနေ့ အလုပ်လုပ်ရတာ တစ်ခုမှအဆင်မပြေဘူး …. အလွဲအချော်တွေချည်းပဲ ”
နောက်တစ်ယောက်က “နင်ကလဲ ဒီနေ့ ၁၃ရက်နေ့မို့နေမှာဟ …
၁၃ ဂဏန်းက လာဘ်မကောင်းတတ်ဘူးလေ”
အလိုဗျာ … နေရင်းထိုင်ရင်း ၁၃ က အပြစ်ဖြစ်နေပါရောလား …. စိတ်ပျက်လက်ပျက်နဲ့ ကျနော်ထွက်သွားဖို့ပြင်တယ် …
သူတို့နဲ့ ခပ်လှမ်းလှမ်းက စားပွဲတင်ပြက္ခဒိန်လေးထဲ ကျနော်ဝင်နေလိုက်တယ် ….ဟော .. ခဏနေတော့ လူနှစ်ယောက်ဝင်လာတယ် …
လူကြီးက စိတ်ပျက်လက်ပျက်နဲ့ “ကျုပ်ဗျာ ဗိုက်နာလို့ ကားအမြန်ရောင်းထွက်ချင်ပါတယ်ဆိုမှ ၀ယ်လက်က
၁၃ ရက်နေ့မို့ ငွေမချေချင်ဘူးတဲ့ဗျာ နောက်ရက်ရွှေ့လိုက်တယ်
… ကျွတ်စ်”
ကြားရပြန်ပြီ ဒီ ၁၃ ….. ၁၃ ကိုကြောက်လို့ရှောင်ရင်းနဲ့ အလုပ်တွေအကိုင်တွေပျက်နေကြတာပါလား ….
ကျနော်တွေးမိတယ် … ၁၃ မဟုတ်တဲ့ တခြားရက်တွေ
တိုင်းရော အဆင်ပြေနေတာကျလိှု့ဗျာ …. ၁၃ ရက်နေ့မှာ
တခုခုများ မဖြစ်လိုက်နဲ့ … ဒီ ၁၃ ကြောင့်ဆိုတာ
လူတိုင်းပါးစပ်ကမချဘူး … အဲ ကောင်းတာလေးဖြစ်ကြည့် ချီးကျူးဖော်မရဘူး ….. လူတွေက တကယ်တော့ အလကားပါဗျာ …. ထစ်ကနဲရှိ ဘာကို အပြစ်ပုံချရမလဲဆိုတာရှာပြီ …. ကိုယ်ဘာလိုနေသလဲဆိုတာမကြည့်ဘူး …. အဓိကနဲ့
သာမညကို လူတွေမခွဲတတ်သေးပါဘူးဗျာ ….။
//////////////////////////////////////////////
+ကြယ်ပြာ+
//////////////////////////////////////////////
+ကြယ်ပြာ+
Labels:
အက်ဆေး
Saturday, April 30, 2016
=ချစ်ခင်ခြင်းငှာ မထိုက်တန်သော မိန်းမ=
ငယ်ငယ်တုန်းက ကလေးသဘာဝမပျော်ရွှင်ခဲ့ဖူးသူတွေက ဒီလစ်ဟာမှုကို ပြန်လည်ဖြည့်ဖို့အတွက် ကလေးလို ချွဲနွဲ့နေ
လိုကြသတဲ့။ ထိုစိတ်ပညာ သုံးသပ်ချက်မှာ သူမအတွက်
မှန်လေသလား။ သူမက မိတ်ဆွေဆိုလျှင် ရွယ်တူထက် ကိုယ့်ထက်အသက်ကြီးကိုသာ ဦးစားပေးရွေးချယ်မိသလို သူငယ်ချင်းအချစ်ကို အသက်ကြီးသူအစ်မလိုမျိုးသူတွေထံမှသာ ပိုလိုချင်ခဲ့မိတာ။ ထို့ကြောင့်သာ အတန်းတူသူငယ်ချင်းထက် အစ်မရဲ့သူငယ်ချင်းများကိုသာ ရွေးချယ်ပေါင်းသင်းခဲ့တာရယ်။
မမ၊ မလို့ ခေါ်ပြီး ချွဲချင်သလို ကိုယ့်ကိုယ်ကိုယ် မီးလို့ သုံးနှုန်းပြီး ကလေးလုပ်ချင်နေမိခဲ့။ မပျော်ရွှင်ခဲ့ဖူးသော ကလေးဘဝကို အစားထိုးနိုင်မယ်ဆိုရင် သူမ ဘယ်တော့မှ မရင့်ကျက်ချင်ခဲ့။ ထိုအစ်မတွေက သူမကို ချစ်လား မချစ်လားလို့ မသိနားမလည်၊ မစဉ်းစားမိခဲ့ပါ။ ချစ်တယ်လို့ရယ်သာ မှတ်သားထားခဲ့မိရဲ့။ စိတ်ချမ်းသာသလိုသာ နေခဲ့မိရဲ့။
သူမရဲ့အမေက အမှန်စကားမပြောခင်အထိရယ်။ အစ်မတစ်ယောက်အတွက် မင်္ဂလာလက်ဖွဲ့ကို အမေ့ကို
မတိုင်ပင်ဘဲ သူမရဲ လုပ်အားခထဲက ပေးလိုက်သောအခါမှာ အမေပြောခဲ့တာက…‘သူတို့တွေက နင့်ကို ချစ်တယ် ထင်နေလား။
နင့်ကို နင့်အစ်မမျက်နှာနဲ့ မတတ်သာလို့ ပေါင်းနေတာ။ နင့်ကို
ဘယ်သူကမှ မချစ်ဘူး။ သိပ်ဘဝင်မြင့်မနေနဲ့။ကိုယ့်အကြောင်း
ကိုယ်သိ’ တဲ့။ ထိုစဉ်အခါကတော့ သူမ မငိုခဲ့ပေ။ ဟုတ်တယ် ။
သမီးကို ဘယ်သူမှ မချစ်ဘူးဆိုတာ သိတယ်လို့သာ
ပြန်ပြောဖြစ်ရဲ့။
နိတိကျမ်းတွေအဆိုအရ အမေပြောသမျှ သစ္စာတရား၊
အမေဆိုတာ ကိုယ့်ကိုနားအလည်ဆုံးတဲ့လေ။ သူမကလည်း အမေ့ဆိုစကားကို ဘုရားစကားလို ယုံမှတ်လိုက်ရမလား။
ဘာပဲဖြစ်ဖြစ် အမေသာအမြဲမှန်တယ်မဟုတ်လား။ သေချာတာက
သူမကို ဘယ်သူမှ မချစ်သလို သူမကလည်း ဘယ်သူ့ကိုမှ
မချစ်ချင်တော့။ သူငယ်ချင်းများကို အမြဲရွေးချယ်ပေါင်းသင်းခဲ့သလို လွယ်လွယ်ကူကူလည်း ကျောခိုင်းတတ်လာခဲ့။ ထို့အတူ ပျော်ရွှင်မှုဆိုတာလည်း မသိနားမလည်တော့။
တစ်ခါတစ်လေတော့ ကြေကွဲသလိုလိုမို့ မျက်ရည်ကျမိရဲ့။
နင့်ကို ဘယ်သူကမှ မချစ်ဘူး။ သိပ်ဘဝင်မြင့်မနေနဲ့။ ဆိုတဲ့ အမေ့စကားသံကို ပြန်ကြားယောင်မိတိုင်းရယ်။ လောကမှာ အချစ်မခံချင်တဲ့သူဆိုတာ ရှိလို့လား။ သူမကတော့ အလွန်ပင် အချစ်ခံချင်လှတာ ဝန်ခံနိုင်ပါတယ်။ ကလေးဘဝထဲက လစ်လျူရှုခံရသူမို့လည်း အချစ်ကို ပိုလိုချင်မိရဲ့။ ဘဝမှာ ချို့ငဲ့
လွန်းသော ချစ်ခြင်းကို တစ်ပါးသူတွေဆီက ရလိမ့်နိုးနဲ့
မျှော်လင့်မိတာ အပြစ်ရှိလားလို့ သိချင်နေမိခဲ့။ ဒါပေမယ့်
ဘယ်သူ့ကိုမှ မမေးလိုတော့။ သူမအရွယ်မငယ်တော့ပြီလေ။
အမေပြောသလို ကိုယ့်အကြောင်း ကိုယ်သိရတော့မှာ။
ခက်တာက အသိတရားက ဒဏ်ရာကို မသက်သာစေဘူး။
ကိုယ်ကောင်းမှ သူကောင်းမယ်။ ကိုယ်ချစ်မှ သူချစ်မှာ
ဖြစ်ပေမယ့် တပါးသူကို
မေတ္တာပေးဖို့ စွမ်းစွမ်းတမံမကြိုးစားနိုင်တော့ဘူး။
လွယ်လင့်တကူ လက်လွှတ်အရှုံးပေးချင်ခဲ့ပြီ။ ချစ်ခြင်းမေတ္တာ
ဆိုတာ ရဖူးမှ နားလည်ပြီး ပြန်လည်ပေးနိုင်သည့် အရာလို့ ဆိုကြတယ်မဟုတ်လား။ ဒါပေမယ့် ဘယ်လိုရနိုင်မှာလဲ။ ယူချင်တိုင်းရသည့်အရာမှ မဟုတ်ဘဲ။ ပေးမယ့်သူ ရှိရဦးမယ်
မဟုတ်ပါလား။
အချစ်ကို ပေးပါ။ပေးပါလို့ တစာစာအော်တောင်းခံတိုင်းလည်း ရသည့်အရာလည်း မဟုတ်ပါဘဲ။ 'နင့်ကို ဘယ်သူကမှ မချစ်ဘူး'
ဆိုတဲ့ အမေ့စကားကိုသာ ဗျာဒိတ်လိုစွဲနေကာ သင်းကွဲနေတတ်ခဲ့ပြီ။ တစ်ခါတစ်လေတော့လည်း အမေစိတ်ဆိုးလို့ ပြောတာနေမှာပါ။ ငါ့မိတ်ဆွေအစ်မတွေက ငါ့ကိုချစ်မှာပါလို့ ကိုယ့်ကိုယ်ကိုယ်
လှည့်စားပေမယ့် အယုံအကြည်မဲ့ခဲ့လေပြီ။ အမေစိတ်ဆိုးလို့ ပြောတယ်ဆိုလည်း ဒေါသထွက်မှာသာ ရင်ထဲမှာရှိတဲ့အမှန်တရားက လွင့်စင်ပေါ်ပေါက်လာတာ
မဟုတ်လား။ ဘာကြောင့်ပဲဆိုဆို နောက်ဆုံးတော့ အမေ့စကားကိုပင် ခြေစုံပစ်ယုံကြည်လိုက်ချင်ပြီလေ။
ချစ်ခြင်းမေတ္တာတစ်ဖဲ့တစ်မှုန်ရဖို့ သူမဘယ်သောအခါမှ ကြိုးပမ်းအားထုတ်မှာ မဟုတ်လေတော့။ မိတ်ဆွေများက
တသီးတသန့်နဲ့ ကြီးကျယ်တဲ့မိန်းမလို့ သူမကို စွပ်စွဲကြလည်း
မမှုချင်တော့။ နင့်ကို ဘယ်သူကမှ မချစ်ဘူး။ သိပ်ဘဝင်မြင့်မနေနဲ့။
ဆိုတဲ့ အမေ့စကားသံကိုသာ ဦးထိပ်ထားကာ နေတတ်ခဲ့ပြိလေ။
//////////////////////////////////////////////////////
+မယ့်ကိုး+
+မယ့်ကိုး+
Labels:
အက်ဆေး
Thursday, April 28, 2016
=တိမ်းညွတ်တတ်တယ်=
သိပ်ချစ်ပါတယ်။ ကြင်နာသူဆီက အပြစ်မြူမှုန်မှန်သမျှ ဖယ်ရှားပေးချင်ခဲ့သူပါ။ သူစေသမျှ မြေဝယ်မကျတည်ဆောက်နိုင်ဖို့ စွမ်းဆောင်ခဲ့သူပါ။ကိုယ်ပိုင်အိပ်မက်ကို မီးရှို့လို့ သူ့ကောင်းကင်ကိုသာ ဆေးခြယ်ခဲ့သူပါ။
သိပ်ချစ်ပါတယ်။ ဆုတောင်းရှိခိုးမှုကို ပစ်ပယ်လို့ ဝဋ်ဒုက္ခ
အားလုံးကို ရင်ဆိုင်တွေ့ဖို့သာ ဆုံးဖြတ်ခဲ့သူပါ။ ပျော်ရွှင်မှုကျိုးပဲ့ကာ ငရဲတွင်းထဲအကြိမ်ကြိမ်ဆင်းရလည်း တွယ်တာစိတ်မခေါင်းပါးနိုင်သူပါ။ နှလုံးရည်နိမ့်ကာ ထိရှလွယ်ပေမယ့် အရေခွံချက်ချင်းလဲကာ ဒဏ်ရာမဲ့သူလို သူ့အနားမြဲခဲ့သူပါ။
သိပ်ချစ်ပါတယ်။ သူ့ကောက်ကျစ်ပြုံးကို သူတကာမြင်မှာ
စိုးကာ မျက်နှာဖုံးလှလှလေး လက်ဆောင်ပေးချင်ခဲ့သူပါ။မလည်မဝယ်နဲ့ ထောင်ချောက်များ
အနားမှာ ကြောက်စိတ်ဖျောက်လျက် အချစ်ကြောင့်ရဲနေတဲ့သူပါ။ အသည်းမည်မျှကွဲစေကာမူ သေနည်းမျိုးစုံအဖုံဖုံမှ လွတ်နေသော ရူးမလု သေမတတ်ချစ်မိသူရယ်ပါ။
သိပ်ချစ်ပါတယ်။ ရင်ဝဆီပြေးလာတဲ့ မြှားလှံလက်နက်
အလုံးစုံကိုလည်း သူ့ရှေ့မှရပ်ကာ ပမာမခန့်ပြုံးကြည့်နေချင်သူပါ။ သူ့ဆင်ခြင်ဥာဏ်နဲ့သာ လှုပ်ရှားသော၊ သူ့အရိပ်အကဲကိုသာ ကြည့်ကာ ရွေ့လျားတတ်သော စက်ရုပ်ဖြစ်ခဲ့သူပါ။ ဥာဏ်ကလေးလက်တစ်ဆစ်နဲ့ မျှော်မြင်နိုင်သလောက် ပေးဆပ်ရင်း ပိုင်ဆိုင်မှုမှန်သမျှု စတေးဖို့လည်း ဝန်မလေးခဲ့သူပါ။
ဒါပေမယ့် သိပ်ချစ်ပါတယ်ဆိုတဲ့ ပြောသမျှစကားအလုံးစုံဟာ
ကျွန်မရဲ့ အချစ်ကို စန်းတင်လိုခြင်းသာ ဖြစ်ပါလိမ့်မယ်။ ကျွန်မရဲ့ အချစ်မှာ မျှော်လင့်ချက်နည်းသော၊ ပကတိအရောင်လင်းသော၊ မကောင်းကြံခြင်း ဝေးကွာသော ၊ အပြစ်ဖွဲ့ခြင်းကင်းသော
အချစ်ပါလို့ အမွှန်းတင်လိုနေခြင်းလည်း ဖြစ်ပါလိမ့်မယ်။
သိပ်ချစ်ပါတယ်။ ထိုသို့ပင် ထပ်ပြောပါရစေ။ လူတိုင်းမှာ လူ့အခွင့်အရေးရမယ်ဆိုလျှင် ကျွန်မရဲ့ ချစ်ခြင်းမှာလည်း
ကျွန်မရဲ့ ရပိုင်ခွင့်ပင် ဖြစ်ပါလိမ့်မယ်။ ကျွန်မရဲ့ အချစ်ကို အမုန်းမြူမှုန်များမကပ်ငြိစေလိုပါ။ အတ္တမီးခိုးမျှင်များ မစွဲထင်
စေချင်ပါ။ ကျွန်မရဲ့ ချစ်ခြင်းကို သန့်စင်နှစ်လိုဖွယ် ဖြစ်စေလိုသာ ၊ အမှတ်တရလှလှအဖြစ်သာ လိုလားမိသော ကျွန်မရဲ့ဆန္ဒမှာ
အပြစ်မရှိဟု ထင်မိတာ။ ဒါကြောင့် လွပ်လပ်ငြိမ်းချမ်းစွာ၊ အနှောင်အဖွဲ့ကင်းစွာ၊ မေတ္တာပြည့်စွာ ဖွဲ့တည်ထားသော
ချစ်ခြင်းပါလို့ ဆိုဦးမှာ။
သိပ်ချစ်ပါတယ်။ သူတစ်ဦးတစ်ယောက်ကို ချစ်ခြင်းထက် ကျွန်မရဲ့ချစ်ခြင်းကိုသာ ကြည်ညိုလိုခြင်းဖြင့် ထိုသို့ ဆိုချင်ပါတယ်။
ခွင့်ပြုပါ။ သိပ်ချစ်ပါတယ်လို့ မာနအတ္တခေါင်ခိုက်ကာ ကျွန်မ ဆိုချင်ပါသေးတယ်။..
.။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+မယ့်ကိုး+
.။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+မယ့်ကိုး+
Labels:
အက်ဆေး
Tuesday, April 26, 2016
= ‘အိပ်မက်ရိပ်’=
‘မင်းသဘောမပေါက်ဘူး ။ဟုတ်တယ်မလား။ A ပုဂ္ဂိုလ် က
B ပုဂ္ဂိုလ်ကို နားလည်တာ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဖြစ်လာဖို့ အချိန်ကျလာလို့ပဲ။ Bပုဂ္ဂိုလ်က Aပုဂ္ဂိုလ်ရဲ့ နားလည်မှုလိုချင်လို့
မဟုတ်ဘူး။’ ဟာရုခိ မူရာကာမိရဲ့ နော်ဝေတောအုပ်ဆိုတဲ
့စာအုပ်ထဲက ချစ်သောမိန်းမ ဟာဆုမိနှင့် မချစ်သောယောကျာ်း နာဂဆဝါကို သတိရသောအခါ စိတ်မသက်မသာဖြစ်ရသည်။
နားလည်မှုမလိုအပ်သူကို နားမလည်တာ အကောင်းဆုံးဖြစ်ပေ
လိမ့်မည်။ သူမသည် အခုတော့ ဘယ်သူ့ကိုမှ နားမလည်ချင်
တော့ပေ။ သူမကိုယ် သူမလည်း နားမလည်ချင်ပေ။ နားမလည်စေချင်သည့်သူကို အဘယ့်ကြောင့် နားလည်စရာ
လိုမည်နည်း။ သူ့ဆီက နားလည်မှုကိုရော အဘယ်ကြောင့် လိုအပ်နေသနည်း။ အဖြေမရှာချင်တော့။ ပင်ပန်းလွန်းလှသည်။
စိတ်ပညာစာအုပ်များကို လှန်လှောမကြည့်ချင်တော့။ သီအိုရီတွေ၊ အမေး၊အဖြေတွေနှင့် သုံးသပ်ရခြင်းမှာ နွမ်းနယ်လှသည်။
သို့သော် သူမခေါင်းထဲက အသံသည် သူမမကြားလိုသည့် အဖြေကို ရေရွတ်နေသည်။
‘ဒီလိုဖြစ်အောင် မင်းရွေးချယ်လုပ်ယူထားတာ။ ကိုယ့်ကိုနှစ်လိုသူဆီမှာ ပျော်ရွှင်ကြည်နူးနိုင်ရဲ့သားနဲ့ မချစ်မနှစ်သက်တဲ့သူရဲ့အရိပ်နောက်လိုက်ပြီး လောကကြီးကို
နာကျည်း၊ အသည်းကွဲခံစားနေချင်တာ။ သေချင်လွန်းလို့ ကိုယ့်သေတွင်းကိုယ်တူးနေတာ။’
မဟုတ်ဘူးလို့ သူမ မငြင်းနိုင်။ မကြားယောင်ဆောင်နေသည်။ ဘာမှလာမပြောနဲ့။ နင်က အချစ်အကြောင်းမသိဘူးလို့ ရန်ထောင်ချင်သေးသည်။ အရေးမစိုက်ပါဘူးဆိုပေမယ့်
သူပြောသလို ငါမဟုတ်ဘူးဆိုတာ သက်သေပြမည်ဟု သံန္တိဋ္ဌာန်ချမိပြန်သည်။ ကောင်းကင်ကိုပဲ မော့ကြည့်နေမိသည်။
နေရောင်ခြည်မရှိသောအရပ်မှာ သွားလို့ နေထိုင်မည်။
အလင်းကွယ်သောအရပ်တွင် အိပ်မက်လည်း မှောင်အတိဖြစ်
နေမည်။ အရိပ်မျှ မမြင်ရလျှင် အမှတ်တရဆိုတာ မှတ်ဥာဏ်ထဲက လွင့်ပါးသွားမည် မဟုတ်လား။ အချစ်ဆိုတာလည်း ကြွေမွ
ပျက်စီးသွားမည်။ နားလည်မှုတွေနဲ့ အချိန်ကုန်ရမယ့် အရွယ်
မဟုတ်တော့ပြီ။ ဘဝကို လိုသလို ပုံသွင်းတည်ဆောက်ရမယ့် အချိန်ရောက်ပြီ မဟုတ်လား။
ဥပေက္ခာဟု စကားအလှသုံးကာ မြင်တွေ့ခံစားရသမျှကို တတ်နိုင်သလောက် လစ်လျူရှုနိုင်အောင် ကြိုးစားနေလေသည်။
သူ့ကို နားလည်ချင်စိတ်ပေါ်လာသောအခါ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ ငါ့နဲ့မဆိုင်ဟု အဖန်ဖန်ရွတ်ကာ ထုံနေအောင် နှလုံးသွင်းရသည်။ ပင်ပန်းလှသည်။ ကြာတော့လည်း နေတတ်သွားမှာပါဟု ကိုယ့်ကိုယ်ကိုယ်အားပေးရသည်။ မေ့ပျောက်သွားမှာပါလို့လည်း
ဖြားယောင်းသွေးဆောင်ရသည်။
သူ့ဘဝထဲမှ အမှုန်အစတစ်ခုလို သူမတစ်ယောက် လွင့်စင်ပျောက်ကွယ်သွားမည်။ ဝမ်းနည်းစရာလား။ သူမဘဝ
ထဲမှာလည်း သူပုံရိပ်သည် ပါးလွှာမှေးမှိန်သွားမည်။ ပျက်စီးခြင်းအမှန်တရား အနိစ္စလို့ ဘုရားဟောသည် မဟုတ်လား။ မမြဲခြင်းသဘော သင်္ခါရလည်း ဖြစ်တော့သည်။ နောက်နောင်ဘဝတွင် သူမသည် သူမကိုချစ်သော၊သူမက ချစ်သောသူတွေနှင့်
ဝန်းရံနေမည်ဟု အိပ်မက်မက်ပြန်သည်။
နောက်နောင်ဘဝ။ No! ဘယ်လောက်မှားယွင်းအကျည်းတန်လိုက်တဲ့ အတွေးအခေါ်လဲ။ သူမသည် ဒီဘဝမှာ အချစ်ကို မထွေးပွေ့ရဲလောက်အောင် သရဲဘောကြောင်သူဖြစ်သလား။ သူမသည် ချစ်ခင်ခြင်းငှာ မထိုက်တန်သော မိန်းမလို့ ကိုယ့်ဘာသာပြဋ္ဌာန်းပြီး
အချစ်ကို အကြောက်အကန်ငြင်းနေခဲ့သလား။ တခြားလူတွေ အနိုင်ကျင့်တာနဲ့ သူမကိုယ်သူမ ဒဏ်ခတ်နေမိသလား။ဟင့်အင်း။ မဟုတ်ပါဘူးလို့ ထပ်မံငြင်းချင်သေးသည်။
‘နင့်ကို ဘယ်သူမှ မချစ်ဘူး။’ လို့ အမေ့စကားကို လည်းကောင်း၊
‘ အစ်မကို ဘယ်သူမှ မချစ်ဘူး။’ လို့ မိတ်ဆွေအမျိုးသမီးတစ်ယောက်ပြောစကားကိုလည်း ခါးသည်းမှုမှန်သမျှ နှလုံးသားထဲက အပြီးအပိုင်ထုတ်နိုင်အောင် ကြိုစားရမည်။ သူမ ချစ်ခြင်းကို ရသင့်သော၊ ရထိုက်သော၊ ရနိုင်သော လူတစ်ယောက် ဖြစ်သည်။ ထိုသို့အကြမ်းဖျဉ်းခံယူထားရမည်။
သို့သော် ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ရမည်နည်း။
ခွေးတစ်ကောင်လောက်မွေးမည်။ သူမကိုတော့ ချစ်လိမ့်မည်ဟု မျှော်လင့်ရသည်။ အချစ်ခံရရင် သူမ ပျော်ရွှင်မည်လား။ ချစ်ခြင်းသည် ဆင်းရဲခြင်းရဲ့အကြောင်းလို့ ဘုရားဟောကို သတိရပြန်သည်။ အချစ်မခံရခြင်း ငရဲထက်ပင် ဆင်းရဲဦးမည်လား။
မမှုချင်။ တိရစ္ဆာန်တစ်ကောင်ရဲ့ အချစ်ကိုပဲ ရနိုင်မှာပေါ့လို့ မိတ်ဆွေအမျိုးသမီးကအစ အမေအဆုံး ဘယ်သူကပဲဖြစ်ဖြစ် ကဲ့ရဲ့လာလျှင်လည်း အလေးမထားလို။
ထရံကာ ဓနိမိုးပဲဖြစ်ဖြစ် အိမ်လေးတစ်လုံးဆောက်နိုင်အောင် ကြိုးစားမည်။ ခွေးမလေးတစ်ကောင်ကို သမီးလေးအဖြစ်
မွေးစားမည်။ သမီးလေးက ကလေးတွေ မွေးလာရင် သူမက မြေးတွေဘာတွေရကာ အဘွားပင် ဖြစ်နိုင်သေးသည်။ ထိုအိပ်မက်သည် နောက်နောင်ဘဝ ဆုတောင်းထက်
ဖြစ်နိုင်ချေရှိသည်ဖို့ စိတ်ကူးယဉ်ရင်းမှာပင် ကြည်နူးချမ်းမြေ့
ရလေသည်။ ။
/////////////////////////////////////////
+မယ့်ကိုး +
/////////////////////////////////////////
+မယ့်ကိုး +
Labels:
အက်ဆေး
Monday, April 25, 2016
=တစ်ယောက်တည်းကမ္ဘာ=
အိမ်ဖော်ဆိုသော စကားလုံးကို ကျွန်မလက်မခံပါ။ ထိုသို့အိမ်ဖော်ထားတဲ့သူများကိုလည်း မျက်မုန်းကျိုးကာ လူအချင်ချင်းခေါင်းပုံဖြတ် နှိပ်စက်ခြင်းလို့ထင်သည်။ လူအခွင့်အရေးချိုးဖောက်ကျူးလွန်သူများဟုဆိုကာ အထင်သေးတတ်သည်။ ခုတော့ ဝဋ်လည်ပြီထင်သည်။ ရန်ကုန်မှာ နေတဲ့အခါ ကျွန်မတစ်ယောက်တည်း ညအိပ်ညနေ မနေရဲသဖြင့် အသိအဒေါ်တစ်ယောက်ကို ခေါ်ထားရသည်။
ဒါပေမယ့် ထိုအဒေါ်မှာ အိမ်အကူလည်း မဟုတ်ပါ။ စာဖိုမှုးဟု ခေါ်ဝေါ်သုံးစွဲနိုင်သည်။ အဝတ်လျှော်မီးပူတိုက်ကို ကျွန်မကိုယ်တိုင်လုပ်သည်သာဖြစ်သည်။ ခက်တာက သူချက်သော ထမင်းများကို မစားနိုင်ခြင်းဖြစ်သည်။ မသန့်ရှင်းဟု ထင်သည်။ သူဆေးပြီးသော ပန်းကန်များကို စားခါနီး တစ်ခါထပ်ဆေးနေမိသည်။ ရွံရှာတတ်သူ၊ အလွန်တရာ သန့်ရှင်းသပ်ရပ်စွာ နေတတ်သူ
မဟုတ်ပေမယ့် စိတ်ထဲက မသိုးမသန့်ဖြင့် ထိုအစာများကို စားပြီး အန်ချင်နေတတ်သည်။ တစ်နေ့လုံးလည်း နေလို့မကောင်းချင်သလို ဖြစ်နေမိသည်။
သူချက်တာကို မစားဘဲ မုန့်ပဲသရေစာများကို စားရတာလည်း စိတ်မချမ်းသာ။ ဒါဖြင့် ကိုယ်တိုင်ချက်ပေါ့လို့ မိတ်ဆွေက ပြောသည်။ ကျွန်မကိုယ်တိုင်ချက်ရင် ဝမှာစိုးရိမ်ပြီး ဆီမပါ ရေလုံပြုတ်များပဲ စီမံတော့မည် ဖြစ်ရာ ထိုအဒေါ် စိတ်ဆင်းရဲရပေတော့မည်။ တစ်ရက်ပြီးတစ်ရက် ထိုအဒေါ်နှင့်ကျွန်မ အတူယှဉ်တွဲနေထိုင်လို့မရတော့တာ သေချာလာသည်။ အဒေါ်ကို ဖုန်းဆက်ပြီး အကူအဒေါ်ကို ပြန်ခေါ်ဖို့ပြောသည်။ လက်မခံ။
နိုင်ငံအနှံ့အပြားမှာ အသက်၁၈နှစ်ပြည့်သည်နှင့် တစ်ယောက်တည်းနေခွင့်ပေးကြသည်က ဒီနိုင်ငံမှာတော့ မဖြစ်နိုင်သောကိစ္စဖြစ်သည်။ ကျွန်မတစ်ယောက်တည်း နေလို့
မဖြစ်ဟု ဆိုလေသည်။ ဘယ်ထွက်ပြေးရမလဲလို့ ကြံရာမရဖြစ်သည်။ သူငယ်ချင်းတွေကို ပြောမိလျှင် အဲဒါပေါ့ အပျိုကြီးရောဂါလို့
ကဲ့ရဲ့ခံရမှာ စိုးသည်။ နှစ်ယောက်အတူနေနိုင်စွမ်းမရှိသူလို့ လက်ညှိုးထိုးရယ်မောကြမှာ ကြောက်သည်။ တခြားလူတစ်ဦးနှင့် ပေါင်းသင်းဆက်ဆံရေးမတည်ဆောက်နိုင်
သူလို့ ရှုံ့ချစရာဖြစ်တော့မည်။ ခက်တာက ကျွန်မရဲ့သည်းခံနိုင်
စွမ်းလည်း ပါးလျလာပြီဖြစ်သည်။
ရင်ထဲမှာ ချုပ်တည်းထားရလွန်းသဖြင့် လူက ပေါက်ကွဲလွင့်စင်တော့မလို ဖြစ်နေသည်။ မချစ်မနှစ်သူနှင့် အတူနေရသောဆင်းရဲ ဘာညာဆိုကာ ပုံကြီးမချဲ့ချင်ပေမယ့် ခရီးဆောင်အိတ်ဆွဲပြီး ထွက်ပြေးချင်သည်။ တစ်ယောက်တည်းသမားအတွက် လုံခြုံတဲ့နေရာက
မြန်မာနိုင်ငံမှာတော့ ရှားပါးလွန်းလှသည်။ ခက်လှချည့်လေ။
///////////////////////////////////////////////
+မယ့်ကိုး+
+မယ့်ကိုး+
Labels:
အက်ဆေး
Tuesday, March 15, 2016
==ပုံပြောပြပါ==
ကျမတို့ မောင်နှမတွေ ငယ်ငယ်တုန်းကဆို ဦးလေးငယ်ကို
တွေ့တာနဲ့ “ပုံပြောပြပါ” ဒါမှ မဟုတ် “ပုံပြင်နားထောင်ချင်တယ်”
ဆိုပြီး ပူဆာခဲ့တာပေါ့။ အဲဒီလိုပြောလိုက်လို့ ဦးလေး အချိန်ရပြီ
ဆိုတာနဲ့ စိတ်ရှည်ရှည်ထားပြီး သိသလောက် မှတ်မိသလောက်ပုံပြင်လေးတွေကို ကျမတို့ နားလည်အောင် ပြောပြလေ့ရှိတယ်။ ပုံပြင်မဟုတ်လည်း တစ်ထောင့်တစ်ည ၀တ္တုဖတ်ပြပြီး ပြန်ရှင်းပြတတ်တယ်။ ညဘက်ဆိုရင်လည်း ထမင်းစားပြီးချိန်ပေါ့။ ရုံးနားရက် ကျောင်းပိတ်ရက်ဆိုရင်လည်း နေ့လည်နေ့ခင်း ထမင်းစားပြီးချိန်ပေါ့။ ရုံးပိတ်ရက် နေ့လည်ဆိုရင် မြန်မာ့အသံက ကလေးတွေအတွက် ပုံပြင်လာတတ်တာ မှတ်မိသေးတယ်။
အဲဒီအချိန် မတိုင်ခင် ကျမတို့ အဒေါ်က မောင်နှမ အားလုံးကို ရေချိုးပေးပြီး ထမင်းစားခိုင်းထားပြီးပြီ။ ထမင်းစားပြီး
တာနဲ့ တအောင့်နားပြီးရင် နေ့လည် တရေးအိပ်ရတယ်။
မအိပ်ခင်မှာ ရေဒီယိုက ပုံပြင်လာတော့ အဲဒါ နားထောင်းရင်း
ကလေးတွေ အိပ်ပျော်စေချင်တယ်တူပါရဲ့။ ကျမတို့ မောင်နှမတွေကတော့ ငယ်ငယ်က နေ့လည်ဘက် အိပ်ခိုင်းရင် ဘယ်တော့မှ မအိပ်တတ်ဘူး။ ဆော့ဖို့ပဲ အားသန်နေကြတာ။ အဲဒါကြောင့် ပုံပြင်လည်းပြီးရော အားလုံး ထပြီး ဆော့ဖို့ တာဆူနေကြပြီ။ အခုများတော့လည်း အဲဒီလို အခွင့်အရေးမျိုးရမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးမိသေးတယ်။
ငယ်ငယ်က ပုံပြင်စာအုပ်တွေ ဘာတွေ မဖတ်ခဲ့ရတော့ လူကြီးတွေ ပြောပြတဲ့ ပုံပြင်တွေဆိုရင် စိတ်ဝင်တစား နားထောင်ခဲ့ရတယ်။ အခု ဒီအသက်အရွယ်ရောက်တဲ့ထိလည်း ကြိုက်နေတုန်းပဲ။ ပုံပြင်တွေကို ကြိုက်တဲ့အပြင် မြန်မာ့အသံက ပုံပြင်လာခါနီးမှာ လွှင့်တဲ့ တီးလုံးလေးကိုလည်း ကြိုက်တာပဲ။
နောက်ပြီး ပုံပြင်တွေ ဆုံးခါးနီးတိုင်းမှာ ပြောတဲ့ ဆုံးမစကားတွေ
ကိုလည်း သဘောကျခဲ့တယ်။ ပုံပြင်ပြောပြနေသူက “မောင်ညီမလေးတို့ရေ.." လို့ ခေါ်လိုက်ရင် နားဝင်ချိုပြီး
ကလေးသဘာဝ သဘောကျမိခဲ့တာပေါ့။ အခုတောင် ဒီစာရေးရင်း နားထဲ ပြန်ကြားယောင်နေမိတယ်။
အမှန်တော့ ကလေးနဲ့ ပုံပြင်ဆိုတာ ခွဲခြားလို့မရပါဘူး။ ပုံပြင်
ဆိုတာလည်း ကလေးတွေအတွက် အဓိက ရည်ရွယ်ပြီး ရေးခဲ့ ပြောခဲ့ကြတာပဲ မဟုတ်လား။ “သူတဖက်သားကို ငဲ့ညှာသနားတတ်ဖို့၊ ကူညီပေးဖို့၊ နိုင်လိုမင်းထက် မဆက်ဆံဖို့၊ လိမ်မပြောဖို့၊ ကိုယ်ပြောလိုက်တဲ့ စကားလေးတစ်ခွန်းကြောင့်သူတပါး ဒုက္ခမရောက်ဖို့ ၊ လောဘမကြီးဖို့” စတဲ့ လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမတာပါ။ ပုံပြင်ထဲက ဇာတ်ကောင်လေးတွေနဲ့
ကိုယ်စားပြု ဆုံးမတော့ ပိုပြီး နားလည်လွယ်တာပေါ့။
သုံးထားတဲ့ ဇာတ်ကောင်လေးတွေကိုလည်း ကလေးတွေ
မြင်လွယ်အောင် အမျိုးမျိုး အထူးပြုထားသေးတယ်။ ဥပမာ.. ကောက်ကျစ်တဲ့ မြေခွေး၊ ကျားငစဉ်းလဲကြီး၊
တစ်တောလုံးရဲ့ အရှင်သခင် ကေသရာဇာခြသေ့င်္၊ ခွန်အားကြီးတဲ့ ဆင်ကြီး၊ အဆော့သန်တဲ့ မျောက်ကလေး၊ ယုန်ပညာရှိလေး အစရှိသဖြင့်ပေါ့။
ကျမ မှတ်မိသလောက် မြန်မာ့ရိုးရာ ပုံပြင်တွေထဲမှာဆိုရင်
ယုန်နဲ့ လိပ်ပုံပြင်၊ ထင်းခုတ်သမားနဲ့ ပုဆိန်၊ မြွေမင်းသားလေးနဲ့ မယ်ထွေးလေး ပုံပြင် အဲဒီလောက်ပဲ မှတ်မိတော့တယ်။ နောက်ပြီး ကြက်ကလေးက ဟတ်ချိုးချီလိုက်လို့ စဥ့်အိုးကွဲသွားပြီး ကြောင်ကြီး ထွက်ပြေးသွားတာ ဆိုရင် ရီလည်း ရီရသလို ချစ်ဖို့ကောင်းတယ်။ အင်္ဂလိပ်ပုံပြင်တွေထဲမှာ အခုထိလည်း နာမည်ကြီးနေသေးတဲ့
လူပုလေး ၇ ယောက်နဲ့ မနှင်းဖြူလေး၊ စင်ဒရဲလားပုံပြင်တို့ပေါ့။ ဂျပန်ပုံပြင်တွေထဲကတော့ ကျေးဇူးဆပ်တတ်တဲ့ ကြိုးကြာငှက်
လေး ရယ် ၀ါးထဲက ထွက်လာတဲ့ မင်းသမီးလေး ဆိုတာ လောက်ပဲ သိတော့တယ်။သေချာ အသေးစိတ် မမှတ်မိတော့ဘူး။ အခု
ဒီရောက်တော့ အဲဒီ ပုံပြင်လေးတွေကို ဖတ်ချင်ပေမယ့် စာအုပ်
ရှာရမှာ ပျင်းနေတာရော၊ ဂျပန်စာ အခက်အခဲရှိတာရော ပြန်မဖတ်ဖြစ်တော့ဘူး။ တချို့လည်း စကားပြောရင်တောင် ပုံပြင်လေး ကြားညှပ်သုံးတတ်ကြတာ ကြားဖူးမှာပေါ့။ “ဟို.. မြည်းတစ်ကောင်နဲ့ သားအဖ နှစ်ယောက်ပုံပြင်” ဆိုတာမျိုးလေ။
ငယ်ငယ်တုန်းကတော့ လူကြီးတွေက ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သိထားတဲ့ ပါးစပ်ပုံပြင်လေးတွေ လက်ဆင့်ကမ်းပေးခဲ့လို့ သိခွင့်ရပေမယ့် အခုခေတ် ကလေးတွေ
ဆီက “ပုံ ပြောပြပါ” လို့ ပူဆာတာမျိုး မကြားမိဘူး။ အိမ်က တူဝမ်းကွဲလေးရော တူမလေးတွေရော မပူဆာကြဘူး။
ဒီဘက်ခေတ် မိဘတွေ အနေနဲ့ ကလည်း ပိုက်ဆံ ရှာနေရတာနဲ့ ကလေးကို အချိန်မပေးနိုင်ကြတာ များပါတယ်။ ကလေးတွေ
အဖို့မှာလည်း တစ်နှစ်၊ တစ်နှစ်ခွဲလောက်ဆိုတာနဲ့ မူကြိုရောက်ပြီး
က ကြီး ခ ခွေး ရွတ်နေကြရပြီ။ ချမ်းသာတဲ့ မိသားစုဝင် ကလေးတွေ အတွက်တော့ မိဘတွေက အလုပ်အားရင် Game Centre
လိုက်ပို့တာမျိုး၊ Super Market ထဲမှာ ကလေးတွေ ကစားလို့ရတဲ့ နေရာမျိုးမှာ သွားဆော့ခိုင်းတာမျိုး လုပ်ပေး
လာကြတယ်။ ဒါမှမဟုတ်လည်း ကလေးက အိမ်မှာပဲ
ကွန်ပျူတာ ဂိမ်းဆော့ချင်ဆော့၊ မဆော့ချင်လည်း တီဗွီ၊ ဗွီဒီယို၊
DVD နဲ့ ကာတွန်းကားတွေ၊ တီဗွီကြော်ငြာတွေ ကြည့်ခိုင်းထားကြတယ်။ နောက်ပြီး ကလေးကို ငယ်ငယ်
ကတည်းက တခြားဘာသာစကားပြောနိုင်အောင် ဆရာမ
အိမ်ခေါ်ပြီး သင်ခိုင်းလာကြသလို တချို့လည်း ILBC ၊ YES
တို့လို သင်တန်းကျောင်းတွေ ပို့ကြတာပေါ့။ ကျောင်းရောက်တဲ့အခါ ဆရာမတွေက ကလေးတွေ ပျော်အောင် ကွန်ပျူတာနဲ့
သီချင်းလေးတွေ ဖွင့်ပြတာတို့၊ ကဗျာရွတ်တာတို့၊ ဥာဏ်ရည်ထက်မြက်အောင်ဆိုပြီး ဂိမ်း အမျိုးမျိုး ကစားကြတာ
မျိုးတို့ လုပ်ပေးကြပြန်ရော။ ဒါကလည်း တီဗွီထဲမှာ ကြော်ငြာလို့ မြင်ဖူးတာပါ။ မူကြိုကျောင်းတွေကလည်း တစ်ကျောင်းနဲ့ တစ်ကျောင်း ကစားပြိုင်ကြတဲ့ “ချစ်စရာ့အရွယ် ကစားကြမယ်”ဆိုတဲ့ အစီအစဉ်ကိုလည်း တီဗွီမှာ မြင်နေရတယ်လေ။ အဲဒါဆိုတော့ ခုခေတ် ကလေးတွေ “ပုံပြင်နားထောင်ချင်တယ်၊
ပုံပြောပြပါ” လို့ ပူဆာတတ် ကြရဲ့လားလို့ တွေးမိလာတယ်။
လူကြီးတွေ ဖြစ်လာတဲ့ ကျမတို့ကျတော့ရော ဘာထူးသေးလဲ။ နားထောင်ခဲ့ဖူးတဲ့ ပုံပြင်တွေထဲက တချို့ဟာတွေဆိုရင် မမှတ်
မိတော့ဘူး။ တစ်ပိုင်းတစ်စ လောက်ပဲ မှတ်မိတာမျိုးတွေ ဖြစ်လာတယ်။ နောင် ကိုယ့်ရဲ့ ကလေးတွေက “ပုံပြောပြပါ” လို့ ပူဆာလာရင်တောင် မပြောပြတတ်တော့ဘူး ဖြစ်မှာသေချာတယ်။ ကလေးတွေကရော ပုံပြောပြဖို့ ပူဆာမှာထက် “ Nintendo DS ၀ယ်ပေးပါ၊ Wii Game ၀ယ်ပေးပါ၊ Computer ၀ယ်ပေးပါ” ဆိုပြီး လက်ရှိ ခေတ်ရဲ့ လိုအပ်ချက်တွေကိုပဲ ပူဆာကြတော့မယ်လို့ ထင်တယ်။
ဒါမှမဟုတ်လည်း ပါးစပ်နဲ့ပြောတဲ့ ပုံပြင်ထက် “Cinderella ၊
Nemo၊ Shrek၊ Spider Man" တို့လို နိုင်ငံခြားကာတွန်းကား
တွေကို ပိုပြီး ကြည့်ချင်လာကြမလားပဲ။ ဒီလိုနဲ့ပဲ ကျမတို့ နားထောင်ခဲ့ရဖူးတဲ့ အိပ်ယာဝင်ပုံပြင်၊ ပါးစပ်ပုံပြင်တွေဟာ တဖြည်းဖြည်း ပျောက်ကွယ်သွား လိမ့်မယ် ထင်ပါရဲ့...။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+ဆာကူရာမြန်မာ+
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+ဆာကူရာမြန်မာ+
Labels:
အက်ဆေး
Saturday, March 12, 2016
=အချစ် နှင့် ဆင်ကြယ် ဖိနပ်=
ကျွန်တော်ငယ်စဉ်က စီးခဲ့တဲ့ ဖိနပ်အများစုက ရာဘာ ဖေါ့ ဖိနပ်များပါ၊ တံဆိပ်မျိုးစုံ အရောင်မျိုးစုံတဲ့ ဖိနပ်တွေပေါ့။
ရာဘာဖိနိပ် စီးတဲ့သူတိုင်း ကြုံတွေ့ရတဲ့ ဒုက္ခ ကတော့ ဖိနိပ်ကို အမြဲ တိုက်ချွတ် ဆေးကြောရတဲ့ အလုပ်ပါ။ ရာဘာဖိနိပ်ကို ပုံမှန် ဆပ်ပြာနှင့် သွားပွတ်တံ အဟောင်း သုံးပြီး တိုက်ချွတ် မဆေးကြောရင် ဂျီးတွေတက်ပြီး အင်မတန် အကြည့်ရ ဆိုးလွန်းပါတယ်။ မိုးတွင်းဆို အင်္ကျီမှာ ဖားဥတွေစွဲ သလို ဖိနပ်မှာ အမဲကွတ်တွေနဲ့ အရုပ်ဆိုးလွန်းလှပါတယ်။
ရာဘာဖိနပ် တွေထဲမှာ ယိုးဒယားကလာတဲ့ ဆင်ကြယ် တံဆိပ် ဖိနပ်ကတော့ ဈေးအကြီးဆုံးနဲ့ လူကြိုက် အများဆုံးပါ။ အဲဒီ ခေတ်က အခြားရာဘာ ဖိနပ်တွေနဲ့ နှိုင်းယှဉ်ရင် ဆင်ကြယ် ဖိနပ် က သိသိ သာသာ သေသပ် လှပ ခိုင်ခန့်တယ်၊ ဈေးနှန်း ကလဲ အဆများစွာ ကြီးတယ်။
ကျွန်တော့မိဘတွေက သာမန် အစိုးရ ၀န်ထမ်း တွေပါ၊ ဆင်ကြယ် ဖိနိပ်ကို အမြဲတမ်း ၀ယ် မပေးနိုင်ပါဘူး၊ တခြား ရာဘာ ဖိနပ် တွေကိုပဲ ပုံမှန် စိးရတာပေါ့။ ကျောင်း စတက်ရတဲ့ နေ့မှာ တော့ ဆင်ကြယ် ဖိနပ် အသစ် တစ်ရံ ၀ယ်ပေးလေ့ရှိတယ်။ ကျောင်းဝတ်စုံအသစ် လွယ်အိတ်အသစ် ဖိနပ်အသစ် နဲ့ အတန်းသစ် ကို လှမ်းလို့ပေါ့။
ဖိနပ်အသစ် စစီးတဲ့နေ့ တွေမှာ ရင်ကော့ ခေါင်းမော့လို့ ပျော်တပြုံးပြုံးနဲ့ ဆင်ကြယ် ဖိနပ် လေးကို ပုံမှန် တိုက်ချွတ် ဆေးလို့ပေါ့။
ဘယ်လောက်ပဲကောင်းပါစေ သင်္ခါရ သဘောကို မလွန်ဆန်နိုင်ပါဘူး၊ ဟောင်းလာမယ် ပြီးရင်ပျက်မယ်။
တခြား ရာဘာ ဖိနပ်တွေရဲ့ သက်တမ်းက နဲနဲ ဟောင်းလာတာနဲ့ မကြာခင်မှာ ပျက် တယ်၊ ဘာဖြစ်လဲ လွှင့်ပစ် လိုက်ပေါ့။
ခက်တာက ဆင်ကြယ် ဖိနပ် ကြတော့ ခိုင်လွန်းတယ်၊ တော်တော်လေး ဟောင်းလာတာတောင် မပျက်နိုင်ဘူး။ ဖိန
တိုက်ချွတ် ဆေးကြောပါစေ ကြည့်လို့ မြင်လို့ မကောင်းတော့ဘူး။ ဈေးကြီးပေး ၀ယ်ထားရတာဆိုတော့ နောက်ထပ် တစ်ရန် (sorry ပဲ) မ၀ယ်ပေးဘူး။ ကျွန်တော့မှာ တော့ အဲဒီ ဆင်ကြယ် ဖိနပ်ကြီးကို မစီးခြင်တော့ဘူး ၊ ဘယ်လို လုပ်ရမလဲ ? လွယ်ပါတယ်----- မိဘတွေ မသိအောင် ဖိနပ် သဲကြိုးကို ခဲတံ ချွှန်တဲ့ ဒါးနဲ့ တနေ့ကို နဲနဲ လှီးပေါ့ ၊ ပျက်ရာလေးစရင် မကြာပါဘူး စီးနေရင်းနဲ့ ပျက်ရာလေးက ကြီးလာတယ် ၊ လုံးဝ မပျက်သေးခင် မိဘ တွေကို သတင်းပို့၊ ဟဲဟဲဟဲ ပိုင်ပါတယ်။ အသစ် နောက် တစ်ရံ ဆင်ကြယ် ဖိနပ် မမျှော်လင့်နဲ့ ၊ ရိုးရိုး ရာဘာဖိနပ်ပဲ ရမယ် ။ ကျွန်တော် ၀မ်းမနဲပါဘူး ၊ “ဟောင်းပြီး မလိုခြင်တော့တဲ့ အချိန်မှာ ဆင်ကြယ် ဖိနပ်ကို ပစ်လို့မှ မရတာ”။ ကျွန်တော့ရဲ့ ဘ၀မှာ လှပတဲ့ အချစ် တခုကို ရထားတယ် ၊ ခိုင်မြဲတဲ့ အချစ်လို့လဲ ထင်ပြီး တန်ဖိုးထားတယ် ၊ ကျွန်တော့အတွက်တော့ အကောင်းဆုံးပေါ့ ။ အချစ်ဆိုတာ အလိုလို အမြဲတမ်း သစ်လွင်တောက်ပ နေမည်ပေါ့။ အမြဲသစ်လွင် နေမယ်လို့ ထင်ထားတဲ့ အချစ်တွေ တဖြည်းဖြည်း အရောင်မှိန်လာတော့ ကျွန်တော် မလိုခြင်တော့ဘူး။ ဆင်ကြယ် ဖိနပ်ကိုပဲ ကျွန်တော် မလိုခြင်တော့တဲ့ အချိန် မှာ စွန့်ပစ်လို့ ရအောင် လုပ်တတ်တယ် ၊ အချစ်ကို ဘယ်လို လုပ်ရ မလဲဆိုတာ သိရင် ပြောကြပါဦး ။
+ကုမာရ စက်ပြင်း+
တိုက်ချွတ် ဆေးကြောပါစေ ကြည့်လို့ မြင်လို့ မကောင်းတော့ဘူး။ ဈေးကြီးပေး ၀ယ်ထားရတာဆိုတော့ နောက်ထပ် တစ်ရန် (sorry ပဲ) မ၀ယ်ပေးဘူး။ ကျွန်တော့မှာ တော့ အဲဒီ ဆင်ကြယ် ဖိနပ်ကြီးကို မစီးခြင်တော့ဘူး ၊ ဘယ်လို လုပ်ရမလဲ ? လွယ်ပါတယ်----- မိဘတွေ မသိအောင် ဖိနပ် သဲကြိုးကို ခဲတံ ချွှန်တဲ့ ဒါးနဲ့ တနေ့ကို နဲနဲ လှီးပေါ့ ၊ ပျက်ရာလေးစရင် မကြာပါဘူး စီးနေရင်းနဲ့ ပျက်ရာလေးက ကြီးလာတယ် ၊ လုံးဝ မပျက်သေးခင် မိဘ တွေကို သတင်းပို့၊ ဟဲဟဲဟဲ ပိုင်ပါတယ်။ အသစ် နောက် တစ်ရံ ဆင်ကြယ် ဖိနပ် မမျှော်လင့်နဲ့ ၊ ရိုးရိုး ရာဘာဖိနပ်ပဲ ရမယ် ။ ကျွန်တော် ၀မ်းမနဲပါဘူး ၊ “ဟောင်းပြီး မလိုခြင်တော့တဲ့ အချိန်မှာ ဆင်ကြယ် ဖိနပ်ကို ပစ်လို့မှ မရတာ”။ ကျွန်တော့ရဲ့ ဘ၀မှာ လှပတဲ့ အချစ် တခုကို ရထားတယ် ၊ ခိုင်မြဲတဲ့ အချစ်လို့လဲ ထင်ပြီး တန်ဖိုးထားတယ် ၊ ကျွန်တော့အတွက်တော့ အကောင်းဆုံးပေါ့ ။ အချစ်ဆိုတာ အလိုလို အမြဲတမ်း သစ်လွင်တောက်ပ နေမည်ပေါ့။ အမြဲသစ်လွင် နေမယ်လို့ ထင်ထားတဲ့ အချစ်တွေ တဖြည်းဖြည်း အရောင်မှိန်လာတော့ ကျွန်တော် မလိုခြင်တော့ဘူး။ ဆင်ကြယ် ဖိနပ်ကိုပဲ ကျွန်တော် မလိုခြင်တော့တဲ့ အချိန် မှာ စွန့်ပစ်လို့ ရအောင် လုပ်တတ်တယ် ၊ အချစ်ကို ဘယ်လို လုပ်ရ မလဲဆိုတာ သိရင် ပြောကြပါဦး ။
+ကုမာရ စက်ပြင်း+
Labels:
အက်ဆေး
Wednesday, March 9, 2016
=ပြဇာတ်=
ကံ ဆိုတဲ့ ခဲတံကို ကိုင်ပြီး ဘဝ စာရွက်ပေါ်မှာ ဇာတ်လမ်းတစ်ပုဒ် အသာလေး ရေးခြစ်နေတယ်။ ဒီလို ရေးနေရင်း လိုအပ်တဲ့ ဇာတ်ကောင်တွေ ရွေးဖို့စဉ်းစားတယ်။ ကိုယ်တိုင် ဇာတ်လမ်း ကောင်းကောင်း တစ်ပုစ် ကို နှစ်နှစ် ကာကာ စိတ်တိုင်းကျဖန်တီးချင်ခဲ့တာ။
ဖြစ်ချင်တာတွေ များနေတယ်။
ဖြစ်စေချင်တာတွေ ရှိနေတယ်။
လုပ်ချင်တာတွေက ဒုနဲ့ဒေး...။
တဖြည်းဖြည်းချင်းသဲ့ယူ လုပ်ယူနေရတော့ အားမရဘူး။ ရလာလေ ပိုလုပ်ချင်လာလေပဲ။ ဒါကြောင့် လောဘကြီးတယ်လို့ ဖြစ်လာတယ်။ လောဘ ဆိုတာ တကယ့်တော့ ဗီလိန် ဆန်တဲ့ လူကြမ်းကြီးတွေ..။
လောဘကြီးတယ်ပဲ ထား..။
ဖြစ်သင့်တာကို ဖြစ်လာအောင် အကောင်ထည်ဖော်ရင်း ဖြစ်လာတဲ့ နောက်ကို တကောက်ကောက် လိုက်နေရတယ်။ လောဘနောက် တကောက်ကောက်လိုက်နေရတဲ့ မောဟတွေ။ လူကြမ်းတွေ နောက်ကို တကောက်ကောက် လိုက်နေရတဲ့ လူရွှင်တော်တွေ။
ဖြစ်လာတဲ့ အပေါ် ပျော်နေလားလို့ မေးကြမလား။ ပြုံးရယ်နေတာကို မြင်ရပေမယ့် ဝမ်းနည်းမှုတွေ ရင်မှာပြည့်ကျပ်နေတာကို မြင်ရင်မြင်နိုင်မှာပါ။
ကိုယ်က မြင်စေချင်နေရင် ကိုယ်က အတ္တ တွေ များနေပြန်ပြီး..။ သူကတော့ မင်းသားပေါ့။
ဒေါသတွေကြီးနေတယ်။ ထစ်ခနဲ ဆို ဒေါသထွက်နေပြီ။ ဒေါသကထွက်ပြီး ထိန်းလို့သိမ်းလို့ မရ။ မရတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ထုနှက်။ ရလာဒ်က ကိုယ်ပဲနာတယ်။ နာလဲ မတတ်နိုင်ဘူးလေ။ ကိုယ့်ဒေါသကို ကိုယ်ထိန်းဖို့က ကိုယ့်အသားနာမှပဲ ငြိမ်းမှာကိုး။
ဘာကြောင့် ဒေါသထွက်လဲ မေးရင်လဲ ကိုယ့်အတ္တ အတွက်ပဲ။ ဒေါသကြီးတတ်မှန်း သိလို့ ထိန်းသိမ်းပြီးနေပါတယ်။ ပျော့ပျောင်းစွာ ဆက်ဆံပါတယ်။ အမြဲတမ်းပြုံးနေပြီး အပျော်နဲ့ ဖုံးနေတတ်ပါတယ်။ ဒါပေမယ့် ဒေါသထွက်ရင်တော့ မျက်စိထဲ ဘာမှ မမြင်တော့ဘူး။ မျက်စိထဲရှိတာ လုပ်ချင်တာကို ဒေါသနောက် လိုက်မိတယ်။ နောင်တရလားမေးရင် မရဘူး။ နောင်တ ရနေတဲ့ နောက်တော့ ဒေါသ ဘယ်ထွက်တော့မလဲ။ ဒါကလည်း ကိုယ့်အတ္တနဲ့ ကိုယ်ပဲလေ..။ မင်းသားနဲ့ တွဲရမယ့် မင်းသမီးဟာ ဒေါသ ပါပဲ။
“တရားလေးထိုင်၊ ဘုရားများများရှိခိုး” ပေါ့လို့ ဆိုတော့လဲ အတိုင်းအတာ တစ်ခုထိပဲ လုပ်နိုင်ပါတယ်။ တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ မှာ အတ္တ၊ ဒေါသ၊ မောဟ တွေ က ထင်သလောက် မထိန်းသိမ်းနိုင်သေဘူး။ မာနကတော့ မရှိသလောက် ဖြစ်နေပြီး။ အဲဒီအတွက်တော့ ဇာတ်က နည်းနည်းနာတယ်။
“ကိလေသာ ကုန်ခမ်းသွားပြီး” ဆိုတော့လည်း ကျန်တာက တဏှာ လို့ပဲ ပြောရမလိုလို...။
တကယ်တော့....
အတ္တမင်းသားက ဒေါသ မင်းသမီးကို မောဟ လူပျက် အကူအညီကိုယူ လောဘလူကြမ်းတွေလက်က ကယ်တင်ဖို့ ကိလေသာ ဆိုင်းတီးပြီး တဏှာဆန်တဲ့ လောက ဇာတ်ကြမ်းကြီးကို ဘဝဇာတ်ခုံပေါ်မှာ ဆုံးခန်းတိုင်တဲ့ အထိတော့ ကကြရမှာ။
တကယ်တော့...
ဘဝဟာ ပြဇာတ်ဆန်တယ်။ မင်းသား၊ မင်းသမီး၊ လူကြမ်း၊ လူရွှင်တော် တွေနဲ့ ဆိုင်းတီးပြီး မြိုင်မြိုင်ဆိုင်ဆိုင် ကရတဲ့ ဇာတ်လမ်းတစ်ပုဒ်။
တကယ်တော့
ကိုယ်တိုင်က ဇာတ်ညွန်းရေးဆရာ...။ ကိုယ်တိုင်က ဒါရိုက်တာ..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ချစ်ခင်လေးစားစွာဖြင့်
+ဖိုးစိန်+
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ချစ်ခင်လေးစားစွာဖြင့်
+ဖိုးစိန်+
Labels:
အက်ဆေး
Thursday, March 3, 2016
-အမည်ကောင်မပေါ်-
ကိုဇာတိ ကျွန်တော့် ကောင်မလေးကို ရည်းစားစာ ပေးချင်လို့ ကဗျာလေးတစ်ပုဒ်လောက် ရေးပေးပါလား တောင်းဆိုမှု့ကတည်းက ဒီဘဲမှာ မျက်ရည်မရှိတော့တာပါပဲ ၊၊ လူငယ်တွေဆိုတော့ ကိုးကွယ်ချင်ရင် ကိုးကွယ်တယ် ၊၊ မကိုးကွယ်ချင်တော့ လက်ခလယ်လေးတွေ ထုတ်ပြလိုက်တာပဲ ၊၊ ဥပမာ ဗျာ လူငယ်တွေဟာ ခေတ်ကို ကိုယ်စားပြုရမယ်ဆိုတဲ့ စကားမျိုးက အစ ဒီဘဲလေးတွေ လက်ခလယ် ထုတ်ပြတော့ တာပဲ ၊၊ ခေတ်ကပဲ လူငယ်တွေကို ကိုယ်စားပြုပါစေ ၊၊ ရီမုကွန်ထရိုး တစ်ချက်နှိပ်လိုက်ရုံနဲ့ အသက်ပေါင်းများစွာ ပေါက်ထွက်နိုင်တဲ့ ခေတ် ၊၊ ဝဋ်လည်တဲ့ ခေတ် ၊၊ သံသရာလည်တဲ့ ခေတ် ၊၊ မပြောကောင်းမဆိုကောင်း လေလည်တဲ့ခေတ် အားလုံးပေါ့ဗျာ ၊၊ ဟား) ဟား) ဟား) ဟား) ၊၊ ခွေးပစ်တဲ့ တုတ် နွားရိုက်တဲ့ ကြိမ် မွေးမေလေ့ ဘူးထွားဟားဟားဟား ၊၊
[ မှတ်ချက် ၊၊ ၊၊ ရယ်သံနှစ်ခုအား ကြား အပြီး ပထမ ရယ်သံ သည် ဒုတိယ ရယ်သံ အား ကိုးကားမထားပါဟု ဘလိုင်းကြီး ဝန်ခံအပ်ပါသည် ၊၊ စာရေးသူ ၊၊ ] ကလေးငယ်များ သည် ရုပ်ပြကြည့် ဘဝ မှာ ပင် ထွက်ကျသည် ၊၊ လူငယ်များကတော့ ရုပ်ရှင်ဇာတ်လမ်း များ ကြည့်၍ ထွက်ကျသည်၊၊ အောင်မြင်လိုမှု ၊ စွန့်စားလိုမှု ၊ အမြင်ကျယ်မှု ၊ တီထွင်လိုမှု ၊၊ အသက်တစ်ရာမနေရ ၊ အမှုတစ်ရာပွေကြ ၊၊ ရှုပ်ကြ တယ် ဆိုတာကတော့ လူငယ်(မှ မဟုတ်) လူကြီး မရွေးပါပဲ ၊၊ ဦးတို့ လက်ညိုးတွေက သားတို့ ဆီမှာ ချည်းပဲ ၊၊ ဒါနဲ့ ခုနက လူငယ်တွေဆီက ထွက်ကျလာတာတွေ ဘယ်ရောက်သွားလဲ ၊၊ ဘယ်လို ? ၊၊ ထွက်ကျလာတာ မဟုတ်ဘူး ဖောက်ထွက်လာတာလား ! ၊၊ အက်ႌအပြ အက်ႌအကျပ် ဖောက်ထွက်သည် ၊၊ ဘောင်းဘီအပွ ဘောင်းဘီ အကျပ် ဖောက်ထွက်သည် ၊၊ အလုံ့အလုံ မှ မလုံ့တလုံ ဖောက်ထွက်သည် ၊၊ ဂါဝန်အရှည်မှ ဂါဝန်အတို ဖောက်ထွက်သည် ၊၊ ဖောက်ထွက်သည် ၊၊ လူငယ်တွေဆိုတော့ကာ ဖောက်ထွက်ချင်တာပေါ့ ၊၊ ဟိုရုပ်ပြ တွေ နေရာ ကို ဒီရုပ်ပြတွေက နေရာယူလိုက်တော့ရော မအေးဘူးလား ၊၊ မအေးတော့လဲ ပူကြပေါ့ဗျ ၊၊ ဖောက်ထွက် တာပဲ ဗျာ ၊၊ ဟား) ဟား) ဟား) ဟား) ၊၊ ဦးတို့ မျက်လုံးတွေက သမီးတို့ဆီမှာ ချည်းပဲ ၊၊ လူငယ်တွေဆိုတော့ ကိုးကွယ်ချင်ရင် ကိုးကွယ်တယ် ၊၊ မကိုးကွယ်ချင်တော့ လက်ခလယ်လေးတွေ ထုတ်ပြလိုက်တာပဲ ၊၊ ခလုတ် တစ်ချက်နှိပ်လိုက်ရုံနဲ့ အသက်ပေါင်းများစွာ ပေါက်ထွက်နိုင်တဲ့ ခေတ် ၊၊ လူငယ်ဆိုတော့ မျက်ရည်မရှိတော့ မှ ပဲ ငို ချင် လာ တယ် ၊၊ ဒါ နဲ့ ဒါနဲ့ ကိုဇာတိ ကို ဇာ တိ ကိုဇာတိ က လူငယ်လား ဟင် ၊၊ ၊၊
+ဇာတိ+
+ဇာတိ+
Labels:
အက်ဆေး
Wednesday, March 2, 2016
=ဒီတော့ကာ အဖြစ်အပျက်ထဲက အတိုင်း=
ဒုက္ခဟာဆာလောင်မှု အမျိုးအစားဖြစ်တယ်ဆိုတာ ကိုယ်နှစ်တွေအများကြီးကြာမှ သိရတယ်။ ဒါတောင်
သေသေချာချာ သိသေးတာ မဟုတ်။ ကမ်းခြေမှာ
အကြာကြီးနေပြီး ငြီးငွေ့ခြောက်ကပ်လာတဲ့ သဲမှုန်တွေလို။
တစ်ခါတစ်ခါ မွန်းကျပ် နစ်မြုပ်နေတဲ့ မှောင်မည်းမှုမှာ အသက်ရှင်ရတာမျိုး ရေမွှာတွေပေါက်ထွက် လာတဲ့အထိ စိတ်ရှည်လက်ရှည် သားအိမ်ခေါင်းထဲမှာ နေရတဲ့အခိုက်အတန့်မျိုးပေါ့။ လေယာဉ်
ပျက်ကျတဲ့ အထဲ ကိုယ့်အမည်ပါသွားတဲ့ သတင်းစာကို ပျင်းပျင်းရိရိဖတ်ရတဲ့ အချိန်တွေရှိမယ်။
ဆိတ်စွပ်ပြုပ်ကို စောင့်နေ
တဲ့အချိန် စိတ်မရှည်တော့လောက်အောင် ဆာလောင်တာမျိုး ရှိမယ်။ မရှိတော့တဲ့ နှစ်ကာလတွေမှာ မရှိတော့တဲ့ အသိအကျွမ်းတွေရှိမယ်။ ဒီတော့ မြက်ပင်တွေ ယဉ်ယဉ်ကျေးကျေးမက်တပ်ရပ်နေတာကို
ပန်းခြံလို့ အမည်ပေးဖြစ်တာမျိုးကို နားလည်ထားဖို့ စွမ်းရည်ဟာ ပုံမှန်ပင်မရေစီး လူ့အဖွဲ့အစည်းထဲ ရပ်တည်ဖို့ အရည်အသွေး
လဲဖြစ်တယ်။ တည်ဆောက်မှုတွေဟာ တိုးတက်ငြိမ်သက်စွာ
တည်ရှိနေဖို့ ပျံ့နှံ့ပြိုကွဲပေါင်းစပ်နိုင်အောင် ဖြစ်တည်နေဖို့လဲ
လိုတယ်။ ဆာလောင်မှုဟာ ဒုက္ခဖြစ်တယ် ဒီလိုနဲ့ ပင်မရေစီးကို ပူပေါင်းစီးဝင် ဖြန့်ကျက်လာနိုင်တယ်။ ပြိုကွဲသွားတဲ့ ဒြပ်စင်တွေ ပြန်လည်ပူးပေါင်း အသစ်ဖြစ်သလိုမျိုး ပါတ်လမ်းတစ်ခုက ကင်းလွတ်သွားတာနဲ့ ပါတ်လမ်းတစ်ခုမှာ ငြိတွယ်သွားမှာပဲ။ ဆာလောင်နေတဲ့ ဒုက္ခဟာ စွပ်ပြုပ်တစ်ခွက်တော့
ရနိုင်သေးတယ်။
+မိုးလှိုင်ည+
+မိုးလှိုင်ည+
Labels:
အက်ဆေး
Sunday, February 21, 2016
=နောက်ဆုံးတောင်းဆု=
ကျွန်မသူ့ကို ဘယ်လောက်စောင့်ရမှာတဲ့လဲ….။ ဘ၀မှာ စောင့်စားရခြင်း
အဖြစ်ကို မကြိုက်ဆုံးပေမယ့်လည်း အဲဒီကျွန်မ မကြိုက်နှစ်သက်တာနဲ့ပဲ မကြာခဏကြုံတွေ့နေရတာဟာ ကျွန်မရဲ့ ကံတရားကြောင့်လား…..။ အင့်ခနဲ..ရှိုက်လိုက်တဲ့ ကိုယ့်ရှိုက်သံကိုယ်ပြန်ကြားရင်း သူ ကျွန်မဆီကို ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာ လက်ခံလိုက်ဖို့ကို ကျွန်မတုန်လှုပ်ထိတ်လန့်နေမိတယ်…..။ ကြည့်ပါဦး …. ကောင်းကင်မှာ ကြယ်တွေတဖြုတ်ဖြုတ်ကြွေကျနေပြီ….။ ဒါကို ရှေးပြေးနိမိတ်တစ်ခုလို့ ကျွန်မ မကောက်တတ်ခဲ့လို့ပဲလား…။ တကယ်ဆို… ဘယ်တော့မှ ကျွန်မဆီကို ပြန်ရောက်မလာတော့တဲ့ သူ့ကို ကျွန်မအပြီးပိုင်လက်လွှတ်ဆုံးရှုံးလိုက်ရပြီဆိုတာပဲ…။ ပုလဲလုံးတွေလို မျက်ရည်တချို့ ကျွန်မပါးပြင်ပေါ် လှိမ့်ဆင်းခုန်ချလာကြတယ်…။ အို…. ကျွန်မငိုနေတာလား…….။ ကြယ်ကြွေတာ ငိုစရာမှမဟုတ်ဘဲ…..။ ကြယ်ကြွေရင် ဆုတောင်းပြည့်တတ်တယ်တဲ့…..။ ကျွန်မရှေ့မှာ တဖြုတ်ဖြုတ်ကြွေနေတဲ့ ဘယ်ကြယ်တစ်လုံးကို ရည်စူးပြီး ကျွန်မဆုတောင်းရမှာတဲ့လဲ…။ ပြီးတော့ ကျွန်မကရော ဘာဆုကိုတောင်းမှာတဲ့လဲ……။ ခုချိန်မှာ ကျွန်မ မျက်စိစုံမှိတ်ပြီး လက်နှစ်ဖက်ကိုယှက်လို့… “သူနဲ့ပြန်တွေ့ပါစေ…” အဲလိုဆုတောင်းရမှာလား…။ အဲလို ဆုတောင်းလိုက်တာနဲ့ ကျွန်မရှေ့မှာ သူဘွားခနဲပေါ်လာမှာလား…။ ကျွန်မရဲ့လိုအင်တွေသိပ်များနေပြီ...။
လေအေးတွေစိမ့်ခနဲ တချက်အဝှေ့မှာ ကျွန်မဆံပင်တွေ ဖွာလန်ကျဲသွားကြတယ်….။
ကျွန်မ ဒီနေရာမှာ ရပ်နေခဲ့တာဘယ်လောက်ကြာနေပြီလဲ…….။
သူပြောတော့ “မနှင်းဆီ ဆီကို ကျွန်တော်အရောက်လာခဲ့မယ်”ဆို…..။ ခုတော့ ကျွန်မပြောတဲ့ ပုံပြင်တွေနဲ့ သူက ကျွန်မကို ပုံပြန်ပြောသွားခဲ့ပါပြီ….။ ဟုတ်ပါတယ် ကျွန်မနားလည်လိုက်ပါပြီ….။ နှင်းဆီသင်းရနံ့တွေရဲ့ ဆွဲဆောင်ဖြားယောင်းမှုကြောင့် ကြယ်ကြွေရတာပါဆို….. ခုတော့လည်း ကြွေနေရသူဟာ ကျွန်မကိုယ်တိုင်ဖြစ်နေခဲ့ပါပြီ…..။ “ကြယ်ကြွေရင် နှင်းဆီခြေရင်းမှာ မြှုပ်ပေးခွင့်ပြုမှာလား”လို့ သူမေးခဲ့ဖူးတာကို ဖျတ်ခနဲအမှတ်ရမိသွားခဲ့တယ်…။ ဒါဖြင့်…“နှင်းဆီကြွေရင်ရော…ဘယ်နေရာမှာမြှုပ်နှံခွင့်ရှိမှာလည်း”….။ သူကပြောတယ် နှင်းဆီဆိုတာ မြေမှာပွင့်တာမဟုတ်တဲ့အတွက် ဘယ်တော့မှကြွေမှာမဟုတ်ဘူးတဲ့…. ဒါဖြင့်ဘယ်မှာပွင့်မှာလည်းဆိုတော့ ကြယ်ကြွေတဲ့အခါသိရလိမ့်မယ်တဲ့…။ ကြယ်ကြွေသောက်ရင် အလွမ်းပျောက်သတဲ့….။ ကျွန်မ သူကိုယ်တိုင်ဖျော်တိုက်မယ့် ကော်ဖီခါးခါးတစ်ခွက်သောက်ရရင် အလွမ်းတွေပျောက်မလားပဲနော်….။ ခုနတုန်းက ကြွေခသွားကြတဲ့ကြယ်တွေထဲမှာ သူပါမပါ သေချာအောင်ကြယ်ကြွေတွေကို တစ်လုံးချင်း ကျွန်မလိုက်ကောက်ကြည့်ရမလား… ဟင့်အင်း…ကျွန်မစိတ်ကူးမယဉ်သင့်တော့ပါဘူး..။ သူ ကျွန်မနားကနေ အပြီးတိုင် ပျောက်ကွယ်လွင်းပါးသွားခဲ့ပြီပဲ……။ ကျွန်မ ဒါကိုလက်ခံနိုင်ရလိမ့်မယ်…..။
+မိုးငွေ့+
Labels:
အက်ဆေး
Friday, February 19, 2016
=ကြယ်ရောင်ပျောက်သောည=
ကျွန်မကောင်းကင်မှာ ကြယ်ရောင်တွေမရှိတဲ့အခါ ကျွန်မသေဆုံးသွားမှာလား…??
ကျွန်မ ပန်းခင်းထဲကို ကြယ်မကြွေတော့တဲ့အခါ
ကျွန်မသေဆုံးမှာလား??
တကယ်တမ်း ကျွန်မညတွေဆီက ကြယ်ရောင်တွေအလင်းမပေးတော့တဲ့အခါ ကျွန်မစိတ်တွေနွမ်းလျလှိုက်မော သွားရုံမှအပ ဘာမှမဖြစ်ခဲ့ပါဘူး…။
ကျွန်မနားကို အတောက်ပဆုံးမဟုတ်ဘဲ… ခပ်မှိန်မှိန်
အလင်းမှိတ်တုတ်နဲ့ ကြယ်လေးတစ်လုံး လင်းပခဲ့ဖူးတယ်…။ ကျွန်မကိုသူပြောဖူးတယ်…. မနှင်းဆီက မြေမှာစိုက်တဲ့ ပန်းမှမဟုတ်ဘဲတဲ့…။ နှင်းဆီဘယ်မှာစိုက်လဲဆိုတာ… ကြယ်ကြွေတဲ့အခါသိရလိမ့်မယ်တဲ့…..။
ကျွန်မစောင့်ကြည့်ခဲ့ဖူးတယ်…..။ ကောင်းကင်မှာ ဘယ်ချိန်ကြယ်ကြွေမလဲဆိုပြီးတော့လေ…..။ ခုတော့ ကြယ်ကြွေကိုမြင်ရဖို့နေနေသာသာ ….ကြယ်ရောင်တွေကိုတောင်မမြင်ရတဲ့ညပါ……။ ညတိုင်းကျွန်မ စောင့်နေခဲ့တယ်…..။ ဒါပေမယ့် ကြယ်ကရောက်မလာခဲ့ပါဘူး…။
ကျွန်မထင်မှတ်မှားခဲ့ဖူးတယ်… ကြယ်အလင်းရောင်မရဘဲ နှင်းဆီတွေပွင့်မှာမဟုတ်ဘူး
ဆိုပြီးတော့လေ….။ တကယ်ကျတော့ ကြယ်အလင်းမရှိဘဲနဲ့လဲ ပန်းတွေကပွင့်လန်းနေခဲ့တယ်…..။ နှင်းဆီလန်းမယ်ဆို သူက ကြယ်တစ်ပွင့်အဖြစ်ကနေ လအစင်းတစ်ရာတောင် ဖန်ဆင်းဦးမယ်တဲ့…။ သွေးနဲ့လောင်းမှလန်းမယ်ဆိုလဲ
သွေးနဲ့လောင်းမယ်တဲ့..။
အို.. သူ့အချစ်တွေက သွေးရူးသွေးတန်းနိုင်လိုက်တာလို့ ကျွန်မတွေးမိခဲ့တယ်…။
ကျွန်မကအတွေးလေးနဲ့တင်တွေးခဲ့ပေမယ့်… သူကကတော့ နှင်းဆီနက်ဆူးတွေလက်ဖ၀ါးမှာစူးခံပြီး ဆုပ်ကိုင်ထားဆဲ….။ နှင်းဆီနက်ဆူးတွေက တခြားနှင်းဆီဆူး
တွေထက် အဆိပ်ပြင်းတယ်လို့ သူထင်နေမလားပဲ။
သူကတော့ ကျွန်မကိုသိပ်ရက်စက်သူလို့မြင်ချင်မြင်လိမ့်မယ်…။
ကျွန်မက သူ့အတွက် အဆိပ်တွေနဲ့ဆူးကိုသာ ပေးနိုင်သူကိုး…။
ဟုတ်တယ် ကြယ်တွေတစ်ပွင့်မှရောက်မလာခဲ့ရင် ကျွန်မ
Chain Relink game လေးကို ဆက်ကစားဖို့တောင် အင်အားမရှိတော့ပါဘူး…..။ ဒီလောက်ဆို ကျွန်မရဲ့
ရူးသွပ်မှုတချို့ကို သူမြင်တတ်လောက်ပါရဲ့…။
တစ်ခုတော့ ကျွန်မ၀န်ခံခဲ့မယ်…. ကြယ်ရောင်တွေမရှိတဲ့ညတွေမှာ ကျွန်မတစ်ယောက်တည်း ခြောက်ချားနေတတ်ခဲ့ပြီဆိုတာပဲ….။
///////////////////////////////////////////////
+မိုးငွေ့+
///////////////////////////////////////////////
+မိုးငွေ့+
Labels:
အက်ဆေး
Subscribe to:
Posts (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)















